YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Billy.the.Kid.S01E01.The.Immigrants.720p.(CM).mp4

491.1 MB 720p video/mp4 363 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
5G: The Reckoning
1.2

"ညတွေဆို လေလွင့်လိုက်တာ တီတီတာတာလုပ်စရာလည်း မရှိဘူး" ဆိုပြီး လောင်နေကြတဲ့ FA ပရိသတ်ကြီးတို့အတွက် လောင်စရာအချိန်မရှိအောင် ပဟေဠိတွေ အများကြီးပေးမဲ့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေး ပါရစေ။ ဇာတ်လမ်းကတော့ တစ်ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါကာလအတွင်း ကျောင်းတစ်ကျောင်းထဲမှာ ကျောင်းသူကျောင်းသား ရှစ်ယောက် ပိတ်မိနေကြရာကနေ စတင်လာတာပါ။ သူတို့အကုန်လုံး ပြင်ပကမ္ဘာ ကြီးနဲ့ လုံးဝအဆက်အသွယ်မရဘဲ အချင်းချင်းပဲ ဆက်သွယ်လို့‌ရနေ ကြတာ ထူးဆန်းစရာတစ်ခုဖြစ်လို့နေပါတယ်။ ပိုလို့ထူးဆန်းတာက တစ်ယောက်ပြီးတစ်ယောက် ဗိုင်းရပ်စ်ကူးစက် ခံလာရပြီး ဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ပျံ့လို့ပျံ့မှန်းမသိတွေ ဖြစ်နေ ကြတာပါ။ အကြောင်းရင်းမရှိ ရုတ်တရက်ပျောက်ဆုံးသွားမှုတွေ လူသေဆုံးမှုတွေ ဖြစ်လာပြီး အဆုံးမရှိတဲ့ ဒွိဟတွေနဲ့ တွေးလေတွေးလေ လိုက်မမီလေဖြစ်နေတဲ့ ဇာတ်လမ်းမျိုးပဲ ဆိုပါတော့။ အဲဒီဗိုင်းရပ်စ်ပိုးက ဘယ်ကနေ ကူးစက်လာတာလဲ ? သူတို့က ဘာကြောင့် ပိတ်လှောင်ခံထားရတာလဲ ? အသက်ရှင်ကျန်နေရစ်မဲ့သူက ဘယ်သူလဲ ? စတဲ့ မေးခွန်းပေါင်းများစွာကတော့ ဒီဇာတ်ကား ထုတ်လွှင့်ပြီးတဲ့ အချိန်မှာ တက်လာခဲ့တဲ့ မေးခွန်းတွေပါပဲ။ ဒီတော့ ခေါင်းစားရတာ ကြိုက်တဲ့ CM ပရိသတ်တို့ အကြိုက်တွေ့ကြမဲ့ ဇာတ်လမ်းမျိုးမို့ အခုပဲ တင်ဆက်ပေးလိုက်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.2 GB) / (320 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 21Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Adventure • Comedy • Fantasy • Horror
1.2 2023 81 mins
5G: The Reckoning
Silmido
7

ရှီမီဒို ​ခေါ် ရှီမီကျွန်းဟာ ​တောင်ကိုရီးယားနိုင်ငံ၏ အ​နောက်ဘက်ကမ်းရိုးတန်း၊ အင်ချွန်းမြို့နယ်နိမိတ်ထဲမှာရှိတဲ့ လူသူ​နေထိုင်ခြင်း မရှိတဲ့ ကျွန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီ လူမ​နေတဲ့ ကျွန်းမှာပဲ ​တောင်ကိုရီးယားနိုင်ငံ​​ရေးသမိုင်းမှာ အမည်းစက်ထင်ခဲ့တဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခု အ​ခြေတည်ခဲ့ဖူးပါတယ်။ အချိန်က ၁၉၆၈ ခုနှစ် ဇန်နဝါရီလ ပါ။ ​မြောက်ပိုင်း​ခေါင်း​ဆောင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​​​​ရေးဆိုပြီး ​တောင်ကိုရီးယားသမ္မတ Park Chung Hee ကို လုပ်ကြံဖို့ အမှတ် ၁၂၄ တပ်ဖွဲ့ကို ​စေလွှတ်ခဲ့​ပေမယ့် ကျရှုံးခဲ့ပါတယ်။ တစ်ဖန် ​တောင်ကိုရီးယားဘက်က တုံ့ပြန်မှုကလည်း ငိုအားထက် ရယ်အားသန်​ပေ။ ​ အမိကိုရီးယားနိုင်ငံ ​ပေါင်းစည်း​​ရေး၊ ၂ နိုင်ငံငြိမ်းချမ်း​ရေးအတွက်ဟု ဆိုကာ ​မြောက်ပိုင်း​ခေါင်း​ဆောင် Kim Il Sungကို လုပ်ကြံဖို့ ပြန်ပြင်ဆင်​စေသည်။ လုပ်ကြံရမည့်အဖွဲ့မှာ အမှတ်၆၈၄ အထူးတပ်ဖွဲ့ဟု​ခေါ်သည်။ တပ်ဖွဲ့သည် နှယ်နှယ်ရရမဟုတ်၊ ​ သေဒဏ်ကျခံထားရသည့် အကျဉ်းသား ၃၁​ ယောက်ကို တပ်ဖွဲ့ဝင်များအဖြစ် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ သူတို့ရဲ့စစ်​ရေး​လေ့ကျင့်ရာငရဲခန်းကတော့ ရှီမီကျွန်း ​ခေါ် ရှီမီဒိုဖြစ်သည်။ ငရဲခန်းဟု​ ခေါ်သည်မှာ လွန်သည် ဟု မဆိုနိုင်၊ သူတို့၏စစ်​ရေး​လေ့ကျင့်ခန်းများသည် သာမန်စစ်တပ်ထက် အဆ​ပေါင်းများစွာ သာ၍ခက်သည်၊ ပြင်းထန်သည်၊ ကျွန်း​ပေါ်မှာ အ​သေထွက် မှ လွဲ၍ တခြားထွက်နည်းမရှိ​ပေ။ သို့ပေတည့် တပ်ဖွဲ့ ၆၈၄၏ ရဲ​ဘော်များသည် ဤဒဏ်များကို ​​ပေတေပြီး ခံသည်၊ ​သေဒဏ်ထက် အသက်ရှင်​နေခြင်းက ပို​ကောင်းသည်မဟုတ်ပါလား။ ​မြောက်ပိုင်း​ခေါင်း​ဆောင်ကို သတ်နိုင်က ကိုရီးယားနိုင်ငံ​ပေါင်းစည်း​ရေးမှာ အ​ရေးပါဆုံး သမိုင်းဝင်စစ်သည်များဖြစ်လာမည်၊ စည်းစိမ်ချမ်းသာ ခံစားရမည်၊ လူတန်း​စေ့ပြန်​နေနိုင်မည်မဟုတ်ပါလား။ သို့​သော် လူ့သ​ဘောလူ့မ​နောသည် ဆန်းကြယ်သလို ဒီလိုလူ့သ​ဘော အ​ပေါ် မူတည်​နေသည့် နိုင်ငံ​ရေးဆိုသည်မှာ ပို၍ တွက်ဆရခက်သည်။ ၁၉၆၈နှစ်က နီးရာဓါးဆွဲ ​သေနတ်ကိုင်ဆွဲ၍ စစ်​သွေးကြွချင်​နေသည့် နိုင်ငံ့​ခေါင်း​ဆောင်များသည် ၁၉၇၁ အ​ရောက်မှာ​တော့ စားပွဲဝိုင်းဖွဲ့ငြိမ်းချမ်း​ရေး​ဆွေး​နွေးချင်သူများ ဖြစ်သွားကြပြီ။ အမိန့်အာဏာသည် လုပ်ပိုင်ခွင့်ရှိသူတို့၏ နှုတ်ဖျားတွင်တည်၍ ​အောက်​ခြေကလူများအ​ပေါ်တွင် ​အ​ကောင်းအဆိုးသက်​ရောက်သည်။ အနုနည်းဖြင့်​ဖြေရှင်းချင်သည့် အထက်လူကြီးများအတွက် အကြမ်းနည်းသုံးရန် လျှို့ဝှက်ဖွဲ့စည်းထားသည့် အထူးတပ်ဖွဲ့ ၆၈၄​သည် မျက်စိစပါး​မွေးစူးသလိုဖြစ်သည်၊ နိုင်ငံတကာသိလျှင် သူတို့၏ငြိမ်းချမ်း​ရေးအိပ်မက် ပျက်စီးသွားမှာ သိပ်စိုးရွံ့သည်၊ ထို့​ကြောင့် တပ်ဖွဲ့ ၆၈၄ကို နှုတ်ပိတ်ဖို့ ဆုံးဖြတ်လိုက်ကြသည်။ ​မျှော်လင့်ချက်​တွေ တနင့်တပိုးထားခဲ့တဲ့ဘဝက သဲတစ်မှုန်​လောက်မှ တန်ဖိုးမရှိ​တဲ့ဘဝက သိပ်နာကျင်ရသည်၊ ရှင်လျက်နဲ့ ​သေစာရင်းကို အလိုလိုမှတ်ခံလိုက်ရသလိုဖြစ်သည်။ တပ်ဖွဲ့ ၆၈၄အတွက်လည်း ထို့အတူခံစားရသည်။ တိုင်းပြည်ငြိမ်းချမ်း​​ရေးအတွက် အားကိုးရာ ဟူ​သော ဘဝမှသည် ​သေဒဏ်ကျအကျဉ်းသားဘဝသို့ ပြန်​ရောက်သွားသည်။ မိမိရဲ့နိုင်ငံ​တော်က မိမိကိုစွန့်ပစ်လိုက်ပြီ။ တပ်ဖွဲ့ ၆၈၄ အဖို့ ​ပေါက်သည့်နဖူး မထူး​တော့ပြီ၊ တပ်ဖွဲ့ ၆၈၄ တို့ မိုက်လုံးကြီးပြရ​တော့မည်။ ဘယ်​လောက်ထိ လုပ်ပြနိုင်မလဲဆိုတာ​တော့ ဘုရားသခင်သာ အသိဆုံးဖြစ်သည်။ ၁၉၆၈ မှ ၁၉၇၁ အထိ ၃နှစ်ကြာရှိခဲ့​သော တပ်ဖွဲ့ ၆၈၄အ​ကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးထားခြင်းဖြစ်ပြီး ဆု​ပေါင်း၈ဆုအထိ ရထားတဲ့ ရုပ်ရှင်ပဲဖြစ်ပါတယ်။ IMDb 7.1အထိ ရရှိထားပြီး သရုပ်​ဆောင်များမှာလည်း လက်ရှိမှာ ဒိတ်ဒိတ်ကြဲ​အောင်မြင်​နေသည့် ဇာတ်ပို့မင်းသားကြီးများနဲ့ ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ်။ လူလူချင်းစာနာသနားမှု၊ အမိန့်နဲ့ လူ့ကျင့်ဝတ်ကြားက မျဉ်းပါးလေးတစ်​ကြောင်း၊ စစ်သား​ကောင်းတို့ရဲ့ သူရဲသတ္တိနဲ့ ရဲ​ဘော်ရဲဖက် စိတ်ဓါတ်တို့ကိုပီပြင်​အောင် ရိုက်ပြသထားသည့် ဒီစစ်ကားကို စစ်ကားမဟုတ်​သော စစ်ကားလို့ပဲ ​ခေါ်လို့ရနိုင်မယ်ထင်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Action, Drama Quality….WEB-DL 1080p and 720p File size…1.9GB and 980MB and 324MB Format…mp4 Duration….2h 15min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Horror • Mystery • Thriller
7 2003 135 mins
Silmido
Velvet Buzzsaw
5.4

ဒီသရဲကားကတော့ ထူးထူးခြားခြား ပန်းချီကားနဲ့ ဇာတ်အိမ်တည်ထားတယ်.... တခြား horror တွေလို Jump Scare တွေနဲ့ ထိတ်လန့်အောင်လုပ်တဲ့ကားမျိုးတော့မဟုတ်ဘူး...သို့ပေမယ့် ပန်းချီကားတစ်ချပ်ရဲ့ ဖြစ်တည်ပုံကို ပရိတ်သတ်ကို အသေအချာလေးချပြပြီးမှ ထူးဆန်းတဲ့ဖြစ်ရပ်တွေကိုပါ တစ်ဆက်ထဲပြသွားတာမို့  ကြည့်ရှုတဲ့သူက တစ်စိမ်စိမ့် စိတ်လှုပ်ရှားပြီး ထိပ်လန့်မိတာမျိုး ..... ကြောက်ကလည်းကြောက် ဘာဆက်ဖြစ်ဦးမလဲဆိုတဲ့ စူးစမ်းချင်စိတ်ကလည်းထိန်းမရဆိုတဲ့ ဇတ်ကားမျိုးလို့ဆိုရင်လည်းမမှားပါဘူး.. ဒီကားထဲက အဓိကမင်းသားဖြစ်တဲ့ Jake Gyllenhaal ကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်... သူကတော့ ပန်းချီလောကမှာဆို သိပ်ကိုအောင်မြင်တဲ့ Reviewer တစ်ယောက်ပါ..သူညွှန်းဆိုတဲ့ ပန်းချီကားဟေ့ဆိုရင် အရမ်းကိုအောင်မြင်ဖို့ရာနှုန်းပြည့်ပါပဲ... ဒါပေမယ့် သူ့ရဲ့ ရိုးရှင်းတဲ့ဘဝကို ဆန်းပြားလွန်းတဲ့ ပန်းချီကားတစ်ချပ်ရောက်လာချိန်မှာတော့... ကိုင်း horror ကားကြိုက်တဲ့ပရိတ်သတ်တို့ရေ... ပန်းချီကားက ဘယ်လိုပန်းချီကားမို့လဲ... ဘယ်လိုကံကြမ္မာဆိုးတွေနဲ့အတူ ပန်းချီကားနဲ့ ပါလာမလဲ... ဘယ်လောက် လူတွေအသက်ဆုံးရှုံးကြရလဲ... ကိုင်းခံစားကြည့်လိုက်ဦးဗျို့...... တစ်ခုပြောချင်တာက ကားသစ်ထဲက horror ကားကောင်းတစ်ကားပေါ်ထွက်လာတယ်လို့ပြောရင် လည်း မမှားဘူးထင်တယ်....

Drama • History • Romance
5.4 2019 113 mins
Velvet Buzzsaw
My Sister’s Serial Killer Boyfriend
5.1

My Sister’s Serial Killer Boyfriend (2023) ============================= သတင်းထောက်မမမက်ဒီက ကွင်းဆက်လူသတ်မှုဖြစ်စဥ်ကို ဆောင်းပါး ရေးရဖို့ကြိုးပမ်းနေတဲ့သူပေါ့။ ကွင်းဆက်လူသတ်သမားတွေက စံနှုန်း တစ်ခုထားပြီး လူသတ်ကြတယ်ဆိုတာ ဘော်ဒါတို့လည်းသိကြမှာပါ။ ဖြစ်ချင်တော့ လူတစ်ယောက်က ညီမဖြစ်သူအိုလစ်ဗီယာရဲ့အိမ်ထဲ ဖောက်ထွင်းဝင်လာပြီး အန္တရာယ်ပြုဖို့ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒီတော့ မမမက်ဒီက ကိုယ်ခံပညာတတ်ထားမှရမယ်ဆိုပြီး သင်တန်း သွားတက်ကြတယ်။ ကဲ…ဘာပြောကောင်းမလဲ သင်တန်းနည်းပြက ခပ်တောင့်တောင့် ဘဲကြီးဆိုတော့ အိုလစ်ဗီယာတစ်ယောက် မြင်မြင်ချင်းချစ်ကျွမ်းဝင် ရှာတာပေါ့။ ဒါပေမဲ့ မမက်ဒီကလည်း သင်တန်းနည်းပြကို ဟိုလိုလို ဖြစ်နေတော့ ညီအစ်မနှစ်ယောက်နဲ့သင်တန်းနည်းပြကြီးတို့ကြား ဘာတွေဆက်ဖြစ်လာမလဲ၊ မမနိုင်သွားမလား ညီမလေးနိုင်သွားမ လားဆိုတဲ့ ဒီဇာတ်ကားလေးမှာ ညီအစ်မနှစ်ယောက်ရဲ့အားပြိုင်မှု အပြင် တခြားဘယ်လို​လေး​​တွေထပ်ပါလာဦးမလဲဆိုတာတော့ ပရိတ်သတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Zwe Win Tun ဖြစ်ပါတယ်) File Size……….(1.4 GB) / (480 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 24Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Zwe Win Tun Encoder……….SWM

Romance • Comedy
5.1 2023 84 mins
My Sister’s Serial Killer Boyfriend
Mavka: The Forest Song
7.4

Mavka: The Forest Song (2023) ====================== IMDb Rating – 7.4/10 ဒီတစ်ခါ တင်ဆက်ပေးမှာကတော့ IMDb – 7.4 ရထားတဲ့ အသစ်ထွက် Animation movie တစ်ခုပါ။ အရမ်းလှပတဲ့ graphics တွေနဲ့ scenery အမိုက်စားတွေကို ချပြထားတဲ့ အပြင်ကိုမှ စလယ်ဆုံး မရိုးရတဲ့ plot တစ်ခုကတော့ အဆစ် ပေါ့။ ကဲ ရှည်ရှည်ဝေးဝေး ဆိုမနေတော့ပါဘူး။ ဇာတ်လမ်း အညွှန်းလေး စလိုက်ကြရအောင်။ ဟိုးလွန်ခဲ့တဲ့ ဆောင်းရာသီတစ်ခုတုန်းကပေါ့။ အမှောင်တောင် တန်းကြီးရဲ့ အနောက်ဘက်တောအုပ်ထဲမှာ အစောင့်အရှောက် နတ်တွေ မှီတင်းနေထိုင်ခဲ့ကြတယ်။ တစ်ရက်မှာ သစ်စက်ပိုင် ရှင်လူသားတစ်ယောက်က သူ့ရဲ့မွေးကာစရောဂါသည် သမီး လေးကို ကယ်တင်ဖို့အတွက် တောစောင့်နတ်ကြီးဆီကနေ ဆေးရည်လေးတစ်ခု လာတောင်းခဲ့တယ်။ ဒီလိုနဲ့ အဲဒီသမီးဖြစ် သူလည်း အသက်ဆက်ရှင်သွားခဲ့တာပေါ့။ ဒါပေမဲ့ လောဘပိုး မသတ်နိုင်တဲ့ သစ်စက်ပိုင်ရှင်ကြီးက တောအုပ်ဆီကို စစ်တပ် ကြီးတစ်ခုနဲ့ ချီတက်လာပြီး ဆေးရည်ထုတ်ပေးတဲ့ သစ်ပင်ကို အပိုင်သိမ်းဖို့ ကြိုးစားတော့တာပါပဲ။ အဲဒီမှာပဲ အစောင့်အရှောက်နတ်တွေနဲ့ လူသားတွေရဲ့ ရန်ပွဲတွေ စတင်လာခဲ့လိုက်တာ မက်ဗ်ကာဆိုတဲ့ နတ်သမီးလေးတို့ခေတ် ထိဆိုပါတော့။ ဒါပေမဲ့ လူးကတ်စ်ဆိုတဲ့ ဂီတပညာရှင်ကောင် လေးက တစ်စုံတစ်ယောက်ရဲ့ ခိုင်းစေမှုကြောင့် တောအုပ်ထဲကို အဲဒီသစ်ပင်ရှာဖို့ ရောက်လာခဲ့ပြီး မက်ဗ်ကာနဲ့ တွေ့ဆုံသွားတဲ့ အချိန်မှာတော့….လူသားတွေနဲ့ အစောင့်အရှောက်နတ်တွေကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြည့်ရှု့ခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.5 GB) / (1.0 GB) / (600 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Animation, Adventure, Comedy Translator…….May Thet Khine Soe Encoder……….SWM

7.4 2023
Mavka: The Forest Song
Aftermath

Mystery, Sci-fi အမျိုးသားနဲ့ သမီးဖြစ်သူကို ပိုမိုကောင်းမွန်တဲ့ဘဝ ရရှိစေဖို့အတွက် အလုပ်ကို အင်မတန်လုပ်ပြီး ဖိအားတွေများနေတဲ့ ကိတ်တစ်ယောက် ကားမောင်း ထွက်လာတဲ့အချိန်မှာ ထူးဆန်းတာ ဖြစ်သွားခဲ့ပါတယ်။ ဘာလဲဆိုတော့ မြူတွေဝိုင်းပြီး ဘယ်နေရာမှန်းမသိတဲ့ တောအုပ်အလယ်တစ်နေရာမှာ ပြန်သတိရလာတာပါ။ သူ့ကိုယ်သူ ဘယ်သူလဲ ဘယ်လိုရောက်လာတာလဲ ဘာတွေဖြစ်ခဲ့တာလဲဆိုတာတွေ မမှတ်မိတော့ပါဘူး။ အဲဒီမှာတင် ဓာတ်ငွေ့မျက်နှာဖုံးနဲ့ လူတစ်စုက လိုက်ပြီး သတ်ဖြတ်ဖို့လုပ်တဲ့အခါ ထွက်ပြေးရင်း သူ့ကို ထူးဆန်းတဲ့ လူတစ်ယောက်က ကယ်တင်ပေးသွားပါတယ်။ ဒီမှာတင် နှစ်ယောက်သား အဖြစ်တူနေကြတဲ့အတွက် ဒီနေရာက ဘာလဲ ဘယ်လိုရောက်လာသလဲ ဘာကြောင့်လဲဆိုတဲ့ မေးခွန်းတွေနဲ့အတူ အသက်ရှင်သန်ဖို့ ရုန်းကန်ပြီး အဖြေရှာကြမှာကို ကြည့်ရမှာပဲ ဖြစ်ပါတယ်။ File size…1.08GB / 475MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 18m Genre ….. Drama , Mystery , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

Animation • Family • TV Movie
0 2024 78 mins
Aftermath
The Angry Black Girl and Her Monster
5.4

ဗကေးရီးယားဆိုတာ အသက် ၅ နှစ်သားထဲက အမေကိုဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။ မောင်လေး ခရစ်စ်ကလည်း မကောင်းတဲ့လူတွေနဲ့ပတ်သက်မိပြီး အသက်ဆုံးခဲ့ရပါတယ်။ ဒါပေမဲ့ ဗကေးရီးယားမှာ မှတ်ယူထားတာတစ်ခုရှိတယ်။အဲဒါကတော့ သေခြင်းတရားဆိုတာရောဂါတစ်မျိုးပဲ။ ရောဂါဆိုရင်ကုသလို့ရရမယ်။ သေခြင်းကိုကုသချင်တဲ့ ဗကေးရီးယားဆိုတဲ့ဆယ်​ကျော်သက်ကောင်မလေးရဲ့အကြံက တကယ်ပဲအလုပ်ဖြစ်ပါ့မလား။ ရုပ်ရှင်ခေါင်းစဉ်မှာ ဒေါသထွက်နေသော လူမည်းကောင်မလေးနှင့်သူမ​၏ မကောင်းဆိုးဝါး ဆိုတာမလို့ မကောင်းဆိုးဝါးတွေရောပါလာဦးမှာလား…. File size…(2.1 GB)/(920 Mb) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama, Fantasy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lucifer Maximoff

5.4 2023
The Angry Black Girl and Her Monster
Battle of the Warriors
6.7

စစ်သည်တို့ရဲ့တိုက်ပွဲလို့အမည်ရတဲ့ ဒီဟောင်ကောင်ရုပ်ရှင်က၂၀၀၆ ခုနှစ်ထွက်စစ်ပွဲရုပ်ရှင်ဖြစ်ပြီး ဂျပန်သမိုင်းဝင်မန်းဂစီးရီးတစ်ခုဖြစ်တဲ့ Bokkō ပေါ်အခြေခံထားပါတယ်။ ဒါရိုက်တာ Jacob Cheung ရိုက်ကူးထားပြီး နာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်ကြတဲ့ Andy Lau, Ahn Sung-ki, Wang Zhiwen, Fan Bingbing, Nicky Wu နဲ့ Choi Siwon တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီပူးတွဲထုတ်လုပ်မှုမှာ တရုတ်ပြည်မြောက်ပိုင်း၊ ဟောင်ကောင်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ပါဝင်ပါတယ်။ ဒီရုပ်ရှင်က ဘီစီ ၃၇၀ ခုနှစ်က တရုတ်ပြည်ရဲ့ စစ်ပွဲခေတ်ကာလကို ဖော်ပြထားပြီး Zhao နိုင်ငံက စစ်တပ်ကြီးဟာ Yan နိုင်ငံကို တိုက်ခိုက်သိမ်းယူဖို့ ချီတက်လာနေပါတယ်။ Zhao-Yan နယ်နမိတ်ပေါ်မှာတည်ရှိနေတဲ့ Liang မြို့ဟာ Zhao စစ်တပ်က သိမ်းယူခြင်းကိုခံရမယ့် အန္တရာယ်ကိုကျရောက်နေပါတယ်။ Liang မြို့ကို ကာကွယ်ဖို့ Mohist တစ်ဦးဖြစ်သူ Ge Li က အကူအညီပေးဖို့ရောက်ရှိလာပါတယ်။ Liang ဘုရင်ဟာ ဘုရင့်အရည်အချင်းနဲ့မပြည့်မီတာကြောင့် ကျူးကျော်သူတွေကို ပြန်လည်ခုခံခြင်းမပြုဘဲ လက်နက်ချအညံ့ခံဖို့ရာကို စီစဉ်ထားပြီးဖြစ်ပါတယ်။ Ge Li ကတော့ လူထုစုကိုစည်းရုံးပြီး လူထုအင်အားနဲ့ ရန်သူကို ပြန်လည်ခုခံတိုက်ထုတ်နိုင်ကြောင်းကို ဘုရင့်ထံရှင်းပြလိုက်ပါတယ်။ ဒီလိုနဲ့ Liang ဘုရင်ရဲ့ခွင့်ပြုချက်နဲ့ သားတော်ဖြစ်သူ Liang မင်းသားက သူ့ရဲ့စစ်တပ်ကို Ge Li ကို အမိန့်ပေးခွင့်ပြုပြီး Ge Li က Liang စစ်တပ်ကို ကြီးကြပ်ကာ Zhao စစ်တပ်ရဲ့ တိုက်ခိုက်မှုကို ခုခံတားဆီးဖို့ကြိုးစားပါတော့တယ်။ ဒီရုင်ရှင်ထဲမှာတော့ ရှေးခေတ်စစ်ပွဲတွေမှာ ထိုးစစ်ဆင်တဲ့ဘက်နဲ့ ခုခံကာကွယ်တဲ့ဘက်တို့ရဲ့ စစ်သူကြီးတွေ၊ တပ်မှူးတွေရဲ့ စစ်ရေးဗျူဟာ‌တွေ၊ နည်းပရိယာယ်တွေကို ရှူစားရမှာပါ။ ဇာတ်အိမ်လည်းကောင်း သရုပ်ဆောင်ပိုင်းလည်း မညံ့တဲ့အပြင် တရုတ်စစ်ပွဲရုပ်ရှင်တို့ထုံးစံအတိုင်း ကြက်သီးထစရာနောက်ခံတေးနဲ့ တိုက်ပွဲဇာတ်၀င်ခန်းတွေကို ဟန်ချက်ညီအောင် ပေါင်းစပ်ရိုက်ထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်တာကြောင့် စစ်ပွဲရုပ်ရှင်တွေကိုကြိုက်တဲ့ ပရိသတ်တွေအတွက် ဒီရုပ်ရှင်ဟာ အထူးသင့်တော်တဲ့ရုပ်ရှင်တစ်ခုဖြစ်ကြောင်း အကြံပြုလိုက်ပါတယ်။ File size…(2.5 GB)/(1.3 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:13:00 Genre… Action, Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2006
Battle of the Warriors
Taxi

ပထမတစ်ခုအနေနဲ့ပြောချင်တာက ဒီကားက ကြည့်ပျော်တဲ့ ဟာသကားကောင်းဖြစ်နေပေမယ့် Rating တွေအရမ်းနည်းနေတာပါပဲ။ နောက်တစ်ခုက Tonight Show ထဲကကျွန်တော်တို့အချစ်တော် Jimmy Fallon ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဝါးလုံးကွဲမဟုတ်ရင်တောင် Jimmy Fallon ရဲ့ရုပ်တည်နဲ့ အရွှန်းဖောက်တာတွေကအတော်လေးသဘောကျစရာကောင်းပါတယ်။ ဇာတ်ညွှန်း: အန်ဒီ ဆိုတာ အတော်လေးကိုညံ့တဲ့ရဲတစ်ယောက်ဖြစ်ပါတယ်။ ဒါကတော့တခြားရဲတွေအမြင်ပေါ့လေ။ တကယ်တမ်း အန်ဒီဖြစ်နေတာက လွဲတာ။ ဘာလုပ်လုပ်လွဲတယ်။ ပြောရရင်ရဲဖြစ်နေပြီး ကားတောင်ကောင်းကောင်းမမောင်းတက်ဘူး။ ဇာတ်ကားအစအမှုစလိုက်ထဲကကိုလွဲတာ။ ကားမောင်းတာအရမ်းတော်လို့ကားလိုင်စင်အသိမ်းခံလိုက်ရတဲ့အချိန်မှာ သူ့အနီးအနား ဘဏ်ဓားပြမှုတစ်ခုဖြစ်ပါရော။ ပြဿနာကစပြီ သူက အခင်းဖြစ်တဲ့နေရာနဲ့အနီးဆုံး။ ဒါပေမယ့်လမ်းလျောက်မယ်ဆိုရင် သူများထက်နောက်မှရောက်မယ်။ အဲမှာ တကစီတစ်စီးကိုတားပြီး အခင်းနေရာကိုသွားတယ်။ ဖြစ်ချင်တော့ သူတားတဲ့တက္ကစီကလည်း မကြာသေးခင်ကမှ တက္ကစီလိုင်စင်ရထားတဲ့ ဘဲလ် ဆိုတဲ့ လူမည်းအမျိုးသမီးတစ်ယောက်။ တက္ကစီလိုင်စင်ခုမှရပေမယ့်အထင်တော့မသေးပါနဲ့။ ကားနဲ့ဖက်ပြီးကြီးလာတယ်လို့ပြောရလောက်အောင်ကားအကြောင်းနားလည်တဲ့လူ။ အရှုပ်တော်ပုံထဲကိုရောက်သွားတဲ့ ဘဲလ် နဲ့ တစ်မြို့လုံးမှာအချာဆုံးရဲ အရာရှိ အန်ဒီတို့ ဘယ်လိုမျိုး အမှုကိုဆက်လိုက်မှာလဲ။ Rating တွေနည်းပေမယ့်ကြည့်ရတန်တဲ့ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Comedy, Action, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lucifer Maximoff

0 2004
Taxi
The Little Rascals Save the Day
5.1

The Little Rascals ဆိုတာကျွန်တော်တို့ရဲ့ ငယ်ဘဝရဲ့တစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ The Little Rascals ခေါင်းစဉ်နဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းတွဲတွေအများကြီးရှိပါတယ်။ အဲထဲမှာ The Little Rascals Save The Day (2014) လည်းတစ်ကားအပါအဝင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ကြည့်ရှုသူကို အတော်လေး Comfort ဖြစ်စေပါတယ်။ ကလေးတွေကို ဦးစားပေးရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာမလို့ ကလေးချစ်သူတွေကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားလည်းဖြစ်ပါတယ်။ ဒါ့အပြင် Wednesday သရုပ်ဆောင် Jenna Ortega ငယ်ငယ်က ပါဝင်သရုပ်ဆောင်ထားပါသေးတယ် ဇာတ်ညွှန်း The Little Rascals ဇာတ်လမ်းတိုင်းမှာ အဓိကနေရာကပါဝင်တဲ့ Alfalfa တို့အဖွဲ့တစ်သိုက်ဟာ ကျောင်းနောက်ဆုံးနေ့မှာ ကျောင်းလစ်လာခဲ့ပါတယ်။ ကျောင်းလစ်ပြီး အလွဲတွေလုပ် နောက်ဆုံးမှာတော့ သူတို့ ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်ကိုရောက်သွားပါတယ်။ အရသာမှာ ပြိုင်စံရှားဖြစ်တဲ့ ဖွားဖွားလက်ရာတွေကိုမြည်းပြီးတော့ ကလေးတစ်သိုက်ဟာ သစ်ပင်အိမ်ပေါ်ကိုတက်ပြီး လာမယ့်အရည်အချင်းပြပြိုင်ပွဲအတွက် သီချင်းတိုက်ပါတော့တယ်။ ခေါင်းဆောင်အဆိုတော်ကတော့ Alfalfa ဖြစ်ပြီး သိတဲ့အတိုင်း Alfalfa ကလည်း Darla မှမရှိရင် မိုက်ကိုလက်နဲ့တောင်မထိချင်တဲ့လူဖြစ်ပါတယ်။ အဲဒီလိုနဲ့ သူတို့ရဲ့ တီးဝိုင်းလေးကလည်း တစ်ယောက်တမျိုး တိုင်ပတ်နေပါတော့တယ်။ တစ်ဖက်မှာလည်း ဖွားဖွားရဲ့ ကိတ်မုန့်ဆိုင်လေးက အကြွေးကြောင့် ဘဏ်ကသိမ်းတော့မှာဖြစ်ပါတယ်။ အဲဒီကိစ္စကိုသိသွားတဲ့ ကလေးတစ်သိုက်ကတော့ ဖွားဖွားအကြွေးတွေကို ကူဆပ်ဖို့ ကလေးအသိဉာဏ်နဲ့ တတ်နိုင်တဲ့ဖက်ကနေ ကူညီဖို့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ အဲဒီလိုနဲ့ တစ်ရက်မှတစ်ခါ မလွဲရရင် မနေနိုင်ပါဖူးဆိုတဲ့ Alfalfa တို့ကလေး တစ်သိုက် ဘယ်လိုများ ဖွားဖွားကိုကူညီမှာလဲ။ File Size : 1.9 GB, 1.1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Comedy, Family Subtitle : Myanmar Subtitle (Hard Sub) Translated by : Lucifer Maximoff Encode by : Thit San Khant

5.1 2014
The Little Rascals Save the Day
The Three Stooges Meet Hercules
6.1

The Three Stooges လို့ပြောလိုက်တာနဲ့ မိုး၊ လယ်ရီနဲ့ ဂျိုး ဆိုတဲ့ အမြဲတလွဲတွေချည်းလုပ်နေတဲ့ ဟာသညီအစ်ကိုသုံးယောက်ကိုပြေးမြင်မိကြမှာပါ။ ဒီရုပ်ရှင်ဟာလည်း 1962 ခုနှစ်မှာထွက်ရှိထားတာဆိုပေမဲ့ ဟာသတွေကတော့ အမြဲရွှေဖြစ်နေဆဲပါပဲ။ ဒီရုပ်ရှင်မှာတော့ ဆေးဆိုင်မှာအလုပ်လုပ်နေတဲ့ မိုး၊ လယ်ရီနဲ့ ဂျိုးတို့သုံးယောက် အချိန်ခရီးသွားစက်တစ်ခုကိုတီထွင်‌ေနတဲ့ ဒေးဗစ်ကိုကူညီပေးကြရင်း သူတို့ဝသီအတိုင်း အလွဲအချော်တွေလုပ်မိကြပြီး ရှေးခေတ်ဂရိပြည်ကို ပြန်ရောက်သွားခဲ့ပါတယ်။ ဒီလိုရောက်သွားတာကနေပြီး ဂရိဘုရင် ယူလစ်ဆီကို နန်းချမိသလိုဖြစ်သွားတဲ့အတွက် သူတို့လုပ်မိတဲ့တလွဲတွေကိုပြန်ပြင်ရင်း အလွဲတွေပဲထပ်လုပ်မိကြရင်း သူတို့လာခဲ့တဲ့ ပစ္စုပ္ပန်ကိုပြန်ဖို့ ကြိုးစားကြတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုကြရမှာပါပဲဖြစ်ပါတယ်။ File Size : 3.6 GB, 1.4 GB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Comedy, Family, Fantasy Subtitle : Myanmar Subtitle (Hard Sub) Translated by : TMMT Encode by : Thit San Khant

6.1 1962 89 mins
The Three Stooges Meet Hercules
The Shaolin Boy
5.7

ဒီတစ်ခါတင်ဆက်ပေးမဲ့ ဇာတ်လမ်းလေးမှာတော့ ဇာတ်ကြောင်းလေးကိုမပြောခင် အရင်ဆုံး ဇာတ်ကောင်လေးတွေနဲ့မိတ်ဆက်ပေးချင်ပါတယ် – ရှောင်လင်ကျောင်းကနေ ကျောင်းပြောင်းလာတဲ့ အသက်ရှစ်နှစ်အရွယ် ကိုရင်လေး ရှောင်ယွီ – အထက်တန်းကျောင်းတိုက်ကွမ်ဒိုပြိုင်ပွဲမှာ အမြဲလိုလိုနိုင်တတ်တဲ့ တိုက်ကွမ်ဒိုအဖွဲ့ခေါင်းဆောင် အသက်၁၅နှစ်အရွယ် ချုံနန် – အထက်တန်းကျောင်းတိုက်ကွမ်ဒိုအဖွဲ့ရဲ့ မန်နေဂျာ အသက်၁၅နှစ်အရွယ် ရှောင်လန် – အသက်၁၀နှစ်အရွယ် ချုံနန်ရဲ့ညီမလေးရှန်းရှန်းနဲ့ ရှောင်လန်ရဲ့မောင်လေးရှောင်ပါး သူတို့ငါးယောက်ရဲ့ တွေ့ဆုံဇာတ်လမ်းစပုံလေးကတော့… ချုံနန်တို့မောင်နှမနှစ်ယောက်နဲ့ ရှောင်လန်တို့ မောင်နှမနှစ်ယောက်ဟာ အရမ်းကိုရင်းနှီးတဲ့ကျောင်းနေဖက်တွေဖြစ်ပြီး ရှောင်ယွီကတော့ ကျောင်းပြောင်းလာကာ ရှောင်လန်တို့အိမ်မှာ တည်းနေတဲ့ဧည့်သည်တစ်ယောက်ပါ ရှောင်ယွီ ရှောင်လန်တို့အိမ်ကိုရောက်လာတဲ့နေ့မှာပဲ ရှောင်လန်ရဲ့အဖေ သိပ္ပံပညာရှင်ကျန်းရှန်းဟာ ထူလင်နံပါတ်ကိုးဆိုတဲ့ပစ္စည်းတစ်ခုကြောင့် လူဆိုးတစ်သိုက်ရဲ့ပြန်ပေးဆွဲခြင်းကို ခံလိုက်ရပါတယ် ဒါတင်မကသေးသူတို့လိုချင်တဲ့ပစ္စည်းက ရှောင်လန်တို့ မေ ာင်နှမနှစ်ယောက်လက်ထဲ ရောက်နေတဲ့အခါမှာ လူဆိုးတွေ နည်းလမ်းမျိုးစုံနဲ့ ယူဖို့ကြိုးစားပါတော့တယ် အဲ့ဒီအချိန်မှာ သူတို့ငါးယောက် လူဆိုးတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲဆိုတာကို ဟာသဆန်ဆန်ရိုက်ကူးထားတာမို့လို့ ဒီဇာတ်ကားလေးကို ပေါ့ပေါ့ပါးပါးလေး ကြည့်ကြရမှာပါနော်

5.7 2021
The Shaolin Boy
The Assassin Next Door Kirot
5.7

The Assassin Next Door (2009) The Assassin Next Doorဟာ အစ္စရေးလ်ထုတ် အက်ရှင်ကားပါ။ သူတို့အစ္စရေးလ်အနေနဲ့ဆိုရင်တော့ ဒီအက်ရှင်ကားက ကြည့်ကောင်းတဲ့ထဲ ကောင်းတဲ့ထဲပါတယ်ပြောရမယ်။ အစ္စရေးလ်က ဝေဖန်ရေးသမားတွေတော့ ချီးကျူးကြတယ်။ ကမ္ဘာ့ရုပ်ရှင်နဲ့ပြန်ကြည့်ရင်တော့ Heroic Bloodshed ဆန်ဆန် ဒီကားက Heroic Bloddshedကားတွေရဲ့ တန်းကို မှီဖို့ တော်တော်လိုနေသေးတာမို့ Ratingတော့ မကောင်းရှာဘူး။ ဒါပေမဲ့ အမျိုးသမီးဇာတ်ဆောင်တွေကို အဓိကထားပြီး ဒီလိုကားရိုက်ပြထားတာတော့ သိပ်တော့မများလှတော့ အမျိုးသမီးကြေးစားလူသတ်သမားရုပ်ရှင်တွေကို သဘောကျတဲ့လူတွေအတွက်တော့ ကြည့်သင့်တဲ့ ရုပ်ရှင်ကားပါပဲ။ သတ်ခန်းဖြတ်ခန်းတွေက သိပ်တော့လည်းမညံ့လှပါဘူး။ ဇာတ်ကတော့ သူ့နာမည်အတိုင်း Leonနဲ့တောင်ခပ်ဆင်ဆင်လို့ပြောရမယ်။ ယောကျာ်းအနိုင်ကျင့်တာခံနေရတဲ့မိန်းမရယ် သူ့အိမ်ဘေးနားက ကြေးစားလူသတ်သမားမရယ် ပေါင်းမိပြီး သံယောဇဉ်တွယ်ရာက ကြေးစားလူသတ်သမားမက သူ့အိမ်နီးချင်းမိန်းမကို အစစအရာရာကူညီပေးမိရင်း သူပါ အန္တရာယ်တွင်းထဲကျသွားတဲ့ ဇာတ်ပါပဲ။ Leonကို Female versionပြောင်းပြီး Pedoဆန်ဆန်အစား Glဆန်ဆန်ပြောင်းလိုက်သလိုလိုပါပဲ ။ အက်ရှင်ပရိသတ်တွေတော့ ကြိုက်ကြမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.2 GB) / (940 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Drama, Thriller Duration….01:48:51 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

Drama
5.7 2009 102 mins
The Assassin Next Door Kirot
Alice in Wonderland
6.4

Alice In Wonderland(2010) IMDB : 6.4 Rotten Tomatoes : 50% Genre : Family/Adventure/Fantasy Alice in Wonderland ကို လူတိုင်းသိကြမယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ရဲ့ ငယ်ဘဝတစ်စိတ်တပိုင်းဆိုလည်းမမှားပါဘူး။ ငယ်ငယ်ကတည်းက လောကကြီးကိုရင်ဆိုင်ပြီးတိုက်ခိုက်နေရတဲ့ အသက်အရွယ်ရောက်လာတာတောင်မှ Tim Burton ရဲ့ရုပ်ရှင်တွေကိုကြည့်ပြီး Tim Burton Universe ထဲကိုသွားချင်တဲ့စိတ်ကမကုန်သေးပါဘူး။ Fantasy လောကရဲ့ ဖခင်ကြီး Tim Burton ရဲ့ရုပ်ရှင်တွေဟာ ကြည့်လိုက်တိုင်း ရင်ထဲမှာတော့ တစ်ခုခုကျန်ခဲ့ပါတယ်။ Alice in Wonderland လည်းအဲလိုပါပဲ။ ကျွန်တော်တို့ဟာ ဘဝမှာ တစ်ခါတော့ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice တော့ဖြစ်ချင်ခဲ့မှာပါ။ ရှုပ်ထွေးလှတဲ့ လောကကြီးကနေ အံ့ဖွယ်ကမ္ဘာကိုရောက်သွားတဲ့ Alice ကို အားကျခဲ့မိမှာပါ။ Alice in Wonderland ဟာ Rating အရကြည့်မယ်ဆိုရင်တော့ သိပ်ပြီးအားရစရာမဟုတ်ပေမယ့် Academy ၂ ဆုသိမ်းပိုက်ထားတဲ့ ရုပ်ရှင်ဖြစ်ပြီး ပရိသတ် လူငယ်/လူကြီး ကြိုက်ကြတဲ့ ရုပ်ရှင်တကားဖြစ်ပါတယ်။ Alice in Wonderland Theme Song က ကြက်သီးထစေသလို Avril Lavigne ရဲ့ Alice (Underground) သီချင်းကလည်း တခုခုကိုလွမ်းသွားစေမှာပါ။ ဘဝအမောတွေပြေအောင်လို့ ကြည့်လိုက်ကြပါ၊ ကြည့်ပြီးတဲ့လူတွေလည်း အမြင်တမျိုးနဲ့ပြန်မြင်ရမယ်ထင်ပါတယ်။ ဇာတ်ညွှန်း ချားလ်စ်ဆိုတဲ့ ကုန်သည်တစ်ယောက်မှာ အဲလစ်စ်ဆိုတဲ့ သမီးလေးတစ်ယောက်ရှိတယ်။ အဲလစ်စ်လေးဟာ ငယ်ငယ်ကတည်းက အိမ်မက်တစ်ခုတည်းကိုမက်ပါတယ်။ အဲဒီအိမ်မက်ထဲမှာ ဝစ်စ်ကုတ်ဝတ်ထားတဲ့ယုန်ပါတယ်၊ ဒိုဒိုငှက်ကြီးတစ်ကောင်ပါတယ်၊ ပြုံးနေတဲ့ကြောင်ကြီးတစ်ကောင်ပါတယ်။ အိမ်မက်ဆိုတော့ အတည်မှတ်လို့မရဘူးပေါ့လေ။ “သမီးရူးသွားပြီလား” တဲ့။ ဒါက အဲလစ်စ်လေးရဲ့ သူ့အဖေ ချားလ်စ်ကိုမေးတဲ့အမေး။ ချားလ်စ်ကပြန်ဖြေတယ် “ဟုတ်တယ်၊ သွက်သွက်ခါအောင်ပဲတဲ့။ ဒါပေမဲ့ လျှို့ဝှက်ချက်တစ်ခုအဖေပြောပြမယ်။ အတော်ဆုံးလူတွေအကုန်လုံးက ရူးနေကြတာပဲ” တဲ့။ ဒီလိုနဲ့ အဲလစ်စ်လေး ၁၉ နှစ်သမီးရောက်တော့ ရှေးခေတ်အင်္ဂလန်ပြည်ကြီးရဲ့ထုံးစံအတိုင်း ယောက်ျားပေးစားဖို့ကြံပါတော့တယ်။ ဒါပေမဲ့ လက်ထပ်ခွင့်ကို လက်ခံသည်/မလက်ခံသည် မပြောရသေးခင်မှာ အဲလစ်စ်ဟာ ယုန်တွင်းထဲပြုတ်ကျပြီး အံ့ဖွယ်ကမ္ဘာကြီးကိုရောက်သွားပါတော့တယ်။ ဒီလိုနဲ့ အဲလစ်စ်ဟာ မြေအောက်အံ့ဖွယ်ကမ္ဘာကြီးကို ကယ်တင်ဖို့အကြောင်းဖန်လာပါတော့တယ်။ အဲလစ်စ်လေးတစ်ယောက် အံ့ဖွယ်ကမ္ဘာကြီးကိုဘယ်လိုကယ်တင်မလဲဆိုတာ စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ကြပါဦးခင်ဗျာ။ အရူးဦးထုပ်သမား အဖြစ် မင်းသားကြီး Johnny Depp အဲလစ်စ် အဖြစ် မင်းသမီး Mia Wasikowska ခန်းဆောင်နီဘုရင်မအဖြစ် Tim Burton ကားမှာ မပါမဖြစ် မင်းသမီး Helena Bonham Carter ခန်းဆောင်ဖြူဘုရင်မအဖြစ် အချစ်တော်မင်းသမီး မကြာနု Anne Hathaway ပညာရှိ ပေါက်ဖတ်အဖြစ်အသံသရုပ်ဆောင် မင်းသားကြီး Alan Rickman ခန်းဆောင်နီဘုရင်မ တပ်မှူးအဖြစ် မင်းသား Crispin Glover တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

Action • Adventure • Fantasy
6.4 2010 108 mins
Alice in Wonderland
High Risk
6.1

ဒီကားလေးကတော့ ဂျက်လီရဲ့ ကားလေးတွေထဲက တစ်ကားဖြစ်ပြီးတော့ ပရိတ်သတ်ကြီးတို့သိတဲ့အတိုင်းပဲ comedy ဆန်ဆန်လေးနဲ့ သိုင်းချတာတွေကိုပါ ရောပြီးပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်ဗျ။ ဇာတ်အိမ်လေးကတော့ မင်းသားကြီးဂျက်လီဟာ စစ်တပ်ရဲ့ဗုံးတွေတပ်ဆင်ရေးဌာနမှာ အလုပ်လုပ်နေတဲ့ဗိုလ်ကြီး ကစ်ထ်လီ ဖြစ်ပါတယ်။ တနေ့မှာ သူ့မိန်းမ(ဆရာမ)နဲ့သားလေးဟာ မူကြိုမှာကစားနေတုန်း အကြမ်းဖက်လူတစ်စုဟာ ကလေးတွေကိုဖမ်း ကားပေါ်တင်ပြီး ချိန်ကိုက်ဗုံးတပ်ဆင်ထားပါတော့တယ်။ ကစ်ထ်လီဟာ သူ့အဖွဲ့သားတွေနဲ့အချိန်မီလာနိုင်ခဲ့ပေမဲ့ ဗုံးကိုဖြေရှင်းခဲ့ရာမှာ မှားယွင်းခဲ့ပြီး မိန်းမရော၊သားလေးကိုပါ ဆုံးရှုံးလိုက်ရပါတယ်။ ဒီလိုနဲ့သူဟာ တပ်ကထွက်ပြီး ၂ နှစ်အကြာမှာတော့ ကွန်ဖူးသိုင်းကားတွေရိုက်တဲ့ ဖရန်ကီရဲ့ ကိုယ်စောင့်လူရံတော်အဖြစ်အလုပ်လုပ်နေပါတော့တယ်။ တစ်နေ့မှာ ဖရန်ကီဟာ ဂရန်ဒီဟိုတယ်ဖွင့်ပွဲအခမ်းအနားရဲ့ ရတနာပြပွဲကို ဖိတ်ခေါ်ခံခဲ့ရပြီး ကစ်ထ်လီပါလိုက်ပါသွားခဲ့တယ်။ မထင်မှတ်ထားမိလိုက်တာက ကစ်ထ်လီရဲ့မိသားစုကို သတ်သွားခဲ့တဲ့ အဲ့ဒီအကြမ်းဖက်လူစုဟာ ဒီရတနာပြပွဲရဲ့ ရတနာတွေကိုခိုးယူဖိုကြံနေပါတော့တယ်။ ဒီလိုရှုပ်ထွေးနေတဲ့ ကလဲ့စားချေမှုတွေနဲ့ သန်မာလွန်းတဲ့ရန်သူအကြမ်းဖက်သမားတွေကို ကစ်ထ်လီဟာ ဘယ်လိုပြန်ပြီး လက်စားချေသွားမလဲဆိုတာ အားလုံးပဲကြည့်ရှုလိုက်ကြရအောင်။ File size…(2.3 GB)/(1.4 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:41:00 Genre… Action, Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub)

6.1 1995 101 mins
High Risk