YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Crash.Landing.on.You.S01E04.1080p.NF.WEB-DL.AAC2.0.x264-HBO.mp4

1.13 GB 1080p video/mp4 915 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Kadina Kadoramee Andakadaham
4.8

Kadina Kadoramee Andakadaham (2023) IMDb-6.6/10 ၂၀၁၉ နှစ်ကုန် ၀ူဟန်ကနေ စလိုက်တဲ့ ကိုဗစ်၁၉ဆိုတဲ့ ကိုရိုနာရောဂါပိုးက တကမ္ဘာလုံးကို ရက်ရက်စက်စက် ဒုက္ခပေးသွားခဲ့တယ်။အဲဒီ ကိုရိုနာပိုးက ကျွန်တော်တို့မြန်မာနိုင်ငံဆီကိုလဲ ၂၀၂၀နှစ်ဦးပိုင်းမှာ ဝင်လာခဲ့တယ်။ စစချင်းတော့ Social Distance ပေါ့၊သတ်မှတ်ထားတဲ့ အကွာအဝေးမှာ တဦးနဲ့တဦးခပ်ခွာခွာနေရ။ လက်မှန်မှန်ဆေးရ။ကွာရာန်တင်းတွေဝင်ကြရနဲ့။တဖြည်းဖြည်းဆိုးလာတော့ စီးပွားတွေပျက်ကြ။ မိသားစုဝင်တွေဆုံးရှုံးကြရ။တချို့တွေဆို မိသားစုလိုက် အသက်ဆုံးရှုံးလိုက်ကြရတမျိုးတွေထိ။ဒီကြားထဲမှာ ဝိသမလောဘသားတွေက နှာခေါင်းစည်းမကောင်းတာတွေ ဆေးမကောင်းတာတွေရောင်းကြတာမျိုး စျေးအဆမတန်တင်ရောင်းကြတာမျိုးတွေက ရှိသေးတယ်။ ခု တင်ဆက်ပေးမဲ့ မလေယာလမ်စကားပြော ဇာတ်ကားဟာဆိုရင်လည်း ကိုဗစ်ကာလအတွင်း အပေါ်ကလိုမျိုး အဖြစ်အပျက်တွေကို အခြေခံရိုက်ကူးထားတဲ့ ကားတစ်ကားပါ။ ဇာတ်လမ်းအကျဉ်း ဘာချူးတယောက် ကိုဗစ်ကာလအတွင်းမှာပဲ စီးပွားရေးလုပ်ငန်းရှင်တယောက် ဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်နေပါတယ်။ အဖေဖြစ်သူက တခြားမြို့မှာ အလုပ်လုပ်တာကြာပြီဖြစ်ပြီး သူ့အနားမှာ မရှိလို့ဆိုပြီး အဖေကို စိတ်နာနေတဲ့သူတယောက်လည်းဖြစ်တယ်။စီးပွားရေးလုပ်ငန်းရှင် ဖြစ်ချင်ပါတယ်ဆိုနေမှ သူကုန်သွယ်တဲ့ နှာခေါင်းစည်းတွေက မကောင်းတာတွေဖြစ်နေရော။အဲလို ပြဿနာတွေကြားထဲမှာမှ တခြားမြို့မှာ ရှိတဲ့ အဖေဖြစ်သူကဆုံး။အလောင်းကို မွေးရပ်ပြန်သယ်ဖို့ကျလည်း ကိုဗစ်ကာလဆိုတော့ သိတဲ့အတိုင်း။အဲဒီလို အဖြစ်အပျက်တွေ၊အစိုးရချမှတ်ထားတဲ့ အတားအဆီးတွေ ဥပဒေတွေ၊ အလုပ်လုပ်ကိုင်ရ ခက်ခဲတဲ့ကိစ္စတွေကို မတမ်းတကောင်းသော်ငြား ပြန်ပြောင်းအောက်မေ့ဖွယ် ဇာတ်လမ်းလေးတပုဒ်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Yunni~Saii~chiclon3~YH~Aditi တို့ပဲဖြစ်ပါတယ်) File size…1.68GB / 838MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 58m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Yunni~Saii~chiclon3~YH~Aditi

Drama • Mystery
4.8 2023 120 mins
Kadina Kadoramee Andakadaham
AUM!
5

Aum! (2021) ခုရက်ပိုင်းမှာ Mockumentary တွေ ဓာတ်ကျနေတဲ့ပရိသတ်တို့အတွက် Indonesia Mockumentaryလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Western Mockumentary တွေလို Hypeနေတာမျိုးမဟုတ်ပေမဲ့ ကြည့်လို့အဆင်ပြေတဲ့ comedy movieလေးတစ်ခုတော့ ဖြစ်မှာပါ။ ဒီကားလေးထဲမှာတော့ Part 1 နဲ့ Part 2 ဆိုပြီး 2 ပိုင်းခွဲထားတာကို မြင်ရမှာပါ။ Part 1 မှာတော့ အစိုးရသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် တိုက်ပွဲ‌ဝင်နေတဲ့ တက်ကြွလှုပ်ရှားသူ ဆထရီယာအကြောင်း ရိုက်ကူးထားတဲ့ Low Budget movieလေးတစ်ခုကို ပြထားတာဖြစ်ပြီး Part 2 ကမှ ရုပ်ရှင်လောကကို ထေ့ငေါ့ပြီးလှောင်ထားတဲ့ Mockumentary တစ်ဖြစ်လဲ Part 1 က ရုပ်ရှင်ကို ရုပ်လုံးပေါ်လာအောင် ရိုက်ကူးခဲ့တဲ့ဖြစ်စဉ်ကို ဖော်ပြထားတာပါ။ Low Budget ကလည်းဖြစ် နိုင်ငံရေးတွေပါနေတော့ ခိုးကြောင်ခိုးဝှက်ကရိုက်ရ၊ အာဏာပြတတ်တဲ့ဒါရိုက်တာနဲ့ ရုပ်ရှင်အဖွဲ့သားတွေကြားက ပဋိပက္ခ၊ အကြောင်းအရာကိုပဲအဓိကထားချင်တဲ့ ထုတ်လုပ်သူနဲ့ ဆန်းသစ်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေကို ကွန့်ပြီးထည့်ချင်တဲ့ အတွေးသမားဒါရိုက်တာကြားက အားပြိုင်မှု၊ Limited resourcesဖြစ်နေမှပဲ ဖန်တစ်ရာလွဲနေတဲ့ ရုပ်ရှင်အဖွဲ့သားတွေရဲ့ ဟာသဖြစ်ရပ်တွေကို သရော်ပြီး ရိုက်ကူးထားတာဖြစ်လို့ Asian Mockumentary အကြောင်း တစေ့တစောင်းရှုစားချင်ရင်တော့ ဒီရုပ်ရှင်လေးကိုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Adventure, Biography, Drama Quality…. 1080p | 720p | 480p File size… 1.75GB | 1.3GB | 358MB Format… mp4 Duration…. 1h 25min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... Aaron

Crime • Drama
5 2021 83 mins
AUM!
The Colors of Fire
7.2

ဒီဇာတ်ကားထဲမှာ ဘဏ်လုပ်ငန်းရှင်သူဌေးကြီးမာဆယ်ပယ်ရီကော့ရဲ့စျာပနနဲ့ ဇာတ်လမ်းကိုစတင်ခဲ့တယ်။ သူဌေးသမီး မယ်ဒလင်းက ဖခင်မရှိတော့တဲ့နောက်မှာ အားကိုးရာမဲ့သွားရာကနေ စီးပွားရေးမှာ မိတ်ဆွေရင်းတွေဆီက သစ္စာဖောက်မှုကိုခံခဲ့ရပြီး ဖခင်ဆီကရရှိခဲ့တဲ့အမွေအားလုံးဆုံးရှုံးသွားတော့တယ်။ သစ္စာဖောက်တဲ့သူတွေကလည်း မယ်ဒလင်းယုံကြည်ခဲ့ရတဲ့အနီးဆုံးလူတွေပဲဖြစ်နေခဲ့တယ်။ ဒီဖြစ်ရပ်ဆိုးတွေမဖြစ်ခင် သူဌေးကြီးပယ်ရီကော့ရဲ့စျာပနမှာကတည်းက မယ်ဒလင်းရဲ့ ၁၁နှစ်အရွယ်သားဖြစ်သူပေါလ်က အဖိုးရဲ့အခေါင်းအပေါ်ကိုခုန်ချခဲ့တယ်။ ဒီလုပ်ရပ်ကရော ဘာအတွက်ကြောင့်ဖြစ်မလဲ? ဖြစ်ရပ်ဆိုးတွေအပြီးမှာ မယ်ဒလင်းဟာ သားဖြစ်သူနဲ့အတူ သာမန်လူတန်းစားဘဝမှာ ၅နှစ်ကြာဖြတ်သန်းရင်း သူမကိုသစ္စာဖောက်ခဲ့တဲ့သူတွေရဲ့သတင်းကိုပဲ တစ်ချိန်လုံးလိုက်နေခဲ့တယ်။ နောက်ဆုံးမှာ သူမရဲ့လက်စားချေပွဲက အရာထင်မလားဆိုတာ...။ လက်စားချေဇာတ်လမ်းမျိုးဆိုပေမဲ့ tensionမများပဲ ငြိမ့်ငြိမ့်ညောင်းညောင်းပုံစံမျိုးနဲ့ တင်ဆက်ရိုက်ကူးထားတဲ့ကားမျိုးပါပဲ။ ဇာတ်လမ်းထဲမှာ မတူတဲ့ရှုထောင့်အမျိုးမျိုးနဲ့ကြည့်လို့ရတဲ့ ချစ်ခြင်းမေတ္တာဆိုင်ရာ ဇာတ်လမ်းတစ်ပုဒ်လည်းပါပါတယ်။ ဇာတ်ကားတစ်ကားလုံးခြုံပြောရရင် စိတ်ကူးယဥ်ဆန်တဲ့ဇာတ်လမ်းမျိုးတော့မဟုတ်ပဲ လူ့ဘဝထဲက လက်တွေ့ဖြစ်ပျက်တတ်တဲ့အကြောင်းအရာတွေကိုမှ ကဗျာဆန်ဆန် တင်ဆက်ထားတဲ့ ဇာတ်ကားတစ်ကားပါပဲ။ File size…(2.3 GB)/(900 MB)/(420 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:15:00 Genre...Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Su Eaindra

Action • Thriller
7.2 2022 135 mins
The Colors of Fire
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Unseen
6.1

IMDb 5.6/10 ထိရရှိထားပြီးHorror & thriller အမျိုးအစားဖြစ်ပါတယ် ရည်းစားနဲ့လမ်းခွဲတဲ့အခါကိုယ့်ရည်းစားကစိတ္တဇဟုတ်မဟုတ်အရင်စစ်ဆေးကြည့်တာမမှားပါဘူး မှန်ကြောင်မလေးအမ်မလီကတော့သူ့ကိုမမေ့နိုင်တဲ့‌စိတ္တဇရည်းစားဟောင်းချာလီပြန်ပေးဆွဲတာကိုခံလိုက်ရပါတယ် အမ်မလီကချာလီ့လက်ကနေထွက်ပြေးဖို့ကြိုးစားပေမဲ့မျက်မှန်မရှိတော့လို့ဘာကိုမှကောင်းကောင်းမမြင်ရတော့ပါဘူး အဲဒီအချိန်မှာအမ်မလီတစ်ယောက်ဖုန်းဆက်ရင်းဘယ်သူမှန်းမသိတဲ့သူတစ်ယောက်ကိုအကူအညီလှမ်းတောင်းရပါတော့တယ် မမြင်ရတဲ့အမ်မလီနဲ့အကူအညီပေးတဲ့သူတို့ပူးပေါင်းပြီးချာလီရဲ့လက်ကလွှတ်မြောက်နိုင်မလား၊ သူတို့ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုရင်တမမနဲ့စောင့်ကြည့်ရမှာပါ။

Action • Adventure • Science Fiction
6.1 2023 76 mins
Unseen
My True Friends: The Begining

My True Friends: The Begining (2022) ထိုင်း Action, Drama အသစ်လေး လာပါပြီ။ လူငယ်သဘာဝကို ပေါ့ပေါ့ပါးပါးရိုက်ကူးပြသထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပြီး ဖြစ်ရပ်မှန်တစ်ခုကို အခြေခံရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းလေးမှာတော့ ရဲဘော်ရဲဘက်လို သူငယ်ချင်းကောင်းတွေက ဘဝအတွက် ဘယ်လောက်အရေးပါလဲ? သူတို့ကြောင့် ကိုယ့်ဘဝမှာ ဘယ်လိုအပြောင်းအလဲတွေဖြစ်သွားမလဲဆိုတာ ရိုက်ကူးပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်း … မိဘနှစ်ပါး သေဆုံးသွားတဲ့နောက်မှာ အဘိုးအဘွားရဲ့ အုပ်ထိန်းမှုနဲ့ ညီငယ်တွေကို စောင့်ရှောက်နေတဲ့ ဂန်း … ကျောင်းမှာ ညီဖြစ်သူ ဂိုင်းကို အနိုင်ကျင့်တဲ့သူတွေနဲ့ အမြဲရန်ဖြစ်လေ့ရှိတဲ့ ဂန်း … ခဏခဏရန်ဖြစ်တဲ့အဆုံးမှာ ကျောင်းထုတ်ခံရပြီး အစိုးရအထက်တန်းကျောင်းကို စာသင်နှစ်ဝက်မှာ ကျောင်းပြောင်းခဲ့ရတယ်။ ကျောင်းပြောင်းလာတဲ့ ပတ်ဝန်းကျင်အသစ်မှာလည်း ထုံးစံအတိုင်း သူ့မှာသူငယ်ချင်းမရှိပြန်ဘူး။ သူငယ်ချင်း မလိုအပ်ဘူးလို့ အမြဲပြောတတ်တဲ့ ထောင့်မကျိုးတဲ့ဂန်းကို အပေါင်းအသင်းလုပ်ချင်တဲ့သူ နည်းတယ်။ ဒါပေမယ့် ပင့်ဆိုတဲ့ အတန်းခေါင်းဆောင်ကောင်မလေးက နောက်ဆုံးမှာ သူငယ်ချင်းဖြစ်လာခဲ့တယ်။ ဂန်းကိုဆို အမြဲကြည့်မရဖြစ်နေတဲ့ အတန်းထဲက ဂါနဲ့ သူ့သူငယ်ချင်းတွေက ရောက်ရာအရပ်မှာ ရန်စတတ်တယ်။ ဒါပေမယ့် မထင်မှတ်ထားတဲ့အခြေအနေမှာ ဂန်းကို ကြည့်မရတဲ့သူတွေက ဂန်းနဲ့ရင်းနှီးသွားကြတယ်။ ဂန်းတစ်ယောက် သူငယ်ချင်းတွေရလာတဲ့နောက် သူငယ်ချင်းတွေနဲ့အတူ ဘယ်လိုဆိုးမလဲ? ရန်သူများတဲ့ဂန်းနဲ့ သူတို့သူငယ်ချင်းတစ်စု ဘယ်လိုတွေဆက်ဖြစ်မှာလဲ? သူတို့ရဲ့ သူငယ်ချင်းဘဝစတင်မှုလေးကို ဒီဇာတ်လမ်းလေးမှာ ဆက်ပြီး ကြည့်ရှုလိုက်ကြပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Hay Thar Oo က ရေးပေးထားတာပါ။) File Size : 2.1GB, 1GB, 473MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format : mp4 Duration : 1hr & 40mins Genre : Action, Drama Translated by Hay Thar Oo & Shoon Encoded by Kinnov

Horror • Thriller
0 2022
My True Friends: The Begining
[18+] Trap of Lust

Trap of Lust (1973) နာမည်ကျော်ယာကူဇာဇာတ်ကားဖြစ်တဲ့ Branded to Kill ကို Pink Film အဖြစ် ပြန်ပြီးပုံဖော်ထားတာဖြစ်ပါတယ်။ ဒါရိုက်တာကလဲ Branded to Kill ကိုရေးခဲ့တဲ့သူတွေထဲကတစ်ယောက်ဖြစ်တဲ့ Atsushi Yamatoya ဆိုတော့ မူလဇာတ်ကားကို အညှီအဟောက်တွေထပ်ဖြည့်ထားတဲ့ Version အဖြစ်ရှုစားကြရမှာပါ။ ဇာတ်လမ်းကတော့ ဟိုရှီဆိုတဲ့ လုပ်ကြံရေးသမားတစ်ယောက် သူ့ဇနီးနဲ့ပတ်သက်လို့ သူအလုပ်လုပ်ပေးနေတဲ့ ဂိုဏ်းတစ်ခုလုံးနဲ့ရန်ညှိုးဖွဲ့မိရာကနေ အချင်းချင်းအပြန်အလှန်လုပ်ကြံဉာဏ်ကစားကြပုံကို ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ ဂန္ထဝင်ကားတစ်ကားကိုပြန်မူပွားထားတဲ့ နောက်ထပ်ဂန္ထဝင်ကားတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.25GB, 570MB Quality – 1080p, 720p Format – mp4 Duration – 1H 13Min Genre – Action, Crime Subtitle – Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Horror
0 1973
[18+] Trap of Lust
Land of the Lost
5.3

Land of the Lost (2009) ဒီဇာတ်ကားကတော့ အားလုံးနဲ့မစိမ်းတဲ့ ဟာသမင်းသားကြီး Will Ferrell ရဲ့ ဇာတ်ကားဟောင်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ ဂေါက်သီးသိပ္ပံပညာရှင်လို့ ယူဆခံထားရတဲ့ ဒေါက်တာရစ်ခ်မာရှယ်ဟာ အစပိုင်းမှာတော့ တခြားသူတွေရဲ့ လှောင်စရာတစ်ခုကနေ မပိုခဲ့ပါဘူး။ ဒါပေမဲ့ တစ်နေ့မှာ သူ့ရဲ့ သီအိုရီတွေမှန်ကန်မယ်လို့ ယုံကြည်တဲ့ ကမ်းဘရစ်ခ်ျက ကျောင်းသူတစ်ယောက်ရောက်လာချိန်မှာတော့ သူ့သီအိုရီတွေကိုလက်လျှော့လိုက်တဲ့ ရစ်ခ်မာရှယ်တစ်ယောက် လုပ်ငန်းပြန်စရပါတော့မယ်။ ထင်ထားတဲ့အတိုင်း သူ့သီအိုရီတွေဟာ မှန်ကန်ခဲ့ပြီး အချိန်နဲ့အာကာသဟင်းလင်းပြင်ကိုဖြတ်လို့ တခြားကမ္ဘာဦးလူသား‌တွေ ဒိုင်နိုဆောတွေရှိတဲ့ အချိန်တစ်ခုဆီရောက်သွားပါတော့တယ်။ ဒါပေမဲ့ အချိန်သာမတူမယ် ပြဿနာတွေကတော့တူတူပဲဆိုတဲ့အတိုင်း ပြဿနာတွေတစ်ခုပြီးတစ်ခုလာပါတော့တယ်။ သူတို့တွေ အတိတ်ကနေပြန်လာနိုင်မလား… ရစ်ခ်မာရှယ်ကကော ဟာသကြီးတစ်ခုအဖြစ်ကနေ လွတ်နိုင်ပါ့မလား… ဆိုတာကို ရယ်ရင်းမောရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ Adventure/Comedy ကားလေးဖြစ်တာကြောင့် ပေါ့ပေါ့ပါးပါး ဟာသကားတွေကြည့်ချင်သူတွေအတွက် အဆင်ပြေမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 850MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 42Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

5.3 2009
Land of the Lost
La Trampa
5.6

La Trampa (2022) ဒီတစ်ခေါက်မှာတော့ ဒိုမနစ်ကန် ဟာသဇာတ်ကားတစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ မြေအခိုးခံရတဲ့ တူဝရီးနှစ်ယောက် မြေပြန်ရဖို့ကြိုးစားတဲ့ပုံကို ဟာသအနှောလေးတွေနဲ့ရိုက်ထားတဲ့ကားပါ။ လောင်းကစားရုံပိုင်ရှင်တစ်ယောက်က ရုံသစ်ဖွင့်ဖို့နေရာရှာရင်း ဦးလေးယာမဲရဲ့မြေကိုမျက်စိကျသွားတယ်။ ဦးလေးယာမဲကဘိုးဘွားပိုင်မြေကိုမရောင်းနိုင်လို့ငြင်းလိုက်တဲ့အခါမှာတော့ ပိုင်ဆိုင်မှုအထောက်အထား စာရွက်စာတမ်းတွေကို ခိုးခိုင်းပြီး မြေကိုသိမ်းလိုက်တယ်။ လူမိုက်ဂိုဏ်းနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့မဖြစ်နိုင်တဲ့အတွက် ယာမဲတို့တူဝရီးနှစ်ယောက် စာရွက်စာတမ်းတွေကိုပြန်ခိုးဖို့ကြိုးစားရတော့တယ်။ တစ်ဖက်မှာလည်း လယ်သမားအယ်ဒိုတစ်ယောက် သားဖြစ်သူရဲ့လောင်းကစားအကြွေးကိုဆပ်ဖို့ စိတ်သောကရောက်ရင်း တူမ,မင်္ဂလာဆောင်ရောက်နေတာတောင် မရယ်နိုင်မပြုံးနိုင်ဖြစ်နေတယ်။ အကြွေးရှင်က ဦးလေးယာမဲတို့မြေကိုခိုးသွားတဲ့သူပါပဲ။ အယ်ဒိုတို့သားအဖရယ် စာရွက်စာတမ်းတွေပြန်ခိုးပြီး ပြန်လာတဲ့ယာမဲတို့တူဝရီးရယ် မင်္ဂလာပွဲကျင်းပနေတဲ့ La Trampa ဆိုတဲ့အပန်းဖြေအိမ်ကြီးမှာ သွားဆုံကြပါတော့တယ်။ La Trampa အိမ်ကြီးမှာ ဘာကိစ္စတွေထပ်ပေါ်လာမလဲ… ဘယ်လိုတွေပွက်လောရိုက်ကြဦးမလဲ… ဆိုတာ ယာမဲတို့တူဝရီးနှစ်ယောက်ရဲ့ ဟာသအလွဲလေးတွေနဲ့အတူ ကြည့်ရှုကြရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.9GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 29Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

5.6 2022
La Trampa
The Exorcists

ဇာတ်လမ်းအစမှာ ဖာသာ ရိုင်လန်ဆီကို လူတစ်ယောက်ရောက်လာတယ်။ ရွံ့ကျိုးတဲ့ပုံစံနဲ့ ကိုယ့်ကိုယ်ကို ဖာသာ ရောလ်ကိုတက်စ်ဖြစ်ကြောင်းနှုတ်ဆက်လိုက်ပြီး ပရောဂကုပေးဖို့အကူအညီတစ်ခုတောင်းလိုက်တယ်။ သူနဲ့အတူ အပနှင်ခဲ့တဲ့သူ ဂျွန်မာဖီဟာသေဆုံးသွားပြီဖြစ်တဲ့အတွက် မသေခင်မှာ ဖာသာရိုင်လန်ကိုသွားရှာပါလို့မှာခဲ့တဲ့အတွက် လာရောက်ခြင်းဖြစ်ကြောင်းရှင်းပြလိုက်တယ်။ ဆရာလည်းဖြစ် မိတ်ဆွေလည်းဖြစ်တဲ့ ဂျွန်မာဖီရဲ့ တောင်းဆိုချက်ကြောင့် လက်ခံလိုက်တယ်။ တစ်ဖက်မှာ စစ္စတာ ကယ်ရိုလိုင်းဟာ စိတ်ရောဂါကုဆရာဝန်ဒေါက်တာ ဘတ်ခ်တက်ကို အကူအညီတောင်းနေတယ်။ လက်ရှိဖြစ်နေတဲ့ မကောင်းဆိုးဝါးဝင်ပူးခံထားရတဲ့ ကလေးဟာ ဒေါက်တာဘတ်ခ်တက်ကို မဖြစ်မနေခေါ်လာခိုင်းတာဖြစ်ကြောင်းရှင်းပြတယ်။ အစပိုင်းမှာ မယုံကြည်ပေမယ့် နောက်ဆုံးမှာ စစ္စတာကယ်ရိုလိုင်းထုတ်ပေးလိုက်တဲ့ဖိုင်ကို ကြည့်ပြီးတော့ လက်ခံလိုက်တယ်။ ဒါတင်အားမရသေးဘဲ စစ္စတာကယ်ရိုလိုင်းဟာ နောက်ထပ် အမျိုးသမီး အပနှင် သူဘတ်တစ် ဘုန်းတော်ကြီးကို အကူအညီထပ်တောင်းရပြန်တယ်။ ဒီလို အင်အားကြီးအတွေ့အကြုံရင့်သန်သူတွေကို အကူအညီတောင်းပြီးနောက်မှာ ကလေးပေါ်မှာဝင်ပူးနေတဲ့မကောင်းဆိုးဝါးကို စတင်ချွတ်ပါတော့တယ်။ File size…905MB / 435MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 24m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin

0 2023 85 mins
The Exorcists
Kumiko, the Treasure Hunter
6.6

IMDb – 6.6/10 Director – David Zellner ဒီဇာတ်ကားလေးကတော့ ခုမီကို ဆိုတဲ့ ဂျပန်အမျိုးသမီးတစ်ယောက် ရတနာတွေကို လိုက်လံရှာဖွေတဲ့ စိတ်ကူးယဉ်ဆန်ဆန် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအေးအေးလေးမှာ စီးမြောပြီး စိတ်ကူးယဉ်တတ်တဲ့သူများ အကြိုက်တွေ့စေမယ့်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ခုမီကို ဟာ ရတနာရှာဖွေခြင်းကို စွဲလမ်းနေတဲ့သူတစ်ဉီးပါ။ သူကစိတ်ကူးယဉ်ဇာတ်ကားထဲက ရတနာမြေပုံကိုရရှိပြီး အဲဒီရတနာတွေကို ရှာဖွေချင်နေပါတယ်။ အမြဲတမ်း တမှိုင်မှိုင်တတွေတွေနဲ့ လက်တွေ့ဘ၀ကို ဘာတစ်ခုမှစိတ်မပါ၊ အလုပ်ကသူဌေးနဲ့လည်း အဆင်မပြေဖြစ်ပြီး ရတနာတွေရှာဖို့ပဲစိတ်အားထက်သန်နေတဲ့ ခုမီကို တစ်ယောက် တစ်နေ့ကျတော့ ရတနာတွေရှာဖို့မြေပုံထဲကအတိုင်း US ကပြည်နယ်တွေဘက်ကိုထွက်လာပါတော့တယ်။ အင်္ဂလိပ်စကားလည်း ကောင်းကောင်းမတတ်တဲ့အပြင် နဂိုကတည်းကမှ ထုံပေပေနဲ့ ခုမီကို တစ်ယောက် သူယုံကြည်ရာ ရတနာတွေကို တဇောက်ကန်းရှာဖွေပုံကို စိတ်၀င်စားဖွယ်ရာကြည့်ရှုရမှာပဲဖြစ်ပါတယ်။ သရုပ်ဆောင် Rinko Kikuchi ဟာလည်း Main character ဖြစ်တဲ့ ခုမိကို နေရာမှာ အပိုအလိုမရှိသရုပ်ဆောင်နိုင်တဲ့အပြင် တိတ်ဆိတ်သော၊ အစွဲအလမ်းကြီးသော၊ စိတ်အားငယ်သော၊ အထီးကျန်သော ကောင်မလေးဇာတ်ရုပ်ကို ပီပြင်စွာပဲ‌ပုံဖော်ထားပါတယ်။ File size…(1.3 GB)/(570 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Thiha Kyaw

Thriller • Romance • Drama
6.6 2014
Kumiko, the Treasure Hunter
The Andromeda Strain
7.2

ဒီဇာတ်လမ်းလေးကတော့ ၁၉၀၀ခေတ်လောက်တုန်းက ဇီဝလက်နက်ကိုလျို့ဝှက်တီထွင်စမ်းသပ်ရာကနေပိုးကပျံ့နှံ့သွားပြီ ဇီဝကပ်ဆိုက်လုဆဲဆဲ‌အခြေ‌အနေကနေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကြည့်ကြရမှာဖြစ်ပါတယ် ဂျရမီဆိုတဲ့သပ္ပံပညာရှင်တွေနဲ့အဖွဲ့က သူတို့ကိုအရေးပေါ်အခြေနေဖြစ်နေလို့ခေါ်ယူတာခံလိုက်ရပြီးမှ ဇီဝကပ်ဆိုက်တော့မယ်ဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ အဲဒီဇီဝပိုမွှားက ကမ္ဘာပေါ်ကမဟုတ်ဘဲ အာကသကလာတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ် အဲဒီလိုနဲ့အစိုးရကဖုံးဖိထားပြီးတီထွင်နေတဲ့ဇီဝလက်နက်အကြောင်းကိုဘယ်လိုတွေရင်ဆိုင်လိုက်ရမလဲ ကမ္ဘာကြီးကရော ဒီကပ်ဘေးကနေလွတ်မြောက်နိုင်မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:11:00 Genre… Mystery, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

7.2 1971
The Andromeda Strain
Killer Babes
5

· စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီး နီနာ · ဆိုရှယ်မီဒီယာ အင်ဖလူယန်ဇာ လူစီယာ · ရုပ်ရှင်မင်းသမီး မာရီဆဲလာ ကျိကျိတက် ချမ်းသာတဲ့ ဒီအမျိုးသမီး ၃ ဦးဟာ မိမိချစ်ရတဲ့ ခင်ပွန်းသည်တွေထံမှာ စော်ကားမှု၊ စွန့်ပစ်မှု၊ နောက်ကျောဓားထိုးမှုတွေကို မသိတစ်ဖုံ သိတစ်ဖုံ အသီးသီး ခံနေရတာဖြစ်ပါတယ်။ သူငယ်ချင်းမ ၃ ဦးသား ကိုယ့်ခင်ပွန်းသည်တွေရဲ့ အကျင့်ယုတ်မှုတွေကို မျက်ဝါးထင်ထင် မြင်လာရတဲ့တစ်နေ့မှာ မိမိခံရတဲ့အတိုင်း ယောက်ျားတွေ ပြန်ပေးဆပ်နိုင်အောင် လက်စားချေဖို့ ကြံစည်ကြပါတော့တယ်။ သူမတို့ရဲ့ ကလဲ့စားအစီအစဥ်ကို အကောင်အထည်ဖော်ပေးဖို့ သင့်တော်မဲ့လူကို ရှာဖွေကြရင်း သီချင်းအဆိုဝါသနာရှင် ‘ကြေးစား လူသတ်သမား’ မာနွယ်လ် အာလက်ဟန်ဒရိုနဲ့ တွေ့ဆုံသွားကြတဲ့အချိန်မှာ… သူမတို့ လိုချင်တဲ့ပန်းတိုင်ဆီ အစီအစဥ်တကျ သွားနိုင်ပါ့မလား၊ ဘယ်လိုအတားအဆီးတွေကို ရင်ဆိုင်ရမလဲဆိုတာကို ဟာသနှောပြီး ရှုစားရမှာပဲဖြစ်ပါတယ်။ File size…1.81GB / 900MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 34m Genre ….. Comedy , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5 2024
Killer Babes
Kalinga
8.3

Kalinga (2024) အားလပ်ချိန်မှာ စိတ်အပန်းဖြေစေဖို့ တလေဂူးလ်ထိတ်လန့်သည်းဖို ရုံတင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မကောင်းတဲ့စွမ်းအင်တွေနဲ့ ဝန်းရံနေတဲ့ရွာလေးတစ်ရွာ။ ညဘက်တွေ ရွာပြင်ထွက်ရင် အပမှီတာလိုလို သရဲပဲပူးတာလိုလိုနဲ့ ကိုယ့်အသားကိုယ်ပြန်လှီးစားကြတာတွေ ကြုံတွေ့နေကြရ။ လူသေရင် အဝတ်ပတ်ပြီး ရွာပြင်မှာပဲ ယဇ်ပူဇော်တာလိုမျိုးပစ်ထားခဲ့ကြတာ ရွာရဲ့ထုံးတမ်းအစဉ်အလာတစ်ခုလိုဖြစ်နေပါပြီ။ ဒီလိုမကောင်းတဲ့စွမ်းအင်တွေပေါများလှတဲ့ ရွာလေးထဲမှာမှ အမြတ်ကြီးစားငွေတိုးချေးတဲ့အပြင် အကြွေးပြန်ဆပ်ပြီး အပေါင်ပစ္စည်းပြန်တောင်းတဲ့ခါ လူကိုသတ်ပြီးရွာပြင်သွားပစ်တတ်တဲ့ လူ့တိရစ္ဆာန်တွေကလည်းရှိနေပြန်ပါရော။ ပေါ့ပေါ့ပါးပါးပဲ နေတတ်ပေမဲ့ မဟုတ်မခံ ရင်ဆိုင်ဖြေရှင်းတတ်တဲ့ လင်ဂါတစ်ယောက် ဒီလိုပြဿနာတောကြီးထဲမှာ ရှိနေတဲ့အခါမှာတော့…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်)

8.3 2024 116 mins
Kalinga
The Seed of the Sacred Fig
7.8

The Seed of the Sacred Fig (2024) IMDb Rating (7.8) / Rotten Tomatoes (93%) ဘာသာရေးကိုင်းရှိုင်းပြီးရိုးသားတဲ့ရှေ့နေတစ်ယောက်ဖြစ်တဲ့ အီမန်ဟာ ဇနီးဖြစ်သူ နက်ဂျ်မား၊ သမီးနှစ်ဦးတို့နဲ့အတူနေထိုင်ပါတယ်။ လတ်တလောမှာတော့ အီမန်ကို တီဟရန်ကအထူးတရားရုံးမှာ စုံစမ်းစစ်ဆေးရေးတရားသူကြီးအဖြစ်ရာထူးတိုးမြှင့်ခံထားရတဲ့အတွက် လစာပိုကောင်းလာမှာဖြစ်သလို သူတို့မိသားစုအတွက် တိုက်ခန်းကျယ်တစ်ခုလည်းရမှာဖြစ်တဲ့အတွက် တစ်မိသားစုလုံးဝမ်းသာပျော်ရွှင်နေကြတဲ့အချိန်ပါ။ အဲ့ဒီအချိန်မှာပဲ မာဆာအာမီနီ ဆိုတဲ့ ၂၂ နှစ်အရွယ်အီရန် ကာ့ဒ်အနွယ်ဖွားမိန်းကလေးတစ်ယောက်ဟာ ဟီဂျပ်ဘ်ကောင်းကောင်းမခြုံလို့ဆိုတဲ့အမှုနဲ့ ဘာသာရေးရဲတွေက ဖမ်းဆီးစစ်ဆေးနေစဉ်မှာသေဆုံးသွားတဲ့ဖြစ်စဉ် ဖြစ်သွားခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကတစ်ဆင့် နိုင်ငံအနှံ့ဆန္ဒပြပွဲတွေဖြစ်ပေါ်လာခဲ့ပြီး အီမန်ရဲ့သမီးကြီးဖြစ်သူ ရေ့ဇ်ဗန်းရဲ့ သူငယ်ချင်းတစ်ဦးလည်းဖမ်းဆီးခံလိုက်ရပါတယ်။ ဒီဖြစ်စဉ်တွေအပေါ် အီမန်နဲ့နက်ဂျ်မားကအုပ်ချုပ်သူတွေ၊ စည်းမျဉ်းစည်းကမ်းတွေကသာ အမှန်လို့ယူဆပြီး သမီးနှစ်ဦးကတော့ သူတို့နဲ့ဆန့်ကျင်ဘက်အမြင်ဖြစ်ပြီးသဘောထားကွဲလွဲခဲ့ကြပါတယ်။ ဒါတွေဟာ တည်ငြိမ်အေးချမ်းတဲ့ သူတို့မိသားစုအတွက် ရင်ဆိုင်ရမယ့် မုန်တိုင်းရဲ့အစပဲရှိပါသေးတယ်။ The Seed of the Sacred Fig ဟာ ရုပ်ရှင်ပွဲတော်တွေမှာအောင်ပွဲခံနေကျ အီရန်ကားတွေရဲ့ဖန်တီးရှင် Mohammad Rasoulof ရဲ့လက်ရာဖြစ်ပြီး သူ့အတွက်နောက်ထပ်ဂန္ဓဝင်ကားကောင်းတစ်ခုဖြစ်လာမှာပါ။ ၂၀၂၄ အော်စကာဆုအတွက်လည်း German entry အဖြစ်ရွေးချယ်ခံထားရပါတယ်…ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.4 GB) / (730 MB) Quality….WEB-DL 1080p HEVC /720p Format…. mkv/mp4 Genre….Crime, Drama, Thriller Duration….02:47:08 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

7.8 2024 167 mins
The Seed of the Sacred Fig