YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

You Gotta Believe (2024) WEB-DL,1080p HEVC (CM).mkv

1.72 GB N/A video/x-matroska 29 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
My Happy Ending
5.5

My Happy Ending (2023) ဘ၀မှာ ကြောက်စရာရောဂါဆိုးကြီးဖြစ်လာရင် ဘယ်လိုရင်ဆိုင်ကြမှာလဲ... အရှုံးမပေးဘဲ အနိုင်ယူကြမှာလား။ ဂျူလီယာရော့သ်ဆိုတဲ့ အမျိုးသမီးအဖြစ်ကတော့ သူများတွေလိုမဟုတ်ပါဘူး။ ကိုယ့်ဘ၀ရဲ့ ပျော်ရွှင်စရာ အဆုံးသတ်ကို ကိုယ်တိုင်ရွေးချယ်လို့ရတယ်ဆိုတာပြသွားတာပါ။ ဂျူလီယာက တစ်ချိန်က ဟောလီးဝုဒ်နာမည်ကြီးသရုပ်ဆောင်ဖြစ်ပြီး ခုချိန်မှာတော့ နာမည်ကျလာပြီး တစ်ချိန်တည်းမှာပဲ အူမကြီးကင်ဆာဖြစ်နေပါတယ်။ ဒါကို သူ့မန်နေဂျာကလွဲရင် သူ့သားသမီးတွေရောဘယ်သူမှမသိပါဘူး။ မကြာခင်မှာ သမီးဖြစ်သူရဲ့လက်ထပ်ပွဲလည်းရှိနေပါတယ်။ သူ့ဆရာ၀န်က ညွှန်းပေးတဲ့ လန်ဒန်အပြင်က ဆေးခန်းလေးမှာ ‌ဓာတုကုထုံးနဲ့ ကီမိုဆေးသွင်းဖို့ရောက်လာပါတယ်။ အဲဒီက သူနေရမယ့်အခန်းမှာ တခြား ကင်ဆာရောဂါသည်အမျိုးသမီး ၃ဉီးလည်းရှိနေပါတယ်။ ရောက်ကာစကတော့ ဂျူလီယာနဲ့ နည်းနည်းအဖုအထစ်လေးဖြစ်ပေမယ့် ပြန်အဆင်ပြေသွားပါတယ်။ ဂျူလီယာရဲ့ကင်ဆာက အဆင့် ၄ ရှိနေပြီး သူတို့ထဲမှာ အဆိုးဆုံးအခြေအနေလို့ပြောလို့ရပါတယ်။ ကျန်တဲ့ ၃ယောက်က သူတို့ဆေးတွေသွင်းရလို့ နာကျင်တဲ့အချိန်မှာ နာတဲ့စိတ်ကို ပြေပျောက်အောင်လို့ စိတ်ကူးယဉ်ပြီးကစားတဲ့ အားလပ်ရက်ခရီးဆိုတာမျိုးရှိပါတယ်။ ဂျူလီယာ့ကိုလည်း အဲဒီလိုကစားနည်းကို ပြပေးပြီး သူတို့အတူ ကစားကြပါတယ်။ ဒီလိုနဲ့ တစ်ယောက်အကြောင်းတစ်ယောက်ဖလှယ်ရင်း၊ အားလပ်ရက်ခရီးသွားတမ်းကစားကြရင်း ဂျူလီယာက သူ့ရောဂါအခြေအနေနဲ့ သူ့မှာအချိန်သိပ်မရှိတော့တာကို သတိထားမိသွားတဲ့အခါ... သူရွေးချယ်တဲ့ ပျော်ရွှင်စရာအဆုံးသတ်ဆိုတာ ဘယ်လိုမျိုးလဲ... အဆင့် ၄ ကင်ဆာရောဂါသည်တစ်ယောက်အတွက် အရမ်းပြင်းတဲ့ကီမိုဆေးတွေသွင်းရင်း အချိန်ဆွဲဆန့်တာက တန်တာလား... ကျန်တဲ့အချိန်လေးမှာ ချစ်ရတဲ့သူတွေနဲ့ တန်ဖိုးရှိရှိပျော်ပျော်ရွှင်ရွှင် ဆန္ဒအတိုင်းနေထိုင်သွားတာက တန်တာလားဆိုတာ ဆက်လက်အားပေးကြပါဦး။ ဇာတ်ကားတစ်ကားလုံးက တကယ်တော့ တစ်ရက်တည်း တစ်‌နေရာတည်းမှာ ဖြစ်သွားတဲ့အကြောင်းအရာတွေကို ရိုက်ကူးထားတာပေမဲ့ ကြည့်ပြီးရင် တစ်ခုခုတော့တွေးစရာကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.7GB, 715MB Quality - 1080p, 720p IMDb Rating - 5.2/10 Format - mp4 Duration - 1H 29Min Genre - Comedy, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

Comedy • Drama • Romance
5.5 2023 89 mins
My Happy Ending
Eros
5.6

ဝေါင်ကာဝေး၊ စတီဗင် ဆိုဒါးဘတ်၊ မိုက်ကယ်အိန်ဂျလို အန်တိုနီယိုနီ စတဲ့ ဟောင်ကောင် အမေရိကန် အီတလီက နာမည်ကျော် ဒါရိုက်တာ၃ယောက်ဟာ Eros ဆိုတဲ့နာမည်နဲ့ ဇာတ်လမ်းတို သုံးခုကို Erotic ဆန်ဆန်ရိုက်ဖို့ တွဲဖက်ပေးခံခဲ့ရပါတယ်။ ဇာတ်လမ်းသုံးခုလုံး ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက်တွေပါပဲ။ သုံးယောက်လုံး နာမည်ကျော်တွေပေမဲ့ ဝေါင်ကာဝေးရဲ့ The Hand ကတော့ အသပ်ရပ်ဆုံး အလှပဆုံးပါပဲ။ - "The Hand" By Wong Kar Wai အပြာရောင်ရဲရဲသမိုင်းနဲ့ မကင်းတဲ့သူတွေ မရေနိုင်မတွက်နိုင် ရှိကောင်းရှိဖူးကြမှာပဲ။ အားလုံးနီးပါးပဲ ထင်ပါတယ်။ တစ်ခါတလေတော့လည်း သိ‌နေပြီးတဲ့ အရာရာတိုင်းကို သိဖို့မလိုဘူးပေါ့။ ဒီနည်းနဲ့ ထားသင့်အရာတွေကို ထားသင့်တဲ့နေရာမှာထားပြီး ကျွန်တော်တို့‌ ကမ္ဘာမပြိုပျက်ဖို့ နံရံတစ်ခုခြားခဲ့ကြတာပါပဲ။ အနုပညာပစ္စည်းတစ်ခုမှာ ကျန်တာထက် အခရာကျတဲ့ အရည်အသွေးက ရိုးသားမှုလို့ ကျွန်တော်တော့ မှတ်ယူတာပဲ။ ဖန်တီးသူဟာ သူ့ခံစားချက် သူရိုးသားရတာပေါ့။ ဒီလိုနဲ့ အဲဒီနံရံကို ပညာသားပါပါနဲ့ ကျော်ဖြတ်ဖို့ ဖန်လာတာပါပဲ။ ကိုမောင်မောင် (မဇ္ဈိမလှိုင်း) ရဲ့ ပန်းချစ်သူတို့၊ စိုင်းခမ်းလိတ်ရဲ့ အပြာရောင်မျက်ရည်တို့ပေါ့။ ဝေါင်ကာဝေးရဲ့ The Hand ကလည်း ထိုနည်းလည်းကောင်းပါ။ ဂေါင်လီရဲ့ အဝတ်အစားမဲ့တဲ့အခန်းတစ်ခန်းမှမပါ နမ်းခန်းတောင် သေသေချာချာမပါဘဲ အတော်ပညာသားပါပါနဲ့ ဒီနံရံကိုချိုးသွားတာပါပဲ။ ဝေါင်ကာဝေးဟာ 2046 မှာ ကျန်းကျိရီရဲ့ အသားတစ်စက်မှ မပြတဲ့အခန်းတွေကိုတောင် ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်ခဲ့ဖူးပါတယ်။ (ပြတဲ့အခန်းလည်းပါပေမဲ့ မပြတာတွေမှာလည်း ဆွဲဆောင်မှုအပြည့်ရှိအောင် ရိုက်နိုင်တာကို ဆိုလိုတာပါ)။ ဒီမှာလည်း ထိုနည်း၎င်း ပုံစံလည်း သုံးထားပါတယ်။ ဂေါင်လီနဲ့ပေါ့။ သိတဲ့ထဲ သူ့တင်ပြပုံနဲ့ အနီးစပ်ဆုံး တူတာကို ဥပမာပေးရမယ်ဆိုရင် ဆရာဇော်ဇော်အောင် စာကြောင်းတစ်ကြောင်းပြချင်ပါတယ်။ " တင်းတင်းစည်းနှောင်းထားသော အဝါရောင်ပါတိတ်လုံချည်အောက်က နူးညံ့လုံးဝန်းပြီး ညွတ်ပျောင်းနွဲ့နှောင်းနေသည့် ပေါင်တံများ၏ ညှို့ဓာတ်ပါသော ကောက်ကြောင်းသည် ဆွတ်ပျံ့ဖွယ်ရာ အမှတ်သညာတစ်ခုပင်။ ပါးစပ်အရွယ်အစားက ဖြစ်သင့်သည်ထက် ပိုကျယ်လွန်းနေသည်။ မလိုက်ဖက်သော တစ်ခု နှစ်ခုပင် အလှတရား..." ။ ~ ဇော်ဇော်အောင် (အပိုင်းအစများ) မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်လှပပုံကို ဆရာဇော်ဇော်အောင် ပုံဖော်ရေးသားတွေဟာ ရိုင်းတယ်လို့ မထင်ရတဲ့အထိကို စကားလုံးတော်တော်ယဉ်ပါတယ်။ ဝေါင်ကာဝေးရိုက်ကူးပုံကလည်း ထိုနည်းလည်းကောင်းပါပဲ။ Eros ဆိုတဲ့ ခေါင်းစဉ်နဲ့ညီအောင် အယဉ်ဆုံးအညင်ဆုံး ရိုက်ကူးသွားတာပါပဲ။ သူပေးချင်တဲ့ ရသလည်းမပျက်ခဲ့ပါဘူး။ သူ့လူမျိုးစံနှုန်းအရ ရှိသင့်တာထက်လည်း မကျော်ပါဘူး။ ဝေါင်ကာဝေးဟာ ဝေါင်ကာဝေးပါပဲ။ သူ ရွေးသွားတဲ့အကြောင်းအရာကလည်း လက်ပါ။ အတော်ကောင်းတဲ့ရွေးချယ်မှုပါပဲ။ ဂေါင်လီဟာ ဘယ်လိုဇာတ်ရုပ်နဲ့မဆို လိုက်နေတဲ့ မင်းသမီးအစစ်လို့ ဆိုရမှာပဲ။ ပုဂ္ဂလိကအမြင်အရ 2046 က ကျန်းကျိရီရဲ့ ပခြုပ်သည်မကာရိုက်တာကို ပိုသဘောကျမိပေမဲ့ ဂေါင်လီနဲ့လည်း လိုက်ဖက်နေတာကိုတော့ ငြင်းမရပါဘူး။ ဇာတ်ကောင်၂ကောင်ဟာ ကွဲလွဲမှုနည်းနည်းတော့ရှိနေတော့ ဂေါင်လီဟာ ဒီဇာတ်ရုပ်နဲ့ အံကိုက်လို့ဆိုရပါမယ်။ နောက် အပ်ချုပ်သမားဇာတ်ကောင်နေရာမှာလည်း ချန်းချန်ကလွဲ ဝေါင်ကာဝေးနဲ့ ရိုက်နေကျလူတွေနဲ့ မြင်ကြည့်လို့မရပါဘူး။ သူ့ဇာတ်နဲ့သူ အကောင်းဆုံးလုပ်ခဲ့ကြသလို လူရွေးလည်းတော်တော်တော်ခဲ့ကြတယ် ဆိုရပါမယ်။ အိပ်မက်ပြာပြာတွေနဲ့ပဲ လူဟာ သက်၀င်ခဲ့တာပါပဲ။ The Hand ဟာ အနီရဲရဲတောက်နေတဲ့ အိပ်မက်ပြာတစ်ခုအ‌ကြောင်းပေါ့။ The Hand ဟာ အပြာရောင်အိပ်မက်တွေမှာ ပါ၀င်ဖူးခဲ့တဲ့ လက်ချောင်းတွေကို အလှပဆုံးပုံဖော်သွားတဲ့ကဗျာပေါ့။ နောက်ချစ်ခြင်းကိုရောပေါ့။ ဒါတွေဟာ အချစ်ဟုတ်ပါ့မလား ဆိုရင်တော့ စောဒကတက်ရခက်ခက်ပါ။ သေချာတာတော့ နား‌ထောင်နေကျ၊ အချစ်ပါပဲ သီချင်းထဲကလို "အရောင်တွေရှိတယ် မရှိဘူး မလိုပါဘူး" - "Equilibrium" By Steven Soderbergh ရုပ်ရှင်ရဲ့ဦးတည်ချက်အရ Eroticဆန်တဲ့ ပုံစံကို ရိုက်ရမှာပေမဲ့ စတီဗင်ဆိုဒါးဘတ်ရဲ့ ရွေးချယ်မှုကတော့ ဆန်းတော့ဆန်းတယ်ပြောရမယ်။ Robert Downey Jr. ဟာ အိပ်မက်ထဲမှာ မိန်းကလေးတစ်ယောက်ကို အမြဲမက်နေလို့ စိတ်ကုဆရာဝန်နဲ့ပြတဲ့အကြောင်းသက်သက်ပါပဲ။ အိပ်မက်ထဲက မိန်းကလေးကိုလည်း ခဏလောက်ပဲပြသလို ရိုက်ထားတဲ့ပုံစံကလည်း အဖြူအမဲနဲ့ပါ။ ဘယ်ကလဲမသိပေမဲ့ ကြားဖူးတဲ့စကားလေးရှိတယ်။ ဖုံးကွယ်ထားတဲ့အရာတွေက အလှဆုံးအရာတွေပဲ။ ဆိုဒါးဘတ်ဟာ ဒီသီအိုရီကိုပဲ မိုင်ကုန်သုံးပြီး Erotic ဆန်အောင် ရိုက်သွားသလားလို့ တွေးချင်စရာပဲ။ သိချင်စိတ်ကို ဆွပေးပြီး ရိုက်သွားတယ်လို့တော့ ဆိုရမှာပဲ။ သူ့မူလရည်ရွယ်ချက်ဖြစ်တဲ့ Erotic ဖြစ် မဖြစ်ကတော့ လူပေါ်မူတည်ပြီးကွဲပြားသွားမယ်ထင်ပါတယ်။ - "The Dangerous Thread of Things" By Michelangelo Antonioni မိုက်ကယ်အိန်ဂျယ်လိုရဲ့ အပိုင်းကတော့ ဒီရုပ်ရှင်ကို စဖြစ်စေခဲ့တဲ့ အကြောင်းရင်းပါ။ သူ့ဒီအပိုင်းက ခုနအပိုင်းလို မသိကိန်းလည်းဆန်သလို ကိုယ်လုံးတီးနီးပါး အခန်းတွေပါတဲ့ တစ်ပိုင်းတည်းသော အပိုင်းလည်းဟုတ်တယ်။ ဒီထဲမှာ သူဝါအရင့်ဆုံးပါပဲ။ ၁၉၄၇ကတည်းက ရုပ်ရှင်တွေ စရိုက်လာခဲ့တဲ့သူဖြစ်ပြီး Art Film တွေ မနည်းမနောရိုက်ထားဖူးတဲ့သူပါ။ တန်းမြင့်ရုပ်ရှင်တွေလည်း ရိုက်ထားတာမနည်းပါဘူး။ ရှာကြည့်သလောက်တော့ ဒါသူ့နောက်ဆုံးရုပ်ရှင်ပါပဲ။ ပြဿနာတစ်ခုရှိတာက ဒီအပိုင်းက ကျွန်တော့်ပုဂ္ဂလိကခံစားချက်အရတော့ Erotic ဆန်ဆန် ဘာမှသိပ်မခံစားရပါဘူး။ အသက်တော်တော်ကြီးမှ ရိုက်လိုက်လို့ နည်းနည်းပေါ့သွားတာဖြစ်နိုင်သလို ကျွန်တော် ဉာဏ်မမီတာလည်းဖြစ်နိုင်သလို ရေခံမြေခံအကွာကြောင့် ခံစားမရတာလည်း ဖြစ်နိုင်ပါတယ်။ ဘာနေနေပါ။ Eros ဟာ Rating အရ သုံးကားပေါင်းပေးရတာဆိုတော့ ဘယ်သူ့ကြောင့် နိမ့်သွားလဲ တရားခံမပေါ်ပေမဲ့ ရုပ်ရှင်တိုလေးသုံးကားမှာ ဆရာကြီးသုံးယောက်ပေးတဲ့ ကွဲပြားတဲ့အရသာသုံးခုကို ခံစားရမှာမို့ တော်တော်ကြည့်ရတန်တဲ့ ရုပ်ရှင်ပါပဲ။ "The Hand" ကလည်း ဝေါင်ကာဝေးရဲ့ အနားသားမာစတာပိစ်တစ်ကားပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.4GB, 990MB, 500MB Quality - 1080p, 720p, 480p Format - mp4 Duration - 1H 44Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Action
5.6 2004 104 mins
Eros
A Banquet
4.3

Horror, Thriller ဟိုလီဟာ ခင်ပွန်းသည် ရောဂါဆိုးတစ်ခုနဲ့သေဆုံးသွားပြီးတဲ့နောက်မှာ ဘက်စီ ၊ အစ်ဇီ ဆိုတဲ့ သမီးနှစ်ယောက်နဲ့ ဘ၀ကို ဆက်လက်ရုန်းကန် နေခဲ့ပါတယ်။ တစ်နေ့မှာ သမီးကြီး ဘက်စီဟာ အစာလုံး၀မစားနိုင်ဘဲ နေမကောင်း ဖြစ်လာပါတယ်။ ဆရာ၀န်မျိုးစုံ အထူးကုမျိုးစုံပြပေမယ့် ထူးခြားမလာ ပါဘူး။ တကယ်တော့ ဘက်စီကို နတ်ဆိုးတစ်ကောင်က ၀င်ပူးနေခဲ့တာ ဖြစ်ပြီး ဘက်စီရဲ့ အပြုအမူအပြောအဆိုတွေဟာလုံး၀ပြောင်းလဲလာကာ ရှေ့ဖြစ်ဟော မှော်ဆရာတစ်ယောက်လိုဖြစ်ပါတယ်။ အဲ့တော့ ဘက်စီကို ဘာကြောင့် ဒီလိုတွေဖြစ်နေတာလဲ၊ ဖခင်သေဆုံးမှုနဲ့ ဘယ်လိုပတ်သက် နေလဲဆိုတာကိုတော့ ကိုယ်တိုင်ပဲ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(730 MB) / (489 MB) / (281 MB) Quality............WebRip 1080p / 720p / 480p Duration.........1Hr 37mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator.......Thiha Yan Naing Encoder..........SWM

Action • Drama
4.3 2022 97 mins
A Banquet
Book of Blood
5.5

မိသားစုတစ်ခုရဲ့ သမီးက ဘယ်အရာက လုပ်သွားမှန်းမသိရဘဲ သူ့အိမ်အခန်းထဲမှာပဲ ထူးထူးဆန်းဆန်း သေဆုံးသွားခဲ့ပါတယ် ထိုသေဆုံးမှုကို သဘာဝလွန်ဖြစ်ရပ်တွေမှာ ကျွမ်းကျင်တဲ့ မယ်ရီနဲ့ ရက်ဂ်တို့က ဝိညာဉ်လောကနဲ့ဆက်သွယ်နိုင်တဲ့ ဆိုင်မွန်ဆိုတဲ့ကျောင်းသားနဲ့ အတူ အဆိုပါသေဆုံးမှုကို သွားရောက်စုံစမ်းတဲ့အချိန်မှာ ဘယ်လိုထူးဆန်းမှုတွေနဲ့ကြုံရမလဲ ဘယ်လိုသွေးပျက်စရာတွေနဲ့ ကြုံရမလဲ ဘယ်လိုဇာတ်အလှည့်အပြောင်းတွေနဲ့ တွေ့ရမလဲဆိုတာကတော့ ..... သွေးသံရဲရဲနဲ့ horror movieကြိုက်တဲ့သူတွေအတွက်တော့ ဇာတ်ကားကောင်းတစ်ခုဖြစ်နေမှာပါ အဖော်အချွတ်အခန်းအချို့ ပါဝင်တာကြောင့် မိသားစုနဲ့ဆို သတိထားကြည့်ပါဗျ အညွှန်း နဲ့ ဘာသာပြန်ကတော့ Soe Htun Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama, Horror, Fantasy Quality….1080p | 720p| 480p File size…1GB | 460MB | 218MB Format…mp4 Duration….1h 40min Subtitle….Myanmar Subtitle (Hardsub) Translator ..... Soe Htun Aung Encoder ..... August

War
5.5 2009 96 mins
Book of Blood
About Fate
5.8

About Fate (2022) ~ Rotten Tomatoes – 60% ~ လွန်ခဲ့တဲ့ရက်ပိုင်းလောက်ကမှ ပူပူနွေးနွေးထွက်ရှိထားတဲ့ အချစ်၊ ဟာသ၊ ဒရာမာဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပြီး နာမည်ကျော်ဝတ္ထုတစ်အုပ်ဖြစ်တဲ့ The Irony of Fate ကိုအခြေခံပြီးရိုက်ကူးထားတာပါ။ ဇာတ်ကားရဲ့ အငွေ့အသက်က ဘယ်လိုလဲဆိုရင် Holidate တို့ She’s Out of My League တို့နဲ့ ဆင်တူပါတယ်။ Romance / Comedy ဇာတ်ကားသစ်တွေငတ်နေတဲ့ပရိသတ်အတွက်တော့ ပိတ်ရက်မှာ အပျင်းပြေကြည့်ဖို့ ဇာတ်ကားကောင်းတစ်ကားရလိုက်တာပါပဲ။ တစ်ခါတစ်ရံမှာ Right person ကို Wrong time မှာရလိုက်တာမျိုးရှိသလို Wrong person က Right time မှာရောက်လာတာမျိုးလည်း ရှိတတ်ပါတယ်။ နှစ်မျိုးစလုံးကတော့ ထပ်တူဆိုးရွားပေမယ့် ဒီနေရာမှာဒုတိယတစ်မျိုးအကြောင်းကို အဓိကပြောချင်ပါတယ်။ မှန်ကန်တဲ့အချိန်မှာ မှားယွင်းတဲ့လူရောက်လာတဲ့ဖြစ်စဥ်မျိုးပေါ့။ မှန်ကန်တဲ့အချိန်ဆိုတာ အကြမ်းဖျဥ်းအားဖြင့်ပြောရရင် ကျွန်တော်တို့လူတစ်ယောက်ကို နှစ်နှစ်ကာကာချစ်ပေးဖို့ အဆင်သင့်ဖြစ်နေတဲ့အချိန်ပေါ့ဗျာ။ ဒီတော့ အဲဒီအချိန်မှာရောက်လာတဲ့သူကို Right person လို့ပဲထင်မှတ်မှားမိတတ်ကြပါတယ်။ မှန်ကန်တဲ့အချိန်ဆိုတာ အကြာကြီးတည်တံ့နေတဲ့အရာမဟုတ်တာကြောင့် နှလုံးသားကတည်ငြိမ်သွားတဲ့အချိန်မှ ကိုယ့်ဘေးကလူဟာ Right person ဟုတ်မနေမှန်းသိရတာမျိုးပါပဲ။ အဲဒီအချိန်မှာ သံယောဇဥ်တွေပါလာတဲ့အတွက် ပူလောင်နေမှန်းသိလျက် ဆုပ်ကိုင်ထားမိတဲ့သူတွေလည်းရှိသလို မှန်ကန်တဲ့ဆုံးဖြတ်ချက်ကိုချပြီး လွှတ်ချလိုက်နိုင်တဲ့လူတွေလည်းရှိကြပါတယ်။ ”Life is like a box of Chocolates, you never know what you’re going to get.” ဆိုတဲ့စကားလေးလည်းရှိတယ်မလား။ ဆိုလိုတာက ဘဝဆိုတာကံစမ်းမဲနှိုက်ရသလိုပါပဲ။ ကိုယ်ဘာရမလဲဆိုတာကိုယ်မသိနိုင်ပေမယ့် ပထမဆုံးအကြိမ်နှိုက်လိုက်တဲ့ မဲကမကောင်းဘူးဆိုရင် အဲဒီတစ်စောင်ကိုပဲ ဖက်တွယ်နေစရာမလိုပါဘူး။ လူတိုင်းမှာကြိုက်သလောက် ကံစမ်းပိုင်ခွင့်ရှိတဲ့အတွက် တစ်ကြိမ်ကြိမ်မှာတော့ ကိုယ်နဲ့လည်းကိုက်ညီသလိုကိုယ်လည်းလိုချင်နေတဲ့မဲလေးတစ်စောင်ကိုရလာမှာပါ။ ဇာတ်ကားလေးရဲ့နာမည်အတိုင်းပဲ… ကံကြမ္မာဆိုတာက ဆန်းကြယ်တာကြောင့် သူမှသူ ကိုယ်မှကိုယ်ဆိုတဲ့အစွဲတွေကိုချွတ်ပြီး ကိုယ့်အပေါ်ဝန်ထုပ်ဖြစ်နေရင် လွှတ်ချလိုက်ပါ။ လူတိုင်းဟာ ပျော်ရွှင်မှုနဲ့ထိုက်တန်ပါတယ်။ ဇာတ်လမ်းအညွှန်းကလည်း ဒါပါပဲ။ စကားချပ်အနေနဲ့ပြောရရင် ဝတ္ထုကိုပြန်ရိုက်တဲ့ရုပ်ရှင်ကားဖြစ်တာကြောင့် တချို့သော plot တွေဟာအနည်းငယ်ယုတ္တိမတန်သလို ခံစားရတာမျိုးရှိနိုင်ပါတယ်။ ဒါပေမဲ့ ရုပ်ရှင်တစ်ကားလိုမကြည့်ပဲ ဝတ္ထုတစ်အုပ်ဖတ်နေသလို ခံစားကြည့်ရှုမယ်ဆိုရင်တော့ ပြီးပြည့်စုံတဲ့ Fancy drama ကားလေး တစ်ကားလို့ပဲဆိုလိုက်ပါရစေ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Khant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.5GB, 740MB Quality – 1080p, 720p, 480p IMDb Rating – 5.8/10 Format – mp4 Duration – 1H 40Min Genre – Comedy, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Min Khant Bo Encoded by Y

Action • Crime
5.8 2022
About Fate
Eingeschlossene Gesellschaft / Lock In Society
6.2

ကျွန်တော်တို့ငယ်စဉ်တုန်းက လူကြီးအများစုနဲ့ အမြင်မတူကြပါဘူး။ လူကြီးတွေကလည်း ကျွန်တော်တို့ ကလည်း လူကြီးတွေကို ခေတ်ဟောင်းနေပြီ၊ ဒိတ်အောက်နေပြီ ဆိုပြီး ကိုယ်ကြီးလာတဲ့တစ်နေ့ကျ သူတို့တွေ လုပ် တာတွေ၊ သူတို့အတွေးအမြင်မျိုးတွေနဲ့ မတူအောင် ပြောင်းလဲမယ်လို့ အများစုက တွေးဖူးကြပါတယ်။ ဒီလိုသဘော ထားခဲ့တဲ့သူတွေအတွက် ဒီကားလေးက မီးမောင်းထိုးပြနေပါတယ်။ လူတွေရဲ့အခြေခံစိတ်ထားတွေအားလုံးကို ဒီ ဇာတ်ကားလေးထဲမှာ တွေ့နိုင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့သားဖြစ်သူ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုခွင့် မရလို့ ပေါက်ကွဲနေတဲ့ ဖခင် တစ်ယောက်က ကျောင်းရှိ ဒုကျောင်းအုပ်နှင့် ဝင်တွေ့ပြီး အကြောင်းခြင်းရာကို လာဆွေးနွေးပါတယ်။ ထိုကိစ္စ အပေါ် အခြေတည်ပြီး ကျောင်းရှိ ကာယဆရာ၊ ဓါတုဗေဒဆရာ၊ အလုပ်သင်ဆရာမ၊ ဂီတဆရာမ၊ လက်တင်ဆရာ၊ ဂျာမန်ဆရာတို့က စုရုံးစည်းဝေးကြပြီး အများရဲ့အမြင်ကိုဆွေးနွေးကြပါတယ်။ “စကား စကားပြောပါများ စကား ထဲကဇာတိပြ” ပြီး ဆရာ၊ ဆရာမတွေ အချင်းချင်း သူ့အမြင်၊ ကိုယ့်အမြင်ပေါ်မှာ အကြိုက်မတွေ့တာတွေ၊ တစ်ယောက်အမှား တစ်ယောက် ထောက်ပြဝေဖန်တာတွေဖြစ်လာပါတော့တယ်။ ဇာတ်ကားကတော့ သူတို့ဆွေး နွေးတာ၊ တိုင်ပင်တာနဲ့ ပြီးသွားတာပါ။ ဒါပေမယ့် သင်ခန်းစာယူစရာတွေအများကြီးပါပဲ။ လောကကြီးမှာ ကိုယ်ဖြစ် ချင်တိုင်း၊ လုပ်ချင်တိုင်း ပတ်ဝန်းကျင်ဆိုတာကြီးရဲ့ အမြင်တွေနဲ့ တလွဲတချော်ဖြစ်နေတဲ့သဘောသဘာဝကို သေသေသပ်သပ် ရိုက်ပြထားတာပါ။ ဒီကားကြည့်လိုက်ရင် တစ်ခုခုတော့ ရင်ထဲမှာ ကျန်သွားမှာ သေချာပါတယ်။ File size…(1.6 GB)/(800 MB)/(400 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:37:00 Genre…Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myo

Drama • Thriller
6.2 2022 97 mins
Eingeschlossene Gesellschaft / Lock In Society
Kazhuvethi Moorkkan
6.4

Kazhuvethi Moorkan ( 2023 ) ============================= IMDb 6.4/10 အသစ်ထွက်ထားတဲ့ တမီလ် ကျေးလက် အက်ရှင်ကားမိုက်မိုက်လေးတစ်ခုကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ကီဇာသီရူဆိုတဲ့ အိန္ဒိယနိုင်ငံတောင်ပိုင်းက ရွာလေးမှာ မူရ်ကာနဲ့ ဘွန်မိဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြပါတယ်။ မူရ်ကာငယ်ငယ်က နွားခွေ့ခံရတဲ့အချိန်မှာ ဘွန်မိက မူရ်ကာ့အသက်ကိုကယ်ပေးဖူးတာကြောင့် မူရ်ကာဟာ ဘွန်မိအပေါ်မှာ အင်မတန်သံယောဇဉ်ရှိပါတယ်။ ဇာတ်မြင့်၊ ဇာတ်နိမ့်ကွာခြားချက်တွေရှိပေမဲ့ မူရ်ကာဟာ ဘွန်မိဘက်က အမြဲတမ်းရပ်တည်ပေးပြီး ဘွန်မိကလည်း မူရ်ကာအတွက်ဆို ဘာမဆိုကူညီတဲ့ သိပ်ချစ်ကြတဲ့သူငယ်ချင်းတွေပေါ့။ အဲဒီလိုသိပ်ချစ်ကြတဲ့သူငယ်ချင်းတွေဟာ ရွာကိုရောက်လာတဲ့ နိုင်ငံရေးသမားတွေနဲ့ပတ်သက်မိပြီး နိုင်ငံရေးသမားတွေက သူတို့ကို ရန်တိုက်ပေးဖို့ကြိုးစားလာတဲ့အချိန်မှာတော့ တစ်စနဲ့တစ်စ အမှိုက်ကနေ ပြသာဒ်မီးလောင်တဲ့ထိဖြစ်ကုန်ပါတော့တယ်။ ဒီ Kazhuvethi Moorkan ဆိုတဲ့ရုပ်ရှင်လေးဟာ တောင်ပိုင်း ကျေးလက်အက်ရှင်ကား ကြိုက်တတ်သူတွေအတွက် အချိန်ပေးရကျိုးနပ်စေမယ့်ရုပ်ရှင်လေးဖြစ်လို့ ချန်နယ်မြန်မာရဲ့ Bollywood team ကနေ မြန်မာဘာသာသို့ ပြန်ဆိုတင်ဆက်ပေးလိုက်ပါတယ်ဗျ…။ ( ဒီရုပ်ရှင်ရဲ့အညွှန်းကိုတော့ Zwe Yan က ရေးသားပြီး ဘာသာပြန်ဆိုသူတွေကတော့ Voldemort, Aditi, Bpl, Yunni, ThAIk San, နဲ့ Zwe Yan တို့ပဲဖြစ်ကြပါတယ်။ )

Crime • Drama
6.4 2023 152 mins
Kazhuvethi Moorkkan
Dog Day Afternoon
8

Dog Day Afternoon ဆိုတဲ့ ၁၉၇၅ ထွက် ဇာတ်ကားဟာ နယ်နယ်ရရ ကားမဟုတ်ပါဘူး။ ၁၉၇၆ ခုနှစ်အတွက် အကောင်းဆုံးဇာတ်ညွှန်းအတွက် အော်စကာဆုရရှိခဲ့ပြီး တခြား အော်စကာဆု ၄ ခုအတွက်လည်း ဆန်ခါတင် စာရင်းထဲ ပါဝင်ခဲ့တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ ဒါ့အပြင် တခြားကချီးမြှင့်တဲ့ဆုတွေလည်း အများကြီး သိမ်းပိုက်နိုင်ခဲ့ပြီး ဟောလိဝုဒ်ရဲ့ နာမည်ကျော် Al Pacino က အဓိက ဦးဆောင် ပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်လေးက တွေးကြည့်ရင် ရိုးတယ်ထင်ရပေမဲ့ ကြည့်တဲ့အခါမှာ ထိုင်ရာမထ အစအဆုံး ဆွဲခေါ်သွားမဲ့ ဖြစ်ရပ်မှန် ဇာတ်ကား တစ်ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင် Soony နဲ့ Sal ဆိုတဲ့ သူငယ်ချင်း ၂ ယောက် နယူးယောက် ဘရွတ်ကလင်းက ဘဏ်တစ်ဘဏ်ကို ဓားပြတိုက်ခြင်းနဲ့ စတင်ခဲ့ပါတယ်။ ၁၀ မိနစ်နဲ့ ပြီးသွားရမဲ့ သူတို့ရဲ့ အစီအစဥ်က သူတို့ထင်သလို ၁၀ မိနစ်နဲ့ မပြီးဘဲ နာရီပေါင်းများစွာကြာမြင့်တဲ့ ဓားစာခံ အခြေအနေကို ကူးပြောင်းသွားတဲ့အခါမှ သူငယ်ချင်း ၂ ယောက် ဘယ်လို ရုန်းကန်ကြမလဲ။ သူတို့ ဘဏ်ဓားပြတိုက်ခြင်းရဲ့ နောက်ကွယ်မှာရော ဘယ်လို အကြောင်းတွေ ရှိကြမလဲ ဓားစာခံခေါ်ထားခြင်း ခံရတဲ့ ဘဏ်ဝန်ထမ်းတွေရဲ့ တုံ့ပြန်မှုကရော ဘယ်လိုလာမလဲ စတာတွေကို အပြင်မှာ တကယ်ဖြစ်ရပ်မှန် ဖြစ်ခဲ့ပါလားဆိုပြီး ခံစားကြည့်ရှုတဲ့အခါမှာ လုံးဝအံ့အားမှင်သက်မှုတွေကို ခံစားစေရမှာဖြစ်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်လို့ မဖြစ်မနေကြည့်ရှုဖို့ တိုက်တွန်းလိုက်ပါတယ်ခင်ဗျား….. File size…2.21 GB / 1.37GB Quality…WEB-Rip 1080p / 720p Format…mp4 Duration….2h 5m Genre ….. Biography , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Lin Aung

Thriller • Drama
8 1975 125 mins
Dog Day Afternoon
The Thundermans Return
5.5

Marvel တို့ DC တို့လို သီအိုရီတွေ၊အပြိုင်စကြဝဠာတွေနဲ့ Superhero ဇာတ်ကားများကို ကြည့်ရတာ ငြီးငွေ့နေပါသလား၊ အပြောင်းအလဲဖြစ်အောင် ပေါ့ပေါ့ပါးပါး ဇာတ်လမ်းဇာတ်ကွက် လေးနဲ့ စူပါဟီးရိုးကားတွေကို ရှာဖွေနေပါသလား၊ ဒါဆိုရင်တော့ Nickelodeon နဲ့ Paramount+ တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ Thundermans Return ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ Thundermans ဆိုတာကတော့ စွမ်းအားရှင်မိသားစုဖြစ်ပြီး ဟီးရိုးအဖွဲ့အစည်းမှာ အချိန်ကာလတစ်ခုကြာ အတော်ဆုံးဟီးရိုး အဖွဲ့အဖြစ် ရပ်တည်လာခဲ့သူတွေပေါ့။ ဒီလိုနဲ့ တစ်နေ့မှာတော့ V-Team ဆိုတဲ့ ပြိုင်ဖက်ဟီးရိုးအဖွဲ့တစ်ဖွဲ့ပေါ်ပေါက်လာပါတယ်။ နာမည်အကြီးဆုံးဆိုတဲ့ ဂုဏ်ပုဒ်ကို အပြိုင်အဆိုင်လုကြရင်း Thundermans တို့ဟာ V-Team အဖွဲ့ဝင်တစ်ဦးကို မတော်တဆ ထိခိုက်ဒဏ်ရာပေးလိုက်မိတာကြောင့် အလုပ်ဖြုတ်ခံလိုက်ရပါတယ်။ မိုးကြိုးလူသားတို့ ခေတ်ကုန်ပြီး V-Team ကြီးစိုးတဲ့ ခေတ် ရောက်သွားပေမဲ့ သူတို့အဖွဲ့မှာ လုံးဝ မထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်ရှိနေပါသေးတယ်။ အဲလျှို့ဝှက်ချက်ကို Thundermans တို့ သိသွားမလား ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကိုယ်တိုင်ကိုယ်ကျ ကြည့်ရှုခံစားကြပါဦးနော်။ မိသားစုရဲ့ အရေးပါမှုအကြောင်း ချစ်စရာ ဇာတ်လမ်းဇာတ်အိမ်လေးနဲ့ ထည့်သွင်းပြသထားတာမို့ စူပါဟီးရိုးကြိုက်တဲ့ သားသားမီးမီးလေးတွေရှိရင် အတူကြည့်ရှုဖို့ အထူးသင့်လျော်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ကတော့ Thet Hnin Hsu ဖြစ်ပါတယ်) File size…1.57GB / 675MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 10m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thet Hnin Hsu

5.5 2024
The Thundermans Return
Mr. Vampire Saga 4
6.4

တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီ ဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ် ၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ ဇာတ်လမ်းအညွှန်းအနေနဲ့ – လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ‌ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။ တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။ အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။ သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ ‌အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။ အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါ‌ယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ

6.4 1988
Mr. Vampire Saga 4
The New Legend of Shaolin
6.3

ရှောင်လင်သိုင်းကားတွေကို ကြိုက်တဲ့ပရိသတ်ကြီးအတွက် 1994 ခုနှစ်က ထွက်ခဲ့တဲ့ မင်းသားကြီး ဂျက်လီပါဝင်သရုပ်ဆောင်ထားတဲ့ New Hero Of Shaolin ကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ချင်မင်းဆက် ခန်းရှီးခေတ်မှာ ရှောင်လင်တပည့်ဖြစ်သူ ဟုန်ရှီးကွမ်းဟာ အစိုးရရဲ့လိုက်လံဖမ်းဆီးခြင်းကို ခံနေရပါတယ်။ ဂိုဏ်းတူညီလေး မာနင်အာက သစ္စာဖောက်သွားတဲ့အတွက် ဟုန်ရှီးကွမ်းတို့ တစ်မိသားစုလုံး အသတ်ခံလိုက်ရပြီး သားငယ်လေး ဝိန်တင့်တစ်ယောက်သာ ကျန်ခဲ့ပါတယ်။ အဲ့ဒီအချိန်ကစ ဟုန်ရှီးကွမ်းဟာ သားငယ်လေးနဲ့ အတူ ခြေဦးတည့်ရာ လေလွင့်နေခဲ့ပါတော့တယ်။ ၈ နှစ်ကြာသောအခါ ရှောင်လင်ကျောင်းမှ ဆရာဦးလေးကျစ်ရှန့်ဟာ ရတနာမြေပုံတစ်ခုကို ရရှိခဲ့ပါတယ်။ အဲဒီရတနာမြေပုံကို ချင်မင်းဆက်အစိုးရအဖွဲ့ရဲ့ လုယူခြင်းရန်က ကင်းအောင် မာရှောက်ရှင်း၊ ဟူသယ်တိ၊ ချိုင့်သယ်ကျုံး၊ လီရှစ်ခိုင်းနဲ့ ဖန်းတာ့ဟုန် စတဲ့ တပည့်လေး ၅ ယောက်ရဲ့ ကျောပေါ်မှာ ခွဲပြီး ရေးဆွဲထားခဲ့ပါတယ်။ ပြီးတော့ ဟုန်ရှီးကွမ်းကို ကလေး ၅ ယောက်ကို ထျန်းတိဂိုဏ်း ဂိုဏ်းချုပ်ကြီးချန်ကျင့်နန်ထံပို့ဖို့ လျှို့ဝှက်အကြောင်းကြားခဲ့ပါတယ်။ ကျူးရှောင်ချန့်နဲ့ ဟုန်တို့ သားအမိဟာ နာမည်ကြီးနေတဲ့ လူလိမ်သားအမိနှစ်ယောက်ပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ မာရှောက်ရှင်းနဲ့ အဖေဖြစ်သူမာတာ့ရှန့်နဲ့ တွေ့ခဲ့ပြီး ဟုန်တို့က အမေ့ကို သင်္ဂြိုလ်ဖို့ ကိုယ့်ကိုယ်ကိုယ်ရောင်းမယ်ဆိုတဲ့အတွက် မာတာ့ရှန့်က ဟုန်တို့ကို ပြန်ခေါ်သွားခဲ့ပါတယ်။ အဲဒီမှာပဲ ဟုန်ရှီးကွမ်းတို့ သားအဖနှစ်ယောက်ရဲ့ သိုင်းပညာကျွမ်းကျင်မှုကို တွေ့ပြီး သူ့ရဲ့ ကိုယ်ရံတော်လုပ်ဖို့ မာတာ့ရှန့်က ခေါ်သွားခဲ့ပါသေးတယ်။ ဟုန်တို့သားအမိဟာ သူတို့ လိမ်လည်မှုကို ဟုန်ရှီးကွမ်းက သတိထားမိပြီး နှောင့်ယှက်မှာ စိုးတဲ့အတွက် ဟုန်ရှီးကွမ်းကို သတ်ဖို့ကြိုးစားခဲ့ပါတယ်။ ဟုန်တို့သားအမိနှစ်ယောက် သူဌေးကြီးမာတာ့ရှန့်ကို အောင်မြင်စွာ လိမ်လည်နိုင်ပါ့မလား…… ဟုန်ရှီးကွမ်းကလည်း ကလေး ၅ ယောက်နဲ့ ဘယ်လိုဆက်သွယ်မိမလဲ…… ချင်မင်းဆက် အစိုးရကရော ဟုန်ရှီးကွမ်းတို့ကို ဘယ်လို လိုက်လံနှောင့်ယှက်မလဲ …… ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုခံစားလိုက်ရအောင်နော်။

6.3 1994
The New Legend of Shaolin
Runt
7

ခုတခေါက်တင်ဆက်ပေးမယ့် ရုပ်ရှင်ကားလေးကတော့ IMDB Rating 7 ထိ ရထားတဲ့ Family/Adventure အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်… ကြည်နူးစရာ ကြေကွဲစရာ ဝမ်းသာစရာ ဝမ်းနည်းစရာတွေကို ပေါင်းစပ်ရိုက်ကူးထားတဲ့ ရသစုံကားလေးဖြစ်လို့ ရုပ်ရှင်ချစ် ပရိသတ်တွေ သဘောကျနှစ်ခြိုက်မယ့်ကားလေးဖြစ်ပြီး ချစ်စရာ အာဝုလေးတွေလည်းပါလို့ အာဝုချစ်သူပရိသတ်များလည်း လက်လွှတ်ဖို့မသင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားဖြစ်ပါတယ်… ဩစတေးလျနိုင်ငံ Upson Downs မြို့ငယ်လေးက Shearers မိသားစုဟာ အခြားမြို့ခံများနည်းတူ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုကြသူတွေဖြစ်ပါတယ်… ရေရှားပါးသဖြင့် ချောင်းရေကိုသာ အဓိကအားကိုးနေရတဲ့ မြို့ကလေးဟာ ဓနရှင်သူဌေးကြီး Earl ရဲ့ ကုပ်သွေးစုပ်မယ့်အကြံနဲ့ တည်ဆောက်ခဲ့တဲ့ ရေကာတာကြောင့် ရှားရှားပါးပါးမိုးရေကိုသာ မျှော်ကိုးရပါတော့တယ်… ထို့နောက်မှာတော့ ရေရှားပါးကာ စိုက်ပျိုးရေးမဖြစ်ထွန်းဘဲ တိရစ္ဆာန်များစားကျက်ရှားပါးလာမှုကြောင့် စားဝတ်နေရေးကျပ်တည်း လာတဲ့ Upson Downs အရပ်က Shearers မိသားစုအပါအဝင် ဒေသခံလယ်သမားမိသားစုများဟာ သူဌေးကြီး Earl အဖို့ ၎င်းတို့ရဲ့ လယ်မြေတွေကိုဈေးချိုချိုနဲ့ ဝယ်ယူပြီး ချမ်းသာသည်ထက် ချမ်းသာအောင် အမြတ်ထုတ်စရာ သားကောင်များဖြစ်လာပါတော့တယ်… တချိန်တည်းမှာပဲ စီးပွားရေးကျဆင်းကာ ဘဏ်ကြွေးတွေဆင့်ဆင့် လာတဲ့ မိသားစုအကျပ်အတည်းကို သိပြီး ကူညီချင်စိတ်အပြည့် ရှိနေတဲ့ Shearers မိသားစုရဲ့ သမီးငယ်လေး Annie ဟာ အခက်အခဲကို ဖြေရှင်းဖို့ နည်းလမ်းတွေစဉ်းစားနေခဲ့ပါတယ်… Woolarama ပွဲတော်ရက်မှာတော့ Annie နဲ့ သူ့ခွေးလေး Runt တို့ဟာ အစီအစဉ်မရှိဘဲ ခွေးပြိုင်ပွဲဝင်ဖြစ်သွားရာမှ Runt ရဲ့အစွမ်းအစနဲ့ မိသားစုအကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့ လမ်းစမြင်သွားတဲ့ Annie ဟာ… Shearers မိသားစုကို သူဌေးကြီး Earl လက်ကကယ်တင်နိုင်ကြမလား Shearers မိသားစုတို့ ဘယ်လိုဖြစ်သွားမလဲ…… Upson Downs မြို့ကလေးက လယ်မြေတွေရော သူဌေးကြီး Earl လက်ထဲပဲ အကုန်ရောက်သွားမလားဆိုတာ ကိုတော့ Runt ဆိုတဲ့ ဒီဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားလိုက်ကြပါဦးခင်ဗျာ……. File size… (1.62GB) / (892MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 31m Genre …..Animal Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Ye Thiha Htet

Romance • Comedy
7 2024 91 mins
Runt