YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Bros.On.Foot.S01E08.720p.CM.mp4

687.33 MB 720p video/mp4 58 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Seven Sundays
8.1

သာမန် အာရှဆန်ဆန် family drama ဖိလစ်ပိုင်ကားတွေကနေ ကွဲထွက်ခဲ့ပြီလို့ review တွေ‌ပေးထားကြပြီး 2017 မှာ ဆုပေါင်းများစွာရရှိထားတဲ့ ဒီဇာတ်ကားလေးဟာ Box Office မှာ 271 Millions ရရှိထားပါသေးတယ်။ မြန်မာပရိသတ်တွေနှစ်သက်သဘောကျပြီးသားဖြစ်တဲ့ မင်းသားကြီး Dingdong Dantes နဲ့ မင်းသားချော Enrique Gil တို့လိုနာမည်ကြီးသရုပ်ဆောင်တွေနဲ့သိုက်သိုက်ဝန်းဝန်းရိုက်ကူးထားတဲ့ Drama ဇာတ်ကားလေးပါ။ လူ့ဘောင်လောကမှာ လူတိုင်းဟာကြိုးစားရုန်းကန်လှုပ်ရှားကြရင်း အခက်အခဲပေါင်းများစွာ၊ ဘဝရဲ့ရိုက်ခတ်မှုများစွာနဲ့ ငယ်ဘဝ နှလုံးသားဒဏ်ရာများစွာ ရှိနေကြမှာပါပဲ။ ပြီးပြည့်စုံခြင်းဆိုတာ ဘာပါလဲ။ ငွေကြေးချမ်းသာခြင်း၊ ဆင်းရဲခြင်း၊ ပျော်ရွှင်မှု၊ အထီးကျန်မှု၊ စည်းလုံးမှုတွေ ကို တစ်ခုချင်းဆီ portray ထားတဲ့ ဒီဇာတ်ကားလေးဟာ သင့်ကို ဝမ်းသာ၊ ဝမ်းနည်း၊ ကြည်နူး၊ ပျော်ရွှင်၊ သနား စတဲ့ ရသမျိုးစုံခံစားရ‌အောင် ပေးစွမ်းပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ချစ်ရတဲ့မိန်းမ ကွယ်လွန်သွားပြီဖြစ်တဲ့ Captain Manuel Bonifacio ဆိုတဲ့ ရပ်ရွာရဲ့လူကြီးလူကောင်း အဖိုးကြီးတစ်ယောက်ဟာ သားသမီးလေးယောက်၊ မြေးတွေများစွာရှိပါလျက်နဲ့ အိမ်မှာ တူဖြစ်သူ Jun နဲ့ နှစ်ဦးထဲ နေရသူပါ။ သူ့ရဲ့ ၆၉ နှစ်ပြည့်မွေးနေ့မှာ လာဖို့ သားသမီးတွေကိုခေါ်ပေမယ့် ဘယ်သူမှမအားဘူးဆိုတဲ့အကြောင်းပြချက်တွေနဲ့အတူ ဒီမွေးနေ့မှာ မိသားစုသိုက်သိုက်ဝန်းဝန်းမရှိပဲ ဖြတ်သန်းလိုက်ရပါတယ်။ ဒါပေမယ့် အဲဒီညမှာပဲ နောက်ဆုံးဧည့်သည်က ဆရာဝန်ဖြစ်နေပြီး သူဟာ အဆုတ်ကင်ဆာရှိနေတာကြောင့် ၂လပဲ နေရတော့မယ်ဆိုတာကို သိလိုက်ရပါတယ်။ ဒီအခါမှာ သားသမီးတွေကို ဆက်သွယ်ပြီး နှစ်လတာကာလအတွင်းက တနင်္ဂနွေခုနှစ်ရက် (Seven Sundays) ဇာတ်လမ်းကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ တနင်္ဂနွေ ခုနှစ်ရက် အတွင်းမှာ ဒီဖခင်နဲ့ ညီကိုမောင်နှမလေးယောက် ဘာ‌တွေဘယ်လိုဆက်ဖြစ်ကြမယ်ဆိုတာကိုတော့ ရသမျိုးစုံခံစားရင်း ကြည့်လိုက်ကြပါဦး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Nyan Hlyan Chit မှတင်ဆက်ထားပါတယ်။) Tele Link ကနေပဲကြည့်တတ်တယ်ဆိုရင် https://t.me/Myname2021hakak/85  မှာဝင်ကြည့်ပါ။720p HD ကို တင်ပေးထားပါတယ်။ File size…(3.9 GB)/(1.1 GB) Quality…WEB-DL 1080p / 720p Format…mp4 Duration….02:08:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Nyan Hlyan Chit

Drama
8.1 2017 128 mins
Seven Sundays
Nootokka Jillala Andagadu

ဒီတစ်ခေါက်မှာတော့ IMDB မှာ 6.4 အထိရထားတဲ့ ၂၀၂၁ ထွက် အိန္ဒိယကားလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်... အချစ်ဇာတ်လမ်းလို့ပြောလို့လည်းရသလို ပညာပေးဇာတ်လမ်းလေးလို့လဲ ပြောလို့ရတာမို့ ကြည့်လို့ကောင်းတဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ညွှန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်း... မျိုးရိုးလိုက်တတ်တဲ့ ကိစ္စတစ်ခုကို ရှောင်လွှဲမရနိုင်တဲ့အခါမှာ သူများတွေကို လက်ညှိုးထိုးပြီး သူတို့ကျအားလုံးကောင်းတယ်လို့ မိဘတွေကို အပြစ်တင်လို့မရနိုင်ပါဘူး... မိဘဆိုတာဟာ သူတို့လုပ်နိုင်သမျှ သားသမီးတွေအတွက် အကောင်းဆုံးကိုလုပ်ပေးခဲ့ပြီး ကောင်းမွေဆိုးမွေ ချန်ထားပေးခဲ့စမြဲပါ.. ဒီရုပ်ရှင်က ဇာတ်လမ်းအကျဉ်းရေးပြလိုက်ရင် အကုန်လုံးပေါ်သွားမှာမို့ ဇာတ်လမ်းထဲက ဒိုင်ယာလော့ကိုပဲ ရေးပြနိုင်တဲ့ပုံစံဖြစ်ပါတယ်... ဒီတော့ မိဘတွေချန်ထားတဲ့ကောင်းမွေ ဆိုးမွေတွေကို ဘယ်လိုပိုက်ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ဘ၀ကိုဖြတ်သန်းမယ်ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်လိုက်ပါစီးမျောလိုက်ပါ... ဇာတ်လမ်းထဲပါတဲ့ဆေးနည်းကိုတော့ မစမ်းကြဖို့ တိုက်တွန်းရင်း... အညွှန်းကို တော့ Lwin Htoo Aung မှရေးသားထားပြီး ဘာသာပြန်တွေကတော့ Thura Htet Aung နှင့် Lwin Htoo Aung တို့ပဲဖြစ်ပါတယ် File size…1.6GB / 840MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & ThuRa Htet Aung

Drama • Romance
0 2021 119 mins
Nootokka Jillala Andagadu
Summer of 84
6.9

ပေ့ါပေါ့ပါးပါး နဲ့ ကြောက်စရာကောင်းတဲ့ Summer of 84 ပါ။ Horror ကားဆိုပေမယ့် ကျွန်တော်တို့ရဲ့ ဆယ်ကျော်သက်ဘဝတွေကို ခပ်ပါးပါးလေး လွမ်းမိသွားအောင် ပြထားနိုင်ပါတယ်။ သတ်နေဖြတ်နေတဲ့ဇာတ်ကားမျိုးမဟုတ်ပဲ သာမန် ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့ ဘဝမှာ မမျှော်လင့်တဲ့ဖြစ်ရပ်တစ်ခုဖြစ်သွားတာမျိုးကို ရိုးရိုးလေးပဲချပြထားတာပါ။ ဇာတ်လမ်းက စုံထောက်ဇာတ်လမ်းလို စိတ်ဝင်စားစရာတွေကိုမျက်မှောင်ကြီးကြုံ့ပြီး ကြည့်မနေရပဲနဲ့ စိတ်ဝင်စားစရာအချက်တွေကို ပေါ့ပေါ့ပါးပါးလေးပဲပြပေးထားပါတယ်။ ၁၉၈၀ ကနွေရာသီတစ်ခုမှာ ဒီအတိုင်းနွေရာသီကျောင်းပိတ်ရက်ကိုပျော်ပျော်ပါးပါး ဖြတ်သန်းရင်း Davies တစ်ယောက် အိမ်နီးချင်းတစ်ယောက်ကို Cape May Slayer လို့ခေါ်တဲ့ ပျောက်နေတဲ့လူသတ်သမားလို့ သံသယဝင်မိတာကစပြီးတော့ သူ့ရဲ့ လူသတ်သမားရှာပုံတော်ကြီးကို စဖွင့်ပါတော့တယ်။ အဲဒီအိမ်နီးချင်းက သူထင်သလိုပဲ လူသတ်သမားဖြစ်နေမလား။ ဒီအတိုင်း ကလေးချစ်တတ်တဲ့ ရဲသားကြီးတစ်ယောက်ပဲလားဆိုတာ ကြည့်ကြည့်လိုက်ပါတော့။ အဲဒါနဲ့ ဒီဇာတ်ကားလေးရဲ့ IMDB Rating ကတော့ 6.7 ဖြစ်ပြီးတော့ လူတိုင်းဟာ အတွဲလိုက်လူသတ်သမားတစ်ယောက်နဲ့ အိမ်နီးချင်းဖြစ်နေနိုင်ပါတယ်ဆိုတဲ့ စကားလေးနဲ့ စထားပြီးတော့ အဲဒါလေးနဲ့အဆုံးသတ်ထားပါတယ်။ နည်းနည်း Spoil မယ်နော် လူသတ်သမားရဲ့ နောက်ဆုံးလုပ်သွားတဲ့အကွက်လေးလှတယ်ဗျာ xD (d3mon ဘာသာပြန်တင်ဆက်ပေးထားပါတယ်) File Size : (865 MB) and (377 MB) Quality : AMZN WEB-DL 720p Running Time : 1hr 45min Format : Mp4 Genre : Drama, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Source : 720p.AMZN.WEBRip.DDP5.1.x264-NTG Translated by d3mon Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
6.9 2018 105 mins
Summer of 84
Oh! My Assistant: The Movie

Oh! My Assistant : The Movie (2022) ရင်ခုန်ဖို့ကောင်းပြီး ပေါ့ပေါ့ပါးပါး ဟာသ‌လေးနှောထားတဲ့ Korea BL Movie လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်။ ရှင်းဆွန်းဟိုကတော့ လူကြီးပိုင်းကာတွန်းတွေကိုရေးရာက‌နေ နာမည်ကြီးလာတဲ့ကာတွန်းဆရာတစ်ယောက်ဖြစ်ပါ။ အလုပ်တွေပုံလာတဲ့ ဆွန်းဟိုတစ်ယောက် လက်ထောက်တစ်ယောက်ငှားဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ကစပြီး သူ့ကမ္ဘာထဲကို အေးတိအေးစက်ပုံစံပေါက်ပေမယ့်ကြင်နာတတ်တဲ့ ကောင်လေးတစ်ယောက်ဝင်လာခဲ့ပါတော့တယ်။ ဂိုမူယောင်းကတော့ ကာတွန်းဆရာရှင်းဆွန်းဟိုရဲ့ အကြီးစားဖန်ဖြစ်တာမို့ လက်ထောက်လုပ်ဖို့ဆုံးဖြတ်လိုက်တဲ့ Bisexual ကောင်လေးပါ။ ကာတွန်းဆရာရှင်းဆွန်းဟိုကို တိတ်တိတ်လေးသဘောကျနေတဲ့ မူယောင်းရယ် ဆွန်းဟိုတို့ရဲ့ကြားမှာ အရက်သောက်ရင်းအတူတူရှိဖြစ်ခဲ့ကြတဲ့ညကစပြီး တွယ်ငြိတဲ့ခံစားချက်တွေက ပိုပိုတိုးလာပါတော့တယ်။ မူယောင်းရဲ့ ငယ်ငယ်ကတည်းကခ‌င်ရတဲ့ ဂျွန်ဆော့ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ကလည်း မူ‌ယောင်းအပေါ်စပြီး သဘောကျလာမိတဲ့အခါ ….. ၃ ပွင့်ဆိုင်အချစ်ကို ဟာသနှောထားတဲ့ဇာတ်လမ်းလေးမို့ သေချာပေါက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်နော် အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတကတော့ Shin Shin, Cali, Thantsin, Lai Laii တို့ပဲ ဖြစ်ကြပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p | 480p File size… 1GB | 518MB | 216MB Format… mp4 Duration…. 2h 5min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Shin Shin, Cali, Thantsin, Lai Laii Encoder ….. August

0 2023
Oh! My Assistant: The Movie
Tracker
6.5

ဒီဇာတ်ကားက စစ်ပွဲအတွင်းမှာ အင်အားကြီးတဲ့သူက အင်အားငယ်တဲ့သူတွေကို နိုင်ထက်စီးနင်းပြုလုပ်ပုံ စစ်ပွဲကြောင့်မိသားစုတွေ တကွဲတပြားဖြစ်ကြပုံနှင့် စစ်ပွဲရဲ့ ရိုက်ခတ်မှုဒဏ်တွေကို ခံကြရပုံတွေကို ဒါရိုက်တာ Ian Sharp က ရိုက်ကူးပုံဖော်ထားပြီး မင်းသားကြီး Ray Winstone က ဆေးစက်ကျရာအရုပ်ထင်အောင် ပါဝင်အားဖြည့်သရုပ်ဆောင် ထားပါတယ်. ဒီဇာတ်ကားဟာ rating 6.5/10အထိရရှိထားပြီး အင်အားကြီး လူမျိုးစုဖြစ်တဲ့ ဗြိတိသျှတွေက နိုင်ငံငယ်လေးတွေ အပေါ် နိုင်ထက်စီးနင်းပြုလုပ်ခဲ့ပုံတွေကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ဒီဇာတ်ကားမှာ အဓိကဇာတ်ဆောင်တစ်ယောက်ဖြစ်တဲ့ တောင်အာဖရိက ဘိုရာလူမျိုးစုလေးက ဆင်းသက်လာတဲ့ မစ္စတာဗန်ဒီမန်က လူသတ်မှုနဲ့မတရားစွပ်စွဲခံထားတဲ့ မော်ဝီ လူမျိုးစစ်သားတစ်ယောက်ကို လိုက်ဖမ်းရင်း ကြုံတွေ့လာရပုံတွေကို ဇာတ်အိမ်တည်ရိုက်ကူးထား ပုံကိုတွေ့မြင်ရမှာဖြစ်ပါတယ် မစ္စတာဗန်ဒီမန်ဆိုတာ ဘိုရာစစ်ပွဲအတွင်းမှာ ပစ်ချင်ခတ်ချင်နေတဲ့ ဗြိတိသျှစစ်သားအရာရှိတွေရဲ့ လက်ချောင်းတွေကိုဖြတ်ပြီးမှ ရက်ရက်စက်စက် သတ်ခဲ့တဲ့သူအဖြစ်ကျော်ကြားသူဖြစ်ပါတယ် ဒါပေမဲ့ ဗြိတိသျှတွေကို တွန်းလှန်တိုက်ခိုက်နေတဲ့ မစ္စတာဗန်ဒီမန်က ဘိုရာစစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း သူ့ရဲ့သဘောထားက အံ့ဩဖွယ်ကောင်းလောက်အောင် တစ်ဆစ်ချိုး ပြောင်းလဲသွားပါ တော့တယ် အဲံဒီနောက် လူသတ်မှုနဲ့စွပ်စွဲခံထားရပြီး ထွက်ပြေး လွတ်မြောက်သွားတဲ့ ရာဇဝတ်သားတစ်ယောက်ကို အသက်ရှင်လျက် ဖမ်းဆီးလာခဲ့နိုင်ရင် ဆုငွေအဖြစ် ဗြိတိသျှရွှေဒင်္ဂါး၁၀၀ အသေဖမ်းမိရင် ရွှေဒင်္ဂါး၂၅ ပြားချီးမြှင့်မယ်လို့ ဗြိတိသျှတွေက ဆုငွေထုတ်ထားတဲ့ မော်ဝီလူမျိုးတစ်ယောက်ကို မစ္စတာဗန်ဒီမန်တစ်ယောက် လိုက်လံ ဖမ်းဆီးရင်း ဘာတွေဆက်ဖြစ်လာမလဲ ဗြိတိသျှတွေကကော မိမိအရာရှိတွေကို သတ်ထားတဲ့ မစ္စတာဗန်ဒီမန်ကို သိရက်သားနဲ့ ဘာလို့အရေးမယူတာလဲ မစ္စတာဗန်ဒီမန်ကကော သူ့ရဲ့သဘောထားက စစ်ပွဲကပြန်လာပြီးတဲ့နောက်ပိုင်း ဘာလို့ပြောင်းလဲသွားခဲ့တာလဲ တောင်အာဖရိကကနေ နယူးဇီးလန်အထိလာရတဲ့ တကယ့်အကြောင်း အရင်းကကော ဘာဖြစ်မလဲ လူသတ်မှုနဲ့စွပ်စွဲခံထားရတဲ့ မော်ဝီလူမျိုးစုက စစ်သားလေးကရော တကယ်ပဲပြစ်မှု ကျူးလွန်ခဲ့တာလား မတရားစွပ်စွဲ ခံရတာလား သူကကော လိုက်ဖမ်းနေတဲ့သူတွေလက်ကနေ ထွက်ပြေး လွတ်မြောက်သွားနိုင်ပါ့မလား ဆိုတာကို ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုသူပရိတ်သတ်ကြီးကိုယ်တိုင်ပဲ လိုက်ပါခံစားစီးမျောကြည့်ရှုရမှာ ဖြစ်ပါတယ်.. ဒီဇာတ်ကားမှာ ၁၈၉၉ အောက်တိုဘာလ ၁၁ကနေ ၁၉၀၂ မေလ ၃၁ နေ့ အထိကြာမြင့်ခဲ့တဲ့ ဘိုရာစစ်ပွဲအတွင်းမှာ ဗြိတိသျှတွေရဲ့နိုင်ထက်စီးနင်း ပြုကျင့်မှုတွေကို ဘိုရာလူမျိုးစုတွေ မော်ဝီလူမျိုးစုတွေ ဘယ်လိုမျိုး တွေ့ကြုံခံစားခဲ့ရလည်းဆိုတာတွေ ဒီဇာတ်ကားဟာ Action, Adventure, Drama &Western အမျိုးအစားဖြစ်ပြီး ကြည့်ရှုသူ ပရိတ်သတ်ကြီးကို ထိုင်ရာကနေ ထမသွားနိုင်အောင် စွဲဆောင်ထားနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်.. ကျွန်တော်ပြောတာဟုတ်မဟုတ် ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်လိုက်ပါဦး… File size…2.30 GB / 1.24GB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Action , Drama , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eh Phaw

6.5 2010
Tracker
Akaash Vani
6.3

Akaash Vani 2013 ( ငယ်ကချစ်အနှစ်တစ်ရာ) IMDb 6.3 တစ်ခေတ်တစ်ခါက နာမည်ကြီးလူကြိုက်များခဲ့တဲ့ရိုမန့် ဒရာမာဇာတ်ကားလေးကို ပြန်လည်တင်ဆက်ပေးချင်ပါတယ် တော်ကီအလန်းစားတွေနဲ့ စော်လိုက်နည်းကျင့်ချင်တဲ့ဘရိုတွေအတွက်တော့ ဒေါင်းကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲ လိုတာမရ ရတာမလိုဆိုတာ လူ့ဆန္ဒပဲမဟုတ်လား နယ်မြို့လေးမှာကျောင်းတက်ရင်း ဒေလီမှာတက်ချင်တယ်ဆိုပြီး လာရင်းနဲ့ တစ်ကျောင်းတည်း တစ်ခန်းထဲမှာ တွေ့ဖြစ်သွားကြတဲ့ အာကတ်ရှ်နဲ့ ဗာနီတို့ ၂ယောက် ၂ယောက်သားက သရုပ်ဆောင်ပိုင်းမှာ ဝင်ပါရင်းနဲ့ အချင်းချင်းရင်းနှီးသွားကြတယ် အာကတ်ရှ်အဖို့ကတော့ ဗာနီကမြင်မြင်ချင်းအချစ်ဖြစ်ခဲ့တာပေါ့ တောကတက်လာတဲ့ တောသားလေးဖြစ်တာမို့ ရည်းစားတွေဘာတွေမထားဖူးတဲ့အာကတ်ရှ်နဲ့ ဘဲကြည်စော်ဖြစ်တဲ့ ဗာနီတို့ဇာတ်လမ်းက လွယ်ကူမနေခဲ့ဘူး ဒါပေမဲ့ လှတောသားစကားကြွယ်ဆိုသလို တောမှာနေခဲ့ပေမဲ့ စကားတစ်ပေါက် လျှမ်းလျှမ်းတောက်နေတဲ့အာကတ်ရှ်ရဲ့စကားတွေက ဗာနီ့အပြင်ကို ကြည့်ရှုသူတွေအတွက်ပါ ရယ်မောစရာတစ်ခုလိုဖြစ်နေမှာပါ ။။ ဆိုတော့ အချစ်စစ်ရဲ့လမ်းမှာ ဆူးငြောင့်ခလုတ်တွေရှိစမြဲမို့ သူတို့ဘာတွေတွေ့ကြုံသွားမလဲဆိုဝာာကိုတော့…. (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ Alex ~ BpL ~ ToMo တို့ပဲဖြစ်ပါတယ် )

6.3 2013
Akaash Vani
Half Baked: Totally High

စတုန်နာ ဟာသရုပ်ရှင်ပါ။ ဇာတ်လမ်းအကျဉ်းကတော့ ‌ဂျေအာ၊ ဘရုစ်၊ ကော်ရီနဲ့ မိုင်းလ်စ်ဆိုတဲ့ အလယ်တန်းကတည်းကပေါင်းလာကြတဲ့ စတုန်နာသူငယ်ချင်းလေးယောက်ရှိကြတယ်ပေါ့။ တစ်နေ့မှာ ဘရုစ်က Holy Trinity လို့ခေါ်တဲ့ ဆေးခြောက်ပင်သုံးမျိုးကိုပေါင်းထားတဲ့အတိုင်ကိုသောက်မိပြီး နတ်ပြည်ရောက်သွားတာ နတ်ပြည်ကနေပြန်မဆင်းလာတော့ဘူးပေါ့။ အဲဒီလိုနဲ့ ကျော်မကောင်းကြားမကောင်း ဝိပြဲရင်းရှောသွားတဲ့သူငယ်ချင်းဘရုစ်ရဲ့ နောက်ဆုံးဆန္ဒဖြစ်တဲ့ သူ့ရဲ့မွေးရပ်မြေမှာ သင်္ဂ်ြုဟ်ပေးဖို့ကိစ္စကို အကောင်အထည်ဖော်ဖို့အတွက် သူငယ်ချင်းသုံးယောက်ကဆုံးဖြတ်လိုက်တော့တယ်။ ဘရုစ်ရဲ့အလောင်းကိုရွေးပြီး နယူးဂျာစီ၊ ပါဆေးအထိသယ်ဖို့ဆိုရင် ‌ဒေါ်လာလေးသောင်းတောင်ကျမှာဖြစ်တာကြောင့် စတုန်နာသူငယ်ချင်းတသိုက်ဟာ သတ်မှတ်ရက်အတွင်းမှာ လိုအပ်နေတဲ့ငွေကိုရှာဖို့ကြိုးစားကြရင်း မူးယစ်ရာဇာတွေနဲ့ပါဇာတ်ရှုပ်ကုန်ပါတော့တယ်။ ဒီလိုနဲ့ နောက်ဆုံးမှာ သူငယ်ချင်းဖြစ်သူရဲ့ဆန္ဒကိုဖြည့်ဆည်းပေးနိုင်မလားဆိုတာကိုတော့ လေပေါ်မှာလွင့်ရင်းဆက်ကြည့်လိုက်ပါဦး။ ဟာသကားမို့အများကြီးတော့မမျှော်လင့်ထားစေချင်ပါဘူး။ File size…(1.7 GB)/(991 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2024
Half Baked: Totally High
Hong Kong Runaway
7.6

ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် အင်ဒိုနီးရှား Comedy/ Adventure ဇာတ်ကားတစ်ကားတင်ဆက်ပေး လိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆူလဲယ်ဟာ အင်ဒိုနီးရှားနိုင်ငံ ကျေးလက်မှာနေတဲ့ စိတ်ရင်းကောင်းတဲ့လူတစ်ယောက်ပါ။ သူ့မှာ ချစ်ရတဲ့ အီအစ်ဆိုတဲ့ ချစ်သူလေး ရှိပါတယ်။ ဒါပေမယ့် အီအစ်ဟာ ဆိုင်ကယ်စီးနိုင်ပြီး ပိုက်ဆံရှိတဲ့ မလေးရှားပြန် ချက်ချက်နဲ့ တွဲလိုက်ပြီး ဆူလဲယ်ကို ထားပစ်ခဲ့ပါတယ်(Women….)။ ဒီလိုနဲ့ စိတ်ဓာတ်ကျသွားတဲ့ ဆူလဲယ် ဟာလည်း ပိုက်ဆံရှိမှ အီအစ်က သူ့ကို ပြန်စိတ်ဝင်စားမှာဆိုပြီး သူ့ဦးလေး အကူအညီနဲ့ မလေးရှားမှာ အလုပ်လုပ်ဖို့ သွားပါတော့တယ်။ ဦးလေးဖြစ်သူ ဆွာဆိဟာ ဆူလဲယ်ကို မလေးရှားကို ခေါ်မသွားဘဲ ဟောင်ကောင်ကို လိမ်ခေါ်သွားပြီး ရထားဘူတာတစ်ခုမှာ ထားဖြစ်ခဲ့ပါတယ်။ ဆူလဲယ်လည်း မယောင်မလည်နဲ့ ဟောင်ကောင်မှာ တစ်ယောက်တည်း ကျန်နေခဲ့ပြီး အာလင်းဆိုတဲ့ ကောင်မလေးနဲ့ ဆုံဖြစ်ပါတယ်။ ဒါပေမယ့် အာလင်းကို သူ့ရှေ့တင် ပြန်ပေးဆွဲသွားတာကို မြင်လိုက်ရတာမို့ လိုက်ကယ်ဖို့ ကြိုးစားပါတော့တယ်…..။ ဆူလဲယ် တစ်ယောက် ဟောင်ကောင်မှာ ဘယ်လိုအလွဲတွေကြုံမလဲ၊ ဘာတွေ စွန့်စားခန်းဖွင့်ရမလဲဆိုတာကို ဆက်လက် ကြည့်ရှုလိုက်ပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Leonard Lin ဖြစ်ပါတယ်) Genre….. Adventure, Comedy Quality…. 1080p WEB-DL | 720p WEB-DL File size… 1.66GB | 869MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

7.6 2018
Hong Kong Runaway
Laandhar
5.6

Laandhar 2024 ( လူထူးဆန်း) Imdb -7.8 လူနေထူထပ်လှတဲ့ Coimbatore မြို့တော်ကြီးမှာထူးဆန်းတဲ့အမှုကိစ္စတစ်ခုထွက်ပေါ်လာပါတယ် ဂေါ်ပြားကိုကိုင် မိုးကာကြီးဝတ်ထားတဲ့လူတစ်ယောက်က သူ့လမ်းမှာရှိသမျှလူတိုင်းကို မညှာမတာရိုက်ပစ်တာပါ သူ့ကြောင့်ဆေးရုံတင်ရပြီး အသက်လုနေရတဲ့နစ်နာသူတွေလည်းဒုနဲ့ဒေးဖြစ်လာခဲ့တယ် ဒါကြောင့်ရဲတွေဝင်ပါလာရပြီး ဒီလူကိုအင်တိုက်အားတိုက်ရှာရပါတော့တယ် ဒါပေမဲ့သာမန်လူမဟုတ်တဲ့ ဒီလူထူးဆန်းကြောင့် ရဲတွေပါဆေးရုံတင်ရတဲ့အထိဖြစ်လာတော့ ဒီအမှုထဲ ACP အာရာဗင်ဝင်ပါလာရပါတော့တယ် ACP အာရာဗင်အကြောင်းပြောရရင် ဒီလူကလာဘ်မစား တရားမျှတမှုဘက်တော်သားပေါ့ဗျာ သူ့အထက်ကလူတွေတောင် သူ့ကိုပြန်ကြောက်ရတဲ့အထိ‌ လုပ်ရည်ကိုင်ရည်လည်းရှိတယ် သူ့အမျိုးသမီးကတော့ လူတအားကြောက်ပါတယ် ပြောရရင်တစ်ယောက်တည်းနေရမှာလည်းကြောက်တတ်ပြီး ‌အကြောက်လွန်ရင် မေ့လဲတတ်တဲ့ရောဂါရှိသူတစ်ဦးပါ ကံဆိုးချင်တော့ ဒီလူထူးဆန်းကိစ္စကိုလိုက်မိရာကနေ မိန်းမဖြစ်သူပျောက်သွားလေတော့ သူဘယ်လိုတွေကြိုးစားအားထုတ်ပြီး ပြန်ရှာဖို့ကြိုးစားမယ်ဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni ~ V ~ Thura ~ ToMo တို့ပဲဖြစ်ပါတယ် )

5.6 2024 117 mins
Laandhar
The Andromeda Strain
7.2

ဒီဇာတ်လမ်းလေးကတော့ ၁၉၀၀ခေတ်လောက်တုန်းက ဇီဝလက်နက်ကိုလျို့ဝှက်တီထွင်စမ်းသပ်ရာကနေပိုးကပျံ့နှံ့သွားပြီ ဇီဝကပ်ဆိုက်လုဆဲဆဲ‌အခြေ‌အနေကနေ ဘယ်လိုတွေဖြေရှင်းကြမလဲဆိုတာကြည့်ကြရမှာဖြစ်ပါတယ် ဂျရမီဆိုတဲ့သပ္ပံပညာရှင်တွေနဲ့အဖွဲ့က သူတို့ကိုအရေးပေါ်အခြေနေဖြစ်နေလို့ခေါ်ယူတာခံလိုက်ရပြီးမှ ဇီဝကပ်ဆိုက်တော့မယ်ဆိုတာသိလိုက်ရပါတယ် ဒီလိုနဲ့စုံစမ်းစစ်ဆေးကြည့်တဲ့အခါမှာ အဲဒီဇီဝပိုမွှားက ကမ္ဘာပေါ်ကမဟုတ်ဘဲ အာကသကလာတာဖြစ်ကြောင်းတွေ့လိုက်ရပါတယ် အဲဒီလိုနဲ့အစိုးရကဖုံးဖိထားပြီးတီထွင်နေတဲ့ဇီဝလက်နက်အကြောင်းကိုဘယ်လိုတွေရင်ဆိုင်လိုက်ရမလဲ ကမ္ဘာကြီးကရော ဒီကပ်ဘေးကနေလွတ်မြောက်နိုင်မလားဆိုတာ ကြည့်ရှုရမှာဖြစ်ပါတယ် File size…(2.2 GB)/(950 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 02:11:00 Genre… Mystery, Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M.Minhtike

7.2 1971
The Andromeda Strain
In the Mood for Love
8.1

Romance/Drama Genre မှာ တကယ်တမ်း ရင်ထဲစွဲစွဲလမ်းလမ်းဖြစ်ပြီးအမြဲတမ်း သတိတရဖြစ်နေစေတဲ့ရုပ်ရှင်က တော်တော်လေးရှားတယ်လို့ ပြောလို့ရပါတယ်။ ဇာတ်သိမ်းမှာ ချစ်တာနဲ့ ကွဲတာနှစ်မျိုးပဲ နှစ်ပင်လိမ်ပြီး ဇာတ်အိမ်တွေ အက်ကြောင်းထပ်နေတဲ့ခေတ်ကာလမှာ Lost in Translation, Eternal Sunshine of the Spotless Mind, In the Mood for Loveလို ဇာတ်ကားမျိုးတွေဟာ သာမန်အချစ်ဇာတ်လမ်းတစ်ခုဆိုတာထက် အများကြီးပိုမိုပြသသွားနိုင်ခဲ့ပါတယ်။ ဒီနေ့တင်ဆက်ပေးသွားမယ့်ရုပ်ရှင်ကတော့ ဟောင်ကောင်ဒါရိုက်တာ ဝမ်ကာဝေရဲ့ အကောင်းဆုံးလက်ရာလို့တင်စားခေါ်ဝေါ်ကြတဲ့ In the Mood for Love ဆိုတဲ့ဇာတ်ကားပါ။ ဝမ်ကာဝေဟာ အရှေ့တိုင်းရုပ်ရှင်လောကရဲ့ဆရာတစ်ဆူဖြစ်ပြီး သူရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေဟာ မှတ်တိုင်များစွာ စိုက်ထူနိုင်ခဲ့ပါတယ်၊ အဲ့ဒီဇာတ်ကားတွေထဲမှာIn the Mood for Love ကတော့ သူရိုက်ကူးခဲ့တဲ့ တခြားရုပ်ရှင်ဇာတ်ကားတွေနဲ့ မတူပဲ သီးခြားပုံစံတစ်မျိုးအဖြစ်ကွဲထွက်နေခဲ့ပါတယ်။ In the Mood for Love ရဲ့ဇာတ်အိမ်က အရမ်းကိုရိုးရှင်းလွန်းပြီး ဇာတ်လမ်းစကြည့်တာနဲ့ ဘာဆက်ဖြစ်မယ်ဆိုတာခပ်ရေးရေးလေး တွေးလို့ရလောက်ပါတယ်။ တိုက်ခန်းတစ်ခန်းမှာ ငှားနေကြတဲ့ ဘေးချင်းကပ် အိမ်နီးချင်းလင်မယားစုံတွဲ ၂ တွဲမှာ မစ္စတာချန်နဲ့ မစ္စချောင်တို့က ဖောက်ပြန်နေကြတာကို ဆိုင်ရာလက်တွဲဖော်တွေဖြစ်တဲ့မစ္စချန် နဲ့ မစ္စတာချောင်တို့က သိသွားတဲ့အခါ သူတို့နှစ်ယောက်ကပါ ထပ်ပြီးဖောက်ပြန်တာကို ရိုးရိုးရှင်းရှင်းလေးရိုက်ကူးပြထားတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဝမ်ကာဝေဟာ ရုပ်ရှင်အတတ်ပညာကို ကောင်းမွန်ပိုင်နိုင်စွာအသုံးချပြီးဒီရုပ်ရှင်ထဲက ဇာတ်ကောင်နှစ်ယောက်ဖြစ်တဲ့ မစ္စတာချောင်နဲ့ မစ္စချန်ရဲ့ စိတ်တွင်းခံစားချက်တွေကို ရုပ်ရှင်ကြည့်ပရိသတ်တွေဆီ ယူဆောင်ပြလာခဲ့ပါတယ်။ သာမန်ရိုက်ချက်တွေနဲ့မတူပဲ သရုပ်ဆောင်တွေကို ဘောင်ကျဉ်းကျဉ်းလေးပဲ ပေးထားတာတွေ၊ ဇာတ်ဝင်ခန်းတွေတိုင်းလိုလိုမှာ အနှောင့်အယှက်ဖြစ်စေမယ့်အရာ တစ်ခုခုထည့်ထားတာတွေကြောင့် ဒီနှစ်ယောက်ကြားက ရှေ့မတိုးသာ၊ နောက်မဆုတ်သာတဲ့အခြေအနေတွေဟာ ပိုပြီးပေါ်လွင်လာခဲ့ပါတယ်။ In the Mood for Love ကို ရွေ့လျားနေတဲ့ကဗျာတစ်ပုဒ်လို့ တင်စားကြပြီး ဒီရုပ်ရှင်ဟာ စကားလုံးတွေထက် ဇာတ်ဆောင်နှစ်ယောက်ရဲ့အကြည့်တွေ၊ ဟန်ပန်အမူအရာတွေနဲ့ ဇာတ်လမ်းကိုတည်ဆောက်သွားခဲ့တာပါ။ သူတို့ရဲ့ လှုပ်ရှားမှုနောက်ကိုလိုက်ကြည့်နေရတာဟာကဗျာရှည်တစ်ပုဒ်ကို ဖတ်ပြီး ခံစားနေရသလိုပါပဲ။ ဒါ့အပြင် ဒီရုပ်ရှင်ဟာ Nostalgia (အတိတ်ကပျော်စရာအခိုက်အတန့်တွေကို အောက်မေ့သတိရခြင်း) ဆိုတဲ့အချက်ကို ကောင်းကောင်းကြီးပုံဖော်သွားနိုင်ခဲ့ပါတယ်။ ၂၀၀၀ ခုနှစ်မှာရိုက်ကူးခဲ့တာဖြစ်ပေမယ့် ဝမ်ကာဝေဟာ ရုပ်ရှင်ရဲ့ အရောင်တွေကို ၁၉၆၀ ဝန်းကျင်ကထွက်ရှိတဲ့ရုပ်ရှင်ဆန်ဆန် အရောင်မျိုးအသုံးပြုသွားခဲ့ပြီး ဇာတ်အိမ်ကိုလဲ ၁၉၆၂ ခုနှစ် ဟောင်ကောင်မှာ အခြေတည်ထားလိုက်ပါတယ်။ ဒီဇာတ်ကားဟာ အချစ်ဇာတ်ကားကြည့်ပြီးမျက်ရည်လည်ရွှဲငိုချင်သူတွေ၊ ရိုမန်တစ်ဆန်ချင်သူတွေအတွက်တော့ ကိုက်ညီမယ့်ရုပ်ရှင်မဟုတ်ပေမယ့် တစ်ခါတစ်ခေါက်လောက်တော့ မြည်းစမ်းကြည့်သင့်တဲ့ အနုပညာလက်ရာမြောက်ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ ရုပ်ရှင်ကို အနုပညာလက်ရာတစ်ခု၊ ကဗျာစာပေတစ်ခုလို ခံယူထားတဲ့သူတွေအတွက်တော့ ဒီရုပ်ရှင်ဟာ တွေးလို့ကုန်နိုင်မှာမဟုတ်ပါဘူး။ အဖော်အချွတ်ဇာတ်ဝင်ခန်းမပြောပါနဲ့၊ နမ်းရှုတ်တဲ့အခန်းတောင် တစ်ကွက်မှမပါဝင်ပဲ အချစ်ဇာတ်လမ်းတစ်ခုကို လှလှပပလေးပုံဖော်သွားခဲ့တဲ့ဝမ်ကာဝေရဲ့ လက်ရာကို အခုပဲ ကြည့်ရှူလိုက်ကြပါ။ ဘဝအတွက် တွေးစရာတစ်ခုခုတော့ ကျန်ရစ်စေခဲ့ရမယ်ဆိုတာရဲရဲကြီးအာမခံရဲပါတယ်။ File size… 2 GB / 723 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 38m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Arkar Phyo

Action • Crime • Drama
8.1 2000 98 mins
In the Mood for Love
Jathara
7

Jathara (2024) “ဆုတောင်း” ကျေးလက်နေ တောသူတောင်သားတို့ရဲ့ ကိုးကွယ်မှုယုံကြည်မှုတွေနဲ့ ထူးခြားဆန်းကျယ်မှုတို့ကို ပုံဖော်ထားတဲ့ တလေဂူးကျေးလက်ရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ တိုက်ပွဲမှာ ဆုံးပါးသွားခဲ့တဲ့ ခေါင်းဆောင်ကြောင့် ကိုးကွယ်ခဲ့ကြတဲ့ နတ်ဘုရားမကို လက်အောက်ငယ်သားတွေ မေ့မေ့လျော့လျော့နဲ့ ထားခဲ့ကြရာကစ နတ်ဘုရားမ အမျက်တော်ရှပြီး ထွက်သွားချိန် ကျေးရွာတွေမှာ အငတ်ဘေးကြီး ကြုံရပါတော့တယ်။ တစ်ရွာပြီးတစ်ရွာ အငတ်ဘေးကြောင့် သေကြေပျက်ဆီးနေကြချိန် တစ်နေ့မှာတော့ ယန်ကတ်တရာမူဒူကို နတ်ဘုရားမက အိပ်မက်ပေးပါတယ်။ ဒါနဲ့ ယန်ကတ်တရာမူဒူက ဗိမာန်တော်ဆောက်ပြီး နတ်ဘုရားမကို ကိုးကွယ်အမှုပြုတဲ့အချိန်မှာတော့ ရွာကလေးက ပြန်သာယာလာပေမဲ့ သူ့မျိုးဆက်တစ်ယောက် ဗိမာန်တော်မှာ အောက်လမ်းအတတ်တွေ လုပ်နေတယ်ဆိုပြီး နတ်ဘုရားမ အမျက်တော်ရှလို့ ပြန်ထွက်သွားချိန် ရွာလည်းအငတ်ဘေးပြန်ဆိုက်ပါတော့တယ်။ ဒီမှာပဲ အောက်လမ်းအတတ်လုပ်ပါတယ်လို့ စွပ်စွဲခံရသူလည်း သေဆုံး ကျန်ခဲ့တဲ့သားငယ်လေးနဲ့ အဘွားအိုကြီးလည်းရွာပြင်ကိုနှင်ထုတ်ခံလိုက်ရပါတော့တယ်။ ကျန်ခဲ့တဲ့ သားငယ်လေး ကြီးပြင်းလာချိန်မှာတော့ အမှန်တရားတွေ ထူးခြားဆန်းကြယ်မှုတွေကို ကြုံတွေ့လာရတဲ့အခါ….။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7 2024 129 mins
Jathara
Seeran
5

Seeran 2025 (“တောက်ပမည့်လူ”) ၂၀၂၅ မှာ လူမျိုးဘာသာမတူလို့ ခွဲခြားခံထားရတဲ့မိသားစုအကြောင်းရိုက်ကူးထားတဲ့ တမီးလ်စကားပြော ကားလေးတစ်ကားနဲ့ မိတ်ဆက်ပါရစေ။ ဒီကားထဲက သရုပ်ဆောင်ကာရိုက်တာ ဂျိမ်းစ်ကာသစ်က ဇာတ်ညွှန်းဆရာရော ပရိုဂျူဆာအနေနဲ့ ကြိုးပမ်းထားတဲ့ ကားလေးဖြစ်ပါတယ်။ ရွာလေးတစ်ရွာမှာ လူတိုင်း ရွံ့မုန်းကြတဲ့ မိသားစုရဲ့သားက ရွာကနေ ထွက်သွားပြီးတော့ ချမ်းချမ်းသာသာ ပြန်လာပေမယ့် ရွာကလူတွေရဲ့ အကျင့်စရိုက်က ပြောင်းလဲသွားမလားဆိုတာ ကြည့်ရမှာဖြစ်ပြီး အတိတ်က သူတို့မိသားစုဘဝက ဘယ်လိုစိတ်ဆင်းရဲခဲ့ရပြီး နိမ်ချခံခဲ့ရလဲဆိုတာ ဂရုဏာသက်ဖွယ်မြင်တွေ့ရမှာပါ။ အဓိကက မျိုးရိုးနိမ့်လို့ ခွဲခြားခံရပေမယ့် တကယ်အောင်မြင်လာတဲ့ လူတစ်ယောက်ဖြစ်လာတဲ့အခါ အယူအဆတွေ ဝေဖန်သံတွေက စင်ပေါ်ကနေ ပုရွက်ဆိတ်တွေအော်နေသလို ထိုင်ကြည့်နေရသလိုပါပဲ။ သင်ခန်းစာယူဖွယ်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်လို့ စီအမ်မဆလာကနေ တင်ဆက်ဘာသာပြန်‌ထားပါသည်။

5 2025
Seeran
The Brother of Lottery
6

တရုတ်ဟာသကားလေးကို CM Chinese ကို အစဉ်မပြတ် အားပေးနေတဲ့ဖန်တွေအတွက် ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းလေးကတော့ လီတကျွမ့်တစ်ယောက် အရက်စက်ရုံမှာ ရင်းနှီးမြုပ်နှံမှုများသွားတာကြောင့် အကြွေးများနေသူဖြစ်ပြီး…. အမှတ်မထင် ဒုတိယဆုထီကို ဆွတ်ခူးသွားခဲ့ရာကနေ မလိုလားတဲ့ ပြဿနာများကို ရှောင်ရှားဖို့ နှုတ်ဆိတ်နေရာကနေ ထီပေါက်တဲ့သူကို လူတွေက ခန့်မှန်းနေကြချိန်မှာပဲ ရွာသားတွေရဲ့အမြင်မှာ ပရော်ဖက်ရှင်နယ်အကျဆုံး ဆိုတဲ့ ဝမ်ခွန်းက သူလို့ပြောပြီး သူ့ရဲ့အနာဂတ် ယောက္ခမရဲ့ သဘောတူညီချက်ကိုရဖို့အတွက် ချမ်းသာသွားယောင်ဆောင်ခဲ့တယ်…. တကယ့်ထီပေါက်သူ လီတကျွမ့်ကတော့ အရက်စက်ရုံကို ဆက်လက်လည်ပတ်ဖို့ ဇနီးဖြစ်သူ ကန့်ကွက်တာကြောင့် အဆင်မပြေလို့ သူက ဆင်းရဲယောင်ဆောင်ပြီး အတူသရုပ်ဆောင်ပြခဲ့တယ်… သူတို့အလိမ်အညာဇာတ်ကြီး ဘာတွေဆက်ဖြစ်ပြီး အလိမ်ပေါ်တဲ့တစ်နေ့ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို စိတ်ဝင်စားဖွယ်ဟာသနှောတင်ဆက်ပြထားတဲ့ကားကောင်းလေးဖြစ်ပါတယ်…

Comedy • Drama
6 2022
The Brother of Lottery
Big Deal
7.7

Big Deal (2025) **************** IMDb… 7.7 ဒီတစ်​ခေါက်မှာတော့ Taxi Driver ထဲက မင်းသား Lee Je Hoon, Exhuma ထဲက မင်းသားကြီး Yoo Hae Jin နဲ့ Hansan: Rising Dragon ထဲမှ မင်းသား Son Hyun Joo တို့ အဓိကပါဝင်ထားတဲ့ စီးပွား‌ရေးဒရာမာကားလေးကို ပရိသတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ရပါတယ်။ ဒီဇာတ်ကားလေးက​တော့ ၁၉၉၇ ခုနှစ် အာရှ​ငွေ​ကြေးအကျပ်အတည်းကာလက ကိုရီးယားဆိုဂျူ​လုပ်ငန်းအ​ကြောင်းကို ဇာတ်အိမ်တည်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ ဖြိုဂျုံရို့ (Yoo Hae Jin) က ​ငွေ​ကြေးအခက်အခဲကြုံ​တွေ့​နေတဲ့ ဂုဘိုလုပ်ငန်းစုရဲ့ ဒါရိုက်တာတစ်​ယောက်ဖြစ်ပြီး ကုမ္ပဏီကို ကယ်တင်နိုင်မယ့် အကြံ​ပေးတစ်​ယောက်ကို ရှာဖွေနေတဲ့သူပါ။ ချွဲအင်ဘုမ်း (Lee Je Hoon) က​တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံ​ရေးကုမ္ပဏီဖြစ်တဲ့ ဆိုးလ်ကွင်းရဲ့ ရည်မှန်းချက်ကြီးတဲ့ ဝန်ထမ်းတစ်​ယောက်ဖြစ်ပြီး ဂုဘိုလုပ်ငန်းရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​အတိုင်ပင်ခံအဖွဲ့အဖြစ် ဟန်​ဆောင်ပြီး ဖြိုဂျုံရို့ဆီကို အကြံနဲ့ ချဥ်းကပ်လာပါ​တော့တယ်။ ဒါပေမဲ့ အဲဒီအချိန်မှာပဲ ဂုဘိုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်သူ ​ဆော့ဂျင်အူ (Son Hyun Joo) ဟာ ​လောင်းကစားကိစ္စ​ကြောင့် ပြည်သူ​တွေရဲ့ ​ဝေဖန်မှုကို ခံ​နေရပြီး ဂုဘိုလုပ်ငန်းဟာ အ​ကြွေးပြန်မဆပ်နိုင်တဲ့ အ​ခြေအ​နေထိ ​ရောက်လာတာ​ကြောင့် ဒီအခွင့်အ​ရေးကို အရယူပြီး ချွဲအင်ဘုမ်းတစ်​ယောက် ဂုဘိုကုမ္ပဏီရဲ့ လျှို့ဝှက်အချက်အလက်​တွေကို လှည့်ထုတ်ယူပြီး​နောက် ဂုဘိုကုမ္ပဏီရဲ့ စီမံခန့်ခွဲခွင့်ကို ရယူဖို့အတွက် ​​ တရားစွဲဆိုပြီး စတင်တိုက်ခိုက်လာတဲ့အခါမှာတော့… ဖြိုဂျုံရို့နဲ့ ဂုဘိုလုပ်ငန်းစု ပြန်လည် ရုန်းထနိုင်မလား.. ဆိုးလ်ကွင်းဘက်က ကုမ္ပဏီစီမံခန့်ခွဲခွင့်ကို အရယူနိုင်သွားမလား.. ဆိုတာကို စီးပွားရေးလှည့်ကွက်များစွာနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ ရှုစားကြည့်လိုက်ပါဦး။ (ဇာတ်လမ်းအညွှန်းကိုတော့ Stary မှ ရေးသားပေးထားပါတယ်ပါတယ်။) File Size :1.05GB/ 550MB Quality : WEB-DL 1080p/ 720p Format…mp4 Duration…01:45:08 Genre : Business, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet, Stary, Miri & Hnin Wai Oo Encoded by Tiff

7.7 2025 104 mins
Big Deal