YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Bangkok Blossom S01E08 Final 1080p CM.mp4

951.71 MB N/A video/mp4 47 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
65
6.2

မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကတော့ Scott Beck ဖြစ်ပြီး A Quiet Place ရဲ့ဇာတ်ညွှန်းဆရာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်မှာလည်း အသံမထွက်ရတဲ့အခန်းတွေ များတာလားတော့မသိပါဘူး။ ဇာတ်လမ်းအကျဉ်း မေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပို့ရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။ ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို့ ငွေလိုလို့ လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။ ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ...... File size…(1.5 GB)/(855 GB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:33:00 Genre...Thriller, Science Fiction, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Adventure • Drama • Romance
6.2 2023 92 mins
65
[18+] Fall Guy
2

အမြင့်ကြီးမှာပျံသန်းနေတဲ့ ခိုတွေကိုကြည့်ရင်း ဂျူးလီယပ်စ် နားမလည်နိုင်ဖြစ်ဖူးပါတယ်။ သူတို့ဟာ အဝေးကြီးလည်းသွားလို့ရတယ် အမြင့်ကြီးလည်းပျံနိုင်တယ်။ အတောင်ပံတွေရှိရက်နဲ့ ဒီဆင်းရဲသားရပ်ကွက်ထဲကို ဘာလို့ပြန်ရောက်လာလဲဆိုတာ သူနားမလည်နိုင်ဖြစ်တယ်။ '' ငါသာ ခိုတစ်ကောင်ဖြစ်ခဲ့ရင် ဒီနေရာနဲ့အဝေးကြီးကို ပျံသွားမယ် ဘယ်တော့မှ ပြန်မလာတော့ဘူး " လို့သူပြောပါတယ်။ ဂျူးလီယပ်စ်ရဲ့မိခင်က လွှတ်တော်အမတ်လူချမ်းသာတစ်ယောက်အိမ်မှာ အိမ်ဖော်လုပ်ပြီး ဂျူးလီယပ်စ်ကိုယ်တိုင်လည်း ကျွန်ဝယ်ရာအဆစ်ပါသလို အိမ်ကြီးရှင်သား ဖွန်ဇီရဲ့ လက်တိုလက်တောင်းအလုပ်တွေ လုပ်ရပါတယ်။ ချမ်းသာချင်တဲ့ ဂျူးလီယပ်စ်ဟာ သူဌေးသားနဲ့ အနီးကပ်ပေါင်းရင်း၊ အိမ်တွင်းက သူ့အသုံးအဆောင်တွေကို လစ်ရင်လစ်သလိုခိုးယူသုံးစွဲရင်း တစ်ခါတရံဘဝမေ့သွားတတ်တဲ့အတွက် သူ့အမေက သူ့ကိုသတိပေးရတတ်တယ်။ တစ်နေ့မှာတော့ နိုင်ငံခြားက ပြန်ရောက်လာတဲ့ ဖွန်ဇီ့ညီဝမ်းကွဲကို ဖွန်ဇီနဲ့အတူ သူတို့သူငယ်ချင်းဖြစ်သူရဲ့ပါတီတစ်ခုကို ဂျူးလီယပ်စ်လိုက်ပို့ရပါတယ်။ အဲဒီညမှာပဲ ဖွန်ဇီတို့သုံးယောက်ဟာ သူ့ညီဝမ်းကွဲရဲ့ကောင်မလေးကို အမူးလွန်ဆေးကွဲပြီး မုဒိမ်းကျင့်ရာကလက်လွန်ပြီးကောင်မလေးသေဆုံးသွားပါတော့တယ်။ သူတို့ကတော့ အဲဒီညမှာပဲ တစ်နေရာမှာ မူးပြီး အိပ်ပျော်နေတဲ့ ဂျူးလီယပ်စ်ကို ကောင်မလေး အလောင်းဘေးမှာချပြီး အကွက်ဆင်ခဲ့သလို သူ့အမေ လွှတ်တော်အမတ်နဲ့ သူ့သြဇာခံ ရဲတွေ ရှေ့နေတွေနဲ့မျက်မြင်သက်သေအားလုံးကို ငွေလမ်းခင်းပြီး ဂျူးလီယပ်စ်ကို အခိုင်အမာတရားခံအဖြစ် တွန်းပို့ကြပါတော့တယ်။ အခုချိန်မှာတော့ သူအထင်ကြီးနေတဲ့ လူချမ်းသာအသိုင်းအဝိုင်းရဲ့ ယုတ်မာပက်စက်မှုတွေကို ဂျူးလီယပ်စ်ကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ရပြီး အလွတ်ရုန်းရမယ့်အချိန်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 820MB Quality - 1080p, 720p Format - mp4 Duration - 1H 48Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Comedy
2 2023 106 mins
[18+] Fall Guy
Northeast Disco
5.9

ကိုယ်ကြီးလာတဲ့အခါဘယ်လိုဖြစ်မယ်လို့ပုံဖော်ခဲ့ကြဖူးလဲ? ငယ်ဘဝရဲ့အိပ်မက်နဲ့ ကြီးပြင်းလာတဲ့အခါ တစ်ထပ်တည်းကျတတ်ရဲ့လား? ဒစ္စကိုခေတ်က ကျိုးချွမ်ယွဲ့ဆိုတဲ့ရုပ်ဆိုးဆိုးလူငယ်လေးဟာ မတော်တဆထိခိုက်မိသွားပြီး ပြန်နိုးလာတဲ့အခါ ၂၀၂၂ခုနှစ်ကိုရောက်နေပါပြီ…… နိုးလာတဲ့ကျိုးချွမ်ယွဲ့ဟာ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကြီးစီးပြီး ကုမ္ပဏီဥက္ကဌကြီးဖြစ်နေတာတွေ့လိုက်ရတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူငယ်ငယ်တုန်းက ရင်ထဲကနတ်ဘုရားမလေး ဖုဖန်းဟာသူ့ရဲ့ဇနီးဖြစ်နေပါလား…… ကျိုးချွမ်ယွဲ့လက်မခံနိုင်တဲ့အမှန်တရားကတော့ သူဟာရှယ်ယာရှင်ပြည်သူတွေရဲ့ငွေတွေကိုလိမ်လည်ခဲ့ပြီး မိဘကပါစွန့်လွှတ်ထားတဲ့ လူဆိုးကြီးဖြစ်နေတာကိုပါပဲ…… တစ်နေ့မှသူ့ရဲ့ရည်းစားလုဖက်ဖြစ်ခဲ့တဲ့လိုင်အန်နဲ့ပြန်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့ရည်းစားလုဖက်လိုင်အန်က ဖုဖန်းကိုမမေ့နိုင်သေးပါဘူး….. ဒီလိုနဲ့နှစ်ယောက်သားအကြိမ်ကြိမ်အကွက်တွေထုတ်သုံးပြီး ယှဉ်ပြိုင်ကြတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ အားလုံးကိုသေချာပေါက်စိတ်ပျော်ရွှင်စေမယ့်ကားလေးပဲဖြစ်ပါတယ်နော်၊

Comedy • Romance
5.9 2022
Northeast Disco
The Majestic
6.9

The Majestic (2001) ~ IMDb – 6.9/10, Rotten Tomatoes – 42% ~ ဒီရုပ်ရှင်နဲ့ ပတ်သက်ရင် ပြောစရာတွေများပါလိမ့်မယ်။ ဝေဖန်သံဆူသလောက် ချီးမွမ်းသံညံခဲ့တဲ့ရုပ်ရှင်ပါ။ The Shawshank Redemption, The Green Mile နဲ့ The Mist တို့ရဲ့ ပဲ့ကိုင်ရှင် ဒါရိုက်တာကြီး Frank Darabont လက်ရာကို အသည်းစွဲခဲ့ဖူးတဲ့လူတွေကတော့ “ဆရာကြီး ခင်ဗျားဒီတစ်ခါ နည်းနည်းလက်ချော်သလိုပဲနော်” လို့ ပြောချင်ကြမှာပေါ့။ အနုပညာလက်ရာအားဖြင့်ဆိုတာထက် အပေါ်ကလို Box Office မှာ ဝင်ငွေအရကော အနုပညာအရပါ အောင်မြင်ခဲ့တဲ့ကားတွေကိုရိုက်ခဲ့တဲ့ ဒါရိုက်တာကြီးက Jim Carrey ကို မင်းသားတင်ရိုက်တာတောင် ဝင်ငွေအရ 49 သန်းလောက် ရှုံးခဲ့လို့ပါတဲ့လေ။ ရုပ်ရှင်ကားတစ်ကားကို ဝေဖန်ဖို့ Box Office လေးတစ်ခုတည်းကိုပဲ ကြည့်လို့မရမှန်း အနည်းနဲ့အများတော့လက်ခံကြမှာပါ။ လူတွေရဲ့အမြင်နဲ့ရပ်တည်ချက်တွေကိုတော့ ဘယ်သူကမှ မထိန်းချုပ်နိုင်ဘဲကိုး။ ဒီရုပ်ရှင်ထဲမှာ ဒီအကြောင်းလေးလည်းပါလာပါသေးတယ်။ ရုပ်ရှင်အကြောင်းကတော့ ရုပ်ရှင်အကြောင်းပဲ။ ဒီရုပ်ရှင်အတွက် အမေရိကန်နိုင်ငံရဲ့ ၂၀ ရာစုအလယ် ရုပ်ရှင်လောကအခြေအနေလေးတစ်ခုကို အရင်ပြောပြချင်ပါတယ်။ ဒုတိယကမ္ဘာစစ်အပြီး အမေရိကန်နိုင်ငံမှာ Red Channel ဆိုတဲ့ အဖွဲ့အစည်းတစ်ခုရှိခဲ့တယ်။ သူတို့ရဲ့တာဝန်ကတော့ ရေဒီယိုနဲ့ တီဗီလောကမှာ ကွန်မြူနစ်နဲ့ လက်ဝဲဝါဒ လွှမ်းမိုးမှုမရှိစေရေးပေါ့။ သူတို့က အဲဒီလိုအယူအဆရှိတဲ့အနုပညာရှင်တွေကို နာမည်ပျက်စာရင်းသွင်းတယ်။ အဲဒီလိုအသွင်းခံရတဲ့လူတွေက အနုပညာလုပ်ခွင့်မရှိတော့ဘူး။ ရပ်တည်ခွင့်တောင်ရဖို့ ခပ်ရှားရှားပဲ။ အဆိုးဆုံးအနေနဲ့ဆိုရင်ထောင်ပါကျကြတာရှိတယ်။ အဲဒီလိုတောင် အမေရိကန်မှာ ကွန်မြူနစ်ဆန့်ကျင်ရေးက ကြမ်းခဲ့တာပေါ့။ ရုပ်ရှင်ဘက်ပြန်သွားရမယ်ဆိုရင်… ပီတာ (Jim Carrey) က တက်သစ်စ ဇာတ်ညွှန်းရေးဆရာ။ တစ်နေ့ကျတော့ မထင်မှတ်ဘဲ အစောကပြောခဲ့တဲ့ Red Channel ကနေ ကွန်မြူနစ်ပါလို့ စွပ်စွဲတာခံရပါလေရော။ အကြောင်းကတော့ ကောလိပ်တုန်းက လက်ဝဲကလပ်တစ်ခုရဲ့ အစည်းအဝေးတက်ခဲ့လို့တဲ့ (ဘာကြောင့်တက်ခဲ့တာလဲဆိုတာတော့ ရုပ်ရှင်ထဲမှာပဲကြည့်လိုက်ပါတော့)။ အဲဒါကြောင့် သူကစိတ်ညစ်ပြီး မူးမူးရူးရူးနဲ့ ကားမောင်းတုန်း မြစ်ထဲကျသွားတယ်။ သူလည်းအတိတ်မေ့ပြီး လော်ဆန်ဆိုတဲ့ မြို့ငယ်လေးတစ်ခုမှာကမ်းတင်သွားခဲ့တယ်။ လူ့လောကဆိုတာ တိုက်ဆိုင်မှုအက်တမ်တွေနဲ့ဖွဲ့စည်းထားတဲ့ ဒြပ်ထုတစ်ခုပဲ။ ဒီလိုတိုက်ဆိုင်မှုတွေကပဲ ကျွန်တော်တို့ကို ဘဝလမ်းမကြီးပေါ် မောင်းနှင်ပေးတာ။ တိုက်ဆိုင်စွာနဲ့ ပီတာကလည်း သူနဲ့ရုပ်ချင်းချွတ်စွပ်တူတဲ့ လုခ်ဆိုတဲ့ လူတစ်ယောက်နေထိုင်ခဲ့တဲ့ မြို့လေးကိုရောက်သွားတယ်။ ထပ်တိုက်ဆိုင်လိုက်ပုံများ သူကပါအတိတ်မေ့နေလေတော့ မြို့ခံတွေကလည်း သူ့ကို လုခ် လို့ထင်ကြတာပေါ့။ လုခ်ကလည်း ပျောက်ဆုံးသွားတာ ဆယ်စုနှစ်တစ်ခုရှိပြီဆိုတော့ အတိတ်မေ့သွားတာဖြစ်နိုင်ကောင်းပါရဲ့။ ဒီလိုနဲ့ သူဟာ မသက်ဆိုင်တဲ့ထီးနန်းကို အပိုင်စားရတဲ့အိမ်ရှေ့စံတစ်ပါးဖြစ်လာတယ်။ The Majestic ဆိုတာ အဲဒီမြို့လေးရဲ့ ရုပ်ရှင်ရုံတစ်ခုပေါ့။ ဒီရုပ်ရှင်ကိုစကြည့်လိုက်တာနဲ့ အဲဒါကိုခန့်မှန်းမိပြီးသားဖြစ်မယ်ထင်လို့ ကြိုပြောလိုက်တာပါ။ ဒါပေမဲ့ ဇာတ်လမ်းဟာ Majestic မှာ မတည်ဘူး။ တစ်ချိန်က ခမ်းနားဖူးတဲ့နန်းတော်ဟာ အခုတော့ ခြေကုန်လက်ပမ်းကျလို့။ ပီတာက မြို့ခံတွေဝတ်ပေးတဲ့ လုခ်ဝတ်ရုံကိုဆင်မြန်းရင်း ပုလ္လင်ထက်မှာ စံမြန်းတယ်။ ဒါပေမဲ့ မထိုက်သူဟာ မျက်ရည်တွေနဲ့ ဒူးထောက်ရတတ်စမြဲပဲမဟုတ်လား။ ထိုက်သူ မထိုက်သူဆိုတာကို ကံကပဲဆုံးဖြတ်တယ်။ ကံဟာ ကမ္မ အလုပ်။ အဆုံးသတ်တော့ ကိုယ်နဲ့ပဲဆိုင်တာပေါ့။ ဒီလိုနဲ့ ပီတာဟာ စုန်ချည်ဆန်ချည်နဲ့ ဘယ်ကမ်းမှာ သောင်တင်မလဲဆိုတာကို ရသပေါင်းစုံနဲ့ကြည့်ရှုရမှာပါ။ Cast တွေကလည်း ပစ်ရက်စရာမရှိတဲ့အပြင် ဒါရိုက်တာကလည်း ကျွန်တော်တို့နဲ့ မစိမ်းတဲ့သူဆိုတော့ ရင်းနှီးနေသလို ခံစားချက်လေးတစ်ခုရပါလိမ့်မယ်။ ထူးထူးဆန်းဆန်းဆုအနေနဲ့ Location နဲ့ပတ်သက်တဲ့ဆုလေးတစ်ခုလည်း ရထားတာကြောင့် ကြည့်ဖြစ်ခဲ့ရင် ရုပ်ရှင်ရိုက်ကွက်တွေအပြင် ရှုခင်းလေးတွေကိုပါ ခံစားကြည့်ဖို့အကြံပေးချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.5GB, 1.2GB Quality – 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 4Min Genre – Comedy, Drama, Fantasy Subtitle – Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Drama • Mystery • Thriller
6.9 2001 152 mins
The Majestic
Dry Day
8.3

Dry Day (2023) “ခြောက်ကပ်ကပ်နေ့များဆီသို့… ” Crackdown(2022)စီးရီးထဲက မင်းသမီးချော ရှရှီယာပေလ်ဂွန်ကာနဲ့ ကားရိုက်ကျဲတဲ့ မင်းသား ဂျစ်တန်ဒရာကူးမားတို့ရဲ့ ဘောလိ၀ုဒ် အချစ်ဟာသဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ Dry Dayဆိုတာ အိန္ဒိယမှာ အရက်ရောင်းချခွင့်တားမြစ်တဲ့နေ့။ဒါပေမဲ့ သောက်လို့တော့ရတယ်ထင်ပါရဲ့။ သောက်ပြီဟေ့ဆိုရင် နှစ်ပင် သုံးပင်လိမ်အောင်သောက်တဲ့ ဂန်နူးကူးမား။ မနက် အိပ်ယာကနိုးပြီဆိုရင်တော့ ကျွတ်တသပ်သပ်နဲ့ နောက်မသောက်တော့ပါဘူး နှစ်ပင်မလိမ်တော့ပါဘူးလို့ ဘုရားတပြီး ကျိန်တဲ့သူ။ အမူးပြေရင် ထန်းနို့မော့ကြည့်ဆိုတာလိုပဲ အရှိန်လေးကျပြီဆိုတာနဲ့ အရက်ဆိုင်ဝင်တော့တာပါပဲ။ ဒီလိုအရက်သမားကို အဖေကျောင်းဆရာကြီးရဲ့စကား နားမထောင်ဘဲ တည့်မတ်ပေးလို့ရမှာပါဆိုပြီး ယူခဲ့မိတဲ့ လင်ဆိုးမယားလေးကတော့ နီရ်မာလာ။ ဘာအလုပ်မှမယ်မယ်ရရ မလုပ်ဘဲ သောက်သောက်စားစား လူမင်းသားလုပ်နေတဲ့ယောကျ်ားဖြစ်သူကြောင့် ကလေးမယူပါဘူးလို့ ဆုံးဖြတ်ထားတဲ့ကြားက ကိုယ်ဝန်လွယ်ရပါရော။ စိတ်တိုတိုနဲ့ပဲ ယောကျ်ားဖြစ်သူကို တော် သောက်သုံးကျရင်ကျ မကျလို့ကတော့ ဒီကိုယ်ဝန်ဖျက်ချမှာလို့ ကြိမ်းပါတော့တယ်။ ကလေးလိုချင်သူ ယမကာလုလင်လေး မောင်ဂန်နူးတစ်ယောက် ဘာလုပ်လဲဆိုတော့ သူနဲ့ကျေးဇူးမကင်းတဲ့ နိုင်ငံရေးသမားကြီးအကူအညီနဲ့ အမတ်ဖြစ်ဖို့ကြံပါရောလား။ အမတ်လောင်း အရက်သမားဂန်နူးပေးတဲ့ကတိက ဒီမြို့နယ်တခွင် အရက်ကင်းစင်ရမယ်တဲ့။ အဲဒီမှာပဲ ကြုံတွေ့လာတဲ့ အတိုက်အခိုက် အယှဉ်အပြိုင်တွေရယ် အရက်သမားတစ်ယောက်က သူပေးတဲ့ကတိကိုတည်နိုင် အကောင်အထည်ဖော်နိုင်မလားဆိုတာရယ်တော့ ဆက်လက်ကြည့်ရှုခံစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamတို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

Documentary • Drama • Crime
8.3 2023
Dry Day
AIMEE: The Visitor

Keyes ဟာ သူငယ်ချင်း နှစ်ယောက်နဲ့အတူ အခြားသူတွေ ဖန်တီးထားတဲ့ ကွန်ပျူတာ ဆော့ဖ်ဝဲတွေကို ခိုးပြီး ပြန်ရောင်းနေတဲ့ ဟက်ကာ တစ်ယောက်ဖြစ်ကာ ညစ်ညမ်းကားတွေကြည့်၊ အပြင်စာတွေ စားသောက်၊ အိမ်တွင်းပုန်းကာ ဘဝကို အချိန်ဖြုန်းနေသူ တစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့မိတ်ဆွေ နှစ်ဦးထံမှ ဆော့ဖ်ဝဲတစ်ခုကို ရရှိခဲ့ပါတယ်။ ထိုဆော့ဖ်ဝဲဟာ AIMEE လို့ အမည်ရတဲ့ AI ပရိုဂရမ် တစ်ခုဖြစ်ကာ ခိုးရာပါ ပစ္စည်းဖြစ်တဲ့အတွက် မူရင်းဖန်တီးသူကိုတော့ မသိရပါဘူး။ ထို AIMEE ဟာ သူ့ကို activate လုပ်လိုက်တဲ့သူကို ပိုင်ရှင်အဖြစ် သတ်မှတ်ကာ အရာရာကို ခဏချင်းအတွင်း စကန်ဖတ်ကာ လေ့လာနိုင်စွမ်းမြင့်တဲ့ စနစ်တစ်ခုဖြစ်ပါတယ်။ သူဟာ ပိုင်ရှင်နဲ့ ပတ်သက်တဲ့ အရာတွေ၊ မိတ်ဆွေတွေသာမကပဲ ခံစားချက်တွေကိုပါ ဖတ်နိုင်သူ ဖြစ်ပြီး ကူညီပေးနေတဲ့အတွက် ပိုင်ရှင်ရဲ့ နေ့စဉ်လုပ်ငန်းတွေကို ပိုပြီး လွယ်ကူ လျှင်မြန်အောင် စွမ်းဆောင်ပေးနိုင်တဲ့အတွက် အိမ်တွင်းပုန်းဖြစ်တဲ့ Keyes အတွက်တော့ ပြီးပြည့်စုံမှု တစ်ခု ဖြစ်လို့နေပါတယ်။ ဒါပေမဲ့ ဘယ်အတိုင်းအတာအထိ AIMEE က လေ့လာနိုင်တာလဲ၊ လူသားတစ်ယောက်ထက် သာလွန်ပြီး လွှမ်းမိုးချုပ်ကိုင်နိုင်တဲ့ AI ပရိုဂရမ်တစ်ခုလား။ ဒီဇာတ်ကားဟာကြောက်စရာ ကောင်းလောက်အောင် တိုးတတ်မြင့်မားလှတဲ့ နည်းပညာအကြောင်းကို သည်းထိတ်ရင်ဖို ခံစားချက်တွေ ခံစားရရှိနိုင်စေမဲ့ ရုပ်ရှင်ကား တစ်ကားပဲ ဖြစ်ပါတယ်။ File size…(983 MB)/(474 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:09:00 Genre…Horror, Sci-Fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Vio LA

Science Fiction • Drama
0 2023
AIMEE: The Visitor
The Legend of Muay Thai: 9 Satra
7.3

“မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး” မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimation ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ ဇာတ်လမ်းအကျဥ်းကိုပြောပြရရင် ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက် သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီး ပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့် ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ… မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီး ဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာ မွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့ စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်း အကျဥ်းချထားပါတယ်။ ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာ ဖျက်ဆီးဖို့ကြံပါတော့တယ်…။ သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာ မှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာ အဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ် ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့် မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ.. လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူ တော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

7.3 2018
The Legend of Muay Thai: 9 Satra
Malayalee from India
6

Malayalee From India 2024 ကြုံရဆုံရ ဒီဘဝ IMDb – 6.1/10 Heavy plotတွေပဲကြည့်ရတာ ရိုးအီနေသူတွေအတွက် ပေါ့ပေါ့ပါးပါးနဲ့ ဟာသခပ်များများပါတဲ့ ရိုးရှင်းတဲ့ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းကတော့ ယဉ်ကျေးမှုမတူ လူမျိုးမတူ အတွေးအမြင်မတူတဲ့ ဆရာတပည့်နှစ်ယောက်ကြားက သံယောဇဉ်အကြောင်းလေးကို ပုံဖော်ထားတာပါ။ မလေယာလီသား ဂိုပီဟာ သူငယ်ချင်းနဲ့ပေါင်းပြီး ပြဿနာအိုးလုပ်နေတဲ့ ဇိုးတစ်ယောက်၊ ဒီလိုနဲ့ အရေးအခင်းတစ်ခုမှာ သူငယ်ချင်းနှစ်ယောက် ပဲလှော်ကြားဆားညှပ်အဖြစ်ရောက်ပြီး ဂိုပီတစ်ယောက် နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ ပို့ခံလိုက်ရပါတော့တယ်။ ဖြစ်ချင်တော့ ဂိုပီရဲ့ဆရာက ပါကစ္စတန်လူမျိုး အိန္ဒိယနဲ့ပါကစ္စတန်ရဲ့ ရန်စတွေက အခုထိလည်း မငြိမ်းသေးတာမလို့ ဘုနဲ့ဘောက်ဖြစ်ရတဲ့ထဲ ဆရာသမားက မလေယာလီသားတစ်ယောက် တစ်ပတ်ရိုက်တာခံရဖူးတာကြောင့် မလေယာလီသားကို ပိုပြီးတော့ မျက်စိဆံပင်မွေးစူးနေတဲ့အခါ…. အလွဲလွဲအချော်ချော်နဲ့ ဘယ်လောက်ပဲမတည့်အတူနေဖြစ်နေပါစေ အရေးကြုံလာတော့ သွေးစည်းရသလိုပဲ ဒီဆရာတပည့်နှစ်ယောက်လည်း ရန်ဖြစ်ငြင်းခုန်ရင်းနဲ့ ဘယ်လိုသံယောဇဉ်တွယ်လာကြမလဲ။ ဘဝကပေးတဲ့အတွေ့အကြုံတွေကြောင့် ဇိုးလေးဂိုပီတစ်ယောက်ရော လူကောင်းတစ်ယောက်ဖြစ်လာမလားဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

Science Fiction • Drama • Thriller
6 2024
Malayalee from India
Silent Love
6

Silent Love ( 2024 ) ဇာတ်အိမ်လန်းလန်းနဲ့ ဂျပန်ရိုမန့်တစ်ရုပ်ရှင်ပါ။ ပုံမှန်ဂျပန်ရုပ်ရှင်တွေလို အရမ်းငြိမ်နေတဲ့ပုံစံနဲ့သွားတာမဟုတ်လို့ ဂျပန်ရုပ်ရှင်ပရိသတ်မဟုတ်တဲ့ အာရှရုပ်ရှင်ပရိသတ်တွေအတွက်လည်း အကြိုက်တွေ့လောက်မယ့် ရုပ်ရှင်ပါပဲ။ ရိုမန့်ကားတွေမှာ ပြဿနာက မတူတဲ့ပုံစံတစ်ခု အသစ်ထွက်လာဖို့ တော်တော်ခက်ခဲတာပါပဲ။ ဖြစ်နိုင်သလောက် အကုန်လုံးရိုက်ပြပြီးပြီ။ ထပ်ကျော့လည်း ရိုက်ပြခဲ့ပြီးပြီ။ အသစ်ကောင်းကောင်းတစ်ခုခုပေါ်လာဖို့က တော်တော်ကြုံတောင့်ကြုံခဲလိုဖြစ်နေတယ်။ ဒါက ဇာတ်အိမ်ကို အဓိက အခြေအတည်တဲ့ အမျိုးအစားအတွက်ပဲ ပြောတာပါ။ ပြောရရင် ဒီကားကို စစဖွင့်ချင်းတုန်းက ကျွန်တော်လည်း မျှော်လင့်ချက်မထားထားတော့ စစအခန်းနဲ့တင် နာမည်ကြီးရိုမန့်ကားထဲက အခန်းပဲဟ။ ဒါထပ်ရိုက်ပြဦးမှာလားတွေးမိပေမဲ့ ထင်တာနဲ့တော့ လွဲသွားတယ်။ ဒီတော့ ရိုးအီနေမှာစိုးလို့ ရိုမန့်မကြည့်ဖြစ်တော့ရင်တောင် ဒီကားတော့ စမ်းကြည့်သင့်တယ်ထင်တာပါပဲ။ ဇာတ်ကတော့ ပီယာနိုတီးတာက ဘဝတစ်ခုလို့ ခံယူထားတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ တစ်နေ့ သူက မျက်စိကွယ်သွားတော့ သတ်သေဖို့လုပ်တယ်။ ဒါကို သန့်ရှင်းရေးသမားကောင်လေးက ကယ်လိုက်တယ်။ အဲဒီကောင်လေးကလည်း စကားမပြောနိုင်ဘူး။ ဒီကနေသူတို့ရေစက်စတယ်ပေါ့။ ဒီလိုနဲ့ ကောင်မလေးက ပြန်ကောင်းဖို့လမ်းစလည်းရတော့ ဆက်ရှင်သန်ဖို့ကြိုးစားတယ်။ ကောင်လေးကလည်း ကောင်မလေးကျောင်းမှာ အလုပ်လုပ်နေတော့ သူတို့ ရေစက်ထပ်ဆုံဖို့ဖြစ်လာတယ်။ ဒီကနေ မတူတဲ့ဘဝနှစ်ခု ရေစက်ဆုံရာက အိပ်မက်တွေသက်သက်ပဲဖြစ်သွားမလား။ တကယ်ဖြစ်လာမလား တခြားအကွေ့အချိုးတွေနဲ့ ဆက်ကြည့်ရမှာပါ။ နောက်ထပ်ကာရိုက်တာ တစ်ယောက်နဲ့အချိတ်အဆက်လုပ်ထားတာလည်း ရှိသေးတာမို့ ဇာတ်လမ်းအစစ်က ကျွန်တော်အကျဉ်းပြောခဲ့သလောက်တော့ ပျင်းဖို့မကောင်းပါဘူး။ လွယ်လွယ်လေးပြောရရင် ဒီဇာတ်လမ်းက ကမ္ဘာချင်းမတူတဲ့ မျက်မမြင်ကောင်မလေးနဲ့ အအကောင်လေးရဲ့ မဖြစ်နိုင်တဲ့အချစ်တစ်ခုကို ဖြစ်အောင်လုပ်ကြည့်ကြတဲ့အကြောင်းပါပဲ။ ( အညွှန်းနဲ့ ဘာသာပြန်ထားသူကတော့ WiRa Aung ပါ ) File size_(1.9GB)/(950MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:50:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung

6 2024
Silent Love
Beetlejuice Beetlejuice
7

Beetlejuice Beetlejuice (2024) IMDb Rating (7.0) / Rotten Tomatoes (77%) Wednesday မင်းသမီး Jenna Ortega ပါဝင်ထားတဲ့ သဘာဝလွန် ဟော်ရာ ဟာသ စိတ်ကူးယဉ် ရုပ်ရှင်အသစ်ကြီး ရပါပြီ။ ဒါရိုက်တာကတော့ Wednesday, 9, Beetlejuice, Edward Scissorhands, Copse Bride စတဲ့ ကမ္ဘာကျော် ဟော်ရာကားတွေရဲ့ ဖန်တီးရှင် တင်မ် ဘာတန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Beetlejuice (1988) ရဲ့ sequel အနေနဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဘီတယ်ဂျုစ်အဖြစ် မင်းသားကြီး Michael Keaton က ပါဝင်ထားပါတယ်။ မမ Monica Bellucci , Willem Dafoe , Winona Ryder တို့လို ဝါရင့်သရုပ်ဆောင်တွေလဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့… လစ်ဒီရာဆိုတဲ့ အမျိုးသမီးဟာ သရဲတွေကို မြင်နိုင်တွေ့နိုင် စကားပြောနိုင်တယ်လို့ နာမည်ကြီးပြီး သူ့ရဲ့ ရှိုးအစီအစဉ်တွေကလည်း အရမ်းကိုလူကြိုက်များပါတယ်။ သူ့ရဲ့အစွမ်းကိုအလိမ်အညာတွေလို့ပဲ သတ်မှတ်ထားတဲ့ သူ့ရဲ့သမီးနဲ့တော့ သိပ်မသင့်မြတ်ပါဘူး။ လစ်ဒီရာရဲ့ ခင်ပွန်းကလည်း သေသွားတာကြာပြီဖြစ်ပေမဲ့ လစ်ဒီရာက သူ့ကိုမမြင်ရဘူး ရှာမတွေ့ဘူးဆိုတာကြောင့်လည်း သူ့ရဲ့သမီး အက်စထရစ်က မယုံတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ လစ်ဒီရာရဲ့ အဖေ ဆုံးသွားတာကြောင့် ဈာပနလုပ်ဖို့ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ လစ်ဒီရာတစ်ယောက် သူ့ကို လက်ထပ်ချင်နေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရသလို လစ်ဒီရာရဲ့သမီး အက်စထရစ်ကလည်း ကောင်လေးတစ်ယောက်နဲ့ ခင်မင်ပြီး ချိန်းတွေ့မိရင်း တမလွန်လောကကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အက်စထရစ်ကို ကယ်ဖို့နဲ့ နတ်ဆိုးလက်ကနေ အလွတ်ရုန်းဖို့ လစ်ဒီရာတစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)

7 2024 105 mins
Beetlejuice Beetlejuice
The Woman in Black
6.4

The Woman in Black (2012) IMDb Rating (6.4) / Rotten Tomatoes (66 %) ဟယ်ရီပေါ်တာမင်းသား Daniel Radcliffe ဦးဆောင်ပါဝင်ထားတဲ့ ဂေါ့သစ်ဟော်ရာဇာတ်ကားပါ။ ဇာတ်လမ်းကတော့… အာသာက လန်ဒန်အခြေစိုက်ရှေ့နေတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့လေးနှစ်တုန်းက သူ့ဇနီးသည်ကိုမီးတွင်းထဲမှာဆုံးရှုံးခဲ့ရပါတယ်။ အခုချိန်မှာတော့ သားဖြစ်သူကိုအဖော်ပြုနေထိုင်ပေမယ့် အာသာအတွက် သူ့ဇနီးဟာ အနားမှာရှိနေသေးပြီး သူ့ကိုဆက်သွယ်ဖို့ကြိုးစားနေတယ်လို့ခံစားမိတုန်းပါပဲ။ တစ်နေ့တော့ သူအလုပ်လုပ်တဲ့ ဥပဒေအဖွဲ့ရဲ့တာဝန်ပေးချက်နဲ့ဝေးလံတဲ့နယ်မြို့လေးတစ်မြို့မှာ ဆုံးပါးသွားတဲ့ အဘွားကြီးတစ်ယောက်ရဲ့စာရွက်စာတမ်းတွေကိုသွားရောက်သိမ်းဆည်းရဖို့ဖြစ်လာခဲ့ပါတယ်။ အာသာရောက်သွားချိန်မှာ တည်းခိုဖို့နေရာအခက်အခဲနဲ့တွေ့ရသလို၊ သူနဲ့ဆက်သွယ်ဖို့ချိတ်ဆက်ပေးထားတဲ့ မြို့ခံလူကလည်း ဖိုင်တစ်ခုလက်ထဲထိုးပေးပြီး မှီရာရထားနဲ့ချက်ချင်းပြန်ဖို့ပြောပါတယ်။ ဒါပေမယ့်လည်း သူ့အဖွဲ့ကပေးထားတဲ့ တာဝန်ကို ကျေအောင်မလုပ်နိုင်ရင် အလုပ်ကိုထိခိုက်ဖို့ရှိတဲ့အတွက် ခေါင်းမာမာနဲ့ အဲ့ဒီအိမ်ကြီးဆီကိုသွားဖို့ဖြစ်လာပါတော့တယ်။ အိမ်ကြီးကလူသူမနီးတဲ့ အစွန်အဖျားတောအုပ်တစ်ခုမှာရှိပြီး အိမ်ကြီးနဲ့ပင်မနယ်မြေကို တာရိုးလမ်းတစ်ခုနဲ့ဆက်သွယ်ထားပါတယ်။ အဲ့ဒီတာရိုးလမ်းဟာ ဒီရေတက်ချိန်ဆိုရင် ရေလွှမ်းနေတဲ့အတွက် အသွားအလာလုပ်လို့မရပါဘူး။ အခုသူကြုံတွေ့နေရတဲ့ အဆင်မပြေမှုတွေဟာ အစပိုင်းသာရှိသေးပြီး ဒီထက်ပိုပြီး ခြောက်ခြားစရာတွေ၊အန္တရာယ်တွေနဲ့ ပဟေဠိတွေကအိမ်ကြီးထဲမှာ သူ့ကိုစောင့်ကြိုနေမယ်ဆိုတာ အာသာ မသိခဲ့ပါဘူး။ ဒီရုပ်ရှင်ကားက အောင်မြင်ခဲ့တဲ့ နာမည်ကျော်၀တ္ထု The Woman in Black ကိုပဲအခြေခံဖန်တီးထားတာဖြစ်ပြီး ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေပါ အကြိုက်တွေ့ခဲ့တဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းဇာတ်အိမ်ရော ခြောက်လှန့်တဲ့အခန်းတွေပါ အတော်မိုက်ပါတယ်။ အဆက်အနေနဲ့ The Woman in Black 2: Angel of Death (2014) ဆိုတဲ့ကား ဆက်ထွက်ခဲ့ပြီး CM မှာ တပြိုင်တည်းတင်ပေးထားပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Alias မှ တင်ဆက်ထားပါတယ်။)

6.4 2012 95 mins
The Woman in Black
Bring It All Back Home
5.8

ဒီဇာတ်ကားကတော့ ဘာ Genre လဲပြောဖို့တောင်အတော်ခက်ပါတယ် Actionမဟုတ် Drama လို့လည်းပြောမရ Crime လည်းမဟုတ်ပါ.. ဇာတ်လမ်းကတော့ တစ်ချိန်ကအောင်မြင်ခဲ့ဖူးတဲ့Base Ball ကစားသမားတစ်ယောက်က သူ့ဘဝရဲ့အကျပိုင်းမှာ မွေးရပ်မြေကို ပြန်လာခဲ့ပြီး လေလွင့်နေရင်း သူ့ရဲ့ရည်းစားဟောင်းကပါ ဘဲအသစ်ရထားပြီး သူနဲ့ဘယ်လိုမှ ပြန်မဖြစ်နိုင်တေ့ာတာကြောင့် သူငယ်ချင်းနဲ့ ညီဖြစ်သူကို အဖော်ပြုရင်း သောက်တလွဲတွေ အဓိပ္ပါယ်မဲ့တဲ့ပေါက်လွတ်ပဲစားတွေလုပ်တဲ့ဇာတ်လမ်းလေးပါ.. အဖော်အချွတ်ဇာတ်ဝင်ခန်းတွေမပါပေမယ့် Curse words တွေနဲ့ တစ်ခါ‌တစ်ခါ ပြောလိုက်တဲ့ Dialogue တွေက အင်မတန် ရိုင်းတာမျိုး ပါတတ်လို့ မိသားစုနဲ့အတူကြည့်လို့တော့ အဆင်မပြေပါဘူးခင်‌ဗျာ… File size… (1.07 GB) / ( 562 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 27m Genre …..Comedy , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Nice Guy

5.8 2025 87 mins
Bring It All Back Home
The Uninvited
5.4

The Uninvited (2024) IMDb Rating (5.4) / Rotten Tomatoes (78%) ဒီဇာတ်လမ်းလေးရဲ့အစကတော့ Hollywood Hills မှာနေတဲ့ လင်မယားနှစ်ယောက်ဖြစ်တဲ့ Sammy နဲ့ Rose က ညနေခင်းပါတီပွဲတစ်ခု သူတိုအိမ်မှာ စီစဉ်ထားကြတယ်။ ဒါပေမယ့် ပါတီပွဲ စပြီးကျင်းပနေတဲ့အချိန်မှာပဲ Helen ဆိုတဲ့ အဘွားကြီးတစ်ယောက်က သူတိုအိမ်ကိုရောက်လာပြီး အဲဒါသူ့ရဲ့အိမ်ပါလို ပြောလာတယ်။ Rose လည်း လမ်းပျောက်နေပုံရတဲ့ Helen ကို အိမ်ထဲခေါ်ပြီး Helen ရဲ့ မိတ်ဆွေတွေဆီကို ဖုန်းဆက်အကူအညီတောင်းခဲ့တယ်။ အဲဒီမှာ Rose သိလိုက်ရတာက Helen မှာ ရောဂါတစ်ခုရှိပြီးတော့ မကြာခင်ဆုံးတော့မယ်ဆိုတာကိုပါပဲ။ အဲဒီအပြင် Ross ရဲ့ ရည်းစားဟောင်း Lucian ပါတီပွဲကို ရောက်လာတာတွေ၊ Helen ရဲ့ သူငယ်ချင်းကို ဖုန်းဆက်ပြီး လာခေါ်ခိုင်းတာတွေနဲ့ ဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သရုပ်ဆောင်လောကရဲ့ အသက်အရွယ်အရေးပါမှုတွေ၊ တကယ့်လက်တွေ့ ဟောလိဝုဒ်ရဲ့ အိမ်ထောင်ရေးနဲ့ ဆက်ဆံရေးပြဿနာတွေနဲ့အတူ ဟာသနှောပြီး ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.2 GB) / (580 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama Duration….01:38:18 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

5.4 2024 98 mins
The Uninvited
One Piece Film: GOLD
7.1

One Piece Film: Gold (2016) ———————————– IMDB – 7.1/10, MyAnimeList – 7.8/10 One Piece Movies တွေထဲမှာ ၁၃ ကားမြောက်ဖြစ်ပြီး Runtime အရှည်ဆုံး ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းသဘောအရတော့ Dressrosa Arc အပြီးကာလဝန်းကျင် ဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ ဘယ်လိုနေနေပါ Movie တွေအကုန်လုံးက Non-canon ဖြစ်တဲ့အတွက် အေးဆေးကြည့်လို့ရပါတယ်။ Non-canon ဆိုလို့ အထင်တော့ မသေးလိုက်နဲ့ဗျာ ဇာတ်လမ်းဇာတ်အိမ်ကလည်း မိုက်တဲ့အပြင် Villain ကောင်တွေကလည်း Awaken ဖြစ်နေပြီးသား ဆရာကြီးဆိုတော့ အသေအကျေ တိုက်ခိုက်တာတွေ ကြည့်ရဖို့သာ ပြင်ထား။ ဒီကားမှာ တစ်ခုသဘောကျမိတာလေးက ခါတိုင်းလို သာမန် Adventure အပြင် Ocean Eleven တို့လို Money Heist တာလေးတွေ MI ရုပ်ရှင်တွေလို ပလန်လေးတွေချ အဖွဲ့ကိုယ်စီ Mission လုပ်တာလေးတွေက တော်တော်မိုက်တယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဆရာ Luffy တို့ တစ်သိုက် ကမ္ဘာ့နံပါတ် ၁ ဖျော်ဖြေရေးဆိုတဲ့ ဧရာမ Gran Tesoro ဆိုတဲ့ကျွန်းပေါ်ကို ရောက်လာရာက စတယ်။ တစ်ကျွန်းလုံးက တကယ်တမ်း ဧရာမသင်္ဘောကြီးတစ်ခု နောက်ပြီး အကုန်လုံးကို ရွှေတွေနဲ့ ဖန်တီးပြုလုပ်ထားတာ။ ထုံးစံအတိုင်း အသစ်အဆန်းဆို မျက်လုံးတွေ အရောင်တောက်ပြီး ဘာကိုမှ မမြင်တော့တဲ့ ဆရာသမားတွေကို ကျွန်းပေါ်က ပိုင်ရှင်အဖွဲ့ကနေ VIP ဧည့်သည်တွေပါ ဧည့်ခံပါမယ် ငွေတွေလည်း ချေးပါမယ်ဆိုပြီး ကာစီနိုတွေ လောင်းကစားတွေ ကစားခိုင်းရာကနေ ငလူဖီတို့အုပ်လိုက် ခွေးဖြစ်ကြမှာရယ်။ နောက်ကွယ်က ကျွန်းပိုင်ရှင်က ဘယ်သူလဲ၊ တကယ့်အဖြစ်မှန်တွေကရော ဘာလဲ၊ ကမ္ဘာ့အစိုးရနဲ့ရော ဘယ်လိုတွေပတ်သက်ပြီး ဘယ်လိုအကွက်တွေရွှေ့နေတာကို Luffy တို့နဲ့ တွေ့မှ ဘာသောက်တလွဲတွေဖြစ်ပြီး ရေကုန်ရေခမ်း တိုက်ခိုက်ရတဲ့အထိ ဖြစ်လာမလဲဆိုတာကို Nami ရဲ့ ဉာဏ်ကစားမှုတွေ အသားပေးပြီး Twist ကလေးတွေနဲ့ တဖြည်းဖြည်း ဆွဲခေါ်သွားလို့ ၂ နာရီကုန်လို့ကုန်မှန်းတောင် မသိလိုက်ရမယ့် OP တစ်ကား ဖြစ်လို့ မကြည့်ရသေးရင် အပြေးကြည့်လိုက်ကြပါဦးလို့…။ (အညွန်းနဲ့ ဘာသာပြန်ကတော့ Thura Aung ဖြစ်ပါတယ်) File size… 2 GB / 1 GB Quality… Blu-ray 1080p / 720p Format… mp4 Duration…. 2h 04m Genre ….. Animation, Adventure, Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Thura Aung

Comedy
7.1 2016 120 mins
One Piece Film: GOLD