YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

2 Moons The Ambassador (2022) (Ep9)_720p.mp4

299.09 MB N/A video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Cinderella III: A Twist in Time
6.5

စင်ဒရဲလားကာတွန်းတွေရဲ့ တတိယမြောက် နောက်ဆုံး ဇာတ်ကားလေးကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ Rating တွေအနေနဲ့ IMDb မှာ 6/10 ရထားပြီးတော့ Rotten Tomatoes မှာ 75% ရရှိထားပါတယ်။ Personal အမြင်အရတော့ No1 လောက်တော့မဟုတ်သေးပေမဲ့ No2ထက်လည်းအများကြီးပိုကြည့်ကောင်းတာမို့ ကြည့်ရှုလို့ နောင်တရမယ့်အထဲမပါတဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းအနေနဲ့ကတော့ စင်ဒရဲလား နဲ့ မင်းသားလေးဟာ ပျော်ရွှင်စွာပေါင်းဖက်နေထိုင် သွားကြလေသတည်းဆိုပြီး ဇာတ်ကသိမ်းပြီးနေပါပြီ ဒါပေမဲ့ ကံအကောင်းအကြောင်းမလှစွာနဲ့ပဲ နတ်သမီးဖွားဖွားရဲ့မှော်တုတ် တံဟာ မိထွေးကြီးဆီရောက်သွားရာကနေစပြီး ဒီဇာတ်လမ်းလေး ပေါ်ပေါက်လာရပါတယ်။ စွမ်းအားရှိတဲ့အရာတွေဟာ မကောင်းတဲ့ လူတွေရဲ့လက်ထဲမှာဆိုရင် အရမ်းအန္တာရယ်များတယ် ဆိုတဲ့စကား အတိုင်းပဲ မိထွေးကြီးဆီကိုမှော်တုတ်တံရောက်သွားတဲ့အခါ စင်ဒရဲလားတို့ ဘယ်လိုဒုက္ခမျိုးစုံနဲ့ကြုံတွေ့ရမလဲ ကြွက်ကလေး တွေကဘယ်လိုထပ်ပြီးကူညီပေးကြမလဲ ပြီးတော့ အချစ်စစ်ရဲ့အင်အား ဆိုတာကိုလည်း ဒီဇာတ်လမ်းလေးမှာခံစားကြည့်ရှုရဦးမှာဖြစ်ပါတယ်။ ကဲ ငယ်ဘဝအလွမ်းပြေဖို့ အခုပဲ Download ဆွဲပြီး ခံစားကြည့်ရှု လိုက်ကြပါဦးလို့ CM ပရိတ်သတ်များကိုတိုက်တွန်းလိုက်ရပါတယ်။ File size…1.17GB / 549MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 13m Genre ..... Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Wai Wai Thin

Crime • Documentary
6.5 2007 74 mins
Cinderella III: A Twist in Time
After the Storm
7.2

Even After the Worst Storms , The Sun Will Shine Again. Koreedaကားတွေထဲ အကြိုက်ဆုံး၂ကားကို ရွေးထုတ်ရမယ်ဆိုရင် Still Walking နဲ့ After the Storm ကို ရွေးထုတ်ရမှာပဲ။ ဒီ၂ကားထဲက တစ်ကားပြန်ရွေးဖို့ဆိုရင်ကျ နည်းနည်းတော့ပြဿနာရှိတယ်။ အတတ်ပညာပိုင်းအရဆိုရင်တော့ ပုဂ္ဂလိကအမြင်အရ After The Stormဟာ Still Walking ထက် နည်းနည်းလေးလျော့နေတယ်လို့ ပြောရမှာပဲ။ ဒါပေမဲ့ After The Storm ကတော့ ရင်ထဲပိုရောက်တယ်။ ပြောသာပြောရတာ ဒီ၂ကားက တစ်ဆက်တည်းပါပဲ။ တူလားဆိုရင်တော့ မတူဘူး။ ဒါပေမဲ့ တစ်ဆက်တည်းပဲ။ ၂ကားလုံးက Koreeda သူ့အမေအိမ်ကို သွားလည်ပြီးတဲ့နောက် အိုင်ဒီယာပေါ်လာတဲ့ကားတွေပဲ။ သူ့ဘဝသူ အခြေတည်ပြီး ရိုက်ထားတဲ့ကားတွေပဲ။ ၂ကားလုံး မင်းသားလည်းတူတယ်။ မင်းသားအမေလည်းတူတယ်။ အစ်မရှိတာလည်းတူတယ်။ မတူတာက Still Walking မှာ သူက အဓိကဇာတ်ကောင်ရဲ့ အဖေကို အေးဆေးပြီး အမြော်အမြင်ရှိတဲ့ ဆရာဝန်အိုကြီးအနေနဲ့ ပြထားတယ်။ အဆုံး Narrative မှာ သူ့အဖေဆုံးသွားတဲ့အကြောင်းလည်း ထည့်ပြောထားတယ်။ After The Storm မှာကျ သူ့အဖေက ဆုံးသွားပြီ။ သူ့အမေတစ်ကိုယ်တည်းနေရတဲ့ဘဝကို သေချာပြထားတယ်။ မတူတော့တာက အဓိကဇာတ်ကောင်ရဲ့အဖေက ပထမကားထဲကလို ဂုဏ်သရေရှိဆရာဝန်လည်းမဟုတ်တော့ဘူး။ အမြော်အမြင်ရှိတဲ့လူလည်း မဟုတ်တော့ဘူး။ မိန်းမကို အမြဲဒုက္ခပေးနေတဲ့ လောင်းကစားသမားအဖေဖြစ်သွားတယ်။ ဒါပေမဲ့ ဒီကာရိုက်တာက ဒီကားထဲ လုံးဝပါမလာဘူး။ အဖေနဲ့တူတဲ့ မင်းသားရဲ့အမူအကျင့်တွေကိုပြရင်းတစ်ဖုံ , မရှိတော့တဲ့လူတစ်ယောက်အကြောင်းပြောရင်းတစ်မျိုး လူတောင်မပါတဲ့ ဒီကာရိုက်တာကို ကောင်းကောင်းကြီးတော့ အသက်သွင်းသွားတယ်။ မိန်းကာရိုက်တာဖြစ်တဲ့ Hiroshi Abeနဲ့ သူ့အမေနေရာက သရုပ်ဆောင်တဲ့ Kirin Kikiရဲ့ Chemistryကလည်း ဒီကားကိုရော ပိုအသက်ဝင်စေတဲ့ အချက်ဆိုတာကို ဖယ်ထားလို့မရဘူး။ Still Walking မှာကျ ဇာတ်က တစ်ရက်တည်းပဲတည်ထားပြီး မိဘအိမ်ကို အလည်သွားကြတဲ့ သားသမီးတွေအကြောင်းနဲ့ နာမည်နဲ့လိုက်အောင် အငြိမ်ပဲ ရိုက်ပြသွားပေမဲ့ After The Storm မှာကျ နာမည်နဲ့လိုက်အောင်ပဲ ဘဝထဲဖြတ်တိုက်လာတဲ့ မုန်တိုင်းတွေအကြောင်းကို ရိုက်ပြသွားတယ်။ မိန်းကာရိုက်တာက ငယ်ငယ်ကတည်းက စာရေးကောင်းတယ်။ စာရေးဆရာအလုပ်နဲ့ပဲ အသက်မွေးချင်တဲ့လူ။ သူတို့မိသားစုကို အခြေခံပြီး တစ်အုပ်ရေးပြီး စာပေဆုတစ်ခုတောင် ရလိုက်သေးတယ်။ ပြဿနာက သူနောက်တစ်အုပ်ထပ်ရေးဖို့ ကြိုးစားတာ အတော်ကြာပေမဲ့ မရတော့တာပဲ။ ဒီတော့ ဝင်ငွေနည်းတယ်။ ဒီကြားထဲကမှ လောင်းကစားလည်း ဝါသနာပါသေးတယ်။ ဒါကိုမှ အချိုအချောင်ငွေရမယ့် စာလေးကျတော့လည်း မရေးချင်ဘဲ မာနကြီးပြန်တယ်။ ဒီတော့ အိမ်ထောင်ရေးမပြေလည်ဖြစ်ပြီး မိန်းမနဲ့ကွဲသွားပေမဲ့ လောင်းကစားဝါသနာပါလွန်းလို့ အချိန်ပိုင်းလုပ်တဲ့ စုံထောက်အလုပ်ကနေ ငွေတွေမြိုးမြိုးမြက်မြက်ရပေမဲ့ ကလေးစရိတ်မပေးနိုင်ပြန်ဘူး။ ဒါပေမဲ့ သူက သူ့သားနဲ့ မိန်းမကို ချစ်တယ်။ သူ့သားကို တစ်လတစ်ခါတွေ့ခွင့်ရဖို့ ကလေးစရိတ်ကို အကြောင်းမျိုးစုံပြပြီး တွေ့တယ်။ ကလေးစရိတ်မပေးနိုင်လို့ သူ့မိန်းမကတော့ သူ့ကိုသိပ်မကြည်ဖြူတော့ဘူး။‌ ပြောရရင် ဒီကာလက သူ့ဘဝရဲ့ မုန်တိုင်းထန်နေတဲ့ အချိန်ပေါ့။ တစ်ရက်ကျ သူ့ကလေးကိုခေါ်ထားရင်း ကလေးစရိတ်ပေးဖို့ သူ့အမေအိမ်က ပိုက်ဆံခိုးဖို့ သူ့ကလေးကို သူ့အမေအိမ်ခေါ်သွားတယ်။ သူ့မိန်းမက သူ့ကလေးကို လာကြိုတော့ မုန်တိုင်းတိုက်နေတဲ့အချိန်မို့ အိမ်မပြန်ဖြစ်ဘဲ သူ့အမေအိမ် သူတို့မိသားစု တစ်ညတာနေဖြစ်သွားတယ်။ အဲဒီညရဲ့ မုန်တိုင်းပြီးသွားတဲ့အခါ နေပြန်သာတတ်တယ်ဆိုပေမဲ့ သူ့ဘဝရဲ့မုန်တိုင်းက ပြီးသွားလား နေရောပြန်သာလား တငွေ့ငွေ့နဲ့ ပြသွားတဲ့ ရုပ်ရှင်ပေါ့။ Koreeda ကားပီပီသသပဲ ဇာတ်အိမ်ကတော့ ရိုးရိုးလေးပဲ။ Still Walking မှာ Koreedaဟာ ကျွန်တော်တို့ကို အိမ်ပြန်ရောက်သွားအောင် လုပ်နိုင်ခဲ့သလို After The Storm မှာလည်း Koreedaဟာ ကျွန်တော်တို့ဘဝက အဆုံးအရှုံးတွေဆီ ကျွန်တော်တို့ကို ပြန်ခေါ်သွားပြီး အဆုံးအရှုံးတွေဆီကနေ ပစ္စုပ္ပန်ကို ပြန်ခေါ်လာနိုင်ခဲ့တယ်။ ဘယ်လိုမှော်အစွမ်းနဲ့များ လုပ်လိုက်သလဲမသိပေမဲ့ ဟိုတစ်စ ဒီတစ်စ ဇာတ်ကွက်ကလေးတွေကို ဒီတိုင်းကြည့်နေရင်းနဲ့ကို ဇာတ်ကားအဆုံးသီချင်းအလာမှာ လူက ငိုချင်စိတ်ပေါက်လာတယ်။ ငိုလို့မရဘဲ ငိုချင်စိတ်ပေါက်နေတဲ့ တော်တော်ဆိုးဆိုးခံစားချက်ကြီးရလိုက်တယ်ပေါ့ဗျာ။ ခဏလေးပေါပြီး ပျောက်သွားတဲ့ ခံစားချက်မဟုတ်ဘဲ ၂နာရီဆက်တိုက်လောက်ကို အဲဒီလိုကြီးဖြစ်နေတုန်းပဲ။ အာရုံသာတခြားစီမပြောင်းပစ်ရင် ဒီထက်လည်းပိုကြာနိုင်တာပဲ။ မုန်တိုင်းက ပြီးသွားတယ်။ ရုပ်ရှင်လည်းပြီးသွားတယ်။ နေတော့ ပြန်သာပါလိမ့်မယ်။ အပျက်အစီးတွေကတော့ ကျန်နေတုန်းပဲ။ ပြန်တည်ဆောက်ရမှာပေါ့လို့ ဝိုင်းပြောကြလည်း တစ်ချို့အပျက်အစီးတွေက ဟေရာကလိုက်စ်တပ်ရဲ့ မြစ်ရေပဲ။ After The Stormဟာ နေသာမယ့်ရက်တစ်နေ့ဆီ ဆက်လျှောက်နေကြသူတွေရဲ့ အပျက်အစီးတွေ ပွေ့ပိုက်ရင်း ရှင်သန်ခြင်းအကြောင်းပေါ့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre..... Comedy, Drama Quality…. 1080p | 720p | 480p File size… 1.6GB | 819MB | 414MB Format… mp4 Duration…. 1h 58min Subtitle…. Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... Aaron

Action • Comedy • Drama
7.2 2016 117 mins
After the Storm
Music and Lyrics
6.4

IMDb Rating - 6.5/10 ဒီဇာတ်ကားကိုမကြည့်ခင် YouTube Spotify Apple music စတဲ့ပလက်ဖောင်းတွေမှာ Way back into love ဆိုတဲ့ သီချင်း ကို နားဆင်ခံစားကြည့်လိုက်ပါ၊ တကယ်လို့ အဲ့သီချင်းကိုမကြိုက် ခဲ့ရင်လည်း ဇာတ်ကားကိုတော့ ဆက်ကြည့်လိုက်ပါ။ နားထောင် ရတာကြိုက်ခဲ့ရင်တော့ စီးကရက်တစ်လိပ်နဲ့ ကော်ဖီတစ်ခွက်ယူပြီး ဆက်ခံစားကြည့်ကြဖို့ အကြံပေးပါရစေ။ ဇာတ်လမ်းကမဆန်းပါဘူး musical romance လေးပါပဲ။ ဒါပေမဲ့ အချစ်ဆိုတဲ့အရာကိုက ဆန်းကြယ်နေခဲ့တာပါ။ အချစ်ကြောင့် အရာ ရာအဓိပ္ပာယ်ရှိသွားတယ်၊ အချစ်ကြောင့် အရာရာလှပနေခဲ့တယ်၊ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်မှာ နားဆင်ခံစားဖို့သီချင်းကောင်းလေး တွေအပြင် သီချင်းစာသားတွေရဲ့နှလုံးသားကို ခံစားလို့ရမယ်။ လူတိုင်းချစ်တတ်ကြမှာပါ၊ အချစ်မှာနောင်တတွေအမှားတွေရှိတယ်၊ အချစ်မှာကြီးကျယ်ခမ်းနားခြင်းတွေ အားအင်တွေရှိတယ်၊ အဲတော့ ဒီအချစ်ဇာတ်ကားလေးနဲ့အတူ အချစ်ကိုခံစားရင်း ကောင်မလေးရှိတဲ့ သူတွေက ကောင်မလေးကိုရိုပြပါ၊ FA တွေကလည်း စိတ်ကူးယဉ်ရင်း မျက်ရည်ကျပါ၊ တစ်ခေတ်တစ်ခါရဲ့ Charles'Angle ဒရူးဘယ်ရီမိုးက တော့ သင်တို့အားလုံးအား အချစ်အဓိပ္ပာယ်ကိုဖွင့်ဆိုပြမှာမို့ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Sai Thurein Lynn ဖြစ်ပါတယ်) File Size..........(2.13 GB) / (889 MB) / (520 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 44mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Music, Romance Translator.......Sai Thurein Lynn Encoder..........SWM

Romance
6.4 2007 105 mins
Music and Lyrics
John Wick: Chapter 3 - Parabellum
7.4

IMDb - 7.5/10_____Rotten - 90% Chapter 2 မှာ ကျွန်တော်တို့ရဲ့ ဇာတ်လိုက်ကြီး John wick ဟာ သူတို့လောကရဲ့ အကြီးမားဆုံးသောစည်းမျဉ်းကိုချိုးဖောက်ခဲ့လေတော့ဒေါ်လာ 14 million နဲ့ ဆုကြေးအထုတ်ခံရတဲ့အပြင် အချိန်အနည်းငယ်ပဲရခဲ့လေတော့ ဖရိုဖရဲနဲ့ ထွက်ပြေးခဲ့တာကို အားလုံးအမှတ်ရကြမယ်ထင်ပါတယ်.... ဆိုတော့ Chapter 3 နဲ့ပတ်သက်လို့ထွေထွေထူးထူးညွှန်းဆိုစရာမလိုတော့ဘူးထင်ပါရဲ့... ကိုင်း ကျွန်တော်တို့ရဲ့ John Wick ကြီး ဘယ်လိုတွေ အသက်ရှင်သန်ရေးအတွက်လှုပ်ရှားမလဲ.... ဘယ်သူတွေကရော သူ့ဘက်ပါမလဲ.... ဒုစရိုက်လောကသားအားလုံးဟာလည်း John Wick ကြီးကို သတ်ဖို့ဘယ်လိုတွေအားထုတ်ကြမလဲဆိုတာကို တော့ ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့်ခံစားကြည့်လိုက်ပါ... File Size : (2.9 GB) and (1.04 GB) Quality : Blu-Ray 1080p 5.1 CH and Blu-Ray 720p Format… mp4 Duration…02:10:00 Genre :  Action, Crime, Thriller  Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Drama • Romance
7.4 2019 131 mins
John Wick: Chapter 3 - Parabellum
The International
6.2

IBBC ဆိုတဲ့ဘဏ်က ဘဏ်နဲ့မဆိုင်တဲ့ သန်းရာချီ လက်နက်တွေဝယ်ယူနေတဲ့လို့ သတင်းရပြီးနောက်ပိုင်းအေးဂျင့် လူးဝစ် နဲ့ သူ့အဖွဲ့က IBBC ကို ဆက်တိုက်လိုက်စုံစမ်းပါတယ်... အချက်အလက်တွေ အချိန်တွေ အများကြီးယူပြီးတဲ့နောက်မှာ သူတို့အဖွဲ့ဟာ အရေးပါတဲ့သူတစ်ယောက်နဲ့ ဆက်သွယ်မိကြတယ်...ခက်တာက အဲ့ဒီသူနဲ့တွေ့တဲ့ လူးဝစ်တို့အဖွဲ့က တစ်ယောက် မတော်တဆမှုနဲ့သေဆုံးခဲ့သလို အချိန်တစ်ရက်မပြည့်ခင်မှာပဲ သူတို့ဆက်သွယ်မိတဲ့သူဟာလည်း မတော်တဆမှုနဲ့ထပ်မံ့ပြီးသေဆုံးခဲ့ပါတယ်.. အထက်ကလူကြီးတွေကလည်း မရေရာမသေချာတဲ့ ဒီကိစ္စကြီးကိုလက်ရှောင်ချင်နေကြတယ်.. လူးဝစ်အတွက်တော့ လုပ်ဖော်ကိုင်ဖက်လည်းဆုံးရှုံးရသလို အင်အားကြီးတဲ့ ရန်သူနဲ့ရင်ဆိုင်နေရလို့ လက်ရှောင်ချင်တဲ့သူတွေကြားမှာတော့ အကြီးအကျယ် ဒေါသထွက်နေတယ်... သို့ပေမဲ့ သူအစွမ်းရှိသလောက် ရအောင်ဖော်ထုတ်မယ်ဆိုပြီ:ကြိုးစားတဲ့အခါမှာတော့... ဒီကားဟာ BOX Office မှာ ဝင်ငွေကောင်းခဲ့သလို  မင်းသားကြီး Clive Owen  နဲ့ မင်းသမီ:ကြီး Naomi Watts တို့ က အဓိက သရုပ်ဆောင်ထားပြီ: ဇာတ်လမ်းအစမှ  အဆုံး အီနေတာမျိုးမရှိဘဲ တော်တော်လန်းတဲ့ဇာလမ်းမို့ ကြည့်ကြပါလို့.... File Size :(4.1GB)(924MB) and (292MB) Quality : Blu-Ray 1080P5.1CH,720p Format…mp4 Duration…01:58:00 Genre : Crime , Drama, Action Subtitle : Myanmar Subtitle (Hard Sub) Translated by Marie Encoded by Phyo Pyae

Action • Crime
6.2 2009 118 mins
The International
Aadavaallu Meeku Johaarlu
3.6

အားလုံးစောင့်မျှော်နေတဲ့ မင်းသမီး ရှက်ရ်မီး ရဲ့ကားလေး ရောက်လာပါပြီ ယောက်ျားလေးတစ်ယောက်က မိန်းကလေးတစ်ယောက်ကို လုံးဝနားမလည်နိုင်ပါဘူး ဘုရားက လူယောက်ျားကို အဲ့ဒီအစွမ်းပေးဖို့ ကျန်ခဲ့တာ ဖြစ်နိုင်ပါတယ် မိန်းမတစ်ယောက်ကိုတောင် နားလည်ဖို့ခက်တဲ့ဒီလောက ကြီးမှာ မိန်းမ ၁၅ ယောင်လောက်ဝိုင်းနေတဲ့ ချီရူရဲ့ဘဝကတော့ သနားစရာပါ ဟိုးငယ်ငယ်လေးတည်းက အမေနဲ့ အဒေါ် ၄ယောက်ရဲ့ ဖူးဖူးမှုတ်ထားတာကိုခံရပြီး အစ်မ ညီမတွေရဲ အချစ်ကိုရထားတဲ့ ကံကောင်းတဲ့သူတစ်ယောက်ပါ ဒါပေမဲ့ တစ်ဖက်မှာတော့ ဒါက သူ့အတွက် အချုပ်အနှောင်တွေဖြစ်နေခဲ့ပါတယ် အထူးသဖြင့် လက်ထပ်ပွဲနဲ့ပတ်သတ်ပြီးတော့ပေါ့ အကောင်းဆုံးကို ပေးချင်တယ်ဆိုပြီးအိမ်ထောင်ဖက်လာတွေ့တဲ့ မိန်းကလေးမှန်သမျှကို အကြောင်းမျိုးစုံရှာပြီး ငြင်းခဲ့တဲ့ သူ့မိသားစုကြောင့် ချီရူတစ်ယောက် အသက် ၃၅နှစ်အထိ မိန်းမမရခဲ့ပါဘူး ဒီလိုနဲ့ မိုးရွာတဲ့နေ့တစ်နေ့မှာ အာဒီယာနဲ့ အမှတ်တမဲ့ဆုံခဲ့ပါတယ် ပြီးတော့ အိမ်ထောင်ဖက်တွေ့တာကအစ လက်ထပ်ပွဲအထိ သူကိုယ်တိုင် စီစဥ်ဖို့ ဆုံးဖြတ်ခဲ့တယ် ချီရူရဲ့ လက်ထပ်ပွဲဘယ်လိုဆက်ဖြစ်မှာလဲ သူ့မိသားစုနှောင်ကြိုးတွေထဲက ဘယ်လိုရုန်းထွက်နိုင်မှာလဲ အာဒီယာနဲ့ကော ဘယ်လို အချစ်ဇာတ်လမ်းတွေရှိလာမှာလဲ..... လှမြဲလှနေပြီးExpression Queen လို့တင်စားကြတဲ့ နာမည်ကြီး မင်းသမီးချောလေး ရှက်ရ်မီး ပါဝင်သရုပ်ဆောင်ထားတဲ့ကားမလို့ အခုပဲ ဒေါင်းပြီးကြည့်ဖို့ ညွှန်းပေးလိုက်ရပါတယ်နော် File size…950MB / 1.6GB Quality…720p Format…mp4 Duration….2h 19m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by  Shwe Pyae & Eliza & Yate & Myo Myo &Haruko

Comedy • Horror
3.6 2022 139 mins
Aadavaallu Meeku Johaarlu
Red Dawn
5.7

ဒီကားဟာ 2012ခုနှစ်က ထွက်ရှိထားတာဖြစ်ပြီး MCUက မင်းသားချော Chris Hemsworthလည်း ပါဝင်ထားပါတယ်။ 1984ခုနှစ် ထွက်ရှိထားတဲ့ Red Dawnကို ပြန်လည် ရိုက်ကူးထားတာလည်း ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်း စီးပွားပျက်ကပ်နဲ့ ရင်ဆိုင်နေရချိန်မှာ အမေရိကန်အနေနဲ့ အနောက်အုပ်စုနဲ့ မြောက်ကိုရီးယားအကြား အခြေအနေတွေ တင်းမာလျက်ရှိပါတယ်။ ရေတပ်သားဂျက်ဟာ ခွင့်ရက်ရလို့ အဖေနဲ့ ညီဖြစ်သူရှိတဲ့အိမ်ကို ခေတ္တပြန်လာချိန်မှာ တစ်မြို့လုံး ကြုံတောင့်ကြုံခဲ မီးပျက်သွားပါတယ်။ မနက်မှ သိလိုက်ရတာကတော့ သူတို့မြို့တွင်းကို မြောက်ကိုရီးယားစစ်သားတွေ လေကြောင်းမှတဆင့် ကျူးကျော်လာနေပါပြီ။ ဂျက်ဟာ ညီဖြစ်သူနဲ့ သူငယ်ချင်း လူငယ်တစ်သိုက်ကို ခေါ်ပြီး တောထဲကအိမ်မှာ သွားပုန်းနေပါတယ်။ လူငယ်တွေဖြစ်တာကြောင့် မခံမရပ်နိုင်တဲ့အဆုံး မြောက်ကိုရီးယားကို ပြန်လည်တော်လှန်ဖို့ ရွေးချယ်လိုက်ကြပါတော့တယ်။ သူတို့တော်လှန်ရေးဟာ ဘယ်လိုအခက်အခဲတွေ ကြုံရမလဲ၊ အောင်မြင်ပါ့မလားဆိုတာ......... File size…(2gb)/(998MB)/(491MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:35:00 Genre...Action / Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson

Action
5.7 2012 93 mins
Red Dawn
The Handmaiden
8.2

မနေ့က ရုပ်ရှင်ကား တစ်ကားကြည့်တယ်။ The Handmaiden တဲ့... IMDb မှာ rating 8.1 ရထားတဲ့ ဇာတ်ကား တစ်ခုပေါ့။ ကိုရီးယားနိုင်ငံရဲ့ ဗစ်တိုးရီးယားခေတ် ဂျပန်ကိုလိုနီကာလကို အခြေပြုပြီး တည်ထားတဲ့ ဇာတ်လမ်းပဲ။ စာရေးဆရာမ Sarah Waters ရဲ့ Fingersmith ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး တည်ဆောက်ထားတဲ့ ဇာတ်ကား။ ကိုရီးယားဒါရိုက်တာ Park Chan Wook က ရိုက်ထားပြီး အဲ့ဒီဇာတ်ကားနဲ့ ဆုတွေအများကြီးရခဲ့ကြတယ်။ 8.8 millions သုံးခဲ့ပြီး box office မှာတော့ 38.6 millions လောက် ပြန်ရခဲ့တဲ့ ဇာတ်လမ်းပေါ့။ 16+,18+,21+ အမျိုးမျိုး သတ်မှတ်ကြပေမယ့် ကိုယ့်အတွက်တော့ 18+ လောက်ပါပဲ။ သိမ်မွေ့တယ်ပေါ့။ လူလိမ် မြို့စားမင်း Fujiwara ဟာ သိပ်ပြီးချမ်းသာတဲ့ မိဘမဲ့အမျိုးသမီးလေး Hideko ကို လက်ထပ်ယူဖို့ ကြိုးစားနေတယ်။ သူ့ကို လက်ထပ်ချင်လာအောင် သွေးဆောင်ဖျားယောင်းပေးဖို့ Sook Hee ဆိုတဲ့ ပစ္စည်းအတုလုပ်ကျွမ်းကျင်တဲ့ လူလိမ်မိသားစုက ကောင်မလေးကို အိမ်ဖော်အဖြစ် Hideko အနားကို ပို့ခဲ့တယ်။ Hideko ဟာ ဂေးရှားမယ် တစ်ယောက်လို ပုံသွင်းခံထားရတဲ့သူ။ လိင်အာသီသတွေ တလှိုက်လှိုက် တစ်လွှာချင်းပွင့်ထွက်လာဖို့ ဖျော်ဖြေပေးရတဲ့ Entertainer .. ။ တစ်ခုပဲ ... သူ ဘာကိုမှ ဖော်ချွတ်နေစရာ မလိုအပ်ဘဲ ရှေးဟောင်းစာအုပ်တွေကို ဖတ်ပြရုံပဲ။ သူ့ကို ထိန်းချုပ်ထားခဲ့တာက သူ့ ဦးလေး။ သိမ်မွေ့တယ်၊ နူးညံ့တယ်၊ ဖြူဖြူနွဲနွဲ့ Hideko ရဲ့အတွင်းစိတ်... သူတကယ်ရော သူ့အပြင်ပုံပန်းသဏ္ဍာန်ကလေးလို သူ့စိတ်၊ သူ့နှလုံးသားက လီလီပန်းပွင့်ကလေးနဲ့ တူရဲ့လား။ Sook Hee ကရော မြို့စားမင်းကို လက်ထပ်ချင်လာအောင် တကယ်ပဲ သိမ်းသွင်းနိုင်ခဲ့ပါ့မလား။ ချစ်ခြင်းမေတ္တာနဲ့ လိင်စိတ်ဆိုတာ အမျိုးသားနဲ့ အမျိုးသမီးမှာပဲ သီးသန့်ဖြစ်တည်နိုင်တာလား။ မိန်းကလေးချင်းရော ချစ်လို့မရဘူးလား။ သူတို့နှစ်ယောက်ကို ခွဲမယ့် Hideko ဦးလေးနဲ့ Fujiwara လက်ကရော သူတို့ လွတ်ပါ့မလား။ အလိမ်အညာနဲ့ တည်ဆောက်ထားတဲ့၊ တည်ဆောက်တော့မယ့် ဘဝထဲကနေ မာယာနဲ့ ဘယ်လိုပြန်ရုန်းထွက်မလဲ။ Lesbian ဇာတ်ဝင်ခန်းတွေ၊ Bdsm ဆန်ဆန် အခန်းတစ်ချို့နဲ့ စိတ်ဝင်စားစရာ ကောင်းလောက်အောင် တည်ဆောက်ထားတဲ့ ဒီဇာတ်လမ်းဟာ IMDb rating 8.1 ရနေတာဟာ အဆန်းတော့ မဟုတ်ဘူး။ မိန်းမမာယာဆိုတာ ‌သွားရှုပ်လို့တော့ မရဘူးပဲ... #ပြာ  #ကြည့်ဖြစ်သောရုပ်ရှင်များ Review Credit : Myat Thet Chell File Size - 1.5 gb Quality - Bluray 1080p Subtitle -  burmese Translator - Myo Myint Maung Fix - Dolly Encoder - Thit San Khant

Horror • Mystery
8.2 2016 145 mins
The Handmaiden
Her Deadly Night in Paris
5.3

Her Deadly Night in Paris (2023) ဇာတ်လမ်းနာမည်အတိုင်းပါပဲ… ပဲရစ်ကို ပညာသင်ဖို့ရောက်လာကာမှ အန္တရာယ်တောထဲ ခုန်ဆင်းသလိုဖြစ်သွားတဲ့ ကောင်မလေးအကြောင်းပါ။ လူစီက အမေရိကကနေ ပြင်သစ်ကို Exchange Program နဲ့ ကျောင်းလာတက်တဲ့ အဖေတစ်ခု သမီးတစ်ခု ကောင်မလေးပေါ့။ ပဲရစ်မှာ သူ Homestay နေရတဲ့အိမ်က မိသားစု 3 ယောက်ရှိပြီး သူတို့သား အန်တွိုင်းကလည်း လူစီတို့ကျောင်း၀င်းထဲမှာပဲ ဥပဒေကျောင်းတက်ပါတယ်။ အန်တွိုင်းရဲ့ဖခင် ရေမီက နာမည်ကျော်တရားသူကြီးဖြစ်ပြီး သူ့သားကိုလည်း သူ့ခြေရာနင်းစေချင်ပေမဲ့ သားဖြစ်သူကတော့ ဝါသနာမပါပါဘူး။ အမေဖြစ်သူကလည်း ဖအေကိုကြောက်ရပြီး သူ့သားဘက်မပါပါဘူး။ တစ်ရက် လူစီ‌ ကျောင်းက ပြန်လာတဲ့အချိန် ရေမီက လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်လိုက်တာ တွေ့လိုက်ရပါတယ်။ ရေမီက သူခိုးဆိုပြီး ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ ထိုးလိုက်တာပါတဲ့။ လူစီကိုလည်း ဘယ်သူ့ကိုမှမပြောဖို့ နှုတ်ပိတ်ထားလိုက်တာပေါ့။ ဒါပေမဲ့ နောက်နေ့မှာ ရဲတွေက သေသွားတဲ့လူအလောင်းမှာ လူစီရဲ့ DNA တွေ့တယ်ဆိုပြီး တရားခံအနေနဲ့ လာဖမ်းကြတဲ့အခါ… သေသွားတဲ့လူရဲ့ ရေမီတို့မိသားစုကြားက လျှို့ဝှက်ချက်… လူစီနဲ့ အန်တွိုင်းတို့ကြားက ချစ်ခြင်းနဲ့ ဒီအရှုပ်ထုပ်ထဲက လွတ်အောင် ကြိုးပမ်းတာတွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 705MB Quality – 1080p, 720p IMDb Rating – 5.3/10 Format – mp4 Duration – 1H 28Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.3 2023 88 mins
Her Deadly Night in Paris
Hello Ghost
6.5

Hello Ghos (2023) လူတွေက ဘယ်လိုအချိန်မျိုး‌တွေမှာ အထီးအကျန်ဆုံးလို့ ထင်ပါသလဲ။ အားလပ်ရက်တွေ နှစ်သစ်ကူးတွေ ခရစ်စမတ်နေ့တွေမှာ လူတွေက အထီးကျန်လွန်းတာကြောင့် သေကြောင်းကြံစည်ဖို့ဆုံးဖြတ်ကြပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက် ကရက်စနာက မိဘမဲ့တစ်ကောင်ကြွက်လူငယ်တစ်ယောက်။ သူက အထီးကျန်တဲ့ဝေဒနာကိုလည်း အလူးအလဲခံစားနေရရှာတယ်။ ရည်းစားရဲ့ဖြတ်တာလည်းခံရတဲ့အပြင် အလုပ်လည်းထုတ်ခံလိုက်ရတာကြောင့် ကရက်စနာတစ်ယောက်မချိတဲ့အဆုံး သေကြောင်းကြံစည်ပါပြီ။ လည်ပင်းကိုကြိုးကွင်းစွပ်သေဖို့ကြိုးစားကြည့်တယ်။ မအောင်မြင်ခဲ့ဘူး။ ပိုးသတ်ဆေးတွေသောက်တယ်။ မသေပြန်ဘူး။ နောက်ဆုံး ပါရာစီတမောတွေသောက် ရေကူးကန်ထဲခုန်ချလိုက်တော့မှ… မသေဘဲ ဆေးရုံရောက်သွားပါတယ်။ ဆေးရုံကုတင်မှာပြန်နိုးလာတဲ့အချိန် တစ်ခုခုတော့လွဲနေခဲ့တယ်။ ကရက်စနာက သရဲတွေကို ‌မြင်နေရတာပါပဲ။ သွေးသံရဲရဲနဲ့ သရဲတွေကိုမြင်ရတဲ့စွမ်းရည်ရှိပြီး အဲ့သရဲတွေသေဆုံးရတဲ့အကြောင်းအရင်းကို စုံထောက်လုပ် အမှုမှန်ဖော်ရတဲ့ဇာတ်လမ်းမျိုးမဟုတ်ပါဘူး။ ကရက်စနာက သရဲလေးကောင်ကိုသာ မြင်ရတာဖြစ်ပြီး အဲ့သရဲတွေက ကရက်စနာအိမ်ကို လိုက်နေပါတော့တယ်။ အဲ့သရဲတွေက ဘာကိစ္စကြောင့် ကရက်စနာကိုနှောင့်ယှက်နေရသလဲ သူတို့က‌ရောအချိန်တန်ရင်ပျောက်ကွယ်သွားမှာလားဆိုတာကို ကြည်နူးစရာဒီဇာတ်ကားလေးထဲမှာကြည့်ရှူရမှာဖြစ်ပါတယ်။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Jane Encoder ….. Aaron

6.5 2023 104 mins
Hello Ghost
Yudo: The Way of the Bath
6.6

Yudo: The Way of the Bath ( 2023 )========================ကိုယ်လုံးတီးတွေချွတ်ပြီး အများသုံးရေချိုးအိမ်ထဲ စုပြုံရေချိုးကြတဲ့ ဓလေ့ဟာ ကျွန်တော်တို့ မျက်စိထဲ တော်တော်တော့ အဆင်မပြေခဲ့ကြလောက်ဘူး။ ကျွန်တော်တို့မှ မဟုတ်ပါဘူး။ ရဲဘော်သုံးကျိပ်ရဲ့ ဂျပန်ပြည်သွားခဲ့တဲ့ မှတ်တမ်းစာအုပ်တွေထဲလည်း သူတို့လည်း တစ်မျိုးဖြစ်ခဲ့တာကို တွေ့ရတယ်။ ဒီရုပ်ရှင်ကို မကြည့်ခင်အထိတော့ အဲဒီဓလေ့ကို ကျွန်တော် နားမလည်နိုင်ပေမဲ့ ဒီရုပ်ရှင်မှာတော့ အဲဒီဓလေ့ဟာ ဖလော်ဆော်ဖီရော ယဉ်ကျေးမှုရော နှလုံးသားရော ပေါင်းစပ်ထားတဲ့ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားတဲ့ အရာတစ်ခုအဖြစ်သိလိုက်ရတယ်။ ဂျပန်တွေရဲ့ အနုပညာဟာ သဘာဝကလာတော့ သဘာဝကပဲလာတဲ့ ရေချိုးခြင်းဟာ အနုပညာတစ်ရပ်လိုဖြစ်နေတာလည်း ဆန်းတော့မဆန်းပါဘူး။ ဒါပေမဲ့ ရေချိုးခြင်းက ဘယ်လောက်အနုပညာမြောက်သလဲဆိုတာကတော့ ဆန်းနေတယ်။လက်ရှိမှာတော့ ဂျပန်ပြည်ရဲ့ နေအိမ်၉၅ရာခိုင်နှုန်းမှာ ရေချိုးခန်းတွေရှိနေပြီဆိုပေမဲ့ ရှိုးဝါးခေတ်ရဲ့လက်ကျန်လို့လည်းဆိုကြတဲ့ ဒီအများသုံးရေချိုးအိမ်တွေကို သုံးတဲ့သူတွေလည်း သုံးနေကြတုန်းပါပဲ။ မနှစ်ကထွက်ခဲ့တဲ့ Perfect Daysရဲ့ အဓိကဇာတ်ကောင်လည်း ဒီလိုရေချိုးအိမ်မှာပဲ ရေချိုးခဲ့တာကို မြင်နိုင်တယ်။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင်က တိုကျိုမှာ ဗိသုကာသမားအဖြစ်လုပ်နေတဲ့သူ။ မြို့ကြီးပြကြီးမှာနေနေတဲ့ အောင်မြင်နေတဲ့လူလို့ ဆိုရမယ်။ သူ့အဖေ အသုဘကိုတောင် မလာနိုင်တဲ့အထိ အလုပ်တွေရှုပ်နေတဲ့သူပေါ့။ အတက်ပြီးရင် အကျလာတော့ သူ့အကျအချိန်မှာ သူက သူနယ်မြို့ကလေးကို ပြန်ရောက်လာတယ်။ သူ့ညီဦးစီးနေတဲ့ သူ့အဖေရဲ့ ရေချိုးအိမ်ကို ပြန်ရောက်လာတယ်။ သူ့အကြံက အဲဒီနေရာကိုရောင်းပြီး အမြတ်ထွက်အောင်လုပ်ဖို့ပေါ့။ ဒီလိုဇာတ်ကနည်းနည်းရိုးသလိုတော့ ခံစားရလိမ့်မယ်။ ဒါပေမဲ့ အခရာတော့မကျဘူး။ ဒီလိုနဲ့ သူတို့မိသားစုရဲ့ ရေချိုးအိမ်မှာ သူဝင်ကူရင်း အကြွင်းအကျန်နေရာကြီးလို့ သူထင်နေခဲ့တဲ့နေရာအကြောင်း သူပိုသိလာရတယ်။ ဒီရေချိုးအိမ်ဟာ ဒီကလူတွေရဲ့ နှလုံးသားတွေကို ချိတ်ဆက်ပေးထားတာသိလာရတယ်။ ဒါပေမဲ့လည်း ဒီရေချိုးအိမ်ကို မရောင်းမဖြစ်ရောင်းဖို့ အကြောင်းတော့ ဖန်လာခဲ့တယ်။ ဒီကနေ ဘာဆက်ဖြစ်မလဲဆိုတာကို‌ ရေချိုးခြင်းနဲ့ပဲ ချိတ်ဆက်ပြသွားတယ်။ရေချိုးခြင်းရဲ့ အဓိကလုပ်ဆောင်ချက်ဟာ ခန္ဓာကိုယ်ကို သန့်စင်ပေးဖို့ထက် စိတ်ကို သန့်စင်ပေးဖို့လို ဒီရုပ်ရှင်ထဲက ရေချိုးရသေ့ကြီးက ဆိုခဲ့တယ်။ ရေချိုးခြင်းဟာ နေလိုပဲတဲ့။ တိမ်အထူဆုံးကောင်းကင်မှာတောင် နေမင်းဟာ ထွန်းလင်းနိုင်သလို အညစ်ထေးဆုံးစိတ်တွေကိုတောင် ရေချိုးခြင်းက သန့်စင်ပေးနိုင်တယ်တဲ့။ ဒီရုပ်ရှင်မှာ ရေချိုးခြင်းနဲ့ပတ်သက်ပြီး အဆင့်မြင့်နည်းစနစ်တွေကို တွေ့နိုင်ပါတယ်။ ဒါပေမဲ့ ရသေ့ကြီးရဲ့စကားအတိုင်းပဲ ဘယ်လိုရေကိုပဲချိုးချိုး အရေးတော့မကြီးပါဘူး။ ရေချိုးခြင်းရဲ့ အနှစ်သာရဟာ ရေမှာရှိနေတာမှမဟုတ်ခဲ့ဘဲ။ တကယ်တမ်း ရေချိုးခြင်းရဲ့ အနှစ်သာရဟာ သူတို့နှလုံးသားထဲ တည်နေခဲ့တယ်။( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ WiRa Aung ပါ )File size_( 1.8GB)/(1GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:06:00 Genre_Comedy, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by WiRa Aung Download Nulled Scripts and Plugins Download Nulled Scripts and Plugins.generalmenu { font-size:0; }

Comedy • Drama
6.6 2023
Yudo: The Way of the Bath
The Exorcist III
6.5

The Exorcist III (1990) IMDb – 6.5/10 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ လက်ဖတင်နင် ဘေလ်ကင်မ်ဒါမန်းနဲ့ ဖာသာဒိုင်ယာတို့ရဲ့မိတ်ဆွေ ဖာသာဒေမီယန်ကဲရက်စ် သေဆုံးပြီး ၁၅နှစ်အကြာမှာ ဇာတ်အိမ်စတည်ထားပါတယ်။ ဝါရှင်တန်ဒီစီ ဂျော့ဂျ်တောင်းမှာ သောမတ်စ်ကင်ထရီလို့ခေါ်တဲ့ ၁၂နှစ်အရွယ် လူမဲကောင်လေး အသတ်ခံရမှု စတင်ပေါ်ပေါက်လာပါတယ်။ ဘေလ်ကင်မ်ဒါမန်းဟာ ဒီအမှုကို ဆက်စုံစမ်းနေပါတယ်။ ဒီလိုနဲ့ နောက်ထပ် ဖာသာတစ်ယောက်အသတ်ခံရမှု ပေါ်ပေါက်လာပြန်ပါတယ်။ အသတ်ခံရမှုတွေမှာ စဉ်းစားစရာက သေဆုံးသူတွေဟာ ဆက်စနိုင်းကိုလင်း ဆေးထိုးခံထားရခြင်းနဲ့ အသတ်ခံကြရတဲ့ပုံစံဖြစ်ပါတယ်။ နောက်တစ်ချက်အနေနဲ့ ကြောက်စရာအကောင်းဆုံး လူသတ်သမား The Gemini killer ကတော့ လွန်ခဲ့တဲ့ ၁၅နှစ်ကျော်က လျှပ်စစ်ထိုင်ခုံမှာ သေဆုံးသွားခဲ့ပါပြီ။ ဒါဆိုရင် အခုဖြစ်နေတဲ့ လူသတ်မှုတွေရဲ့ တရားခံဟာ ဘယ်သူလဲပေါ့…ဘေလ်ကင်မ်ဒါမန်း တစ်ယောက် လူသတ်သမားကို ရှာရင်းဘာတွေကြုံတွေ့ရမလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။ စိတ်ဝင်စားစရာနဲနဲလောက်ပြောပြရမယ်ဆိုရင်ဘေလ်ဟာ ဆေးရုံမှာဖြစ်တဲ့လူသတ်မှုအကြောင်း စုံစမ်းရင်း စိတ္တဇဆောင် အခန်းနံပါတ် ၁၁မှာ ထူးဆန်းတဲ့ လူနာတစ်ယောက်နဲ့ တွေ့ရပါတယ်။ လူသတ်မှုတွေက ဒီလူနာနဲ့ရော ပတ်သတ်လား၊ နတ်ဆိုးလား မကောင်းဆိုးဝါးလား၊ အဓိကရန်သူ ဘယ်သူလဲဆိုတာ သိချင်စိတ်လေးတွေဖြစ်နေပြီမလား။ ဇာတ်လမ်းရဲ့မြှုပ်ကွက်တွေကို စိတ်ခြောက်ခြားစရာ horror ဇာတ်ဝင်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ horror မှာ နာမည်တစ်လုံးနဲ့ ရပ်တည်နေတဲ့ The Exorcist ရဲ့ နံပါတ် ၃ ကားမြောက် ဇာတ်လမ်းဆိုတဲ့အတိုင်း horror ကို အပြည့်အဝခံစားကြရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ writer နဲ့ director ကတော့ rating 8.1 အထိတောင် ရရှိခဲ့တဲ့ The Exorcist (1973) ရဲ့ writer လည်းဖြစ် အော်စကာဆုရှင်လည်းဖြစ်တဲ့ William Peter Blatty ပဲ ဖြစ်ပါတယ်။ ၁၉၉၀ ကထွက်ထားတဲ့ ဇာတ်လမ်းပါ၊ ကဲ ဟောင်းပေမယ့်လည်း ကောင်းနေဆဲ… horror ပရိတ်သတ်ကြီးတို့အတွက် CM မှ တင်ဆက်ပေးလိုက်ပါပြီ။ ခံစားကြည့်ရှုလိုက်ကြပါဦး။ ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ်။ File size… 1.82 GB / 1.35 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 50m Genre ….. Action , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Orika

6.5 1990
The Exorcist III
Death Game
5.9

ဒီဇာတ်ကားလေးကတော့ squid game ဇာတ်ကားနဲ့ ပလော့ခပ်ဆင်ဆင်လေးပါပဲ ။ သိုင်းကားဆန်ဆန်ရိုက်ကူးထားခြင်းမျိုးဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းအနေနဲ့ – သိုင်းလောကမှာ တစ်နှစ်တစ်ကြိမ် သေမင်းကစားပွဲ ( သို့ ) အဆိပ်ငါးမျိုးစမ်းသပ်ပွဲလို့ခေါ်တဲ့ ယှဉ်ပြိုင်ပွဲကြီး ကျင်းပလျက်ရှိပါတယ် ။ အနိုင်ရရင် ရွှေသားတစ်ထောင်ကိုပေးမယ်ဆိုတဲ့ မက်လုံးကလည်းပါနေတော့ အသက်အန္တာရာယ်ရှိနေတာတောင် ဝင်ပြိုင်ချင်တဲ့သူတွေက ဒုနဲ့ဒေးပါပဲ ။ ဒီနှစ်အတွက် အဆိပ်ငါးမျိုးစမ်းသပ်ပွဲမှာတော့ လူ့အတွင်းစိတ်ထဲက အဆိပ်ငါးမျိုးဖြစ်တဲ့ လောဘ ၊ ဒေါသ ၊ မောဟ ၊ သံသယ နဲ့ မာနဆိုတဲ့ အဆင့်ငါးဆင့်ကို ကျော်ဖြတ်ရမှာပဲဖြစ်ပါတယ် ။ အနယ်နယ်အရပ်ရပ်က သိုင်းလောကသားတွေလည်း လာရောက်ယှဉ်ပြီုင်ပြီးတော့ အကြံအစည်တချို့ရှိနေတဲ့သူလည်းရှိနေပါတော့တယ် ။ ဇာတ်လမ်းလေးထဲမှာတော့ ဒီလို ရက်စက်ယုတ်မာတဲ့ ကစားပွဲရဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲ ဒီကစားပွဲကို ဝင်ပြိုင်တဲ့သူတွေကရော ထင်ထားသလောက် ရိုးရှင်းပါ့မလား ၊ ဒီသေမင်းပြိုင်ပွဲမှာ ဘာတွေဆက်ဖြစ်လာနိုင်လဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမှာပဲဖြစ်ပါတယ် ။

5.9 2024
Death Game
Striking The Palace / Petites Mains

ယခုအခါတင်ဆက်ပေးလိုက်ဝာာကတော့ ၂၀၂၄ ခုနှစ်ထွက် ပြင်သစ်ရုပ်ရှင်ဇာတ်ကားလေးပဲဖြစ်ပါတယ်… ဒီဇာတ်ကား‌လေးမှာ ဟိုတယ်တစ်ခုရဲ့သန့်ရှင်းရေးဝန်ထမ်းတွေ သူတို့ရဲ့နင်းပြားဘဝတွေကိုသရုပ်ဖော်ထားပါတယ်… Eva လို့ခေါ်တဲ့အသက် ၂၀ အရွယ်မိဘမဲ့ကောင်မလေးတစ်ယောက်ဟာ ဇိမ်ခံ‌ဟိုတယ်ကြီးတစ်ခုမှာ အခန်းသန့်ရှင်းရေးဝန်ထမ်းလုပ်ဖို့ရောက်လာခဲ့ပါတယ်… သူမဟိုတယ်ရှေ့ရောက်တော့ ဟိုတယ်ရှေ့မှာဆန္ဒပြနေကြတဲ့လူတစ်စုကိုတွေ့ရှိခဲ့ပါတယ်….ဒီဆန္ဒပြနေတဲ့လူတွေကတော့ အခန်းသန့်ရှင်းရေးဝန်ထမ်းတွေပဲဖြစ်ပြီး အဖိနှိပ်ခံရလွန်းလို့ဆန္ဒပြနေကြတာပဲဖြစ်ပါတယ်…ဒီလိုနဲ့သူမလည်းအခြားသန့်ရှင်းရေးဝန်ထမ်းတွေဖြစ်တဲ့ Simone ,Safietou, Aissata နဲ့ Violette တို့နဲ့ရင်းနှီးလာပြီးတော့ ပင်ပင်ပန်းပန်းလုပ်ရပေမဲ့ အသိအမှတ်ပြုမခံရတာ‌တွေ ခေါင်းပုံဖြတ်ခံရတာတွေကိုသိလာပါတယ်…နောက်ပြီး Eva တို့သန့်ရှင်းရေးဝန်ထမ်းတွေဟာ ဟိုတယ်ကတိုက်ရိုက်ခန့်အပ်ထားတဲ့လခစားဝန်ထမ်းတွေမဟုတ်ပဲ တဆင့်ခံကုမ္ပဏီကတဆင့်ပြန်ခန့်အပ်ထားတာဖြစ်တဲ့အတွက် ငွေပေးနှုန်းကလည်းအရမ်းကိုနည်းနေပါတယ်… လအလိုက်ပေးတာမဟုတ်ပဲ အခန်းအလိုက်ပေးတာမို့လို့ပါ….တဆင့်ခံဝန်ထမ်းတွေဖြစ်တဲ့အတွက် ပုံမှန်ဝန်ထမ်းတွေလိုခံစားခွင့်တွေမရကြပါဘူး….နေမကောင်းရင်တောင်ခွင့်ယူလို့မရဘူး…ခွင့်ယူလိုက်တဲ့ရက်ဟာပိုက်ဆံမရတော့ဘူး…အခြားဝန်ထမ်းတွေကညစာစားပွဲမှာစားသောက်နေကြချိန်မှာ သူတို့ကတော့သန့်ရှင်းရေးလုပ်ဖို့ထိုင်စောင့်နေကြရတယ်….ဒီလိုနဲ့ဖိနှိပ်မှုတွေ၊အဆင်မပြေမှုတွေကြားမှာ Eva ရဲ့မိတ်ဆွေတွေလည်းတဖြေးဖြေးနဲ့ဆန္ဒပြပွဲထဲပါလာခဲ့ပါတယ်….အဲ့ဒီတော့ဘယ်လိုဆက်ဖြစ်သွားမလဲ…Eva ရောဆန္ဒပြပွဲထဲပါလာမလား…သူတို့ရဲ့ဆန္ဒပြပွဲကရောအောင်မြင်သွားမလားဆိုတာကိုတော့ဆက်လက်ကြည့်ရှူကြပါခင်ဗျာ…. File size…(1.7 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by AKM

0 2024
Striking The Palace / Petites Mains
Lady Snowblood
7.6

Lady Snowblood (1973) IMDb Rating (7.6) / Rotten Tomatoes (100%) Toshiya Fujitaရဲ့ Lady Snowbloodကို အာရှရုပ်ရှင်ဖန်တွေ ဂျပန်ရုပ်ရှင်ဖန်တွေတော့ သိပြီးသားပါပဲ။ အကောင်းဆုံးဆိုတဲ့ ဆာမူရိုင်းကားတွေ စာရင်းထဲ သူက ပါနေကျလိုဖြစ်နေတယ်။ အဲဒီခေတ်အဲဒီအခါက မန်ဂါကိုပြန်ရိုက်တဲ့ကားဖြစ်နေတာကြောင့်ရော တစ်ကားလုံး သတ်တာဖြတ်တာတွေပဲ အသားပေးသွားပေမဲ့ ဆာမူရိုင်းကားတော့မဟုတ်ဘူးပေါ့။ ကာလက ဆာမူရိုင်းတွေပျက်သုဉ်းသွားတဲ့ခေတ်ဖြစ်တဲ့ မဲအိဂျိခေတ်မတိုင်မီနဲ့ မဲအိဂျိခေတ်သစ်စပြီး အနှစ်နှစ်ဆယ်အကြာဆိုတဲ့ ခေတ်အကူးအပြောင်းကို ဇာတ်အိမ်တည်ထားတယ်။ ခေတ်အကူးအပြောင်းရဲ့ ဆိုးယုတ်မှုတွေကြောင့်ပဲ ဒီဇာတ်လမ်းက ဖြစ်ပေါ်လာခဲ့တာပါပဲ။ ဒီခေတ်အကူးအပြောင်းကာလကို အမြတ်ထုတ်ချင်တဲ့ လူလေးယောက်က ခုတုံးလုပ်ဖို့အတွက် ကျောင်းဆရာလေးတစ်ယောက်နဲ့ သူသားလေးကိုသတ်ပြီး သူ့မိန်းမကို ၃ရက်၃ညတိတိ မုဒိန်းကျင့်နှိပ်စက်ခဲ့ကြတယ်။ ကျောင်းဆရာရဲ့မိန်းမက သူတို့ထဲကတစ်ယောက်ကို သတ်ပြီး ကလဲ့စားချေပြီးတဲ့နောက် ထောင်တစ်သက်တစ်ကျွန်းကျသွားခဲ့တယ်။ ဒါပေမဲ့ သူလက်စားချေစရာ လူ၃ယောက်ကျန်သေးတယ်ဆိုတဲ့အသိနဲ့ မြင်လေလေရာ ယောက်ျားတကာနဲ့အိပ်ပြီး သူ့အစားကလဲ့စားချေပေးဖို့ ကလေးတစ်ယောက်မွေးနိုင်အောင် ကြိုးစားခဲ့တယ်။ ကံဆိုးချင်တော့ မိန်းကလေးပဲ မွေးလာခဲ့တယ်။ ဒီကလေးဟာ ကလဲ့စားအတွက်မွေးလာခဲ့တဲ့ ကလေးဖြစ်လာခဲ့ပြီး သူ့ကို လူ့လောကနဲ့မဆိုင်တဲ့ အပယ်ဘုံက ကလေးလို့ ဆိုခဲ့ကြတယ်။ ဒီလိုနဲ့အနှစ်နှစ်ဆယ်ကြာ အဲဒီကလေးအရွယ်ရောက်လာခဲ့ပြီးတဲ့နောက် သူ့ကလဲ့စားခရီးကို စတင်ခဲ့တယ်။ Lady Snowbloodက အကြောင်းမဲ့ နာမည်ကြီးတာတော့ မဟုတ်ဘူး။ တာရန်တီနိုရဲ့ Kill Billထဲက အဓိကဇာတ်ကောင် The Brideက ဒီထဲက ယုခိကို မှီးထားတာဖြစ်သလို ပတ်ချန်းဝုဒ်ရဲ့ နာမည်ကျော် Vengeance Trilogyထဲက ကျွန်တော်တော့ အကြမ်းဆုံးလို့မြင်တဲ့ Sympathy for Lady Vengeance ကလည်း ဒီယုခိကိုပဲ မှီးထားတာပါပဲ။ တစ်ချို့ကလည်း Sympathy for Lady Vengeanceဟာ Lady Snowbloodလိုဖြစ်အောင်ရိုက်ချင်ခဲ့တာလို့ ဆိုတယ်။ ဘယ်လိုပဲဆိုဆို ကလဲ့စားချေတဲ့ ရုပ်ရှင်တွေအပေါ် Lady Snowbloodက တော်တော်လေးသက်ရောက်မှုရှိခဲ့တယ်။ ဆိုလို့ ဒီလို ဇာတ်မျိုးကို သူကစခဲ့တာလားဆို‌တော့ မဟုတ်ပါဘူး။ ဂျပန်ရဲ့ဟိုးရှေးခေတ်ပြဇာတ်ကာလကတည်းက ဒီလိုဇာတ်မျိုးက ရှိခဲ့ပြီးသားပါပဲ။ ဒေါက်တာသန်းထွန်းဘာသာပြန်တဲ့ ဂျပန်မှုတစ်ရာထဲ ” တစ်ချို့ပြဇာတ်တွေကိုဆို ရာသီတွေကူးပြီးပြရတယ်။ ချူရှင်ဂုရလို့ခေါ်တဲ့ ရိုနင်၄၇ယောက်ရဲ့ဇာတ်လမ်းတွေကိုတော့ ဆောင်းအခါမှပြတယ်။ ဘာလို့ဆို နောက်ဆုံး ကလဲ့စားချတဲ့ပွဲကို ဆီးနှင်းထဲမှာ လုပ်ကြတတ်လို့ပါ။”လို့ ဆိုထားတယ်။ တွေးကြည့်ရုံနဲ့တင် တော်တော်လိုက်ဖက်နေတဲ့ အတွဲအဖက်ပဲဖြစ်မှာပါ နှင်းဖြူဖြူတွေကြားသွေးနီနီတွေလွှမ်းနေတာထက် ကလဲ့စားတို့ သတ်ဖြတ်ခြင်းတို့ကို ပိုအသက်ဝင်စေမယ့် ပြကွက်မျိုးမရှိလောက်ဘူး။ နောက် Lady Snowbloodက ရုပ်ရှင်ကို ပြဇာတ်ဆန်ဆန်တင်ဆက်ထားတယ်။ ဒီလိုဇာတ်လမ်းတွေရဲ့ ရင်းမြစ်ဖြစ်တဲ့ ဂျပန်ရိုးရာပြဇာတ်တွေကို Tributeပေးတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ခေတ်ဟောင်းကိုမပယ်သလို တစ်ချိန်တည်းမှာပဲ ဇာတ်လမ်းတင်ဆက်ပုံကို အချိန်အစဉ်လိုက်မပြဘဲ Nonlinear narrativeနဲ့ တင်ဆက်ထားပြီး ဇာတ်လမ်းရဲ့ ဆွဲဆောင်မှုကိုလည်း မြှင့်တင်ပေးထားတယ်။ Lady Snowbloodဟာ အဟောင်းနဲ့အသစ်ကို လိုက်ဖက်ညီအောင်သုံးထားပြီး သူ့နောက်က အသစ်တွေအတွက် လမ်းကြောင်းပေးခဲ့တဲ့ ရုပ်ရှင်လည်းဟုတ်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Wira Aung ဖြစ်ပါတယ်။) File size…(2.1 GB) / (1 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Action,Crime,Drama Duration….01:39:14 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Wira Aung

Animation • Comedy • Family
7.6 1973 97 mins
Lady Snowblood