YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

(CM) Ana 2019 (Large Size).mp4

986.63 MB N/A video/mp4 121 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
If Looks Could Kill
6.2

ရာသီဥတုပူပူမှာ အခွီဓာတ်လေးရစေမဲ့ ဟာသအက်ရှင်ဇာတ်မြူးလေးဖြစ်တဲ့ 90sရဲ့ Old but gold movieလေးတစ်ကားဖြစ်တဲ့ If Looks Could Killဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးထဲမှာတော့ ကြက်ကန်းဆန်အိုးသွားတဲ့ ဆယ်ကျော်သက်ကောင်လေးရဲ့စွန့်စားခန်းကို ရှုစားရမှာပါ။ မိုက်ကယ်ကော်ဘန်ဟာ ကျောင်းပြေးအလေလိုက် ပေါ့ပေါ့နေပေါ့ပေါ့စားတဲ့ ဆရာမတိုင်းမျက်မုန်းကျိုးမဲ့ နောက်ဆုံးတန်းကကောင်လေးပေါ့။ သူ့ဟာ အရာရာကိုခပ်ပေါ့ပေါ့ပဲတွေးရင်းနဲ့ ပြီးအောင်မလုပ်တတ်တဲ့အကျင့်လေးကလည်းရှိတော့ အတန်းပြေးတာလက်လွန်ပြီး ပြင်သစ်ဆရာမရဲ့အကွက်ထဲဝင်သွားတာပေါ့။ အထက်တန်းပြီးဖို့ ပြင်သစ်ဆရာမဂရော်ဘာဆီက အမှတ်ကလည်းလိုနေ ဆရာမကလည်း နွေရာသီသင်တန်းချိန်မှာ ပြင်သစ်ကလပ်နဲ့တူတူ ပြင်သစ်ကိုလေ့လာရေးခရီးထွက်ဖို့ ပြင်ဆင်နေချိန်ဆိုတော့ လူရွှတ်လူနောက် ကော်ဘန်တစ်ယောက် ပြင်သစ်သွားဖို့ အကြောင်းပါသွားတော့တာပေါ့။ ကော်ဘန်တစ်ယောက် အဖေကြည်ဖြူအောင်သာ အထက်တန်းအောင်ဖို့ကို အကြောင်းပြနေပေမဲ့ စိတ်ထဲမှာတော့ ပါရီကစကီတစ်သိုက်နဲ့ နိုက်အောက်ဖို့အစီအစဉ်ဆွဲနေတာပါ။ မျက်မုန်းကျိုးနေတဲ့ဆရာမကလည်း သူ့ကိုပြင်သစ်ခေါ်လာတာ ပညာပြဖို့ပါပဲ။ ဒါပေမဲ့ မျက်နှာပြောင်တပည့်နဲ့ စည်းကမ်းကြီးတဲ့ဆရာမကြားကတိုက်ပွဲမှာ မထင်မှတ်တဲ့ကိစ္စတစ်ခုပေါ်လာပါတော့တယ်။ အဲဒါကတော့ ပြင်သစ်ကိုသွားမဲ့လေယာဉ်ပေါ်မှာ မိုက်ကယ်ကော်ဘန် ၂ ယောက်ပါလာတာပါပဲ။ တစ်ဖက်က အမေရိကန်အသွင်ယူအေးဂျင့် မိုက်ကယ်ကော်ဘန်ကတော့ လတ်တလောဖြစ်နေတဲ့ ဘဏ္ဍာရေးဝန်ကြီးတွေ ထူးဆန်းစွာအသတ်ခံရမှုနဲ့အတူ အော်ရန့်ဘာ့ဂ်ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ် ဥရောပဘဏ္ဍာရေးအဖွဲ့အစည်းရဲ့ ဥက္ကဌလည်းဖြစ်တဲ့ ဩဂက်စ်တက်စတာရန်ကိုကို ကာကွယ်ပေးဖို့ရောက်လာတာပါ။ ဒါပေမဲ့ အေးဂျင့်အစစ်က လုပ်ကြံခံလိုက်ရပြီးတော့ ကျောင်းသားလေးမိုက်ကယ်ကော်ဘန်ကို အသွင်ယူအေးဂျင့်လို့ ထင်သွားကြတဲ့အခါ... စိုင်ကော်လို့ခြုံပေါ်ရောက်တာမဟုတ်တဲ့ နာမည်ကော်လို့ အေးဂျင့်ဖြစ်သွားတဲ့ မိုက်ကယ်ကော်ဘန်တစ်ယောက် နိုင်ငံရေးပြဿနာထဲကို ဘုမသိဘမသိဝင်ပါမိရင်းနဲ့ ဘယ်လိုအလွဲလွဲအချော်ချော်တွေဖြစ်မလဲဆိုတာ အားလုံးကြည့်ရှုခံစားရင်း ရယ်မောခြင်းနဲ့ ဘဝအပန်းဖြေလိုက်ရအောင်ပါ။ File size…(1.1 GB)/ (580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:28:00 Genre...Action, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

Fantasy
6.2 1991 88 mins
If Looks Could Kill
Heavenly Forest
7.6

ဒီဇာတ်ကားဟာ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ (Collage of Our Life - Another Story) ဆိုတဲ့ ၀တ္ထုကိုအခြေခံပြီး ရိုက်ကူးထားတဲ့ Romance,Drama ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင် အနေအေးပြီး အရမ်းရှက်တတ်တဲ့ ကျောင်သား မာကိုတို ဟာ ဓာတ်ပုံရိုက်ဝါသနာပါသူ တစ်ယောက် ဖြစ်ပါတယ်။ သူ့ရဲ့တက္ကသိုလ်ပထမဆုံးနှစ်မှာ အပေါင်းအသင်းမရှိဘဲ အချိန်အတော်ကြာတဲ့အထိ တစ်ယောက်တည်း ကျင်လည်နေခဲ့ရင်းကနေ တစ်ရက်မှာတော့ ရှိဇူရူဆိုတဲ့ ကျောင်းသူလေးတစ်ယောက်နဲ့ အမှတ်မထင် တွေ့ဆုံပြီး သူငယ်ချင်းတွေဖြစ်သွားခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ ကျောင်းအလှပဂေးလေးဖြစ်တဲ့ မိယုကိတို့ ဘော်ဒါအုပ်စုထဲ မာကိုတိုရောက်သွားပြီး အချောအလှ မိယုကိကို ကြိတ်သဘောကျမိသွားတဲ့အချိန်မှာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းလေး စတင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသားဘ၀ကို ဘယ်လိုမျိုး အတူတကွကုန်ဆုံးကြမလဲ၊ ဘယ်သူ့ရဲ့အချစ်ကို ဘယ်သူကလက်ခံသွားမလဲဆိုတာကို ကြည့်ရှုရမှာပါ။ ဂျပန်ကားတို့ရဲ့ထုံးစံအတိုင်း Happy Ending မဟုတ်သော်ငြားလည်း ဝမ်းနည်းပြီး ရင်ထဲတစ်ခုခုကျန်ခဲ့ချင်တဲ့ ပရိတ်သတ်များအတွက် ဇာတ်အိမ်ခိုင်ပြီး နောင်တမရစေနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားအဖြစ် ညွှန်းဆိုလိုက်ပါရစေ။ File size…2.6GB / 987MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 56m Subtitle….Myanmar Subtitle(Hard Sub) Encoder….YK Translated by Haruko

7.6 2006 116 mins
Heavenly Forest
D Block
5.3

တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ ဇာတ်လမ်းအကျဉ်း နည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ မဟုတ်ကြောင်း ရိပ်မိသွားခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ မင်းသားဟာ ဘယ်သူမှ အဖြေရှာမရနေတဲ့ ကျောင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရင်း လူသေမှုတွေရဲ့ နောက်ကွယ်ကို သိရှိသွားတဲ့အခါမှာတော့... File size…2.67GB  /  1.2GB Quality… 1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by  Lwin Htoo Aung & Kevin Ag & Kham Mon

Comedy • Horror
5.3 2022 136 mins
D Block
[18+] X-Deal 2
7.3

2011 ကထွက်ရှိခဲ့တဲ့ နာမည်ကျော် X-Deal နောက်တစ်ကားဖြစ်ပြီး ဇာတ်လမ်းချင်းအဆက်အစပ်မရှိပေမယ့် မူလဒါရိုက်တာ Lawrence Fajardo ရဲ့လက်ရာပဲဖြစ်ပါတယ်။ ဇာတ်လမ်းသွားအနေနဲ့ အပန်းဖြေကျွန်းတစ်ကျွန်းပေါ်ကိုဓာတ်ပုံရိုက်ဖို့ရောက်လာတဲ့ ဓာတ်ပုံဆရာနဲ့ မိုဒယ်စုံတွဲ ဖြစ်တဲ့ ဗိုင်အိုလက်နဲ့ ပီတာတို့ဟာ ကျွန်းပေါ်ကိုရောက်နေတဲ့တစ်ခြားဧည့်သည်တစ်ဦးဖြစ်တဲ့ တကိုယ်ရေခရီးသွားမိန်းမလှလေး အိုလီဗီယာနဲ့တွေ့ဆုံခဲ့ပါတယ်။ အိုလီဗီယာဟာ လိင်တူစိတ်ဝင်စားတဲ့အမျိုးသမီးတစ်ဦးဖြစ်နေပြီး ဗိုင်အိုလက်ကိုချဉ်းကပ်လာခဲ့တဲ့နောက် သူတို့သုံးယောက်ကြားမှာ အချင်းချင်း လဲလှယ်ဆက်ဆံဖို့အပေးအယူတစ်ခုဖြစ်ပေါ်လာပါတော့တယ်။ ဘယ်သူက ဘယ်သူ့ကိုလိုချင်ပြီး ဘယ်သူက ဘယ်သူ့ကိုလဲမှာလဲ။ ဘယ်သူကနစ်နာပြီးဘယ်သူကအမြတ်ထွက်မလဲ၊ ဘယ်သူကစားသုံးသူဖြစ်ပြီး ဘယ်သူက..။ စတာတွေကိုဇာတ်ကားမှာဆက်လက်ရှုစားကြပါ။ ရှုခင်းရှုကွက်လှလှတွေ၊ မင်းသမီးတွေရဲ့ အလှအပတွေကိုအဓိကဦးစားပေးပုံဖော်ထားတာဖြစ်ပြီး၊ မင်းသမီးနှစ်ယောက်ကလဲ မျက်နှာစိမ်းမဟုတ်ပေမယ့် မျက်နှာသစ်တွေဆိုတော့ကြည့်ရတာတစ်မျိုးဆန်းသစ်နေပါလိမ့်မယ်။ အရင်ကားတွေထက်ပိုကြမ်းမနေပေမယ့်လဲ ဝတ်လစ်စလစ်ခန်းတွေကို စိမ်ပြေနပြေအကြာကြီးပြပြနေတာဖြစ်တဲ့အတွက် တစ်ယောက်တည်းအေးအေးဆေးဆေးကြည့်ရမယ့်ကားဖြစ်ပါတယ်။ File size…(1.4 GB)/(640 MB) Quality….WEB-DL 1080p/720p Format…mp4 Duration….01:51:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by ALS

Adventure • Animation • Family
7.3 2022 110 mins
[18+] X-Deal 2
Detroit
7.3

ဒီဇာတ်ကားလေးကြည့်ပြီးတော့အတွေးတစ်ခုဝင်လာတယ် လီနင်တို့ အိုဘားမားတို့လိုကမ္ဘာကျော်ပုဂ္ဂိုလ်တွေ , အူစိန်ဘော့လိုအပြေးချန်ပီယံတစ်ယောက်, ကမ္ဘာကျော်လူမည်းအထင်ကရပုဂ္ဂိုလ်တွေဘာကြောင့်ရှမ်းရှမ်းတောက်အောင်မြင်လာရသလဲဆိုတာသဘောပေါက်လာတယ် လူတစ်ယောက်ရဲ့တိုးတက်လာလမ်းကြောင်းမှာ "မခံချင်စိတ်"ဆိုတာ အရေးကြီးတဲ့ ဖောင်ဒေးရှင်းတစ်ခုပါ မခံချင်စိတ်နဲ့ရုန်းကန်လှုပ်ရှားရတဲ့မထင်မှတ်တဲ့အောင်မြင်မှုတွေရလာကြစမြဲပါ ဒီကားလေးကတော့ လူဖြူ/လူမည်းခွဲခြားရေးဝါဒကနေ သင်ခန်းစာရပြီးထိုးထွက်အောင်မြင်အောင်လုပ်ခဲ့တဲ့ဇာတ်ကြောင်းလေးပါ အမေရိကန်နိုင်ငံ Detroit မြို့က ကလပ်တစ်ခုမှာတရားမဝင်အုပ်စုဖွဲ့သောက်စားပျော်ပါးမှုကြောင့်လူမည်းတော်တော်များများဖမ်းဆီးခံခဲ့ရပါတယ် ဒါကိုမကျေနပ်နပ်တဲ့ပတ်ဝန်းကျင်ကလူတွေကရဲတွေနဲ့ကတောက်ကဆဖြစ်ရင်း "တောမီးလောင်တောကြောင်လက်ခမောင်းခတ် " ဆိုသလို အဓိကရုဏ်းကိုအကြောင်းပြပြီးကိုယ်ကျိုးရှာအကြမ်းဖက်မှုတွေလုပ်ခဲ့လို့ပြည်တွင်းစစ်အခြေအနေအထိပါဂယက်ရိုက်သွားခဲ့ပါတယ် ဒီအကြမ်းဖက်မှုတွေထဲမှာ ရိုးသားတဲ့ဘာမဆိုင်ညာမဆိုင် တက်သစ်စလူမည်းအဆိုတော်အဖွဲ့ဖြစ်တဲ့ Dramatics အဖွဲ့ပါ ရောယောင်ထိန်းသိမ်းခံခဲ့ရပါတယ် ဒီလိုနဲ့ရဲတွေရဲ့ထိန်းကွပ်မှုကြမ်းတမ်းတဲ့စိတ်တွေရယ် လူမျိုးရေးခွဲခြားမှုစိတ်အခံတွေကြောင့်ဓားစာခံအချို့ကိုမတော်တဆသတ်မိသွားပါတယ် ရှေ့ဆက်ပြီးကောဒီဖမ်းဆီးခံလူမည်းတွေနဲ့တရားစီရင်ရေးမှာဘာတွေဆက်ဖြစ်ကြမလဲ လူမည်းတွေရဲ့မခံချင်စိတ်ကြောင့်ကမ္ဘာတစ်ဝှမ်းအသိအမှတ်ပြုခံလာရအောင်ဘယ်လိုတွေအစပျိုးမလဲဆိုတာကတော့... File Size : (1.2 GB) and (448 MB)  Quality : Blu-Ray 720p Running Time : 2hr 23min  Format : Mp4  Genre :Crime, Drama, History Subtitle : Myanmar Subtitle (Hard Sub)  Source : 1080p.BluRay.x264-SPARKS  Translated by Pyae Xeinn Sett Encoded by Kyaw Ye Aung

Crime
7.3 2017 143 mins
Detroit
League of Gods: Zhou Destruction I
6

ယခုတစ်ခေါက် CM က တရုတ်ဒဏ္ဍာရီဇာတ်လမ်းလေးတစ်ပုဒ်ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- နွီဝါးမယ်တော်နှင့် နတ်အပေါင်းတို့က နတ်ပိတ်အစီအစဉ်ကို စတင်ပြီး ရှ န်းခေတ်အုပ်ချုပ်ရေးကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။ အမြီး ၉ ချောင်းမြေခွေးကို မိန်းမလှလေး သာကျီကိုယ်ထဲ ဝင်ပူးစေပြီး ဘုရင်ကို မြူဆွယ်စေပါတယ်။ ကျို့ဝမ်တိရှင်းဟာ နတ်အမိန့်တော်ကို မနာခံပဲ ကောင်းကင်ကို ဆန့်ကျင်ဖို့ကြိုးစားပြီး ကျိုင်ရှင်းလုံကို ဆောက်ပြီး ကောင်းကင်တက်ပြီးတော့ နတ်ကို ဆန့်ကျင်ဖို့ လုပ်နေပါတယ်။ ခက်ခဲလှတဲ့ နေ့ရက်တွေမှာ ကျို့ဝမ်ဟာ တဖြည်းဖြည်းနဲ့ သာကျီအပေါ် မေတ္တာနက်နဲလာခဲ့ပြီး ရှန်းကုန်းပေါက်ရဲ့ ကုန်းချောမှုတွေကို နားယောင်ပြီး သစ္စာရှိအမတ်တွေကို သတ်ဖြတ်ခဲ့တယ်။ ပီကန်းလည်း နှလုံးသားကို ထုတ်ပေးပြီး သစ္စာရှိကြောင်းထုတ်ဖော်ပြသခဲ့ပါတယ်။ ရှုပ်ထွေးမှုတွေကြားမှာ ပြည်သူတွေဒုက္ခတွင်းနက်ခဲ့ပါတယ်။ ကျန်းကျီယာဟာ အရပ် ၄ မျက်နှာက မြို့စားမင်းတွေနဲ့ ပူးပေါင်းပြီး ကျောင်းကောကို စစ်ထွက်ခဲ့ပါတယ်။ ကျို့ဝမ်နှင့် မြေခွေးမိစ္ဆာသာကျီတို့ အတူတကွ ကံကြမ္မာကို ဆန့်ကျင်ခဲ့ပါတယ်။ လူသား၊ နတ်နှင့် မိစ္ဆာ လောက ၃ ပါးတို့ ပါဝင်နေတဲ့ စစ်ပွဲကြီးမှာ ဘယ်သူကအမှန် ဘယ်သူကအမှား ဘယ်သူကနိုင်ပြီး ဘယ်သူက ရှုံးမလဲဆိုတာကို ရုပ်ရှင်ထဲမှာပဲ အဖြေရှာလိုက်ရအောင်နော်။

Action • Adventure • Comedy • Drama • Fantasy • Animation
6 2023
League of Gods: Zhou Destruction I
The Gentlemen
7.8

The Gentlemen (2019) IMDb – (7.8)/ Rotten Tomatoes (75%) သူ့နာမည်က မစ်ကီပီရာဆန်…..ဥာဏ်ကောင်းပြီးအောက်စဖိုဒ့်ကျောင်းသားတစ်ယောက်ဖြစ်ပေမယ့် သူက ဆင်းရဲတယ်…သူဟာ ထက်မြက်တဲ့သူတစ်ယောက်ဆိုပေမယ့် ကျောင်းမပြီးဘူး…ဘာလို့ဆို မူးယစ်ဂိုဏ်းက လူတစ်ချို့နဲ့အဆက်အသွယ်ရပြီး အချိန်တိုအတွင်း ငွေတွေမျိုးမျိုးမျက်မျက်ဝင်တဲ့ ဒီလောကကို သူသဘောကျသွားတယ်… လူတစ်ယောက်ရဲ့ လည်ပင်းကိုလှီးပြီး သွေးစင်တာတောင် မျက်တောင်ခတ်ဖို့ သတိမရတတ်တဲ့ဒီပတ်ဝန်းကျင်မှာ ဟိုနေရာဆေးလေးပို့ ဒီနေရာဆေးလေးပို့ ငွေလေးယူလိုက် အမြတ်ငွေလေးအိပ်ထဲထည့်လိုက်ရုံနဲ့မပြီးဘူးဆိုတာသိတဲ့နောက်မှာတော့ မစ်ကီတစ်ယောက်ဟာ သူ့ကိုယ်သူ ဒီလောကရဲ့ အများသူငါမော်မကြည့်ရဲတဲ့ ဘုရင်တစ်ပါးအဖြစ်ပုံပြောင်းပါတော့တယ်…. ဒီဇာတ်ကားက ဂန်းစတားတွေအကြောင်းရိုက်ထားတာပါ…ဒုစရိုက်သမားတွေရဲ့ ကတုံးပေါ်ထိပ်ကွက်တွေ… လည်သူစားစတမ်းတွေ….လက်မရွှံတွေကြား မျက်ခုံးမွေးပေါ်စင်္ကြန်လျှောက်တဲ့သူတွေနဲ့ ဒီကားကတော်တော်မိုက်ပါတယ်… The Irishman (2019) တို့လို့ ခပ်အေးအေးနဲ့ ဇာတ်လမ်းကို ဆွဲခေါ်တတ်တဲ့အမျိုးအစားမဟုတ်ပါဘူး..သူက ဖြစ်ရပ်မှန်ကိုအခြေခံထားတာကြောင့် လည်းပါမှာပေါ့လေ…The Gentlemen (2019) ကတော့ ခပ်သွက်သွက်နဲ့ကိုဇာတ်လမ်းစထားပါတယ်…အဓိက သရုပ်ဆောင်ဖြစ်တဲ့ Matthew McConaughey ကိုတော့ အားလုံးသိကြမှာပါ…အခြားဝါရင့်ဟာသသရုပ်ဆောင်တွေ အက်ရှင်သရုပ်ဆောင်တွေ ပါဝင်ထားပါတယ်။ လူငယ်အနေနဲ့လည်း crazy rich Asian တို့ last Christmas တို့ရဲ့ မင်းသား ဟင်နရီ ဂိုးဒင်းတို့လည်း ပါဝင်ထားပါသေးတယ်။ www.cmapp.tv မှာ member ဝင်ပြီး CM App ကနေလဲ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို Download လဲ ပြုလုပ်နိုင်ပါတယ်။

7.8 2019 113 mins
The Gentlemen
Woody Woodpecker Goes to Camp

သစ်တောက်ငှက် ဝူဒီလေးရဲ့ ဒုတိယကားထွက်ရှိလာပါပြီ….။ ဝူဒီလေးကိုတော့ အားလုံးသိကြပြီးသားဖြစ်မှာပါ … သူ့ကိုယ်ပိုင်ရယ်သံလေးနဲ့အမြဲတမ်းပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ သစ်တောက်ငှက်လေးပေါ့…။ ဇာတ်လမ်းအကျဥ်းလေးကိုပြောပြရရင် ဝူဒီ ဆိုတာ တိတ်ဆိတ်ငြိမ်းချမ်းတဲ့ သူ့တောအုပ်ထဲမှာ ဆူညံပူညံလာလုပ်တဲ့လူတွေ၊ လာဖျက်ဆီးတဲ့လူတွေကို ပညာပေးပြီး နှင်ထုတ်လေ့ရှိတဲ့ သစ်တောက်ငှက်လေးပေါ့….။ ကံဆိုးချင်တော့ လူတွေဖျက်ဆီးတာထက် ဝူဒီရဲ့အဆင်အခြင်မဲ့ လုပ်ဆောင်မှုကြောင့် သစ်တောပျက်ဆီးရတာကပိုများပါတယ်…။ ဒါကြောင့် တောပိုင်ကြီးက ဝူဒီလေးကို အသင်းအဖွဲ့နဲ့နေတတ်မှ ပြန်လာခဲ့ဆိုပြီးတောအုပ်ထဲမှ နှင်ထုတ်လိုက်ပါတယ်…။ ဒီလိုနဲ့ ဝူဒီလေးတစ်ယောက် အသင်းအဖွဲဲ့နဲ့ နေတတ်အောင် သင်ယူဖို့ဆိုပြီး နွေရာသီစခန်းတစ်ခုကိုရောက်သွားပါတယ်…။ ဒီစခန်းမှာရော ဘယ်လိုလူတွေနဲ့စုံရမလဲ၊ ဘယ်လိုစွန့်စားခန်းတွေက စောင့်ကြိုနေဦးမလဲဆိုတာကို ပေါ့ပေါ့ပါးပါးကြည့်ရှုရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်။ File size…2.79GB / 1.26GB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Adventure , Comedy , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

Science Fiction • Comedy • Horror
0 2024
Woody Woodpecker Goes to Camp
Pet Sematary
6.6

စာရေးဆရာကြီး Stephen King ရဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ နာမည်ကျော် ဟော်ရာကားတစ်ကား တင်ပေးထားပါတယ်။ ဇာတ်လမ်းခေါင်းစဉ်ရဲ့ အဓိပ္ပါယ်ကတော့ အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ သင်္ချိုင်း လို့ ဖြစ်ပါတယ်။ စာလုံးပေါင်းအမှန်ကတော့ (Pet Cemetery) ပါ။ ဒါပေမယ့် အဲဒီသင်္ချိုင်းကို ပြုလုပ်ခဲ့တဲ့သူတွေက စာလုံးပေါင်းအမှန်ကို မပေါင်းတတ်ဘဲ အသံထွက်အတိုင်း အမှားကြီးရေးခဲ့လို့ ခေါင်းစဉ်မှာကို စာလုံးပေါင်းအမှားဖြစ်နေတာပါ။ (မြန်မာလူမျိုးအများစု ပဲ နဲ့ ဘဲ၊ လဲ နဲ့ လည်း၊ ကျ နဲ့ ကြ၊ တတ် နဲ့ တက်လောက်ကို မကွဲသလို သူတို့တွေလည်း C နဲ့ S မှားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် ကလေးတွေမို့ မှားခဲ့တာဖြစ်ဖို့များပါတယ်) ဇာတ်လမ်းအကျဉ်း ============ မြို့လေးကို အသစ်ပြောင်းလာတဲ့ ဆရာဝန်မိသားစုမှာ သမီးတစ်ယောက်၊ သားတစ်ယောက် နဲ့ ကြောင်လေးတစ်ကောင် ပါလာပါတယ်။ သူတို့ ပြောင်းလာရတဲ့အိမ်က ကားတွေမပြတ်သွားနေတဲ့ အဝေးပြေးလမ်းမရဲ့ လမ်းဘေးလေးတင်ဖြစ်တဲ့အတွက် ကလေးတွေအတွက်ရော ကြောင်လေးအတွက်ပါ အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေပါတယ်။ သူတို့အိမ်နားက လမ်းသွယ်လေးမှာတော့ အဲဒီမြို့လေးရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို သင်္ဂြိုလ်တဲ့ နေရာလေးတစ်ခု ရှိနေပါတယ်။ အဲဒီနေရာရဲ့ ကြောက်စရာကောင်းတဲ့ ထူးခြားမှုကို မူတည်ပြီး ဒီဇာတ်လမ်းဖြစ်ပေါ်လာတာမို့ နောက်ထပ်ဘာမှ မပြောပြတော့ပါဘူး။ တစ်ခေါက်ကြည့်ပြီးသားကိုဘာသာပြန်တာတောင် ဘာသာပြန်ရင်းနဲ့ ကြောက်လာတဲ့ အမျိုးအစားမျိုးမို့ ဟော်ရာနှစ်သက်သူတွေ စိတ်ချလက်ချ ကြောက်လို့ရပါတယ်။ File size…(3.4 GB)/(1.3 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Horror, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mr. Anderson

6.6 1989
Pet Sematary
Meet The Robinsons
6.9

Time Travelနဲ့ ပတ်သက်တဲ့ ရုပ်ရှင်‌တွေ၊ ဇာတ်လမ်းတွဲတွေ ရေပန်းမစားခင်ကတည်းက Walt Disneyမှာ ဒီ topicနဲ့ပတ်သက်တဲ့ animation ကားတစ်ခု ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်ကားကို ငယ်စဉ်က ကြည့်ဖူးခဲ့တဲ့သူ‌‌တွေ ရှိသလို သိပ်မရင်းနှီးတဲ့သူတွေလည်း ရှိမှာပါ။ ဒါပေမဲ့ ဒီကားဟာDisneyရဲ့ animation ဇာတ်ကားတွေထဲမှာ အတော်လေး Underrated ဖြစ်ခဲ့တဲ့ ဇာတ်ကားလို့ ပြောရမှာပါ။ ဇာတ်လမ်းအကြောင်းကို ပြောရရင် မွေးကင်းစအရွယ်မှာ ကတည်းက မိခင်ရင်းဖြစ်သူရဲ့ စွန့်ပစ်ခြင်းကိုခံလိုက်ရတဲ့ လူးဝစ်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ သိပ္ပံကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူက သူရူးသွပ်တဲ့ သိပ္ပံပညာရပ်နဲ့ တီထွင်မှုတွေမျိုးစုံလုပ်ခဲ့ပြီး သူ့ကိုစွန့်ပစ်သွားခဲ့တဲ့ မိခင်ကို ပြန်တွေ့နိုင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးစားနေခဲ့တာပါ။ သူ့ရဲ့ရူးသွပ်မှု‌တွေ ဖန်တီးမှုတွေရဲ့ ဒဏ်ကိုအများဆုံးခံခဲ့ရတာက သူ့ရဲ့အခန်းဖော်လေးဖြစ်တဲ့ ဂုဘ်ဆိုတဲ့ကောင်လေးပဲ ဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ လူးဝစ်တစ်ယောက် မှတ်ဉာဏ်ဖတ်စက်ဆိုတဲ့ စက်လေးကို တီထွင်နိုင်ခဲ့ပါတယ်။ သူ့အကြံကတော့ အဲဒီစက်က‌‌တဆင့် သူ့အမေကို ပြန်တွေ့နိုင်မယ်ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒီလိုနဲ့ပဲသူ့ရဲ့စက်ကို ကျောင်းသိပ္ပံပြပွဲကို ယူသွားပြီး စမ်းသပ်တဲ့ အချိန် မအောင်မြင်ခဲ့တာကြောင့် လူးဝစ်လည်း အရမ်းကို စိတ်ဓါတ်ကျသွားခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ဝေလ်ဘာ ဆိုတဲ့ ကောင်လေးတစ်ယောက် ရောက်လာပြီး သူ့ကိုယ်သူ အနာဂတ်ကလာတာ ဖြစ်ကြောင်း၊ လူးဝစ်ကိုဒုက္ခပေးဖို့ ဦးထုပ်အမည်းရောင်နဲ့ လူတစ်ယောက် အနာဂတ်ကနေ အခုအချိန်ကို ရောက်လာတဲ့အကြောင်း ပြောပါတော့တယ်။ ဝေလ်ဘာဆိုတဲ့ ကောင်လေးက တကယ်ပဲ အနာဂတ်ကနေ ရောက်လာတာလား၊ ဦးထုပ်အနက်ရောင်နဲ့လူက ဘယ်သူလဲ ဘာကြောင့် လူးဝစ်ကိုဒုက္ခပေးချင်ရတာလဲ၊ သူတို့ကြားက ပတ်သက်မှုတွေက ဘာလဲ၊ လူးဝစ်ကရော သူဖြစ်ချင်သလို သူ့မိခင်အရင်းနဲ့ပြန်တွေ့ပြီး သူလိုချင်တဲ့ မိသားစုဘဝကို ပြန်ရနိုင်မလားဆိုတာ ကြည့်ရှုရမယ့် စိတ်ကူးယဉ်စွန့်စားခန်း animation ဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ File size… 2.1 GB, 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ….. Adventure, Animation, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

6.9 2007 95 mins
Meet The Robinsons
Nanay, Tatay
8

Nanay, Tatay (2024) IMDb Rating (8.0) ဘတ်တီနာ၊အောလစ်ဗ်နဲ့ ပေါ်လာ တို့ဟာ မိဘမဲ့ကလေးတွေဖြစ်ပြီး လူဆိုးဂိုဏ်းတစ်ခုက ဖမ်းထားရာကနေ ထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကံကောင်းထောက်မစွာနဲ့လမ်းမှာတွေ့တဲ့ လင်မယားနှစ်ယောက်က ကယ်တင်သွားခဲ့ပါတယ်။ ပိုပြီးကံကောင်းတာကတော့ အဲ့ဒီဇနီးမောင်နှံဟာ သမီးငယ်ကိုလောလောလတ်လတ်ဆုံးရှုံးထားရသူတွေဖြစ်ပြီး သူတို့သုံးယောက်လုံးကို မွေးစားဖို့ဆုံးဖြတ်လိုက်တာပါပဲ။ လမ်းဘေးမှာ စားရမဲ့ သောက်ရမဲ့ဘ၀ကနေ ချက်ချင်းစံအိမ်ကြီးတစ်လုံးမှာ ပြည့်ပြည့်စုံစုံနေရတဲ့ဘ၀ကို ရောက်သွားပေမယ့်လည်း အိမ်ကြီးပေါ်ကိုရောက်မှ ထူးဆန်းတဲ့အဖြစ်တွေ လျှို့ဝှက်ချက်တွေနဲ့ ခြောက်လှန့်မှုတွေကို သူတို့သုံးယောက်လုံး တစ်ယောက်တစ်မျိုးစီကြုံတွေ့လာရပါတော့တယ်။ ဒီအိမ်ကြီးရဲ့အခြောက်အလှန့်က ဘယ်သူ့ဝိဉာဉ်အစွဲဖြစ်မလဲ? အိမ်ရှင်လင်မယားရဲ့သေဆုံးသူ သမီးလေးလား? ဘတ်တီနာတို့သုံးယောက်ဘက်ကရော အပြည့်အ၀ရိုးသားမှုရှိရဲ့လား? အစရှိတာတွေကို သည်းထိတ်ရင်ဖိုရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size… (2.2 GB) / (710 MB) / (420 MB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:36:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

Romance • TV Movie
8 2024 120 mins
Nanay, Tatay
Snow Leopard Secret War
6

အခုတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ ဂျပန်တပ်ကို တရုတ်တွေတော်လှန်ခဲ့တဲ့ ခေတ်နောက်ခံထားပြီး ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်ပါတယ် low budget ကားဆိုပေမယ့် သရုပ်ဆောင်တွေက သရုပ်ဆောင်ကောင်းမွန်မှုနဲ့ Plot ကောင်းတာကြောင့် ကြည့်လို့ကောင်းတဲ့ဇာတ်ကားအမျိုးအစားထဲမှာပါပါတယ် ဇာတ်လမ်းအကျဉ်းပြောရရင် တရုတ်ပြည်ကို ဂျပန်တွေသိမ်းထားတဲ့ကာလမှာ ဂျပန်လက်အောက်ခံ သစ္စာဖောက်တွေ အများကြီးပေါ်လာပါတယ် ဒါကို ရှင်းဖို့ပြည်သူ့တပ်ဖွဲ့နဲ့အတူ ပြောက်ကျားတပ်ဖွဲ့လေးတွေပေါ်လာတော့တယ် သို့ပေမယ့် ခံယူချက်နဲ့ ပန်းတိုင်တူပေမယ့် သတင်းပေါက်ရောက်မှုခြင်းကွာသလို ရိက္ခာ ထောက်ပံ့မှု အစစ မတူညီတာမျိုးရှိလို့ ကြားထဲ သဘောထားကွဲလွဲမှုတွေနဲ့ သိုးရေခြုံသော ဝံပုလွေလိုပဲ ရန်သူတပ်က သူလျိုတွေလည်း ကိုယ့်တပ်ထဲရှိနေတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မလဲ ဘယ်လိုကြုံရမလဲဆိုတာ ဆက်လက်ကြည့်ရှုရမှာပါပဲဖြစ်ပါတယ်

Animation • Comedy • Family • Fantasy
6 2021
Snow Leopard Secret War
Latitude 6
7

ဘာသာမတူပေမဲ့ နှလုံးသားချင်းနီးခဲ့သူတွေရဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ကို တင်ဆက်ပေးချင်ပါတယ်။ တွန်ဆိုတဲ့ကောင်လေးက ဘဏ်ဝန်ထမ်းတစ်ယောက်ဖြစ်ပြီးတော့ သူတို့အလုပ်က ဘဏ်စနစ်မြှင့်တင်ရေးလုပ်ခိုင်းတဲ့အတွက် တွန်တစ်ယောက် ပြည်တွင်းရေးသိပ်မတည်ငြိမ်တဲ့ မွတ်စလင်မြို့လေးကိုရောက်လာပါတော့တယ်။ အဲဒီအချိန်မှာ ဖာဆိုတဲ့ဆရာမလေးကလည်း အဖေဖြစ်သူကိုစိတ်မချလို့ ဘန်ကောက်သွားဖို့ ဖျောင့်ဖျဖို့ မြိုငယ်လေးကိုရောက်လာပြီး တွန်ရဲ့တူမလေး ဖိုင်းဖူကြောင့် သူတိုနှစ်ယောက် ဆုံဖြစ်ကြတော့တာပေါ့။ တစ်ဖက်က ဖန်းဆိုကောင်မလေးကလည်း Latitude 6ဆိုတဲ့ ရေဒီယိုအသံလွှင့်ရုံလေးမှာ အလုပ်လုပ်ရင်း ရှရစ်နဲ့ကိုဆမ်ဆိုတဲ့ကောင်လေးနဲ့ ခင်မင်နေတာပေါ့။ ရှရစ်ကလည်း ဖန်းကိုကြိတ်သဘောကျနေပြီး ဖန်းကတော့ ရှရစ်နဲ့ကိုဆမ်ကြား ရွေးရခက်နေတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းလေးကြားထဲ ဘာသာရေးအယူအဆမတူညီတာတွေနဲ့ အနာဂတ်ဆိုတဲ့အရာတွေ ဝင်ရောက်လာချိန်မှာတော့…… File size…(1.7 GB)/(900 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:00:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mary

Drama
7 2015 120 mins
Latitude 6
The Life Aquatic with Steve Zissou
7

The Life Aquatic with Steve Zissou (2004) ********************************************** The Life Aquatic with Steve Zissou ရုပ်ရှင်ဟာ 2004 ခုနစ်မှာ ထွက်ရှိခဲ့ပြီး ဒါရိုက်တာ Wes Anderson က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ အများနဲ့မတူ တမူထူးခြားတဲ့ အဏ္ဏဝါဗေဒပညာရှင် Steve Zissou ဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ငါးမန်းအစားခံလိုက်ရတဲ့နာက်မှာတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ ငါးမန်းကို ရှာဖွေဖို့အတွက် ထူးဆန်းတဲ့ရေအောက်စွန့်စားခန်းတစ်ခုကို စတင်ခဲ့ပါတယ်။ လမ်းတလျှောက်မှာ တောရိုင်းပင်လယ်သတ္တဝါ တွေ ပင်လယ်ဓားပြတွေနဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ခဲ့ကြရပါတယ်။ Steve Zissou တစ်ယောက် သူ့အဖွဲ့ဝင်တွေနဲ့အတူ ငါးမန်းကို ရှာဖွေတွေ့ရှိသွားမလား၊ ပင်လယ်ရေပြင်တလျှောက် ဘယ်လိုထူးခြားဆန်းကြယ်မှုတွေ ကြုံရမလဲဆိုတာကို စိတ်ဝင်စားစွာ စောင့်မျှော်ကြည့်ရှုရမယ့် ဇာတ်လမ်း‌ကောင်း တစ်ခုဖြစ်ပါတယ်။ File Size – 2.96 GB/ 1.27 GB Quality – BluRay 1080p/ 720p Duration – 1h 59m Format – mp4 Genre – Action, Drama, Comedy, Romance Subtitle – Myanmar Subtitle (Hard Sub)

Drama
7 2004 119 mins
The Life Aquatic with Steve Zissou