YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Remember.Me.2022.S01E10.1080p.WEB-DL.mp4

506.37 MB 1080p video/mp4 9 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Detective Dee: The Four Heavenly Kings
6.3

Detective Dee: The Four Heavenly Kings (2018) IMDb Rating (6.4) / Rotten Tomatoes (60%) ဒီရုပ်ရှင်ကတော့ ၂၀၁၃ ကထွက်ရှိခဲ့တဲ့ Young Detective Dee - Rise of The Sea Dragon ရဲ့ Sequel အနေနဲ့ထွက်ရှိလာခဲ့တာပါ။ ရှေ့က အဓိကသရုပ်ဆောင်တွေ အကုန်နီးပါး ပြန်ပါဝင်ထားပါတယ်။ ၂၀၁၀ ကထွက်ရှိပြီး အောင်မြင်ကျော်ကြားခဲ့တဲ့ Detective Dee-Mystery of The Phantom Flame ရုပ်ရှင်ရဲ့ Prequel ရုပ်ရှင်တွေဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ Rise of The Sea Dragon ရုပ်ရှင် အဆုံးကနေပြန်လည်စတင်ထားပြီး ရှင်ဘုရင်က စုံထောက်ဒီးကို နဂါးနိုင်ဓါး (ကျိုင်းတံ) အပ်နှင်းပြီး တစ်တိုင်းပြည်လုံးကို စေခိုင်းနိုင်တဲ့ အခွင့်အာဏာအပ်နှင်းလိုက်တာကနေ စတင်ပါတယ်။ ဒီလိုအာဏာအပ်နှင်းလိုက်တဲ့အတွက် ရှင်ဘုရင်ကို (တရုတ်ပြည်သမိုင်းမှာတစ်ဦးတည်းသောဘုရင်မဖြစ်လာမယ့်) မိဖုရားဝူက အမျက်ရှတော်မူပါတယ်... စုံထောက်ဒီးလို ဦးနှောက်ပဲရှိပြီး မျိုးရိုးက မင်းမှုထမ်း သာမန်ဖြစ်နေတဲ့ လူမျိုးကို အာဏာအပ်နှင်းရမလားဆိုပြီးတော့ပေါ့။ ဒါနဲ့ မိဖုရားဝူက ပွဲကြမ်းတော်မူတယ်ပေါ့...ရှင်ဘုရင်ကလဲ သူ့မိဖုရားကို ချစ်ခင်နှစ်သက်တော်မူတာကြောင့် မိဖုရားဝူဟာ ဘုရင်မတစ်ပါးလိုဖြစ်နေတော့ နန်းတွင်းထဲ လုပ်ချင်ရာလုပ်နေသတဲ့။ မိဖုရားဝူအနေနဲ့ကတော့ နဂါးနိုင်ဓါး (ကျိုင်းတံ)ကိုပဲ ပြန်သိမ်းပြီး စုံထောက်ဒီးကို ပညာပေးပါဝါပြချင်ယုံပါ။ ဒါပေမယ့် ရှေ့မင်းဆက်လက်ထက်က ရာဇဝင်ကြွေးမကျေတဲ့ အိန္ဒိယက နတ်ဝိဇ္ဇာ စစ်သည်တော်တွေ မိဖုရားဝူကိုအကြောင်းပြုလို့ ဒီအမှုတွဲထဲကို ပါဝင်လာတဲ့အခါမှာတော့...စုံထောက်ဒီး ဘယ်လိုဖြေရှင်းမလဲဆိုတာ...။ ရိုက်ကူးထားတဲ့ သိုင်းကွက်တွေ လက်နက်ပစ္စည်းတွေ Special Effect တွေကတော့ ပြောနေကြအတိုင်း တဝိုးဝိုးဖြစ်ရမှာပါ။ ဒီဇာတ်ကားကိုကြည့်ပြီးမှ ၂၀၁၀ က စုံထောက်ဒီး ဇာတ်ကားကို ကြည့်သင့်ပါတယ်..။ တရုတ်ပြည်သမိုင်းမှာ ထက်မြက်တယ် ဉာဏ်ပညာရှိတယ် ကောက်ကျစ်တယ် ရက်စက်တယ် အမျိုးမျိုးအဖုံဖုံ ပြောဆိုနေကြတဲ့ တစ်ဦးတည်းသောဘုရင်မဖြစ်ခဲ့တဲ့ Empress Wu တဖြစ်လဲ Wu Zetian အကြောင်းကို အနည်းငယ်မြည်းစမ်းကြည့်နိုင်မှာပါ။ File size…(4.3 GB)/(2 GB) Quality….BluRay 1080p HEVC/ 720p Format…mkv/mp4 Duration….02:11:47 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Ying Ying

Adventure • Family • Fantasy
6.3 2018 132 mins
Detective Dee: The Four Heavenly Kings
Yuni
7.4

"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ အဘွားနဲ့နေရတယ်။ သူငယ်ချင်းတွေကို ချစ်တတ်တယ်။ ခရမ်းရောင်ရှိတဲ့ ဘယ်ပစ္စည်းမဆို ကြိုက်တယ်။ ကျောင်းတွင်းဘာသာရပ်တွေမှာ ထူးချွန်တယ်။ ကြိုးစားမယ်ဆိုရင် ဆက်ပြီးပညာသင်ဖို့ အခွင့်အလမ်းတွေပြည့်နေတဲ့ သာမန်ကျောင်းသူတစ်ယောက်ပဲ။ ဒီအတွက်လည်း သူ မနားမနေကြိုးစားတယ်။ ဒါပေမဲ့လည်း ဘဝဆိုတာ သမားရိုးကျပဲ ဖြစ်နေတာမဟုတ်တော့ အနှောင့်အယှက်တွေတစ်ခုပြီးတစ်ခု ဝင်ရောက်လာခဲ့တယ်။ ပထမအကြိမ်လက်ထပ်ခွင့်တောင်းတာကို ငြင်းပြီးလို့ မကြာခင်မှာ နောက်တစ်ကြိမ်လာတောင်းတာကို ခံရတဲ့အခါ၊ တစ်ဖက်မှာလည်း စကောလားရှစ်ရဖို့ အိမ်ထောင်မရှိရလို့ သတ်မှတ်ချက်ရှိနေတဲ့အခါ ယူနီရဲ့စိတ်ထဲမှာ လွန်ဆွဲလာရတယ်။ "ငါ ဘာမဆိုလုပ်နိုင်မှာပဲလို့ အရင်ကတော့တွေးခဲ့ဖူးတယ်။ ဒါပေမဲ့ အခုကျတော့လည်း ငါ တကယ်ဘာလိုချင်မှန်းမသိတော့ဘူး" လို့ပြောတဲ့ စကားတွေမှာ သူ ဘယ်လောက်ထိ လမ်းပျောက်နေသလဲဆိုတာ မြင်တွေ့ရနိုင်တယ်။ ဘာသာရေးနဲ့ကန့်သတ်မှုတွေများလှတဲ့ သူ့ဘဝ၊ ရိုးရာထုံးတမ်းတွေကိုလိုက်နာဖို့ အဆင်သင့်မဖြစ်သေးတဲ့သူ့စိတ်၊ ရည်မှန်းထားတဲ့ ပန်းတိုင်ရောက်ဖို့ ပညာသင်ချင်သေးတဲ့သူ့ဆန္ဒ ... ဒီအရာတွေကြားမှာ တစ်စုံတစ်ခုကိုတော့ သူ ရွေးချယ်မှဖြစ်တော့မယ်လို့ တဖြည်းဖြည်းသဘောပေါက်လာခဲ့တယ်။ ဒီဇာတ်လမ်းလေးကတော့ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ခွင့်၊ လွတ်လပ်စွာလုပ်ပိုင်ခွင့်၊ ဆယ်ကျော်သက်လူငယ်တွေရဲ့ လိင်စိတ်အပြောင်းအလဲ၊ ဆယ်ကျော်သက်ကိုယ်ဝန်၊ ပညာဆက်လက်သင်ယူခွင့်ဆုံးရှုံးရပုံတွေ အစရှိသဖြင့် မီးမောင်းထိုးပြထားတဲ့အချက်တွေများပါတယ်။ ဒါကြောင့်လည်း Toronto International Film festival မှာ ပြသခြင်းခံခဲ့ရပြီး Platform Prize ဆိုတဲ့ဆုကို ရရှိခဲ့တာ အံ့ဩစရာတော့လည်း မဟုတ်ပါဘူး။ ရုပ်ရှင်တစ်ကားလုံးက အရောင်အသွေးစုံလင်လှပြီး ဇာတ်ကောင်ရဲ့ favourite colour ဖြစ်တဲ့ ခရမ်းရောင်ကို များစွာအသုံးပြုထားတာဖြစ်လို့ ထူးဆန်းသလိုရှိနေပေမယ့် အရာအားလုံးက သူ့နေရာနဲ့သူ လိုက်ဖက်နေတော့တယ်။ ဒါရိုက်တာကတော့ 2020 ခုနှစ်က ဆုံးပါးခဲ့တဲ့ အင်ဒိုနီးရှားကဗျာဆရာကြီး Sapardi Djoko Damono ကို အောက်မေ့သတိရမှုနဲ့ ရိုက်ကူးထားတယ်လို့ ဆိုထားပြီး ဒီဆရာကြီးရဲ့ " Rain In June" ဆိုတဲ့ ကဗျာအပါအဝင် တခြားကဗျာများစွာကိုလည်း ထည့်သွင်းထားတယ်။ အညွှန်းကိုတော့ အဲဒီလွမ်းဆွတ်ဖွယ်ကဗျာလေးနဲ့ပဲ အဆုံးသတ်လိုက်ပါမယ်။ " ပန်းပင်တွေအပေါ်မှာ မိုးဖွဲတွေအဖြစ် ကာလရှည်ကြာ ရွာသွန်းချင်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ စိတ်ပြတ်သားနိုင်မှာလဲ။ လမ်းမကြီးပေါ်က မသေချာမထင်ရှားတဲ့ ချီတုံချတုံခြေလှမ်းတွေကို ဖယ်ရှားပစ်နေတဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ ဉာဏ်ပညာကြီးမားနိုင်မှာလဲ။ ပန်းပင်တွေရဲ့အမြစ်တွေက စုပ်ယူစားသုံးခြင်းခံလိုက်ရတာကို မပြောဘဲ ချန်ထားရစ်တဲ့ ဂျွန်လရဲ့မိုးရေစက်တွေလောက် ဘယ်အရာကများ လိမ္မာပါးနပ်နိုင်မှာလဲ။ " (အညွှန်းနဲ့ ဘာသာပြန်ကတော့ Thwal Yadi ဖြစ်ပါတယ်) Encoder - August Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.4GB and 788MB and 274MB Format…mp4 Duration….1h 35min Subtitle….Myanmar Subtitle (Hardsub) Translator ..... Thwal Yadi Encoder ..... August

Comedy • Crime • Mystery
7.4 2021 95 mins
Yuni
Prince of Persia: The Sands of Time
6.3

Prince of Persiaဟာ ကျွန်တော်တို့ ဟိုးငယ်ငယ် နာရီပေးနဲ့ဆော့ခဲ့ရတဲ့ P2ခေတ်ကတည်းက နာမည်ကြီးခဲ့ပါတယ်။ နောက်ပိုင်း Mobile Game အထိ ရှိခဲ့သလို ဒီနှစ်ထဲလည်း Ubisoftက remakeပြန်ထုတ်ဖို့ အထိလုပ်ထားပါတယ်။ Prince of Persiaဟာ ဒီလို ခေတ်အဆက်ဆက်အထိ မမှေးမှိန်သေးတဲ့ နာမည်ကျော်ဂိမ်းစီးရီးတစ်ခုပါပဲ ဒီရုပ်ရှင်ကတော့ Prince of Persia , Sand of time ဂိမ်းTrilogy က အချက်အလက်တွေကို သုံးပြီး 2010မှာ ရိုက်ခဲ့တဲ့ ရုပ်ရှင်ပါ။ legend actorကြီး Jake Gyllenhaalနဲ့ Ben Kingsley တို့အပြင် ဆွဲဆောင်မှုအပြည့်နဲ့ မမGemma Artertonတို့က သရုပ်ဆောင်ထားပါတယ်။ ရုပ်ရှင်က ပါရှားတွေရဲ့ စစ်မက်တွေ မတည်ငြိမ်တဲ့ ခေတ်ကာလမှာ တည်ထားတာဆိုတော့ နန်းဆောင်ကြီးတွေ ၊ စစ်တပ်‌တွေ ၊ ကန္တာရ‌တွေ ၊ မြို့တော်ကြီးတွေနဲ့ ရုပ်ထွက်ကောင်းကောင်းနဲ့ ကြည့်ရင် တော်တော်လှတဲ့ ရုပ်ရှင်ပါပဲ။ ရှေးတုန်းက ပါရှားဘုရင်ကြီးတစ်ပါးရှိခဲ့တယ်။ သူ့မှာ သားတော်နှစ်ပါးနဲ့ ညီတော်တစ်ယောက်ရှိပြီး သူ့ညီနဲ့ သူ့ ညီအစ်ကိုသံယောဇဉ် ခိုင်မာနေမှ ဒီတိုင်းပြည်ကြီး အေးချမ်းမယ်လို့ ယုံကြည်ထားခဲ့တယ်။ အပြင်ရန် ထားဦး အတွင်းမီးတော့ ငြိမ်းနေမှ တိုင်းပြည်သာယာမယ်မို့လား။ သူ့သားနှစ်ယောက်ကိုလည်း သူက သူတို့လိုပဲဖြစ်စေချင်ခဲ့တယ်။ တစ်နေ့မှာ သတ္တိနဲ့ ကိုယ်ကျိုးစွန့်စိတ်ကို တန်ဖိုးထားတဲ့ ဘုရင်ကြီးဟာ ဒီစိတ်၂ခုရှိတဲ့ လမ်းပေါ်ကကောင်လေးတစ်ယောက်ကို သားအဖြစ်မွေးစားခဲ့တယ်။ သူ့သားတွေရဲ့ ညီအစ်ကိုသံယောဇဉ်ကိုလည်း သူက ခိုင်မြဲစေချင်ခဲ့တယ်။ ဒီလိုနဲ့ သူတို့ညီအစ်ကိုသုံးယောက်ဟာ အထွတ်အမြတ်ထားရတဲ့ မြို့တစ်မြို့ကို သိမ်းပိုက်မိပြီး အဲဒီမြို့က နတ်ဘုရားတွေရဲ့ အချိန်နောက်ပြန်သွားလို့ရတဲ့ ဓားကို တွေ့လိုက်ရတဲ့ အချိန်မှာတော့..... ဒီရုပ်ရှင်ဟာ သူ့ခေတ်က အတော် Flopခဲ့ပါတယ်။ အက်ရှင်ကားကောင်းတွေ ရှားလာတဲ့ ဒီဘက်ခေတ်ကြီးမှာ ပြန်ကြည့်ရင်တော့ တော်တော်ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ မင်းသားတွေနဲ့တင်လည်း တန်ပါတယ်။ ဒီရုပ်ရှင်ကို ကြည့်ကိုကြည့်သင့်တဲ့ အကြောင်းပြချက်တစ်ခုပေးရရင်တော့... ပြင်သစ်ဒါရိုက်တာကြီးတစ်ယောက်ပြောဖူးတယ်။ ရုပ်ရှင်တစ်ကားရိုက်ဖို့ သေနတ်တစ်လက်နဲ့ မိန်းမလှလှတစ်ယောက်ပဲလိုတယ်တဲ့။ သည်းထိတ်ရင်ဖို နဲ့ လိင်ဆွဲဆောင်မှုကို ဆိုလိုတာ ဖြစ်ပါလိမ့်မယ်။ ဒီရုပ်ရှင်က မမGemma Artertonရဲ့ အလှဟာ ဒုတိယတစ်ချက်အတွက် ပြည့်စုံတာထက် ပိုပါတယ်။ မှော်တို့ အက်ရှင်တို့ အချိန်ခရီးသွားတာတို့ ဖိုက်တင်ခန်းတွေတို့ ဂျိတ်တို့ ထားလိုက်ပါဦး။ ရုပ်ရှင်ထဲက အယ်လမတ်မြို့က မင်းသမီးလေးရဲ့ ညိုစိမ့်စိမ့်အလှနဲ့တင် Prince Of Persiaဟာ ဟိုးငယ်ငယ်ကတည်းက ဒီနေ့အထိ မှော်ဆန်တဲ့ရုပ်ရှင်ဖြစ်နေခဲ့တာပါပဲ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို WiRa Aung မှ တင်ဆက်ထားပါတယ်။) File size…(2.3 GB)/(1.2 GB) Quality….BluRay 1080p HEVC / 720p Format…mkv/mp4 Duration….01:55:53 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by WiRa Aung

History • Horror
6.3 2010 116 mins
Prince of Persia: The Sands of Time
Strange Wilderness
5.2

Strange Wilderness (2008) ==================== ဒီတစ်ခါတော့ ကျွန်တော်တို့ ၂၀၀၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟာသ ကားလေးကို ပြန်ကြည့်လိုက်ရအောင်ဗျာ။ သူ့ရဲ့ဟာသတွေက အညှီအနှောက်တွေမပါဘဲ တွေးတွေးပြီးရယ်ရမဲ့ ပြက်လုံးလေး တွေ သုံးထားတယ်။ ပြီးတော့ တောရိုင်းတိရစ္ဆာန်လေးတွေအ ကြောင်းလည်း ပါသေးတာမို့ ကလေးရော လူကြီးပါမကျန် ကြည့် ရှုလို့ရမဲ့ ဇာတ်လမ်းတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်း – ပီတာကတော့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝတွေကို ရိုက်ကူး တင်ဆက်ပေးနေတဲ့ Strange Wilderness ဆိုတဲ့ တီဗွီအစီအစဉ်က အစီအစဉ်တင်ဆက်သူတစ်ယောက်ပါ။ သူ့ရဲ့ဖခင် တင်ဆက်စဉ်က တော့ အစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပြီး ရွှေခေတ်ဖြစ်ခဲ့တယ် လို့တောင် ဆိုလို့ရပါတယ်။ ဖခင်ဆုံးပါးသွားပြီး သူ့လက်ထက်မှာတော့ ပေါချာချာ plot တွေကြောင့် ကြည့်ရှုနှုန်းတွေလည်း ကျလာခဲ့ပါပြီ။ ကြည့်ရှုနှုန်းကျဆို သူ့အဖွဲ့သားတွေကိုလည်း ကြည့်ဦးလေ။ ၂၄ နာရီလုံး ဆေးကွဲနေတဲ့ကောင်ရယ်၊ အရက်နဲ့ မျက်နှာသစ်တဲ့ကောင်ရယ်၊ အသံ ဖမ်းပါဆို စကားချည်းဝင်ပြောနေတဲ့ကောင်ရယ်၊ တလွဲ plot တွေချည်း ရေးပေးတဲ့ ဇာတ်ညွှန်းရေးဆရာရယ် ဒီလို ဇော်တွေချည်း စုနေမှတော့ တွေးသာကြည့်ကြပါတော့။ ဒီလိုနဲ့ ဂယောက်ဂယက်တွေဖြစ်နေတဲ့ ပီတာတို့အဖွဲ့ကို ထုတ်လုပ်သူက အစီအစဉ်ဖျက်သိမ်းတော့မဲ့အကြောင်း ခေါ်ပြောလာတဲ့အချိန်မှာတော့ ဆက်ပြီးတင်ဆက်ခွင့်ရဖို့ တောတွင်းစွန့်စားခန်းတစ်ခု ထွက်ကြရပါတော့ တယ်။ သူတို့ တင်ဆက်မဲ့ အစီအစဉ်က လူဝံကိုရှာဖွေခြင်း တဲ့။ ကဲ ရှုစား လိုက်ကြပါဦးဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.07 GB) / (766 MB) Quality…………BLU-RAY 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy Translator……May Thet Khine Soe Encoder……….Zin Phyo Aung

5.2 2008 87 mins
Strange Wilderness
Watchmen
7.6

ဒါရိုက်တာ ဇက်စနိုင်ဒါရဲ့ စူပါဟီးရိုးလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ Watchmen ကို ဘာသာပြန်၊ ကွာလတီ အကုန်စိတ်ကြိုက်ပြင်ပြီး ပြန်တင်ပေးထားပါပြီ။ Watchmen ဟာ Version ၃ မျိုးရှိပြီး ခုတင်ဆက်လိုက်တဲ့ Ultimate Cut ကတော့ အရှည်ဆုံး Cut ဖြစ်တဲ့ ၃ နာရီ ၃၅ မိနစ်ကျော်ကြာမြင့်တဲ့ Version ဖြစ်တာမလို့ အပြည့်စုံဆုံး Version ပါပဲ။ Watchmen ရုပ်ရှင်ဟာ နောက်ပိုင်း မာဗယ်နဲ့ဒီစီနှစ်ခုလုံးမှာထွက်နေတဲ့ပေါ့ပေါ့ပါးပါးနဲ့ ဘဝအမောပြေစေတဲ့ကားမျိုးမဟုတ်လို့ စူပါဟီးရိုးရုပ်ရှင် မှောင်မှောင်လေးကြိုက်သူတွေကြည့်သင့်ပါတယ်။ Watchmen ဆိုတဲ့နာမည်ဟာ ရောမစာရေးဆရာ ဂျဗီနယ် ၁ ရာစုလောက်မှာ ရေးသားခဲ့တဲ့ နာမည်ကြီး လက်တင်ကဗျာထဲကနေ ဆင်းသက်လာတာပါ။ noui consilia et ueteres quaecumque monetis amici, “pone seram, cohibe”. sed quis custodiet ipsos custodes ငါ့မိတ်ဆွေတွေ အမြဲပြောနေတဲ့ စည်းကမ်းထိန်းသိမ်းရေး၊ မိန်းမတွေကို စည်းကမ်းတင်းကြပ်ထားဆိုတာ၊ ဒီကင်းသမားတွေကို ဘယ်သူကင်းပြန်စောင့်မလဲ ဆိုတဲ့ ကဗျာပါ။ ရောမခေတ်ရဲ့ အမျိုးသမီးဖိနှိပ်မှုတွေကိုထောက်ပြထားတာဖြစ်ပြီး အာဏာပိုင်တွေကို ဘယ်သူက ထိန်းကျောင်းမလဲဆိုပြီး မေးခွန်းထုတ်ခဲ့တာပါ။ ဇာတ်လမ်းအကျဉ်း ဒီရုပ်ရှင်ကိုတော့ အခြားအပြိုင်စကြဝဠာတစ်ခုမှာ ဇာတ်အိမ်တည်ထားတာပဲဖြစ်ပါတယ်။ အဲဒီစကြဝဠာမှာ ဒေါက်တာမန်ဟက်တန်ရဲ့ အကူအညီနဲ့ အမေရိကန်တွေ ဗီယက်နမ်မှာ စစ်နိုင်ခဲ့ပြီး အမေရိကန်ပြည်နယ် ၅၁ ခုဖြစ်သွားတာမို့ ရုပ်ရှင်ထဲက အမေရိကန်အလံတိုင်းမှာကြယ် ၅၁ လုံးပါဝင်နေတာကို တွေ့ပါလိမ့်မယ်။ အပြင်လောက အလံအစစ်က ပြည်နယ် ၅၀ ကိုကိုယ်စားပြုတဲ့ ကြယ် ၅၀ ပဲ ပါဝင်တာပါ။ Watchmen စူပါဟီးရိုးအဖွဲ့က ရဲတွေကနေ အစပြုတာပါပဲ။ ရဲအချို့ဟာ သူတို့ဖမ်းသမျှလူဆိုးတိုင်း ပြန်ပြန်လွတ်လာကြတာကို သည်းမခံနိုင်တော့တဲ့အတွက် မျက်နှာဖုံးတွေစွပ်ပြီး ဥပဒေပြင်ပ ရာဇဝတ်တိုက်ဖျက်ရေး ဗီဂျလန်တီတွေအဖြစ် လုပ်ဆောင်လာကြပါတယ်။ အဲဒီကနေမှ 1939 လောက်မှာ မျက်နှာဖုံးစွပ် ဝက်ချ်မန်းအဖွဲ့စတင်ခဲ့တာပါ။ အစပိုင်းမှာ အလုပ်ဖြစ်ခဲ့သလို ပြည်သူတွေက ထောက်ခံခဲ့ပေမဲ့ ၁၉၇၇ မှာ မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကို တရားမဝင်ကြေညာတဲ့ဥပဒေထွက်ပေါ်လာပြီး ဝက်ချ်မန်းအဖွဲ့အနားယူသွားခဲ့ပါတယ်။ တရားမဝင်ကြေညာထားတာကို ဂရုမစိုက်ဘဲ ဝရမ်းပြေးအဖြစ် ဆက်လုပ်နေတဲ့သူကတော့ ရော်ရှက်တစ်ယောက်ပဲ ကျန်ပါတော့တယ်။ ဇာတ်လမ်းစတင်ချိန်ကတော့ ၁၉၈၅ ဝန်းကျင် စစ်အေးတိုက်ပွဲ အရှိန်အမြင့်ဆုံးအချိန်၊ အမေရိကန်နဲ့ဆိုဗီယက် အဏုမြူစစ်ကြောင့် ကမ္ဘာကြီးပျက်စီးလုနီးနီးကာလမှာပါ။ အနားယူသွားတဲ့ ဝက်ချ်မန်းအဖွဲ့ထဲက ကော်မီဒီယံ(ဟာသသမား)ဆိုတဲ့သူ အသတ်ခံရပြီးနောက်မှာ ရော်ရှက်က မျက်နှာဖုံးစွပ်ဗီဂျလန်တီတွေကိုပစ်မှတ်ထားပြီး လုပ်ကြံတဲ့သူရှိနေပြီလို့ သံသယရှိတဲ့အတွက် လိုက်စုံစမ်းလာခဲ့ပါတယ်။ အဲဒီကမှ ဝက်ချ်မန်းအဖွဲ့ထဲက ကမ္ဘာ့ဉာဏ်အကောင်းဆုံးလူသားဆိုတဲ့ အိုဇီမန်းဒီးရက်အပြင် နိုက်အောင်း၊ ဒေါက်တာမန်ဟက်တန်တို့ပါ ပတ်သက်လာပြီး ဝက်ချ်မန်းတွေလုပ်ကြံခံနေရတဲ့နောက်ကွယ်က အကြီးဆုံးအန္တရာယ်ကြီးတွေကို တွေ့ရှိလာပါတော့တယ်။ File size… 10 GB / 3.7 GB / 1.4 GB Quality… BluRay Ultimate Cut Version 4K / 1080p / 720p Format… mp4 Duration…. 3h 35m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Ka Naung , Thit San Khant Translated by Mr Anderson

Comedy
7.6 2009
Watchmen
Tsotsi
7.2

2006 ခုနှစ်မှာ Academy Award for Best International Feature Film ဆုရခဲ့တဲ့ Tsotsi ဆိုတဲ့ လူငယ်ဂန်းစတားလေးတစ်ယောက်ရဲ့ အကြောင်းပဲဖြစ်ပါတယ်။ Tsotsiဆိုတဲ့ ရုပ်ရှင်က ၁၉နှစ်အရွယ် သွေးအေးပြီး ရက်စက်တတ်တဲ့ တောင်အာဖရိက က ဂိုဏ်းခေါင်းဆောင် ကောင်လေးတစ်ယောက်ရဲ့ ဖုံးဖိထားတဲ့ အတိတ်ရဲ့အကြောင်းကို ပြောပြလို့နေပါတယ်။ ငယ်ဘဝမှာ မိခင်၊ ဖခင်တွေနဲ့ တကွဲတပြားဖြစ်ခဲ့ရတဲ့အပြင် မိဘရဲ့ အချစ်မေတ္တာကို ငတ်ခဲ့ရတဲ့ Tsotsi က သူ့ရဲ့ နာမည်နဲ့ identity ကို ဖုံးကွယ်ထားခဲ့ပြီး သူငယ်ချင်းတွေနဲ့အတူ လမ်းပေါ်လုယက်မှုတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။ တစ်နေ့မှာ ဒုစရိုက်မှုတစ်ခု ကျူးလွန်ပြီး ထွက်ပြေးလာတဲ့ Tsotsi က ကားတစ်စီးကို ခိုးမိသွားပြီး ကားနောက်ခန်းမှာ မွေးကင်းစ ကလေးလေး ပါလာတာကို သတိမထားမိခဲ့ပါဘူး။ဒီလိုနဲ့ ၆ရက်လောက် အချိန်ကုန်ဆုံးလာခဲ့ပြီး ကလေးလေးပေါ် သံယောဇဥ်တွယ်လာခဲ့ပါတယ်။ ဒီရုပ်ရှင်က စာအုပ်ကို ပြန်လည် ရိုက်ကူးထားတာဖြစ်ပြီး IMDb 7.2/10 နဲ့ Rotten Tomatoes 82% အပြင် 70% Metacritic ရရှိထားတဲ့ rating ကောင်းတဲ့ ရုပ်ရှင်တစ်ကားဖြစ်လို့ ကြည့်ကြည့်ကြဖို့ တိုက်တွန်းပါတယ်။ File size…(1.6 GB)/(830 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:34:00 Genre…Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leonie

TV Movie • Comedy • Romance
7.2 2005
Tsotsi
The EGGsplosive Easter
7.2

မင်္ဂလာပါရုပ်ရှင်ချစ်သူတို့ရေ ၊ဒီနေ့မှာတော့Eggsplosive Easterဆိုနဲ့Ukrainရဲ့2024 ရုပ်ရှင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအစမှာကတော့ Ukrainစစ်ပွဲတွင်းမှာ Ivan Zabiyakaဆိုတဲ့ရထားလမ်းအလုပ်သမားအဘိုးအိုကြီးကဖောက်ခွဲမှုလုပ်လို့အဖမ်းခံလိုက်ရပါတယ်။Zabiakမိသားစုဟာတစ်ဦးနဲ့တစ်ဦးမတွေ့ကြတာကြာပါပြီ။ဖခင်ဖြစ်သူ Ivan အဖမ်းခံရပြီးနောက်နေ့မှာပဲသူ့ရဲ့သားသမီးတွေက အီစတာပွဲကျင်းပဖို့သူတို့အဖေဆီလာခဲ့ကြပါတယ်။ အဲ့မှာပဲ သူတို့အဖေကိုအဖမ်းခံရတဲ့အဖြစ်ထပ်မဖြစ်စေဖို့Mikhailo Pulianskyiဆိုတဲ့မြေးဖြစ်သူကိုအဘိုးကိုလိုက်လံစောင့်ကြည့်ဖို့ခိုင်းလိုက်ပါတယ်။Ivanကရုရှားကိုကိုယ်တိုင်တိုက်ဖို့ဒုံးပျံဆောက်နေမှန်းသိတဲ့အခါမှာ မြေးအဖိုးပေါင်းဒုံးပျံဆောက်ဖို့ကြံကြပါတယ်။သူတို့လုပ်တဲ့အကြံအစည်အောင်မြင်ရဲ့လားဆိုတာကိုတော့ဇာတ်လမ်းလေးကြည့်ပြီးရှုစားပေးပါဦး။ File size…(1.7 GB)/(950 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Min Ye Htut

7.2 2024
The EGGsplosive Easter
Revolver
7

Revolver (2024) ***************** ဒီတစ်ခါတော့ CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ ခပ်မိုက်မိုက် Action Crime Movie လေး တင်ဆက်ပေးထားပါတယ်။ Cast တွေအနေနဲ့ကတော့ အားလုံးရဲ့အချစ်တော် မင်းသား Ji Chang Wook၊ The Glory ထဲက မင်းသမီး Lim Ji Yeon၊ Kill Boksoon ထဲက မင်းသမီးကြီး Jeon Do Yeon တို့က အဓိကပါဝင်သရုပ်ဆောင်ထားတဲ့အပြင် Lee Jeong Jae, Jeon Hye Jin တို့ကလည်း Cameo ပါထားပြီး အရန်ဇာတ်ဆောင်တွေ အားလုံးကလည်း ရှယ်တွေမို့လို့ မဖြစ်မနေကို ကြည့်သင့်တဲ့ Movie လေးပါနော်။ ဇာတ်လမ်းအကျဉ်း စုံထောက်ဟာဆူယောင်း (Jeon Do Yeon)က အန်ဒီ(Ji Chang Wook) နဲ့ အပေးအယူလုပ်ပြီး သူ့အစားထောင်ထဲဝင်ပြီး ပြစ်ဒဏ်ခံခဲ့တဲ့သူပါ။ ဒါပေမဲ့၂နှစ်ကြာလို့ ပြစ်ဒဏ်ခံယူပြီးထောင်ကနေ ထွက်လာတဲ့အချိန်မှာတော့ အပေးအယူအတိုင်း ရသင့်တာတွေမရဘဲ စွန့်ပစ်ခံလိုက်ရတဲ့ ဟာဆူယောင်းက ကတိပေးထားတဲ့အတိုင်း သူရရမယ့် လျော်ကြေးတွေကို ရနိုင်ဖို့ လက်မရွံ့ကြိုးစားပါတော့တယ်။ သူ့ဘက်မှာရပ်တည်ပေးမယ့်သူ တစ်ယောက်မှမရှိတဲ့ အချိန်မှာ သရုပ်မှန်သေချာမသိရတဲ့ ဂျောင်ယွန်းဆွန်း (Lim Ji Yeon)က ဟာဆူယောင်းဆီ ရောက်လာခဲ့ပြီး သူ့အတွက် တစ်ယောက်တည်းသော အကူအညီပေးတဲ့သူ ဖြစ်လာခဲ့တယ်။ ဟာဆူယောင်းတစ်ယောက် ဂျောင်ယွန်းဆွန်းဆီက အကူအညီရယူရင်း ပေးထားတဲ့ ကတိမတည်ဘဲ သူ့ကိုစွန့်ပစ်သွားတဲ့ အန်ဒီအပေါ်မှာ ဘယ်လိုလက်စားချေသွားမလဲ…။ အန်ဒီရဲ့ နောက်ကွယ်ကအကြောင်းတွေကို ဖော်ထုတ်တဲ့အခါမှာလည်း နောက်ကြောင်းတွေ တူးလေ ပိုအန္တရာယ်ကြီး အားကြီးတဲ့ အန်ဒီရဲ့ နောက်ခံဂိုဏ်းအရှုပ်ထုပ်တွေပုံတွေအကြောင်းကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုပေးပါဦးနော်။ (ဇာတ်လမ်းအကျဉ်းကို Vanessa မှ ရေးသားပေးထားပါတယ်။) File size…1.53GB / 550MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 55m Genre ….. Action, Thriller, Crime, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Vanessa Han, Yupar, Emily Muse & Miri Toe

7 2024
Revolver
Rachel Getting Married
6.7

Rachel Getting Married (2008) ****************************** 2008 ခုနှစ်မှာ ထွက်ရှိပြီး ဆု ၃၂ ဆု best leading actress Oscar Nomination အပါအဝင် Nomination ၆၅ နဲ့ အဲဒီအချိန်က ဝေဖန်ချက်ကောင်းတွေ ရရှိခဲ့တဲ့ ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်။ Family Drama အကြောင်း အသားပေးရိုက်ကူးထားပြီး ဒါရိုက်တာ Jonathan Demme ရိုက်ကူးကာ အားလုံးသိကြတဲ့ မင်းသမီးချော Anne Hathaway , Rosemarie DeWitt နဲ့ မင်းသမီးကြီး Debra Winger , မင်းသား Bill Irwin တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Anne Hathaway ကို ပထမဆုံးအကြိမ် Oscar nomination ရစေခဲ့တဲ့ကားဖြစ်ပြီးတော့ ဒီကားမှာတော့ ပုံမှန်ချစ်စရာကောင်းတဲ့ Anne Hathaway ကို Rehab ကထွက်လာတဲ့ Drug Addict အနေနဲ့မြင်ရမှာပဲဖြစ်ပါတယ်။ ဆယ်နှစ်အတောအတွင်း rehab ကိုဝင်လိုက်ထွက်လိုက်လုပ်နေရတဲ့ Kym ဟာ သူ့အစ်မ Rachel မင်္ဂလာဆောင်အတွက် rehab ကနေ ထွက်လာပါတယ်။ ကိုးလကြာ sober ဖြစ်နေတဲ့ Kym ဟာ rehab ကနေထွက်လာရတဲ့အတောအတွင်း မင်္ဂလာဆောင်ကျင်းပမဲ့ သူတို့ရဲ့မိသားစုအိမ်မှာ နေထိုင်ခဲ့ပါတယ်။ မင်္ဂဆောင်အတွက် စီစဥ်ကြရင်း ပြန်ပြီးပေါ်ထွက်လာတဲ့ သူတို့မိသားစုပြဿနာတွေနဲ့ Kym ပြန်ရောက်လာတာကြောင့် အမြစ်ပြန်ပေါ်လာတဲ့ အနာဟောင်းတွေကို သူတို့မိသားစုဘယ်လိုဖြေရှင်းကြမလဲဆိုတာကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်…. (အညွှန်းကို Aerin မှ ရေးသားထားပါတယ်) File size…2.29GB / 1.01GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 54m Genre ….. Romance, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Aerin Encoded by AHtet

Drama
6.7 2008 113 mins
Rachel Getting Married
Avenging Force
5.8

ဒီဇာတ်လမ်းဟာ 1986 ခုနှစ်မှာထွက်ရှိထားတဲ့ Action/Thriller အမျိုးအစား ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ IMDb 5.8 ရရှိထားပြီးတော့ Rotten tomatoes 50% ရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ ဟန်တာဟာ မိဘတွေဆုံးပါးသွားတဲ့အခါကစပြီး ညီမလေးကိုစောင့်ရှောက်ဖို့ အေးဂျင့်အလုပ်ကနေထွက်လိုက်ပါ‌တယ်။ တစ်နေ့တော့ သူ့ရဲ့သူငယ်ချင်းဟောင်းတစ်ယောက်ဆီအလည်သွားရင်း သူငယ်ချင်းရဲ့မိသားစုကိုလုပ်ကြံမှုနှင့် ကြုံတွေ့ပါတော့တယ်။ ထိုအခါ သူငယ်ချင်းကို အေးဂျင့်ဟောင်းဖြစ်တဲ့ဟန်တာက ဘယ်လိုကာကွယ်မလဲ၊ သူငယ်ချင်းအစစ်မှန်ဟာဘယ်လိုမျိုးလဲ ဆိုတာကို ရှုစားရမှာပါ။ 1986 ခန့်ထွက်ရှိခဲ့ပေမယ့် ယခုအချိန်ထိ ကြည့်ရှု၍ကောင်းနေဆဲ ဇာတ်ကားတစ်ပုဒ်ဖြစ်ပါတယ်။ အက်ရှင်ကားကြိုက်တဲ့ Channelmyanmar ပရိတ်သတ်ကြီးတို့ ခံစားကြည့်ရှုဖို့ တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာ။ File Size : 2.2 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 44min Format :Mp4 Genre : Action, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : KK Encode by : Thit San Khant

Drama • Action • History
5.8 1986 104 mins
Avenging Force
Three Kingdoms: Resurrection of the Dragon
6.1

ဒီတစ်ခေါက်ကတော့ တော်တော်များများသိကြမယ့် တရုတ်သမိုင်းက ဝေ့၊ဝူ၊ရှူဆိုတဲ့ သုံးနိုင်ငံအကြောင်းပါ။ ဒီ Movie ကတော့ သုံးရာစုက တရုတ်သမိုင်းပညာရှင်ချန်ရှို့ရေးသားခဲ့တဲ့ သုံးနိုင်ငံမှတ်တမ်းကို အခြေခံထားတဲ့ နာမည်ကြီးသုံးနိုင်ငံဇာတ်လမ်း၀တ္ထုကို မှီငြမ်းထားပါတယ်။ ဟန်မင်းဆက်ပြိုကွဲအပြီးမှာ တရုတ်ပြည်ကြီးဟာ ဝေ့ ၊ ဝူ ၊ ရှူဆိုပြီး သုံးနိုင်ငံကွဲထွက်သွားခဲ့ပါတယ်။ စစ်တပ်တွေကို ဝေ့ဘက်က စစ်ဘုရင်ချောင်ချောင်း၊ ရှူဘက်က စစ်ဘုရင်လျှိုပေ့နဲ့ ဝူဘက်က စစ်ဘုရင်စွန်းချွမ်တို့အသီးသီးက ဦးဆောင်ကြပါတယ်။ဒီလိုဖရိုဖရဲကာလမျိုးမှာ လျှိုနိုင်ငံကနေ ကျောင့်ကျစ်လုံဆိုတဲ့ သူရဲကောင်းတစ်ဦးပေါ်ထွန်းလာခဲ့ပါတယ်။ ချန်ရှန်းက သာမန်လူငယ်လေးအဖြစ်ကနေ မရေတွက်နိုင်တဲ့စစ်ပွဲများစွာကိုအောင်နိုင်ခဲ့ပြီး နာမည်ကျော် ကျားစစ်သူကြီးငါးယောက်ထဲက တစ်ယောက်ဖြစ်လာခဲ့ပါတယ်။ ရှူဘက်က စစ်ဘုရင်လျှိုပေ့ဆီမှာ ချောင်စစ်တပ်ကြောင့် ဇာမဏီအဟုန်ဆီ တပ်ဆုတ်ရတော့ လျှိုပေ့ရဲ့မွေးကင်းစသားလေးကိုကယ်တင်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြုခံခဲ့ရပြီး နာမည်စတင်ကျော်ကြားလာခဲ့ပါတယ်။ နောက်ပိုင်း နိုင်ငံသုံးနိုင်ငံကို စစ်ဘုရင်သုံးပါးအုပ်စိုးခဲ့ပြီး လျှိုပေ့သေဆုံးပြီး သားတော်နန်းတက်တော့ ကျစ်လုံက အသက်ကြီးရင့်နေပါပြီ။ အမတ်မင်းကျူးကဲ့က ဧကရာဇ်ငယ်ကို ရန်သူတော်ဝေ့နိုင်ငံကို တိုက်ဖို့တိုက်တွန်းတော့ နောက်ဆုံးသောစစ်ပွဲကိုတိုက်ဖို့ စစ်မြေပြင်ကို ကျောင့်ကျစ်လုံ ပြန်ချီတက်လာတဲ့အခါ မဟာရန်သူတော်ချောင်ချောင်းရဲ့ မြေးမလေးချောင်ယင်နဲ့ ဇာမဏီအဟုန်မှာ တစ်ဖန်ပြန်ဆုံတွေ့ဖို့ဖြစ်လာပါတော့တယ်။ အဖိုးလောက်နီးနီးဉာဏ်များတဲ့ ချောင်ယင်နဲ့ တစ်မိုးအောက်တစ်ယောက်အရှုံးမရှိစစ်သူကြီးကျောင့်ကျစ်လုံ ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားကြည့်လိုက်ကြပါရှင့်။ ဒီဇာတ်လမ်းကို ဟောင်ကောင်၊တရုတ်ပင်မနဲ့ တောင်ကိုရီးယားတို့က ပူးပေါင်းထုတ်လုပ်ခဲ့ပြီး Cast တွေအနေနဲ့ ကျောင့်ကျစ်လုံအဖြစ် Andy Lau , ဖင်အန်းအဖြစ် Sammo Hung နဲ့ ချောင်ယင်အဖြစ် Maggie Q တို့က ပါ၀င်ထားပါတယ်။ သုံးနိုင်ငံအကြောင်းစိတ်၀င်စားတယ်ဆိုရင်တော့ လက်မလွှတ်သင့်ပါဘူး။ Old but gold movie တစ်ခုပါပဲ။ File size…(2.1 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Phu Thet Khin

6.1 2008 101 mins
Three Kingdoms: Resurrection of the Dragon
Thandel
6.8

Thandel (2025) စွန့်စားစိန်ခေါ်မှုပြည့်နှက်နေတဲ့ ချစ်ခရီးလမ်း IMDb 6.9/10 အက်ရှင်အကြမ်းအရမ်းကိုမှ ရိုမန့်စ်လေးနဲ့တွဲဖက်ခံစား ကြည့်ရှုနိုင်မယ့် ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ်တယာဆိုတဲ့ မိန်းမချောလေးက သူ့ဖခင်ကို သူနဲ့သင့်တော်တဲ့ သတို့သားလောင်းရှာဖို့ ပြောဆိုလာပါတယ်။ တစ်အိမ်လုံးလည်း မယုံနိုင်စွာအံ့ဩရပေမဲ့ သူ့ဆန္ဒကိုဖြည့်ဆည်းပေးကြပါတယ်။ လှလွန်းတဲ့ဆတ်တယာကို သတို့သားလောင်းက မြင်မြင်ချင်းသဘောကျသွားလို့ မင်္ဂလာပွဲအတွက် တစ်ခါတည်းစီစဉ်ကြလေရဲ့။ အဲဒီအချိန်မှာပဲ ဆတ်တယာက သူ့သတို့သားလောင်းကို ပြောစရာရှိတယ်ဆိုပြီး သူ မထင်မှတ်ထားတဲ့အကြောင်းအရာကို ပြောပြလာခဲ့ပါတယ်။ ဆတ်တယာမှာ ရာဂျူးဆိုတဲ့ချစ်သူကောင်လေး ရှိနေတာပါ။ သူတို့ရွာမှာ တစ်နေ့ပြီးတစ်နေ့တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် ရွာကယောက်ျားလေးတွေက ငါးဖမ်းဖို့ ပင်လယ်၊ သမုဒ္ဒရာတွေဆီ စွန့်စွန့်စားစားသွားရပါတယ်။ စာချုပ်နဲ့သွားရတာဖြစ်ပြီး တစ်ခါသွားရင် ကိုးလကြာမြင့်ပါတယ်တဲ့။ တစ်နှစ်မှာသုံးလပဲ အတူရှိရပေမဲ့ သူတို့နှစ်ယောက်က ရာဂျူးဖုန်းခေါ်လို့ရတာနဲ့ ဖုန်းပြောကြနဲ့ အဆက်အသွယ်မပြတ်ရှိနေကြပါတယ်။ တစ်နေ့သူတို့ရွာနား သတ္တုတူးဖို့ရောက်လာတဲ့ မသမာသူလူတစ်စုကို ရာဂျူးကဖြေရှင်းပေးရာကနေ သူဟာ သူ့ဖခင်လို ငါးဖမ်းသမားတွေရဲ့ခေါင်းဆောင်ဖြစ်လာပါတော့တယ်။ ပင်လယ်ဓားပြတွေရန်ကြုံရ၊ မုန်တိုင်းလေထန်ဒဏ်ကြုံရ၊ သူများနယ်ရောက်သွားမိရင် အဖမ်းခံရနဲ့ အန္တရာယ်ပတ်လည်ဝန်းရံနေလို့ ရာဂျူးကို ဆတ်တယာက ဒီအလုပ်ကို စွန့်လွှတ်စေချင်နေပါပြီ။ ရာဂျူးက နားမထောင်ဘဲ ဒီတစ်ခါသူငါးဖမ်းသွားပြီး ပြန်လာရင် လက်ထပ်ကြပါမယ်၊ စောင့်နေပါလို့ပြောပြီး ထွက်သွားပြန်ပါတယ်။ ကတိပေးခဲ့တဲ့အတိုင်းပြန်မရောက်လာတာ အချိန်တွေကြာလာတဲ့အခါမှာတော့…… ဆတ်တယာကဘာလို့ အိမ်ထောင်ပြုဖို့ သူ့မိဘကိုအလောတကြီးပြောရတာလဲ၊ ရာဂျူးနဲ့ဘာလို့ အဆက်အသွယ်ပြတ်သွားတာလဲ၊ သူ ဘာတွေတွေ့ကြုံနေရလဲ၊ တကယ်ပဲဆတ်တယာကို ထားသွားတာ ဖြစ်နိုင်ပါ့မလား၊ သူတို့နှစ်ယောက်ရဲ့ရှေ့ခရီးလမ်းကဘယ်လိုဖြစ်မလဲဆိုတာ ကြည့်ရှုခံစားပေးကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ STAR~ToMo~KKKZ~Zwe Yan တို့ပဲဖြစ်ပါတယ်။

Comedy • Drama
6.8 2025 152 mins
Thandel
That’s It for Today Enough for Now
7.5

That’s It for Today (2024) IMDb Rating (7.4) သိပ်မမြင်ရတတ်တဲ့ ရုပ်ရှင်တွေဖြစ်တဲ့ Serbian ရုပ်ရှင်တစ်ကားပါ။ မိသားစုတစ်ခုအကြောင်းပါ။ မောင်နှမသုံးယောက်ရှိတယ်။ တူမလေးတစ်ယောက်ရှိတယ်။ တူမလေးရဲ့အဖေ မောင်နှမထဲက အကြီးဆုံးက သူ့မိန်းမဆုံးသွားဖူးတယ်။ ဒီဒဏ်ရာက ထရော်မာတစ်ရပ်လိုဖြစ်နေတဲ့ သူ့ဘဝကြီးထဲ သူ့ညီမတွေ ညီတွေနဲ့ ဆက်ဆံရေးတွေ မိတ်ဆွေတွေနဲ့ ဆက်ဆံရေးတွေမှာပါ အဖုအထစ်တစ်ချို့ရှိနေခဲ့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်အိမ်စတဲ့နေရာကတော့ ဒါတွေကို ကုစားတော့မယ့်အချိန်မတိုင်ခင်လေးတင်ပဲ။ သူ့ဒဏ်ရာတွေကို သူဘယ်လိုလက်ခံပြီး ဆက်ဆံရေးတွေကို ဘယ်လိုတည်ဆောက်မလဲ ဒီရုပ်ရှင်မှာ မြင်ရမှာပါ။ လွယ်လွယ်ပြောရရင်တော့ နောက်ခံသီချင်း ကောင်းကောင်းလေးတွေနဲ့ မိသားစုဒရာမာကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.1 GB) / (830 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:45:56 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

Animation • Comedy • Family • Fantasy
7.5 2024 94 mins
That’s It for Today Enough for Now