YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S04E13.1080p.(CM).mp4

365.03 MB 1080p video/mp4 682 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Men of Plastic
5.6

မင်းသားကြီး မာဒုန်ဆော့ရဲ့ အရင်ဇာတ်ကားတွေနဲ့ မတူတဲ့ ပုံစံကွဲမျိုး ကြည့်ရှုခံစားရမှာပါ။ Drama Comedy အမျိုးအစားဖြစ်လို့ အခွီတွေလည်း ပါဝင်ပြီး ဇာတ်ကားလေးကလည်း တော်တော်ကို စိတ်ဝင်စားစရာ ကောင်းသလို မင်းသားကြီး မာဒုန်ဆော့ရဲ့ သရုပ်ဆောင်ပီပြင်မှုကြောင့်လည်း ဒီဇာတ်ကား ကြည့်ရှုရတာ တန်တယ်လို့ ခံစားကြရမှာ သေချာပါတယ်။ အဲ့ဒီအပြင် Hospital Playlist မင်းသားကြီး ဂျောင်းဂယောင်းဟို ကလည်း အဓိကဇာတ်ဆောင်အနေနဲ့ တွဲဖက် သရုပ်ဆောင်ထားတာမို့ လက်လွတ်မခံသင့်ဘူးနော်။ ဇာတ်လမ်းအကျဉ်း ... ဒယ်ဂုဆိုတဲ့ လူတစ်ယောက်က ဂန်းနမ်မြို့ရဲ့ ချမ်းသာတဲ့ ရပ်ကွက်ဖြစ်တဲ့ အာ့ဂူဂျောင်းမှာ မွေးဖွား ကြီးပြင်းလာသူ တစ်ယောက်ဖြစ်ပြီး‌တော့ ပလတ်စတစ် ဆာဂျရီဆေးရုံနဲ့ အရေပြားအလှပြုပြင်ရေး ဆေးရုံတွေ ပေါများတဲ့ ဆိုလ်းတောင်ပိုင်းမှာ ပလတ်စတစ် ဆာဂျရီ လုပ်ငန်းကို စတင်ချင်တဲ့ စိတ်ကူးစိတ်သန်း ရှိနေသူ တစ်ယောက်လည်းဖြစ်ပါတယ်။ တစ်နေ့မှာ သူက ပလတ်စတစ် ဆာဂျရီလောကမှာ အရည်အချင်းရှိတဲ့ ခွဲစိတ်ဆရာဝန် ဘတ်ဂျီဝူနဲ့ တွေ့ခဲ့ပေမဲ့ ကံဆိုင်းချင်တော့ ဘတ်ဂျီဝူက ဆေးကုသခွင့် လိုင်စင် ရုတ်သိမ်းခံထားရသူဖြစ်နေပါတယ်။ ဒါပေမဲ့လည်း အိပ်မက်တွေကို အကောင်ထည်ဖော်ဖို့ သူတို့ နှစ်ယောက်က ပူးပေါင်းပြီး အာ့ဂူဂျောင်းမှာ ပလတ်စတစ်ဆာဂျရီ လုပ်ငန်းကို အကျိုးတူ လုပ်ဆောင်ကြတဲ့အခါ ... ဘယ်လို အလွဲလေးတွေဖြစ်မလဲ? အတုအယောင်တွေ လုပ်ဖို့ဖြစ်လာတဲ့အခါ ဘယ်လိုအန္တရာယ်တွေနဲ့ ရင်ဆိုင်ရမလဲ? ဆိုတာတော့ ဇာတ်လမ်းလေးထဲ ဆက်လက်ကြည့်ရှုလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းကိုတော့ Miri ကရေးပေးထားပါတယ်။) File Size          : 2.2GB, 893MB, 444MB Quality            : 1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 1hr 52mins Genre              : Comedy,, Drama Translated by Hnin Win, Miri & Estel Encoded by Kinnov

Crime • Drama • Mystery
5.6 2022 112 mins
Men of Plastic
PVT Chat
5.7

IMDb Rating - 5.9/10 ဒီဇာတ်ကားလေးကတော့ ၂၀၂၀ခုနှစ်က ထွက်ရှိခဲ့တဲ့ 18+လူကြီးကားလေးဖြစ်ပါတယ်။ sex chatလုပ်ရာ ကနေစတဲ့ အချစ်ဇာတ်လမ်းလေးလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းသဘောကတော့ ဂျက်ခ်က နယူးရော့ခ်မှာ နေထိုင်ပြီး အင်တာနက်လောင်းကစားလုပ်တဲ့လူတစ် ယောက်ပါ၊ အပြာဝက်ဘ်ဆိုဒ်တစ်ခုက အဖော်အချွတ် မယ်လေး စကားလက်နဲ့ စကားတွေပြောဖြစ်ရင်း ချစ်မိ တဲ့ အဆင့်ထိရောက်သွားတာပေါ့။ ဆန်ဖရန်စစ္စကိုက အဖော်အချွတ်မယ်လေးကို အမှတ်မထင် နယူးရော့ခ်က ညတစ်ညမှာ ရှာတွေ့သွားရင်းက စိတ်ကူးယဉ်အိပ်မက်တွေ တကယ်ဖြစ်လာပြီး ဇာတ်လမ်းတွေဖြစ်တယ့်အကြောင်း လေးပါ။ လူနှစ်ဦးကြားက စိတ်ကူးယဉ်ဘဝနဲ့ လက်ရှိဘဝလေးကို ချိန်ထိုးပြထားတဲ့ ဇာတ်လမ်းလေးပါ။ ဝတ်လစ်စလစ်ခန်း တွေ ရှင်းရှင်းလင်းလင်းပါပေမယ့်လည်း အပြာကားပုံစံ မဟုတ်ပဲ romanceဖြစ်လောက်အောင်အထိ ဇာတ်လမ်း ဇာတ်ကွက်ဆန်းတဲ့အတွက်ကြောင့် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ ZMT ဖြစ်ပါတယ်) File Size..........(1.6 GB) / (539 MB) / (288 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adult, Drama Translator.......ZMT Encoder..........AdminX

Horror • Mystery • Thriller
5.7 2021 86 mins
PVT Chat
The Kashmir Files
7.3

ဒီတစ်ခါမှာတော့ ၁၉၉၀ ကာလကို အခြေတည်ပြီး ဟိမဝန္တာတောင်တန်းတွေကြားက ကတ်ရှ်မီးယား ဒေသရဲ့ လွတ်လပ်ရေးရုန်းကန်ပုံ,လူမျိုးရေးရာပြဿနာတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖော်ထုတ်ထားတဲ့ Historical/Drama အမျိုးအစား ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ IMDB 8.3 လောက်ရထားပြီး နိုင်ငံအချို့မှာရုံတင်ခွင့်ပိတ်တဲ့ကားမို့ ပေါ့သေးသေးတော့မဟုတ်ပါဘူး ဇာတ်လမ်းအကျဉ်း =================== ကတ်ရှ်မီးယားဒေသဟာ အိန္ဒိယအနောက်မြောက်ပိုင်းမှာရှိပြီး ဟိမဝန္တာတောင်တန်းတွေ ဝန်းရံထားပါတယ်။ အဲ့ဒီနယ်မြေဟာ ပါကစ္စတန်နဲ့ထိစပ်နေပြီး ကတ်ရှ်မီးယားပန်ဒစ် လို့ခေါ်တဲ့ ဟိန္ဒူလူမျိုးတွေအခြေချနေထိုင်လာတယ်၊ ခေတ်မှီလာတာနဲ့အမျှ ကတ်ရှ်မီးယား ပန်ဒစ်တွေဟာ သူတို့ကို လစ်လျူရှုတဲ့ အိန္ဒိယကနေ လွတ်လပ်ဖို့ တောင်းဆိုလာသလို အိမ်နီးချင်း ပါကစ္စတန်ရဲ့ အစ္စလာမ်မစ်တွေကပါကျူးကျော်လာတဲ့အခါမှာတော့..... ဒီကားက မင်းသားမင်းသမီးထက်စာရင် ဇာတ်လမ်းဇာတ်ကွက် နိုင်ငံရေး ဘာသာရေး စတဲ့ အကြောင်းတွေကို ပွင့်လင်းပြင်းထန်စွာ ရိုက်ပြထားတာမို့ သမိုင်းနောက်ခံနိုင်ငံရေး ကြိုက်သူတွေအတွက်ဖျော်ဖြေမှုရနိုင်မယ့် ရုပ်ရှင်တကားပဲဖြစ်ပါတယ်။ အညွှန်း Lwin Htoo Aung File size…2.1GB / 1GB Quality…1080p WEBDL AAC5.1CH / 720p Format…mp4 Duration….2h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Oeliu J

Drama
7.3 2022 170 mins
The Kashmir Files
Revealer
5.4

ဒီကားက ​​​ပြောရရင် ငစားကားဗျ၊ ရိုးရိုးမစားဘဲ ဘာသာ​​ရေးပိုင်းနဲ့ စားတာဆို​တော့ အကျွမ်းတဝင်မရှိတဲ့သူဆို နှစ်ဆတိုးစားသွားမှာ။ ဒီကားထဲမှာ ကိုးကားထားတာက သမ္မာကျမ်းသစ်ထဲက ​နောက်ဆုံး ဖြစ်တဲ့ Revelationအ​ကြောင်းပါ။ ကမ္ဘာရဲ့​နောက်ဆုံး​နေ့ရက်များ အ​ကြောင်း​ပေါ့။ ဇာတ်လမ်းက စားသလို ​သွေးထွက်သံယိုအခန်း နည်းနည်းပါပြီး အ​ပြောအဆိုလည်း နည်းနည်း​လေးကြမ်းပါတယ်။ တစ်ကားလုံးမှာ အဓိကဇာတ်​ဆောင်က ​ကောင်မ​လေး၂​ယောက်ပဲပါတာပါ။ အန်ဂျီက ကလပ်က အ​ဖော်အချွတ်အကမယ်၊ ဆယ်လီဆိုတဲ့ တစ်​​ယောက်ကျ​တော့ ဘာသာ​ရေးအကိုင်းရှိုင်းလွန်း​နေသူ၊အန်ဂျီတို့လို မိန်းက​လေး​တွေ​ကြောင့် ဒီကမ္ဘာကြီးမှာ အပြစ်​တွေနဲ့ညစ်ညမ်းရတယ်ဆိုပြီး အ​ဖော်အချွတ်ကလပ်​တွေကို ဆန္ဒပြ​နေသူတစ်​ယောက်​ပေါ့။ တစ်​ရက်မှာ​တော့ အန်ဂျီကလည်း သူ့ဟာသူက၊ ဆယ်လီကလည်း သူ့ဘာသူပြတုန်း ​​​ကောင်းကင်တစ်ခွင်လုံးက မိုးပြိုမလို နီရဲလာပြီး ထူးဆန်းတဲ့အရာ​တွေ မိုးရွာသလို တရဟောကျလာ​သတဲ့။ ကလပ် အပြင်မှာ ဆန္ဒပြ​နေသူတွေက​တော့ အဲဒါ​တွေအန္တရာယ်​ပေးတာကို ခံလိုက်ရပြီး အချင်းချင်းစိတ်ရိုင်း​ဝင်ပြီး သတ်ကြပါ​လေ​ရော။ ဘာသာ​ရေးကိုင်းရှိူင်းသူ​လေး ဆယ်လီ​က​တော့ အဲဒါ​တွေရန်က​​နေ လွတ်ပြီး အ​ဖော်အချွတ်ကလပ်ထဲ​ ဝင်သွားနိုင်ပြီး အထဲမှာရှိ​နေတဲ့ အန်ဂျီနဲ့ ၂​ယောက်တည်း ၁ကမ္ဘာ ပိတ်မိ​သွားသတဲ့။ ကျမ်းစာ​တွေ ထုံးလို​မွှေ​ရေလို​နှောက် ဖတ်ထားတဲ့ ဆယ်လီက​ ဒီလက္ခကာ​တွေကကမ္ဘာကြီး​မှာ Sinner​တွေများလာလို့ ကပ်​ဆေးတာလို့ အတွင်တွင် ​ပြောသလို အန်ဂျီကလည်း စွာ​တေး ကလပ်မယ်ပီပီ ဘုနဲ့​ဘောက်နဲ့ပြန်​ပြောရင်း ကလပ်ထဲက​နေလွတ်​အောင်၊ မိုး​​ပေါ်က​နေ ကျလာတဲ့ အရာ​တွေ ရန်ကလည်းဝေး​အောင် ၂​ယောက်သားကြိုးစားကြရင်း ​နောက်ထပ်ပြဿနာ​တွေနဲ့ ရင်ဆိုင်ရပါ​တော့တယ်။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူက‌တော့ Jim X ပါ ) File Size__(1.5GB) / (750MB) Quality__1080p, 720p IMDb Rating__5/10 Format__mp4 Duration__01:26:00 Type__Horror Subtitle__Myanmar Subtitle (Hardsub) Translated by Jim X Encoded by Naing Aung Latt

Action • Comedy • Thriller
5.4 2022 86 mins
Revealer
Deadly Flower

တရုတ်နိုင်ငံကို ဂျပန်တွေ အုပ်စိုးစဥ် အချိန်ကာလ ၁၉၃၁ ခုနှစ် ဝန်းကျင်အချိန်မှာ တရုတ်ပြည်သူတွေအားလုံးဟာ ဂျပန်တွေရဲ့ နှိပ်စက်မှုဒဏ်ကို အလူးအလဲ ခံစားခဲ့ကြရပါတယ် ။ ဒီလိုအခြေအနေတွေ အကြပ်ရိုက်နေစဥ်မှာ ကိုယ့်ရဲ့ဂုဏ်သက္ခာကို ရောင်းစားပြီး ဂျပန်လက်အောက်ခစားကြတဲ့ သစ္စာဖောက်တွေကလဲ ပေါ်ပေါက်လို့ လာခဲ့ချေပါတယ် ။ အဲဲဒီအထဲမှာ မြို့တော်ဝန် ကျန်းဝမ်လင် ဆိုသူဟာလဲ အပါအဝင်ပါပဲ ။ မြို့တော်ဝန် ကျန်းဝမ်လင် ရဲ့ ဇနီးဖြစ်သူဟာ ယောကျာ်းဖြစ်သူရဲ့ လုပ်ပုံကိုင်ပုံတွေကို အလိုမကျဖြစ်ကာ လုပ်ကြံတော်လှန်ဖို့အထိ ကြံစည်လာခဲ့ပါတယ် ။ ဒါပေမဲ့ မြို့တော်ဝန်ကျန်းဝမ်လင် နဲ့ သူ့ရဲ့ ဂျပန်အပေါင်းအပါတွေကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ချေပါဘူး ။ အဲတာကြောင့် အမွှာသမီးနှစ်ယောက်ကိုခေါ်ကာ ထွက်ပြေးဖို့ ကြိုးစားရင်း မလွတ်မြောက်နိုင်ပဲ အမွှာသမီး ၂ ယောက်ဟာ တစ်ကွဲစီ ကွဲပြားသွားခဲ့တဲ့အခါမှာတော့ ...? ❏ အကြီးဖြစ်သူ သမီးလေးဟာဆိုရင် ဂျပန်တော်လှန်ရေးအဖွဲ့မှာ ပါဝင်ဦးဆောင်နေပြီး ဖခင်ဖြစ်သူကို လုပ်ကြံဖို့ ကြံစည်နေတဲ့အခါ ? ❏ တစ်ဖက်မှာလဲ အငယ်ဖြစ်သူ သမီးမှာတော့ ဖခင်ရဲ့ ချစ်သမီးလေးအဖြစ်ရှင်သန်နေပြီး ဂျပန်ရဲ့ လက်အောက်မှာ ရှိနေတဲ့အခါ ? မတူညီတဲ့ အမွှာညီမနှစ်ယောက်ရဲ့ ကံကြမ္မာတွေဟာ ဘယ်လိုဆက်ပြီးဖြစ်ကြမှာလဲ ။ မတူညီတဲ့ လမ်းကြောင်းနှစ်ခုပေါ်က အမွှာညီအစ်မတွေ ပြန်လည်ဆုံတွေ့နိုင်ပါ့မလား ။ ရက်စက်လှတဲ့ဂျပန်တပ်တွေနဲ့ ဖခင်ဖြစ်သူကိုရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရန်အတွက် ဒီဇာတ်ကားလေးကို ကြည့်ရှုလိုက်ရအောင်ပါနော် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action , Drama Runtime : 1h 20 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

0 2023 80 mins
Deadly Flower
The Harder They Fall
6.7

ရုပ်ရှင် နာမည်ကတော့ the harder they fall ပါ။ အပြည့်အစုံဆိုရင်တော့ the bigger they are, the harder they fall ပေါ့။ အကောင်ကြီးလေလေ အကျနာလေလေ ဆိုတဲ့အဓိပ္ပါယ်ပါပဲ။ ပိုပိုင်ဆိုင်တဲ့သူတွေက ပိုပြီးဆုံးရှုံးတတ်တယ်လို့လည်း ပြောလို့ရပါတယ်။ ဒီရုပ်ရှင်ကတော့ ကောင်းဘွိုင်ဇာတ်လမ်းပါပဲ။ ဒါကိုမှ လူမည်းတွေအများစုနဲ့ အဓိက ရိုက်ကူးထားပါတယ်။ ဖြစ်ရပ်မှန်မဟုတ်ပေမဲ့ သူတို့တကယ်ရှိခဲ့ကြပါတယ်လို့ ဇာတ်လမ်းအစမှာ စာတန်းထိုးထားခဲ့ပါတယ်။ ကောင်းဘွိုင်ရုပ်ရှင်အများစုဟာ လူဖြူကြီးစိုးတာကြောင့် လူမည်းတွေချည်းပဲ တမင်ရိုက်ကူးခဲ့ပုံပါပဲ။ ဒါပေမဲ့ ရုပ်ရှင်ဟာ ရုပ်ရှင်ပါပဲ။ ဒီရုပ်ရှင်က ဂန္ဓဝင်တော့မဟုတ်ပေမဲ့ ဖျော်ဖြေရေးအနေနဲ့တော့ တာဝန်ကျေပါတယ်။ ပစ်ခတ်ခန်းတွေလှတယ် ကြမ်းတမ်းတယ်။ ဇာတ်လမ်းကတော့ သိပ်မထူးခြားလှပါဘူး။ သရုပ်ဆောင်တွေကတော့ ဆရာကြီးတွေ ခေါ်သုံးထားတာပါ။ Idris Alba, Regina King တို့လို နာမည်ကျော်တွေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ရူးဖက်ဘက် ဆိုတဲ့ နာမည်ကျော်လူဆိုးကြီးသတ်ခဲ့တဲ့ လူတွေထဲက လင်မယားနှစ်ယောက်ရဲ့ သားလေး နသန်နီရယ် လက်ဗ် က သူ့ကိုလက်စားချေဖို့ ကြိုးစားတဲ့ဇာတ်လမ်းပါပဲ။ နသန်နီရယ် မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိပြီး ရူးဖက်စ်မှာလည်း ကိုယ်ပိုင်အဖွဲ့ရှိတယ်။ နှစ်ဖွဲ့လုံးမှာ ဖိုက်တာကြီးတွေပါတယ်။ အားပြိုင်ကြ အပြန်အလှန်သတ်ကြတယ်ပေါ့။ ကောင်းဘွိုင်ကားတွေနဲ့ အက်ရှင်ကားတွေ ကြိုက်သူတွေ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ပဲဖြစ်ပါတယ်။) Quality – 1080p, 720p, 360p WebRip Duration - 2hrs 10min Subtitle – Myanmar Hardsub Format – Mp4 Genre : Drama, Western Source : 1080p.WebRip Translator – Mr.Anderson Encoder – SWM

Crime • Thriller
6.7 2021 139 mins
The Harder They Fall
Ip Man: The Awakening
6.1

“လောကမှာ လူနှစ်မျိုးပဲရှိတယ်။ ဈေးကြီးတဲ့လူနဲ့ ဈေးပေါတဲ့လူ”တဲ့။ ဒါက ရုပ်ရှင်ထဲက လူကုန်ကူးသူပြောတဲ့စကား…… CM ပရိတ်သတ်တို့အတွက် IP Man – The Awakening ဆိုတဲ့ ရုပ်ရှင်လေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဒီကားထဲမှာတော့ IP Man ငယ်ရွယ်စဉ်ဘဝက ဟောင်ကောင်မှာ ပညာသင်နေချိန်ကပေါ့ ဟောင်ကောင်မှာ အင်္ဂလန်ဂိုဏ်းတစ်ခုက အမျိုးသမီးငယ်လေးတွေကိုဖမ်းဆီး နှိပ်စက် ရောင်းစားနေခဲ့တယ်။ တစ်နေ့မှာ IP man ဟာ လူဆိုးဂိုဏ်းတွေ အပိုင်စီးထားတဲ့ ဆိပ်ကမ်းတစ်ခုထဲကို မှားဝင်သွားမိပြီး ထိုဒုစရိုက်မှုကြီးကို မျက်မြင်တွေ့ခဲ့ရပါတယ်…… IP Man ဟာ သူတစ်ယောက်တည်းအားနဲ့ လူကုန်ကူးခံရတဲ့ မိန်းကလေးတွေကို ကယ်တင်နိုင်ပါ့မလား… လူဆိုးဂိုဏ်းကြီးကိုကော IP Man ရဲ့ ကွန်ဖူးပညာနဲ့ ဘယ်လိုချေမှုန်းမလဲဆိုတာကို ရုပ်ရှင်ထဲမှာ ကြည့်ရှုခံစားလိုက်ရအောင်.

Action • Thriller
6.1 2022
Ip Man: The Awakening
Dragon sword: Ancient battlefield
6

ဒီဇာတ်ကားလေးကသုံးကားရှိပါတယ်နော် အတွဲ ၁ ကို ဒီမှာ ကြည့်ပါ အတွဲ ၂ ကို ဒီမှာ ကြည့်ပါ သာမန်လူတစ်ယောက်ဖြစ်တဲ့ ကျင့်စဥ်ကျင့်ကြံနေသူ ဖူယန် ဟာ ရှေးခေတ်စစ်မြေပြင်ဆီကို သွားရောက်ခဲ့ပါတယ် ။ သွားရာလမ်းကြောင်းမှာ အာကာသ အပ်ကွဲကြောင်းကြီးတွေနဲ့ ခဏ ခဏ တွေ့ဆုံပြီး အကြိမ်ကြိမ်လွတ်မြောက်ခဲ့ပါတယ် ။ အဲဒီနောက်မှာတော့ လူတစ်ပိုင်း သားရဲတစ်ပိုင်း နယ်မြေထဲကို မတော်တဆဆိုသလို ကျရောက်သွားခဲ့ပြီး သူတော်စင်အရှင်လင်ထာနဲ့တွေ့ဆုံကာ အဂ္ဂိရတ်ပညာကို အမွေကို ဆက်ခံခဲ့ပါတော့တယ် ။ သူတို့တွေ အတူတူပူးပေါင်းမိပြီး အန္တရာယ် အရမ်းကြီးမားတဲ့ ရှေးခေတ် စစ်မြေပြင်ဆီကို ခရီးဆက် စွန့်စားခဲ့ ဝင်ခဲ့တဲ့ အချိန်မှာတော့ – ❏ လမ်းတစ်လျှောက်မှာ သားရဲ မိစ္ဆာတွေရဲ့ တိုက်ခိုက်ခြင်းကို ခံရတဲ့အခါ သူတို့တွေ ဘယ်လိုရင်ဆိုင်မလဲ ? ❏ ရှားပါးရတနာတွေတွေ့လာတဲ့ အခါမှာရော သူတို့တွေ ဘယ်လို အသုံးချမလဲ ? ❏ နောက်ဆုံးမှာ သူတော်စင်လင်ထာရဲ့ လမ်းညွှန်မှုအောက်မှာ ဘယ်လို ကျင့်စဥ်တွေ ကျင့်ကြံသွားမလဲ ? ဆိုတာ S 3 မှာ အတူတူကြည့်ရှုလိုက်ရအောင်ပါနော် ။

Action • Science Fiction
6 2023
Dragon sword: Ancient battlefield
Annem
5.8

Annem (2019) =========== Genre – Drama IMDB – 5.8/10 ဒရမ်မာကားတွေနဲ့ မျက်ရည်ခြူတဲ့နေရာမှာ တူရကီကားတွေ ပိုင်နိုင်နေကြ သလား။ လူတိုင်းသိကြမယ့်ကားလေးပြောဆို ကိုရီးယားကလေးမလေးနဲ့ တူရကီစစ်သားကြီးတို့ မေတ္တာအကြောင်း ရိုက်ထားတဲ့ Ayla ဆိုတာ ရှိပါ တယ်။ တကယ်ကို ကြည့်မိတဲ့လူတိုင်း မျက်ရည်ဝဲရတဲ့ကားပါ၊ အခုလည်း မျက်ရည်ခြူမယ့်နောက်တစ်ကားဖြစ်ပါတယ်။ ဒီတစ်ခါတော့ မိခင်မေတ္တာ ကို ဖော်ကျုးထားတဲ့ ဒရမ်မာကားလေးပေါ့။ တူရကီက ရွာလေးတစ်ရွာမှာ အသက်ကြီးမှ သမီးလေးမွေးထားတဲ့ လင် မယားရှိကြတယ်၊ ယောက်ျားကတော့ မြင်းလောင်း အရက်သောက်နဲ့ ဆူပူ တကျက်ကျက်ပေါ့လေ။ မအေကြီးခမျာကျ ချစ်ရှာတယ်။ အသက်ကြီးမှ ရတာအပြင် သူ့လို ပညာမတတ်တာမျိုး မဖြစ်စေချင်လို့ ကျောင်းလည်းတက် စေချင်တယ်၊ ယောက်ျားကတော့ တားတာပေါ့လေ၊ အချိန်တန် ယောက်ျား ပေးစားပြီး လယ်လုပ်ရမယ်ပေါ့။ ဒါပေမဲ့ အတိုက်အခံတွေကြားက မအေ အိုကြီးလည်း ရအောင်ထားခဲ့ရှာပါတယ်၊ မရှိလည်း တတ်နိုင်သလောက် ဖြည့်ဆည်းပေးရင်းနဲ့ပေါ့။ ဒီလိုနဲ့ အသက်ကြီးလာခဲ့တော့ အမေအိုကြီးက ချစ်ပြီး သည်းသည်းလှုပ် နေသလောက် ဆယ်ကျော်သက်ဖြစ်လာတဲ့ကောင်မလေးက ရွာသူအဖွား ကြီး သူ့ကို အရှက်ကွဲရစေတယ်ပေါ့လေ။ ဒီရွာကြီးမှာလည်း မနေချင်တော့ ဘူး မြို့သွားပြီး ကောလိပ်တက်ချင်လာတယ်။ အိမ်မှာလည်း မိဘတွေနဲ့ တကျက်ကျက်ဆိုတော့ စိတ်ညစ်လာတယ်ပေါ့။ ဒီလိုနဲ့ တစ်ရက်ကျ ကော လိပ်ဝင်ခွင့်အောင်လို့ အတောင်စုံတဲ့ငှက်မလေး ပျံသန်းဖို့ အချိန်ကျလာခဲ့ တဲ့အခါမှာတော့……..။ တကယ်ကိုမျက်ရည်ဝဲရမယ့် အမေနဲ့သမီး ဒရမ်မာကားလေးပါ မိခင်လုပ်တဲ့ မင်းသမီးကြီးဆို တော်တော်သရုပ်ဆောင်ကောင်းပြီး ကျွန်တော်တို့ ဟိုးအရင် ချိုပြုံးတို့အမေလုပ်တုန်းက ခေတ်ကိုတောင် သတိရစေပါတယ်၊ နောက်ပြီး နောက်ကွယ်ကနေ ကောင်းကောင်းပံ့ပိုးနေတာကတော့ နောက်ခံတေးဂီတ ပါပဲ တကယ်ကို ဆွေးမြေ့ဖွယ်လေးတွေနဲ့ ပုံဖော်ထားတာပါ။ သမီးဖြစ်သူနေ ရာက မင်းသမီးကလည်း အတော်ခပ်ချောချောပါပဲ။ စိတ်ခိုင်တဲ့အချိန်ဆိုရင် တော့ အတူတူကြည့်ပြီး မိခင်ကျေးဇူး အောက်မေ့လိုက်ကြရအောင်လားဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.56 GB) / (632 MB) / (364 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 50Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Thura Aung Encoder……….SWM

5.8 2019
Annem
Owning Mahowny

Owning Mahowny (2003) ================== ဆုသုံးဆုရဖူးထားပြီး ငါးကြိမ် nomination ဝင်ထားတဲ့ ဖြစ်ရပ်မှန်အခြေခံ ကားဟောင်းလေးပါ။ ဘဝမှာ ကိုယ့်ကိုအရမ်းချစ်တဲ့ ချစ်သူရှိမယ်။ အလုပ်မှာ လည်း ငယ်ငယ်ရွယ်ရွယ်နဲ့ ထူးချွန်လို့ အားကိုးခံရတဲ့သူဖြစ်မယ်ဆိုရင် ဒီဘဝ က သူများတွေ အားကျချင်စရာဘဝမျိုး ဖြစ်မှာပါ။ ဒါပေမဲ့ မက်ဟော်နီဆိုတဲ့ ဘဏ်လက်ထောက်မန်နေဂျာလေးကတော့ လောင်းကစားကိုပဲ အစွဲကြီးစွဲ နေပါတယ်။ ရတဲ့လစာကနေ အကြွေးတင်အောင်လောင်းမိတော့ အကြွေးဆပ်ဖို့အတွက် ဘဏ်ကနေ ငွေလိမ်ပါတော့တယ်။ လူရိုးလူအေး အလုပ်သရဲလေးလို့ သတ် မှတ်ခံရတဲ့မက်ဟော်နီအတွက် ငွေလိမ်ရတာက အသက်ရှူရသလိုပါပဲ။ ဒီလိုနဲ့ မက်ဟော်နီတစ်ယောက် ကာစီနိုရုံကြီးတွေထိပါသွားပြီး မအိပ်မနေ မစားမ သောက် လောင်းကစားလုပ်ပါတော့တယ်။ မက်ဟော်နီကို “လောင်းကစားကနေ ရတဲ့ စိတ်လှုပ်ရှားမှုကို တစ်ကနေ တစ်ရာ ထိသတ်မှတ်ရင် ဘယ်လောက်သတ်မှတ်ချင်လဲ” ဆိုတော့ “တစ်ရာ” ပါတဲ့။ “လောင်းကစားမလုပ်ဘဲ ဘဝမှာ ဘယ်လောက်ထိ စိတ်လှုပ်ရှားခဲ့ရဖူးလဲ” လို့ မေးတဲ့အခါမှာတော့ “နှစ်ဆယ်” လို့ဖြေပါတယ်။ မက်ဟော်နီက သူ့ကျန်တဲ့ တစ်ဘဝလုံးကို “နှစ်ဆယ်” နဲ့နေသွားရလည်း အဆင်ပြေပါတယ်တဲ့။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်) File Size……….(1.17 GB) / (420 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 22Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator……EL Encoder……….SWM

0 2003 104 mins
Owning Mahowny
The Settlers
7

The Settlers (2023) Western, Crime အမျိုးစားရုပ်ရှင်တွေကို ကြိုက်နှစ်သက်သူတွေအတွက် IMDb rating – 7.1, Rotten Tomatoes – 93% ရရှိထားတဲ့ ရုပ်ရှင်ကောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ ရုပ်ရှင်ပြပွဲတွေမှာလည်း ဆုတွေရခဲ့တဲ့အပြင်၊ ၉၆ ကြိမ်မြောက် Academy Awards ပွဲမှာလည်း ချီလီနိုင်ငံကတင်သွင်းတဲ့ အကောင်းဆုံး နိုင်ငံတကာရုပ်ရှင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ၁၈၉၃ ခုနှစ်၊ ချီလီနိုင်ငံနဲ့ အာဂျင်တီးနား ၂ နိုင်ငံကြား နယ်နိမိတ်ကို ပိုင်းခြားသတ်မှတ်ချိန်မှာ စပိန်သူဌေးတစ်ယောက်ဖြစ်တဲ့ ဟိုဆေးမန်နမ်ဒက်ဟာ နိုင်ငံတော်ကနေ သူ့ကို အုပ်ချုပ်ခိုင်းထားတဲ့ နယ်နိမိတ် အကျယ်အဝန်းကို သိဖို့နဲ့ ပြန်တောင်းဖို့အတွက် ဗြိတိသျှစစ်သားဟောင်း မက်ကလန်နမ်၊ ချီလီနိုင်ငံသား ဆယ်ဂွန်ဒို၊ အမေရိကန်လူမျိုး ဘေလ်တို့ကို လွှတ်လိုက်ပါတယ်။ ထိုခေတ်က အသစ်အခြေချ နေထိုင်သူတွေနဲ့ ဒေသခံ အင်ဒီးယန်းလူမျိုးတွေကြားမှာ မကျေနပ်မှုတွေ၊ ခွဲခြားခံရမှုတွေ၊ ပြဿနာတွေ အလွန်ကိုများပြားနေတဲ့အချိန်ပါ။ ဒီလိုနဲ့ မြင်းကိုယ်စီနဲ့ထွက်လာကြတဲ့ သူတို့သုံးယောက်နဲ့ ဒေသခံ အိုနာ လူမျိုးကြား ပြဿနာတွေတက်ပြီးတော့ သွေးစွန်းတဲ့ကိစ္စတွေ ဖြစ်လာခဲ့ချိန်မှာတော့…..။ အများကြီးမညွှန်းတော့ဘဲ ကျန်တာကို ဇာတ်လမ်းမှာ ဆက်ပြီး ကြည့်ရှုကြပါတော့။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Leonard Lin ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama, History Quality…. 1080p | 720p File size… 1.6GB | 927MB Format… mp4 Duration…. 1h 41min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Leonard Lin Encoder ….. Aaron

Western • Thriller • Action
7 2023
The Settlers
Our Beautiful Summer Part1
9

Our Beautiful Summer Part1 (2024) *********************************** CM ပရိသတ်ကြီးတို့အတွက် The Player 2 ထဲမှ Jang Gyu Ri နဲ့အတူ Yoo Young Jae၊ Son Sang Yeon၊ Kim Min Ki နဲ့ Kim So Hye တို့ အဓိကပါဝင်ထားတဲ့ ကျောင်းသားကားလေးမလို့ ချိုချိုမြိန်မြိန် ကျောင်းသားကားလေးတွေကို မျှော်နေတဲ့သူတွေအတွက် အကြိုက်ဖြစ်စေမှာ အသေအချာပါပဲ။ Part 1, Part 2 ဆိုပြီး ၂ပိုင်းထွက်ရှိထားပြီး Part 1 လေး အရင်တင်ပေးလိုက်ပါတယ်နော်။ ဇာတ်လမ်းအညွှန်း- လေးမြွှာပူးဖြစ်ကြတဲ့ အာရွန်း၊ ဒါအွန်း၊ အူရီတို့က အငယ်ဆုံးညီမလေး နာရာကို ဆုံးရှုံးလိုက်ရပြီးနောက် ညီအစ်ကို သုံးယောက်တည်း အထီးကျန်နွေရက်တွေကို ဖြတ်သန်းနေကြရပါတယ်။ သိပ်မကြာခင်မှာပဲ သူတို့ရဲ့ ပတ်ဝန်းကျင်ကို ယောရွန်းဆိုတဲ့ ထူးဆန်းတဲ့ကောင်မလေးတစ်ယောက် ပြောင်းရွေ့လာခဲ့ပြီး အဲဒီနောက်မှာတော့ အေးစက်နေတဲ့ သူတို့ရဲ့ဘဝတွေက ပြန်လည်လှုပ်ရှားလာပါတော့တယ်။ ယောရွန်းဟာလည်း သူမရဲ့ ဘဝအချိုးအကွေ့တစ်ခုမှာ ဖြစ်ရပ်ဆိုးကြီး ကြုံတွေ့ခဲ့ရပြီး စိတ်ဒဏ်ရာရနေသူတစ်ဦးပါ။ သူတို့လေးယောက် ဆုံတွေ့ပြီး ဘယ်လိုတွေပြောင်းလဲလာကြမလဲ..။ ပူပူလောင်လောင် နွေရက်တွေမှာ အေးစက်နေကြတဲ့ သူတို့ရဲ့ နှလုံးသားတွေကို တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုမျိုး အနွေးဓါတ်ဖြစ်ပေးရင်း ပျောက်ဆုံးနေတဲ့နွေရာသီကို ဘယ်လိုပြန်လည်ရှာဖွေကြမလဲဆိုတာ ကြည်နူးခံစားရင်း ကြည့်ရူရမဲ့ဇာတ်ကားလေးဖြစ်ပါတယ်။ (ဇာတ်လမ်းအကျဉ်းကို KhinNi မှ ရေးသားပေးထားပါတယ်။) File size…990MB / 480MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 25m Genre ….. Romance, Youth Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Stary, Treasure Htet, KhinNi & Theint

9 2024
Our Beautiful Summer Part1
In Her Place

In Her Place (2014) ******************* ဒီတစ်ခါမှာတော့ ဒရမ်မာတစ်လိုင်းဇာတ်အေးဇာတ်ငြိမ်လေးကြိုက်တဲ့ပရိသတ်တို့အတွက်… Drama, Adoption အမျိုးအစားလေးတစ်ကားကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားလေးထဲမှာတော့..Pyramid Game(2024)က အလုပ်ထွက်သွားတဲ့ဆရာမလေးနဲ့.. ဘဲ့ဟာရင်းရဲ့အဖွားအဖြစ်သရုပ်ဆောင်ခဲ့ကြတဲ့ Ahn Ji Hye၊ မင်းသမီးကြီး Yoon Da Kyung တို့အပြင်.. အခြားသောအနုပညာရှင်များဖြစ်ကြတဲ့ Gil Hae-Yeon, Chang Hwan Kim, Kim Gyeong-ikတို့… အဓိကပါဝင်ပြီး သရုပ်ဆောင်ထားကြပါတယ်။ Canadian Screen Awards မှာ nomination ဝင်ခဲ့ဖူးတဲ့ရုပ်ရှင်ဖြစ်ပြီး… ကနေဒါရုပ်ရှင်ဒါရိုက်တာ Albert Shin ရဲ့လက်ရာကောင်းတစ်ခုပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်း ————– ဆိုးလ်မြို့ပေါ်ကချမ်းသာတဲ့လင်မယားဟာ ကျေးလက်ဒေသလေးတစ်ခုမှာနေတဲ့… သားအမိဆီကိုလျှို့ဝှက်စွာရောက်ရှိလာကြပါတယ်။ အကြောင်းကတော့ ဆက်ကျော်သက်ကောင်မလေးရဲ့ကိုယ်ဝန်ကိုစောင့်ယူပြီး… ကလေးကိုမွေးစားကြဖို့အတွက်ပါ။ ကိုယ်ဝန်လွယ်ထားစဥ်တစ်လျှောက်လုံး.. အတူနေပြီးစောင့်ကြည့်လိုက်တဲ့အခါမှာတော့… သူတို့သဘောတူညီချက်တွေနဲ့ ကွဲလွဲနေတဲ့အပြင် ကောင်မလေးကလည်း တစ်ခုခုမှားယွင်းနေတာကိုသိလာတော့တယ်။ စီစဥ်ထားကြတဲ့အတိုင်းကလေးမွေးလာပြီး..ကိစ္စတွေအဆင်ချောစွာနဲ့ပြီးဆုံးသွားပါ့မလား။ ဘယ်လိုအလှည့်အပြောင်းဖြစ်လာဦးမလဲဆိုတာ…ကြည့်ရှုလိုက်ကြရအောင်နော်။ ဇာတ်လမ်းအညွှန်းကို HAN မှ ရေးသားပေးထားပါတယ် File size… 1.3 GB / 500 MB Quality…WEB-DL 1080p 720p Genres: Life, Drama, Family, Mature Duration: 1 hr 55 mins Subtitle….Myanmar Subtitle (Hard Sub) Translated By HAN Encoded By Heather Oo

0 2014 115 mins
In Her Place
Death Wish
6.9

ဒီဇာတ်ကားဟာ Brian Garfield ရဲ့ Death Wish ဆိုတဲ့ ဝတ္ထုကို အခြေခံထားတာဖြစ်ပြီးတော့ မင်းသားကြီး Charles Bronson ဦးဆောင်ထားတဲ့ Death Wish Franchise ရဲ့ ပထမဆုံး ဇာတ်ကားလည်းဖြစ်ပါတယ်။ 1970 ခုနှစ်ကာလ မှုခင်းဖြစ်ပွားနှုန်းတွေ မြင့်တက်နေတဲ့ နယူးယောက်မြို့ကြီးကို ကျောရိုးယူပြီး ရိုက်ကူးထားတာဖြစ်လို့ ထိုခေတ်အခါက ပရိသတ်စိတ်ဝင်စားခဲ့သလို ဝေဖန်မှုတွေ များခဲ့တဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းအနေနဲ့. ပေါလ်ကာဆီဆိုတဲ့ စစ်ပြန်ဗိသုကာပညာရှင်တစ်ယောက်ရဲ့ ဘဝမှာ ချစ်ရတဲ့ဇနီး သမီးဖြစ်သူတို့နဲ့ ပြည့်စုံကြွယ်ဝနေခဲ့ပါတယ်။ တစ်ရက်မှာတော့ ဇနီးဖြစ်သူနဲ့ သမီးတို့ စူပါမားကတ်က အပြန်မှာ လမ်းသရဲတစ်သိုက်ရဲ့ ပစ္စည်းပို့သူဟန်ဆောင်ပြီး အကြမ်းဖက်စော်ကားခြင်းကို ခံခဲ့ရပါတယ်.။ ဇနီးဖြစ်သူက ဆေးရုံမှာတင် သေဆုံးခဲ့ပြီး သမီးဖြစ်သူ ကယ်ရိုးကတော့ စော်ကားခံရတဲ့စိတ်ဒဏ်ရာတွေကြောင့် ရှင်လျက်သေနေတဲ့ဘဝကို ရုတ်ချည်းရောက်ရှိသွားရပါတော့တယ်။ နယူးယောက်မြို့ရဲ့ များပြားလှတဲ့မှုခင်းဖြစ်ရပ်တွေကြောင့် ဇနီးဖြစ်သူနဲ့သမီးအတွက် တရားမျှတမှုကို ရဲတပ်ဖွဲ့က ယူဆောင်ပေးလာနိုင်ခဲ့ခြင်း မရှိပါဘူး။ ဇနီးဖြစ်သူကိုလည်း ဆုံးရှုံး. သမီးရဲ့အဖြစ်ကိုလည်း မရှုရက်နိုင်ဖြစ်နေတဲ့ ပေါလ်ကာဆီအတွက် တူဆန် ဆိုတဲ့ အနောက်ပိုင်းဒေသကို ဗိသုကာပရောဂျက်တစ်ခုအတွက် ခရီးဆက်နိုင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ သေနတ်ကိုင်ဆောင်မှုယဉ်ကျေးမှု မတိမ်ကောသေးတဲ့ အရပ်ဒေသဖြစ်တဲ့တူဆန်မှာ သေနတ်ပစ်ကလပ်တစ်ခုကို ဝင်ရင်းနဲ့ ပေါလ်ကာဆီရဲ့ တိမ်မြှုပ်နေတဲ့အရည်အချင်းတစ်ခုကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လက်နက်ကိုင်ဆောင်ဖို့ ငြင်းဆန်ထားတဲ့ ဆေးတပ်သားဟောင်း ပေါလ်ကာဆီဟာ သေနတ်ပစ်ရာမှာ မထင်မှတ်ထားဘဲ ကျွမ်းကျင်နေတာကို သူကိုယ်တိုင် သိရှိသွားခဲ့ပါတယ်.။ ပရောဂျက်အတွက် မြေနေရာကြည့်ရှုအပြီး အပြန်မှာတော့ မြေပိုင်ရှင် အိမ်းစ်ဂျိန်းချေးလ်ရဲ့ လက်ဆောင်တစ်ခုကို ရရှိခဲ့ပါတယ်။ အိမ်အရောက်မှာတော့ ထိုလက်ဆောင်ဟာ ကို့တ် ပွိုင့် ၃၂ ပစ္စတိုတစ်လက် ဖြစ်နေတာကို တွေ့လိုက်ရပါတယ်။ အဲဒီညမှာပဲ သေနတ်ကို ကျည်ဖြည့်ပြီး ပေါလ်တစ်ယောက် မှုခင်းထူပြောလှတဲ့ နယူးယောက်ညခင်းကို မကြောက်မရွံ လမ်းလျှောက်ထွက်လာခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ လုယက်သူတစ်ယောက်က ပေါလ်ကို သေနတ်နဲ့ ချိန်းခြောက်ပြီး ငွေတောင်းခဲ့ပါတယ်။ ပေါလ်က လက်ဦးမှုရယူပြီးတော့ သေကွင်းသေကွက်ကို အရပစ်နိုင်ခဲ့ပါတယ်။ သေနတ်ပစ်ကျွမ်းကျင်မှုကို လက်တွေ့အသုံးချအပြီးမှာတော့ ပေါလ်ရဲ့စိတ်ထဲမှာ ဇနီးနဲ့သမီးဖြစ်သူရဲ့ အဖြစ်ဆိုးကို လက်တုံ့ပြန်နိုင်ဖို့ နယူးယောက်မြို့ရဲ့မှုခင်းတွေကို တစ်ကိုယ်တော်ဖြေရှင်းဖို့ အကြံပေါ်လာခဲ့ပါတယ်.။ ထိုအကြံဉာဏ်ကြောင့်ပဲ ရာဇဝတ်သားတွေရဲ့ အိပ်မက်ဆိုး. နယူးယောက်မြို့သူမြို့သားတွေအတွက် တရားမျှတမှုကို ယူဆောင်လာပေးမယ့် ပြည်သူ့ဘက်တော်သား “The Vigilante” တစ်ဦး ပေါ်ပေါက်လာခဲ့ပါတော့တယ်။ File Size : 1.8 GB, 916 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 33min Format : Mp4 Genre : Action, Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by : Sai Sumali Encode by : Thit San Khant

Fantasy • Romance • Comedy • Drama
6.9 1974 93 mins
Death Wish
Manada Kadalu
7.3

Manada Kadalu (2025) “အချစ်မီးလျှံလေးများ” ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းမျိုးမှ ကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် လူငယ်အချစ်-ဒရာမာ ဇာတ်လမ်းတစ်ပုဒ် လာပါပြီ။ အချစ်နဲ့ဒရာမာမှာ ဟာသလေးတွေနှောထားတာမို့ အချစ်နဲ့ အလွမ်း၊ ပျော်စရာနဲ့ငိုစရာ ရသစုံခံစားကြရမှာပါ။ ဆူမူခါဟာ ဆေးကျောင်းနောက်ဆုံးနှစ်တက်နေတဲ့ လူငယ်တစ်ယောက်ပါ။ ဖခင်ကဆရာ၀န်မို့ သူလည်း ဆေးကျောင်းရောက်လာခဲ့တဲ့ ဆူမူခါတစ်ယောက် ကောလိပ်နောက်ဆုံးနှစ်မှာ ကြုံရတဲ့ဖြစ်ရပ်တစ်ခုကြောင့် ကျောင်းထွက်ပြီး လေလွင့်နေပါတော့တယ်။ အဲဒီအချိန်မှာပဲ ရာရှီကာဆိုတဲ့ အားကစားမယ်လေးနဲ့ ဆုံမိပြီး ဆူမူခါတစ်ယောက် အရူးအမူးစွဲလမ်းသွားပါတယ်။ ရာရှီကာ သူ့ခရစ်ကတ်ပြိုင်ပွဲအတွက် အချိန်ပေးဖို့ တောင်းဆိုပြီး ၆ လကြာမှတွေ့ဖို့ ချိန်းဆိုလိုက်ပါတယ်။ ဒါပေမဲ့ ချိန်းဆိုထားတဲ့အတိုင်း ၆ လပြည့်တဲ့နေ့မှာ ရာရှီကာကိုမတွေ့ခဲ့ရပါဘူး။ အဲဒါကြောင့် ဆူမူခါဟာ ပျောက်ဆုံးနေတဲ့ရာရှီကာကို လိုက်လံရှာဖွေရင်း ကျွန်းတစ်ကျွန်းကို ရောက်ရှိသွားပါတယ်။ အဲဒီကျွန်းပေါ်မှာ ဆူမူခါတစ်ယောက် ရာရှီကာအပြင် သူ့ရဲ့သူငယ်ချင်းမချောချောလေး အန်ဂျလီနဲ့ပါ ရင်းနှီးခင်မင်သွားတဲ့အခါ…။ ဆူမူခါ၊ ရာရှီကာနဲ့ အန်ဂျလီတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းက ဘာဆက်ဖြစ်မလဲ… ရာရှီကာက ဘာလို့ဇာတ်မြှုပ်ပြီး ကျွန်းပေါ်ရောက်နေတာလဲ၊ ကျွန်းပေါ်မှာ သုံးယောက်သား ဘာတွေရင်ဆိုင်ကြုံတွေ့ရမလဲ ဆိုတာ… ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ Cym~Alex~KKKZ~ZweYan~Star တို့ ဖြစ်ပါတယ်။)

Drama
7.3 2025 154 mins
Manada Kadalu