YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

You.Cant.Run.Forever.2024.1080p.(CM).mp4

2.03 GB 1080p video/mp4 62 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Masquerade
6.9

IMDb Rating - 6.5/10 The Untouchable ထဲကမင်းသားကြီး Francois Cluzet ပါဝင်ထားတဲ့ နောက်ထပ်ဇာတ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Mascarade ဆိုတဲ့အတိုင်း ဟန်ဆောင် မှုတွေပြည့်နေတဲ့ကားပေါ့။ အချစ်ကိုကိုးကွယ်မိသူတွေ ကိုယ် ကျင့်တရားဖောက်ဖျက်မှုတွေ၊ ကိုယ်ကျိုးပဲကြည့်သူတွေ အ ကြောင်းကို သိပ်လည်း ဒရာမာမချိုးဘဲ ဟာသလေးစွက်ပြီး ရိုက်ထားတာပါ။ ဒါပေမဲ့ အိပ်ရာပေါ်ကအခန်းတွေပါတာကြောင့် မိသားစုနဲ့ကြည့်ဖို့ မသင့်တော်ပါဘူး။ ဇာတ်လမ်းကတော့ ဒီလိုပါ။ အက်ဒရီယမ်က Dancer တစ်ယောက်။ ဆိုင်ကယ်တိုက်ခံရပြီး သူ့ဝါသနာ၊ သူ့အလုပ်၊ သူ့ချစ်သူကိုရော ဆုံးရှုံးလိုက်ရတဲ့အချိန်မှာ ဆေးချလိုက်အရက်သောက်လိုက်နဲ့ ဖြစ်သလိုနေပါတော့တယ်။ ဒါပေမဲ့ ဒီလိုနေဖို့က ငွေရှိမှရမှာကိုး။ အဲဒီမှာပဲ အက်ဒရီယမ်က အသက်ကြီးကြီးချမ်းသာတဲ့မိန်းမတွေကို ချူစားပါလေရော။ တစ်နေ့မှာတော့ သူ့လိုမျိုး ပိုင်းလုံးဖြစ်တဲ့ မိန်းမချောလေးမာဂေါ့နဲ့ ချစ်မိသွားကြပါတယ်။ ချစ်ကြပေမဲ့ တူနှစ်ကိုယ်တဲအိုပျက်မှာ မနေနိုင်တာကြောင့် နှစ်ယောက်သားက အလိမ်အညာပြဇာတ် ကြီးကို ကပြကြတဲ့အချိန်မှာ ဘယ်လိုဇာတ်သိမ်းသွားမလဲ။ ဟန်ဆောင်မျက်နှာဖုံးတွေရဲ့နောက်ကွယ်က အမှန်တရားတွေက ဘာဖြစ်မလဲ။ ခံစားချက်တွေကို ခုတုံးလုပ်အသုံးချတဲ့ သူတို့နှစ် ယောက်ကိုရော ဘယ်သူတွေက သစ္စာဖောက်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းကို EL မှ ရေးသားပေးပြီး ဘာသာပြန် ရေးသားပေးသူများကတော့ EL နဲ့ June တို့ ဖြစ်ပါတယ်) File Size..........(2.4 GB) / (960 MB) / (534 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hrs 14Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Crime, Drama Translator.......EL, June Encoder..........SWM

Horror • Thriller
6.9 2022 142 mins
Masquerade
Beauty Dart

ဒီဇာတ်ကားလေးဟာဆိုရင် သူရဲကောင်း မိန်းမလှလေး လေးယောက် ယောကျာ်းတွေနဲ့ရင်ဘောင်တန်းပြီး တာဝန်တွေကိုယ်စီထမ်းရွက်ကြတဲ့ အကြောင်းလေးကို ရိုက်ကူးထားတဲ့ ကားလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအကျဥ်းလေးကတော့ - တိုင်းပြည်ရဲ့ အခြေအနေ မတည်မငြိမ်ဖြစ်နေချိန်....! ဝိဉာဥ်ဂိုဏ်းရဲ့ လက်ရှိဧကရာဇ်ဟာ အသတ်ခံရပြီး အိမ်ရှေ့စံလေးဟာ ပျောက်ဆုံးလို့နေခဲ့ပါတယ် ။ အဲဒီအချိန်မှာ သေချာလေ့ကျင့်ထားတဲ့ သစ္စာခံအဖွဲ့တစ်ဖွဲ့ဟာ လျှို့ဝှက်ရတနာမြေပုံကို ယူဆောင်ပြီး တာဝန်တစ်ခုလုပ်ဆောင်ဖို့ အကြောင်းဖန်လာခဲ့ပါတယ် ။ လမ်းခရီးမှာ အကြောင်းအမျိုးမျိုးကြောင့် မိန်းမလှလေး(၄)ယောက် တွေ့ဆုံမိပြီး ပေါင်းမိသွားကြတဲ့ အခါ...? အဲဒီ သစ္စာခံထားတဲ့ သူရဲကောင်းအဖွဲ့ထဲမှာ အိမ်ရှေ့စံကိုယ်တိုင် ပါဝင်နေတဲ့အခါ....? ❏ ဘယ်လိုစိန်ခေါ်မှုတွေနဲ့ သူတို့ တွေ့ကြုံရမလဲ? ❏ သူတို့ ယူဆောင်လာတဲ့ လျှို့ဝှက်ရတနာမြေပုံကရော ဘယ်လိုတွေ အရေးကြီးသလဲ ? ❏ အိမ်ရှေ့စံမင်းသားတစ်ယောက် သစ္စာခံ မိန်းမလှလေးတွေတွေနဲ့ ပူးပေါင်းပြီး ပြည်သူတွေရဲ့ ငြိမ်းချမ်းမှုအတွက်ဘယ်လိုမျိုး ပြန်လုပ်ပေးမလဲဆိုတာ ? ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။ သိုင်းလောကရဲ့ ဂိုဏ်းတွေပါ ပါတာမို့ ဓားသိုင်းယှဥ်တာတွေ သိုင်းလောကရဲ့ အရှုပ်အထွေးတွေ ကြိုက်နှစ်သက်တဲ့ သူတွေကတော့ ဒီဇာတ်ကားလေးကိုနှစ်သက်မယ်လို့ထင်ပါတယ် ။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy , Drama , Fantasy Runtime : 1h 23 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action • Crime • Thriller
null 2022
Beauty Dart
Eternally Younger Than Those Idiots
7.2

Eternally younger than those idiots (2021) “မင်းရဲ့စိတ်ဝိဉာဉ်နဲ့ ဖြစ်တည်မှုကို ကမောက်ကမဖြစ်အောင်လုပ်တဲ့သူတွေကြောင့် ဘယ်တော့မှ လက်လျှော့အရှုံးမပေးလိုက်ပါနဲ့။ သူတို့က တစ်နေ့ထက်တစ်နေ့ ပိုပြီးအိုမင်းလာ အားနည်းလာနေတာပါ။ မင်းကတော့ ဒီလူ့အန္ဓတွေထက် ထာဝရငယ်ရွယ်နုပျိုပါတယ်။” ဟိုရိဂအိ IMDb rating 7.1/10အထိရရှိထားပြီး dialogueတွေ​က လေးနက်မှုရှိနေတဲ့ ဒီကားလေးထဲမှာဆိုရင် ဟိုရိဂအိလို့ခေါ်တဲ့ တက္ကသိုလ်ကျောင်းသူက မကြာခင်ဘွဲ့ရတော့မှာဖြစ်ပြီး လုပ်စရာအလုပ်ကလည်း အသင့်ရှိနေပါပြီ။ ဒါပေမဲ့ နွေဦးရောက်မှ ဘွဲ့ရပြီးအလုပ်စလုပ်ရမှာမို့ ဖြုန်းစရာအချိန်တွေက ပိုနေပါတယ်။ သူလုပ်ရမဲ့အလုပ်က ကလေးသူငယ်စောင့်ရှောက်ရေးစင်တာမှာဖြစ်ပြီး ဒီအလုပ်ကိုလုပ်ရတဲ့ရည်ရွယ်ချက်ကလည်း ပျောက်ဆုံးနေတဲ့ကလေးတစ်ယောက်ကို တစ်နေ့မှာကယ်တင်နိုင်ဖို့ပါပဲ။ အလုပ်ကိုစောင့်ရင်း သူ့ဘွဲ့အတွက် စာတမ်းတစ်စောင်လည်း ​ပြုစုနေပါတယ်။ သူငယ်ချင်းတစ်ယောက်ကိုကူညီရင်းနဲ့ အိနိုဂိဆိုတဲ့ introvertသူငယ်ချင်းတစ်ယောက်လည်း ရလာခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးက ငယ်စဉ်ကအနိုင်ကျင့်ခံခဲ့ရတဲ့စိတ်ဒဏ်ရာကိုယ်စီကြောင့် လက်ရှိမှာလည်း ပေါင်းသင်းဆက်ဆံရေးခက်ခဲ့နေခဲ့ကြတာပါ။ ဒါ့ကြောင့် ဟိုရိဂအိက ကလေးစောင့်ရှောက်ရေးအလုပ်နဲ့မသင့်တော်ဘူးလို့ သူ့ကိုယ်သူထင်နေပါတယ်။ အိနိုဂိကတော့ ဖြစ်ရပ်ဆိုးတစ်ခုကြောင့် သေလုမျောပါးခံစားရပြီးမှ​ လွတ်မြောက်ခဲ့ရတဲ့ကောင်မလေးပါ။ သူတို့နှစ်ယောက်ရဲ့ တဖြည်းဖြည်းချင်းတိုးတက်လာတဲ့ ခင်မင်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ အပြန်အလှန်မှီခိုမှု အကြောင်းကြည့်ရှုရမှာဖြစ်ပါတယ်။ ဟိုရိဂအိက သူရည်းစားတစ်ခါမှမထားရသေးဘဲ အပျိုဖြစ်နေသေးတာကို မကျေနပ်တဲ့သူပါ။ ဒါပေမဲ့ သူ့ရဲ့အဓိကပြဿနာလို့ထင်နေတဲ့အရာထက် ပိုပြီး အရေးကြီး တဲ့လုပ်စရာတွေလည်းအများကြီးရှိတယ်ဆိုတာကို ဟိုရိဂအိသိလာခဲ့ပါတယ်။ ရုန်းကန်နေရတာက ကိုယ်တစ်ယောက်တည်းမဟုတ်ဘဲ ကိုယ့်ထက်ပို ခက်ခဲတဲ့စိတ်ဓာတ်ကျစရာအခြေအနေနဲ့ ရှင်သန်နေရတဲ့သူတွေ ပုံမှန်မဟုတ်တဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရတဲ့သူတွေ လည်းရှိနေပါသေးတယ်ဆိုတာပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Ingyin San ပါ ) File Size__(1.5GB) / (800MB) Quality__WEB-DL_1080p, 720p IMDb Rating__7.2/10 Format__mp4 Duration__01:58:00 Type__Drama Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Drama • Romance
7.2 2021
Eternally Younger Than Those Idiots
Heaven and Earth
6.8

Heaven and Earth (1993) အိုလီဗာစတုန်းရဲ့ Vietnam War Trilogy ဟာ နာမည်ကျော် Trilogyတွေထဲ တစ်ခုအပါအဝင်ဖြစ်ခဲ့ပြီး သူ့နာမည်အတိုင်းပဲ အဲဒီသုံးကားဟာ ဇာတ်လမ်းဇာတ်အိမ် ဇာတ်ကောင် လားလားမှမဆိုင်ဘဲ ဗီယက်နမ်စစ်ပွဲကို အခြေပြုထားတာခြင်းပဲ တူနေတဲ့ ၃ကားပါ။ ပထမကားဖြစ်တဲ့ Platoon (1986) ကတော့ အကောင်းဆုံးကားလို့‌ ပြောရမှာပါပဲ။ နောက်တွမ်ခရုစ်ပါတဲ့ Born on the Fourth of July ပါ။ အခုကား Heaven and Earth (1993) ကတော့ တွမ်မီလီဂျုန်းပါဝင်ထားပါတယ်။ အိုလီဗာစတုန်းဟာ သမိုင်းကားတွေ အရိုက်များတဲ့ ဒါရိုက်တာဖြစ်ပြီး ဂျွန်အက်ဖ်ကနေဒီတို့ နက်ဆွန်တို့အကြောင်းလည်း ရိုက်ခဲ့ပါသေးတယ်။ သူကိုယ်တိုင်လည်း ဗီယက်နမ်စစ်ပွဲမှာ တာဝန်ကျဖူးပြီး သူ့စစ်မှုထမ်းအတွေ့အကြုံတွေဟာ ဒီ Trilogy အတွက် ထောက်တိုင်တွေဖြစ်ခဲ့တာမို့ ဒီကားတွေဟာ နာမည်ကျော်တာပါပဲ။ Vietnam War Trilogy ရဲ့ ပထမကားနဲ့ တတိယကားကို တင်ထားပေးပြီးပြီဖြစ်ပြီး ဒုတိယကား တွမ်ခရုစ်ရဲ့ Born on the Fourth of July ကလည်း လာပါလိမ့်မယ်။ စစ်ကားကြိုက်တဲ့လူတွေ လက်မလွှတ်သင့်တဲ့ Trilogy ပါပဲ။ ဗီယက်နမ်စစ်ပွဲကြီးဟာ (၁၉၅၅) ခုနှစ်မှာ စတင်ဖြစ်ပွားခဲ့ပါတယ်။ စစ်ပွဲတစ်ပွဲဖြစ်ပြီဆိုတာနဲ့ စစ်ရဲ့ဆိုးကျိုးတွေက နောက်ကချက်ချင်းကပ်လိုက်လာပါတယ်။ အမြင်သာဆုံးတစ်ခုကတော့ စစ်ဖြစ်ပြီဆိုတာနဲ့ ပြည့်တန်ဆာတွေ ပေါလာတာပါ။ အားကောင်းမောင်းသန် ယောက်ျားသားတွေ စစ်ထဲလိုက်သွားရတဲ့အချိန် ကျန်ခဲ့တဲ့မိန်းမသားတွေအတွက် စီးပွားရှာရခက်ခဲတဲ့အပြင် ကိုယ့်စိုက်ခင်းလေး ဘယ်အချိန်မီးရှို့ခံရမလဲ ကိုယ့်ပစ္စည်းလေး ဘယ်တော့အခိုးခံရမလဲ ကျီးလန့်စာစားနေရတဲ့ဘဝမို့ ရှာဖွေစားသောက်ရတာ မလွယ်ကူပါဘူး။ “စစ်ကဖြစ်ချင်လို့ကိုဖြစ်တာ ဖာက စားစရာမရှိလို့ဖြစ်တာ” လို့ မမမယ်လီနာက သူ့ဇာတ်ကားထဲမှာ ပြောခဲ့ဖူးပါတယ်။ ဒီဇာတ်ကားလေးကလည်း စစ်ကြောင့်ဘဝပျက်ခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့မြေနဲ့ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်ရတဲ့အရာတွေနဲ့ ဝေးခဲ့ရတဲ့၊ စစ်ကြောင့် ချစ်တဲ့သူတွေနဲ့ ဆုံစည်းခဲ့ရတဲ့ ဗီယက်နမ်အမျိုးသမီးလေးတစ်ယောက်ရဲ့ ဘဝဇာတ်ကြောင်းပါပဲ။ ဇာတ်ကားနာမည်က Heaven and Earth လို့အမည်ရပြီး IMDB rating – 6.8/10 ထိရရှိထားတဲ့ ကားဟောင်းတစ်ကားမို့ မခေဘူးဆိုတာတော့ အသေအချာပါပဲ။ ဇာတ်ကားထဲမှာ ဗီယက်နမ်လူမျိုးတွေနဲ့ အမေရိကန်စစ်သားတွေကြား Communication ကောင်းကောင်းမပေါက်တာကိုပြဖို့အတွက် စကားပြောတဲ့အချိန် Broken English တွေချည်း သုံးထားပေမဲ့ ဗီယက်နမ်လူမျိုးအချင်းချင်းစကားပြောတဲ့နေရာတွေ၊ Narrating လုပ်တဲ့နေရာတွေမှာ ဗီယက်နမ်စကားမသုံးဘဲ အင်္ဂလိပ်စကားကိုပဲပြန်သုံးထားတာကိုတော့ သိပ်သဘောမကျလှပေမဲ့ ဒါကလည်းဇာတ်လမ်းကို အနှောင့်အယှက်ဖြစ်လောက်တဲ့ထိ မဟုတ်တာမို့ War / Drama ကြိုက်သူတွေအနေနဲ့ လေလီရဲ့ဘဝအတက်အကျလေးကို အတူတူလိုက်ခံစားပေးကြပါဦး။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mariposa မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 1.1GB, 630MB Quality – 1080p, 720p, 480p IMDb Rating – 6.8/10 Format – mp4 Duration – 2H 20Min Genre – Action, Biography, Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mariposa Encoded by Y

Action • Thriller
6.8 1993
Heaven and Earth
Road To High & Low
6.4

High & Low ဂျပန်ရုပ်ရှင်နဲ့ စီးရီးတွေဆိုတာကတော့ Gangster လူမိုက်တွေ ဂိုဏ်းတွေ အုပ်လိုက်ချကြတာတွေ ကြိုက်တဲ့လူတွေအတွက်တော့ ရှယ်ပါပဲ။ သူကတော့ စီးရီးကို Season 1 & 2 ရှိထားပြီး ရုပ်ရှင်ဆိုလည်း ၆ ကားထိ ထွက်ရှိရတဲ့ထိ အောင်မြင်မှုရထားပါတယ်။ (၆ ကားလုံးလည်း တင်ဆက်ပေးမှာပါ)။ High & Low ကြည့်ဖို့ အတွက် အကျဉ်းချုံး ဒါလေးကို ရှင်းပြထားချင်ပါတယ်။ ပထမဆုံး SWORD ဆိုပြီး နယ်မြေကြီးတစ်ခု ရှိပါတယ်၊ ဒီနယ်မြေထဲမှာ လူမိုက်ဂိုဏ်း ၅ ဂိုဏ်းက အချင်းချင်း သိပ်မတည့်ကြပဲ ကိုယ်စီအုပ်ချုပ်လျက်ရှိပါတယ်။ 1. ဆန်းနိုးလူမိုက်ဂိုဏ်း (SWORD ထဲက S) ဒီရုပ်ရှင်ရဲ့ဇာတ်ဆောင်လို့ပြောရမယ့် မင်းသားတို့ရဲ့အဖွဲ့ပါ ခေါင်းဆောင်ကော်ဘရာနဲ့အတူ ယာမာတိုတို့က ဖွဲ့စည်းထားတာပါ။ 2. ဝှိုက်ရတ်စကဲလ်ဂိုဏ်း- အဖြူရောင်လူပေလူတေများ (SWORD ထဲက W) ယောက်ျားသားတွေရဲ့နှိပ်စက်ရမ်းကားတဲ့ဒဏ်ကိုခံရတဲ့ မိန်းကလေးတွေကို ကာကွယ်ဖို့ဆိုပြီး ကလပ်ထောင် ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ရော့ကီဖြစ်ပါတယ်။ 3. အိုယာအထက်တန်းကျောင်းဂိုဏ်း (SWORD ထဲက O) အချိန်ပိုင်းကျောင်းသား၊ အချိန်ပြည့်ကျောင်းသားတွေနဲ့ ဖိုက်ကလပ်လုပ်ပြီး ဖွဲ့စည်းထားတဲ့ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ မူရာယာမဖြစ်ပါတယ်။ 4. ရူဒီဘွိုင်းစ်ဂိုဏ်း – လူရိုင်းလေးများ (SWORD ထဲက R) မိဘကစွန့်ပစ်ထားသူတွေ၊ ခိုလှုံရာမဲ့သူတွေ လာစုဝေးကြတဲ့ အမည်မရှိဆိုတဲ့ ဥပဒေမဲ့မြို့လေးကို စောင့်ရှောက်ပေးနေတဲ့ဂိုဏ်းဖြစ်ပါတယ်၊ ခေါင်းဆောင်ကတော့ စမုတ်ကီဖြစ်ပါတယ်။ 5. ဒါရူးမားဂိုဏ်း (SWORD ထဲက D) SWORD နယ်မြေရဲ့ ပွဲတော်တွေကို ထိန်းချုပ်ကိုင်တွယ်ထားတဲ့ ဂိုဏ်းပါ၊ ခေါင်းဆောင်ကတော့ ဟျူဂါဖြစ်ပါတယ်။ တစ်ဖက်မှာ ဒီ SWORD တွေကို ကြည့်မရဖြစ်နေပြီး အဲဒီနယ်မြေကို အသစ်ပြန်တည်ဆောက်မယ့်စီမံကိန်းတွေကို လုပ်ချင်နေတဲ့ ငွေကြေးဓနရှင် ခူရူးယုအဖွဲ့ လူမိုက်ဂိုဏ်းအကြီးစားကြီး ရှိပါတယ်။ ဒီဇာတ်လမ်းလေးရဲ့အကြောင်းကတော့ ကော်ဘရာ၊ ယာမာတိုနဲ့ နိုဘိုရုဆိုပြီး ကလေးဘဝကတည်းက သူငယ်ချင်းသုံးယောက်ရှိကြပါတယ်။ သူတို့ထဲကမှ နိုဘိုရုကတော့ အားနည်းသူတွေကို ကာကွယ်ဖို့ဆိုပြီး ရှေ့နေဖြစ်ချင်တဲ့လူတစ်ယောက်ပါ (ကျန်တဲ့နှစ်ယောက်က လေးစားအားကျရတဲ့ စတားတစ်ယောက်ပေါ့)။ အသက်တွေကြီးလာတော့ ကော်ဘရာနဲ့ ယာမာတိုက မူဂန်ဂိုဏ်းမှာ လူမိုက်တွေဖြစ်နေတာပေါ့၊ နိုဘိုရုကလည်း သူ့အိပ်မက်ဖြစ်တဲ့ ရှေ့နေဖြစ်ဖို့ ကြိုးစားကျောင်းတက်နေရင်းပေါ့။ ဒါပေမဲ့ ကြမ္မာဆိုးတစ်ခုကြောင့် နိုဘိုရု ထောင်ကျသွားပါတော့တယ် အဲဒီမှာ သူတို့ ၃ ယောက်လည်း ကွဲခဲ့ရပါတယ်။ အဲဒါပြီးတော့ အချိန်ကြာလာတဲ့အခါ ကော်ဘရာနဲ့ ယာမာတိုက ဆန်းနိုးဂိုဏ်းကို တည်ထောင်ထားပြီး ပြဿနာလေးတွေ ဖြေရှင်းနေရင်း ရှင်သန်နေကြပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့ SWORD ၅ ဂိုဏ်းလုံးကို ခူရူးယုအဖွဲ့ခွဲဖြစ်တဲ့ အဲအိမုရမိသားစုဆိုတဲ့ ဂိုဏ်းကြီးက သူတို့အဖွဲ့အစည်းထဲ လာပေါင်းဖို့ လာစည်းရုံးပါတယ်၊ လက်မခံရင်လည်း ချေမှုန်းခံရမယ်ဆိုပြီး ချိန်းခြောက်ပါတယ်။ ဒါပေမဲ့ ဖြစ်ချင်တော့ အဲဒီလိုလာပြောတဲ့လူဟာ သူတို့လေးစားအားကျခဲ့ရတဲ့ ငယ်သူငယ်ချင်းနိုဘိုရုတစ်ယောက် ဖြစ်နေပြီး ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဘာဆက်ဖြစ်ကြမလဲ ဆိုတာကို ကြည့်ရှုရမှာပါ။ ကြားထဲမှာလည်း ဂိုဏ်းအချင်းချင်းကြားက ပြဿနာတွေ အရှုပ်တော်ပုံတွေနဲ့အတူ လှည့်ကွက်တွေနဲ့ ခပ်မိုက်မိုက်အက်ရှင်တွေကို ခံစားရမှာပါ။ ဇာတ်ကားကလည်း ၆ ကားလုံး တင်ဆက်ပေးသွားမှာဆိုတော့ လူမိုက်တွေ အုပ်လိုက်ဖိုက်တင်းချကြတဲ့ ပရိသတ်တွေအဖို့ အကြိုက်တွေ့မှာသေချာပါတယ်၊ မိန်းကလေးပရိတ်သတ်တွေအတွက်လည်း ဂျပန်လူမိုက်အဆင်လေးတွေဖြစ်လို့ ငမ်းရဖို့သာ ပြင်ထားပါ။ File size…1.51GB / 768.3MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 35m Genre ….. Action , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Thura Aung

6.4 2016
Road To High & Low
Guns of Eden

Guns of Eden (2022) ၂၀၂၂ ထွက် အက်ရှင်ကားလေးပါ… စစ်တပ်မှာ လေ့ကျင့်ထားပေမဲ့ ရဲတပ်ဖွဲ့ထဲကိုဝင်ပြီး တာဝန်ထမ်းဆောင်နေတဲ့ ရဲမေ မီဂန်က တာဝန်ချိန်ပြင်ပမှာ ဓားပြတိုက်မှုနဲ့တွေ့ပြီး ရဲတစ်ယောက်ကို မတော်တဆ သေနတ်နဲ့ပစ်မိလိုက်ပါတယ်။ အဲဒီကိစ္စကြောင့် အလုပ်က နားပြီး စိတ်ဓာတ်ကျနေတဲ့အချိန် တွဲဖက်ဖြစ်သူက အခြားမိတ်ဆွေ နှစ်ယောက်နဲ့အတူ စိတ်ပြေလက်ပျောက် တောင်ပေါ်ကို စခန်းချသွားဖို့ခေါ်တာကို လိုက်သွားရင်း လူသတ်မှု ကျူးလွန်နေတဲ့ ရဲတစ်စုကို တွေ့ပြီး မျက်မြင်သက်သေဖြစ်သွားပါတယ်။ အကျင့်ပျက်ရဲတွေက သူတို့ လေးယောက်ကို နှုတ်ပိတ်ဖို့ ကြိုးစားတာကို လွတ်အောင်ပြေးပြီး ဘယ်လို ပြန်တိုက်ခိုက်မလဲဆိုတာကို ကြည့်ရမှာပါ။ နောက်ထပ် အဲဒီအကျင့်ပျက်ရဲတွေဆိုတာက မြေအောက်အဖွဲ့အစည်းကြီးတစ်ခုရဲ့ အဖျားစွန်းလေးတစ်ခုပဲဆိုတာကို သိသွားတဲ့အချိန်မှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကို Lucifer မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.7GB, 720MB Quality – 1080p, 720p Format – mp4 Duration – 1H 31Min Genre – Action Subtitle – Myanmar Subtitle (Hardsub) Translated by Lucifer Encoded by Morningstar

Thriller • Science Fiction • Drama
0 2022 91 mins
Guns of Eden
Richie Gadi Pelli
8.7

Richie Gadi Pelli (2023) နောက်ကွယ်က အမှန်တရား IMDb 8.7/10 ဝေးကွာနေတဲ့ သူငယ်ချင်းဟောင်းတွေပြန်တွေ့ဆုံဖို့ဆိုတာ မင်္ဂလာဆောင်ဖိတ်စာကြောင့်မဟုတ်ရင် ပိုက်ဆံချေးဖို့ပါပဲတဲ့ ငယ်ပေါင်းကြီးရဲ့မင်္ဂလာပွဲကိုအစပြုလို့ အလုပ်ကိုယ်စီ တစ်နယ်တစ်ကျေး တစ်နေရာ တစ်ဒေသမှာရောက်နေကြတဲ့ ငယ်ပေါင်းကြီးဖော်တွေ ပြန်လည်ဆုံတွေ့ကြဖို့ အကြောင်းဖန်လာပါတယ် အချင်းချင်းရုပ်မမြင်ချင်အောင်မုန်းတီးသူတွေရှိလင့်ကစား ပြန်ဆုံတွေ့ဖြစ်ကြတဲ့ မင်္ဂလာပွဲမတိုင်ခင်တစ်ည ညစာစားပွဲမှာ အကြွေးတစ်ခုအကြောင်းပြုပြီး ဘော်ဒါတစ်ယောက်က အဖဲ့ခံလိုက်ရပါလေရော ဒီတော့သူကစပြီး ဂိမ်းတစ်ခုထွင်လိုက်ပါတော့တယ် ဘာဂိမ်းလဲဆိုတော့ လာသမျှဖုန်းတွေကို စပီကာဖွင့်ပြီးပြောဖို့ပါပဲ ဆိုတော့ တစ်ဖက်လူကမသိဘဲ အသံဖွင့်ပြောရမဲ့ဂိမ်းမှာ သူတို့အဖွဲ့ ဘယ်လိုအမှန်တရား လိမ်ဆင်တွေပေါ်ထွက်လာမလဲ IMDb ကလည်း 8.7 ထိရရှိထားတာဖြစ်လို့ ကြည့်ပျော်တဲ့ဇာတ်လမ်းတစ်ခုဖြစ်နေမှာပါ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM BOLLYWOOD TEAM ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

8.7 2023 114 mins
Richie Gadi Pelli
The Woodsman

မင်းသားကြီးKevin Baconပါဝင်တဲ့ တစ်ချိန်က အတော်လေးနာမည်ကြီးခဲ့တဲ့ IMDb 7.1 ရ old but goldလေးတစ်ကား တင်ဆက်ပေးချင်ပါတယ်။ sensitive plot ဆိုပေမဲ့ သရုပ်ဆောင်တွေနဲ့ဒါရိုက်တာတွေရဲ့ ကောင်းမွန်တဲ့သရုပ်ဖော်မှုကြောင့် ရင်ထဲအတွေးတစ်ခုရောက်စေမယ့် ဇာတ်လမ်းလေးတစ်ခုပါ။ ဝေါ်လ်တာဟာ သက်ငယ်မုဒိမ်းမှုနဲ့ ဂျေး ၁၂ နှစ်အောင်းရပြီးတော့ အခုမှပဲ ပြင်ပလောကနဲ့ ထိတွေ့ခွင့်ရသူတစ်ယောက်၊ ဒါပေမဲ့ ၁၂ နှစ်တာကာလက ဝေါ်လ်တာကို သူ့ရဲ့အတိတ်ကနေ ရုန်းထွက်နိုင်ဖို့ မကူညီနိုင်သေးပါဘူး။ တစ်ချိန်က ကိုယ့်ရဲ့လုပ်ရပ်ကို ကိုယ်တိုင်ရွံရှာနေတာကတစ်ကြောင်း ပတ်ဝန်းကျင်ရဲ့Social punishment‌ တွေပုတ်ခတ်မှုတွေကတစ်ကြောင်းနဲ့ ဆိုက်ကိုဖြစ်နေလို့ ဆရာဝန်နဲ့ ဆွေးနွေးနေရသူပေါ့။ ဒီလိုနဲ့ တစ်နေ့ သူ့အိမ်ရှေ့က မူလတန်းကျောင်းလေးနားမှာ သံသယဝင်စရာလူတစ်ယောက် ပေါ်လာပြီး ကလေးပျောက်မှု မုဒိမ်းမှုတွေဖြစ်လာပါတော့တယ်။ မြွေမြေချင်းခြေမြင်တဲ့ဝေါ်လ်တာကတော့ ဒီလူရဲ့လှည့်ကွက်တွေကိုသိနေပေမဲ့ ရဲဘက်ကတော့ သက်ငယ်မုဒိမ်းကောင်တံဆိပ်တပ်ခံရတဲ့ဝေါ်လ်တာကိုပဲ သံသယရှိနေတဲ့အခါမှာတော့…. ပုံပြင်ထဲက Woodsmanက ဝံပုလွေဗိုက်ထဲက ကလေးမလေးကို ကယ်တင်ခဲ့သလို ဝေါ်လ်တာရော အတိတ်ကနေ ရုန်းထွက်ပြီး အန္တရာယ်ထဲကကလေးတွေကို ကယ်တင်နိုင်မလား ရှုစားကြပါဦး။ File size…(1.5 GB)/(721 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre… Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Darcy

0 2004
The Woodsman
Detective K: Secret of the Lost Island
6.5

Detective K: Secret of the Lost Island (2015) ******************************************** ဒီတစ်ခေါက် တင်ဆက်ပေးမဲ့ Detective K series (၂၀၁၅) အပိုင်းမှာတော့ ဒီရုပ်ရှင်ရဲ့ ပင်တိုင်သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kim Myung-Min , Oh Dal-Soo နဲ့ အတူ အဓိကမင်းသမီးအဖြစ် East of Eden မှာ ဂျွန်စောအိုပါးနဲ့ အတွဲညီခဲ့တဲ့ မင်းသမီး Lee Yeon-Hee တို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ – ဇာတ်လမ်းအညွှန်း – ဂျိုဆွန်းရဲ့ အတော်ဆုံးစုံစမ်းစစ်ဆေးရေးမှူး ဂင်မင်းက ဂျိုဆွန်းမှာ ငွေချောင်းအတု အမြောက်အများ ပျံ့နှံ့နေတဲ့အတွက် အဲဒီငွေချောင်းအတုတွေကို ထုတ်လုပ်တဲ့သူတွေကို ခြေရာခံနေရတဲ့ အမှုပါပဲ။ လိုက်စုံစမ်းရင်း စုံစမ်းရင်းနဲ့ ငွေချောင်းအတုတွေရဲ့ အရင်းခံရာနေရာက လူတိုင်း ကြားရုံသာကြားဖူးပြီး တစ်ခါမှ အနားမသွားရဲကြတဲ့ နဂါးဘုရင်ကျွန်းဆိုတာကို သိရှိသွားတဲ့နောက် ဆောဖီးနဲ့အတူ အရဲစွန့်ပြီး နဂါးဘုရင်ကျွန်းဆီ သွားရောက်စုံစမ်းတဲ့အခါမှာတော့…. ဒီဇာတ်လမ်းထဲမှာလည်း စစ်ဆေးရေးမှူးကြီးနဲ့ ဆောဖီးတို့ရဲ့ အလွဲတွေအပြင် မင်းသမီးရဲ့ အလှကိုလည်း တဝကြီး ကြည့်ရမှာမလို့ အမြန်ဆုံးကြည့်လိုက်ရအောင်နော်။ (ဇာတ်လမ်းအကျဉ်းကို Hnin Wai Oo မှ ရေးသားပေးထားပါတယ်။) File size…2.63GB / 0.99GB Quality… Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration….2h 07m Genre ….. Adventure, Historical, Mystery, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Treasure Htet, Stary & Hnin Wai Oo

Horror • Mystery • Thriller
6.5 2015
Detective K: Secret of the Lost Island
Ringan aka The Quest
7.8

Ringan 2017 ကိုးကွယ်ရာ ဒုက္ခအတိရောက်ပြီဆို လူသားတွေအရင်ဆုံးရှာဖွေကြတာ အားကိုးရာတစ်ခုပေါ့။ တချို့ကတော့ ဘာသာရေးကနေ အားကိုးရာရှာတယ် တချို့ကျ မိဘ တချို့ကျ ဆွေမျိုး မိတ်ဆွေအပေါင်းအသင်း အစရှိသဖြင့်ပေါ့လေ။ ဒီကားလေးထဲမှာလေ အက်ဘ်ဒူတို့ သားအဖ‌နှစ်ယောက် ဒုက္ခတွေကြားထဲက ငြိမ်းချမ်းရာကို ရှာဖွေပုံလေးကို ရှုစားရမှာပါ။ မိုးခေါင်ရေရှားမှုကြောင့် လယ်သမားတွေ စီးပွားရေးကြပ်တည်းရတဲ့ထဲ ဇနီးဖြစ်သူရဲ့ နာမကျန်းမှုကြောင့် အကြွေးလည်ပင်းမြုပ်နေတဲ့ အာဂျွန်၊ ဒီကြားထဲမှာမှ ဇနီးကလည်းဆုံးပါးသွားပြန်တော့ မိတဆိုးသားလေးနဲ့ အကြွေးတွေပဲကျန်ရစ်ခဲ့တာပေါ့။ အက်ဘ်ဒူလေးက သိတတ်စအရွယ်ကိုရောက်နေပြီဖြစ်လို့ အမေဘယ်မှာလဲဆိုတာ မေးတဲ့အခါ အာဂျွန်က အရှင့်စံရာကျောင်းကို ရောက်သွားပြီလို့ တစ်ဖက်လှည့်နဲ့ပြောတတ်ပေမဲ့ အက်ဘ်ဒူလေးကတော့ သူ့အမေကတကယ်ပဲ အရှင်ဗစ်တယ်နဲ့အတူရှိနေတာလို့ ယုံကြည်နေတာပါ။ ဒီလိုနဲ့ လနဲ့ချီ မိုးခေါင်ရေရှားမှုကလည်းဆက်နေတော့ အာဂျွန်တစ်ယောက် ဆွေမျိုး အပေါင်းသင်းတွေဆီက ချေးငှားဖို့လုပ်တော့လည်း အကုန်လုံးကငြင်းကြ၊ လယ်ပြန်လုပ်ဖို့ ရာသီဥတုကလည်း မကောင်းတော့ နောက်ဆုံးမှာ အရှင်ဗစ်တယ်ဆီကိုသွားပြီး ဝတ်ပြုဆုတောင်းဖို့ စီစဉ်လိုက်ပါတော့တယ်။ ဒီအချိန်မှာလည်း လူတကာငြင်းတာခံနေရတဲ့ အက်ဘ်ဒူလေးကလည်း အရှင့်ဆီသွားရင် အရှင်နဲ့အတူရှိနေတဲ့ အမေကိုတွေ့ရတော့မယ်ဆိုပြီး မျှော်လင့်ချက်ကိုယ်စီနဲ့ ခရီးထွက်ခဲ့ချိန်မှာတော့…. (အညွန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

7.8 2017
Ringan aka The Quest
Strawberry Shortcake’s Spring Spectacular
6.3

Strawberry Shortcake’s Spring Spectacular က ကလေးတွေနဲ့ မိသားစုများအတွက် ပျော်စရာကောင်းပြီး စိတ်ဝင်စားဖွယ် ကာတွန်းဇာတ်လမ်းဖြစ်ပါတယ်။ ဒီဇာတ်လမ်းကို MGA Entertainment နှင့် Iconix Entertainment တို့က ထုတ်လုပ်ပြီး animation ကို DHX Media (အခု WildBrain) မှ တာဝန်ယူထားတာဖြစ်ပါတယ်….. ဇာတ်လမ်းလေးကတော့ Strawberry Shortcake နဲ့ သူငယ်ချင်းတသိုက် နွေဦးပွဲတော်အတွက် ဘယ်လိုပေါင်းစည်းစုရုံးပြီး ပြင်ဆင်ကြလဲဆိုတာကို ရိုက်ပြတင်ဆက်ပေးထားတာဖြစ်ပါတယ်။ အရောင်အသွေးစုံ animation များ စိတ်ဖိစီးမှုမရှိတာတွေ သီချင်းတွေကတော့ ပိုမိုထူးခြားစေပါတယ် ကလေးများအတွက် အထူးသင့်တော်ပါတယ်။ မိသားစုနှင့်အတူ ပျော်ရွှင်စွာကြည့်ရှုနိုင်ပြီး Strawberry Shortcake ချစ်သူများအတွက် အကြိုက်တွေ့စေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါ! File size…(820 Mb)/(450 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 00:45:00 Genre… Animation Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Banyar Aung

6.3 2023 45 mins
Strawberry Shortcake’s Spring Spectacular
Test
5

Test (2025) “ဘ၀လက်ရည်စမ်းပွဲ” ဒီတစ်ခါတော့ CM Bollywood ပရိသတ်ကြီးအတွက် တမီလ်စကားပြော အားကစား-ဒရာမာဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ်။ 3 Idiots ဇာတ်လမ်းထဲမှာဖာဟန်အဖြစ်ပါ၀င်ခဲ့ဖူးတဲ့ မင်းသားကြီး R. Madhavan ခေါင်းဆောင်ပါ၀င်ထားပါတယ်။ ခရစ်ကတ်အားကစားကိုနောက်ခံထားပြီး မတူညီတဲ့ဘ၀နဲ့ လူသုံးယောက်ရဲ့ဘ၀အခက်အခဲတွေကို ပုံဖော်ပေးထားတာ ဖြစ်ပါတယ်။ အာဂျွန်ဆိုတာ တစ်ချိန်ကအရမ်းလက်စွမ်းထက်ခဲ့တဲ့ နိုင်ငံ့လက်ရွေးစင် နာမည်ကြီးခရစ်ကတ်ကစားသမားတစ်ယောက်ပါ။ လက်ရှိမှာ‌တော့ အရွယ်တစ်ခုရောက်ပြီး ငွေကြေးပြည့်စုံပေမဲ့ အကျဘက်ရောက်လာတဲ့ သူ့ရဲ့အားကစားသမားဘ၀ကို ဆက်လက်ရပ်တည်နိုင်ဖို့ ရုန်းကန်နေရသူပေါ့…။ ‌‌ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ ဆာရာဗန်နန်ကတော့ စက်တွေတီထွင်ရတာကိုရူးသွပ်လွန်းသူမို့ သိပ္ပံပညာရှင်ကြီးရယ်လို့ နာမည်ပြောင်ရထားသူပါ။ ဒါပေမဲ့ အိမ်ထောင်သည် လူလတ်တန်းစားတစ်ယောက်ပီပီ သူ့အိပ်မက်တစ်ခုဖြစ်မြောက်ဖို့အရေးတောင် အကြွေးတွေပတ်လည်ဝိုင်းရင်း ဘ၀ကိုရုန်းကန်နေရသူ ဖြစ်ပါတယ်။ နောက်တစ်နောက်ကတော့ ဆာရာရဲ့မိန်းမဖြစ်သူ ကျောင်းဆရာမလေးကူမူဒါပါ။ ကူမူဒါဟာ မိန်းကလေးဖြစ်ပေမဲ့ ခရစ်ကတ်အားကစားကိုရူးသွပ်သူဖြစ်ပြီး သူ့ဖခင်ကလည်း ခရစ်ကတ်နည်းပြဟောင်းကြီး ဖြစ်ပါတယ်။ သူဟာ အာဂျွန်ရဲ့အမာခံပရိသတ်ဖြစ်သလို့ အာဂျွန့်သားဖြစ်သူရဲ့ ကျောင်းဆရာမလည်း ဖြစ်နေပြန်ပါတယ်။ သူကတော့ ကလေးအရမ်းလိုချင်သူဖြစ်ပြီး ကလေးရဖို့ နည်းမျိုးစုံကြိုးစားနေသူပါ။ ဒီလိုနဲ့ သူ့နည်းသူ့ဟန်နဲ့ ဘ၀ကိုကြိုးစားရုန်းကန်နေကြတဲ့ သူတို့သုံးဦးရဲ့ကံကြမ္မာဟာ ရှေ့ဆက် ဘာတွေဖြစ်လာမလဲဆိုတာ စိတ်၀င်စားစရာကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ Cym~KKKZ~ZweYan~Yunni ပါ။)

Thriller • Drama
5 2025 146 mins
Test
Guns Up
5.8

Grown Up, Paul Blart, The Zookeeper တွေနဲ့နာမည်ကျော်ဟာသရုပ်ဆောင် Kevin James ရဲ့ ထူးထူးခြားခြားအက်ရှင်ဇာတ်ကားပါပဲ။ Kevin James က ဟာသကားတွေရိုက်ပြီး ပေါက်ကရတွေလုပ်ပြတတ်တာနဲ့နာမည်ကြီးတဲ့သူက အခုဇာတ်ကားထဲမှာ ရယ်စရာတစ်ခုမှမလုပ်ဘဲ အတည်ပေါက်ကြီး ကြမ်းပြသွားတာပါ။ ပြီးတော့ သူ့မိန်းမနေရာသရုပ်ဆောင်ထားတဲ့သူကလည်း ခေသူမဟုတ်ဘူး။ The Addams family နဲ့ Casper ဇာတ်ကားတို့မှာ ကလေးသရုပ်ဆောင်အဖြစ်နာမည်ရလာခဲ့ပြီး Wednesday စီးရီးမှာလည်း အရေးပါတဲ့ဇာတ်ကောင်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ နာမည်ကြီးသရုပ်ဆောင်နှစ်ယောက်နဲ့ ဒီအက်ရှင်ဇာတ်ကားမှာ ရဲအရာရှိဟောင်းရေးဟာ မိသားစုနဲ့ကိုယ်ပိုင်စားသောက်ဆိုင်လေးဖွင့်ဖို့အတွက် အိမ်က လူတွေမသိအောင် လူဆိုးဂိုဏ်းတစ်ခုအတွက် ခိုးပြီးအလုပ်လုပ်နေပေးခဲ့တာပါ။ ဒီလိုနဲ့ စားသောက်ဆိုင်လေးဖွင့်ဖို့ လက်ထဲငွေအလုံအလောက်ရလာခါမှ ဂိုဏ်းခေါင်းဆောင်က ရှင်းလင်းခံရလိုက်ပြီး ခေါင်းဆောင်အပြောင်းအလဲဖြစ်လာတဲ့အခါမှာတော့ ရေးတို့မိသားစုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲသူတို့မိသားစုအတွင်းက လျှို့ဝှက်ချက်တွေက ဘာတွေလဲဆိုတာ သိရဖို့ ကြည့်ရှုလိုက်ကြပါဦး။ File Size… (912 MB) / (573 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration…1h 32 Genre ….. Action , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT

Action • Crime • Thriller • Drama
5.8 2025 92 mins
Guns Up
Wait Until Dark
7.7

ဆူဇီဟာ မျက်မမြင်မလေး တစ်ယောက်ဖြစ်ပြီး ဆမ် ဆိုတဲ့ သူ့ရဲ့ ယောင်္ကျားနဲ့အတူ နေထိုင်ပါတယ်။ တစ်ရက်မှာတော့ ဆမ်ဟာ အမျိုးသမီးတစ်ယောက်က ဘိန်းဖြူတွေပါတဲ့ အရုပ်တစ်ရုပ် ပေးလိုက်တာကို မသိဘဲနဲ့ အိမ်ကို ယူလာမိပါတော့တယ်။ ဒီ ဘိန်းဖြူတွေကို ပြန်လိုချင်တဲ့ ရုတ် ဆိုသူက လူလိမ် နှစ်ယောက်နဲ့ ပေါင်းပြီး ဆူဇီတို့ရဲ့ အိမ်ထဲကို ဝင်ကာ ပြန်ယူဖို့ ကြိုးစားကြပါတော့တယ်။ ယောင်္ကျားဖြစ်သူ ဆမ် အလုပ်သွားနေတဲ့အချိန်မှာ မျက်မမြင်မလေး ဆူဇီကို ဒီအဖွဲ့ဟာ ဝင်ရောက် လိမ်လည် လှည့်စားကြပါတော့တယ်။ သူတို့တွေရဲ့ အန္တရာယ် ကြီးလှတဲ့ ဒီကစားပွဲမှာ ဆူဇီတစ်ယောက် ဘယ်လိုပါဝင်သွားမလဲ အန္တရာယ် ကင်းအောင် ဘယ်လိုနေမလဲ ဆိုတာကိုတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှူပေးကြပါဦး။ File size…(2 GB)/(990 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:48:00 Genre… Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Drama • Thriller • TV Movie
7.7 1967 108 mins
Wait Until Dark