YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Bride's Revenge E22 CM.mp4

82.77 MB 720p video/mp4 45 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Sister's Serial Killer Boyfriend
8.5

သတင်းထောက်မမမက်ဒီက ကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို ဆောင်းပါး ရေးရဖို့ကြိုးပမ်းနေတဲ့သူပေါ့။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်း တစ်ခုထားပြီး လူသတ်ကြတယ်ဆိုတာ ဘော်ဒါတို့လည်းသိကြမှာပါ။ ဖြစ်ချင်တော့ လူတစ်ယောက်က ညီမဖြစ်သူအိုလစ်ဗီယာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာပြီး အန္တရာယ်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ မမမက်ဒီက ကိုယ်ခံပညာတတ်ထားမှရမယ်ဆိုပြီး သင်တန်း သွားတက်ကြတယ်။ ကဲ...ဘာပြောကောင်းမလဲ သင်တန်းနည်းပြက ခပ်တောင့်တောင့် ဘဲကြီးဆိုတော့ အိုလစ်ဗီယာတစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင် ရှာတာပေါ့။ ဒါပေမဲ့ မမက်ဒီကလည်း သင်တန်းနည်းပြကို ဟိုလိုလို ဖြစ်နေတော့ ညီအစ်မနှစ်ယောက်နဲ့သင်တန်းနည်းပြကြီးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ မမနိုင်သွားမလား ညီမလေးနိုင်သွားမ လားဆိုတဲ့ ဒီဇာတ်ကားလေးမှာ ညီအစ်မနှစ်ယောက်ရဲ့အားပြိုင်မှု အပြင် တခြားဘယ်လို​လေး​​တွေထပ်ပါလာဦးမလဲဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်) File Size..........(1.4 GB) / (480 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 24Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Thriller Translator.......Zwe Win Tun Encoder..........SWM

Comedy
8.5 2023 84 mins
My Sister's Serial Killer Boyfriend
Angels and Insects
6.5

IMDb - 6.8/10 ဒီဇာတ်ကားက Don't look up, Ready Player One , The BFG, Bridge of Spines, Bones and All အစရှိတဲ့ ရုပ်ရှင်ဇာတ်ကားကောင်းတွေမှာ သရုပ်ဆောင် ရိုက်ကူးခဲ့တဲ့ မင်းသားကြီး Mark Rylanceက ဦးဆောင်ပြီးတခြားသော Cast ၈၃ယောက်နဲ့အတူ ဒီဇာတ်ကားကို ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကတော့ တောထဲမှာ အင်းဆက်တွေကို လေ့လာပြီး သုတေသနပြုလုပ်တဲ့ ပညာရှင်မစ္စတာအမ်ဒမ်ဆမ်က သင်္ဘောမြှပ်ပြီး ယူဂျီနီးယားရဲ့ အိမ်မှာ မှီခိုနေထိုင်ရဖို့ အကြောင်းဖန်လာပါတော့တယ်။ တစ်အိမ်ထဲမှာ နေထိုင်ရင်း အချိန်တစ်ခုကြာလာတော့ ယူဂျီနီးယားလေးနဲ့ ယူဖြစ်သွားပါလေရော။ ယူဂျီနီးယားနဲ့ အမ်ဒမ်ဆမ်နဲ့ယူတာကို ယူဂျီးနီးယားရဲ့ အကိုအက်ဂါကတော့ သိပ်သဘောမကျပါဘူး။ သဘောမကျတဲ့အပြင်ကိုမှာမှ နှိမ်ပါ နှိမ်နေသေးတာပါ။ မစ္စတာအမ်ဒမ်ဆမ်တစ်ယောက် အက်ဂါ နှိမ်နေတာကို မခံနိုင်တဲ့အဆုံး ကိုယ့်ဝမ်းစားရှာဖို့ သုတေသနစာအုပ် တစ်အုပ်ရေးပါတော့တယ်။ မစ္စတာအမ်ဒမ်ဆမ် သူရေးတဲ့စာအုပ်ကို အဆုံးသတ်နိုင်ပါ့မလား၊ ဘယ်လိုတွေများရေးသွားမလဲ၊ စာအုပ်ရေးပြီးသွားတဲ့နောက်မှာ ယူဂျီနီးယားနဲ့ အင်္ဂလိပ် လူချမ်းသာတွေရဲ့ဘဝမှာ လျှို့ဝှက်ချက်တွေက ဘာများရှိမလဲဆိုတာ ကြည့်ရှု့ရမှာဖြစ်ပါတယ်။ ဒိုင်ယာလော့တွေလည်း အတော်လေး လေးနက်ပြီး Dramaဆန်ဆန်လေးဖြစ်တော့ ရုပ်ရှင်က ကောင်းပြီးရင် ကောင်းပေါ့ဗျာ။ ကဲ စကားတွေ ဖောင်ဖွဲ့မနေတော့ဘဲ ရုပ်ရှင်လေးကို ကြည့်ရှု့ခံစားလိုက်ရအောင်ဗျာ။ ( တချို့အပိုင်းတွေက ပွင့်ပွင့်လင်းလင်း ရိုက်ပြထားတာတွေမို့ မိသားစု/၁၈နှစ်မပြည့်သေးသူများနဲ့ အတူကြည့်ရန် မသင့်တော်ပါ ) File size…(684 Mb) Quality…. 480p Format…mp4 Duration….01:52:00 Genre...Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Khant Kyi Win

Drama • Thriller
6.5 1995 118 mins
Angels and Insects
Hidalgo
6.8

ဒီတစ်ခါမှာတော့ Adventure အမျိုးအစားကို ကြိုက်နှစ်သက်တဲ့ ပရိသတ်ကြီးတို့ကို ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက် ပေးပါဦးမယ်။ ဇာတ်ကားနာမည်ကတော့ Hidalgo လို့ခေါ်ပြီး ၂၀၀၄ ခုနှစ်တုန်းက ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်ကားရဲ့ ထူးခြားချက်ကတော့ အမေရိကန် မြင်းစီးသမား Frank Hopkins နဲ့ သူ့မြင်း Hodalgo ရဲ့ ဖြစ်ရပ်မှန်ကို ဇာတ်လမ်းပြန်ရိုက်ထားတာပါ။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Frank Hopkins နဲ့ သူ့မြင်းက Buffalo Bill ဆိုသူရဲ့ Wild West show မှာ အကြမ်းခံနိုင်ဆုံး မြင်းစီးသမားအဖြစ် ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနာမည်ကို အာရပ် လူမျိုး‌တွေ ဖြစ်ကြတဲ့ ရှိတ်မိသားစုက သဘောမကျကြပါဘူး။ ဘာလို့လဲဆိုတော့ အတော်ဆုံးမြင်းစီးသမားနဲ့ အကောင်းဆုံးမြင်းက သူတို့ဆီမှာပဲ ရှိတယ်လို့ ယူဆကြလို့ပါ။ ဒါကြောင့်မလို့ ရှိတ်မိသားစုက Frank Hopkins ကို "မီးပင်လယ်"လို့ခေါ်တဲ့ ပြိုင်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။ ပြိုင်ပွဲကို အနိုင်ရရှိသူက ဆုကြေးငွေအနေနဲ့ အမေရိကန်ဒေါ်လာ ၁ သိန်း အနိုင်ရမှာပါ။ ပိုကောင်းတဲ့အနာဂတ်ကို ရရှိဖို့အတွက် Frank Hopkins တစ်ယောက် ပြိုင်ပွဲဝင်ဖို့ အကြောင်းဖန်လာပါတော့တယ်။ ပြိုင်ပွဲက မိုင် ၃၀၀၀ ခရီး ဖြစ်ပြီးတော့ အလွန်ကြမ်းတဲ့ပွဲလို့တောင် ပြောလို့ရပါတယ်။ အကြောင်းရင်းကတော့ သဲကန္တာရထဲမှာ ပြိုင်ရတာ ဖြစ်ပြီးတော့ သဲမုန်တိုင်းဒဏ်၊ ရေငတ်မှုဒဏ်တွေအပြင် သဲဝဲတွေ၊ အချင်းချင်း ကောက်ကျစ်မှုတွေကိုပါ ကြုံတွေ့ရမှာမလို့ပါ။ Frank အနေနဲ့ ပွဲနေရာကို စရောက်ချိန်မှာ အထင်သေးမှုတွေအများကြီးကို ကြုံရပါတော့တယ်။ အမေရိကန်လူမျိုးက ရောင်စပ်မြင်းနဲ့ လာပြိုင်တယ်ဆိုပြီး လှောင်ပြောင် ကြတာပေါ့။ Frank Hopkins အနေနဲ့ အာရေးဘီးယန်းတွေရဲ့ အကောင်းဆုံးမြင်းတွေကို ကျော်နိုင်ပါ့မလား။ ပြိုင်ပွဲအတွင်းမှာရော ပြိုင်ဖက်တွေရဲ့ ဘယ်လိုနှောင့်ယှက်မှုတွေကို ကြုံတွေ့ရမလဲ။ ပြိုင်ပွဲကို အနိုင်ရပြီး ဆုကြေးငွေတွေကိုရော ရသွားနိုင်မလားဆိုတာကိုတော့ Hidalgo ဆိုတဲ့ ဒီဇာတ်ကားထဲမှာ ကြည့်ရှုလိုက်ကြပါနော်။ File size…2.1GB / 1.1GB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….2h 16m Genre ..... Action , Adventure , Biography Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth Khant

Horror • Romance
6.8 2004 136 mins
Hidalgo
Shashiyum Shakundhalayum
9.4

Sasiyum Sakunthalyum (2023) CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိထားတဲ့ Malayalam စကားပြော ဒရာမာ ဇာတ်ကားကောင်းလေး လာပါပြီ IMDB 9.8 တောင် ရထားတာနော် ဇာတ်လမ်းအကျဥ်းကတော့ ရွာတစ်ရွာမှာ အလယ်တန်းကျောင်းနှစ်ကျောင်းက အပြိုင်အဆိုင်ဖြစ်နေပြီး တစ်ဖက်နဲ့ တစ်ဖက်ကလည်း လုံးဝ မတည့်ကြပါဘူး အောင်စာရင်းထွက်တော့ ကလေးတွေရလဒ်မကောင်းလို့ ကျောင်းအုပ်ကြီး တစ်ယောက် ဆရာဆရာမတွေကိုခေါ်ပြီး ဒေါသပုန်ထနေပါတယ် အထူးသဖြင့် English စာနဲ့ သင်္ချာညံ့ကြတာပါ ဒါကို ဟိုဘက်က Excellence ဆိုတဲ့ ကျောင်းက အောင်ချက်ကောင်း အမှတ်လည်းကောင်းတာမို့ တစ်ဖက်ကို ရွာတွေရဲ့ထုံးစံအတိုင်း ‘လော်စပီကာ’ နဲ့ အပုပ်ချပါတော့တယ် ဆရာတွေကလည်း လစာနှစ်ပဲတစ်ပြားနဲ့ အဆင်မပြေဖြစ်နေပါတယ် ရွာမွေးခြံပေါက် English ဆရာ Sashi ဆိုသူကတော့ ရွာထဲမှာ ဂိုက်လေးတွေလှည့်သင်နေရင်း အကြွေးဆပ် ရုန်းကန်နေရပါတယ် English စာတော်လို့ သတင်းမွှေးတာနဲ့ ကျောင်းအုပ်ကြီးတစ်ယောက် ဂိုက်ဆရာ Sashi ကို သူလိုချင်တဲ့လစာ ပေးပြီး ခေါ်ခန့်လိုက်ပါတော့တယ် ဒီဆရာ ဒီကလေးတွေ ဘယ်လိုဆက်စခန်းသွားကြမလဲ ဆရာ ဆရာမတွေရဲ့ အချစ်ဇာတ်လမ်း လေးတွေလည်း ပါတာမို့ အားပေးလိုက်ကြပါဦး (အညွှန်းရေးသားသူက KKKZ ဖြစ်ပြီး BpL ~ ToMo ~ KKKZ ~ Cherry ~ Alex တို့ကဘာသာပြန်ပေးထားတာပဲ ဖြစ်ပါတယ်)

9.4 2023 135 mins
Shashiyum Shakundhalayum
The Last Samurai
7.8

The Last Samurai ဆိုပဲ Tom Cruise ဆိုပဲ ပြီးတော့ ဆာမူရိုင်းချပ်ဝတ်တန်ဆာကြီးနဲ့ ပိုစတာကြီးမြင်တာနဲ့ ဒီဇာတ်ကားဘယ်လိုလဲဆိုတာ မြန်မာဇာတ်သိမ်းပိုင်းအတိုင်း ခန့်မှန်းရလွယ်လွန်းပါတယ် ************ အဲ့မှာ သောက်ဂွကျတာပဲ တက်တက်စင်အောင်လွဲ မြန်မာကားလိုဘာညာ အထင်သေးမိခဲ့တဲ့ ကျွန်တော် အခု all time fav ထဲ ထည့်ရမလို့ဘာညာဖြစ်နေပြီ ယောက်ျားတန်မယ့် ငိုကြီးချက်မ မဖြစ်ရုံတမယ်မျက်ရည်ပေါက်ပေါက်နဲ့ တကယ်တော့ The Last Samurai ဆိုတာ ဘယ်သူ့ကိုရည်ညွှန်းတယ်ဆိုတာ ဇာတ်ကားကိုညဘက် နားကြပ်တပ်ပြီး အပြည့်အဝ ခံစားပြီးမှ သိခဲ့ရတာ။ ဟိုး၂နှစ်လောက်တုန်းက ဒီကားreviewရေးဖူးတယ် အဲ့reviewကို ပြန်တင်ထားလိုက်တယ် The plot – ဇာတ်အိမ်တည်ထားတဲ့ အချိန်ကာလဟာ Meji restoration (or) Westernization in Japan လို့အဓိပ္ပါယ်ရတဲ့ Meji အစိုးရအသွင်ပြောင်းလဲခြင်း (သို့) အနောက်လူနေမှုအဆင့်အတန်းများ ဂျပန်သို့ရောက်လာခြင်း ဖြစ်တဲ့ ၁၈ရာစုနှောင်းပိုင်း ၁၈၆၀ခုနှစ်ကာလများ… ခရစ်နှစ် 1603ခုနှစ်ကနေစပြီး တည်တံ့လာတဲ့ Edo era ကြီးဟာ အမေရိကန်တွေ ခေတ်မှီလက်နက်ကိရိယာမျိုးစုံ စစ်သဘော်ကြီးတွေနဲ့ ဂျပန်ဆိပ်ကမ်းကိုလာရောက်ဆိုက်ကပ်ခြင်းကစပြီး ပျက်သုဉ်းခြင်းဆီကို တဖြည်းဖြည်းဦးတည်လာခဲ့တယ်။ ဂျပန်ဆိပ်ကမ်းကိုအသုံးပြုမယ် ကုန်သွယ်မယ် စစ်ခုံရုံးတွေမှာပါဝင်စွက်ဖက်မယ် ဂျပန်တွေတစ်သီးတခြားနေထိုင်အုပ်ချုပ်နေတာတွေရပ်တန့်ရမယ်ဆိုတဲ့ လက်နက်အမိန့်စကားသံတွေဟာ ဂျပန်ပြည်ကြီးရဲ့ အနာဂတ်ကို ခြိမ်းခြောက်နေတယ်။ ထိုအချိန်ကာလ ဂျပန်အစိုးရဟာ လွယ်လွယ်ကူကူ စာချုပ်ရေးထိုးပေးလိုက်တယ်။ ဆာမူရိုင်းတွေဟာ ဒီလိုသူရဲဘောကြောင်တဲ့ အစိုးရလုပ်ရပ်ကို မကြိုက်။ ဒါ့ကြောင့် ဆာမူရိုင်း clanတွေစုစည်းပြီး အစိုးရကိုဖြုတ်ချပြီး ခေတ်မီတဲ့ဂျပန်အစိုးရ Meji အစိုးရကို ထူထောင်ကြတယ် ။ သို့သော်လည်း Katsumoto ဆိုတဲ့ ဆာမူရိုင်းခေါင်းဆောင်ကြီးဟာ Meji အစိုးရထူထောင်ရေးလမ်းစဉ်ကို မကြိုက်နှစ်ပေ။ ငါတို့သည် ဆာမူရိုင်းများဖြစ်သည်။ ဓားကိုသာစွဲကိုင်သည်။ မီးလက်နက်များမကိုင်။ ဘယ်တော့မှအညံ့မခံ။ အသေသာခံမည် ဆိုတဲ့လမ်းစဉ်ကို လျှောက်နေကြတဲ့ katsumotoနဲ့ သူနောက်ပါဆာမူရိုင်းတစ်ချို့ဟာ Mejiအစိုးရသစ်အတွက် ခေါင်းခဲစရာဖြစ်နေသည်။ ထို့ကြောင့် katsumotoကို ဖြုတ်ချရန်အတွက် အနောက်နိုင်ငံများမှ စစ်သူရဲကောင်းတွေကိုရှာပြီး meji အစိုးရရဲ့ စစ်တပ်ကိုလေ့ကျင့်ပေးရင်စီစဉ်ကြတော့တယ်။ Captain Nathan Algren အင်ဒီယန်း‌ vs အမေရိကန် တိုက်ပွဲတွေမှာ သူရဲကောင်းအဖြစ်ကျော်ကြားတဲ့ ကပ္ပတိန် နေသန် အာလ်ဂရမ် တစ်ခုသောတိုက်ပွဲမှာ အထက်အရာရှိမှ အမိန့်ကြောင့် အပြစ်ကင်းစင်‌တဲ့ မိန်းမပျို/အို တွေနဲ့ ကလေးတွေကို သတ်ပစ်ခဲ့ရတယ်။ ထိုတိုက်ပွဲအပြီးမှာ သူလုပ်ခဲ့သောလုပ်ရပ်ကိုနောင်တအရှက်ရသောကြောင့် စစ်တပ်မှထွက်ခဲ့တယ်။ ကလေးတွေကို သတ်ခြင်း မိန်းမတွေကိုသတ်ခဲ့ရတဲ့မြင်ကွင်းတွေဟာ အိပ်မက်ဆိုးတစ်ခုလိုခြောက်လှန့်နေတယ် ။ တစ်နေ့ Cap Nathan Algrenဟာ Mejiအစိုးရရဲ့ ပညာရှင်၊ ခေါင်းဆောင်၊ သူရဲကောင်းစတဲ့ခေါ်ယူမှုတွေထဲက တစ်‌ယောက်ဖြစ်လာခဲ့တယ် ဒီလိုနဲ့ Mejiစစ်တပ်ကို လေ့ကျင့်သင်ကြားပေးရန် Nathan Algrenတစ်ယောက် ဂျပန်ပြည်ကြီးဆီကိုခရီးနှင်လာခဲ့တော့တယ် ဒီဇာတ်ကားရဲ့နောက်ဆုံးbattleဟာဆိုရင် 1877က တကယ်ဖြစ်ခဲ့တဲ့ စစ်ပွဲ (Seinan-war)ကို based ယူထားတာဖြစ်ပါတယ် တကယ့်သမိုင်းနဲ့ ရုပ်ရှင်ကွာခြားချက်က The Last Samurai အစစ်ဟာ Katsumoto မဟုတ်ဘဲ Saigo Takamori ဆိုသူဖြစ်တယ် နောက်ပြီး Mejiစစ်တပ်နဲ့ ပူးပေါင်းပြီး သင်ကြားပေးတဲ့Captain ဟာလည်း အမေရိကန် စစ်တပ်မဟုတ်ဘဲ ပြင်သစ်စစ်တပ်က Captain Jules Brunet ဆိုသူဖြစ်တယ် (သူတို့ပုံသိချင်ရင် ဂလူးဂလူးခေါက်လိုက်ဗျာ) ဒီဇာတ်လမ်းဟာ တကယ့်ကိုသဘာဝကျကျဖန်တီးထားတယ် တကယ်သဘောကျစရာကောင်းတာက သရုပ်ဆောင်တွေအကုန်လုံးက ဂျပန်သားတွေကိုသာသုံးထားတာဖြစ်ပါတယ် အစကတော့ ဥရောပရောက်ဂျပန်ဖြစ်ဖြစ် စစ်ဘက်ဆိုင်ရာလေ့ကျင့်မှုရှိတဲ့ကိုရီးယားနိုင်ငံသားတွေဖြစ်ဖြစ် အသုံးပြုဖို့စီစဉ်ထားတာကို ဒါရိုက်တာအပါအဝင် မင်းသားTom Cruise တို့က အပြင်းအထန်ကန့်ကွက်ကြတယ် ပြီးတော့ Tom Cruiseကိုယ်တိုင် ဇာတ်ကားမှာပါဝင်မယ့် ဂျပန်သားတွေကို လနဲ့ချီ training ပေးခဲ့တယ် ဒါ့ကြောင့်လည်း ဒီဇာတ်ကားက ဂျပန်ကားဆိုတဲ့အရသာကိုအပြည့်အဝပေးစွမ်းခဲ့တယ် နောက်ထပ်ပြောစရာချင်တာက ဂျပန်စကားအခုမှလေ့လာသူတွေအတွက်လည်း ကြည့်သင့်တဲ့ movieလေးတစ်ခုပါ ပုံမှန်နေ့စဉ်ပြောနေကျ စကားပြောတွေထက်ကို ခပ်နှေးနှေးခပ်ပြတ်ပြတ်ပြောထားတာတွေ့ရပါတယ် နောက်ပိုင်း Tom Cruiseပြောတဲ့ စကားအချို့ဆို ကျွန်တော်တောင်နားလည်တယ် ဒီဇာတ်လမ်းက ဂျပန်နိုင်ငံအကြောင်းကို Hollywood styleရိုက်ကူးထားတယ် ဒါရိုက်တာကြီးကလည်း တကယ့်ကိုဆရာတစ်ဆူဖြစ်တဲ့ Edward Zwickဖြစ်တယ် Blood Diamond, Jack Reacherတို့ကိုလည်း ရိုက်ကူးခဲ့တဲ့ သူလည်းဖြစ်တယ် ဒီဇာတ်ကားမှာသူရဲ့ရိုက်ကူးချက်အရမ်းကောင်းတယ် ဂျပန်ပြည်ကြီးကို ကိုယ့်နည်းကိုယ့်ဟန်မယ့်ကာကွယ်ကျမယ့် အဖွဲ့နှစ်ဖွဲ့ Mejiနဲ့ Samurai ကြည့်ရှုသူရဲ့စိတ်က ဘယ်ဘက်ကိုမျှအလေးသာခြင်းမရှိသွားအောင်ရိုက်ကူးပြတယ် Samurai တွေရဲ့ Bushidoဆိုတာကို ရှင်းရှင်းလင်းလင်းရိုက်ပြသွားတယ် ကိုယ့်လူမျိုးကိုယ်ပြန်တိုက်နေတဲ့ Meji စစ်သားတွေဟာလည်း လမ်းစဉ်မတူလို့သာဆန့်ကျင်ကြရတယ် သူတို့ရဲ့Samuraiရိုးရာကြီးကိုဘယ်လောက်ချစ်တယ်ဆိုတာ မြင်ရမယ် နောက်ပြီးအကြိုက်ဆုံးက Katsumoto ဆိုတဲ့characterရယ် Katsumotoနေရာသရုပ်ဆောင်တဲ့ဘဲကြီး Kenwatanabe တကယ့်ကိုလိုက်ဖက်လွန်းတဲ့character မာန်ပါလွန်းတဲ့အကြည့် ဩဇာရှိတဲ့အသံ နဲ့ လုံးဝကိုပြီးပြည့်စုံတဲ့ characterတစ်ခုဖြစ်ခဲ့တယ် Tom Cruise ထက်တောင် အဲ့ဘဲကိုပိုကြိုက်သေးတယ် နောက်ထပ်ကတော့ ကျနော်တို့သိကြတဲ့ဆရာကြီး Hans Zimmerပေါ့ဗျာ ဆိုတော့ နားကြပ်တပ်ကိုတပ်ကြည့်ရမယ့် အနေအထားဖြစ်သွားပြီပေါ့ ဆရာကြီးအကြောင်းကိုမရေးတော့ဘူး Earphonesလေးတပ်ပြီး ညအချိန်မှာ ဇာတ်ကားကြည့်ပြီးအေးအေးဆေးဆေးchillရုံပဲပေါ့။ (ရုပ်ရှင်အညွှန်းကို Filmophile Community Myanmar မှ Eh Mayer ၏ပို့စ်ကိုကူးယူဖော်ပြပါသည်။)

7.8 2003
The Last Samurai
A Girl in My Room
6.6

A Girl In My Room (2022) ဒီတစ်ခေါက်ဇာတ်ကားလေးကတော့ A girl in my room ဆိုပြီး 2022ခုနှစ်ကထွက်ရှိခဲ့တဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ ဒီကားလေးဟာဆိုရင်တော့ လူသားကောင်လေးနဲ့ သူ့အခန်းထဲမှာပေါ်လာတဲ့သရဲမလေးတို့ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။ ဇာတ်လမ်းအကျဉ်းလေးကို ပြောပြပေးပါမယ်နော်။ Yohei က နှစ်နှစ်လောက်တွဲခဲ့တဲ့ သူ့ကောင်မလေးကိုထားခဲ့ခြင်းကိုခံခဲ့ရပါတယ်။ Yoheiရဲ့ကောင်မလေးထွက်သွားပြီးတဲ့ညမှာပဲ သူ့အခန်းထဲမှာ သရဲမလေးပေါ်လာခဲ့ပါတယ်။ သရဲမလေးက အသက်ရှင်နေခဲ့တဲ့အချိန်တုန်းက အချစ်ကိုတစ်ခါမှမခံစားခဲ့ဖူးတဲ့ကောင်မလေးဖြစ်နေပါတယ်။ စစချင်းမှာတော့ Yoဟာ သရဲမလေးကိုနှင်ထုတ်ဖို့အတွက်ကြိုးစားခဲ့ပေမဲ့ သူ့ကိုအန္တရာယ်မပေးတဲ့အတွက်နှင်ထုတ်ဖို့ကြိုးစားတာကိုရပ်လိုက်ပြီး တဖြည်းဖြည်းရင်းနှီးလာရာက တစ်ခါမှမချစ်ခဲ့ဖူးတဲ့သရဲမလေးဟာ Yo ကို သံယောဇဉ်တွေတွယ်လာခဲ့ပါ‌တော့တယ်။ တစ်ရက်မှာတော့ Yoရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ Kana ဟာ Yo ရဲ့အိမ်မှာ သရဲရှိနေတယ်ဆိုတာကိုသိပြီး အဒေါ်ဖြစ်သူအကြားမြင်ဆရာမဆီကိုသွားပြီးတော့ မေးကြည့်ကြဖို့ Yoကို တိုက်တွန်းခဲ့ပါတယ်။ Yoကတော့ သရဲမလေးဟာ သူ့ရဲ့နာမည်ကိုတောင်မမှတ်မိတဲ့အတွက် သူ့အကြောင်းကိုနည်းနည်းဖြစ်ဖြစ်သိနိုင်မလားဆိုပြီးတော့ Kana ရဲ့ အကြံဉာဏ်ကိုလက်ခံပြီး အကြားမြင်ဆရာမဆီကိုသွားခဲ့ပေတဲ့ အကြားမြင်ဆရာမဟာ Yo အိမ်ကသရဲမလေးကိုဘာလုပ်လိုက်မှာလဲ။ သရဲမလေးက Yo အိမ်ကနေထွက်သွားရပြီး Yoနဲ့ခွဲသွားရမှာလားဆိုတာကိုတော့ အားလုံးက ဇာတ်ကားလေးကိုပဲစောင့်ကြည့်လိုက်ကြပါတော့နော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Khaing ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance Quality…. 1080p | 720p File size… 1GB | 472MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Khaing Encoder ….. Aaron

6.6 2022
A Girl in My Room
Rubber
5.7

၂၀၁၀ ကထွက်ရှိထားတဲ့ Rubber ဟာ ရုပ်ရှင်ဆုငါးဆုဆွတ်ခူးထားပြီး ဆန်ခါတင်သုံးဆုစာရင်းဝင်ထားပါတယ်။ Comedy, Fantasy, Horror အမျိုးအစားဖြစ်ပြီး ပုံမှန်ကြည့်နေကျဇာတ်ကားများထက် တမူထူးခြားပါတယ်။ ဇာတ်လမ်းအကျဉ်းက ကန္တာရမြို့လေးတစ်မြို့က စွန့်ပစ်ထားတဲ့ ကားတာယာအဟောင်းတစ်ကွင်းဟာ အသက်ဝင်လှုပ်ရှားလာပါတယ်။ ရွေ့လျားနိုင်ရုံသာမက စိတ်စွမ်းအင်နဲ့ သတ္တဝါငယ်လေးတွေကို အသေသတ်နိုင်မှန်း သူ့ဘာသာသူသိလာပါတယ်။ ကားတာယာဟာ လမ်းသွားလမ်းလာမိန်းကလေးတစ်ယောက်ကို စွဲလမ်းမိပြီး သူမတည်းခိုရာ မိုတယ်မှာလိုက်နေပါတော့တယ်။ စိတ်စွမ်းအင်နဲ့ အဖျက်လုပ်ငန်းလုပ်နိုင်တဲ့ ကားတာယာဟာ စိတ်မထင်ရင်မထင်သလို လူပါသတ်နိုင်လာပြီး ကန္တာရမြို့ငယ်လေးအတွင်း သောင်းကျန်းပါတော့တယ်။ ရဲတပ်ဖွဲ့ဟာ လူသတ်ကားတာယာကိုဖမ်းဆီးနိုင်ဖို့ ခရီးသွားမိန်းကလေးရဲ့အကူအညီနဲ့ ကြိုးစားပြီး ထောင်ချောက်ဆင်ပါတော့တယ်။ ကားတာယာဟာဘယ်လိုလုပ်အသက်ဝင်လာတာလဲ… စိတ်စွမ်းအင်နဲ့လူသတ်တယ်ဆိုတာဘယ်လိုမျိုးလဲ… ကားတာယာဆိုပြီးတော့ မိန်းကလေးတွေကို ဘာလို့သဘောကျတာလဲ ကားတာယာကအစစ်လား… သောင်းကျန်းနေတဲ့ကားတာယာကို ဘယ်ပုံဘယ်နည်းနှိမ်းနင်းနိုင်မလဲဆိုတာ Rubber ဇာတ်ကားမှာ ဆက်လက်ရှုစားကြရမှာဖြစ်ပါတယ်… File size…1.50 GB / 751 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 22m Genre ….. Comedy , Fantasy , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Miyamoto

Drama • Comedy
5.7 2010 82 mins
Rubber
Into the Beat
5.5

ဒီကားလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမယ့်​ Street Dance ကားလေးပဲဖြစ်ပါတယ် Street Dance ကိုကြိုက်တဲ့သူတွေပဲဖြစ်ဖြစ် စိတ်အပန်းဖြေချင်လို့ပဲဖြစ်ဖြစ်ရွေးချယ်သင့်တဲ့ ဇာတ်ကားလေးပါပဲ.. ကာ့တ်ယာဆိုတဲ့ဆယ်ကျော်သက်မလေးဟာ ဘဲလေးအကမှာအစဥ်အလာကြီးမားတဲ့ အော်လိုမိသားစုကနေပေါက်ဖွားလာတဲ့ ကောင်မလေးဖြစ်ပြီးတော့ မိသားစုအမွေကို ဆက်ခံဖို့လည်းအသင့်ဖြစ်လုနီးပါးဖြစ်အောင် အထိ ဘဲလေးအကမှာထူးချွန်သူပါ နယူးယောက် ဘဲလေးအကယ်ဒမီရဲ့စကောလာရှစ်ကိုရဖို့လည်း တစ်ပြေးနေသူလေးပေါ့.. တစ်နေ့မှာ​တော့​ ကာ့တ်ယာလေးတစ်ယောက် ဘဲလေးအကနဲ့လုံးဝကွဲပြားတဲ့အကကိုမြင်တွေ့သွားရာကနေ သူ့မှာရွေးချယ်ရခက်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင် ရပါတော့တယ်.. ဇာတ်လမ်းလေးကလည်းကြည့်လို့ကောင်းပြီး အကတွေကလည်းမိုက်လို့ အခုပဲခံစားကြည့်လိုက်ရအောင်ဗျာ File size…1.59GB / 791MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama , Music , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

5.5 2020 98 mins
Into the Beat
Sword E Flag
5

မင်မင်းဆက်နှောင်းပိုင်းတွင်၊ တစ်ချိန်က ကြီးမားသောအာဏာကို ကိုင်စွဲထားတဲ့ Dongchang ရဲ့ မိန်းမစိုးတွေက သူတို့ကို ဆန့်ကျင်သူများ ပိုမိုစည်းလုံးလာသဖြင့် သူတို့ရဲ့ သြဇာအာဏာ တဖြည်းဖြည်း ကျဆင်းလာတာကို တွေ့ရှိခဲ့ရသည်။ တရားမျှတမှု စိုးမိုးပြီး ခုခံမှု တိုးလာသဖြင့် မိန်းမစိုးများရဲ့ လွှမ်းမိုးချုပ်ကိုင်မှုကလည်း ကန့်သတ်ချက်သို့ ရောက်ရှိသွားတယ် တရားရုံးအတွင်း ဖြစ်ပွားနေသည့် ပြည်တွင်းပဋိပက္ခများကြားတွင် အိမ်ရှေ့မင်းသားက ဝန်ကြီးဌာနခြောက်ခုရဲ့ အကာအကွယ်အောက်မှာ ပုန်းအောင်းသွားခဲ့ပြီး ဘယ်မှာရှနေလဲဆိုတာကို မသိရပါဘူး Dongchang တပ်ဖွဲတွေကလည်း ပြင်းပြင်းထန်ထန် လိုက်ရှာခဲ့ပြီး အိမ်ရှေ့မင်းသားကို သိမ်းပိုက်ကာ တရားရုံးကို ပြန်လည်ထိန်းချုပ်ရန် ဆုံးဖြတ်ခဲ့တဲ့နောက်…. File size_(1.7GB)/(780MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Action, Adventure Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Wai Wai

5 2024
Sword E Flag
Ratatouille
8

Animationဇာက်ကားကြိုက်တဲ့လူများအတွက် နာမည်ကျော် ကာတွန်းကားအများအပြားကို ထုတ်လုပ်တဲ့ Walt Disney က ရိုက်ကူးထားတဲ့ ratatouille ဆိုတဲ့ ကြွက်ကားနဲ့ မိတ်ဆက်ပေးပါရစေ Remyက အိုင်ဒီယာကောင်းပြီး အနံ့ အရသာခံတဲ့နေရာမှာ ထူးချွန်တဲ့ ကြွက်တစ်ကောင်ဖြစ်ပါတယ်။ သူက ချက်ပြုတ်တာကို အလွန်ဝါသနာပါသလို သူရဲ့ Heroကတော့ စားဖိုမှူး Auguste Gusteaပဲဖြစ်ပြီး သူ့ရဲ့ ဟင်းချက်နည်းကို တီဗီကနေ အဘွားကြီးတစ်ယောက်ထဲနေတဲ့အိမ်မှာ အမြဲတမ်း သွား သွားကြည့်ပါတယ် တစ်ရက်မှာတော့ ဟင်းလျာတွေကို အကဲဖြတ်ရတဲ့ Egoက Auguste Gusteaရဲ့ ဟင်းလျာတွေကို Rating နည်းနည်းသာပေးတာကြောင့် Auguste Gustea ကိုယ့်ကိုကို သတ်သေသွားတဲ့ သတင်းကို တွေ့လိုက်ရပြီး ဝမ်နည်းစွာ အော်မိတာကြောင့် အဘွားကြီးက ကြွက်ရှိကြောင်း သိသွားပြီး သေနတ်နဲ့ လိုက်ပစ်တာကြောင့် တစ်ဆွေလုံး တစ်မျိုးလုံးထွက်ပြေးရင်း Remyကတော့ သူ့အမျိုးတွေနဲ့ ကွဲသွားပြီး စားသောက်ဆိုင်တစ်ခုကို ရောက်သွားရကနေ အစမ်းခန့်ထားတဲ့ စာဖိုမှူး Linguini နဲ့ဆုံတွေ့ခဲ့ရပါတယ် အဲဒီမှာ ဟင်းချက်ဝါသနာပါတဲ့ Remyက ဟင်းချက်ညံ့တဲ့ Linguiniကို ချက်ပြုတ်ဖို့ ကူညီပေးခဲ့ပြီး သူ့ကို ဘယ်လိုချက်ပြုတ်ရမယ်ဆိုတာ ထိန်းချူပ်ပုံက သဘောကျစရာပါ ဇာတ်ကားရဲ့ အလှည်းအပြောင်းအဖြစ် Linguiniက စာဖိုမှူး Auguste Gusteaရဲ့ သားဖြစ်ပြီး အဲဒီစားသောက်ဆိုင်ကို ဆက်ခံရမဲ့ပိုင်ရှင်ဖြစ်နေတာကို အဲဒီဆိုင်က စာဖိုမှူးချူပ်က အကောက်ကြံပုံ၊ EGoရဲ့ အစားအသောက် စစ်ဆေးချက်ကို သူ့ရဲ့သားကရော ကျော်လွားနိူင်ပါ့မှလားဆိုတာတွေက ဇာတ်ကားရဲ့ ကြည့်ချင်စိတ်ကို အမြင့်ဆုံးထိ ဆွဲခေါ်သွားမှာသေချာပါတယ်။ animation ဇာတ်ကားကြိုက်သူတွေအတွက် လက်မလွဲပဲ ကြည့်သင့်တဲ့ဇာတ်ကားပါ။ IMDB movie ratingမှာ 8/10 အထိ ရထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ် File Size : 3.1 GB, 1.32 GB, 692 MB Quality : Blu-Ray HEVC / 1080p / 720p Running Time : 1hr 51min Format : Mkv and Mp4 Audio : AAC, AC-3 Genre :Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by : Myat Noe Wutt Yii Encoded by Thit San Khant

Drama • Fantasy
8 2007 111 mins
Ratatouille
A Dance in the Snow
6.7

A Dance in the Snow (2024) IMDb Rating (6.7) ဒီဇာတ်ကားလေးကတော့ ခရစ်စမတ်မှာ မိသားစုနဲ့ ကြည့်ရမယ့် မိသားစုအချစ်ဇာတ်ကားလေး ပဲဖြစ်ပါတယ်။ Venessa Burghardt နဲ့ Erica Cerra တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီးတော့ ဒါရိုက်တာကတော့ Stefan Scaini ပါ။ ဇာတ်လမ်းအကျဉ်း… Melanie(Erica Cerra) ရဲ့ 17 နှစ်အရွယ် သမီးဖြစ်သူ Jenny(Venessa Burghardt) ဟာ ၁အော်တစ်ဇင်ရောဂါကို ခံစားနေရတဲ့ စီနီယာအထက်တန်းကျောင်းသူဖြစ်ပါတယ်။ Jenny ဟာ သူရဲ့စီနီယာနှစ်မှာကြုံတွေ့ခဲ့ရတဲ့ဆိုးရွားတဲ့ အတွေ့အကြုံကြောင့် နောက်ဆုံးဘွဲ့ယူပွဲမတိုင်ခင် ခရစ်စမတ် ကပွဲကို မသွားချင်ပဲဖြစ်နေခဲ့ပါတယ်။ အဲ့လိုနဲ့ Melanie က ကျောင်းပွဲစီစဉ်ရေးကော်မတီမှာပါဝင်ပြီး သူ့သမီးပျော်ရမယ့် ကပွဲမျိုးကို စီစဉ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲ့အချိန်မှာပဲ Jenny နဲ့ သူ့သူငယ်ချင်းများကလည်း Melanie ကို ဂုဏ်ပြုဖို့အတွက် ခရစ်စမတ်ကပွဲကို လျှို့ဝှက်စွာစီစဉ်ခဲ့ကြပါတယ်။ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်ကိုတစ်ယောက်အတွက် လုပ်ပေးချင်ကြတဲ့ ခရစ်စမတ်ကပွဲလေးတွေ အောင်မြင်စွာဖြစ်မြောက်သွားမလား အမေနဲ့ သမီးဖြစ်သူရဲ့ ကြားထဲက အဆင်မပြေဖြစ်နေမှုတွေ အဆုံးသတ်သွားမလားဆိုတာကို ကြည်နူးစွာ ကြည့်ရှုရမယ့် ကားလေးဖြစ်ပါတယ်။ ခရစ်စမတ် အချိန်အခါမှာ မိသားစုနဲ့ အတူ ကြည့်ရှုသင့်တဲ့ လှပတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Bunny ဖြစ်ပါတယ်။) File size…(1.8 GB) / (940 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:24:35 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Bunny

6.7 2024 84 mins
A Dance in the Snow
With You in the Future
6.3

ဒီတစ်ခေါက်တင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Romance/Comedy အမျိုးအစား စပိန်စကားပြောရုပ်ရှင် ကားလေးပဲဖြစ်ပါတယ်… ဒီကားလေးဟာဆိုရင် ကွာရှင်းလုနီးလင်မယားနှစ်ယောက်ဆီ ဖူးစာရေးနတ်ကျူးပစ်ရောက်လာပြီး ၎င်းတို့ရဲ့ မပြေလည်တဲ့ ပစ္စုပ္ပန်အချစ်ခရီးကို ပြင်ဆင်ဖို့အတွက် အတိတ်ဆီအချိန်ခရီး သွားကာ ကူညီပို့ဆောင်ပေးမယ့် အကြောင်းလေးကို ရိုက်ကူး တင်ဆက်ထားတာပဲဖြစ်ပါတယ်… Carlos နဲ့ Elena ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး အိမ်ထောင်ရေးတစ်ခုတည်ထောင်ခဲ့ ကြသူတွေဖြစ်ပါတယ်.. အချစ်တွေအပြည့်နဲ့ စတင်ခဲ့တဲ့သူတို့ရဲ့ အချစ်ခရီးလမ်းဟာ အိမ်ထောင်ပြုအပြီး ဆယ်စုနှစ်နှစ်ခုအကြာမှာတော့ တစ်ယောက်ကို တစ်ယောက် အရင်ကသဘောကျခဲ့တဲ့ အရာတွေဟာ အခု အချိန်မှာ လုံးဝသည်းမခံနိုင်စရာတွေဖြစ်ကာလာပါတော့တယ် Elena ဟာ ဂီတသမားတစ်ယောက်ဖြစ်ပြီး Carlos နဲ့စတင်တွေ့ဆုံ ခဲ့တဲ့နေရာဟာလည်း Carlos နှစ်ခြိုက်ခဲ့တဲ့ဂီတပွဲတစ်ခုသာဖြစ်ပါတယ် သို့သော်လည်း အိမ်ထောင်ပြုပြီးချိန်မှာတော့ အရင်ကသဘောကျခဲ့တဲ့ Elena ရဲ့ဂီတတွေဟာ Carlos အတွက်လက်မခံနိုင်စရာဖြစ်လာတဲ့ အပြင် နေအိမ်အတွင်း သီချင်းမဖွင့်ရ စည်းမျဉ်းတွေပါထုတ်လာကာ ဖူးစာရေးနတ်ရဲ့အမှားအယွင်းသာဖြစ်ကြောင်း အပြစ်ပုံချပြီး ကွာရှင်းဖို့အထိဖြစ်လာခဲ့ပါတယ်.. ၎င်းတို့နှစ်ယောက်ကွာရှင်းစာချုပ်ပေါ် လက်မှတ်ထိုးတော့မယ့်အချိန် မတိုင်မီမှာလေးမှာပဲ ကျူးပစ်လို့ အမည်ခံတဲ့ ထူးထူးဆန်းဆန်း လူတစ်ယောက် အိမ်ထဲကို ရုတ်တရက်ရောက်ရှိလာပြီး သူ့အမှား မဟုတ်ကြောင်း ငြင်းဆိုလျက် Carlos နဲ့ Elena တို့ရဲ့ ငယ်ဘဝဆီ အချိန်ခရီးနဲ့ လိုက်လံပို့ဆောင်ပေးပြီး နှစ်ယောက်သားချစ်ကျွမ်း မဝင်အောင် ကြိုးပမ်းခြင်းဖြင့် ပစ္စုပ္ပန်ကိုပြုပြင်နိုင်ကြောင်း စိန်ခေါ်ပါ တော့တယ် ထိုသို့နှင့် လွန်ခဲ့သော နှစ်ပေါင်း ၃၀ အကြာက ၁၉၉၄ ခုနှစ်ရဲ့ Carlos နဲ့ Elena တို့ တွေ့ဆုံချိန် ရက်တစ်ရက်ဆီ ရောက်သွားတဲ့ အခိုက် ဆယ်ကျော်သက်အရွယ် ကိုယ်စီကို မြင်ကြရတဲ့အခါမှာတော့…… ဒီကားလေးမှာဆိုရင် အိမ်ထောင်ရေးရဲ့ ဖြစ်တတ်တဲ့သဘာဝနဲ့ ပြောင်းလဲခြင်းတရားတွေအကြောင်းကို ရိုမန့်တစ်ဆန်စွာလက်တွေ့ ကျကျရိုက်ကူးပြသထားပြီး တစ်ယောက်ဘဝထဲတစ်ယောက်ရောက် ရှိလာစက အချစ်မီးတောက်များဟာ အိမ်ထောင်ရေးဘဝမှာ ငြိမ်း သွားနိုင်ကြောင်း ချစ်ခင်ခဲ့ကြချိန်မူလအစက တစ်ယောက်အပေါ် တစ်ယောက်ထားရှိတဲ့ နားလည်မှုနဲ့ချစ်ခြင်းမေတ္တာကို ပြန်လည် အောက်မေ့ရင်း အနည်ထိုင်သွားတဲ့ အချစ်တွေကို လှုပ်နှိုးနိုင်ဖွယ် တင်ဆက်ပုံဖော်ထားတာဖြစ်လို့ ရုပ်ရှင်ချစ်ပရိသတ်များ လက် မလွတ်ရလေအောင် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်ခင်ဗျာ……… File size… (1.54 GB) / (823 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre ….. Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Drama • Family
6.3 2025 91 mins
With You in the Future
Rekhachithram
7.4

Rekhachithram (2025) အတိတ်ရဲ့ပဲ့တင်သံ မှုခင်း သည်းထိတ်ရင်ဖို ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ ဒီနေ့ရဲ့သတင်းဌာနတိုင်းမှာ Facebook live တစ်ခုက နေရာတိုင်းမှာ ကြားနေရပါတယ်။ လူတစ်ယောက်က လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက သူကျူးလွန်ခဲ့တဲ့အမှုကို ဝန်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားခြင်းပါ။ ၁၈ တောင်မပြည့်သေးတဲ့ကလေးမလေးကို ဖျာလိပ်နဲ့ပတ်လို့ မြေမြှုပ်ခဲ့တဲ့နေရာမှာပဲ သူ့ဘဝကို အဆုံးသတ်သွားပါတယ်။ သူက သူနဲ့အတူ ပြစ်မှုကျူးလွန်ခဲ့တဲ့သူတွေကိုပါ ဖော်ထုတ်သွားလေရဲ့။ ဒီလိုနဲ့ရဲတွေက သူဖော်ထုတ်သွားတဲ့သူတွေကို လိုက်လံစုံစမ်းရင်း အလောင်း‌မြှုပ်ခဲ့တဲ့နေရာကိုတူးဖော်ရာမှာ‌တော့ အရိုးစုနဲ့အတူ ခြေချင်းဝတ်လေးတစ်ခုကို တွေ့ပါတော့တယ်။ Live မှာပြောခဲ့တဲ့နာမည် ရှိသူတိုင်းကို နေရာအနှံ့လိုက်လံမေးမြန်းရင်း တူးဖော်ရတဲ့အရိုးနဲ့အတူ ခြေချင်းဝတ်ပိုင်ရှင်ကိုပါလိုက်ရှာရာမှ ဖခင်တစ်ဦးက သူ့သမီးခြေချင်းဝတ်ပါလို့ ပြောလာတဲ့အချိန်မှာတော့…….. သူတို့ကျူးလွန်ခဲ့တာ ဘာပြစ်မှုပါလဲ၊ ကောင်မလေးကရော ဘာဖြစ်ခဲ့တာလဲ၊ အတူကျူးလွန်ခဲ့တဲ့သူတွေက ဘယ်လိုဆက်စပ်လို့ ဘယ်သူတွေလဲဆိုတာ ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေထုတ်ကြရအောင်ပါ။ အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ်။

7.4 2025 139 mins
Rekhachithram
Bring It All Back Home
5.8

ဒီဇာတ်ကားကတော့ ဘာ Genre လဲပြောဖို့တောင်အတော်ခက်ပါတယ် Actionမဟုတ် Drama လို့လည်းပြောမရ Crime လည်းမဟုတ်ပါ.. ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်ခဲ့ဖူးတဲ့Base Ball ကစားသမားတစ်ယောက်က သူ့ဘဝရဲ့အကျပိုင်းမှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီး လေလွင့်နေရင်း သူ့ရဲ့ရည်းစားဟောင်းကပါ ဘဲအသစ်ရထားပြီး သူနဲ့ဘယ်လိုမှ ပြန်မဖြစ်နိုင်တေ့ာတာကြောင့် သူငယ်ချင်းနဲ့ ညီဖြစ်သူကို အဖော်ပြုရင်း သောက်တလွဲတွေ အဓိပ္ပါယ်မဲ့တဲ့ပေါက်လွတ်ပဲစားတွေလုပ်တဲ့ဇာတ်လမ်းလေးပါ.. အဖော်အချွတ်ဇာတ်ဝင်ခန်းတွေမပါပေမယ့် Curse words တွေနဲ့ တစ်ခါ‌တစ်ခါ ပြောလိုက်တဲ့ Dialogue တွေက အင်မတန် ရိုင်းတာမျိုး ပါတတ်လို့ မိသားစုနဲ့အတူကြည့်လို့တော့ အဆင်မပြေပါဘူးခင်‌ဗျာ… File size… (1.07 GB) / ( 562 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy

5.8 2025 87 mins
Bring It All Back Home