YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Burning Body.S01E05.1080p.mp4

736.38 MB N/A video/mp4 159 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Funny People
5.9

လူတစ်ယောက်ဟာ အပြင်ပန်းမှာပျော်နေသလို၊ ရယ်မြူးနေသလို ထင်ရပေမယ့် အတွင်းစိတ်မှာတော့ ပူပန်မှုတွေ၊ စိုးရိမ်သောကတွေ၊ အထီးကျန်ဝမ်းနည်းစိတ်တွေနဲ့ ရှင်သန်နေရတာမျိုး လူ့လောကမှာရှိတတ်ကြတာ သဘာဝပါ။ အငြိမ့်စင်ပေါ်မှာ ကပြအသုံးတော်ခံနေတဲ့ လူရွှင်တော်တိုင်းဟာ သူတို့ထုတ်လိုက်တဲ့ပြက်လုံးတွေထဲကလို ဘဝကအမြဲရယ်မောပျော်ရွှင်စရာကောင်းချင်မှ ကောင်းပါလိမ့်မယ်။ ဒါဟာ လူ့ဘဝရဲ့ ပုံမှန်ပြယုဂ်ပါပဲ။ အခက်အခဲ၊ အကျပ်အတည်းနဲ့ စိတ်အလိုမကျစရာတွေက "ဪ၊ သူကတော့ ပြက်လုံးတွေထုတ်တတ်တဲ့ လူရွှင်တော်ပဲ"ဆိုပြီး မကျရောက်လာတာမျိုး မရှိပါဘူး။ ဒီလောကဓံတရားရဲ့ပြကွက်ကိုတော့ အခုဇာတ်ကားလေးထဲမှာ ခြယ်မှုန်းလှစ်ဟပြသထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဂျော့ခ်ျဆင်မွန်ဟာ အောင်မြင်တဲ့ တစ်ခန်းရပ်လူပြက်တစ်ယောက်ဖြစ်ပါတယ်။ တီဗီဇာတ်လမ်းတွေ၊ ဟာသရှိုးတွေဝက်ဝက်ကွဲရိုက်ရပြီး ပြောင်မြောက်တဲ့ ပြက်လုံးတွေကြောင့် ပရိသတ်ကြားရေပန်းစားရတဲ့ အထင်ကရလူပြက်တစ်ယောက်ပါ။ ကိုယ်ပိုင်အိမ်၊ခြံဝန်းနဲ့ စတိုင်ကျကျနေနိုင်ပြီး ဂျက်လေယာဉ်ဝယ်စီးနိုင်လောက်တဲ့အထိ ဝင်ငွေကောင်းပါတယ်။ ဒါပေမယ့် ကံအကြောင်းမလှစွာနဲ့ပဲ သူ့မှာ AML လို့ခေါ်တဲ့သွေးအားနည်းရောဂါဆန်းတစ်မျိုး စွဲကပ်လာပါတယ်။ ရောဂါအသစ်ဖြစ်လို့ ကုသနိုင်မယ့်ဆေးမရှိသေးတာကြောင့် ဘဝကိုလက်လျှော့အရှုံးပေးရမလိုဖြစ်နေချိန်မှာ တိုက်တိုက်ဆိုင်ဆိုင်ပဲ သူ့ကိုအထင်ကြီးအားကျတဲ့ လူပြက်ပေါက်စ အိုင်ရာရိုက်နဲ့ ဆုံမိခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့............... ဒီဇာတ်ကားကိုကြည့်ရင်း မိတ်ဆွေတို့လည်း ကိုယ့်ဘဝကိုယ်တစ်ချက်လည်ပြန်စောင်းငဲ့ကြည့်မိကြမှာပါ။ အဒမ်ဆန်ဒလာ၊ ဆာ့သ်ရော်ဂန်နဲ့ လက်စ်လီမန်းတို့ဦးဆောင်ပါဝင်ထားတဲ့ဒီဇာတ်ကားဟာ review ကောင်းတွေလည်းရရှိထားတာဖြစ်ပါတယ်။ File Size :(4.05 GB) (1.4 GB) and (445 MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:26:00 Genre : Comedy , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Horror
5.9 2009 146 mins
Funny People
Hubie Halloween
6

မင်းသားကြီး အဒမ် ဆမ်ဒလာရဲ့ ဟောလိုးဝင်း ဟာသ ကားအသစ် ထွက်ပါပြီ။ ဒီရုပ်ရှင်မှာတော့ အဒမ်ဟာ ဟျူဘီ ဒူဘွား ဆိုတဲ့ သဘောကောင်းပြီး ရိုးအတဲ့လူကြီး၊ တစ်မြို့လုံးက အနိုင်ကျင့်ခံရတဲ့သူ အဖြစ် ပါဝင်ထားပါတယ်။ ဟျူဘီဟာ အင်မတင် ရိုးအပြီး ကြီးမားတဲ့ ယုံကြည်ချက်ကြီး တစ်ခုလည်း ရှိပါတယ်။ အဲဒါကတော့ ဟောလိုးဝင်း ညတိုင်းမှာ မြို့သူမြို့သားတွေ ဘေးကင်းဖို့ဟာ သူ့တာဝန်ပဲ ဖြစ်တယ်လို့ပါပဲ။ ဒါကြောင့် ဟောလိုးဝင်းညတိုင်းမှာ တစ်မြို့လုံးကို ကင်းလှည့်ပြီး အမြင်မတော်တာတွေ မသင်္ကာတာတွေကို ရဲကို သတင်းပြေးပြေးပို့တတ်ပါတယ်။ ဒါကြောင့် တစ်မြို့လုံးက လူတွေရော၊ ရဲတွေရောက ဟျူဘီကို အမြင်ကတ်ပြီး ပတ်ရှောင်နေကြရတာပါ။ ဒီလိုနဲ့ အခုရောက်လာတဲ့ ဟောလိုးဝင်းညမှာတော့ အရင်က ဟောလိုးဝင်း ညတွေလို မဟုတ်ဘဲ ထူးခြားတဲ့ ကိစ္စတွေ၊ လူပျောက်ဆုံးမှုတွေစတင်ဖြစ်လာပြီး ဟျူဘီက ရဲတွေကို သတင်းပေးပေမယ့် ချက်ချင်း မယုံကြည်ကြပါဘူး။ ဒီလိုနဲ့ လူပျောက်မှုတွေ ထူးဆန်းတာတွေ ဆက်တိုက်ဖြစ်လာတဲ့အခါမှာတော့..... File size… 1 Gb / 500 Mb Quality… Webrip 1080p /720p Format…mp4 Duration….01:42:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Littleneo Translated by Littleneo

Action & Adventure • Crime • Drama
6 2020 103 mins
Hubie Halloween
Frances Ha
7.4

Frances Ha (2012) =============== IMDb – 7.4/10 Rotten tomatoes – 93% ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်ကားလေးကတော့ လူတွေရဲ့ နေ့စဉ် ဘဝမှာကြုံတွေ့နေရတဲ့ သူငယ်ချင်းဆက်ဆံရေး၊ ရည်မှန်းချက်တွေ အတွက် ရုန်းကန်ရမှု၊ အောင်မြင်မှုနဲ့ ကျရှုံးမှုတွေ အကြောင်းကို B&W နဲ့ အလှပဆုံး ရိုက်ကူးတင်ဆက်ထားတဲ့ ဟာသဇာတ်မြူး ကားလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အသက် 27 အရွယ် ဖရန့်စစ် ဟယ်လာဒေး (Greta Gerwig) ဟာ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆာခရာမန်တိုမြို့ ကနေ နယူးယော့ခ်မြို့ကိုလာပြီး အကကုမ္ပဏီတစ်ခုမှာ အရံလူအဖြစ်ဝင်လုပ်ရင်း ကိုယ်ပိုင်အိပ်မက်ဖြစ်တဲ့ အောင်မြင်တဲ့ အကပညာရှင် တစ်ယောက်ဖြစ်အောင်ကြိုးစားနေတဲ့ သူတစ်ယောက်ပါ။ နယူးယော့ခ်က တိုက်ခန်းတစ်ခုမှာ သူငယ်ငယ်လေး ကတည်းက ခင်လာခဲ့တဲ့ အချစ်ဆုံးသူငယ်ချင်း ဆိုဖီ (Mickey Sumner) နဲ့အတူ ငှားနေရင်း တနေ့မှာဆိုဖီက တခြားတိုက်ခန်းပို‌ကောင်းတဲ့တစ်ခုကို ပြောင်းသွားခဲ့ပါတယ်။ ဒီလိုနဲ့ ဘာပြဿနာအခက်အခဲပဲရှိရှိ ပေါ့ပေါ့ပါးပါးပဲ ဖြေရှင်းတတ်ပြီး သူငယ်ချင်းမျက်နှာ တစ်ကမ္ဘာထင်‌နေခဲ့တဲ့ ဖရန့်စစ်တယောက် နယူးယော့ခ်မြို့ကြီးမှာဆက်လက်ရှင်သန်နိုင်ဖို့ ဘယ်လိုတွေ ဆက်ပြီး ရုန်းကန်ရမလဲ၊ သူလုပ်သမျှအလုပ်တွေကရော အကုန်အဆင်ပြေလာမလား၊ သူ့ရဲ့အပ်မက်ကရော ဖြစ်မြောက်လာမလား ကျရှုံးသွားမလား ဆိုတာကို ဆက်လက် ရှုစားပေးကြပါဦးခင်ဗျ။ File size…1.31GB / 538MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 26m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tmmt

7.4 2012
Frances Ha
I, Challenger
6.1

I, Challenger (2022) ဆစ်ဒ် ဆိုတဲ့သတ်လတ်ပိုင်းလူကတော့ သူ့ကိုယ်သူအရှုံးသမားအဖြစ် အပြည့်အဝခံယူထားသူပါ။ အလုပ်ကမရှိ၊ သူ့အလုပ်က စက်ရုပ်နဲ့အစားထိုးခံလိုက်ရလို့အလုပ်ပြုတ်သွားတယ်။ လတ်တလောအလုပ်ကတော့ ဆယ်ကျော်သက်တွေကိုဆေးခြောက်ရောင်းတဲ့အလုပ်။ ဘော်ဒါဆိုတော့လဲ သူနဲ့ဂိမ်းတွဲဆော့နေကျ ၁၆ နှစ်အရွယ်ကောင်လေးတစ်ယောက်ပဲရှိတယ်။ ဆော်ကလဲမရှိ။ သူကလဲကြံရာမရ ပေါက်ကရတွေအကုန်လုပ်တဲ့သူပါ။ Tinder ကနေလဲ သကြားမေမေရှာကြည့်သေးတယ်။ မအိုကေ။ ထီတွေဆိုတာလဲ လတိုင်းထိုးတာ။ နောက်ဆုံးတော့ ကံကောင်းခြင်းရဖို့ ဂူဂဲလ်မှာရှာရင်း ရုရှားကဗီဒီယိုတွေကိုသွားတွေ့တယ်။ ရုရှားကလူတွေက သူတို့ကိုယ်သူတို့၂၄ နာရီကြာ အခေါင်းထဲထည့်မြှပ်နှံပြီး ကံကောင်းခြင်းကိုရသွားကြတယ်တဲ့။ အခေါင်းထဲကပြန်ထွက်လာတာနဲ့ အလုပ်တွေအချစ်ရေးတွေအရာရာမှာကံကောင်းလာတယ်။ သေချာတာပေါ့ ဆစ်ဒ်ကလဲ သူ့တစ်ဦးတည်းသော သူငယ်ချင်းကောင်လေးရဲ့ အကူအညီကိုယူပြီး သူ့ကိုယ်သူ ၂၄ နာရီကြာ မြှုပ်နှံဖို့ ကြိုးစားလိုက်ချိန်မှာ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်လိုက်ကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre…..Comedy Quality…. 1080p | 720p | 480p File size… 1.6GB | 767MB | 373MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. August

6.1 2022
I, Challenger
Once Upon a Crime
5.2

Once Upon A Crime (2023) ငယ်ငယ်တုန်းက သဘောကျခဲ့ကြတဲ့ Cinderella နဲ့ ရွှေမင်းသားလေးကို ဂျပန်ဗားရှင်းနဲ့ ကြည့်လို့ရပါပြီ။ ဒီဇာတ်လမ်းမှာ တမူထူးခြားနေတာကတော့ “ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတစ်ပါး” လို့ မဟုတ်ဘဲ “ဟိုးရှေးရှေးတုန်းက လူသတ်မှုတစ်ခု” နဲ့ အစချီထားတာပါပဲ။ Fantasy/ Crime/ Mystery စတဲ့ Genre (၃) မျိုးကို တစ်ကားတည်းမှာ ကြည့်ရမှာမို့ ကြည့်မိလို့ နောင်တရမယ့်ကားမျိုးတော့ မဟုတ်ဘူးလို့ ထင်ပါတယ်။ ကိုယ်သိထားတဲ့ Cinderella ဇာတ်လမ်းကနေ ကွဲထွက်ပြီး ထူးခြားတဲ့ Plot တစ်ခုမို့ မြှုပ်ကွက်လေးတွေနဲ့အတူ ကြည့်လို့ကောင်းစေမှာပါပဲနော်။ ကဲ…စကားများရင် အမှားပါတတ်တာမို့ ကိုယ်တိုင်ကြည့်ပြီး ဝေဖန်သုံးသပ်လိုက်ကြပါဦး။ အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Khaing ပဲ ဖြစ်ပါတယ်။ Genre….. Adventure, Comedy, Crime Quality…. 1080p | 720p File size…2GB } 966MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Khaing Encoder ….. Aaron

5.2 2023 105 mins
Once Upon a Crime
Poultrygeist: Night of the Chicken Dead
6

Poultrygeist: Night of the Chicken Dead (2006) Genre – Comedy, Horror, Musical IMDB – 6.0/10 (ရုပ်ရှင် မကြည့်ခင် သတိပေးလိုတာကတော့ ၁၈ နှစ်အောက်မကြည့်ကြပါနဲ့၊ ထမင်းစားရင်း မကြည့်ကြပါနဲ့) Troma Entertainment ဆိုတာက ဘတ်ဂျတ်နည်းနည်း Independent ရုပ်ရှင်မျိုးတွေ ထုတ်ပေးတဲ့ ကုမ္ပဏီပါ။ သူ့ဆီက ထွက်လာတဲ့ကားတွေက လူကြီးတွေအတွက်သာ ရည်ရွယ်ထားပြီး ၁၉၅၀ ခုနှစ်စတိုင် Horror-Comedy တွေဖြစ်ပြီး သွေးသံတရဲရဲ သတ်တာဖြတ်တာ ပါမယ် ကိုယ်လုံးတီးတွေ ဗုံးဗောလအော ပါမယ် သောက်တလွဲဇာတ်လမ်း ဇာတ်ကောင်တွေ ပါမယ် ဒါ သူ့ ထူးခြားမှုပေါ့။ သူတို့ဆီက ရုပ်ရှင်တွေကြည့်မယ်ဆို ယုတ္တိဆန်တာတွေ တွေးခေါ်တာတွေ အကုန်မေ့ပစ်လိုက်ပါ ဘာလို့လဲဆိုတော့ သူတို့ကားတွေက Fuk-up ဖြစ်ပြီး သောက်ဆန်းတွေမို့လို့ပါ။ သူတို့ဆီက နာမည်ကြီးကား ၁၉၈၄ ထွက် Toxic Avenger ကိုတောင် ဒီနှစ်ထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ Elijah Wood တို့ Kevin Bacon တို့ Peter Dinklage တို့နဲ့ ပြန်ရိုက်ကူးထားပြီး သိပ်မကြာခင် ထွက်ရှိလာတော့မှာပါ။ ကဲ ဇာတ်လမ်းအကြောင်းပြောရမယ်ဆိုရင်တော့ အစကတည်းက သောက်တလွဲပါပဲ။ အာဘီဆိုတဲ့ လူငယ်လေးက သူနဲ့ သူ့ကောင်မလေးတို့ အင်ဒီးယန်းသချိုင်းကြီးပေါ် ချစ်ရည်လူးခဲ့ရာမှာ မအောင်မြင်ခဲ့လို့ တစ်နှစ်ကြာတော့ အလွမ်းပြေအနေနဲ့ သွားကြည့်ရာမှာ အလွယ်စား ကြက်ကြော်ဆိုင်ကြီး ဖြစ်နေပါပြီ။ အရှေ့မှာလည်း ခရိုနီတွေကို ဆန့်ကျင်ဖို့ရယ် အင်ဒီးယန်းတွေအတွက် ကြက်တွေအတွက် ဆန္ဒပြပွဲကြီးလည်း ရှိနေပါတယ်။ အဲဒီထဲမှာ သူ့ ချစ်သူဝန်ဒီ ပါနေပြီး သစ္စာမဖောက်ဘူးပြောထားပေမဲ့ Lesbian တစ်ယောက် ဖြစ်လို့ နေခဲ့ပါပြီ။ ဒီဟာကို စိတ်နာပြီး အာဘီတစ်ယောက် ရွဲ့ပြမယ်ဆိုပြီး ဒီ ကြက်ကြော်ဆိုင်မှာ အလုပ်ဝင်လုပ်ပါတော့တယ်။ ဒီအချိန်မှာပဲ ဒီ ကြက်ကြော်ဆိုင်ဟာ အင်ဒီးယန်းသချိုင်းပေါ် တည်ဆောက်ထားတဲ့အတွက် အင်ဒီးယန်းဝိဉာဉ်တွေဟာ ကြက်ကြော်ဆိုင်က ကြက်တွေကို ဝင်ပူးပြီး တွေ့သမျှ အကုန်သတ်ဖြတ်ကြတဲ့ အခါမှာတော့ အာဘီတစ်ယောက် ချစ်သူနဲ့ သူကိုယ်တိုင် အသက်ရှင်သန်ဖို့ ရုန်းကန်ရပါတော့တယ်။ File size… 1 GB / 666 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Horror , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Thura Aung

Thriller • Mystery • Crime
6 2006 103 mins
Poultrygeist: Night of the Chicken Dead
Checkin’ It Twice
7

Checkin’ It Twice (2023) ================== IMDb Rating – 7.0/10 ခရစ်စမတ်နားနီးလာပြီဆိုတော့ ခရစ်စမတ် အချစ်ကားလေး တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့ ရေခဲပြင် ဟော်ကီ ကစားသမား ဘရစ်နဲ့ အိမ်ခြံမြေအကျိူးဆောင် အက်ရှလေတို့ နှစ်ယောက်သား ခရစ်စမတ်ပိတ်ရက်ပြန်ကျရင်းနဲ့ မြို့တစ်မြို့မှာ သွားစုံမိရင်း အကြောင်းကြောင်းတွေကြောင့် ရင်းနှီး ဖို့အကြောင်းဖန်လာခဲ့သည်ပေါ့။ တခြားအချစ်ဒရမ်မာကားတွေလို မဟုတ်ပဲ အသက် ၃၀ ကျော် အပျိုကြီး လူပျိူကြီး စာရင်းထဲဝင်ဖို့ ဆိုင်းပြင်းနေတဲ့ လူနှစ်ယောက် ကြားက ဇာတ်လမ်းလေးပေါ့။ နှစ်ယောက်သားရဲ့ ဘဝအခြေအနေ ဇာတ်ကြောင်းတွေနဲ့ မိသားစုနွေးထွေးမှုလေးတွေကို စုပေါင်းတင် ဆက်ထားတဲ့ ကားလေးဖြစ်လို့ အေးအေးဆေးဆေးလေးနဲ့ ခရစ်စ မတ်အချစ်ကားလေး ခံစားချင်သူတွေအတွက် သင့်တော်တဲ့ ကား ကောင်းလေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size……….(1.82 GB) / (672 MB) Quality…………WEB-RIP 1080p / 720p Duration………1Hr 24Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Romance Translator…….Thetti Tun Encoder……….SWM

7 2023
Checkin’ It Twice
The Apostles
5.8

ဒီဇာတ်ကားလေးကတော့ သည်းထိတ်ရင်ဖိုနဲ့ စိတ္တဇဆန်ဆန် ဇာတ်လမ်းကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့စေမဲ့ကားမျိုးလေးဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဉ်းလေးကတော့ – စာရေးဆရာမလုယွင်ဟာ အမြဲလိုလိုအိပ်မက်ဆိုးတွေမက်လေ့ရှိပါတယ် ။ ဒီလိုနဲ့သူစာအုပ်ထုတ်ဖို့ချိန်းဆိုထားတဲ့တစ်နေ့မှာ အမျိုးသားဖြစ်သူဟာ အလုပ်ခရီးကနေ‌ရပ်ဆီပြန်အလာ စီးလာတဲ့လေယာဉ်ပျက်ကျသွားပြီး သေဆုံးလို့သွားခဲ့ပါတယ် ။ လုယွင်တစ်ယောက် ယောက်ျားရဲ့ နောက်ဆုံးကျန်ခဲ့တဲ့ ပစ္စည်းလေးတွေကိုသွားယူရင်း အမှန်တရားကိုလက်မခံနိုင်တဲ့အခါ…. တစ်ဖက်မှာလည်း ဟန်ပင်းလို့ခေါ်တဲ့ အမျိုးသားရဲ့ အမျိုးသမီးဖြစ်သူကလည်း လေယာဉ်ပျက်ကျမှုထဲပါလို့သွားခဲ့ပြီး ‌ကျစ်ရစ်ပစ္စည်းတွေထဲမှာ လုယွင်၏ခင်ပွန်းဖြစ်သူဖုန်းကရှိနေတဲ့အခါ… သူတို့နှစ်ယောက်အမှန်တရားကိုဘယ်လိုရှာဖွေသွားကြမလဲ.. ကိုယ်အမှန်လို့ထင်ထားတဲ့အရာတွေကအမှားဖြစ်ပြီး အမှားလို့ထင်ထားတဲ့အရာတွေက အမှန်တကယ်ဖြစ်နေတဲ့အခါ… လုယွင်တစ်ယောက်ဘယ်လိုဆက်ဖြစ်မလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲဆက်လက်ကြည့်ရှုပေးကြပါဦး

5.8 2014
The Apostles
Pula
5

Pula (2024) ========= Pula ဆိုတာ တိတ်ဆိတ်အေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ပါတယ်။မြို့သူမြို့သားတွေကလည်း ရိုးသားငြိမ်းချမ်းကြပြီး ဘာသာတရားကိုင်းရှိုင်းသူ ရှေးရိုးစွဲသူတွေဖြစ်ကြတယ်။ တစ်နေ့မှာတော့ မြို့လေးရဲ့ငြိမ်းချမ်းမှုကိုလှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အသတ်ခံရမှုဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကတည်းက မြို့မှာ ကပ်ဆိုးတစ်ခုဆိုက်ရောက်လာတော့မယ့် နိမိတ်ပုံတွေပြနေခဲ့တာပါ။ အဲ့ဒီနိမိတ်တွေဟာ အယူသီးတဲ့ မြို့သူမြို့သားတွေရဲ့အစွဲအလန်းတစ်ခုပဲလား။ ဒါမှမဟုတ် သူတို့ရဲ့အယူအဆဟာ တကယ်ပဲမှန်ကန်နေမလား? ကပ်ဆိုးဟာ သူတို့ဆီကို ဘယ်လိုပုံစံမျိုးနဲ့ဆိုက်ရောက်လာမလဲ ဆိုတာတွေကို ဇာတ်လမ်းထဲမှာ အဖြေရှာရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ထူးချွန်ဆုအများဆုံးမင်းသားတစ်ယောက်ဖြစ်တဲ့ Coco Martin နဲ့ ဇနီးချော Julia Montes တို့ခေါင်းဆောင်ပါဝင်ထားပြီးလိင်အသားပေးကားတွေကနေ Mainstream လောကကို တိုးဝင်လာပြီဖြစ်တဲ့ Vivamax sweetheart လေး Christine Bermas လည်းပါဝင်အားဖြည့်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1.9GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Crime, Drama, Thriller Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

5 2024 114 mins
Pula
Remo Williams: The Adventure Begins
6.4

ဆမ်မေကင်ဟာ နယူးယောက်မြို့ ဘရွတ်ကလင်းမှာ လမ်းသရဲ လူဆိုးတွေကို ဖမ်းဆီးနေတဲ့ သာမန် ရဲသားတစ်ဦးသာ ဖြစ်ပါတယ်။ တစ်ရက်မှာတော့ လျှို့ဝှက်အမေရိကန်အဖွဲ့အစည်း တစ်ခုရဲ့ အတင်းအကျပ် လူသစ်စုဆောင်းမှုကို ခံခဲ့ရပါတယ်။ ဆမ်မေကင် ဆိုတဲ့ဘဝကို ဈာပနအတုပါပြုလုပ် ပြည်ဖုံးကားချခဲ့ပြီးတော့ ရီမိုဝီလီယမ်စ်ဆိုတဲ့ သူအဖြစ်နဲ့ ဘဝအသစ်ကို ထပ်မံရရှိခဲ့ပါတယ်။ နာမည်တင်မက မျက်နှာကိုပါ အပြောင်းအလဲပြုလုပ်ခံခဲ့ရပါတယ်။ CURE လို့ အမည်ခံထားတဲ့ လျှို့ဝှက်အစိုးရအဖွဲ့အစည်းတစ်ခုအတွက် အလုပ်လုပ်ပေးဖို့ စည်းရုံးခံခဲ့ရပြီးတဲ့နောက်မှာ ကိုယ်ခံပညာတို့ရဲ့ မြစ်ဖျားခံရာ ရှီနန်ဂျူရွာရဲ့ မျိုးဆက်သခင် ကိုးရီးယားလူမျိုး ချွန်းရဲ့လက်အောက်မှာ လူသားလက်နက်အဖြစ်နဲ့ လေ့ကျင့်ခဲ့ရပါတယ်။ အပြည့်စုံဆုံး လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အနေနဲ့ မတော်တဆဆန်ဆန် သတ်ဖြတ်မှုမျိုးတွေကို ဆောင်ရွက်နိုင်အောင် အထူးလေ့ကျင့် သင်ကြားပေးခဲ့ပါတယ်။ စိတ်ရော ကိုယ်ပါ ကြံ့ခိုင်သန်စွမ်းလာအောင် ရှေးကျတဲ့လေ့ကျင့်ခန်းတွေနဲ့ စခန်းသွင်းလေ့ကျင့်အပြီးမှာတော့ ကျည်ဆန်ကိုပါ ရှောင်နိုင်တဲ့ ရီမိုဝီလီယမ်စ် အဖြစ်ကိုရောက်ရှိလာခဲ့ပါတယ်။ ချွန်းရဲ့အပြောအရ ရီမို့ကို အပြည့်စုံဆုံးအနေအထား ရောက်အောင် (၁၅) နှစ်အထိ အချိန်ယူရမှာ ဖြစ်ပေမယ့် CURE အနေနဲ့ သူတို့ရဲ့လူသားလက်နက်ကို မဖြစ်မနေထုတ်သုံးရမယ့် အခြေအနေ ရောက်လာခဲ့ပါတယ်. သူတို့ကိုယ်တိုင် ထောက်လှမ်းဖို့ နည်းလမ်းရှာမတွေ့နိုင်သေးတဲ့ လက်နက်ကုမ္ပဏီတစ်ခုရဲ့ လျှို့ဝှက်ချက်တွေကို သိရှိနိုင်ဖို့ ရီမို့ကို စေလွှတ်စုံစမ်းခိုင်းခဲ့ပါတယ်.။ The Destroyer ဆိုတဲ့ ဝတ္ထုစီးရီးရဲ့ ရုပ်ရှင်အဖြစ် ပထမဦးဆုံးခြေလှမ်းလည်းဖြစ်တဲ့ Remo Williams : The Adventure Begins ဆိုတဲ့ ၁၉၈၅ ခုနှစ်က အက်ရှင်ဇာတ်ကားကောင်းလေးကို CM က ပရိသတ်များရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File Size : 2.7 GB, 1.3 GB Quality : Blu-Ray 1080p / 720p Running Time : 2hr Format : Mp4 Genre : Action, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Comedy • Romance • Drama
6.4 1985 121 mins
Remo Williams: The Adventure Begins
Love in the Big City
7.9

Love in the Big City (2024) ****************************** IMDb… 7.9 Series အနေနဲ့ အရင် ထွက်ရှိခဲ့တဲ့ Love In The Big City ရဲ့ Movie Version ထွက်ရှိလို့ လာပါပြီ။ Movie Version မှာတော့ လောလောလတ်လတ် Exhuma ဇာတ်ကားနဲ့ ဆုတွေ ဆွတ်ခူးရရှိထားတဲ့ မင်းသမီး Kim Go Eun နဲ့ Soundtrack 2, Curtain Cell အစရှိတဲ့ ဇာတ်လမ်းတွဲထဲက မင်းသား Noh Sang Hyunတို့က Main Cast အဖြစ် ပါဝင်ထားပါတယ်။ (ယခုကားနဲ့ပဲ မင်းသား Noh Sang Hyun ဟာ 45th Blue Dragon Film Awards မှာ တက်သစ်စ အမျိုးသားသရုပ်ဆောင်ဆု ကိုရရှိခဲ့ပါသေးတယ်။) -ဇာတ်လမ်းအညွှန်း- ပြင်သစ် ဘာသာ စကားကို အထူးပြုလေ့လာနေတဲ့ ဂူဂျယ်ဟီး (Kim Go Eun) ကတော့ ဘဝကို အပူအပင်မရှိ ပေါ့ပေါ့ပါးပါး ဖြတ်သန်းနေပြီး ရည်းစားထားရတာကို သဘောကျတဲ့ Straight Woman ဖြစ်ပြီး သူ့ရဲ့ ပွင့်လင်းတဲ့စရိုက်ကြောင့် ကျောင်းမှာလည်း မကြာခဏဆိုသလို အတင်းပြောခံရတဲ့ ကောင်မလေးပေါ့။ ဂူဂျယ်ဟီးနဲ့ တစ်ကျောင်းတည်းမှာ အတူတူ တက်နေတဲ့ ဂျန်ဟွန်းဆူကတော့ လိင်တူချင်း သဘောကြသူဖြစ်ပြီး ဂေးဆိုတဲ့ ဖြစ်တည်မှုကို တစ်ဘဝလုံး လျှို့ဝှက်လာခဲ့သူ ဖြစ်ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ မထင်မှတ်ဘဲ ဟွန်းဆူရဲ့ လျှို့ဝှက်ချက်ကို ဂျယ်ဟီးက သိရှိသွားပါတော့တယ်။ ဒါပေမဲ့ ဟွန်းဆူ ကြောက်ရွံ့နေသလိုမျိုး ဂျယ်ဟီးက သူ့ရဲ့ ဖြစ်တည်မှုကို ပြက်ရယ်ပြုတာမျိုး မရှိဘဲ သူ့ကို ကာကွယ်ရပ်တည်ပေးခဲ့ပါသေးတယ်။ ဒီလိုနဲ့ ရင်ဘတ်ချင်းတူလို့ ဘော်ဒါဖြစ်သွားတဲ့ သူတို့နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက် အကြံပေးရင်းနဲ့ သူတို့နှစ်ယောက် ရှာဖွေနေတဲ့ အချစ်ကို အတူတကွ ဘယ်လိုရှာဖွေသွားမလဲဆိုတာတွေကို အခုခေတ် လူငယ်တွေမှာ ဖြစ်လေ့ရှိတဲ့ နေထိုင်မှုဘဝ ပြဿနာတွေကို လက်တွေ့ဘဝမှာပါ ထင်ဟပ်အောင် ရိုက်ကူးထားတဲ့ ကားဖြစ်လို့ တစ်ခါလောက်တော့ ရှုစားကြည့်ဖို့ ညွှန်းဆိုလိုက်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို Treasure Htet မှ ရေးသားပေးထားပါတယ်။) File size… 2.23GB / 820MB Quality… WEB-DL 1080p / 720p Format…mp4 Duration….1h 58m Genre ….. Romance, Life, Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary, Hnin Wai Oo & Miri

7.9 2024 118 mins
Love in the Big City
Us or Them
4.1

Us or Them (2024) ဒီ Us or Them ဆိုတဲ့ ရုပ်ရှင်ကတော့ ဘယ်လိုဇာတ်လမ်းမျိုးဖြစ်မလဲဆိုတာကို ခေါင်းစဉ်ကနေတန်းမှန်းကြည့်ဖို့ခက်ခက်မှာပဲ။ Genre အနေနဲ့ကတော့ Action, Thriller, Mystery ဆန်တဲ့ဘက်ကိုရောက်ပါတယ်။ ဇာတ်လမ်းအကျဉ်း လူငယ်ဘဝကတည်းက သူငယ်ချင်းဖြစ်လာကြတဲ့ဂျုဒ်နဲ့ အန်တီတို့ဟာ မိသားစုနဲ့အတူခရီးတစ်ခုသွားကြပါတယ်။ ဖြစ်ပုံကတော့ ဂျုဒ်က သူကစားတဲ့ အွန်လိုင်းဂိမ်းတစ်ခုမှာ မဲပေါက်သွားတယ်ဆိုပြီး ဂိမ်းစီစဉ်သူတွေက အပျော်ခရီးသွားလက်မှတ်ကို မိသာစုးလိုက်ဖိတ်ခဲ့ပါတယ်။ ဒီလိုနဲ့ ခရီးရောက်တော့ စမ်းတဝါးဝါးနဲ့ သူတို့ကို စီစဉ်သူတွေက ဆုကြောင်းအပြင် ဘာတွေချီးမြှင့်မလဲဆိုတာကို မသိဘဲ ခရီးမှာပျော်ကြတာပေါ့။ ဒီလိုနဲ့ စီစဉ်ပေးထားတဲ့ ဟိုတယ်နေထွက်ပြီး ဂိမ်းစီစဉ်သူတွေရှိရာကို လျှို့ဝှက်အစည်းအဝေးတစ်ခုသွားတက်ဖို့ ဂျုဒ်နဲ့အန်ဒီတို့ထွက်လာခဲ့ပါတယ်။ ဖြစ်ချင်တော့ စီစဉ်သူတွေဟာ သူတို့ကို ဂိမ်းတစ်ခုနဲ့ထပ်မံမိတ်ဆက်လိုက်ပါတယ်။ ဒီဂိမ်းကို လူနှစ်ယောက်အစုံလိုက်ရှိမှသာ ဆော့လို့ရမှာဖြစ်ပြီးတော့ ဂိမ်းရဲ့ ပွဲစဉ်တစ်ခုချင်းစီကိုနိုင်ရင် ပိုက်ဆံကို ထပ်ထပ်ကွမ်းနေအောင်ဆတိုးပြီးရလာမှာပါ။ ဒါပေမဲ့ သတိထားစရာတစ်ခုကတော့ ပွဲစဉ်တစ်ခုခုဆော့တိုင်းကိုယ့်ဘက်ကနေလည်းပြန်ရင်းရတဲ့အရာတွေရှိပါတယ်။ ဒီလိုမျိုး ဂိမ်းစီစဉ်သူကနေ မိတ်ဆက်ပေးလိုက်တဲ့အချိန်မှာ ဂျုဒ်က ငွေမက်သွားပြီး အန်ဒီ့ကို အသည်းအသန်ဆော့ဖို့ သိမ်းသွင်းပါတယ်။ သူတို့သူငယ်ချင်းနှစ်ယောက်ဆော့ဖြစ်သွားပေမယ့်လည်းနောက်ဆုံးမှာတော့ တစ်ယောက်မှာအသက်ရှင်နိုင်မှာကို မသိသေးတဲ့ သူငယ်ချင်းနှစ်ယောက် ဘယ်လိုဖြစ်သွားမလဲဆိုတာကို ရင်တလှုပ်လှုပ်နဲ့ စောင့်မျှော်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size…(1.7 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller Duration….01:26:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Mark

History • Drama • War
4.1 2024 86 mins
Us or Them
Umjolo: There Is No Cure
5

Umjolo:There’s no cure ဆိုတဲ့ရုပ်ရှင်ကားလေးကတော့ 2025 မှာထွက်ရှိထားတဲ့ LGBT+ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကောလဟာလသတင်းတစ်ခုကြောင့် ရရှိထားတဲ့ မစ္စတောင်အဖရိကဆိုတဲ့ဂုဏ်ကိုပြုတ်သွားတဲ့ မော်ဒယ်တစ်ယောက်က သူရဲ့ဘဝဇာတ်ကြောင်းကို စာအုပ် အဖြစ်ပြန်ရေသားဖို ဆုံးဖြတ်လိုက်ပြီး ရေးသားပေးမယ့် စာရေးဆရာမလေးကိုချဉ်းကပ်ခဲ့ပါတယ်၊ ဆရာမလေးရဲ့ လက်ထောက်လို့ပြောတဲ့ကောင်မလေးနဲ့ပဲ အဆက်အသွယ် လုပ်နေခဲ့ရပြီး သူတို့တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေရှိလာတဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့ Romance,Dramaရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… (1.61 GB) / (817 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Romance • Drama • Science Fiction
5 2025 78 mins
Umjolo: There Is No Cure