YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Hirugao (2017) 480p.mp4

707.58 MB N/A video/mp4 1803 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Scent of a Ghost
5.3

ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Comedy Horror ရုပ်ရှင်လေးပဲဖြစ်ပါတယ် Horror ဆိုပေမယ့် ကြောက်စရာကောင်းတာထက် ကရုဏာသက်စရာ အချစ်ဇာတ်လမ်းလေးနဲ့ ရောယှက်နေတဲ့ကားလေးပါ ဂျီယွန်းဆိုတဲ့ကောင်မလေးကတော့ ဂီတမေဂျာယူထားတဲ့ ခပ်လှလှတက္ကသိုလ်ကျောင်းသူလေးပါ။ ဒုံဆော့ဆိုတဲ့ကောင်လေးနဲ ချစ်သူတွေဖြစ်ခဲ့ပေမယ့်ဒုံဆော့ရဲ့မိဘတွေက ဒုံဆော့ကို နိုင်ငံခြားပညာတော်သင်လွှတ်ချင်နေကြတာမို့ ဂျီယွန်းနဲ့တွဲနေတာကို သိပ်မကြည်ဖြူခဲ့ကြပါဘူး ဒါပေမဲ့ ဒုံဆောက ၆ လအကြာမှာ ပြန်လာမယ်လို့ သူ့ချစ်သူလေးကို ကတိပေးထားခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံခြားမသွားခင်တစ်ရက်အလိုမှာ ဒုံဆော့ကဂျီယွန်းဆီကို လက်ထပ်ခွင့်တောင်းဖို့သွားပေမယ့် ဂျီယွန်းက ရှိမနေခဲ့ပါဘူး မကြာခင်အချိန်အတောအတွင်းမှာပဲ ဂျီယွန်းနေထိုင်တဲ့အဆောက်အဦးဟောင်းကြီးရဲ့ အခန်း ၄၀၂ ဆိုတဲ့အခန်းမှာကောလဟာလတစ်ခုထွက်ပေါ်လာပါတော့တယ် အဲဒီကောလဟာလကဝောာ့ အဲဒီတိုက်ခန်း အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းပါပဲ သရဲမလေး ဂင်ဂျီယွန်း တိုက်ခန်းက မခွာနိုင် ဖြစ်နေရတဲ့ အကြောင်းအရင်းကဘာလဲ .. ဒုံဆော့ကရော ဘာလို့ ၆ လအကြာမှာ ပြန်မလာနိုင်ခဲ့တာလဲ အခန်း ၄၀၂ က မခွာနိုင်တဲ့သရဲမလေးနဲ့ အတူ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင် အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin and Cali ပဲ ဖြစ်ပါတယ်။ Genre..... Horror, Romance, Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 718MB | 342MB Format… mp4 Duration…. 1h 35min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Shin and Cali Encoder ..... August

Comedy • Drama • Music • Romance
5.3 2019 93 mins
Scent of a Ghost
Marriage Blue
6.5

၀၁၃ ခုနှစ်ထွက် Marriage Blue ဇာတ်လမ်းကတော့ Ju Ji Hoon, Ma Dong Seok, Lee Yeon Hee, Kim Kang Hoon, Lee Hee Joon, 2PM အဖွဲ့ဝင် Taecyeon စတဲ့ နာမည်ကျော်သရုပ်ဆောင်တွေများစွာပါဝင်ထားတဲ့ အချစ်ဟာသရုပ်ရှင်လေးဖြစ်ပါတယ်။ လူတိုင်းရဲ့ဘဝမှာ ကောင်းတာပဲဖြစ်ဖြစ် ဆိုးတာပဲဖြစ်ဖြစ် အလှည့်အပြောင်းတွေကြုံရတဲ့အခါ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကလေးမွေးပြီးနောက်ပိုင်းခံစားရတဲ့ စိတ်ကျရောဂါကိုတော့ baby blue လို့ခေါ်ပြီး လက်မထပ်ခင်ဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုတော့ marriage blue လို့ခေါ်ပါသတဲ့။ ဒီရုပ်ရှင်ထဲမှာတော့ လက်ထပ်ပြီး ဘဝတစ်ခုတည်ထောင်ကြမယ့်စုံတွဲလေးတွဲရဲ့ ပြဿနာတွေ၊ ကြည်နူးစရာတွေကိုကြည့်ရှုရမှာဖြစ်ပြီး ပရိတ်သတ်တွေအသဲစွဲ သရုပ်ဆောင်တွေမြိုင်မြိုင်ဆိုင်ဆိုင်ပါပဲ။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ရုပ်ရှင်ဖြစ်ပေမယ့် ဘယ်အချိန်ကြည့်ကြည့် လက်တွေ့ဘဝက စုံတွဲတွေရဲ့ အချစ်ရေးပြဿနာတွေကို ပေါ့ပေါ့ပါးပါးမီးမောင်းထိုးပြထားသလို ဇာတ်လမ်းဇာတ်အိမ်လေးမို့ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Romance Quality…. 1080p | 720p | 480p File size… 1.69GB | 976MB | 474MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Comedy • Romance • TV Movie
6.5 2013 118 mins
Marriage Blue
Ghost Island
3.5

Horror fan တွေ အကြိုက်တွေ့ကြမယ့် အင်ဒိုနီးရှား horror ကားလေးပါ လူငယ်လေး ၈ ယောက် အားလပ်ရက်မှာ​ အပီအပြင်ကဲမယ်ဆိုပြီး ဇိမ်ခံ ရွက်လှေတစ်စီးနဲ့ ထွက်လာကြပါတယ် ဖြစ်ချင်တော့ လမ်းတစ်ဝက်မှာတင် ရွက်လှေက ပြန်လှည့်ရဖို့ အကြောင်းဖန်လာပါတယ် အဲဒီမှာတင် ကဲလို့ မဝသေးတဲ့ လူငယ်တစ်သိုက် နီးစပ်ရာ ကျွန်းပေါ်က အပန်းဖြေစခန်း တစ်ခုမှာ တည်းပြီး ဆက်ကဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ် အပန်းဖြေစခန်းမှာက တာဝန်ခံတစ်ယောက်နဲ့ ဝန်ထမ်းကောင်မလေးတစ်ယောက်ပဲ ရှိပါတယ် နေရာလေးကလည်း သာယာ၊ တခြားဧည့်သည်မရှိတော့ လူကလည်း ရှင်း ဝန်ထမ်းကောင်မလေးကလည်း ချောချောလေးဆိုတော့ အားရဝမ်းသာနဲ့ အပြတ်ကဲဖို့ လုပ်ကြပေမဲ့ ကျွန်းပေါ်မှာ ထင်မှတ်မထားတာတွေ ဖြစ်လာပြီး တစ်ယောက်ပြီး တစ်ယောက် အသက်ဘေးနဲ့ ကြုံလာရတဲ့အချိန်မှာတော့.... အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre.....Horror Quality…. 1080p | 720p | 480p File size…1.8GB | 913MB | 411MB Format… mp4 Duration….1h 31min Subtitle…. Myanmar Subtitle (Hardsub) Translator .....Roman NoX Encoder .....August

Adventure • Animation • Comedy • Family
3.5 2007 91 mins
Ghost Island
Kingmaker
7.1

IMDb -7.1/10 (သမိုင်းအကျဉ်း) တောင်ကိုရီးယားရဲ့ အာဏာရှင်စနစ်အဆုံးသတ်ချိန် ဒီမိုကရေစီအတွက် တိုက်ပွဲဝင်လှုပ်ရှားကြတဲ့ နိုင်ငံရေးကားတစ်ကားကို တင်ဆက်ပေးပါရစေ တောင်မြောက်နှစ်နိုင်ငံ ကွဲသွားပြီးတဲ့နောက် ကိုရီးယားရဲ့ ပထမဆုံးသမ္မတ Syngman Rhee ကိုရွေးကောက်ခဲ့ပါတယ် (သူ့လက်ထက်မှာပဲ တောင်မြောက်စစ်ဖြစ်ပွားခဲ့တာပါ) အဲနောက်မှာ သမ္မတရဲ့ လုံခြုံရေးဥပဒေပြင်ဆင်မှုကို လူတွေဒေါသထွက်ခဲ့ပေမဲ့ မဲမသမာမှုလုပ်ပြီး အနိုင်ရသွားပါတယ် အဲဒါကိုမကျေနပ်တဲ့ ကျောင်းသားထုဟာ "ဧပြီတော်လှန်ရေး" ဆိုပြီး စတင်ခဲ့ပါတယ် ဧပြီတော်လှန်ရေးပြီးတဲ့နောက်မှာတော့ သမ္မတ Syngman Rhee ဟာနှုတ်ထွက်လိုက်ရပြီး အထွေထွေရွေးကောက်ပွဲကနေ ဒီမိုကရက်တစ်ပါတီဟာ အစိုးရဝန်ကြီးအဖြစ်ဆောင်ရွက်ပါတယ် ဒါပေမဲ့ ပါတီအတွင်း ပဋိပက္ခတွေဖြစ်ပြီးတော့ နောက်ဆုံး ၁၉၆၁ မေလ ၁၆ ရက်နေ့မှာ စစ်တပ်ကပဲ အာဏာသိမ်းခဲ့ပါတယ် အဲလိုနဲ့ ၁၉၆၂ ထိစစ်အုပ်ချုပ်ရေးနဲ့နေလာရင်း ၁၉၆၃ ခုနှစ်မှာတော့ ဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်ရောက်လာတယ်လိုဆိုရမှာပါ ၁၉၆၃-၁၉၇၂ ခုနှစ်အထိ အုပ်ချုပ်ခဲ့တဲ့သမ္မတဟာ အာဏာသိမ်းစစ်ခေါင်းဆောင်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဘတ်ဂျောင်ဟီ(တတိယမြောက်သမ္မတ)ပါပဲ အခုထိမိတ်ဆက်ပေးတာက သမိုင်းကြောင်းပါပဲ အခုမှတကယ့် အညွှန်းရောက်လာပါပြီနော် ၁၉၇၁ ခုနှစ် ရွေးကောက်ပွဲကို ဝင်ပြိုင်မယ့် နိုင်ငံရေးသမားတွေအကြောင်းဇာတ်အိမ်တည်ထားပါတယ် စစ်တပ်ဘက်ကကူးလာပြီး ဆက်တိုက်အုပ်ချုပ်ချင်တဲ့ သမ္မတဘတ်ရဲ့ အာဏာရပါတီနဲ့ ဒီမိုကရေစီအမည်တပ်ပေမဲ့ အာဏာရှင်စနစ်လုံးဝမပျက်သုဉ်းသေးတဲ့ အခြေအနေမှာ ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံပါတီကြားက ပြိုင်ဆိုင်မှုတွေကို ပြသသွားမှာပါ အဓိကဇာတ်ကောင်ဖြစ်တဲ့ ဆောချန်းဒယ်ကတော့ ဉာဏ်ကောင်းပြီး ဗျူဟာအကုန်ထွက်တဲ့လူတစ်ယောက်ဖြစ်ပါတယ် ဆောချန်းဒယ်ဟာ သူလေးစားတဲ့ အမတ်ဂင်အွန်းဘုန်းကို သမ္မတအဖြစ်တင်မြှောက်နိုင်ဖို့အတွက် နည်းပေါင်းစုံ ပရိယာယ်တွေကို သုံးပြီး အကြံပေးအဖြစ်နဲ့ နောက်ကွယ်ကနေ နေလာခဲ့ပါတယ် နောက်ဆုံးတော့ အကြံပေးဆောချန်းဒယ်ဟာ အမတ်ဂင်အွန်းဘုန်းကို သမ္မတဖြစ်အောင်တင်မြှောက်နိုင်မလားဆိုတာကိုတော့ ဇာတ်လမ်းကိုကြည့်ရှုခံစားပေးပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyx ပဲ ဖြစ်ပါတယ်။ Genre.....Political, Drama Quality….WEB-DL 1080p and 720p, 480p File size…1.7GB, 894 MB, 255MB Format…mp4 Duration….2h 3min Subtitle….Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... August

Horror
7.1 2022 123 mins
Kingmaker
[18+] Empire of Lust
6.1

Empire of Lust ( 2015 ) Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။ ——————- Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။ Shin Ha-kyun – သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ တစ်ပြိုင်တည်းထွက်တဲ့ တော်တော်ရေးပန်းစားတဲ့ mouseထက်တောင် သရုပ်ဆောင်ရော တင်ဆက်ပုံရော ပိုအဆင့်မြင့်တဲ့ တော်တော်ရှားရှားပါးပါးမြင်ရခဲ့တဲ့ အဆုံးထိသေသပ်နေတဲ့ ကိုရီးယားမှုခင်းဇာတ်လမ်းတွဲပါပဲ။ Jang Hyuk – သူ့ကို‌လည်း ကိုရီးယား မှုခင်းကားဇာတ်လမ်းတွဲတွေ ရုပ်ရှင်ပရိသတ်တွေ တော်တော်ကိုမှ ရင်းနှီးပြီးသားပါပဲ။ ဒီရုပ်ရှင်မှာ သူက ကိုရီးယားရဲ့ ရုပ်ရှင်အရိုက်ခံရဆုံး မင်းသားလို့ပြောရမလားမသိတဲ့ အီဘန်းဝန်နေရာက သရုပ်ဆောင်ထားတာပါ။ ပုဂ္ဂလိကအမြင်အရတော့ အီဘန်းဝန်လို ဇာတ်ကောင်မျိုးနဲ့ သူကအတော်လိုက်ပါတယ်။ My Country: The New Ageမှာလည်း အီဘန်းဝန်နေရာကပဲ သရုပ်ဆောင်ဖူးပါတယ်။ ဒီရုပ်ရှင်ရဲ့ အဓိကကောင်းကွက်ထဲ သူနဲ့ Shin Ha-kyunသရုပ်ဆောင်ကောင်းတာက အဓိကအချက်ပါပဲ။ Kang Ha-neul – ဒီကားထွက်တုန်းကတော့ သူနာမည်ဒီလောက်မကြီးသေးပါဘူး။ အရင်နှစ်တွေက When the Camellia Bloomsနဲ့ ဆုတွေဘာတွေရခဲ့သလို ဒီနှစ်လည်း သူပါတဲ့ infernal affairs ကိုရီးယားမူပြောလို့ရတဲ့ insiderကလည်း သူ့ဟာနဲ့သူ တော်တော်လေးကောင်းတဲ့ဇာတ်ပါပဲ။ သူ့သရုပ်ဆောင်စကေးကလည်း နောက်ပိုင်းတက်လာသလို ဒီကားမှာတင်တော်တော်ကောင်းနေပါပြီ။ အပေါ်က ဘဲကြီး၂ပွေနောက်က အမီလိုက်နိုင်ခဲ့ပါတယ်။ Kang Han-na – start-upနဲ့ တစ်နှစ်ကမှ စပေါက်လာတယ်ပြောရမယ်ထင်တယ်။ Moon Loversမှာ လည်းပါတော့ပါဖူးပေမဲ့ ဗီလိန်ဆိုတော့ သိပ်အချစ်ခံရမယ်မထင်ဘူး။ ဒီကားရိုက်ပြီးမှ Moon Loversရိုက်တာဆိုတော့ ဒီကားက သူနာမည်လုံးဝမရှိသေးတဲ့အချိန်က ကားပါပဲ။ ဒါကြောင့်မို့လည်း ဆောင်းဂျီဟိုတို့ ဟာဂျီဝန်တို့ငယ်ငယ်ကကားတွေထက်တောင် sex sceneတွေ ပိုကြမ်းနေတာဖြစ်ပါလိမ့်မယ်။ ဒီကားရိုက်တုန်းက နာမည်မရှိသေးပေမဲ့ သူလည်း သရုပ်ဆောင်ကောင်းပါတယ်။ တော်တော်လည်းလှပါတယ်။ ဒီကားကထွက်တာကြာပြီဆိုတော့ တော်တော်များများလည်းကြည့်ဖူးမှာပါ။ ဒီရုပ်ရှင်ထဲက သူ့အလှတရားတွေကြည့်ဖူးတဲ့သူတွေသိကြမှာပါ။ Empire of Lustဟာ ဂျိုဆွန်းတည်ထောင်ပြီး ခုနှစ်နှစ်အကြာမှာ ဇာတ်အိမ်တည်ထားပြီး ကိုရီးယားသမိုင်းရဲ့ နာမည်ကျော် အီဘန်းဝန်ရဲ့ သမိုင်းကို ပုံစံသစ်တစ်မျိုးနဲ့ ချဉ်းကပ်ပြသထားတဲ့ကားဆိုလည်းမမှားပါဘူး။ ဒီလိုပြသပုံကို လူတစ်ချို့က အမြင်သစ်တယ် ချီးကျူးခဲ့ကြသလို နာမည်နဲ့လိုက်အောင်ပဲ lustအပြည့်နဲ့ တော်တော်ကြည့်ကောင်းတဲ့ကားပါပဲ။ softcore ဆန်ဆန်ကားဆိုတော့ ဇာတ်အိမ်ကတော့ အသေကြီးကောင်းပါတယ်ဆိုတဲ့ အနေအထားတော့မရောက်ပေမဲ့ အပေါ်မှာပြောခဲ့တဲ့ ဆရာကြီးတွေရဲ့သရုပ်ဆောင်ကောင်းတာနဲ့ သူ့ဟာနဲ့သူကောင်းနေတဲ့ဇာတ်အိမ်ရယ်ပေါင်းလိုက်တဲ့အခါမှာတော့ ဒီရုပ်ရှင်ဟာ သူ့လိုင်းမှာတော့ တော်တော်လေးကောင်းးတဲ့ ရုပ်ရှင်လို့ပြောလို့ရတဲ့ ရုပ်ရှင်လို့ပြောရင် မမှားပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Wira Aung မှ တင်ဆက်ထားပါတယ်။) File size…(2.2 GB)/(999 MB) Quality…BluRay (Uncut Version Scene Plus) 1080p / 720p Format…mp4 Duration….02:04:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Wira Aung

Action • Adventure
6.1 2015 113 mins
[18+] Empire of Lust
Her Deadly Night in Paris
5.3

Her Deadly Night in Paris (2023) ဇာတ်လမ်းနာမည်အတိုင်းပါပဲ… ပဲရစ်ကို ပညာသင်ဖို့ရောက်လာကာမှ အန္တရာယ်တောထဲ ခုန်ဆင်းသလိုဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပါ။ လူစီက အမေရိကကနေ ပြင်သစ်ကို Exchange Program နဲ့ ကျောင်းလာတက်တဲ့ အဖေတစ်ခု သမီးတစ်ခု ကောင်မလေးပေါ့။ ပဲရစ်မှာ သူ Homestay နေရတဲ့အိမ်က မိသားစု 3 ယောက်ရှိပြီး သူတို့သား အန်တွိုင်းကလည်း လူစီတို့ကျောင်း၀င်းထဲမှာပဲ ဥပဒေကျောင်းတက်ပါတယ်။ အန်တွိုင်းရဲ့ဖခင် ရေမီက နာမည်ကျော်တရားသူကြီးဖြစ်ပြီး သူ့သားကိုလည်း သူ့ခြေရာနင်းစေချင်ပေမဲ့ သားဖြစ်သူကတော့ ဝါသနာမပါပါဘူး။ အမေဖြစ်သူကလည်း ဖအေကိုကြောက်ရပြီး သူ့သားဘက်မပါပါဘူး။ တစ်ရက် လူစီ‌ ကျောင်းက ပြန်လာတဲ့အချိန် ရေမီက လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်လိုက်တာ တွေ့လိုက်ရပါတယ်။ ရေမီက သူခိုးဆိုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ထိုးလိုက်တာပါတဲ့။ လူစီကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားလိုက်တာပေါ့။ ဒါပေမဲ့ နောက်နေ့မှာ ရဲတွေက သေသွားတဲ့လူအလောင်းမှာ လူစီရဲ့ DNA တွေ့တယ်ဆိုပြီး တရားခံအနေနဲ့ လာဖမ်းကြတဲ့အခါ… သေသွားတဲ့လူရဲ့ ရေမီတို့မိသားစုကြားက လျှို့ဝှက်ချက်… လူစီနဲ့ အန်တွိုင်းတို့ကြားက ချစ်ခြင်းနဲ့ ဒီအရှုပ်ထုပ်ထဲက လွတ်အောင် ကြိုးပမ်းတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 705MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 28Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.3 2023 88 mins
Her Deadly Night in Paris
Three Kings
7.1

Three Kings (1999) ~ IMDb – 7.1/10, Rotten Tomatoes – 94% ~ ဒီကားကတော့ Cast နဲ့တင် ဖြုံလောက်စရာပါ။ George Clooney, Mark Wahlberg, Ice Cube နဲ့ Spike Jonze တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒါရိုက်တာကလည်း ၂၁ ရာစုအမေရိကန် Cinema တစ်ခေတ်ကို အရွေ့‌ဖြစ်စေခဲ့တဲ့ ပြတ်ရွေ့ကြောတွေထဲ တစ်ထောင့်တစ်နေရာက ပါခဲ့တဲ့ David O. Russell ဆိုတော့ Dark Humor ကောင်းကောင်း၊ ဒိုင်ယာလော့ခ် မိုက်မိုက်၊ ရိုက်ကွက်လှလှ နဲ့ ကြည့်ရတာ အတော်ကိုမြိန်စေတဲ့ရုပ်ရှင်တစ်ကားပါပဲ။ ဇာတ်လမ်းကတော့… Gulf war လို့ခေါ်တဲ့ ကူဝိတ်ကို အီရတ်က ကျူးကျော်မှုမှာ အမေရိကန်ရဲ့ ဝင်စွက်ဖက်မှုအပြီးကို ဇာတ်လမ်းအချိန်အရ အခြေခံထားပါတယ်။ George Clooney က အနားယူမယ့်ဗိုလ်မှူး၊ Mark Wahlberg က အိမ်မှာမွေးစကလေးရှိလို့ စီးပွားရေးအရ ခိုင်ချင်တဲ့ဆာဂျင်၊ Ice Cube က ရဲဘော်တွေကို စိတ်မချလို့လိုက်မယ့်လူ၊ Spike Jonze ကတော့ Mark Wahlberg လိုဖြစ်ချင်တဲ့ အူကြောင်ကြောင်ဘဲလေး။ ဒါရိုက်တာ David O. Russell လက်ရာဆိုတဲ့အတိုင်း ဇာတ်ကောင်တွေကို ပြီးပြည့်စုံနေအောင်မလုပ်ထားဘူး။ စစ်ကားဆိုပေမဲ့ အထက်အမိန့်ပဲနာခံပြီး အမြဲ ကိုယ်ကျိုးစွန့်တဲ့သူရဲကောင်းတွေအဖြစ် ဇာတ်ကောင်တွေကိုပုံမဖော်ထားဘူး။ လိုချင်တောင့်တမှုကိုယ်စီနဲ့ “ငါသာဆိုလည်း ဒီလိုနေမှာ” လို့ ထင်ဟပ်‌မိစေမယ့် ဆက်စပ်နိုင်မှုမျိုးကိုပါ ခံစားရစေပါတယ်။ ဒီလိုနဲ့ စစ်ပြီး‌တော့ သူတို့တွေ အီရတ်သုံ့ပန်းတွေကိုခေါ်နေတုန်း သုံ့ပန်းတစ်ယောက်ရဲ့ အမေပေးတဲ့ပေါင်မုန့်တစ်စုံ ကြားမှာ ညှပ်ထားတဲ့ မြေပုံတစ်ခုတွေ့တယ်။ အဲဒီအချိန် ဗိုလ်မှူး George Clooney ကလည်း ကတုတ်ကျင်းတစ်ခုမှာ ဆက်ဒန်ခိုးထားတဲ့ ‌ကူဝိတ်ရွှေတွေ မြုပ်ထားတယ်ဆိုတဲ့သတင်းတစ်ခုရထားတယ်ပေါ့။ အဲဒါနဲ့ သူတို့လေးယောက် လက်ဝါးချင်းရိုက်ပြီး မြေပုံကိစ္စကို အထက်လူကြီးဆီအသိ‌မပေးဘဲ ‌သွားရှာမယ်။ ရှာလို့တွေ့ရင် ခွဲယူပြီး ထိုင်စားမယ်လို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ ဒါပေမဲ့လည်း အခြေအနေတွေက သူတို့ထင်သလို ပန်းခင်းသောလမ်းတော့ ဟုတ်မနေခဲ့ပါဘူး။ ကူဝိတ်ကိစ္စကို ဖြေရှင်းပြီးပေမဲ့ အီရတ်နိုင်ငံထဲမှာ ဆက်ဒန်ကို ဖြုတ်ချမယ့် သူပုန်တပ်တွေရှိနေပါတယ်။ ဆက်ဒန်တပ်တွေရဲ့ ပြည်သူတွေအပေါ်ဆက်ဆံပုံကိုမြင်တဲ့အချိန်မှာ သူတို့ ၄ ယောက်သား အကြပ်ရိုက်ပါပြီ။ အထက်ကပြောသလို မသိချင်ယောင်ဆောင်မလား။ ဝင်ကူညီမလားပေါ့။ လူသားချင်းစာနာမှုနဲ့ ကိုယ့်ရည်ရွယ်ချက်အကြား ပွတ်တိုက်မှုတွေဖြစ်လာတဲ့အခါ သူတို့ဘာကိုရွေးချယ်ကြမလဲဆိုတာကို ကြည့်ရှူရမှာဖြစ်ပါတယ်။ ကိုယ်တိုင်သတိထားမိတဲ့ ထူးခြားချက်တစ်ခုက ဒိုင်ယာလော့ခ်တွေကို ရှေ့လူစကားပြန်ထပ်ပြောတာပါပဲ။ ဥပမာ – မင်းဒါကိုစားမလို့လားဆိုရင် အေး ငါဒါကိုစားမလို့ ဆိုပြီး ပြန်ကောက်ပြောတာမျိုး။ ဘာကြောင့်လဲတော့မသိပေမဲ့ အဲဒီဟာကပါ ဟာသတစ်ခုလိုဖြစ်သွားတယ်။ ဘယ်လိုမှန်းမသိတဲ့ ရသလေးတစ်ခုပေါ့။ ဆုတွေကလည်း အတော်ကိုရထားတဲ့အပြင် ဒိတ်ဒိတ်ကြဲမင်းသားကြီးတွေနဲ့ ဒိတ်ဒိတ်ကြဲ ဒါရိုက်တာကြီးတို့ရိုက်ထားတဲ့ ဟောင်းပေမဲ့ကောင်း ရုပ်ရှင်လေးဖြစ်တာကြောင့် မထိုင်စတမ်းကြည့်ကောင်းမယ်လို့ မျှော်လင့်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.7GB, 1.1GB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 54Min Genre – Action, Adventure, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

7.1 1999
Three Kings
The Road Dog

တစ်ရက်မှာ လက်တန်းပြက်လုံးပြက်ရင်းလူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ဂျင်မီကွင်းဆိုတဲ့အဖိုးကြီးတစ်ယောက်ဆီကို သူဘယ်တုန်းကမှမသိခဲ့တဲ့ သူ့ရဲ့သားဖြစ်သူ ဒေးဗစ်မိုရွန်တိုရောက်ရှိလာတဲ့နောက်မှာတော့ လူရွှင်‌တော်အရက်သမားကြီး ဂျင်မီကွင်းရဲ့ဘ၀ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့အရေးနဲ့ကြုံတွေ့လာရပါတော့တယ်။ အဖေ့သွေးပါတဲ့ သားဖြစ်သူဒေးဗစ်ဟာလည်း လူရွှင်‌‌တော်လုပ်ရတာကိုဝါသနာပါသူဖြစ်ပြီးလူရွှင်တော်အလုပ်နဲ့အသက်မွေးဖို့ ဆေး‌ကျောင်းကနေထွက်လာပြီး နယူးယော့ခ်မြို့ကိုအသွားမှာ တစ်သက်လုံးမတွေ့ဖူးခဲ့တဲ့ အဖေဖြစ်သူဂျင်မီကွင်းရဲ့လိပ်စာကိုရအောင်စုံစမ်းပြီး သူ့အခန်းရှေ့ကိုရောက်ချလာခဲ့တာပါ။ ဒီလိုနဲ့ ဒေးဗစ်တစ်ယောက် ကားတစ်စီးနဲ့ အဖေဖြစ်သူရဲ့ လူရွှင်တော်အလုပ်လုပ်တဲ့နေရာတွေကိုလိုက်ပို့ပေးရင် အဖေ့ဆီကဟာသပြက်လုံးတွေကိုသင်ယူရင်းကနေ ခရီးတလျှောက် ဂျင်မီကွင်းဟာလည်း တစ်သက်လုံး တွေ့‌ဆုံဖို့ရာ ငြင်းဆန်ခဲ့တဲ့ဆွေမျိုးတွေ၊အသိ‌တွေကို သားဖြစ်သူမျက်နှာကြောင့် ပြန်လည်ဆုံတွေ့ရဖို့ကြုံလာရတဲ့အခါမှာတော့… အရက်သမားကြီးဂျင်မီကွင်းအနေနဲ့ နောက်ဆုံးမှာအရက်ပြတ်သွားမလား၊ သူ့ဘ၀ရဲ့အရေးပါခဲ့တဲ့ ဘယ်လိုလူတွေနဲ့ ပြန်ဆုံတွေ့ရမလဲဆိုတာကို ဟာသနဲ့ဒရာမာကို ရောစပ်ရိုက်ကူးထားတဲ့ ဒရာမာရုပ်ရှင်တစ်ကားပဲဖြစ်ပါတယ်။ File size…(1.7 GB)/(827 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2023
The Road Dog
Delivery Man
6.3

Delivery Man (2013) ================== အကယ်၍ သင်ဟာ မမျှော်လင့်ပဲ ကလေး၅၃၃ယောက်ရဲ့ အဖေဖြစ်နေတာသိလိုက်ရပြီး သူတို့ထဲက ၁၄၂ယောက်က သင့်ကိုတွေ့ချင်နေတယ်ဆိုရင် ဘယ်လိုဖြေရှင်းမလဲ။ အားလုံးသိကြတဲ့ ဟာသသရုပ်ဆောင် Vince Vaughn ကအဓိကပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ပို့အနေနဲ့ အားလုံးရဲ့အချစ်တော် Starlord မင်းသားကြီး Chris Pratt နဲ့အတူ မင်းသမီးချော Cobie Smulders တို့ပါ၀င်သရုပ်ဆောင်ထားတဲ့ comedy/drama ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားဟာ IMDb 6.3 အထိရထားတာကြောင့် ဟာသနှောတဲ့drama ကြိုက်သူတွေ သဘောတွေ့မယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဝေါ့ဇ်နီယက်မိသားစုဟာ အသားလုပ်ငန်းစုကိုပိုင်ဆိုင်တဲ့မိသားစုဖြစ်ပြီး သားတစ်ဦးဖြစ်သူဒေးဗစ်ဝေါ့ဇ်နီယက်ဟာ အသားပို့ဖို့ကိုတာ၀န်ယူထားပါတယ်။ တစ်နေ့မှာ အပေါ်မှာပြောခဲ့သလို သူရဲ့ ကလေး၅၃၃ယောက်ထဲက ၁၄၂ယောက်က သူတို့ဖခင်ဘယ်သူလဲဆိုတာ သိချင်လာကြပါတယ်။ ဒီလောက်ကလေးများရတဲ့အကြောင်းရင်းက သူဟာ သုတ်ပိုးလှူဒါန်းမှုပေါင်း ၆၉၃ကြိမ်ပြုလုပ်ခဲ့လို့ပဲဖြစ်ပါတယ်။ ဒီထဲက ၁၄၂ယောက်ဟာ သူတို့အဖေကိုသိချင်လို့ တရားရုံးမှာစွဲချက်တင်ပြီး လျို့ဝှက်ချက်ကိုဖော်ထုတ်ဖို့ကြိုးစားကြပါတယ်။ ဒေးဗစ်ဟာ ဒီကိစ္စကြီးကို ရင်ဆိုင်နေရတုန်းမှာပဲ သူ့ရည်းစား အမ်မာကလည်း ကိုယ်၀န်ရှိနေတာကို သိလိုက်ရချိန်မှာတော့ တရားခွင်ကတစ်ဖက်၊ ဒီအကြောင်းကိုဘာမှမသိသေးတဲ့ သူ့ရည်းစားကတစ်ဖက်၊ အိမ်ကတစ်ဖက်နဲ့ ရုန်းကန်လှုပ်ရှားရပုံတွေကို ဟာသနှောပြီး drama ဆန်ဆန်ရိုက်ကူးထားတာကြောင့် အချိန်ကုန်ရကျိုးနပ်ပြီး ကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်လို့ ကြည့်ရှုဖို့တိုက်တွန်းလိုက်ပါတယ်။ File size… 1.33 GB / 646 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 45m Genre ….. Drama , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Jaka

6.3 2013 105 mins
Delivery Man
Nightmare Pageant Moms
5.1

Thriller ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အမ်မလီနဲ့ ဆိုဖီတို့က သားအမိတွေပါ။ အမေဖြစ်သူ အမ်မလီက စီးပွားရေးလုပ်ငန်းတစ်ခုစဖို့ ပြင်ဆင်နေပြီး သမီးဖြစ်သူဆိုဖီကတော့ ကောလိပ်ဆက်တက်ရမယ့်ကျောင်းသူတစ်ဦးပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိဟာ စီးပွားရေးကျပ်တည်းနေကြပါတယ်။ တစ်ရက်မှာတော့ သူတို့သားအမိဟာ သူတို့ရဲ့အကျပ်အတည်းကိုဖြေရှင်းနိုင်ဖို့အတွက် နည်းလမ်းတစ်ခုကိုရှာတွေ့သွားပါတယ်။ ဒါကတော့ အမေနဲ့သမီး တွဲလျက်ပြိုင်ရတဲ့ အလှမယ်ပြိုင်ပွဲကို ၀င်ပြိုင်ပြီး ဆုကြေးငွေရယူဖို့ပါ။ ဒါပေမဲ့ အမ်မလီတို့သားအမိ သတိမထားမိလိုက်တာက ပြိုင်ပွဲက သူတို့ရဲ့ပြိုင်ဘက်တစ်ဦးဖြစ်တဲ့ အက်ဒါလိုင်းလို့အမည်ရတဲ့အမေတစ်ဦးဟာ ဒီပြိုင်ပွဲကိုနိုင်ရဖို့အတွက် ဘာမဆိုလုပ်မယ့်သူတစ်ယောက်ဖြစ်နေတာကိုပါ။ ဒီလိုနဲ့ အလှမယ်ပြိုင်ပွဲကို၀င်ပြိုင်ကြရင်းနဲ့ အက်ဒါလိုင်းရဲ့ မကောင်းတဲ့လုပ်ရပ်တွေနဲ့ လျှို့ဝှက်ချက်တွေကိုပါ ဖော်ထုတ်ရဖို့ကြုံလာရတဲ့အခါမှာတော့… File size…(1.6 GB)/(800 Mb) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:26:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Comedy • Romance
5.1 2023 90 mins
Nightmare Pageant Moms
Handsome Guys
6.9

Handsome Guys (2024) ************************ ဒီဇာတ်ကားလေးက black comedy horror film ဖြစ်ပြီးတော့ ဒါရိုက်တာ Nam Dong-hyeop က ရိုက်ကူးထားတာဖြစ်သလို Canadian comedy horror film ဖြစ်တဲ့ Tucker and Dale vs Evil ကို remake ပြန်ရိုက်ထားတဲ့ ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ သရုပ်‌ဆောင်တွေအနေနဲ့ကတော့ Lee Sung-min, Lee Hee-joon, Gong Seung-yeon, Park Ji-hwan, Lee Kyu-hyung စတဲ့ ဒိတ်ဒိတ်ကြဲတွေက ပါဝင်အားဖြည့်ပေးထားကြပါတယ်။ ဇာတ်လမ်းအညွှန်း- ဂျယ်ဖီးနဲ့ ဆန်းဂူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥပဓိရုပ်ကြောင့် အမြဲတမ်း လူမိုက်တွေလို့ အထင်မှားခံနေရသူတွေဖြစ်ပေမဲ့လည်း သူတို့ ညီအစ်ကိုနှစ်ယောက်ဟာ ဥရောပစတိုင်အိမ်လေးမှာ နေဖို့ စိတ်ကူးအိပ်မက်ရှိကြသူ‌တွေပါ။ တစ်နေ့မှာ သူတို့ စိတ်ကူးထဲက အိမ်လေးဆီ ပြောင်းရွှေ့နေနိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ အိမ်အောက်မှာ သူတို့ မမျှော်လင့်ထားတဲ့ အရာကြီး ရှိနေခဲ့ပြီး မဖိတ်ခေါ်ထားတဲ့ ဧည့်သည်တွေ ရောက်လာတဲ့အခါ အဲဒီအရာကြီးကို အမှတ်မထင် နှိုးမိလိုက်သလို ဖြစ်သွားတဲ့အခါမှာတော့… ဘာတွေ ဆက်ဖြစ်ကြလဲဆိုတာကိုတော့ ရယ်လည်းရယ်ရသလို ကြောက်စရာလည်းကောင်းလို့ဆိုပြီး ကြည့်ရှုသူတွေကြားမှာ ပေါက်နေတဲ့ ဒီဇာတ်လမ်းလေးထဲမှာပဲ ကြည့်ရှုအားပေးလိုက်ကြပါဦးနော်။ (အညွှန်းကိုတော့ Miri မှ ရေးသားထားပါတယ်။) File size…1.78GB / 780MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 42m Genre ….. Horror, Comedy, Romance, Supernatural Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Stary, Treasure Htet & Hnin Wai

6.9 2024 102 mins
Handsome Guys
Inside the Mind of a Dog
7.2

ကိုယ့်အိမ်မှာမွေးထားတဲ့ခွေးလေးတွေကိုကြည့်ရင်း သူတို့စိတ်ထဲမှာ ဘာတွေများတွေးနေပါလိမ့်လို့ စဉ်းစားဖူးတဲ့သူတွေရှိလားဗျ။ ဒီတစ်ခါတော့ ဒီမေးခွန်းကိုဖြေပေးမယ့် Netflixရဲ့ Documentaryလေးတစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျ။ ခွေးလေးတွေဟာ ကျွန်တော်တို့လူတွေအတွက် အရမ်းသစ္စာရှိတဲ့ မိတ်ဆွေကောင်းတွေဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။ အိမ်မွေးခွေးလေးတွေအဖြစ်ကစပြီး မသန်စွမ်းသူတွေကို ကူညီပေးတဲ့ လက်ထောက်ကူခွေးလေးတွေအဖြစ်အထိ ခွေးတွေဟာ လူတွေကို အထောက်အကူပြုပါတယ်။ ဒီ documentaryထဲမှာတော့ ကျွမ်းကျင်သူတွေဟာ ခွေးလေးတွေရဲ့ အမူအကျင့်နဲ့ တွေးခေါ်ပုံတွေကို သိပ္ပံနည်းကျ လေ့လာထားပါတယ်။ ဒီလိုလေ့လာမှုတွေအပြင် ထူးခြားတဲ့ ခွေးလေ့ကျင့်ရေးကျောင်းတွေရဲ့ အကြောင်းကိုပါ ကြည့်ရဦးမှာပါ။ ခွေးလေးတွေကို လူတွေနဲ့ပိုမိုရင်းနှီးအောင် ကျွမ်းကျင်သူတွေက ဘယ်လိုသင်ကြားပေးလဲဆိုတာကို တွေ့ရမှာဖြစ်ပါတယ်ဗျ။ ဒီ documentaryလေးထဲမှာ ခွေးလေးတွေ ဘယ်ကနေဆင်းသက်လာတယ်ဆိုတာကနေစလို့၊ ဘာကြောင့်ခွေးလေးတွေဟာ အောင်မြင်တဲ့ သတ္တဝါမျိုးစိတ်ဖြစ်ရတယ် ဆိုတဲ့မေးခွန်းမျိုးတွေအထိ သိပ္ပံနည်းကျ အဖြေရှာတာတွေကို တွေ့ရှိရမှာပါ။ ဒါ့အပြင် အရေးအကြီးဆုံးဖြစ်တဲ့ လူတွေနဲ့ ဘယ်လိုရင်းနှီးလာရသလဲ ဆိုတာကိုလည်း ကောင်းကောင်းရှင်းပြထားပါသေးတယ်။ ဒါကြောင့် ခွေးလေးတွေကို ချစ်တတ်လို့ပဲဖြစ်ဖြစ်၊ ကိုယ့်ရဲံခွေးလေးတွေအကြောင်းကို ပိုပြီးနားလည်ချင်လို့ပဲဖြစ်ဖြစ် ကြည့်သင့်တဲ့ documentaryတစ်ခုပါပဲ။ ခွေးလေးတွေရဲ့အကြောင်းကို လေ့လာချင်တဲ့သူတွေအတွက်ရော ဗဟုသုတတွေ အများကြီးရစေမှာပါ။

Drama
7.2 2024
Inside the Mind of a Dog
Shonk Sardari Da

Shonk Sardari Da (2023) ပန်ဂျက်လူငယ် ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2023 ခုနှစ်ထွက် ပန်ချာပီစကားပြော ဇာတ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်းသားခေါင်းဆောင် ဂိုပီဟာ ရည်မှန်းချက်တွေအပြည့်နဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။ သူတို့ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲရောက်တာနဲ့ ကျောင်းသားတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်ရိုက်နှက်ကြတဲ့ ထုံးစံကြီးရှိနေပါတယ်။ ဂိုပီကတော့ ကျောင်းသားအားလုံးကို စည်းလုံးစေချင်ပြီး ပန်ဂျပ်လူငယ်တိုင်းကို လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးချင်တာကြောင့်သာ ရွေးကောက်ပွဲဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားခေါင်းဆောင် ဂိုပီတစ်ယောက် ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအောင်နိုင်မလား.. ဒီခရီးလမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေနဲ့ကြုံရဦးမလဲဆိုတာကိုတော့ အဆုံးထိဆက်လက်ကြည့်ရှုပေးပါဦးဗျာ။ ( ဇာတ်ကားနဲ့အညွှန်းကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် )

0 2023 150 mins
Shonk Sardari Da
Strawberry Shortcake’s Spring Spectacular
6.3

Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….. ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ! File size…(820 Mb)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:45:00 Genre… Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

6.3 2023 45 mins
Strawberry Shortcake’s Spring Spectacular