YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

You Touched My Heart (2023) (Ep2)_1080p.mp4

1.08 GB N/A video/mp4 244 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Athena
6.6

အသီနာဆိုတဲ့ပြည်နယ်လေးမှာ ပြည်သူတွေမကြာခဏ ရဲအရာရှိတွေ အကြမ်းဖက်ခံရပေမယ့် ဒီပြည်နယ်ငယ်လေးကို ဘယ်သူမှအရေးမလုပ်ကြတာကြောင့် အကြမ်းဖက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပါတယ်။ ၂ လအတွင်းမှာ တတိယအကြိမ် ရဲဘက်အကြမ်းဖက်မှုဖြစ်ပြီး ရဲဝတ်စုံနဲ့လူတွေက အီဒီရာဆိုတဲ့လူငယ်လေးကို ရိုက်နှက်ပြီး သတ်လိုက်တဲ့ဗီဒီယို ပျံ့သွားချိန်မှာတော့ အစိုးရနဲ့လူထုကြား တင်းမာမှုတွေဖြစ်လာပါတော့တယ်။ အီဒီရာရဲ့အစ်ကိုကြီးဖြစ်သူ အက်ဘ်ဒဲလ်ကတော့ စစ်သားတစ်ယောက်ပီပီ အစိုးရကိုယုံကြည်ပေမယ့် ကာရင်းမ်ကတော့ အစိုးရကိုအယုံကြည်မရှိတဲ့ လက်ယာဝါဒီအစွန်းရောက်ပီပီ အဓိကရုဏ်းတွေကို အစပျိုးရင်းနဲ့ ပြင်သစ်တစ်နိုင်ငံလုံး အကြမ်းဖက်မှုတွေ ပျံ့နှံ့သွားစေပါတယ်။ အကြမ်းဖက်မှုနဲ့ ညီဖြစ်သူအတွက် တရားမျှတမှုကို ကိုယ်တိုင်တိုက်ယူရမယ်လို့ ယုံကြည်ထားတဲ့ ကာရင်းမ်၊ စစ်သားပီပီ ဥပဒေအတိုင်းလိုက်နာရင်းနဲ့ အစိုးရကဖြေရှင်းပေးမယ်လို့ယုံကြည်တဲ့ အက်ဘ်ဒဲလ်၊ ဒီကြားထဲမှာမှ စီးပွားရေးထိခိုက်လို့ အထိကရုန်းတွေဖြစ်မှာကို လိုက်လံတားဆီးနေတဲ့ အစ်ကိုအကြီးဆုံးမော့ခ်တာ ဒီလိုမတူညီတဲ့အယူအဆအသီးသီးနဲ့ အဓိကရုဏ်း မှာ ဘာ‌တွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကိုတော့ Athena ဆိုတဲ့ ဒီရုပ်ရှင်လေးမှာ ဆက်လက်ကြည့်ရှုလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre..... Action, Drama, Thriller Quality…. 1080p | 720p | 480p File size… 1.5GB | 799MB | 417MB Format… mp4 Duration…. 1h 39min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Mary Christ Encoder ..... August

Drama • History
6.6 2022 97 mins
Athena
Under Wraps 2
6.8

2021မှာ Disney+က ထွက်ရှိခဲ့တဲ့ Under Wrapsဟာ အခုဆို Under Wraps 2အဖြစ် ဟောလိုးဝင်းကာလအကြို ထွက်ရှိလာပါပြီ။ ပထမကားမှာ မံမီကြီးဟာရိုးဒ်ရဲ့ အရှုပ်​တွေကို ဂေးဘတ်မာရှယ် နဲ့ အေမီတို့ သူငယ်ချင်း၃​ယောက် လိုက်ရှင်း​ပေးခဲ့ရသလို ဒုတိယကားမှာ​တော့ ဟာရိုးဒ်ကိုယ်တိုင်မရှုပ်ခဲ့တဲ့ အန္တရာယ်ကြီးက​နေ က​လေးတစ်သိုက်က ကယ်တင်ခန်း ဖွင့်ရဦးမှာပါ။ မံမီကြီးဟာရိုးဒ်ရဲ့ တစ်ချိန်ကမိတ်​ဆွေ​ဟောင်း လက်ရှိမှာ​တော့ ရည်းစားလုဘက်ဖြစ်​တဲ့ တန်ခိုးကြီးမံမီ ဆိုဘက်ဟာ တစ်ညမှာ မ​တော်တဆကိစ္စတစ်ခု​ကြောင့် အသက်ဝင်လာပြီး​ ချစ်ရသူကို လုသွားတဲ့ ရန်သူ​တော်ဟာရိုးဒ်ကို ရှင်းဖို့ကြိုးစားပါ​တော့တယ်။ ဒါကိုသိသွားတဲ့ ​ဂေးဘတ်တို့ ​ဘော်ဒါ ၃​ယောက်ဟာ ဟာရိုးဒ်နဲ့ရို့စ်နှစ်ယောက်လုံးကို ဆိုဘက်လက်ထဲက ကယ်ဖို့ ကြိုးစားရင်း လူငယ်သဘာဝ က​တောက်ကဆ​​တွေကိုပါ ​ဖြေရှင်းရမယ့်ကိန်း ဆိုက်လာပါ​တော့တယ်။ Disney+ ထုံးစံအတိုင်း ​​ပေါ့​ပေါ့ပါးပါးနဲ့ Drama Romance Comedy​တွေအစုံ ပါတာဖြစ်လို့ မိသားစုနဲ့အတူ အနားယူရင်း ​ပေါ့​ပေါ့ပါးပါးကြည့်ရှုနိုင်မယ့် Family Fantasy ဇာတ်ကားပဲ ဖြစ်ပါတယ်။ IMDbက​တော့ 6.5ရရှိထားပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre..... Family, Fantasy Quality…. 1080p | 720p | 480p File size… 1.69GB | 858MB | 450MB Format… mp4 Duration…. 1h 23min Subtitle…. Myanmar Subtitle (Hardsub) Translator ..... JimX Encoder ..... August

Crime • Thriller
6.8 2022 83 mins
Under Wraps 2
La La Land
7.9

(သီချင်းလေးတွေပါ ဘာသာပြန်ပြီး ပြန်လည်တင်ဆက်လိုက်ပါတယ်..BluRay 4K Quality ထိ ခံစားကြည့်ရှုနိုင်ပါတယ်။) IMDb - (8/10) / Rotten Tomatoes (91%) ၂ဝ၁၆ ခုနှစ်အတွင်း ပြသခဲ့သည့်ရုပ်ရှင်နှင့် ရုပ်သံဇာတ်လမ်းများထဲမှအကောင်းဆုံးအတတ်ပညာရှင်၊ အနုပညာရှင်များကိုဂုဏ်ပြုသည့်(၇၄) ကြိမ်မြောက် ရွှေကမ္ဘာလုံးဆုပေးပွဲကို ဇန်နဝါရီ ၈ ရက် ဒေသစံတော် ချိန်ညနေ ၅ နာရီတွင် ကယ်လီဖိုးနီးယားပြည်နယ် ဘေဘရီဟေးစ်ရှိ The Beverly Hilton ဟိုတယ်၌ ခမ်းနားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။ အစီအစဉ်တင်ဆက်သူအဖြစ် ဟာသပညာရှင် ဂျင်မီဖော်လန်က ဆောင် ရွက်ခဲ့သည့်ဆုပေးပွဲတွင် “La La Land” ရုပ်ရှင်က ဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့သည့်ဆုခုနစ်ခုကိုသိမ်းကျုံးရယူခဲ့ကာ သမိုင်းမှတ်တိုင်သစ်ကို စိုက်ထူနိုင်ခဲ့သည်။တင်ဆက်သူ ဖော်လန်က ”ဒါဟာလူကြိုက်များတဲ့မဲကိုဂုဏ်ပြုနေသေးတဲ့ အမေရိကမှာ ကျန်နေသေးတဲ့နေရာတွေထဲကတစ်ခုဖြစ်တဲ့ ရွှေကမ္ဘာလုံး ဆုပေးပွဲဖြစ်ပါတယ်” ဟုဆိုကာ နိုင်ငံရေးနှင့်ဆက်နွှယ်သော စကားဖြင့် ပွဲကိုစဖွင့်ခဲ့သည်။ ကွယ်လွန်သူ ဒါရိုက်တာကြီး ဗင်ဆန်တီမီနယ်လီနှင့်ဂျက်ကွက်ဒမ်မီတို့ ဖန်တီးခဲ့သော ရုပ်ရှင်များကို စိန်ခေါ်နိုင်ခဲ့သည့်“La La Land” ရုပ်ရှင်ဖန်တီးရှင်အသက် (၃၁) နှစ်ရှိဒါရိုက်တာ ဒါမီယန်ချာဇက်လီကအကောင်းဆုံးဇာတ် ညွှန်းဆုနှင့် အကောင်းဆုံးဒါရိုက်တာဆုများကို ရရှိခဲ့သည်။ထို့ပြင်ယင်းရုပ်ရှင်မှ မင်းသားရိုင်ယန်ဂိုးစလင်း နှင့် မင်းသမီး အမ်မာစတုန်းတို့ကအကောင်းဆုံး သရုပ်ဆောင် ဆုများကို အသီးသီးရရှိခဲ့သည်။ ကခုန်ခြင်းနှင့် သီချင်းသီဆိုခြင်းကို ဝါသနာပါသည့် လူငယ်နှစ်ဦးက၎င်းတို့ဖြတ်သန်းရာ ဘဝခရီးလမ်းတွင် မည်မျှကြမ်းတမ်းသောအခက်အခဲများပင် ရှိလင့်ကစား အောင်မြင်မှုများကို ရယူနိုင်ကြောင်း ရိုက်ကူးပြသခဲ့သည့်ရုပ်ရှင်က ယခင်က ဆုခြောက်ခုရရှိခဲ့ဖူးသောOne Flew Over the Cuckoo’s Nest and Midnight Express ရုပ်ရှင်ကိုကျော်တက်ကာ ဆုရရှိမှုစံချိန်တင်ခဲ့ခြင်း ဖြစ်သည်။ နာမည်ကျော်ဘရော့ဒ်ဝေး လမ်းမထက်က ဖျော်ဖြေပွဲများကိုအခြေခံထားခြင်းမရှိသည့် ယင်းရုပ်ရှင်ပြသသည်နှင့် တစ်ပြိုင်နက်စတူဒီယိုများတွင် ပြသခွင့်ရရှိခဲ့သည့် ရုပ်ရှင်လည်းဖြစ်သည်။ အနုပညာစိတ်ကူးဉာဏ်ရင့်သန်မှုတို့ဖြင့် ဒါရိုက်တာ ချာဇက်လီသည် ရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Lionsgate နှင့်တွဲဖက်ကာ အခွင့် အရေးကိုပိုင်နိုင်စွာအသုံးချပြီး အနုပညာအလောင်းအစားပြုလုပ်ခဲ့ရာမှအောင်မြင်မှုရရှိခဲ့ခြင်းလည်း ဖြစ်သည်။ အမျိုးသား သရုပ်ဆောင်ဆု တွမ်ဟီဒယ်စတန်ဆန်ခါတင် စာရင်းထဲတွင်ပါရှိခဲ့သည့် ဆုအားလုံးကို ရရှိခဲ့သည်သာမကအကောင်းဆုံး မူရင်းတေးသွားဆု နှင့် ဇာတ်ဝင်တေးသီချင်းတို့ကိုပါ ရရှိခဲ့သည်။ ယင်းရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်ဆု (တေး သံစုံ၊ ဇာတ်မြူး) ရရှိခဲ့သူအမ်မာစတုန်းကဆုလက်ခံရယူ ပြီးနောက် ”ဒါဟာ စိတ်ကူးယဉ်သမားတွေအတွက် ရုပ်ရှင်တစ်ခုပါပဲ။ ပြီးတော့ မျှော်လင့်ချက်နဲ့ဖန်တီးနိုင်မှုဟာ ကမ္ဘာပေါ်က အရေးအကြီးဆုံး အရာနှစ် ခုဖြစ်တယ် လို့ကျွန်မထင်ပါတယ်။ အဲဒါဟာ ဒီရုပ်ရှင်ရဲ့ဇာတ်ကြောင်းပဲဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ရွှေကမ္ဘာလုံးဆုပေးပွဲသည် ဟောလိဝုဒ်ရုပ်ရှင်များအတွက် ဆုပေးပွဲရာသီပွဲဦးထွက်ကျင်းပသည့်ပွဲဖြစ်သည်။ ဆုများစွာကို စံချိန်တင်သိမ်းပိုက်ရရှိခဲ့သည့် “La La Land” ရုပ်ရှင်ကအော်စကာဆုအတွက် ဆုလျာထား စာရင်းတွင်ပါဝင်နိုင်ရန် သေချာသွားခဲ့သည်။အကောင်းဆုံး အမျိုးသား သရုပ်ဆောင်ဆု ရိုင်ယန်ဂိုးစလင်းCecil B. DeMille ဘဝတစ်သက်တာ အောင်မြင်မှု ဆုကိုရရှိခဲ့သူမယ်ရီယယ်စတွိက ပြီးခဲ့သောနှစ်တွင် မဲဆွယ်ပွဲတစ်ခု၌ မသန်စွမ်းသတင်းထောက်တစ်ဦးပုံစံကို သရုပ်ဆောင်ပြီး ဒေါ်နယ်ထရန့်က သရော်ခဲ့သည့် အတွက်စိတ်မကောင်းဖြစ်ခဲ့ရသည်ဟုဆိုကာ ဆုပေးပွဲတွင် အမေရိကန်သမ္မတဖြစ်လာမည့်သူကိုစကားဖြင့် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ အသက်(၆၇) နှစ်အရွယ်စတွိက”ပြီးခဲ့တဲ့နှစ်က ကျွန်မကို စိတ်မကောင်းဖြစ်စေ တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ကျွန်မနှလုံးသားထဲအထိ နာကျင်ရပါတယ်။ အရမ်းကိုကောင်းလွန်းလို့တော့ မဟုတ်ပါဘူး။ မသန်စွမ်းသတင်းထောက် တစ်ယောက်ပုံစံတူပြုပြီးတော့ ကျွန်မတို့နိုင်ငံရဲ့အလေးစားခံရဆုံး ထိုင်ခုံမှာ ထိုင်မယ့်သူက လုပ်ခဲ့တဲ့ဖြစ်ရပ်ပါ၊အာဏာရှိတဲ့သူတွေက သူတို့ရဲ့ ရပ်တည်ရာနေရာကိုအသုံးချပြီးတခြားသူတွေကို အနိုင်ကျင့်မယ်ဆိုရင် ကျွန်မတို့အားလုံးဆုံးရှုံးတာပါပဲ။ ပြီးတော့ဟောလိဝုဒ်ဆို တာ ပြင်ပကလူတွေနဲ့ နိုင်ငံခြားသားတွေဝင်ထွက်သွားနေတဲ့နေရာပါ။ ရှင်တို့သာ သူတို့ကို နှင်ထုတ်ပစ်မယ်ဆိုရင်အနုပညာမဟုတ်တဲ့ ဘောလုံးပွဲနဲ့ သိုင်းပညာကလွဲလို့ ကြည့်စရာရှိတော့မှာ မဟုတ်ပါဘူး” ဟု ဝေ ဖန်ပြောကြားခဲ့သည်။ မင်းသမီးကြီးစတွိသည် ရွှေကမ္ဘာလုံးဆု ဆန်ခါတင်စာရင်းတွင်အကြိမ် ၃ဝ ပါ ဝင်ဖူးပြီး ရှစ်ကြိမ်ဆုရရှိဖူးသည်။ ၎င်းကဲ့သို့ Cecil B. De-Mille ဆုရရှိခဲ့ကြဖူးသူများမှာဒန်ဇယ်ဝါရှင်တန်၊ ဂျော့ခ်ျ ကလူးနေး၊ ဝူဒီအယ်လန်နှင့် ဂျိုဒီဖော်စတာတို့ဖြစ်ကြသည်။“La La Land” ရုပ်ရှင်ဖြင့် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်ဆု ရရှိခဲ့သူ ရိုင်ယန်ဂိုးစလင်းကဆန်ခါတင်စာရင်းတွင် ပါဝင်ခဲ့ပြီး ကနေဒါနိုင်ငံသားဖြစ်သူ ရိုင်ယန်ရေးနိုးစ်ကိုဂုဏ်ပြုသည့် စကားကိုလည်း ဆု လက်ခံရယူနေချိန်တွင် ပြောကြားခဲ့သည်။၎င်းက ”ကျွန်တော့်ကို ရိုင်ယန်ရေးနိုးစ်နဲ့မှားကြတာ ဒါပထမဆုံးအကြိမ်မ ဟုတ်ပါဘူး။တစ်ခါတလေတော့လည်း အမှားဟာ အမှားကောင်းဖြစ်သွားတော့တာပါပဲ” ဟုပြောဆို သည်။ La La Land ဇာတ်ကားဟာ ဗြိတိန်ရုပ်ရှင်ရုံများတွင် စတင်ပြသသည့် ပိတ်ရက်ကတည်းကရုံဝင်ငွေ ပေါင် ၆ သန်း ကျော်ရရှိခဲ့ကာ အခြားဇာတ်ကားများထက် ပေါင်၅သန်းကျော် ပိုမိုရရှိခဲ့ပြီးပေါက်ကားတစ်ကားဖြစ်ခဲ့ပါသည်။ရွှေကမ္ဘာလုံးဆုပေးပွဲသမိုင်းတွင် စုစုပေါင်း ဆု ၇ ဆုရရှိခဲ့ကာစံချိန်ချိုးနိုင်ခဲ့သည့် ဂီတနောက်ခံရုပ်ရှင်ဇာတ်ကား La La Land ဟာBafta ဆုပေးပွဲအတွက်လည်း အကောင်းဆုံးရုပ်ရှင်ဆုအပါအဝင်ဆုပေါင်း ၁၁ ဆုအတွက် လျာထားခြင်း ခံခဲ့ရပါသည်။ပွဲဦးထွက်ရုံဝင်‌ငွေအကောင်းဆုံး ဇာတ်ကားအဖြစ် စံချိန်ချိုးနိုင်ခဲ့သော ဇာတ်ကားမှာLes Miserables ဖြစ်ပြီး ၂၀၁၃ခုနှစ်က ပြသခဲ့ကာပွဲဦးထွက်ရုံဝင်ငွေ ပေါင်၈.၁၂သန်း ရရှိခဲ့ပါသည်။ La La Land တွင် မင်းသား Ryan Gosling ကJazz ဂီတသမားစန္ဒယားဆရာအဖြစ် သရုပ်ဆောင်ထားပြီးမင်းသမီး Emma Stone က ရည်မှန်းချက်ကြီးသော မင်းသမီးတစ်ယောက်အဖြစ်သရုပ်ဆောင်ထားကာ သူတို့ နှစ်ဦး၏ အိပ်မက်တွေကို လော့စ်အိန်ဂျယ်လိစ်မြို့၌အကောင်အထည်ဖော်နိုင်ရန် ကြိုးပမ်းသော ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပြီးသူတို့၂ယောက် အကောင်အထည်ဖော်နိုင်မဖော်နိုင်ကိုကတော့ ပရိတ်သတ်ကြီးက ဆက်လက်ကြည့်ရှူ ရမှာပါ။ (ရုပ်ရှင်အညွှန်းကို myanmarnewsnetwork မှ ကူးယူဖော်ပြပါသည်။) File size…(9 GB)/ (1.9 GB) / (800 MB) Quality….BluRay 4K HEVC/1080p HEVC /720p Format…mkv/mp4 Duration….02:07:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung

Comedy • Crime • Drama
7.9 2016 129 mins
La La Land
Mission: Impossible III
6.7

IMDb Rating 6.9/10 ဒီထဲမှာတော့ အီသန်ဟန့်တစ်ယောက် IMF Agent အသစ်တွေကို ထရိန်းဖို့ Agent ဘဝကနေ အနားယူခဲ့ပေမယ့် လက်နက်မှောင်ခိုရောင်းဝယ်ရေးအရှုပ်ထုပ်အတွင်းမှာ သူ့ချစ်သူကို လိုက်ကယ်ရတဲ့ Mission ကို မြင်တွေ့ရမှာပါ... ထုံးစံအတိုင်း ရှေ့က ၂ ကားရဲ့ ရသကို မီခဲ့တဲ့အပြင် ဒီဇာတ်ကားက တော်တော်လေးကြမ်းတမ်းတဲ့ လှည့်ကွက်တွေနဲ့ ဟင်ခနဲ ဟာခနဲဖြစ်ရတဲ့ MI ဇာတ်ကားပါပဲ... ဒါကြောင့်လဲ နံပါတ် ၃ ကားမြှောက်ဇာတ်ကားဆိုပေမယ့် တစ်ချက်လေးမှ ပေါ့ရွှတ်မနေခဲ့ဘဲ Rating မြင့် အက်ရှင်ကားတစ်ကားဖြစ်ခဲ့ပါတယ်။ Mission Impossible ဇာတ်ကားအားလုံးကို ဒီမှာ https://channelmyanmar.org/?s=mission+impossible   ကြည့်ပါ။ File size…(9 GB)/(1.5 GB)/(999 MB) Quality….BluRay 4K HEVC/ 1080p / 720p Format…mkv/mp4 Duration….02:05:24 Subtitle….Myanmar Subtitle (Hardsub) Encoder….SWM, Nyeinsaeya Aung Translated by d3mon

Action • Adventure • History • Mystery
6.7 2006 126 mins
Mission: Impossible III
The Venture Bros.: Radiant is the Blood of the Baboon Heart
7.3

ဒီကားလေးကတော့ အမေရိကန်သမ္မတ နဲ့ သူ့သူငယ်ချင်း သိပ္ပံပညာရှင် သမ္မတအကြံပေးတို့ နှစ်ဦး ကမ္ဘာကြီးပျက်စီးသွားပြီးနောက်မှာ သူတို့နှစ်ဦး တည်းသာ ကျန်ခဲ့ရတဲ့ အဖြစ်အပျက်လေးကိုရိုက်ပြထားတာပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ သမ္မတရဲ့ ဆုံးဖြတ်ချက်အမှားတစ်ခုကြောင့် ကမ္ဘာကြီးက ကောင်းကင်ကိုတောင်မမြင်ရတော့အောင် လေထုကပျက်စီး သွားပါတော့တယ်။ အပြင်လေက ဘယ်လိုမှ ရှုလို့မရလောက်အောင်ဖြစ် သွားပြီး သက်ရှိတွေလည်းမျိုးတုံးကုန်ကြတယ်။ သမ္မတရဲ့ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ် အကြံပေးလည်းဖြစ်တဲ့ သိပ္ပံ ပညာရှင်က ဒီအခြေအနေကို ကြိုမြင်ပြီး Green House လို ထပ်ခိုးလေး တစ်ခုကို အချိန်မီတည်ဆောက်နိုင်ခဲ့တယ်။ ဒီလိုနဲ့ သူနဲ့ သမ္မတနဲ့ပဲ နောက် ဆုံးရှင်ကျန်သူတွေဖြစ်လာတော့တာပေါ့။ အမိုးခုံးအိမ်လေးထဲက နှစ်ယောက် သားကြား ဘာတွေဘယ်လိုဖြစ်ပျက်ကြမလဲဆိုတာကိုတော့ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thetti Tun ဖြစ်ပါတယ်) File Size..........(1.2 GB) / (507 MB) Quality............WEB-DL 1080p / 720p Duration.........1Hr 46Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Mystery Translator.......Thetti Tun Encoder..........Zin Phyo Aung

Drama • Science Fiction
7.3 2023 84 mins
The Venture Bros.: Radiant is the Blood of the Baboon Heart
Gods of Egypt
5.6

ရှေးခေတ် အီဂျစ်ပြည်ဆိုတာ အရမ်းကိုကြီးကျယ်ခမ်းနားပြီး ပျော်ဖို့ကောင်းတဲ့တိုင်းပြည်တစ်ခု။ နေနတ်မင်းကြီး Ra ရဲ့ သားတော်နှစ်ပါးထဲက Osiris က အုပ်ချုပ်ခဲ့ပြီး ခုတော့ သူ့သားဖြစ်တဲ့ ကောင်းကင်ကိုအစိုးရတဲ့ Horus နတ်ကို ထီးနန်းလွှဲပေးဖို့လုပ်တယ်။ ဒါပေမဲ့ Osiris ရဲ့ ညီ Horus ရဲ့ ဦးလေးဖြစ်တဲ့ သဲကန္တာရကိုအစိုးရတဲ့ Seth နတ်မင်းက ထီးနန်းလုတဲ့အတွက် Horus လည်း သူ့ရဲ့ အစွမ်းထက်လှပါတယ်ဆိုတဲ့ All seeing eye (Eye of horus) လည်း အဖြုတ်ခံရပြီး အကျဉ်းသားဖြစ်သွားရတယ်။ ထီးနန်းလုတာတင်မဟုတ်ဘဲ အရမ်းကိုရည်မှန်းချက်တွေကြီး ပါဝါအရမ်းမက်နေတဲ့ Seth လက်အောက်မှာ တခြား နတ်မင်းတွေအပြင် လူသားတွေပါ မျိုးပြုတ်မဲ့ကိန်းဖြစ်နေလို့ Bek လို့ခေါ်တဲ့ အညာတရ သူခိုးလေးက ချစ်သူရဲ့ တိုက်တွန်းချက်နဲ့ နတ်မင်းကြီး Horus ရဲ့ မျက်လုံးကို ခိုးပြီး Horus ကိုကူညီပြီး အီဂျစ်ပြည်ကို အတူတကွ ကယ်တင်ပုံကို အမိုက်စား စိတ်လှုပ်ရှားဖွယ် ရှုစားကြရမှာပါ။ (ဒီဇာတ်ကားက CGI အသားပေး Action,Fantasy ရုပ်ရှင်ဇာတ်ကားဖြစ်တာကြောင့် 4K HDR Quality နဲ့တင်ဆက်လိုက်ပါတယ်...HDR ဖြစ်တာကြောင့် 4K ဖိုင်ကို ဒေါင်းမယ့်သူတွေက HDR Support လုပ်မယ့် Device တွေနဲ့ကြည့်မှ ကာလာစုံမြင်ရမှာပါ...PC တို့ Android Box တို့ ခေတ်ပေါ်ဖုန်းတချို့နဲ့ ကြည့်လို့ရပါတယ်။ 1080p နဲ့ 720p ကတော့ ဘယ် Device နဲ့ဖြစ်ဖြစ် ကြည့်လို့ရပါတယ်။) File size…(4.7 GB)/(2.5 GB)/(1.1 GB) Quality….BluRay 4K HDR HEVC /1080p/720p Format…mp4 Duration….02:07:20 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Reality
5.6 2016 127 mins
Gods of Egypt
Mahaan
6.8

ယခုနှစ်မှထွက်ရှိလာတဲ့အိန္ဒိယတောင်ပိုင်း ဇာတ်ကားသစ်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကတော့ မဟတ္တမဂန္ဒီကို လေးစားအားကျတဲ့မိသားစုမှာမွေးဖွားလာတဲ့ ဂန္ဒီမဟန်ဆိုတဲ့လူတစ်ယောက်အကြောင်းကိုအခြေခံပြီး တင်ဆက်ထားတာပါ။ ဂန္ဒီမဟန်ရဲ့အဖိုးနဲ့အဖေဟာ မဟတ္တမဂန္ဒီကိုအင်မတန်လေးစားတာကြောင့် သူ့ရဲ့နာမည်ကိုပါဂန္ဒီလို့ပေးထားတဲ့အပြင် မဟတ္တမဂန္ဒီနဲ့မွေးနေ့တစ်ရက်ကွာနေလို့ မွေးစာရင်းမှာပါ တစ်ရက်စောသွင်းလိုက်တဲ့အထိပါပဲ။ နောက်တော့သူကိုယ်တိုင်ကလည်း မဟတ္တမဂန္ဒီကိုစံပြအဖြစ်သတ်မှတ်ထားတဲ့ နာချီဆိုတဲ့အမျိုးသမီးနဲ့လက်ထပ်ခဲ့ပါတယ်။ နာချီဟာအရမ်းကိုစည်းကမ်းတင်းကြပ်ပြီး ဟောလီးဝုဒ်ဇာတ်ကားတွေရဲ့ပိုစတာကိုမြင်ရင်တောင် သူ့သားကိုမျက်လုံးပိတ်ထားခိုင်းတဲ့အထိပါပဲ။ ဘာကြောင့်လဲဆိုတော့ ဟောလီးဝုဒ်ဇာတ်ကားတိုင်းမှ ာကြမ်းတမ်းပြီးညစ်ညမ်းတဲ့ဇာတ်ဝင်ခန်းတွေပါဝင်တယ်လို့ သူကယုံကြည်ပါတယ်။ ဂန္ဒီမဟန်အနေနဲ့ကတော့ သူ့ဘေးကလူတိုင်းဟာ ဂန္ဒီကိုအတိုင်းထက်အလွန်ကိုးကွယ်နေကြရုံမက သူ့ကိုပါအမြဲဖိအားပေးလေ့ရှိတာကြောင့် ဂန္ဒီအကြောင်းကြားရင် စိတ်အနှောင့်အယှက်ပါဖြစ်လာတဲ့အထိပါပဲ။ သူ့အမြင်မှာတော့ မဟတ္တမဂန္ဒီရဲ့လမ်းစဥ်ဟာ တချို့နေရာမှာတရားသဘောနဲ့မကိုက်ညီရင်တောင် လွပ်လပ်ပျော်ရွှင်မှုကိုရှာဖွေဖို့ဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ သူ့မိန်းမနဲ့အ ဖေရဲ့ဖိအားပေးမှုတွေကြောင့် သူတို့ပြောသလို မဟတ္တမဂန္ဒီရဲ့ နေထိုင်မှုပုံစံအတိုင်းနေလာခဲ့ရင်းအသက်လေးဆယ်အရွယ်မှာတော့ သူ့ရဲ့ငယ်သူငယ်ချင်း စက်သီယန် နဲ့အမှတ်မထင်ပြန်လည်တွေ့ဆုံခဲ့ပါတယ်။ စက်သီယန်က အဲဒီအချိန်မှာသူ့အဖေရဲ့အရက်ချက်လုပ်ငန်းကိုဆက်ခံထားသူဖြစ်ပြီးတော့ ဂန္ဒီမဟန်ကလည်းသူနဲ့ပြန်ပေါင်းမိတဲ့အချိန်မှာ အရင်ကမလုပ်ဖူးတဲ့မကောင်းမှုတွေကို ဆက်တိုက်လုပ်ရင်း မဟတ္တမဂန္ဒီကိုမုန်းတီးသူတစ်ယောက်ပါဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့ဆက်သွားရင်းသူ့ဘဝအတွက်အရမ်းကိုအရေးပါတဲ့ရွေးချယ်မှုတစ်ခုကိုလုပ်ဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့...။ လူတွေမြင်ဖူးနေကျဇာတ်လမ်းမျိုးလည်းမဟုတ်တဲ့အပြင် ဇာတ်ကားကပုံမှန်ထက်ကြာပေမယ့် ပျင်းစရာမကောင်းသလို ကြည့်ရကျိုးလည်းနပ်မယ့် ကားကောင်းတစ်ကားဖြစ်လို့ ရုပ်ရှင်ပရိသတ်တွေ အထူးသဖြင့် တောင်ပိုင်းကားတွေကြိုက်တတ်ရင်တော့ မလွတ်တမ်းကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပါပဲ။ File size…1.2Gb / 2.8GB Quality…720p WEB DL AAC 2.0  / 1080p HEVC  Format…mp4 / mkv Duration….2h 43m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Lwin Htoo Aung & Haruko & Shwe Pwint &  Yate

Horror • Mystery
6.8 2022 163 mins
Mahaan
Clue
7.2

Clue (1985) ~ IMDb – 7.2/10, Rotten Tomatoes – 68% ~ Clue ဟာ board game ကို Inspiration ယူပြီး ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ နည်းနည်းတော့ ဆန်းတယ်မလား။ ပုံမှန်ဆို ရုပ်ရှင်ကိုမှ board game ပြန်လုပ်ကြတာမလား။ ဒီရုပ်ရှင်ဟာ တကယ့် ကလပ်စစ်ဂကြောင် ရုပ်ရှင်ပါ။ ဘာလို့ဆို သူဆန်းတာက ဒီလောက်တင်မဟုတ်ဘဲ စုံထောက်ကားကိုမှ ဟာသကားဖြစ်အောင်ရိုက်ထားတာလည်း ပါတာကိုး။ တကယ့် ကကြိုးကကြောင်ဇာတ်ဝင်ခန်းတွေနဲ့ ရယ်လည်းရယ်ရ စိတ်ဝင်စားဖို့လည်းကောင်းတဲ့ ရုပ်ရှင်ပါပဲ။ ဇာတ်လမ်းစစဖွင့်ချင်းမှာ အိမ်တစ်အိမ်ကို လူ့နယ်ပယ်နဲ့ သူ နာမည်ကြီးတဲ့ နာမည်ကျော်လူတွေကို ဖိတ်ခေါ်လိုက်တယ်။ နာမည်ပျက်ခံလို့မရတဲ့သူတွေချည်းပေါ့။ သူတို့အားလုံးမှာ တူညီတာက ငွေညှစ်ခံနေရတဲ့တစ်ချက်ပဲ။ အဲဒီငွေညှစ်ခံရတာကို ဖိတ်ခေါ်တဲ့သူက ဘယ်လိုသိလဲ ဘာလဲညာလဲ အဖြေရှာရင်း လူသတ်မှုတွေဖြစ်လာတယ်။ အဲဒီလူသတ်မှုကို သူတို့ ကြားထဲပဲ ပြန်အဖြေရှာတယ်။ ဒါပါပဲ။ ဘုတ်ဂိမ်းကို ပြန်ရိုက်ထားတာဆိုတော့ ဘုတ်ဂိမ်းဆန်ဆန် ဇာတ်လိုက်လည်းမပါသလို ကစားသမားတိုင်းက အဓိကပါပဲ။ ဘုတ်ဂိမ်းကစားသလိုကို ကစားသမားတွေရဲ့ စောက်တလွဲတွေ ဖြစ်ချင်သလိုဖြစ်နေတာတွေနဲ့ ခွီရမယ့် လူသတ်မှုအဖြေရှာတဲ့ စောက်တလွဲဇာတ်လမ်းပါပဲ။ သေချာတာကတော့ ဘာပဲဖြစ်ဖြစ် ခင်ဗျား ပထမ၁၅မိနစ်လောက်ကို ကြည့်ကြည့်ပါ။ ခင်ဗျားစိတ်က ဒီဇာတ်လမ်းပြင်ပကို ဘယ်လိုမှမထွက်နိုင်တော့ဘူး ဖြစ်သွားပါလိမ့်မယ်။ ဒီလိုဆွဲဆောင်မှုရှိတဲ့ ဂကြောင်ဇာတ်လမ်းပါ။ သူ့ဆန်းပုံက ဒါတင်ပဲမဟုတ်သေးဘူးရယ်။ ပါရာမောင့်ရဲ့ စောက်စားအကွက်ကြီးလည်း ဒီရုပ်ရှင်ရဲ့ကြောင်နိုင်အားကို ပိုဆန်းသစ်စေခဲ့ပါတယ်။ ဒီရုပ်ရှင်ရုံတင်တုန်းက ပါရာမောင့်က တစ်ချို့ရုံတွေက ဇာတ်သိမ်းတစ်မျိုး တစ်ချို့ရုံတွေတစ်မျိုးနဲ့ ဇာတ်သိမ်း၃ခု သုံးခဲ့ပါတယ်။ ဇာတ်သိမ်းသုံးခုလုံးကို သိချင်ရင် လက်မှတ်၃ခါပြန်ဝယ်ပြီး ရုံတွေလိုက်ပတ်ကြည့်ရအောင်လုပ်ထားတဲ့ ပါရာမောင့်ရဲ့ မဟာစီးပွားရေးအကွက်မြင်မှုကြီးပေါ့။ ဒီလိုနဲ့ ဒီရုပ်ရှင်ဟာ သမိုင်းတွင်တဲ့ ရုပ်ရှင်ဖြစ်ခဲ့တာပါပဲ။ ကလပ်စစ် ဂကြောင်ကားကြီးပေါ့။ ဒီမှာတောာ့ ဇာတ်သိမ်းသုံးခုလုံးကို ပြထားသလို ကိုယ့်စိတ်ကြိုက်ဇာတ်သိမ်းကိုလည်း ရွေးလို့ရပါတယ်။ ကျွန်တော်ကတော့ ပထမဇာတ်သိမ်းကို အကြိုက်ဆုံးပါပဲ၊ ဆက်စီကျပြီး လန်းလို့ပါ။ ရော်ဂျာအတ်ဘတ်ကတော့ ၃ခုလုံးကြည့်ရအောင်တန်တဲ့ကားမဟုတ်ဘူးပြောပေမဲ့ ကျွန်တော်သာ အဲဒီခေတ်မှာ ပတ်ကြည့်မှ ၃ခုလုံးကြည့်ရမယ်ဆို ကြည့်မိမှာတော့ အမှန်ပါပဲ။ ဟာသဖြစ်အောင်ရိုက်ထားလို့ ကြောင်သလို ပဟေဌိလည်းဆန်တဲ့ တကယ့်စုံထောက်ဇာတ်ကောင်းလည်းဟုတ်ပါတယ်။ သရုပ်ဆောင်တွေ ပြောင်မြောက်တာကလည်း တစ်ပိုင်းပေါ့။ ဆက်စီကျတဲ့ သရုပ်ဆောင်ကလည်းကျတယ်။ စောက်တလွဲတွေချည်းအကုန်ပတ်လုပ်ကြတာတွေကလည်း တကယ်အသက်ဝင်ပါတယ်။ ဒီဗရုတ်သုတ်ခတွေကိုက ဒီဇာတ်လမ်းရဲ့ အားသာချက်ပဲလို့ ဆိုရပါမယ်။ နာမည်ကျော်ဘုတ်ဂိမ်းကြီးကို သရုပ်ဆောင်တွေက အသက်ဝင်အောင်လုပ်ပေးခဲ့တဲ့ ကလပ်စစ် ဂကြောင်ကားအဆန်းကြီးကို ကြည့်ချင်ရင်တော့ ထူးထူးခြားခြား ဒီ Clue ဆိုတဲ့ကားကို ကြည့်ကြည့်ကြပါ။ အင်တာတိန်းလည်း တော်တော်ဖြစ်သလို အချိန်လည်းသိပ်မပေးရတဲ့အပြင် ကလပ်စစ်အရသာကိုပါ ခံစားနိုင်မယ့် ရုပ်ရှင်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.4GB, 704MB Quality – 1080p, 720p IMDb Rating – 7.2/10 Format – mp4 Duration – 1H 34Min Genre – Comedy, Crime, Mystery Subtitle – Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Crime • Drama • Thriller
7.2 1985 94 mins
Clue
The Prince, The Witch, and The Mermaid
5.5

The Prince, The Witch, and The Mermaid (2002) အချစ်နဲ့စစ်မှာ မတရားတာမရှိဘူးဆိုတဲ့ ရာဇဝင်ထဲကချစ်ရှုံးသမားဆို ကျွန်တော် ပထမဆုံးပြေးမြင်မိတာ ရာမဇာတ်ထဲက ဒဿဂီရိ ဒုတိယလိုက်တာကတော့ ပဒကုသလဇာတ်တော်ထဲက ဘီလူးမပေါ့။ ရာမ သီတာ ဒဿကတော့ လူတိုင်းကြားဖူး ရုပ်ရှင်တွေကြည့်ဖူးမှာဖြစ်လို့ စီအမ်ပရိသတ်‌တို့အတွက် သိပ်မရင်းနှီးလောက်မယ့် ပဒကုသလဇာတ်နဲ့ ခပ်ဆင်ဆင်တူတဲ့ ကြမ်းတမ်းတဲ့ဘီလူးမှာလည်း ချစ်တတ်တဲ့နူးနူးညံ့ညံ့နှလုံးသားနဲ့ပါဆိုတဲ့ ထိုင်းကားအ‌ဟောင်းလေးကို တင်ဆက်ပေးလိုက်ပါပြီ။ နက်ရှိုင်းတဲ့ပင်လယ်ပြင်ကြီးရဲ့ ဝေးလံတဲ့ကျွန်းတစ်ကျွန်းပေါ်က ကျောက်ဂူကြီးထဲမှာ ဘီလူးမတစ်ကောင် နေထိုင်ပါတယ်။ ဘီလူးမဟာ အတော်လေးဆိုးသွမ်းတာကြောင့် တခြားရေနေသတ္တဝါတွေအပြင် ဒီရေပိုင်နက်တစ်ဝိုက်မှာ ကျက်စားတဲ့ ရေသူမတွေပါ ကြောက်ကြရတဲ့သူပေါ့။ ဒါပေမဲ့ လူသူမမြင်ကွယ်ရာအရပ်မှာ နေရတဲ့ဘီလူးမဟာလည်း တစ်ကိုယ်တည်းအထီးကျန်နေသူပေါ့။ ဒီလိုနဲ့တစ်နေ့ ရက်တနာတိုင်းရဲ့မင်းသား အာဖိုင်မာနီရဲ့ ညှို့ငင်နိုင်စွမ်းအပြည့်နဲ့ပုလွေသံကိုကြားလို့လာအကြည့်မှာ ချောမောတဲ့မင်းသားကို တပ်မက်သွားတဲ့ဘီလူးမဟာ အာဖိုင်မာနီကိုပြန်ပေးဆွဲလို့ လူယောင်ဖန်ဆင်းပြီးတော့ အကြင်လင်မယားအဖြစ်ပေါင်းသင်းနေထိုင်လိုက်တာ သားလေးတစ်ယောက်ရတဲ့အထိပါပဲ။ ဒါပေမဲ့ လူသားပီပီ လူသားတွေနဲ့ပဲနေချင်တဲ့ အာဖိုင်မာနီတို့သားအဖက အမြဲထွက်ပြေးဖို့ကြံစည်နေပေမယ့် မအောင်မြင်တာကြောင့် ရေသူမတွေရဲ့အကူအညီနဲ့ ဘီလူးမလက်ကလွတ်အောင်ကြံတဲ့အခါ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ရှုစားကြပါဦး။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. Fantasy, Romance, Action Quality…. 1080p | 720p File size… 2.1GB | 1.1GB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

5.5 2002
The Prince, The Witch, and The Mermaid
RED 2
6.6

Red 2 (2013) Redဖန်တွေအတွက် Red 2ကို တင်ဆက်ပေးလိုက်ပါပြီ။ Red 2ကိုလည်း Redထဲက chractersတွေ ပြန်လည်ပါဝင်လာပါတယ်။ Die Hard, Glass, Pulp Fiction, 12 Monkeys, The Fifth Element အစရှိတဲ့ ရုပ်ရှင်ကောင်းတွေရဲ့ မင်းသားကြီး Bruce Willisက ဦးဆောင်ထားပြီး Dangerous Liaisons, Places in the Heart, The Killing Fields, Being John Malkovich, In the Line of Fire တို့ရဲ့ မင်းသားကြီး John Malkovichအပြင် The Queen, Prime Suspect (TV Series), Gosford Park, The Madness of King George, The Long Good Fridayတို့ရဲ့ ဝါရင့်မင်းသမီးကြီး Helen Mirrenတို့အပြင်A Bittersweet Life, I Saw the Devil, Masquerade, The Man Standing Next, Mr. Sunshineတို့ထဲက ကိုရီးယားအက်ရှင်မင်းသားကြီး Lee Byung-hunတို့က ပြန်လည်ပါဝင်ထားပါတယ်။ ဒါ့အပြင် Anthony Hopkinsနဲ့ Mary-Louise Parkerတို့လို character အသစ်တွေလည်း ပါဝင်ထားပါတယ်။ ဇာတ်လမ်းကတော့… Red အပြီးမှာ ဖရန့်တစ်ယောက် သူ့ကောင်မလေးနဲ့အတူ အေးအေးဆေးဆေး အနားယူနေပါတော့တယ်။ ထိုအချိန်မှာ သူ့ရဲ့ဘော်ဒါကြီး မယ်ဗင်က သူ့ကို လိုက်သတ်နေတဲ့ လူတစ်စု ရှိတယ်ဆိုပြီး ဖရန့်ကို လာရှာပါတော့တယ်။ အဲဒီလိုပြောပြီးချင်းချင်းမှာ မယ်ဗင်က ကားဗုံးပေါက်ကာလျှောသွားပါလေရော။ (အမှန်က ဟန်ဆောင်သေတာပါ) မာဗင် ဆုံးသွားပြီးတော့ CIAက ဖရန့်နဲ့ မာဗင်က တွဲပြီး ပရောဂျက် နိုက်ရှိတ်မှာ ပါတယ်ဆိုပြီး မသင်္ကာဘူးလို့ဆိုကာ လာဖမ်းပါတော့တယ်။ ပရောဂျက်နိုက်ရှိတ်ကို CIAတွေရော MI6တွေရော ရုရှားတွေပါ ပါလာတဲ့အခါ။ ပရောဂျက်နိုက်ရှိတ်ဆိုတာက ဘာလဲ။ သူနဲ့ မာဗင်၊ ဖရန့်တို့နဲ့က ဘယ်လိုပတ်သက်နေတာလဲ။ CIA, MI6, KGBတို့လက်အောက်ကနေ ဖရန့်နဲ့ မာဗင်တို့ ပြေးလို့လွတ်ပါ့မလားဆိုတာကို အက်ရှင်ကားပီပီ ကြမ်းကြမ်းတမ်းတမ်း ကြည့်ရှုရမှာဖြစ်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Minn Khant Kyi Win မှတင်ဆက်ထားပါတယ်။) CM မှာ RED ၂ ကားလုံးတင်ဆက်ထားပါတယ်။

6.6 2013
RED 2
The Primevals
5.5

နှစ်တွေဘယ်လောက်ကြာကြာ အခုထက်ထိ မဖြေရှင်း နိုင်သေးတဲ့ ကမ္တာကြီးပေါ်က လျှို့ဝှက်ဆန်းကြယ် ဖြစ်စဉ်တွေထဲမှာ ဂြိုလ်သားတွေအပြင် Yeti ဆိုတဲ့ နှင်းလူကြီးတွေလည်း ပါဝင်နေပါသေးတယ်။ ဟိုနားလေးမှာတွေ့လိုက်ရတယ် ဒီနားလေးမှာတွေ့ လိုက်ရတယ်ဆိုပြီး တကယ်ကွက်ကွက်ကွင်းကွင်း မမြင်ရတာတွေ ခိုင်မှာတဲ့သက်သေမပြနိုင်‌တာတွေဆိုမှ အများကြီးပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားကလည်း အဲ့ဒီနှင်းလူကြီးတွေအကြောင်းကို စိတ်ကူးယဉ်ရိုက်ကူး ထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။၂၀၂၃ ထွက် ဇာတ်ကားဖြစ်ပေမဲ့အရင်ခေတ်ပုံစံ အရင်ခေတ် CGI တွေနဲ့ ပြန်လည်အသက်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ။ ဇာတ်လမ်းလေးရဲ့နာမည်ကတော့ The Primevals ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။ ဒေါက်တာကလယ်ရာနဲ့ မက်သရူးတို့ကတက္ကသိုလ်က ဆရာတပည့်တွေဖြစ်ပြီး ၂ ယောက်စလုံးက နှင်းလူကြီးတွေ အကြောင်းကိုစိတ်ဝင်စားကြတဲ့သူတွေပဲဖြစ်ပါတယ်။သူတို့ နှစ်ယောက်က မတွေ့ရတာကြာပြီဖြစ်ပြီး တစ်နေ့မှာတော့ ကလယ်ရာကျင်းပတဲ့ပွဲတစ်ပွဲမှာ ပြန်လည်တွေ့ရှိခဲ့ပါတော့တယ်။ အဲ့ဒီပွဲကတော့ နီပေါနိုင်ငံမှာ အသေဖမ်းမိခဲ့တဲ့ နှင်းလူကြီးကို ပြသတဲ့ပွဲပဲဖြစ်ပါတယ်။ကိုယ့်မျက်စိရှေ့မှာ ဒီလိုနှင်းလူကြီးကို ကွက်ကွက်ကွင်းကွင်းတွေ့နေရပြီ ဖြစ်တဲ့အတွက် နီပေါနိုင်ငံမှာ တခြားကျန်လောက်ဦးမဲ့ နှင်းလူတွေကိုသွားရှာဖို့ ဆရာတပည့် နှစ်ယောက်စကားစပ်မိခဲ့ကြပါတော့တယ်။ဒီလိုနဲ့ သူတို့ နှစ်ယောက်သား နီပေါကို ခရီးနှင်ခဲ့ကြပြီး ခရီးစဉ်မှာလိုအပ်မဲ့ တခြားသူတွေကို စုဆောင်းပြီး နှင်းလူရှာဖွေရေးခရီးစဉ်ကို စတင်ခဲ့ပါတော့တယ်။ဒါပေမယ့် သူတို့ကိုစောင့်ကြိုနေတဲ့ အရာက နှင်းလူတွေတင်မကဘဲ တခြားကမ္ဘာက လျှို့ဝှက် ဆန်းကြယ်တဲ့ သက်ရှိတွေပါရှိနေတဲ့အခါမှာတော့ ဒေါက်တာ ကလယ်ရာတို့ အဖွဲ့ ဘယ်လိုအရာမျိုးတွေကို လေ့လာစူးစမ်း နိုင်ခဲ့မလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ File size…3.64GB / 1.11GB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 31m Genre ….. Adventure , Sci-Fi Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.5 2023 91 mins
The Primevals
The Lady of the Lake
5

ဒီဇာတ်ကားကတော့ ဒါရိုက်တာ Maria Capp ရိုက်ကူးထားပြီး မင်းသမီး Nia Sioux နဲ့ မင်းသားကြီး Seth Gilliam တို့က ပါဝင်သရုပ်ဆောင်ထားတဲ့ သဲထိပ်ရင်ဖို ကျိန်စာတွေပါဝင်တဲ့ကားလေးပါ။ ဂျေမီရှောဇ်ကတော့ အထက်တန်းကျောင်းက ဘွဲ့ရတော့မယ့် ကျောင်းသူတစ်ယောက်ဖြစ်ပြီး သူ့မိသားစုနဲ့အတူ ရွန်ကွန်ကိုမာ ရေကန်ကြီးဘေးမှာ နေထိုင်တာပါ။ သူတို့ကမ်းရိုးတန်းက ဒေသခံမျိုးနွယ်စုတွေကြားမှာ ကျိန်စာလိုမျိုး ဒဏ္ဍာရီတစ်ပုဒ်ရှိပါတယ်။ ရွန်ကွန်ကိုမာလို့ခေါ်တဲ့ အမျိုးသမီးလေးက သူ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ ရေကန်ထဲမှာ သတ်သေခဲ့ပါတယ်… သူက ဆုံးရှုံးသွားရတဲ့ ချစ်သူကိုပြန်ရှာဖွေဖို့ ရေကန်ထဲမှာ စောင့်နေရင်း တစ်နှစ်ကို ယောကျ်ားလေးတစ်ယောက် ရေနှစ်သတ်တတ်ပါတယ်တဲ့။ ဒေသခံအများစုကတော့ ဒါကကျိန်စာမဟုတ်ဘဲ သာမာန်ပုံပြင်လို့ပဲ သတ်မှတ်ထားကြတာပါ။ ဂျေမီဘွဲ့မရခင် တစ်နှစ်အလိုမှာပဲ ဂျေမီ့ရဲ့အကို ရေကူးချန်ပီယံ အဲရစ်က ရေကန်ထဲမှာရေကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့ပါတယ်။ ဂျေမီက သူ့အကိုရဲ့ဆန္ဒကို ဖြည့်ဆည်းပေးဖို့ သူဘွဲ့ရပြီးတဲ့နောက် မွေးနေ့ကို ရေကန်ဘေးမှာ ပါတီလုပ်ချင်ခဲ့ပါတယ်။ သားဖြစ်သူကို ဆုံးရှုံးလိုက်ရပြီး ရေကန်ရဲ့ကျိန်စာကို ကြောက်နေတဲ့ မိသားစုကလည်း ဂျေမီ့ကို ရေကန်ဘေးမသွားဖို့ သတိပေးထားပါတယ်။ ဒါပေမယ့် ကျိန်စာကို မယုံကြည်တဲ့ ဂျေမီတို့ သူငယ်ချင်းတစ်စုက ရေကန်ဘေးမှာ မွေးနေ့ပါတီ လုပ်ဖို့ ဆုံးဖြတ်လိုက်ကြတဲ့အခါ…. သူတို့ဘာတွေဆက်ဖြစ်ကြမှာလဲ…. ဒီတစ်ခေါက်မှာရော ပစ်မှတ်ကဘယ်သူဖြစ်သွားမလဲ… ရေကန်ကရော တကယ်ပဲဒဏ္ဍာရီထဲကလို ကျိန်စာရှိနေတာလား… ဒါတွေကို ဒီသဲထိတ်ရင်ဖို ကျိန်စာဇာတ်ကားလေးထဲမှာ ရင်တမမနဲ့ ကြည့်ရှုရမှာပါ။ File size… (1.51GB) / (770MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 27m Genre …..Horror , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by K

5 2024 93 mins
The Lady of the Lake