YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Blossoms in Adversity E02 1080p WEB-DL CM.mp4

666.32 MB N/A video/mp4 94 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Black Demon
6.2

မက်ဂါလိုဒွန်လို့ခေါ်တဲ့ငါးမန်းကြီးတွေဟာ ကမ္ဘာဦးခေတ်တုန်းက ရှင်သန်နေထိုင်ခဲ့တဲ့ အလွန်ကြီးမားတဲ့ ဧရာမငါးမန်းမျိုးစိတ်‌တစ်ခုဖြစ်ပြီး ကြောက်စရာအကောင်းဆုံးနဲ့ အသက်အန္တရာယ်အပေးနိုင်ဆုံးသတ္တဝါတွေအဖြစ် မှတ်တမ်းဝင်ပါတယ်။အခုချိန်မှာ မျိုးသုဉ်းသွားပြီဖြစ်ပေမဲ့လည်း "မျိုးသုဉ်းပျောက်ကွယ်သွားပြီးဖြစ်သော ကြောက်စရာအကောင်းဆုံး သတ္တဝါဆန်းကြီးများ"၊ "မက်ဂါလိုဒွန်ငါးမန်းကြီးတွေသာ မျိုးမသုဉ်းသွားခဲ့လျှင်" အဲဒီလိုခေါင်းစဉ်တွေနဲ့ YouTube မှာတော့ hot topic တစ်ခုဖြစ်နေဆဲပါပဲ။ မက္ကဆီကန် ဘာဂျာကမ်းခြေက တံငါသည်တွေရဲ့ ပါးစပ်ဒဏ္ဍာရီမှာတော့ ဒီမက်ဂါလိုဒွန်ကြီးတွေကို ရိုးရာနတ်ဘုရားတစ်ပါးရဲ့ အမျက်ဒေါသကြောင့် ဆင့်ခေါ်ခံလိုက်ရတဲ့ မိစ္ဆာကြီးတွေရယ်လို့ အယူရှိပါတယ်။ ဒီလိုအယူရှိတဲ့ မက္ကဆီကန်ကမ်းခြေ ဘာဟီရာဒေသရှိရာကို ပေါလ်နဲ့သူ့မိသားစုဟာ အလုပ်ကိစ္စလည်းလုပ်ရင်း အပန်းဖြေခရီးလည်းထွက်ရင်းဆိုတဲ့ရည်ရွယ်ချက်နဲ့ ရောက်လာခဲ့ပါတယ်။ ကံဆိုးချင်တော့ နတ်ဘုရားတစ်ပါးရဲ့အမျက်နဲ့ တည့်တည့်တိုးပြီး မက်ဂါလိုဒွန်ငါးမန်းကြီးတစ်ကောင်က သူတို့ကိုအသင့်စောင့်နေပါတော့တယ်။ ဒီငါးမန်းကြီးရန်ကလွတ်အောင် သူတို့မိသားစုဘယ်လိုတွေ ရုန်းကန်ရမလဲ၊ မက်ဂါလိုဒွန်ကြီးကရော တကယ်ပဲဒဏ္ဍာရီတွေထဲမှာပြောထားသလို နတ်ဘုရားတစ်ပါးရဲ့ဆင့်ခေါ်မှုကြောင့် ရောက်လာတာလားဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ တထိတ်ထိတ်နဲ့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ငါးမန်းကားတွေ၊ မိကျောင်းကားတွေက အရင်ကတည်းက ကျွန်တော်တို့နဲ့ရင်းနှီးပြီးသားကားတွေဖြစ်ပြီး ဒီလိုဇာတ်ကားတွေနဲ့ပဲကြီးပြင်းလာတာမို့ ကြည့်ရှုသူတွေနဲ့ သိပ်ပြီးစိမ်းနေမှာမဟုတ်ပေမဲ့ ဇာတ်လမ်းဇာတ်အိမ်က အနည်းငယ်ထူးခြားနေတာမို့ ကြည့်ရတာတော့တန်မယ်ဆိုတာ သေချာပါတယ်ခင်ဗျာ။ သိပ်ပြီးအားမရမိတဲ့အချက်ကတော့ အရင်ကြည့်ဖူးတဲ့ The Meg တို့ Deep Blue Sea တို့လောက် သည်းထိတ်ရင်ဖိုစွန့်စားခန်းတွေ ပါမနေတာပါပဲ။ ဒီတစ်ခုကလွဲရင် ဇာတ်အိမ်လည်းခိုင်ပြီး ဒီနှစ် (၂၀၂၃) မှာမှထွက်ရှိထားတဲ့ အသစ်စက်စက်ဇာတ်ကားတစ်ကားဖြစ်တာမို့ အားလပ်ရက်မှာ မုန့်လေးစားရင်း ဇာတ်ကားလေးကြည့် အေးအေးဆေးဆေးလေး chill ဖို့ အဆင်ပြေမဲ့ကားတစ်ကားပါပဲခင်ဗျာ။ File size…(2.2 GB)/(1 GB)/(580 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre...Sci-Fi Horror Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

Law • Mystery
6.2 2023 100 mins
The Black Demon
Mutant: Ghost War Girl
6.4

CM Chinese ပရိသတ်ကြီးအတွက် ခေတ်လွန်သိပ္ပံ စူပါဟီးရိုးဆန်ဆန်ကားလေးတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့...... အနာဂတ်ကမ္ဘာမှာ နည်းပညာဟာတဟုန်ထိုးတိုးတက်နေပါပြီ။ ကမ္ဘာပေါ်မှာမီဒူဆာဆိုတဲ့လျို့ဝှက်အဖွဲ့အစည်းတစ်ခုပေါ်ပေါက်လာခဲ့တယ်။ သူတို့ဟာလူသားတွေကိုတရားမဝင်ဖမ်းဆီပြီး သုတေသနခန်းမှာစမ်းသပ်ပစ္စည်းအဖြစ်အသုံးပြုပါတယ်။ ဒီအမှုကိုစုံစမ်းသက်သေယူဖို့အတွက် မီဒူဆာအဖွဲ့မှာအသွင်ယူစုံစမ်းရင်း ဝမ်ချင်ချင်ဟာ စမ်းသပ်ခံလူသားအဖြစ်နဲ့ မျိုးရိုးဗီဇာပြောင်းဆေးရည်ထိုးခံရပြီး သာမန်လူတွေထပ်သာလွန်တဲ့အစွမ်းတွေနဲ့ သန္ဓေပြောင်းလူသားဖြစ်လာပါတော့တယ်။ ဒီလိုနဲ့ကမ္ဘာပေါ်မှာသန္ဓေပြောင်းလူသားတွေပြန်နှံ့လာပြီး မြေအောက်တိုက်ခိုက်ရေးပြိုင်ပွဲတွေမှာအသုံးချခြင်းကိုခံရပါတော့တယ်။ သန္ဓေပြောင်းလူသားတွေပြစ်မှုကျူးတာကိုတားဖို့အတွက် နိင်ငံတကာလုံခြုံရေးအဖွဲ့အစည်းတွေပူးပေါင်းပြီး ကောင်းတဲ့သန္ဓေပြောင်းလူသားနဲ့ ဆိုးသွမ်းတဲ့သန္ဓေပြောင်းလူသားတွေရဲ့ တိုက်ပွဲဟာစတင်လာပါတော့တယ်..... ဝမ်ချင်ချင် တစ်ယောက် တာဝန်ကို ဘယ်လိုပြီးမြောက်အောင်ထမ်းဆောင်မလဲ...... မီဒူဆာအဖွဲ့အစည်းကြီးကိုရောဘယ်လိုဖျက်ဆီးပစ်မလဲ...... ဆိုတာကိုမမလှလှတွေရဲ့ ဖိုက်တင်ခန်းအမိုက်စားတွေနဲ့ ဝေဝေဆာဆာကြည့်လိုက်ကြပါဦးနော် Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Science Fiction Runtime : 1h 13 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama
6.4 2022 72 mins
Mutant: Ghost War Girl
To Live
8

~ IMDb Rating - 8.3/10, Rotten Tomatoes - 87% ~ " Directed by Zhang Yimou " အလယ်တန်းကျောင်းသားဘ၀လောက်က သော်တာဆွေ၀တ္တုတို တစ်အုပ်မှာလားမသိ ဗမာပြည်က ကွန်မြူနစ်စနစ်အောက်က လူတွေရဲ့ ဘ၀အကြောင်း နည်းနည်းပါးပါးရေးထားတာ ဖတ်ဖူးတယ်။ ဆယ်နှစ်လောက်ရှိပြီဆိုတော့ ဘာမှ သေသေချာချာတော့ မမှတ်မိတော့ပါဘူး။ အလုပ်ခွဲတမ်းအတိုင်းလုပ်ပြီး ပိုလုပ်လို့ရတဲ့‌ ငွေလေးနဲ့ သမဝါယမဆိုင်က ဓာတ်ဘူး၀ယ်တာလေးလားမသိ သိပ်တော့မရေရာပေမဲ့ မှတ်တော့မှတ်မိနေသေးတယ်။ ကွန်မြူနစ်စနစ်အောက်မှာ ရှင်သန်ရတဲ့ပုံစံကို ပုံဖော်ထားတဲ့ ၀တ္တုတိုလေးပေါ့။ ဇာတ်လမ်းကရိုးရိုးလေးပါပဲ။ ဖတ်တုန်းကတော့ ဒီတိုင်းပဲပြီးသွားတယ်။ သို့ပေမဲ့ ဇာတ်အိမ်တောင် မရေရာတော့တဲ့ ဆယ်နှစ်လောက်အကြာက အဲဒီ၀တ္တုကို ဒီရုပ်ရှင်အပြီးမှာပြေးသတိရမိတယ်ဆိုတော့ ၀တ္တုဟာ ကျွန်တော်မသိလိုက်‌အောင်ကို မသိမသာနဲ့ပဲ ခံစားချက်တစ်ခု ချန်နိုင်ခဲ့ပုံပါပဲ။ တကယ်တမ်း အဲဒီ၀တ္တုဟာ ဒီတိုင်းအခြေအနေတစ်ခုကို တင်ပြထားရုံပါပဲ။ To Live ကလည်း သူ့လိုပဲပါပဲ။တရုတ်ပြည်ကွန်မြူနစ်စနစ်ရဲ့ ဦးအစက မိသားစုတစ်စုရဲ့ ခေတ်ကို ဖြတ်သန်းတဲ့ အတွေ့အကြုံတွေအကြောင်းပါပဲ။ ရိုးရိုးလေးပါ ဒါပေမဲ့ တစ်ချိန်ချိန်မှာ ပြန်အမှတ်ရစရာ ခံစားချက်တစ်ခုကို ချန်ကောင်းချန်နိုင်ပါလိမ့်မယ်။ ဇာတ်အိမ်ကတော့ 1993မှာထွက်တဲ့ Yu Hua ရေးတဲ့ To Live ဆိုတဲ့ ၀တ္တုကို မှီငြမ်း ရိုက်ကူးထားတာပါ။ ဇာတ်အိမ်တည်တဲ့ကာလတွေကတော့ Farewell My Concubine နဲ့ ခေတ်ပြိုင်လို့ဆိုလို့ရတယ်။ FMC လိုပဲ ယဉ်ကျေးမှုတော်လှန်ရေးတို့ မဟာခုန်ပျံကျော်လွှားမှုကြီးတို့ မစခင်ကာလကနေ စပြပြီး အဲဒီကာလတွေထဲ ဖြတ်သန်းပြထားတယ်။ Farewell မှာတော့ သဘင်သည်ရဲ့ဘ၀ကို ပြထားပြီး ပိုဇာတ်နာပေမဲ့ To Live ကတော့ သာမန်မိသားစုတစ်ခုရဲ့ ဘ၀ကိုပဲပြထားပြီး ဇာတ်လေးနည်းနည်းနာလိုက် ဟိုသီချင်းထဲကလို " မျှော်လင့်ချက်နဲ့ နှိုင်းရင် ကြုံဆုံနေသမျှအဖြစ်တွေဟာ ကောင်းလွန်းပြန်တယ်" ဆိုတဲ့သဘော တစ်လှည့်လာလိုက်နဲ့ သူတို့မိသားစုရဲ့ ဘ၀တစ်ကွေ့ကို ဇာတိ ဇရာ ဗျာဓိ မရဏတွေကို တွေ့ကြုံစေပြီး ဘ၀ဆန်ဆန်ပဲ ခင်းကျင်းသွားတယ်။ ကျွန်တော်တို့ရဲ့ဂေါင်လီကတော့ ထုံးစံအတိုင်းပါပဲ။ Eros မှာ လွှမ်းမိုးနိုင်စွမ်းရှိတဲ့ အမျိုးသမီးဇာတ်ရုပ်နဲ့ပီပြင်သလို Farewell မှာ ကျူရှန်းဇာတ်ကောင်နဲ့ လိုက်ဖက်နေသလို ဒီက မိသားစုကိုချစ်တဲ့ အိမ်ထောင်ရှင်မ ဇာတ်ရုပ်မှာလည်း အံ၀င်ခွင်ကျပါပဲ။ အဓိက‌ဇာတ်ကောင် ဂေါင်လီ့ယောက်ျားကလည်း Farewell မှာလည်း ပါခဲ့တဲ့ Ge You ပါ။ တရုတ်ဘိန်းစားရုပ်နဲ့ပဲ တရုတ်ရှေးခေတ်ဘ၀ကို သူလည်း ပြောင်ပြောင်မြောက်မြောက် ပုံဖော်သွားခဲ့သလို အကောင်းဆုံးသရုပ်ဆောင်ဆုကိုလည်း ရခဲ့တယ်။ စာရေးဆရာဆီက အကူအညီရခဲ့သလို ကျန်းရိမူကိုယ်တိုင်ကလည်း ယဉ်ကျေးမှုတော်လှန်ရေးကို ဖြတ်သန်းခဲ့ရတဲ့သူဆိုတော့ ဇာတ်ကိုကောင်းကောင်း ပုံဖော်သွားနိုင်ခဲ့တာကြောင့် To Live ကို တချို့က သူ့အကောင်းဆုံးကားအဖြစ်လည်း သတ်မှတ်ကြတယ်။ To Live ဟာ ကျန်းရိမူရဲ့ IMDB Rating အကောင်းဆုံး ရုပ်ရှင်ဖြစ်သလို ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ collaboration ကားတွေထဲလည်း Rating အကောင်းဆုံးပါပဲ။ ကျန်းရိမူနဲ့ဂေါင်လီရဲ့ ၇ကားမြောက် တွဲရိုက်တဲ့ကားလည်း ဟုတ်ပါတယ်။ အမေရိကမှာ တရုတ်သမိုင်းသင်ရင် ထည့်သုံးရတဲ့ကားလည်း ဟုတ်ပါတယ်။ ထုံးစံအတိုင်း သမိုင်းကိုအခြေခံထားတဲ့ တရုတ်ကားကောင်းဆိုရင် ဘန်းနေကျ တရုတ်က To Live ကိုလည်း ဘန်းထားတယ်။ To Live ဟာ ဘယ်နားမှာမှ စိတ်ခွန်အားတက်စရာမပေးထားတဲ့ မိသားစုတစ်ခုရဲ့ အနိမ့်အမြင့်တွေကို ပုံဖော်ထားတဲ့ရုပ်ရှင်ပေမဲ့လည်း အာရှရုပ်ရှင် ပရိတ်သတ်တစ်ချို့ကတော့ To Live ဟာ သူတို့ဘ၀ရဲ့ ခက်ခဲတဲ့အချိန်တွေမှာ မျှော်လင့်ချက်ဖြစ်စေတဲ့ကားလို့လည်း ဆိုပါတယ်။ မလွယ်တာတွေ့ရင်း ပိုခက်တဲ့ဘ၀တွေကိုငဲ့ကြည့်ရင်း မျှော်လင့်ချက်ဖြစ်သွားတာပဲ နေပါလိမ့်မယ်။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.5GB, 1.21GB Quality - Blu-ray 1080p, 720p IMDb Rating - 8.3/10 Format - mp4 Duration - 2H 13Min Genre - Drama, War Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Thriller
8 1994 133 mins
To Live
Slum Dog Husband
8.2

Slum Dog Husband (2023) IMDb-8.2/10 အက်ရှင်ကားတွေ ကြည့်ရတာ ပျင်းနေမှာစိုးလို့ အခုတစ်ခေါက်တော့ CMပရိသတ်ကြီးအတွက် အပြောင်းအလဲအနေနဲ့ ဟာသကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ချင်ပါတယ် “777 Charlie “ဆိုတဲ့ဇာတ်ကားလေးပြီးကတည်းက ခွေးလေးတွေပါတဲ့ ဇာတ်ကားလေးတွေ ကြည့်ချင် နေတဲ့ ပရိသတ်ကြီးအတွက် ဒီကားလေးက Charlie ကို ပြန်ပြီး သတိတရဖြစ်စေဦးမှာပါ ဇာတ်ကားက ဟာသကားဖြစ်သလိုပဲ ဇာတ်ကွက်တွေကလည်း ဟာသဆန်ဆန်ပါပဲ ဒီကားထဲမှာ လာချီဆိုတဲ့ ဇာတ်လိုက်ကျော်မင်းသားက သူ့ကောင်မလေးဖြစ်သူ မွန်နီကာနဲ့ သမီးရည်းစားဘဝနဲ့နေရတာ အိမ်မှာလည်း အမေဖြစ်သူက လွတ်လွတ်လပ်လပ် ဖုန်းပြောချင်တာတောင် ခွင့်မပြု၊ အပြင်ကိုသွားပြန်‌တော့လူမြင်ကွင်းမှာ မဖွယ်မရာလုပ်တယ်ဆိုပြီး “ရဲတွေက အမှုဆင်ပြီးဖမ်း အဲဒီလိုကိစ္စတွေကြောင့် လာချီနဲ့မွန်နီကာတို့ သူတို့ရဲ့အိမ်တွေကို သူတို့နှစ်ယောက်ကို လက်ထပ်ပေးကြဖို့တောင်းဆိုကြပါတော့တယ် နှစ်ဖက်စလုံးက မိဘတွေက ငယ်သေးလို့ လက်မထပ်ပေးချင်ကြပေမဲ့လက်မထပ်ပေးရင် နှစ်ယောက်စလုံးက ခိုးပြေးကြမယ် ဆိုလို့ ဘုန်းကြီးနဲ့တိုင်ပင်ပြီး မင်္ဂလာဆောင်ပေးဖို့ ရက်ရွေးကြတဲ့အခါ မိဘတွေက မင်္ဂလာဆောင်ကြမဲ့ ဇာတ်လိုက် ကျော် လာချီနဲ့မွန်နီကာတို့ရဲ့ မွေးနေ့တွေကို မမှတ်မိတာကြောင့် လက်ထပ်မဲ့ရက်ရွေးဖို့ အဆင်မပြေဖြစ်ကြပြန်တယ် ၊ ဒါနဲ့ တခြားဘယ်လိုနည်းလမ်းရှိသေးလဲလို့ မေးတော့ ဘုန်းကြီးက မွေးနေ့၊မွေးရက်တွေမသိဘဲ လက်ထပ်ချင်တယ်ဆိုရင်တော့ အရင်ဆုံးခွေးနဲ့ပဲဖြစ်ဖြစ်၊ သစ်ပင်နဲ့ပဲဖြစ်ဖြစ်လက်ထပ်ရမယ်လို့ ပြောတော့ ဇာတ်လိုက်ကျော်လာချီတစ်ယောက် movie name မှာပါတဲ့အတိုင်း dog husband အဖြစ်ဘယ်လိုဆက်ပြီး နှစ်ပါးသွားမလဲ ဆိုတာကိုတော့ ကြည့်ရှုပေးကြပါဦး (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ YH~V~Zwe Yan~Aditi~Yunniတို့ပဲဖြစ်ပါတယ်)

Mystery • Drama • Crime
8.2 2023
Slum Dog Husband
The River Wild
6.5

The River Wild (1994) ~ IMDb – 6.5/10, Rotten Tomatoes – 57% ~ ဒီကားလေးကတော့ Adventure Thriller ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ Cast တွေအနေနဲ့ဆိုရင်လည်း Mamma Mia တို့၊ The Devil Wears Prada တို့လိုကားတွေနဲ့ထင်ရှားတဲ့ ဂန္ထဝင်မင်းသမီးကြီး Meryl Streep နဲ့ Thriller ဇာတ်ကားနဲ့ ဗီလိန်ဇာတ်ရုပ်‌တွေမှာ ပိုင်နိုင်လှတဲ့ Kevin Bacon တို့ဆိုတော့ အရွေးမမှားလောက်စေမယ့်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်းကတော့ သားအမိသားအဖသုံး‌ယောက် အပျော်တမ်းလှေစီးထွက်လာရင်း လမ်းမှာ သူစိမ်းနှစ်ယောက် ဒုက္ခရောက်နေတာကိုတွေ့လို့ကူညီကြပါတယ်။ ဒါပေမဲ့ အဲဒီသူစိမ်းနှစ်ယောက်က သာမန်လူတွေမဟုတ်ဘဲ ဓါးပြတိုက်ပြီးပြေးလာတဲ့သူတွေဖြစ်နေပါတယ်။ နောက်တော့ သူတို့ရဲ့အသက်ကိုရန်ရှာလာတဲ့နောက်မှာ သူတို့သုံးယောက် တောတောင်အထဲ မြစ်လယ်မှာ မြစ်အန္တရာယ်ကတစ်ဖက် လူဆိုးတွေအန္တရာယ်ကတစ်ဖက် ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ရင်တဖိုဖို စိတ်၀င်တစားကြည့်ရှုရမှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 900MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 51Min Genre – Adventure, Crime, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Soe Thiri Swe Encoded by Y

6.5 1994
The River Wild
Ninja vs Shark
6.8

Ninja vs Shark (2023) *********************** Serious ဖြစ်တဲ့ကားကြီးတွေပဲကြည့်ရတာပျင်းလာပြီး ပေါ့ပေါ့ပါးပါးကားလေးတွေပဲကြည့်ချင်သူတွေအတွက် ဂျပန်ကားသစ်လေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Ninja Vs Shark ဖြစ်ပြီး IMDb Rating 6.8 အထိရရှိထားပါတယ်။ ဇာတ်လမ်းနာမည်ကြည့်ပြီးတော့ဇာတ်ကားရဲ့အရိပ်အမြွက်ကိုတော့ နည်းနည်းပါးပါးသိနေလောက်မှာပါ။ အိုကစ်ဆူဆိုတဲ့တံငါရွာလေးမှာထူးဆန်းလှတဲ့ကံဆိုးမိုးမှောင်ကျမှုတစ်ခုကိုကြုံတွေ့နေရပါတယ်။ အဲ့ဒါကတော့ဘယ်သူမှငါးထွက်မျှားလို့မရသလို သူတို့ဆီမှာထွက်တဲ့အဖိုးတန်ရတနာဖြစ်တဲ့ပုလဲတွေကိုလည်းဆင်းရှာလို့မရတာပဲဖြစ်ပါတယ်။ ဒီတော့တံငါရွာဆိုပေမဲ့ငါးဖမ်းစားလို့မရတဲ့တံငါရွာဖြစ်နေခဲ့တာပေါ့။ အဲ့လိုဖြစ်ရတဲ့အကြောင်းအရင်းကတော့ သူတို့ဆီကိုကြက်သွေးရောင်မိစ္ဆာဂိုဏ်းရောက်ရှိလာပြီး သူတို့ရဲ့ပုလဲတွေကိုလိုချင်တဲ့အတွက်ကျိန်စာတိုက်ခဲ့လို့ပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့်မလို့ရွာသူကြီးကရွာကိုကာကွယ်ဖို့အတွက် ကိုယ်ရံတော်တစ်ယောက်ငှားခဲ့ပါတော့တယ်။ ဒါပေမယ့်အဲ့ဒီကိုယ်ရံတော်ကသာမန်လူမဟုတ်ဘဲနင်ဂျာတစ်ယောက်ဖြစ်နေတဲ့အခါမှာတော့ ကြက်သွေးရောင်မိစ္ဆာဂိုဏ်းနဲ့အိုကစ်ဆူရွာကြားမှာဘယ်လိုအရာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ Size – 2.54GB, 1.02GB Quality – 1080p, 720p Format – mp4 Duration – 1H 17Min Genre – Action, History, Horror Subtitle – Myanmar Subtitle (Hardsub) Translated by Saw Lay Encoded by Phyo Pyae

6.8 2023
Ninja vs Shark
Taxi

ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer Maximoff

0 2004
Taxi
Mission: Cross

Mission: Cross (2024) *********************** ကြမ်းခန်း ယမ်းခန်းတွေ အက်ရှင်ဇာတ်ကြမ်းတွေကိုမှ စိတ်လှုပ်ရှားတတ်တဲ့ ပရိသတ်ကြီးတို့အတွက် ဒီနေ့ ပူပူနွေးနွေးထွက်ရှိလာတဲ့ ဇာတ်ကားကောင်းတစ်ခုကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်နော်။ ဘတ်ဂန်မူနဲ့ ဂန်မီဆွန်းတို့ဟာ ဇနီးမောင်နှံတွေဖြစ်ပြီး ဂန်မူဟာ မီဆွန်းအပေါ် အိမ်ထောင့်တာဝန်ကို ကျေပွန်အောင် ကြိုးပမ်းနေတဲ့ ခင်ပွန်းတစ်ယောက်ပါ။ သို့သော်လည်း သူ့အတိတ်အကြောင်းနဲ့ပတ်သတ်ပြီးတော့ မိန်းမဖြစ်သူကို တစ်ခွန်းမှ ဖွင့်ဟပြောပြထားခြင်းမရှိပါဘူး။ တစ်နေ့မှာတော့ ဂန်မူဆီကို ဂျန်ဟီးဂျူဆိုတဲ့အမျိုးသမီးတစ်ယောက် ရောက်လာပါတယ်။ ဒါကို မီဆွန်းသိသွားတဲ့အခါ သူ့ယောက်ျားဟာ ဖောက်ပြန်နေတယ်အထင်နဲ့ အကြမ်းဖက်နှိမ်နင်းရေးစုံထောက်တစ်ယောက်ပီပီ ယောက်ျားနောက်ကို တိတ်တဆိတ်လိုက်ကာ စုံစမ်းစစ်ဆေးပါတော့တယ်။ ယောက်ျားဖြစ်သူရဲ့ အတိတ်ကို သိရှိသွားပြီးနောက်မှာတော့ မီဆွန်းတစ်ယောက် ဘာတွေကြုံတွေ့ရမလဲ။ ဂန်မူကရော ဟီးဂျူနဲ့ ဘယ်လိုပတ်သတ်နေပြီး ဘာတွေ လုပ်နေတာလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်တဲ့အပြင် လင်မယားနှစ်ယောက်ပေါင်းပြီး ဘယ်လိုဖိုက်တင်အခန်းတွေနဲ့ ကြမ်းမလဲဆိုတာကို ပရိသတ်ကြီးတို့ရေ ခုပဲ ခံစားကြည့်ရှုလိုက်ပါတော့နော်။ ဘတ်ဂန်မူအဖြစ် မင်းသားကြီး Hwang Jung Min၊ ဂန်မီဆွန်းအဖြစ် မင်းသမီးကြီး Yeom Jung Ah၊ ဂျန်ဟီးဆူအဖြစ် Jeon Hye Jin စတဲ့ ဝါရင့်သဘာရင့်သရုပ်ဆောင်ကြီးများအပြင် တစ်ခြားသောနာမည်ကြီးသရုပ်ဆောင်များပါဝင်ထားတာမို့ အက်ရှင်ဇာတ်ကြမ်းကိုမှ မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ ကြည့်ရှုရမယ့်ရုပ်ရှင်ဇာတ်ကောင်းတစ်ကောင်းဖြစ်ပါတယ်။ (အညွှန်းကိုတော့ Thinn မှ ရေးသားထားပါတယ်။) File size…1.16GB / 530MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 30m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Miri Thinn, Toe Toe Aung & Emily

TV Movie • Drama • Crime
0 2024 100 mins
Mission: Cross
Zodiac
7.7

Zodiac (2007) IMDb Rating (7.7) / Rotten tomatoes (90%) Robert Downey Jr. ,Jake Gyllenhaal , Mark Ruffalo တို့လို တကယ့်ထိပ်တန်းမင်းသားတွေနဲ့ ဒါရိုက်တာကြီး David Fincher ရဲ့ နာမည်ကြီးရုပ်ရှင်ကားတစ်ကားပါပဲ။ ၁၉၆၈ လောက်မှာ အတွဲလိုက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့ Zodiac Sign နာမည်ခံ လူသတ်သမားအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် မှုခင်းကားတစ်ကားဖြစ်ပါတယ်။ ထူးခြားတာက ဒီလူသတ်သမားကို ခုချိန်ထိ ဖမ်းမမိသေးဘဲ သူဘယ်သူလဲဆိုတာကို ဒါရိုက်တာ David Fincher တို့အဖွဲ့ဟာ အချိန်ကြာမြင့်စွာသုတေသနပြုလုပ်ပြီး ဒီရုပ်ရှင်ကားကိုရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းသွားကတော့ ..အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုခရိုနီကယ် သတင်းစာကို တစ်နေ့မှာ စာတစ်စောင်ရောက်လာခဲ့တယ်.. ဒီစာထဲမှာ လူတစ်ယောက်က သူအရင်နှစ်တွေတုန်းက ဘယ်နေရာမှာဘယ်လို လူတွေသတ်ခဲ့တယ်ဆိုတာကို ရေးထားတယ်… သူ့သတင်းတွေကို သတင်းစာခေါင်းကြီးပိုင်းတွေထည့်ပေးဖို့နဲ့ မထည့်ပေးရင် ထပ်ပြီးလူသတ်မှုတွေကျူးလွန်နေမယ်ဆိုတဲ့ခြိမ်းခြောက်ထားတယ်.. ဒီတော့သတင်းစာက လူတွေလည်းခေါင်းခြောက်ပြီး ရဲစခန်းကိုဖုန်းဆက်စုံစမ်းကြည့်တဲ့အခါ စာထဲမှာ ရေးသားထားတဲ့အမှုတွေဟာ အဲ့ဒီနေ့အထိ တရားခံမပေါ်သေးတဲ့ လူသတ်မှုတွေဖြစ်နေတယ်… အဲ့ဒီအချိန်ကစပြီး ရဲတွေလည်းခြေရာခံရင်း သတင်းထောက်တွေကလည်းခြေရာခံရင်း လူသတ်သမားကလည်းလူတွေသတ်ရင်း တရားခံကို လက်ပူးလက်ကြပ်မဖမ်းနိုင်လောက်အောင် သက်သေတွေ သဲလွန်စတွေ အမှုကွင်းဆက်တွေ ပျောက်သွားရင်းနဲ့ နှစ်ပေါင်း ၃ဝကျော်ကြာတဲ့အထိ အမှုဟာ သို့လော သို့လောနဲ့ဖြစ်နေခဲ့ပါတယ်.. တကယ့်ဖြစ်ရပ်မှန်ကိုရိုက်ကူးထားတာမလို့ ပိုလို့ကြောက်စရာကောင်းပြီး ပါဝင်တဲ့မင်းသားတွေ နာမည်ကြီးသလောက် ဇာတ်လမ်းဟာလည်း အစကနေအဆုံးတိုင်အောင် ကောင်းမွန် ရှည်လျားလှပါတယ်… ၁၉၇၀ ခုနှစ်ဝန်းကျင် နည်းပညာတွေ သိပ်မဖွံ့ဖြိုးသေးခင် အမေရိက ဆန်ဖရန်စစ္စကိုမှာ ရဲတပ်ဖွဲ့ဘယ်လိုအမှုလိုက်တယ်ဆိုတာကို ဒီဇာတ်လမ်းထဲမှာ မြင်တွေ့ရမှာပါ… Director’s Cut Version နဲ့ တင်ဆက်ထားတာမလို့ ရုံတင်ဗားရှင်းထက် ပိုမိုရှည်လျားပြီး ၃ နာရီနီးပါး အမှုလိုက်ကြရမှာပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကို Zuel Khant Thwin မှတင်ဆက်ထားပါတယ်။)

7.7 2007 157 mins
Zodiac
The Great War
7

The Great War (2019) ********************** ၁၉၁၄ ဂျူလိုင် ၁၈ကနေ ၁၉၁၈ နို၀င်ဘာ ၁၁ အထိကြာညောင်းခဲ့တဲ့ ပထမကမ္ဘာစစ်ကြီးအတွင်းမှာ နောက်ဆုံးမိနစ်အထိတိုက်ပွဲ၀င်ခဲ့သူတစ်ယောက်ရှိတယ် ၁၉၁၈ နို၀င်ဘာ ၁၁ရက် မနက် ၁၁နာရီအချိန်မှာ ဂျာမနီကအပစ်ခတ်ရပ်စဲမယ်လို့ကြေညာလိုက်သော်ငြားလည်း မဟာစစ်ကြီးမပြီးဆုံးခင် အဲ့၁၁လ မြောက်ရဲ့ ၁၁ရက်နေ့ မနက်၁၁ နာရီမတိုင်မချင်းမှာ အင်အားကြီးပြင်သစ်တွေက အမေရီကန်ကိုဆက် လက်တိုက်ခိုက်ဖို့တွန်းအားပေးခဲ့တယ် ပြင်သစ်တွေအတွက်နယ်နိမိတ်တချို့ရလိုရငြားပေါ့ ဒါပေမယ့် ဂျာမနီဖက်ကလဲ သူ့မြေတွေမပါချင်ဘူး ဆိုတော့ကာအပစ်ခတ်ရပ်စဲကြပြီဖြစ်ပေမယ်လို့ နောက်ဆုံး မိနစ်မတိုင်ခင်ထိ အတိုက်အခိုက်တွေရှိကြတုန်းပဲ ထိုအချိန်မှာ ရန်သူ့စစ်ကြောင်းထဲထိရောက်နေတဲ့ လူမဲစစ်သားတပ်စုကို ပြန်လည်ခေါ်ယူဖို့ အထက်ကအမိန့်အရ စာသင်ကြီးဝီလီယမ်ရေဗာစ်ဆိုင်းပြင်းရ တော့တယ် ဒီလူမဲစစ်သားတွေကိုပြန်ခေါ်ဖို့ မစ်ရှင်က ရေဗာစ်အတွက်နောက်ဆုံးမစ်ရှင်ပဲ… ဒါပေမယ့် လူဖြူလူမဲညီညွတ်မှုမရှိသေးခင်ကာလဖြစ်လို့ မကြာခင်ပြီးဆုံးတော့မယ့်စစ်ကြီးအတွင်းမှာ ရေဗာစ့် ရဲဘော်တွေဟာ မလုပ်ပေးချင်ကြပါဘူး … ကဲ plot ကတော့ လူမဲတွေကို ကြည့်မရတဲ့တပ်စု ခေါင်းဆောင်စာသင်ကြီးရေဗာစ် သူဘယ်အချိန်ထိဆက်တိုက်ခိုက်သွားမှာ လူမဲစစ်သားတွေကို အသက်ရှင်ရက်ပြန်ကယ်ထုတ်နိုင်မှာလား ပရိတ်သတ်ကြီးပဲကိုယ်တိုက် ကြည့်ရှုခံစားကြည့်ကြပါ… (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Hein That Naing ပဲဖြစ်ပါတယ်……..) File size…3.94GB / 1.64GB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 50m Genre ….. War, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Hein That Naing Encoded by AHtet

7 2019 108 mins
The Great War
Kannai Nambathe
5.8

Kannai Nambathey 2023 (ကိုယ့်မျက်လုံးကို မယုံပါနဲ့) နီဇယ်ပရဟိတကျောင်းမှာ ကလေးငယ်လေးတွေကို ဂရုစိုက်ပေးနေတဲ့ အမျိုးသမီးကြီးတစ်ယောက်၊ ကလေးလေးတွေကြားထဲမှာမှ အသက်၇နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်းရှိနေပါတယ်။ ဒီကောင်မလေးကတော့ အမျိုးသမီးကြီးဟာ ကလေးငယ်ငယ်လေးတွေကိုပဲ ဂရုစိုက်နေတဲ့အတွက် မနာလိုဖြစ်နေပြီးတော့ သူ့ရဲ့ ၇နှစ်ပြည့်မွေးနေ့မှာ ကိတ်မုန့်ထဲ ဆေးခတ်ပြီး ကလေးတွေကို စားစေလိုက်တဲ့အတွက် ကလေးတွေ အစာအဆိပ်သင့်သွားတဲ့ မြင်ကွင်းနဲ့ စတင်ထားပါတယ်။ အာရွန်ဆိုတဲ့ ကောင်လေးတစ်ယောက်၊ အိမ်ကနေ နှင်ချခံလိုက်ရတဲ့အတွက် အိမ်အငှားလိုက်ရှာရင်းကနေ သူကြိုက်နေတဲ့ကောင်မလေး ဒီဗယာတို့အိမ်မှာ တိုက်တိုက်ဆိုင်ဆိုင်အိမ်ငှားလိုအပ်နေတာကိုတွေ့သွားပါတော့တယ်။ ဒါပေမဲ့လည်း ဒီအိမ်မှာ လူပျိုတစ်ယောက်တည်းကို မငှားဘူးလို့ဆိုလာတာကြောင့် ဇာတိမြေက မိခင်ဖြစ်သူ မကြာခင် လိုက်လာမှာပါလို့ လိမ်ပြီး ငှားနေလိုက်ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ခရီးလမ်းလေး စတင်ခဲ့ပါတယ်။ ဒါပေမဲ့လည်း အချိန်နည်းနည်းကြာတဲ့အထိ မွေးရပ်မြေက မိခင်ဆိုသူ ရောက်မလာတဲ့အခါမှာတော့ လိမ်ထားတာတွေ ပေါ်ကုန်ပြီး အိမ်ကနေ ဆင်းပေးရပါတော့တယ်။ ဒီလိုနဲ့ နောက်ထပ် အိမ်ငှားလိုက်ရှာရင်း တိုင်ပတ်ပြန်ပါတော့တယ်။ ခက်ခက်ခဲခဲနဲ့ အိမ်ငှားရှာတွေ့ပြန်တော့လည်း အခန်းဖော်နဲ့အတူ ငှားနေရမယ့်အခန်းဖြစ်နေပြန်ပါတယ်။ သို့ပေမဲ့လည်း အသက်အရွယ်မကွာတဲ့အတွက် မြန်မြန်ပဲ ရင်းနှီးမှုရရှိခဲ့ပါတော့တယ်။ ဒီလိုနဲ့ အာရွန်နဲ့ ဒီဗယာတို့ရဲ့ အချစ်ဇာတ်လမ်းက ဘယ်လို ဆက်ဖြစ်လာမလဲ ….. အာရွန်တစ်ယောက် ရာဇဝတ်မှုတွေနဲ့ ဘယ်လို ဆက်စပ်မိသွားမှာလဲ ……. အာရွန်ရဲ့ အခန်းဖော်ကရော လူကောင်းပဲလား ….. ကလေးတွေကို ဆေးခတ်လိုက်တဲ့ ကောင်မလေးကရော ဘယ်သူလဲ ….. ဆိုတာတွေကို ကြည့်ရှုရမယ့် မှုခင်းဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Science Fiction • Comedy • Romance
5.8 2023 133 mins
Kannai Nambathe
Việt and Nam Trong lòng dat
6.4

Việt and Nam (2024) IMDb Rating (6.4) / Rotten Tomatoes (100%) ဗီယက်နမ်ဇာတ်ကားတစ်ခုဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ အချင်းချင်းချစ်ကြိုက်နေတဲ့ ကျောက်မီးသွေးမိုင်းတွင်း လုပ်သားလေးနှစ်ယောက်ရဲ့ အကြောင်းပါ။ တစ်ယောက်ကတော့ တနယ်တကျေးကို စွန့်စားသွားပြီး ဘဝသစ်ထူထောင်ချင်နေပြီး နောက်တစ်ယောက်ကတော့ ဗီယက်နမ်စစ်ပွဲအတွင်းက ပျောက်ဆုံးနေတဲ့ သူ့အဖေကို ရှေ့တန်းစစ်မျက်နှာပြင်ဟောင်းအထိ သွားရှာချင်သူပါ။ သူတို့နှစ်ယောက်ရဲ့ စိတ်ကူးအိပ်မက်ကိုယ်စီပြည့်စုံနိုင်မနိုင်ကတော့ ရှူစားကြည့်ပါ။ ထူးခြားချက်ကတော့ ၂နာရီဝန်းကျင်ရုပ်ရှင်တစ်ကားလုံး ဇာတ်ဆောင်တွေရဲ့ နာမည်ကို တစ်လုံးမှ ခေါ်မသွားပါဘူး။ ဇာတ်လမ်းက သိပ်မဆန်းပေမယ့် တင်ပြပုံ၊ ဗီယက်နမ်လူမျိုးတွေရဲ့ ရိုးရာ၊ ယုံကြည်မှု၊ ဗီယက်နမ်စစ်ပွဲရဲ့ အနိဌာရုံ စတာတွေကို စိတ်ဝင်စားဖွယ်တင်ဆက်ထားတာပါ။ LGBTQ လိင်ဆက်ဆံခန်းပြကွက်တချို့ပါဝင်လို့ ကြည့်ရှုသူများသတိပြုပါ။ Thanh Hai Pham, Duy Bao Dinh Dao, Thi Nga Nguyen နဲ့ Viet Tung Le တို့က သရုပ်ဆောင်ထားပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာကတော့ Minh Quy Truong ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ ရုပ်ရှင်ပွဲတော်တွေမှာ ဒါရိုက်တာဆု၊ ရုပ်ရှင်ဆု စသဖြင့် ဆုပေါင်း ၅ ဆုရထားသလို စကာတင် ၁၉ကြိမ်ဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ T Lone ဖြစ်ပါတယ်။) File size…(3.9 GB) / (1.7 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….02:05:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by T Lone

Romance • Comedy
6.4 2024 124 mins
Việt and Nam Trong lòng dat