YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S04E09.1080p.(CM).mp4

344.49 MB 1080p video/mp4 723 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
60 Days of Summer
8

လီဂျယ်ဟွန်းဆိုတဲ့ ကောင်လေးက ၁၈ နှစ်ပြည့်ပေမဲ့ အနိုင်ကျင့်ခံရလို့ဆိုပြီး ကျောင်းထွက်ထားတဲ့လူငယ်တစ်ယောက်ပါ။ စားလိုက်၊ အိပ်လိုက်၊ သူငယ်ချင်းတွေနဲ့ ဂိမ်းကစားလိုက်၊ အိမ်ကိုနောက်ကျမှပြန်လာလိုက်နဲ့ အကျင့်ဆိုးတွေနဲ့ကောင်လေးပေါ့။ တစ်နေ့မှာ သူ့အဖေက နောက်မိန်းမယူဖို့ဆိုပြီး လင်းယုန်တိုင်းပြည်ကို နှစ်လလောက်ထွက်သွားမယ်လုပ်ပါလေရော။ အဖေ နှစ်လလောက်ထွက်သွားတာ ဂျယ်ဟွန်းအတွက်မထူးဆန်းပေမဲ့ သူ့အဖေနဲ့ရော သူနဲ့ပါမတည့်တဲ့ လူ့ဂွစာအဘိုးဖြစ်သူဆီမှာ ရက်ပေါင်း ၆၀ နေရဖို့ဖြစ်လာလေတော့... ဂျယ်ဟွန်းတစ်ယောက် အဘိုးဖြစ်သူကြည်ဖြူအောင် ဘယ်လိုနေထိုင်မလဲ... တစ်ဖက်မှာလည်း သက်ကြီးရွယ်အိုတွေကို ပစ်မှတ်ထား လုယက်တဲ့ကိစ္စတွေ မကြာခဏကြုံလာရတဲ့အခါ မြေးအဘိုးနှစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ... ရက်ပေါင်း ၆၀ အတွင်း မတည့်အတူနေ မြေးအဘိုးနှစ်ယောက်ရဲ့ နှောင်ကြိုးလေးခိုင်မြဲလာမလား ပြတ်တောက်သွားမလား ဆိုတာကို ပေါ့ပေါ့ပါးပါး ဟာသလေးနှောပြီးကြည့်ရှုရမယ့် IMDb 6.4/10 ရထားတဲ့ မိသားစုဒရာမာရုပ်ရှင်လေးပါ။ Generation မတူတဲ့ လီမျိုးရိုး မြေးအဘိုးကြားက ကတောက်ကဆလေးတွေကိုကြည့်ပြီး ရင်ထဲမှာ ကြည်နူးမှုတစ်စုံတစ်ရာခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Xing Egg ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality…. 1080p | 720p | 480p File size… 922MB | 463MB | 232MB Format… mp4 Duration…. 1h 34min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Xing Egg Encoder ..... Aaron

Drama • Romance
8 2018 94 mins
60 Days of Summer
Weed People
4.5

ကိုရီးယားမှာ မူးယစ်ဆေးဝါးကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားတဲ့အပြင် ဆေးခြောက်သုံးတာကိုလည်း အပြင်းအထန်တားမြစ်ထားပါတယ် ဒီဇာတ်လမ်းကတော့ ထူးထူးခြားခြား ဆေးခြောက်သုံးတဲ့လူတွေရဲ့ အကြောင်းကို ရိုက်ပြထားပါတယ် ဆေးခြောက်ကိုနှစ်ပင်လောက်စိုက်ပြီး ကိုယ်သုံးဖို့အတွက်လုပ်ထားပေမဲ့ အခိုးခံရတဲ့ဇာတ်လမ်းကနေစတာပါပဲ.. အဲဒီခိုးသွားတဲ့လူက ထပ်မရောင့်ရဲနိုင်ဘဲ လိုချင်လို့သွားတောင်းရာကနေ လုပ်ငန်းကြီးလုပ်ဖို့ တွေးမိကြပါတော့တယ် ဒါပေမဲ့ ငွေနောက်လိုက်ရာကနေ တကယ်တမ်းကျ ထင်သလိုဖြစ်မလာတဲ့အခါမှာ... ဘယ်လိုဖြစ်သွားလဲဆိုတာ အတူကြည့်လိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size… 854MB | 400MB | 205MB Format… mp4 Duration…. 1h 36min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder ..... Aaron

Drama
4.5 2023 96 mins
Weed People
Dr. Wai in the Scripture with No Words
5.6

Dr. Wai in the Scripture with No Words ( 1996 ) ဂျက်လီရဲ့ အင်ဒီယာနာဂျုန်းလိုလိုကားပါ။ မှတ်မိချင်မှ မှတ်မိမှာပေမဲ့ စက်ရုပ်နွားကြီးနောက် ဂျက်လီပြေးလိုက်ချတဲ့ အခန်းကိုတော့ ငယ်ငယ်က ဖြစ်ဖြစ် ကြည့်ဖူးလောက်ကြမှာပါ။ အဲဒီကားပါပဲ။ ဂျက်လီအပြင် ဟောင်ကောင်ရဲ့ အလှတရားတွေထဲ အပါအဝင်ဖြစ်တဲ့ ဂျက်လီနဲ့တွဲအရိုက်များတဲ့ Rosamund Kwan နဲ့ ashes of time , Fallen angels နဲ့ New Police Storyထဲက မင်းသမီး charlie yeung လည်းပါပါတယ်။ နောက်ဆုံးနဲ့ ဒီကားကို ကျွန်တော်ကြည့်ဖြစ်သွားတဲ့အကြောင်းရင်းဖြစ်တဲ့သူကတော့ ဟောင်ကောင်မှာပဲ ကားအလန်းစားတွေ ဆက်တိုက်အရိုက်များခဲ့တဲ့ ဂျပန်ထိုင်ဝမ်သွေးနှော Takeshi Kaneshiroပါပဲ။ cast တွေနဲ့တင် ဒီကားက တော်တော်တန်နေပါပြီ။ ဇာတ်လမ်းကတော့ အင်ဒီယာနာဂျုန်းဆန်ဆန်ဘဲက အင်ဒီယာနာဂျုန်းထဲကလို ကျိန်စာတွေနဲ့ သေတ္တာကြီးကို ရှာတဲ့အကြောင်း ဖွင့်မိပြီးကျိန်စာသင့်သွားတဲ့ လူဆိုးကို ရင်ဆိုင်ရတဲ့အကြောင်းတွေပါ။ ဟာတွေလည်း နှောထားလို့ ရယ်လည်းရယ်ရသလို ဂျက်လီရဲ့အက်ရှင်ခန်းအလန်းတွေကိုလည်း မြင်ရမှာပါ။ ငယ်ဘဝကို ပြန်လွမ်းလို့ကောင်းမယ့် ရုပ်ရှင်အဟောင်းလေးပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ W ပါ ) File Size__(1.5GB) / (500MB) Quality__BluRay_1080p, 360p IMDb Rating__5.7/10 Format__mp4 Duration__01:37:00 Type__Action, Adventure, Comedy Subtitle__Myanmar Subtitle (Hardsub) Translated by W Encoded by Naing Aung Latt

Comedy • Drama
5.6 1996 90 mins
Dr. Wai in the Scripture with No Words

ဒီတစ်ခါတော့ ဇာတ်ကားတွေထဲမှာ မြင်ရခဲဖြစ်တဲ့ အီဂျစ်မိသားစု ဟာသဇာတ်မြူးလေးကိုတင်ဆက်ပေးလိုက်ပါတယ် မိသားစုတစ်စုမှာ အိမ်ရဲ့ဆည်းလည်းလေးတွေဖြစ်တဲ့ ကလေးလေးတွေက အရေးပါလှပါတယ် ကာမယ် မိသားစုရဲ့ အိမ်ဆည်းလည်းလေးတွေဖြစ်တဲ့ သားနှစ်ယောက်ဟာအရွယ်ရောက်လာပြီး ပင်ကိုယ်စရိုက်တစ်မျိုးစီနဲ့ အိမ်ထောင်ပြုဖို့ကို စိတ်မဝင်စားကြပါဘူး မိဘတွေက သူတို့ရဲ့သားနှစ်ယောက်ကို အိမ်ထောင်ပြုပြီး တည်ငြိမ်တဲ့ဘဝလေးတွေကိုတည်ဆောက်ဖို့အတွက် အလိုရှိနေကြတာဖြစ်ပါတယ် သားနှစ်ယောက်ဟာ အိမ်ထောင်မကျတဲ့အဆုံးမှာ အဖေဖြစ်သူအစွမ်းပြလိုက်တဲ့အတွက် အမေဖြစ်သူဟာ အသက်ကြီးမှ ကိုယ်ဝန်ရသွားပါတယ် အမျိုးသားကျန်းမာရေး ဆရာဝန်ဖြစ်တဲ့ သားကြီး အာဆင်နဲ့ သားဆက်ခြားကမ့်ပိန်းကိုတာဝန်ယူဆောင်ရွက်နေတဲ့ သားငယ် ဘေဆင်တို့ဟာ သူတို့အမေရဲ့ကိုယ်ဝန်ကြောင့် အရမ်းကို အကြပ်ရိုက်သွားကြပါတော့တယ် အရွယ်လွန်မှရတဲ့ ကိုယ်ဝန်နဲ့ အမျိုးသားကျန်းမာရေးဆရာဝန်သားကြီး သားဆက်ခြားကမ့်ပိန်းကို ဆောင်ရွက်နေတဲ့ သားငယ်တို့ရဲ့ အလွဲတွေနဲ့ ကြည့်ရသူတိုင်း ပြုံးရွှင်စေမယ့် ဇာတ်လမ်းလေးပဲဖြစ်ပါတယ် နောက်ဆုံးမှာ သူတို့ရဲ့အမေဟာ ဘာလေးမွေးမလဲဆိုတာကိုတော့ အားလုံးပဲ လိုက်ပါစီးမြောခံစားကြည့်လိုက်ပါဦး File size…1.8GB / 950MB Quality…1080p WEB DL / 720p Format…mp4 Duration….1h 42m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by ThuRa & BpL

Action • Horror
null 2021
Mom Is Pregnant
O Saathiya

O Saathiya (2023) IMDb 7.1/10 ကိုယ့်ဘက်က မေတ္တာအစစ်ပေးတိုင်း မေတ္တာအစစ်ပြန်ရမယ်လို့ထင်နေရင်တော့ လူကြီးမင်းတို့ ဒီကားကြည့်သင့်ပါတယ် စလာလာချင်းမှာကို ကိုယ့်ရဲ့အချစ်ဆုံးလေးက မင်္ဂလာဆောင်ဖိတ်စာမှာ ကိုယ်မဟုတ်တဲ့တခြားယောကျာ်းတစ်ယောက်နာမည်နဲ့ လာဖိတ်ပြီး သူများနဲ့ညားတဲ့ငါ့ရည်းစားဇာတ်ကို အခင်းခံလိုက်ရတဲ့ အာဂျွန်... ဘဝမှာတစ်ချို့အမှားတွေက ပြန်ပြင်လို့မရသလို ရှေ့ဆက်တိုးဖို့လေးလံလာတဲ့အခါ လူတွေကြုံတွေ့ရမဲ့ ခံစားချက် ဆုံးဖြတ်ချက်တွေ နာကြည်းမှု နားလည်မှုတွေကို.. ဒီကားကြည့်ရင်း အ‌တွေးတစ်ခုခုကျန်ခဲ့နိုင်တဲ့အထိ ဆွဲခေါ်သွားနိုင်ပါကြောင်း.. အာဂျွန်- ငါ နင့်ကိုစတွေ့ခဲ့တာ ကျောင်းအုပ်ကြီးရုံးခန်းမှာ ငါတို့အတန်းသားအချင်းချင်း စကားများကြလို့ ခေါ်ငေါက်နေတဲ့အချိန်လေ။ မြင်မြင်ချင်းအချစ်ရဲ့နောက်မှာ သံယောဇဉ်တွေ တစ်ရစ်ချင်း တိုးလို့ချည်နှောင်ရင်း နင့်ကိုချစ်ရေးဆိုဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ ကံတရားရဲ့ မျက်နှာသာမပေးမှုတွေနဲ့ ငါအကြိမ်ကြိမ်ရှုံးနိမ့်ခဲ့ရတယ်.. ဒါပေမဲ့ ငါလက်မလျော့ဘဲ မင်းဆီကအချစ်ကပြန်ရဖို့ ကြိုးစားနေတုန်းမှာ ငါမဟုတ်တဲ့ သတို့သားနာမည်နဲ့ နင့်ရဲ့မင်္ဂလာဆောင်ဖိတ်စာကို မြင်လိုက်ရတဲ့အခိုက်မှာ ငါ့ကမ္ဘာတစ်ခုလုံးပြိုလဲခဲ့ပါတယ် ချစ်ရသူရယ်.. နင်က ငါ့ရဲ့ပထမဆုံးနဲ့ ထာ၀ရတည်ရှိနေမဲ့ တစ်ဦးတည်းသောချစ်သူလေးပါပဲ။ သိပ်ချစ်ကြတဲ့ သူတို့တွေ ဘယ်ဘူတာမှာလွဲခဲ့တာလဲ ပြန်လည်ဆုံစည်းနိုင်ကြမလားဆိုတာကတော့.. ရုပ်ရှင်အစမှာတင် ဆွေးရတာကို ပြထားပေမဲ့ ကြည်နူးရတဲ့အချိန်မှာ ဆွေးရမှာကိုပါ မေ့သွားစေမယ့် တေလေဂူး အချစ်အလွမ်းရုပ်ရှင်လေးကို ချန်နယ်မြန်မာကနေ တင်ဆက်ပေးလိုက်ပါတယ် ကြည်နူး လွမ်းဆွေးပေးကြပါဦး (အညွှန်းနဲ့ ဘာသာပြန်ကိုတော့ V~Zwe Yan~Yunni~BpL~Cherry တို့မှ ခံစားသက်ဝင်ရေးသားထားပါတယ်) File size…2.4GB / 1.3GB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe Yan~Yunni~BpL~Cherry

Comedy • Drama
0 2023 136 mins
O Saathiya
Bruce Almighty
6.8

စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ……. တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre… Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by YeWai LynnHtut

Science Fiction • Thriller
6.8 2003 101 mins
Bruce Almighty
Marnie
7.1

၁၉၆၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Marnie ရုပ်ရှင်ဇာတ်ကားကြီးမှာဆိုရင် မင်းသမီးကြီး ‘Tippi’ Hedren နဲ့ မင်းသားကြီး Sean Connery တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ မာနီက ဆွဲဆောင်မှုရှိတဲ့အပြင်ငယ်ရွယ်တဲ့အမျိုးသမီးလေးဖြစ်ပြီး နာမည်တုတွေအများကြီးနဲ့ ကုမ္ပဏီကြီးတွေမှာ အချိန်တစ်ခုလောက်အထိ အလုပ်လုပ်ကာ အဲ့ဒီအလုပ်မှာရှိတဲ့ ပိုက်ဆံတွေကို ခိုးယူတတ်တဲ့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့ သူမအလုပ်သွားလျှောက်တဲ့ ရတ်ထ်လန်ကုမ္ပဏီရဲ့ သူဋ္ဌေး မက်ခ်ရတ်ထ်လန်က သူမကို မျက်စိကျပြီး အလုပ်ခန့်လိုက်ပြီးနောက် သူမရဲ့ လျှို့ဝှက်ချက်ကို သိသွားပြီး သူမကို အကြပ်ကိုင်ကာ သူ့ကို အတင်းအဓမ္မ လက်ထပ်စေပါတော့တယ်။ လက်ထပ်ပြီးသွားမှ သိလိုက်ရတာကတော့ မာနီက သူမကို ဘယ်ယောက်ျားသားကမှ ထိတွေ့တာကို မနှစ်သက်ပါဘူး။ မုန်တိုင်းတွေထန်တဲ့ညတွေမှာဆိုရင်လည်း အရူးတစ်ယောက်လို အော်ဟစ်ငိုကြွေးနေတတ်ပါသေးတယ်။ ညဖက်တိုင်းလိုလို အိပ်မက်ဆိုးတွေ မက်နေတတ်တဲ့ မာနီ၊ မက်ခ်ကို သဘောကျပေမယ့် မက်ခ်ရဲ့ အထိအတွေ့ကို မနှစ်သက်တဲ့ မာနီ သူမဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ။ မာနီကို ချစ်လွန်းလို့ သူခိုးတစ်ယောက် လူလိမ်တစ်ယောက်မှန်း သိလျက်နဲ့ လက်ထပ်ယူထားတဲ့ မက်ခ်ကရော သူမကို ကူညီပေးနိုင်ပါ့မလား စတာတွေကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအမျိုးအစားကတော့ Psychological thriller အမျိုးအစားဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(3.4 GB)/(2.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….02:10:00 Genre… Crime, Drama, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Romance • Comedy • Science Fiction
7.1 1964 130 mins
Marnie
MaXXXine
6.8

MaXXXine (2024) Pearl (2022) X (2022) နာမည်ကျော် ဟော်ရာ ရုပ်ရှင် နှစ်ခုဖြစ်တဲ့ Pearl နဲ့ X ရဲ့ အဆက်ဖြစ်တဲ့ MaXXXine လာပါပြီ။ လက်ရှိ ဟော်ရာအသစ်တွေထဲမှာ လက်စောင်းအထက်ဆုံးဖြစ်နေတာကတော့ ဒီသုံးကားနဲ့ Fear Street တွေပါပဲ။ ဟော်ရာကားကောင်းဆိုရင် ဒါတွေကို ကြည့်ဖြစ်အောင် ကြည့်သင့်ပါတယ်။ Pearl နဲ့ X မှာပါခဲ့တဲ့ လူသတ်သမား စုံတွဲကတော့ အမေရိကန် သမိုင်းမှာ အသက်အကြီးဆုံး သေဒဏ်ကျတဲ့ ကွင်းဆက်လူသတ်သမား လင်မယား Ray and Faye Copeland အကြောင်းကို အခြေခံထားတာပါ။ အခု မက်ဆင်းကတော့ X မှာတုန်းက ပွဲကြမ်းခဲ့တဲ့ မက်ဆင်းတစ်ယောက် ဘာတွေ ဆက်ကြမ်းမလဲ ပြတာပါပဲ။ ဒါရိုက်တာကလည်း အရင် နှစ်ကားကို ရိုက်ခဲ့တဲ့ Ti West ပါပဲ။ မင်းသမီးကလည်း Mia Goth ပဲ ပြန်ပါထားပါတယ်။ Breaking Bad ထဲက ဆရာကြီး Giancarlo Esposito ကလည်း ဆရာကြီးအဖြစ် ပါဝင်ထားတုန်းပါပဲ။ ဇာတ်လမ်းအကျဉ်း မက်ဆင်းဟာ ပုလဲလက်ကနေ လွတ်လာပြီး အပြာသရုပ်ဆောင်ဘဝကနေ ရုပ်ရှင်မင်းသမီးဖြစ်ဖို့ ကြိုးစားနေပါပြီ။ နာမည်ကျော် ဟော်ရာရုပ်ရှင်မှာ ပါဝင်ဖို့ အရွေးခံပြီးမှ အတိတ်က အမှုတွေအကြောင်း အကုန်သိတဲ့ လူတစ်ယောက်ကလိုက်လာပြီး ရည်ရွယ်ချက် တစ်ခုနဲ့ နှောင့်ယှက်လာပါတယ်။ ဘဝမှာ လိုချင်တာရဖို့ ဘာမဆိုလုပ်ရတဲ့ မက်ဆင်းတစ်ယောက် အတိတ်က ရန်သူတွေကို ဘယ်လို ပြန်ရင်ဆိုင်မလဲဆိုတာ ဒီရုပ်ရှင်မှာ တွေ့ရပါလိမ့်မယ်။ ထုံးစံအတိုင်း မလုံ့တလုံ၊ သွေးသံရဲရဲ တွေပဲမို့ ၁၈+ သတ်မှတ်ထားတာကိုတော့ သတိပြုကြပါ။

Drama
6.8 2024
MaXXXine
Inside Out
8.2

ဒီနေ့တော့ CM ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့် Animation ဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်.. နိုင်ငံတကာမှာလည်းအောင်မြင်မှုများစွာရခဲ့သလို..ရုပ်ရှင်ဝေဖန်ရေးတွေကလည်း ချီးကျူးထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ် .. Animation တကားအနေနဲ့လည်း ထူးထူးခြားခြား IMDb Rating မှာ 8.5 အထိ တောင်ရောက်ရှိထားတာမို့ ကောင်းလားမကောင်းလားဆိုတာ လုံးဝစဉ်းစားနေစရာလိုမှာလည်းမဟုတ်တဲ့အပြင်..ကြည့်သင့်တဲ့ Animation ဖြစ်ကြောင်းအသိ ပေးချင်ပါတယ်။ အညွှန်းလေးအရင်ခံစားကြည့်ရအောင်အညွှန်းကနည်းနည်းတော့ရှည်ပါတယ်.. သေသေချာချာခံစားချင်ရင် တော့စာကိုအဆုံးထိဖတ်ဖို့အကြံပေးလိုက်ပါတယ်.. ဒီကားက Pixar ရဲ့ ကာတွန်းကားကောင်းတစ်ကားဖြစ်ပြီး၊ ကလေးလူကြီးမရွေး ကြည့်နိုင်တဲ့ဇာတ်ကား ကောင်းတစ်ကားပါ။ The Incredibles ဇာတ်ကား Review တုန်းက Pixar ရဲ့ အကြောင်း ပရိတ်သတ်ကြီးကို ပြောပြခဲ့ဖူးပါတယ်။ ဒီကုမ္ပဏီကရိုက်တဲ့ ကာတွန်းတိုင်းက ဇာတ်လမ်းကောင်းပြီး အနုပညာရသမြောက် တယ်လို့ အားလုံးသိထားကြပါတယ်။ ဒီကားကလည်း ဒီအတိုင်းပဲ အနုပညာရသမြောက်အောင် ရိုက်ကူးထားနိုင်သလို၊ တကယ့် ဝမ်းနည်းကြည်နူး စရာ ကောင်းပြီး၊ ခံစားချက်ရသစုံပေးနိုင်အောင် ရိုက်ကူးထား နိုင်တာတွေ့ရပါတယ်။ Pixar အကြောင်းပြောရင် Toy Story 1, 2, 3 ကို မပြောပဲ နဲ့မပြီးပါဘူး။ ဒီသုံးကားက Pixar အတွက်သာမက ကာတွန်းကားတွေအားလုံးထဲမှာပါ အကောင်းဆုံး လို့ သတ်မှတ်ထားကြတာဖြစ်ပြီး Original Idea ဖြစ်တဲ့ Toy Story 1 က အကောင်းဆုံး လို့သတ်မှတ်ထားကြပါတယ်။ ကျွန်တော်ဘာလို့ဒီအကြောင်းကို ပြောရလည်းဆိုရင် ဒီ Inside Out က Toy Story ဇာတ်လမ်းတွေနဲ့တန်းတူ ကောင်းတဲ့ ကာတွန်းကားဖြစ်ပြီး အနုပညာရှုထောင့်ကကြည့်ကြည့်၊ ဖျော်ဖြည်ရေး ရှုထောင့်ကကြည့်ကြည့် ကောင်းမွန်တယ်လို့ပြောလို့ရပါတယ်။ ဒီကားက ကာတွန်းကားဖြစ်လို့ လူတော်တော်များများက ကလေးတွေအတွက်ပဲလို့ ထင်ကြမှာပါ။ တကယ်တော့ ဒီကားက ကလေးရော လူကြီး ပါကြည့်ဖို့သင့်တော်ပြီး၊ လူကြီးတွေ အရွယ်ရောက်ပြီးသား လူတွေက ဒီကားကိုပိုပြီး နားလည်မှာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ ဇာတ်လမ်းက လူရဲ့ စိတ်ထဲမှာရှိတဲ့ ခံစားချက်လေးတွေ အကြောင်းရိုက်ထားတာဖြစ်ပြီး၊ အသက်ကြီးလာတာနဲ့အမျှ ခံစားချက်တွေပြောင်းလာပုံ၊ ဒီစိတ်ခံစားချက်တွေက ကဘယ်လိုအရေးပါပုံကို စိတ်ဝင်စားစရာ ဇာတ်လမ်းလေးနဲ့တင်ဆက်ထား တာဖြစ်ပါတယ်။ ဒါကြောင့် ဇာတ်လမ်းမပြောခင်မှာ ကြိုပြီးပြောချင်ပါတယ်၊ ဒီကားလေးကိုကြည့်ဖြစ်အောင်ကြည့်ကြပါ။ ကလေးရော လူကြီးပါ ကြည့်သင့်ပြီး၊ ကလေးတွေလည်း ကြိုက်မှာဖြစ်သလို လူကြီးတွေလည်း နားလည်ခံစား နိုင်မှာဖြစ်ပါတယ်။ ဒီကားကြည့်နေရင်းနဲ့ ပရိတ်သတ်တော်တော်များများ မျက်ရည်ဝဲရသလို ဇာတ်လမ်းအဆုံးမှာ စိတ်ကျေနပ်မှုကို ရစေမှာဖြစ်ပါတယ်။ မိသားစုတူတူကြည့်နိုင်ပါတယ်။ အသဲမာတဲ့သူတောင်မှ ဒီကားကြည့်ပြီးရင် အနည်းနဲ့အများတော့ ခံစားရမှာဖြစ်ပါတယ်။ ဇာတ်လမ်းအကြောင်းပြောရရင်တော့ ဇာတ်လမ်းဇာတ်အိမ်က Riley ဆိုတဲ့ကောင်မလေးနဲ့ သူ့ရဲ့ စိတ်ခံစားချက်လေးတွေအကြောင်း တင်ဆက်ထားပြီး Riley က အမေရိကန်နိုင်ငံ အလယ်ပိုင်း ပြည်နယ်တစ်ခုဖြစ်တဲ့ Minnesotaမှာ နေထိုင်ပါတယ်။ လူတွေရဲ့စိတ်မှာJoy (Happiness, Color-Gold), Sadness (Color-Blue), Fear (purple), Disgust (Green), Anger(Red) ဆိုပြီး basic feeling ၅မျိုးရှိတယ်လို့ ကာတွန်းကဆိုထားပါတယ်။ ဇာတ်လမ်းအစမှာ မွေးကာစ Riley လေးမှာ Joy ဆိုတဲ့ပျော်ရွှင်မှုလေး စတင်ဖြစ်ပေါ်လာသလို၊ Sadness ကလည်း ကပ်ပါလာပါတယ်။ ဒါကြောင့် မွေးကာစမှာ တစ်ချိန်လုံး ငိုနေကြတာဖြစ်ပါတယ်။ ဒီနောက်မှာတော့ ကလေးဘဝ ပြေးလွှားဆော့ကစားရင်း မသိတဲ့အရာကို ကြောက်စိတ်လေးတွေရှိသလို၊ မစားချင်တာကို အဖေအမေက ကျွေးရင် ရွံရှာတဲ့စိတ်ဖြစ်လာပြီး၊ ဒေါသလည်းထွက်လာတတ်တယ်ဆိုတာကို သဘာဝကျကျ ပီပီပြင်ပြင် သရုပ်ဖော်ထားပါတယ်။ ဒီနောက်မှာတော့ ဇာတ်လမ်းကနေ လူတွေရဲ့ Personality လို့ခေါ်တဲ့ ကိုယ်နေဟန် စိတ်နေသဘောထား စတာတွေက ကလေးဘဝ မှတ်ဉာဏ်လေးကနေ ဖြစ်တည်လာတည်လို့ဆိုပြီး ဥပမာလေးတွေပေးထားပါတယ်။ ကလေးဘဝမှာ အဖေအမေနဲ့ စနောက်ပြောင်ရင်းနဲ့ သူမမှာ အပြောင်အပျက်လုပ်တဲ့စိတ်ကလေးရှိလာပြီး ဒါလေးက အမြစ်တွယ်သွားပြီး သူမရဲ့ စိတ်နေစိတ်ထားထဲမှာ ပါလာသလို၊ သူ့အဖေက ကလေးဘဝမှာ ရေခဲပြင် ဟော်ကီကို ကစားစေခဲ့တာကြောင့် သူမကျောင်းတက်တဲ့အခါမှာ ဒီကစားနည်းကို နှစ်သက်လာသလို ဒီကစားနည်းမှာလည်း ထူးချွန်ခဲ့ပါတယ်။ ဒါ့အပြင် လူတွေမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိသားစုနဲ့ သူငယ်ချင်းဖွဲတဲ့ Memory ကလည်း သူမထံမှာရှိနေသလို အမှန်အတိုင်းဝန်ခံတတ်တဲ့ အကျင့်ကလည်း သူမရဲ့ Core memory ထဲမှာရှိနေပါတယ်။ ဒီနေရာမှာ Core Memory တွေဆိုတာက သူမရဲ့ ကလေးဘဝက အမှတ်တရ အဖြစ်အပျက်လေးတွေနဲ့ ဖွဲ့စည်းထားပြီး၊ မိသားစု နဲ့ပတ်သက်တဲ့ Memory တွေ၊ အဖေနဲ့ ရေခဲပြင်ဟော်ကီ ကစားတုန်းက ပထမဆုံး ဂိုးသွင်းလိုက်တဲ့ အခိုက်အတန့်လေးတွေ၊ ကလေးဘဝမှာ အဖေနဲ့ နောက်ပြောင်ပြီး အရှက်အကြောက်မရှိ သေးတဲ့အရွယ်မှာ တုံးလုံးပတ်ပြေးခဲ့တွေ၊ မိသားစု ခရီးသွားတာတွေပါပါတယ်။ ဒီလိုနဲ့ ဇာတ်လမ်းအစမှ ဇာတ်လမ်းသဘောတရားကို ရှင်းပြပြီးနောက်၊ သူတို့မိသားစုက Minnesota ကနေ အနောက်ဘက် ပြည်နယ် California က San Francisco ကို ပြောင်းပြီးနေရပါတယ်။ ဒီအချိန်မှာ ၁၁ နှစ်လုံး နေလာခဲ့တဲ့ အိမ်ရယ်၊ သူငယ်ချင်းတွေရယ်၊ ဟော်ကီအသင်းရယ်ကို စွန့်ခွာပြီး နေရာသစ်ကိုပြောင်းလာရတဲ့ Riley တစ်ယောက် မြို့သစ်မှာ အခြေကျအောင် နေရာပုံကို ဇာတ်လမ်းလုပ်ထားပါတယ်။ ဒါက ဇာတ်လမ်း အကြမ်းဖြင်းပါ။ သူမရဲ့ ခေါင်းထဲမှာ Joy က အဓိက ကျပြီး သူမပျော်ရွှင်အောင် ထားပေးနေရတာဖြစ်သလို၊ San Francisco ကိုရောက်လာတဲပအချိန်မှာ ဝမ်းနည်းနေတဲ့စိတ်ကို ဖုံးပြီး မပျော်ပျော်အောင်လုပ်နေပါတယ်။ ဒါကြောင့် Sadness ကို နေရာမပေးပဲ Core Memory တွေနားကနေ ဝေးဝေးနေခိုင်းပါတယ်။ ဘာလို့လည်းဆိုတော့ Sadness က ထိလိုက်တာနဲ့ Core Memory တွေက အရောင်ပြောင်းသွားပြီး Riley ကလည်း ဝမ်းနည်းသွားတတ်လို့ပါ။ ဒါကြောင့် Joy ကသူမကိုပျော်အောင်ထားဖို့ Sadness ကိုချောင်ထိုးထားပါတယ်။ ဒီလိုနဲ့ အတန်းသစ်သွားတက် ပြီးဆရာမက အတန်းထဲမှာ မိတ်ဆက်ခိုင်းတဲ့အခိုက်မှာ Minnesota က အကြောင်းကို ပြန်ပြောပြနေတုန်း Sadness ကလည်း သူမကိုသူမ ထိမ်းချုပ်လို့မရပဲ Core Memory ကို ထိမိသွားပြီး ဝမ်းနည်းသွားရာက စာသင်ခန်းထဲမှာ ငိုမိပါတော့တယ်။ ဒါကြောင့် Joy နဲ့ Sadness က လုနေကြရင်းနဲ့ အမှတ်မထင်ပဲ Memory တွေသိမ်းတဲ့ ပိုက်လိုင်းကနေ ဦးနောက်ရဲ့ Long-term Memory Storage မှတ်ဉာဏ်တွေထားတဲ့အခန်း ကိုရောက်သွားပါတယ်။ ဒီနေရာမှာ Fear, Disgust နဲ့ Anger တို့ပဲ ကျန်ခဲပပြီး အပြင်မှာလည်း အတန်းထဲမှာငိုမိတဲ့ Riley တစ်ယောက် ရှက်ကြောက် မိသလို ကိုယ့်ကိုကိုလည်း ဒေါသထွက် လာပါတယ်။ Joy မရှိတဲ့တဲ့ ခေါင်းထဲမှာ ကျန်တဲ့သုံးယောက်ဘာလုပ်ရမှန်းမသိဖြစ်နေပြီး၊ ဟော်ကီအသင်း သစ်အတွက် လူရွေးခံရာမှာလည်း အဆင်မပြေဖြစ်ခဲ့ပါတယ်။ ဒီအချိန်မှာ Joy နဲ့ Sadness တို့ နှစ်ယောက် ဌာနချုပ်ကို ပြန်ရောက်အောင် သွားနေရာက Core Memory တွေမရှိတော့လို့ Hockey ကစားတာ အဆင်မပြေဖြစ်သွားတာကြောင့် Riley ရဲ့ Hockey နဲ့ ပတ်သက်တဲ့ memory က ပျက်ဆီးသွားပါတယ်။ Core Memory တွေနဲ့အတူ ဌာကိုပြန်ရောက်ရေးအတွက် Joy တစ်ယောက် အသည်းအသန်ကြိုးစားပုံကို စိတ်ကူးကောင်းကောင်းနဲ့တင်ဆက်ထားပါတယ်။ ဒီလိုအပြန်ခရီးမှာ သူမရဲ့ Subconscious လို့ခေါ်တဲ့ မသိစိတ် ထဲမှာဘာတွေရှိတယ်၊ သူမရဲ့ ကလေးဘဝတုန်းက imaginary friend (စိတ်ကူးထဲက သူငယ်ချင်း၊ ဥပမာ ကလေးဘဝတုန်းက ဆော့စရာအဖော်မရှိရင် ကိုယ်စိတ်ကူးလေးနဲ့ကိုယ်ကစားတတ်သလို တစ်ချို့ကလည်း အနားမှာကစားဖော်ရှိသလိုမျိုး စိတ်ကူးယဉ်တတ်ပါတယ်။) ဖြစ်တဲ့Bing Bong ကို Joy က လမ်းမှာသွားတွေ့သလို သူ့ရဲ့အကူအညီနဲ့ ဌာနချုပ်ကို အရောက်သွားဖို့ ကြိုးစားကြပါတယ်။ ဒီနေရာမှာ အများကြီး ရှင်းပြဖို့မလိုပေမယ့် ပြောချင်တာ နှစ်ခုရှိပါတယ်။ တစ်ခုက ဟောင်းသွားတဲ့ မှတ်ဉာဏ်တွေ စွန့်ပစ်တဲ့ချောက်ကြီးရှိပြီး အဲဒီအထဲကျသွားရင် ဘယ်တက်လို့မရတော့ပါဘူး။ နောက်တစ်ချက်က Sadness ကို အစပိုင်းမှာ မကောင်းဘူးလို့ ပြထားပေမယ့် Sadness ဆိုတာ ဘာလို့ရှိရတယ်၊ လူတွေဘာလို့ ဝမ်းနည်းတယ်ဆိုတာ ပညာသားပါပါနဲ့ သရုပ်ဖော်ထားပါတယ်။ ဒီအကြောင်းကို အဆုံးမှာ ထည့်ပေးထားမှာဖြစ်ပြီး Spoiler မဖတ်ချင်တဲ့သူတွေက ဒီနေရာမှာတင်ရပ်လိုက်ပြီး ဇာတ်ကားကိုသွားကြည့်သင့်ပါတယ်။ ကလေးတွေအတွက်သီးသန့်ရိုက်ထားတာ မဟုတ်ပါဘူး။ လူတိုင်းကြည့်သင့်တဲ့ကားပါ။ ဒီကားက တစ်သက်မှာ တစ်ခါ၊ Generation (မျိုးဆက်) တစ်ခုမှာ တစ်ခါ ကြုံတောင့်ကြုံခဲ ထွက်လာတဲ့ ဇာတ်ကားမျိုးဖြစ်ပြီး၊ ဒါမျိုးဇာတ်ကား အရင်က မရှိခဲ့သလို နောက်ထပ် ထပ်ရှိဖို့လည်းမလွယ်တော့ပါဘူး။ (Sequel ကိုမဆိုလိုပါဘူး။) ဥပမာ ရုပ်ရှင်လောကမှာ Godfather နဲ့ Citizen Kane က Masterpiece ဆိုရင် Toy Story နဲ့ Inside Out က ကာတွန်းတွေထဲမှာ တစ်သက်မှ တစ်ခါကြည့်ရခဲ့တဲ့ ကာတွန်းမျိုးတွေပါ။ ဒီကားက ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ ကျွန်တော်ကြည့်ဖူးသမျှကားတွေထဲက အကောင်းဆုံး ရသပေးနိုင်တဲ့ ကားဖြစ်ရုံသာမက အကောင်းဆုံး ပညာပေးနိုင်တဲ့ ဇာတ်ကားလည်းဖြစ်ပါတယ်။ လက်မလွှတ်တမ်း ကြည့်သင့်တဲ့ဇာတ်ကားဖြစ်ပါတယ်။ လူတိုင်းကြည့်သင့်ပါတယ်။ အထက်ကပြောခဲ့တဲ့ Sadness က ဘာလို့ရှိရတယ် လူတွေဘာကြောင့်ဝမ်းနည်းတယ်ဆိုတာကို ကျွန်တော် ဒီမှာနည်းနည်းရှင်းပြပါမယ်။ ဒါက ဒီကားတစ်ကားလုံးနဲ့ အဓိက ကျတဲ့ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ Joy နဲ့ Sadness တို့ ဌာနချုပ်ကိုပြန်နေရင်းနဲ့ လမ်းမှာ Joy က memory လေးတစ်ခုကို ရှာတွေ့သွားပါတယ်။ ဒီမှာ သူမရဲ့ အသင်းက သူမကို ဝိုင်းအားပေးနေကြတာဖြစ်ပြီး အဖေနဲ့အမေက လည်း အနားမှာ အားပေးနေကြပါတယ်။ ဒါကြောင့် သူမက Sadness ကို နင်ဒီနေ့လေးကိုမှတ်မိလား Riley ပျော်နေတဲ့နေ့လေ လို့ ပြောတော့ Sadness က သူမမှတ်မိတာ အဲ့ဒီနေ့က ကောင်မလေးက အသင်းအတွက် အရေးပါတဲ့ဂိုးကိုမသွင်းပေး နိုင်လို့ အသင်းရှုံးသွားတာကြောင့် ဝမ်းနည်းနေတာကိုမှတ်မိတယ်လို့ပြန်ပြောပါတယ်။ ဒီအခါမှာ Joy က Sadness ကို ဆက်မပြောဖို့တားပြီး ပျော်အောင်နေဖို့ပြောပါတယ်။ ဒီကနေ နောက်ဆုံးအခန်းမှာ Joy နဲ့ Riley ရဲ့ စိတ်ကူးယဉ်သူငယ်ချင်း Bing Bong တို့ Memory စွန့်ပစ်တဲ့ ချောက်ထဲကို ကျသွားခဲပါတယ်။ ဒါကြောင့် Joy က အထက်ကို ပြန်တက်ဖို့ကြိုးစားရင်းနဲ့ မရတဲ့အဆုံးမှာ ဝမ်းနည်းပြီး သူမနဲ့အတူ သယ်လာတဲ့ Memory လေးတွေကိုပြန်ကြည့်မိပါတယ်။ ဒီနေရာမှာ ခုနက အသင်းသားတွေနဲ့အဖေအမေ တို့အားပေးနေတဲ့ Memory လေးမှာ အမှတ်မထင် နောက်ကို ပြန်ရစ်ကြည့်လိုက်မိတဲ့အခါမှာ Sadness ပြောသလိုပဲ သူမကြောင့် အသင်းရှုံးလို့ အားငယ်နေတဲ့ Riley ကိုတွေ့ရလိုက်ရပါတယ်။ ဒီအချိန်မှာပဲ အဖေနဲ့အမေက ရောက်လာပြီး အားပေးကြသလို၊ သူငယ်ချင်းတွေက လည်းလာအားပေးကြပါတယ်။ ဒီမှာ Joy သဘောပေါက်သွားတာက ဝမ်းနည်းတဲ့အချိန်မှာ မိသားစုရော သူငယ်ချင်းတွေပါ အနားကိုလာပြီး အားပေးကြလို့ ပျော်ရွှင်သွားရတယ်ဆိုတာဖြစ်ပါတယ်။ ဒါကြောင့် Sadness မရှိရင် Joy လည်းမရှိနိုင်သလို၊ ကိုယ်ဝမ်းနည်းနေတာကို ထုတ်မပြရင် ကိုယ့်ကိုချစ်တဲ့သူတွေကလည်း ကိုယ့်ကိုအားပေးဖြစ်မှာ မဟုတ်တော့ပါဘူး။ ဒါကြောင့် Riley ရဲ့ Core Memory တွေကို Sadness က ထိလိုက်တဲ့အခါ အရောင်ပြောင်သွားတာဖြစ်ပါတယ်။ ဘာလို့လည်းဆိုတော့ သူမရဲ့ Core Memory အဟောင်းတွေက Minnesota က မှတ်ဉာဏ်တွေဖြစ်ပြီး ဒါတွေက အတိတ်မှာ ကျန်ခဲ့လေတော့ ဝမ်းနည်းစရာတွေဖြစ်သွားတာဖြစ်ပါတယ်။ ဒီလို နဲ့ Joy က အပေါ်ပြန်ရောက်အောင်လုပ်ပြီး Sadness နဲ့ အတူ ဌာနချုပ်ကို ပြန်သွားရပါတော့တယ်။ ဒီလို ချောက်ထဲက ပြန်တက်တဲ့အခန်းလေးက အရမ်း ပညာသားပါပြီး၊ ကြေကွဲဖို့ကောင်းသလို သေချာတွေးကြည့်ရင် အရမ်းကောင်းတဲ့ အခန်းလေးဖြစ်ပါတယ်။ ဘာလည်းဆိုတာတော့ ကျွန်တော်ပြောတာထက် ကိုယ်တိုင်ကြည့်ရင်ပိုကောင်းပါတယ်။ ဒီအခန်းမှာ စိတ်မနိုင်သူတွေဆို မျက်ရည်ကျရတဲ့အထိကိုကောင်းပြီး ကျွနေ်တာ်ကိုယ်တိုင်တောင် မျက်ရည်ဝဲမိတဲ့ အခန်းဖြစ်ပါတယ်။ လူတွေအားလုံးလည်း အသံတိတ်နေပြီး တကယ်ကိုကောင်းပါတယ်။ အထူးသဖြင့် ဘယ်သူမှ မထင်မှတ်ထားပဲ ရုတ်တရက်ဖြစ်သွားတာလေးပါ။ တစ်ကားလုံးမှာ အကောင်းဆုံး ဇာတ်ဝင်ခန်းဖြစ်ပါတယ်။ ဒါ့အပြင် ဒီကားတစ်ကားလုံးမှာ ပရိတ်သတ်အမှတ် ရနေစေမယ့် စကားတစ်ခွန်းလည်း ရှိပါတယ်။ ဌာနချုပ်ရောက်တဲ့အခါမှာတော့ Anger ရဲ့ မဆင်မခြင်လုပ်မှုကြောင့် Riley က အိမ်ကနေထွက်ပြေးပြီး Minnesota ပြန်ပြေးဖို့ လုပ်နေပါတယ်။ ဒါကို မှားမှန်းသိပေမယ့် ပြင်ဆင်လို့မရတော့ပါဘူး။ Riley တစ်ယောက် ခံစားချက်မဲ့သွားပြီး သူမရဲ့ Emotion တွေ သူမကို ထိန်းချုပ်တာမခံတော့ပါဘူး။ ဒီအချိန်မှာ Joy နဲ့ Sadness တို့အချိန်မှီ ပြန်ရောက်လာပြီး Joy က သူမကမထိန်းချုပ်တော့ပဲ Sadness ကို ထိန်းချုပ်ခိုင်းပါတယ်။ Sadness ကြောင့် ဝမ်းနည်းသွားရတဲ့ Riley က အရင်တုန်းက မိသားစုတူတူ ရှိခဲ့တာတွေ ပြန်သတိရလာပြီး ဘတ်စ်ကားပေါ်ကနေ ဆင်းပြေးကာ အိမ်ကို အရောက်ပြန်သွားပါတယ်။ အိမ်ရောက်တဲ့အခါမှာ ဝမ်းနည်းပက်လက် နဲ့အဖေနဲ့အမေကို သူမခံစားနေရတာကိုဖွင့်ပြောခဲ့ပါတယ်။ သူမက အရင်အိမ်နဲ့သူငယ်ချင်းတွေကို လွမ်းတဲ့အကြောင်း ပြောပြရင်း အဖေအမေက နှစ်သိမ့်တာကိုခံယူ ရပြီးနောက် ဝမ်းနည်းမှုနဲ့အတူ မိဘရဲ့ အားပေးမှုကြောင့် စိတ်ကျေနပ်သွားခဲ့ပါတယ်။ ဒါကြောင့် သူမမှာ New Core Memory ဖြစ်လာပြီး ဒီ Core Memory က Gold နဲ့ Blue (ဝမ်းနည်းဝမ်းသာဖြစ်နေပြီး) နှစ်ရောင်ထွက်နေသလို၊ ဒီ Core Memory က သူမရဲ့ အိမ်အသစ် ဖြစ်တဲ့ San Francisco ကအိမ်မှာ အဖေအမေ ရဲ့အားပေးမှု့ကိုရသွားတဲ့ အကြောင်းဖြစ်ပါတယ်။ ၀မ်းနည်းနေတဲ့အချိန်မှာ ဝမ်းနည်းတာကို အတင်းမျိုသိပ်ထားရင် ကိုယ့်ပတ်ဝန်းကျင်က ကိုယ့်ကို ဂရုစိုက်တဲ့သူတွေက ဘာမှလုပ်ပေးလို့ရမှာမဟုတ်သလို၊ ရင်ထဲကခံစားနေရတာကို ထုတ်ပြဖို့ သင်ခန်းစာပေးထားပါတယ်။ ဒီဇာတ်ကားအတွက်ဘာသာပြန်သူကတော့ ကိုညီသံလွင်ပဲဖြစ်ပါတယ်.. အညွှန်းကိုတော့ ရုပ်ရှင်မိတ်ဆက် Movies For Myanmar မှ ပြန်လည်တင်ပြပါတယ်.

8.2 2015 95 mins
Inside Out
Blank
6.1

Blank (2019) “ကွက်လပ်” IMDb – 6.1/10 ၂၀၁၉ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီအက်ရှင်ဇာတ်ကြမ်းကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ မင်းသာကြီး ဆန်နီဒိုး၊ ငယ်ဘ၀ကတည်း ရုပ်ရှင်တွေ၊ ရှိုးတွေရိုက်ကူးခဲ့တဲ့ မင်းသားကာရန်တို့ အဓိကပါဝင်ထားကြပါတယ်။ မြို့ထဲကို RDXထက် အဆပေါင်းများစွာ ပေါက်ကွဲအားပြင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ၂၅ကီလိုကျော်ခိုးသွင်းလာတဲ့ သတင်းကိုသိရပေမဲ့ ဘယ်သူတွေ၊ ဘယ်နှစ်ယောက်၊ ဘယ်ကလာတာလဲ ဘာဆိုဘာမှန်းမသိရဘဲနဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ ဗျာများနေရချိန်။ မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်လာတဲ့လူနာက အသေခံဗုံးခွဲတဲ့သူဖြစ်နေပြီး အတိတ်ကလည်း မေ့နေတဲ့အခါ…။ ဖောက်ခွဲရေးပစ္စည်းတွေကို အချိန်မီဖမ်းဆီးနိုင်မှာလား…။ အတိတ်မေ့နေတဲ့ အသေခံဗုံးခွဲသမားရဲ့ တကယ့်အကြောင်းအရင်းမှန်ကရော…။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ Thura ~ ToMo ~ Alex ~ Zweတို့ပဲဖြစ်ပါတယ်။

6.1 2019 111 mins
Blank
Empire V aka Ampire V
5.1

ကျွန်တော်တို့ CM ကနေ ဒီတစ်ခါမှာတော့ ၂၀၂၃ ခုနှစ်ထွက် IMDB 5.1 ရထားတဲ့ Ampire V ဆိုတဲ့ ရုရှားသွေးစုပ်ဖုတ်ကောင်ဇာတ်ကားတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ ရုရှားမင်းသားကြီး Igor Zhizhikin, တက်သစ်စမင်းသား Pavel Tabakov နဲ့ မင်းသမီးချော Marina Zudina တို့က အဓိကပါဝင်ထားကြပါတယ်။ လူ့ဘဝကြီးရဲ့အဓိပ္ပာယ်ကို မေးခွန်းထုတ်နေတဲ့ အညတရရိုမန်ဟာ ဘဝကိုရည်ရွယ်ချက်မရှိဖြတ်သန်းနေပါတယ်။ တစ်ရက်မှာ မျှော်လင့်မထားပဲ သွေးစုပ်ဖုတ်ကောင်တစ်ကောင်အကိုက်ခံလိုက်ရပြီ သူ့နေရာကို သွေးစုပ်ဖုတ်ကောင်အဖြစ်ဆက်ခံဖို့ ဖြစ်လာပါတယ် ။ သွေးစုပ်ဖုတ်ကောင်ဖြစ်လာတဲ့အခါ ရိုမန်ဟာ သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ နေထိုင်ပုံစံကိုလေ့လာရတယ်။ အရင်ကသူသိခဲ့တဲ့ သာမန်သွေးစုပ်ဖုတ်ကောင်ဇာတ်လမ်းတွေအစား အာဏာ၊ ပိုက်ဆံ၊ ကြွယ်ဝမှုတွေနဲ့ ပတ်ရစ်ထားတဲ့ သွေးစုပ်ဖုတ်ကောင်လောကကြီးကို ထိတွေ့ခွင့်ရလာပါတယ် ။ လူ့သမိုင်းကြောင်းတစ်လျှောက်မှာ သွေးစုပ်ဖုတ်ကောင်တွေပါဝင်ခဲ့ပုံသိလာပြီးနောက် ရိုမန်ဟာ ဒီစနစ်ကြီးရဲ့အောက်မှာ မိမိရဲ့ ခံယူချက်နဲ့ဖြစ်တည်မှုကို မေးခွန်းထုတ်ရင်း စနစ်ကိုကိုယ်ကျိုးအတွက်အမြတ်ထုတ်နေတဲ့ အခြားသွေးစုပ်ဖုတ်ကောင်တွေကို ရှင်းလင်းဖို့ ဖြစ်လာပါတယ်။

5.1 2023
Empire V aka Ampire V
The Outrun
7

The Outrun (2024) IMDb Rating (7.0) / Rotten Tomatoes (81%) ရိုနာဟာ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့် အရက်စွဲနေသူလဲဖြစ်ပါတယ်။ အမေဖြစ်သူက ဘာသာရေးကိုင်းရှိုင်းပေမယ့် အဖေကတော့ bipolar disorder လို့ခေါ်တဲ့ စိတ်ကျစိတ်ကြွမြန်ရောဂါသည်ပါ ။ သူမဟာ အရက်စွဲနေသလို အရက်ဖြတ်ဖို့ကြိုးစားလိုက်၊ ပြန်သောက်ဖြစ်လိုက် သံသရာလည်နေသူပါ။ ချစ်သူကလဲ အဲဒါကြောင့်ပဲ ထားသွားခဲ့ပါတယ်။ သူမရဲ့ဘဝဟာလဲ ပြဿနာပေါင်းစုံနဲ့ အမြဲပူလောင်နေရပါတယ်။ နောက်ဆုံးမှာတော့ မိတ်ဆွေကောင်းတွေရဲ့ ဖေးမမှုတွေကြောင့် သူမရဲ့ငြိမ်းချမ်းမှုကို ရှာဖွေတွေ့ရှိသွားပုံကို စကော့တလန်ရဲ့ သဘာဝရှုခင်းတွေ၊ အော့ကနေးကျွန်းရဲ့ အလှတွေ၊ Random facts တွေနဲ့ ကြည့်ရှုရမှာပါ။ Hanna, Atonement, The Lovely Bones တို့နဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Saoirse Ronan က ဦးဆောင်ပါဝင်ထားပြီး သူကိုယ်တိုင်လဲ ထုတ်လုပ်သူလုပ်ခဲ့တာပါ။ သူမဟာ Telluride Film Festival နဲ့ Evolution Mallorca International Film Festival တို့မှာ ဒီကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုတွေရခဲ့ပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.7 GB) / (980 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:58:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

7 2024 118 mins
The Outrun
Poison Ivy: The New Seduction
4.8

Poison Ivy: The New Seduction (1997) IMDb Rating (4.8) / Rotten Tomatoes (36%) Poison Ivy: The New Seduction ကတော့ Poison Ivy စီးရီးရဲ့ တတိယမြောက်ရုပ်ရှင်ဖြစ်ပါတယ်။ ဒါရိုက်တာ Kurt Voss နှင့် Karen Kelly ကရေးသားခဲ့ပါတယ်။ Violet အဖြစ် သရုပ်ဆောင်ထားတဲ့ အဓိက မင်းသမီးမှာ Jaime Pressly ဖြစ်ပါတယ်။ အခြားသရုပ်ဆောင်များတွင် Megan Edwards၊ Michael Des Barres နှင့် Greg Vaughan တို့ပါဝင်တယ်။ ဇာတ်လမ်းက ပထမဆုံးရုပ်ရှင်ထဲက Ivy ရဲ့ ညီမ Violet အကြောင်းပါ။ သူအမေကို ဆိုးဆိုးရွားရွားဆက်ဆံခဲ့လိူ့ လက်စားချေဖို့ ချမ်းသာတဲ့မိသားစုအိမ်ကိုပြန်လာခဲ့ပါတယ်။ သူမိသားစုကို ထိန်းချုပ်ရန်နှင့် ဖျက်ဆီးဖို့အတွက်သူ့ရဲ့အရှက်သိက္ခာကို အသုံးပြုပါတယ််။ ဒီဇာတ်ကားမှာ ဒရာမာ၊ သည်းထိတ်ရင်ဖို နဲ့ အချစ်ဇာတ်လမ်းတွေ ပါဝင်ပါတယ်။ ယေဘူယျအားဖြင့်၊ Poison Ivy: The New seduction က ဒရာမာမတွေပါဝင်တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားဖြစ်ပါတယ်။ ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီးတွေကိုနှစ်သက်တဲ့သူတွေဆိုရင်တော့ကြည့်သင့်ပါတယ်။ 18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Banyar aung ဖြစ်ပါတယ်။) File size…(2.6 GB) / (850 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance,Thriller Duration….01:35:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Banyar aung

Action • Comedy
4.8 1997 93 mins
Poison Ivy: The New Seduction