YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

[CM]Mad.God.2022.720p.WEB-DL.mp4

921.64 MB N/A video/mp4 5546 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Dinner with Andre
7.5

~ IMDb - 7.7/10, Rotten Tomatoes - 92% ~ ဒီဇာတ်ကားအကြောင်းပြောမယ်ဆိုရင် ပါတဲ့လူ ၂ ယောက်အကြောင်းက စပြောရပါလိမ့်မယ်။ အမေရိကန် ပြဇာတ်ရေးဆရာ Wallace Shawn နဲ့ ပြင်သစ်-အမေရိကန် ပြဇာတ်ဒါရိုက်တာ Andre Gregory တို့ပေါ့။ ဇာတ်လမ်းထဲမှာလည်း သူတို့နာမည်ရင်းပဲသုံးထားတယ်။ ဒီဇာတ်ကားရိုက်ဖြစ်မယ့်အချိန်တုန်းက Andre ဟာ နှစ်နဲ့ချီခရီးတွေထွက်နေခဲ့လို့ အနုပညာကိစ္စတွေနဲ့ဝေးနေတဲ့အချိန်... အဲဒီမှာသူ့လုပ်ဖော်ကိုင်ဖက်ဟောင်း Wallace Shawn ကိုဆက်သွယ်ပြီး အနုပညာနဲ့ပတ်သက်တဲ့တစ်ခုခုလုပ်ကြဖို့ ပြောခဲ့တယ် (အဲဒီလိုဆက်သွယ်လာတာကို ရုပ်ရှင်ထဲမှာတော့ ညစာစားဖို့ဆက်သွယ်လာခဲ့ကြောင်း ထည့်ရိုက်ထားတယ်) Wallace ကလည်း လက်ခံလိုက်ပေမယ့် ဘာလုပ်ရမှန်းသိခဲ့တာမဟုတ်ဘူး။ သူတစ်ခုသိတာက Andre အနေနဲ့ သူတို့ချင်းမတွေ့ရတဲ့အတောအတွင်းက ဇာတ်ကြောင်းတွေပြန်ပြောပြချင်မယ်ဆိုတာပဲ။ အဲဒါကို တည်ပြီး မိတ်ဆွေနှစ်ယောက် ညစာစားရင်း စကားပြောကြတဲ့ပုံစံမျိုးနဲ့ ရုပ်ရှင်ရိုက်တယ်။ သူတို့နှစ်ယောက်ပဲ ဇာတ်ညွှန်းရေးတယ်။ ဒါရိုက်တာက Louis Malle... 1950 ‌ဝန်းကျင် ပြင်သစ်ရုပ်ရှင်လောက‌အကြောင်းပြောရင် မပြောမဖြစ်ထည့်ပြောရမယ့်၊ ဗင်းနစ်ရုပ်ရှင်ပွဲတော်ရဲ့ ရွှေခြင်္သေ့ဆုကို နှစ်ကြိမ်ရထားတဲ့ ဒါရိုက်တာတစ်ယောက်။ ရိုက်ပုံရိုက်ကွက်တွေက ‌Reality ဆန်တယ်၊ တချိန်တည်းမှာပဲ အနုပညာမြောက်တယ်။ ဒီရုပ်ရှင်က အခုအချိန်ထိ ရုပ်ရှင်လောကမှာလွှမ်းမိုးမှုကြီးနေသေးတာကလည်း သူရိုက်ကူးခဲ့တာကြောင့် တစ်စိတ်တစ်ပိုင်းပါပါလိမ့်မယ်။ ဇာတ်လမ်းအကြောင်းအရာအရဆိုရင် ဒီဇာတ်ကားက ရိုးလည်းရိုး ဆန်းလည်းဆန်း လန်းလည်းလန်း လို့ပြောလို့ရတယ်။ ဇာတ်လမ်းအစမှာတော့ ကိုယ့်ဘဝကိုယ်မကျေမနပ်ဖြစ်နေပြီး ပုံစံခွက်တစ်ခုထဲ ပိတ်မိနေတဲ့ ဝေါလေ့စ် တစ်ယောက် ညစာစားဖို့ အန်ဒရေ ဆီ သွားရာကစထားတယ်။ လမ်းမှာလည်းသူ့ဘဝသူ ငြီးတွားရင်းပေါ့။ စားသောက်ဆိုင်ကို အန်ဒရေရောက်လာတော့ အန်ဒရေက သူပျောက်နေတဲ့အတောအတွင်းအဖြစ်အပျက်တွေကို ရေပက်မဝင်ပြောတော့တာပဲ။ သူ ပိုလန်က တောထဲရောက်သွားပြီး စိတ်လိုလက်ရ စိတ်ထဲရှိတဲ့အတိုင်းလုပ်ခဲ့တဲ့အကြောင်းတွေ... ဆာဟာရထဲသွားပြီး ဘုန်းကြီးတစ်ပါးနဲ့ ပြဇာတ်ရိုက်ဖို့လုပ်ခဲ့ပုံတွေ... စကော့တလန်က ဖင်းန်ဟွန်းဆိုတဲ့အဖွဲ့ဆီသွားခဲ့ပုံတွေ... ဟောလိုးဝင်းမှာအရှင်လတ်လတ် မြေမြုပ်ခံခဲ့ပုံတွေပေါ့။ အဲဒီနေရာတွေကို အန်ဒရေ သွားခဲ့ရတာကလည်း သူ့အနေနဲ့ သူနေထိုင်နေရတဲ့ဘောင်လေးထဲကနေရုန်းထွက်ပြီး တကယ့် လူစစ်စစ်ဖြစ်ဖို့၊ လူလူချင်းအမှန်တကယ်ဆက်နွယ်မိဖို့နဲ့ ပကတိတရားနဲ့ ထိတွေ့ဖို့ အတွက်ဆိုပြီး အကြောင်းပြချက်ပေးတယ်။ လူစစ်စစ်ဖြစ်ဖို့ဘာတွေလိုလဲ... လူတွေဟာ အခုလို စက်ရုပ်ကြီးအတိုင်း ကိုယ်လုပ်နေကျကိစ္စတွေကို လုပ်‌ရင်းပဲ သေဆုံးသွားရမှာလား... ပကတိတရား သဘာဝတရားကြီးနဲ့ထိတွေ့မှုရှိမှ လူစစ်စစ်ဖြစ်နိုင်မယ့်အကြောင်းကိုပြောတယ်။ ဝေါလေ့စ်ကတော့ သူ့အမြင်တွေကို သိပ်သဘောမတူဘူး။ လူတိုင်းဟာ ပကတိတရားနဲ့ထိတွေ့ဖို့ အဲဒီလောက်မလုပ်နိုင်ဘူးလို့သူယုံတယ်။ သူ့အမြင်တွေကို သူ လျှပ်စစ်စောင်လေးကိုကြိုက်ပုံ၊ ကော်ဖီအသင့်ဖြစ်နေတာလေးကို ကျေနပ်ပုံတွေနဲ့ ပြန်ရှင်းပြတယ်။ အဲဒီလို သူတို့ရဲ့ရှုထောင့်ကိုယ်စီကနေ အဲဒီခေတ်နဲ့ အခုခေတ်လူတွေကြုံတွေ့နေရတဲ့ လစ်ဟာမှုကို အဓိပ္ပာယ်ဖွင့် ဖြေရှင်းချက်ထုတ်ဖို့ကြိုးစားကြတာပေါ့။ စကားလေးတွေ‌ပဲပြောပေမဲ့ ကြည့်နေတဲ့သူက ပုံရိပ်တွေတစ်ကွက်ပြီးတစ်ကွက် ကြည့်နေရသလိုခံစားရတယ်။ လူလူချင်း လက်တွေ့ဆက်နွယ်‌မှုပျောက်နေတဲ့အကြောင်း၊ လူတိုင်းဟာ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာထဲ နေထိုင်နေတဲ့အကြောင်းတွေ ပြောတဲ့အခါ ကိုယ့်အဖြစ်တွေနဲ့ပါ တိုက်ဆိုင်ဆက်စပ်ကြည့်ရင်း ကိုယ့်ရဲ့လောကအပေါ် ရှုမြင်ပုံတွေပါ တစ်မျိုးလေးပြောင်းသွားနိုင်မယ်လို့ယုံပါတယ်။ ဒီထဲမှာ မင်းသားချောချောလေးမပါဘူး။ မင်းသမီးချောချောလေးလည်းမပါဘူး။ ဗီလိန်ကြီးလည်း မပါသလို စားပွဲထိုးတစ်ယောက်ကလွဲလို့ တခြား ဇာတ်ပို့ဇာတ်ရံတွေလည်းမပါဘူး။ ပျင်းစရာကြီးနေမှာပေါ့ လို့ထင်နေပြီဆိုရင်တော့ "သားကြီးမင်းမှားမယ်နော်" လို့ပဲ ပြောချင်ပါတယ်။ ဒီဇာတ်ကားက ကြည့်‌နေရင်း ဪ ဒီလိုပါလားလို့ ဒဲ့ဒိုးသိလာတာမဟုတ်ဘဲ ကိုယ့်စိတ်ထဲကနေ တစ်ခုခုကို နားလည်လာသလို ခံစားချက်မျိုးပေးနိုင်တဲ့ကားမျိုး။ အနုပညာဆိုတာ ဒါပါပဲ... ရုပ်ရှင်တစ်ကားလုံး စကားလေးပြောရင်း ကားချပ်တစ်ခုကိုခြယ်သွားတယ်၊ မယ်လိုဒီ တစ်ပုဒ်ကို စပ်သွားတယ်၊ ပေလိပ်တစ်ခုကိုလှစ်သွားတယ်၊ ပုခုံးပေါ်ကဝန်ထုပ်တွေကို ဘယ်လိုပစ်ချရမလဲ အရိပ်အမြွက်လေးပြသွားတယ်၊ ဖြစ်တည်မှုကို မေးခွန်းထုတ်သွားတယ်၊ မမြဲခြင်းတရားကို မမေ့ဖို့သတိပေးသွားတယ်။ ဒီလိုရသပေါင်းစုံကို ဖန်သားပြင်က ကြည့်နေတဲ့လူတစ်ယောက်ရဲ့ မသိစိတ်ထဲနစ်ဝင်အောင်ရိုက်ပြသွားနိုင်တာကတော့ ဒီရုပ်ရှင်ရဲ့ လေးစားစရာတစ်ခုပဲဖြစ်ပါတယ်။ ရုပ်ရှင်မကောင်းလို့ စွတ်ညွှန်းတာမဟုတ်ပါဘူး။ ကျွန်တော်တောင်နောက်ကျမှကြည့်မိရလေခြင်းလို့ နည်းနည်းတောင်ရင်နာမိပါသေးတယ်။ ဒီရုပ်ရှင်ကောင်းလွန်းလို့ ကြည့်သင့်တဲ့ကားတစ်ကားကို မကြည့်လိုက်ရလေခြင်းဆိုပြီး နောင်တမရစေချင်ရုံပါ။ အချိန်ကလည်း ၂ နာရီမပြည့်ဘူးဆိုတော့ ၂နာရီမပြည့်တဲ့အချိန်အတွင်း ကိုယ့်ဘဝကိုယ် မေးခွန်းထုတ်ကြည့်လိုက်ကြပါစို့ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 950MB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 1H 50Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Comedy
7.5 1981 110 mins
My Dinner with Andre
The Passenger

ခရီးသည်တွေ တင်လာတဲ့ ဗန်ကား တစ်စီးဟာ တောင်တက်လမ်းတစ်ခုမှာတော့ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ကို တိုက်မိသွားခဲ့ပါတယ်။ ညကြီးမိုးချုပ် ဖြစ်တဲ့အပြင် လမ်းပေါ်မှာလည်း ဘယ်သူမှ မရှိ၊ ဘယ်ကိုမှလည်း ဆက်သွယ်လို့မရတာကြောင့် သူတို့ကားပေါ်တင်လာပြီး အနီးစပ်ဆုံး ဆေးရုံကို ပို့ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ပြဿနာကတော့ အဲ့ဒီမှာ စတော့တာပါပဲ။ ခရီးသည်တွေလည်း သူတို့ ကူညီဖို့ဆုံးဖြတ်ခဲ့တာဟာ တစ်ခုခု လွဲမှားသွားပြီဆိုတာသိလိုက်ပေမဲ့ သူတို့ရဲ့ ဆုံးဖြတ်ချက်ကိုတော့ ပြန်ပြင်လို့မရတော့ပါဘူး။ သူတို့ ကားပေါ်တင်လာခဲ့တဲ့ အမျိုးသမီးက ဘယ်လိုလူမျိုးလဲ? အဲ့ဒီအမျိုးသမီးနဲ့ သူတို့တွေ ဘယ်လိုရှေ့ဆက်ကြမလဲ? ကားပေါ်ပါလာတဲ့ ခရီးသည်တွေကော ဘယ်လိုပြဿနာတွေနဲ့ ကြုံတွေ့ရမလဲ? ဆိုတာကိုတော့ သည်းထိတ်ရင်ဖို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.4GB, 541MB, 253MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 30mins Genre : Horror Translated by Poant Encoded by Kinnov

Adventure • Animation • Family • Science Fiction
0 2020 18 mins
The Passenger
Radhe Shyam
5.2

အိန္ဒိယမဟုတ်ဘဲ ဥရောပမှာ ဇာတ်အိမ်တည်ထားတဲ့ Indian romance ကားသစ်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းကို မမိတ်ဆက်ခင်မှာ အရင်မိတ်ဆက်ပေးချင်တာကတော့ အဓိကဇာတ်‌ဆောင်အဖြစ် ပါဝင်သွားမယ့် မင်းသား Prabhasဖြစ်တဲ့အပြင် Quality ပိုင်းမှာလဲ ခိုးရိုက်ဗားရှင်းမဟုတ်ပဲ WEB DLဗားရှင်းအကြည်ကို တင်ဆက်ပေးထားပါတယ်... Prabhas ကတော့ တခြားသူမဟုတ်ပါဘူး။ ၂၀၁၅ ခုနှစ်လောက်က တီဗီမှာ ပါးစပ်အဟောင်းသားကြည့်ခဲ့ရတဲ့၊ setting အလန်းစားတွေနဲ့ရိုက်ကူးထားတဲ့ Baahubali ကားထဲက မင်းသားပါပဲ။ Baahubali ကားထဲမှာ ဗလကောင်းကောင်း အရပ်မြင့်မြင့်နဲ့ ဟိတ်ဟန်အပြည့်ရှိခဲ့သလိုမျိုး ဒီကားထဲမှာလည်း မတူထူးခြားတဲ့ဟန်ပန်နဲ့ ခပ်မိုက်မိုက် ခပ်လန်းလန်း ထပ်မံတွေ့ရှိရဦးမှာ ဖြစ်ပါတယ်။ ခုလို ပွင့်လင်းမြင်သာတိုးတက်နေတဲ့ခေတ်ကြီးမှာ လူတွေက prediction အစား facts တွေကိုပဲ ပိုပြီးယုံကြည်လက်ခံလာကြပါတယ်။ ဒါပေမဲ့ ဗေဒင်လက္ခဏာတွေကို ယုံကြည်ကိုးစားသူကလည်း အများအပြား ရှိတုန်းပါပဲ။ "အချစ်နဲ့ ကံကြမ္မာ အားပြိုင်မှု".... လူနှစ်ယောက်က ရေစက်ပါလို့ တွေ့ဆုံကြတဲ့အခါ အချစ်တစ်ခု ဖြစ်တည်လာပါတယ်။ တကယ်လို့ အဲဒီလူနှစ်ယောက်ဟာ တွေ့ဆုံပြီး ချစ်မိခဲ့ကြပေမဲ့ ရေစက်မပါလာခဲ့ဘူးဆိုရင်ရော..... လက်တွေ့ကျတဲ့ အချက်အလက်တွေကိုပဲ ယုံကြည်ပြီး သက်သေပြနိုင်မှ လက်ခံတဲ့ ဆရာဝန်မလေး Prerana.... "ဗေဒင်လက္ခဏာလောကရဲ့ အိုင်းစတိုင်း" အဖြစ် ကျော်ကြားပြီး ဟောသမျှ မလွဲဖူးတဲ့ လက္ခဏာဖတ်ဗေဒင်ဆရာ Aditaya တို့ ..... ကပွဲတစ်ခုမှာ မမျှော်လင့်ဘဲ တွေ့ဆုံပြီး Aditaya တစ်ယောက် Prerana ကို ချစ်ခင်စုံမက်လာပါတယ်။ ယုံကြည်ချက်က ပြဒါးတစ်လမ်း သံတစ်လမ်းဖြစ်နေတဲ့အပြင် ဆရာဝန်မလေး Prerana က ရှားပါးပြီး ကုသဖို့ နည်းလမ်းမရှိသေးတဲ့ အကျိတ်ရောဂါတစ်မျိုး ဖြစ်နေပြန်ပါတယ်။ အသက်ရှင်ဖို့ လပိုင်းသာကျန်တော့တဲ့ Prerana နဲ့ လက္ခဏာမှာ အချစ်ရေးလမ်းကြောင်း လုံးဝမပါတဲ့ Aditaya တို့ အချစ်ရေးက ဘယ်လိုဆက်ဖြစ်ကြမလဲ။ အတူတကွ ရှေ့ဆက်နိုင်မလားဆိုတာ‌ကို ရသမျိုးစုံနဲ့ ကြည့်ရှုခံစားရမှာပါ။ IMDb 6.9/10 ရရှိထားပြီးတော့ soundtracks တွေကိုတော့ Telugu နဲ့ Hindi ဗားရှင်းနှစ်မျိုးနဲ့ ဖန်တီးထားတာဖြစ်ပါတယ်။ လက္ခဏာဆရာ Aditaya ရဲ့ character ကိုတော့ ဥရောပနာမည်ကြီး လက္ခဏာဆရာ Cheiro ကို inspire ယူထားတာပါ။ ဇာတ်လမ်းလေးက ကောင်းတဲ့အပြင်ကို မင်းသမီးကလည်း အတော်ချောတော့ ကြည့်ကိုကြည့်ရှုသင့်တဲ့ကားကောင်းလေးပါလို့ တိုက်တွန်းလိုက်ပါ‌ရစေ။ File size…1.2GB / 2.65GB / 5.8GB Quality…720p WEB DL / 1080p WEB Dl AAC 5.1CH  Format…mp4 Duration….2h 18min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Myo Myo Htet & Poe & Go-O & Jerrica

Crime • Drama • Thriller
5.2 2022 138 mins
Radhe Shyam
For Richer or Poorer
5.9

ဒီဇင်ဘာအားလပ်ရက်တွေရောက်ပြီဆိုတော့ အားလုံးစိတ်အပန်းပြေစေဖို့ Comedy movie လေးတစ်ပုဒ် ဘာသာပြန်တင်ဆက်ပေးထားပါတယ်။ ဘရက်ဒ်နဲ့ ကယ်ရိုလိုင်းဟာ လူတိုင်းအားကျရတဲ့ နယူးယော့ခ်အထက်တန်းလွှာက ဇနီးမောင်နှံနှစ်ယောက်ပေါ့။ ဒါပေမဲ့ လူတွေမသိတဲ့ကန့်လန့်ကာနောက်မှာ သူတို့ဟာ အိမ်ထောင်ရေးပြဿနာတွေ၊ ငွေရေးကြေးရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပြီး သူတို့ပတ်ဝန်းကျင်ကအရာရာတိုင်းကလည်း ဟန်ဆောင်မှုတွေနဲ့ချည်း ပြည့်နှက်နေခဲ့တာပါ။ ဒီလိုနဲ့ ထင်မှတ်မထားတဲ့ပြဿနာတချို့ကြောင့် သူတို့လင်မယားဟာ သူတို့တကယ်မကျူးလွန်ခဲ့တဲ့ အခွန်ရှောင်မှုဆိုတဲ့ခေါင်းစဉ်အောက်မှာ ဝရမ်းပြေးတွေဖြစ်သွားခဲ့ပြီး ပြည်နယ်အစွန်အဖျားက အာမစ်ရှ်အဖွဲ့အစည်းလေးတစ်ခုထဲမှာ ကိုယ်ယောင်ဖျောက်နေခဲ့ကြပါတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေကိုပဲ မက်မောစရာအဖြစ် တစ်သက်လုံးသက်မှတ်လာကြတဲ့သူတို့အတွက် ဆင်းရဲတဲ့ဒီအဖွဲ့အစည်းလေးက ငရဲလို့ထင်စရာ‌ဖြစ်ပေမဲ့ ရိုးသားမှု၊ စစ်မှန်မှုတွေကို ရှာဖွေတွေ့ရှိသွားတဲ့အခါမှာတော့ သူတို့အတွက်ဘဝဟာ ပိုပြီးအဓိပ္ပါယ်ရှိလာခဲ့ပါတယ်။ ဇာတ်ကားက ဘာမှစိတ်ညစ်စရာ အလေးကြီးတွေမပါဘဲ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရမဲ့ကားလေးမို့ စိတ်တွေရှုပ်နေတယ် စိတ်အပန်းပြေချင်တယ်ဆိုရင်တော့ ဒီဇာတ်ကားလေးကြည့်ရင်းအနားယူဖို့ အကြံပေးပါရစေနော်။ File size…(1.58GB)  / (1.09GB) / 375.41MB Quality…. Web/1080p / 720p / 480p Format…mp4 Duration….01:23:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Action • Drama
5.9 1997 115 mins
For Richer or Poorer
Truth or Dare
6

သည်းထိတ်ရင်ဖိုကားတွေကို ကြိုက်နှစ်သက်သူတွေအတွက် ၂၀၁၈ ဧပြီ လထဲထွက်ထားတဲ့ Truth or Dare ? ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ် မြန်မာနိုင်ငံက ကလေးတွေကစားကြတဲ့ တူတူပုန်းတမ်းလို အနောက်တိုင်းကကလေးတွေ ကစားလေ့ရှိတဲ့ ကစားနည်းတစ်မျိုးကို Truth or Dare ? လို့ခေါ်ပါသတဲ့… တစ်ယောက်က Truth or Dare ? လို့မေးလိုက်ရင်အမေးခံရတဲ့ တစ်ယောက်က Truth ကိုရွေးလိုက်မယ်ဆိုရင် သူဟာ မေးတဲ့မေးခွန်းတစ်ခုကို အမှန်အတိုင်း ဖြေရပါသတဲ့…. Dare ကိုရွေးလိုက်မယ်ဆိုရင်တော့ မေးတဲ့သူစိန်ခေါ်တာ(ခိုင်းတာ)ကို မငြင်းဆန်ဘဲ လုပ်ရတဲ့ ဂိမ်းပါ ဒီပုံစံနဲ့ အလှည့်ကျဆော့ကြတာပေါ့.. ဒီဇာတ်လမ်းထဲမှာ ကျောင်းပြီးတော့မယ့် ကောလိပ်ကျောင်းသားသူငယ်ချင်းတစ်စုဟာ သူတို့ရဲ့နောက်ဆုံး နွေရာသီကျောင်းပိတ်ရက်ကို မက္ကဆီကိုနိုင်ငံမှာ အချိန်ဖြုန်းရင်း ကုန်လွန်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်…. မက္ကဆီကိုရောက်တော့ သူတို့ဟာ လူငယ်တွေပီပီ ကမ်းခြေတွေ ဘားတွေမှာ သောက်စားပျော်ပါးကြရင်း တစ်ညရောက်တော့ ဘားတစ်ခုမှာ သူတို့လိုပဲ လူစိမ်းလူငယ်တစ်ယောက်နဲ့သိကျွမ်းခဲ့ရာက အဲ့ဒီညမှာပဲ ကိုလူစိမ်းရွေးချယ်မှုအရ ဘုရားကျောင်းပျက်ကြီးထဲမှာ သောက်စားကြရင်း ခုနပြောခဲ့တဲ့ Truth or Dare? ဆိုတဲ့ကစားနည်းလေးဆိုဆော့မိကြတဲ့နောက်မှာတော့ ထူးဆန်းတဲ့အဖြစ်အပျက်တွေဟာ သူတို့အိမ်ပြန်တဲ့အထိ နောက်ကလိုက်လာခဲ့ပါတော့တယ်…။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုဇွဲခန့်သွင်ပါ) File Size : (900 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1hr 40min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Source : 720p.BluRay.x264-GECKOS Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Comedy • Drama
6 2018 101 mins
Truth or Dare
Midsommar
7.2

ဒါကတော့စောင့်ကြည့်သူများပြားပြီး ထွက်ထားတာမကြာသေးတဲ့ rating ကောင်းတွေနင်းကန်ရထားတဲ့ Drama/Thrillerကားတစ်ကားပါ မနှစ်က Hereditaryနဲ့ပွဲ ထွက်ပြီး အကောင်း'နဲ့ ဝေဖန်မှုတွေရခဲ့တဲ့ ဒါရိုကတာာ Ari Asterရဲ့ ဒုတိယမြောက်ကားပါ မိသားစုကိစ္စကြောင့် စိတ်အားငယ်နေတဲ့ ဒန္နီဆိုတဲ့ကောင်မလေးတစ်ယောက်ရယ် သူ့ကိုအာရုံနောက်နေပြီး ဆက်ဆံရေး သိပ်အဆင်မပြေတဲ့ သူ့ရည်းစားခရစ်ရွန်ရယ်၊ စာတမ်စာတမ်းပြုစုဖို့အားသန်နေတဲ့ သာသာယာယာနေတတ်တဲ့ ကောလိပ်ကျောင်းသားတွေ သူတို့သူငယ်ချင်း ရဲ့အိမ်ကို နွေရာသီ မှာ လိုက်လည်ကြပါတော့တယ် ပလ္လင်ရဲ့အိမ်ပေမယ့် ဆွီဒင်နိုင်ငံရဲ့ ဝေးလန်တဲ့နေရာမှာရှိပြီး ကိုယ့်ယဉ်ကျေးမှု ကိုယ့်ယုံကြည်မှု နဲ့သီးခြားရှိနေတဲ့ အုပ်စုတစ်ခုဖြစ်နေပြီး ထူးဆန်းတဲ့ပွဲတော် ကို ကိုးရက်ကြာ ကျင်းပတဲ့နေရာတစ်ခုပါ အစကတော့သူတို့တွေအဲ့ပွဲတော်ကို ဆင်နွှဲ ဖ်ု့သွားကြပေမယ့် နေရာတိုင်းမှာထူးးဆန်းပြီး ခြောက်ခြားစရာတွေကြုံလာရပါတယ် လှပမှုတွေ မသတီစရာတွေနဲ့ ထိတ်လန့်မှုတွေကို တစ်ပြိုင်တည်းခံစားကြည့်ရှုရမယ့် Ari Asterရဲ့ masterpieceလက်ရာဇာတ်ကားတစ်ကားပါပဲ ဒီဇာတ်ကားက ဒါရိုက်တာရဲ့ထုံးစံအတိုင်း နည်းနည်းစားလို့ ကြည့်ပြီးရင် spoilers alertတွေ ပြန်ရှင်းပြတာတွေကို googleမှာရှာကြည့်လို့ရပါတယ် File Size : ( 1 GB ) Quality :  WEB-DL 720p Running Time : 2 hr 27 min Format : Mp4 Genre : Drama , Horror , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by  Moe Lay Encoded by Moe Myint Lwin

Drama • Mystery
7.2 2019 147 mins
Midsommar
Stretch
6.5

ဒီဇာတ်ကားက ၂၀၁၄တုန်းကထွက်ခဲ့တဲ့ ဟာသဇာတ်မြူးအက်ရှင် ဇာတ်ကားဖြစ်ပြီး သရုပ်​ဆောင်တွေကလည်း Patrick Wilson, Chris Pineနဲ့ Jessica Albaဆို​တော့ ရှယ်ပါပဲ။ Rating​တွေက IMDb 6.5နဲ့ RT 88%ပါ။ LAမှာ သူ​ဌေး​တွေပဲစီးနိုင်တဲ့ ဇိမ်ခံကား အ​ကောင်းစားကြီး​မှာ ဒရိုက်ဘာလုပ်​နေတဲ့ ကယ်ဗင်တစ်​ယောက် ရည်းစားကပစ်၊ အလုပ်က အဆင်မ​ပြေ၊ ဖဲ​ကြွေး​​က တပုံတပင်နဲ့ ဒိုင်​တွေဓါးကြိမ်းကြိမ်းတာကို ခံ​နေရတဲ့အချိန် မ​မျှော်လင့်ထားဘဲ ဘီလျံနာ သူ​ဌေးတစ်​ယောက်အတွက် အငှားယာဉ်​မောင်းလိုက်ပြီး တင်​နေတဲ့ဖဲကြွေး​တွေကို အ​ကြေဆပ်နိုင်ဖို့ အခွင့်ကြုံလာပါတယ်။ ဒါ​ပေမဲ့ သူ့ရဲ့clientသူ​ဌေးက နောက်​ကြောင်း​တွေအပြည့်နဲ့ သူ​ဌေး ဖြစ်​​နေတဲ့အခါ ကယ်ဗင်တစ်​ယောက် ဆွမ်းခံရင်း ငှက်သင့်တဲ့ဘဝ ရောက်သွားပါ​တော့တယ်။ File size…1.42GB / 642MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 34m Genre ….. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX

Action
6.5 2014
Stretch
Crescent Gang
6.2

CM ပရိတ်သတ်ကြီးအတွက် အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ရသတစ်မျိုးလေးပေးစွမ်းမယ့် Crescent Gangဆိုတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းကျဉ်းကိုပြောပြရမယ်ဆိုရင် အနောက်တိုင်းနိုင်ငံတွေရဲ့ ဥပ‌ဒေအရ ကလေးငယ်တွေရဲ့ အဖေအမေ‌တွေ သေဆုံးသွားတဲ့အခါ ကျန်တဲ့အဖိုးအဖွား ဆွေမျိုးတွေကစောင့်ရှောက်‌ဖို့ မသင့်တော်ဘူးဆိုရင် မြို့နယ်တရားရုံးကနေ အဲ့ကလေးတွေကို စောင့်ရှောက်ရေးအိမ်တွေ ဂေဟာတွေကိုပို့ပေးလေ့ရှိပါတယ်။ ဒီဇာတ်ကားထဲမှာပါဝင်ကြတဲ့ကလေးတွေကလည်း အဲ့လိုစောင့်ရှောက်ရေးအိမ်မှာ နေနေကြတဲ့ကလေးတွေပေါ့။ တစ်နေ့မှာ Crescent လမ်းက ကလေးစောင့်ရှောက်ရေး အိမ်ကို လစ်ဘာတီဆိုတဲ့ကောင်မလေးတစ်ယောက်အသစ်ရောက်လာပါတယ်။ သူရောက်လာပြီးမကြာဘူး အိမ်ပိုင်ရှင်ကအိမ်ကိုရောင်းထုတ်လိုက်လို့ အဲ့မှာရှိတဲ့ ကလေးတွေအကုန်တကွဲတပြားဖြစ်ကုန်တော့မယ့် အ‌ခြေအနေကိုရောက်လို့လာပါ တော့တယ်။ လစ်ဘာတီက အိမ်သန့်ရှင်းရေးလုပ်ရင်း လွန်ခဲ့တဲ့ 25 နှစ်ကျော်လောက်က အဲ့အိမ်မှာနေခဲ့တဲ့ ကရီနာဆိုတဲ့ကောင်မလေးရေးထားတဲ့စာကိုရှာတွေ့သွားပြီး သူတို့ကလေးတစ်သိုက် စာထဲမှာရေးထားတဲ့အတိုင်း ကရီနာကိုလိုက်ရှာပါတော့တယ်။ ဒီကလေးတစ်သိုက် ကရီနာကိုရှာတွေ့သွားမှာလား အိမ်ပြောင်းပြီးတကွဲတပြားတွေဖြစ်ကုန် ကြမှာလား ဘာတွေဆက်ဖြစ်ကြမှာလဲဆိုတာတွေကို ပေါ့ပေါ့ပါးပါးလေးခံစားကြည့်ရှုလို့ရမယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.41GB / 609MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 22m Genre ….. Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

Horror
6.2 2023 82 mins
Crescent Gang
Twisters
7.1

နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့ နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရော ပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။ “ဇာတ်လမ်းအကျဉ်း” ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီး လေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။ အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာ သူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲ သာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကို နည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာ စွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလား လူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။ မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့ အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။ File size… 6.80GB / 2.85GB / 1.39GB Quality… WEB-DL 4K HEVC 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Min Wai Translated by Mr.Anderson

7.1 2024 123 mins
Twisters
Balestra
5

ပါရမီရှက်လို့ အများကသက်မှတ်ထားတဲ့ ဓားရေးကစားသမား ဂျိုအန်နာဟာ ပြိုင်ပွဲတွေမှခေတ္တအနားယူပြီးနောက် ပဲရစ်အိုလံပစ်တွင် ဝင်ပြိုင်ခွင့်ရရှိရန် ကြိုးပမ်းပါတော့တယ်။ ပဲရစ်အိုလံပစ်တွင် ပြိုင်ခွင့်ရရန်အတွက် အမှတ်တက်အောင် တခြားပြိုင်ပွဲမျိုးစုံကို ဝင်ပြိုင်သော်လည်း ထင်သလိုရလဒ်များမထွက်လာသောအခါ ခေတ်မီနည်းပညာတမျိုးကို စမ်းသပ်ပြီး အိမ်မက်ထဲမှာပါ လေ့ကျင့်ခွင့်ရအောင်ကြိုးစားပါတော့တယ်။ အဲဒီစက်ကို ဆက်တိုက်အသုံးပြုလာရင်းနှင့် ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းလာသောအခါ အစစ်အမှန်လောကနှင့် တဖြည်းဖြည်းကင်းကွာလာသောအခါ သူ၏ခင်ပွန်း နည်းပြဖြစ်သူက စက်ကိုအသုံးပြုခြင်းကို ရပ်တန့်ရန်ကြိုးစားပါတော့တယ်။ ဂျိုအန်နာတစ်ယောက် အိမ်မက်တွေကိုစွဲလမ်းခြင်းကို ရပ်တန့်နိုင်မလား မျှော်မှန်းထားသလို ရွှေတံဆိပ်ဆုရယူနိုင်မလားဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမည့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ File size…(1.8 GB)/(750 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:25:00 Genre… Drama, Fantasy, Sci-Fi, Sport, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Eunice

5 2024 145 mins
Balestra
Warrior Awang and Master Tok Gajah
5.5

ကမ္ဘာ့သမိုင်းရဲ့စိတ်ဝင်စားစရာအကောင်းဆုံး သမိုင်းကြောင်းတွေထဲမှာ မလေးရှားသမိုင်းလည်းအပါအဝင်ဖြစ်ပါတယ်။မလေးရှားသမိုင်းနဲ့ ပတ်သတ်တဲ့ ဖြစ်ရပ်မှန်တွေကိုပြန်လည်ရိုက်ကူးထားတဲ့ဇာတ်ကားတွေ အများကြီးထွက်ရှိခဲ့သလို အခုလည်းနောက်တစ်ကားထပ်မံတင်ဆက် ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ Pendekar Awang : Darah Indera Gajah ဖြစ်ပြီး မလေးရှားနိုင်ငံရဲ့အရင်ခေတ်ကနာမည်ကြီး စစ်သည်တော်အာဝန်အကြောင်းကိုအခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၈ ရာစုမှာ ဗြိတိသျှတွေက မလေးရှားနိုင်ငံကိုကျုးကျော်ခဲ့ကြပြီး ကြိုက်သလိုခြယ်လှယ်ကြီးစိုးနေတဲ့အချိန်လည်းဖြစ်ပါတယ်။ အထူးသဖြင့် ဗြိတိသျှနဲ့ဒက်ချ်တို့ငြိမ်းချမ်းရေးသဘောတူစာချုပ်ချုပ်ပြီး ကတည်းက ရန်သူနှစ်ပါးရဲ့ဖိနှိပ်ညှင်းပန်းမှုတွေကိုမလေးရှားပြည်သူ ပြည်သားတွေအတုံးအရုန်းခံစားနေရတဲ့အချိန်ဖြစ်ပါတယ်။ ဒီလိုအချိန်ကာလမှာ ပြန်လည်တိုက်ခိုက်ဖို့နိုးထလာတဲ့သူတွေလည်းရှိခဲ့ ပါတယ်။အဲ့ဒီထဲမှာတော့ရာဂျာဆိုတဲ့ဆွေကြီးမျိုးကြီးဦးဆောင်တဲ့ တော်လှန်ရေးအဖွဲ့ကတော့ ဗြိတိသျှတွေအတွက်အကြီးမားဆုံးအန္တရာယ်ပဲ ဖြစ်ပါတယ်။အဲ့ဒါကြောင့်ဗြိတိသျှကိုလိုနီနယ်ချဲ့တွေက တော့ရာဂျာကို လိုက်လံဖမ်းဆီးဖို့ အပူတပြင်းကြိုးစားခဲ့ကြတဲ့အတွက်‌ တော့ရာဂျာ ဘေးကင်းရာကိုပြောင်းရွှေ့ဖို့အတွက်ကြိုးစားကြရင်းတွေ့ကြုံရတဲ့အခက် အခဲတွေနဲ့ တော်လှန်ရေးတိုက်ပွဲတွေကိုကြည့်ရှုရမဲ့ မလေးရှားသမိုင်း ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။ File size… (1.96GB ) / (1.14GB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 58m Genre ….. Action , Adventure , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Thriller • Crime • TV Movie
5.5 2024 113 mins
Warrior Awang and Master Tok Gajah
Dum Laga Ke Haisha
7.5

Dum Laga Ke Haisha (2015) “ဝဝကစ်ကစ်သတို့သမီး” ၂၀၁၅ က ထွက်ရှိခဲ့တဲ့ ဟင်ဒီအချစ်ဟာသကားလေးကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ် သရုပ်ဆောင်များအနေနဲ့ Ayushmann Khurrana နဲ့ Bhumi Pednekar တို့ဖြစ်ပြီး ဘတ်ဂျက် ၁၄ ကုဋေတည်းနဲ့ ရုံတင်ဝင်ငွေ ၁၁၃ ကုဋေ ပြန်လည်ရရှိခဲ့တဲ့ ကားလေးပါ ဇာတ်လမ်းအကျဉ်းကတော့ ပရမ်းဆိုတဲ့ကောင်လေးဟာ ကျောင်းထွက်တစ်ယောက်ဖြစ်ပြီး ရှက်ကိုးရှက်ကန်းနဲ့ မိဘစကားကို မြေဝယ်မကျနားထောင်ရသူပါ အဖေလုပ်သူရဲ့ အတင်းအကျပ်ခိုင်းစေမှုကြောင့် ဘွဲ့ရပညာတတ် ခပ်ဝဝကောင်မလေး ဆန်ဒယာ့ကို မိမိဆန္ဒမပါဘဲ လက်ထပ်လိုက်ရပြီး အစစအရာရာ စရိုက်လက္ခဏာမတူကြတဲ့ သူတို့မောင်နှံနှစ်ယောက် အကွဲအလွဲတွေကနေ အချစ်ကိုဘယ်လိုရှာတွေ့သွားမှာလဲဆိုတာကတော့ … အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

Drama
7.5 2015 111 mins
Dum Laga Ke Haisha
Salve Maria
6.5

Salve Maria (2024) IMDb Rating (6.5) ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၄ ခုနှစ်ထွက် စပိန်ဘာသာစကားပြော drama/thriller အမျိုးအစားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ IMDB 6.5 ရထားပြီး ဆု ၁၀ ဆုလည်းရရှိထားပါတယ်။ ဇာတ်လမ်းကတော့ မာရီယာဆိုတဲ့ အခုမှသားဦးမွေးထားတဲ့စာရေးဆရာမတစ်ယောက်ကိုဦးတည်ထားပါတယ်။ အခုမှသားဦးမွေးထားတဲ့မာရီယာဟာ postpartum depression လို့ခေါ်တဲ့မိခင်တွေခံစားရတဲ့စိတ်ကျရောဂါတစ်မျိုးကို တယောက်ထဲတိုက်ခိုက်နေသူဖြစ်ပါတယ်။ ကလေးကနို့စိုရင်ပြန်အန်တာကို ကလေးဆရာဝန်ကပုံမှန်ပဲလို့ပြောတာကို‌တောင် သူ့မှာစိုးရိမ်တကြီးဖြစ်နေရှာပါတယ်။ အိမ်တစ်ခုမှာပုံမှန်ဖြစ်လေ့ရှိတဲ့ ပြဿနာတွေကိုလည်း မာရီယာဟာ အကြီးအကျယ်စိတ်ညစ်နေရှာပါတယ်။ ယောက်ျားဖြစ်သူ နီကိုကတော့ ဒါကိုမသိပဲ သူ့အလုပ်ပဲသူလုပ်နေခဲ့ပါတယ်။ မာရီယာကနီကို့ကို ခွင့်ယူဖို့၊သူနဲ့အတူတူကလေးကိုစောင့်ရှောက်ဖို့ပြောပေမဲ့လည်း နီကိုကခွင့်မယူပါဘူး။ ဒီ‌လိုနဲ့တနေ့ကျ ပြင်သစ်အမျိုးသမီးတစ်ယောက်က သူမရဲ့ဆယ်လသားအရွယ်အမွှာလေးတွေကို ရေနစ်သတ်တဲ့သတင်းကိုတွေ့လိုက်ရပါတယ်။ ထိုသတင်းဟာမာရီယာရဲ့ခေါင်းထဲမှာစွဲမြဲနေခဲ့ပါတော့တယ်။ ဒီဇာတ်လမ်းဟာ မိခင်တစ်ယောက်ရဲ့ဘဝကိုဇာတ်နှေးနှေးနဲ့ရိုက်ပြထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Akm ဖြစ်ပါတယ်။) File size…(1.7 GB) / (900 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:48:04 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Akm

6.5 2024 111 mins
Salve Maria
Until Dawn
6

Until Dawn (2025) IMDb Rating (6.0) / Rotten Tomatoes (53%) ညတာကို ရှင်သန်နိုင်အောင်လုပ်မလား ညတာနဲ့ တစ်သားတည်းဖြစ်သွားမလားတဲ့။ ရှင်းရှင်းပြောရရင် မနက်မိုးလင်းတဲ့အထိ အသက်ရှင်အောင် ရုန်းကန်ရတာပေါ့။ ဒါပေမဲ့ ဘယ်အရာတွေကနေ အသက်ရှင်အောင် ရုန်းကန်ရမှာလဲ? ဇာတ်လမ်းအကျဉ်း ကလိုဗာဟာ သူမရဲ့ သူငယ်ချင်းလေးယောက်ဖြစ်တဲ့ မက်စ်၊ မီဂန်၊ အေ့ဘ်၊ နီနာတို့နဲ့အတူ ခရီးထွက်လာခဲ့ပါတယ်။ အကြောင်းအရင်းကတော့ ကလိုဗာ့အမေ ဆုံးသွားတာ မကြာသေးတဲ့အပြင် ကလိုဗာ့အစ်မ မယ်လနီကလည်း နယူးရော့ခ်ကို ကျောင်းတက်ဖို့ဆိုပြီး သွားလိုက်တာ ပျောက်ချင်းမလှပျောက်သွားခဲ့တဲ့အတွက် စိတ်ပြေလက်ပျောက် ဖြစ်အောင်ရယ်၊ စိတ်ဖြတ်နိုင်အောင်ရယ် ကားတစ်စီးနဲ့ ထွက်လာကြတာပါ။ ဒါပေမဲ့ သူတို့ငါးယောက်သား ခရီးထွက်လာတယ်ဆိုတာထက် ကလိုဗာ့စိတ်တိုင်းကျ သူ့အစ်မသွားခဲ့တဲ့လမ်းအတိုင်း ခြေရာကောက်လာတာပါ။ ဒီလိုကနေ ဂလိုရယ်တောင်ကြားဆိုတဲ့ မြို့အဝင်နားလေးက ဓာတ်ဆီဆိုင်ကို ရောက်လာခဲ့ပါတယ်။ ကလိုဗာက ဓာတ်ဆီဆိုင်ပိုင်ရှင်ကို လူပျောက်တွေ့သေးလား မေးရင်းကနေ ဂလိုရယ်တောင်ကြားဆိုတဲ့မြို့မှာ လူတွေခဏခဏပျောက်ကြောင်း၊ လူပျောက်ပြီးရင် ပြန်ပေါ်မလာတော့ကြောင်း ပြောရာကနေ သူ့အစ်မလည်း အဲမှာ ပျောက်သွားတာများလားလို့ တွေးမိတဲ့အတွက် သူငယ်ချင်းတွေကိုပြောပြပြီး အဲမြို့ကို မောင်းလာပါတော့တယ်။ ဒါပေမဲ့ လမ်းမှာ မိုးတွေအသည်းအသန်ရွာလာပြီး ကားမောင်းလာရင်းကနေ အိမ်တစ်အိမ်ကိုရောက်သွားပြီး မိုးချုပ်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ကိုယ်တိုင်သာ ကြည့်လိုက်ကြပါတော့ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Matteo ဖြစ်ပါတယ်။) File size…(3.5 GB) / (1.7 GB) / (840 MB) Quality….WEB-DL 1080p HEVC / WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Horror,Mystery Duration….01:43:59 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K,Thit San Khant Translated by Matteo

6 2025 103 mins
Until Dawn