YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Extraordinary.2023.S01E08.Suprise!.1080p.mp4

406.28 MB N/A video/mp4 176 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Stepmom
7.2

ကျွန်တော်တို့တွေ ကြားဖူးနေကျ မိထွေဇာတ်လမ်းတိုင်းလိုလိုမှာ သားသမီးဖြစ်သူနေရာက ဝင်ခံစားပြီး မိထွေးဖြစ်သူကို အဆိုးမြင်ခဲ့တာတွေများပါတယ်။ ဒါပေမဲ့ ကိုယ့်သားသမီးလည်းမဟုတ်တဲ့ကလေးတွေကို မိခင်တာဝန်ချက်ချင်းယူလိုက်ရတဲ့ မိထွေးနေရာကနေ တစ်ချက်ဝင်ခံစားကြည့်မယ်ဆိုရင်လည်း သိပ်လွယ်ကူတဲ့ကိစ္စမဟုတ်ဘူးဗျ။ ကလေးတွေရဲ့ငြိုငြင်မှုတွေ မိခင်အရင်ဖြစ်သူရဲ့ အမြင်မကြည်မှုတွေစတဲ့ အခက်အခဲတွေကို ရင်ဆိုင်ရတာချည်းပါပဲ။ ဒီဇာတ်ကားမှာလည်း မင်းသမီးကြီး Julia Robertsက Lucyနေရာကနေ သရုပ်ဆောင်ပြီး မကြာခင်မှာလက်ထပ်မယ့်ချစ်သူ Lukeရဲ့ ကလေးတွေနဲ့ အတူတူနေနေရပါတယ်။ ချစ်သူရပြီးမှ ဝုန်းကနဲ မိခင်တာဝန်ယူလိုက်ရတဲ့ Lucyအတွက်တော့ ကလေးတွေနဲ့ ကီးကိုက်အောင်ကြိုးစားပေမဲ့ စေတနာက ဝေဒနာဖြစ်သွားတာချည်းပါပဲ။ ကလေးတွေအတွက်ကျတော့လည်း အမေ့နေရာကို ဘာမဆိုင်ညာမဆိုင်ဝင်မလာတဲ့ အစိမ်းသက်သက်အမျိုးသမီးတစ်ယောက်ကို ဘယ်အမြင်ကြည်ပါ့မလဲ။ ဒါ့အပြင် ကျောင်းကြိုဖို့နောက်ကျနေတာတွေ ဟင်းကောင်းကောင်းမချက်တတ်တာတွေကြောင့် Lucyအတွက်တော့ ကလေးတွေနဲ့ အဆင်ပြေနိုင်ဖို့ ဝေလာဝေးပါပဲ။ ဒါပေမဲ့ Lucyကတော့ ဒါကိုစိန်ခေါ်မှုတစ်ရပ်အနေနဲ့ ကလေးတွေနဲ့ အဆင်ပြေပြေဖြစ်ဖို့ ကြိုးစားချင်နေဆဲပါ။ Lucyနဲ့ကလေးတွေအကြား ဘာတွေဆက်ဖြစ်မလဲ ကလေးတွေရဲ့အမေအရင်းနဲ့ရော ဘယ်လိုပြဿနာတွေကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ဗျာ။ File Size :(1.9GB) and (823MB) Quality : BLU-RAY 1080P, 720p Format…mp4 Duration…02:05:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Jane Encoded by Phyo Pyae

Action • Drama • Thriller
7.2 1998 125 mins
Stepmom
Titina
7.2

ဒီတစ်ခါတော့ Animation fan လေးတွေအတွက်ပါ.... Italian အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Umberto Nobile ဆိုသူဟာ တစ်နေ့မှာ အပြင်ထွက်ရင်း Titina ဆိုတဲ့ ခွေးလေးတစ်ကောင်ကို ကောက်ရခဲ့ပါတယ်.. နောက်တစ်နေ့မှာတော့ ဝင်ရိုးစွန်းတွေကို Explore လုပ်တဲ့ Roald Armendson ဆိုတဲ့သူဟာ မြောက်ဝင်ရိုးစွန်းက်ုသွားဖို့ Airship တစ်စင်းဆောက်ပေးဖို့ သူ့ဆီဖုန်းနဲ့ဆက်သွယ်လာပါတယ်.... Airship ဆောက်ပေးရုံမကပဲ မြောက်ဝင်ရိုးစွန်းကိုပါ အတူလိုက်ပါခွင့်ရမယ်ဆိုတော့ အတိုင်းထက်အလွန်ကိုပျော်မိတာပေါ့... ဒီလိုနဲ့တစ်နေ့ သူ့ရဲ့ Airship ကြီးဆောက်လုပ်ပြီးစီးတဲ့အခါမှာ Roald Armendson နဲ့အတူမြောက်ဝင်ရိုးစွန်းကို ခရီးနှင်ခဲ့ပါတယ်.အဲ့ဒီခရီးမှာ သူ့ခွေးလေး Titina လေးလည်း လိုက်ပါလာပါတယ် ... ဒီလိုနဲ့ Armendson နဲ့ Nobile တို့နှစ်ယောက် ဘယ်လောက်ရင်းနှီးသွားကြမလဲဆိုတာအပြင် Titina လေးရဲ့ ချစ်စရာကောင်းတာကိုပါ မြင်တွေ့ရမှာမို့ ကြည့်ရှုခံစားလိုက်ကြပါဦး.... File Size :(1.4GB) and (496MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Family Subtitle : Myanmar Subtitle (Hard Sub) Translated by  Eric Encoded by Phyo Pyae

Action • Crime • Drama • Thriller
7.2 2022 80 mins
Titina
Father and Guns
6.4

ရှားရှားပါးပါး ပြင်သစ်စကားပြော ကနေဒီ ဟာသ ဇာတ်ကား ကောင်းလေးပါ။ ဂျာ့ခ် နဲ့ မာ့ခ်ဆိုတဲ့ သားအဖ နှစ်ယောက်ရှိပါတယ်။ နှစ်ယောက်လုံး ရဲတွေဖြစ်ပြီး တွေ့တာနဲ့ ရန်ဖြစ်ကြတဲ့ တစောင်းဆေးနဲ့ မျက်ချေးလို သားအဖပါ။ သူတို့လိုက်နေတဲ့ လူဆိုးဂိုဏ်းရဲ့ အကျိုးတော်ဆောင် ရှေ့နေချားစ်မှာလည်း depression ဝင်ပြီး သတ်သေဖို့ လုပ်နေတဲ့ သားတစ်ယောက် ရှိပါတယ်။ ချားစ်ရဲ့ မိန်းမက သူတို့သား ဒီလိုဖြစ်ရတာ သားအဖနှစ်ယောက် မတည့်လို့ဆိုပြီး စိတ်ရောဂါကု ဆရာဝန် ဂစ်ဘတ်ဦးဆောင်တဲ့ “သားအဖ ပြန်လည်သင့်မြတ်ရေး” ခရီးစဉ်မှာ လိုက်ပါဖို့ စာရင်းပေး လိုက်ပါတော့တယ်။ လူမိုက်ဂိုဏ်းရဲ့ အကျိုးတော်ဆောင်ရှေ့နေကြီး ဖြစ်ပေမဲ့ မိန်းမစကားဆို မြေဝယ်မကျ နားထောင်ရတဲ့ ချားစ်လည်း အဓွန့်မတက်ရဲဘဲ ခရီးထွက်ဖို့ပြင်ရပါတော့တယ်။ လူဆိုးဂိုဏ်းကို လက်ရဖမ်းနိုင်ဖို့အတွက် ချားစ်ရဲ့ ထွက်ဆိုချက်ကို အပူတပြင်းလိုအပ်နေတဲ့ ဂျာ့ခ်တို့ သားအဖလည်း အဲဒီသတင်း ကြား ပြီးတဲ့နောက် “သားအဖ ပြန်လည်သင့်မြတ်ရေး”ခရီးစဉ်မှာ လိုက်ပါပြီး ချားစ်နဲ့ ရင်းနှီးအောင်လုပ်ဖို့ ကြိုးစားပါတော့တယ်။ သားအဖ စုံတွဲတွေပါတဲ့ အဲဒီတစ်ပတ်တာ ခရီးစဉ်မှာ ဘယ်လိုတွေ ဂယက် ထကြမလဲဆိုတာကိုရှုစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(2.23 GB) / (918 MB) / (543 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 47Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Crime Translator.......Roman Nox Encoder..........SWM

Adventure • Animation • Family • Fantasy
6.4 2009 106 mins
Father and Guns
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
Rev
6

ကျွန်တော့်နာမည်က မိုက်ကီ၊ အထက်တန်းကျောင်းသားဘဝကတည်းက ရဲကားကိုခိုး မောင်းပြီး အဖမ်းခံရဖူးတယ်။ အဲဒါနဲ့ ပြီးသွားရောလားဆိုတော့ မပြီးဘူး ပိုဆိုးလာတယ်ပေါ့။ ဖြစ်ချင်တာက အိုင်တီနည်းပညာရှင်၊ App ကောင်းကောင်းလေး တီထွင်ပြီး အသက် ၂၀ မပြည့်ခင် အနားယူချင်တဲ့ကောင်မျိုး။ ဒါပေမဲ့ ဘဝပေး မကောင်းပါဘူး ကွန်ပြူတာဆိုင်ဝင်လုပ်လည်း အလုပ်ပြုတ်လာပြီး ကျွမ်းကျင်တဲ့ကားသူခိုးအလုပ် ဆက်လုပ်တော့လည်း ရဲက ဖမ်းခံရပြန်တယ်။ ဆရာသမားရဲတွေက အဲဒါကို ထောင်ထဲတန်းမထည့်ပဲ ကျွန်တော်က ကားခိုးတာကျွမ်းကျင်တော့ အပေးအယူလာလုပ်တယ် “မင်း မဟုတ်ရင် တစ်သက်တစ်ကျွန်းလောက် ကျမှာနော်” ဘာညာနဲ့ ဖြဲခြောက်တော့ ကြောက်လန့်ပြီး သူတို့ပြောတာ လက်ခံလိုက်တယ်။ အဲဒါက ဘာလဲဆိုတော့ ကားသူခိုးဂိုဏ်းထဲကို သူလျှိုအနေနဲ့ ဝင်ရမှာတဲ့၊ ဒါနဲ့ ခေါင်းဆောင်ရဲ့ လမ်ဘော်ဂီနီကားကို ခိုးပြလိုက်တော့ ခေါင်းဆောင်က သဘောကျပြီး ကျွန်တော့်ကို သူ့အဖွဲ့ထဲ ဆွဲခေါ်ခဲ့ရော။ သူ့နာမည်က ချာလီ၊ ငယ်ငယ်ရွယ်ရွယ်နဲ့ တော်တယ် ယုတ်မာတာမျိုးမရှိဘူး ကျွန်တော့်ကိုလည်း ယုံကြည်ပြီး ပစားပေးတယ်။ သူ့တွဲဖက် အာဖရိကကနေ ပြန်လာတဲ့ ဆမ်မီဆိုတဲ့ကောင်ကရော အပေါက်ဆိုးတယ် ယုတ်မာတယ် ကျွန်တော့်ကို စတွေ့တဲ့နေ့ကလည်းက သိပ်ကြည်ဟန်မရှိဘူး။ အဲဒီမှာ မမတစ်ယောက်လည်း ရှိနေပြန်တယ် သူကတော့ ချာလီရဲ့ကောင်မလေး အေဗာတဲ့၊ မစားသင့်တဲ့ အသီးမှန်း သိပေမဲ့လည်း မမရဲ့ ငြို့အားတွေအောက် ကျွန်တော် ရုန်းမထွက်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ ကျွန်တော့်ဘဝဟာ Hot Dog ထဲက ဝက်အူချောင်းလိုပဲ တစ်ဖက်က ရဲတွေတသိုက်က စောင့်ကြည့်နေပြီး တစ်ဖက်ကလည်း ကားသူခိုးဂိုဏ်းလူမိုက်တွေကြား (ပိုဆိုးတာ ခေါင်းဆောင်ကောင်မလေးကို ခိုးစားနေသေးတယ်) ညှပ်နေခဲ့ပြီး ကျွန်တော် ဘာတွေဆက်ဖြစ်မယ် ဘာတွေလုပ်ပြမယ်ဆိုတာတော့ ခင်ဗျားတို့ပဲ ဆက်ကြည့်ပြီး ခံစားလိုက်ကြပါတော့……။

Crime • Drama • Mystery
6 2020 91 mins
Rev
Metamorphosis
5

ဒီဇာတ်ကားက ၂၀၂၂ ခုနှစ်​ကထွက်ရှိခဲ့တဲ့​ Horror/Drama အမျိုး​အစားဇာတ်ကားဖြစ်ပါတယ်။ ဇာတ်လမ်း​အကျဥ်း​ကတော့​ အိမ်​ထောင်​ရေးပြိုကွဲလုနီးနီးဖြစ်နေတဲ့​ ဇနီး​မောင်နှံ​နှစ်ယောက်​ဟာ​ အိမ်​ထောင်​ရေးကိုရှေ့ဆက်နိုင်ဖို့ နှစ်ဦးအကြားနားလည်မှုယူဖို့အတွက် လူသူ​မနီးတဲ့ကျွန်းတစ်ကျွန်းပေါ်မှာ​ အတူအပန်းဖြေဖို့ရောက်လာခဲ့ကြပါတယ်။ လူသူ​မရှိသလောက်နည်းတဲ့ ကျွန်းပေါ်မှာနေကြရင်းနဲ့ ခင်ပွန်း​ဖြစ်သူ​ရဲ့​စိတ်ကျန်းမာရေးက တစ်နေ့တခြား ဆိုးဝါးဖောက်ပြန်လာ​ပြီး​ လူသားကိုပါစားတဲ့အထိဖြစ်လာတဲ့အခြေအနေကို ဇနီး​ဖြစ်သူ​ အလစ်ဆာ​တစ်ယောက်​ရင်​ဆိုင်ရပါတော့တယ်။ ဒီကြားထဲ ကျွန်း​ပေါ်​မှာ​ မသင်္ကာစရာမုဆိုးနှစ်ယောက်လည်းရှိနေတဲ့အတွက် ဒီအခြေအနေတွေကနေ အလစ်ဆာတစ်ယောက်​ လွတ်မြောက်​နိုင်​ပါ့​မလား​ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ File size…(1.13 GB)/(504 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Drama, Horror, Sci-fi Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Wolfenheim

Adventure • Drama • Fantasy • Romance
5 2022 82 mins
Metamorphosis
Where the Devil Can’t Go, He Sends a Woman 2
5.7

ဒီတစ်ခါ မိတ်ဆက်ပေးချင်တာကတော့ IMDb 5.7/10 ရရှိထားတဲ့ ပိုလန်စကားပြော Comedy/Crime/Drama ကားလေးပါ။ ဇာတ်လမ်းကတော့ ၁၉၉၀-၂၀၀၀ခုနှစ် ဝန်းကျင်က ပိုလန်နိုင်ငံရဲ့ စီးပွားရေး အားပြိုင်မှုတွေကြားထဲက လူလိမ်တစ်ဖြစ်လည်း ကုန်သည်ဖြစ်သူ ခါဇုမီယက်ဇ်ဘွန်ချက်ဇ်ရဲ့ မျိုးစုံကြိုးခုန်တတ်တဲ့၊ စီးပွားရေးကွက်ကျော်ရိုက်၊ ကလိမ်စေ့ငြမ်းစင်ပုံတွေကို ပုံဖော်ထားတာဖြစ်ပါတယ်။ သူကိုယ်တိုင်ကျ ကွက်ကျော်ရိုက်တတ်ပေမယ့် ကားခိုးမှုတွေများနေတဲ့နိုင်ငံမှာ သူ့ကားအခိုးခံရမှာကြောက်လို့ ကားစတီယာရင်ကို ဘယ်သွားသွားချွတ်ယူသွားတတ်တဲ့ ခါဇုတစ်ယောက် နိုင်ငံပိုင်ကုမ္ပဏီတွေကို ပုဂ္ဂလိပိုင်ဖြစ်အောင် ဘယ်လိုလုပ်ပြီး သန်းပေါင်းများစွာကို ဘယ်လိုအိတ်ထဲထည့်ခဲ့သလဲ၊ သတင်းအချက်အလက်တွေရယူဖို့ ဘယ်လိုလမ်းကြောင်းကနေ ကြိုးစားခဲ့သလဲ၊ ရာဇဝတ်မှုတွေကို ဘယ်လိုကျူးလွန်ခဲ့သလဲဆိုတာကို ရှုစားရမှာပါ။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတဲ့သူ့ကို ဖမ်းဖို့ကြိုးစားခဲ့တဲ့ ရဲအရာရှိကိုရော ဘယ်လိုနှစ်ပေါက်တစ်ပေါက်ရိုက် လှည့်ထွက်ခဲ့သလဲ၊ အဲဒီ ရဲအရာရှိကရော သူ့ကို တကယ်ဖမ်းဆီးနိုင်ပါ့မလား၊ ဂျင်ပေါ်ကထုံးဖြစ်တဲ့ ခါဇုတစ်ယောက် ငွေနဲ့ပတ်သက်လာတဲ့အခါ ယုံကြည်ရတဲ့မိတ်ဆွေတွေကို အရင်အတိုင်း ဆက်ယုံကြည်နိုင်မှာလား၊ ခါဇုကိုရော သူ့ရဲ့မိတ်ဆွေတွေက နောက်ဆုံးအချိန်ထိ ယုံကြည်ပေးသွားမှာလား ဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ (ထုံးစံအတိုင်း မိသားစုနဲ့ကြည့်ဖို့မသင့်တဲ့ တချို့ဇာတ်ဝင်ခန်းတွေကို တစ်ယောက်တည်းကြည့်ရင်း) ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွန်းနဲ့ဘာသာပြန်ကတော့ Emily ပဲဖြစ်ပါတယ်) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre…Crime, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

5.7 2023
Where the Devil Can’t Go, He Sends a Woman 2
Renegades
5.5

ဘာတန်ဆိုတာက အင်္ဂလန်စစ်တပ် SAS တပ်သားဟောင်း ဖြစ်ပြီး ဘော့စနီးယားက နောက်ဆုံးစစ်ဆင်ရေးမှာ အဆင်မပြေ ဖြစ်ခဲ့လို့ လန်ဒန်မှာ ခြေသလုံးအိမ်တိုင်အဖြစ် လှည့်လည်သွားလာပြီး နေထိုင်နေတဲ့လူ။ အဲဒီမှာ ဖခင်ဖြစ်သူနဲ့ တာဝန်အတူတူထမ်းဆောင် ဖူးတဲ့ အထက်အရာရှိဟောင်းကြီးက တွေ့ပြီး နေစရာ စားစရာပေး ပြန်လည်ပျိးထောင်ခဲ့တာပေါ့။ ဒီလိုနဲ့တစ်ရက်ကျ ဒီ အထက်အရာရှိ ဟောင်းကြီး အသတ်ခံလိုက်ရပါတယ်။ သာမန်လုယက်မှုတို့ ဘာတို့နဲ့ မတော်မဆ အသတ်ခံရတာမဟုတ်ပဲ လန်ဒန်မြို့ရဲ့ နိုင်ငံတကာရာဇဝတ် ဂိုဏ်းကြီးနဲ့ ပတ်သက်တာဖြစ်နေတော့ ဘာတန်တစ်ယောက် အသက်ကြီးပေမဲ့ မပျက်စီးသေးတဲ့ SAS အရာရှိဟောင်း ၃ ယောက်နဲ့ လက်တွဲပြီး လက်စားချေဖို့အတွက် တစ်ဂိုဏ်းလုံးနဲ့ လူ ၄ ယောက် ရင်ဆိုင်ကြဖို့ ဖြစ်လာပါတော့တယ်…။ File size…1.99GB / 894MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 31m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

5.5 2022
Renegades
Free Willy
6

ငယ်ငယ်ရွယ်ရွယ်နဲ့ အမေက စွန့်ပစ်သွားလို့ ပေတေလေလွင့်နေတဲ့ ၁၂ သားလေး ဂျက်စီ … သူ့အုပ်စုထဲကနေ အဖမ်းခံလိုက်ရပြီး အပြစားခံထားရတဲ့ ၃တန်လောက်ကြီးတဲ့ ဝေလငါးကြီး ဝီလီ .. သူတို့ကြားက ချည်နှောင်မိသွားတဲ့ ယုံကြည်မှုတစ်ခုရယ်.. ဖွင့်ဖြစ်ခဲ့ကြတဲ့ စွန့်စားခန်းတစ်ခုရယ်ဟာ ဟောဒီ့ Free Willy ဆိုတဲ့ ရုပ်ရှင်ကားပဲဖြစ်ပါတယ်။ Adventure genre ထဲ ပါတာမို့ ဇာတ်ကားအကြောင်းကိုတော့ ဒီ့ထက်ပိုပြောတော့ပါဘူး။ အဲ့ဒီ့အစား ဒီကားထဲက ဝီလီ့နေရာမှာ သုံးသွားခဲ့တဲ့ ခဲကို (keiko)ဆိုတဲ့ ဝေလငါးကြီးအကြာင်းကို ပြောပြချင်ပါတယ်။ ဘာလို့ဆို Free Willy ဟာ ၃ကား ထွက်ခဲ့တာဖြစ်ပေမယ့် Keiko သရုပ်ဆောင်ခဲ့တာက ဒီတစ်ကားထဲမို့လို့ပါ။ ဒီရုပ်ရှင်ထွက်လာပြီးတဲ့နောက်မှာ လူထုဟာ Keiko ရဲ့ နေထိုင်မှုအခြေအနေကို အာရုံစိုက်မိလာကြပါတယ်။ ဝေလငါးကြီးတစ်ကောင်အဖို့ သူ့အရွယ်နဲ့ မမျှတဲ့ ကန်ထဲမှာ နေ,နေရတာ၊ ကလိုရင်းတွေပါတဲ့ ဆားငန်ရေအတုနဲ့ နေရတာတွေကြောင့် Keiko ဟာ ခုခံအားစနစ် အားနည်းပြီး သူ့ရဲ့ ဆူးတောင်တွေတဝိုက်မှာ အရေပြားရောဂါ ခံစားနေရတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်ကြောင့်မို့ Keiko ကို ပြန်လွှတ်ပေးဖို့ဆိုတဲ့ ကြိုးပမ်းမှုတွေ ကြီးကြီးမားမားပေါ်လာခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ ရုပ်ရှင်ထွက်ပြီး ၃နှစ်အကြာ ၁၉၉၆ မှာတော့ ဝေလငါးကြီး Keiko ကို မက္ကဆီကိုကနေ အော်ရီဂွန်ကို ပြောင်းရွှေ့ပေးခဲ့ကြပြီး အော်ရီဂိုကမ်းခြေငါးပြတိုက်မှာ သူ့အတွက် အထူးသီးသန့်ပြုလပ်ထားတဲ့ ကန်ကြီးထဲမှာ နေစေခဲ့ပါတယ်။ Keiko ဟာ သက်သာလာခဲ့ပြီး ၂၀၀၂ ခုနှစ်မှာတော့ ၂၂ နှစ်ကြာ လှောင်ပိတ်ခံခဲ့ရာကနေ သဘာဝထဲကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ သဘာဝနဲ့ အသားမကျတော့တဲ့ Keikoဟာ ၂၀၀၃ ခုနှစ်မှာ သေဆုံးခဲ့ပါတယ်။ File size… 2.5 GB / 1.4 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 52m Genre ….. Family/Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Z

Horror • Science Fiction • Thriller
6 1993
Free Willy
Just One Time
5.6

Just One Time [2021] (IMDb 5.7/10) Just One Time ဆိုတဲ့ စပိန်ဇာတ်ကားလေးကတော့ အိမ်ထောင်ရေးပြဿနာအကြောင်းကို ရိုက်ပြထားတာပါ… ဇာတ်လမ်းကတော့ ပါဘလိုက ဇနီးသည် အီဗာကို ကိုယ်ထိလက်ရောက်စော်ကားခဲ့တဲ့အတွက်ကြောင့် ဥပဒေအရ လူမှုဖူလုံရေးစင်တာမှာ ကုထုံးခံယူရတာကနေ စတင်ခဲ့ပါတယ်… ပါဘလိုဟာ ဒေါသကြီးတတ်သော်ငြား တခါမှာ ရှူးရှူးဒိုင်းဒိုင်းသောင်းကျန်းတတ်သူ မဟုတ်ခဲ့တာမို့ သူဟာ သူမှန်ကန်ကြောင်း အကျိုးအကြောင်းဆီလျော်ကြောင်းသာ လက်ခံထားခဲ့ပါတယ်… ကုထုံးပညာရှင် လော်ရာက ပါဘလိုနဲ့ အီဗာတို့ကို တလှည့်စီ တွေ့ဆုံပြောဆိုရင်းက သူတို့ ကနဦးက ထွက်ဆိုချက်တွေနဲ့ ကွဲလွဲပြီး ပိုမိုရှုပ်ထွေးလာပါတော့တယ်… ဒီအချိန်မှာပဲ လော်ရာဟာ အနှောက်အယှက်တစ်ခုနဲ့ စတင်ကြုံတွေ့လာရပါတော့တယ်… စပိန်နိုင်ငံမှာ လင်လုပ်သူက ဇနီးသည်ကို ရိုက်နှက်ခြင်းဟာ ပုံမှန်ပဲလို့ ထင်မြင်ယူဆကြတာဟာ နှစ်ပေါင်းများစွာပါ… ဇာတ်လမ်းအရ မကြာသေးခင်ကမှ ဥပဒေတွေ ချမှတ်လိုက်ကြတာမို့… ဒီလို အိမ်တွင်းအကြမ်းဖက်မှုတွေကို လိုက်လံဖြေရှင်းပေးရတဲ့ လော်ရာတို့လို လူမှုဖူလုံဝန်ထမ်းတွေဟာ ယောက်ျားတွေရဲ့ ပစ်မှတ်ထားအန္တရာယ်ပြုခြင်းကိုလည်း ခံရပါတယ်… ဒီလိုမျိုး အန္တရာယ်တစ်ဖက် ပါဘလိုတို့အရေးတစ်ဖက်မှာ ဘာတွေဘယ်လို ဆက်ဖြစ်သွားမလဲ… အကြမ်းဖက်မှုမှာ မှန်ကန်တဲ့အကျိုးအကြောင်းပြချက်ဆိုတာ မရှိဘူးဆိုတဲ့ လော်ရာတစ်ယောက် သူ့အပေါ်ကျရောက်လာတဲ့ အန္တရာယ်ကို ဘယ်လိုဖြေရှင်းသွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 918MB | 482MB Format… mp4 Duration…. 1h 20min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

Drama
5.6 2021
Just One Time
Chill Out, Scooby-Doo!
6.5

ဟိမဝန္တာ တောင်တန်းတွေက ရွာခံလူငယ်လေးတစ်ယောက်နဲ့ သုတေသနပညာရှင်ကြီးတစ်ယောက်ဟာ ပျောက်ဆုံးနေတဲ့ ရှန်ဂရီလာမြို့တော်ကြီးကို ရှာပုံတော် ထွက်လာပါတယ် ဧဝရတ်တောင်အထက်ပိုင်းကို ရောက်တဲ့ချိန်မှာတော့ ဒဏ္ဍာရီလာ နှင်းလူကြီးရဲ့ တိုက်ခိုက်မှုနဲ့ ကြုံရပါတော့တယ် ဒီတစ်ခါလဲ အားလုံးရဲ့ အချစ်တော် စကူးဘီ နဲ့ ရှက်ဂီတို့မှာ ဖရက်ဒီတို့နဲ့ တွေ့ဖို့ ချိန်းထားတဲ့မြို့ကို သွားရာ လေယာဉ်မှားစီးပြီး ဟိမဝန္တာကို ရောက်သွားပါတော့တယ် ကဲ ဒီဇာတ်လမ်းမှာလဲ အချစ်တော် ငမွှေသီးနှစ်ယောက်ရဲ့ ရှုပ်ဇာတ်တွေကို ဖရက်ဒီတို့တစ်စု ဘယ်လို လိုက်ရှင်းပေးရင်း နှင်းလူကြီးရဲ့ သရုပ်မှန်ကို ဘယ်လို ဖြေရှင်းရှာတွေ့သွားမလဲ ကြည့်ရှုခံစားရမှာဖြစ်ပါတယ် ဒါ့အပြင် ရှုခင်းရောင်စုံတွေနဲ့ တောင်တန်းတွေကို ပုံဖော်ပေးထားတာက အရမ်းလှပ နေပြီး ကိုယ်တိုင် ခရီးသွားနေရတဲ့ ခံစားချက်မျိုးရမှာပါ။ ဒါကြောင့် ဒီဇာတ်ကားလေးက ခရီးသွားရင်း Scooby နဲ့ Shaggy တို့ရဲ့ အလွဲတွေ Mystery Inc ရဲ့ ထူးဆန်းဖြစ်ရပ်တွေကို ထောက်လှမ်းပုံတွေကို ပေါ့ပေါ့ပါးပါး ခံစားရစေမှာပါ File Size : 1.4 GB, 700 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 12min Format : Mp4 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Nwe Hnin Thazin Encode by : Thit San Khant

Horror • Thriller
6.5 2007 73 mins
Chill Out, Scooby-Doo!
Bloody Beggar
6.3

Bloody Beggar (2024) “သူတောင်းစား” IMDb 6.3 တင်ဆက်ပုံတစ်မျိုးဆန်းသစ်တဲ့ တမီးလ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ် အမည်မသိသူတောင်းစားတစ်ယောက်က ကောင်လေးတစ်ယောက်နဲ့အတူနေထိုင်ပြီး နည်းလမ်းပေါင်းစုံနဲ့ တောင်းစားပါတယ် သူ့ရဲ့ မျက်မမြင်၊ ခြေကျိုး၊ လက်ကျိုးစတဲ့ လှည့်ကွက်တွေတင်မကဘဲ တခြားဇာတ်လမ်းတွေထွင်ပြီး ပြောတတ်တာကြောင့် သူနဲ့တူတူနေတဲ့ကောင်လေးက စာရေးကိရိယာရောင်းပြီး မန်ကျည်းသီးထမင်းစားနေရတဲ့အချိန်မှာ သူက ပီဇာတွေ ဘာဂါတွေ မှာစားနိုင်တဲ့အထိပါပဲ တစ်နေ့တော့ စံအိမ်ကြီးတစ်အိမ်ရဲ့ပိုင်ရှင်ဆုံးတဲ့ ၁၆ ရက်မြောက်မှာ သူဌေးကြီးရဲ့ နောက်ဆုံးဆန္ဒအဖြစ် ဆာလောင်မွတ်သိပ်နေတဲ့ လူ ၂၅ ဦးကိုကျွေးမွေးဖို့ နောက်ဆုံးတစ်ယောက်လိုနေတဲ့အချိန် လိုက်သွားတဲ့အခါမှာ အမည်မသိ သူတောင်းစားရဲ့ ဘဝတစ်ခုလုံးပြောင်းလဲသွားစေနိုင်လောက်အောင် ဘယ်လိုအရှုပ်ဇာတ်လမ်းတစ်ခု ဖြစ်လာမလဲဆိုတာကတော့ … အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ်

6.3 2024 139 mins
Bloody Beggar
Dangerous Boys
6.7

Dangerous Boys (2014) ********************* “ဘာလို့ အုပ်စုဖွဲ့ပြီး ရန်ဖြစ်ကြတာလဲ” “အနိုင်ရဖို့အတွက် ယောက်ျားတစ်ယောက်ရဲ့ သိက္ခာအတွက် သူငယ်ချင်းအတွက် ကျောင်းရဲ့ဂုဏ်သတင်းအတွက်”လို့ ဖြေခဲ့ကြတာပါပဲ… ဇာတ်လမ်းအကျဉ်း ————- ပဲန်နဲ့ပန် ညီအစ်ကိုနှစ်ယောက်ဟာ အမေအုပ်ထိန်းမှုနဲ့သာကြီးပြင်းရတဲ့သားတွေပါ…ဆယ်ကျော်သက်အရွယ် အပေါင်းအသင်းမက်ချိန်မှာ ရည်မှန်းချက်တွေအတွက် စတင်ချင်ကြတဲ့အချိန်မို့ အပြိုင်အဆိုင်တွေလည်းများလာကြတာ သဘာဝပါပဲ…ပဲန်ဟာ အစ်ကိုကြီးပီပီ ညီလေးဖြစ်သူ ပန်ကို နည်းမျိုးစုံနဲ့ စောင့်ရှောက်ပေးရှာပါတယ်…ညီဖြစ်သူ ပန် ဟာ သူငယ်ချင်းတွေနဲ့ သီဆိုတီးခတ်ရင်း နာမည်ကြီးတီးဝိုင်းရဲ့ ဖျော်ဖြေပွဲမှာ ပါဝင်နိုင်ဖို့ ကြိုးစားနေသူပါ…ပန်တို့အဖွဲ့ သီချင်းတစ်ပုဒ်ဖန်တီးကာ ယူကျုပေါ် တင်ခဲ့ရာ ကြည့်ရှုသူ ၁ သန်းနီးပါးဖြစ်လာခဲ့ပါတယ်… သူတို့နာမည်ကြီးလာတဲ့အပေါ် တခြားကျောင်းက ပဲန်နဲ့ရွယ်တူ တင် တို့သူငယ်ချင်းတွေကလည်း အတုခိုးကာ ပြိုင်ဆိုင်ခဲ့ကြပါတယ်… ပန်ရဲ့အုပ်စုနဲ့ တင်ရဲ့အုပ်စုတို့ ရန်ဖြစ်ကြချိန်မှာ အစ်ကိုဖြစ်သူ ပဲန်ပါ အကြိမ်ကြိမ် ဝင်ရောက်ကူညီထိုးနှက်ရင်း သတိပေးခံရ စောင့်ကြည့်ကာလ သတ်မှတ်ခံတဲ့အထိ ဖြစ်လာခဲ့ပါတယ်… မိဘနဲ့ ညီလေးအပေါ် ချစ်လွန်းတဲ့ ပဲန် ဟာ ရွန်ဆိုတဲ့ ကျောင်းသူလေးကို တင်နဲ့ အတူတူ ကြိုက်မိသွားချိန်မှာတော့… မိသားစုအချင်းချင်း သံယောဇဉ်၊ ရေပန်းစားနာမည်ကြီးဖို့ ပြိုင်ဆိုင်လာကြရင်းကနေ ဆယ်ကျော်သက်ကျောင်းသားများ ကိုယ်ထိလက်ရောက်ရန်ဖြစ် သွေးထွက်သံယိုဖြစ်ကာ ရဲစခန်းထိ ထိန်းသိမ်းခံကြရတဲ့အကြောင်းတွေ ရိုက်ကူးထားတဲ့ အက်ရှင် ဒရာမာ ဟာသ ဇာတ်ကားလေးဖြစ်လို့ ကြည့်ရှုခံစားစီးမျှောနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအညွှန်းကို Dao Phyo မှရေးသားပေးထားပါတယ် File Size : 1.92GB / 881MB Quality : WEB-DL 1080p / 720p Genres : Action/Drama Duration : 1h 46m Subtitle : Myanmar Subtitle (Hard Sub) Translated by Dao Phyo Encoded by Heather Oo

Animation • Fantasy • Horror • Action • Adventure • Science Fiction
6.7 2014 108 mins
Dangerous Boys
Sister Midnight
6.4

Sister Midnight (2025) အမှောင်ကျနေ့ရက်များ မိဘတွေစီစဉ်ပေးထားတဲ့ အိမ်ထောင်ရေးတိုင်းဟာ ဇာတ်သိမ်းကောင်းနဲ့ကြုံရမှာပဲလို့ တွေးနေပြီဆိုရင်တော့ အခုရုပ်ရှင်လေးက သင့်အတွက်ပါပဲ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ မိဘစီစဉ်ပေးတဲ့အိမ်ထောင်ရေးကြောင့် ပြောင်းလဲသွားတဲ့ အူမာဆိုတဲ့ မိန်းကလေးအကြောင်းပေါ့။ မိဘ‌တွေ စီစဉ်ပေးထားတဲ့သူနဲ့ လက်ထပ်အပြီးမှာပဲ ပျောက်သွားပြီး နောက်တစ်ရက်မနက်မှ မူးရူးပြန်လာတဲ့ယောက်ျားဖြစ်သူဂိုပယ်ကြောင့် အူမာတစ်ယောက် ရှေ့ဆက်ရမယ့် နေ့ရက်တွေအတွက် ရင်လေးနေပါပြီ။ ယောက်ျားဖြစ်သူဂိုပယ်ကလည်း တစ်နေ့တစ်နေ့ အလုပ်ကိုအလုပ်နဲ့တူအောင်မလုပ်၊ မူးရူးပြစ်တင်ဖို့လောက်သာသိတော့ တစ်စတစ်စနဲ့ လင်ဆိုးမယားတဖားဖားဖြစ်လာခဲ့ရတဲ့အူမာ ဒီလိုကနေ မုဆိုးတစ်ပိုင်း မိန်းမရိုင်းဖြစ်လာတဲ့အထိ အိမ်ထောင်ရေးမှာ ဘယ်လိုပြဿနာတွေ ရင်ဆိုင်ရမလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့Alex ~ ToMo ~ V ~ Zwe တို့ပဲဖြစ်ပါတယ်)

Drama • Family
6.4 2025 107 mins
Sister Midnight