YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Sheldon.S04E06.1080p.(CM).mp4

376.75 MB 1080p video/mp4 748 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tamilarasan
5

Tamilarasan (2023) IMDb - 6.2/10 တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ~ Cherryတို့ပဲဖြစ်ပါတယ်) File size…1.98GB/ 1020MB Quality…1080p WEB DL /720p Format…mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thaik San ~ chiclon3 ~ Khin Khin ~ BpL ~Yunni ~Zwe ~ Cherry

Drama • War & Politics
5 2023 136 mins
Tamilarasan
Prey for the Devil
7.1

ဒီကားကတော့ The Exorcist လိုပဲ နတ်ဆိုးနှင်တဲ့ ရုပ်ရှင်မျိုးပါ။ Conjuring လိုမျိုး အလွတ်တန်းမဟုတ်ဘဲ ကတ်သလစ်ဘုရားကျောင်းရဲ့ အဖွဲ့အစည်းစနစ်နဲ့ လုပ်ဆောင်ပုံတွေကို တွေ့ရမှာပါ။ ကတ်သလစ်ဘုရားကျောင်းဟာ မိစ္ဆာနှင်သင်တန်းတွေ ပေးနေပြီး အမျိုးသားဘုန်းတော်ကြီးတွေပဲ တက်ရောက်ခွင့်ရှိတဲ့နေရာပါ။ ဒါပေမဲ့ စစ္စတာအန်းဟာ မိစ္ဆာနှင်တဲ့ဘာသာရပ်ကိုအထူးစိတ်ဝင်စားပြီးတော့ ပထမဆုံးအမျိုးသမီးအဖြစ် လုပ်ခွင့်ရရေး ကြိုးပမ်းနေတဲ့သူပါ။ သူ့မှာ သမားရိုးကျမဟုတ်တဲ့ မိစ္ဆာနှင်နည်းစိတ်ကူးတွေရှိပြီး အဓိကအားဖြင့် မိစ္ဆာထက် ပူးကပ်ခံရသူကို နားလည်အောင်လုပ်ဖို့ မြင်အေင်ကြည့်ဖို့ အားသန်သူဖြစ်ပါတယ်။ ရှေးရိုး မိစ္ဆာနှင်နည်းတွေနဲ့ ယုံကြည်ရာအတိုင်းလုပ်မယ့် စစ္စတာအန်းတို့ကြားမှာ အငြင်းအခုန်တွေဖြစ်နေရင်းနဲ့ သာမန်နည်းတွေနဲ့ ဘယ်လိုမှ နှင်လို့မရတဲ့ နတ်ဆိုးပူးကပ်မှုတွေကို ကြုံလာရတဲ့အခါ ဘယ်လိုဆက်ပြီးရင်ဆိုင်ကြမလဲဆိုတာကို စိတ်ဝင်စားစရာပြသထားပါတယ်... File size…1GB / 459MB Quality…1080p WEB RIP / 720p Format…mp4 Duration….1h 33m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Mr Anderson

Drama • Romance
7.1 2022 93 mins
Prey for the Devil
The Mitchells vs. the Machines
7.9

animation အလန်းစား တစ်ကား ရပါပြီ။ ရယ်လည်းရရယ်တယ် ကြည့်လို့လည်းကောင်းတယ်၊ သီချင်းတွေလည်း ကောင်းတယ်။ ဇာတ်လမ်းကတော့ မစ်ချဲမိသားစုဆိုတာ အူကြောင်ကြောင် မိသားစုတစ်ခုရှိတယ်၊ အဖေက ဘာ နည်းပညာမှ စိတ်မဝင်စားတဲ့ သဘာဝသမား၊ သမီးက ရုပ်ရှင်ဝါသနာအိုး၊ ဒါရိုက်တာရူး၊ သားက ဒိုင်နိုဆော ဝါသနာအိုး စသည်ဖြင့် တစ်ယောက်တစ်ပေါက်တွေပေါ့။ ဒါပေမယ့် တစ်နေ့မှာတော့ တစ်ကမ္ဘာလုံးက စက်ရုပ်တွေက အကြောင်း တစ်ခုကြောင့် ပုန်ကန်ပြီး လူသားတွေအားလုံးကို ဖမ်းဆီးလိုက်ပါတယ်။ အဲဒီမှာ ကပ်ခါသီခါ လွတ်ပြီး ကျန်ခဲ့တဲ့ မိသားစုဟာ အလွဲခွဲအချော်ချော်တွေလုပ်ပြီး ကမ္ဘာကြီးကို ကယ်တင်ဖို့ ကြိုးစားရတာကို တွေ့မြင်ရမှာပါ။ (ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ littleneo ပဲဖြစ်ပါတယ်။) Quality – 1080p, 720p WebRip Duration - 1h 53min Subtitle – Myanmar Hardsub Format – Mp4 Genre : Animation, Adventure, Comedy Source : 1080p.WebRip Translator – littleneo Encoder – SWM

7.9 2021 110 mins
The Mitchells vs. the Machines
Kelly’s Heroes
7.6

Kelly’s Heroes (1970) ~ IMDb – 7.6/10, Rotten Tomatoes – 78%~ စစ်ကားဗျ စစ်ကား… စိန်ပြောင်းနဲ့ပစ်တာပါတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာပါတယ်။ တင့်ကားချင်း ယှဉ်ချတာပါတယ်။ စက်သေနတ်ရော လက်ပစ်ဗုံးတွေရော။ ထူးထူးဆန်းဆန်း သေဆုံးသူ သင်္ဂြိုလ်ရေးတပ်ခွဲတောင် ရှိတယ်ဆိုပဲ။ ဒါပေမဲ့ စစ်ကားဆန်တဲ့ စစ်ကားတော့ မဟုတ်ဘူး။ မင်းသားက ကလင့်တ် အိစ်ဝုဒ်။ ဒုတိယကမ္ဘာစစ်။ မဟာမိတ်တပ်သားတွေ အိုမာဟာကမ်းခြေကနေ ကမ်းတက်လာပြီးတော့ ပြင်သစ်နယ်စပ်မှာ အထိုင်ချတဲ့အချိန်။ ဖက်ဆစ်နာဇီ ဂျာမန်တွေနဲ့ ရင်ဆိုင်စစ်ပြင်ထားကြတာပေါ့။ ဒါပေမဲ့ ဒီဇာတ်ကားက သမိုင်းကြောင်းကို မလှန်၊ နိုင်ငံသူရဲကောင်းကိုမဖော်ကျူး၊ လူထဲက လူတွေရဲ့လောဘနဲ့ ဖျံကျတတ်ကြတဲ့ လူသားပီသသူ လူသားများအကြောင်း ရိုက်ကူးထားလို့ သူ့အရသာက တမျိုးပါပဲနော်။ ကယ်လီ တို့ စစ်သားတစ်စုက နိုင်ငံအတွက် စစ်မတိုက်ခဲ့ကြပါဘူး။ စစ်ရည်ဝနေတဲ့၊ စစ်ကိုမုန်းတဲ့၊ စစ်ရဲ့အနှစ်သာရမရှိမှုကို သိကြတဲ့ အခြားအဆင့် (အရာရှိမဟုတ်) စစ်သားကြီးတွေပါ။ ဆာဂျင် (တပ်ကြပ်ကြီး) အုပ်ချုပ်တဲ့ တပ်စိတ်လေးပါပဲ။ ရန်သူ့ဘက်က ဗိုလ်မှူးကြီးတစ်ဦးကို ဖမ်းမိခဲ့ပြီးနောက်ပိုင်း ဒေါ်လာ ၁၆ သန်း တန်ဖိုးရှိတဲ့ ရွှေချောင်း သောင်းလေးထောင်ရဲ့အနံ့ကိုရသွားတဲ့ တပ်စိတ်လေးက ဗြိတိသျှ သံချပ်ကာတပ်ရင်းက ရှားမန်းတင့်ကားလေးသုံးစင်း အကူအညီနဲ့ ရန်သူစစ်မျက်နှာ အနောက်ဘက် မိုင် ၃၀ အကွာက မြို့ကလေးရဲ့ဘဏ်တစ်လုံးထဲက ရွှေချောင်းတွေ သွားလုကြတဲ့ ဇာတ်ကြောင်းလေးပါ။ နိုင်ငံအတွက်မဟုတ်၊ တရားဝင်စစ်ဆင်ရေးလည်း မဟုတ်ပါဘူးလေ။ ဆိုင်ရာပိုင်ရာတွေကို ဖမ်းဆီးရမိတဲ့ ရွှေချောင်းအနည်းငယ်ပြပြီး စည်းရုံးလို့ လက်နက်ကျည်ရိက္ခာတွေထုတ်၊ ရူးရူးမိုက်မိုက် ရန်သူ့နယ်မြေထဲ တိုးဝင်သွားကြလေရဲ့။ ဘာတွေဆက်ဖြစ်လဲ လူကြီးမင်းတို့ကိုယ်တိုင်ပဲ ကြည့်လိုက်ကြပါတော့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.6GB, 1.4GB, 791MB Quality – 1080p, 720p, 480p IMDb Rating – 7.6/10 Format – mp4 Duration – 2H 24Min Genre – Adventure, Comedy, War Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Comedy • Drama • Romance
7.6 1970 144 mins
Kelly’s Heroes
Cabin Fever

ကောလိပ်ကျောင်းသား ငါးယောက်ဟာ စာမေးပွဲအပြီး တောအုပ်ထဲကသစ်လုံးအိမ်လေးမှာ စုပြီးအနားယူဖို့ထွက်လာကြပါတယ် ညဘက်မီးပုံပွဲလေးလုပ်ပြီး စကားစမြည်ပြောဆိုနေကြတုန်းမှ ထူးဆန်းတဲ့ရောဂါကူးစက်ခံနေရသူတစ်ယောက်က အကူအညီတောင်းလာပါတယ်။ အားလုံးကလည်း ကြောက်လန့်တကြားနဲ့ အကူအညီပေးဖို့ ငြင်းဆန်ရာမှရုန်းရင်းဆန်ခတ်တွေဖြစ်ကာ သူတို့ပါလာတဲ့ကားပျက်စီးသွားပါတော့တယ်။ နောက်တစ်နေ့မနက် ကားပြင်ဖို့ကြိုးစားရင်း ဘာတွေဆက်ဖြစ်မလဲ။ ထူးဆန်းတဲ့သူကရော ဘယ်သူလဲ။ ထူးဆန်းတဲ့ရောဂါကရော ကုသနိုင်မှာလား။ သူတို့ သူငယ်ချင်းအုပ်စုကို ရောဂါကူးစက်မခံရဘဲနဲ့ အိမ်ပြန်လာနိုင်မလား စသဖြင့် ကြည့်ရှုခံစားရမဲ့ သည်းထိပ်ရင်ဖိုဇာတ်ကားတစ်ခုပဲဖြစ်ပါတယ်။ File size…(1.8 GB)/(969 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Eunice

Horror • Thriller
0 2002
Cabin Fever
Kadak Singh
7.4

Kadak Singh (2023) “မှတ်ဉာဏ်ဝင်္ကပါ” IMDb-7.4/10 OMG 2(2023) Ludo(2020) Mimi(2021) စတဲ့ ရုပ်ရှင်တွေထဲက မင်းသားကြီး Pankaj Tripathi ရဲ့ family drama ကားသစ်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးထဲမှာ မင်းသားကြီး Pankaj Tripathi ကို လုံးဝကွဲထွက်နေတဲ့characterနှစ်ခုအနေနဲ့ တွေ့မြင်ရမှာဖြစ်သလို family dramaဆိုတဲ့အတိုင်း အတွေး အဆွေးရသစုံ ခံစားရမှာဖြစ်လို့ dramaချစ်သူတွေ လက်လွတ်မခံသင့်ပါကြောင်း… အေကေရှရီဗာစတာဟာ ငွေကြေးလိမ်လည်မှုတွေကိုဖော်ထုတ်တဲ့ဌာနက ရိုးသားတဲ့ရဲအရာရှိတစ်ယောက်၊ အလုပ်ကိုချစ်လွန်း အလုပ်ကိုတန်ဖိုးထားလွန်းတော့ မိသားစုအရေးကိုလည်းအရေးမစိုက် လူမှုရေးဆိုလည်းပျက်ကွက်တဲ့ စည်းကမ်းတင်းကြပ်တဲ့ စာအုပ်လိုအဖေတစ်ယောက် အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ထစ်ခနဲဆို ဆူပူမြည်တွန်တောက်တီးနေတတ်လို့ ကလေးနှစ်ယောက်က ကဒက်ဆင်းဂ်(ခက်ထန်လွန်းသူကြီး)လို့ နာမည်ပေးတဲ့အထိပါပဲ။ မိုးလင်းမိုးချုပ်အလုပ်ပဲသိတာကြောင့် မိသားစုနဲ့ကကြားမှာလည်း အဆက်ပြတ်နေတာဆိုတော့ မိသားစုအတွက် အရာရာလုပ်ပေးနေတဲ့ ဇနီးဖြစ်သူဆုံးသွားချိန်မှာ‌တော့ အေကေအတွက်ရော ကလေးတွေအတွက်ပါ အဆင်မပြေဖြစ်လာပါတော့တယ်။ ကုဋေ ၉၀၀ ငွေကြေးလိမ်လည်မှုဖြစ်ထားတဲ့ Chit Fundကိစ္စကိုစုံစမ်းရင်းနဲ့ မိသားစုဘက်ကိုမလှည့်နိုင်၊ တစ်ခုခုဆို ဆူပူရိုက်နှက်ဖို့လောက်ပဲသိတဲ့ ရှရီဗာစတာတစ်ယောက် အမှုစုံစမ်းလို့ရခါနီးမှာ ရုတ်တရင်ဆေးရုံပေါ်နိုးလာပြီး အတိတ်မေ့သွားပါတော့တယ်။ အတိတ်မေ့နေတဲ့ ရှရီဗာစတာကတော့ သူ့ကိုယ်သူ ပျော်ပျော်နေတတ်တဲ့ မိသားစုကိုအလေးထားတဲ့သူလို့မှတ်ယူနေပြီး‌တော့ သမီးဖြစ်သူကိုလည်းမမှတ်မိဘဲ မှတ်ဉာဏ်ကွက်ကြားပျောက်ဆုံးနေတာကြောင့် သူ့ရဲ့မှတ်ဉာဏ်ထဲမှာရှိတဲ့ပုံရိပ်တွေနဲ့ သမီးဖြစ်သူ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပတ်ဝန်းကျင်ကလူတွေကပြန်ပြောပြတဲ့ သူဟာဘယ်လိုလူဖြစ်ခဲ့တယ်ဆိုတာကို ဆက်စပ်ရှာဖွေရင်း အမှုကိုဆက်လက်ဖော်ထုတ်နိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.4 2023
Kadak Singh
Dosti: Friends Forever
5.3

Dosti: Friends Forever (2005) “အခင်ဆုံးသူငယ်ချင်းနှစ်ယောက်” 2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ “မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ” ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းထဲမှာ “ကာရန်” နဲ့ “ရာ့ဂျ်” တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါ ကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ် အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူပါ တစ်နေ့ တစ်ယောက်တည်း လျှောက်ပြေးရင်း ချောက်ကမ်းပါးကို ကျတော့မယ့်အချိန် လက်ကမ်းပေးခဲ့တဲ့ “ရာ့ဂျ်” ဆိုတဲ့ ဆင်းရဲသားလေးကြောင့်သာ အသက်ဆက်ရှင်ခွင့်ရခဲ့ပြီး အဲဒီနေ့က စလို့ ရာ့ဂျ်ကို သူ့အိမ် ခေါ်လာခဲ့ပြီး သွားအတူ ကစားအတူ ဖြစ်ခဲ့ပါတယ် တစ်နေ့ ရာ့ဂျ် ချစ်တဲ့ အန်ဂျာဆီဆိုတဲ့ မိန်းကလေးဆီက အဖြေရခဲ့ပြီး အမြဲတပူးပူးတတွဲတွဲလုပ်ခဲ့တဲ့ သူတို့နှစ်ယောက် အတူတူမင်္ဂလာဆောင်မယ်လုပ်ကာမှ ရည်းစားမမြဲတဲ့ သူဌေးသား ကာရန်တစ်ယောက် ရာ့ဂျ်နဲ့ အန်ဂျာလီတို့ မင်္ဂလာဆောင်မယ့်ရက်မတိုင်ခင် တစ်လအတွင်း အလျှင်အမြန်လက်တွဲဖော်ရဖို့ သူငယ်ချင်း နှစ်ယောက် ဘယ်လိုကြိုးပမ်းကြမလဲ သူတို့သူငယ်ချင်းနှစ်တွဲ တကယ်ရော တစ်ရက်ထဲမှာ အတူတူ လက်ထပ်နိုင်ပါ့မလား သူတို့နှစ်ယောက် ဂရုမစိုက်တဲ့ လူ့အသိုင်းအဝိုင်းကရော သူတို့ ညှိသလို အရာရာအဆင်ပြေချောမွေ့နိုင်ပါ့မလား ဆိုတဲ့ အချစ် အလွမ်း အဆွေး ရသစုံလင်စွာ 2000 ခုနစ်များဆီသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမယ့် ဒီဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

5.3 2005
Dosti: Friends Forever
April Story
7.1

April Story (1998) ~ IMDb – 7.1/10, Rotten Tomatoes – 81% ~ Directed by “Shunji Iwai” ဂျပန်စီနီမာရဲ့ အားသာချက်က ဘာမှမဟုတ်တဲ့ တစ်နေ့တာအဖြစ်လေးတွေမှာ အလှတရားထင်ဟင်အောင် အလှဆုံးပြနိုင်တာလို့ ဆိုကြတယ်။ ဂျပန်ရုပ်ရှင်တွေကို ကြိုက်တတ်တဲ့ အိုဇုကို သိပ်ချစ်တဲ့ Wim Wenders တောင် Perfect Days ကို အဲဒီဘောင်ထဲ ဝင်အောင် ရိုက်ပြသွားနိုင်ခဲ့တယ်။ အင်တာနေရှင်နယ်ရုပ်ရှင်လောကမှာ အီတလီတို့ ပိုလန်တို့ ပြင်သစ်တို့ ဟောင်ကောင်တို့ ထိုင်ဝမ်တို့က ဘဲတွေ ဟောလိဝုဒ်တက်ရိုက်လိုက်၊ ဂျပန်က ဘဲတွေ ကိုရီးယားကားရိုက်လိုက်၊ ဂျာမန်ကဘဲက ဂျပန်တက်ရိုက်လိုက်ဖြစ်တာက ဆန်းတော့မဆန်းပါဘူး။ ပြဿနာက အဲဒီလိုရိုက်လိုက်တဲ့အခါတိုင်း သူတို့အငွေ့အသက်တွေကျန်ရင်တောင် အပြည့်အဝမရတော့တာပဲ။ ဂျွန်ဝူးတို့ ဝေါင်ကာဝေးတို့ အန်းလီတို့တက်ရိုက်လိုက်တဲ့ ဟောလိဝုဒ်ကားတွေ၊ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားနဲ့ အီဝေကိုယ်တိုင် ရိုက်ထားတဲ့ တရုတ်ကားကို ကြည့်ရင်ကို ဒါက မြင်သာတယ်။ ကျွန်တော်တို့ရဖူးတဲ့ သူတို့အရသာတွေ အပြည့်အဝမရတော့ဘူး။ Kore-eda ရိုက်လိုက်တဲ့ ကိုရီးယားကားဆို ဂျပန်ကားလို့ပြောရမှာလည်း အဆင်မပြေသလို ကိုရီးယားလို့တပ်ဖို့လည်း မဖြစ်နိုင်ဘူး။ Wim Wenders ကတော့ ဂျပန်ကားကို အောင်မြင်အောင်ရိုက်နိုင်ခဲ့တယ်။ အိုဇုနဲ့ ဂျပန်စီနီမာကို ချစ်တာကြောင့် ဒီစီနီမာနဲ့သိပ်ရင်းနှီးနေတာကြောင့်လားတော့ မသိနိုင်ဘူး။ ဆိုလိုရင်းကတော့ ဂျပန်ရုပ်ရှင်တွေရဲ့ အငွေ့အသက်က သီးခြားရပ်တည်နေတယ်။ တခြားနိုင်ငံက သရုပ်ဆောင်တွေသုံးပြီး ဂျပန်ရဲ့ထိတ်ထိတ်ကြဲ ဒါရိုက်တာတွေရိုက်တောင် ဂျပန်ရုပ်ရှင်အငွေ့အသက် အပြည့်ရမှာမဟုတ်ဘူး။ Shunji Iwai ကတော့ အဲဒီဂျပန်ရုပ်ရှင်ရဲ့ အငွေ့အသက်ကို အပေးနိုင်ဆုံး ဒါရိုက်တာလို့ ကျွန်တော်တော့ ပုဂ္ဂလိက အမြင်အရ မြင်တာပဲ။ အီဝေရဲ့ ရုပ်ရှင်အားလုံးနီးပါးဟာ ရိုးရှင်းတယ်။ လှပတယ်။ ဒါပေမဲ့ ထိခတ်တယ်ဆိုတဲ့ အမျိုးအစားတွေပဲ။ ဧပရယ်စတိုရီမှာဆိုလည်း ဇာတ်လမ်းကြာချိန်က ၆၇မိနစ်။ အကြောင်းအရာက ကောင်မလေးတစ်ယောက် အေးချမ်းအေးစိမ့်တဲ့ ဟော့ခိုင်ဒိုကနေ နွေးထွေးစည်ကားတဲ့ တိုကျိုကို တက္ကသိုလ်သွားတက်တဲ့ ကနဦးအချိန်ကို ရိုက်ပြထားတာ။ တိုကျိုရောက်တယ်။ နေရာချတယ်။ ကျောင်းတက်တယ်။ သူငယ်ချင်းတွေတွေ့တယ်။ ကျောင်းမှာနည်းနည်းဖြတ်သန်းပြတယ်။ တိုကျိုမှာ တစ်ကိုယ်ရေနေနေတဲ့ သူ့ဘဝကိုပြတယ်။ ဒါပဲ။ ဘာမှမပိုဘူး။ အဲဒီကောင်မလေးနေရာက Takako Matsu က သရုပ်ဆောင်ထားတယ်။ သူ့ရဲ့ဓာတ်ရယ် အီဝေရဲ့ဓာတ်ရယ် ပေါင်းလိုက်တဲ့အခါ ဒီရိုးရှင်းတဲ့ဇာတ်လမ်းက ဘာမှပြစရာမရှိတော့တာတောင် တိုလွန်းတယ် ခံစားရတဲ့အထိ အရသာပေါ်လာတယ်။ တစ်ခန်းမှာ ကျွန်တော်ပြေးမြင်တာက ကိုရီးယားရိုမန့်တွေထဲ ကျွန်တော်အကြိုက်ဆုံးဖြစ်ဖူးတဲ့ဖြစ်နေဆဲဖြစ်တဲ့ The Classic က အလှဆုံးအခန်းကိုပဲ။ အဲဒီအခန်းဟာ The Classic ကို အလှပဆုံးဖြစ်စေခဲ့သလိုပဲ ဧပရယ်စတိုရီမှာလည်း အလားတူအခန်းက ဒီဇာတ်လမ်းကို ကြည့်လို့မဝနိုင်ဖြစ်သွားစေတယ်။ ၂ကားလုံးကြည့်ဖူးရင်တော့ သတိထားမိကြမှာပါပဲ။ သေချာတာတော့ April Story (1998) ဟာ အီဝေရဲ့အပြတွေကို လူ့ပြည်မှာ နိဗ္ဗာန်တည်ထားသလိုလို့ ပြောကြတာမလွန်ကြောင်း သက်သေတစ်ခုပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.3GB, 650MB Quality – 1080p, 720p IMDb Rating – 7.1/10 Format – mp4 Duration – 1H 7Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Thriller • Drama
7.1 1998 67 mins
April Story
Star Wars: Episode I – The Phantom Menace
6.5

Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဇာတ်လမ်းတွေကို စုစည်းတင်ဆက်ပေးထားပါတယ်။ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပါပဲ။ နောက်ပိုင်းထွက်သမျှ ရုပ်ရှင်တွေထဲမှာလည်း ဒီရုပ်ရှင်တွေထဲက စကားစုတွေ ကိုးကားချက်တွေကို မကြာခဏတွေ့ရတတ်ပါတယ်။ ပညာရှိ ဆရာဆိုရင် Master Yoda ကိုအမြဲတင်စားကြသလို ဗီလိန်ဆိုရင်လည်း Darth Vader ဟာ ပြောစမှတ်တွင်ကျန်ခဲ့တာပါပဲ။ ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။ လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ Force ဆိုတာကတော့ သက်ရှိသက်မဲ့တွေ အားလုံး အတွင်းထဲ အပြင်ထဲမှာ ဝိုင်းရံနေတဲ့ စွမ်းအင်တစ်မျိုးဖြစ်ပြီး Jedi တွေသာ ခံစားနိုင် သုံးစွဲနိုင်ကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။ ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။ စတားဝါးရုပ်ရှင်တွေကို ထုတ်လုပ်ခဲ့တဲ့ခုနှစ်အတိုင်း အစဉ်လိုက်ကြည့်ရှုမယ်ဆိုရင်အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars IV : A New Hope (1977) 2. Star Wars V : The Empire strikes back (1980) 3. Star Wars VI : Return of the Jedi (1983) 4. Star Wars I : Phantom Menace (1999) 5. Star Wars II : Attack of The Clones (2002) 6. Star Wars III : Revenge of The Sith (2005) 7. Star Wars VII: The Force Awakens (2015) 8. Rogue One : A Star Wars Story (2016) 9. Star Wars VIII : The Return of the Jedi (2017) 10. Solo : A Star Wars Story (2018) 11. Star Wars IX : The Rise of the Skywalker (2019) တကယ်လို့ Star Wars Timeline အတိုင်းကြည့်မယ်ဆိုရင်တော့ အောက်ပါအတိုင်းကြည့်ရှုလို့ရပါတယ်။ 1. Star Wars I : Phantom Menace (1999) 2. Star Wars II : Attack of The Clones (2002) 3. Star Wars III : Revenge of The Sith (2005) 4. Solo : A Star Wars Story (2018) 5. Rogue One : A Star Wars Story (2016) 6. Star Wars IV : A New Hope (1977) 7. Star Wars V : The Empire strikes back (1980) 8. Star Wars VI : Return of the Jedi (1983) 9. Star Wars VII: The Force Awakens (2015) 10. Star Wars VIII : The Return of the Jedi (2017) 11. Star Wars IX : The Rise of the Skywalker (2019) ( Littleneo မှ ဘာသာပြန်တင်ဆက်ထားပါတယ်။) Star Wars ရုပ်ရှင်အားလုံးကို https://channelmyanmar.to/category/special-package/star-wars/ မှာကြည့်ရှုနိုင်ပါတယ်။ 4K ကိုတော့ www.cmapp.tv မှာ မန်ဘာဝင်ပြီး CM App ကနေ လွယ်ကူစွာတိုက်ရိုက်ကြည့်ရှုနိုင်သလို One Click Download လဲ ပြုလုပ်နိုင်ပါတယ်။ +++++++++++++++++++++++++++++ Star Wars: Episode I – The Phantom Menace (1999) ဇာတ်လမ်းအကျဉ်းကတော့ ဂြိုလ်တွေပေါင်းစည်းပြီး ဖွဲ့စည်းထားတဲ့ ရီပတ်ဘလစ်ကြီးမှာ နိုင်ငံရေးတွေ ရှုပ်ထွေးနေချိန် ကုန်သွယ်ရေးအဖွဲ့ကြီးက နဘူးဆိုတို့ ဂြိုလ်ငယ်လေးကို ပိတ်ဆို့ပြီး သိမ်းပိုက်လိုက်ပါတယ်။ အဲဒီအရေးကို ဖြေရှင်းဖို့ စကြာဝဠာရဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေ Jedi သူရဲကောင်း ၂ ယောက်ကို စေလွှတ်ခံလိုက်ရပါတယ်။ Jedi ဆိုတာ စကြာဝဠာထဲမှာရှိတဲ့ Force လို့ ခေါ်တဲ့ စွမ်းအင်တစ်မျိုးကို အသုံးချနိုင်ပြီး အလင်းဓားတွေကိုင်ဆောင်တဲ့ သူရဲကောင်းအဖွဲ့ပါ။ ဒါပေမယ့် သူတို့ဖြေရှင်းရတဲ့ ပြသနာနောက်ကွယ်မှာ Force ကို မကောင်းတဲ့နည်း အမုန်းတရားကို အခြေပြုပြီးသုံးတဲ့ Anti-Jedi မျိုးတွေဖြစ်တဲ့ Sith တွေ ပါဝင်နေတာကို သိလိုက်တဲ့အခါ……..။ ဒီဇာတ်ကားမှာ အဓိကအချက်တွေကတော့ ကမ္ဘာ့နာမည်အကြီးဆုံး ဗီလိန်တွေထဲက တစ်ယောက်ဖြစ်တဲ့ Darth Vader ရဲ့ မူလ အစကို တွေ့မြင်ရမှာ ဖြစ်ပြီး စတားဝါး Light Saber Fight အလင်းဓားတိုက်ပွဲတွေထဲမှာ အကောင်းဆုံးပါလို့ ပြောကြတဲ့ အိုဘီဝန် နဲ့ ဒါ့သ်မောတို့ရဲ့ တိုက်ပွဲကိုလည်း လက်လွှတ်မခံသင့်ပါဘူး။ ဟာသအနေနဲ့ပြောရရင် မင်းသားကြီး Liam Neeson ကို ရှားရှားပါးပါးသတ်နိုင်တဲ့ ဗီလိန် အဖြစ်လဲ တွေ့ရမှာပါ။ ကြည့်ပြီးသားလူတွေအတွက်တော့ ပိုနားလည်ပြီး နောက်တစ်ခေါက်ခံစားမိရုံပဲဖြစ်ပြီး မကြည့်ဖူးသေးတဲ့သူတွေ ဒီဇာတ်လမ်းကို တွေ့ခဲ့ရင်တော့ ကံကောင်းစွာနဲ့ပဲ ဆက်တိုက်ကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွေထဲမှာ Jedi နဲ့ Sith တွေကို မူရင်းအတိုင်းသုံးပြီး Force ကို စွမ်းအင်လို့ပဲ ဘာသာပြန်ပေးလိုက်ပါတယ်။ May the force be with you ဆိုတဲ့ စကားစုကိုတော့ မြန်မာမှုပြုပြီး highlight လေးနဲ့ မပျက်စီးအောင်ထိန်းသိမ်းပေးလိုက်ပါတယ်ဗျာ။

6.5 1999
Star Wars: Episode I – The Phantom Menace
Irish Wish
5.5

၂၀၂၄ မတ်လ ၁၅ ရက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ Irish Wish ဆိုတဲ့ အချစ်ဟာသဇာတ်မြူးကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားရဲ့အဓိကဆွဲဆောင်မှုက မင်းသမီး Lindsay Lohan ဆိုရင်လည်း မမှားပါဘူး။ အချိန်အကြာကြီးအနားယူနေခဲ့တဲ့ Lindsay Lohan ရဲ့ Netflix နဲ့ဒုတိယမြောက်လက်တွဲ ရိုက်ကူးခဲ့တဲ့ဇာတ်ကားလည်း ဖြစ်ပါတယ်။ Kirsten Hansen ရေးသားပြီး Janeen Damian ရိုက်ကူးထားတဲ့အမေရိကန်ရုပ်ရှင်ဇာတ်ကားဟာ အိုင်ယာလန်မှာအခြေတည်ထားတာဖြစ်ပြီး အိုင်ယာလန်ရဲ့ လှပတဲ့ရှု့မျှော်ခင်းများစွာပါဝင်ပါတယ်။ မင်းသမီး Lindsay Lohan နဲ့တင် ကြည့်ရတာတန်တဲ့ရုပ်ရှင်ဖြစ်တယ်လို့ ဝေဖန်ရေးသမားတွေက ဆိုထားပါတယ်။ ဇာတ်ကားထွက်ရှိလာပြီးနောက်တစ်ရက်မှာပဲ Netflix ရဲ့ လူကြည့်အများဆုံးရုပ်ရှင်စာရင်းမှာ နံပါတ်တစ်ချိတ်ခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း **************** ဝတ္တုအယ်ဒီတာမလေးမတ်ဒဲလင်ကယ်လီဟာ သူတည်းဖြတ်ပေးရတဲ့စာအုပ်ရဲ့စာရေးဆရာ ပေါလ်ကနေဒီကို ကြိတ်ကြိုက်နေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ ပေါလ်ကမတ်ဒဲလင်ရဲ့သူငယ်ချင်းအမ်မာကို မြင်မြင်ချင်းချစ်မိသွားတဲ့အခါ ပေါလ်နဲ့အမ်မာဟာ အိုင်ယာလန်မှာ လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ သတို့သမီးအရံလုပ်ရမယ့်မတ်ဒဲလင်က အိုင်ယာလန်ကို လိုက်သွားရင်း မှော်ကျောက်ကုလားထိုင်တစ်ခုပေါ်မှာ ပေါလ်နဲ့လက်ထပ်ရမယ့်သူဟာ သူပဲဖြစ်ပါစေလို့ ဆုတောင်းလိုက်မိပါတယ်။ မထင်မှတ်ဘဲ မတ်ဒဲလင်ရဲ့ ဆုတောင်းပြည့်ပြီး သတို့သမီးနေရာကိုရောက်သွားတဲ့အခါ မတ်ဒဲလင်ရဲ့ကံကြမ္မာလည်း ပြောင်းလဲသွားခဲ့ရပါတော့တယ်။ File size…1.96GB / 949MB Quality…NF. WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Comedy , Fantasy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY

5.5 2024 94 mins
Irish Wish
The Machine
6

The Machine (2013) ************************* ဒီဇာတ်ကားလေးကတော့ Sci-fi Drama ဆန်ဆန် ဇာတ်ကားတစ်ကား ဖြစ်ပြီးတော့ အနာဂတ်မှာ တိုးတက်လာတဲ့ AI နည်းပညာနဲ့ Robots တွေရဲ့ လူတွေနဲ့ ကမ္ဘာကြီးအပေါ် သက်ရောက်မှုတွေကို ရသပေါင်းစုံရအောင် ရိုက်ကူးထားတာဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကတော့ Toby Stephens, Arrowverse Series တွေမှာ White Canary အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ Caity Lotz တို့က အဓိကဇာတ်ဆောင်နေရာတွေကနေ ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင်တော့ အနာဂတ်ကမ္ဘာမှာ စက်ရုပ်တွေနဲ့ AI တွေဟာ အရမ်းအဆင့်မြင့်လာပါတယ်။ Vincent ဆိုတဲ့ သိပ္ပံပညာရှင်တစ်ယောက်ဟာ လူတွေထက် ပိုအသိဉာဏ်မြင့်တဲ့ စက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်သွားပါတယ်။ အဲဒီစက်ရုပ်ကို အစိုးရက လက်နက်အဖြစ် အသုံးပြုချင်ပေမယ့် Vincent မှာ တခြားရည်ရွယ်ချက်တစ်ခု ရှိနေတာကြောင့် ဒီစက်ရုပ်ကို တီထွင်ခဲ့တာဖြစ်ပါတယ်။ အဲဒီစက်ရုပ်ဟာ နောက်ဆုံးမှာ ကိုယ်ပိုင်အသိဉာဏ်ရှိသွားပြီးတော့ လူတွေကို လွန်ဆန်လာပါတယ်။ အဲဒီအခြေအနေကို လူတွေအနေနဲ့ ဘယ်လိုပြန်လည်ထိန်းချုပ်မလဲ၊ Vincent ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲ၊ AI နည်းပညာရဲ့ အန္တရာယ်ရှိပုံတွေ၊ AI နည်းပညာအပေါ် လူသားတွေရဲ့ ကြောက်ရွံ့မှုတွေကို စိတ်ဝင်တစား ကြည့်ရှုရမှာဖြစ်ပါတယ်။ Rating အနေနဲ့ IMDb မှာ 6/10, Rotten Tomatoes မှာ 79% ရရှိထားပါတယ်။ (အညွှန်းကို Austin မှ ရေးသားထားပါတယ်) File size…1.36GB / 496MB Quality… BluRay 1080p/ 720p Format…mp4 Duration….1h 32m Genre ….. Action, SciFi, Drama, Thriller Subtitle….Myanmar Subtitle (Hard Sub) Translated by Austin Encoded by AHtet

Action • Adventure • Comedy • Crime
6 2013
The Machine
LEGO Scooby-Doo! Haunted Hollywood
5.8

ဒီဇာတ်ကားမှာ စကူဘီဒူးနဲ့ ရှက်ဂီတို့နှစ်ယောက် ဟမ်ဘာဂါစားပြိုင်ပွဲမှာ အနိုင်ရသွားပြီး ဟောလီးဝုဒ်ကနာမည်ကျော် Horrorကားတွေရိုက်တဲ့ စတူဒီယိုကြီးတစ်ခုကို စရိတ်ငြိမ်း လည်ပတ်ခွင့်ဆု ရသွားတာကြောင့် အဖွဲ့လိုက်သွားလည်ရင်း အဲဒီစတူဒီယိုကြီးမှာ ခြောက်လှန့်နေတဲ့ မကောင်းဆိုးဝါးပေါင်းစုံနဲ့ ရင်ဆိုင်တွေ့ရပါတော့တယ်။ သူတို့သွားလည်တဲ့ စတူဒီယိုက အရှုံးပေါ်ပြီး ဒေဝါလီခံရတော့မှာ ဖြစ်သလို အကြွေးဆပ်ဖို့ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ ရိုက်လက်စ ဇာတ်ကားကလည်း သရဲတွေရဲ့ နှောင့်ယှက်မှုနဲ့ ကြုံနေရလို့ Mystery Incအဖွဲ့သားတွေ ဖြေရှင်းမှရမယ့် အခြေအနေဖြစ်လာပါတော့တယ်။ File Size : 1.1 GB, 519 MB Quality : WEB-DL 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

5.8 2016 75 mins
LEGO Scooby-Doo! Haunted Hollywood
Dalia and the Red Book
6.7

Animation ကားတွေကြည့်ရတာကြိုက်နှစ်သက်သူတွေ စာအုပ်စာပေကိုချစ်မြတ်နိုးသူတွေအတွက် ဒီအရာနှစ်ခုကို မျှမျှတတပေါင်းစည်းထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းလေးဖြစ်အောင် ပုံဖော်ဖန်တီးထားတဲ့ Animation ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ နာမည်ကတော့ Dalia and the Red Book (Dalia y el Libro Rojo) ဖြစ်ပြီး လက်ရှိ IMDb Rating 6.7 အထိ ရရှိထားပါတယ်။ဇာတ်လမ်းလို့ပြောပေမဲ့ ဒီဇာတ်လမ်းမှာ ဇာတ်သိမ်းဆိုပြီး မရှိဘဲ တန်းလန်းကြီးဖြစ်နေတဲ့အတွက် ဇာတ်ကားထဲမှာတင်ဇာတ်သိမ်းကိုရေးသွားမှာမျိုးဖြစ်တဲ့ အတွက် ပုံမှန်မြင်တွေ့နေကျ ဇာတ်ညွန်းတွေနဲ့တော့ ကွဲထွက် နေမှာပဲဖြစ်ပါတယ်။ ဒါလီယာဆိုတဲ့ကောင်မလေးမှာ စာရေးဆရာအဖေနဲ့ အယ်ဒီတာ အမေတို့ရှိကြပြီး သူတို့ရဲ့ဘ၀လေးကပျော်ရွှင်စရာကောင်းခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့အားလပ်ရက်ခရီးထွက်ရင်းတွေ့ခဲ့တဲ့ ကျေးလက်အိမ်လေးတစ်လုံးကို သူ့အဖေကအရမ်းသဘောကျပြီး ဝတ္ထုရှည်ရေးဖို့စိတ်ကူးစိတ်သန်းရသွားပါတော့တယ်။ ဒီလိုနဲ့အဲ့ဒီခရီးကနေ အိမ်ပြန်ရောက်ရောက်ချင်း ထမင်းမေ့ဟင်းမေ့ စရေးခဲ့ပေမဲ့ စိတ်မကောင်းစွာနဲ့ပဲ တစ်အုပ်လုံးမပြီးသေးခင်မှာ ဆုံးပါးသွားပါတော့တယ်။ဒီလိုနဲ့ဒါလီယာတို့သားအမိနှစ်ယောက်တည်း ကျန်ခဲ့ပြီး ဒါလီယာလည်းတဖြည်းဖြည်းနဲ့အရွယ်ရောက်လာခဲ့ ပါတော့တယ်။ဒီလိုနဲ့တစ်နေ့မှာ သူ့အဖေစာကြည့်ခန်းထဲ ဒါလီယာ ဝင်ကြည့်ရင်းနဲ့ သူ့အဖေရဲ့မပြီးသေးတဲ့စာအုပ်ကိုတွေ့သွားတဲ့ အခါမှာတော့ စာအုပ်ထဲကဇာတ်ကောင်တွေက အသက်ပြန်ဝင်လာခဲ့ပြီး သူ့အဖေရဲ့မပြီးသေးတဲ့ဇာတ်သိမ်းကို ဒါလီယာတစ်ယောက် အဆုံးသတ်ပေးနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားစရာကောင်းစွာ ရှုစားရမှာပဲဖြစ်ပါတယ်။ File size… (1.70 GB) / (901 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 47m Genre …. Adventure , Animation , Family , Fantasy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.7 2024 106 mins
Dalia and the Red Book