YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Youth.of.May.S01E03.mp4

557.02 MB N/A video/mp4 5500 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Paris, Texas
8.1

ပဲရစ်လို့ကြားလိုက်ရင် ဥရောပတိုက်က အီဖယ်တာဝါကြီးနဲ့ တခမ်းတနားရှိလှတဲ့ ပဲရစ်မြို့ကိုပဲ မြင်ယောင်မိကြမှာပါ။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ်မှာရှိတဲ့ လူမသိသူမသိ မြို့သေးသေးလေးရဲ့ နာမည်ဟာလည်း ပဲရစ်ပါပဲ... သူ့ကိုယ်သူ ဘယ်သူဘယ်ဝါမှန်းမသိ၊ ကန္တာရထဲမှာ ဦးတည်ရာမဲ့လျှောက်သွားနေတဲ့ လူတစ်ယောက်ကို တစ်ရက်မှာ သူစိမ်းတစ်ယောက်က တွေ့လို့ ကယ်တင်ခဲ့ပြီး သူ့ရဲ့ ညီဖြစ်သူနဲ့ ပြန်လည် ဆုံစည်းစေခဲ့ပါတယ်။ ၄နှစ်တာလုံးလုံး သတင်းမကြားဘာမကြားနဲ့ လုံးလုံးပျောက်သွားခဲ့ပြီး လတ်တလောဘဝနဲ့ပတ်သက်တဲ့ မှတ်ဉာဏ်တွေလည်း ပျောက်သွားတဲ့ ထရာ့ဗစ်ကို သူ့ညီဖြစ်သူက လူ့အသိုက်အဝန်းထဲကို ပြန်ခေါ်ဖို့ကြိုးစားပါတော့တယ်။ ဒါပေမဲ့ သူ ပြန်ရောက်လာမှုက သူ့ညီရဲ့ မိသားစုဘဝကို မငြိမ်မသက်ဖြစ်လာစေပါတယ်။ သူ့ညီရဲ့ မိသားစုလို့ ဆိုရာမှာ သူတစ်ချိန်က ထားခဲ့တဲ့ သူ့ရဲ့သားငယ်လေးလည်းပါတယ်။ သူထွက်သွားတဲ့ ၄နှစ်ဆိုတဲ့အချိန်ဟာ သူ့သားငယ်အတွက်တော့ သက်တမ်းတစ်ဝက်ကြာပါသတဲ့။ မှတ်ဉာဏ်တွေပြန်ရလာတဲ့အခါမှာတော့ ထရာ့ဗစ်ဟာ သားငယ်ကိုခေါ်ပြီး တစ်ချိန်က သည်းအူပြတ်မတတ်ချစ်ခဲ့ရတဲ့ ဇနီးဖြစ်သူကို ပြန်ရှာဖို့ ခရီးဆက်ပါတော့တယ်။ ဒီကားကို အမေရိကန်ရုပ်ရှင်လို့သာပြောရတာ တကယ်တမ်း ဒါရိုက်တာကော မင်းသမီးကောက ဂျာမန်တွေ... အဲ့ဒါကြောင့်မို့လည်း ဖြစ်မယ်၊ ဥရောပကားမဟုတ်သည့်တိုင် ဥရောပအငွေ့အသက်တွေ ရေလည်လွှမ်းနေတာ... သဲကန္တာရတွေကို ဖြတ်သွားတဲ့ အဝေးပြေးလမ်းမကြီးတွေဟာ မိုးကုပ်စက်ဝိုင်းအောက်မှာ တဖြည်းဖြည်းသေးပြီး ပျောက်သွားသလိုပဲ၊ လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတွေ... နားလည်မှုတွေ... နောက်ပြီး သူ့ရဲ့ အရေးပါမှုတွေဟာ ဘယ်အတိုင်းအတာထိ သွားနိုင်မလဲ...။ တက္ကဆက်ပြည်နယ်ရဲ့ အထီးကျန်အဝေးပြေးလမ်းမကြီးတွေကို ဥရောပဆန်ဆန် မြင်တွေ့ရမယ့် ခပ်ရှားရှား Road Movie အမျိုးအစားထဲကမှ စိတ်ကိုညှို့ယူနိုင်စွမ်းတဲ့ အလှနဲ့ ဟန်ကိုမြင်ရမယ့် မာစတာပိစ်လက်ရာတစ်ခုပဲဖြစ်ပါတယ်... မြန်မာပြည်မှာ IC က ဦးငဲ (အငဲ) သီဆိုထားတဲ့ မူရင်းသီချင်းအတော်များများရဲ့ပိုင်ရှင် Travis ဆိုတဲ့ နာမည်ကြီး Rock Band ဟာလည်း ဒီရုပ်ရှင်ထဲက ဇာတ်လိုက်ရဲ့နာမည်ကို ယူပြီး မှည့်ထားတာလို့ ဆိုပါတယ်။ Steven Schneider ရဲ့ မသေခင်ကြည့်သင့်သော ဇာတ်ကား ၁၀၀ စာရင်းထဲမှာလည်း ဒီကားပါရုံတင်မက စုစုပေါင်း ဆုပေါင်း ၁၈ဆု ဆွတ်ခူးရရှိထားတဲ့ ဒီရုပ်ရှင်ဟာ ဂုဏ်သတင်းကျော်စောတဲ့ ကိန်းစ်ရုပ်ရှင်ပွဲတော်မှာတင် ဆု ၃ခု ဆွတ်ခူးထားပြီး ကိန်းစ်ရဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ Palme d'Or လည်းအပါအဝင်ဖြစ်တာမို့ ရှည်ရှည်ဝေးဝေးမပြောတော့ဘူးနော်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Z မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - 1080p, 720p IMDb Rating - 8.1/10 Format - mp4 Duration - 2H 25Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Z Encoded by Y

Drama • History • Thriller
8.1 1984 145 mins
Paris, Texas
Fall In Love With My King

ရှေးခေတ်မှာဇာတ်အိမ်တည်ထားတဲ့ ရိုရိုချိုချို ဇာတ်လမ်းလေးလည်းကြည့်ချင်တယ်၊ အပိုင်းဆက်များတာတွေလည်းမကြည့်ချင်ဘူးဆိုသူတွေအတွက် တစ်ပိုင်းတည်းအပြီး အချစ်ဇာတ်မြူးကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချောမောခန့်ညားပြီးအရည်အချင်းရှိတဲ့ စစ်သူကြီးနဲ့ မင်းသမီးလေးတို့ရဲ့ ဇာတ်လမ်းလေးပေါ့။ စစ်သူကြီးမုရုံဆိုတာ ရန်တိုင်းပြည်ရဲ့ကျော်ကြားတဲ့စစ်သူကြီး၊ မင်းကြီးကသူ့ကို မင်းသမီးတစ်ပါးနဲ့လက်ဆက်ပေးတယ်။ မင်းသမီးဆိုပေမယ့် ဘုရင့်သမီးတော်မဟုတ်ဘူး။ ဦးရီးတော်ရဲ့မွေးစားသမီး။ ဦးရီးတော်ဆိုတာကလည်း ထီးနန်းကိုကြိတ်ကြံနေတာ။ သူ့မွေးစားသမီးကို စစ်သူကြီးအိမ်တော်ပို့လိုက်တာကလည်း စစ်သူကြီးဆီကပစ္စည်းတစ်ခုကိုခိုးဖို့။ ဒီလိုနဲ့ စစ်သူကြီးနဲ့မင်းသမီးလေးတို့ လက်ထပ်ပြီးသွားတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ။ အကြံနဲ့လာတဲ့ မင်းသမီးလေးနဲ့ ထက်မြက်တဲ့စစ်သူကြီးတို့ ဘယ်လိုအလွဲလေးတွေဖြစ်ပြီး ၊ ဘယ်လိုချစ်ကျွမ်းဝင်သွားကြမလဲ။ ဘယ်လိုအချိုတွေကျွေးမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ရအောင်။ Quality : WEB-DL 1080p , 480p Format : mp4 Gernes : Romance Runtime : 1h 34 min Subtitle : Myanmar Subtitle ( Hardsub ) Translated by Nu Mon , Chu Chu , Yin Wai Phyo Encoded by LK

Crime • Mystery • Thriller
0 2020
Fall In Love With My King
All the Bright Places
7.7

နုနုရွရွ ရိုမန်းတစ် ဇာတ်လမ်းလေးတွေကို ကြည့်ရှုချင်တဲ့သူတွေအတွက် ၂၀၂၀ ထွက် All the Bright Places ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးချင်ပါတယ် IMDb – 6.5/10 နဲ့ Rotten tomatoes – 75% ရရှိထားပြီးတော့ Elle Fanning နဲ့ Justice Smith တို့ အဓိကပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းလေးရဲ့အစကတော့ ဖင့်ချ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ဟာ တစ်မနက်မှာ တံတားပေါ်ပြေးနေတုန်း တံတားဘောင်ပေါ်မှာ မတ်တပ်ရပ်ပြီး တံတားအောက်ကို ငုံ့ကြည့်နေတဲ့ ကောင်မလေးတစ်ယောက်ကို တွေ့ခဲ့ပါတယ် … ကောင်မလေးက သူတို့အတန်းထဲက ဗိုင််အိုလက် ဆိုတဲ့ကောင်မလေးပေါ့ … ဖင့်ချ်ဟာ ဗိုင်အိုလက် တံတားအောက် ခုန်ချမယ်အထင်ကြောင့်လားမသိ … အာရုံလွှဲဖို့ သူပါ တံတားဘောင်ပေါ် တက်လာခဲ့တယ်… သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးဟာ အစမှာ ယဉ်သကို ဆိုသလို ဗိုင်အိုလက်က ဖင့်ချ်ကို မောင်းထုတ်လိုက်ပါတယ် … တစ်ခါတစ်ရံမှာ အဖြုရောင်က တကယ်ပဲဖြူသလား အမည်းရောင်က တကယ်ပဲမည်းသလား … ပျော်ပျော်နေတတ်တဲ့ သူရဲ့ နောက်ကွယ်မှာ ဘယ်လိုအမှောင်ဖက်ခြမ်းတွေရှိသလဲ … အမှောင်ထဲကလူတစ်ယောက်ဟာ အလင်းတစ်ခုဖြစ်လာနိုင်သလား ဒါတွေဟာ ကျွန်တော်တို့ ကြိုမမြင်နိုင်တဲ့အရာတွေပါပဲ … ရိုးရှင်းသော်လည်း မြင်ရခက််တဲ့ အလင်းရောင်တွေကို ဟောဒီ all the bright places ဆိုတဲ့ ဇာတ်ကားထဲမှာ ကြည့်ရှုကြရအောင်လားရွှေပွဲလာ ပရိသတ်ကြီးရေ…. File Size : (1.80 GB) and (850 MB) Quality : NF WEB-DL (1080p 5.1 and 720p) Running Time : 1hr 47min Format : Mp4 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEBRip.DDP5.1.Atmos.x264-NTG Translated by Zuel Khant Thwin Encoded by Thanhtike Zaw

Drama • Sci-Fi & Fantasy
7.7 2020 108 mins
All the Bright Places
Lost and Found
7.2

Lost and Found (1996) ~ IMDb – 7.2/10, Rotten Tomatoes – 76% ~ နေလာရင်းဘဝမှာ မကြာမကြာဆိုသလို တစ်စုံတရာတော့ ပျောက်ရှနေကျပါပဲ။ ခဏခဏသေးသေးမွှားမွှားလေးတွေကနေ ရံဖန်ရံခါ ကြီးကြီးမားမားတွေ အထိ ပျောက်ရှနေတတ်တယ်။ တစ်ရံတစ်ခါမှာတော့ အကြီးဆုံးဆိုတဲ့အရာတွေအထိပေါ့။ ဆိုးဆိုးရွားရွားဆို လက်ထဲကိုင်ထားတဲ့ အင်္ကျီကို ဘယ်နားကျလို့ ကျခဲ့မှန်းမသိတဲ့ အဖြစ်မျိုးအထိ မကြာမကြာရှိခဲ့ဖူးတယ်။ သတိလက်လွတ်ဖြစ်စေ အထားအသိုမှားသည်ဖြစ်စေ အရေးအကြီးဆုံးဆိုတဲ့ အရာတွေကို ကျွန်တော်တို့ ပျောက်ရှဖူးခဲ့မှာပဲ။ မက်စက်တွယ်တာတဲ့ တစ်စုံတရာကို ပျောက်ရှဆုံးရှုံးတယ်ဆိုတာ ဘာနဲ့မှမတူတဲ့ ဝေဒနာပေါ့။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာ မရှိဘူးတဲ့။ ပိုက်ဆံအိတ် အခိုးခံရတယ် ဆိုပါစို့။ အချင်းတစ်ကီလိုမီတာဝန်းကျင်က အမှိုက်ပုံးတစ်ပုံးပုံးထဲ အဲဒီပိုက်ဆံအိတ်ကို ပြန်တွေ့မှာပဲတဲ့။ ဒီစကားမှန်ရဲ့လားတော့ ကျွန်တော်မသိဘူးပေါ့။ ရုပ်ရှင်ထဲက Takeshi ကတော့ ပျောက်ဆုံးပစ္စည်းရှာဖွေရေးလုပ်ငန်း ထောင်ထားတယ်။ သတိလက်လွတ်နဲ့ ခါးပိုက်နှိုက်ခံရသည်ဖြစ်စေ၊ ကိုယ်တိုင်က အထားအသိုမှားသည်ဖြစ်စေ၊ ဘာမဆိုကို ပြန်ရှာပေးတဲ့ အလုပ်ပေါ့။ ပိုက်ဆံအိတ်၊ ဖုန်း၊ ဈေးသည်ရဲ့အလေး၊ အိမ်မွေးတိရိစ္ဆာန်ကနေ သရဲအထိ သူတို့မရှာပေးတာ ဘာဆိုဘာမှမရှိဘူး။ တစ်ခါတလေကျ လူတစ်ယောက်ပေါ့။ ကံဆိုးရင်တော့ တောဘဲရိုင်းတွေကနေ သေပြီးသားလူအထိ ရှာပေးရတတ်တယ်။ ပြန်ရှာလို့မတွေ့နိုင်တဲ့အရာဆိုတာမရှိဘူးဆိုတဲ့ ဆောင်ပုဒ်နဲ့ ပျောက်တာမှန်ရင် ရှာပေးတဲ့ သူတို့ဟာ သွေးကင်ဆာဖြစ်နေတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ပျောက်နေတဲ့ မျှော်လင့်ချက်ကို ရှာပေးဖို့ အကြောင်းဖန်လာခဲ့တယ်။ အဝေးဆီက ဥဩဆွဲသွားတဲ့ ရထားသံနောက်မှာ တွဲလျောင်းပါသွားတဲ့ မျှော်လင့်ချက်တွေ၊ မှောင်ရီလု သိဟ်ရာသီညနေခင်းရဲ့ မြေသင်းနံ့တွေ၊ အင်္ဂတေတွေ ကွာကျနေတဲ့ လမ်းဘေးအုတ်ခုံကလေးပေါ်က နေ့တွေ၊ ကမ္ဘာအစွန်းတစ်ဖက်ဆီ မျှော်ရီရင်း တငွေ့ငွေ့ကုန်လွန်ခဲ့ဖူးတဲ့ အနီးအနားမေတ္တာတွေ၊ မှောင်ချိန်မတိုင်ခင် လင်းတဲ့နေ့တွေ…၊ ဘယ်တစ်ခုက ပိုပြန်ရှာတွေ့ဖို့ခက်လဲ။ အစကတည်းမပိုင်ခဲ့တဲ့အရာလား အထားအသိုမှားခဲ့တဲ့အရာလား။ သူ့အချစ်ဟာ အစကတည်းက ကျွန်တော်မပိုင်ခဲ့တဲ့ အရာလား၊ သတိလက်လွတ်ဖြစ်ခဲ့ခြင်းလား။ ပြန်ရှာလို့မတွေ့နိုင်တဲ့ တစ်စုံတရာတွေ ပျောက်ဆုံးသွားတဲ့အခါ ဘယ်လိုအလင်းနဲ့ ဖာထေးမလဲ။ မှော်ပညာဆိုတာကို ယုံလား။ ဒီကမ္ဘာကြီးရဲ့ ဟိုးဖက်အလွန်မှာ ဘာမဆိုဖြစ်နိုင်တဲ့တစ်နေရာ ရှိချင်ရှိမပေါ့။ နားထင်မှာ သေနတ်တေ့လျက်သားသူအတွက် ဖားမိုးတွေရွာကျလာသလိုမျိုး “Desus Ex Machina”, မျှော်လင့်ချက်ကျန်ဖို့သက်သက် ရိုးရိုးလေး ယုံကြည်ထားတဲ့ “Desus Ex Machina”, မှော်ဆန်တဲ့ ဖြစ်ရပ်တွေ ဒီကမ္ဘာမှာ မရှိပါဘူးလို့ ဘယ်သူတွေပြောလဲ။ တကယ်တမ်း ချစ်တတ်ခဲ့ရင် အခိုက်အတန့်တိုင်း မှော်ဆန်ခဲ့မှာပဲ။ မပိုင်မဆိုင်ရတော့ရင်တောင် ပြန်ယူဆောင်မသွားနိုင်တော့တဲ့ ဟိုးတုန်းက ညနေခင်းတွေဟာ ဒီဘဝအတွက် ရတုအဆက်ဆက် မှော်ဆန်နေလိမ့်ဦးမယ်။ ကြားဖူးတယ်… ဘယ်သူမဆို တစ်ဦးတစ်ယောက်ရဲ့ ဒဏ်ရာတွေ ကုစားပေးနိုင်တဲ့ မှော်ဆရာတွေ ဖြစ်နိုင်သလို ဘဝရဲ့အခိုက်အတန့်တိုင်း ဘဝရဲ့အပိုင်းအစတိုင်းက မှော်ဆန်နိုင်သတဲ့။ “ဟေး ဂျွန် အချစ်ကိုမနိုင်မချင်း သယ်ဆောင်လာတဲ့ တမျှော်တခေါ်အနမ်းရဲ့ ဟိုးအတွင်းဘက်မှာ အိမ်ဆီပြန်ခေါ်မယ့်လမ်း ပါသကွဲ့။ အဲဒီမြေ ငါနမ်းလိုက်ပါရစေတော့…” – မောင်သိန်းဇော် — — — — — — (Lost and Found ဟာ ဒီဘက်က ဟောင်ကောင်ပရိသတ်တွေ ပြောတာသိပ်မတွေ့ရပေမဲ့ အာရှရုပ်ရှင်ပရိသတ်တွေကြားတော့ တော်တော်လေး ဘောင်ဝင်တဲ့ ဟောင်ကောင်ကားပါ။ ကျွန်တော်တို့လို နှောင်းပိုင်းလူတွေ ဒီကားကို ကြည့်ဖြစ်ကြရင် ဝေါင်ကာဝေးကားတွေနဲ့ ကျွန်တော်တို့ကိုဖမ်းစားခဲ့ပြီး ဟောင်ကောင်ကားကောင်း မနည်းရိုက်ခဲ့တဲ့ Takeshi Kaneshiro ကြောင့်လို့ပြောရင် မမှားပါဘူး။ Takeshi Kaneshiro ကြောင့် ဒီရုပ်ရှင်ကို ကြည့်ဖြစ်ခဲ့တယ်ဆိုပေမဲ့ Lost and Found ဟာ Takeshi Kaneshiro ရဲ့ Solo ကားတွေထဲ အကောင်းဆုံးကားလို့ပြောလို့ရတဲ့အထိ လှတဲ့ ရုပ်ရှင်ပါပဲ။ ဟောင်ကောင်ဂိတစ်ချို့ရဲ့ အကြိုက်ဆုံး ဟောင်ကောင်ရုပ်ရှင်ငါးဆယ်ထဲ ထက်ဝက်လောက်မှာ နေရာယူနေတတ်ပြီး ရိုမန့်ဒရာမာကြိုက်တဲ့လူတွေဆို တစ်ခါကြည့်ပြီးတာနဲ့ နောက်တစ်ခါပြန်ကြည့်ချင်စိတ်ပေါ်စေမယ့်အထိ ဆွဲဆောင်မှုရှိတဲ့ ရုပ်ရှင်ပါပဲ။ မင်းသမီးကလည်း Faye Wong နဲ့ တော်တော်လေးဆင်သလို သူ့အလှကလည်း ဒီကားကို ပိုတောက်ပစေခဲ့တဲ့ တစ်ချက်လို့ပြောရင်မမှားပါဘူး။ သီချင်းတွေကလည်း ကားနဲ့အတော်လေးပနံသင့်တဲ့ ရိုမန့်ကားတွေမှာ ပါသင့်ပါထိုက်တဲ့ အချက်တွေ အကုန်ပါနေတဲ့ တော်တော်ကောင်းတဲ့ ရုပ်ရှင်ပါ) [ဝတ္တုတွေထဲမှာ ဇာတ်လိုက်မင်းသား သို့ မင်းသမီး ကြုံနေရတဲ့ အခက်အခဲပြဿနာတစ်ခုကို အလွယ်တကူ ဖြေရှင်းတဲ့နည်းရှိပါတယ်။ ဝေဖန်ရေးဝေါဟာရအနေနဲ့ Deus Ex Machina လို့ ခေါ်တယ်။ နတ် သို့မဟုတ် နတ်ဘုရားတစ်ပါးပါးက ဝင်ကယ်လိုက်တာမျိုးပါပဲ။ ဂရိရှေးဟောင်းပြဇာတ်တွေက အစပြုတယ်။ သဘောက ဒီလို။ မင်းသား သို့ မင်းသမီးဟာ အခက်အခဲ ဒုက္ခနဲ့ရင်ဆိုင်နေရတယ်။ အဲ့ဒါကို သဘာဝကျကျ နည်းမှန်လမ်းမှန်နဲ့ ဖြေရှင်းဖို့မကြိုးစားဘဲ နတ်လိုလို သိကြားလိုလို တန်ခိုးရှင်တွေက ဝင်ဖြေရှင်းလိုက်လို့ ပြေလည်ပြီး ဇာတ်သိမ်းသွားတယ်။ အဲ့ဒီလို ဝင်ဖြေရှင်းပေးလိုက်တာကို ဘာမှသွားပြောလို့မရဘူး။ သဘာဝမကျဘူးလို့ ပြောလို့မရဘူး။ မဖြစ်နိုင်ဘူးလို့လည်း ပြောလို့မရဘူး။ – ဇော်ဇော်အောင်၏ ဝေဝေရီရီမှ ] (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB, 1.02GB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Crime • Thriller
7.2 1996
Lost and Found
When Strangers Appear
6.3

When Strangers Appear (2001) ======================= IMDb Rating – 6.3/10 ဘတ်သ်တစ်ယောက် လူသူအလာကြဲလှတဲ့ သူ့ရဲ့လမ်းဘေးစားသောက် ဆိုင်လေးကို တစ်နေ့တာအတွက်စတင်ဖွင့်ချိန်မှာသူ့အတွက် သာမန်ပျင်း ရိဖွယ်နေ့တစ်နေ့လို့ထင်ခဲ့မိပါတယ်။ ဒါပေမယ့်လည်း ဂျက်ခ်ဆိုတဲ့ ဒဏ် ရာရထားတဲ့ red flag တွေအပြည့်နဲ့လူချောလေးတစ်ယောက် ဆိုင်ထဲကို ဝင်လာချိန်မှာတော့ သူ့အထင်မှားသွားပြီဆိုတာ စသိလိုက်ရပါတယ်။ ငနဲသားဟာ ထိတ်ထိတ်ပျာပျာရှိလွန်းတယ်၊ လက်ထဲမှာလည်း အကြွေစေ့ တွေပဲပါတယ်။ ဘတ်သ်ကတော့ ဒါနပြုလိုက်တယ်လို့ သဘောထားပြီး သူ့ ကိုမနက်စာကျွေးနေချိန်မှာ နောက်ထပ် လူရမ်းကားပုံစံနဲ့လူသုံးယောက်ဆိုင် ထဲထပ်ဝင်လာပါတယ်။ သူတို့အုပ်စုခေါင်းဆောင်ကလည်း လူချောတစ်ယောက် ပါပဲ။အဲ့ဒီအချိန်မှာ ဂျက်ခ်တစ်ယောက် စားပွဲမှာထိုင်နေရာကနေပျောက်သွား ပြီး တစ်နေရာမှာ ဝင်ပုန်းနေတဲ့အချိန်မှာ ဘတ်သ် တစ်စုံတစ်ခုကိုသတိထားမိ လိုက်ပါတော့တယ်။ အဲ့ဒါကတော့ ပထမကောင်လေး ဂျက်ခ်နောက်ကိုဒီလူရမ်း ကားသုံးယောက်က အကြောင်းတစ်စုံတစ်ရာအတွက် လိုက်အန္တရာယ်ပေးနေ တယ်ဆိုတာပါပဲ။ ဒီနေ့တစ်နေ့တာဟာ သူ့အတွက် ဘယ်လိုမှပျင်းစရာမကောင်း တော့ဘူးဆိုတာ သေချာသွားပါပြီ။ အခုချိန်မှာသိပ်မတွေ့ရတော့တဲ့ psychological thriller ကားကောင်းတစ်ကား ဖြစ်ပြီးအစကနေအဆုံးအထိ လှည့်ကွက်တွေအပြည့်နဲ့ဆွဲခေါ်သွားပါလိမ့်မယ်။ Josh Lucas , Radha Mitchell နဲ့ Barry Watson တို့လိုဝါရင့်သရုပ်ဆောင် ကြီးတွေရဲ့ နုစဉ်ဘဝကိုလတ်လတ်ဆတ်ဆတ်မြင်ရမှာဖြစ်ပါတယ်။ ပရိသတ် တွေလက်လွတ်မသင့်တဲ့ဇာတ်ကားပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.74 GB) / (747 MB) Quality…………WEB-DL 1080p / 720p Duration……..1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action, Mystery, Thriller Translator……Alias Encoder……….SWM

6.3 2001
When Strangers Appear
The Execution
6.7

The Execution (2022) IMDb Rating (6.7) / Rotten Tomatoes (92%) ဒီဇာတ်လမ်းကတော့ ရုရှားအစိုးရအနေနဲ့ ဆယ်နှစ်ကျော်လိုက်လံရှာဖွေအဖြေထုတ်ခဲ့ရတဲ့ ကွင်းဆက်လူသတ်သမားအမှုအကြောင်း တကယ့်ဖြစ်ရပ်မှန်ဖြစ်ပြီး အမျိုးသမီးနဲ့ကလေး အယောက်50ကျော် သတ်ခဲ့တဲ့ ရုရှားကွင်းဆက်လူသတ်သမား Andrei Chikatilo ရဲ့ လူသတ်မှုတွေကို inspireယူပြီး ရိုက်ကူးထားတာပါ။ ဒီဇာတ်လမ်းထဲမှာတော့ အမျိုးသမီးတွေအများကြီးကို ရက်ရက်စက်စက်သတ်ခဲ့တဲ့ ရုရှားရဲ့နာမည်အကြီးဆုံး ကွင်းဆက်လူသတ်သမားကို 10နှစ်ကျော်ရှာဖွေခဲ့ရာက နောက်ဆုံးမှာ ဖမ်းမိခဲ့တယ်။ ဒါပေမဲ့ အဲဒီသံသယရှိသူက သူ့အပြစ်ကိုဝန်မခံဘဲ သူ မသတ်ကြောင်းငြင်းဆန်ရာကနေ သံသယရှိသူနဲ့ စစ်ဆေးမေးမြန်းသူတို့ကြား တင်းမာမှုတွေပြင်းထန်လာပြီး ဘယ်လိုကိုယ်ရေးကိုယ်တာကိစ္စတွေပါလာမလဲ၊ ထင်မှတ်မထားတဲ့လှည့်ကွက်တွေကရော ဘာတွေဖြစ်လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမယ့် ရုရှားမှုခင်း ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။

Drama
6.7 2021 130 mins
The Execution
Masked Hearts
6.2

Masked Hearts ( 2023 ) ==================== ဒီဂျပန်ကားက ကြည့်ရတာတော့ အရမ်းသွက်ချင်မှသွက်မှာပေမဲ့ ကြည့်ရင်းနဲ့ ဇာတ်ရည်လာတဲ့အချိန် အရသာတော်တော်လေးပေါ်လာမယ့် ရုပ်ရှင်မျိုးပါပဲ။ ဇာတ်လမ်းကတော့ ဒါရိုက်တာပေါက်စမလေးတစ်ယောက်ရဲ့ ရုပ်ရှင်လောကက အခက်အခဲတွေနဲ့ စထားတယ်။ သူ့ရဲ့ရုပ်ရှင်အပေါ် ရှုမြင်ပုံတွေ ဘာတွေနဲ့ စတယ်။ ဒါက စီးပွားရေးသမားတွေအတွက် အံမကိုက်တာလား သူ့ကိုအသုံးချလိုက်တာလားတော့မသိပေမဲ့ သူစဉ်းစားထားတဲ့ဇာတ်ကို သူရိုက်ခွင့်မရလိုက်ရဘူး။ ဒီလိုနဲ့ သူက အိပ်မက်တွေကို လက်လျှော့ထားတဲ့လူတစ်ယောက်နဲ့တွေ့တယ်။ သူတို့နှစ်ယောက်အတူတူ ဒါရိုက်တာမရဲ့ဇာတ်လမ်းအတိုင်းပဲ ကိုယ်ထူကိုယ်ထရိုက်ဖို့လုပ်ကြတယ်။ ဒီလိုလုပ်ရင်း သူ့ဇာတ်လမ်းကို သူ့ဘာသာတောင် နားမလည်ခဲ့တဲ့အချက်တွေကို ဒါရိုက်တာမလေးက နားလည်လာတယ်။ သူ့အပြစ်တင်ချင်ခဲ့သမျှတွေက သူထင်သလိုမဟုတ်နေတာကိုလည်းး နားလည်လာတယ်။ ဇာတ်က အေးအေးလေးပေမဲ့ အဲဒီအေးအေးလေးကိုမှ စိတ်ဝင်စားစရာလည်းကောင်းသလို ကြာလေ ထိလေဖြစ်လာအောင် ရိုက်ပြထားတဲ့ရုပ်ရှင်ပါပဲ။ ဂျပန်ရုပ်ရှင်တွေထုံးစံအတိုင်း သူ့ရဲ့လေးပင်တဲ့တန်ပိုကို စိတ်ရှည်နိုင်တဲ့ သူ့ပရိသတ်တွေနဲ့ပဲ ပိုကီးကိုက်ပါလိမ့်မယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File size_(1.9GB)/(900MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:30:00 Genre_Drama, Romance Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by W

Horror
6.2 2023 140 mins
Masked Hearts
Stop! Thieves
5.9

ဒီတစ်ခေါက်မှာတော့ အားလုံးအတွက် ဟာသကားလေး ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်… Alibaba အကြောင်းကြားဖူးမယ်ထင်ပါရဲ့… ဒီကားထဲမှာ ချန်အစ်ကိုကြီးလည်း ဒီလိုပဲ သူ့ညီအစ်ကိုတွေနဲ့အတူ အိမ်တွေက ရှေးဟောင်းပစ္စည်းတွေကို ခိုးပြီး ပြန်ရောင်းတဲ့ စီးပွားရေးလုပ်ပါတယ်… ဟုတ်ပါတယ်… သူခိုးကြီးပါ… ဇာတ်လမ်းအကျဉ်းလေးပြောရမယ်ဆို ငွေအရမ်းမက်တဲ့ ရှောင်းချန်က သူ့ညီ ဖက်တီးနဲ့ ချွဲ့ဇီ ကိုခေါ်ပြီး တစ်အိမ်တက်ဆင်း ပစ္စည်းတွေခိုးပြီး ပြန်ရောင်းတဲ့အလုပ်ကို လုပ်ပါတယ်.. ပစ္စည်းခိုးတာကို လူမိရင်တော့ ပြေးတာပေါ့,,, တိုက်တိုက်ဆိုင်ဆိုင် သူတို့ ခိုးတာ လူမိလို့ တစ်ပတ်ရိုက်ပြေးချိန်မှာပဲ… ကားတစ်စီးနဲ့ ဝင်တိုက်ခဲ့တယ်.. အဲ့ကားပေါ်မှာ သူတို့တွေ့ခဲ့တဲ့ သူက သူဌေးတစ်ယောက်ရဲ့ ဦးလေးဖြစ်ပြီး ပြန်ပေးဆွဲခံရတာတဲ့… ဒီဦးလေးကို ကယ်ထုတ်ပေးနိုင်ရင် ဆုကြေးရမယ်ဆိုလို့… မှန်းထားတဲ့အတိုင်းပါပဲ ငတက်ပြား ညီအစ်ကို ၃ ယောက်ရဲ့ ကယ်ဆယ်ရေးခရီး စခဲ့တာပေါ့… ကဲ ဦးလေးကို ကယ်ထုတ်ပေးနိုင်မှာလား… ဒီညီအစ်ကိုတွေက ဘာလို့ ဒီလောက်တောင် ငွေမက်တာလဲ… ဘယ်လို အလှည့်အပြောင်းတွေရှိဦးမလဲဆိုတာ ဇာတ်လမ်းလေးကိုကြည့်လိုက်ရအောင်နော်…

5.9 2019
Stop! Thieves
It’s What’s Inside

IMDb 6.6/10 ( Rotten Tomatoes -80%) 2024မှာအသစ်ထွက်ရှိထားတဲ့ဒီကားလေးကတော့ Horror/Sci-fi အမျိုးအစားပါ လူကြီးမင်းတို့ တစ်ခါတစ်ရံမှာ ”အခြားသူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ဝင်ပြီးနေဖူးကြည့်ချင်စိတ်ဖြစ်မိကြတတ်မှာပါ” ဒီဇာတ်ကားကတော့………. ကောလိပ်တုန်းက သူငယ်ချင်းတစ်သိုက် သူငယ်ချင်းဖြစ်သူရူဘင်ရဲ့မင်္ဂလာပွဲမရောက်ခင် လူပျ်ိုညကို ဂုဏ်ပြုပေးဖို့ ရူ့ဘင်အိမ်ကြိီးကိုရောက်လာခဲ့ကြတယ် တစ်ချိန်ထဲမှာပဲ ကျောင်းတုန်းကပြသနာတွေတက်ခဲ့ဖူးတဲ့သူငယ်ချင်းဉာဏ်ကြီးရှင်ဖို့ဘ်စ်ဟာ နှစ်တွေအကြာကြီးပျောက်ကွယ်နေခဲ့ပြီးမှ အဲ့ဒီညမှာ လက်ဆွဲသေတ္တာတစ်လုံးဆွဲလို့ ရူဘင့်အိမ်ကြီးကိုရောက်ချလာခဲ့တယ် အိုင်တီနည်းပညာရှင်​ဖြစ်နေပြီး ဂိမ်းအထူးအဆန်းတွေဆော့တတ်လေ့ရှိခဲ့တဲ့ ဖို့ဘ်စ်ဟာ ဒီညမှာလဲ သူတို့အတွက်အထူးဆန်းဆုံးဂိမ်းတစ်ခုနဲ့ မိတ်ဆက်ပေးပါတော့တယ် အဲ့ဒါကတော့ ဘာဂိမ်းဖြစ်မလဲ….. အဲ့ဒီဂိမ်းကိုဆော့ပြီး ရူဘင်တို့တစ်သိုက်ဘာတွေဆက်ဖြစ်ကြမလဲ ဖို့ဘ်စ်ကရော ဘာရည်ရွယ်ချက်နဲ့ဒီဂိမ်းကိုဆော့စေခဲ့တာလဲ….. သူတို့ကြားကအရှုပ်အရှင်းတွေနဲ့ ဂိမ်းဆော့ရင်းမတော်တဆတစ်ခုဖြစ်သွားတဲ့အခါမှာ…..အခြေအနေက ဘယ်လိုတွေဖြစ်သွားမလဲဆိုတာ ဆက်လက်ရှူစားကြည့်ကြပါအုံးနော် File size…(1.9 GB)/(900 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre… Comedy, Mystery, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si

0 2024
It’s What’s Inside
Riding the Bullet
5.3

Stephen Kingရဲ့ Riding the Bulletဆိုတဲ့ ဝတ္တုကို ပြန်ရိုက်ထားတဲ့ကားပါ။ ဒါရိုက်တာက အတော်ကြီးထဲမပါနေတာတောင် ဇာတ်အိမ်နဲ့ နောက်ခံစကားပြောတွေက တော်တော်ကြမ်းပါတယ်။ ကြည့်နေတုန်းက ဒီကားက ဇာတ်အိမ်နဲ့ အဖြစ်အပျက်တွေ Narrativeတွေက ကားနဲ့မလိုက်အောင် ဘာလို့လန်းနေတာလဲလို့ တွေးမိပေမဲ့ ကားဆုံးလို့ စတိုရီက ဘယ်သူလဲရှာတော့ စတီဖင်ကင်းမှန်းသိတော့ အံ့ဩစရာတော့မဟုတ်တော့ဘူး။ စတီဖင်ကင်းဝတ္တုကတော့ စတီဖင်ကင်းဝတ္တုလို့ပဲပြောရမှာပါပဲ။ စတီဖင်ကင်းရဲ့ ဟော်ရာကားမဟုတ်တဲ့ကားတွေ အားလုံးနီးပါးက Narrativeပိုင်းတွေ တော်တော်လှနေတတ်သကိုး။ ကင်းဖန်ဖြစ်ဖြစ် ဒီတိုင်းဖြစ်ဖြစ် ကြည့်သင့်တဲ့ကားပါပဲ။ Ratingတွေကတော့ ကျန်တဲ့အချက်တွေကြောင့် မကောင်းလှပေမဲ့ ဇာတ်လမ်းကတော့ စိတ်ဝင်စားစရာကောင်းသလို Conceptလည်းလှပါတယ်။ ပုံမှန်ဆိုလူတွေက ရှင်သန်ခြင်းကို ချစ်တတ်ကြပြီး သေခြင်းကို ကြောက်တတ်ပေမဲ့ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် အလန်ပါကာကတော့ သေခြင်းကိုချစ်ပြီး ရှင်သန်ခြင်းကိုကြောက်နေတဲ့လူပါ။ ဒီလိုနဲ့ သူ့မွေးနေ့တစ်ရက်မှာ ရေချိုးကန်ထဲ သတ်သေဖို့လုပ်ပါတယ်။ ဒီအချိန်မှာ သူ့ရည်းစားနဲ့ သူငယ်ချင်းတွေက Supriseတိုက်ဖို့ ရောက်လာလို့ သေရင်းတန်းလန်းနဲ့ ဆေးရုံရောက်သွားတယ်။ ဒီလိုနဲ့ ဆေးရုံက ဆင်းလာပြီးနောက် ဂျွန်လန်နွန်ရဲ့ရှိုးပွဲကိုသွားကြည့်ဖို့လုပ်ကြတုန်း သူ့အမေက လေဖြတ်သွားလို့ ဆေးရုံရောက်နေတာကို သိလိုက်ရတယ်။ ဒီလိုနဲ့ရှိုးပွဲသွားဖို့အစီအစဉ်ကိုဖြတ်ပြီး သူ့အမေရှိတဲ့ မိုင်ပေါင်းများစွာအကွာက ဇာတိကဆေးရုံလေးကို လမ်းမှာတွေ့သမျှကားတွေ လိုက်တားဆီးရင်း ပြန်လာခဲ့တယ်။ ကားကြုံလိုက်စီးရင်း ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘာတွေဖြစ်ပြီး သေခြင်းကို သဘောကျတဲ့ကောင်လေးဟာ ရှင်သန်ခြင်းကို ချစ်တတ်လာမလဲ ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ ရုပ်ရှင်စကားအတိုင်းဆို ရှင်သန်ခြင်းကို ပိုချစ်တတ်လာဖို့ သေခြင်းနဲ့ပွက်ကာသီကာလေးကြုံဖူးဖို့လိုတယ်တဲ့ ။ သေခြင်းဆိုတာ ရှင်သန်ခြင်းကို ပိုအဓိပ္ပာယ်ရှိစေတဲ့အရာပါပဲ။ ဒီသေခြင်းနဲ့ရှင်ခြင်းအကြောင်း ဇာတ်လမ်းမှာ သေခြင်းနဲ့ ရှင်ခြင်းကို စတီဖင်ကင်းက လှလှပပကြီး ပြောပြထားတာကို ကြည့်ရမှာပါပဲ။ File Size : 2.1 GB, 924 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 38min Format : Mp4 Genre : Horror, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Wira Aung Encode by : Thit San Khant

History • Comedy
5.3 2004 98 mins
Riding the Bullet
Outbreak
5.5

ဒီတစ်‌ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲ‌ကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီး‌မောင်နှံနှစ်ယောက် Zombie ဆန်ဆန်‌ ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်‌ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်… File size… (1.30GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024
Outbreak
Lizzie Lazarus
4.3

Lizzie Lazarus (2024) ဒီဇာတ်ကားလေးကတော့ Horror, Mystery, Thriller, နဲ့ Drama အမျိုးအစားဖြစ်ပြီး 1990 ခုနှစ် Summer Solstice ကာလမှာ သေဆုံးသူ Lizzie ကို အသက်ပြန်သွင်းဖို့ ကြိုးစားကြတဲ့ Lizzie ရဲ့အစ်မဖြစ်သူနဲ့ Lizzie ရည်းစားတို့အကြောင်းကို ရိုက်ကူးထားတဲ့ Horror ဇာတ်ကားပဲဖြစ်ပါတယ်။ မတော်တဆဖြစ်ပြီး သေဆုံးသွားခဲ့တဲ့ Lizzie ကို အသက်သွင်းဖို့ တောကြီးထဲကို သူတို့နှစ်ယောက် Lizzie အလောင်းကိုသယ်ရင်း သွားကြတဲ့အခါ လမ်းတစ်လျှောက် သူတို့ပြောသွားကြတဲ့အကြောင်းအရာတွေက ဘယ်လိုဆက်စပ်မှုရှိမလဲ၊ ဘယ်လိုနည်းကို အသုံးပြုပြီး အသက်သွင်းကြမှာလဲ၊ လမ်းထဲမှာရော ဘယ်လိုမျိုး အနှောင့်အယှက်တွေ တလွဲတွေ ဖြစ်ဦးမလဲ၊ Lizzie ကရော တကယ်ပြန်ရှင်လာပါ့မလားဆိုတာကို အဖြေရှာစောင့်ကြည့်ရမှာဖြစ်သလို သွေးထွက်သံယိုတွေ အော့နှလုံးနာစရာမြင်ကွင်းတွေ ပါဝင်မှုအနည်းဆုံးဖြစ်လို့ အသည်းငယ်သူတွေလည်း ကြည့်လို့ရမှာဖြစ်ပြီး ဇာတ်အေး Horror တွေကိုသဘောကျနှစ်ခြိုက်တဲ့ ပရိသတ်တို့အတွက် ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Vivien Cho ဖြစ်ပါတယ်။) File size…(1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama, Horror, Thriller Duration….01:32:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Vivien Cho

4.3 2024 91 mins
Lizzie Lazarus
A Feast for Life

ဒီဇာတ်လမ်းလေးကတော့ 2023က ထွက်ထားတဲ့ ဂျာမန်စကားပြောနဲ့ ဂျာမန်ဟာသ ဒရမ်မာရုပ်ရှင်လေးဖြစ်ပါတယ်။ ပွဲစီစဉ်သူနဲ့ သူ့ရဲ့အဖွဲ့တို့ မင်္ဂလာဆောင်တစ်ခုကို တာဝန်ယူ ကျင်းပကြရင်း ဟာသအလွဲတွေနဲ့ ရယ်ရင်းမောရင်း ဒရမ်မာလေးတွေကိုပါ ကြည့်ရမှာဖြစ်ပါတယ် မင်္ဂလာပွဲဆိုတာ စုံတွဲတွေအတွက် အလှပဆုံးနေ့ထဲက တစ်ခုပါပဲ ဒါပေမယ့်လဲ မင်္ဂလာပွဲကို စီစဉ်တဲ့အခါမှာတော့ ဆန္ဒတွေက ဘတ်ဂျက်ထက် ပိုကြီးနေတတ်ပါတယ်။ မင်္ဂလာပွဲစီစဉ်သူ Dieter (Christoph Maria Herbst) ကလည်း ဖောက်သည်တွေရဲ့ နားမလည်မှုတွေ ငြင်းခုန်မှုတွေကြောင့် တော်တော်ငြီးငွေ့နေပြီး သူ့အလုပ်တွေကို စွန့်ခွါချင်လာပါတယ်။ ဒါပေမယ့် သူ့အနေနဲ့ လုပ်ရမယ့် နောက်ဆုံးတာဝန်ကတော့ Leonie (Mira Benser) နဲ့ Lasse (Ulrich Brandhoff) တို့ရဲ့ မင်္ဂလာပွဲပဲဖြစ်ပါတယ်။ Dieter က အမြဲတမ်းလိုလို မင်္ဂလာပွဲတွေကို အသေးစိတ် စီစဉ်တတ်သူပါ။ ဒီတစ်ခါလည်း မင်္ဂလာဆောင်အတွက် အရာအားလုံး ပြည့်စုံအောင် ပြင်ဆင်ထားပေမဲ့လဲ ဧည့်သည်တွေဝမ်းသာမျက်ရည်တွေကျပြီး ရှန်ပိန်တွေသောက်အောင်ပွဲမခံခင်မှာတင် ရုန်းရင်းဆန်ခက်နဲ့ အလွဲတွေဖြစ်လာပါတော့တယ်။ မင်္ဂလာဆောင်အတွက် သီချင်းဆိုပေးမည့် အဆိုတော် Steve (Marc Hosemann) က Dieter ရဲ့ လက်ထောက် Jella (Cynthia Micas) ကို သဘောကျသွားပြီး ဓာတ်ပုံဆရာ Marcel (Jörg Schüttauf) ကတော့ သူ့အလုပ်ထက် ဘူဖေးစားဖို့ကိုပဲ ပိုစိတ်ဝင်စားနေပါတယ်။ အဲ့ဒါအပြင် ယာယီစာပွဲထိုးဝင်လုပ်နေတဲ့ Florian ကလဲ သတိုးသမီးနဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေဖြစ်ပြီး သတိုးသမီးကို ကြိုက်နေခဲ့တယ်။Dieter ကတော့ မင်္ဂလာပွဲမှာ ပြသနာမဖြစ်စေဖို့ အစွမ်းကုန် ကြိုးစားနေသလို သူ့အဖွဲ့ကတော့ အတင်းအကြပ် တွန်းအားပေးပြီး မင်္ဂလာပွဲကို တကယ်တမ်း ကမောက်ကမဖြစ်အောင် လုပ်မိသွားကြတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဟာသတွေ အလွဲတွေနဲ့ ဆက်လက်ကြည့်ရှုပေးကြပါဦးဗျာ… File size…(1.6 GB)/(892 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Kaung Myat Htoo

Crime • Drama • Action
0 2024
A Feast for Life
Deuce Bigalow: Male Gigolo

IMDb -5.7/10 RT – 23% ဇာတ်လမ်းအကျဉ်း ငါးကန်သန့်ရှင်းရေးသမား ဒုစ့် (Rob Schneider) ဟာ ငါးပြတိုက်ကနေ အလုပ်ပြုတ်ပြီး စိတ်ညစ်နေချိန် ရတောင့်ရခဲအခွင့်အရေးအဖြစ် နိုင်ငံခြားခရီးသွားရမယ့် Gigolo – ယောက်ျားကြေးကြီးပြည့်တန်ဆာတစ်ဦးဖြစ်တဲ့ အန်တွိုင်း(Oded Fehr)ရဲ့ငါးတွေကိုကြည့်ပေးရင်း အိမ်စောင့်ပေးဖို့ အလုပ်တစ်ခုရခဲ့ပါတယ်။ ဒါပေမယ့် တန်ဖိုးကြီးအလှမွေးငါးကန်ကိုခွဲမိပြီး ပြန်ပြင်နိုင်ဖို့ ဒေါ်လာ ၆ဝဝဝ လိုအပ်လာတဲ့အခါမှာတော့ အန်တွိုင်းခြေရာနင်းကြည့်ဖို့ ကြိုးစားကြည့်ပါတော့တယ်။ အလုပ်က ထင်သလောက်မလွယ်သလို အန်တွိုင်းနောက်ကို လိုက်နေတဲ့ စုံထောက် ဖောင်လာ (William Forsythe) ကလည်း ဒုစ့်နောက်ကို အချိန်ပြည့်လိုက်နေပါတယ်။ ဒေါသကြီးတဲ့အန်တွိုင်း ပြန်မရောက်ခင် ဒုစ့်တစ်ယောက် အချိန်မှီငွေရှာနိုင်ပါ့မလား…သူ့ရဲ့ချစ်သူ ကိတ် (Arija Bareikis)ကရော သူ့ကို နားလည်ပေးနိုင်ပါ့မလား စသဖြင့် ဆက်လက်ရှုစားကြည့်ကြပါ။ ၂၀၀၀ပြည့်နှစ်ဝန်းကျင်တွေက ရုပ်ရှင်ဖြစ်တဲ့အတွက် Body shaming ‌‌‌‌တွေများသလို၊ တချို့ဟာသတွေဟာ အခုခေတ်နဲ့ပြန်ကြည့်ရင်တော့ အတော်လေး အဆင်မပြေပါဘူး။ သို့ပေမယ့်လည်း ထိုခေတ် ထိုအခါက Box office မှာ ‌အောင်ပွဲခံခဲ့သလို ၂၀၀၅ ခုနှစ်မှာ Sequale (Deuce Bigalow: European Gigolo) ထွက်လိုက်ပါသေးတယ်။ ဒါရိုက်တာကတော့ Mike Mitchell ဖြစ်ပြီး သူ့ရဲ့ ပွဲဦးထွက်ရုပ်ရှင်ပါ။ မြန်မာပြည်သူပြည်သားအပေါင်း ကပ်ကြီးသုံးပါးဘေးမှ အမြန်ဆုံးလွန်မြောက်ရပါစေ။ အညွှန်းနဲ့ ဘာသာပြန် TLone ဖြစ်ပါတယ်။ File size…(1.7 GB)/(999 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by T Lone

Mystery • Thriller • Horror
0 1999
Deuce Bigalow: Male Gigolo