YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Young.Lady.and.Gentleman.S01E27.720p(CM).mp4

743.49 MB N/A video/mp4 2753 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
True Grit
7.3

True Gritတဲ့ တစိုက်မတ်မတ်ပြီးဆုံးတဲ့ထိ လုပ်တဲ့လူပေါ့ ဒီရုပ်ရှင်ဟာ ၁၉၆၉ ကထွက်ပြီးသားရုပ်ရှင်ကို ကိုအန်ညီအစ်ကိုနှစ်ယောက်က ၂၀၁၀မှာ remakeပြန်ရိုက်ထားတာ ကိုအန်ညီအစ်ကိုဆိုတာလည်း No Country for old men တို့လို မာစတာပိစ်တွေရိုက်တာဆိုတော့ ထူးထူးထွေထွေ ညွှန်းမနေချင်ဘူး ပါတဲ့လူတွေပြောမယ်ဗျာ Hawkeye မင်းသမီး ဟေလီစတိန်းဖီးလ် နောက်မက်ဒေမွန် Hell or High Water ထဲက ဂျက်ဘရစ်ဂျက်စ် နောက်ဗီလိန်က မောင်သားနို့စ် ဂျို့ရှ်ဘရိုလင် ဇာတ်လမ်းကတော့ ပေါ့ပေါ့ပါးပါးပါပဲ ၁၈၇၀ဝန်းကျင် အမေရိကန်မှာ ကောင်းဘွိုင်တွေ ရိန်းဂျားတွေ မာရှယ်တွေ အခြေချနေထိုင်သူတွေ အင်ဒီးယန်း အတိုအရှည်မျိုးစုံနဲ့ မြင်းတွေစီး လူသတ်ဓါးပြတိုက် တဖောင်းတဒိုင်းဒိုင်းကာလပေါ့ ကောင်မလေးက အပျိုဖြန်းလေးတန်မဲ့ ကြမ်းကြမ်းရမ်းရမ်း တစ်ယောက်နဲ့ တစ်ယောက်ကလည်း အစေးမကပ်တဲ့ လူနှစ်ယောက်နဲ့ အဖေကိုသတ်တဲ့လူနောက် လိုက်တဲ့ စွန့်စားခန်းပါ ခရီးအတူသွားချင်း သံယောဇဉ်နဲ့ စာနာမှုတွေ လူကြမ်းပေမယ့် နှလုံးသားနုတာ အလွမ်းအဆွေး အပစ်အခတ်ပေါင်းစုံပါပဲ IMDB 6.7 ဆိုတော့ မကောင်းမှာတော့ မပူရဘူး ၂၀၁၀ True Grit က အမေရိကန် ကောင်းဘွိုင်စတိုင် မြင်းစီးအပစ်အခတ် ဇာတ်လမ်းတွေ ကြည့်ချင်တဲ့သူအဖို့တော့ မငြီးငွေ့စေရဘူးလို့ပဲ ပြောချင်ပါတယ် File size…(2.2 GB)/(1 GB)/(500 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:50:00 Genre...Drama, Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Brownie

Action • Crime • Thriller
7.3 2010 110 mins
True Grit
Ludo
7.3

(အလန်းစားကားမို့ WEB-DL1080P5.1CH,720Pတို့ဖြင့်တင်ဆက်ပေးထားပါသည်...)) တစ်ချို့ကားတွေရှိတယ်''Cast ကားကောင်းပေမဲ့ဇာတ်လမ်းမကောင်းတော့ မှန်းချက်နဲ့မကိုက်'' ဒီကားကတော့ခြွင်းချက်''ပါဝင်ထားတဲ့ Cast တွေက အားရစရာပါ...မြန်မာပရိတ်သတ်တွေနဲ့ရင်းနီှးကြတဲ့ ရဲနဲ့သူခိုးဖမ်းတမ်းကစားတဲ့ကားမှာမိမလိုနဲ့အမြဲကပ်ပြီးလွတ်သွားတဲ့ရဲသားကြီး Abhishek Bachchan '' သရဲမလေးကိုမှစွဲလန်းချစ်မိသွားတဲ့ Rajkummar Rao'' ထွက်သမျှကားတိုင်းမသောက်ရမနေနိုင်တဲ့ရှကီဘဲကြီး Aditya Roy Kapoor''အခုနောက်ပိုင်းထွက်တဲ့ဇာတ်ကားတိုင်းသူ့ခြေရာကနေမလွတ်တဲ့ဟာသဗီလိန်ကြီး Pankaj Tripathi''Hollywood ကားတွေပါတောင်ပါတယ်ဗျ''... ​ချစ်ဖို့ကောင်းတဲ့နပမ်းသမားမလေးနှစ်ယောက်ဖြစ်တဲ့ Fatima Sana Shaikh နဲ့ Sanya Malhotra ''ဂျွတ်ထိုးတတ်တဲ့ဆရာမလေးကားထဲမှာပါတဲ့စာတော်တဲ့ကျောင်းသားဆိုးလေး Rohit Saraf''အဲ့လိုCast တွေကိုအသုပ်စုံလိုသမထားပေမဲ့ဇာတ်ကားက အချိတ်အဆက်မိမိနဲ့ ဂေါ်ထွက်နေပါတယ်... ဒါရိုက်တာကလည်း '' Anurag Basu''ဖြစ်ပြီး''Ranbir Kapoor ရဲ့ Barfi''လက်ပွားမင်းသားရဲ့ Kites တို့လိုဇာတ်လမ်းခပ်ဆန်းဆန်းတွေရိုက်ပြီး''ဆုတွေလည်းရထားတာတဲ့သူပါ... ကြည့်ရတန်မယ်ဆိုတာအာမခံပါတယ်''Ludo ဆိုတဲ့ဂိမ်းလိုမျိုးပဲကြည့်သူတွေကိုဘယ်လိုလှည့်ကွက်နဲ့ဖမ်းစားမလဲဆိုတာကိုတော့ အညွှန်းက စပွိုင်လာဖြစ်နေမှာစိုးလို့ သီးခြားကြီးမရေးတော့ပါဘူး... မှုခင်းလည်းပါရမယ် ..အက်ရှင်လည်းပါရမယ် ..ဟာသလေတွေလည်းဖောက်ထားရမယ်.. Indiaကားလည်းဖြစ်ရမယ်ဆိုတဲ့သူတွေ နင်းကန်ဒေါင်းပြီးအားပေးသင့်ပါကြောင်း.... ဇာတ်လမ်းအညွှန်းကို Thu Hlaing မှရေးသားပေးထားပြီး ဘာသာပြန်သူများကတော့ Zwe Zan Aungနဲ့ Paing တို့ပဲဖြစ်ပါတယ်... File Size :(2.63GB)(1.16GB) and (429MB) Quality : NF WEB-DL 1080p 5.1CH, 720P Format…mp4 Duration…02:29:00 Genre :Action, Crime , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zwe Zan Aung & Paing Encoded by Phyo Pyae

Horror • Thriller
7.3 2020 150 mins
Ludo
Curious Caterer: Grilling Season
6.4

Curious Caterer: Grilling Season (2023) ============================= IMDb Rating – 6.4/10 ကလေးတစ်ယောက်အမေ ဂိုဒီတယောက် သူငယ်ချင်း ဖြစ်သူ၏ စနိုက်ကြော် ခံလိုက်ရပြီး စနိုက်မ သူငယ်ချင်း မွေးနေ့မှာ အကျွေးအမွေးတာဝန်ခံအဖြစ် လုပ်ဖို့ကြုံလာ ပါတယ်။ ကံဆိုးချင်တော့ အဲ့ဒီနေ့ညပဲ ထိုသူငယ်ချင်းမ အသတ်ခံ ရတဲ့ကိစ္စမှာ အကင်စက်လည်းပေါက်ကွဲသွားတာမို့ လုပ်ငန်း နာမည်ပျက်ကိန်းဆိုက်လာတာကြောင့် စုံထောက်အဆင် လေးရဲ့ အကူညီကိုယူပြီး မွေးနေ့ပွဲတက်သူတွေထဲကနေ တရားခံကြိုးစားရှာဖွေကြပုံကိုမြင်တွေ့ကြရမှာ ဖြစ်ပါ တယ်။စုံထောက်မှုခင်းကားလဲ ကြည့်ချင်တယ် ဦးနှောက် ခြောက်ခံပြီးလဲ မစဉ်းစားချင်သူတွေအတွက် ပေါ့ပေါ့ပါးပါး မှုခင်းကားလေးပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Chit Min Thu ဖြစ်ပါတယ်) File Size……….(1.5 GB) / (590 MB) / (340 MB) Quality…………WEB-RIP 1080p / 720p / 480P Duration………1Hr 52Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Mystery Translator…….Chit Min Thu Encoder……….SWM

6.4 2023
Curious Caterer: Grilling Season
White Noise
5.5

ဗိသုကာတစ်ယောက်ဖြစ်တဲ့ဂျိုနာသန်ရေးဗားဟာဇနီးသည်စာရေးဆရာဖြစ်တဲ့အန်နာနဲ့အတူအရင်အိမ်ထောင်ကရတဲ့သားကိုအလှည့်ကျအုပ်ထိန်းရင်းသာယာတဲ့အိမ်ထောင်တစ်ခုကိုပိုင်ဆိုင်ပါတယ်။မနက်ခင်းတစ်ခုမှာတော့ အန်နာကသူကိုယ်ဝန်ရှိနေပြီဆိုတဲ့အကြောင်းဖွင့်ပြောခဲ့တဲ့အတွက်ဂျိုနာသန်တစ်ယောက်ပျော်ရွှင်လို့မဝသေးခင်မှာပဲ အန်နာဟာသူ့ သူငယ်ချင်းဆီကအိမ်အပြန်လမ်းမှာပျောက်ချင်းမလှပျောက်သွားခဲ့ပါတယ်။ အန်နာပြန်လာနေတဲ့လမ်းမှာရပ်ထားတဲ့ သူ့ကား၊ဖိနပ် အစရှိတာတွေကိုရဲတွေရှာတွေ့ခဲ့ပေမယ့် အန်နာ့ကိုတော့ အစအနရှာမရပါဘူး။ အဲ့ဒီအချိန်မှာသူ့ကို ရေမွန်ပရိုက်စ်ဆိုတဲ့လူတစ်ယောက် သူ့ဆီရောက်လာခဲ့ပြီး အန်နာဟာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့အကြောင်းနဲသူ့ဆီကိုဆက်သွယ်လာကြောင်းပြောပြလာပါတယ်။သူ့ဇနီးသည်သေဆုံးပြီဆိုတာကိုလက်မခံနိုင်တဲ့ဂျိုနာသန်ကခါးခါးသီးသီးငြင်းဆန်ခဲ့ပေမယ့်မကြာခင်မှာအန်နာ့အလောင်းကိုရှာတွေ့သွားခဲ့တဲ့နောက်၊ဒါ့အပြင်သူကိုယ်တိုင်ဆီကိုပါသေဆုံးသူဇနီးသည်အန်နာဆီကဖုန်းတွေဝင်လာအသံတွေကြားလာတဲ့နောက်မှာတော့ ပဟေဠိဖြစ်နေတဲ့ အန်နာ့သေဆုံးမှုကိုအဖြေသိချင်တဲ့၊ သူ့ဇနီးသည်ကိုနောက်ဆုံးအဖြစ်မြင်လိုတဲ့ စိတ်တွေနဲ့ အန်နာကိုအဆက်အသွယ်ရဖို့ကြိုးစားပါတော့တယ်။ ဒါပေမယ့်တစ်ဖက်လောကမှာကိုယ်ဆက်သွယ်ချင်တဲ့သူ၊ကိုယ်ချစ်ခင်ရတဲ့သူတွေသာမဟုတ်ပဲရန်လိုတဲ့ကြောက်မက်ဖွယ်ဝိဉာဉ်တွေလည်းရှိနေသေးတယ်ဆိုတာကို ဂျိုနာသန်မေ့လျော့နေခဲ့ပါတယ်။မကြာသေးခင်ကမှ The FlashမှာBruceWayneအဖြစ်ပြန်လည်တွေ့ခဲ့ရတဲ့Batmanမင်းသားဟောင်းကြီးMichaelKeatonခေါင်းဆောင်ပါဝင်တဲ့ဒီဇာတ်ကားဟာတစ်ချိန်ကနာမည်ကျော်ခဲ့တဲ့Horrorတစ်ကားဖြစ်ပြီးgenreaudienceတွေလက်မလွတ်သင့်တဲ့ကားဟောင်းကားကောင်းတစ်ကားဖြစ်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Drama, Horror, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias

5.5 2005
White Noise
Surongo
6.6

Surongo (2023) IMDb-6.6/10 မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီး နှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။ တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့် အချစ်မှာကျရှုံးမိပါလေရော။ ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက် ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့ လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘ လက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီး မလေးရှားတက်အလုပ်လုပ်ပါလေရော။ အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေ မထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်)

6.6 2023 158 mins
Surongo
Manbaby
5.7

လောကမှာ ရတာမလို လိုတာမရ ဆိုတဲ့ ဖြစ်ရပ်တွေအများကြီးရှိကြပါတယ်။ ဒါပေမဲ့ ကိုယ်လိုချင်တာကိုရဖို့ လောကသဘာဝ နိယာမတွေနဲ့ ဆန့်ကျင်ပြီး လုပ်ယူမယ်ဆိုရင်တော့ နောက်ဆက်တွဲဆိုးကျိုးတွေဆိုတာ ရှိစမြဲပဲလေ….. ဒီဇာတ်ကားလေးကတော့ မိသားစုဟာသ ကားလေးတစ်ကားဖြစ်ပြီးတော့ လူရွှင်တော်အလုပ်နဲ့ အသက်မွေးတဲ့ ယောကျ်ားဖြစ်သူနဲ့ မျိုးရိုးစဉ်ဆက် ဟော်မုန်းဆိုင်ရာ သိပ္ပံပညာရှင်တွေဖြစ်တဲ့ မိန်းမနဲ့ လင်မယားချင်း ကလေးယူမယ်/မယူဘူး သဘောထားကွဲလွဲတာကနေ စတဲ့ဇာတ်အိမ်ကလေးပေါ့။ ကလေးရူး ရူးနေတဲ့ယောက်ျားဖြစ်သူနဲ့ No Child Marriage ဖြစ်ချင်နေတဲ့ မိန်းမဖြစ်သူ သိပ္ပံပညာရှင် ဒေါက်တာတို့ သဘောထားကွဲပြီးတော့ ယောကျ်ားဖြစ်သူက သူ့မိန်းမစိတ်ကိုပြောင်းလဲနိုင်ဖို့အတွက် ကလေးတစ်ယောက်လို ဟန်ဆောင်ပြီး ကြိုးစားတဲ့ Comedy ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ် ဘာတွေဆက်ဖြစ်လာမလဲဆိုတာတော့ ဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုခံစားလိုက်ကြပါဦးနော်….. ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(1.8 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:33:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Leo

5.7 2022
Manbaby
Nomad
6.8

Nomad (1982) ၁၉၇၉ မှာ ဟောင်ကောင် New Wave စတင်ခဲ့ပြီး ၁၉၈၀မှာတော့ ဒီနယူးဝေ့ရဲ့အရှိန်နဲ့ ဟောင်ကောင်ရုပ်ရှင်လောက တစ်ချိုးတကွေ့ပြောင်းလဲခဲ့တယ်။ အဲဒီအပြောင်းအလဲရဲ့နောက်မှာ ခင်ဗျားတို့ ကျွန်တော်တို့ သိပ်ကြိုက်ပါတယ်ဆိုတဲ့ ဟောင်ကောင်ရုပ်ရှင်တွေအများကြီးထွက်လာခဲ့တယ်။ First New Wave မှာတော့ Ann Hui, Tsui Hark, Patrick Tam, Allen Fong တို့ရဲ့ ရုပ်ရှင်တွေထွက်ရှိခဲ့တယ်။ Ann Hui နဲ့ Tsui Hark ကိုတော့ အားလုံးကောင်းကောင်းသိကြမှာပါ။ Tsui Hark ကတော့ A Chinese Ghost Story ကိုရိုက်ခဲ့တဲ့၊ A Better Tomorrow ကို ပရိုဂျူဆာလုပ်ခဲ့တဲ့ဘဲပါပဲ။ ဟောင်ကောင်ရုပ်ရှင်ရဲ့ Second New Wave ကတော့ 1984 မှာစတင်ခဲ့ပြီး လက်ရှိကာလအထိအကျုံးဝင်နေပါသေးတယ်။ ပထမနယူးဝေ့ကနေ အားယူပြီး ထွက်ပေါ်လာတဲ့ ဒုတိယနယူးဝေ့မှာတော့ ကျွန်တော်တို့သိပ်ခိုက်ရတဲ့ ဒါရိုက်တာတွေပေါ်လာပါတယ်။ Mabel Cheung ရဲ့ The Illegal Immigrant နဲ့ An Autumn’s Tale, John Woo ရဲ့ A Better Tomorrow, Stanley Kwan ရဲ့ Rouge, ဝေါင်ကာဝေးရဲ့ As Tears Go By, Days of Being Wild နဲ့ Chungking Express, Fruit Chan ရဲ့ Made in Hong Kong, နောက် မာတင်စကောဆေးစိကြီးပါ မှီးခဲ့ရ ပြန်ရိုက်ခဲ့ရတဲ့ Infernal Affairs တို့ပါပဲ။ ဝေါင်ကာဝေးရဲ့ As Tears Go By က နောက်ဆုံးအခန်းကို မာတင်ကြီးက Gangs of New York မှာပြန်သုံးခဲ့ပေမဲ့ As Tears Go by ကလည်း မာတင်ကြီးရဲ့ Mean Streets ကို မှီးခဲ့ဖူးတော့ ကျွန်းကိုင်မှီ ကိုင်းကျွန်းမှီပါပဲ။ ဟောင်ကောင် နယူးဝေ့ဟာ မာတင်စကောဆေးစိလို ခေါင်တကော့ခေါင် ဒါရိုက်တာကြီးတွေကိုပါ သက်ရောက်မှုရှိခဲ့ဖူးတယ်။ ဟောင်ကောင်နယူးဝေ့ဟာ နိုင်ငံခြားရုပ်ရှင်တွေကနေ ဖြစ်တည်လာခဲ့သလို နိုင်ငံခြားရုပ်ရှင်တွေဟာလည်း ဟောင်ကောင်နယူးဝေ့ကနေ ပြန်မှီးခဲ့ရဖူးတာပါပဲ။ ဘာလို့ ကားအကြောင်းမပြောဘဲ ဒါတွေပြောနေသလဲဆို ဒီကားက သိပ်မကောင်းလို့ပါပဲ။ သိပ်မကောင်းဆို ဒီကားက ၁၉၇၉မှာစခဲ့တဲ့ ဟောင်ကောင် ပထမနယူးဝေ့ရဲ့ အစောပိုင်း ကားဆယ်ဂဏန်းလောက်ထဲက တစ်ကားပါပဲ။ အရွေ့တစ်ခုရဲ့အစကို ပျိုးခဲ့တဲ့ကားဖြစ်နေတော့ ခေတ်ဟောင်းနဲ့ခေတ်သစ်ရဲ့ အကူးအပြောင်းကာလမှာ လက်ခံခြင်းမခံခြင်းစည်းနှစ်ခုခြားရပ်ခဲ့ရတဲ့ ရုပ်ရှင်တွေထဲက တစ်ကားဆိုတော့ ဟိုမကျ ဒီမကျတော့ ဖြစ်နေပါတယ်။ Nomad ရဲ့ ဒါရိုက်တာ ပက်ထရစ်ထန်းဟာ ဟောင်ကောင်ပထမနယူးဝေ့ရဲ့အစ ၁၉၈၀မှာလည်း The Sword ဆိုတဲ့ကားတစ်ကားထွက်ဖူးတယ်။ ဒီကားက ဟောင်ကောင်ပထမနယူးဝေ့ထဲက သူ့ရဲ့ဒုတိယကားပေါ့။ ပထမကားကတော့ ခေတ်ဟောင်းရဲ့အငွေ့ပိုသင်းပေမဲ့ ဒီကားမှာတော့ ခေတ်သစ်ရဲ့အငွေ့တော့ ပိုသင်းလာခဲ့တယ်။ ဒီလိုပိုသင်းလာတာနဲ့အမျှပဲ အရွေ့ကြားထဲက ဒီကားကပိုဂွမ်းသွားတယ်။ ဒါပေမဲ့ ဒီကားကျေးဇူးနဲ့ နောက်ပိုင်းမှာ မာစတာပိစ်လို့ ကျွန်တော်တို့ ခေါ်ကြတဲ့ ရုပ်ရှင်တွေထွက်လာခဲ့လေတော့ ဒီကားကို ကျွန်တော်တို့ ပစ်ပယ်ထားလို့မရပြန်ဘူး။ ဒီ Nomad ကို ဟောင်ကောင်နယူးဝေ့ကို ကိုယ်စားပြုနေတဲ့ ရုပ်ရှင်တွေထဲကတစ်ကားလို့လည်း ဆိုကြတယ်။ လတ်စလီချောင်အနေနဲ့လည်း ဝေါင်ကာဝေးလက်ထဲမရောက်ခင် Farewell My Concubine တို့ မတိုင်ခင် ၁၀စုနှစ်တစ်ခု အစောပိုင်းက ကားဆိုတော့ လတ်စလီချောင်ရဲ့ သရုပ်ဆောင်စွမ်းရည်လည်း အရောင်မထွက်သေးဘူး။ ဇာတ်ကလည်း ဖွယ်တယ်တယ်နဲ့ စိတ်ပျက်စရာတော့ကောင်းနေတယ်။ ဒါပေမဲ့လည်း ဟောင်ကောင်ပထမနယူးဝေ့ရဲ့ အမှတ်သညာရုပ်ရှင်တစ်ခုအဖြစ် တစ်ခုတ်တရကြည့်ကြတဲ့ ရုပ်ရှင်ဆိုတော့လည်း ဟောင်ကောင်ရုပ်ရှင်တွေကို ချစ်ရင် ကြည့်သင့်ပြန်တာပါပဲ။ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ စိမ်းတဲ့သူတွေတော့ ဘယ်လိုမှမကြည့်သင့်ပါဘူး။ အခန့်မသင့်ရင် ဟောင်ကောင်ကားတွေကိုပါ မုန်းသွားနိုင်တယ်။ Nomad (1982) ဟာ ဇာတ်လမ်းတည်ဆောက်မှု မခိုင်မာသလို သရုပ်ဆောင်တွေလည်း မကောင်းလှပေမဲ့ ဒီလိုရဲတင်းတဲ့တင်ပြမှုပုံစံကနေ ဒီလိုဇာတ်လမ်းပုံစံမျိုးကနေမှ ကျွန်တော်တို့ကြိုက်လှပါတယ်ဆိုတဲ့ ရုပ်ရှင်တွေဖြစ်လာတာကိုတော့ အသိအမှတ်ပြုရမှာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 820MB Quality – 1080p, 720p IMDb Rating – 6.8/10 Format – mp4 Duration – 1H 36Min Genre – Drama, Romance, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

TV Movie • Romance • Comedy
6.8 1982 96 mins
Nomad
Woman with the Red Lipstick
5.5

Woman with the Red Lipstick (2024) =========================== ဂျာနယ်လစ်မလေး လူစီကာဗာတစ်ယောက် ပျောက်သွားတဲ့ ကောင်မလေးတစ်ယောက်အကြောင်းဆောင်းပါးရေးဖို့ အ ကြောင်းဖန်လာတဲ့အခါမှာ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုရမဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ လူစီက ‌အလုပ်အရမ်းကြိုးစားတဲ့သူဖြစ်တာနဲ့အညီ ဆောင်းပါး ကောင်းတစ်ခုရေးဖို့အတွက် ဇာတ်လမ်းတစ်ခုရှာနေတာဖြစ်နေ တယ်။ တစ်နေ့ သူသတင်းကြည့်နေတဲ့အချိန်မှာ မက်ဂ်နိုလီယာ ဆိုတဲ့ ကောင်မလေးတစ်ယောက်ပျောက်ဆုံးသွားတဲ့အမှုကို သူ အတော်လေးစိတ်ဝင်စားသွားတယ်။ မက်ဂ်နိုလီယာ့အကြောင်း မစုံစမ်းဖို့နဲ့ ဆောင်းပါးမရေးဖို့အတွက် လူအများတားနေတဲ့ကြား ထဲကနေ အလုပ်အပေါ်အရမ်းစိတ်နှစ်ပြီး သူ့‌ကိုနောက်ယောင်ခံ လိုက်နေတဲ့လူရှိတဲ့အပြင် ချစ်သူကောင်လေးနဲ့ပါပြတ်သွားပါတော့ တယ်။ ဒီလိုအကြပ်အတည်းတွေကြားထဲကနေ လူစီတစ်ယောက် ဘယ်လိုအမှုဖော်မလဲဆိုတာ စိတ်ဝင်တစားနဲ့ကြည့်ရှုရမဲ့ဇာတ် ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1.44 GB) / (520 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 27Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Thriller Translator…….Khant Sett Naing Encoder……….SWM

Drama
5.5 2024 88 mins
Woman with the Red Lipstick
Follow Bear to Adventure
6

ကုမ္ပဏီကြီးတစ်ခုရဲ့ အောက်ခြေဝန်ထမ်းဖြစ်တဲ့ ရှီထူဟာ ကုမ္ပဏီမှာ ၂ နှစ်လောက် အလုပ်လုပ်ခဲ့ပေမဲ့ မန်နေဂျာရဲ့ လက်ထောက်အနေနဲ့ ခိုင်းဖက်အဆင့်ကမတက်နိုင် ဖြစ်နေပါတယ်။ တိုးတက်ချင်တဲ့ ရှိထူဟာ မန်နေဂျာကို ပရောဂျက်လုပ်ခွင့်တောင်းခဲ့ပေမဲ့ မန်နေဂျာက သူ့ကို အထင်သေးစွာ ဆက်ဆံခဲ့တဲ့အတွက် အလုပ်က ထွက်လာခဲ့ပါတယ်။ ကုမ္ပဏီက တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ပြီး အပန်းဖြေစခန်းဆောက်ဖို့ စီမံကိန်းရှိတာ သိတဲ့ ရှီထူဟာ ကြားဖြတ်အမြတ်ရနိုင်ဖို့အတွက် သူငယ်ချင်းဖြစ်သူ လျိုဟောက်နဲ့အတူ ပိုင်ဆိုင်မှုအကုန်ရင်းနှီးပြီး တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ခဲ့ပေမဲ့ ထင်ထားသလို အမြတ်ကြီးတင်ပြီး ရောင်းမရခဲ့ ဖြစ်သွားပါတယ်။ တိရစ္ဆာန်ကြီးကြီးမားမားမရှိတဲ့ ပိတ်သိမ်းခါနီး တိရစ္ဆာန်ဥယျာဉ်ကို ရှီထူတစ်ယောက် ပြန်လည်အောင်မြင်လာအောင် လုပ်ဖို့ အကြံကောင်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။ လူတွေက တိရစ္ဆာန်ဟန်ဆောင်ဖို့ပါပဲ…… ရှီထူတို့အဖွဲ့ တိရစ္ဆာန်ဥယျာဉ်ကို ပြန်လည်အောင်မြင်အောင် ဘယ်လိုကြိုးစားကြမလဲ…… လူတွေက တိရစ္ဆာန်အဖြစ် ဟန်ဆောင်ရာမှာ ဘယ်လိုကမောက်ကမအဖြစ်အပျက်တွေနဲ့ ဟာသတွေ ဖြစ်မလဲ…… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုရယ်မောလိုက်ရအောင်နော်။

6 2024
Follow Bear to Adventure
Not Friends
7.8

“သူငယ်ချင်း” မဟုတ်ခဲ့သော သူငယ်ချင်းများ (၂၀၂၄) “ပဲ” ဟာ ဂျုံကြိတ်စက်ရုံပိုင်ရှင်ရဲ့သားဖြစ်ပေမဲ့ မိဘလက်ငုပ်လက်ရင်းစီးပွားရေးကို အမုန်းကြီးမုန်းနေတဲ့သူပါ။ အကြောင်းအရင်းကတော့ ဂျုံစက်ရုံက အချဉ်ဖောက်တဲ့အနံ့ကြောင့် အင်္ကျီက ချဉ်စုတ်စုတ်အနံ့ရတယ်ဆိုပြီး ကျောင်းမှာ အပယ်ခံဖြစ်နေတဲ့အတွက်ပါပဲ။ ဒီအင်္ကျီကိစ္စနဲ့ပဲ စော်ပစ်ခံရပြီး နောက်ဆုံး ရန်ဖြစ်လို့ ကျောင်းပြီးဖို့နောက်ဆုံးနှစ်ဝက်ကျမှ ကျောင်းပါပြောင်းခံရတဲ့အထိပါပဲ။ ကိုယ့်ကို ထမင်းကျွေးနေတဲ့ အိမ်ရဲ့စီးပွားရေးကို ရွံပြနေတဲ့ပဲကိုလည်း အဖေဖြစ်သူက မကြည်ပါဘူး။ အခု ၁၂ တန်းအောင်ပြီးလို့တက္ကသိုလ်မတက်နိုင်ရင် ဂျုံကြိတ်စက်ရုံမှာ အလုပ်လုပ်ရမယ်လို့ကြိမ်းထားတာဖြစ်တဲ့အတွက် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ အတန်းတက်လာတဲ့ “ပဲ” တစ်ယောက် အကြံအိုက်နေတာပေါ့။ တစ်နေ့ အတန်းထဲမှာ ဇာတ်လမ်းတိုပြိုင်ပွဲမှာ အရွေးခံရရင် တက္ကသိုလ်တန်းတက်ရမယ်ဆိုပြီး လာခေါ်တော့ ပဲတစ်ယောက် ရေငတ်တုန်း ရေတွင်းထဲကျသွားပြီး ပရိသတ်ရင်ထဲထိအောင် လောလောလတ်လတ် နာရေးလုပ်ထားတဲ့ သူ့ဘေးကသူငယ်ချင်းဂျိုးအကြောင်း ဇာတ်လမ်းတိုရိုက်ဖို့လုပ်ပါတော့တယ်။ ဂျိုးအကြောင်းမေးရင် သဘောကျတယ်လို့လူတိုင်းဖြေကြပေမဲ့ တကယ်တမ်းဂျိုးအကြောင်းကို ဘယ်သူမှသေချာမသိနေကြတော့ “ပဲ” တစ်ယောက်အကြပ်ရိုက်နေချိန်မှ ဂျိုးရဲ့ဆုရဇာတ်ညွှန်းတိုအကြောင်း တစ်စွန်းတစ်စ သိလိုက်ရတဲ့အခါ…၊ ကိုယ်တိုင်ကလည်း အကြံကထွက်မလာ တစ်ဖက်ကလည်း ကျောင်းမှာဟိုးလေးတကျော်ဖြစ်တဲ့ကြားက ဂျိုးကိုအသုံးချချင်တဲ့ သူရဲ့မဟာအကြံကို ဂျိုးအကြောင်းကိုတကယ်သိတဲ့ဘိုကေးက သိသွားတဲ့သူကရှိနေပြန်တော့ ချော်လဲရောထိုင်ရင်း ဂျိုးရဲ့ဇာတ်ညွှန်းတိုကို ဇာတ်လမ်းတိုရိုက်ဖို့ဖြစ်သွားပါတော့တယ်။ ဒီဇာတ်လမ်းတိုရိုက်ဖို့ပြင်နေရင်းနဲ့ ဘယ်လိုလျှို့ဝှက်ချက်တွေကို ၅၂၈ မမည်တဲ့ ရင်ထဲမရောက် သူငယ်ချင်း‌တစ်စု ဖော်ထုတ်မိမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kaung, Mary, Char Ou, Hazel တို့ပဲ ဖြစ်ကြပါတယ်။ Genre….. Drama, Comedy Quality…. 1080p | 720p File size… 1.3GB | 704MB Format… mp4 Duration…. 2h 10min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Kaung, Mary, Char Ou, Hazel Encoder ….. Aaron

Drama • Documentary
7.8 2023
Not Friends
Baby Geniuses

ဇာတ်လမ်းကတော့ အမွှာကလေးနှစ်ယောက်ဖြစ်တဲ့ ဆလိုင် နဲ့ ဝစ် (Leo, Gary နဲ့ Myles Fitzgerald) တို့ကို သိပ္ပံစမ်းသပ်မှုတစ်ခုအတွက် ရည်ရွယ်ပြီးမွေးဖွားခဲ့တာပါ။ ဆလိုင်ကို ဒေါက်တာအယ်လီနာကင်ဒါ(Kathleen Turner)က ယူထားပြီး ဝစ်ကိုတော့ ဒန် (Peter MacNicol) နဲ့ ရော်ဘင် (Kim Cattrall)တို့က မွေးစားထားခဲ့ပါတယ်။ တစ်သက်လုံး စမ်းသပ်မှုတွေအောက်မှာ ကြီးပြင်းလာခဲ့ရတဲ့ ဆလိုင်ဟာ အကြိမ်ကြိမ်ထွက်ပြေးဖို့ကြိုးစားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်မှာတော့ လွတ်မြောက်သွားခဲ့ပါတယ်။ ဒါကို ပြန်လိုက်ဖမ်းတဲ့လူတွေက ဝစ်ကို လူမှားဖမ်းခေါ်သွားတဲ့အခါ အရင်ကမသိရသေးတဲ့လျှို့ဝှက်ချက်တွေ ပေါ်‌ပေါက်လာပါတယ်။ ဒီဇာတ်လမ်းဟာ Box office မှာ အတော်လေးအောင်ပွဲခံခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ Sequel ဖြစ်တဲ့ Superbabies: Baby Geniuses 2 ထပ်ထွက်လာခဲ့ပေမယ့် သရုပ်ဆောင်မှုများ၊ ဟာသ၊ အထူးပြုလုပ်ချက်များ၊ ဇာတ်ညွှန်းနဲ့ ဒါရိုက်တာတို့ ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရပါတယ်။ ဒီဇာတ်ကားမှာ တစ်ခုတည်းသော အမှတ်ပေးစရာကတော့ ဒီရုပ်ရှင်ဟာ လူသားတွေရဲ့ မြင်နိုင်တဲ့ပြောပုံဆိုပုံကို ကွန်ပျူတာနဲ့ ဖန်တီးထားတဲ့ ပထမဆုံး ဇာတ်လမ်းအရှည် ရုပ်ရှင်အဖြစ် မှတ်တမ်းဝင်ပါတယ်။ ပါးစပ်ပိတ်ထားလျက် ရိုက်ကူးခဲ့တဲ့ ကလေးငယ်တွေရဲ့ ပါးစပ်လှုပ်ရှားပုံ (viseme shapes) တွေကို ဒစ်ဂျစ်တယ်နည်းပညာနဲ့ လှုပ်ရှားစေဖို့ နှစ်ဖက်မြင်အလွှာထပ်နည်းပညာတွေကို အသုံးပြုခဲ့ပါတယ်။ ခုခေတ်မှာ အရမ်းမထူးခြားတော့ပေမယ့် တစ်ခေတ်တစ်ခါကတော့ အင်မတန်အဆင့်မြင့်တဲ့နည်းပညာဖြစ်ပါတယ်။ Home Alone အငွေ့အသက်တွေလည်း မြင်ရမှာပါ။ ရထားတဲ့ဆုတွေကတော့ အားရှိစရာပါပဲ။ အဆိုးဝါးဆုံး ဒါရိုက်တာဆု (ဘေးကမှတ်ချက်ကတော့ သူ့ကိုနောင်အခါ ဘယ်တော့မှဒါရိုက်တာပေးမလုပ်ပါနဲ့တော့ တဲ့) နဲ့ အဆိုးဝါးဆုံး အထူးပြုလုပ်ချက်တွေပါတဲ့။ Nomination ‌တွေကလည်း ထူးမခြားနားတွေပါပဲ။ ကောင်းသလား၊ ဂွမ်းသလားကတော့ ကိုယ်တိုင်ကြည့်ပြီး ဆုံးဖြတ်လိုက်ပါ။ ဒါရိုက်တာကတော့ Bob Clark ဖြစ်ပါတယ်။ အညွှန်းနှင့်ဘာသာပြန် Thompson ဖြစ်ပါတယ်။ File size… (1.6 GB) / (968 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Science Fiction, Comedy, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thompson

Thriller • Drama
0 1999
Baby Geniuses