YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

(CM) The Endgame.S01E02.Fairytale Wedding.1080p.mp4

745.6 MB N/A video/mp4 1419 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Attack the Block
6.5

ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Block ဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့ လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိ သတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန် လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်း ကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ် လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက် သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုး လုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့ ​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကား တစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံ တစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည် နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကို ရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေ ထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင် သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။ နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက် လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေ ကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။ တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင် တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေ ဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကို အပြတ်ရှင်းပြီး သူတို့နေရာကို ကာကွယ်ဖို့ဘယ်လိုကြိုးစားကြမလဲ သူတို့ရဲ့လုပ်ဆောင်ချက်ကရောအောင်မြင်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းထဲမှာကြည့်ရှုလိုက်ပါ။ ကလေးတွေတိုက်ခိုက်တဲ့ကားဆိုပေမဲ့ ဇာတ်လမ်းထဲမှာတော့ ကြည့်ရကြိုးနပ်လောက်တဲ့ထိတော့ ကြမ်းထားပါတယ်။ဒါကြောင့် ဂြိုဟ်သားတွေကို တိုက်ခိုက်တာကို ကြည့်ရတာကြိုက်တဲ့ပရိသတ်​​တွေ​ လက်မနှေးပဲအမြန်ကြည့်လိုက်ဖို့တိုက်တွန်းပါတယ်။ File size…1.63GB / 621MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ..... Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nwe Hnin Thazin

Drama • Mystery • Sci-Fi & Fantasy
6.5 2011 88 mins
Attack the Block
Shaakuntalam
5.5

ရာဇဝင်ထဲကအချစ်ဇာတ်လမ်းလေးကို စိတ်ဝင်စားသူတွေအတွက် အရသာတွေ့စေမယ့် မင်းသား Dev Mohanနဲ့မင်းသမီးSamantha Ruth Prabhuတို့သရုပ်ဆောင်ထားတဲ့ Shaakuntalaကားလေးကို တင်ဆက်ပေးလိုက်ပါတယ် ပူရူအင်ပါယာရဲ့ ရဲစွမ်းသတ္တိရှိကာမင်းကျင့်တရားနဲ့အညီအုပ်ချုပ်တဲ့မင်းကြီး ဒူရှန်တာနဲ့ ကံမကောင်းအကြောင်းမလှမှုကြောင့် မိဘမဲ့ဖြစ်ကာဂုရုကြီးရဲ့မွေးစားသမီးအဖြစ်ကြီးပြင်းလာသူ မိန်းမလှလေးရှာကွန်သာလာတို့ဟာ ကံတရားရဲ့မျက်နှာသာပေးမှုကြောင့်ချစ်ကြိုးသွယ်ခဲ့ကြပါတယ် သို့ပေမယ့်လည်း ဘုရင်တစ်ပါးဖြစ်တာနဲ့အညီရန်သူတွေ တာဝန်တွေဝိုင်းနေတဲ့ မင်းကြီးဒူရှန်တာဟာ ချစ်ရသူလေးရှာကွန်သာလာကို နေရပ်မှာထားခဲ့ပြီးတိုင်းပြည်ကိုခဏပြန်သွားခဲ့ရပါတယ် ရှာကွန်သာလာမှာလည်း အခက်အခဲတချို့ကြောင့်ယောင်လည်စွာနဲ့ ဒူရှန်တာရဲ့တိုင်းပြည်ကို လိုက်သွားဖို့လုပ်တဲ့ခရီးမှာ အောင်မြင်ပါ့မလား အခက်အခဲတွေဘယ်လိုဖြေရှင်းမလဲ မင်းကြီးဒူရှန်တာကရော သူသိပ်ချစ်တဲ့ချစ်သူလေးကိုလက်ခံပါ့မလား ဆိုတာတွေကို ဇာတ်ကားတစ်လျှောက် ရိုဆန်ဆန်နဲ့ရင်သပ်ရှူ့မောစွာကြည့်ရှူ့ရပါမယ် File size…5.57GB / 3.21GB/ 630MB Quality…4kHEVC / 1080p WEB DL /720p Format…mp4 Duration….2h 29m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Cherry~Yunni~KhinKhin

Adventure • Drama
5.5 2023
Shaakuntalam
The Last: Naruto the Movie
7.7

Narutoဆိုတဲ့ animeဟာ ၂၀၀၀ခုနှစ်ဝန်းကျင်က နာမည်အကြီးဆုံးကြီးသုံးကြီးမှာ (One piece, bleach, naruto)ပါခဲ့ပြီး သူ့​ခေတ်သူ့အခါအချိန်တုန်းက ကြည့်ရှုသူ​တွေရဲ့ပါးစပ်ဖျားမှာ never give up, this is my way of ninja, Dattebayo ?ဆိုပြီးရွတ်ဆိုခဲ့ကြတဲ့ အထိ moti​ပေးနိုင်ခဲ့တာပါ။ ရုပ်ရှင်အ​နေနဲ့လည်း က​လေးဘဝကို ၃ကားထွက်ခဲ့ပြီး  shippuden လူငယ် ဘဝက​တော့ ၇ ကားအထိထွက်ခဲ့ပါတယ်။ ဒီကားက​တော့ shippuden ရုပ်ရှင်​တွေထဲမှာ သတ္တမကားဖြစ်ပြီး IMDb 7.6/10 My anime list 7.8/10ရထားပါတယ် ဇာတ်လမ်းအကျဥ်းကို​မ​ပြော​တော့ပါဘူး။ ဒီကားမှာ Narutoနဲ့ Hinataတို့ချစ်သွားကြပုံကိုမြင်ရမှာဖြစ်ပြီး Hinata ရဲ့ ပထမ​ ယောက်ျားအ​ကြောင်းလည်း ကြည့်ရမှာပါ။ ? Borutoစီးရီးကြည့်​နေတဲ့သူဆိုရင် Borutoရဲ့မျက်လုံးက ဘာလို့ရတာလဲဆိုတာကိုပါ ရိပ်သံဖမ်းသံသိရမယ့်ရုပ်ရှင်ပါ။ File size…1.42GB / 652MB Quality…1080p  / 720p Format…mp4 Duration….1h 52m Genre ..... Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Dr Nyan

Action • Thriller
7.7 2014 114 mins
The Last: Naruto the Movie
The Proposition
7

ဒါကတော့ western ကားလေးပါ။ Australia ရဲ့တရားဥပဒေစိုးမိုးမှုးအားနည်းသေးတဲ့၁၈၈၀ပြည့်နှစ်တွေမှာဇာတ်တည်ထားပါတယ်။ Charlie Burns ဟာနာမည်ကျော်ရာဇ၀တ်သားတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာတော့သူနဲ့သူ့ညီကို ရဲတွေကပစ်ခတ်ဖမ်းဆီးလိုက်ပါတယ် ရဲဗိုလ်ကြီး Stanley က ချာလီသာ မုဒိန်းမှု၊လူသတ်မှုနဲ့အလိုရှိနေတဲ့ သူ့အကိုဖြစ်သူ Arthur Burns ကိုဖမ်းပေးနိုင်ရင် သူနဲ့သူ့ညီကိုလွှတ်ပေးမယ်၊မဖမ်းနိုင်ရင်တော့ သူ့ညီကိုကွပ်မျက်မယ်လို့ အကျပ်ကိုင်ပါတယ်။ချာလီက သဘောတူပြီ း သူနဲ့ကွဲနေတဲ့ ဆိုးသွမ်းလှတဲ့အကိုဖြစ်သူကို အရှာထွက်ရာကနေ ဒေသခံလူမည်းတွေ၊ကြေးစားတွေရန်ကိုပါရင်ဆိုင်ရပါတယ်။ File size…(1.6GB)/(864MB) Quality…. 1080p/720p HDCAM/ 480p Format…mp4 Duration….01:44:00 Genre...Crime /Drama/ western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....SP

Action • Thriller
7 2005 104 mins
The Proposition
Dunia Tanpa Suara

Dunia Tanpa Suara 2023 အခုတစ်ခါမှာတော့ Amazon Prime ကနေအသစ်ထွက်ရှိထားတဲ့ အင်ဒိုရိုမန့် အချစ်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သရုပ်ဆောင်အနေနဲ့က မကြာသေးခင်ကမှ ဟောလီးဝုဒ်နာမည်ကြီး‌တွေဖြစ်တဲ့ ဂျူလီယာရောဘတ်၊ ဂျောဂ်ျကလူးနီတို့နဲ့အတူ "Ticket to Paradise " ဇာတ်ကားမှာဟောလိဝုဒ် debut လုပ်ထားတဲ့ အင်ဒိုမင်းသားချော Maxime Bouttier ကအဓိကပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း အာရီဆာဟာ ဆွံ့အနားမကြားကောင်မလေးတစ်ယောက်ပါ။ အီဇရာကတော့ လက်ဖက်ရည်ဆိုင်ပိုင်ရှင်တစ်ယောက်ဖြစ်ပြီး အာရီဆာကို မြင်မြင်ချင်းမှာပဲ ချစ်မိသွားတဲ့သူပေါ့။ သူ့ခင်ဗျာ အာရီဆာနဲ့ စကားပြောနိုင်ဖို့ လက်ဟန်ဘာသာစကားတွေပါ ကြိုးစားသင်ယူနေတဲ့သူတစ်ယောက်ပါ။ ဒါပေမဲ့ အာရီဆာရဲ့ မိခင်မှာ စင်ကယ်မားသားတစ်ယောက်အနေနဲ့ တစ်ဦးတည်းသောသမီးကို ပြုစုပျိုးထောင်ခဲ့ရတဲ့သူပါ။ သမီးဖြစ်သူကို သူ့လိုအဖြစ်မျိုး မကြုံမိစေချင်တာကြောင့် သူ့သမီးနဲ့ပတ်သက်လာရင် အမြဲတမ်းတင်းကြပ်တတ်တဲ့သူတစ်‌ယောက်ပေါ့။ ဒီလိုနဲ့ အီဇရာဟာ အာရီဆာအပေါ် ခဏတာခံစားချက်သက်သက်ပဲလား သူ့အမေကန့်ကွက်တဲ့ကြားထဲက တကယ်ပဲအာရီဆာကို မေတ္တာသက်ဝင်နေလားဆိုတာကိုတော့ မပြည့်စုံတဲ့လူနှစ်ယောက်ကြား ပြည့်စုံလှပတဲ့ချစ်ခြင်းတစ်ခုကို ဘယ်လိုဖော်ကြူးမလဲဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon ~ V ~ Yunni တို့ပဲဖြစ်ပါတယ်။) File size…1.24GB / 556MB Quality…1080p AMZ WEB DL / 720p Format…mp4 Duration….1h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Moon ~ V ~ Yunni

Action & Adventure • Comedy • Drama
0 2023
Dunia Tanpa Suara
Semret

ဇာတ်လမ်းအကျဉ်း ဆမ်မရစ်ဆိုတာကတော့ ဆယ်ကျော်သက်အရွယ်သမီးဖြစ်သူအတွက် ဘာမဆိုလုပ်မယ်ဆိုတဲ့ အဲရစ်ထရီယာလူမျိုး Single Mom တစ်ယောက်ပဲဖြစ်တယ်။ အခုကတော့ Zurich မှာရှိတဲ့ ဆေးရုံတစ်ရုံမှာ အလုပ်လုပ်နေရင်း သားဖွားတစ်ယောက်ဖြစ်ချင်နေတဲ့ သူပေါ့။ သမီးရဲ့နာမည်က ဂျူလီ။ အဖေဖြစ်သူက သဘာဝဘေးရှောင်ရင်း ရေနစ်သေဆုံးသွားတယ်လို့ ပြောထားခဲ့ပေမဲ့ သမီးဖြစ်တဲ့ ဂျူလီက ယုံကြည်မယ်လို့ ထင်ပါသလား။ သမီးဖြစ်သူကို အပေါင်းအသင်းတွေတောင်မထားခိုင်းဘဲ ချုပ်ချုယ်ချစ်နဲ့ ချစ်နေတဲ့ အချစ်မျိုးရဲ့နောက်ကွယ်မှာ ဘာအကြောင်းပြချက်တွေရှိမလဲ။ ဒါပေမဲ့ တစ်ရက် ဆမ်မရစ်က ဆေးရုံမှာ မှားယွင်းစွပ်စွဲခံခဲ့ရတယ်။ အဲမှာ သူချစ်ရတဲ့အရာအားလုံးကို ကာကွယ်ဖို့အတွက် သူ့အနေနဲ့ သူ့အခွင့်အရေးအတွက် တိုက်ခိုက်ရမယ်ဆိုတာကို သူသဘောပေါက်သွားခဲ့တယ်။ အဲဒါတွေနဲ့အတူ သူ့ရဲ့အတိတ်ကြောင်းကရော ဘာဖြစ်မလဲ။ File size…(1.1 GB)/(612 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Moshimoshi

0 2022
Semret
Snoopy Presents: Welcome Home, Franklin
7.3

နာမည်ကျော် ကာတွန်းစီးရီးတစ်ခုဖြစ်တဲ့ Peanuts ရဲ့ အသစ်ထွက်လာတဲ့ Spin-off ဇာတ်လမ်းတိုလေး တင်ဆက်ပေးချင်ပါတယ်ဗျာ။ Snoopy ခွေးလေးတို့ Charlie Brown တို့က ပုံမှန် ဇာတ်လိုက်ကျော်တွေပေါ့။ ဒီကားထဲမှာတော့ သူတို့ Peanut ဂိုဏ်းထဲကို Franklin တစ်ယောက် ဘယ်လိုရောက်ရှိလာတယ် ဆိုတာကို ဦးစားပေး ပြသထားတာပါ။ Franklin ရဲ့ဖခင်ဖြစ်သူဟာ စစ်တပ်တာဝန်ထမ်းဆောင်သူ ဖြစ်တဲ့အလျောက် နေရာပေါင်းစုံကို ရွှေ့ပြောင်းနေထိုင်ရသူ ဖြစ်ပါတယ်။ ဒီတော့ Franklin လေးတစ်ယောက် ရောက်လေရာမှာ သူငယ်ချင်းသစ်တွေ ခက်ခက်ခဲခဲ ရှာရတယ် ပြီးရင်လည်း နှုတ်ဆက်ခဲ့ရပြန်ရော… ဒီလိုနဲ့ သံသရာ လည်နေခဲ့ပြီး ဒီဘဝကို စိတ်ကုန်နေတာပေါ့။ တစ်ရက်ကျ Snoopy တို့ ရှိတဲ့မြို့လေးကို ရောက်လာတော့ ထုံးစံအတိုင်း Franklin တစ်ယောက် သူငယ်ချင်းရှာဖွေရေး နည်းလမ်းစာအုပ်နဲ့ ပတ်ပြီး မိတ်ဆွေဖွဲ့ခဲ့ရမှာ ကံကောင်းခြင်း မရှိခဲ့ပါဘူး။ ဒီအချိန်မှာ သူတို့မြို့လေးထဲ ဆပ်ပြာပုံးကားပြိုင်ပွဲလေး ကျင်းပမယ် တွဲဖက်တစ်ယောက်ရှာရမယ်ဆိုတော့ Franklin တစ်ယောက် ကျန်တဲ့လူတွေနဲ့ မိတ်ဆွေ ဖြစ်နိုင်အောင် သူများတွေက ဝိုင်းပယ်ထားတဲ့ Charlie နဲ့ အတူတူ ဒီ ကားပြိုင်ပွဲလေးကို အနိုင်ရအောင် ဘယ်လိုကြိုးစားသွားမလဲ ဆိုတာ ကြည့်ရမှာ ဖြစ်ပါတယ်ဗျာ။ မိသားစုနဲ့ အတူတူ ကြည့်နိုင်ပြီးတော့ သူငယ်ချင်းမေတ္တာအကြောင်းကိုလည်း ပညာပေး ပုံဖော်ထားတဲ့အတွက် ကလေးတွေကို ပြဖို့ဆိုရင်လည်း အသင့်တော်ဆုံးပါပဲ။ File size…606MB / 272MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….39m Genre ….. Animation Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Drama
7.3 2024 40 mins
Snoopy Presents: Welcome Home, Franklin
Bardejov

ဒီရုပ်ရှင်ကတော့ ဂျူးလူမျိုးတွေရဲ့ ဖြစ်ရပ်မှန် သမိုင်းအဖြစ်အပျက်တွေထဲကတစ်ခုအကြောင်း ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ အချိန်ကာလအားဖြင့် ဒုတိယကမ္ဘာစစ်ဖြစ်နေချိန်ဖြစ်ပြီး Bardejov ကတော့ ချက်ကိုစလိုဗားကီးယားနိုင်ငံထဲက မြို့ငယ်လေးတစ်ခုပါ။ Rafuel Lowy ကတော့ ဒီမြို့ငယ်လေးက ဂျူးအသိုင်းအဝိုင်းရဲ့ အကြီးအကဲတစ်ဦးဖြစ်တယ်။ ဂျူးလူမျိုးတွေဟာ နာဇီတွေရန်ကြောင့် နေရာအနှံ့အပြားမှာ ဖိနှိပ်‌ခံနေရပြီး ကျီးလန့်စာစားနေရတဲ့အချိန်လည်းဖြစ်တယ်။ တစ်ရက်မှာ ချက်ကိုစလိုဗားကီးယားရဲတပ်ဖွဲ့တွေက ဂျာမန်တွေနဲ့လက်ဝါးချင်းရိုက်ပြီး နိုင်ငံတ၀န်းက ဂျူးလူမျိုးတွေကို အလုပ်သွားလုပ်ရမယ်ဆိုတဲ့ခေါင်းစဉ်နဲ့ ချောဆွဲပြီး ‌ဂျာမန်တွေလက်ထဲအပ်ဖို့လုပ်ပါတော့တယ်။ ဒီအဖြစ်ဆိုးကြီးက Bardejov မြို့ကိုလည်း ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့ပြီး မြို့ထဲက မိန်းကလေးငယ်တွေကို ဖိနပ်စက်ရုံမှာအလုပ်စေခိုင်းမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖမ်းဆီးဖို့ကြိုးစားလာကြတဲ့အခါမှာတော့ ဂျူးလူမျိုး အကြီးအကဲဖြစ်တဲ့ Rafuel Lowy ဟာ သူ့ရဲ့မြို့ငယ်လေးက ‌‌ဂျူးလူမျိုးမြို့သူမြို့သားတွေကို ဘယ်လိုအကာအကွယ်ပေးဖို့ ကြံဆကြိုးစားမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.4 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:25:00 Genre…History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

0 2024 85 mins
Bardejov
French Girl
5.5

ဂေါ်ဒင်လို့အမည်ရတဲ့ အမျိုးသားဟာ Brooklyn မြို့က စာသင်ကျောင်းတစ်ကျောင်းမှာ အင်္ဂလိပ်စာပြဆရာတစ်ဦး ဖြစ်ပြီးတော့ သူရဲ့ချစ်သူကောင်မလေးကတော့ ဆိုဖီလို့ခေါ်တဲ့ စားဖိုမှူးမလေးပေါ့ တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင် ဖြတ်သန်းနေတဲ့သူတို့စုံတွဲကြားထဲ မထင်မှတ် ထားတဲ့အရာလေးတစ်ခုဖြစ်လာခဲ့ပါတယ်… ဆိုဖီဟာ သူရဲ့ဇာတိဖြစ်တဲ့ Quebec မြို့မှာ နာမည်ကြီးစားဖိုမှူး ဦးစီးဖွင့်မယ့် Frontenac ဆိုတဲ့ဆိုင်မှာ အကြီးတန်းစားဖိုမှူး နေရာအတွက် ကမ်းလှမ်းခံခဲ့ရတဲ့အတွက် ဇာတိမြို့ကို ပြန်သွားဖို့ အကြောင်းဖန်လာခဲ့ပါတယ် ချစ်စိတ်မွှန်နေတဲ့ဂေါ်ဒင်ကတော့ ချစ်သူနောက်ကို လိုက်ပါရင်း Quebec မြို့ကို ရောက်သွားတဲ့အခါမှာ အကြီးတန်းစားဖိုမှူးရာထူးအား ကမ်းလှမ်းသူဟာ ဆိုဖီရဲ့ ရည်းစားဟောင်းရူဘီဖြစ်နေကြောင်း သိသွားတဲ့အခါမှာတော့……. ဂေါ်ဒင် ဘယ်လိုတွေရှေ့ဆက်လုပ်မလဲ? ဆိုဖီနဲ့ရူဘီကရော ဘာကြောင့်လမ်းခွဲခဲ့ရသလဲ? ဆိုဖီရော အလုပ်ကမ်းလှမ်းမှုကို လက်ခံလိုက်မှာလား? ဆိုဖီနဲ့ရူဘီရော ပြန်ဇာတ်ပေါင်းထုပ်သွားမလား? ဆိုတာကိုတော့ ဇာတ်ကားထဲ အဖြေရှာကြည့်ပါဦး…. File size…2.22GB / 936MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thinn & Aoi

5.5 2024 106 mins
French Girl
I Spy
5.5

ဒီကားလေးကတော့ Owen Wilson နဲ့ Shrek animation ထဲက Donky အသံသရုပ်ဆောင် Eddie Murphy တို့ နှစ်ယောက်တူတူပါဝင်ထားတဲ့ ဟာသအက်ရှင်ကားလေးပဲ ဖြစ်ပါတယ်. ဇာတ်လမ်းအကျဥ်းလေးကတော့ အစိုးရဆီက အခိုးခံလိုက်ရတဲ့ကိုယ်ပျောက်လေယာဥ်ကို ပြန်ယူပေးဖို့ အထူးအေးဂျင့် အဲလက်စ် (Owen Wilson) နဲ့ အစိုးရကနေ အကူအညီတောင်းခေါ်ယူထားတဲ့ ပရော်ဖက်ရှင်နယ် လက်ဝှေ့သမား ကယ် ရော်ဘင်ဆန် (Eddie Murphy) တို့နှစ်ယောက် တာဝန်ပေးခံရပါတယ် ။ နယ်ပယ်မတူတဲ့သူတို့နှစ်ယောက် အဖွဲ့​​​ဖြစ်သွားပြီး လေယာဥ်ကိုပြန်ရအောင်ဘယ်လိုကြိုးစားကြမလဲဆိုတာ ဟာသတွေအလွဲတွေနဲ့ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာပါ.. File size…1.87GB /1.1GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 37m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by BELYS

5.5 2002
I Spy
Alone
6.2

Alone (2020) IMDb Rating (6.2) / Rotten Tomatoes (94 %) Rating မြင့်တဲ့ Thriller ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးချင်ပါတယ် ဂျက်စီဆိုတဲ့ကောင်မလေးဟာ အတိတ်တုန်းကဖြစ်ပျက်ခဲ့တဲ့ဆိုးရွားတဲ့ကိစ္စတွေကြောင့် စိတ်ဒဏ်ရာရနေတဲ့သူတစ်ယောက်ပါ ဒါကြောင့် အရာအားလုံးကိုမေ့ဖျောက်ပစ်လိုက်ဖို့အတွက် သူမ နေတဲ့မြို့ကနေတစ်ယောက်တည်း ခရီးထွက်လာခဲ့ပါတယ် ခရီးထွက်လာရင်းနဲ့ လမ်းမှာ လူစိမ်းတစ်ယောက်နဲ့အမှတ်မထင်ဆုံခဲ့ရပါတယ် မကြာခင်မှာပဲ အဲ့ဒီလူစိမ်းက သူမနောက်ကို နောက်ယောင်ခံလိုက်နေတယ်ဆိုတာကို သတိထားမိလိုက်တဲ့အခါမှာတော့……… ဆက်ညွှန်းနေရင် Spoiler ဖြစ်သွားမှာစိုးလို့ ဒီလောက်နဲ့ပဲအညွှန်းကိုရပ်ပါရစေ။ ကြည့်နေရတဲ့သူတောင်မွန်းကြပ်ပြီး ဇာတ်လမ်းထဲ ကိုယ်တိုင်ပါဝင်နေရသလို ခံစားရစေမှာပါ။ သေချာပေါက် လက်မလွှတ်သင့်တဲ့သည်းထိတ်ရင်ဖိုဇာတ်ကားကောင်းတစ်ကားလို့ပဲ အပြည့်အဝညွှန်းချင်ပါတယ်။

6.2 2020
Alone
Silent Zone

ဒီတစ်ခုကတော့ ပုံမှန်လူသားတွေကနေဇွန်ဘီတွေဖြစ်ကုန်ပြီး ကျန်ရစ်တဲ့လူသားမျိုးနွယ်တွေက ကိုလိုနီတွေအဖြစ်စုနေပြီး ခေတ်ပျက်ကြီးထဲမှာ ရှင်သန်လှုပ်ရှားရတဲ့ Plot မျိုးပါပဲ။ အက်ဘီဂေးဆိုတဲ့ ကလေးမလေးက အမေနဲ့မောင်လေးအသတ်ခံလိုက်ရပြီးနောက်မှာ ကာစီးရပ်ဆိုတဲ့လူက ကယ်တင်ပေးခဲ့ပြီး သူ့ကိုရှင်သန်ဖို့လိုအပ်တာတွေအကုန်သင်ပေးခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ နှစ်ယောက်တည်းရှင်သန်လာကြရင်း တစ်နေ့မှာ သင်္ဘောပျက်တွေစုပြီးလူတွေနေကြတယ်ဆိုတဲ့လှေမြို့ဆိုတဲ့ကိုလိုနီကိုသွားနေတဲ့ လင်မယားနှစ်ယောက်နဲ့စုံခဲ့ပါတယ်။ ဆက်ပြီးလှည့်ပတ်မသွားချင်တော့တဲ့ အက်ဘီဂေးက အဲ့ဒီလင်မယားနှစ်ယောက်နဲ့ လှေမြို့ဆိုတာကို အခြေအနေကြည့်ချင်ခဲ့တာကြောင့် သူတို့စတင်ပြီးခရီးထွက်ကြပါတော့တယ်။ လမ်းမှာ ဘယ်လိုအန္တရာာ်တွေတွေ့ကြုံရမလဲနဲ့ သူတို့ရဲ့ဦးတည်ရာကိုရောက်နိုင်ပါ့မလားဆိုတာကိုတော့ ကိုယ်တိုင်ပဲကြည့်ကြည့်လိုက်ကြပါ။ File size…(2.6 GB)/(1.3 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin

Thriller • Drama • Mystery
0 2025
Silent Zone
My Ordinary Love Story
6.3

My Ordinary Love Story (2014) ****************************** IMDb ကလည်း 6.3 ရရှိထားပြီး My Mister, Possessed စတဲ့ စီးရီးတွေမှာ ပါဝင်ခဲ့တဲ့ သရုပ်ဆောင် Song Sae Byeok နဲ့ Tidal Wave ရုပ်ရှင်က မင်းသမီး Kang Ye Won တို့ရဲ့ အချစ်ဟာသ သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်…။ အွန်းဂျင်ဆိုတဲ့ မိန်းကလေးက ငယ်ငယ်ကတည်းက ထားခဲ့သမျှ ရည်းစားတွေရဲ့ သစ္စာဖောက်မှုတွေကို ခံခဲ့ရပြီး အချစ်ရေးနဲ့ ပတ်သက်လို့ ကံဆိုးတဲ့ မိန်းကလေး တစ်ယောက်ပါ…။ အသက် ၃၀ရောက်ပေမဲ့ ချစ်သူရယ်လို့ အတည်တကျမရှိခဲ့ဖူးပေါ့…။ အဲဒီလို အချစ်ရေးနဲ့ ပတ်သက်ပြီး ကံဆိုးနေတဲ့အချိန် ဟျွန်းဆော့ဆိုတဲ့သူနဲ့ စတွေ့ဖြစ်ခဲ့တယ်…။ ဟျွန်းဆော့ကတော့ သူ့အပေါ်လည်း ကောင်းတယ်။ အလုပ်အကိုင်လည်း အတည်တကျရှိတော့ နှစ်ယောက်သား လက်ထပ်ဖို့အထိပါ စီစဉ်လိုက်ကြတာပေါ့ …။ ဒါပေမဲ့ တစ်ရက်မှာ ဟျွန်းဆော့ဆီ မိန်းမတစ်ယောက် မက်ဆေ့ချ်ပို့တာကို မြင်လိုက်ပြီး သူ့အပေါ် သစ္စာဖောက်နေတာလားလို့ သံသယ စဝင်လာတော့တယ်…။ ဒီလိုနဲ့ အွန်းဂျင်က ဟျွန်းဆော့ကို နောက်ယောင်ခံလိုက်ရင်း သူမသိသေးတဲ့ ဟျွန်းဆော့ရဲ့ အမှောင်ဘက်အခြမ်းကိုပါ စပြီး သိလာရတော့တာပါပဲ…။ ဒီဇာတ်ကားက ကြည့်ရင်းနဲ့ ရယ်လည်း ရယ်ရ၊ ကြောက်ဖို့လည်းကောင်းနဲ့ ခံစားချက်အစုံ ပေးနိုင်မဲ့ကားလေးမို့လို့ ညွှန်းလိုက်ပါတယ်နော် .. (အညွှန်းကို M မှ ရေးသားထားပါတယ်) File size…1.21GB / 512MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 33 min. Genre ….. Thriller, Comedy, Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by M Encoded by AHtet

Crime • Drama • Comedy • Action
6.3 2014 93 mins
My Ordinary Love Story