YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Young.Justice.S04E17.720p(CM).mp4

149.41 MB 720p video/mp4 271 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Ride On
7

Ride On (2023) ============ မင်းသားကြီး ဂျက်ကီချန်းရဲ့ ရုပ်ရှင်အသစ်လာပါပြီ။ ဂျက်ကီချန်းနဲ့ အတူ ရှောင်လင် (၂၀၁၁) ရုပ်ရှင်မှာ ပါဝင်ဖူးခဲ့တဲ့ Xing Yu နဲ့ Jing Wu၊ New Police Story မှာ ပါဝင်ခဲ့တဲ့ Andy On နဲ့ Rongguang Yu တို့အတူပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီရုပ်ရှင်ကတော့ CGI တွေခေတ်မစားခင် ဂျက်ကီချန်းတို့ရဲ့ ဟောင်ကောင်ရုပ်ရှင်ရွှေခေတ်က စတန့်သမားတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ရိုက်ကူးထားတာလဲဖြစ်ပါ တယ်။ စတန့်သမားတွေရဲ့ ဘဝတွေ၊ ခံစားချက်တွေကို ပုံဖော်ပြသ ထားတာပါ။ ဇာတ်လမ်းအကျဉ်း - ဂျက်ကီချန်းဟာ လော့ကျီလုံဆိုတဲ့ စတန့်သမားဟောင်းအဘိုးကြီး အနေနဲ့ ပါဝင်ထားပါတယ်။ သူ့မှာ သားအရင်းလိုချစ်ရတဲ့ မြင်းလေး ဖိုးနီ(ချိထူ)ပဲရှိပြီး သူတို့နှစ်ယောက်တည်း ဆင်းဆင်းရဲရဲနဲ့ အလုပ် ရှာပြီး အသက်မွေးနေရတာပါ။ သူ့ရဲ့သမီး ရှောင်ပေါင် ကလည်း သူ့ကို စိတ်နာစရာတွေရှိတာကြောင့် စကားမပြော အသိအမှတ်မပြုပါဘူး။ သူ့ရဲ့မြင်းလေးဖိုးနီဟာ သူ့ကို ကုမ္ပဏီပိုင်ရှင်သူဌေးဝမ်က မသေခင် လက်ဆောင်ပေးခဲ့တာပါ။ ဒါပေမဲ့အဲဒီသူဌေးရဲ့ ကုမ္ပဏီ ဒေဝါလီခံရပြီး နောက်မှာ ကုမ္ပဏီအသစ်က သူ့ရဲ့မြင်းကိုပါ ကုမ္ပဏီပိုင်ပစ္စည်းအနေနဲ့ သိမ်းဖို့ကြိုးစားလာပါတယ်။ တချိန်တည်းမှာပဲ သူ့ရဲ့အကြွေးရှင်တွေ ကလည်း မြင်းကို အကြွေးနဲ့သိမ်းဖို့ အတင်းကြိုးစားလာပါတယ်။ အဲဒီ အန္တရာယ်တွေကြားမှာ မြင်းလေးကိုကာကွယ်ဖို့ ဘယ်လိုတိုက်ခိုက်ရုန်း ကန်ရလဲဆိုတာကို ဆက်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်) File Size..........(2.33 GB) / (1.0 GB) / (600 MB) Quality............WEB-DL 1080p / 720p / 480p Duration.........2Hr 06Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Comedy, Drama Translator.......Mr.Anderson Encoder..........SWM

Comedy • Crime • Drama
7 2023 126 mins
Ride On
Birdcage Inn
6.5

Birdcage Inn ဟာ ကင်ကီဒွပ်ရဲ့ အစောပိုင်း ကာလတွေတုန်းက ရုပ်ရှင်တစ်ကားပါ။ တိတိကျကျဆို တတိယမြောက်ကားပါ။ နောက်ပိုင်း တချို့ကားတွေမှာ ကင်ဟာ ပရိသတ်နဲ့ဈေးကွက်အကြိုက်အရ နာမည်ကျော်သရုပ်‌‌ဆောင်တွေသုံးရင်း သူ့ရုပ်ရှင်တွေကနေ သူပြချင်တဲ့အမှန်တရားရော သူကိုယ်တိုင်ရော ပျောက်ဆုံးဖူးခဲ့တယ်ဆိုပါတယ်။ အင်တာဗျူးတစ်ခုမှာ ရုပ်ရှင်ရိုက်တဲ့အခါ အရေးအကြီးဆုံးက ဘာလဲလို့မေးတော့ အမှန်တရား ဝါ ရိုးသားမှုလို့ဖြေခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ကတော့ သူ့ရုပ်ရှင်တွေမှာ သူ့ရင်ခုန်သံစစ်စစ်တွေကိုပဲ ကြားရချင်တဲ့ ကင်ရဲ့ အစောပိုင်းကာလတုန်းက အရိုးသားဆုံးရုပ်ရှင်တစ်ကားပါ။ ဇာတ်ကတော့ ငှက်လှောင်အိမ်အင်းလို့ခေါ်တဲ့ အင်းတစ်ခုဆီ ပြည့်တန်ဆာလုပ်ဖို့ လာတဲ့မိန်းမလှလေးတစ်ယောက်နဲ့စဖွင့်ထားတယ်။ ဒီအလုပ်က သူ့ကို ဘယ်လောက်ပင်ပန်းစေလဲတော့မသိပါဘူး။ အဖွင့်မှာ ရေစပ်နားချထားတဲ့ ခုံပေါ်မှာထိုင်ရင်း ငိုက်ပြီး ရေထဲပြုတ်ကျသွားတာနဲ့ စဖွင့်ထားတယ်။ Bad Guy မှာတော့ ကောလိပ်ကျောင်းသူလေးကနေ ဒီဘဝ ဘယ်လိုရောက်သွားလဲ အသေးစိတ်ပြထားပေမဲ့ ဒီထဲမှာတော့ ဒီကောင်မလေးရဲ့ ပြည့်တန်ဆာဘဝကိုပဲ သေချာပြထားတယ်။ တချို့အချက်တွေအရသူလည်း ကောလိပ်ကျောင်းသူ ဖြစ်ကောင်းဖြစ်ခဲ့ဖူးလောက်မယ်။ ဘာလို့ ဒီဘဝရောက်သွားလဲတော့ မရေမရာနဲ့ပဲ ပြသွားတယ်။ နောက်တော့ အဲဒီကောင်မလေးနဲ့ အင်းပိုင်ရှင်မိသားစုရဲ့ ဆက်ဆံရေးပေါ့။ သူတို့လည်း ချမ်းသာလှတယ်တော့ မဟုတ်ဘူး။ ဒီလိုပဲ။ မရှိလို့ လုပ်စားနေတာ။ ဒီရုပ်ရှင်ရဲ့ အဓိကဇာတ်ကောင် ၂ကောင်က သူတို့မိသားစုက ဒီအလုပ်ကိုမုန်းတဲ့သမီးရယ်၊ ခုနက ပြည့်တန်ဆာမလေးရယ်ပေါ့။ ထုံးစံအတိုင်း သူတို့၂ယောက်ရဲ့အခြေအနေကို အချစ်ကြောင့်လုပ်တာလား အမုန်းကြောင့်လုပ်တာလား မရေရာခြင်းတွေအပြည့်နဲ့ သီကျူးသွားတယ်။ ဒီပုံစံကိုတော့ ကင်ကီဒွပ်ပရိသတ်တွေရင်းနှီးပြီးသားပဲမလား။ ကင်ဟာ လုပ်ရပ်တွေမှာ အချစ်လားအမုန်းလားမသည်းကွဲနိုင်အောင်ပုံဖော်တတ်တဲ့ သူပါပဲ။ ဒီထဲမှာလည်း ပြည့်တန်ဆာမလေးက အိမ်ရှင်ကောင်မလေးနဲ့ အိမ်ရှင်ကောင်မလေးရဲ့ ရည်းစားကြား ပြဿနာရှာလိုက်တာလေးတွေရှိပေမဲ့ ဒါကို အချစ်ကြောင့်လည်း ပါတယ်လို့တော့ ကျွန်တော်တော့ မြင်တာပါပဲ။ ဒီရုပ်ရှင်ဟာ ပြည့်တန်ဆာမလေးရဲ့ အိပ်ခန်းတွေမနည်းပါပေမဲ့ အဲဒီအိပ်ခန်းတွေကိုယ်တိုင်ဟာ ဒီရုပ်ရှင်ရဲ့ ရိုးသားမှုကို အရောင်တင်ပေးထားတာတွေပါပဲ။ ကင်ဟာ ပြင်သစ်က ကမ်းခြေတစ်ခုမှာ ပန်းချီဆွဲရင်း နှစ်နှစ်လောက် အချိန်ဖြုန်းဖူးပါတယ်။ သူဘာပြပွဲမှလည်း မလုပ်ခဲ့ပါဘူး။ သူက သူ့ပန်းချီကားတွေကို လမ်းပေါ်မှာ တင်ပြခဲ့တဲ့သူပါ။ သူဘာလို့ပန်းချီဆွဲလဲဆို သူ့ပန်းချီကားတွေက စစချင်းကြည့်ရင် ဟီရိသြတ္တပ္ပ ကင်းမဲ့ပြီး ညစ်ညမ်းတယ်လို့ထင်ရပေမဲ့ သေချာကြည့်ကြည့်ရင်တော့ ဖန်တီးသူရဲ့ ရိုးသားခြင်းကို အပြည့်အဝ တွေ့မြင်နိုင်လို့ လို့ဆိုဖူးပါတယ်။ သူ့ရုပ်ရှင်တွေဟာလည်း ထိုနည်းလည်းကောင်းပါပဲ။ ညစ်ညမ်းတယ်လို့ထင်ကောင်းထင်ရနိုင်ပေမဲ့ သူဟာ သူသိတဲ့ဘဝတွေကို အရိုးသားဆုံးပြထားခဲ့တာပါပဲ။ ဒီရုပ်ရှင်ဟာလည်း ညစ်ညမ်းတာတွေ စိတ်ညစ်စရာတွေအပြည့်နဲ့ကို ရိုးရိုးသားသားနဲ့ လှနေတဲ့ ကင်ကီဒွပ်ရုပ်ရှင်တစ်ကားပါပဲ။ တစ်ခုရှိတာက ကင်ကီဒွပ်ဟာ ဒီပထမကားတွေမှာဆို ကိုရီးယားပြည်တွင်းမှာ ခွက်ခွက်လန်အောင်ရှုံးခဲ့တဲ့သူပါ။ ဒီကားနဲ့ နိုင်ငံတကာပရိသတ်တချို့ စရခဲ့ပါတယ်။ ဒီတော့ သူ့ဒီလိုကားဟောင်းတွေကို အကြည်ရဖို့ဆိုတာ အတော်လေးခက်ပါတယ်။ ဒီတိုင်းကြည့်ရဖို့တောင် မလွယ်ဘူးကိုး။ ဒီလိုတတိယမြောက်ရိုက်ခဲ့တဲ့ကားမျိုးဆို ရွှေထက်ရှားပါတယ်။ ဆိုတော့ကာ 1080p ဘာညာ ကွာလတီနဲ့ရှာမရပေမဲ့ ရုပ်သံကွာလတီမူကို နည်းနည်းအတိမ်းအစောင်းခံပြီး ကင်ကီဒွပ်ပရိသတ်တွေအတွက် ကင်ကီဒွပ်ကားကို ရှိတဲ့ကွာလတီလေးနဲ့ပဲ ကြံဖန် တင်ဆက်ပေးလိုက်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.5GB Quality - 480p IMDb Rating - 7/10 Format - mp4 Duration - 1H 45Min Genre - Adult, Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
6.5 1998 101 mins
Birdcage Inn
Keshu Ee Veedinte Nadhan
6.7

ဒီတစ်ခေါက်မှာတော့ comedy-drama အမျိုးအစား Tamil movie လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ငွေဆိုတာ ဒုတိယဘုရားသခင်ပဲလို့ သတ်မှတ်တဲ့သူရှိသလို ငွေထက် အရေးပါတဲ့အရာတွေ များတယ်လို့ သတ်မှတ်တဲ့သူတွေလည်း ဒုနဲ့ဒေးရှိကြပါတယ်။ ဒီကားလေးမှာတော့ အသက် ၆၀ အရွယ် Keshu ဆိုသူဟာ ကားမောင်းသင်တန်းပိုင်ရှင်ဖြစ်ပြီး သားသမီး ၂ ယောက်ရှိတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါ။ ဖြစ်ချင်တော့ မိဘတွေရဲ့ အမွေခွဲဝေတာနဲ့ ပတ်သက်ပြီး ညီမတွေရယ် သူတို့ရဲ့ ခင်ပွန်းတွေရယ်နဲ့ ဇာတ်ရှုပ်တွေ ဖြစ်လာပြီး မိသားစုလိုက် အားလုံး ဘုရားဖူးခရီးထွက်ဖို့ ဖြစ်ခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဘုရားဖူးခရီးသွားဖို့လုပ်တုန်း Keshu ဟာ ထီပေါက်တယ်လို့ ကြားသိလိုက်ရပါလေရော။ ဒီလိုနဲ့ Keshu တစ်ယောက် ထီပေါက်တယ်လို့ ကြားသိရတဲ့အခါမှာ ထီဆုငွေက အများကြီးရလား ရရဲ့သားနဲ့ မရဘူး ဖြစ်မလား... မောင်နှမတွေနဲ့ အမွေခွဲဝေဖို့ ဇာတ်ရှုပ်ကရော ဘယ်လိုဖြစ်သွားမလဲ.... ငွေက လူကို အရောင်ဆိုးမှာလား.... ဟာသနှောပြီး ပညာပေးရောတဲ့ ဒီဇာတ်ကားလေးကိုတော့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ ဆိုတော့ New Year လေးလုပ်ရင်း ၂၀၂၁ ရဲ့ စိတ်ညစ်စရာအားလုံးကို ဒီဇာတ်ကားလေးရယ် CM ရယ်နဲ့အတူ ဖြေဖျောက်လိုက်ကြရအောင်နော်။ File size…2.8GB / 1.4GB / 526MB Quality…1080p WEB DL & 720p & 480p Format…mp4 Duration….2h 21mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Go-O & Elorond & Shwe Pwint & Myo Myo

Documentary
6.7 2021 142 mins
Keshu Ee Veedinte Nadhan
Hugot
6

Hugot (2023) ကွိုင်းက ဘတ်စ်ကတ်ဘောဝါသနာပါပြီး ကိုယ်တိုင်လည်းကြိုးစားသလို အရည်အချင်းလည်းရှိတဲ့ လူငယ်တစ်ယောက်ပါ။ ဒါပေမဲ့ သူ့ဖခင်ကတော့ သူ့ဝါသနာကို ခါးခါးသီးသီးဖြစ်နေပြီး သင်္ဘောတက်ဖို့ပဲ တိုက်တွန်းနေပါတယ်။ ကွိုင်းမှာ သူ့ကိုတစ်ဖက်သက် ကြိုက်နေသလို ဆာတိုင်းကျွေးဖော်ရတဲ့ ဂျာပွတ်ဆိုတဲ့ သူငယ်ချင်းမလေးလည်းရှိပေမဲ့ သူတကယ်တမ်းစိတ်ဝင်စားပြီး မှန်းနေရတဲ့သူကတော့ သူ့ကစားဖော်ပြိုင်ဘက်ရဲ့ ရည်းစားဖြစ်တဲ့ တီနာ (Azi Acosta) ဖြစ်ပါတယ်။ တစ်နေ့တော့ ငွေရှာခိုင်းချင်တဲ့ သူ့ဖခင်ပါးစပ်ပိတ်သွားအောင်၊ သူ့ဝါသနာကို လွတ်လွတ်လပ်လပ်လိုက်စားနိုင်အောင် အလွယ်တကူငွေရတဲ့ မူးယစ်ဆေးပို့တဲ့ အလုပ်ကိုတွဲလုပ်မိရင်း ဇာတ်လမ်းတွေရှုပ်ဖို့ဖြစ်လာပါတော့တယ်။ ဇာတ်လမ်းထက်ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက Pamasahe တစ်ကားတည်းနဲ့ ရှေ့ဆုံးတန်းကိုရောက်လာခဲ့တဲ့ Azi Acosta လေးပါပဲ။ မလိုအပ်ဘဲ ထည့်ထားတဲ့ ဂျိန်းခန်းတွေအများကြီးပါဝင်တဲ့အတွက် စိတ်ကျေနပ်ကြမှာလည်း အသေအချာပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 855MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 39Min Genre - Crime, Drama, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Adventure • Drama • Romance • Western
6 2023 99 mins
Hugot
Level 16
6.1

Level 16 (2018) ~ IMDb – 6.1/10, Rotten Tomatoes – 83% ~ ၂၀၁၈ တုန်းကထွက်ရှိထားတဲ့ Level 16 ဆိုတဲ့ရုပ်ရှင်ကားလေးဟာ Thriller အမျိုးအစားကြိုက်တဲ့သူတွေအတွက်တော့ အံအကိုက်ဆုံးပါပဲ။ တစ်ကားလုံးမှာ ဘာဆက်ဖြစ်မလဲ… ဘယ်လိုတွေဖြစ်သွားမလဲဆိုတာကြိ စောင့်ကြည့်နေရမယ့် ကားမျိုးပေါ့။ ဇာတ်လမ်းလေးကတော့ ကျောင်းတစ်ခုကနေ စထားပါတယ်။ ကျောင်းရဲ့ ထူးခြားချက်က မိန်းကလေးတွေပဲ ရှိတဲ့အပြင် တစ်ခန်းမှာ ဆယ်ယောက်ဝန်းကျင်သာရှိတယ် သူတို့ကို သင်ကြားပေးတာကတော့ မိန်းမကောင်းတစ်ယောက်ရဲ့ ကိုယ်ကျင့်တရားတွေနဲ့ ရှောင်ကျဥ်ရမယ့် ဒုစရိုက်တွေရယ်ပဲ။ အချိန်မှန်နိုးထ အချိန်မှန် စာသင်ကြရတယ်။ အချိန်မှန် အားဆေးသောက်ကြရတယ်၊ အချိန်မှန်အိပ်ရတယ်။ ကျောင်းသူတွေကို အထပ် သို့ အဆင့်သတ်မှတ်ချက်နဲ့ ခွဲထားတယ်။ အဆင့် ၁၆မှာနေရတဲ့ကျောင်းသူတွေက စီနီယာအကျဆုံးပေါ့… သူတို့က ကျောင်းပြင်ပကိုလုံးဝထွက်ခွင့်မရကြပါဘူး။ ပြင်ပလေထုက သူတို့အတွက် အဆိပ်အတောက်ဖြစ်စေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပေါ့။ သူတို့ဟာ ချမှတ်ထားတဲ့ စည်းမျဥ်းတွေကို အတိအကျလိုက်နာရတဲ့အပြင် အနည်းငယ်တိမ်းစောင်းတာနဲ့ အောက်ဆုံးထပ်ကို ပို့ပြီး အပြစ်ပေးတာကို ခံကြရပါတယ်။ ဇာတ်ဆောင် ဗီဗီယန်ဆိုတဲ့ မိန်းကလေးက သူအဆင့်၁၆ကိုရောက်သွားချိန်မှာ အဆင့်၁၀မှာတုန်းက ခင်ခဲ့ရတဲ့ ဆိုဖီယာနဲ့ ပြန်ဆုံပါတယ်။ ငယ်ငယ်ကအစာမကြေစရာကိစ္စဖြစ်ခဲ့တာကြောင့် ဗီဗီယန်က မခေါ်မပြောနေပါတယ်။ ဆိုဖီယာဟာ တခြားမိန်းကလေးတွေလို ပျော်ရွှင်မနေဘဲ ဗီ​ဗီယန်ကို တိုက်တဲ့ဆေးတွေ မသောက်ဖို့ ကပ်တိုးလေး တားပါတယ်။ ဒီဆေးတွေက ဘာတွေလဲ… ဆေးမသောက်ရင် ဘာတွေ တွေ့မြင်ရမလဲ… ဒီကျောင်းရဲ့ လျှို့ဝှက်ချက်‌တွေက ဘာတွေလဲဆိုတာတော့ ပရိသတ်တို့ကိုယ်တိုင် ကြည့်ရှုဖော်ထုတ်လိုက်ကြပါ… (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 790MB Quality – 1080p, 720p IMDb Rating – 6.1/10 Format – mp4 Duration – 1H 52Min Genre – Drama, Sci-Fi, Thriller Subtitle – Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Chuck

Drama • Science Fiction • Thriller
6.1 2018 102 mins
Level 16
Righteous Kill
6

IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။ နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။ တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။ တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့… တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ဘယ်လိုဖမ်းမိအောင် အမှုလိုက်ကြမလဲ.. တရားခံရဲ့ ကြီးမားတဲ့လှည့်ကွက်ကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ) File size…(1.8 GB)/(900 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre…Crime, Mystery, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Emily

6 2008 101 mins
Righteous Kill
: Unknown Battle (2019)
6.1

အချိန်ကာလအားဖြင့် 1941-1943ဝန်းကျင် ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေစဥ်ကာလမှာဇာတ်အိမ်တည်ထားပါတယ်…..။ ဥရောပတစ်တိုက်လုံးနီးပါးကို ဂျာမဏီကသိမ်းပိုက်ပြီး ဆိုဗီယက်ယူနီယံကို စစ်ချီလာခဲ့တာ မော်စကိုကို သိမ်းပိုက်မိခါနီးနေပါပြီ….။ ဒီအချိန်မှာ ဆိုဗီယက်တပ်နီတော်မှလည်း Rzhev–Vyazmaဆိုတဲ့ ဗျူဟာမြောက် တန်ပြန်တိုက်စစ်ကို ပြင်ဆင်ကာ… နာဇီဂျာမဏီများကို မော်စကိုကနေ ပြန်လည်မောင်းထုတ်ခဲ့ကြပါတယ်…။ Rzhevဆိုတဲ့မြို့ဟာ မော်စကိုအနောက်ဘက် မိုင် ၁၄၀အကွာမှာရှိပြီး တန်ပြန်တိုက်စစ်ကို အကောင်းဆုံးအဆုံးသတ်ပေးနိုင်ခဲ့တဲ့ ခံစစ်မြို့ဆိုလည်းမမှားပါဘူး…။ ဒီတိုက်ပွဲတွေမှာ ဆိုဗီယက်တပ်နီတော်မှ စစ်သားများဟာ နာဇီဂျာမဏီတွေကို မောင်းထုတ်နိုင်ခဲ့ပေမယ့် ပေးဆပ်မှုအရင်းအနီးက အတော်များပါတယ်…။ တပ်နီတော်တစ်ဖက်တည်းတင် ‌စစ်သား ၁၃သိန်းကျော်ကျဆုံးခဲ့ပြီး နောင်တစ်ချိန်မှာတော့ ဒီစစ်ပွဲတွေကို “Rzhev Meat Grinder” (ရာရှက်ဗ်မြို့အသားကြိတ်စက်)ဟု ပြောစမှတ်တွင်ခဲ့ပါတယ်….။ ဒီဇာတ်လမ်းထဲမှာတော့ Rzhevတိုက်ပွဲများထဲမှတစ်ခုဖြစ်တဲ့ Ovsyannikovoရွာကို တပ်နီတော်တို့ အသေခံ ခြေကုပ်ခြေခဲ ခံစစ်ပြင်ကြပုံကိုရိုက်ကူးပြထားပါတယ်….။ စစ်ကူလာနိုးလာနိုးကို ဗိုက်ဟောင်းလောင်းနဲ့စောင့်ရင်း နောက်မဆုတ်တမ်းတိုက်ခိုက်ကြရင်း တန်ပြန်တိုက်စစ်ကြီးအတွက် အကောင်းဆုံး တိုက်ပွဲဝင်သွားကြပုံကိုမြင်တွေ့ရမှာပါ…။ အထက်ကပေးတဲ့ မဖြစ်နိုင်တဲ့အမိန့်တွေကြား မိမိရဲ့တပ်သားတွေကိုငှဲ့ညှာပြီး တာဝန်ကျေအောင်ထမ်းဆောင်တဲ့ ခေါင်းဆောင်ပိုင်းတွေ…. တပ်သားတိုင်းရဲ့ ပုံပြင်ကိုယ်စီနဲ့ ပေးဆပ်ကြပုံတွေကို မိမိရရမြင်တွေ့နိုင်တာမို့ ကြည့်ရှုသင့်တဲ့ Drama History War movieကောင်းလေးတစ်ခုပါပဲ….။ File size…2.37GB / 1.19GB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 33m Genre ….. Drama , History , War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

6.1 1942 113 mins
: Unknown Battle (2019)
As Verdades
6

ဒီရုပ်ရှင်ဟာ ဂျပန်စာရေးဆရာ Ryūnosuke Akutagawa ရဲ့ ၀တ္ထုတိုတပုဒ်ဖြစ်တဲ့ In A Grove ကိုမှီငြမ်းပြီး ရိုက်ကူးထားတဲ့ ပေါ်တူဂီရုပ်ရှင်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဘရာဇီးက မြို့လေးတမြို့မှာဇာတ်အိမ်တည်ထားပါတယ်။ ဒီမြို့လေးဟာ ပင်လယ်ကမ်းစပ်နဲ့နီးတယ် သေးငယ်တယ် တိတ်ဆိတ်ငြိမ်သက်တယ်။ မြို့ခံမဟုတ်ဘဲ ခဏတဖြုတ်လာလည်တဲ့သူတွေကတော့ ဒီမြို့လေးကို ကောင်းကင်ဘုံလေးအဖြစ် တင်စားကြတယ်။ ဒါပေမဲ့ ဒီမြို့မှာမွေး ဒီမြို့မှာကြီးပြင်းခဲ့ကြတဲ့ မြို့ခံတွေအတွက်တော့ ဒီမြို့လေးဟာ ငရဲပြည်သာသာပါ။ ဂျိုဆူအဲဟာ ၂နှစ်အကြာမှာ ရဲချုပ်အဖြစ်တာ၀န်ကျတဲ့ ဒီမြို့ငယ်လေးကိုပြန်ရောက်လာတယ်။ ဂျိုဆူအဲမှာ တချိန်ကချစ်ကြိုက်ခဲ့ဖူးတဲ့ ဖရန်စစ်စကာလို့အမည်ရတဲ့ မိန်းကလေးတဦးရှိခဲ့ဖူးတယ်။ ဖရန်စစ်စကာဟာ ကိုယ်လုံးကိုယ်ပေါက်တောင့်တောင့်ဖြောင့်ဖြောင့်နဲ့ မြင်သူတကာငေးရတဲ့အလှကိုပိုင်ဆိုင်ထားတဲ့ မိန်းမလှလေးတဦးဖြစ်တယ်။ ဒါပေမဲ့ သူမဟာ အထီးကျန်ရတာကိုမုန်းတယ် ကြောက်တယ်။ ဂျိုဆူအဲပြန်ရောက်လာတဲ့အချိန်မှာ မြို့ငယ်လေးဟာ အရင်အတိုင်းပဲ ဘာမှမပြောင်းလဲဘဲ ဆက်လက်ငြိမ်သက်နေပေမဲ့ သူချစ်ခဲ့ဖူးတဲ့မိန်းကလေးဖြစ်တဲ့ ဖရန်စစ်စကာကတော့ မြို့တော်၀န်အဖြစ်‌၀င်ရောက်ရွေးချယ်ခံဖို့ရှိနေတဲ့ မြို့တော်၀န်လောင်း ဗယ်လ်မီနဲ့ လက်‌ထပ်တော့မှာပါ။ တရက်မှာ ဂျိုဆူအဲရဲ့ရဲစခန်းဆီကို သတင်းတခုပို့လာပါတယ်။ ဒီသတင်းကတော့ မြို့တော်၀န်လောင်းဖြစ်တဲ့ဗယ်လ်မီတယောက် မြို့ပြင်က မြေရိုင်းမှာ ကားကြိတ်ခံထားရတယ်ဆိုတာပါ။ ဒီလိုနဲ့ ဂျိုဆူအဲဟာ ဗယ်လ်မီတိုက်ခိုက်ခံရတဲ့ ရာဇ၀တ်မှုကိုလိုက်လံစုံစမ်းရင်းကနေ ဗယ်လ်မီရဲ့ ဇနီးလောင်း ဖရန်စစ်စကာ၊ ဗယ်လ်မီကိုလုပ်ကြံခဲ့တယ်လို့ သံသယရှိတဲ့ စီဆီရိုနဲ့ နစ်နာသူ ဗယ်လ်မီတို့ဆီကနေ မတူညီတဲ့ထွက်ဆိုမှုတွေ ဇာတ်လမ်းတွေကို ကြားလာရပါတယ်။ ဒီလူတွေရဲ့နှုတ်ကထွက်တဲ့ ဇာတ်လမ်းတွေထဲမှာမှ ဘယ်ဇာတ်လမ်းကအမှန်ဖြစ်မလဲ ဗယ်လ်မီကိုလုပ်ကြံခဲ့တဲ့သူက စီဆီယိုလား ဖရန်စစ်စကာလား ဒါမှမဟုတ် ဘယ်သူများလဲဆိုတာကို ထိခိုက်ပြတ်ရှဖွယ်ကောင်းတဲ့ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ အမှုအခင်း ဒရုမာ ထိတ်လန့်စရာတွေကို အချိုးညီညီပေါင်းစပ်ပြီး ဇာတ်အိမ်ခိုင်ခိုင်ရိုက်ကူးထားတာကြောင့် ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ File size…(1.54 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:43:00 Genre…Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

Drama
6 2022
As Verdades
Only You
6.7

ဒီတခါတော့ cm ပရိသတ်ကြီးကို မိုးအေးအေးလေးမှာ ရိုမန့်စ် ကားကောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ နယူးရီးယား ညတစ်ညမှာ သူငယ်ချင်းအိမ်မှာ သောက်စားပြီး ပြန်လာတဲ့ အယ်လီနာဆိုတဲ့ ကောင်မလေး အငှားကားလု တားရာကနေ ဂျိတ်ခ်ဆိုတဲ့ သူ့ထက်အများကြီး ငယ်တဲ့ ကောင်လေးနဲ့ စပြီး ဆုံဖြစ်ခဲ့ကြပါတယ်။ ကားအတူစီးပြီးတဲ့နောက် လမ်းမခွဲဖြစ်ဘဲ ဇာတ်လမ်းလေးတစ်ခုကို စမိခဲ့တဲ့ အချစ်ဇာတ်လမ်း ရိုမန့်စ် ဒရာမာ ကားကောင်းလေးပါ။ ဒီဇာတ်ကားမှာ စုံတွဲတွေ ချစ်ခင်စုံမက် အတူနေကြပြီးနောက် ကိုယ်ဝန်ဆောင်ဖို့ အခက်အခဲတွေနဲ့ တွေ့ဆုံတဲ့အခါမှာ တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေ၊ လက်တွဲဖော်ရဲ့ အားပေးမှုက ဘယ်လောက်အရေးပါသလဲဆိုတာကို မီးမောင်းထိုးပြထားနိုင်ပါတယ်။ RS သမားတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားလေး တစ်ကားပါ။ မရှိတဲ့သူတွေကတော့ ကြိုကြည့်ထားတာပေါ့နော်။ Infertility နဲ့ ပတ်သတ်ပြီး အမျိုးသမီးငယ်တွေ ခံစားရတဲ့ အပိုင်းတွေနဲ့ မိဘတွေဆီက တစ်ဆင့်ရခဲ့တဲ့ စိတ်ဒဏ်ရာတွေ ဒါတွေကို ဘယ်လိုမျိုး ကျော်ဖြတ်နိုင်မလဲဆိုတဲ့ အတွေးစလေးတွေ ထည့်ပေးနိုင်တဲ့ ဇာတ်ကားကောင်းလေး တစ်ကားမို့ ကြည့်ရှုခံစား ကြည့်ကြပါဦးလို့…။ File size…1.62GB / 784MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 59m Genre ….. Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

6.7 2018 119 mins
Only You
Shame on Dry Land
6.2

ဒင်မ်မန်က လူလိမ်တစ်ယောက်ဖြစ်ပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရာကနေ အခင်ဆုံးသူငယ်ချင်းဟောင်းဖြစ်သူ တွဲဖက်ဟောင်းလည်းဖြစ်သူ ဖရက်ဒရစ်ရဲ့ မင်္ဂလာဆောင်နဲ့ အချိန်ကိုက် မော်လ်တာကို ရောက်လာပါတော့တယ်။ မော်လ်တာမှာ သူ့သူငယ်ချင်း ဖရက်ဒရစ်နဲ့ ဆာရာတို့ စုံတွဲက ဆွီဒင်လူမျိုးအွန်လိုင်းလောင်းကစားအဖွဲ့ကြီးတစ်ခုမှာ ပါဝင်နေပြီးတော့ ငွေကိစ္စအရှုပ်အရှင်းတွေ ဖြစ်လာတဲ့အခါ … ကျွန်းပေါ်ကို စုံထောက်တစ်ယောက်ကလည်း ရောက်လာတဲ့အခါ … ဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ အညွှန်းရေးသားသူနဲ့ ဘာသာပြန်သူကတော့ Nway Oo K Zaw ဖြစ်ပါတယ်။ File size…(2.1 GB)/(1.1 GB) Quality….WEB-DL 1080p / 720p Format…mp4 Duration….01:31:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nway Oo K Zaw

Drama • Crime • Thriller • Horror
6.2 2023
Shame on Dry Land
[18+] Backrider
5

ဖိတ်သ်က အနှိပ်ကုထုံးပညာရှင်တစ်ယောက်ဖြစ်‌ပြီး ငွေပိုရရင် ခန္ဓာကိုယ်ကိုယ်ပါ ပေးလေ့ရှိပါတယ်။ သူဒီလိုကြိုးကြိုးစားစားငွေရှာနေတာ တစ်ချိန်မှာ သူ့ချစ်သူနဲ့အတူနိုင်ငံခြားကိုထွက်သွားဖို့ပဲဖြစ်ပြီး သူ့ချစ်သူကို အွန်လိုင်းလုပ်ငန်းတစ်ခုမှာ ရင်းနှီးဖို့အတွက်ရသမျှငွေကို အပ်ပါတယ်။ သူက ငွေကိုနည်းပေါင်းစုံနဲ့ရှာနေပေမယ့် သူ့ချစ်သူဖြစ်တဲ့ ရေမွန်ကတော့ ငွေရှာတယ်ပြောပြီး အမြဲတမ်းဂိမ်းဆော့ ဘိလိယက်ထိုး အရက်သောက် အမြဲတမ်းအပျော်ရှာနေတဲ့သူပါ။ သူ့ချစ်သူကိုတစ်စစ စိတ်ကုန်လာရင်း ဖောက်သည်အသစ်လူချောတစ်ယောက်ကို ရင်ဖွင့်မိရင်း တစ်ဖြည်းဖြည်းချင်းရင်းနှီးလာပြီး သူတို့နှစ်ယောက်ဟာ ဘ၀တူတွေဆိုတာသိလိုက်ရပါတော့တယ်။ ကားရိုက်ကြဲသလို မတွေ့ရတာလည်း နည်းနည်းကြာသွားတဲ့ မမ Jenn Rosa ဦးဆောင်ပါဝင်ထားပါတယ်။ ( ဘာသာပြန််ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(1GB)/(500MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:10:00 Genre_Adult Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by ‌alias

5 2024 63 mins
[18+] Backrider
Isleen Pines
5.8

သရဲမြူးတဲ့ဟောလိုးဝင်းကြီးနီးကပ်လာပြီဖြစ်တဲ့အတွက် နှစ်တစ်နှစ်ရဲ့ ဒီလိုအချိန်မှာ ဟောလိုးဝင်းနဲ့သက်ဆိုင်တဲ့ Horror ဇာတ်ကားတွေစုပြုံ ထွက်လာကြတာပုံမှန်ပါပဲ။ဒီအချိန်မှာ ရုပ်ရှင်ကုမ္ပဏီအကြီးကြီးတွေကလည်း ရေကုန်ရေခမ်းအကြမ်းစားတွေချပြကြသလို တက်သစ်စ စတူဒီယို အသေးလေးတွေအတွက်လက်စွမ်းပြလို့ကောင်းတဲ့အချိန်ဖြစ်ပါတယ်။ အဲ့ဒါကြောင့် Horror ချစ်သူတွေအတွက်တော့လက်ညှိုးထိုးမလွဲ Horror ဇာတ်ကားတွေကိုအကြိုက်ရွေးချယ်ကြည့်ရုံပါပဲ။ အခုတင်ဆက်ပေးမဲ့ Isleen Pines ဆိုတဲ့ဇာတ်ကားလေးကလည်း Terrifier တို့လိုမျိုးလူသတ်ဟောလိုးဝင်းဇာတ်ကားတစ်ကားဖြစ်ပြီး တက်သစ်စလေးတွေရိုက်ကူးထားတဲ့ကားဖြစ်တဲ့အတွက် အပြစ်မမြင်ပဲ ချစ်ချင်တဲ့စိတ်နဲ့ပဲကြည့်ရင်တော့ အပျင်းပြေကြည့်လို့ကောင်းမဲ့ Horror ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ဟောလိုးဝင်းနေ့ရောက်လာပြီဆိုရင် အက်စလင်းပိုင်းစ်မှာပါတီကြီး တစ်ခုလုပ်ပေးပြီးတော့ ဝတ်စုံပြိုင်ပွဲလုပ်ကြပါတယ်။အဲ့ဒီမြို့သူမြို့သား တော်တော်များများကလည်း လူကြီးလူငယ်မရွေးအဲ့ဒီပြိုင်ပွဲမှာပျော်ပျော် ရွှင်ရွှင်ဝင်ပြိုင်ကြပါတယ်။အဲ့ဒီထဲမှာဆယ်ကျော်သက်သူငယ်ချင်း ၄ ယောက်အဖွဲ့လည်းအပါအဝင်ဖြစ်ပြီးတော့ပါတီကိုအတူတူသွားဖို့ သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာလူစုနေကြပါတော့တယ်။ တစ်ယောက်ပြီးတစ်ယောက် နောက်ကျမှရောက်လာရင်းနဲ့ သူငယ်ချင်းတွေစုံလို့ သွားတော့မယ်လည်းဆိုရော သူငယ်ချင်း တစ်ယောက်က ကောက်ကာငင်ကာကြီးသေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့အကုန်လုံး ပြာယာခတ်ကုန်ကြပြီး အကူအညီတောင်းဖို့ကြိုးစား တော့လည်း ဖုန်းလိုင်းမမိ အပြင်ထွက်ဖို့ကြံတော့လည်း အိမ်ပြင်မှာ သူတို့မမျှော်လင့်ထားတဲ့ထိတ်လန့်စရာကြီးကစောင့်ဆိုင်းနေတဲ့ အတွက် ဘာလုပ်ရမှန်းမသိဘဲ တိုင်ပတ်နေကြပြီး အသက်မသေဘဲ လွတ်မြောက်ဖို့ကြိုးစားကြပုံတွေကိုတွေ့ရမှာဖြစ်ပါတယ်။ File size…895MB / 451MB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 24m Genre ….. Comedy , Horror , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.8 2024 84 mins
Isleen Pines
Outbreak
5.5

ဒီတစ်‌ခေါက်တင်ဆက်ပေးမယ့်ကားလေးကတော့ Psychological Thriller အမျိုးအစားဇာတ်ကားလေးဖြစ်ပြီး ဒီကားလေးမှာဆိုရင်တော့ သားဖြစ်သူသေဆုံးမှုကြောင့် စိတ်နှလုံးကွဲ‌ကြေနေတဲ့ Neil Morris နဲ့ Abby Morris တို့ ဇနီး‌မောင်နှံနှစ်ယောက် Zombie ဆန်ဆန်‌ ရောဂါပိုးကူးစက်မှုကနေ ထွက်ပြေးကြပုံကို အသည်းအေးစရာအနေနဲ့ ကြည့်ရှုခံစားရမှာ ဖြစ်ပါတယ်… Psychological Thriller တစ်ကားဖြစ်တာနဲ့အညီ အဓိကဇာတ်ကောင် Neil Morris ရဲ့ အတွင်းစိတ်တိုက်ပွဲကို အသားပေးတင်ဆက်ထားပြီး အတိုက်အခိုက် အသတ်အပုတ် ဇာတ်ဝင်ခန်းတွေကို ပါလေကာမျှသာ ထည့်သွင်းရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ အကြောက်တရားနဲ့ ရှုပ်‌ထွေးတဲ့ခံစားချက်တွေ ရောပြွန်းထားတဲ့ ဇာတ်ကောင်အခြေပြု Thriller ကား နှစ်သက်သူတွေ အတွက် မြည်းစမ်းကြည့်ထိုက်တဲ့ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်… မိသားစုတွင်းဆက်ဆံရေးပြဿနာကို အခြေပြုပြီး ဇာတ်အိမ် တည်ထားတဲ့ ဒီ Thriller ဇာတ်ကားလေးဟာ Jump scare တွေမပါဘဲ ဇာတ်လမ်းတည်ဆောက်မှု ဖြေးဖြေးနှေးနှေးဖြစ်တာကြောင့် Drama ချစ်သူတွေလည်း မတူထူးခြားတဲ့အရသာတွေ့နိုင်မယ့် ကားလေးဖြစ်လို့ မြည်းစမ်းခံစားကြည့်ဖို့ ညွှန်းဆိုလိုက်ရပါတယ်… File size… (1.30GB) / (744MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

5.5 2024
Outbreak
August Rush
7.4

2007 ခုနှစ်က ထွက်ရှိခဲ့တဲ့ August Rush ဆိုတဲ့ ဇာတ်ကားလေးကိုတော့ အားလုံးသိကြမယ်ထင်ပါတယ်။ Musical Drama အမျိုးအစားဖြစ်ပြီးတော့ ဆုတွေအများကြီးပတ်ယူခဲ့တဲ့အပြင် 2008 ခုနှစ် Oscar ဆုပေးပွဲမှာလည်း အကောင်းဆုံးသီချင်းဆုအတွက် ဆန်ကာတင်စာရင်းထဲဝင်ခဲ့ပါသေးတယ်။ Freddie Highmore, Keri Russell,Jonathan Rys Meyers, Terrence Howard, Robin Williams စတဲ့ နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားပြီးတော့ Kirsten Sheridan ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း…… လွန်ခဲ့တဲ့ 12 လောက်တုန်းက Washington Square ရဲ့ လရောင်လွှမ်းတဲ့ ခေါင်မိုးလေးတစ်ခုပေါ်မှာ ငယ်ရွယ်တဲ့ဆယ်လိုသမားလေး Lyla Novecek နဲ့ အိုင်းရစ်ချ် အဆိုတော်လေး Louis Connelly တို့ဟာ (Moondance) လို့ခေါ်တဲ့လမ်းဘေးဂီတပညာရှင်ဖျော်ဖြေပွဲကအပြန်မှာ တွေ့ခဲ့ကြပြီးတော့ ချစ်ကျွမ်းဝင်သွားကြပါတယ်။သူမဘဝရဲ့ ကြည်နူးစရာအကောင်းဆုံးညကို ဖြတ်သန်းပြီးတဲ့အခါမှာတော့ Lyla ဟာ Louis ကိုပြန်လာပြီးတွေ့မယ်လို့ကတိပေးခဲ့ပါတယ်။ ဒါပေမယ့်လဲ သူမအဖေရဲ့တားဆီးမှုတွေကြောင့် Lyla ဟာ Louis ကိုပြန်လည်တွေ့ခွင့်မရခဲ့ပါဘူး။ Louis ကလည်းစိတ်ဓာတ်ကျပြီးတော့ ဂီတာကိုဆက်မတီးတော့ပဲနဲ့ သူ့ရဲ့ဂီတကို စွန့်လွှတ်လိုက်ပါတော့တယ်။ Lyla ဟာလည်း သူ့ရဲ့ချစ်အိပ်မက်လေးဆုံးရှူံးသွားပြီး လအနည်းငယ်အကြာမှာလည်း သူတို့ရဲ့ ရင်သွေးလေးကို ကားမတော်တဆမှူတစ်ခုမှာ ဆုံးရှုံးလိုက်ရပြီလို့ ယုံကြည်ခဲ့ရပါတယ်။ မိဘမဲ့ဖြစ်သွားတဲ့ သူတို့ရဲ့ကလေး(Freddie Highmore)ဟာ သူ့မှာပါရမီပါလာတဲ့ ဂီတစွမ်းရည်ကို သဲလွန်စတစ်ခုအနေနဲ့ အသုံးပြုပြီးတော့ သူ့ရဲ့ မိဘတွေကို လိုက်ရှာရပါတော့တယ်။ ဇာတ်ကားကောင်းလေးတစ်ပုဒ်ဖြစ်လို့ မကြည့်ရသေးတဲ့ သူတွေရော ကြည့်ပြီးသားသူတွေရောပါ ထပ်မံကြည့်ရှုသင့်တဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ File size…(1.7 GB)/(892 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:54:00 Genre… Drama, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Nay

7.4 2007 114 mins
August Rush