YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

(CM) Blind Willow, Sleeping Woman (2022) 1080p.mp4

2.03 GB N/A video/mp4 326 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
La traversée
6.1

ပြင်သစ်စကားပြော ဟာသဇာတ်ကားလေးဖြစ်ပြီးတော့ IMDb 5.5 ရထားတဲ့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့် ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဆယ်ကျော်သက်ငါးယောက်နဲ့အတူတူ ပင်လယ်ကို လေ့လာရေးခရီးထွက်လာတဲ့ နည်းပြနှစ်ယောက်ရယ် မာလိန်မှူး ရဲဝန်ထမ်းဟောင်းတစ်ယောက်ရယ် သင်္ဘောပေါ်မှာ ဖြစ်ပျက်ကြတာတွေကို ရိုက်ကူးထားတာပါ။ ဆယ်ကျော်သက်အရွယ်တွေ ဆိုးသွမ်းကြတာကို သည်းမခံနိုင်တဲ့ ရဲဝန်ထမ်းဟောင်းရယ် ကလေးတွေရယ် ပင်လယ်ထဲက သင်္ဘောပေါ်မှာ ဘယ်လိုဆက်သွားကြမလဲဆိုတာကို ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုရမှာဖြစ်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre..... Comedy Quality…. 1080p | 720p | 480p File size… 1.8GB | 963MB | 463MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Moh Moh Encoder ..... August

Drama
6.1 2022 109 mins
La traversée
(21+) 9 Songs
5.7

ဒီကားက Music Romance ဖြစ်ပြီး ဆုတွေလည်းရထားပေမဲ့ စိတ်မကောင်းချင်စရာကောင်းတာက အထဲမှာပါတဲ့ အချစ်ကိုဖော်ပြတဲ့အခန်းအတော်များများဟာ 21+ အဆင့်ဖြစ်နေတာပါပဲ.. Music ,Romance ကြိုက်တဲ့ သူတွေအတွက် စိတ်မကောင်းချင်းများစွာနဲ့ ဒီကားကိုဒေါင်းရမှာ ဖြစ်ပါတယ်... ဘဝတစ်ကွေ့မှာ ဆုံတွေ့ခဲ့ပြီး၊ ကိုယ့်ရင်ခွင်ထဲ ခဏ၀င်နားကာ ပြန်ထွက်ခွာသွားတဲ့သူမျိုးကတော့ လူတိုင်းဆီမှာရှိကျစမြဲပါပဲ။ လန်ဒန်မှာ အလုပ်လာလုပ်ပြီး သူ့ရင်ခွင်ထဲခိုလှုံကာ မွေးရပ်မြေကိုပြန်သွားတဲ့ အမေရိကန်သူလေး လီဆာကို အင်္ဂလန်သားလေး မတ်တစ်ယောက် သတိရ‌နေပြီး အတူရှိခဲ့စဉ်က နှစ်ယောက်သား  ရဲ့ ချစ်ပုံရိပ်တွေကို သီချင်းကိုးပုဒ်တို့ဖြင့်  ခမ်းနားထည်ဝါစွာဖော်ပြထားပါတယ်.. File Size : (1.5GB) (885 MB) and (207MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:11:00 Genre : Music, Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Y Encoded by X

Action • Adventure • Horror • Science Fiction
5.7 2004 69 mins
(21+) 9 Songs
Drifting Home
7.6

အမှတ်တရဆိုတာကို ဘယ်လိုခံယူကြလဲ? ကျွန်တော့်အတွက်တော့ အမှတ်တရ‌ဆိုတာ လူသားတွေကိုဖြစ်တည်စေတဲ့ အရာပါပဲ။ အမှတ်တရတွေကြောင့် ပျော်ရွင်ရတယ်။ ဝမ်းနည်းနေရင်တောင် မျက်ရည်တွေနဲ့ ပြုံးမိစေတယ်။ အမှတ်တရတွေကြောင့်ပဲ ကိုယ်မကြိုက်တဲ့ပစ္စည်းကိုတောင် ဖက်တွယ်မိကြတယ်။ အမှတ်တရတွေကို မစွန့်လွှတ်နိုင်ကြတဲ့အခါ ရူးမတတ်နာကျင်ရတယ်။ အထူးသဖြင့် အ‌သည်းကွဲရင်ပေါ့ဗျာ။ အသည်းကွဲတာနဲ့ မဆိုင်ပေမယ့် ဒီမျောနေတဲ့တိုက်ခန်းလျားလေးက သံယောဇဉ်တွေ ကိုယ်ဖက်တွယ်ချင်ခဲ့တဲ့မှတ်ဉာဏ်တွေ အမှတ်တရတွေအကြောင်းကို ကောင်းကောင်းကြီးခံစားတတ်စေမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ... တိုက်ခန်းလျားအဟောင်းကြီးတစ်ခုရှိတယ်။ ဟိုးလွန်ခဲ့တဲ့နှစ်တွေတုန်းက ဆောက်ထားတာမို သရဲခြောက်တယ်ဆိုပြီး လူတိုင်းကပြောကြတယ်။ ဘယ်လောက်ပဲဟောင်းနေပါစေ နာ့ဇူမဲနဲ့ ခိုဆုခဲဆိုတဲ့ ကလေးနှစ်ယောက်အတွက်တော့ အဖိုးတန်အိမ်လေးပါပဲ။ မူလတန်းရဲ့ နောက်ဆုံးသော ‌နွေရာသီ ... တိုက်ခန်းလျားကို ဖြိုချပစ်တော့မှာမလို နာ့ဇူမဲတိုသားအမိနဲ့ ခိုဆုခဲတိုမိသားစု အိမ်ပြောင်းရတယ်။ သေးသေးလေးကတည်းက မခွဲအတူနေနှစ်ယောက်က ရုတ်တရက်ကြီး ဘာလိုမှန်းမသိ စိမ်းကားသွားတယ်။ သူငယ်ချင်းဖြစ်သူ စပ်စုစိန်တိုင်အိချိကြောင့် အိမ်ဟောင်းဖြစ်တဲ့ တိုက်ခန်းလျားကြီးဆီ ခိုဆုခဲရောက်လာရတယ်။ တိုင်အိချိက ပေါက်ပေါက်ရှာရှာ သရဲဖမ်းမလိုတဲ့လေ။ သရဲရှာမတွေ့ပါဘဲ ဗီဒိုခန်းလေးထဲမှာ သူ့ကိုယ်သူပိတ်ပြီး အိပ်ပျော်နေတဲ့ နာ့ဇူမဲကိုပဲ သူတိုရှာတွေ့သွားကြတယ်။ ‌နာ့ဇူမဲရှင်းပြတာတွေကို ခိုဆုခဲကမယုံတာမို ထုံးစံအတိုင်း ရန်သတ်ကြပြန်ပါတယ်။ ခေါင်မိုးထပ်မှာ ရန်ဖြစ်ရင်းနဲ့ပဲ နာ့ဇူမဲတစ်ယောက် တိုက်ပေါ်က ပြုတ်ကျသွားတဲ့အခါ ... ခိုဆုခဲနဲ့ နာ့ဇူမဲ၊ စပ်စုစိန်အသေးလေး တိုင်အိချိ၊ လူကောင်ကြီးကြီးယူဇုရု၊ ပြဿနာအိုးရဲအိနာနဲ့ ကြင်နာတတ်တဲ့ဂျူရီ၊ တစ်ချိန်လုံးနပန်းလုံးနေတဲ့ ခြောက်ယောက်သား မျောနေတဲ့အိမ်ကြီးဆီရောက်သွားပါတော့တယ်။ ‌တကယ်မှတကယ် ဘယ်ဆီဘယ်မှန်းမသိရတဲ့ ပင်လယ်ကြီးထဲမှာ မျောနေတဲ့တိုက်ခန်းကြီးနဲ့ အတူ ကလေးခုနစ်ယောက် ဘယ်လိုစခန်းသွားကြမလဲ? ပင်လယ်ပြင်ထဲ ဘာတွေ ကြုံတွေ့ရမလဲ? အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ဇာတ်လမ်းလေးက သံယောဇဉ်နဲ့ အမှတ်တရအကြောင်းမလို့ ရိုးရိုး ကလေးကြည့် fantasy ထက်တော့ ပိုပါတယ်။ A whisker away တို Penguin Highway, Typhoon Noruda တိုရဲ့ ဒါရိုက်တာ Colorido Studio က Hiroyasu Ishida ရဲ့လက်ရာမလို့ Animation နဲ့ plot ကတော့ စိတ်ချရမှာ အမှန်ပဲဗျာ။ ခိုဆုခဲတို့ ခုနစ်‌ယောက်နဲ့အတူ တိုက်ခန်းကြီးထဲမှာ လိုက်ပါရင်း သေချာစီးမျောပေးကြပါဦးဗျာ။ (ဇာတ်လမ်းအညွှန်းကိုတော့ Chevy က ရေးထားပါတယ်။) File Size          : 1.1GB, 480MB, 276MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr & 59mins Genre              : Comedy Translated by Chevy & Hnin Wut Yi Encoded by Kinnov

Crime • Drama • Thriller
7.6 2022 121 mins
Drifting Home
Bheemla Nayak
5.2

ယခုတစ်ခေါက်မှာတော့ IMDb 7.8 ရရှိထားပြီး ရူပီး 70 ကုဋေအကုန်ကျခံရိုက်ကူးထားတဲ့ တယ်လဂူအိန္ဒိယ အက်ရှင်ဒရမ်မာကားကောင်းလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဇာတ်လမ်းလေးကတော့ သူဌေးဒန်နီရယ်ရှီကာနဲ့ တပည့်ဖြစ်သူကားမောင်းသမား နှစ်ယောက်ဟာ ညအချိန်မတော် နယ်စပ်ကိုဖြတ်မောင်းလာခဲ့ပါတယ်။ စစ်ဆေးရေးဂိတ်စောင့်ရဲတွေ တွေ့တော့ ကားတားပြီးစစ်ဆေးရာမှာ သတ်မှတ်ခွင့်ပြုချက်ထက်ကျော်လွန်တဲ့ အရက်ပုလင်းတွေ သယ်ဆောင်လာကိုမိသွားပါတယ်။ အဲဒီလိုနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဒုစစ်ဆေးရေးမှူး ဘီမလာနာယက်ခ်ရောက်လာကာ သူဌေးဒန်နီရယ်နဲ့ကားမောင်းသမားကို ဖမ်းသွားပါတယ်။ ဒါပေမယ့် သူဌေးဒန်နီရယ်ဟာ ဘယ်သူမှမထိရဲဘဲကျောထောက်နောက်ခံကြီးမားတဲ့ တပ်ကြပ်မှူးဟောင်းဖြစ်နေပါတယ်။ ရိုးဖြောင့်ပြီး သမာသမတ်ကျတဲ့ ရဲအရာရှိ ဘီမလာနာယက်ခ်နဲ့ အတ္တအငြိုးကြီးမားတဲ့ ဒန်နီရယ်ရှီကာတို့ ထိပ်တိုက်တွေ့ကြတဲ့အချိန်မှာ ဘယ်လိုအရာများပြောင်းလဲသွားမလဲဆိုတာကတော့ စိတ်ဝင်စားစရာပါပဲ။ ဒီဇာတ်ကားဟာ 1876 ခုနှစ် ဒီဇင်ဘာ 29ရက်နေ့မှာကျဆုံးခဲ့တဲ့ အိန္ဒိယတော်လှန်ရေးသမား Bheema Nayak ရဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းကိုအခြေခံပြီး နာမည်ကြီး "Ayyappanum Koshiyum" ဇာတ်ကားကို ပြန်လည်ဆန်းသစ်ပြီးရိုက်ကူးထားတာဖြစ်တဲ့အတွက် ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…1.4GB / 2.8GB Quality…720p / 1080p WEB DL AAC 5.1CH Format…mp4 Duration….2h 10m Subtitle….Myanmar Subtitle(hard sub) Encoder….YK Translated by Haruko & Poe & Shwe Pwint & Yunni

Comedy • Romance
5.2 2022 145 mins
Bheemla Nayak
Justin Bieber's Believe
7.2

ယနေ့ကျရောက်တဲ့ March လ ၁ရက်နေ့ဟာ Justin Drew Bieber ရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက် ၂၈နှစ်ပြည့်သွားပြီဖြစ်တဲ့ Justin ဟာ မိန်းမတောင်ရသွားပြီဖြစ်လို့ Baby သီချင်းကို သီဆိုနေခဲ့တဲ့ ဆယ်ကျော်သက်ကလေးလေး မဟုတ်တော့ပါဘူး။ ဒါပေမဲ့လည်း သူ့ကိုမြင်တိုင်း nostalgic ဖြစ်ပြီး သူ့သီချင်းတွေကို ရရမရရ ဝါးချပြီးအော်ဆိုနေခဲ့တဲ့ ကိုယ့်ကိုယ်ကို ပြန်အမှတ်ရမိပါတယ်။ မနှစ်ကတည်းက ဒီကားလေးကို တင်ပေးမယ်ပြောထားပေမဲ့ နောက်ကျလက်စနဲ့ သူ့မွေးနေ့ရောက်မှ တင်တော့မယ်လို့ စိတ်ကူးမိတာနဲ့ အခုမှ တင်ဖြစ်သွားတာပါ။ ကျွန်တော် ကလေးဘဝတုန်းက ဒီ Documentary ကိုကြည့်ဖူးပေမဲ့ ပြောစကားတွေကိုရော သီချင်းတွေကိုရော ဘာဆိုဘာမှ နားမလည်ခဲ့ပါဘူး။ ဒါပေမဲ့လည်း Justin ကို အတော်ရူးသွပ်ခဲ့သူမို့ အခေါက်ခေါက်အခါခါ ပြန်ကြည့်ခဲ့ပါတယ်။ ဒါကြောင့် အခုလို ဘာသာပြန်တင်ဆက်ခွင့်ရတဲ့အတွက် Belieber တစ်ယောက်အနေနဲ့ အရမ်းဂုဏ်ယူမိပါတယ်။ ဒီ Documentary လေးဟာ လွန်ခဲ့တဲ့ဆယ်နှစ်က Believe Album ထွက်ရှိပြီး Tour လုပ်နေတဲ့အချိန်မှာ ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အောင်မြင်မှုနဲ့ နေသားကျလာတဲ့အချိန်ဖြစ်သလို ဝေဖန်မှုများစွာ ခံရပြီး career ရှေ့ဆက်ဖို့ ရုန်းကန်နေရတဲ့ အချိန်လည်းဖြစ်ပါတယ်။ ပါပါရာဇီနဲ့ရန်ဖြစ်လို့ ပြိုင်ကားမောင်းလို့ စသည်ဖြင့် ပြဿနာမျိုးစုံတက်ပြီး မီဒီယာတွေနဲ့ အတော်လေး အခြေအတင်ဖြစ်ခဲ့တာပါ။ ဒီအကြောင်းတွေကိုလည်း ထည့်သွင်းဖော်ပြထားပြီး အောင်မြင်ပြီးနောက် ပြောင်းလဲသွားတဲ့ သူ့ဘဝအလှည့်အပြောင်းအပြင် Believe Tour မှာ ဖျော်ဖြေခဲ့တဲ့ အမိုက်စား performance တွေကိုပါ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဘာပဲပြောပြော ကျွန်တော်တို့ငယ်ဘဝကို အနည်းနဲ့အများ လွှမ်းမိုးမှုရှိခဲ့တဲ့ Justin Bieber ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ CM က တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုရေးသားပေးသူကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…2GB / 1GB Quality…1080p BluRay AAC5.1CH /  720p Format…mp4 Duration….1h 32m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Hnin Hsu

Action • Adventure
7.2 2013 92 mins
Justin Bieber's Believe
Clerks II
7.3

Clerks II(2006) IMDb rating ~ 7.3 Rotten Tomatoes ~ 63% 3 wins & 3 nominations 1994 က အဖြူအမည်း ဗားရှင်းနဲ့ထွက်ခဲ့တဲ့ Clerks I အကြီးအကျယ် အောင်မြင်ပြီးတဲ့နောက် sequel အနေနဲ့ ထွက်ခဲ့တဲ့ ဇာတ်ကားပါ မပြောရဲ မလုပ်ရဲတာ မရှိတဲ့ ရန်ဒယ်နဲ့ ရန်ဒယ့်ကို လိုက်ထိန်းနေရတဲ့ ဒန်တီတို့ သူငယ်ချင်းနှစ်ယောက်အကြောင်း ရိုက်ပြထားတဲ့ ဟာသကားပါ ဇာတ်လမ်းအစမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ ဆယ်နှစ်နှစ်နီးပါး အလုပ်လုပ်ခဲ့တဲ့ Quick Stop စတိုးဆိုင် မီးလောင်ပြီး ပြာကျသွားခဲ့ပါတယ် ထုံးစံအတိုင်း ရန်ဒယ့်လက်ချက်ကြောင့်ပါပဲ စတိုးဆိုင်မီးလောင်ပြီး ၁ နှစ်အကြာမှာတော့ ဒန်တီနဲ့ ရန်ဒယ်တို့ မူဘီဆိုတဲ့ စားသောက်ဆိုင်မှာ အလုပ်လုပ်နေကြပါတယ် ဒန်တီကတော့ လက်ထပ်ရမယ့် ဇနီးလောင်းနဲ့ တွေ့ပြီး ဇနီးချောလေးနဲ့အတူ ဖလော်ရီဒါမှာ ပြောင်းနေဖို့လည်း အစစအရာရာ စီစဉ်ပြီးပါပြီ ဒါပေမဲ့လည်း မူဘီ စားသောက်ဆိုင်မှာ နောက်ဆုံးနေ့အနေနဲ့ အလုပ်ဆင်းပေးတဲ့ နေ့မှာ ရန်ဒယ်ရဲ့ စနက်ကြောင့် ဒန်တီ ကမောက်ကမတွေနဲ့ ကြုံရပါတော့တယ် ဒန်တီ နဲ့ ရန်ဒယ်တို့အပြင် ဆိုင်ရှေ့မှာ မူးယစ်ဆေးရောင်းတဲ့ ဂျေးနဲ့ အသံတိတ်ဘော့ဘ်တို့ အတွဲ၊ မူဘီဆိုင်က လုပ်ဖော်ကိုင်ဖက် ခရစ်ယာန်လေး အဲလိုင်းယက်စ် နဲ့ မူဘီစားသောက်ဆိုင်ပိုင်ရှင် ဘက်ကီ တို့ပါ အားဖြည့်ပါဝင်ထားပါတယ် Clerks I ထက်ပိုပြီး ညစ်ညမ်းတဲ့ ဒိုင်ယာလော့်ခ်တွေ racist ဆန်တဲ့ အသုံးအနှုန်းတွေကြောင့် ဝေဖန်တာတွေ ရှိခဲ့ပေမဲ့ Clerks ဖန်တွေကတော့ နှစ်ထောင်းအားရရှိခဲ့တဲ့ ဇာတ်ကားပါ (Clerk I ကို အဖြူအမည်း ဗားရှင်းနဲ့မို့လို့ မကြည့်ချင်ပါဘူးဆိုရင်လည်း Clerks II ကနေ စကြည့်လို့ ရပါတယ်) အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။ Genre….. Comedy Quality…. 1080p | 720p | 480p File size… 2.3GB | 1.3GB | 595MB Format… mp4 Duration…. 1h 37min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Roman NoX Encoder ….. August

Drama
7.3 2006
Clerks II
Berenshtein
6.4

ဖြစ်ရပ်မှန်ဇာတ်ကားတွေ သမိုင်းကြောင်းတွေကို စိတ်ဝင်စားတဲ့လူတွေအတွက် 2021 ခုနှစ်မှာထွက်ရှိခဲ့တဲ့ Berenshtein ဆိုတဲ့ဇာတ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb မှာ Rating 6.4 အထိရရှိထားပြီးတကယ်ကြည့်ကောင်းတဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ဒီကားလေးက လီနွိုက်ဘီရန်စတိန်းဆိုတဲ့ ဒုတိယကမ္ဘာစစ်တုန်းက ပြောက်ကျားတပ်သားတစ်ယောက်ရဲ့ ဘဝကိုအခြေခံပြီး Documentary ပုံစံနဲ့ ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။သူတိုက်ပွဲဝင်ခဲ့တဲ့ ကာလမှာ ဂျာမန်တွေက ဂျူးလူမျိုးတွေကို မျိုးတုန်းသတ်ဖြတ်မှုတွေ မတရားအနိုင်ကျင့်မှုတွေပြုလုပ်ခဲ့တဲ့အပြင် သူတို့ရဲ့ အဓိကအင်အားအကြီးဆုံးဖြစ်တဲ့ လျှို့ဝှက်လက်နက်ကြီးတစ်ခုကို တီထွင် နေခဲ့ကြပါတယ်။ဘီရန်စတိန်းတို့ရဲ့တပ်ဖွဲ့ဖြစ်တဲ့ ပြောက်ကျားတပ်ဖွဲ့ရဲ့တာဝန်က အဲ့ဒီလက်နက်ရဲ့ တည်နေရာကိုရှာဖွေဖို့ပဲဖြစ်ပါတယ်။ဒီလိုရှာဖွေနေရင်းနဲ့ ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေ ဝမ်းနည်းစရာတွေ ကြမ်းတမ်းမှုတွေနဲ့ ဂျာမန်တွေရဲ့လူမဆန်စွာကြမ်းကြုတ် ရက်စက်မှုတွေကို စိတ်ဝင်စားစရာကောင်းအောင်ကြည့်ရှုရမဲ့ ဖြစ်ရပ်မှန်ဇာတ်ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…1.87GB / 833MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 45m Genre ….. Biography , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.4 2021 110 mins
Berenshtein
On the Wandering Paths
6.7

Sur Les Chemins Noirs ဆိုတဲ့ ဇာတ်ကားက သာမန် မြင်တွေ့နေကြ ဇာတ်ကားမျိူး မဟုတ်ပါဘူး။ ၂၀၂၃ မှာ ထွက်ရှိထားတဲ့ ဒီဇာတ်ကားလေးက သာမန် ဇာတ်ကားတွေလို ဇာတ်လမ်းကို အသားပေးထားတာဆိုတာထက် ကြည့်ရှုသူကို အတွေးရေစီးကြောင်းထဲမှာ နှစ်မျောစေမဲ့ ဇာတ်ကားကောင်းလေး တစ်ကား ဖြစ်ပါတယ်။ ပြင်သစ်တွေက သိတဲ့အတိုင်း အနုပညာဘက်ဆို အရမ်းကို ကောင်းမွန်တာမို့ ဒီကားလေးကလည်း ပြင်သစ်ကားပီပီ ရင်ဘက်ထဲရောက်မဲ့ အနုပညာလေးတစ်ခုဖြစ်ပါတယ် ပြောပြရမယ်ဆိုရင် Pierre ဆိုတဲ့ ပြင်သစ် စာရေးဆရာတစ်ယောက်ဟာ မတော်တဆမှု တစ်ခုဖြစ်ပြီး လမ်းမလျှောက်နိုင်လောက်အောင် ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါပေမဲ့ နည်းနည်းသက်သာလာတဲ့အချိန်မှာ အားလုံးတားနေတဲ့ကြားက ပြင်သစ်နိုင်ငံကို လမ်းလျှောက်ပြီးဖြတ်ကျော်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ ဘာအကြောင်း တွေကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလဲ လမ်းခရီးမှာရော ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ရမလဲ စတာတွေကို ဇာတ်ကားတစ်လျှောက်လုံး ပြင်သစ်နိုင်ငံရဲ့ လှပတဲ့ သဘာဝတရားတွေ ပြည်သူတွေရဲ့ဘဝကို ကြည့်ရမှာဖြစ်ပြီး ကြည့်ရှုသူရဲ့ အတွေးကို ထိစေမှာ ဖြစ်လို့ ရင်ထဲရောက်မဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ File size…1.58 GB / 762 MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

6.7 2023 92 mins
On the Wandering Paths
Air Mata di Ujung Sajadah
7.1

Air Mata Di Ujung Sajadah [2023] ( IMDb 7.1/10 ) အကွီလာ့အမေဟာ အကွီလာနဲ့ အာဖန်တို့ ချစ်ကြိုက်နေတာကို သဘောမတူပါဘူး… အကြောင်းကတော့ အာဖန်ဟာ မိဘမဲ့တစ်ယောက် ဆင်းရဲတဲ့ အနုပညာကျောင်းသားဖြစ်နေလို့ပါ … ပန်းချိဆရာတွေမှာ ဘာအနာဂတ်မှာ မည်မည်ရရမရှိဘူးဆိုတဲ့ အကြောင်းပြချက်နဲ့အတူ အကွီလာ့မိခင်ဟာ သူတို့နှစ်ယောက်ရဲ့ ချစ်ခြင်းကို တားဆီးဖို့ ကြိုးစားပေမယ့် အကွီလာဟာ မိခင်သဘောထားကို ဆန့်ကျင်ပြီး အာဖန်နဲ့ နှစ်ဦးသဘောတူ လက်ထပ်လိုက်ကြပါတယ်… ချစ်ခရီးဟာ မဖြောင့်ဖြူးချင်တော့ အကွီလာ ကိုယ်ဝန်ရှိစဉ်မှာပဲ အာဖန်ဟာ အက်ဆီးဒန့်နဲ့ ဆုံးပါးသွားရပါတော့တယ်… ဒီလိုနဲ့ အကွီလာလည်း မိခင်ရင်ခွင် ပြန်ခိုလှုံလိုက်ရပါတယ်… မိခင်လုပ်သူဟာ သမီးနဲ့ပက်သက်ရင် အိပ်မက်တွေကို အကောင်အထည်ဖော်စေချင်သူမို့ အကွီလာ မီးဖွားပြီးပြီးချင်မှာပဲ မြေးဦးလေးကို အာရစ်ဖ်နဲ့ ယွန်နာတို့ လက်ထဲထည့်ပေးပြီး သူတို့ကိုလည်း ဂျာကတာကနေ အပြီးအပိုင်ပြောင်းရွှေ့သွားစေပါတယ်… ဒီလိုနဲ့ အကွီလာဟာလည်း သူ့သားကလေးဟာ ချက်ကြိုးနဲ့ ပတ်မိပြီး သေဆုံးလျက်သားလေးမွေးလာတဲ့ဆိုတဲ့ အဖြစ်ကို လက်ခံရှင်သန်နေထိုင်လာရင်းက တစ်နေ့မှာ မိခင်လုပ်သူဟာ ကင်ဆာရောဂါနဲ့ ဇီဝိန်မချုပ်ခင်မှာ သူ့မြေးလေး အသက်ရှင်လျက်ရှိသေးကြောင်း အမှန်အတိုင်းဖွင့်ပြောလာပါတော့တယ်… အကွီလာဟာ သားစိတ်နဲ့ ရှာရင်းဖွေရင်း ပြန်လည်ဆုံစည်းကြတဲ့အခါ အကွီလာရယ် အာရစ်ဖ်နဲ့ ယွန်နာတို့ လင်မယားရယ် ဒီအခက်အခဲကို ဘယ်လိုရင်ဆိုင်သွားကြမလဲ ရှုစားရမှာပဲဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.1GB | 640MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

7.1 2024
Air Mata di Ujung Sajadah
Amityville Ripper

အမ်မတီဗေးလ်ဆိုတဲ့ နာမည်ကြီး horror ဝတ္ထုနဲ့ တစ်ချိန် အင်္ဂလန်မှာ ကျော်ကြားခဲ့တဲ့ Jack The Ripper (လူသတ်သမား ဂျက်) ကို ရောသမမွှေပြီး troll သဘောမျိုး ပြန်ရိုက်ထားတဲ့ ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ် တစ်ခုပြောချင်တာက ဒီကားက အပျော်တမ်းရုပ်ရှင်လိုမျိုး အပြောင်အပျက်တွေရိုက်ထားတာ ဖြစ်ပြီး အတည်တော့ ကြည့်လို့မရဘူးပေါ့… အတော်လေးတော့ ရယ်ရတဲ့ ကားလေးပါ ဇာတ်လမ်းအစမှာ ဂြိုဟ်သားယာဥ်ပျံ သတင်းတစ်ခု ပွက်လောရိုက်နေပြီး နယူးရီးယား ညမှာ Goth ကောင်မလေး…. (Goth ဆိုတာ အနက်ရောင်တွေဝတ်, အနက်ရောင်တွေဆိုးပြီး ဝိညာဥ်တွေ သေခြင်းတရားတွေကို စွဲလမ်းတဲ့ မိန်းကလေးကို ပြောတာပါ) မယ်ရီရန်နဲ့ သူငယ်ချင်းဖြစ်သူ အန်နီတို့ နယူးရီးယားညမှာ နာမည်ကြီး ကွင်းဆက်လူသတ်သမား (Jack The Ripper) ကို ဝိညာဥ်ပြန်ခေါ်မယ် လုပ်ကြတယ် မယ်ရီရန်ရဲ့ မောင်လေးနဲ့ သူ့သူငယ်ချင်းတွေကလည်း သူတို့အိမ်မှာ ပါတီလုပ်နေကြပြီးတော့ ည ၁၂ နာရီကျ သူတို့ခေါ်လိုက်တဲ့ ဝိညာဥ်က အားလုံးကို လိုက်သတ်တဲ့ ဇာတ်လမ်းပေါ့ဗျာ ဒီဇာတ်လမ်းက comedy ဆိုတာထက် troll တာလို့ ပြောရင်ပိုမှန်မှာပါ… ဇာတ်ကားကလည်း တိုတယ်ဆိုတော့ ခဏလောက်တော့ အပျင်းပြေကြည့်လို့ရတာပေါ့ File size…(1.7 GB)/(807 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:19:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Horror • Drama • Fantasy
0 2023
Amityville Ripper
Jaga Pocong
5.5

Jaga Pocong (2018) ============== လူနာတစ်ယောက်ရဲ့အိမ်မှာသွားပြုစုပေးလိုက်ရတဲ့ သူနာပြုမလေး မီလာရဲ့ ‌ခြောက်ခြားဖွယ်ရာအတွေ့အကြုံတွေကိုကြည့်ရှုရမှာဖြစ်တယ်။ ဇာတ်လမ်းအစမှာ မီလာက လူနာကလေးလေးတစ်ယောက်ကိုပြုစုပေး‌နေရင်း သိပ်မကြာခင်မှာပဲ လူနာကဆုံးသွားရှာတယ်။ အဲမှာပဲ မီလာ့ဆီကိုတာဝန်တစ်ခုကျလာပါတော့တယ်။ အဲ့တာတာဝန်ကတော့ လူနာဘွားအိုကြီးတစ်ယောက်ကို သူ့အိမ်မှာအကြောဆေးသွား‌သွင်းပေးဖို့ပဲဖြစ်တယ်။ မီလာကလည်း ငြင်းလို့မရတဲ့အတွက် အိမ်ကြီးဆီကိုထွက်လာလိုက်ပါတော့တယ်။ အိမ်ရှေ့ရောက်တဲ့အခါမှာ အဘွားအိုရဲ့သားဖြစ်သူ ရာဒစ်တ်က အမေဖြစ်သူဆုံးသွားပြီဖြစ်ကြောင်းပြောပြီး သူ့အမေရဲ့အလောင်းကိုဆေးကြောပေးဖို့ မီလာ့ကိုတောင်းဆိုလိုက်ပါတော့တယ် မီလာ့ကလည်း မထူးဇာတ်ခင်းပြီး သဘောတူလိုက်တဲ့အခါမှာတော့… ‌ ရင်တမမနဲ့ ခြောက်ခြောက်ခြားခြားကြည့်ရမဲ့ အင်ဒိုနီးယားသရဲကားလေးကိုတင်ဆက်‌ပေးလိုက်ပါတယ်ဗျ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Khant Sett Naing ပါ ) File size_(600MB) Quality_Blu-Ray 1080p Format_mp4 Duration_01:24:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Khant Sett Naing

5.5 2018
Jaga Pocong
Fengshui
6.1

ဖုန်းရွှေပညာရပ်အရ မင်္ဂလာမြေဟာ လူသားတွေရဲ့ကံဇာတာကို တိုးတက်စေဖို့ များစွာကူညီပေးတယ်ဆိုတာကိုတော့ တော်တော်များများကြားဖူးကြမှာပါ။ ဒီကားလေးထဲမှာတော့ အထက်တန်းစားမျိုးနွယ်ဖြစ်တဲ့ ကင်မျိုးနွယ်စုဟာ မိမိတို့ အလိုပြည့်ဖို့ ဖုန်းရွှေပညာနဲ့ မြေရဲ့စွမ်းအားတွေကို မသမာတဲ့နည်းလမ်းနဲ့အသုံးပြုကြသူတွေဖြစ်ပြီး သူတို့လမ်းမှာ ဝင်နှောင့်ယှက်သူတွေကိုလည်း ရှင်းပစ်ဖို့ဝန်မလေးတဲ့သူတွေပါ။ တိုင်းပြည်အပေါ်သစ္စာစောင့်သိတဲ့ သာမာန်ဖုန်းရွေပညာရှင်လေး ပတ်ဂျေဆန်း ကတော့ အမတ်ကြီးရဲ့မျက်မုန်းကျိုးခံရပြီး မိသားစုကို ဆုံးရှုံးခဲ့ရပြီးနောက် ကင်မိသားစုရဲ့ မသမာမှုတွေကို တားဆီးဖို့ကြိုးစားရင်း ဖုန်းရွှေပညာကို လူသားတွေအကျိုးအတွက်သာအသုံးပြုချင်သူပဲဖြစ်ပါတယ်။ မြေစွမ်းအားကို အသုံးပြုပြီး တော်ဝင်မိသားစုကို ကြိုက်သလို ခြယ်လှယ်နေတဲ့ ကင်အမတ်ကြီး အုပ်စိုးမှုအောက်မှာ ရူးချင်ယောင်ဆောင်ခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် သူ့ရဲ့အပေါင်းအပါတွေနဲ့အတူ တူတော်မင်းကြီးကို ကူညီရင်း ဖုန်းရွှေပညာရှင်လေးနဲ့ ပူးပေါင်းမိကြပါတယ်။ သူကိုယ်တိုင် အနှိမ်ခံတော်ဝင်ခွေးအဖြစ်နဲ့ ကြီးပြင်းခဲ့ရတဲ့ ဟုန်ဆိုးမင်းသားတစ်ယောက် မျိုးဆက်နှစ်ဆက် မင်းဖြစ်စေနိုင်တယ်ဆိုတဲ့ မြေစွမ်းအားကို တပ်မက်မိတဲ့အခါမှာတော့…. ဂျိုဆွန်းပြည်ကြီး ဘယ်လို အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ရမှာလဲ… ? ဆိုတဲ့ အဖြစ်အပျက်လေးတွေကို ဒီကားလေးထဲမှာ ပရိသတ်ကြီး စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်….. ဒီလို မင်းမျိုးနွယ်တွေရဲ့ အရှုပ်အထွေးတွေကြား နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ Moon Chae-won ကလည်း ဒီကားလေးထဲမှာ ဖခင်အတွက် လက်စားချေဖို့ ကြိုးစားနေသူ ဂေဟာမယ်ခေါင်းဆောင် ချိုဆန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားသေးပါတယ်နော်…. ပညာရှင် ပတ်ဂျေဆန်း အဖြစ် Cho Seung-woo ဟုန်ဆိုးမင်းသားအဖြစ် Ji Sung ချိုဆန်းအဖြစ် Moon Chae-won တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ် (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ ကြာဖြူလွင်ပါ) File size… 1.8 GB / 896 MB Quality… WEB-DL 1080p / 720p Format… mp4 Duration…. 2h 13m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Kyar Phyu Lwin

6.1 2018
Fengshui
[21+] Score
5.8

Score (1973) IMDb – 5.8/10 ခုနစ်ဆယ်ခုနစ်တွေနောက်ပိုင်းမှာ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုစိတ်ဝင်စားကြတဲ့သူတွေအကြောင်းကို ရိုက်ကူးတဲ့ ကနဦးရုပ်ရှင်တွေထဲက တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ သာယာချမ်းမြေ့ပြီး နေချင်စရာအတိပြီးတဲ့ နေရာလေးတစ်ခုမှာ | အယ်လ်ဗိုင်ရာနဲ့ဂျက်ဆိုတဲ့ ဇနီးမောင်နှံတို့ သာယာပျော်ရွှင်စွာနဲ့ နေထိုင်ကြပါတယ် သူတို့ဘ၀တွေကို ချစ်ခြင်းတရားနဲ့ ရမ္မက်တွေ ရာနှုန်းပြည့်လွှမ်းခြုံထားပြီး အချင်းချင်းသာယာပျော်ရွှင်စေဖို့ ကူညီဖေးမလို့နေကြတာပေါ့။ အဲဒီနေရာမှာပဲနေထိုင်ကြသူတွေကတော့ ဘက်ဆီနဲ့အက်ဒီဆိုတဲ့ ဇနီးမောင်နှံ။ ဘက်ဆီလေးကတော့ ဘာသာတရားကိုင်းရှိုင်းတဲ့ ကက်သလစ်အမျိုးသမီးလေး။ အယ်လ်ဗိုင်ရာက သူ့ခင်ပွန်းဖြစ်သူ ဂျက်နဲ့လောင်းထားတာက ဘက်ဆီလေးကို သူ့ဆီမှာတိမ်ထူစေဖို့။ အချိန်ကာလတစ်ခုသတ်မှတ်ပြီး ဘက်ဆီလေးကို အယ်လ်ဗိုင်ရာအပိုင်ဖြစ်ဖို့အရေး ကြိုးစားကြပုံကို နောက်ထပ်ဇာတ်ကောင်တစ်ဦးဖြစ်တဲ့ မိုက်ခ်ဆိုတဲ့သူပါ ပါဝင်လာတဲ့ ငါးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေးကို ခံစားကြည့်ရှုကြရမှာပါ။ အဖော်အချွတ်နဲ့ ချစ်တင်းနှောတာတွေအများကြီးပါဝင်တဲ့အတွက် တစ်ကိုယ်တည်းသက်ဝင်ခံစားတာ အကောင်းဆုံးဖြစ်မှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Zeoဖြစ်ပါတယ်)

5.8 1973 90 mins
[21+] Score
Er Long Lake Monster
6

တရုတ်ပြည်တုံးပေနယ်က အာ့လုံရေကန်မှာရေမကောင်းဆိုးဝါးမိစ္ဆာရှိတယ်ဆိုပြီးတော့ ဂျပန်ခေတ်ကတည်းကယုံကြည်ခဲ့ကြတယ်။ လက်ရှိခေတ်ကိုရောက်လာတော့ ဒဏ္ဍာရီတစ်ခုသာဖြစ်လာခဲ့ပါတယ်။ တစ်နေ့မှာတော့စုံတွဲတစ်တွဲဟာကန်ရေပြင်ပေါ်မှာလှေစီးနေတုန်း ရေအောက်ကထူးဆန်းတဲ့အရာတစ်ခုကသူတို့လှေကိုဆွဲခေါ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ရေမကောင်းဆိုးဝါးဟာပြန်လည်ထွက်ပေါ်လာပြီဆိုပြီးတော့ အင်တာနက်ပေါ်မှာပြန့်သွားပြီး ခရီးသွားတွေအများကြီးရောက်လာပြီး အာ့လုံရေကန်ကိုလည်ပတ်ကြပါတယ်။ ခရီးသွားတွေများလာတော့ အာ့လုံကန်ရွာလေးရဲ့စီးပွားရေးဟာတိုးတက်လာခဲ့တယ်။ အဲဒီအချိန်မှာပဲ ဒီရေမကောင်းဆိုးဝါးကိုစွဲလမ်းနေတဲ့ဂျပန်သူဌေးကြီးတစ်ယောက်ဟာ အာ့လုံရွာနယ်မြေကိုအပိုင်သိမ်းပြီးတော့စက်ရုံဆောက်ဖို့ကြံစည်နေပါတယ်။ ယွီဟွမ်းဆိုတဲ့အာ့လုံရွာသားတစ်ယောက်ဟာ သူ့တပည့်ကျော်(၃)ရောက်နဲ့အတူ ဂျပန်ကြီးရဲ့အကြံအစည်ကိုတားဖို့ကြိုးစားတဲ့ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Horror • Thriller
6 2025
Er Long Lake Monster