YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

[CM]Welcome.To.Wedding.Hell.2022.E11.720p.WEB-DL.mp4

265.5 MB N/A video/mp4 215 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fallen Angels
7.7

IMDb - 7.6/10 , RT - 95% Bodyguards and Assassins, God of Gamblers တို့မှာ သရုပ်ဆောင်ဖူးတဲ့ Leon Laiရယ် Forever Friendsနဲ့ The Crossingတို့ရဲ့ မင်းသားTakeshi Kaneshiroတို့နဲ့အတူတူ Royal Tramp , Swordsman တို့ရဲ့ မင်းသမီး Michelle Reisတို့က ၃ယောက်သား ဒီကားကို အနှစ်အရသာရှိလှစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ ဟောင်ကောင်က လုပ်ကြံရေးသမား၂ယောက်ရယ် ရရာအလုပ်ကို လုပ်နေတဲ့လူရယ်၊ ထိုလူ၃ယောက်ရဲ့ သူတို့ရဲ့ ဘဝနဲ့ အချစ်ရေးအကြောင်းကို ထူးခြားစွာဖော်ပြထားတဲ့ ရုပ်ရှင်လေးဖြစ်ပါတယ်။ လူတွေက နေ့စဥ် ကိုယ်ကျွမ်းကျင်ရာကို လုပ်ကိုင်ရင်း အချစ်နဲ့နားခိုရာကို ရှာဖွေလေ့ရှိပါတယ်။ အချစ်ကို ပျောက်လို့လိုက်ရှာရင်း ကိုယ့်ရဲ့ စိတ်ဝိညာဉ်ကိုပါ ပျောက်ဆုံးတတ်​ပြီး သူတို့၃ယောက် ဘဝကို ဘယ်လိုနေထိုင်ကြလဲဆိုတာကို R rated ဆန်ဆန်လေးကို ရယ်ရယ်မောမောလေးနဲ့ ကြည့်ရမှာဖြစ်ပါတယ်။ ဒီရုပ်ရှင်က ဇာတ်လမ်းဇာတ်သားကိုသာမက cinematicရော sound tractတွေရော အရမ်းလိုက်ဖက်ညီလွန်းလှပါတယ်။ ဇာတ်လမ်းဇာတ်ကွက်က ငြိမ့်ငြိမ့်ညောင်းညောင်းလေးနဲ့ဇာတ်လမ်းရဲ့ အရသာကို ခံစားရစေမှာပါ။ Emotionalဆန်တဲ့ ဒိုင်ယာလော့တွေလည်းပါပြီး အထူးသဖြင့် Leon Lai၊ Michelle Reis၊ Takeshi Kaneshiroတို့ ၃ယောက်သားရဲ့ သရုပ်ဆောင်ချက်တွေက ထိမိလွန်းလှပြီး Personallyအရဆိုရင် 10 out of 10 ပေးမိတဲ့ ရုပ်ရှင်ဖြစ်ကြောင်း ပြောရင်း အညွှန်းလေးကို အဆုံးသတ်လိုက်ပရစေ။ File size…(1.7 GB)/(822 MB)/(419 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Action, Romance, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Action • Thriller
7.7 1995 98 mins
Fallen Angels
The Guqin Requiem

CM ရဲ့ ပရိသတ်တွေအတွက် The Guqin Requiem ဆိုတဲ့ သိုင်းကားလေး တစ်ကားကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- သိုင်းလောကမှ ကျိုရှောင်းစောင်းကို ရရှိသူက သိုင်းလောကတစ်ခုလုံးကို အုပ်ချုပ်နိုင်မယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခုက စပါတယ်။ ထိုစောင်းကို လုယူနေကြတဲ့အချိန်မှာ လောကသားတွေက သူသေကိုယ်သေ တိုက်ခိုက်ခဲ့ကြပါတယ်။ နောက်ဆုံးမှာ စစ်သူကြီးဝေ့ချီချိုးရှန်းက ရရှိခဲ့ပြီး ဖုန်းယွဲတိုင်းပြည်ကို ယူဆောင်သွားခဲ့ပါတယ်။ ထိုနောက် ကျိုရှောင်းစောင်းကို ဖုန်းယွဲတိုင်းပြည်ရဲ့ ရတနာအဖြစ်သတ်မှတ်ခဲ့ပြီး သိုင်းလောကလဲ ခဏတာ ငြိမ်းချမ်းသွားခဲ့ပါတယ်။ ဒါပေမဲ့ တိုင်းပြည်ရတနာကို လိုချင်မှုကြောင့် အိမ်နီးချင်းနိုင်ငံမှ ဖုန်းယွဲတိုင်းပြည်ကို စစ်ခင်းခဲ့ပါတော့တယ်။ ဝေ့ချီချိုးရှန်းနဲ့ လျန်းရီးတိုက တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို မကြည့်ရက်သဖြင့် ရန်သူကို အသက်ပေးတိုက်ခိုက်ပြီး တိုင်းပြည်ကို ကာကွယ်ခဲ့ပါတယ်။ ကျိုရှောင်းစောင်းလဲ ထိုနောက် ပျောက်ကွယ်သွားတော့တယ်။ ၁၇ နှစ်ကြာပြီးနောက် ဖုန်းယွဲတိုင်းပြည် ချင်းဟိုင်ယန့်တွင် လျှိဝှက်တဲ့ ချင်းနန်ဖန်သခင်က သိုင်းလောကထဲမှ လူတော်တွေကို ဂီတစမ်းသပ်ပွဲသို ဖိတ်ခေါ်ခဲ့ပါတယ်။ လျှိဝှက်ပြီးထူးခြားတဲ့ မိန်းကလေး လင်ကျွင်းနဲ့ ရုပ်ရည်ချောမောတဲ့ ဂီတပညာရှင်လင်လွင်တို့ တစ်ချိန်တည်း မြိုအဝင်ဝမှာ ဆုံတွေ့ခဲ့ပြီး အထင်လွှဲမှုတွေ ဖြစ်ခဲ့ပါတယ်။ လင်ကျွင်းရဲ့ အိတ်ထဲကနေ ကျိုရှောင်းစောင်းကြီး ထွက်လာတဲ့အခါ ...... သူတိုနှစ်ယောက် ဂီတပွဲတော်သွားတဲ့ လမ်းတစ်လျှောက် ဖြောင့်ဖြူးအဆင်ပြေပါ့မလား ...... ကျိုရှောင်းစောင်းကို လိုချင်နေတဲ့ လူတွေကရော ဘယ်သူတွေလဲ ...... နှစ်ပေါင်းများစွာ ဖုံးကွယ်ထားတဲ့ လျှိဝှက်ချက်ကရော ဘာဖြစ်နေမလဲဆိုတာကို ....... ဇာတ်လမ်းလေးထဲမှာပဲ အတူတကွ ကြည့်ရှုအဖြေရှာကြရအောင်နော်။ [ Reviewed By Moon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Fantasy , Action Runtime : 1h 18 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Adventure • Thriller
0 2023
The Guqin Requiem
The Venture Bros.: Radiant is the Blood of the Baboon Heart
7.3

ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(1.2 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Mystery Translator.......Thetti Tun Encoder..........Zin Phyo Aung

Drama • Science Fiction
7.3 2023 84 mins
The Venture Bros.: Radiant is the Blood of the Baboon Heart
The Irishman
7.6

ဒီရုပ်ရှင်ကတော့ မာတင်စကော်ဆက်ဆီရဲ့ ရုပ်ရှင်တွေထဲမှာ အရှည်ဆုံး ရုပ်ရှင်ကားပါ။ ၃ နာရီ ၂၉ မိနစ်ရှိပါတယ်။ ဒါရိုက်တာနဲ့ သရုပ်ဆောင်အားလုံးက တကယ့် legend တွေပါပဲ။ ဒါရိုက်တာ မာတင်စကော်ဆက်ဆီးက Goodfells, Taxi driver, Departed နဲ့ Raging bull လို ရုပ်ရှင်တွေကြောင့် နာမည်ကြီးပါတယ်။ သူက အခု အဓိက မင်းသား ၃ ယောက်ကို ခေါ်ထားလိုက်ပါတယ်။ အဓိကသရုပ်ဆောင် Robert De Niro ကိုတော့ Taxi Driver, Goodfellas, The Untouchables, Jackie Brown, Casino တို့လိုကားတွေနဲ့ သိကြမှာပါ။ Al Pacio ဆိုတာနဲ့ Godfather ကို ပြေးမြင်ကြပါလိမ့်မယ်။ Joe Pesci ကလည်း Goodfellas, Casino, Raging bull နဲ့ ကမ္ဘာကျော်ပါပဲ။ ဇာတ်လမ်းကတော့ ကမ္ဘာကျော်ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ခုကို အခြေခံထားပါတယ်။ သမ္မတ နစ်ဆွန် နဲ့ ဂျေအက်ဖ် ကနေဒီတို့ခေတ်မှာ သမ္မတတွေပြီးရင် အင်အားအကြီးဆုံး၊ အထင်ရှားဆုံးလူတစ်ယောက်ရှိပါတယ်။ သူ့နာမည်ကတော့ ဂျင်မီဟော့ဖာ ပါတဲ့။ သူဟာ ကုန်ကားမောင်းသူများအဖွဲ့ ဥက္ကဌဖြစ်ပြီး သူ့အဖွဲ့မှာ အဖွဲ့ဝင်ပေါင်း သန်းချီပြီးကို ရှိခဲ့ပါတယ်။ သူဟာ အလုပ်သမားအခွင့်အရေးအတွက် အများကြီးတိုက်ခိုက်ပေးခဲ့ အဆင်ပြေအောင်လုပ်ပေးခဲ့လို့ နိုင်ငံကျော်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေတာပါပဲ။ သူ့အဖွဲ့ရဲ့ ပင်စင်ရံပုံငွေဟာ ဒေါ်လာ ဘီလီယံနဲ့ချီပြီးရှိနေတော့ တရားမဝင်လုပ်ငန်းတွေအတွက် ငွေလိုနေတဲ့ မာဖီးယားဂိုဏ်းတိုင်းဟာ ဘဏ်ကချေးလို့မရဘဲ ဂျင်မီဆီမှာပဲ ချေးကြရတာပါ။ လက်စ်ဗီးဂတ်ကို မာဖီးယားတွေ စတည်ဆောက်တာ ဂျင်မီရဲ့ ငွေတွေအများကြီးပဲလို့ ပြောလို့ရတာပါပဲ။ သူဟာ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး ကာလအတော်ကြာမှပဲ နိုင်ငံတော်က သေဆုံးကြောင်းအတည်ပြုနိုင်ခဲ့တာပါ။ သူပျောက်ဆုံးသွားခဲ့ပုံ၊ သေဆုံးပုံနဲ့ မာဖီးယားဂိုဏ်းများစွာနဲ့ အရှုပ်အရှင်းတွေကိုတော့ သူ့ရဲ့ လူယုံ ဖရန့်ခ် ရှီရန်က လူထုကို ဖွင့်ချပြခဲ့ပြီး နောက်မှ ာ စာရေးဆရာ Charles Bandt က I heard you paint houses ဆိုတဲ့ ကမ္ဘာကျော်စာအုပ်တစ်အုပ်လည်း ရေးသားခဲ့ပါတယ်။ အဲဒီစာအုပ်ကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ရဲ့ အဓိက ဇာတ်ကောင်ကတော့ ဖရန့်ခ်ရှီရန် (Robert De Niro) ပဲ ဖြစ်ပါတယ်။ God father, Good fellas တို့လို epic crime drama အမျိုးအစားပဲဖြစ်ပါတယ်။ နှစ်အတော်ကြာမှပဲ ဒီလိုရုပ်ရှင်မျိုး ပြန်ကြည့်ခွင့်ရကြတာပါပဲ။ မာဖီးယားစတိုင်အစစ်တွေကို ပြန်မြင်ရပါပြီ။ ဥပမာ ဖရန့်ခ် နဲ့ သူ့ရဲ့ ဆရာသမား မာဖီးယားဘော့စ် ရပ်ဆဲ တို့ စားသောက်ဆိုင်ထိုင်နေတယ်။ အခြားမာဖီးယားတစ်ယောက်က ရန်လာစတော့ အေးအေးဆေးဆေးလေးပဲ တောင်းပန်လိုက်တယ်။ ပြီးရင် တစ်ယောက်ကိုတစ်ယောက်ဘာမှမပြောဘဲ ကြည့်လိုက်တယ်။ ခဏနေ အိမ်ပြန်ပြီး သေနတ်ယူ သွားပစ်သတ်လိုက်တယ်။ ရှင်းပါတယ်။ ဒီလိုဖီလင်မျိုးတွေ မရတာ ကြာပြီမို့ အားရပါးရ ထိုင်ကြည့်လို့ရမယ့် ရုပ်ရှင်ပါပဲ။

Crime • Drama • Mystery
7.6 2019 209 mins
The Irishman
Weaponized
3.9

Weaponized (2016) ============== လက်နက်ကုမ္မဏီပိုင်ရှင်တစ်ဦးဖြစ်တဲ့ ကိုင်လ်နောရစ်ဟာ အကြမ်းဖက်မှုတစ်ခုမှာသားဖြစ်သူကို ဆုံးရှုံးရပြီးနောက် အကြမ်းဖက်မှုတွေကိုနှိမ်နင်းဖို့ အလွန်အန္တရာယ်များတဲ့ လက်နက်တစ်ခုကိုတီထွင်ဖို့ကြိုးစားပါတယ်။ သူ့လမ်းကိုပိတ်ပင်သူမှန်မျှကိုလည်းရှင်းပစ်ဖို့ကြိုးစားပါ တော့‌တယ်။ ထိုလက်နက်ရဲ့အန္တရာယ်များပုံ၊ကောင်းကျိုး ထက် ဆိုးကျိုးများပုံကို စုံထောက်ဝေါလ်ကာ ရိပ်စားမိသော အခါ ဘယ်လိုတွေဆက်ဖြစ်လာမလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမယ့်ဇာတ်လမ်းပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Eunice ဖြစ်ပါတယ်) File Size……….(1.34 GB) / (573 MB) / (344 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 31Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Sci-Fi, Thriller Translator…….Eunice Encoder……….SWM

3.9 2016 91 mins
Weaponized
A Compassionate Spy
6.6

A Compassionate Spy (2022) ~ IMDb – 6.6/10, Rotten Tomatoes – 84% ~ ဒုတိယကမ္ဘာစစ်ကာလဟာ လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ စစ်ကြီးတစ်ခုပါပဲ။ အဆိုးဆုံးကတော့ ဟီရိုရှီးမားနဲ့ နာကာဆာကီးကို ကြဲချလိုက်တဲ့ နျူကလီးယားဗုံးနှစ်လုံးဟာ စစ်ပွဲရဲ့ ချိန်ခွင်လျှာကို ပြောင်းလဲစေနိုင်ရုံမက အရပ်သူအရပ်သားသေဆုံးမှုတွေကိုပါ စစ်ရဲ့အနိဌာရုံအဖြစ် မြင်လိုက်ရတာပေါ့။ ဒါ့အပြင် ဖျက်အားပြင်း လက်နက်ဆန်းက ပေါက်ကွဲမှုမှာ မသေခဲ့တဲ့ ရှင်ကျန်သူတွေကိုပါ အကြောင်းရင်းမသိရဘဲ တဖြုတ်ဖြုတ်သေကုန်အောင် စွမ်းပါသေးသတဲ့။ ဒီလောက်အားကောင်းတဲ့ လက်နက်ဆန်းကို ပိုင်ဆိုင်ထားတဲ့ အမေရိကန်နိုင်ငံက ဖက်ဆစ်ဂျာမန်၊ အီတလီနဲ့ ဂျပန်တို့ကို အပြတ်အသက် အနိုင်ယူနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ စဉ်းစားကြည့်တော့လည်း ဒီလိုဝရဇိန်လက်နက်ကို တစ်နိုင်ငံတည်းက ပိုင်ထားရင် Power Play မဖြစ်တော့ဘူးပေါ့။ အနိုင်ကျင့်မယ်။ ထစ်ခနဲရှိရင် ဗုံးကြဲချမယ်။ တစ်ကမ္ဘာလုံးက သူ့ကို တုန်နေအောင် ကြောက်ရမယ်။ ဒီလိုနဲ့ ကမ္ဘာကြီးမှာ အသေအပျောက်တွေများလာပြီး ဒုက္ခကပ်ဆိုးကြီးအဖြစ် ပြောင်းလဲသွားမှာပါပဲ။ မိသားစုတစ်ခုရှိတယ်ဗျ။ သိပ်တော်တဲ့ သိပ္ပံပညာ‌ရှင်တွေ စုဝေးရာပေါ့။ သူတို့ထဲက ညီအစ်ကိုနှစ်ယောက်အကြောင်း ပြောရအောင်… အစ်ကိုလုပ်တဲ့သူက နျူကလီးယားထိပ်ဖူးကိုတင်ဆောင်ပြီး ကမ္ဘာ့တိုက်ကြီးတစ်ခုအတွင်း ကြိုက်တဲ့နေရာကို တိုက်ရိုက်ရောက်အောင်ပစ်နိုင်တဲ့ ပဲ့ထိန်းဒုံးကျည်ကို တီထွင်တဲ့သူတွေထဲကတစ်ယောက်။ သူ့ရဲ့ညီက ဟီရိုရှိးမားနဲ့ နာကာဆာကီးကို ကြဲချခဲ့တဲ့ နျူကလီးယား ပထမမျိုးဆက်ဗုံးကို တည်ဆောက်တဲ့နေရာက ပညာရှင်တစ်ဦး။ အနုမြူဗုံးတစ်လုံးမှာ အရေးကြီးတဲ့ ပေါက်ကွဲအားလောင်စာ ယူရေနီယံသတ္ထုသန့်စင်ရေးဖြစ်စဉ်၊ ပိုအားကောင်းတဲ့ ပေါက်ကွဲမှုဖြစ်ရအောင် အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲရတဲ့ဖြစ်စဉ်တွေရှိတယ်။ အဲဒီအထဲကမှ အတွင်းဖက်စုပ်ယူပေါက်ကွဲမှုဖြစ်အောင် ဒီဇိုင်းဆွဲခဲ့တဲ့ ပညာရှင်လေး။ သူတို့အဖွဲ့ ဗုံးစမ်းသပ်မှုလုပ်ပြီး အောင်မြင်ခဲ့ချိန်မှာ လူအများပျော်နေချိန် အခန်းပြန်ပြီး တိတ်တဆိတ်ထိုင်နေတဲ့သူ။ ဒီလိုလက်နက်ဟာ တစ်ဦးတည်းပိုင်ထားရင် ကမ္ဘာအတွက် ကပ်ဆိုးတွေယူလာမယ်ဆိုတာ သူသိခဲ့တယ်။ သူထင်တဲ့အတိုင်းပဲ ဟီရိုရှီးမားနဲ့ နာကာဆာကီကို ဗုံးနှစ်လုံးကြဲချလိုက်တဲ့ အမေရိကန်ဟာ သူ့ရဲ့စစ်ဦးကို ဖက်ဆစ်တွေကနေ ဆိုဗီယက်ပြည်ထောင်စုကို လှည့်သွားခဲ့တယ်။ ဆိုဗီယက်ပြည်ထောင်စုတစ်ခုလုံး ပျက်သုဉ်းအောင် ဗုံးပေါင်းများစွာ ကြဲချတော့မယ့် အစီအစဉ်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ခိုင်မာသွားစေတယ်။ နျူကလီးယားဗုံးတစ်လုံး ဘယ်လိုတည်ဆောက်မလဲဆိုတဲ့ စာရွက်စာတန်းနဲ့ နည်းပညာတွေကို ဆိုဗီယက်ပြည်ထောင်စုဆီ လျှို့ဝှက် ပေးပို့လိုက်ပါသတဲ့။ ဒီလိုနဲ့ အမေရိကန်စစ်သားလေးဟာ နျူကလီးယား အက်တမ်နည်းပညာတွေ ကဲ့ထုတ်လိုက်တဲ့ ဆိုဗီယက်သူလျှိုလေး ဖြစ်သွားပါလေရော။ ဒီရုပ်သံမှတ်တမ်းက လူတော်တော်များများ မသိရသေးတဲ့အချက်ကြီးကို ဖွင့်ချထားတာပါ။ ရုပဗေဒပညာရှင်လေး သီအိုဒေါ အယ်လ်ဗင် ဟော ရဲ့ သူလျှိုမှတ်တမ်းတစ်ခုဖြစ်ပါတယ်။ အဖျားဆွတ်ခေါ်တော့ တက် သို့မဟုတ် တက်ဒီ လေးပေါ့ဗျာ။ နျူကလီးယားဗုံးနည်းပညာကို ရုရှားတွေ ရှာဖွေတွေ့ရှိတီထွင်ခဲ့တာမဟုတ်ဘဲ အမေရိကန်တွေဆီက စိမ့်ထွက်လာတယ်ဆိုတာကို အထိတ်တလန့်သိလိုက်ရမယ့် ရုပ်သံမှတ်တမ်းပါ။ ဘယ်လိုပဲပြောပြော တက်ရဲ့ဆုံးဖြတ်ချက် မှန်လို့ ဒီအချိန်အထိ တတိယကမ္ဘာစစ်မဖြစ်သေးတာလား။ သူ့ဆုံးဖြတ်ချက်မှားခဲ့လို့ နျူကလီးယားနည်းပညာကို ပိုင်ဆိုင်တဲ့ နိုင်ငံ ၉ နိုင်ငံအထိရှိသွားပြီး မီးပွားတစ်ခုကျလိုက်တာနဲ့ နျူကလီးယားစစ်ပွဲဖြစ်လို့ ကမ္ဘာကြီး တစ်ရက်တည်းပျက်သွားမယ်လို့ အပြစ်တင်မလားဆိုတာကတော့ လူကြီးမင်းရဲ့ ပုဂ္ဂိုလ်ရေးအတွေးအမြင်သာ ဖြစ်ကြောင်းပါခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 800MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 41Min Genre – Documentary Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

6.6 2022
A Compassionate Spy
[21+] Sexually Bugged!
4

လူတွေက အောင်မြင်ကျော်ကြားမှု ငွေ စတာတွေကိုမြင်ရင် ပိုင်ဆိုင်ရမယ်ဆိုရင် ဘာမဆိုပေးဆပ်မယ်လို့တွေးထားတဲ့သူတွေက များသားရယ် အခုလည်းကြည့်လေ ဒေါက်တာက မျိုးစိတ်တစ်ခုကို ဖန်တီးထားတယ် အဲဒီအကောင်က လူထဲမှာနေရတာပျော်တယ် ပြီးတော့လူကိုကောင်းကျိုးပြုတယ် ဘယ်လိုကောင်းကျိုးပြုတာလဲဆိုရင် သူဝင်ထားတဲ့လူကို လိင်ကိစ္စကို သူမတူ ခံစားလို့ကောင်းစေတယ် လိင်စိတ်နိုးကြွစေတယ် အဲဒီအချက်လက်တွေကို အတည်ပြုပြီး ဈေးကွက်ကို ချပြီး ပိုက်ဆံရှာချင်နေတဲ့ လူတယောက်နဲ့ အားပြိုင်လာချိန်မှာတော့ ကျော်ကြားမှု ကိုလိုချင်နေတဲ့ ဒေါက်တာရယ် ငွေကိုငမ်းငမ်းတက်လိုချင်နေတဲ့ လောဘသားရယ် နှစ်ယောက်ပြိုင်ဆိုင်လာတဲ့အခါမှာတော့ DS fans တွေအကြိုက်အခန်းတွေများတာမို့ တင်ဆက်ပေးလိုက်ပါတယ်။

4 2014 75 mins
[21+] Sexually Bugged!
The Hound of the Baskervilles: Sherlock the Movie
6.2

The Hound of Baskervilles: Sherlock the Movie (2022) ~ IMDb – 6.2/10, MyDramaList – 7.7/10 ~ အထူးတလည် မိတ်ဆက်ပေးစရာမလိုလောက်တဲ့ The Hound of Baskervilles ဆိုတာ ဆာအာသာကိုနင်ဒွိုင်း Sir Arthur Conan Doyle (1859~1930) ရဲ့ ရှားလော့ဟုမ်းဝတ္ထုရှည်လေးပုဒ်ထဲက ၁၉၀၂ ခုနှစ်မှာ ထုတ်ဝေခဲ့တဲ့ တတိယမြောက်ဝတ္ထုရှည်တစ်ပုဒ်ဖြစ်ပါတယ်။ မူရင်းဇာတ်ကြောင်းကတော့ ၁၈၈၉ ခုနှစ် အင်္ဂလန်နိုင်ငံအနောက်တောင်ပိုင်း၊ ဒီဗွန် (Devon) က ဒတ်မိုးတောင်ပေါ်ဒေသ (Dartmoor) ကိုနောက်ခံထားပြီး ဘတ်စကာဗျီလ်မိသားစုမျိုးဆက် (Baskerville Family) က အဲဒီဒေသမှာ ဒဏ္ဍာရီလာငရဲခွေးကြီးတစ်ကောင်ကြောင့် တစ်ယောက်ပြီးတစ်ယောက် သေဆုံးနေကြတာမို့လို့ လူသေဆုံးမှုထပ်မရှိရလေအောင် ရှားလော့ဟုမ်းနဲ့ ဒေါက်တာဝပ်ဆန်တို့ကို လာရောက်အကူအညီတောင်းရာကနေ တကယ်ပဲ ဖြစ်ရပ်ဆန်းကြယ်ကြောင့် လူသေဆုံးသွားကြတာလား… ဒဏ္ဍာရီလိုလို ကျိန်စာလိုလိုကို အကြောင်းပြပြီး ရည်ရွယ်ချက်ရှိရှိ လူသတ်နေတာလား… ဆိုတာကို ဖော်ထုတ်တာဖြစ်ပါတယ်။ The Hound of Baskervilles ကို တိုက်ရိုက်တစ်ဖုံ မှီးငြမ်းတစ်သွယ် ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲအပိုင်းတွေများစွာရှိရာမှာ ဂျပန်ဘက်မှ ရိုက်ကူးပြီး ၂၀၂၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “The Hound of Baskervilles: Sherlock the Movie” လည်း တစ်ကားအပါအဝင်ဖြစ်ပြီး မူရင်းဇာတ်အိမ်ထဲက အဓိကအကြောင်းအရာကို နည်းနည်းပဲအခြေခံပြီး ကိုယ်ပိုင်ဇာတ်လမ်းနဲ့ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားပါတယ်။ ဒီဇာတ်ကားရဲ့ဇာတ်ကြောင်းကတော့ ဒီလိုပါ။ သတ္တုမိုင်းသူဌေးကြီး ဟာဆုကာဘေးချီဇူးအို (Hasukabe Chizuo) ရဲ့ သမီးဖြစ်သူ ဟာဆုကာဘေးဘန်နီ (Hasukabe Beni) ကိုပြန်ပေးဆွဲပြီး “သမီးဖြစ်သူကို ပြန်လိုချင်ပါက ဆဲတိုကုန်းတွင်းပင်လယ်ရှိ ကာဆုမိကျွန်း (Kasumi Island) ဆီ သူဌေးကြီးတစ်ယောက်သာ ပြန်ပေးငွေနှင့်တကွ လာရောက်ပါရန်” ဆိုပြီး ခြိမ်းခြောက်စာပို့လာလို့ ဟာဆုကာဘေးချီဇူးအိုတစ်ယောက် ထိုကျွန်းကို ပြန်ပေးငွေပေးဖို့ သွားပေမဲ့ တကယ်တမ်းတော့ ပြန်ပေးငွေလည်း လာမယူ၊ ဘန်နီလည်း အိမ်ပြန်ရောက်နေတာကို တွေ့လိုက်ရတယ်။ ဒီလိုနဲ့ တစ်လကြာသွားတဲ့နောက် အဲဒီကိစ္စကိုအခဲမကျေနိုင်တဲ့ သူဌေးကြီးက ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေးအကြံပေး တစ်နည်း အလွတ်စုံထောက် လုပ်နေတဲ့ ဆရာဝန်ဝါခါမီရာဂျွန်အီချိ (Wakamiya Junichi) ဆီမှာ ပြန်ပေးဆွဲမှုလက်သည်ကို စုံစမ်းပေးဖို့ အကူအညီလာတောင်းရာကနေ ဝါခါမီရာနဲ့ ဟိုမာရေး ရှီရှီအို (Homare Shishio) တို့နှစ်ယောက်သား ကာဆုမိကျွန်းကို မဖြစ်မနေ သွားရောက်စုံစမ်းရပါတော့တယ်။ အဲဒီကျွန်းမှာ လူတွေရဲ့အတ္တဆန်တဲ့အပြုအမူကြောင့် သေဆုံးသွားကြတဲ့ ခွေးနက်တွေက နတ်ဆိုးခွေးတွေအဖြစ် ပြောင်းသွားကြပြီး လူတွေကို လိုက်လံတိုက်ခိုက်နေတယ်ဆိုတဲ့ အရင်ကတည်းရှိနေတဲ့ ဒဏ္ဍာရီလိုလို ယုံတမ်းစကားတစ်ခုကို ကြားလိုက်ရတဲ့အခါမှာတော့… The Hound of Baskervilles Sherlock the Movie ရဲ့ဒါရိုက်တာကတော့ Suspect X (2008) ကို ရိုက်ကူးခဲ့တဲ့ Hiroshi Nishitani ပဲဖြစ်ပါတယ်။ Homare Shishio (ရှားလော့ဟုမ်း) အနေနဲ့ သရုပ်ဆောင်ထားတဲ့သူက Fullmetal Alchemist Live-Action Trilogy ထဲမှာ Roy Mustang အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Dean Fujioka ဖြစ်ပြီး Wakamiya Junichi (ဒေါက်တာဝပ်ဆန်) က High & Low ဇာတ်ကားတွေမှာ Cobra အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Takanori Iwata ဖြစ်ပါတယ်။ Reiji Eto (ရဲအုပ်လက်စထရိတ်) ကတော့ Kuranosuke Sasaki ဖြစ်ပြီး တစ်ခြားသရုပ်ဆောင်တွေက Yuko Araki (Once Upon a Crime, Roppongi Class), Nijiro Murakami (Alice In Borderland), Ryoko Hirosue, Kotaro Koizumi အစရှိသဖြင့် ပါဝင်အားဖြည့်ထားပါတယ်။ ၂၀၁၉ ခုနှစ်မှာ ၁၁ ပိုင်းပါတဲ့ “Sherlock: Untold Stories” စီးရီးကို ထုတ်လွှင့်ပြသခဲ့ပြီးမှ The Hound of Baskervilles: Sherlock the Movie ကို ၂၀၂၂ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တာပါ။ Sherlock: Untold Stories မှာ Dean Fujioka, Takanori Iwata, Kuranosuke Sasaki တို့ပဲ သရုပ်ဆောင်ထားတာမို့လို့ ဒီဇာတ်ကားမှာလည်း ပြန်လည်ပါဝင်ခဲ့ကြတာပါ။ The Hound of Baskervilles ဝတ္ထုကို ဆရာကြီးရွှေဥဒေါင်းက ပွေလီအင်းခွေးကြီးအမှု (မှီးငြမ်း) နဲ့ ဘတ်စကာဗျီလ်ခွေးကြီး (ဘာသာပြန်-အကျဉ်း)၊ ဆရာစိုးမြိုင်က ဖုန်းဆိုးမြေမှ ခွေးတစ္ဆေ (ဘာသာပြန်-အကျယ်)၊ ဆရာဆွေမင်း(ဓနုဖြူ) က မြိုင်ရာဇာတွတ်ပီ ကျွန်ုပ်နှင့်ကောလ္လိယအင်းခွေးကြီး (မှီးငြမ်း)၊ ဆရာမောင်မြတ်မိုးက ရှားလော့ဟုမ်းနှင့် ကျိန်စာသင့်အိမ် (ဘာသာပြန်) စသဖြင့် အသီးသီး မှီးငြမ်း၊ ဘာသာပြန်ခဲ့ကြပါတယ်။ ခေတ်သစ်ရှားလော့ဟုမ်းကိုမှ ဂျပန်ဗားရှင်းအနေနဲ့ ကြည့်ချင်ရင် ဒါမှမဟုတ် ရှားလော့ဟုမ်းရဲ့ဝတ္ထုရှည်လေးပုဒ်ထဲမှာ အကောင်းဆုံးလို့သတ်မှတ်ထားကြတဲ့ The Hound of Baskervilles ကို ဂျပန်ကနေ အကောင်းဆုံးဖြစ်အောင် မှီးငြမ်းရိုက်ကူးထားတဲ့ဇာတ်ကားကို ကြည့်ချင်ရင်တော့ The Hound of Baskervilles: Sherlock the Movie ကိုပဲ ညွှန်းရမှာဖြစ်သလို စုံထောက်ကားပရိသတ်တွေအတွက်ရော၊ ရှားလော့ဟုမ်းပရိသတ်တွေအတွက်ပါ ဇာတ်ကောင်တွေနဲ့အတူ စိတ်ဝင်တစား အဖြေရှာဖို့ကောင်းတဲ့ ဂျပန်စုံထောက်ဇာတ်ကားကောင်းတစ်ကားပါပဲ။ {တကယ်လို့ ဒီဇာတ်ကားထဲကသီချင်းနှစ်ပုဒ်ကို ကြိုက်နှစ်သက်လို့ နားထောင်ချင်ရင် Find You in the Stars by Yugo Kanno နဲ့ Lullaby by YU-KA ဆိုပြီး ရှာဖွေနားထောင်ကြည့်လိုက်ပါ။} (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.35GB, 1GB Quality – 1080p, 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 59Min Genre – Crime, Drama, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Romance • Drama
6.2 2022 118 mins
The Hound of the Baskervilles: Sherlock the Movie
Club Dread
5.7

ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတယ့် အတော်လေးရယ်ရမယ့် comedy/horror ဇာတ်လမ်းမျိုးပါ “သုခဘုံကျွန်း”ဆိုတဲ့ ကျွန်းပေါ်က အပန်းဖြေစခန်းကို တစ်ချိန်က နာမည်ကြီးအဆိုတော် “Pete Coconut” က ပိုင်တယ် ကျွန်းပေါ်က ဝန်ထမ်းတွေကလည်း တစ်ယောက်တစ်မျိုးနဲ့ အဖောက်တွေချည်းပဲ တစ်နေ့ စော်နှစ်ဗွေနဲ့ ဘဲတစ်ဗွေ ကျွန်းဘေးက တောထဲကို သွားပြီး threesome ကြရင်း လူသတ်သမား သတ်တာခံလိုက်ရတယ် ဒီကနေ ဝန်ထမ်းတွေ တစ်ယောက်ပြီးတစ်ယောက် သေကုန်လို့ ကျွန်းပေါ်က ဝန်ထမ်းတွေအားလုံး လူသတ်သမားကို အဖြေရှာဖို့ လုပ်ရတော့တယ် ဖုန်းလိုင်းမမိ၊ လှေကလည်း ပျောက်သွားတဲ့အခါမှာ ကျွန်းပေါ်မှာ ပိတ်မိရင်း ဝရုန်းသုန်းကားတွေ ဖြစ်ကြတာကို ပရိသတ်ကြီး ခွီရမယ့်ကားလေးပါ လိင်ဆက်ဆံခန်းတွေများတာမို့ မိသားစုနဲ့ အတူကြည့်မယ်ဆိုရင်တော့ မျက်နှာပူနေရမှာ သေချာတယ်။ File size…(2.3 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:44:00 Genre…Comedy, Horror, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Sike Tan

History • Drama
5.7 2004
Club Dread
Saramsha
7

Saramsha 2024 (စာရေးဆရာနဲ့ ဇာတ်ကောင်ကြားက ဇာတ်လမ်းလေးတစ်ပုဒ်) မွေးစားမိဘတွေနဲ့အတူတူနေတဲ့ တေဂျက်စ်ဝီဆိုတဲ့ကောင်လေး၊ သူဟာ စာဖတ်ရတာကို ဝါသနာပါပြီးတော့ စာရေးဆရာဖြစ်ချင်နေခဲ့တဲ့သူတစ်ယောက်ပေါ့။ ငယ်ငယ်လေးကတည်းက ကဗျာတွေလည်းရေးရင်း စာလည်းကြိုးစားလို့ ကျောင်းမှာ ဆရာမတွေရဲ့အချစ်တော်လေး ဖြစ်ခဲ့သူတစ်ယောက်ပေါ့။ သူဟာ မိဘတွေအတွက် အရှင်ကပေးတဲ့လက်ဆောင်လို့ မှတ်ယူရင်း မိဘတွေစိတ်ချမ်းသာအောင်ပဲ အမြဲထားချင်တဲ့ ကလေးလေးတစ်ယောက်ပေါ့။ ဒီမှာ ထူးဆန်းတာက တေဂျက်စ်ဝီရဲ့ စာရေးခုံမှာရှိနေတဲ့ အရုပ်လေးနှစ်ရုပ်က သူနဲ့အတူတူ စကားပြောပေးတာပါပဲ။ ဒီလိုနဲ့ အသက်တွေကြီးလာတော့လည်း စာရေးဆရာဖြစ်ချင်တဲ့ ဝါသနာအရ စာတွေရေးရင်းနဲ့ သူ့ရဲ့ ဇာတ်လမ်းထဲက ဇာတ်ကောင်ဖြစ်တဲ့ အာဘေးနဲ့ အပြင်မှာ ထိပ်တိုက်တွေ့ကြတဲ့အခါမှာတော့ ……. စာရေးဆရာနဲ့ ဇာတ်ကောင်ကြား ဘာတွေဖြစ်လာမလဲ …… ဒီလို စိတ်ကူးရင်ဆန်တဲ့ ဖြစ်ရပ်တွေကြားမှာ ဘယ်လို စိတ်ခံစားချက်တွေနဲ့ ဘယ်လို ဒရာမာဇာတ်လမ်းတွေ ထွက်ပေါ်လာမလဲ …. တေဂျက်စ်ဝီကရော နောက်ဆုံးမှာ သူဖြစ်ချင်ခဲ့တဲ့ စာရေးဆရာ ဖြစ်လာမလား ….. ဆိုတာတွေကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team တို့ပဲဖြစ်ပါတယ်)

TV Movie • Comedy • Romance
7 2024 132 mins
Saramsha
E-San Love Story

E San Love Story (2017) ဒီတစ်ခါမှာလည်း CM က ဇာတ်ကားတစ်ကားနဲ့ ပြန်လာခဲ့ပြန်ပါပြီ။ ဒါပေမဲ့ သူကတော့ ပြန်မလာတော့ပါဘူး…။ မစောင့်နဲ့နော်ပြောလို့ မစောင့်တုန်းကလည်း ပြန်မလာသလို စောင့်နေနော်ပြောလို့ စောင့်နေတော့လည်း ပြန်မလာပြန်ပါဘူး။ ဇာတ်လမ်းထဲတင် ပြန်မလာတာမဟုတ်ဘဲ အပြင်လောကမှာလည်း ပြန်မလာမှာမို့ ညီကိုတို့ ကြည့်ဖို့ E-San Love Story ကို ဘာသာပြန် တင်ဆက်လိုက်ပေးပါတယ်။ စောင့်နေနော်ပြောပြီး ထွက်သွားသူဟာ မြို့ကို ပြန်လာပေမဲ့ ဆီအန့်ဆီကိုတော့ ပြန်မလာခဲ့ပါဘူး။ ငယ်ရည်းစားကို ဆုံးရှုံလိုက်ရတဲ့ ဆီအန်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ဆိုင်သူတို့အတွက် အနာပေါ်ဆားဖြူးခံရင်း ကြည့်ရှူခံစားရမှာပါ။ ဒါ့အပြင် ဟာသအရွှန်းဖောက် အရန်ဇာတ်ကောင်တွေလည်း ပါဦးမှာမို့ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ် ?? (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.6GB | 837MB Format… mp4 Duration…. 1h 34min Subtitle…. Myanm ar Subtitle (Hardsub) Translator …..Su Myat Encoder ….. Aaron

0 2017
E-San Love Story
Guilty Pleasure
6.4

Guilty Pleasure (2024) ************************ “အမှားလုပ်ခဲ့တဲ့သူက သူပဲလေ ကျွန်မက ဘာလို့ ရှက်နေရမှာလဲ” “တရားမျှတမှုဆိုတာက တရားရုံးမှာပဲ ရှိတာမဟုတ်ဘူးလေ” ဒီဇာတ်လမ်းမှာ အချစ်၊ သစ္စာဖောက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ အခက်အခဲ စိန်ခေါ်မှုတွေကြားထဲကနေ တက်ကြွစွာ လုပ်ကိုင်နေကြတဲ့ ရှေ့နေတွေရဲ့အကြောင်းကို ကြည့်ရှုခံစားနိုင်မှာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** နာမည်ကြီး Atticus ဥပဒေရုံးမှာ အလုပ်လုပ်နေတဲ့ မိန်းမချောလေး အလက်စစ်မီရန်ဒါ။ သူမရဲ့ ရှေ့နေဘဝအစကတော့ အခက်အခဲ စိန်ခေါ်ချက်တွေလည်း များနေခဲ့ပါတယ်။ ဒီအခြေအနေမှာ သူ့အပေါ် နားလည်စာနာ ကူညီပေးတတ်သူ ရှေ့နေ အာဒမ်လူဆဲရို ဆိုတဲ့သူနဲ့ မေတ္တာမျှခဲ့ကြတယ်။ ရှေ့နေ အလက်စစ်ဟာ ဘဝရည်မှန်းချက်အိပ်မက်တွေ အောင်မြင် ပြည့်ဝအောင် ကြိုးစားနေသူဖြစ်တဲ့အလျောက် သူလိုက်သမျှ အမှုတိုင်း အောင်မြင်သူအဖြစ် နာမည်ရလာခဲ့ပါတယ်။ ဒီလိုအောင်မြင်နေချိန်မှာပဲ သူဟာ အဲဒီဥပဒေရုံးကနေ ထွက်ပြီး ဥပဒေရုံးခန်းဖွင့်လှစ်ကာ သီးခြားရပ်တည်ခဲ့ပါတယ်။ တစ်နေ့မှာတော့ နာမည်ကြီး influencer ဖြစ်သူ ဇက်ခရီချူအာဆိုတဲ့ အမျိုးသားကို သူ့ချစ်သူမက်ဒီဆွန်ဗလန်ရှာက မုဒိမ်းမှုအဖြစ် ရဲစခန်းမှာ တိုင်ကြားအမှုဖွင့်ခဲ့ပါတယ်။ ဇက်ခရီရဲ့ မန်နေဂျာက အလက်စစ်ဆီ အမှုအပ်လာတာကြောင့် တရားပြိုင်အနေနဲ့ ခုခံချေပဖို့ လက်ခံလိုက်ပါတော့တယ်။ တရားလိုဘက်ကတော့ သူမအရင်အလုပ်လုပ်ခဲ့တဲ့ Atticus ဥပဒေရုံးက ရှေ့နေလည်းဖြစ် သူမကိုယ်တိုင် လေ့ကျင့်သင်ကြားပေးခဲ့ဖူးသူ မက်သရူးပါ။ ချစ်သူတွေအချင်းချင်း ဘာကြောင့် တရားစွဲခဲ့တာလဲ… တရားပြိုင်ရှေ့နေအနေနဲ့ အလက်စစ် ဘယ်လိုတွေ ခုခံချေပသွားမလဲ… ချစ်သူ ရှေ့နေအာဒမ်နဲ့ရော အလက်စစ် လက်တွဲသွားနိုင်ပါ့မလား… (အညွှန်းကို DaoPhyo မှ ရေးသားထားပါတယ်) File size…1.35GB / 612MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Romance, Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo, Char Ou & Mary Encoded by AHtet

Drama
6.4 2024 119 mins
Guilty Pleasure
Anatomy

၂၀၀၀ ခုနစ်က ဂျာမန် horror ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ် ပေါ်လာရဲ့ အဘိုးဟာ တချိန်က အထင်ကရ ဆရာဝန်ကြီးဖြစ်ခဲ့ပြီး မြေးမလေး ပေါ်လာဟာလည်း ဆေးကျောင်းသူတစ်ယောက်ပါ စာမေးပွဲတစ်ခုမှာ တစ်နိုင်ငံလုံး ဒုတိယအမှတ်အများဆုံး ရခဲ့တာကြောင့် နွေရာသီပိတ်ရက်မှာ Heidelberg တက္ကသိုလ်က ခန္ဓာဗေဒ အထူးသင်တန်းကို သွားတက်ခွင့်ရတယ် အကောင်းတကာ့အကောင်းဆုံးဆိုတဲ့ အဲဒီတက္ကသိုလ်အသိုင်းအဝိုင်းမှာ လျှို့ဝှက်တဲ့ ဘယ်လိုအမှောင်ခြမ်းရှိနေမလဲ Heidelberg ကိုအလာ ရထားပေါ်မှာ သူကိုယ်တိုင်အသက်ကယ်ပေးခဲ့တဲ့ အမျိုးသားတစ်ယောက်က ဆေးကျောင်းသားတွေ လေ့လာကြမယ့် အလောင်းကုတင်ပေါ် ရောက်နေတဲ့အခါမှာတော့ ။ ။ File size…(2.2 GB)/(1.1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Sike Tan

Comedy • Horror • Thriller
0 2000
Anatomy
Detective of Joshidaikoji
6.9

Detective of Joshidaikoji (2023) ******************************** မီအိုဟာ ဂိဖုမြို့က ကလပ်တစ်ခုက ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ထမ်းဖြစ်ပြီး အမေနဲ့ အတူတူ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ စိတ်မြန်လက်မြန်ရှိပြီး တရားမျှတမှုအပြည့်နဲ့ ရှိသူလည်းဖြစ်ပါတယ်။ ကင်ကာတက္ကသိုလ်မှာ ဟိုက်ဒရိုဂျင်အကြောင်းပို့ချနေတဲ့ ပါမောက္ခအဇဲချီ ဂဲနိချီရို အတန်းချိန်ကိုလည်း အလုပ်အားချိန်မှာလေ့လာနေသူပါ .. သူ့မောင်လေး ဒါအိခီကတော့ နာဂိုယာမှာ အချိန်ပိုင်းအလုပ်တွေနဲ့ ကြုံသလိုနေသူဖြစ်ပါတယ်။ တစ်နေ့ ပန်းခြံမှာ မိန်းကလေးတစ်ယောက်အသတ်ခံရမှုနဲ့ပတ်သက်ပြီး ဒါအိခီကို ရဲဖမ်းသွားမှန်း သိသွားခဲ့ပါတယ်။ ရဲတွေကလည်း ဒါအိခီရဲ့ ဖုန်းထဲက ယာမာမိုတိုနာမည်နဲ့မှတ်ထားတဲ့ ဖုန်းနံပါတ်က နစ်နာသူတွေရဲ့ ဖုန်းမှာ မှတ်ထားတာနဲ့ တိုက်တိုက်ဆိုင်ဆိုင် တူညီနေတော့ သံသယဝင်ကြတာလည်း မမှားပါဘူး။ မီအိုဟာ သူ့ရဲ့ တစ်ဦးတည်းသောမောင်လေး အပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားရပါတော့တယ်။ ဒါအိခီအပေါ် သံသယကင်းရှင်းဖို့နဲ့ တရားခံအစစ် ဖော်ထုတ်နိုင်ဖို့ မီအို၊ ဒါအိခီနဲ့ စုံထောက်တွေ ဘယ်လိုပူးပေါင်း ဆောင်ရွက်သွားကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (အညွှန်းကို DaoPhyoမှ ရေးသားထားပါတယ်) File size…1.04GB / 749MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 36m Genre ….. Thriller, Mystery, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by DaoPhyo Encoded by AHtet

Drama
6.9 2023
Detective of Joshidaikoji
Abduct
4.1

Abduct (2025) ဇာတ်လမ်းအကြောင်းအရာကတော့ အတွဲတစ်တွဲနဲ့ သူငယ်ချင်းနှစ်ယောက်တို့ဟာအားလပ်ရက် သူတို့ထဲကတစ်ယောက်ရဲ့ ဦးလေးအိမ်ကို အပျော်ခရီးထွက်ကြတယ်ပေါ့.. သူတို့တွေ အိမ်ကိုရောက်ပြီး ညရောက်တဲ့အခါမှာ ခြံထဲမှာ မီးလှုံရင်း စကားတွေပြောကြတယ် သောက်ကြတယ်.. အဲ့အချိန်မှာ အစိမ်းရောင်အလင်းတန်းကြီးက သူတို့ဆီကို လှမ်းထိုးနေလို့ သူတို့လဲ တောင်တက်တဲ့သူတွေ လှမ်းစနေတာလား ဘာလာဆိုပြီးအိမ်ထဲဝင်သွားကြတယ်။ ညနက်တော့ ‌အတွဲနှစ်ယောက်ထဲကကောင်လေးက မီးဖိုချောင်ထဲမှာ အစိမ်းရောင်အလင်းကိုထပ်‌တွေ့တာနဲ့ ဘယ်သူစနေတာလဲဆိုပြီး ‌တောင်ပေါ်သွားကြည့်ပါတယ်။ ကောင်မလေးကလဲ ခဏနေတော့ ကောင်လေးနောက်ကိုလိုက်သွားပါတယ်။ ကောင်လေးက ထူးထူးဆန်းဆန်းနဲ့ သူ့ရှေ့တင် အစိမ်းရောင်အလင်းတန်းပေါပြီး ပျောက်သွားပါတယ်။ အဲ့တာနဲ့ ဂြိုဟ်သားတွေပဲခေါ်သွားသလား ဘာလားနဲ့နောက်ရက်ကျ လူတစ်ယောက်ကသူတို့ဆီရောက်လာပါတယ်။ ဖြစ်ချင်တော့ အဲ့ကောင်လေးပါပဲ ဒါပေမဲ့တခြားလူရုပ်ကြီးနဲ့ဖြစ်နေတယ်။ တကယ်ပဲ ဂြိုဟ်သားတွေက လဲလိုက်တာလား ဘယ်လိုဖြစ်သွားတာလဲ ကောင်မလေးကလဲ သူ့ကောင်လေးအစစ်ကိုရအောင် ဘယ်လိုလုပ်မလဲဆိုတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Aung Khant Min Myat ဖြစ်ပါတယ်။) File size… (1.2 GB) / (580 MB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:10:48 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Aung Khant Min Myat

Action • Adventure • Crime • Comedy
4.1 2025 70 mins
Abduct