YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Blackberry.2023.720p.WEB.CMt.mp4

743.94 MB 720p video/mp4 788 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ghost Writer
7.3

နာရာ ဆိုတဲ့တက်သစ်စ စာရေးဆရာမလေးဟာ မိဘတွေဆုံးပါးသွားလို့ မောင်လေး ဒါတို ကို ကျောင်းထား ပေးနိုင်ဖို့ ရုန်းကန်ကြိုးစားနေသူပါ။ ထုတ်ဝေသူဘက်ကလည်း သူ့စာမူအသစ်တွေကို လက်မခံတာ ကြာလာပြီမို့ အိမ်ငှားခသက်သာတဲ့ အိမ်တစ်လုံးကို မောင်လေးဒါတိုနဲ့ အတူပြောင်းရွှေ့နေထိုင်ဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် လည်း သူပြောင်းလာတဲ့ အိမ် အသစ်ဟာ လူသေထားဖူးတဲ့ အိမ်အိုအိမ်ဟောင်းကြီး ဖြစ်နေတာကိုတော့ သူမသိပါဘူး။ ဒီအိမ်မှာ သူ့ကို မလိုလားတဲ့သူတွေ ကြိုရောက်နေတာကို သူသိလိုက်တဲ့အချိန်မှာတော့ ... ခြောက်ခြား စရာတွေ၊ ဆွတ်ပျံ့ကြည်နူးစရာတွေ၊ သင်ခန်းစာယူစရာတွေ၊ ပျော်ရွှင်စရာတွေဝမ်းနည်းဖွယ်ရာတွေ ပေါင်းစပ်ပြည့် နှက်နေတဲ့ အင်ဒိုနီးရှား သရဲ-ဒရာမာ ကားလေး ဖြစ်ပါတယ်။ ခံစားမှုရသမျိုးစုံကို တစ်ကားတည်းနဲ့ အစုံကြည့်ချင် ရင်တော့ အင်မတန် တန်ပါတယ်ဗျာ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Ko Myo (Kop) ပါ။) File Size          : 1.4GB, 530MB, 274MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 37mins Genre              : Drama, Comedy, Horror Translated by Ko Myo (Kop) Encoded by Kinnov

Action • Drama
7.3 2019 97 mins
Ghost Writer
Fighter
6.1

ရုပ်ရှင်တော်တော်များများရဲ့ ခံစားချက်ကို ရနိုင်တဲ့ တရုတ်ကားလေးများ ကြည့်ချင်ပါသလား။ မြန်မာလို မင်္ဂလာပါလို့ အသံဝဲဝဲလေးနဲ့ နှုတ်ဆက်တာကို ကြားချင်ပါသလား၊ တရုတ်မလေးတွေ မြန်မာ ဘီယာဗူးကိုဖွင့်ပြီး ချီးယားကမ်းပေ့ လုပ်တာကိုတွေ့ချင်ပါသလား။ ဒါဆိုရင်တော့ ဒီကားလေးက သင့်အတွက်ဖြစ်လာမှာပါ။ ဇာတ်လမ်းအကျဉ်း တရုတ်လက်ဝှေ့ဖိုက်တာ တစ်ယောက်ဟာ အမေရိကန်ဖိုက်တာတစ်ဦးရဲ့ ညစ်ပတ်စွာတိုက်ခိုက်မှုကြောင့် MMA ပွဲမှာသေဆုံးသွားခဲ့ပါတယ်။ တစ်ချိန်ထဲမှာပဲ အဲ့ဒီပွဲကို စီစဉ်ပေးခဲ့တဲ့ မိန်းကလေးရဲ့ကုမ္မဏီဟာ MMA ကိုတရုတ်မှာ စျေးကွက်တိုးချဲ့ဖို့အတွက် ပြိုင်ဖက်ကုမ္မဏီတစ်ခုနဲ့အတူ ရွေးချယ်ခံခဲ့ရပါတယ်။ ဒါပေမယ့် အလောင်းအစား တစ်ခုလုပ်ဖို့ ရှိပြီး အဲ့ဒီအလောင်းအစားကို နိုင်မှ အလုပ်ကိုဆက်လုပ်ခွင့်ရမှာပါ။ ဒီတော့ အလောင်းအစားက ဘာများလဲ။ အဲ့ဒီအမျိုးသမီးကရော နိုင်အောင် လုပ်နိုင်မှာလား သေဆုံးသွားတဲ့ တရုတ်လူမျိုး MMA သမားမှာရော ဘယ်လိုနောက်ဆက်တွဲတွေရှိနိုင်မလဲ ဆိုတာ ရုပ်ရှင်မှာပဲ စီးမျောခံစားလိုက်ပါ။ ဒီကားကိုစကြည့်လိုက်တော့ ထိုင်းနာမည်ကျော် ဝမ်းဘတ်မင်းသားကို သတိရသွားပါတယ် နောက်တစ်ချက်က အရှေ့တောင်အာရှမှာ အခြေတည်တာကိုရိုက်ပြထားတော့ မြန်မာလိုလေးတွေပါတာကိုသဘောကျတယ်။ MMA သဘောကျတဲ့လူတွေအတွက်လဲ ကျေနပ်လောက်ဖွယ်ရာပါပဲ။ Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 97 mins Subtitle : Myanmar Subtitle ( Hardsub ) Translated by Lwin Htoo Aung Encoded by LK

Action • Science Fiction • Thriller
6.1 2022 95 mins
Fighter
Wu Song's Bloody Battle With Lion House

ဒီတစ်ခါ CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးချင်တာကတော့ နာမည်ကြီးကာတွန်းတစ်ခုကနေ ရုပ်ရှင်အပြင်အသက်သွင်းထားတဲ့ ဇာတ်လမ်းတစ်ခုပါ။ တစ်နေ့မှာတော့ ‌ကျားကိုသတ်ခဲ့လို့ဆိုပြီး သိုင်းသမား ဝူစုန့်တစ်ယောက်က ပြန်လာရင်း တစ်နယ်‌တစ်ကျေးကို ပြောင်းနေပြီထင်တဲ့ အစ်ကိုအရင်းဖြစ်သူ ဝူတာ့လန်နဲ့ ငယ်ရွယ်ပြီး ချောမောလှပတဲ့ ဖန်ကျင်းလျန်ဆိုတဲ့ မရီးတစ်ယောက်ကို တွေ့လိုက်ရတယ်။ ရိုးအတဲ့အစ်ကိုဖြစ်သူရဲ့ ဇနီးမို့ ရင်းနှီးဖော်ရွေစွာ ဆက်ဆံခဲ့ပေမယ့်လည်း နောက်ကြောင်းမရှင်း အကြံကြီးလှတဲ့မရီးဖြစ်သူဟာ ဂွင်ဖန်ပေမယ့် ကိုယ်ကျင့်တရားကောင်းသူ ဝူစုန့်ကတော့ မဖြုံခဲ့ဘူး မြို့အနှံ့အချောအလှနာမည်ကြီးနေတဲ့ ဖန်ကျင်းလျန်ရဲ့ အလှကျော့ကွင်းမှာ မိသွားသူကတော့ ရှီမန်းချင်ဆိုတဲ့ လူတစ်ယောက်ပေါ့။ ဖန်ကျင်းလျန်ကိုမှ လိုချင်လှပါချည်ရဲ့ဆိုပြီး အဘွားနန်ကို လာဘ်ထိုးလို့ ရယူဖို့ ကြိုးစားခဲ့ရာကနေ အရှုပ်အထွေးတွေဖြစ်လာခဲ့တယ် ဝူတာ့လန်နဲ့ ဖန်ကျင်းလျန်ရဲ့အိမ်ထောင်ရေးကရော ဘယ်လိုဖြစ်မလဲ.... ရှီမန်းချင်ရဲ့ဝင်ရှုပ်မှုကြောင့် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲ.... ဝူစုန့်ကရော ဘာကြောင့်အစ်ကိုဖြစ်သူရဲ့စကားကို ပယ်ရှားရတာလဲ.... [ Reviewed By Htun Su Khaing ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 33 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Drama • Romance
0 2021 93 mins
Wu Song's Bloody Battle With Lion House
Nini Thowok
6

CM ပရိတ်သတ်ကြီးအတွက် 2018 က ထွက်ခဲ့တဲ့ အင်ဒိုနီးရှား သရဲကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ။ "Nini Thowok" ဇာတ်ကားဟာ အနောက်ဂျာဗားရှိတဲ့ "ဆိုလို"ဆိုတဲ့ မြို့လေးမှာ အဖွားရဲ့အမွေဖြစ်တဲ့ မီခါဂျီဝူ ဟိုတယ်ကို မရောင်းခိုင်းဘဲ အတင်းအကျပ် ဖွင့်ဖို့စေခိုင်းခံရတဲ့ ညီမနာရာ (Nicole Rossi) နဲ့ သူမရဲ့အစ်မ နာဒင်း (Natasha Wilona) တို့ရဲ့ အကြောင်းကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ် ။ Nini Thowok ဆိုတာ လူသားကဲ့သို့ လှုပ်ရှားနိုင်တဲ့ အရုပ်လို့ အဓိပ္ပါယ်ရပြီး ဝိညာဉ်တွေနဲ့ ပြောဆိုဆက်သွယ်ရာမှာ အသုံးပြုတဲ့ အရုပ်လို့လည်း လူသိများကြပါတယ် ။ အဖွားဖြစ်သူ သေဆုံးပြီးတဲ့နောက် ညီအစ်မနှစ်ဦးဟာ အမွေရခဲ့တဲ့ ဟိုတယ်က သော့ခတ်ထားတဲ့ တားမြစ်အခန်းအတွင်းကို ဝင်ရောက်ခဲ့ပြီး လျှို့ဝှက်ဆန်းကြယ်မှုကို ရှာတွေ့ရာမှ ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာတွေကို ရင်ဆိုင်ရမှာပဲ ဖြစ်ပါတယ် ။ နာရာနဲ့ နာဒင်းတို့ ညီမနှစ်ယောက် ဟိုတယ်အတွင်းက လျှို့ဝှက်ဆန်းကြယ်မှုကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမှာဖြစ်လို့ ထူးဆန်းစိတ်လှုပ်ရှားစရာတွေကိုမှ သဘောကျနှစ်ခြိုက်တဲ့ ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ် ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ NanThin ပဲ ဖြစ်ပါတယ်။ Genre.....Horror, Thriller Quality….1080p | 720p| 480p File size…1.1GB| 549MB | 215MB Format…mp4 Duration….1h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... NanThin Encoder .....August

Comedy • Romance • TV Movie
6 2018 87 mins
Nini Thowok
Semper Fi
6.1

IMDB - 6.1/10 ကယ်လန်ဟန်ဆိုတာက စစ်တပ်ထဲမှာ နိုင်ငံတာဝန်ထမ်းဆောင်ပြီး လက်ရှိ ရဲလုပ်နေတဲ့လူတစ်ယောက်။ သူငယ်ချင်းအရင်း ၃ ယောက်နဲ့အတူ သွေးတစ်ဝက်ပါတဲ့ လူရမ်းကားလေး ညီဖြစ်သူ အွိုင်းစတားနဲ့ အတူတူသွားလာလှုပ်ရှားနေကြပေါ့။ တစ်လကို တစ်ခါလည်း အုပ်စုလိုက် စစ်တပ်ထဲကို ပြန်ပြန်သွားပြီး စစ်မှုထမ်းပေးရပါသေးတယ်။ တစ်ညကျတော့ ဘားထဲမှာ အုပ်စုလိုက်သောက်ပြီး ကယ်လန်ဟန်တို့ ပြန်လာတဲ့အချိန် ညီဖြစ်သူက ကောင်မလေးကိုကြောင်ရင်း ကျန်ခဲ့ပါတယ်။ အဲဒီမှာပဲ တစ်ဖက်ကလာကြောင်တဲ့လူနှစ်ယောက်နဲ့ အွိုင်းစတားတစ်ယောက် ရန်ဖြစ်ရာကနေ မတော်မဆဖြစ်ပြီး လူသတ်မှုဖြစ်သွားခဲ့ပါတယ်။ ညီဖြစ်သူက ပြေးပေမယ့် အစ်ကိုကတော့ ကိုယ်တိုင်လိုက်ဖမ်းပေးပြီး ဥပဒေလက်ထဲ အပ်ပေးခဲ့ပါတယ်။ အဲဒါနောက်ပိုင်း ကယ်လန်ဟန်တို့လည်း အီရတ်မှာ တာဝန်ကျဖို့ ဖြစ်လာတယ်။ ထောင်ထဲမှာလည်း အွိုင်းစတားတစ်ယောက် အစောင့်တွေရဲ့ အနိုင်ကျင့်မှုတွေကို ဆက်တိုက်ခံစားနေရခဲ့တယ်။ ဒီလိုနဲ့ စစ်ပွဲထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေနဲ့အတူ ထောင်ထဲမှာ အဆင်မပြေဖြစ်နေတဲ့ ညီတော်မောင်ကို သူကိုယ်တိုင် ပရမ်းပတာတွေ ဖြစ်နေတဲ့ကြားကနေ ဘယ်လိုမျိုး ကယ်တင်ပေးမလဲဆိုတာကို ကြည့်ရှုရမယ့် အက်ရှင်ကားတစ်ကားပါ။ Cast ကတော့ အဓိကဇာတ်ဆောင် ကယ်လန်ဟန်နေရာကို Suicide Squad မှာ Captain Boomerang လုပ်ခဲ့တဲ့ သြစတြီးယားသရုပ်ဆောင် Jai Courtney က ပိုင်နိုင်စွာ သရုပ်ဆောင်ထားပေးပါတယ်။ File size…1.84GB / 689.8MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ..... Action , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Aung

Action & Adventure • Drama • Sci-Fi & Fantasy
6.1 2019 100 mins
Semper Fi
The Hobbit: The Desolation of Smaug
7.6

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ The Hobbit ဇာတ်ကားတွေကတော့ LotR ရဲ့နောက်မှ ထွက်ရှိခဲ့ပေမယ့် တကယ်တော့ LoTR မစခင်က အခြေအနေတချို့ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာဖြစ်ပါတယ်။ File size…(7.9 GB) and (3.4 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….03:06:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Aung Ko Khant

Action & Adventure • Drama
7.6 2013 161 mins
The Hobbit: The Desolation of Smaug
Handphone
6.6

Handphone (2009) ဖုန်းလေးတစ်လုံး ပျောက်သွားတယ်ဆိုတာ ဘဝတစ်ခုလုံးနဲ့ ယှဥ်ရင်တော့ တကယ့်ကို ပြဿနာ သေးသေးလေးပါ… ပုံမှန် ပြဿနာလေးတစ်ခုဖြစ်ပေမဲ့ အဲဒီပျောက်သွားတဲ့ ဖုန်းထဲမှာ တက်သစ်စ မင်းသမီးလေးရဲ့ HD ပါနေတဲ့အခါ… ကိုယ့် အေဂျင်စီက တင်ပေးထားတဲ့ မင်းသမီးလေးရဲ့ HD ထွက်မှာ စိုးတာကြောင့် ပျောက်သွားတဲ့ ဖုန်းကို အမိအရ ပြန်လည် ရယူဖို့ လုပ်ခဲ့ရာမှ အခက်အခဲပေါင်းများစွာ ဆက်တိုက် ကြုံတွေ့ရတဲ့ အိုဆွန်းမင်း (Uhm_Tae-woong) အိုဆွန်းမင်းတင်မက အဲဒီဖုန်းလေးတစ်လုံးက လူဘယ်နှယောက်ရဲ့ ဘဝတွေကို ဘယ်လိုတွေ ဖျက်ဆီးပစ်ခဲ့သလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပါ။ တစ်ခါတလေမှာ ကိုယ့်ကိုယ်ကိုယ် လူကောင်းလို့ ထင်နေခဲ့ပေမဲ့ ကိုယ်တိုင်က လူဆိုးဖြစ်နေတတ်တာမျိုး၊ လူတွေရှေ့ လူမြင်ကောင်းအောင် နေနေရပေမဲ့ နောက်ကွယ်မှာ ဘဝတွေက ဆိုးရွားနေတာမျိုးကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် ပြသသွားတဲ့ ဇာတ်လမ်းတစ်ပုဒ်မို့လို့ ဇာတ်အိမ်ခိုင်ခိုင်ကြည့်ချင်တဲ့သူတွေ ကြည့်ဖြစ်အောင် ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Kppks ပဲ ဖြစ်ပါတယ်။ Genre….. Thriller Quality…. 1080p | 720p File size… 2.2GB | 1GB Format… mp4 Duration…. 2h 17min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kppks Encoder ….. Aaron

6.6 2009
Handphone
Alice Upside Down
5.2

Alice Upside Down (2007) ==================== ကြည့်တဲ့သူတိုင်းကို စိတ်ကြည်နူးပြုံးရွှင်စေမယ့် ချစ်စရာကောင်းတဲ့ Family/Drama ဇာတ်လမ်းလေးတစ်ပုဒ်အကြောင်း ပြောပြချင်ပါ တယ်။ သရုပ်ဆောင်တွေကလည်း Step Up, Riverdale, High School Musical လို နာမည်ကြီးဇာတ်လမ်းတွေမှာ ပါကြသူတွေမို အားလုံး ရင်းနှီးပြီးသား ဖြစ်မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့… အဲလစ်ဆိုတဲ့ အသက် ၁၁ နှစ်အရွယ် ကောင်မလေးဟာ ၅ နှစ်အရွယ်က မိခင်ဆုံးပါးသွားပြီး အဖေဖြစ်သူ ဘန်၊ အစ်ကိုဖြစ်သူ လက်စ်တာတိုနဲ့ အတူနေထိုင်ပါတယ်။ အမေမရှိဘဲ အဖေရယ်အစ်ကိုရယ်နဲ့ပဲ ဖြစဖြစ်သ လို ကြီးပြင်းလာရတဲ့ အဲလစ်လေးဟာ ကိုယ့်ကိုယ်ကို အားမရမှုတွေနဲ့ အရှုံးသမားတစ်ယောက်လို သိမ်ငယ်နေသူပါ။ ဒါပေမဲ့ စိတ်ကူးတွေ ယဉ်ပြီး ကိုယ့်ဘာသာ မာန်တင်းတတ်ပါတယ်။ တစ်နေတော့ သူတို့နေရာထိုင်မြိုကနေ ပြောင်းလာပြီး အိမ်အသစ် ကျောင်းအသစ်ကို အဲလစ်ရောက်လာပါတယ်။ ထုံးစံအတိုင်း မပေါင်းတတ် မသင်းတတ်တဲ့ အဲလစ်မှာ သူငယ်ချင်းမရှိ‌သလောက်ပါပဲ။ ပိုဆိုးတာက ကျောင်းမှာ သူမကျချင်တဲ့ ဆရာမအခန်းထဲ ရောက်သွားခဲ့တာပါ။ တစ်ရက် တော့ သူတို့ကျောင်းမှာ ဂီတပြဇာတ်တစ်ခု လုပ်ဖိုစီစဉ်ကြပါတယ်။ ပြဇာတ် စီစဉ်သူက အဲလစ်သဘောကျမိတဲ့ ဆရာမလေးပါ။ အဲလစ်တစ်ယောက် ပြ ဇာတ်ကိုအကြောင်းပြုပြီး ဆရာမလေးနားကပ်ဖို အကြံရသွားပါတယ်။ ပြီး တော့ ပြဇာတ်မှာ မင်းသမီးလေးနေရာပါ၀င်ရဖို့လည်း အဲလစ်တစ်ယောက် ကြိုးပမ်းပါတော့တယ်။ အဲလစ်လေး ပြဇာတ်မှာပါရပါ့မလား၊ သူငယ်ချင်းတွေ ရနိုင်ပါဦးမလား၊ ကျောင်းမှာရော အိမ်မှာပါ ဘယ်လိုရယ်စရာ ပျော်စရာ ၀မ်းနည်းစရာတွေ ကြုံရဦးမှာလဲ… ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ လောင် စရာတွေမပါဘဲ ပေါ့ပေါ့ပါးပါး ချစ်စရာဇာတ်လမ်းလေးမို့ ခဏတာစိတ်အ ပန်းပြေစေမှာတော့ သေချာပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C’mon ဖြစ်ပါတယ်) File Size……….(1.64 GB) / (644 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 31Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Adventure, Comedy, Drama Translator……C’mon Encoder……….SWM

Drama
5.2 2007 91 mins
Alice Upside Down
Insurgent
6.2

ဒီကားကတော့ ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့ပြီး ယခင် Divergent ရဲ့ sequel ဇာတ်လမ်း ဖြစ်ပါတယ်။ ဒါရိုက်တာ Robert Schwentke က ရိုက်ကူးထားပြီး ယခင်ကားထဲက သရုပ်ဆောင်တွေပဲ ပြန်လည်ပါဝင် သရုပ်ဆောင်ထားပါတယ်။ IMDb 6.1 ထိလည်း ရရှိထားပါတယ်။ ယခင်ကားမှာ ဒေါင့်လက်စ်တွေက အပ်နီဂေးရှင်းကို ဝင်စီးရင်း တိုက်ခိုက်ကြတာကနေ ထရစ်နဲ့ ဖိုးရ်တို့အပြင် ဒေါင့်လက်စ် လူသစ်အတော်များများ ထွက်ပြေးလွတ်မြောက်သွားကြပါတယ်။ ထရစ်တို့ မောင်နှမနဲ့ ဖိုးရ်တို့က အမ်မတီတွေရဲ့ လယ်ကွင်းတွေထဲမှာ ခြေရာဖျောက်နေရင်း လွတ်မြောက်သွားတဲ့ ဒေါင့်လက်စ်တွေကို စုံစမ်းနေကြတယ်။ ဒီအချိန်မှာ ဂျနီးန်က မြို့တည်သူတွေ ချန်ထားခဲ့တဲ့ သတင်းစကားပါတဲ့ သေတ္တာကို ရသွားပြီး ဒီသေတ္တာကို ဖွင့်နိုင်ဖို့ ဒိုင်ဗားဂျန့်တွေကို အစွမ်းကုန် လိုက်ရှာပါတော့တယ်… File size… 5 GB / 2 GB / 1 GB Quality… BluRay 4K HDR / 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Action/Sci-fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. XCode Translated by EM

Documentary
6.2 2015 119 mins
Insurgent
Yevam
7.2

Yevam (2024) ဆယ်လီမုဆိုး IMDb-8.5/10 ဆယ်လီတစ်ယောက်နာမည်ကြားရုံနဲ့ အရူးအမူးသည်းသည်းလှုပ်ပြီး ဘာမဆိုလုပ်ပေးဖို့အဆင်သင့်ဖြစ်နေပြီး ဆယ်လီတွေကိုမှ‌ အရူးအမူးချစ်တတ်တဲ့ကောင်မလေးတွေကိုပဲ ရွေးပြီးထောင်ချောင်ဆင်တတ်တဲ့ ဆယ်လီမုဆိုးယူဂန်ဒါ။ ဆယ်လီမုဆိုးမှာလည်း အတိတ်ကထရော်မာတစ်ခုရှိနေခဲ့တယ် ။ သိပ်လှတဲ့ဇနီးဖြစ်သူက သူ့အလှအပတွေက သူ့ထက်သာတဲ့ ဆယ်လီမင်းသားနာမည်ကြီးတွေနဲ့မှ ထိုက်တန်တယ်ဆိုပြီး တက်သစ်စမင်းသားတစ်လက်နဲ့ဖောက်ပြန်သွားခဲ့တယ် ။ အတိတ်က မကောင်းတဲ့မိန်းမတစ်ယောက်ကြောင့် လက်ရှိမှာ မိန်းမပေါင်းများစွာ ထောင်ချောက်ဆင်ဒုက္ခပေးနေတဲ့ ယူဂန်ဒါကို ပညာပေးဆုံးမသွား‌မဲ့သူကလည်း စောမြဆိုတဲ့ရဲမေလေးတစ်ယောက်။ စောမြဆိုတာက ရဲမေအလုပ်ကိုဝါသနာကြီးလွန်းလို့သာလုပ်နေပေမဲ့ မိသားစုပတ်ဝန်းကျင်ကလည်း ဝေဖန်ပြစ်တင်ကြသလို စခန်းတွင်းမှာလည်း မကြိုဆိုကြဘဲ ရဲဋ္ဌာနကိုစဝင်တဲ့နေ့မှာပဲ ဖိုင်အပုံလိုက်ကြားမှာ စာရွက်စာတမ်းတွေ ခွဲစီရတဲ့နေရာကိုတန်းရောက်သွားတယ်။ တခြားမိန်းကလေးတွေရဲ့ ပြဿနာထက် သူ့ကိုယ်ပိုင်ပြဿနာတွေက ပထမဆုံးအတားအဆီးဖြစ်နေတဲ့ စောမြတစ်ယောက် အချိန်တိုအတွင်း ဘယ်လိုဖြေရှင်းသွားမလဲ ယူဂန်ဒါဆိုတဲ့ ဆယ်လီမုဆိုးကရော အဲဒီလောက်ရိုးရှင်းပြီး ဖမ်းရလွယ်ကူနေပါ့မလား ထရော်မာတစ်ခုကြောင့် တရားခံဖြစ်လာသူနဲ့ ကိုယ့်ဘဝကို ကိုယ်တိုင်ထုဆစ်လာတဲ့ရဲမေတို့ ဘယ်လိုဆုံတွေ့ အားပြိုင်ကြမလဲဆိုတာ ရှုစားကြည့်ပါဦး အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှဖြစ်ပါတယ်

7.2 2024
Yevam
Scooby-Doo! Meets the Boo Brothers
6.9

ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ ငယ်ငယ်ကကြည့်ခဲ့ရတဲ့ Scooby Doo ကာတွန်းကားလေးပဲဖြစ်ပါတယ်။ ရှက်ဂီ့ရဲ့ဦးလေးဖြစ်တဲ့ ဘူဝါးဂါ့တ်ကွယ်လွန်သွားတဲ့အချိန်မှာ ရှက်ဂီ့ကို ရတနာတွေနဲ့အတူ အိမ်ကိုပါ အမွေပေးထားခဲ့ပါတယ်။ အခက်အခဲတွေများစွာကို ရင်ဆိုင်ပြီး ရှက်ဂီ စကူဘီနဲ့ တူလေးစခရပ်ပီတို့ဟာ အိမ်ကို အရောက်သွားခဲ့ရပါတယ်။ ဒါပေမဲ့ အိမ်ကိုရောက်တဲ့အခါမှာ အိမ်တော်ထိန်းက မကျေနပ်ဘဲ သူရသင့်တာပါလို့ ဆန့်ကျင်ပြောကြားလာပါတယ်။ အဲဒီအပြင် အိမ်က သရဲခြောက်တဲ့အိမ်ဖြစ်နေပါသေးတယ်။ ရှက်ဂီတို့က အကုန်လက်လွှတ်ပြီး ပြန်မယ်လုပ်တဲ့အချိန်မှာလည်း ကားကနွံထဲမြုပ်သွားပြီး တစ်ညအိပ်ဖို့ အကြောင်းဖန်လာပါတယ်။ ရှက်ဂီတို့ တစ်ညအိပ်တဲ့အတောအတွင်း ဘာတွေကြုံတွေ့ရမလဲဆိုတာကိုတော့ ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှူလိုက်ကြရအောင် File Size : 1.3 GB, 631 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Animation, Comedy, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : Benni Encode by : Thit San Khant

6.9 1987 93 mins
Scooby-Doo! Meets the Boo Brothers
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You
K.O.
6

ဒီဇာတ်ကားလေးကတော့ ၂၀၂၅ ခုနှစ်ရဲ့ အသစ်ထွက် Netflix အက်ရှင်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အန်ဇို ဟာ MMA ချန်ပီယံတစ်ယောက်ဖြစ်ပြီး ဘက်ရှန်ကတော့ ချန်ပီယံခါးပတ်စိန်ခေါ်သူတစ်ယောက်ပါ။ ဒီလိုနဲ့ ပြိုင်ဆိုင်ကြရင်း ခါးပတ်စိန်ခေါ်ပွဲမှာ ဘက်ရှန်က အန်ဇိုကို အမှောက်သိပ်လိုက်တာ လက်လွန်ပြီး အန်ဇိုတစ်ယောက်တစ်ခါတည်း ဆုံးပါးသွားပါတော့တယ်။ အန်ဇိုမှာ ဇနီးဖြစ်သူ အမ်မာ နဲ့ သားဖြစ်သူ လီယို တို့ ကျန်ခဲ့ပြီး လီယိုက စိတ်ဒဏ်ရာရကာ တလောကလုံးကို အမုန်းကြီးမုန်းပြီး မာဆေးလ်မြို့ကို ထွက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ မာဆေးလ်မြို့က မူးယစ်ဆေးဂိုဏ်းတစ်ခုနဲ့ပတ်သတ်မိပြီး မမြင်သင့်တာတွေမြင်လိုက်ရလို့ ထွက်ပြေးပုန်းအောင်းရင်း ပျောက်သွားပါတော့တယ်။ ဒီလိုနဲ့ပဲ အမေဖြစ်သူ အမ်မာက ဘက်ရှန်ကို အကူအညီတောင်းပြီး သားပျောက်ဖြစ်သူကို ရှာခိုင်းပါတော့တယ်။ ဘက်ရှန်နဲ့ မာဆေးလ်ရဲတပ်ဖွဲ့က လီယိုကို ရှာတွေ့နိုင်မလား… ဘယ်လို အန္တရာယ်တွေကျရောက်နေမလဲဆိုတာကိုတော့ စိတ်ဝင်တစား ကြည့်ရှုကြရမှာပါ။ File size… (1.32 GB) / ( 703 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 30m Genre …..Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil

Action • Comedy • Drama
6 2025 84 mins
K.O.