YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young Wallander S1 E2.1080p.mp4

585.97 MB N/A video/mp4 252 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Spellbound
6

Spellbound(2023) ***************** ဒီရုပ်ရှင်‌လေးက 2011ခုနှစ်ကထွက်ရှိခဲ့တဲ့ "Spellbound"ဆိုတဲ့ korea movieလေးကို Philippine moiveအဖြစ်ကပြန်လည်အသက်သွင်းထားတာပါ။ ဇာတ်ကြောင်းလေးကတော့ သရဲတွေကိုမြင်ရတဲ့ကောင်မလေးနဲ့ သူ့ရဲ့ မျက်လှည့်ပညာရှင်သူဌေးဖြစ်သူတို့ကြားက အချစ်ဇာတ်လမ်းလေးပါပဲ။ မင်းသမီးငယ်စဥ်အခါက အက်စီးဒင့်တစ်ခုကြောင့် သေမလိုဖြစ်ခဲ့ပြီး သရဲတွေကိုမြင်လာရသူပါ။ ထုံးစံအတိုင်း သရဲတွေကလာနှောင့်ယှက်ကြ အကူအညီလာတောင်းကြမို့ မင်းသမီးဟာ လူတွေနဲ့တစ်သီးတစ်သန့်နေရင်း ဘဝကိုတစ်ယောက်တည်းဖြတ်သန်းနေခဲ့ရပါတယ်။ ဒီလိုဘဝလေးနဲ့ ရှင်သန်နေရတာကို မင်းသားဖြစ်သူကသိရှိသွားတဲ့အခါမှာတော့.....။ ပျော်စရာ၊ ကြောက်စရာ၊ ကြည်နူးစရာအစုံကို ရင်ခုန်ခုန်ကြည့်ရှုရမယ့် ဇာတ်ကားလေးပါပဲ။ File Size :(1.3GB) &(626MB) Quality : WEB-DL 1080P,720p Format…mp4 Duration…01:47:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Comedy
6 2023 107 mins
Spellbound
Mrs. Chatterjee Vs Norway
4.8

IMDb-7.4/10 Rotten Tomatoes-15% ညိုချောလေးရာနီးအဓိကသရုပ်ဆောင်ထားတဲ့ အိန္ဒိယမိခင်တစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပါတယ် အာရှတိုက်သားတွေအတွက် နော်ဝေးတို့လိုဥရောပနိုင်ငံတွေဟာ dream land လို့ကိုပြောလို့ရပါတယ် ဒေဘီကာတို့ဇနီး‌မောင်နှံဟာ နော်ဝေးနိုင်ငံမှာနေတဲ့ အိန္ဒိမိသားစုလေးပါ အနောက်နိုင်ငံမှာနေပေမဲ့ အိန္ဒိယအိမ်ထောင်သည်ဘဝအတိုင်း ယောက်ျားကစီးပွားရှာ မိန်းမကအိမ်မှုကိစ္စနဲ့ ကလေးတွေကိုပြုစုထိန်းသိမ်းပါတယ် အနောက်နိုင်ငံမှာ ကလေးနှစ်ယောက်ရယ် အိမ်မှုကိစ္စရယ်နဲ့ တစ်ယောက်တည်းကသီလင်တနိုင်နေတဲ့ ဒေဘီကာတို့အခြေအနေကို နော်ဝေးအရာရှိတွေက အထင်အမြင်လွဲမှားသွားပါတော့တယ် အဲဒီအထင်နဲ့ပဲ ‌ဒေဘီကာတို့မောင်နှံဟာကလေးကို စောင့်ရှောက်နိုင်စွမ်းမရှိဘူးဆိုတဲ့အကြောင်းပြချက်နဲ့ ကလေးနှစ်ယောက် အတင်းဆွဲခေါ်သွားပါတော့တယ် လူ့အခွင့်အရေးအပြည့်အဝရတဲ့ နော်ဝေးလိုနိုင်ငံက မိခင်ရင်ခွင်ထဲရှိနေရမယ့် လူမမယ်ကလေးနှစ်ယောက်ကိုဘာကြောင့်များအတင်းဆွဲခေါ်သွားရပါသလဲ အင်အားကြီးနိုင်ငံရဲ့ ဥပဒေနဲ့ သာမန်မိခင်တစ်ယောက်ရဲ့မေတ္တာလွန်ဆွဲကြမယ့်ပွဲကို တစ်ရှူးဘူးလေးဘေးချပြီး ရှူစားကြည့်နိုင်ဖို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ် File size…1.79GB / 812MB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 13m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~Yunni~ThaikSan~Nyein~Sai

Fantasy • Mystery
4.8 2023 135 mins
Mrs. Chatterjee Vs Norway
Four's a Crowd
6.5

ဒီနေ့တင်ဆက်ပေးမှာကတော့ စပိန်ခရီးသွား ဟာသကားလေးဖြစ်ပါတယ်။ ဟူလီယန်က အသက်၅၀ အရွယ် ရုံးဝန်ထမ်း တစ်ယောက်ဖြစ်ပါ။ မိန်းမနဲ့ ကွာရှင်းထားပြီး ငွေကြေးလိုအပ်ချက်အရ Application တစ်ခုမှာ ပို့စ်တင်ပြီး လူသုံးယောက်နဲ့အတူ ကားမျှစီးလေ့ရှိပါတယ်။ သူ ကြိတ်ခိုက်နေရသူလေးကတော့ ပုံမှန်ခရီးသည် ကောင်မလေး လော်ရယ်နာပါ။ လော်ရယ်နာကတော့ အသက် ၂၉ နှစ်အရွယ် ခပ်မိုက်မိုက်ကောင်မလေးပါ။ မက်ဒရစ်မှာ အလုပ်လုပ်ပြီး ပိတ်ရက် အမေနဲ့ အဖေဆီ ပြန်ရတာ ပင်ပန်းလို့ စိတ်ညစ်နေသူပါ။ လော်ရယ်နာနဲ့ ဟူလီယန်အတူ ကားမျှစီးကြတာ ခြောက်လလောက်ရှိပါပြီ။ လော်ရယ်နာလေးနဲ့ အေးအေးဆေးဆေး ခရီးသွားရဖို့ ဟူလီယန်တစ်ယောက် ကားအတူစီးဖို့ ခပ်ဝဝ ရုပ်ဆိုးဆိုး ယောကျ်ားလေးတွေကိုပဲ သေချာ ရွေးတင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဘဝဆိုတာ စီစဉ်ထားတဲ့အတိုင်း ဖြစ်မလာတတ်လေတော့….. တစ်ရက်မှာ ဝမ်းကွဲအစ်ကိုရဲ့ ပရိုဖိုင်သုံးပြီး ကားပေါ်လိုက်လာတဲ့ ခပ်မိုက်မိုက်ကောင်လေး ဆာရ်ဂီယိုကြောင့် ပြဿနာ စတက်ပါတော့တယ်။ ဟူလီယန်နဲ့ ခရီးသွားဖော် သုံးယောက် မက်ဒရစ်ကို သွားတဲ့လမ်းတစ်လျှောက် ဘာတွေလွဲကြ ခွါကြပြဲကြဦးမလဲဆိုတာ စောင့်ကြည့်လိုက်ကြပါဦးနော် File size…(1.6 GB)/(940 GB)/(460 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:39:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phu Myat Thwe

Drama
6.5 2022 99 mins
Four's a Crowd
The Wonder
6.7

IMDb Rating - 6.7/10 ဒီတစ်ခါမှာတော့ Little Women ထဲကမင်းသမီး Florence Pugh ပါဝင်ထားတဲ့ The Wonder ဆိုတဲ့ ရုပ်ရှင်လေးကို တင်ဆက်ပေးပါရစေ။ အချိန်ကတော့ ၁၈၆၂ခုနှစ်ကာလကို အခြေတည်ထားပါတယ်။ မစ္စစ်ရွိုက် ဆိုတဲ့ အင်္ဂလန်က ကျွမ်းကျင်သူနာပြုတစ်ယောက်ဟာ အိုင်ယာလန်ရွာငယ် လေးတစ်ရွာကို အလုပ်ကိစ္စနဲ့လာခဲ့ပါတယ်။ ဟ...သူနာပြုပဲ အလုပ်ကိစ္စပါဆိုနေမှ ဆေးကုဖို့ပေါ့လို့ထင်ရင်တော့ နည်းနည်းလွဲပါတယ်။ တကယ်က ကောင်မလေးတစ်ယောက်ကို စောင့်ကြည့် ပေးဖို့ ရွာကကော်မတီဝင်‌တွေက ခေါ်တာပါ။  အဲ့ကောင်မလေးက အစာမစားဘဲ အသက်ရှင်နေနိုင်ပါတယ်။ ဆိုတော့ ရွာမှာ သူ့ကိုလာကြည့်တဲ့လူတွေကြောင့် ရွာလူကြီးတွေက စိတ်ရှုပ်ရလို့ ကျွမ်းကျင်သူနာပြုဖြစ်တဲ့ မစ္စစ်ရွိုက်ရယ်နဲ့ ဝါရင့် သီလရှင်တစ်ပါးရယ်ကိုခေါပြီး ကောင်မလေးကို စောင့်ကြည့်ခိုင်းတာပါ။ စောင့်ကြည့်ကာလကတော့ နှစ်ပတ်ပါ။ မစ္စစ်ရွိုက်တစ်ယောက် နှစ်ပတ်အတွင်း ကောင်မလေးကိုစောင့်ကြည့်ရင်း ဘာတွေကြုံတွေ့ရမလဲ။ ကောင်မလေးကရော တကယ်အစာမစားတာ ဟုတ်ရဲ့ လား။ တကယ်မစားဘူးဆိုရင် သူဘယ်လိုအသက်ရှင်နေနိုင်တာလဲ။ နောက်ဆုံး ရွာကော်မတီဝင်တွေက ဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဆိုတာကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို Ngwe Zinမှ ရေးသားပေးပြီး၊ ဘာသာပြန်ပေးသူများကတော့ CM Team မှဖြစ်ပါတယ်) File Size..........(1.95 GB) / (842 MB) / (467 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 48mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Drama, Mystery, Thriller Translator.......CM Team Encoder..........SWM

Drama • Romance
6.7 2022 108 mins
The Wonder
Mulan
6.9

မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ မူလန် ထွက်လာခဲ့ပါပြီ ရုံတွေ ပိတ်ထားလို့ Disney+ မှာပဲ တင်ခဲ့ပြီး လောလောဆယ် 720P Version ပဲ ရရှိအုံးမှာပါ မူလန် နေရာမှာ အားလုံးသိကြတဲ့ မင်းသမီးလေး ဂူဂူး (လုရီဖေး) က အကောင်းဆုံး လှလှ ပပ သရုပ်ဆောင်ထားပါတယ်... Mulan ဇတ်ကောင် အနေနဲ့ Animation ရုပ်ရှင်တွေ ထွက်ခဲ့သလို ခနခန Reversion Live Action တွေ ပြန်ရိုက်လဲ ပရိတ်သက်တွေ အသဲစွဲပြီး ကြိုက်နှစ်သက်ရတဲ့ ဇတ်ကောင်တစ်ခုပါ တရုတ်နိုင်ငံ စစ်တွင်းကာလ မှာ အိမ်တိုင်းက စစ်သည်တော်ဟောင်းတွေ ယောင်္ကျားသားတွေ ကို နန်းတွင်းက ပြန်ဆင့်ခေါ်တဲ့ အခါ မကျန်းမာတဲ့ ဖခင် အစား နုနုငယ်ငယ် အမျိုးသမီးလေး မူလန် က ယောင်္ကျားလေး ဟန်ဆောင်ပြီး စစ်အတွင်းလိုက်ပါပြီး စစ်ဆင်နွဲခဲ့တဲ့ သမိုင်းကြောင်းကို ပုံဖော်ထားတဲ့ ရုပ်ရှင်ကားဖြစ်ပါတယ်.. ဒီရုပ်ရှင်ကားကို Little Neo မှ ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ် File size…(1.6GB)/(734MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:55:00 Genre...Action / Adventure / Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by Little Neo

Crime • Drama • War
6.9 2020 115 mins
Mulan
Suzhou River
7.4

Suzhou River (2000) ———————– Directed by Lou Ye အဖြူစွတ်စွတ်တွေ… အလွမ်းပြာပြာတွေ… အမှီသဟဲတွေ… ဒိုက်သရိုက်တွေ… မုသားတွေ… ဝေးလွင့်ကင်းကွာခြင်းတွေ… ဒဏ္ဍာရီတွေ… မြစ်တစ်စင်းဟာ သိမ်ဆည်းထားတယ်။ အသစ်တွေ ဘယ်လိုပဲ ကမ်းကုန်အောင်ခြယ်သပါစေ လမ်းဆုံအောင်ဆယ်မရပါတဲ့ မြစ်တစ်စင်းရဲ့ ရပ်ဝန်းက အဟောင်းတွေ ။ မြစ်တစ်စင်းပေါ် စီးဆင်းနေတဲ့ အတိတ်အက်ကြောင်း နေ့ရက်ဟောင်းတွေကို ဘယ်လိုမှော်ဆေးနဲ့ ဖာထေးမလဲ။ ဒီအိပ်မက်တွေ လွမ်းသူပျိုု့မစပ်ချင်တော့လည်း ဒီမြစ်ကြီးကို မီးတင်ရှို့လို့မှမရနိုင်ခဲ့။ ဆူကျိုးတံတားထက် လက်ပိုက်ရင်းလျှောက်လာတဲ့ သူမရဲ့ ပုံရိပ်တွေ။ ရပ်တန့်ရင်းစောင့်လည်း အဖတ်ဆည်မရတော့ပါတဲ့ ဒဏ္ဍာရီအပျက်တွေ။ ပြောကြတယ် ဒီမြစ်ကြီးထဲမှာ ရေသူမတစ်ကောင်ရှိသတဲ့။ ကျွန်တော်မယုံခဲ့ပါဘူး။ လူတွေပြောနေကျ ယုံတမ်းစကားတွေဟာ ဖြေရှင်းမဆုံးနိုင်အောင် မကုန်မခန်းနိုင်တွေပဲမို့လား။ သူမနဲ့ပထမဆုံးတွေ့တော့ ဘာရယ်ဘာကြောင့်မသိ အဲဒီယုံတမ်းစကားကို ကျွန်တော်ယုံခဲ့ရတယ်။ သူမဟာ ရေသူမလေးတစ်ကောင်ပါပဲ။ သူမဟာ ရေသူမပါလို့ ဘာအတွက်ဘာကြောင့် ကျွန်တော်ယုံစားခဲ့မိလဲတော့ မသေချာပါဘူးပေါ့။ ချစ်ခြင်းဟာ ဒီလိုပဲမို့လား။ အကျိုးလည်းမသိ အကြောင်းလည်းမသိ အဆိုးလည်းမရှိ အပြောင်းလဲမရှိ။ သူ့မျက်ဝန်းတွေ ကောက်ကာငင်ကာကြီး ညှိုးကျသလို သူ့နှုတ်ခမ်းတွေ ကောက်ကာငင်ကာကြီး ပြုံးပြသလို ရေသူမလေးတစ်ကောင်ဟာ ကျွန်တော့်ဘဝထဲ ဗိန်းဗောင်းဆင့် ရောက်ချလာခဲ့တယ်။ ဒီလိုပါပဲ မနက်မိုးလင်းပေါက်လို့ လူပျင်းတစ်ကောင်ကျောခင်းလောက်ပြီဆို အဲဒီရေသူမကလေးဟာ ဆိုင်းမဆင့်ဗုံမဆင့် ထွက်သွားတတ်တယ်။ အဲဒီရဲ့နေ့တွေဆို မြစ်ခင်းတံတားလေးတစ်စင်းပေါ် သူလက်ပိုက်လို့လျှောက်မလာခင်အထိ ပြတင်းပေါက်နံပါးကနေ ရပ်စောင့်လို့ ကျွန်တော်မျှော်နေတတ်တယ်။ တစ်ခါတလေကျ အဲဒီရေသူမလေးက ကျွန်တော့်ကို အသစ်မဟုတ်တော့တဲ့ ဆူကျိုးမြစ်ရဲ့ ဒဏ္ဍာရီတစ်ပုဒ်ကို ပြောပြတတ်တယ်။ ဟိုးတမျှော်တခေါ် တံတားပေါ်က ခုန်ချသွားတဲ့ကောင်မလေးတစ်ယောက်ကို ရွာရိုးကိုးပေါက် အရှာမဆုံးခဲ့တဲ့ မာဒါလို့ခေါ်တဲ့ လူတစ်ယောက်အကြောင်းပေါ့။ သူပျောက်သွားခဲ့ရင် ကျွန်တော်လည်း သူ့လို ရှာပုံတော်ဖွင့်မလား မေးတော့ ကျွန်တော်လည်း ဘူမသိကိုးမသိ ခေါင်းညိတ်ခဲ့ရတယ်။ အဲဒီနေ့ကစ အိမ်ဝင်းတံခါးအပျက်ကနေ သူကျောခိုင်းလို့ထွက်သွားတိုင်း ဒီနေ့ဟာ သူမကိုမြင်ရတဲ့ နောက်ဆုံးနေ့များဖြစ်နေမလားဆိုတဲ့စိုးစိတ်နဲ့ တိုးတိတ်စိုးထိတ်ခဲ့ရတာပါပဲ။ သာမန်ညနေတစ်ခုရဲ့ သာမန်တိမ်တွေအောက်မှာ သာမန်မဟုတ်တော့တာကတော့ ပိုက်ထားတဲ့လက်ကလေးတွေရဲ့ လမ်းကူးဖို့အပြင်ကို ကျွန်တော် မဖူးမမြင်ရတော့တာပါပဲ။ သာမန်လိုပါပဲ။ ဆူကျိုးမြစ်ကနေ ပင်လယ်ပြင်အထိ ဘောလောမျောရင်း အရှေ့အရပ်ကနေ နေဝန်းထွက်လာလိမ့်မယ်။ မြစ်ရေက ကြည်လင်အေးမြလို့ ငါးတွေ တဖွေးဖွေးလှနေလိမ့်မယ်။ မာဒါက သူ့ကောင်မလေးကို ရှာပုံတော်ဖွင့်သလို သူပုန်းကွယ်ရာအရပ်ကို ကျွန်တော်ရှာမယ်။ ညနေဆို သူလက်ကလေးပိုက်လို့ မြစ်ခင်းတံတားလေးထက်ဆိုက်လာချိန်ကို ကျွန်တော်စောင့်မယ်။ ဒီလိုသာလုပ်ဖြစ်ခဲ့ရင် ကျွန်တော်တို့ရဲ့ အချစ်ဇာတ်လမ်းကလေးက ဆက်လျက်ဖူးပွင့်နေမှာပဲ။ ဒါပေမဲ့လည်း ကျွန်တော် အဲဒီရေသူမလေးကို မရှာဖြစ်ခဲ့ပါဘူး။ ထာဝစဉ်မြဲတဲ့တရားဆို ဒီကမ္ဘာမှာ ဘယ်ရှိလို့တုန်း။ အရက်နောက်တစ်ခွက်သောက်ရင်း မျက်လုံးတွေမှိတ်ရင်း နောက်ထပ် အချစ်တစ်ပွင့် ပွင့်လို့လာမှာကိုပဲ ကျွန်တော် စောင့်စားနေလိုက်တော့တယ်…. ဆူကျိုးမြစ်ရုပ်ရှင်ဟာ တရုတ်ပြည်မရုပ်ရှင်ရဲ့ ခြောက်ဆက်မြောက်မျိုးဆက် ဒါရိုက်တာတွေထဲက နာမည်ကျော်တစ်ယောက်ဖြစ်တဲ့ လုရီရဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပါပဲ။ သူဟာ ဆင်ဆာကြမ်းတဲ့ တရုတ်အစိုးရရဲ့ ဘန်းတာကို ပထမကားနဲ့တင်ခံခဲ့ရတဲ့သူဖြစ်ပြီး ဒီဒုတိယရုပ်ရှင်ကိုလည်း တရုတ်အစိုးရ ခွင့်ပြုချက် မရှိဘဲ ရုပ်ရှင်ပွဲတော်တစ်ခုမှာပြခဲ့လို့ ၂နှစ်အဘန်းခံခဲ့ရပါတယ်။ တန်ပါတယ် ဆုတော့ရခဲ့ပါတယ်။ သူ့တင်ပြပုံနဲ့ အပေါက်အလမ်းမတည့်တဲ့ တရုတ်အစိုးရ ဘန်းတာကို ခဏခဏခံခဲ့ရပေမဲ့ လုရီဟာ နိုင်ငံတကာအသိအမှတ်ပြုခံရတဲ့ ဒါရိုက်တာတစ်ယောက်တော့ဖြစ်ခဲ့ပါတယ်။ ဒီရုပ်ရှင်ကို မြစ်ကမ်းဘေးက ဂိုဒေါင်တွေ ဘာတွေလို အဟောင်းအနွမ်းနေရာတွေမှာပဲရိုက်ထားပြီး တိုးတက်နေတဲ့ အသစ်အသစ်သောပုံရိပ်တွေကို မသုံးထားခဲ့ပါဘူး။ သူဟာ ဟောင်ကောင်ဒါရိုက်တာ ဝေါင်ကာဝေးရဲ့ လွှမ်းမိုးမှုတစ်ပိုင်းတစ်စရှိနေတဲ့ ရုပ်ရှင်ဒါရိုက်တာတစ်ယောက်လို့ ဆိုကြသလို ဒီရုပ်ရှင်ကနေလည်း ခပ်ဆင်ဆင်အရသာလေးရပါတယ်။ ထူးတာကတော့ အဓိကဇာတ်ကောင်လို့လည်း ပြောလို့ရတဲ့ Narratorကို လူလည်းမပြထားသလို Creditလည်းမပေးထားဘဲ ကိုယ်က အဲဒီလူလို ဝင်ခံစားလို့ရအောင် သူမြင်ရတဲ့ပုံစံကနေ ပြသွားတာကလည်း ဒီရုပ်ရှင်ကို ကျွန်တော်တို့နဲ့ ပိုနီးစပ်သွားစေတဲ့ တစ်ချက်ပဲလို့ထင်ပါတယ်။ နောက်နီးစပ်စေတဲ့အချက်ကတော့ အချစ်နဲ့မြစ်ပေါ့။ မြစ်တစ်မြစ်မှာ ရေနှစ်ခါချိုးမရနိုင်ဘူးလို့ ဘယ်လိုပဲဆိုဆို ကျွန်တော်တို့စိတ်တွေကတော့ ဘယ်သောအခါမှ သစ်မလာနိုင်ဘူးမလား။ စိတ်သစ်လူသစ်ဆိုတာ ပုံပြင်ဟောင်းတွေပဲမို့လား။ ဆူကျိုးမြစ်ရုပ်ရှင်ဟာ လူအဟောင်း စိတ်အဟောင်းတွေကို မြစ်အဟောင်းထဲက ရပ်ဝန်းအဟောင်းကိုခေါ်သွားပြီး အဖြစ်ဟောင်းတွေနဲ့ ခင်ဗျားရဲ့မသိစိတ်ထဲက အဟောင်းတွေကို ပြန်တူးဖော်ပေးမယ့်ရုပ်ရှင်ပါပဲ။ အောက်ဖော်ပြပါကတော့ ခင်ဗျားစိတ်ပါရင် တွဲဖက်ခံစားလို့ရမယ့် သီချင်းဟောင်းလေးပေါ့။ ” တစ်ညမက နှစ်ညမက တစ်ညတစ်ည မင်းခွင့်ပြုသလောက်နဲ့ မင်းလင်းလက်သရွေ့ ငါငြိမ်သက်မြဲပါ ” – ခင်ဝမ်း ( မြစ် ) ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ WiRa Aung ပါ ) File Size__(3.5GB) / (1.22GB) Quality__BluRay_1080p, 720p IMDb Rating__7.4/10 Format__mp4 Duration__01:30:00 Type__Drama, Romance Subtitle__Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Naing Aung Latt

Drama • Western
7.4 2000 83 mins
Suzhou River
The Bélier Family
7.3

ဒီတစ်ခါမှာတော့ CM ပရိသတ်ကြီးကို ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းမယ့် ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက် ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ La famille Belier လို့ခေါ်ပြီးတော့ ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ ဘီလီရာလို့ ခေါ်တဲ့ မိသားစုလေးမှာ မိသားစုဝင် ၄ ယောက်ရှိပြီးတော့ ၃ ယောက်က ဆွံ့အနားမကြားသူတွေပါ။ သမီးတစ်ယောက် တည်းကပဲ ချွတ်ယွင်းမှုမရှိနေတာပါ။ သူက ကျန်တဲ့မိသားစု ၃ ယောက် အဆက်အသွယ်လုပ်နိုင်ဖို့ ကြားကနေ ဘာသာပြန်ပေး နေရသူဆိုလည်း မမှားပါဘူး။ သူဟာ မိသားစုနဲ့အတူ ဈေးထဲမှာ ချိစ်တွေကို ရောင်းပါသေးတယ်။ ကျောင်းတွေပြန်ဖွင့်လို့ ကျောင်းပြန်တက်တဲ့အခါမှာ သင်ရိုးအပို တွေထဲက တစ်ခုကို ရွေးချယ်ဖို့ ဖြစ်လာတဲ့အခါ သူဟာ ဓမ္မတေး အဖွဲ့ထဲဝင်ဖို့ ရွေးချယ်လိုက်ပါတယ်။ အဲဒီကနေမာ ဂီတဆရာ သောမက်ဆန်နဲ့ တွေ့ခဲ့ပြီးတော့ သူ့အသံဟာ သူများနဲ့မတူ တမူ ထူးခြားကြောင်း သိလာခဲ့ပါတယ်။ ဆရာဖြစ်သူ သောမက်ဆန်က သူ့အသံနဲ့ဆိုရင် ပဲရစ်မှာ ကျင်းပမယ့် အဆိုပြိုင်ပွဲကို ဝင်ပြိုင် လို့ရကြောင်း၊ ပြိုင်ပွဲကိုနိုင်ရင် ပဲရစ်မှာရှိတဲ့ အနုပညာကျောင်းမှာ ကျောင်းတက်ခွင့်ရမယ့်အကြောင်း ပြောပြခဲ့ပါတယ်။ ဒါဆိုရင် ဘီလီရာက သူ့ဆရာပြောတဲ့ ပြိုင်ပွဲကို ဝင်ပြိုင်ဖြစ်မလား၊ ပြိုင်ပွဲကိစ္စကို သူ့မိဘတွေက ခွင့်ပြုပါ့မလား၊ သူ့အနေနဲ့ ဒီမြို့ငယ်လေးထဲမှာပဲ ဆက်နေသွားမလား ပဲရစ်ကိုသွားပြီး စွန့်စားခန်းအသစ် ရေးဆွဲမလားဆိုတာကိုတော့ ဟောဒီ La Famille Belier ဆိုတဲ့ ဇာတ်ကားထဲမှာ ကိုယ်တိုင်ကြည့်ရှုလိုက်ကြပါ။ File size…2.14GB / 0.98GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 46m Genre ….. Comedy , Drama , Music Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Elizabeth khant

Family • Comedy
7.3 2014
The Bélier Family
The Muppets

မားပက်ထ်ဆိုတာက ငယ်ငယ်က‌ကလေးတိုင်းရဲ့အကြိုက်ဆုံး တီဗီရှိုးတစ်ခုဖြစ်ခဲ့ပြီး မားပက်ထ် character တွေဟာလည်း အားလုံးရဲ့အချစ်ခံတွေ ဖြစ်ခဲ့တာပေါ့။ ဒါပေမဲ့လည်း ကမ္ဘာကြီးက တိုးတက်ပြောင်းလဲလာတာနဲ့အမျှ ပိုကောင်းပြီးလူကြိုက်များတဲ့ တီဗီရှိူးတွေက အစားထိုးဝင်ရောက်လာခဲ့ပြီး မားပက်ထ်ရှိုးကတော့ အပိုင်းသစ်ရိုက်ကူးခြင်းလည်းမရှိတော့သလို မားပက်ထ်ဇာတ်ကောင်တွေကိုယ်တိုင်လည်း တကွဲတပြားစီနဲ့ တိမ်မြုပ်ပျောက်ကွယ်ကုန်ကြပါတယ်။ မားပက်ထ်စတူရီယိုကိုယ်တိုင်တောင် ပရိသတ်တွေအတွက် အလည်အပတ်နေရာတစ်ခုအဖြစ်ပဲ ကျန်ရှိပါတော့တယ်။ ဝေါလ်တာကတော့ စမောတောင်းလို့ခေါ်တဲ့ မြို့ငယ်လေး‌တစ်မြို့က ကောင်လေးတစ်ယောက်ဖြစ်ပြီး မားပက်ထ်ကိုအရူးအမူးစွဲလမ်းသူပါ။ ဒီလိုနဲ့တစ်ရက်မှာတော့ ဝေါ်လ်တာရယ်၊ သူ့အစ်ကိုဂယ်ရီနဲ့ မယ်ရီတို့ဟာ အလည်အပတ်ခရီးထွက်ရင်း မားပက်ထ်စတူရီယိုကို ရောက်လာကြပါတယ်။ ဒီမှာတင်ထင်မှတ်မထားဘဲ ဆိုးဝါးတဲ့ရေနံလုပ်ငန်းရှင်တစ်ယောက်ရဲ့ စတူရီယိုကိုဖြိုချပြီး ရေနံတူးမဲ့အစီအစဉ်ကို ကြားခဲ့ရပါတယ်။ မားပက်ထ်တွေအနေနဲ့ကလည်း ပိုင်ဆိုင်မှုလွဲအပ်ကြောင်းစာချုပ်က ချုပ်ဆိုပြီးသားဖြစ်နေပြီး စာချုပ်ဖျက်သိမ်းဖို့ တစ်ခုတည်းသောနည်းလမ်းက ဒေါ်လာ (၁၀) မီလီယံလျော်ဖို့ပါပဲ။ ဒီလိုနဲ့သုံးယောက်သားဟာ မားပက်ထ်ကိုပြန်ကယ်တင်ဖို့ရည်ရွယ်ချက်နဲ့ တကွဲတပြားစီဖြစ်နေတဲ့ မားပက်ထ်တွေကို လိုက်လံစုစည်းပါတော့တယ်။ The Muppets ဇာတ်ကားဟာ 2011 တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားတစ်ကားဖြစ်ပြီး Musical ကားတစ်ကားဖြစ်ပေမဲ့ ပျင်းစရာကောင်းလောက်အောင် သီချင်းတွေဆိုနေတာမျိုးမဟုတ်ဘဲ comedy ဆန်ဆန်နဲ့ ကြည့်ရှုသူကိုဆွဲခေါ်သွားပြီး IMDB rating 7.1 အထိရရှိထားတာမို့ အားလပ်ရက်မှာ အပန်းဖြေရင်းကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပါပဲ Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Music, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mariposa

0 2011
The Muppets
The Crash Reel
8.2

Action sports တွေဖြစ်တဲ့ နှင်းလျှောစီး၊ အတားအဆီးဖြတ်ကျော်ဆိုင်ကယ်စီး စတဲ့ အားကစားနည်းတွေဟာ ပရိသတ်တွေ အတွက်ရင်သပ်ရှုမောဖြစ်စေပေမဲ့ ကစားသမားတွေအတွက်‌တော့ အသက်ဆုံးတဲ့အထိဖြစ်စေနိုင်ပါတယ်။ တစ်နှစ်မှာ ကစားသမား နှစ်သိန်းမှ ခြောက်သိန်းလောက် ထိခိုက်ဒဏ်ရာရတယ်လို့‌ စာရင်းတွေမှာဖော်ပြကြပါတယ်။ ၂၀၁၃ ခုနှစ်ကထွက်ရှိခဲ့တဲ့ ဒီဇာတ်ကားလေးမှာတော့ နှင်းလျှောစီးကစားသမား ကယ်ဗင် ပီးရတ်စ် နဲ့ ရှောင်န်ဝိုက်ကြားကပြိုင်ဆိုင်မှု‌တွေ၊ ကစားသမားဘဝတ‌လျှောက် ရုန်းကန်ရပုံတွေ၊ ကစားနည်းအပေါ် ရူးသွပ်ပုံတွေ ကိုပေါ်လွင်အောင်ရိုက်ပြထားပါတယ်။ အားကစားဝါသနာပါသူတွေကြိုက်ကြမဲ့ ဇာတ်လမ်းလေးပါ။ ပရိသတ်တွေကိုဖျော်ဖြေမှုပေးနိုင်တဲ့ကစားနည်းတွေရဲ့ နောက်ကွယ်ကအဖြစ်အပျက်တွေလည်းတွေ့မြင်နိုင်ပါတယ်။ ကစားသမားတွေကိုယ်တိုင် သရုပ်ဆောင်ထားပြီး အမျိုးသမီးဒါရိုက်တာဖြစ်တဲ့ Lucy Walker ရိုက်ကူးထားတာပါ။ IMDb rating 8.2 နဲ့ RT 96% ရရှိထားပြီးနိုင်ငံတကာဆုတွေ လည်းတသီကြီးရရှိထားပါတယ်။ ကစားသမားတွေရဲ့ ဒဏ်ရာအတွက်ရုန်းကန်ကြရ အသက်ဆုံးနိုင်လောက်အောင် ဖြစ်ခဲ့ကြပေမဲ့ ပြန်ကစားနိုင်ဖို့ စိတ်အားထက်သန်ကြတဲ့ စိတ်ဓာတ်ကိုလည်းတွေ့ကြရမှာပါ။ မိသားစုတွေရဲ့ထောက်ပံ့မှုတွေ ချစ်ခြင်းမေတ္တာတွေကိုလည်း ရိုက်ပြထားတဲ့အတွက် ကြည့်ရတာ နွေးထွေးစေ ပါတယ် ခြုံပြီးပြောရရင်တော့ မှတ်တမ်းရုပ်ရှင်ဖြစ်ပေမဲ့ ကစားသမားတွေရဲ့ပြိုင်ပွဲဝင်ပုံတွေ၊ နောက်ခံသီချင်းကောင်းတွေနဲ့ လှပတဲ့ရိုက်ချက်တွေကြောင့် အစမှအဆုံးပျင်းစရာကောင်းတယ်လို့မခံစားရပါဘူး။ သမားရိုးကျဇာတ်လမ်းတွေကြည့်ပြီးနည်းနည်းအီလာရင် ဒီလိုဇာတ်ကားတွေကြည့်ခြင်းအားဖြင့်လည်း မတူညီတဲ့ခံစားချက်တွေရနိုင်သလို စိတ်ဓာတ်ကျနေတဲ့အချိန်မှာကြည့်ဖြစ်ရင်တော့ စိတ်အားတက်ကြွမှုတွေပြန်လည်ရရှိနိုင်ပါတယ်လို့ ပြောချင်ပါတယ်။ File size… 1.3 GB / 760 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 48m Genre ….. Documentary Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sophie

8.2 2013 108 mins
The Crash Reel
Treasure Trackers
6.4

Treasure Trackers (2024) ***************************** ဒီတစ်ခေါက်မှာတော့ Channel Myanmar ရဲ့ ပရိသတ်တိုကို ဟော်လိုးဝင်းပွဲတော် နဲ့ ခရစ်စမတ်ကာလကြား ကြည့်ကောင်းမယ့် ပေါ့ပေါ့ပါးပါးဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် .. ဇာတ်လမ်းအကျဥ်း ************* ကယ်လီဖိုးနီးယားကနေ နယ်မြိုလေးတစ်ခုကို ပြောင်းလာရတဲ့ လီယာဟာ ဖခင်ဖြစ်သူကပါ အဒေါ်အိမ်မှာ ထားခဲ့လို စိတ်ညစ်နေပါတယ် .. တဆက်တည်းမှာပဲ ပြောင်းလာတဲ့နယ်မြိုကလည်း ဟော်လိုးဝင်းပွဲတော်တစ်ဝိုက်ဖြစ်နေလို လေထုက ခြောက်ခြားစရာ ပုံပြင်တွေနဲ့ပေါ့ .. ဒီအချိန်မှာ လီယာတစ်ယောက် သူငယ်ချင်းအသစ်တွေ နဲ့ ဒေသခံ ဟော်လိုးဝင်းပုံပြင်တွေကြား၊ စုန်းမတွေနဲ့ ကျိန်စာသင့်ရွှေတွေကြား၊ ဒဏ္ဍာရီလာတိရစ္ဆာန်တွေ၊ စွန့်စားခန်းလေးတွေနဲ့ ပြသာနာတွေကြား မြိုသစ်လေးမှာ နေရာကျသွားမလား ကယ်လီဖိုးနီးယားကိုပဲ ပြန်ပြောင်းပြေးသွားမလားဆိုတာကို ပေါ့ပေါ့ပါးပါးလေးတင်ဆက်ထားတာဖြစ်လို ပိတ်ရက်မှာ မိသားစုတွေနဲ့အတူကြည့်သင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ် .. (အညွှန်းကို Su မှ ရေးသားထားပါတယ်) File size…2.23GB / 1GB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Mystery, fun, adventure Subtitle….Myanmar Subtitle (Hard Sub) Translated by Su Encoded by AHtet

Crime • Drama • Mystery • Thriller
6.4 2024 92 mins
Treasure Trackers
I Love You, Beth Cooper
5.3

I Love You, Beth Cooper (2009) မင်းသမီးချော Hayden Panettiere ရဲ့အလန်းစားပုံစံကိုမြင်တွေ့ရမယ့် ကျောင်းသားဘဝ အချစ်ဟာသ ဇာတ်ကားလေးပါ။ မင်းသား Paul Rust ရဲ့ အူကြောင်ကြားစတိုင်တွေကလဲ ဒီကားကို ပိုလို့ရယ်ရစေပါတယ်။ ဇာတ်လမ်းကတော့… စာဂျပိုး FA လေး ဒန်းနစ်ဟာ သူ့ရဲ့အူကြောင်ကြားရုပ်မှအားမနာ ကျောင်းမှာ အချောဆုံး အလှဆုံး အလန်းဆုံးဖြစ်တဲ့ Cheerleader Team ခေါင်းဆောင် ဘတ်ကူးပါးကို ကြိတ်ကြိုက်နေတာကြာပါပြီ။ ဖွင့်မပြောရဲ ဖွင့်မပြောရဲနဲ့ နေလာရင်းနဲ့ သူ့ဘော်ဒါနဲ့ တိုက်တွန်းချက်နဲ့ နောက်ဆုံးမှာတော့ ဖွင့်ပြောလိုက်ပါတော့တယ်… ဘယ်နေရာမှာလဲဆိုတော့ လူစုံတက်စုံတက်ရောက်တဲ့ ကျောင်းရဲ့ ဘွဲ့နှင်းသဘင်မှာ စင်ပေါ်ကနေ ရည်းစားစကားပြောချလိုက်တာပါ။ ဒါနဲ့တင် အားမရသေးဘဲ တစ်ကျောင်းလုံးက ကျောင်းသားတွေမကောင်းကြောင်းအပြင် ဘတ်ကူးပါးရဲ့ လက်ရှိရည်းစားမကောင်းကြောင်းတွေပါ ပြောချလိုက်ပါတယ်။ ဒီလိုအူကြောင်ကြား အလွဲလွဲအချောချော် ဒန်းနစ်နဲ့ အလန်းစားကောင်မလေး ဘတ်ကူးပါးတို့ ဘယ်လိုရှေ့ဆက်တွေ့ကြမလဲဆိုတာ…. ပေါ့ပေါ့ပါးပါး ဟာသနှောပြီး ကြည့်ကြရမယ့် ကျောင်းသားဟာသအချစ်ဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.3 2009 102 mins
I Love You, Beth Cooper
Dust in the Wind
7.6

Dust in the Wind (1986) ~ IMDb – 7.6/10, Rotten Tomatoes – 100% ~ Dust in the Wind ဟာ နာမည်ကျော်ထိုင်ဝမ်နယူးဝေ့ဒါရိုက်တာတွေထဲကတစ်ယောက်ဖြစ်တဲ့ Hou Hsiao-Hsien နဲ့ ဇာတ်ညွှန်းဆရာ Wu Nien-Jen တို့ တွဲလုပ်ထားတဲ့ Hou and Wu’s Collaborations Trilogy ထဲက ပထမဆုံးကားပါပဲ။ ထိုင်ဝမ်နယူးဝေ့တွေမှာ အတွေ့ရများတဲ့အတိုင်း တိုးတက်မလာခင် တိုးတက်လာဆဲ ထိုင်ဝမ်ရဲ့ ခေတ်အခြေအနေကို ဇာတ်ကောင်တွေရဲ့ ဖြတ်သန်းကြပုံကို ရိုက်ပြထားတယ်။ Dust in the Wind ထဲက အခြေအနေတွေဟာ Hou တို့တွေ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေဖြစ်ပြီး ၁၉၇၀ ထိုင်ဝမ်ရဲ့ မြို့ပြရယ်လို့ တိုးတက်မှုတွေများပြားလာတဲ့ ကာလမှာဇာတ်အိမ်တည်ထားတယ်။ အဲဒီကာလမှာ နယ်မြို့ရွာလေးတွေက လူငယ်တွေဟာ တိုင်ပေမှာ အလုပ်လုပ်ရင်း ကျောင်းဆက်တက်သူတက်ကြတယ်။ အလုပ်ချည်းလုပ်သူက လုပ်ကြတယ်။ အိမ်ကို ငွေတွေပြန်ပို့ကြတယ်။ မြို့ပေါ်ကနေ စစ်မှုထမ်းဝင်သူတွေကလည်း ဝင်ကြတယ်။ ဒီလိုအချိန်မှာ လူငယ်တွေ ကြုံတွေ့ရတဲ့ လုပ်ငန်းခွင်အနိုင်ကျင့်မှုတွေကိုလည်း ပုံဖော်ထားသလို ကောင်းတဲ့အလုပ်ရှင်တွေကိုလည်း ပုံဖော်ထားတယ်။ ပြောရရင် Dust in the Wind ဟာ ခေတ်တစ်ခုရဲ့လူငယ်တွေဘဝကို ပုံဖော်ထားတဲ့ ရုပ်ရှင်သက်သက်ပဲ။ နယူးဝေ့ရုပ်ရှင်စာရင်းတော့ဝင်ပေမဲ့ ထိုင်ဝမ်နယူးဝေ့ဒိုကူမန်ထရီထဲ Hou ပြောဖူးသလိုပဲ အသစ်ဘာမှမရှိပါဘူး။ အရာတိုင်းက ရိုက်ပြပြီးသားချည်းပဲ။ ကိုယ့်ရှေ့ကခေတ်ရဲ့ အခြေအနေကို ရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားပါပဲ။ Hou ဟာ Ozu ရဲ့ လွှမ်းမိုးမှုအတန်ရှိတယ်ဆိုတဲ့အတိုင်း Hou ကတော့ အိုဇုရဲ့ ပတ်ဝန်းကျင်က ငြိမ်သက်တဲ့အခြေအနေတွေထဲက အရွေ့သေးသေးလေးတွေကို ရိုက်ပြတဲ့ဘက်အလေးသာပြီး Ozu ရဲ့ လွှမ်းမိုးမှုတော်တော်များတယ်လို့ ကျွန်တော်မြင်တဲ့ Kore-eda ကတော့ နောက်ပိုင်းမှာ အိုဇုရဲ့ ထိပ်လေးပဲ ရေပေါ်ပေါ်နေတဲ့ ရေခဲတုံးကြီးရဲ့ ရေမြုပ်နေတဲ့အောက်ပိုင်းဆန်တဲ့ မပြထားတဲ့ဇာတ်ဝင်ခန်းတွေရဲ့အရေးပါပုံကိုပြတဲ့ဘက် ပိုအလေးသာနေတယ်။ ဒီဇာတ်လမ်းမှာ ကောင်လေးနဲ့ကောင်မလေး သိပ်ချစ်ကြတယ်လို့ မပြောလည်း ကျွန်တော်တို့သိခဲ့ရတယ်။ တစ်နေ့မှာ ခေတ်ကြောင့်ပဲ ကောင်လေးနဲ့ကောင်မလေး တစ်သက်လုံးဝေးသွားကြတယ်။ တစ်ခုခုတော့ ဟုတ်ချင်ဟုတ်ပါလိမ့်မယ်။ ဒါပေမဲ့လည်း ဘာမှမဟုတ်သလိုပါပဲ။ သက်ငြိမ်နေတယ်။ ကျွန်တော်တို့ဘဝတွေရဲ့ သက်ငြိမ်မှုတွေလိုလို… (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 890MB Quality – BluRay 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 49Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

7.6 1986 109 mins
Dust in the Wind
Kanguva
5.3

Kanguva (2024) “ကံကြမ္မာပဟေဠိ” (WEB DL အကြည်ဆုံးဗားရှင်းထွက်ရှိလာပြီမလို့ ထပ်မံUpdateပေးထားပါတယ်) IMDb – 5.3/10 ၂၀၂၄ မှာထွက်ထားတဲ့ အိန္ဒိယ တမီးလ် Fantasy Action ရုပ်ရှင်ဖြစ်ပြီး မင်းသားဆူရီယာရဲ့ သရုပ်ဆောင်ချက်တွေအတွက် မှတ်ချက်ကောင်းတွေရထားတဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး။ ဒီရုပ်ရှင်ဟာ ၂၀၁၉ မှာ စတင်ကြေညာခဲ့တာဖြစ်ပေမဲ့ ကိုဗစ်ကြောင့် အချိန်ရွှေ့လိုက်ရကာ ၂၀၂၄ ရောက်မှ ပရိသတ်ရှေ့ကို ရောက်လာတာဖြစ်ပါတယ်။ အိန္ဒိယနယ်စပ်နားလေးမှာ ဦးနှောက်လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာပြီး စူပါပါဝါအကြောင်း စမ်းသပ်မှုတွေလုပ်နေတဲ့ ရုရှားဇီဝဆေးသုသေသနအဖွဲ့တစ်ဖွဲ့ရှိပါတယ်။ တစ်နေ့ သူတို့ဆီကနေ ဇေတာဆိုတဲ့ကလေးတစ်ယောက် ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။ တစ်ဖက်မှာတော့ ဖရန့်စစ်နဲ့ သူ့သူငယ်ချင်းက ရဲတွေဆီကနေ ငွေလက်ခံပြီး သူတို့အလိုရှိတဲ့သူကို လိုက်ဖမ်းပေးတဲ့အလုပ်လုပ်ပါတယ်။ တစ်နေ့ သူတို့ပစ်မှတ်ကို ဖမ်းနေတုန်း မတော်တဆ လက်လွန်ကာ သတ်မိသွားပါတယ်။ ဒီပစ်မှတ်က နောက်ခံတော်တော်တောင့်တာမို့ ဘယ်သူမှမသိခင် အသာလေးလစ်ထွက်လာဖို့လုပ်နေတုန်း ဇေတာနဲ့တိုးပါတယ်။ ဒါပေမဲ့ ကလေးဆိုတော့ သူတို့ရုပ်တွေကို မှတ်မိလောက်မှာမဟုတ်ဘူးဆိုပြီး ပေါ့ပေါ့တန်တန်တွေးကာ ထွက်ပြေးလာကြပါတယ်။ ဇေတာက သူတို့တွေကို တကယ်ပဲ မမှတ်မိနိုင်ဘူးလား။ သူနဲ့ ဖရန့်စစ်ကြားမှာရော ဘာပတ်သတ်မှုတွေရှိနေသေးတာလဲ ဆိုတာကိုတော့… (အညွှန်းနဲ့ဘာသာပြန်တွေကတော့ Eaindra, ToMo, Linn, Zwe, Yunni တို့ပဲဖြစ်ပါတယ်)

Drama
5.3 2024 154 mins
Kanguva
Tom and Jerry: The Magic Ring
Main Prem Ki Diwani Hoon

Main Prem Ki Diwani Hoon (2003)”အချစ်ကြောင့်ရူး” ======================================== လက်ပွားမင်းသားကြီး ရီသိက်ရိုရှန်းနဲ့ မင်းသမီးကြီး ကရီနာကပူးရ်တို ငယ်ရွယ်စဉ်က တွဲဖက်ရိုက်ကူးခဲ့တဲ့ ၂၀၀၃ ခုနှစ်ထွက် အချစ်ဟာသ ကလက်စစ်ရုပ်ရှင်ဟောင်းလေးကို ဘောလိဝုဒ်ပရိသတ်တွေအတွက် ပြန်လည် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးမလိုနဲ့ ဆန်းပါတယ်။ အိန္ဒိယကမိဘတွေရဲ့ မိဘအိမ်ထောင်ချပေးရင် သားသမီးခေါင်းငြိမ့်ဆိုတဲ့ ဓလေ့ကို ချိုးဖျက်ချင်နေတဲ့ ဆန်ဂျနာဆိုတဲ့ ကောင်မလေး။ ဆန်ဂျနာဟာ သူတင်မကဘဲ သူများတွေကိုပါ ကိုယ်ချစ်တဲ့သူကိုလက်ထပ်ဖို တိုက်တွန်းနေပေမဲ့ သူ့အမေကတော့ သူ့ကို ပရမ်းဆိုတဲ့ ဥစ္စာပေါ၊ ရုပ်ချော သူဌေးလေးတစ်ယောက်နဲ့ ပေးစားဖိုအတွက် ကြိုးပမ်းလာခဲ့ပါတယ်။ ခေတ်ပညာတတ်မလေး ဆန်ဂျနာဟာ အစပိုင်းမှာ အချစ်ဟာသရုပ်ရှင်တွေရဲ့ထုံးစံ ဇာတ်လိုက်ပရမ်းကို ဒုက္ခတွေပေး၊ ပြန်ပြေးအောင် ကြံစည်ပေမဲ့ ဥစ္စာပေါ ရုပ်ချောရုံသာမက တော်ကီပါကောင်းတဲ့ ပရမ်းကို ကြွေစပြုလာတဲ့အချိန်မှာ ဘယ်သူမှမထင်ထားတဲ့ကိစ္စတစ်ခုဖြစ်လာခဲ့ပြီး ပရမ်းနဲ့ ဆန်ဂျနာတို ဆက်ကြုံတွေ့ရတဲ့ဖြစ်ရပ်တွေကို ဒီအချစ်ဟာသရုပ်ရှင်လေးထဲမှာ မြင်တွေ့ခံစားကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Comedy • Drama • Family
0 2003 197 mins
Main Prem Ki Diwani Hoon