YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Yumi's.Cell.2 (2022) SE2EP1.WEB-DL1080P.PP(CM).mp4

1.05 GB N/A video/mp4 686 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Texas Chain Saw Massacre
7.3

~ IMDb - 7.4/10, Rotten Tomatoes - 89% ~ သိကြတယ်မလား... ကျွန်တော်တို့ငယ်ငယ်က ကြည့်ခဲ့ရတဲ့ လူသတ်ကားတွေ သရဲကားတွေ။ ဟိုအရင် ကလေးဘဝကတော့ စောင်ထဲမှာ ဖင်ဗူးတောင်းထောင်ပြီး တီဗီဖန်သားပြင်ကို ခိုးခိုးကြည့်ရတာမျိုးပေါ့ဗျာ။ ပြီးရင် နောက်ဖေးသွားကြတဲ့အခါ မောင်နှမတွေ အတန်းလိုက်ကြီး။ အဲဒီအချိန်ဆို သိပ်စည်းလုံးတာ။ ရန်ဖြစ်ထားရင်တောင် အဲဒီအချိန်ဆို ပြန်တည့်ကြရော။ သရဲဆိုတာ တကယ်မရှိဘူးကွလို့ ပြောတဲ့လူကြီး‌တွေက‌တောင် ကျွန်တော်တို့ကို နောက်ဖေးလိုက်ပို့သလိုလိုနဲ့ ဟိုကြည့်ဒီကြည့်လုပ် အိမ်သာလုတက်ကြတာမျိုး။ ကဲဗျာ ငယ်ငယ်က အရောင်စုံခဲ့တဲ့ ပျော်စရာလေးတွေ ပြန်ခံစားမယ်ဆိုပြီး ရှေးရှေး Horror ကားတွေကို ပြန်ခံစားကြည့်တယ်။ ငယ်ငယ်က နားမလည်ဘဲ ကြည့်ခဲ့ရပေမဲ့ အခုတော့ ငါကိုယ်တိုင် ဘာသာပြန်နိုင်နေပြီ။ ကျန်တဲ့သူတွေ အေးဆေးသက်သာကြည့်နိုင်အောင် လုပ်ပေးမယ်ဆိုပြီး ဂရုထဲမှာတောင်းထားတဲ့ကားလေးကို ဖောင်ဒါကြီးရဲ့ လမ်းညွှန်ချက်နဲ့အညီ လုပ်ပေးခဲ့ပါတယ်။ သောက်ကျိုးနည်း ကောင်းလိုက်တာဗျာ။ သိတယ်မလား။ အဲဒီခေတ် Horror တွေရဲ့ စတိုင်တွေ။ လူသတ်သမားရဲ့ ကိုယ်အလေးချိန်က ပေါင် (၃၀၀) နီးပါးလောက်ရှိမယ်။ လေးလုံးခြောက်ဖက်ကြီး။ ရှေ့ကပြေးတဲ့ လေဒီမမက (၁၂၅) ပေါင်လောက်လေး။ ဒါကို လွတ်အောင်မပြေးနိုင်ဘူး။ သောက်ကောင်မက ခြေတောက်ကို ထူးခတ်ပြီး သံတုံးဆွဲထားသလိုပြေးတာလေ။ ဒီကြားထဲ ခေါက်ဆွဲစားတဲ့ တူလောက်ပဲတုတ်တဲ့ သစ်ကိုင်းခြောက်ကို ခလုတ်တိုက်ပြီး လဲသေးတာဗျာ။ ပြန်ထရင် စခရင်တိုင်းမ် လေးမိနစ်လောက်ကြာတယ်။ ပြေးရင်လည်း အိမ်ထဲကိုဝင်ပြေးတာ။ အိမ်ထဲကနေပြီး နောက်ကလိုက်လာတဲ့ကောင်ကို တူတူရေ ဝါး လုပ်ချင်လို့လားမသိပါဘူး။ ပြီးရင် စားပွဲကိုပတ်ပြေး၊ အခန်းတောင့်ကိုကပ်။ နောက်တော့သေပါလေရော။ အားရလိုက်တာဆိုတာများ။ အေးတာပဲ။ အကူအညီသွားခေါ်မယ်ဆိုရင်လည်း လက်မခံ။ တစ်ယောက်တည်းသွားမယ်လုပ်။ ကိုယ်နဲ့ပါလာတဲ့သူကို လူသတ်သမားကသတ်နေရင် ဘေးကနေ ခြေကားယား လက်ကားယားကြီးလုပ်ပြီး အသေထိုင်အော်နေတာ။ ဘေးနားရှိတဲ့ဟာ တခုခုနဲ့ ကောက်ရိုက်ရင်တောင် လူသတ်သမား ချီးထွက်လောက်တယ်။ အခုက ပြေးလည်းမပြေး၊ ကူလည်းမကူ၊ ဘေးကထိုင်အော်တာ အာသီးတောင် လှမ်းမြင်ရတယ်။ ကဲ ကဲ အခုတင်ဆက်ပေးမယ့်ကားကတော့ The Taxes Chainsaw Massacre ပါတဲ့။ ကျွန်တော်တို့ရဲ့ စက်လွှသမား လူသတ်ကားတွေရဲ့ ပထမဆုံး အစပြုရာ ဇာတ်ကားပေါ့။ ဒီဇာတ်ကား‌ကြောင့်ပဲ သားရေမျက်နှာနဲ့ စက်လွှလူသတ်သမားကြီးဆိုတဲ့ ဇာတ်ရုပ်ပေါ်လာတာပေါ့။ အပေါ်က ကျွန်တော် အသည်းပေါက်လို့ရေးထားတာတွေဖတ်ပြီး အချဉ်တော့ မထင်နဲ့ဗျ။ ဇာတ်ကားရဲ့ သမိုင်းကြောင်းက တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်။ ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းပါ။ တကယ်တော့ ဖြစ်ရပ်မှန်ကို အခြေခံတယ်ဆိုတာက ရုပ်ရှင်ရုံကို လူဝင်များအောင် ဆွတဲ့သဘောပါ။ ဖြစ်ရပ်မှန်ကို အလေးထားလွန်းလို့တော့မဟုတ်ဘူး။ ပြီးတော့ ဒီဇာတ်ကားထွက်တဲ့အချိန်က ဗီယက်နမ်စစ်ပွဲနဲ့ပတ်သက်ပြီး အန်ကယ်ဆမ်တို့ဆီမှာ ဆူပွက်နေလို့ လူတွေကို ရုပ်ရှင်ရုံထဲ မောင်းသွင်းလိုက်တာပါ။ နိုင်ငံရေးအာရုံလွှဲတဲ့ ဇာတ်ကားပေါ့နော်။ သူတို့ အောင်မြင်ပါတယ်။ ကြိတ်ကြိတ်တိုး အားပေးကြတယ်။ နိုင်ငံတော်တော်များများကတော့ ပြသခွင့်ပိတ်ခဲ့တယ်ဗျ။ သတ်ခန်း ဖြတ်ခန်းတွေ ကြမ်းတမ်းလွန်းလို့တဲ့။ အဲဒီခေတ်ကမလို့ ကြမ်းတယ်ထင်ရတာပါ။ ဒီဘက်‌‌ခေတ် ကားတွေနဲ့စာလိုက်ရင်တော့ ရင်တုန်ရုံလောက်ပါပဲ။ ဇာတ်ကားအတွက် ရထားတဲ့ ဘက်ဂျက်က သိပ်နည်းလွန်းတော့ ရက်နည်းနည်းနဲ့ တနေကုန် တညလုံး ရိုက်ခဲ့တဲ့ကားပါပဲ။ ဝင်ငွေကတော့ သောက်သောက်လဲပဲဗျို့။ ဒေါ်လာ ရှစ်သိန်းနဲ့ လုပ်စားလိုက်တာ သန်း (၃၀) ကျော် ပြန်ရတယ်နော်။ ဒီဘက်ခေတ်ဆိုရင် သန်း (၁၅၀) ကျော်ပဲ။ ဇာတ်လမ်းအကျဉ်းကိုတော့ မညွှန်းတော့ပါဘူး။ ဇာတ်ကားအစမှာတင် သူတို့ကိုယ်တိုင် စာတန်းထိုးပေးတာပါတယ်။ ကဲ ပြောနေတာကြာပါတယ်ဗျာ။ ကိုယ်တိုင်ပဲ ကြည့်ရှုခံစားလိုက်ပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.13GB, 690MB Quality - 1080p, 720p IMDb Rating - 7.4/10 Format - mp4 Duration - 1H 23Min Genre - Horror Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Comedy
7.3 1974 83 mins
The Texas Chain Saw Massacre
The Last Duel
7.5

ဒါရိုက်တာ ရစ်ဒလေ စကော့ ရိုက်ကူးထားပြီး စာရေးဆရာ အဲရစ်ဂျက်ကာရဲ့ ၂၀၀၄ ခုနှစ်ထွက် novel The Last Duel: A True Story of Trial by Combat in Medieval France (နောက်ဆုံးစီးချင်း - မီဒီအီဗယ်ခေတ် ပြင်သစ်ရဲ့ ဖြစ်ရပ်မှန် စီးချင်းထိုး တရားစီရင်မှု) ကို Nicole Holofcener, Ben Affleck နဲ့ Matt Damon တို့က ဇာတ်ညွှန်းပြန်လည်ရေးသားထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေကတော့ မတ်ဒေမွန်၊ အဒမ် ဒရိုင်ဗာ၊ ဂျိုဒီကိုမာ၊ ဘန် အက်ဖလက်တို့လို နာမည်ကျော်တွေဖြစ်ပါတယ်။ ဇာတ်လမ်းကို အခန်း ၁ ၂ ၃ ဆိုပြီး သုံးပိုင်းပြသထားလို့ တစ်ယောက်ချင်းစီရဲ့ ရှုထောင့်အရ ဇာတ်ကွက်လေးတွေ ထပ်နေတဲ့ပုံတော့ ပါပါတယ်။ ပြင်သစ်နဲ့အိုင်ယာလန်နေရာတွေမှာ ရိုက်ကူးထားတာပါ။ ဇာတ်လမ်းအကျဉ်းကိုတော့ မပြောပြတော့ပါဘူး။ အတော်ကြည့်လို့ကောင်းတာပဲ ပြောပြထားပါတော့မယ်။ ဒီရုပ်ရှင်ထဲက ခေတ်ရဲ့ အံ့သြစရာ ယုံကြည်မှုတွေကိုတော့ ဖော်ပြထားလိုက်ပါ့မယ်။ ၁ - ဇနီးသည်ဟာ အတူနေစဉ် အထွဍ်အထိပ်ကို မရောက်ရင် ကိုယ်ဝန်မရနိုင်ပါဘူးတဲ့။ ၂ - မုဒိန်းကျင့်ခံရသူဟာ သာယာမှုမရှိတဲ့အတွက် ကိုယ်ဝန်မရနိုင်ဘူး၊ ကိုယ်ဝန်ရရင် မုဒိန်းကျင့်တာ မဟုတ်ဘူးတဲ့။ ၃ - ဇနီးမယားတစ်ယောက်ဟာ မုဒိန်းမှုကိုတိုင်ကြားဖို့ ခင်ပွန်းသည်ထောက်ခံပေးဖို့လိုပါတယ်တဲ့။ ၄ - နှစ်ဖက်လုံးက ကျိန်ဆိုပြီး ငြင်းဆိုကြတဲ့အခါမှာ မသေမချင်းစီးချင်းထိုးပြီး အမှန်အမှားကို ဆုံးဖြတ်ခွင့်ရှိပါတယ်။ မသေတဲ့ဘက်က ဘုရားသခင်ရှိတာမို့ အမှန်တရားပဲ ဖြစ်ပါတယ်တဲ့။ ဇာတ်လမ်းကိုတော့ ဒေါင်းပြီးသာ ခံစားကြည့်လိုက်ကြပါ။ ကောင်းပါတယ်။ အိပ်ရာခန်းတွေနဲ့ ကြမ်းတမ်းတာတွေ ပါဝင်တာမို့ ၁၈+ R rated ဖြစ်ကြောင်း သတိပေးချင်ပါတယ်။ (Reviewed by Mr. Anderson) File size…(2.8 GB) / (1.4 Gb) Quality….Webrip 1080p / 720p  Format…mp4 Duration….02:32:00 Genre...Action, Drama, History  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson,  Phyo Pyae Translated by Mr. Anderson, Thaung Htike Zaw, Paing

7.5 2021 153 mins
The Last Duel
Don’t Make Me Go
6.5

Don’t Make Me Go (2022) ဘဝမှာအလိုအပ်ဆုံးအရာကဘာများဖြစ်မလဲ…? အချိန်လား…? ငွေလား…? မိသားစုနဲ့အတူ ပျော်ရွှင်စွာနေထိုင်ရမယ့် အခိုက်အတန့်တွေလား…? ဒါတွေအားလုံးကို ထင်ဟပ်စေနိုင်မယ့်ရုပ်ရှင်ကားကောင်းလေးတစ်ကားကတော့ Don’t Make Me Go ဆိုတဲ့ Drama ကားလေးပါပဲ။ ပါဝင်တဲ့မင်းသားက John Cho ဖြစ်ပါတယ်။ ဒီမင်းသားကိုတော့ မြန်မာပရိသတ်တွေ သိပ်စိမ်းမယ်မထင်ပါဘူး။ ဇာတ်လမ်းသဘောကတော့ စင်ဂယ်ဖားသားတစ်ယောက်ဟာ ပြင်းထန်တဲ့ အကြိတ်ဝေဒနာကို ခံစားနေရပါတယ်။ သူ့သမီးလေးကလည်း ဆယ်ကျော်သက်အရွယ် နန့်နန့်ထိုးလို့ကောင်းတဲ့အချိန်ပေါ့။ သူခံစားနေရတဲ့ အကြိတ်ဝေဒနာဟာ ခွဲစိတ်ရင် အသက်ရှင်ခွင့် ၂၀ ရာခိုင်နှုန်းရှိပြီး မခွဲစိတ်ရင်တော့ ၁ နှစ်သာ ကျန်တော့လောက်အောင် ပြင်းထန်ပါတယ်။ အဲဒီတော့ အဖေတစ်ခုသမီးတစ်ခုဘဝမှာ သမီးရဲ့နောင်ရေးအတွက်ပူပန်ရင်း သမီးကို ငယ်ငယ်က စွန့်ပစ်သွားခဲ့တဲ့ မိခင်နဲ့ ဆုံစည်းပေးဖို့ ကြိုးစားပါတော့တယ်။ အမေလုပ်သူကို ရှာဖွေရင်း လမ်းတစ်လျှောက် သမီးလေးလိုအပ်မယ့်အရာတွေကို ကြိုးစားသင်ပြတဲ့ ဖခင်တစ်ယောက်ရဲ့ မေတ္တာတွေကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးတစ်ကားလို့ပြောရမှာဖြစ်ပြီး မထင်မှတ်ထားတဲ့ အချိုးအကွေ့ကိုလည်း ​​​မြင်ရပါမယ်။ ရုပ်ရှင်ကားလေးက ကြည်နူးစရာကောင်းလိုက်၊ အမြင်ကတ်လိုက်၊ အားကျလိုက်၊ ပြန်တွေးလိုက်နဲ့ ကုန်ဆုံးသွားရမယ့် ၂ နာရီ‌တောင်မပြည့်တဲ့ အချိန်လေးအတွင်းမှာ ရသမျိုးစုံကို ခံစားရမှာပါ။ ဒရာမာကားကောင်းလေးနဲ့ အတွေးနယ်ပယ်ထဲ လွင့်​မျောချင်ရင်တော့ Don’t Make Me Go ကို အလွတ်မပေးဖို့ အကြံပြုချင်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 850MB Quality – 1080p, 720p IMDb Rating – 6.5/10 Format – mp4 Duration – 1H 49Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama
6.5 2022 109 mins
Don’t Make Me Go
Baby Boy, Baby Girl

Baby Boy, Baby Girl (2023) ဖိလစ်ပိုင် လူငယ်ဟာသအချစ်ဇာတ်လမ်းကောင်းလေးလာပါပြီ။ လူငယ်ဇာတ်လမ်းဆိုတဲ့အတိုင်းပဲ ဒီဇာတ်လမ်းထဲက ကောင်မလေးဂျိုစီက ဒီခေတ်ရဲ့ကောင်မလေးတွေကို ကိုယ်စားပြုနိုင်တယ်ပြောရမယ်။ သူကအွန်လိုင်းရှော့လုပ်တယ်။ ခေါင်းအုံးတံဆိပ်ရိုက်တာ ပူတင်းရောင်းတာ တခြားအစုံပလုံပဲ။ ဒါပေမဲ့သူများကိုလဲမယုံကြည်တတ်တော့ ဝန်ထမ်းမခေါ် သူကိုယ်တိုင်အလုပ်တွေသိမ်းကြုံးလုပ်ပြီး စိတ်ရောကိုယ်ပါပင်ပန်းနေတဲ့ကောင်မလေး။ အလုပ်တွေကလဲ အဆင်ပြေလိုက်မပြေလိုက်အမျိုးမျိုး။ တစ်နေ့တော့ဂျိုစီက အချိန်ပိုင်းဧည့်ကြိုသွားလုပ်တယ်။ အဲ့ဒီပွဲကို သူဌေးမတစ်ယောက်ရဲ့ကိုယ်စားတက်လာတာက သူ့ရဲ့ရည်းစားဟောင်း ဆက်ဘ်။ အဲ့ဒါနဲ့ပွဲအပြီးမှာ သူတို့ပြန်ဆုံကြ ဂျိုစီကလဲဆက်ဘ်အိမ်လိုက်သွားပြီး တစ်ညမတ်တပ်ရပ်ကြတယ်ပေါ့။ ဂျိုစီ မနက်နိုးလာမှသတိထားမိတယ် ဆက်ဘ်အိမ်ကခမ်းနားလိုက်တာ သူတက်တဲ့ပွဲတွေ အိုင်ဂျီကပုံတွေကလဲမြင့်မြင့်မားမားတွေချည်းပဲ။ ထူးဆန်းဆို ဆက်ဘ်က ဂျိုစီနဲ့ကြိုက်နေတုန်းက သန့်ရှင်းရေးကုမ္ပဏီတစ်ခုကအလုပ်သမားလေးလေ။ အဲ့ဒါနဲ့ဆက်ဘ်ကို အချိန်တိုအတွင်းချမ်းသာနည်းကိုမေးတာပေါ့။ ဆက်ဘ်ကလဲ သူရှူးဂါးဘေဘီလုပ်နေတာဖြစ်ကြောင်း ရှူးဂါးဒိတ်တင်းလောကကဘယ်လိုကောင်းကြောင်းတွေပြောတာပေါ့။ သူ့အလုပ်တွေကိုစိတ်ကုန်နေတဲ့ဂျိုစီ့ကိုလဲ ဆက်ဘ်က ရှူးဂါးဘေဘီတို့တတ်ထားသင့်တဲ့ အသိပညာအတတ်ပညာတွေ သင်ပေးရင်း ဘာတွေဆက်ဖြစ်မလဲကြည့်ကြရမှာပါ။ ဒီဘာသာပြန်သူကိုတော့ နောက်ကားတွေမှာမရှာပါနဲ့တော့။ ရှူးဂါးဘေဘီ သွားလုပ်ပါပြီ။ ဒီဇာတ်ကားကိုကြည့်သူတွေလဲ ပြီးရင်ရှူးဂါးဘေဘီဖြစ်ချင်စိတ်မပေါက်ဘူးလို့ အာမမခံနိုင်ပါဘူးနော်။ Watch at your own risk ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Rashida ပဲ ဖြစ်ပါတယ်။ Genre….. Drama, Romance Quality…. 1080p | 720p | 480p File size… 1.2GB | 567MB | 292MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Rashida Encoder ….. Aaron

0 2023
Baby Boy, Baby Girl
Silent Witness
7

တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့ CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့ မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။ အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့ Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့ အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့ စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာ နာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။ သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲ ယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူက ထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံး ရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။ နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို အပြိုင်ဖြေရှင်းကြမှာပေါ့နော်။ ဆိုတော့ ဒီရှေ့နေနှစ်ယောက်မှာ ဘယ်သူက အနိုင်ရသွားမလဲ၊ အသက် ၂၀ ပဲရှိသေးတဲ့ လင်းမုန့်မုန့်ကရော တကယ်ပဲ လူသတ်တရားခံလား၊ ဒီအမှုက လူတွေထင်ထားသလို ရိုးရှင်းလား၊ နောက်ကွယ်မှာ ဘာတွေရှိနေမလဲဆိုတာကိုတော့ ပရိသတ်ကြီးတို့ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ ဘာသာပြန်သူကိုယ်တိုင်လည်း ဒီဇာတ်ကားလေးကို တကယ် သဘောကျမိပါတယ်။ အမှုတစ်ခုတည်းကို လှည့်ကွက်ပေါင်းများစွာနဲ့ ဟာခနဲ ဟင်ခနဲဖြစ်အောင် ရိုက်ပြသွားသလို လူသတ်သမားက ဟိုလူလား ဒီလူလားဆိုပြီး ခန့်မှန်းရတာမလို့ ရင်လည်းခုန်ရပါတယ်။ အချိန်ကုန်ခံရကျိုးနပ်စေမယ့် ရုပ်ရှင်တစ်ကားလို့ မြင်မိတာမလို့ အားလုံးကြည့်ကြဖို့ recommend ပေးလိုက်ပါတယ်။ File size… 3.3 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 59m Genre ….. Drama, Crime Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Elizabeth Khant

Comedy
7 2013
Silent Witness
Two Scoops of Italy

မိတ်ဆွေတစ်ဦးရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့စားသောက်ဆိုင်ဖွင့်ထား အမေရိကန်စားဖိုမှူးမလေးတစ်ဦးဟာ သူ့ရဲ့ဆိုင်ကို အောင်မြင်အောင်လုပ်ဖို့ရာအတွက် လူတွေ အကြိုက်တွေ့စေမယ့် မီနူးတစ်ခုဖန်တီးဖို့ လိုလာပါတယ်။ သူဟာ အကြံဉာဏ်အသစ်တွေရအောင် အီတလီနိုင်ငံကျေးလက်ဒေသကို ခရီးထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အီတလီနိုင်ငံရဲ့ အစားအသောက်အရသာတွေ၊ ယဥ်ကျေးမှုတွေ၊ ရေခဲမုန့်တွေကို အကြိုက်တွေ့သွားအောင် ကူညီပေးတဲ့ အီတလီအမျိုးသားနဲ့ ချစ်ကျွမ်းဝင်သွားတဲ့ အမေရိကန်မလေးရဲ့ အချစ်ဇာတ်လမ်းဖြစ်ပါတယ် File size…(1.5 GB)/(895 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Romance, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Kaung San

0 2024
Two Scoops of Italy
Grrr..
4.4

Grrr.. (2024) “ဂါး!!” CM ပရိသတ်ကြီးအတွက် အသစ်ထွက်ရှိလာတဲ့ မလေယာလမ် ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အမျိုးဇာတ်မတူညီလို့ အကြောင်းပြပြီး သတ်ဖြတ်မှုတွေ ပေါများတဲ့ ကီရယ်လာပြည်မှာ ရီဂျီမွန်ဆိုတဲ့ အမျိုးသားတစ်ယောက် ပျောက်ဆုံးသွားတယ် သူကတော့ သူတို့နယ်က အကောင်ကြီးကြီးနိုင်ငံရေးသမားရဲ့ သမီးဖြစ်သူနဲ့ ကြိုက်နေတာဖြစ်ပြီး မီဒီယာနဲ့ လူထုကတော့ သူ့အဖေက သဘောမတူလို့ သတ်လိုက်ပြီလို့ပဲ ထင်ကြေးပေးကြပါတယ် အဲဒီနေ့က သူနဲ့ သူ့ကောင်မလေး ရာချနာ နှစ်ဦးသဘောတူ လက်မှတ်ထိုးကြဖို့ ရာချနာ ချိန်းထားတဲ့နေရာကို သူသွားတဲ့နေ့ ဟိုရောက်တော့ ရာချနာက ဖုန်းလည်းမကိုင် ပေါ်လည်းမလာတာကြောင့် သူ့ချစ်သူက ပစ်သွားပြီအထင်နဲ့ အမူးသောက်ပြီး ဘယ်သို့ဘယ်ပုံ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေကြုံရမလဲဆိုတာကို ပရိသတ်ကြီး ကြည့်ရှုအားပေးကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

Comedy • Thriller
4.4 2024
Grrr..
The Marginalized La marginale
5.8

La marginale (2023) IMDb Rating (5.8) ဒီကားလေးကတော့ ၂၀၂၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ပြင်သစ် comedy/drama ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ Michele ဆိုတဲ့အမျိုးသမီးကလေဆိပ်မှာနေနေပြီးသူ့သားပြန်လာတာကိုစောင့်မျှော်နေတဲ့အိမ်ခြေမဲ့အမျိုးသမီးတစ်ယောက်ဖြစ်ပါတယ်။ တစ်နေ့မှာသူပိုက်ဆံတွေအများကြီးရသွားတော့ Theo လို့ခေါ်တဲ့စိတ်ကျန်းမာ‌ရေးမကောင်းတဲ့ကောင်လေးတစ်ယောက်ကို Lisbon မှာရှိတဲ့သူ့သားကိုရှာဖို့လိုက်ပို့ခိုင်းရင်း Theo ကမသိဘဲလက်ခံလိုက်ရာမှသူတို့ခရီးတစ်လျှောက်ကြုံတွေ့ပြီးသံယောဇဥ်ရှိလာတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Shin ဖြစ်ပါတယ်။) File size…(1.6 GB) / (900 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama Duration….01:38:44 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Shin

Horror • Thriller
5.8 2023 97 mins
The Marginalized La marginale
The Face of Another
7.9

The Face of Another (1966) ~ IMDb – 7.9/10, Rotten Tomatoes – 86% ~ Woman in the Dunes ရဲ့ စာရေးဆရာဖြစ်တဲ့ Kōbō Abe ရဲ့ ဝတ္တုကိုပဲ Hiroshi Teshigahara က ရိုက်ထားတာ Pitfall, Woman in the Dunes, The Face of Another, The Man Without a Map စသဖြင့် စုစုပေါင်း လေးကားရှိခဲ့တယ်။ ဒီကားတွေကြည့်ဖူးတဲ့လူတွေတော့ သိကြမှာပါ၊ ခိုဘိုအဘဲဟာ ဂျပန်ရဲ့ဖရန့်ကာဖ်ကာလို့ အနှိုင်းခံရတဲ့ စာရေးဆရာမို့ သူ့စာတွေကို ရိုက်ထားတဲ့ ဒီရုပ်ရှင်တွေက Metaphor တွေချည်း လှိမ့်သုံးထားတဲ့ နားလည်ရမခက်ပေမဲ့ မလွယ်တဲ့ကားတွေလို့ ပြောလို့ရတယ်။ ဒါကို ဂျပန်နယူးဝေ့ ဒါရိုက်တာဖြစ်ခဲ့တဲ့ ဟိရိုရှိကလည်း ဒီဇာတ်လမ်းတွေကို အောင်မြင်အောင်ရိုက်နိုင်ခဲ့ပါတယ်။ ပထမ၃ကားလုံးက သူ့အအောင်မြင်ဆုံးရုပ်ရှင်တွေထဲပါခဲ့ပြီး နောက်ဆုံးတစ်ကားပဲ နည်းနည်းချာသွားခဲ့တယ်။ ဂျပန်နယူးဝေ့ဟာ ၁၉၅၆လောက်ကစခဲ့ပေမဲ့ ၁၉၆၀မတိုင်ခင်အထိ နယူးဝေ့ကားနည်းခဲ့ပြီး အဲဒီနောက်ပိုင်းမှာတော့ Nagisa Ōshima ကစလို့ Seijun Suzuki တို့အဆုံး နယူးဝေ့ဒါရိုက်တာတွေ ဆက်တိုက်ဆိုသလိုရိုက်ခဲ့ကြတယ်။ ကျွန်တော်သတိထားမိသလောက်တော့ ဒီနယူးဝေ့ကားတွေမှာ အိုဇုတို့ ကူရိုဆာဝါတို့လိုမဟုတ်ဘဲ လိင်မှုခန်းတွေ လူ့စိတ်ရဲ့အမှောင်ဘက်ခြမ်းတွေကိုသာ ရဲရဲဝံ့ဝံ့ကို မြင်သာထင်သာ တင်ဆက်လာကြတယ်။ ဒီနယူးဝေ့ဟာ ဒါရိုက်တာက သူ့ရုပ်ရှင်ကို သူကိုယ်တိုင်လွတ်လပ်စွာ တင်ဆက်နိုင်ခွင့်ရှိတယ်ဆိုတဲ့ သီအိုရီကို ဂျပန်မှာ စမိတ်ဆက်ခဲ့တဲ့ ကာလဖြစ်ခဲ့တော့ ဒါရိုက်တာတွေ တော်တော်တော့ခက်ခဲခဲ့မှာပေမဲ့ Ōshima တို့၊ Suzuki တို့၊ Yoshishige တို့ဆို တော်တော်ရဲရဲတင်းတင်းကို ပြခဲ့ကြတယ်။ တချို့ဆို သူတို့ကားတွေကို အပြာကားလို့တောင် ထင်ခဲ့ကြတယ်။ Hiroshi Teshigahara ကတော့ ကြားကျကျပဲနေသွားခဲ့ပုံပါပဲ။ ပြတော့ပြပေမဲ့ ဟိုဘဲတွေလောက်တော့ မဟုတ်ဘဲ လိုအပ်တယ်လို့ သေချာတဲ့နားလောက်ပဲ ထည့်ခဲ့တယ်။ Hiroshi Teshigahara ရဲ့ The Face of Another ဟာ Woman in the Dunes လောက်တော့ မကောင်းဘူးလို့ ဆိုကြပေမဲ့ Tatsuya Nakadai ရဲ့ သရုပ်ဆောင်ချက်ကိုပါ ထည့်တွက်ရင် ကျွန်တော်တော့ Woman in the Dunes ထက်တော့ မညံ့ဘူးလို့မြင်တယ်။ ဇာတ်လမ်းကတော့ စက်ရုံပေါက်ကွဲမှုကြောင့် မျက်နှာစုတ်ပြတ်သတ်သွားတဲ့ အင်ဂျင်နီယာတစ်ယောက်ကနေ စတယ်။ သူ့မျက်နှာက ရစရာမရှိအောင် စုတ်ပြတ်သတ်သွားပြီးတဲ့နောက် သူ့မိန်းမကတောင် သူ့ကိုအလိုမပါတော့ဘဲ လူတွေနဲ့ပေါင်းသင်းဆက်ဆံရေးမှာ သူ့အတွက် တော်တော်ခက်ခဲနေခဲ့တယ်။ ဒီတော့ သူက သူ့စိတ်ကို သူအဖက်ဆည်ဖို့ စိတ်ရောဂါကုဆရာဝန်တစ်ယောက်နဲ့ ပြတယ်။ ဒီဆရာဝန်က စိတ်ရောဂါကုဆရာဝန်ပေမဲ့ စစ်အတွင်းက လက်ပြတ်သွားတဲ့လူတွေကို လက်ချောင်းအသစ်တွေ လုပ်ပေးတာတို့ ဘာတို့လုပ်နေတဲ့ ဆရာဝန်။ သူက မျက်နှာမရှိတော့တဲ့လူကို မျက်နှာဖုံးတစ်ခုလုပ်ပေးခဲ့တယ်။ လူ့မျက်နှာလို တစ်ပုံစံတည်းဖြစ်နေတဲ့ မျက်နှာဖုံးပေါ့။ သူ့သီဝရီအရတော့ သူက မျက်နှာမရှိတဲ့လူဟာ လူတောတိုးဖို့ မျက်နှာလိုချင်တာလို့ပြောပေမဲ့ မျက်နှာဖုံးက သူ့စိတ်နဲ့ ခန္ဓာကိုပြန်ကြီးစိုးသွားမယ်လို့ ယူဆတယ်။ ဒီနောက်မှာတော့ မျက်နှာဖုံးကမျက်နှာလား၊ မျက်နှာက မျက်နှာဖုံးလား၊ မျက်နှာက မျက်နှာလား၊ မျက်နှာဖုံးက မျက်နှာဖုံးလား ဆိုတဲ့ အဖြေကို ကိုယ်တိုင်ရှာယူရမယ့် အခြေအနေကို ဆွဲခေါ်သွားတယ်။ ဒီရုပ်ရှင်မှာ ဒီဇာတ်နဲ့အပြိုင် သူ့အစ်ကိုနဲ့ပြန်အိပ်တဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်လမ်းလည်းပါခဲ့ပါတယ်။ မူရင်းဝတ္တုမှာတော့ ဒီဇာတ်လမ်းဟာ အဓိကဇာတ်ကောင်က ရုပ်ရှင်ရုံမှာ ကြည့်ခဲ့တဲ့ဇာတ်လမ်းဖြစ်ပြီး ဒီဇာတ်လမ်းအကြောင်းလည်း သူပြန်ပြောပြခဲ့တယ်။ အဓိကဇာတ်ကောင်က ဒီဇာတ်လမ်းကိုသိနေတယ်ဆိုတဲ့ အချက်ဟာ ဇာတ်ကောင်ကို အကဲဖြတ်ဖို့ ကျွန်တော်တို့အတွက်လိုတဲ့တစ်ချက်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.2GB, 600MB Quality – WEBRip 720p, 480p IMDb Rating – 7.9/10 Format – mp4 Duration – 2H 4Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Horror • Mystery • Thriller
7.9 1966 122 mins
The Face of Another
The Glassworker
7.5

အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုပေမဲ့ အချစ်နဲ့ စစ်နဲ့ရောလာတဲ့အခါမှာတော့ ချစ်ရသူနဲ့ ကွေကွင်းရဖိုက သေချာလာပါတော့တယ်။ စစ်ပွဲတွေကဘယ်တော့မှမကောင်းဘူးဆိုတဲ့ စစ်ဆန့်ကျင့်ရေးဝါဒကြောင့် မြိုထဲက အတော်ဆုံး ဖန်လုပ်သမား သားအဖဖြစ်တဲ့ ဗင်းဆင့်တို သားအဖဟာ လူတိုင်းဖယ်ကျဉ်တာကို ခံရတဲ့ မိသားစုဖြစ်နေပါတယ်။ ဒီဇာတ်လမ်းက ထူးထူးခြားခြား ပါကစ္စတန် အန်နီမေးရှင်းဇာတ်ကားလေးပါ။ ဝေဖန်သူတွေကြားမှာလည်း အန်နီမေးရှင်းစတိုင်ကောင်းတာရယ် ဇာတ်လမ်းအသွားအလာရယ်ကြောင့် နာမည်ကောင်းတော်တော်လေး ရထားပါတယ်။ စစ်ကာလအတွင်းမှာဗိုလ်ချုပ်ကြီး ရဲ့သမီးလေးတစ်ယောက်ကို မှ ချစ်ကျွမ်းဝင်မိတဲ့ စစ်ဆန့်ကျင်ရေး ဝါဒီ တစ်ယောက်ရဲ့ သားကတော့ စစ်ထောက်ခံတဲ့လူတွေကြားမှာ မျက်နှာပန်းမလှခဲ့ပါဘူး။ ဒီဇာတ်လမ်းက တစ်နည်းနည်းတဖုံဖုံနဲ့ Anti – War ဖြစ်နေပြီးတော့ တစ်နည်းနည်းနဲ့ပဲ အချစ်ဇာတ်လမ်းလည်း ဖြစ်နေပါတယ်။ စစ်ကာလမှာ ဖန်လုပ်သားဖြစ်တဲ့ ဗင်းဆင့်တိုသားအဖကဘယ်လိုရုန်းကန်ရမလဲ ဘယ်လို ကံကြမ္မာဆိုး‌တွေဝင်လာပြီးတော့ ဗင်းဆန့်ရဲ့ အချစ်ရေးကရော စစ်ကြီးအတွင်းမှာ သူကိုယ်တိုင်လုပ်ထားတဲ့ ဖန်ထည်တွေလို လှပ ပါ့မလားဆိုတာကို ဒီ ဇာတ်လမ်းလေးထဲမှာ ကြည့်စေချင်ပါတယ်။

7.5 2024 98 mins
The Glassworker
Gangers
6.3

Gangers 2025 (ရာမ်ယာလေးပျောက်ဆုံးမှု၏နောက်ကွယ်) အာဆန်ကိုတိုင်ဆိုတဲ့မြို့လေးမှာ မာလိုင်ရာဆန်နဲ့ ကိုတိုင်ရာဆန်တို့ ညီအစ်ကိုနှစ်ယောက်က တစ်မြို့လုံးကို အုပ်စိုးနေပါတယ်။ အစ်ကိုဖြစ်သူ မာလိုင်ရာဆန်ကတော့ ကျောင်းကအဖွဲ့ဝင်လိုလို လူ့အဖွဲ့အစည်းခေါင်းဆောင်လိုလိုနဲ့ လူရှေ့လူလုံးပြ ကောင်းချင်ယောင်ဆောင်ပြီး ညီဖြစ်သူ ကိုတိုင်ရာဆန်ကတော့ သတ္တုရေကုမ္ပဏီကို ဗန်းပြပြီးနောက်ကွယ်မှာ တရားမဝင်လုပ်ငန်းပေါင်းစုံလုပ်ကိုင်နေသူပေါ့။ သူတို့ဟာ တရားမဝင်လုပ်ငန်းလုပ်ရာမှာ မာလိုင်ရာဆန်ရဲ့ ကျောင်းအဖွဲ့ဝင်ဖြစ်နေတာကို အခွင့်အရေးယူပြီး ကျောင်းအတွင်းမှာ တရားမဝင်လုပ်ငန်းတွေ လုပ်ကိုင်လျက်ရှိပါတယ်။ အာဆန်ကိုတိုင်မြို့ရဲ့ အထက်တန်းကျောင်းမှာ ပညာသင်ကြားနေတဲ့ ရာမ်ယာဆိုတဲ့ကောင်မလေး ပျောက်ဆုံးသွားရာကနေ ဒီဇာတ်လမ်းစတင်ခဲ့ပါတယ်။ ရာမ်ယာပျောက်ဆုံးသွားလို့ တိုင်ချက်ဖွင့်ပေမဲ့လည်း ရဲတွေဟာ ဘယ်အမှုကိုမှ မလိုက်ဘဲ မာလိုင်ရာဆန်တို့ ညီအစ်ကိုအတွက်ပဲ အလုပ်လုပ်ခါနေနေတဲ့အတွက် ရာမ်ယာရဲ့ ဆရာမဖြစ်သူ ဆူဂျီသာက အထက် ကော်မရှင်နာရုံးကို တိုင်ချက်ဖွင့်လိုက်တဲ့အခါမှာ အထက်ကနေ အရာရှိဆာရာဗာနန်ကို ကျောင်းမှာ ကာယဆရာတစ်ယောက်အနေနဲ့ အသွင်ယူစုံစမ်းဖို့ စေလွှတ်လိုက်ပါတော့တယ်။ ဒီလိုနဲ့ ရာမ်ယာရဲ့ ပျောက်ဆုံးမှုတင်မကဘဲ အာဆန်ကိုတိုင်မြို့ရဲ့ အခြေအနေကို စုံစမ်းဖို့ရောက်လာတဲ့ အရာရှိဆာရာဗာနန်နဲ့ ဆရာမလေး ဆူဂျီသာတို့ တွေ့ဆုံကြပြီး ဒီမြို့လေးရဲ့ နောက်ကွယ်က မကောင်းမှုတွေကို ဘယ်လိုဖော်ထုတ်သွားကြမလဲ ……. ရာမ်ယာလေးကိုရော ပြန်ပြီး ရှာဖွေတွေ့ရှိသွားမှာလား …… ရာမ်ယာလေးပျောက်သွားတဲ့ နောက်ကွယ်က အကြောင်းပြချက်ကရော ဘာဖြစ်မလဲ ….. ဆိုတာကို ကြည့်ရှုရမဲ့ ဟာသ အက်ရှင်ဇာတ်ကားလေးဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်)

Drama
6.3 2025 158 mins
Gangers
Rommel
6.5

Rommel (2012) **************** IMDb – 6.5/10 ဒီဇာတ်လမ်းလေးကတော့ ဂျာမန်စစ်ဗိုလ်ချုပ်ကြီး ရိုးမဲလ် ရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားဖြစ်ပါတယ် …သဲကန္တရမြေခွေးကြီးလို့လည်း အတော်များများကြားဖူးကြမယ်ထင်ပါတယ်… ဒီစစ်ကားမှာ တခြားစစ်ကားတွေထက် ပိုကောင်းတဲ့အချက်တွေကတော့ ဗိုလ်ချုပ်ကြီးရိုးမဲလ် အပါအဝင် ဂျာမန်စစ်ခေါင်းဆောင်တွေရဲ့ ဒုတိယကမ္ဘာစစ်မတိုင်ခင်အချိန် ဘယ်လိုစစ်ပြင်ဖို့ဆွေးနွေးကြပုံတွေ စစ်ဖြစ်နေတဲ့အချိန်အတောအတွင်းမှာလဲ တန်ပြန်တိုက်စစ်တွေကို ဘယ်လိုပုံဖော်ကြလဲဆိုတာတွေ အပြန်အလှန်ဆွေးနွေးကြပုံတွေကို အသေးစိတ်ရိုက်ကူးပုံဖော်ထားပါပဲ…. ဗိုလ်ချုပ်ကြီးရိုးမဲဟာ သူ့ရဲ့စစ်ခေါင်းဆောင်ကြီးဟစ်တလာရဲ့အပေါ်မှာ အလွန်သစ္စာစောင့်သိတဲ့ စစ်သားတစ်ဦးဖြစ်ပေမယ့် နောက်ပိုင်းမှာ ဟစ်တလာရဲ့ ဂျူးလူမျိုးတွေအပေါ်လူမဆန်တဲ့လုပ်ရပ်တွေကို သိသွားတဲ့အခါမှာ ဆက်ပြီးတော့ဟစ်တလာအပေါ်မှာ သစ္စာစောင့်သိဦးမှာလား… အဲဒီအချိန်မှာပဲ ဂျာမန်တွေဟာ မဟာမိတ်တို့ရဲ့ပြင်းထန်တဲ့တိုက်စစ်တွေကြောင့် အဘက်ဘက်ကစစ်ရေးရှုံးနိမ့်လို့နေခဲ့တယ်.. ရိုးမဲလ်က ဟစ်တလာကို ငြမ်းချမ်းရေးညှိနှိုင်းဖို့အကြံပြုခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး.. အဲဒီနောက်မှာတော့ ဟစ်တလာရဲ့ခေါင်းဆောင်မှုအပေါ်မှာ သဘောမကျတဲ့ ဂျာမန်စစ်ခေါင်းဆောင်အချို့ဟာ အာဏာသိမ်းဖို့အတွက်တိတ်တဆိတ်ကြံစည်လုပ်ဆောင်လာခဲ့တဲ့အခါမှာတော့… ဗိုလ်ချုပ်ကြီးရိုးမဲလ် ဘယ်လိုဆက်ပြီးလုပ်ဆောင်သွားမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကိုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါခင်ဗျ.. (အညွှန်းကို Zwel Zan Aung မှ ရေးသားထားပါတယ်) File size…3.2GB / 835MB Quality… BluRay 1080p/ 720p Format…mp4 Duration….2h 00m Genre ….. Action, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet

Action • Comedy
6.5 2012 120 mins
Rommel
Woken
5.5

CM ပရိသတ်ကြီးကို သိပ္ပံစိတ်ကူးယဉ် Horror /Thriller ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ အန်နာဆိုတဲ့ ကောင်မလေးတစ်ယောက် သတိရလာတဲ့အချိန်မှာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာကိုလည်း မမှတ်မိသလို ကိုယ်ဝန်အရင့်အမာကြီးနဲ့လည်း ဖြစ်နေတာ တွေ့လိုက်ရပါတယ်။ သူ့ကို အနီးကပ်ပြုစုနေတဲ့သူတွေ ပြောပုံအရ သူမဟာ ခြေချော် ပြုတ်ကျ ခဲ့ပြီးတော့ ခေါင်းကိုထိပြီး သတိလစ် အတိတ်မေ့သွားတာ ၂ ပတ်ရှိနေပြီလို့ ဆိုပါတယ်။ သူမတို့အခု ရှိနေတာ လူသူပြတ်တဲ့ ကျွန်းလေး တစ်ကျွန်းပေါ်မှာ ဖြစ်ပြီး ကမ္ဘာပေါ်က နေရာအတော်များများမှာ ကြောက်မက်ဖွယ် ကပ်ရောဂါဆိုးကြီး ဖြစ်နေတာကြောင့် သူတို့တွေ ဒီကျွန်းမှာ အဆက်အသွယ်ဖြတ် လာပြီး ခိုနေကြတာလို့ သူမကို ပြုစုနေတဲ့ သူငယ်ချင်းဆိုသူက ပြောတာပါ။ အစပိုင်းက ယုံကြည်သလိုလို ရှိခဲ့ပေမယ့် သူတို့တွေက သူမကို ဒီကျွန်းမှာပဲ ဇွတ်အတင်းနေဖို့ ဝိုင်းဖိအားပေးပြောကြတဲ့ အခါမှာ သံသယတွေ ဝင်လာတဲ့ အန်နာတစ်ယောက် အဖြစ်မှန်တွေကို သိဖို့ ကြိုးစားတဲ့အခါမှာ လုံးဝထင်မထားတဲ့ အကြောင်းအရာတွေကို သိလိုက်ရပြီး ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကိုတော့ ဆက်လက်ပြီး အားပေးကြည့်ရှုကြပါဦးလို့..။ File Size… (1.20 GB) / (737 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 30m Genre …..Adventure , Horror , Sci-Fi , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

5.5 2024 90 mins
Woken
Tim Travers & the Time Travelers Paradox
6.1

Tim Travers & the Time Travelers Paradox (2025) မိတ်ဆွေတို့ နယ်ပယ်တစ်ခုကို စည်းတွေဘောင်တွေမထားပဲ အဆုံးစွန်ထိစိတ်ကူးယဉ်ပြီးစဉ်းစားမိကြဖူးလား။ စိတ်ကူးဆိူတာ ပိုက်ဆံပေးရတာမှမဟုတ်တာ စဉ်းစားမိကြဖူးမှာပဲ။ ဒီလို စဉ်းစားပြီးစိတ်ကူးကြည့်တဲ့အခါ ကိုယ့်ကိုကိုယ် ပြန်မြင်လာမိပါမယ်။ ကိုယ့်ရဲ့စိတ်အခြေအနေရဲ့ ကောင်းတဲ့အခြမ်းကော မကောင်းတဲ့အခြမ်းကောပေ့ါ။ ဒီလိုမျိုးစိတ်ကူးပြီးရိုက်ကူးထားတဲ့ အကြမ်းစားအချိန်ခရီးသွားတဲ့ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ်။ ၂၀၂၄ ကထွက်ရှိထားတဲ့ဇာတ်ကားလေးဖြစ်ပြီး IMDB 6.1 ရရှိထားတယ်ဆိုတော့ မဆိူးဘူးလို့ပြောရမှာပဲ။ ဇာတ်လမ်းအကျဉ်းလေးကတော့ … တင်ထရာဗာဆိုတဲ့ သိပ္ပံရူးတစ်ယောက်ပေါ့ မထင်မှတ်ပဲ အချိန်ခရီးသွားစက်ကိုတီထွင်ခဲ့မိပါတယ်။ ဒါပေမဲ့ အချိန်ခရီးသွားလို့ရတာက အတိတ်ရဲ့ တစ်မိနစ်အတိကိုပါပဲ။ ဒါနဲ့ သူအချိန်ခရီးသွားတော့ သူ့ရဲ့အတိတ်က တစ်မိနစ်ကလူနဲ့သွားတွေ့ပြီးကြောက်လန့်တကြားနဲ့ ပစ်သတ်လိုက်မိပါတယ်။ ဒါပေမဲ့ Back to the Future တုန်းကလိုကို့ရဲ့အတိတ်ကသေသွားရင် အနာဂါတ်ကလူဆိုတာ မရှိသင့်ဘူးလေ။ အဲ့လိုမဟုတ်ပါဘူးအတိတ်ကလူသေပေမဲ့ အနာဂါတ်ကလူက ရှင်နေပါသေးတယ်။ ဒါကိုပဲ သူကဝိရောဓိလို့သတ်မှတ်ပြီး ဒီဝိရောဓိဆိုတာကို အဖြေရှာဖို့လုပ်ရာကနေတစ်ယောက်တည်းနဲ့မရဘူးဆိုပြီး အချိန်ခရီးသွားကာ အတိတ်ကသူတွေနဲ့‌ပေ့ါင်းပြီးဖြေရှင်းကြပါတော့တယ်။ ဒီလိုနဲ့ သွားမစမ်းသင့်တဲ့ အနန္တဖြစ်စဉ်တွေကိုသွားကလိမိရင်းကနေ ဘယ်လိုတွေဖြစ်လာမယ်ဆိုတာကိုတော့ဆက်လက်ကြည့်ရှုလိုက်ကြပါဦး … (ဇာတ်လမ်းအညွှန်းကိုတော့ K.Hein မှရေးသားပေးတာဖြစ်ပါတယ်) File size… 1 GB / 500 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by K Hein

Animation • Romance • Science Fiction
6.1 2025
Tim Travers & the Time Travelers Paradox