YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Youngblood.1986.720p.BluRay.(CM).mp4

1.58 GB N/A video/mp4 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Memory of a Killer
6.8

အယ်(လ်)ဇိုင်းမားဆိုတဲ့ရောဂါ အကြောင်းကြားဖူးလား။ မှတ်ဉာဏ်တွေပျောက်သွားတဲ့ ရောဂါပေါ့။ တံခါးပိတ်ခဲ့ပြီလား ၊သော့ဘယ်နားထားလဲ စတဲ့ အကြောင်းအရာသေးသေးလေးတွေကနေစပြီး လူတွေ၊ နာမည်တွေ၊လမ်းတွေ မမှတ်မိတော့တာမျိုးအထိဖြစ်တတ် တယ်။ပြီးတော့ အဲ့ရောဂါရရင် အနီးစပ်ဆုံး(လတ်တလော) ဖြစ်ထားတဲ့ အဖြစ်အပျက်တွေက စပြီး မေ့တတ်တယ်တဲ့။ တစ်ကိုယ်တည်းရှင်သန်ရတာ တော်တော်ခက်ခဲမယ့် ရောဂါမျိုးပေါ့။ သာမာန်လူတစ်ယောက်အတွက်တောင် ဘဝရှင်သန်မှုကို ကပြောင်းကပြန်ဖြစ်အောင် လုပ်နိုင်တဲ့ ဒီရောဂါက လူသတ်သမား တစ်ယောက်မှာ ရှိနေမယ်ဆိုရင်ရော၊၊ဘယ်လိုဖြစ်မယ်ထင်လဲ၊၊ ဒီဇာတ်ကားက အန်ဂျလို လဲဒါ ဆိုတဲ့ အယ်(လ်)ဇိုင်းမားရောဂါရှိတဲ့ လူသတ်သမားအဘိုးကြီးတစ်ယောက် အကြောင်းရိုက်ထားတာ၊၊ သူ့ခေတ်သူ့အခါက သျှမ်းသျှမ်းတောက် ကြေးစားဆိုပေမယ့် ရောဂါဖိတဲ့ဒဏ်ကိုခံလာရတော့ အနားယူဖို့ စဉ်းစားရတာပေါ့၊၊ ဒါပေမယ့် သူအနားမယူခင်မှာ အလုပ်တစ်ခုလာအပ်တယ်၊၊ ဘယ်(လ်)ဂျီယံနိုင်ငံကို သွားပြီး လူသတ်ပေးဖို့တဲ့၊၊အနားယူဖို့ စဉ်းစားထားပေမယ့် နောက်ဆုံးအနေနဲ့လုပ်ပေးပါကွာဆိုတဲ့ တောင်းဆိုချက်ကြောင့် အဘိုးကြီးလည်း လက်ခံလိုက်တယ်၊၊ ဒီနေရာမှာ ဖြတ်ပြောရရင် အန်ဂျလိုဟာ လူသတ်သမားဆိုပေမယ့် သူ့စည်းနဲ့ သူရှိတယ်၊၊(၁၃)နှစ်အောက်ကလေးတွေကို မသတ်ဘူး၊၊ ကလေးတွေကို လိင်ပိုင်းအရဖိနှိပ်တာတွေ အကြမ်းဖက်တာတွေဆို လက်မခံဘူး၊၊ ဖြစ်ချင်တော့ အခုနောက်ဆုံးဆိုပြီး သူလက်ခံလိုက်တဲ့ အလုပ်မှာ ကလေးတစ်ယောက်ကို သတ်ပေးဖို့ဖြစ်လာတယ်၊၊ အလုပ်အပ်တဲ့လူတွေကလည်း ဘယ်(လ်)ဂျီယံမှာ အာဏာရှိ ပါတယ်ဆိုတဲ့ ထိပ်တန်းနိုင်ငံရေးသမားမိသားစု၊၊ အန်ဂျလို လဲဒါတစ်ယောက် ဘာဆက်လုပ်မလဲ၊၊ သူ့ရဲ့ရပ်တည်ချက်စည်းမျဉ်းတွေကို နောက်ဆုံးတစ်ခေါက်မှာ ဖောက်ဖျက်လိုက်မလား၊၊ အယ်(လ်)ဇိုင်းမားရောဂါနဲ့ သူ့လူသတ်သမားအလုပ်နဲ့ရော ဘယ်လို နှစ်ပါးသွားမလဲ၊ စတာတွေကို ဒီဇာတ်ကားမှာ ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်က ထွက်ရှိခဲ့တဲ့ Dutch စကားပြော အက်ရှင်ကားဖြစ်ပါတယ်၊၊ IMDB မှာလည်း 7.2/10 ရရှိထားပြီး Leon : The Professional နဲ့တောင် ယှဉ်လို့ရတယ်ဆိုတဲ့ အထိညွှန်းကြတာကြောင့် ကြည့်ရှုကြည့်ကြဖို့ တိုက်တွန်းလိုပါတယ်၊၊ ( ဘာသာပြန်နှင့် အညွှန်းကတော့ Damien ပဲ ဖြစ်ပါတယ် ) File size…2.44GB / 904MB Quality…Blu-Ray 1080p 5.1 CH / 720p Format…mp4 Duration….2h 3m Genre ..... Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Action • Crime • Thriller
6.8 2003 114 mins
The Memory of a Killer
I Give It a Year
5.5

အိမ်ထောင်ရေးဆိုတာကလည်း မိသားစု ၂ စု ပေါင်းစည်းရတဲ့ကိစ္စဖြစ်လို့. တစ်ဖက်နဲ့ တစ်ဖက် မတူညီမှုတွေကို သမီးရည်းစားဘဝမှာထက် အိမ်ထောင်ရှင်ဘဝမှာသာ မျက်ဝါးထင်ထင်မြင်တွေ့နိုင်ကြတာပါ သက်တမ်း ၉ လ အကြာကို ဝင်ရောက်လာပြီဖြစ်တဲ့. နတ် နဲ့ ဂျော့ရှ် တို့ အိမ်ထောင်ရေးမှာ ပြောမပြနိုင်တဲ့ အဟန့်အတား တစ်ခုခုရှိနေပြီဆိုတာကို နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြတဲ့အတွက်. အိမ်ထောင်ရေးတိုင်ပင်ပြောဆိုပေးသူ တစ်ယောက်နဲ့ စုံတွဲစိတ်ကုထုံး ဆက်ရှင်ဝင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်. ညျှိနှိုင်းဆွေးနွေးနေရင်း နဲ့ သူတို့ရဲ့ အိမ်ထောင်သက်တမ်းအတွင်း ကြုံတွေ့ရတဲ့ မတူညီမှုတွေ၊ သဘောထားမတိုက်ဆိုင်မှုတွေ၊ အခက်အခဲတွေကို Flashback Scene များနဲ့ ဟာသနှောတင်ဆက်ထားပါတယ်. သူတို့ရဲ့အိမ်ထောင်ရေးကြားထဲကို နောက်ထပ်ဝင်ရောက်လာတာကတော့ ပိုကောင်းတဲ့တစ်ယောက် ဆိုတဲ့အတွေးတွေပါပဲ. နတ်ကလည်း သူ့ကို အလုပ်အပ်မယ့် အမေရိကန်လုပ်ငန်းရှင် ဂိုင်းဟားရပ် ဆိုတဲ့ အမျိုးသား တစ်ယောက်အပေါ်မှာ စိတ်တိမ်းညွတ်လာခဲ့သလို. ဂျော့ရှ်ကလည်း တရားဝင် မပြတ်စဲခဲ့ရတဲ့ ရည်းစားဟောင်း. ကလိုဝီအပေါ်မှာ အချစ်စိတ်တွေ ပြန်လည်ယိုဖိတ် လာချိန်မှာတော့.. စုံတွဲ ၂ တွဲကြားထဲက အရှုပ်အထွေး၊ ပြဿနာများကြားထဲကနေ ယုံကြည်မှု၊ သည်းခံမှု၊ ချစ်ခြင်းမေတ္တာများနဲ့ အိမ်ထောင်ရေးကို တည်ဆောက်ကြပုံနဲ့. ချစ်ခြင်းရဲ့ညှို့ယူစေခိုင်းမှုဒဏ်ကနေ ဘယ်သူတွေကများ လွတ်မြောက်နိုင်မှာလဲဆိုတာကို အကောင်းဆုံးဖော်ကြူးထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် File size…  1.56 GB /  686 MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 37m Genre .....  Romance, Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Thriller
5.5 2013 97 mins
I Give It a Year
Message and the Messenger

လောကဓံရဲ့ ဖြစ်တတ်တဲ့သဘောလေးတွေကြားထဲမှာ ကျင် လည်နေတဲ့လူထဲကလူတစ်ဦးဖြစ်တဲ့ အိမ်ခြံမြေအကျိုးဆောင် ဂျက်ဆီကာကလာ့ခ်။ သူ(မ)က ဘုရားကျောင်းအဖွဲ့ဝင်တစ်ဦး ဖြစ်ပြီး သဿမေဓအခွန်(ဘုရားကျောင်း‌ကိုသွင်းရတဲ့အလှူငွေ) တွေကို ငွေမရှိလည်းရအောင်လှူတဲ့ ယုံကြည်သူတစ်ဦးပေါ့လေ။ သူအဲလိုလှူတဲ့အတွက်လည်း ဘုရားက သူ့ကိုအဆင်ပြေအောင် ပြန်လုပ်ပေးမယ်လို့ မမှိတ်မသုန်ယုံကြည်နေတယ်။ အဲဒါနဲ့တစ်နေ့ သူ့ဘဝထဲကို စီးပွားရေးမိတ်တစ်ယောက်ဝင်လာတယ်။ အစက တော့ ဘုရားက သူဘဝထဲကို မကောင်းတဲ့လူတစ်ယောက်လွှတ် လိုက်တယ်ထင်လိုက်ပေမယ့် တကယ်တမ်းကျတော့ သူကိုကောင်း ချီးပေးလိုက်တယ်ဆိုတာ တဖြည်းဖြည်းသဘောပေါက်လာတဲ့ အကြောင်းကိုကြည့်ရမှာဖြစ်ပါတယ်။ အဲ့အပြင် သူမရဲ့မိသားစုနဲ့ သူငယ်ချင်းတွေလည်း သူတို့ရဲ့ အကျပ်အတည်း‌အခက်အခဲ‌တွေကို ဘယ်လိုကျော်ဖြတ်မလဲဆိုတာပါ ကြည့်ရမယ့် ဘာသာရေးနှော ထားတဲ့ ဒရာမာကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Khant Sett Naingမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Khant Sett Naing, Momo တို့ဖြစ်ပါတယ်) File Size..........(1.6 GB) / (570 MB) / (370 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 27Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama Translator.......Khant Sett Naing, Momo Encoder..........SWM

Action • Adventure
0 2022 114 mins
Message and the Messenger
(18+)The Receptionist
7

"လွယ်တာတွေ့ရင် ပိုခက်တဲ့တခြားဘဝတွေကို ငဲ့ကြည့်ပါဦး....." မြန်မာနိုင်ငံစကားနဲ့ပြောရရင်တော့ မာစွပ်ပေါ့ အညောင်းအညာလေးလဲ ပြေမယ်...ကိစ္စဝိစ္စလေးတွေလဲလျှော့လို့ရမယ် အားလုံးက ပျော်စရာတွေချည်းပါပဲ...အဆင်ပြေရင်မုန့်ဖိုးလေးဘာလေးပိုပေးလိုက်ပေါ့ ဒါပေမဲ့ အရာရာတိုင်းမှာ Dark Side ဆိုတာရှိသလို အနှိပ်ခန်းလောကမှာလဲ မမြင်နိုင်တဲ့ နာကျင်မှုတွေ ဝမ်းနည်းစရာတွေ ရှိနေမှာပါပဲ..ကျွန်တော်တို့သာမသိကြတာမလား ခုဇာတ်လမ်းထဲမှာတော့ လန်ဒန်က ထိုင်ဝမ်သူတွေရဲ့ မာဆတ်လောကပေါ့ မာဆတ်လုပ်မယ်ဟဲ့ဆိုပြီး လန်ဒန်ရောက်လာတဲ့သူက ခပ်ရှားရှားပါ ချစ်သူကခေါ်လာလို့တို့...ဒီမှာလက်ထပ်ပြီး အခြေချဖို့တို့..အလုပ်ရှာဖို့တို့နဲ့ နောက်ဆုံးတော့ ငွေရလွယ်တဲ့ ဒီဘူတာမှာပဲ လာစိုက်ကြလေသည်ပေါ့ မာဆတ်ကစော်လေးတွေရဲ့ ဒရာမာတွေက မရိုးရပါဘူးဆို မြေနိမ့်ရာလှံဝိုင်းစိုက်တဲ့ မဟာပုရိသ သခင်ကြီးများကလဲ မပါမဖြစ်ပါပဲ အားလုံးကငွေဆိုတာအတွက် မလုပ်ချင်လဲလုပ် လုပ်ချင်လဲလုပ်ကြပေါ့ တခါတလေတော့ အဲ့လိုလောဘတွေတက်မနေပဲ ကိုယ့်ရဲ့ရှင်သန်ရာနေရာလေးမှာပဲ ရသမျှနဲ့ရောင့်ရဲတင်းတိမ်ရင်း အေးချမ်းစွာဖြတ်သန်းလိုက်ချင်ပေမယ့် ဘဝဟာအဲ့လိုမလွယ်ကူနေကြောင်း ဒီဇာတ်လမ်းလေးနဲ့ စီးမြောခံစားကြည့်ကြတာပေါ့ File size…1.35GB / 617MB Quality…1080p WEBDL  / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Andrew Mason

Horror
7 2016 13 mins
(18+)The Receptionist
The Iceman
6.5

လူပေါင်း (၁၀၀) လောက်ကို သတ်ခဲ့တဲ့သူဆိုတာ လူဆိုးကြီးတစ်ယောက်ဖြစ်မယ်ဆိုတာ လူတိုင်း အလွယ် တကူ သိနိုင်ပါတယ်။ ဒီလို လူအကြောင်းကို ဇာတ်လမ်းရိုက်ပြတော့ သတ်တာဖြတ်တာ၊ မကောင်းတာတွေပဲ ဆို ရင်တော့ မှားသွားနိုင်ပါတယ်။ ဘာကိုမှ မကြောက်မရွံ့ သွေးအေးအေးနဲ့ လူသတ်တတ်လို့ ရေခဲလူသား (Iceman) လို့ အမည်ပေးခံထားရ တဲ့ ကူကလင်စကီးဟာ ပြင်ပလောကမှာ တကယ်ရှိခဲ့တဲ့ ကြေးစားလူသတ်သမား ဖြစ်ပါ တယ်။ မာဖီးယားဂိုဏ်းတွေအတွက် အခကြေးငွေနဲ့ ရက်ရက်စက်စက်သတ်တဲ့လူဆိုးကြီးဟာ တစ်ဖက်မှာတော့ ကြင်နာတတ်တဲ့နှလုံးသားပိုင်ရှင်၊ မိသားစုကို တန်ဖိုးထားအလေးပေးသူ၊ ဘယ်အခြေအနေမျိုးမှာဖြစ်ဖြစ် ကလေး တွေနဲ့ မိန်းကလေးတွေကို လုံးဝမသတ်သူ စတဲ့ဂုဏ်ပုဒ်တွေနဲ့ ပိုင်ဆိုင်ထားပါသေးတယ်။ လောကဓံနဲ့ အကြင်နာမဲ့ တဲ့ လူကြီးတချို့ကြောင့် ဒီလိုကြေးစားလူသတ်သမားဘဝကို ကူကလင်စကီး ရောက်သွားရပုံ၊ သူ့ဘဝ အနိမ့်အမြင့် ဖြစ်ပျက်ပုံတွေ၊ ဇာတ်သိမ်းပုံတွေကို ကြမ်းကြမ်းရမ်းရမ်းရော၊ နုနုရွရွရော ပေါင်းစပ်ထားတဲ့ဇာတ်လမ်း ဖြစ်ပါတယ်။ နာမည်ကြီးမင်းသားတွေဖြစ်တဲ့ Michael Shannon နဲ့ Chris Evans တို့ ဦးဆောင်ပါဝင်တဲ့ဇာတ်ကား ဖြစ်လို့ မကောင်းမှာတော့ မပူပါနဲ့ဗျာ။ File Size :(1.8GB)(621MB) and (224MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:54:00 Genre : Crime , Drama , Biography Subtitle : Myanmar Subtitle (Hard Sub) Translated by Ko Myo (Kop) Encoded by Phyo Pyae

Drama • Thriller
6.5 2012 105 mins
The Iceman
Barbarian
6.9

IT သရဲကားတွေရဲ့ မင်းသား Bill Skarsgård ပါဝင်ထားတဲ့ ပဟေဠိဆန်ဆန် ဟော်ရာရုပ်ရှင်ကားအသစ်ထွက်လာပါပြီ။ အဓိကဇာတ်ဆောင်အနေကတော့ မင်းသမီး Georgina Campbell က ပါဝင်ထားတာပါ။ ဇာတ်လမ်းအကျဉ်း တက်စ်ဟာ အလုပ်အင်တာဗြူးတစ်ခုအတွက် မြို့လေးတစ်မြို့ကိုလာတဲ့အချိန်မှာ တဲအိမ်လေးတစ်ခု ယာယီငှားရမ်းထားလိုက်ပါတယ်။ အဲဒီတဲအိမ်လေးထဲကို မိုးထဲလေထဲမှာ အရောက်သွားလိုက်ချိန်မှာတော့ တဲအိမ်ထဲမှာ အခြားယောကျာ်းလေးတစ်ယောက်က အသင့်ရောက်ရှိနေတာကိုတွေ့လိုက်ပါတော့တယ်။ အဲဒီမှာသူတို့သိလိုက်ရတာက အင်တာနက်ပေါ်က ဝဘ်ဆိုက်တစ်ခုစီကနေ ဒီအိမ်ကိုပြိုင်တူမှားယွင်းငှားလိုက်မိတယ်ဆိုတာပါပဲ။ ညအချိန်မတော် မိုးထဲလေထဲဆိုတော့ ဘာမှမတတ်နိုင်တော့ဘဲ သူတို့နှစ်ယောက် အဲဒီအိမ်မှာပဲ ပေါင်းပြီး တည်းခိုလိုက်ပါတော့တယ်။ ထုံးစံအတိုင်းပဲ ဆင်ခြေဖုံးရပ်ကွက်က လူမရှိတဲ့ သစ်လုံးအိမ်အဟောင်းတွေဟာ ကောင်းကျိုးပေးရိုးမရှိတဲ့အတွက် ကြောက်စရာတွေဖြစ်လာပါတော့တယ်.... File size…(1.7 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr.Anderson

Action • Fantasy • Horror
6.9 2022 103 mins
Barbarian
Friendship!
6.3

အချိန်ကာလအားဖြင့် 1990 တစ်ဝိုက် စစ်အေးခေတ်ပြီးခါနီးပေါ့ဗျာ။ New York လေဆိပ်က အမေရိကန်လူဝင်မှုကြီးကြပ်ရေးဌာနကို အူတိအူကြောင်ရုပ်နဲ့ ဂျာမန်နှစ်ကောင်ရောက်ချလာတယ်။သူတို့က GDR လို့ခေါ်တဲ့ အရှေ့ဂျာမနီ(ကွန်မြူနစ်နိုင်ငံ)ကတဲ့။ဘယ်သူမှ မမေးရဘဲ သူတို့ကိုယ်သူတို့ “We are Communists”ဆိုပြီး ဝမ်းသာအားရ မိတ်ဆက်တယ်။ဘာပြောကောင်းမလဲ ၊ပယ်ပယ်နယ်နယ် အစစ်ခံရတော့တာပေါ့။ ဒီဇာတ်ကားက အဲ့ဒီဂျာမန်နှစ်ကောင်ရဲ့ အမေရိကန်ခရီးရှည်ကြီးကို ရိုက်ပြထားတာ။ သူတို့ ဘာကြောင့် အမေရိကားကို ရောက်လာကြတာလဲ။ အူကြောင်ကြောင်နဲ့ ဘယ်လိုမျိုး ပေါက်ကရတွေ လုပ်ကြလဲ။ ဘယ်လိုတွေ ပြဿနာတွေတက်ကြလဲဆိုတာကို (ဒီကောင်တွေတော့ကွာဆိုပြီး) တဟီးဟီးတဟားဟားနဲ့ ကြည့်ရမယ့်ကားမျိုး။ ဒီဇာတ်ကားကို ကြည့်ပြီးရင်တော့ ဇာတ်ကားနာမည် “Friendship” ဆိုတဲ့အတိုင်း သူတို့နှစ်ယောက်ကြားက “ပေဖော်ပေဖက် ခင်မင်မှုမျိုး”ကို ခင်ဗျား ခံစားမိလိမ့်မယ်။ ပြီးရင်တော့ ဘယ်ရောက်ဘယ်ပေါက်မယ်၊ ဘာတွေဆက်ဖြစ်မယ်ဆိုတာကို မှန်းလို့မရတဲ့ Road Trip မျိုး တစ်ခေါက်လောက်ဖြစ်ဖြစ် ထွက်ဖူးချင်လာလိမ့်မယ်။ ငါလည်း ဘဝမှာ ဒါမျိုးတစ်ခေါက်လောက်တော့ ဖြစ်ချင်ရာဖြစ် ပေဖူးချင်လိုက်တာဆိုပြီး တွေးမိလိမ့်မယ်။ အချိန်ပေးရတာနဲ့တန်အောင် ရယ်ရ မောရမယ့် ဇာတ်ကားမျိုးမို့ ကိုယ်တိုင် ကြည့်ရှုခံစား ကြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်။ (ဘာသာပြန်နှင့် အညွှန်းကတော့  Damien ပဲ ဖြစ်ပါတယ် ) File size…975MB / 545MB Quality…WEB-DL 720p / 480p Format…mp4 Duration….1h 50m Genre ..... Adventure / Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Damien

Adventure • Comedy • Romance
6.3 2010 110 mins
Friendship!
Ghost Island 2
6

တိတ်တိတ်ဆိတ်ဆိတ်နဲ့ လူရှင်းတဲ့ ကျွန်းတစ်ကျွန်းပေါ်ကို လူငယ်လေး ၆ ယောက် မရည်ရွယ်ဘဲ ရောက်သွားပြီး ဒုက္ခတွေ ရောက်ခဲ့ကြတဲ့ Pulau Hantu 1 ရဲ့အဆက် Pulau Hantu 2 လာပါပြီ Pulau Hantu 1 မှာ တုန်းက နေးရိုနဲ့ ဒန်တီတို့ အသက်ရှင်ပြီး ကျန်ခဲ့ကြပါတယ်၊ သူတို့ နှစ်ယောက် ကျွန်းပေါ်ကနေ ထွက်သွားဖို့ လုပ်နေတဲ့အချိန်မှာပဲ ပါတီလုပ်ပြီး ကဲချင်ကြတဲ့ လူငယ်တစ်သိုက် ကျွန်းပေါ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာကြပါတယ် ဒီလူငယ်တစ်သိုက်ကတော့ ပါတီလုပ်ပြီး မီးကုန်ယမ်းကုန် ကဲကြဖို့ ဒီကျွန်းကိုမှ တမင်ရွေးပြီး ရောက်လာကြတာပါ နေးရိုတို့နှစ်ယောက်နဲ့ နောက်ရောက်လာတဲ့ လူငယ်တစ်သိုက်ကို Ghost Island က အပီအပြင် ဧည့်ခံပေးလိုက်တဲ့ အခါမှာတော့.... အင်ဒို horror ကားပီပီ ကျောချမ်းစရာကောင်းအောင် ရိုက်ပြထားလို့ Horror အရသာကို အပီအပြင် ခံစားရမှာပါ အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoXပဲ ဖြစ်ပါတယ်။ Genre.....Horror Quality…. 1080p | 720p | 480p File size…1.6GB | 779MB | 372MB Format… mp4 Duration….1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator .....Roman NoX Encoder .....August

Crime • Romance • Thriller
6 2008
Ghost Island 2
Dear Sathya
8

IMDb Rating-(7.8/10) "ဆတ်ရာ" ဆိုတာကတော့ စိတ်ကူးအိမ်မက်တွေနဲ့ ပြည့်ဝနေတဲ့ deli ပို့တဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ် အလုပ်ကြိုးစားတဲ့သူဖြစ်တဲ့အပြင် မိခင်အပေါ်မှာလည်း အရမ်းသိတတ်တဲ့ သားလိမ္မာလေးတစ်ယောက်ပါ သူ့မှာ တစ်ဖက်သတ် ကြိတ်ကြွေနေရတဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ် အစားအစာတွေပို့တဲ့ တာဝန်ပြီးတိုင်း ကောင်မလေးကို သွားသွားခိုးကြည့်နေကျပါ သို့သော် တစ်နေ့ ဆတ်ရာတစ်ယောက် သူ မကျူးလွန်ခဲ့တဲ အမှုအတွက် ချောက်တွန်းခံရပြီး ထောင်ကျသွားပါတယ် အဲ့ဒီထက်ဆိုးတာကတော့ သူ့မှာ သူအရမ်းချစ်ရတဲ့ မိခင်မရှိတော့ပါဘူး... ဒီကံကြမ္မာဆိုးက ဆတ်ရာဆီကို ဘယ်ပုံဘယ်နည်းနဲ့ ရောက်လာခဲ့တာလဲ... ဆတ်ရာကရော သူ့ဘဝကို ဇောက်ထိုးမိုးမျှော်ဖြစ်အောင်လုပ်ခဲ့တဲ့သူတွေကို ဘယ်လိုလက်စားပြန်ချေမှာလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့် Action Thriller ကားကောင်းလေးဖြစ်တာမို့ အခုပဲကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်ဗျာ File size…2.07GB / 1GB Quality…1080p WEB DL / 720p Format…mp4 Duration…. Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by GuuGuu & Lai Lai & Honey

Action • Adventure • Fantasy
8 2022
Dear Sathya
The Guilty
7.3

IMDb rating 7.7 ရထားတဲ့ ဒိန်းမတ်ကားလေးတစ်ကား တင်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က thriller အမျိုးအစားပါ သည်းထိတ်ရင်ဖိုလေး ကြည့်ရမှာပေါ့။ ဒီကားက ထူးခြားပါတယ်။ သရုပ်ဆောင် တစ်ယောက်ထဲကိုပဲ ပြသွားတာ။ ကျန်တာအားလုံးက လိုက်ပြီး စိတ်ကူးနဲ့ မြင်ယောင်ကြည့်ရတာ။ တကယ်ကို feel ပါပဲ။ ဇာတ်လမ်းအကျဉ်း ============ အက်စ်ဂါဆိုတဲ့ ရဲတစ်ယောက်ဟာ အရေးပေါ်ဖုန်းလိုင်းမှာ တာဝန်ကျနေတယ်။ သူ့ဆီကို ဆေးသမားတွေ ဓားပြတိုက်ခံရတဲ့သူ ရန်ဖြစ်တဲ့သူ ကကြိုးကကြောင် မျိုးစုံ ဖုန်းဆက်ကြတယ်။ သူက ဖြေရှင်းပေးရတယ်။ အဲဒီဖုန်းတွေကြားမှာ မိန်းမတစ်ယောက်ရဲ့ ဖုန်းသံဝင်လာခဲ့တယ်။ ဒါပေမယ့် အဲဒီမိန်းမက သူ့သမီးကိုပဲ ဖုန်းပြောနေတဲ့ပုံပဲ ဖြစ်နေတော့ ဖုန်းမှားနေတာလားဆိုပြီး ဖုန်းချတော့မလိုပဲ။ ဒါပေမယ့် ဘေးမှာ ပြန်ပေးဆွဲထားတဲ့လူရှိလို့ ဟန်ဆောင်ပြောနေတာလားဆိုတာ သံသယဝင်သွားတယ်ပေါ့။ ဒါကြောင့် yes or no မေးခွန်းတွေကို ပါးပါးနပ်နပ်မေးပြီး ရဲနဲ့သူနဲ့ အဆက်အသွယ်လုပ်ကြတယ်။ အက်စ်ဂါက သူ့လိပ်စာ၊ ပြန်ပေးသမားလိပ်စာ နောက်ကြောင်းတွေလိုက်ပြီး နီးစပ်တဲ့ ရဲကားတွေ ဌာနတွေနဲ့ ချိတ်ပြီးလိုက်ခိုင်းတယ်။ ဒီကားမှာ အခြားရဲတွေ အဓိကဇာတ်ကောင် မိန်းမ ယောက်ျား ကလေးတွေ ဘာကိုမှ မပြသွားပါဘူး။ အက်စ်ဂါရဲ့ ဖုန်းထဲက အမေးအဖြေတွေ အသံတွေအစုံပြပြီး ပရိသတ်ကို ကိုယ်တိုင် မျက်စိနဲ့ လိုက်မြင်ယောင် ခံစားအောင် ဆွဲဆောင်သွားတာပါ။ မထင်ထားတဲ့ လှည့်ကွက်တွေနဲ့ ရင်တုန်စရာ ကောင်းအောင် ရိုက်ပြထားပါတယ်။ တကယ်တမ်းပြောရရင် ဒီလို ဇာတ်ညွှန်းမျိုးကို မြန်မာတွေသာ စဉ်းစားမိခဲ့တဲံလူရှိရင် ကောင်းကောင်းရိုက်နိုင်ပါတယ်။ အသံတွေ ဖမ်းဖို့နဲ့ လူတစ်ယောက် ရုံးခန်းတစ်ခုပဲ လိုသလောက်ရှိမှာပါ။ ဒါပေမယ့်ပေါ့လေ မပြောတော့ပါဘူး အာလည်းပေါက်လှပါပြီ။ ဒိန်းမတ်ကားလေးပဲ စိတ်ချမ်းသာအောင် ကြည့်ကြပါတော့။ Quality          :     Bluray rip Duration       :     1 hr 25 min Translator     :     Littleneo Encoder         :     Than Htike Zaw

Action • Crime • Mystery
7.3 2018 86 mins
The Guilty
Coriolanus
6.1

War/Drama အမျိုးအစား IMDB 6.1/10, RT 92 % ရရှိထားတဲ့ ဒီဇာတ်ကားမှာ Ralph Fiennes (Harry Potter ထဲက နှာခေါင်းမပါတဲ့ Lord Voldemort, The Menu ထဲက Chef Slowik,The Grand Budapest Hotel ထဲက M. Gustave) က ဒါရိုက်တာအဖြစ်ရိုက်ကူးကာ ကိုယ်တိုင်လည်း ပါဝင်သရုပ်ဆောင်ထားပြီး Gerard Butler (300 ဘုရင်, Plane လေယာဉ်မှူး, London Has Fallen/ Olympus Has Fallen စတဲ့ ဘာ Fallen ညာ Fallen တွေထဲက အေးဂျင့် Mike Banning) က အပြိုင်ပါဝင် သရုပ်ဆောင်ထားပါတယ်။ ရှိတ်စပီးယားရဲ့ နာမည်တူမူရင်းပြဇာတ်ကို ဆီလျော်အောင် ပြန်လည်ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ထဲကအတိုင်း ရှေးအသုံးအနှုန်းစကားလုံးတွေကို အသုံးပြုထားတာကြောင့် လူအများအတွက် အဆင်မပြေဘဲ နားလည်ရခက်ခဲတယ်ဆိုတဲ့ မှတ်ချက်တွေရရှိခဲ့သလို သရုပ်ဆောင်တွေက ဇာတ်ကောင်စရိုက်ကို ပီပြင်အောင် သရုပ်ဖော်နိုင်ပြီး သက်ဝင်ခံစားနိုင်ခဲ့တယ်ဆိုတဲ့ ချီးကျူးစကားအများအပြားကိုလည်း ရရှိခဲ့တာပါ။ ပါဝင်တဲ့သရုပ်ဆောင်တွေဟာ အကောင်းဆုံးသရုပ်ဆောင်ဆု အပါအဝင် စုစုပေါင်း ဆု ၁၀ ဆုရရှိခဲ့ပြီး ဇကာတင်ဆုတွေလည်းဝင်ခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်။ (ရှိတ်စပီးယားရဲ့ထုံးစံအတိုင်း စာသားတွေက အရမ်းရှုပ်ပြီး နားလည်ရခက်တာမို့ ကြိုးစားပြီး ဘာသာပြန်တင်ဆက်ပေးထားပေမဲ့ အဆင်မပြေမှုတစ်စုံတစ်ရာရှိခဲ့ပါက ဘာသာပြန်သူရဲ့ လိုအပ်ချက်သာဖြစ်တာမို့ သည်းခံပြီးနားလည်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ရှင်) ဇာတ်လမ်းအကျဉ်းကတော့ ရောမမြို့ရဲ့ဗိုလ်ချုပ်ကြီး မားရှက်စ်က စစ်တိုက်ရာမှာ သူမတူအောင် ထူးချွန်ကာ ရဲစွမ်းသတ္တိနဲ့ ပြည့်စုံသူဖြစ်ပြီး ဗော့စ်ကီးစ်မြို့က သူ့ရဲ့ရန်သူတော်ကြီးဖြစ်တဲ့ အော်ဖီးဒီးယပ်စ်နဲ့လည်း ကြုံရင်ကြုံသလို နိုင်သူဦးစတမ်း တိုက်ခိုက်လေ့ရှိကြပါတယ်။ တစ်နေ့မှာတော့ ကိုရိုင်ရိုလိစ်မှာ နှစ်ဖက်စစ်တပ် တွေ့ဆုံတိုက်ခိုက်ကြရင်း ရန်သူတွေကို ရွပ်ရွပ်ချွံချွံတိုက်ခိုက်နိုင်ခဲ့လို့ မားရှက်စ်က”ကော်ရီယိုလေးနက်စ်”ဆိုတဲ့ ဘွဲ့ထူးကို ရရှိခဲ့ပြီး ကောင်စစ်ဝန်အဖြစ် လျာထားခံခဲ့ရပါတယ်။ ကောင်စစ်ဝန်အဖြစ် အဆုံးသတ်ရွေးကောက်ခံရဖို့ဆိုရင် ပြည်သူလူထုရဲ့ ထောက်ခံမှုလိုအပ်တာမို့ ထောက်ခံမှုရဖို့ ကြိုးစားခဲ့ရာမှာ နှုတ်ချိုလျှိုတစ်ပါးမဟုတ်ဘဲ မာနကြီးသလို ဘွင်းဘွင်းပြောတတ်တဲ့ မားရှက်စ်တစ်ယောက် ပြည်သူနဲ့ ထိပ်တိုက်တွေ့ရာကနေ ကြမ်းကျွံရင်နှုတ်လို့ရသေး စကားကျွံရင်နှုတ်လို့မရဆိုသလို ဖြစ်ခဲ့ရပြီး အပြောမတတ်တဲ့လူကြမ်းကြီး မားရှက်စ်ကို ပြည်သူလူထုက ဝိုင်းဝန်းကန့်ကွက်ကာ နယ်နှင်ဒဏ်ပေးဖို့ တောင်းဆိုကြပါတော့တယ်။ အသက်နဲ့ရင်းပြီး သူ့မြို့ကိုကာကွယ်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့ရလာဒ်ကို ရရှိခဲ့တာမို့ ရောမကို အမုန်းကြီးမုန်းသွားတဲ့ မားရှက်စ်က သူ့ရဲ့ရန်သူတော် အော်ဖီးဒီးယပ်စ်ဆီသွားပြီး ခိုလှုံဖို့ကြိုးစားရင်းနဲ့ ရောမကိုလက်တုံ့ပြန်ဖို့ ကြိုးစားပါတော့တယ်။ သူနဲ့နှစ်ရှည်လများ ပြိုင်ဘက်ဖြစ်ခဲ့သူမို့ သူ့ရဲ့တောင်းဆိုမှုကို အော်ဖီးဒီးယပ်စ်တစ်ယောက် ယုံကြည်လက်ခံနိုင်ပါ့မလား.. သူကရော အော်ဖီးဒီးယပ်စ်နဲ့ပေါင်းပြီး သူ့ရည်ရွယ်ချက်အတိုင်း ရောမမြို့ကို သိမ်းပိုက်တိုက်ခိုက်နိုင်မှာလား.. ဒါမှမဟုတ် အော်ဖီးဒီးယပ်စ်နဲ့ ထိပ်တိုက်ရင်ဆိုင်ရပြီး အနိုင်အရှုံး အသက်လုဆုံးဖြတ်ရမလား (300 ဘုရင်နဲ့ ဗိုဒါမော့ဒ် ပြိုင် ဘယ်သူနိုင်မလဲ).. ဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ကတော့ Emily ပါ) File size…(1.9 GB)/(961 MB) Quality….Webrip 1080p / 720p Format…mp4 Duration….02:03:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Emily

History • Drama • Romance
6.1 2011
Coriolanus
American Ninja 2: The Confrontation

ဒီတစ်ကားကတော့ အမေရိကန်နင်ဂျာရဲ့ ဒုတိယအပိုင်းဆက်ပါ။ ဒုတိယပိုင်းမှာကတော့ ကျွန်းတစ်ကျွန်းကို သံတမန်ရေးရာ သွားရောက်နေတဲ့ ရေတပ်ဌာနက ရေတပ်သားတွေ ပြန်ပေးဆွဲခံရပြီး ပျောက်ချင်းမလှ ပျောက်သွားလို့ ကျည်းတပ်ကို အကူအညီတောင်းတဲ့အတွက် ဂျိုးနှင့် ဂျက်ဆန်ကို စစ်တပ်ဘက်က လွှတ်လိုက်ပါတော့တယ်။ သူတို့ရောက်တဲ့အခါမှာ ရေတပ်သားတွေလေးယောက် ပြန်ပေးဆွဲခံထားရပြီး ဒီကိစ္စဟာလည်း သွေးရိုးသားရိုး မဟုတ်တဲ့အတွက် လိုက်လံစုံစမ်းတဲ့ကြပါတော့တယ်။ ဒီအချိန်မှာ ရေတပ်သားတစ်ယောက်ဖြစ်တဲ့ တေလာက ရေတပ်ကို သစ္စာဖောက်နေပြီး ခြင်္သေ့ဆိုတဲ့လူကြီးကို ပြန်ပေးဆွဲမှုတွေမှာ ကူညီလုပ်ကိုင်ပေးနေကြောင်း ဂျိုးတစ်ယောက် သိလာရပါတော့တယ်။ ဒီလိုနဲ့ တေလာ့ကို ရအောင်မေးရာကနေ ခြင်္သေ့ဆိုတာ မုတ်ဆိတ်နက်ကျွန်းကိုပိုင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ပြီး မူးယစ်ဆေးကို အကြီးအကျယ်ကုန်သွယ်နေပြီး ရလာတဲ့ပိုက်ဆံတွေကို မျိုးရိုးဗီဇပြောင်းလဲထားတဲ့ လူသားနင်ဂျာတွေဖန်တီးတဲ့ဆီမှာ သုံးနေတာကို သိလိုက်ရတဲ့အခါ ဂျိုးတစ်ယောက် ရေတပ်နဲ့ ပူးပေါင်းပြီး ဒီမူးယစ်ဆေးကုန်သွယ်မှုနဲ့ မျိုးရိုးဗီဇပြောင်းလဲဖန်တီးမှုတွေကို ဘယ်လိုတားဆီးမလဲဆိုတာကို ရင်ဖိုင်စိတ်လှုပ်ရှားဖွယ်ရာ ကြည့်ရှုရမှာဖြစ်ပါတယ်။ သင့်အနေနဲ့ ဒီဇာတ်ကားကိုကြည့်တော့မယ်ဆိုရင် ပထမကားကို ကြည့်ပြီးသားဖြစ်မှာမို့လို အထူးတလည်ညွန်းစရာမလိုတော့ပါဘူး။ ဒီတော့ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျ။ File size…(2.4 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:30:00 Genre…Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Matteo

0 1987
American Ninja 2: The Confrontation
The Medallion

CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။ အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

0 2003 88 mins
The Medallion
Scouting for Christmas
6.1

Scounting for christmas ကားလေးကတော့ rating 6.1ရှိပြီး. christmasမှာ မိသားစုနဲ့အတူ ကြည့်ပြီး Chill လိုရမဲ့ကားလေးပါ။ ဒီဇာတ်ကားထဲမှာတော့ Single mother တစ်ယောက်ဟာ christmas မှာသူ့သမီးပျော်ရွှင်မှု အတွက် အကောင်းဆုံး ဖြည့်စည်းပေးရင်း တဖက်မှာလဲ အလုပ်တွေနဲ့ ပြည့်နေသူတစ်ဦးပါ။ ကိုယ့်ပျော်ရွှင်မှုအတွက် ဂရုမစိုက်နိုင်တဲ့ သူ့ကို သူသမီးက လက်တွဲဖော်အဖြစ် မုန့်ဖုတ်ဆိုင်က မုန့်ဖုတ်ဆရာ တစ်ယောက်နဲ့ စပ်ပေးဖိုကြိုးစားပါတော့တယ်။ တစ်နေ့မှာ သူ့ရဲ့ကွာရှင်းထားတဲ့ ယောကျ်ားဟောင်း ရုပ်ကြွင်း တူးဖော်ပညာရှင်ပြန်လာတဲ့အခါ သူနဲ့မုန့်ဖုတ်ဆရာ ကြားဘာ ဆက်ဖြစ်မလဲ… သူ့ပျော်ရွှင်မှုကိုပြန်ရှာနိုင်ပါ့မလား သူတိုမိသားစုကြားက ဆံရေးကဘယ်လိုဖြစ်သွားမလဲ…. ဆိုတာကို ပေါ့ပေါ့ပါးပါး နဲ့ကြည့်လိုရမဲ့ကားကောင်းဖြစ်ပါတယ်။ ဒီကားလေးက ပြဿနာတွေကြားထဲ မိသားစုထဲမှာရှိတဲ့ နွေးထွေးတဲ့မေတ္တာတစ်မျိုးကို စိတ်ဝင်စားဖွယ်ကြည့်ရှုနိုင်ပြီး. christmas အငွေ့အသက်တွေပါတာမို လာမဲ့christmasမှာ ကြည့်ဖို ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.39 GB) / (870 MB) Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Koo Luu Moo

6.1 2024 84 mins
Scouting for Christmas
The Yin-Yang Master Zero Onmyoji Zero
5.7

The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ​Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Fantasy,History,Mystery Duration….01:53:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action
5.7 2024 112 mins
The Yin-Yang Master Zero Onmyoji Zero