YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

[CM]Once.Again.2022.S01E07.1080p.WEB-DL.mp4

271.3 MB N/A video/mp4 160 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Adam by Eve: A Live in Animation
7.4

ဂျပန် anime တော်တော်များများကို ကြည့်ဖူးတဲ့ဆိုရင်တော့ Eve ကို သိကြမှာပါ။ ဟုတ်ပါတယ်။ Jujutsu Kaisen လို နာမည်ကြီး Anime မှာ Opening theme song ကို သီဆိုခဲ့သူပါ။ အဲဒါအပြင် ဂျပန်တေးရေးဆရာ၊ အဆိုတော်၊ ပရိုဂျူဆာအဖြစ် ရပ်တည်‌နေတဲ့ Eve ဟာ Anime တော်တော်များများမှာ သီချင်းတွေကို သီဆိုပေးခဲ့ဖူးပါတယ်။ နောက်တော့ သူ့ရဲ့အိပ်မက်တွေနောက်လိုက်ရင်း Adam by Eve : A Live In Animation လေးကို ဖန်တီးဖို့ ဖြစ်လာခဲ့ပါတယ်။ ဒီကားလေးကိုတော့ ၂၀၂၂ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ Netflix က ထုတ်လွှင့်ခဲ့ပြီးတော့ ထူးခြားချက်အနေနဲ့ကတော့ Live action နဲ့ Animation နှစ်မျိုး ပေါင်းစပ်ထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။ Runtime ကတော့ ၅၈ မိနစ်ပဲရှိပြီးတော့ ကြည့်ရှုသူတွေကတော့ movie ဆိုတာထက် short film လို့ သတ်မှတ်ကြပါတယ်။ Anime, Live action, Music အမျိုးအစားဖြစ်တဲ့အပြင် Eve ရဲ့လက်ရာဆိုတော့ Eve သီချင်းတွေကိုလည်း ဝေဝေဆာဆာ တွေ့ရမှာပါ။ ဇာတ်လမ်းလေးကတော့ Aki နဲ့ Taki လို့ခေါ်တဲ့အထက်တန်းကျောင်းသူလေးနှစ်ဦး ကျောင်းဆင်းလို့ ကော်ဖီဆိုင်မှာထိုင်ရင်းနဲ့ Taki က ထူးဆန်းတဲ့ အိပ်မက်မက်တဲ့အကြောင်း၊ အိပ်မက်ထဲမှာ မျက်လုံးတစ်လုံးပဲပါတဲ့မကောင်းဆိုးဝါးနဲ့ တွေ့တဲ့အကြောင်း ပြောပြပါတယ်။ ပြီးတော့ အအေးထပ်ဖြည့်ဖို့ ထသွားပြီးနောက်မှာတော့ Taki ဟာ လုံးဝပြန်မရောက်လာတော့ပါဘူး။ ဒီလိုနဲ့ Aki တစ်ယောက် အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Taki ကို လိုက်ရှာနေရင်းနဲ့ တခြားသူတွေ တော်တော်များများလည်း မျက်လုံးတစ်လုံးပဲပါတဲ့ မကောင်းဆိုးဝါးကို အိပ်မက်မက်တဲ့အကြောင်း သိလိုက်ရပါတော့တယ်။ အဲဒါကြောင့် Aki လည်း မျက်လုံးတစ်လုံးပဲပါတဲ့မကောင်းဆိုးဝါးက ဖန်တီးထားတဲ့ ထူးဆန်းတဲ့လောကကြီးအကြောင်းကို သိချင်ပြီး ရှာဖွေမိပါတယ်။ Taki ပြောပြထားတာတွေကို ပြန်တွေးပြီး လမ်းကြောင်းအတိုင်း Shibuya မြို့ကို လိုက်သွားတဲ့အခါမှာတော့ ဘယ်လိုပဟေဠိဆန်တဲ့ကိစ္စမျိုးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ.. သီချင်းကောင်းများစွာ ပါဝင်တဲ့အပြင် IMDb 6.5/10 ရရှိထားပြီး ပရိသတ် review ကောင်းများစွာ ရရှိထားတဲ့ကားမို့ ဆက်ဆက်ကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါရစေနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo Htet ပဲ ဖြစ်ပါတယ်။ Genre.....Animation, Music Quality….WEB-DL 1080p and 720p and 480p File size…1GB and 527MB and 238MB Format…mp4 Duration….58min Subtitle….Myanmar Subtitle (Hardsub) Translator ..... Myo Myo Htet Encoder ..... August

Action • Crime
7.4 2022 58 mins
Adam by Eve: A Live in Animation
Red Sparrow
6.5

ဒီရုပ်ရှင်ကားကမြန်မာပြည်မှာ ရုံတင်ခဲ့တုန်းက ဆင်ဆာဖြတ်တဲ့အခန်းတွေများလို့ နာမည်ကြီးခဲ့တဲ့ ရုံတင်ကားဖြစ်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ထူးခြားချက်ကတော့ ခေါင်းဆောင်မင်းသမီးဖြစ်သူ Jennifer Lawrence ဟာ အရင်တုန်းက Nude Scenes တွေပါတဲ့ကားတွေဆို လုံးဝလက်မခံခဲ့ပဲ ဒီကားကိုတော့ သူကိုယ်တိုင် ဇာတ်ညွန်းကိုကြိုက်နှစ်သက်လို့ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ပထမဆုံးပြောချင်တာကတော့ ဒီရုပ်ရှင်ကို Nudity အသားပေးရုပ်ရှင်ကားတစ်ကားလို့ မမြင်စေချင်ပါဘူး။ ဒီရုပ်ရှင်ရဲ့ နောက်ကွယ်မှာ အဲ့လိုမျိုး ကိုယ်ခန္ဓာကိုရင်းပြီး သူလျှိုလုပ်နေရတဲ့သူတွေ တကယ်ရှိတယ်ဆိုတာ သိလာအောင် ရိုက်ပြထားတဲ့ကားတစ်ကားဖြစ်တာကို သိစေချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင်တော့ ဒိုမီနီကာဆိုတဲ့ ကောင်မလေးဟာ ရုရှားကျက်သရေဆောင် ဘဲလေးကချေသည်တစ်ယောက်ဖြစ်ပြီး သူ့မိခင်နဲ့အတူ ကဇာတ်ရုံက ထောက်ပံံ့ပေးထားတဲ့တိုက်ခန်းမှာ အတူနေထိုင်ကြပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ ဖျော်ဖြေပွဲမှာ မတော်တဆမှုတစ်ခုဖြစ်ခဲ့ပြီး ဒိုမီနီကာရဲ့ ကချေသည်ဘ၀ ပျက်စီးသွားခဲ့ပါတယ်။ မိခင်ကြီးကလဲ နာမကျန်းဖြစ်လာသလို ကဇာတ်ရုံကလဲ ကချေသည်နောက်တစ်ယောက် လူစားထိုးလိုက်တဲ့အခါ ဒိုမီနီကာတစ်ယောက် ရွေးချယ်စရာမရှိတော့ပဲ သူ့ဦးလေး အကြံပေးတဲ့အတိုင်း သူလျှိုတစ်ယောက်အဖြစ် အလုပ်လုပ်ကိုင်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ်။ အမျိုးသမီးသူလျှိုတွေကို ရုရှားအစိုးရက ဘယ်လိုလေ့ကျင့်သလဲ၊ ရုရှားရဲ့နိုင်ငံရေးမူဝါဒက ဘာလဲ၊ ဘယ်လိုအမှုတွေကို စုံစမ်းထောက်လှမ်းရမလဲဆိုတာ ဆက်ပြီးကြည့်ရှုခံစားကြရမှာပါ။ ဒီဇာတ်ကားကို ဘာသာမပြန်ခင်အထိ သာမန် Spy အက်ရှင်ကားတစ်ကားလို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့် သေချာဂရုစိုက်ကြည့်တဲ့အခါ ကိုယ့်တူမကို အစိုးရသူလျှိုလောကထဲ လွှတ်ရဲတဲ့ဦးလေးတစ်ယောက်ရဲ့ လုပ်ရပ်၊ နိုင်ငံတော်ရဲ့လိုအပ်ချက်အရဆိုတဲ့ စကားတစ်ခွန်းနဲ့ အမျိုးသမီးတွေကို ပြည့်တန်ဆာသာသာဖြစ်အောင် ရက်ရက်စက်စက် လေ့ကျင့်ပေးတဲ့ အစိုးရသင်တန်းကျောင်း၊ စစ်အေးကာလမှာ အင်အားအကြီးဆုံးနဲ့ ရန်ငြိုးရန်စအများဆုံး အမေရိကန်နဲ့ ရုရှားတို့ရဲ့ သူလျှိုထောက်လှမ်းရေးအစီအစဉ်တွေအကြောင်းတွေ အများကြီး ပါဝင်သလို ရုရှားသူလျှိုတစ်ယောက်နဲ့ အမေရိကန်သူလျှိုတစ်ယောက်ရဲ့ အတွေးအမြင်မတူပုံကိုလဲ ဖော်ပြထားတာတွေ့ရပါတယ်။ ဒီဇာတ်ကားက အက်ရှင်ဝုန်းဒိုင်းကြဲ ဂျက်မ ဇာတ်ကားတစ်ကားမဟုတ်ပဲ ပညာသားပါပါလှည့်ကွက်တွေ၊ နိုင်ငံရေးလောကရဲ့ အမည်းစက်တွေ၊ သူလျှိုလောကရဲ့ ကြမ်းတမ်းခက်ထန်မှုတွေကို သေချာ ရိုက်ကူးထားတာဖြစ်ပြီး မူရင်းဝတ္ထုကို မမှီရင်တောင်မှ ဝတ္ထုကပေးချင်တဲ့ အနှစ်သာရကိုတော့ ပေးစွမ်းနိုင်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ထပ်ပြီး အသိပေးချင်တာကတော့ ဒီဇာတ်ကားဟာ ဂျနီဖာလောရင့်စ်ရဲ့ nude scene တွေပဲ လိုက်ကြည့်ရင် တော်တော်အဓိပ္ပါယ်မဲ့တဲ့ကားတစ်ကားဖြစ်မှာပါ။ သူ ဒီဘဝကိုဘယ်လိုရောက်လာတယ်၊ ဘယ်လိုနေထိုင်ရတယ်ဆိုတာတွေကို ကြည့်မှသာ ဒီရုပ်ရှင်ကြည့်ရကျိုးနပ်မှာဖြစ်ပါတယ်။ (ဘာသာပြန်တဲ့နေရာမှာ ဇာတ်ဝင်ခန်းတော်တော်များများကို Listening နဲ့ပြန်ထားရတာဖြစ်တဲ့အတွက် အမှားတစ်စုံတစ်ရာပါခဲ့ရင် ရုရှားတွေရဲ့ မပီကလာပီကလာ အင်္ဂလိပ်စကားကို သေချာမကျွမ်းဝင်သေးတဲ့ ဘာသာပြန် ကျွန်တော့်ရဲ့အမှားသာဖြစ်ပါတယ်ခင်ဗျ။) (အညွှန်းနဲ့ဘာသာပြန်ကို Arkar Phyo မှတင်ဆက်ထားတာပါ။) File size…(3 GB)/ (1.1 GB)/ (810 MB) Quality….BluRay 4K HEVC/ 1080p HEVC /720p Format…mkv/mp4 Duration….02:20:14 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by Arkar Phyo

Crime • Drama
6.5 2018 140 mins
Red Sparrow
Love Nonetheless
6.7

ဒီနှစ်ထဲမှာ ထွက်ရှိထားတဲ့ ရို့မန့်ဇာတ်လမ်းလေးတစ်ပုဒ်ကို CM ပရိတ်သတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ် ဒီဇာတ်လမ်းလေးမှာတော့ အသက်အရွယ်ကွာခြားတဲ့လူနှစ်ယောက်ရဲ့ ချစ်ခြင်းနဲ့ အချစ်ကို ဘယ်လိုအဓိပ္ပာယ်ယူဆပုံဖော်ကြလဲဆိုတာကို တင်ဆက်ပေးထားလို့ ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ROMANCE ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း တာဒါစံက စာအုပ်ဟောင်းအရောင်းဆိုင်ဖွင့်ထားသူတစ်ယောက်ဖြစ်ပါတယ် တစ်ရက်မှာတော့ တာဒါစံရဲ့ဆိုင်ကို အထက်တန်းကျောင်းသူ ကောင်မလေးတစ်ယောက် ရောက်ရှိလာခဲ့ပြီး စာအုပ်တစ်ခုကို ခိုးယူထွက်ပြေးခဲ့တယ် ဒါကို မြင်သွားတဲ့ တာဒါစံက ကောင်မလေးကို လိုက်ဖမ်းခဲ့တယ် နောက်ပြီး မိသွားတဲ့အချိန်မှာ ကောင်မလေးက ခံဝန်စာတစ်စောင်ရေးပေးခဲ့ရတယ် တကယ်တော့ ဒီကောင်မလေးက တာဒါစံကို သဘောကျနေခဲ့တာပါ သူ့ထက် အသက်ထက်ဝက်လောက်ကြီးတဲ့ လူတစ်ယောက်ကို သဘောကျနေတဲ့ ဒီကလေးမလေးကို တာဒါစံကတော့ ကလေးတစ်ယောက်အဖြစ်ပဲ သတ်မှတ်ခဲ့ပါတယ် ကောင်မလေးက ဆိုင်ကိုအမြဲလာတယ် လာတိုင်းလည်း တာဒါစံကို စာတစ်စောင်ပေးတယ် စာထဲမှာလည်း သူ့ကိုလက်ထပ်ဖို့ အမြဲပြောထားတယ် ဒါပေမယ့် စိတ်ထဲမှာ အခြားတစ်ယောက်ရှိနှင့်နေပြီးသားဖြစ်တဲ့ တာဒါစံကလည်း ကောင်မလေးကိုအမြဲတမ်းငြင်းပယ်ခဲ့တယ် နောက်ဆုံး သူတို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်သွားမလဲ ကောင်မလေးရဲ့ အချစ်ကြောင့် တာဒါစံ စိတ်ပြောင်းလဲသွားမှာလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုကြပါဦး Native Title: 愛なのに Also Known As: Ai Nanoni , Ainanoni Screenwriter: Imaizumi Rikiya Screenwriter & Director: Jojo Hideo Genres: Comedy, Romance Tags: Second Hand Bookshop, Student Country: Japan Release Date: Feb 25, 2022 Content Rating: 18+ – Teens 18 or older File Size__(1.3GB) / (600MB) Quality__1080p, 720p IMDb Rating__6.7/10 Format__mp4 Duration__01:47:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by Seung Encoded by Naing Aung Latt

Action • Adventure • Fantasy
6.7 2022
Love Nonetheless
Out of Office
4.7

Comedy Central ရဲ့ဟာသရုပ်ရှင်အသစ်လေးပါ။Eliza ဟာစိတ်လိုက်မာန်ပါလုပ်တတ်ပြီး စိတ်ထဲရှိတာကိုလွှတ်ခနဲပြောတတ်တဲ့အတွက် ဆက်ဆံရေးအဆင်မပြေလို့အလုပ်ခဏခဏအထုတ်ခံရသူပါ။Online ကနေ work from home ရတဲ့အလုပ်အသစ်ရလာတဲ့အခါမှာတော့ သူ့ရဲ့ Boss ဟာသူ့အိမ်ထောင်ရေးအဆင်မပြေတိုင်း Eliza ကိုပြဿနာရှာတတ်ပါတယ်။သူ့ဘော့စ်အိမ်ထောင်ရေးအဆင်ပြေဖို့ Eliza ကြိုးပမ်းရင် ပေါက်ကရတွေဖြစ်လာပါတာကိုကြည့်ရှုရမှာပါ။ အခုခေတ် Work from home ကြတဲ့အခါကြုံရတတ်တဲ့ ပြဿနာတွေ ရယ်စရာကို ရိုက်ပြထားပါတယ်။ နာမည်ကျော် Comedian တွေဖြစ်ကြတဲ့ Ken Jong,Milana Vayntrub, Leslie Jones တို့အစုံအလင်ပါ၀င်ထားပါတယ်။ File size…(1.4GB/(771MB)/(540MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:36:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by SP

Comedy • Drama
4.7 2022 86 mins
Out of Office
Dead in a Week Or Your Money Back
6.3

Dead in a Week Or Your Money Back (2018) ~ IMDb – 6.3/10, Rotten Tomatoes – 52% ~ အဓိက ဇာတ်ကောင်ဖြစ်တဲ့ ဝီလျံ ဆိုတာကတော့ အချိန်တိုင်း စိတ်ဓာတ်ကျနေတဲ့ ‌စာရေး၀ါသနာပါသူ ဒီပရက်ရှင်ကောင်ဆိုးလေးပါ။ စိတ်ဓာတ်ကျလွန်းလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်တာလည်း ခဏခဏပါပဲ။ လောကကြီးမှာ အသုံးမကျဘူး လို့ ကိုယ့်ကိုယ်ကိုယ် မြင်လို့ အဆုံးစီရင်ကာမှ အဆုံးစီရင်တဲ့နေရာမှာပါ အသုံးမကျလို့ ဆယ်ခါတိတိ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာတောင် မအောင်မြင်ခဲ့ပါဘူး။ ကားတိုက်မိတာတောင် တိုက်တဲ့ကားက အရေးပေါ်ကား ဖြစ်နေမိတတ်တာမျိုးပါ။ ဒီလောက်တောင် အသုံးမကျရကောင်းလားဆိုပြီး စိတ်ဆင်းရဲနေတဲ့အချိန်မှာ ရေငတ်တုန်း ရေတွင်းထဲကျတဲ့အလား ဝီလျံတစ်ယောက် လူသတ်၀န်ဆောင်မှုပေးတဲ့ လုပ်ကြံရေးသမား အဘိုးကြီး လက်စ်လေ နဲ့ တွေ့ပြီး သူ့ကို သတ်ပေးဖို့ ငှားပါတော့တယ်။ ဒီအချိန်မှာပဲ သူရေးတဲ့စာအုပ်လေးကို စိတ်၀င်စားလို့ ဆက်သွယ်လာတဲ့ စာအုပ်တိုက်ကနေ မိန်းမချောလေး အယ်လီနဲ့ ဆုံလာတဲ့အချိန်မှာ သေချင်တိုင်း သေလို့မရတဲ့ ဝီလျံရယ်၊ ပဲလှော်ကြား ဆားညပ်မယ့် အလှလေး အယ်လီရယ်၊ အလုပ်အပေါ် အရမ်းသိတတ် တာ၀န်ကျေပြီး ဝီလျံကို မရရအောင် သတ်ပေးမယ့် လုပ်ကြံရေးသမားကြီး လက်စ်လေတို့ သုံးယောက် ဘယ်လိုတွေလွဲပြီး ဘယ်လိုတွေ ခွီရမလဲ ဆိုတာ ဒီ Dark Comedy ရုပ်ရှင်‌လေးမှာ ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Chuck မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 680MB Quality – 1080p, 720p IMDb Rating – 6.3/10 Format – mp4 Duration – 1H 30Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Chuck Encoded by Y

Action • Thriller • Mystery • Crime • Horror
6.3 2018 90 mins
Dead in a Week Or Your Money Back
Martyr or Murderer
5.5

နိုင်ငံရေးအကြောင်း၊ သမိုင်းကြောင်းတွေ စိတ်ဝင်စားတဲ့ပရိတ်သတ်တွေအတွက် ၂၀၂၃ခုနှစ်မှာ ထွက်ရှိ တဲ့ ဖိလစ်ပိုင်ဇာတ်ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဖိလစ်ပိုင်နိုင်ငံရဲ့သမိုင်းမှာ နာမည်ကြီးနိုင်ငံရေးဦးဆောင် မိသားစု ၂စုဖြစ်တဲ့ အကွီနိုမိသားစုနဲ့ မားကို့စ်မိသားစုတို့ကြားက ရန်ကြွေးဟာ လူသိထင်ရှားပါပဲ။ ဒီဇာတ်လမ်းဟာ ၎င်းမိသားစုနှစ်စုရဲ့ ကျောင်းတော်ကရန်စ၊ အတိတ်နောက်ခံသမိုင်း၊ နိုင်ငံရေးမှာအားပြိုင်မှု စတာတွေကို ဖော်ကျူး ခြယ်မှုန်းထားတဲ့ စိတ်ဝင်စားစရာရုပ်ရှင်ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ်ဟာ အာဏာရှင်အဖြစ်ကျော်ကြားပြီးတော့ စစ်အုပ်ချုပ်ရေး ကာလထုတ်ပြန်ပြီး အုပ်ချုပ်ခဲ့ ချိန်တွေအပါအဝင် နှစ်ပေါင်း ၂၀ နီးနီး ဖိလစ်ပိုင်နိုင်ငံကို ကြိုးကိုင် ချယ်လှယ်ခဲ့တဲ့သူပါ။ သူအုပ်စိုးစဉ်ကာလအတွင်း၊ သူ့သမ္မတသက်တမ်းအတွင်း သူ့ရဲ့အဓိကပြိုင်ဘက်၊ အဓိက ဝေဖန်တိုက်ခိုက်ခဲ့သူ ကတော့ လွှတ်တော်အမတ် ဟောင်း၊ တာလေးဒေသအုပ်ချုပ်ရေးမှူးဟောင်း နီနွိုင်းအကွီနို ဖြစ်ပါတယ်။ ဖာဒီနန်မားကို့စ် အာဏာကနေ ပြုတ် ကျသွားတာကလည်း လေဆိပ်မှာ နီနွိုင်းအကွီနို လုပ်ကြံအသတ်ဖြတ်ခံရမှုရဲ့ နောက်ဆက်တွဲဂယက်ကြောင့် ဖြစ်ပြီး သူ့ကိုဖြုတ်ချတဲ့ ပြည်သူ့အာဏာတော်လှန်ရေးကို ဦးဆောင်သူကလည်း နီနွိုင်းအကွီနိုရဲ့ ဇနီးသည်ဖြစ်သူ၊ ၁၁ကြိမ် မြောက်သမ္မတဖြစ်လာသူ ကော်ရာဇိုအကွီနိုပါပဲ။ ဖာဒီနန်မားကို့စ်ရဲ့ဇနီးဖြစ်သူ အီမယ်လ်ဒါမားကို့စ်ဟာ တချိန်က နီနွိုင်းအကွီနိုနဲ့ ချစ်သူဖြစ်ခဲ့ပြီး မားကို့စ်နဲ့ တွေ့ဆုံပြီး သိပ်မကြာခင်မှာပဲ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ နောက်ပြီး အီမယ်လ်ဒါမားကို့စ်ဟာ ဖိနပ်အရံ (၁၀၀၀၀) တစ်သောင်းထိ ရှိတယ်လို့ ထိုစဉ်က လူသိထင်ရှားကျော်ကြားခဲ့သူပါ။ ဒီဇာတ်လမ်းဟာ ဖာဒီနန်မားကို့စ် ဇာတ်လမ်းအကြောင်း ရိုက်ကူးတဲ့ ဇာတ်ကား ၃ ကားထဲမှာ ဒုတိယ မြောက် ကားဖြစ်ပြီး (၂၀၂၂)ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Maid in Malacanang ရဲ့နောက်ဆက်တွဲဖြစ်ပါတယ်။ ပထမ ဇာတ်လမ်း နဲ့ပက်သက်ပြီး ဖိလစ်ပိုင်နိုင်ငံအတွင်းမှာ ဝေဖန်မှုများစွာနဲ့ ဂယက်ရိုက်ခဲ့သလို အခုဒီဇာတ်လမ်းနဲ့ ပက် သက်ပြီးလည်း ဝေဖန်သံတွေ သောသောညံနေဆဲပါ။ အကြောင်းကတော့ နီနွိုင်းအကွီနိုဘက်ကို အနည်းငယ်ပုတ် ခတ်ထားပြီး ဖာဒီနန်မားကို့စ်ဘက်ကို လျှော့ပေါ့ထားတဲ့အကြောင်းအရာတွေများပြားနေလို့ပါ။ လက်ရှိသမ္မတ ဖြစ်သူက ဖာဒီနန်မားကို့စ်ရဲ့သားဖြစ်သူ ဖြစ်နေတဲ့အကြောင်းကြောင့်ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်မှာ အဓိကကျတဲ့နေရာမှာပါဝင်ခဲ့တဲ့ မိသားစု ၂စုရဲ့ အတွင်းရေးအချို့ကို လှစ်ဟပြထားတဲ့အတွက် ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းဖြစ်စဉ်နဲ့ချိန်ထိုးပြီး ခံစားနိုင်မယ့် ဇာတ်ကားကောင်းတစ်ခုဆိုတာကို ညွှန်းဆိုပါရစေ။ File size…1.54GB / 680MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 43m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ko Myo

5.5 2023
Martyr or Murderer
Despicable Me 2
7.3

Despicable Me 2 (2013) Genre – Animation, Adventure, Comedy IMDB – 7.3/10 ပထမကားထွက်ပြီး ဝက်ဝက်ကွဲအောင်မြင်ခဲ့တော့ Sequel ထွက်ခဲ့ရာမှာလည်း ဇာတ်လမ်းဇာတ်ရှိန်ကောင်းပြီး Minion တွေရဲ့ ပေါက်ကရလေးတွေကြောင့် ထပ်မံအောင်ပွဲခံခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဒီကားမှာတော့ Gru ကြီးတစ်ယောက် ဒူးမနာသမီးလေး ၃ ယောက်နဲ့အတူတူ မိသားစုလေးအဖြစ် အေးအေးချမ်းချမ်း နေနေပါပြီ။ ဒါပေမဲ့တစ်ရက်မှာတော့ သူ့ကို ဗီလိန်-တန်ပြန်တိုက်ဖျက်ရေးအဖွဲ့က ပြန်ပေးဆွဲသွားပါတယ်။ ဘာကြောင့်လဲဆိုတော့ ကမ္ဘာ့အဆင့်ရှိတဲ့ ဗီလိန်တစ်ယောက် သောင်းကျန်းနေပြီး ဒီလို ဗီလိန်ကို ချေမှုန်းဖို့ ဗီလိန်တစ်ယောက်ရဲ့ အမြင်တွေ အာရုံတွေ လိုအပ်တယ်ဆိုပြီး Gru ကို အကူအညီတောင်းတဲ့အခါမှာတော့ အဖွဲ့အစည်းအေးဂျင့်ဖြစ်သူ Lucy နဲ့အတူတူ စွန့်စားခန်းတွေ ထွက်ရပါတော့တယ်။ ဒီကားထဲမှာတော့ ဇာတ်ကောင်သစ် Lucy ပါဝင်လာပြီး သူ့နေရာကိုတော့ မင်းသမီး Kristen Wiig က အသံသရုပ်ဆောင်ပေးထားတာပဲ ဖြစ်ပါတယ်။ Rating ကလည်း ပထမကားနဲ့ သိပ်မကွာတာကြောင့် ကြည့်ကောင်းနေမှာတော့ အမှန်ပါပဲ။ File size… 5 GB / 2.1 GB / 1.1 GB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant

Thriller • Action • Romance
7.3 2013
Despicable Me 2
Notorious
7

Notorious (1946) IMDB : 7.9 Rotten Tomatoes :96% Genre : Thriller / Noir ========================== “Perfection” မှာ အဓိပ္ပာယ်ရှိခဲ့ရင် မင်းသား Gary Grant မင်းသမီး Ingrid Bergman ဒါရိုက်တာ Alfred Hitchcock ရိုက်ပြီး လူပေါင်း ၁၁ သိန်းကျော် Voting နဲ့ IMDB 7.9 ထိရထားတဲ့ Notorious ကိုပြရပါမယ်။ Alfred Hitchcock နဲ့ မင်းသား Gary Grant တွဲလိုက်ရင် အဲဒီရုပ်ရှင်က ကောင်းသလောက်ဖြစ်နေပြီ။ ဒါကိုမှ Casablanca ထဲက မင်းသမီးချော Ingrid Bergman ပါထပ်ပေါင်းလိုက်တော့ လုံးဝကွက်တိပေါ့ဗျာ။ ဒီရုပ်ရှင်မျိုးကိုကြည့်ပြီးရင် Rating ထိပ်ဆုံးပိုင်းမှာ ဘာလို့ Classic ကားတွေကြီးစိုးနေလဲဆိုတာ သဘောပေါက်လာလောက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ နာဇီတွေကို စုံစမ်းဖို့ အမေရိကန် အစိုးရအေးဂျင့် ဒက်ဗလင်က နိုင်ငံသစ္စာဖောက်တစ်ယောက်ရဲ့ သမီးဖြစ်သူ အလစ်ရှာကို သူလျှိုအဖြစ် လုပ်ပေးဖို့ ခေါ်ယူလိုက်တယ်။ မြင်မြင်ချင်းပဲ ချစ်မိတယ်ဆိုသလို တစ်ယောက်နဲ့တစ်ယောက် ချစ်သွားကြတဲ့အချိန်မှာမှ ဘရာဇီးမှာ ပုန်းနေကြတဲ့ နာဇီတွေကို ထောက်လှမ်းဖို့ အလစ်ရှာကို လွှတ်တဲ့အခါ သူတို့ကြားက အချစ်ရေးတွေ ဘယ်လို ကမောက်ကမဖြစ်ကုန်သလဲ။ အလစ်ရှာကရော သူလျှို့လုပ်ရင်း အကောင်ကြီးကြီးတစ်ယောက်ရဲ့ ဇနီးအဖြစ် ခံယူလိုက်ရချိန်မှာ ဘယ်လို ရှေ့ဆက်ကြမလဲဆိုတာ ကြည့်ရှုရမှာ ဖြစ်ပါတယ်။ File size… 4 GB / 2.5 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 42m Genre ….. Mystery/Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by EL’Moh

Drama
7 1946 103 mins
Notorious
War of the Worlds
5.5

War of the Worlds (2025) ဒါရိုက်တာ ရစ်ချ် လီ (Rich Lee) ရိုက်ကူးထားပြီး နာမည်ကျော်ရက်ပါဖြစ်တဲ့ ice cube ၊ Diary of a wimpy kid မှာ ပါဝင်တဲ့ ဒက်ဗွန် ဘော့စ်တစ် (Devon Bostick) နဲ့ တခြား သရုပ်ဆောင်များစွာ ပါဝင် သရုပ်ဆောင်ထားတဲ့ သည်းထိတ်ဖို သိပ္ပံ စိတ်ကူးယဥ် ဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ဝီလ် ရက်ဖို့ဒ် (Will Radford) က Homeland Security (ပြည်တွင်းလုံခြုံရေးဌာန) မှ ထိပ်တန်း ဆိုက်ဘာလုံခြုံရေး သုတေသီတစ်ဦး ဖြစ်ပြီး သူ့အလုပ်ကတော့ စောင့်ကြည့်လေ့လာရေး အစီအစဉ် “Goliath” (ဂိုလိုင်းယတ်) မှတစ်ဆင့် နိုင်ငံတော်လုံခြုံရေးအတွက် ဖြစ်နိုင်ခြေရှိတဲ့ ခြိမ်းခြောက်မှုတွေကို ခြေရာခံဖို့ပါ။ ဝီလ်သည် ဇနီးသည် ကွယ်လွန်ပြီးနောက် အလုပ်မှာသာအာရုံစိုက်ပြီး သူ့သားသမီးတွေဖြစ်တဲ့ ဒေ့ဗ် ( အစိုးရ စောင့်ကြည့်ရေးအလုပ်ကို ဆန့်ကျင်တဲ့ ပရိုဂရမ်မာ) နဲ့ ဖေ့ချ်( ဇီဝသုတေသီ) တို့နဲ့ ဝေးကွာနေတာပါ။ ရုတ်တရက် ထူးဆန်းတဲ့ရာသီဥတုတွေဖြစ်လာပြီး NASA သိပ္ပံပညာရှင် ဒေါက်တာ စန်ဒရာ ဆာလတ် က ဒါတွေဟာ ဂြိုလ်သားကျူးကျော်စစ် အရိပ်ယောင်ဖြစ်ကြောင်း ပြောပေမယ့် ဝီလ်က ဂရုမစိုက်မိရာမှ မကြာမီကမ္ဘာတစ်ဝှမ်းရှိ မြို့ကြီးများသို့ ထူးဆန်းတဲ့ ဂြိုလ်သားစက်များက ကျူးကျော်စတင်တော့သည်။ ဒီဂြိုလ်သားတွေဟာ သတင်းအချက်အလက် (data) ကို စားသုံးကြသည့် သတ္တဝါတွေဖြစ်ပြီး၊ သူတို့ရဲ့ ပစ်မှတ်က ကမ္ဘာပေါ်ရှိ ဒေတာစင်တာတွေပါ။ Homeland Security ဒါရိုက်တာ ဒေါ်နယ် ဘရစ်ဂ်စ်ကလည်း “Goliath” အစီအစဉ်ကို ဖုံးကွယ်ရန် ကြိုးပမ်းနေပြီး သူတို့ဟာ ဂြိုလ်သားများနှင့် အဆက်အသွယ်ရှိပြီး ဂြိုလ်သားတွေကို ဘမ္ဘာမြေကို ရောက်လာဖို့ ဆွဲဆောင်မိကြောင်းပေါ်ပါက်လာပါတယ်။ ဂြိုလ်သားတိုက်ခိုက်မှုကြောင့် ကမ္ဘာတစ်ခုလုံးဟာရှုပ်ထွေးကုန်ပါတော့တယ်။ ဂြိုလ်သား တွေဟာ ကွန်ပြူတာလိုစက်တွေဖြစ်ပေမယ့် သူတို့ထဲကို ကွန်ပြူတာဗိုင်းရပ်စ် ထည့်လဲ မပျက်စီးသွားပါဘူး။ အဲ့ဒီနောက်မှ ဒီဂြိုလ်သားတွေဟာ သူတို့ရဲ့ DNA တွေကို ပရိုဂရမ်နဲ့ရေးဆွဲထားတဲ့ ဇီဝနဲ့ဆိုက်ဘာ မျိုးစပ် သက်ရှိတွေဆိုတာ သိလိုက်ရပြီး သူတို့ကို သ-တ်နိုင်မယ့်နည်းကတော့ ဘယ်လို ဖြစ်မလဲ ဘာအခက်အခဲရော ကြုံတွေပြီး ဘယ်လို ဖြေရှင်းမလဲဆိုတာ ဆက်လက်ကြည့်ရှုခံစားလိုက်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Htet Naing Lin ဖြစ်ပါတယ်။) File size… (2.1 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Adventure, Drama, Horror, Sci-Fi, Thriller Duration…. 01:31:17 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Htet Naing Lin

Crime • Drama
5.5 2025 91 mins
War of the Worlds