YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Youth.MT.S01.E01.720p.CM.mp4

803.91 MB N/A video/mp4 1525 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Me Before You
7.9

Datshin Review : Me Before You (2016) Drama, Romance --- Plot --- . အသက် ၂၆ နှစ်အရွယ်ရှိ Louisa Clark ဟာ စားပွဲထိုးအလုပ်ကနေ ပြုတ်သွားပြီး အတူနေ မိဘနဲ့ ညီမသားအမိကို ထောက်ပံ့ဖို့ လိုတဲ့အတွက် အလုပ်သစ်တစ်ခု အသည်းအသန်ရှာရတဲ့အခါမှာ မသန်စွမ်းတစ်ယောက်ကို စောင့်ရှောက်ရမယ့် အလုပ်ကို လက်ခံခဲ့ပါတယ်။ သူစောင့်ရှောက်ရတဲ့သူက လွန်ခဲ့တဲ့ နှစ်နှစ်က မော်တော်ဆိုင်ကယ် မတော်တဆမှုမှာ တစ်ကိုယ်လုံးသေ (လက်ချောင်းတစ်ချောင်းနှစ်ချောင်းနဲ့ ခေါင်းလောက်ပဲ လှုပ်နိုင်တော့တဲ့) Will Traynor ပါ။ Will ဟာ မတော်တဆမှု မတိုင်ခင်က အောင်မြင်နေတဲ့ လူငယ် ဘဏ်လုပ်ငန်းရှင်လဲဖြစ်ပြီး ချမ်းသာတဲ့မိဘက ပေါက်ဖွားလာလို့ ရုပ်လဲချော ပညာလဲတတ် ကျားကျားယားယားလဲရှိနဲ့ အရာအားလုံး ပြည့်စုံနေတဲ့သူ ဖြစ်ခဲ့သူပေါ့။ ကို့ယို့ကားယား ကြောင်တောင်ကျားတား ဝတ်စားတတ်ပြီး ပေါ့ပေါ့ပါးပါးနေတတ်သူ Lou နဲ့ အရာရာကို စိတ်အချဉ်ပေါက်ပြီး တစ်ချိန်လုံးဒေါသထွက် လောကကြီးကို မကောင်းမြင်နေတဲ့ Will တို့နှစ်ယောက်ရဲ့ ကံကြမ္မာဟာ သူတို့ထင်ထားတာထက်ပိုပြီး ယှက်နွယ်လာခဲ့ကြပါတယ်။ . --- Review --- . Jojo Moyes ရဲ့ Best seller ဝတ္တုကို ပြန်ရိုက်ထားတဲ့ ဒီကားကို သေချာပေါက် ကြိုက်မယ့်လူ ၂မျိုးရှိပါလိမ့်မယ်။ ၁) The Fault in Our Stars လို မငိုငိုအောင် လုပ်ထားတဲ့ ဇာတ်လမ်းမျိုး ကြိုက်တဲ့သူတွေရယ် ၂) British accent ကို ကြိုက်ပြီး အင်္ဂလန်တောတောင်ရေမြေသဘာဝအလှကို ကြိုက်တဲ့သူတွေရယ်။ . ဘယ်နေရာကိုမဆို သွားနိုင်လာနိုင်တဲ့အခွင့်အရေးရှိနေပါရက်နဲ့ ဒီမြို့လေးကလွဲရင် ဘယ်ကိုမှ မသွားချင် မသွားဖူးတဲ့ မိန်းကလေးနဲ့ ကမ္ဘာကြီးရဲ့ အလှအပတွေကို ကိုယ်တိုင်မြင်ဖူးခဲ့ပြီးမှ ဘယ်မှ သွားလို့မရပဲ ဘီးတပ်ကုလားထိုင်ပေါ်မှာပဲ အချိန်ကုန်နေရတဲ့ အမျိုးသားတို့ဟာ တစ်ယောက်နဲ့တစ်ယောက် အားကျနေကြရတာပေါ့။ လူတိုင်းက သူ့ဆို ငပေါ ဉာဏ်ထိုင်းလို သဘောထားတဲ့အပေါ် အသားကျနေတဲ့ Lou ကို အမြဲတမ်းထိပ်ဆုံးမှာပဲ နေချင်တဲ့ Will က အားမရဖြစ်၊ ချမ်းသာပြီး အရာအားလုံးပြည့်စုံ (ကျန်းမာရေးကလွဲ)နေရဲ့သားနဲ့ အားလုံးကလဲ ဝိုင်း ဂရုစိုက်နေရဲ့သားနဲ့ ဂျစ်ကန်ကန်ဖြစ်နေရလားဆိုပြီး Lou က သိပ်သည်းမခံချင်။ ဒါပေမယ့် သံယောဇဉ်တွေ အပြန်အလှန်တွယ်ခဲ့ပြီး Lou ရဲ့ အမြင်တွေ တဖြည်းဖြည်း ပြောင်းလဲလာပြီးမှ ဘာကြောင့် သူ့ကို ခြောက်လပဲ ငှားရမ်းရလဲ ဆိုတာရဲ့ အကြောင်းပြချက်ကို သိသွားတဲ့အခါမှာ Lou ဘက်ကကော Will Traynor ရဲ့ စိတ်ကို ပြောင်းလဲနိုင်ပါ့မလားဆိုတာကတော့ ကိုယ်တိုင်ပဲ ကြည့်ကြည့်ပါတော့။ . အင်္ဂလိပ်ကားတို့ ထုံးစံအတိုင်း ရှုခင်းလှလှလေးတွေ မြင်ကွင်းလှလှလေးတွေနဲ့ လှတပတလေး ရိုက်ထားတာပါ။ နောက်တစ်ခုက မင်းသားမင်းသမီးတွေက မြင်ဖူးနေကြမျက်နှာတွေပါပဲ။ Louisa Clark အဖြစ် GOT ရဲ့ အသည်းကျော် နဂါးမေမေ Emilia Clarke ဖြစ်ပြီး Will Traynor အဖြစ် hottie လေး Sam Claflin တို့ပါ။ နောက် Harry Potter ထဲက Neville Longbottom ဖြစ်တဲ့ Matthew Lewis၊ နောက် Doctor Who series ထဲက Doctor’s Companion လေး Clara Oswald ဖြစ်တဲ့ Jenna Coleman တို့လဲ ပါဝင်ပါတယ်။ နဂါးမေမေပါတယ်ဆိုပြီး GOT ထဲကလိုတော့ မထင်ထားကြပါနဲ့ဦး။ Emilia Clarke တို့ ဒီကားထဲမှာ လုံခြုံချက်များ ဘာဆို ဘာမှ မပေါ်ပါဘူး။ . အချစ်ဇာတ်လမ်းလို့ပြောပေမယ့် ဖက်ရမ်းနမ်းရှုံ့အခန်းတွေတောင် မပါမဖြစ်နေရာလောက်လေးပဲ ပါတဲ့အတွက် ကလေးတွေကြည့်လို့ရပါတယ်။ တစ်ခုပဲ… British accent နဲ့ဆိုတော့ သူတို့ပြောတာတွေ ဖမ်းမိဖို့ တော်တော်မလွယ်။ စာတန်းထိုးနဲ့ ကြည့်မှပဲ ဇာတ်ကားအရသာကို ကောင်းကောင်း ဖမ်းမိမယ် ထင်ပါတယ်။ . အစမှာ ပြောခဲ့သလိုပဲ ဝမ်းနည်းလာတာ ဝမ်းနည်းလာတာဆိုတာ မျက်ရည် ဘူးသီးလုံးလောက်ကျရပါတယ်။ သရုပ်ဆောင်ကောင်းလွန်းလို့တော့ မဟုတ်လှဘူး။ မင်းသားကော မင်းသမီးကောက ကားစ ကားဆုံး ရုပ်သေနေသလိုပဲ။ မင်းသားကတော့ ထားပါတော့ သူ့ဇာတ်ကောင်ကိုက တစ်ကိုယ်လုံးသေနေတာဆိုတော့။ ဇာတ်လမ်းကပေးချင်တဲ့ message ကိုက ဝမ်းနည်းစရာကောင်းနေတာဆိုတော့ ဘာပဲဖြစ်ဖြစ် ငိုရမယ်ဆိုသလိုပါပဲ။ ဒီကားပြီးရင်တော့ စဉ်းစားစရာလေးတွေ ကျန်ခဲ့မှာပါ။ အသက်ရှင်နေထိုင်ဖို့ ဘာလိုလဲ။ ဘဝကို ဘယ်လိုနေမလဲဆိုတာ စိတ်ကြိုက်ရွေးချယ်ခွင့်ရှိရင် ဘယ်လိုသေမလဲဆိုကော ရွေးချယ်ခွင့် ရှိပါ့မလား။ စိတ်ဒဏ်ရာပေးခဲ့တဲ့ အတိတ်ရဲ့ အရိပ်ဆိုးတွေကို လက်မြှောက်အရှုံးပေးလိုက်တော့မှာလား။ Will ပြောသလို “Will you let this moment define you?”.. စသဖြင့် စသဖြင့် မေးခွန်းတွေ ကိုယ့်ကိုကိုယ်ပြန်မေးမိမှာပါ။ ဒဿနိကပိုင်းအရ အရမ်းနက်နဲလှတယ် မဆိုနိုင်ပေမယ့် အသက်ရှင်နေရခြင်းကို bite size စဉ်းစားစရာလေးတွေ ပေးမှာပါ။ စာအုပ်ဖတ်ပြီးသားလူတွေကတော့ ဖြစ်နေကြအတိုင်း သိပ် စိတ်တိုင်းကျမယ် မထင်ပါဘူး။ . --- Movie Info --- Director: Thea Sharrock Top-billed Cast: Emilia Clarke, Sam Claflin Runtime: 1 hour 50 min Screenplay: Jojo Moyes, Scott Neustadter, Michael H. Weber Distribution : Warner Bros. Budget : $20 Million Box Office : $157.8 Million --- Ratings --- Datshin: 3.5/5 IMDb: 7.6/10 Rotten Tomatoes: 43% -Jen (ရုပ်ရှင်အညွှန်းကို DatShin Facebook Page မှ ကူးယူဖော်ပြပါသည်။) File size…(3.2 GB)/(1.3 GB)/ (830 MB) Quality….WEB-DL 4K HEVC /1080p HEVC/720p Format…mkv/mp4 Duration….01:50:12 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung Translated by ^May^

Action & Adventure • Animation • Comedy • Sci-Fi & Fantasy
7.9 2016 110 mins
Me Before You
Shooting Stars
7.5

Shooting Stars (2023) ================ Genre – Biography, Drama, Sports IMDb Rating – 6.5/10 ဘတ်စကတ်ဘော အားကစားလောကမှာဆို မိုက်ကယ်ဂျော်ဒန်တို့ခေတ်ပြီးရင် ခု လဘရွန်းဂျိန်းစ်ဆိုတာကို ကြားဖူးကြမယ်ထင်ပါတယ်။ NBA ချန်ပီယံ ၄ ခါ ဖြစ်ထားတယ်၊ NBA သမိုင်းတလျှောက် အမှတ်အများဆုံးသွင်းယူသူ၊ နောက် ပြီး အိုလံပစ် ရွှေတံဆိပ်ဆုရှင်လည်း ဖြစ်ပါတယ်။ ဒီ သမိုင်းနောက်ခံ အားကစား ဒရမ်မာ ရုပ်ရှင်လေးက သူကိုယ်တိုင်ရေးတဲ့ အထ္တုပတ္တိကို ပြန်လည် အသက် သွင်းထားတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့အကြောင်းဆိုပေမဲ့လည်း သူတစ်ယောက် တည်းကို ကွက်ပြီး Hightlight လုပ်ပြတာမျိုး မရှိပဲ သူတို့ အထက်တန်းကျောင်း ဘဝတုန်းက ပြည်နယ်ချန်ပီယံဖြစ်ခဲ့ရပုံတွေနဲ့ သူငယ်ချင်းတွေအကြောင်းကို တစ်ယောက်စီ သေချာလည်း ပြသပေးထားတာမျိုး ဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့အကြောင်းအရာလေးကတော့ လဘရွန်းဂျိန်းစ်ရယ် ဒရူးဆိုတဲ့ လူကောင် အညှပ်ကလေးရယ် ရှရန်ဆိုတဲ့ဝတုတ်လေးရယ် ဝီလီဆိုတဲ့ ရင့်ကျက်တဲ့ကောင် လေးရယ်က အသက် ၁၀ နှစ်ကတည်းက Shooting Stars ဆိုတဲ့ အဖွဲ့အောက် မှာ ဘတ်စကတ်ဘော ကစားခဲ့ကြတာပါ။ နည်းပြကတော့ ဒရူးရဲ့ အဖေပေါ့။ ဒီလိုနဲ့ အထက်တန်းကျောင်းတက်ရမယ့်အချိန်ရောက်တော့ ဒရူးအဖေက ဘတ် စကတ်ဘော သေချာကစားနိုင်မယ့် ကျောင်းတစ်ကျောင်းကို သေချာရွေးချယ်ပေး ခဲ့တယ်။ ဒါပေမဲ့ အဲဒီကျောင်းက နည်းပြက ဒရူးကို လူကောင်သေးလို့ အတူတူ ပေးကစားလို့ မဖြစ်ဘူး၊ ဂျူနီယာအသင်းပဲ ရမယ်ဆိုတော့ ဒရူးတစ်ယောက် လိုက်ရှာတဲ့အချိန် လူဖြူတွေများတဲ့ စိန့်ဗီကျောင်းမှာ ပြဿနာတွေနဲ့ ရောက်လာ တဲ့ နည်းပြသစ် ဒန်ဘရော့နဲ့ ဆုံမိပြီး သူတို့တစ်ဖွဲ့လုံး ဘယ်လိုတွေ တိုးတက်ပြောင်း လဲလာပြီး အထက်တန်းကျောင်းချန်ပီယံ ဘယ်လိုရလာမလဲဆိုတာတွေ စိတ်ဝင် စားဖွယ် ကြည့်ရမှာပါ။ လဘရွန်းဂျိန်းရဲ့ နာမည်ကျော်ကြားလာပြီး ဖိအားတွေ ကြုံရပုံတွေ ဒရူးရဲ့ လူကောင် သေးပေမဲ့ အပြောမခံပဲ ပြန်လုပ်ပြခဲ့တာတွေ ဝတုတ်လေးရှရန်ရဲ့ အကောင်းမြင် တတ်ပုံတွေ ဝီလီရဲ့ အားပေးမှုတွေနဲ့ သူငယ်ချင်းတွေကြားက သံယောဇဉ်ကို အား ကစားနဲ့ ဖော်ကျူးထားတဲ့ Biography ရုပ်ရှင်လေးပါ။ Stranger Thing က Lucas လေးက ဒရူးအဖြစ် သရုပ်ဆောင်ထားတာကိုလည်း တွေ့ပါတယ်။ ဘတ်စကတ် ဘောနဲ့ ပတ်သက်တဲ့အသုံးအနှုန်းများကို တတ်နိုင်သလောက် ကြိုးစားပြန်ထားတဲ့ အတွက် အမှားပါခဲ့ရင် ခွင့်လွှတ်ပေးကြပါလို့ ပြောချင်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size..........(1.82 GB) / (775 MB) / (459 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 50Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Biography, Drama, Sport Translator.......Thura Aung Encoder..........Zin Phyo Aung

Action • Comedy • Science Fiction
7.5 2023 116 mins
Shooting Stars
Phantom
5.8

(၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ် ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

TV Movie • Thriller
5.8 2013 99 mins
Phantom
Section 8
6.7

ဒီတစ်ခေါက်မှာတော့ Section Eight ဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းကြီးတစ်ခု အကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Action/Adventure movie ကား တစ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Section eight ဇာတ်ကားကတော့ Mosul မှာ စစ်သားတစ်ယောက် ဖြစ်တဲ့ Jake တစ်ယောက် သူ့ရဲ့အရာရှိ Tom Mason နဲ့အတူတူ Taliban တွေလက် ထဲကနေ လက်မတင်လေးလွတ်မြောက်လာတဲ့ တိုက်ပွဲကနေ စတင်ရိုက်ကူး ထားပါတယ်။ ငါးနှစ်ကြာပြီးနောက်မှာတော့ Jake တစ်ယောက် အိမ်ကိုပြန်လာ ပြီးတော့ ကားပြင်သမားတစ်ယောက်အဖြစ် သူ့ဦးလေးဖြစ်သူ အာလ်ရဲ့ ဆိုင်မှာ အလုပ်လုပ်ရင်း သူ့ဇနီးလေး Ash ရယ် သားလေး West ရယ်နဲ့ ဘဝကိုပျော် ပျော်ရွှင်ရွှင်နေထိုင်နေပါတယ်။ တစ်နေ့မှာတော့ သူ့ ဦးလေးကို လူရမ်းကားတစ်သိုက်က ဝင်နှောင့်ယှက်ပြီး ပိုက်ဆံအကြပ်ကိုင်တောင်းခံရတဲ့အချိန်မှာ ဂျိတ်တစ်ယောက် လူရမ်းကားတွေကို အနိုင်တိုက်နိုင်လိုက်ပေမဲ့ သူ့မိသားစုအသက်အန္တရာယ်နဲ့ သူ့ကိုခြိမ်းခြောက် သွားခဲ့ပါတယ်။ သူမထင်မှတ်ထားခဲ့တာအချိန်မှာပဲ လူရမ်းကားတွေက မကျေပွဲကို သူ့ဇနီးနဲ့သားလေးအပေါ် ပုံချသွားပြီး နှစ်ယောက်စလုံးကို သတ်သွားတဲ့အခါမှာတော့ ဂျိတ်တစ်ယောက် လူရမ်းကားတွေအပေါ် ဘယ်လိုလက်စားပြန်ချေမလဲ။ သူ့ဘဝကြီး ကျွန်းထိုးမှောက်ခုံဖြစ်ပြီးသွားတဲ့နောက်မှာ Section Eight ထဲကို ဘယ်လိုဝင်ရောက် သွားပြီး လုပ်ကြံသတ်ဖြတ်သူဖြစ်လာမလဲဆိုတာတွေကို Action ကားတစ်ကားရဲ့ အနှစ်သာရပြည့်ပြည့်ဝဝနဲ့ ကြည့်ရှုလို့ရမဲ့ ဇာတ်လမ်းကောင်းလေး ဖြစ်ပါတယ်။ ကြည့်ရှုခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ June ဖြစ်ပါတယ်) File Size..........(1.58 GB) / (704 MB) / (430 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 18mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Thriller Translator.......June Encoder..........SWM

Crime • Drama • Mystery
6.7 2022 98 mins
Section 8
Enemies In-Law
6.4

ကဲ ''ရန်သူတော်ခမည်းခမက်''ဆိုတဲ့ ဇာတ်လမ်းနာမည်လေးအတိုင်း ဟန်ချောဆူနဲ့ ပတ်ယောင်ဟီးတို့ ချစ်သူနှစ်ယောက်ကြားက ချစ်ခြင်းကိုခွဲမယ့် အကြီးမားဆုံး အဟန့်အတားကို ပြောရရင်တော့ဖြင့်.. ယောင်ဟီးတို့မိသားစုဟာ ရဲမျိုးရိုးဖြစ်သလို ယောင်ဟီးရဲ့အဖေ ရဲသက်တမ်းတလျှောက် လိုက်ဖမ်းနေခဲ့တဲ့ နာမည်ကြီး လူလိမ်သူခိုးဘုရင်နဲ့ ဘုရင်မလို့တောင် တင်စားရမယ့်လင်မယား နှစ်ယောက်ဟာ သမီးဖြစ်သူရဲ့ ချစ်သူကောင်လေး ချောဆူရဲ့ မိဘတွေဖြစ်နေတဲ့အခါ... ချောဆူတစ်ယောက် ယောင်ဟီးအဖေဆီက ကြည်ဖြူလက်ခံလာအောင် ဘယ်လိုကြိုးစားမလဲ ရန်သူတော်ခမည်းခမက် မိသားစုနှစ်ခုရော ဘယ်လိုနှပါးသွားမလဲဆိုတာကို မှုခင်းဆန်ဆန် မြှုပ်ကွက်တွေရော ဟာသလေးတွေပါနှောထားပြီး ကြည့်ရမယ့်ကားလေးဖြစ်တာမို့ အခုပဲ ကြည့်လိုက်ကြရအောင်ပါ ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hay Mann Thitsar ပါ ) File Size__(1.3GB) Quality__720p IMDb Rating__5.9/10 Format__mp4 Duration__01:59:00 Type__Comedy , Romance Subtitle__Myanmar Subtitle (Hardsub) Translated by Hay Mann Thitsar Encoded by Naing Aung Latt

Action • Crime
6.4 2015 119 mins
Enemies In-Law
Torn Hearts
5.9

"Torn Hearts" ဆိုတာက တက်သစ်စ အမျိုးသမီး နှစ်ယောက်တွဲပြီး ဖွဲ့ထားတဲ့ တီးဝိုင်းအဖွဲ့ နာမည်ပါ။ အရက်ဘားတွေမှာ အပျော်တမ်း တီးကြဆိုကြရင်း ဝမ်းစာရှာနေရတဲ့ အဆိုရှင် တစ်ယောက်နဲ့ တေးရေးတစ်ယောက်သာ ပါတဲ့ ဒီအဖွဲ့က ကောင်မလေးနှစ်ယောက်ဟာ သိပ်ချစ်ကြတဲ့ သူငယ်ချင်းနှစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ သူတို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ အခွေထုတ်နိုင်ဖို့ ဂွင်ကောင်းကောင်းတစ်ခုကို လိုက်ရှာကြရင်းနဲ့ နာမည်ကျော်အဆိုတော်ဟောင်း တစ်ယောက်ဆီ ရောက်သွားကြပါတယ်။ ဒီအဆိုတော်မှာ လူသိမခံဝံ့တဲ့ နောက်ကြောင်းရာဇဝင်တွေ ရှိနေသလို ကြေကွဲစရာ ဇာတ်လမ်းတွေလည်း ရှိထားပြန်ပါတယ်။ ဒီအမျိုးသမီး ၃ယောက်ကြားက ဆက်ဆံရေးက ဘယ်လိုဖြစ်လာမလဲ.....။ အချစ်၊ သံယောဇဥ် နဲ့ ကျော်ကြားမှုတို့ ယှဥ်လာကြတဲ့အခါ အဖုအထစ်တွေဖြစ်လာရင်း......ဘယ်လိုပြောင်းလဲသွားကြမလဲ....။ အောင်မြင်မှုနောက်ကိုလိုက်ကြရင်း နောက်ဆုံး သင်ခန်းစာရဖွယ် ဖြစ်ရပ်ကိုသာ ကြုံခဲ့ရတာကို ပညာပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ တွေးစရာပေးတဲ့ ဇာတ်လမ်းလေးဖြစ်လို့ အချိန်ရရင် ကြည့်သင့်ကြောင်း တိုက်တွန်းလိုက်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Richard Wai ပဲဖြစ်ပါတယ်။ Genre.....Drama, Horror, Music Quality….1080p | 720p| 480p File size…1.1GB | 573MB | 273MB Format…mp4 Duration….1h 37min Subtitle….Myanmar Subtitle (Hardsub) Translator ..... Richard Wai Encoder ..... August

Comedy
5.9 2022 97 mins
Torn Hearts
Taxidermia
6.8

အခုမိတ်ဆက်ပေးချင်တာက သာမာန်ဇာတ်ကားပုံစံနဲ့မတူကွဲထွက်နေတဲ့ ဟန်ဂေရီကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ မျိုးဆက်သုံးဆက်ရဲ့ ယောက်ျားသုံးယောက်စီမှာရှိတဲ့ မတူညီတဲ့အမူအကျင့်တွေနဲ့ မတူညီတဲ့ စိတ်အားထက်သန်မှုတွေကို အနှစ်ကျကျရိုက်ကူးထားတာပါ။ ပထမဆုံးမျိုးဆက် အမျိုးသားက အင်မတန်နှာဘူးထတဲ့ကျော်ကြီးပါ။ သူ့ကမ္ဘာမှာ မိန်းမမရှိရင် မရှင်သန်‌နိုင်လောက်တဲ့အထိ တဏှာရမက်ကြီးမားလွန်းတဲ့သူဖြစ်ပါတယ်။ ဒုတိယမျိုးဆက်ဖြစ်တဲ့သူ့သားကတော့ အစားအင်မတန်ကြီးလွန်းသူဖြစ်ပြီး အစားအသောက်ပြိုင်ပွဲတွေမှာ ထိပ်တန်းအဆင့်ရှိသူတစ်ယောက်ဖြစ်ပါတယ်။ ပြီးတော့ သူ့ရဲ့သားနောက်ဆုံးမျိုးဆက်ကတော့ အသက်မရှိတော့တဲ့ အကောင်တွေကို အစာသွပ်ပုံသွင်းတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့အလုပ်မှာ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူဖြစ်တာကြောင့် သာမာန်အစာသွပ်ပညာရှင်တွေ မလုပ်နိုင်တဲ့ကိစ္စမျိုးတွေကို သူ့ကိုပဲ လာအပ်ကြရပါတယ်။ ဒီ မြေးအဖိုးအရင်းတွေရဲ့ မတူညီတဲ့ခံယူချက်၊ စိတ်ထား၊ ဝါသနာနဲ့ အလုပ်အကိုင်တို့ကို စိတ်၀င်စားစရာကောင်းအောင်ရိုက်ကူးထားတာကြောင့် အက်ရှင်တွေ၊ ဒရာမာတွေကနေ ခဏအနားယူလိုသူတွေ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ လိင်ပိုင်းဆိုင်ရာတွေ၊ အော်ဂလီဆန်စရာတွေ ပါ၀င်တာကြောင့် ရွံတတ်သူ၊သွေးကြောက်သူတွေကြည့်မယ်ဆိုရင် သတိထားသင့်ပါတယ်။ File size…699.3MB Quality…WEB-Rip 720p Format…mp4 Duration….1h 31m Genre ….. Comedy , Drama , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka

6.8 2006 91 mins
Taxidermia
Here After
5

Horror / Thriller ဇာတ်ကားတွေကိုကြိုက်နှစ်သက်သူတွေအတွက် Here After ဆိုတဲ့ သေရွာပြန်ဇာတ်ကားလေးကို တင်ဆက်ပေးလိုက် ပါတယ်။လူတွေသေဆုံးပြီးသွားရင် တမလွန်ဘ၀ကိုရောက်ကြတယ်လို့ လူတော်တော်များများက ယုံကြည်ထားကြပါတယ်။ဒါပေမယ့် အဲ့ဒီတမလွန် ဘ၀ကိုရောက်ပြီး ပြန်လာနိုင်ခဲ့တဲ့သေရွာပြန်တွေလည်းအများကြီး ရှိကြပါသေးတယ်။အသက်အန္တရာယ်ဆုံးရှုံးနိုင်လောက်တဲ့ အန္တရာယ် တစ်ခုခုကိုကြုံတွေ့ခဲ့ရပြီး လုံး၀မဖြစ်နိုင်တော့ဘူးထင်ရပြီးမှ လောက ကြီးထဲကိုပြန်ဝင်ရောက်လာတဲ့လူတွေလည်း အပြင်လောကမှအများကြီး ရှိပါတယ်။ ဒီဇာတ်ကားလေးထဲက ရော်ဘင်ဆိုတဲ့ကောင်မလေးကလည်း အဲ့လိုတမလွန် ဘ၀ကနေပြန်လာခဲ့တဲ့ သေရွာပြန်ဖြစ်ပါတယ်။ဘယ်လို ဘယ်ပုံကစ ဖြစ်ရသလဲဆိုရင်တော့ ရော်ဘင်ကဆွံ့အနေသူတစ်ယောက်ဖြစ်နေပေမဲ့ သူ့ရဲ့စန္ဒယားလက်ရာက အရမ်းကောင်းလွန်းတော့ ဂီတကျောင်းဝင်ခွင့် အင်တာဗျူးဖြေဖို့ ကမ်းလှမ်းခံရရင်းနဲ့ လမ်းမှာမတော်တဆဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဆရာဝန်တွေကလည်းလုံး၀လက်လျှော့ခဲ့ကြပေမဲ့ အံ့ဩစရာကောင်းစွာနဲ့ပဲ အသက်ပြန်ရှင်လာတဲ့အပြင် စကားပါပြန်ပြောနိုင်သွားခဲ့ပါတယ်။ ဒါပေမယ့် ရော်ဘင်ပြန်လာလို့ပျော်ရွှင်ရတဲ့ပျော်ရွှင်မှုက ရေရှည်မခံခဲ့ပါဘူး။ ရော်ဘင်တမလွန်ကပြန်လာနိုင်ခဲ့ပေမဲ့ အဲ့ဒီတမလွန်ကနေဆိုးဝါးတဲ့ အရာ တစ်ခုခုကပ်ပါလာပြီး အရင်တုန်းကရော်ဘင်နဲ့မတူဘဲ တစ်နေ့တခြားပိုပို ဆိုးရွားလာတဲ့အခါမှာတော့ မိဘဖြစ်သူတွေဘာဆက်လုပ်ကြမလဲ ရော်ဘင်ကရော အရင်လိုပြန်ဖြစ်နိုင်ပါ့ဦးမလားဆိုတာကိုကြည့်ရှုရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.33GB / 696MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 29m Genre …..Drama , Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 89 mins
Here After
Elaha
6.6

အီလာဟာဆိုတဲ့ ၂၂ နှစ်အရွယ် ကောင်မလေးဟာ မင်္ဂလာဆောင်တစ်ခုမှာ နာဆင်းဆိုတဲ့ ကောင်လေးနဲ့ ဆုံတွေ့ခဲ့ပြီး နောက်တစ်နေ့မှာတော့ နာဆင်းဟာ အီလာဟာကို လက်ထပ်ချင်တဲ့အတွက် မိဘစုံရာနဲ့ လာရောက်တောင်းရမ်းပါတော့မယ်။ မိဘတွေကလည်း နာဆင်းကို သဘောကျတဲ့အတွက် အီလာဟာခမျာ သူ့ခံစားချက်ကို သေချာမသိပေမဲ့ မိဘတွေကို စိတ်မပျက်စေလိုတဲ့အတွက် လက်ခံလိုက်ပါတယ်။ သူတို့ပတ်ဝန်းကျင်ဟာ ဖိုဝါဒီ အင်မတန်ကြီးစိုးပြီးတော့ အမျိုးသမီးတွေဟာ လက်မထပ်ခင်မှာ အပျိုစင်ဖြစ်ဖို့ အရမ်းအလေးထားပြီးတော့ လက်မထပ်မှာ သတို့သားဘက်က အပျိုစစ်/မစစ် အထိပါ ဆရာဝန်နဲ့ စစ်ဆေးတတ်ကြတဲ့အထိ အင်မတန်ဆိုးရွားပါတယ်။ ဒီအချိန်မှာ အတူနေဖူးပြီးသွားတဲ့ အီလာဟာခမျာ မင်္ဂလာဆောင်ရက်မတိုင်ခင် အပျိုစင်အမြှေးပါးကို ပြန်လည်တည်ဆောက်တဲ့ကုထုံးကို ခံယူချင်ပေမဲ့ ဒီကုထုံးက ဈေးအရမ်းကြီးတဲ့အတွက် သူ့အနေနဲ့ ဘယ်လိုနည်းလမ်းရှာမလဲဆိုတာကို ရင်လေးစွာ ကြည့်ရှုရမှာဖြစ်ပါတယ်။ ယနေ့ခေတ်အခါမှာတောင် လိင်မှုပညာပေး ဗဟုသုတတွေကို မသိရှိသေးပဲ ဖိုဝါဒီကြီးစိုးမှုကို ခံစားနေရသေးတဲ့ လူမှုအဖွဲ့အစည်းအကြောင်းကို ပေါ်လွင်စွာ ရိုက်ကူးတင်ဆက်ထားတဲ့အတွက် မဖြစ်မနေ ကြည့်ရှုသင့်ပါတယ်။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။ File size…(1.5 GB)/(1 GB) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:50:00 Genre… Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Matteo

6.6 2023 110 mins
Elaha
Winner
6.2

Winner (2024) IMDb Rating (6.2) ဇာတ်ကားက အမေရိကန်လေတပ်ရဲ့ ဘာသာပြန်နဲ့ စကားပြန် ရီရယ်လတီ *ဝင်နာ* (Reality Winner) ရဲ့ ဖြစ်ရပ်မှန်အကြောင်းအရာကို အခြေခံထားတဲ့ ဇာတ်ကားပါ။ *ဝင်နာ* က အမေရိကန် လေတပ်တပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီး၊ အမေရိကန်အစိုးရအတွက် စာချုပ်ချုပ်ဆိုထားတဲ့ဝန်ထမ်းအဖြစ် လုပ်ကိုင်နေစဉ်မှာ ရုရှားနိုင်ငံက ၂၀၁၆ အမေရိကန်ရွေးကောက်ပွဲတွေကို ဝင်ရောက်စွက်ဖက်ဖို့ ကြိုးပမ်းမှုရှိကြောင်းကို ဖော်ထုတ်ထားတဲ့ လျှို့ဝှက်အစီရင်ခံစာတစ်စောင် ရှိကြောင်းကို တွေ့ရှိခဲ့ပါတယ်။ အမေရိကားက မဲပေးတဲ့အွန်လိုင်းစနစ်နဲ့ စက်ပစ္စည်းတွေကို ရုရှားက ဟက်ခ်လုပ်ဖို့ ကြိုးပမ်းခဲ့တာပါ။ ဒါပေမဲ့ မဲအရေအတွက် ဘယ်လောက်များများ ရုရှားက ပြောင်းလဲပစ်နိုင်သလဲဆိုတဲ့အပေါ်မှာတော့ သက်သေမပြနိုင်ခဲ့ပါဘူး။ အမျိုးသားလုံခြုံရေးဆိုင်ရာ ဒီလို လျှို့ဝှက်ချက်ကြီးကြီးမားမားကို ထိန်းသိမ်းထားဖို့ စည်းကမ်းတွေ ကျမ်းသစ္စာ‌တွေရှိနေပေမဲ့ *ဝင်နာ* က ပြည်သူတွေအနေနဲ့ အမှန်တရားကို သိနိုင်ခွင့်ရှိရမယ်ဆိုတဲ့ စိတ်ကူးနဲ့အတူ အဲဒီစာရွက်စာတမ်းကို မီဒီယာတွေဆီ ဖော်ကောင်လုပ်လိုက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဒီလုပ်ရပ်ဟာ သူ့အတွက် အန္တရာယ်ကျရောက်စေတဲ့ အရာတစ်ခုဖြစ်လာပါတယ်။ FBI အဖွဲ့ဟာ ပေါက်ကြားသွားတဲ့ အချက်အလက်တွေဟာ *ဝင်နာ* ရဲ့ လက်ချက်ဖြစ်ကြောင်း ဖော်ထုတ်နိုင်ပြီး မြန်ဆန်စွာ ဖမ်းဆီးရမိခဲ့ပါတယ်။ သူ့ရဲ့ ကြိုးစားမှုတွေကို အစိုးရက အက်စပွန့်နေ့ခ်ျအက်ဥပဒေ (အသံလွှင့်မှုဆိုင်ရာဥပဒေ) နဲ့ ပြစ်မှုစွဲတင်ခဲ့ပါတယ်။ ဒီဇာတ်ကားမှာ Reality Winner အဖြစ် Emillia Jones က သရုပ်‌ဆောင်ထားပါတယ်။ Kathryn Newton ကလည်း Reality ရဲ့ အစ်မအဖြစ် လုပ်ခွင့်ရသလောက် ဇာတ်ကွက်လေးတွေမှာ တာဝန်ကျေခဲ့ပါတယ်။ ဇာတ်ကားအဆုံးမှာ ဖြစ်ရပ်မှန်ထဲက လူအစစ်တွေရဲ့ ဓာတ်ပုံများပါ ထည့်ပေးထားလို့ ဗဟုသုတ ရစရာပါ။ ဒီတော့ ဒီမိုကရေစီဘိုးအေကြီးဖြစ်တဲ့ အမေရိကားမှာတောင် အစိုးရက သူမပြောချင်တဲ့အရာကို လျှာရှည်ပြီး ဖော်ကောင်လုပ်တဲ့သူကို ဘယ်လိုများ အငြိုးတကြီး လက်စားချေလိုက်သလဲဆိုတာကို သံဝေဂရစရာ ကြည့်ရှုရမှာဖြစ်ကြောင်းပါဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Arr Khun Winchester ပဲဖြစ်ပါတယ်) File size…(2.1 GB) / (880 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:44:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Arr Khun Winchester

6.2 2024 103 mins
Winner
Mad Hairdressers
5.5

ဒီတစ်ခါမှာ CM ကနေဟာသဇာတ်လမ်းတိုတစ်ပုဒ်လေးနဲ့မိတ်ဆက်ချင်ပါတယ်။ လျိုကန့်ရှန်းလို့ခေါ်တဲ့လူကတော့ရပ်ကွက်ထဲမှာ အသံကောင်းဟစ်နိုင်ဆုံးဖြစ်ပြီး တကယ်တမ်းမှာအဖြစ်မရှိတာကြောင့် ပတ်ဝန်းကျင်အသိုင်းအဝိုင်းကသူ့ကို ဆန်ကုန်မြေလေးကိုခေါ်ကြတာပေါ့။သူ့မှာ သူအရမ်းချစ်ရတဲ့ဇနီးတစ်ယောက်ရှိပြီး အဲ့ဇနီးကရင်သားကင်ဆာကြောင့်ဆုံးပါးသွားခဲ့တယ်။ ဇနီးသည်ဆုံးပါးသွားတာတောင်မှ ဘာလုပ်ရမှန်းမသိ ဘာမှမလုပ်တတ်တဲ့လျိုကန့်ရှန်းတစ်ယောက် အကြွားလုံးတစက်မှမရှိပဲ ဇနီးသည်နဲ့အတူဖွင့်ထားတဲ့ ကန့်ရှန်းလက်ရာဆံပင်ညှပ်ဆိုင်ကိုပြန်သွားခဲ့တာပေါ့။ ဒါပေမဲ့ဘာမှမလုပ်တတ်တဲ့အပြင် ဇနီးသည်ရှိစဉ်တုန်းကတချက်မှဝင်မကူပေးခဲ့တဲ့ လျိုကန့်ရှန်းတစ်ယောက်ပြဿနာတွေနဲ့ရင်ဆိုင်ရတော့ပါတယ်။ ဆိုင်ဌားခမပေးနိုင်လို့ အကြွေးတင်နေရပြီး ဇနီးသည်ရှိစဉ်ကပူးပေါင်းခဲ့တဲ့ ဆံပင်ထုတ်ကုန်ကုမ္ပဏီနဲ့လည်း စာချုပ်ဖောက်ဖျက်မှုကြောင့် လျော်ကြေးပေးရတာတွေ ရင်ဆိုင်ရတဲ့အပြင် ဇနီးသည်ကဓါတ်ကင်ဖို့ ပိုက်ဆံမရှိတာကြောင့် အိမ်ကိုပါအပေါင်ထားခဲ့တာတွေပါ ဆက်တိုက်ကြုံတွေ့ခဲ့ရပါတော့တယ်။ဒီလိုနဲ့တနေ့မှာတော့ အလှဆုံးဆံပင်ညှပ်ဆိုင်ပြိုင်ပွဲရွေးချယ်ပွဲကြီးကိုကျင်းပပြီးတော့ သူ့ ဆံပင်ညှပ်ဆိုင်ဖြစ်တဲ့ကန့်ရှန်းဆံပင်ညှပ်ဆိုင်လည်း ရွေးချယ်ပွဲထဲပါဝင်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကတ်ကြေးတောင်မကိုင်ရဲတဲ့လျိုကန့်ရှန်းတစ်ယောက်က သူအရင်ကြွားထားတဲ့ ဆံပင်ညှပ်ဆရာရဲ့ခေါင်းဆောင်ဆိုတဲ့ကြွားလုံးနဲ့ ပိတ်မိပြီးအဲ့ရွေးချယ်ပွဲမှာ ဆိုင်ကိုယ်စားပြုဝင်ပြိုင်ဖို့ရာအကြောင်းဖန်လာပါတော့တယ်

5.5 2025
Mad Hairdressers
Reinas Queens
6.8

Reinas (2024) IMDb Rating (6.8) / Rotten Tomatoes (88%) “Queens” လို လူသိများတဲ့ “Reinas” ကို ဒါရိုက်တာ Klaudia Reynicke ရိုက်ကူးထားပြီး 74th Berlin International Film Festival မှာ Best Film in the Generation Kplus section အတွက် Grand Prix ဆုရရှိခဲ့ပြီး 97th Academy Awards မှာ Switzerland’s entry for the Best International Feature Film အဖြစ် ‌ရွေးချယ်ခံခဲ့ရတဲ့ အောင်မြင်မှုတွေရရှိခဲ့တဲ့ စပိန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ မိသားစုဆက်ဆံရေးနဲ့ ရှုပ်ထွေးတဲ့ နိုင်ငံကူးပြောင်းမှုကိစ္စတွေကို စစ်မှန်အောင်ဖော်ကျူးထားတဲ့ ရင်ထဲထိစရာ မိသားစုဇာတ်လမ်းတစ်ပုဒ်ပဲဖြစ်ပါတယ်။ Plot summary 1990s ခုနှစ်ပိုင်း နိုင်ငံရေးတွေမကောင်းတဲ့ Peru မှာ နေထိုင်တဲ့ ညီအစ်မနှစ်ယောက်ဖြစ်တဲ့ Lucía နဲ့ Aurora က US အလုပ်ကိစ္စနဲ့နိုင်ငံကူးပြောင်းဖို့လုပ်နေတဲ့ သူတို့အမေ Elena နဲ့ အတူ US ကို လိုက်သွားဖိုစီစဉ်နေကြတယ်။ Aurora တို့ရဲ့ အဖေ Carlos ကတော့ တောထဲပျောက်သွားတာကြာနေပြီး သူစိမ်းတစ်ယောက်လိုပဲ သူတို့ရဲ့ဘဝထဲမှာ မရှိခဲ့တဲ့လူလိုဖြစ်နေပါပြီ။ ဒါပေမဲ့ Aurora တို့အမေ US သွားဖို့စီစဉ်နေတဲ့ ရက်ပိုင်းအတွင်းမှာပဲ Carlos က ရုတ်တရက် သူ့သမီးတွေဆီကိုပြန်ရောက်လာပါတယ်။ Carlos က သူ့ရဲ့သမီးတွေကိုအရမ်းချစ်ပြီး ကျပ်တည်းတဲ့အကြောင်းအမျိုးမျိုးကြောင့် ပျောက်သွားရပေမယ့် Aurora တို့ အတွက်တော့ သူတို့ကိုထားခဲ့တဲ့သူမို့ သူတို့အဖေကို ဖော်ဖော်ရွေရွေ ဆက်ဆံတာမျိုးတော့မရှိခဲ့ကြဘူး။ Carlos က သူ့သမီးတွေ US ကို မသွားခင် နောက်ဆုံးတွေ့ရမယ့်အချိန်လေးတွေမှာ အဖေနဲ့သမီးတို့ရဲ့ ရင်းနှီးတဲ့ဆက်ဆံရေးကိုပြန်ရဖို့ကြိုးစားရင်း ဘယ်လိုအတားအဆီးတွေပေါ်လာမလဲ၊ ဖခင်နဲ့သမီးတို့ရဲ့ ချစ်ခြင်းမေတ္တာတွေရော ပြန်ထူထောင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုလို့ရပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.8 GB) / (750 MB) Quality….Blu-Ray Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:43:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Horror • Mystery • Thriller
6.8 2024 102 mins
Reinas Queens
My Dead Friend Zoe

IMDB Rating 7.2 / 10 အာဖဂန်နစ္စတန်စစ်ပြန် အမျိုးသမီးရဲဘော်ဖြစ်တဲ့ မဲရစ်ဟာ စစ်ပွဲရဲ့အနိဌာရုံတွေ ကြုံတွေ့ခဲ့ရပြီးနောက်ပိုင်း PDST ဆိုတဲ့ နှောင်းပိုင်းစိတ်ဒဏ်ရာကို ခံစားနေရပါတယ်။ သူမဟာ ဂိုဒေါင်တစ်ခုမှာ အလုပ်ဝင်လုပ်နေပြီးတော့ လုပ်ဖော်ကိုင်ဖက်တစ်ဦးကို အသက်အန္တရာယ်ထိခိုက်လုနီးပါး ဖြစ်အောင်လုပ်မိခဲ့တဲ့အတွက် တရားရုံးက အပြစ်ဒဏ်မချမှတ်ခင် အခွင့်အရေးပေးတဲ့အနေနဲ့ စစ်မှုထမ်းဟောင်းအဖွဲ့အစည်းရဲ့ အပတ်စဉ် စိတ်ကုထုံး စကားဝိုင်းကို သွားတက်ရောက်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ တခြားလူတွေရဲ့ စိတ်ဒဏ်ရာနဲ့ မတူတာက မဲရစ်က စစ်ပွဲမှာ စစ်မှုအတူထမ်းဆောင်ရင်း ကျဆုံးသွားခဲ့တဲ့ သူအခင်ရဆုံး အမျိုးသမီးရဲဘော် ဇိုဝီကို မြင်နေရတာပါ။ အဲအချိန်မှာ မဲရစ်ရဲ့အဖိုးဖြစ်သူက အတိတ်မေ့ရောဂါ အစောပိုင်းအဆင့်ကို ခံစားရပြီး အသိစိတ်လွတ်ကာ ထွက်,ထွက်သွားတာကို သူမအမေဆီက သိလိုက်ရပြီးတော့ သူမဟာ သူ့အဖိုး စစ်ပြန်ကိုလည်း ဘိုးဘွားစောင့်ရှောက်ရေးစင်တာကို သွားပို့ပေးရဖို့ ဖြစ်လာပါတော့တယ်။ ဒါပေမဲ့ သူမဟာ သူ့အဖိုးကို ချက်ချင်း ဘိုးဘွားစင်တာကို မပို့နိုင်သေးပဲ သူနဲ့ ရက်ပိုင်းလောက် အချိန်ဖြုန်းဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီတော့ မဲရစ်က အတိတ်မေ့ဝေဒနာ ခံစားနေရတဲ့သူ့အဖိုးရယ်၊ စိတ်ဒဏ်ရာကြောင့်ပဲလား တကယ့်ဝိဉာည်ပဲလားမသိပေမဲ့ မြင်မြင်နေရတဲ့ သူ့သူငယ်ချင်း ဇိုဝီရယ်နဲ့ ဘယ်လိုနှစ်ပါးသွားကြမလဲ၊ သူမကရော စိတ်ဒဏ်ရာကို ကျော်လွှားနိုင်ပြီး လူ့အဖွဲ့အစည်းမှာ ပြန်ဝင်ဆံ့နိုင်ပါ့မလားဆိုတာကို ဆွတ်ပျံ့ဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ File size…(1.5 GB)/(796 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Act Molemy, Matteo

Drama • Comedy
0 2024
My Dead Friend Zoe
Madeline

၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ Madeline ဇာတ်ကားဟာ Ludwig Bemelmans ရဲ့ နာမည်ကျော် ကလေးစာအုပ်စီးရီးကို အခြေခံထားတဲ့ မိသားစုဇာတ်လမ်းတစ်ပုဒ်ပါ။ ဒီဇာတ်ကားမှာ ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့က အဆောင်ကျောင်းတစ်ခုမှာ နေထိုင်တဲ့ မိဘမဲ့ကလေးမလေး Madeline ရဲ့ စွန့်စားခန်းတွေကို ပြသထားပါတယ်။ Madeline (Hatty Jones သရုပ်ဆောင်) ဟာ ရဲရင့်ပြီး ဉာဏ်ရည်ထက်မြက်တဲ့ ၁၂ နှစ်အရွယ် ကလေးမလေးတစ်ယောက်ပါ။ သူမဟာ အဆောင်ကျောင်းတစ်ခုမှာ အခြားကလေးမလေးတွေနဲ့အတူ ဆရာမကြီး Miss Clavel (Frances McDormand) ရဲ့ စောင့်ရှောက်မှုအောက်မှာ နေထိုင်ပါတယ်။ တစ်နေ့မှာ ကျောင်းရဲ့ ပိုင်ရှင်ဖြစ်တဲ့ Lord Covington (Nigel Hawthorne) က ၎င်းကျောင်းကိုရောင်းချဖို့ ဆုံးဖြတ်လိုက်တဲ့အခါ Madeline နဲ့ သူမရဲ့သူငယ်ချင်းတွေဟာ ကျောင်းကို ကယ်တင်ဖို့ အစီအစဉ်တွေ ရေးဆွဲပါတော့တယ်။ ဒီဇာတ်လမ်းမှာ Madeline ရဲ့ ဉာဏ်ရည်ထက်မြက်မှု၊ သတ္တိရှိမှုနဲ့ သူငယ်ချင်းတွေအတွက် စွန့်လွှတ်အနစ်နာခံတတ်တဲ့ စိတ်ဓာတ်တွေကို ရောင်ပြန်ဟပ်စေပြီး ပဲရစ်မြို့ရဲ့ လှပတဲ့ရှုခင်းတွေနဲ့အတူ ဟာသလေးတွေ၊ စိတ်လှုပ်ရှားစရာတွေလည်း ပါဝင်ပါတယ်။ မိသားစုနဲ့အတူ ကြည့်ရှုဖို့ သင့်တော်တဲ့ ဇာတ်ကားကောင်း တစ်ကား ဖြစ်ပါတယ်။ ဒါရိုက်တာ: Daisy von Scherler Mayer အဓိကသရုပ်ဆောင်များ: Hatty Jones, Frances McDormand, Nigel Hawthorne File size…(2 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Family, Comedy, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

0 1998
Madeline