YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

You.Cant.Escape.Me.2023.480p.(CM).mp4

469.66 MB N/A video/mp4 35 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
When Will You Get Married?
6.7

IMDb - 7.2/10 ဇာတ်လမ်းအညွှန်း ဒီဇာတ်လမ်းမှာ ဟိုတယ်တစ်ခုလုံးကို စီမံခန့်ခွဲပေးနေတဲ့ မန်နေဂျာမလေး ဒင်ဒါ ဟာ အသက် ၃၃နှစ်အရွယ်အပျိုကြီးမမ၊ တစ်ကိုယ်တည်း တောက်ပနေတဲ့ထက်မြက်တဲ့မိန်းမတစ်ယောက် ဖြစ်ပါတယ်။ ဒါပေမဲ့ “မိန်းကလေးဆိုတာ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမယ်၊ အသက်၂၀လောက်ဆိုရင်ကို လက်ထပ် သင့်နေပြီနော်” ဆိုပြီး ရှေးရိုးစွဲ မိဘနှစ်ပါးရဲ့ ဖိအားပေးခံနေရပါတယ်။ မိဘတွေရဲ့ မင်္ဂလာနှစ်ပတ်လည်ပွဲကျင်းပဖို့ ဒင်ဒါ့ကို ပွဲစီမံခိုင်းမယ်၊ ဒါပေမဲ့ ကောင်လေးတော့ အိမ်ခေါ်လာရမယ် ဆိုတဲ့ မိခင်စကား ကြောင့် ဒင်ဒါတစ်ယောက် အကြံထုတ်ရတော့တာပေါ့။အကြံကတော့ ချစ်သူရည်းစားဟန်ဆောင်ပေးမယ့် ကောင်လေးတစ်ယောက်ကို ငှါးဖို့ပါပဲ။ ကောင်လေးဟန်ဆောင်ပေးမယ့်သူက သရုပ်ဆောင် အလုပ်ကို စိတ်အားထက်သန်မှုရှိတဲ့ သရုပ်ဆောင် ဆာထရီယို ဖြစ်ပါတယ်။ ဒရာမာကင်း ဒရာမာကွင်း မိဘနှစ်ပါးနဲ့ ဟန်ဆောင် ရည်းစားလေး သရုပ်ဆောင်ရူး ဆထရီယိုတို့ကြား ဒင်ဒါတစ်ယောက် ဘာတွေကြုံရမလဲ၊ ဒင်ဒါရဲ့ လက်မထပ်ရသေးဖို့အရေးရော အောင်မြင်နိုင်ပါ့မလား၊ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းလေးဖြစ်သွားမလား ဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးနော်။ drama ၊ romance ၊ comedy ဇာတ်လမ်းမျိုး ဖြစ်တာကြောင့် ရယ်ရယ်မောမော ကြည်ကြည်နူးနူး ကြည့်ရှုကြရမယ့်အပြင် rating လည်းမြင့်တဲ့ အင်ဒိုနိရှားဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ( ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်ရေးသားသူက Orika ဖြစ်ပါတယ် ) File size…2.28GB / 937MB Quality…NF WEB-DL 1080p / 720p Format…mp4 Duration….1h 55m Genre ..... Comedy , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Orika

Drama
6.7 2015 115 mins
When Will You Get Married?
Baking All the Way
5

ချီကာဂိုမြို့က မုန့်လုပ်စားဖိုမှူး Julia ဟာ သူရဲ့ ဟင်းချက်နည်း စာအုပ်အသစ်ထဲမှာ ထည့်ဖို့ အကောင်းဆုံး Gingerbread ခရစ္ စမတ်ကွတ်ကီးကို နည်းလမ်းမျိုးစုံသုံးပြီး ရှာနေခဲ့တာကြာပါပြီ။ သူလက်လှမ်းမီသမျှနေရာတွေက ကွတ်ကီးတွေကို လိုက်မြည်း ကြည့်တာကစပြီး သူ့ဆီပို့ပေးတဲ့အထဲက အကောင်းဆုံးကွတ်ကီး ကို သူ့စာအုပ်အသစ်မှာ ထည့်သွင်းဖော်ပြမဲ့အကြောင်း တစ်နိုင်ငံ လုံးကမုန့်တိုက်တွေဆီ သတင်းလွှင့်တာထိအဆုံးပေါ့။ တစ်နေ့မှာတော့ Hampton Grove ဆိုတဲ့ နယ်မြို့လေးတစ်မြို့က မုန့်တိုက်တစ်တိုက်ကနေ ပို့လိုက်တဲ့ကွတ်ကီးတွေက Julia လိုချင်တဲ့ အရသာနဲ့ကွက်တိကျတဲ့ အကောင်းဆုံးကွတ်ကီးတွေဖြစ်နေပါတော့ တယ်။ အဲဒါနဲ့ သူတို့ကွတ်ကီးတွေကို သူ့စာအုပ်မှာထည့်ဖော်ပြဖို့ ရွေးလိုက်ပြီဖြစ်တဲ့အကြောင်းကြားဖို့ အဲဒီဆိုင်ကို ဝမ်းသာအားရနဲ့ လူကိုယ်တိုင်သွားပါတော့တယ်။ ဒါပေမဲ့ ဆိုင်ရှင်နဲ့တွေ့တော့ သူတို့ ဆိုင်ကနေ ဘာကွတ်ကီးမှ Julia ဆီ မပို့လိုက်ကြောင်း၊ ကွတ်ကီး လုပ်နည်းကိုလည်း လူအများသိအောင်ချပြဖို့ အစီအစဥ်မရှိဘူးဆိုတဲ့ အကြောင်းပဲ Julia ခဗျာကြားလိုက်ရပါတော့တယ်။ ဒါပေမဲ့ Julia ဟာ လက်မလျော့ဘဲ နောက်တစ်ခေါက်ပြန်ဖျောင်းဖျဖို့ အဲဆိုင်ကိုပြန်သွားတဲ့အခါမှာ ဆိုင်ရဲ့ရောင်းအားအခြေအနေသိပ်မကောင်း တဲ့အကြောင်း သိလိုက်ရပါတယ်။ ရောင်းအားကို ၅၀ ရာခိုင်နှုန်းတိုးလာ အောင် သူလုပ်ပေးနိုင်ခဲ့ရင် ကွတ်ကီးလုပ်နည်းကို စာအုပ်ထဲထည့်ခွင့် ပေးမယ်လို့ ဆိုင်ရှင်နဲ့ အပေးအယူလုပ်လိုက်တဲ့အခါမှာ ဘာတွေဆက် ဖြစ်မလဲဆိုတာ . . . ခရစ္စမတ်ကာလ နောက်ခံထားထားတဲ့ Baking all the way ဆိုတဲ့ ဒီဇာတ်ကားထဲမှာဆက်လက်ကြည့်ရှုနိုင်ပါပြီ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Myat Noe Cho ဖြစ်ပါတယ်) File Size..........(1.5 GB) / (550 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 25Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama, Romance Translator.......Myat Noe Cho Encoder..........SWM

Horror • Mystery
5 2022 90 mins
Baking All the Way
The Dig
6.9

IMDb Rating - 7.1/10 "ရှေးဟောင်းသုတေသနကို အခြေခံတဲ့ ရုပ်ရှင်တွေကို ကျွန်တော်တို့ကြည့်ကြတဲ့အခါ စိတ်ကူးယဉ်ဆန်လွန်းတဲ့ ရုပ်ရှင်တွေကို တွေ့ရတာများပါတယ်။ ရှေးဟောင်းကျိန်စာတွေ၊ ရွှေပုံကြီးတွေ၊ တူးဖော်တာထက် ဖျက်ဆီးတဲ့ဘက် ပိုရောက်နေတဲ့ ရှေးဟောင်းသုတေသန ပညာရှင်တွေ ပါတတ်တဲ့ ရုပ်ရှင်မျိုးတွေပေါ့။ ဒါပေမဲ့ Netflixရဲ့ The Digကတော့ "ရှေးဟောင်း သုတေသနဆိုင်ရာ တူးဖော်မှုအကြောင်း ပိုသိမြင်နားလည်စေမယ့် ရုပ်ရှင်တစ်ကားပါပဲ။"လို့ ရုပ်ရှင်ဝေဖန်ရေးသမားတစ်ယောက်က ဆိုပါတယ်။ တကယ်လည်း ဟုတ်ပါတယ်။ The Dig ဟာ အင်္ဂလန်ရဲ့အကြီးကျယ်ဆုံး ရှေးဟောင်းသုတေ သနဆိုင်ရာ တွေ့ရှိမှုဖြစ်ခဲ့တဲ့ Sutton Hoo ဆိုက်ကို တွေ့ရှိခဲ့တဲ့အကြောင်းကို ရိုက်ပြထားတာပါ။ Sutton Hoo ဆိုက်ဟာ အမှောင်ခေတ်လို့ခေါ်တဲ့ ၆ရာစုလောက်က Anglo-Saxons‌တွေရဲ့ အကြွင်းအကျန်တွေကိုတွေ့ခဲ့တဲ့ အတော်ရှေးကျတဲ့ ဆိုက်ပါပဲ။ Sutton Hoo ဆိုက်ကို မတွေ့ခင် အထိ အမှောင်ခေတ်မှာ ယဉ်ကျေးမှု၊ အနုပညာနဲ့ ငွေကြေး မရှိဘူးလို့ ယုံကြည်ခဲ့ကြတာဖြစ်ပြီး Sutton Hooဆိုက်က ရခဲ့တဲ့ရှေးဟောင်းပစ္စည်းတွေက ဒီအမြင်ကို ပြောင်းလဲပေးခဲ့ပါတယ်။ ထူးတာက ဒီဆိုက်ကို ဗြိတန်ပြတိုက်က ကမကထပြုတူးဖော်ခဲ့တာမဟုတ်ဘဲ အီဒစ်ပရီတီလို့ခေါ်တဲ့ အင်္ဂလိပ်လူမျိုးမြေပိုင်ရှင်မ တစ်ယောက်က ကမကထပြုပြီး ဘာဆေးဘရောင်းလို့ခေါ်တဲ့ အလယ် တန်းနဲ့ကျောင်းထွက်ခဲ့တဲ့ ရှေးဟောင်းသုတေသနပညာကို ကိုယ်ထူကိုယ်ထ လေ့လာထားတဲ့သူက တူးဖော်ခဲ့တာပါ။ The Dig ဟာ Sutton Hoo ဆိုက်ကို မတူးဖော်ခင် ဘာဆေးဘရောင်းနဲ့ အီဒစ်ပရီတီ စတွေ့ကြတဲ့ အချိန်ကစလို့ ဆိုက်ကို တူးဖော်ရာမှာ ကြုံခဲ့တဲ့ အခက်အခဲတွေ၊ အလယ်ခေတ်က သင်္ဘောစတွေ့တဲ့ အချိန်မှာ ဗြိတန်ပြတိုက်က မောင်ပိုင်စီးလုပ်တာတွေကနေ နောက်ဆုံး ဆိုက်ကရခဲ့တဲ့ ရတနာတွေ ဘာဖြစ်သွားတယ်ဆိုတာအထိ ပြည့်ပြည့်စုံစုံပုံဖော်ထားပါတယ်။ ဒုတိယကမ္ဘာစစ်ပျိုးချိန်ကိုလည်း ထည့်သွင်းပုံဖော်သွားပြီး ကာရိုက်တာတွေကိုလည်း အီဒစ်ရဲ့ဘ၀နဲ့ ဘာဆေးရဲ့ ဘွဲ့ရမဟုတ်ပေမဲ့ သူ့ပညာကိုချစ်တဲ့စိတ် ၊ ဘွဲ့ရမဟုတ်လို့ လူရာမ၀င်ခဲ့ခြင်းတွေကိုပါ ပြည့်ပြည့်စုံစုံပုံဖော်သွားပါတယ်။ ဒုတိယ ကမ္ဘာစစ်ဖြစ်လုဆဲဆဲကာလမှာ တူးကြတာဆိုတော့ စစ်မခြေအနေနဲ့ သူတို့အခြေအနေကိုလည်း ပေါင်းစပ်ပုံဖော်သွားခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်အတွင်းမှာ Sutton Hooက ရတနာတွေကို လန်ဒန် မြေအောက်ဘူတာရုံမှာ သိုဝှက်ထားခဲ့ပါတယ်။ သရုပ်ဆောင်တွေကလည်း ဂတ်စ်ဘီရဲ့ဒေစီ Carey Mulligan၊ စင်ဒရဲလား Lily Jamesနဲ့ Schindler's List, The English Patient ,The King's Manက Ralph Fiennesတို့လို နာမည်ကျော် သရုပ်ဆောင် တွေပါပဲ။ Simon Stoneကရိုက်ထားပြီး Biography , History, Drama အမျိုးအစားကားပေမဲ့ စီနီမာ တိုဂရပ်ဖီဟာ အတော်မျက်စိထဲ ၀င်တာကြောင့် ကြည့်ရတာပျင်းဖို့မကောင်းဘဲ ဆွဲဆောင်မှုရှိပါတယ်။ Sutton Hooဆိုက်ကို တူးဖော်တဲ့အချိန်မှာ ဒုတိယကမ္ဘာစစ် အစပျိုးစပြုနေပါပြီ။ စစ်ဖြစ်တော့မှာမို့ တစ်ချို့လုပ်ငန်းတွေကိုတောင် ရပ်နားထားရပါပြီ။ ဘာဆေးရော အီဒစ်ရော ဗြိတန်ပြတိုက်က တာ၀န်ရှိ သူတွေရောဟာ စစ်ထက် ပိုအရေးကြီးတဲ့အရာလို့ ခံယူပြီး ဆက်တူးဖော်ခဲ့ကြတာပါပဲ။ ရုပ်ရှင်ထဲက ဘာဆေးရဲ့ စကားအတိုင်းပြောရရင် "ရှေးဟောင်းသုတေသနဟာ အတိတ်အတွက်မဟုတ်သလို ပစ္စုပ္ပန်အတွက်လည်း မဟုတ်ပါဘူး။ အနာဂတ်အတွက်ပါပဲ။ ‌ဒါမှနောက်မျိုးဆက်တွေက သူတို့ဘယ်ကဆင်းသက်လာလဲသိမှာဖြစ်ပြီး ရှေးဟောင်းသုတေသနဆိုတာ လူတွေကို သူတို့ဘိုးဘေးဘီဘင်တွေနဲ့ ဆက်စပ်ပေးထားတဲ့ ကြိုးပါပဲ။" ထိုနည်း၎င်းပဲ " သမိုင်းသင်တယ်ဆိုတာ မအအောင်လို့"ဆိုတဲ့ ဒေါက်တာသန်းထွန်းစကားအတိုင်းဆို ရှေးဟောင်းသုတေသနဟာ အနာဂတ်အမျိုးဆက်တွေ မအဖို့အတွက်ပါပဲ။ အနာဂတ်အတွက်ပါပဲ။ The Digဟာ မအအောင် ကြည့်သင့်တဲ့ ရှေးဟောင်းသုတေသနကို လက်တွေ့ကျကျ ပုံဖော်ထားတဲ့ ရှားပါးရုပ်ရှင်ကားပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်) File Size - (1.65 GB) / (772 MB) / (502 MB) Quality – WebRip 1080p / 720p/480p Duration - 1h 52mins Subtitle – Myanmar Hardsub Format – MP4 Genre : Biography, Drama, History Translator – WiRa Aung Encoder – SWM

Comedy • Drama
6.9 2021 112 mins
The Dig
The Town of Ghosts
2

မြို့ပြင်ကလူတွေဝင်လာလို့ပဲရပြီး မြို့ထဲက ဘယ်သူမှ အပြင်ကိုအသက်ရှင်လျက်ထွက်မသွားနိုင်တဲ့ တစ္ဆေမြို့... မြို့ရဲ့တားမြစ်ထားတဲ့စည်းမျဉ်းတွေကို ဖောက်ဖျက်မိရင်လည်းအသေဆိုးနဲ့သေရတတ်တယ် ဒီလိုမျိုး တစ္ဆေကျိန်စာသင့်နေတဲ့မြို့ကို အရာရာစူးစမ်းချင်ပြီးတားမြစ်ထားတဲ့အရာကိုမှ လုပ်ချင်ပါတယ်ဆိုတဲ့ ရတနာသိုက်ရှာဖွေသူ ကောင်လေးနှစ်ယောက်ရောက်လာကာ မြို့စည်းမျဉ်းကို ဖောက်ဖျက်မိချိန်မှာတော့... တစ်မြို့လုံးကံဆိုးမိုးမှောင်ကျပြီး ဘာတွေဆက်ဖြစ်ကြမှာလဲ မြို့ထဲကနေရော သူတို့နှစ်ယောက်အသက်ရှင်လျက်ပြန်ထွက်နိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာ စိတ်လှုပ်ရှားချောက်ချားဖွယ်ကြည့်ရှုလို့ရပါပြီနော် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ ) File Size__(1.7GB) / 850MB) Quality__1080p, 720p IMDb Rating__6.0/10 Format__mp4 Duration__01:42:00 Type__Horror, Thriller, Fantasy Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung Latt

Comedy • Drama • Romance
2 2022
The Town of Ghosts
Haywire
5.7

ဒီတစ်ခါမှာတော့ ၂၀၁၁ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ဇာတ်ကြမ်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်. . မင်းသမီးကတော့ Deadpool တို့ The Mandalorian တို့ထဲက မင်းသမီးချောလေး Gina Carano ပါဗျာ... တစ်ချိန်က MMA Fighter တစ်ယောက်ဖြစ်ခဲ့တဲ့မင်းသမီးလေးဆိုတော့ ဒီလိုတစ်ကိုယ်တော် ကြမ်းဟဲ့ ရမ်းဟဲ့ဆိုတဲ့ကားမျိုးကျ မိုက်မိုက်မိုက်ပေါ့ဗျာ... ဇာတ်လမ်းအကျဉ်းကတော့ မရိန်းတပ်သားတစ်ယောက်ဖြစ်တဲ့ မယ်လိုရိကိန်းဟာ အရေးကြီးပုဂ္ဂိုလ်တစ်ယောက်ကိုကယ်ဖို့အတွက် ပုဂ္ဂလိကုမ္ပဏီတစ်ခုကငှားရမ်းတဲ့အတွက် သွားရောက်ဆောင်ရွက်ပေးခဲ့ပါတယ်...ဒါပေမဲ့ သူ့ကိုအလိုမကျသူတစ်ယောက်ရဲ့ အကွက်ကျတဲ့စီစဉ်မှုတွေအောက်မှာ သူဟာ လူသတ်သမားရယ်လို့ ဝရမ်းထုတ်ခံရပြီး သူ့နောက်ကိုလည်း ကြေးစားလူသတ်သမားတွေလိုက်လံသတ်ဖြတ်လာတဲ့အခါမှာတော့ အက်ရှင်အသားပေးကားမို့ ရုပ်ရှင်ပရိသတ်တွေကော MMA ပရိတ်သတ်တွေကော အကြိုက်တွေ့မယ့်ကားတစ်ကားပဲဖြစ်ပါတယ်.. File Size :(1.89GB)(0.98 GB) and (385 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:33:00 Genre : Action ,Thriller , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae

Mystery • Thriller
5.7 2011 93 mins
Haywire
Bones of Crows
7.9

Bones of Corws (2022) (RT 94% , IMDb 6.6 ) ကနေဒါ‌‌မြေဟာ လူဖြူတွေမကြီးစိုးခင် ကနေဒါနိုင်ငံရယ်လို့ မဖြစ်လာခင်ကတည်းက ဌာနေတိုင်းရင်းသားတွေက နေထိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ်။ ဥရောပသားတွေ ရောက်ရှိလာပြီး နောက်မှာတော့ ဥရောပပုံစံ ဖြစ်လာအောင်၊ သူတို့အုပ်ချုပ်မှုအောက်ထဲ ခိုဝင်လာအောင် လူဖြူတွေက မျိုးစုံကြံစည်ခဲ့ကြတာ အများအသိပါ။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ် 200၊ 300လောက်က ဖြစ်ခဲ့တာလို့ ထင်ရင် မှားပါမယ်။ ကနေဒါမှာ ဒီလို လူမျိုးစုတွေအပေါ် ဥပဒေကို အသုံးပြုပြီး နိုင်ထက်စီးနင်းပြုလုပ်ခဲ့မှုတွေဟာ 1990ဝန်းကျင်အထိ ရှိခဲ့ပါတယ်။ Bones of Crowsက‌‌ေတာ့ ဒီနည်းတွေထဲက တစ်ခုအပေါ် အခြေခံလို့ ရိုက်ကူးထားပါတယ်။ တိုင်းရင်းသားကလေးငယ်လေးတွေကို မူကြိုကျောင်းနေအရွယ်ကစလို့ မိဘရင်ခွင်ထဲကနေ ဥပဒေအရ ဆွဲခေါ်ပြီး ခရစ်ယာန်ဘုန်းတော်ကြီးတွေ ဦးစီးတဲ့ အဆောင်နေကျောင်းတွေဆီသို့ ပို့ဆောင်ပစ်ခဲ့ကြပါတယ်။ ကျောင်းကိုဦးစီးတဲ့ ဘုန်းကြီး သီလရှင်တွေဟာ ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ အစာအာဟာရ မပြည့်ဝအောင် ကျွေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ၊ ကိုယ်ထိလက်ရောက်အပြင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအထိ လုပ်ဆောင်ခဲ့ကြပြီး ဒါမျိုးဟာ တစ်ကျောင်း နှစ်ကျောင်း မဟုတ် တစ်နိုင်ငံလုံးမှာ ဖြစ်ပွားခဲ့တာပါ။ ဒီထက်ပိုဆိုးတာကတော့ အဆောင်နေကျောင်းစနစ်‌ေကြာင့် ကလေးငယ်ပေါင်း ထောင်ပေါင်းများစွာ သေဆုံးခဲ့ရတဲ့အတွက် Genocide လို့ ခေါင်းစဉ်တပ်ရလောက်တဲ့ထိကို ဖြစ်ပျက်ခဲ့ပါတယ်။ ဇာတ်လမ်းထဲမှာ အယ်လင်းဟာ အဓိကဇာတ်ကောင်ဖြစ်ပြီး သူကြုံတွေ့ခဲ့ရတဲ့ တစ်ဘဝစာခွဲခြားနှိမ့်ချမှုများကို ပြသသွားမှာပဲ ဖြစ်ပါတယ်။ အမှန်တရားဟာ တနေ့‌ေန့တချိန်ချိန်မှာ ပေါ်ထွန်းအောင်မြင်စမြဲပါ... ကနေဒါက အင်ဒီးယန်းလူမျိုးစုတွေကရော အဆောင်နေကျောင်းစနစ်ကြီးက ပေါ်ပေါက်လာတဲ့ အဖြစ်ဆိုးတွေကို ကမ္ဘာသိအောင် ဘယ်လိုလုပ်ခဲ့လဲ... ဖိနှိပ်ခံ တိုင်းရင်းသားတွေဟာ လက်တွေ့ဘဝမှာ ဘယ်လောက်ဆိုးရွားစွာ ခါးစည်းခံခဲ့ကြရသလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်... အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်

Crime • Documentary
7.9 2023 122 mins
Bones of Crows
Your Name.
8.5

ဒီကားကတော့ မသိတဲ့သူမရှိသလောက်ကို ရှားပါလိမ့်မယ်... ကမ္ဘာအနှံ့အောင်မြင်မှုတွေရခဲ့ပြီး Your Name ကြောင့် Anime ပရိသတ် ဖြစ်လာကြတဲ့သူတွေဒုနဲ့ဒေးပါပဲ... ဒါပေမဲ့ အခုထိမကြည့်ရသေးတဲ့သူတွေ ရှိနေနိုင်သေးတာကြောင့် နည်းနည်းလောက် ပြန်ညွှန်းပါရစေ... ဇာတ်လမ်းအစမှာ သဘာဝလွန်ဖြစ်ရပ်ဆန်းနဲ့ စတယ်...တိုကျိုမှာနေတဲ့ အထက်တန်းကျောင်းသားလေး တာချီဘာနာ တကိ နဲ့ အိတိုမိုရိ ဆိုတဲ့ နယ်မြို့လေးက မိယမိဇု မိဆုဟ ဆိုတဲ့ ကောင်မလေးတို့ဟာ ခန္ဓာကိုယ်ချင်းလဲသွားကြသတဲ့... အမှန်က ခန္ဓာကိုယ်လဲတယ်ဆိုတာထက် စိတ်ချင်းလဲသွားတယ်ဆို ပိုမှန်ပါတယ်... ဒါကို သူတို့တွေက အိပ်မက်လို့ ထင်နေကြပေမယ့် တကယ်ဖြစ်နေမှန်းသိတဲ့အခါမှာတော့ သူတို့နှစ်ယောက်လုံး ဒီအဖြစ်ဆန်းကြီးကို အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်.. ဒါပေမဲ့ ပြသနာက ခန္ဓာကိုယ်ချင်း(စိတ်ချင်း)လဲတာတင် မဟုတ်ပဲ သူတို့နှစ်ယောက်ရဲ့အချိန်တွေပါ လွဲနေတယ်ဆိုတာကို သိလိုက်ရတဲ့ အခါမှာတော့.... ဒီအချိန်လွဲတယ်ဆိုတဲ့ကိစ္စကြီးက ကြည့်ရတာနည်းနည်းတော့ ရှုပ်နိုင်တယ်... မြင်အောင်ပြောပြရရင် အခုလက်ရှိ ပစ္စုပန်အချိန်နဲ့ ဟိုးအရင်အတိတ်အချိန် နှစ်ခု ထိပ်တိုက်တွေ့တဲ့သဘောပါပဲ... ဒါကို ဇာတ်ကားထဲမှာ ပြန်ပြီးရှင်းပြထားတာကို တွေ့ရမှာပါ... ဒီလို ထူးဆန်းမှုတွေနဲ့ ဆွဲဆောင်ထားတဲ့ ဒီဇာတ်ကားလေးက ကျွန်တော်တို့ကို တစ်ခုပြောသွားသေးတယ်ခင်ဗျ "မှတ်ဉာဏ်တွေဟာ မေ့ပျောက်ဖို့လွယ်ပေမယ့် နှလုံးသားကတော့ အမြဲအမှတ်ရနေမှာပါ" ကျွန်တော်တို့ ဘဝမှာလည်း နှလုံးသားထောင့်တစ်နေရာက တစ်ယောက်သောသူဆိုတာမျိုး ရှိနေတုန်း ရှိနေနိုင်သေးတယ်မဟုတ်လား?? ဦးနှောက်က မေ့သွား/မေ့ထား ပေမယ့် အဖြစ်အပျက်လေးတစ်ခုလောက်က ရင်ကိုလှိုက်ခနဲဖြစ်စေခဲ့တာမျိုးပေါ့... ဒီကားရဲ့ဇာတ်ဝင်တေးတွေကလည်း ကောင်းမွန်ပြီး လှပတဲ့ အန်နီမေးရှင်း ပြကွက်တွေနဲ့ ဆွဲဆောင်ထားတာကို ခံစားရမှာပါ.. ကဲ အညွှန်းကလည်း နည်းနည်းရှည်သွားပြီမို့ ဒီဇာတ်ကားလေးကို ကြည့်ရှုခံစားရင်း တစ်နေ့တာကို အရသာရှိရှိဖြတ်သန်းလိုက်ကြရအောင် (ဒါနဲ့ ဒီဇာတ်ကားထဲမှာ The Garden Of Words (2013) ဇာတ်ကားထဲက ဆရာမ ယူကာရီ က cameo အနေနဲ့ ပြန်လည်ပါဝင်ပါသေးတယ်.. ဒါ့အပြင် အခု Your Name ထဲက ဇာတ်ကောင်တွေဖြစ်တဲ့ တကိ..မိဆုဟ..ယော့ဆုဟ..တက်ရှီ..ဆယက တို့တတွေလည်း Weathering With You (2019) မှာ cameo အဖြစ် ပြန်လည်ပါဝင်ကြပါသေးတယ်.. သေချာလေးကြည့်ကြနော် ?...ကဲ ခံစားကြည့်ရှုလိုက်ကြပါဦး) File Size :  1.49 GB Quality : Bluray 1080 (5.1) Running Time : 1hr 46minutes Format : Mp4 Genre : Animation, Drama, Fantasy Translated By Ye Kyaw Htet & Mko Encode By YK

Drama • Mystery • Sci-Fi & Fantasy
8.5 2016 106 mins
Your Name.
[21+] A Thought of Ecstasy
6

[21+]A Thought of Ecstasy (2017) အညွှန်း *********************************** ဇာတ်လမ်းလေးကတော့ ဖရန့်ခ်ဆိုတဲ့သူတစ်ယောက်ဟာ သူ့အနားက ထွက်ခွာသွားတဲ့သူချစ်ရတဲ့မိန်းမကိုလိုက်ရှာနေတယ်၊ထွက်သွားတဲ့ အကြောင်းအရာကိုမသိ၊ ဘယ်နေရာကိုထွက်သွားမှန်းမသိ၊ဘယ်နေရာကို လိုက်ရှာရမှန်းမသိဖြစ်နေတယ်၊ သူ့အတွက်မျှော်လင့်ချက်ဆိုလို့ bestseller ဆုရထားတဲ့စာအုပ်တစ်အုပ်ပဲရှိတယ်၊ ဘာကြောင့်လဲဆိုတော့ စာအုပ်ထဲက အကြောင်းအရာတွေဟာ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးကို ရေးထားသလားလို့ထင်ရလောက်အောင်အရမ်းမှန်နေတယ်၊ ဒီတော့ ဒီစာအုပ်ဟာ သူချစ်တဲ့မာရီကိုယ်တိုင်ရေးထားတယ်လို့သူက တစ်ထစ်ချကိုယုံကြည်နေတယ်၊ အဲ့ဒါကြောင့်ဖရန့်ခ်ဟာ စာအုပ်ထဲမှာပါတဲ့နေရာတွေကိုလိုက်ရှာရင်းနဲ့ တကယ်ပဲ မာရီကိုတွေ့သွားမလားဆိုတာ ကြည့်ရှုပေးပါဦး… File Size : (1.84 GB) (587MB) and (253MB) Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:30:00 Genre : Romance , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by TML Encoded by Min Wai

Crime • Drama
6 2017 90 mins
[21+] A Thought of Ecstasy
How to Have Sex
6.6

How to Have Sex (2023) ~ IMDb – 6.6/10, RT – 95%, Meta – 80% ~ ဒီတစ်ခေါက်မိတ်ဆက်ပေးမယ့် ဇာတ်ကားကတော့ British တွေရဲ့ သမားရိုးကျ ဇာတ်လမ်းတွေလိုမဟုတ်ဘဲ ခေတ်ဆန်တဲ့ Plot မျိုးကို British စတိုင်လ်ဖြစ်အောင် ရိုက်ကူးထားတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားဟာဆိုရင် ထူးခြားပြီး လက်ရာမြောက်လွန်းတာကြောင့် ဇာတ်ဆောင်မင်းသမီးအပြင် စာရေးသူလည်းဖြစ် ဒါရိုက်တာလည်းဖြစ်သူကိုယ်တိုင် British Independent Film Awards နဲ့ Europeon Film Awards မှာပါ အသီသီးဆုတွေရရှိထားကြပါတယ်။ ဒါအပြင် Rotten Tomatoes မှာ 95% ရရှိထားတဲ့အတွက် မခေတဲ့ဇာတ်လမ်းတစ်ပုဒ်ဆိုတာ အသေအချာပါပဲ။ တာရာ၊ စကိုင်းနဲ့ အမ်တို့ သူငယ်ချင်းသုံးယောက်ဟာ အထက်တန်းစာမေးပွဲအပြီး နွေရာသီအားလပ်ရက်မှာ အပျော်ခရီးထွက်ခဲ့ကြပါတယ်။ အားလုံးသိကြတဲ့အတိုင်း လူငယ်တွေ အထူးသဖြင့် အနောက်တိုင်းသားတွေက ဒီအရွယ်ရောက်ရင် လက်တည့်စမ်းချင်တာတွေရှိကြတာပေါ့။ ဖြစ်ချင်တော့ သူငယ်ချင်းသုံးယောက်လုံးထဲမှာ တာရာတစ်ယောက်တည်းကပဲ အတွေ့အကြုံမရှိသေးတာပါ။ ဒီလိုနဲ့ပဲ ခရီးရောက်ခိုက် သူတို့လိုလူငယ်တစ်သိုက်နဲ့တွေ့တဲ့အခါမှာ “မိုးရွာတုန်းရေခံ” ဆိုသလို တာရာတစ်ယောက်ရေလာမြောင်းပေးလုပ်ဖို့ကြံစည်ပါတော့တယ်။ ဒီလိုနဲ့ပဲ နောက်ဆုံးမှာ တာရာတစ်ယောက် ဘယ်လိုဇာတ်သိမ်းမျိုးနဲ့ကြုံတွေ့ရမလဲ၊ “အမှန်တရားက ခါးသီးတယ်” ဆိုတဲ့စကားကို ဘယ်လိုမျက်မြင်ကိုယ်တွေ့ကြုံခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ မြင်ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အမျိုးအစားကို ဒရာမာထဲထည့်ထားကြပေမယ့်လည်း ဇာတ်လမ်းရေးသူက Documentary အနေနဲ့ကော တကယ့်လက်တွေ့ လူငယ်တွေအကြားဖြစ်ပျက်နေတာကို မီးမောင်းထိုးထားတဲ့သဘောနဲ့ ရေးသားပြီးထုတ်လုပ်ခဲ့တာပါ။ ဒါ့အပြင် Hollywood ဇာတ်ကားတွေလို American Vibe မျိုးမဟုတ်ဘဲ British တွေရဲ့ Original Vibe ကိုလည်း ခံစားကြရပါလိမ့်မယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.6GB, 770MB Quality – 1080p, 720p IMDb Rating – 6.6/10 Format – mp4 Duration – 1H 31Min Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by Mark Encoded by Y

Drama
6.6 2023 91 mins
How to Have Sex
[18+] Kabit
6.7

ဒါရိုက်တာ Lawrence Fajardo ဟာကိုယ်တိုင်ပြဇာတ်သရုပ်ဆောင်တစ်ဦးဖြစ်ခဲ့ဖူးသလို၊ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွေမှာ ပွဲတိုးတဲ့ ဆုတွေအများကြီးရခဲ့ဖူးတဲ့သူပါ။ အဲ့ဒီလိုပဲ ကျနော်တို့ပရိသတ်တွေနဲ့ရင်းနှီးပြီးသား Nerisa, Mahjong Nights,Reroute, Scorpio Nights 3 တို့လိုကားတွေ ရဲ့ဖန်တီးရှင်လည်းဖြစ်ပါသေးတယ်။ ဒီဇာတ်ကားမှာတော့ သူအကျွမ်းကျင်ဆုံးဘာသာရပ်ဖြစ်ပုံရတဲ့ ပြဇာတ်လောကကို အခြေခံထားပါတယ်။ နာမည်ကျစပြုနေတဲ့ (သူ့ကိုယ်သူတော့ အနုပညာမှာဆရာတစ်ဆူလို့ထင်နေပုံရတဲ့)ပြဇာတ်ဒါရိုက်တာတစ်ယောက်၊ ငယ်စဉ်ကတည်းက အနုပညာလောကထဲရောက်ခဲ့ပေမယ့် အခုချိန်ထိရှေ့တန်းမရောက်နိုင်တဲ့ မင်းသားငယ်တစ်ဦး ပြီးတော့ သူပါဝင်ခဲ့သမျှရုပ်ရှင် role တွေကို မကျေနပ်ပဲ အခုချိန်မှ ပြဇာတ်လောကကို ခေါင်းဆောင်အနေနဲ့တိုးဝင်မယ့် မျက်နှာသစ်မင်းသမီး အစရှိတဲ့သူတွေဟာ သူတို့အားလုံးအတွက် အောင်မြင်ပေါက်ရောက်စေမယ့် ပြဇာတ်တစ်ခုကိုဖန်တီးကြမှာပါ။ ပြဇာတ်ရဲ့ဇာတ်လမ်းသွားကတော့ ၉၉ ကထွက်ခဲ့တဲ့ Ang kabit ni Mrs. Montero သို့မဟုတ် Lady chatterley’s lover နဲ့ကျောရိုးအတူတူပါပဲ။ အောက်ပိုင်းသေနေတဲ့သူဌေးကြီး၊ သူ့ကိုအားမရတော့တဲ့ ဇနီးနဲ့ သူတို့လယ်တောက အားကောင်းမောင်းသန်သူရင်းငှားလေးတို့ကြားကဇာတ်ရှုပ်ဖြစ်ပါတယ်။ အဲ့ဒီလိုဇာတ်ကို ဇာတ်ခုံပေါ်မှာတင်ဆက် ကပြမှာဖြစ်တဲ့အတွက် public sex ဝါသနာရှင်တွေအတွက်တော့ ရှယ်ပါပဲ။ ဇာတ်လမ်းက ကြောက်စရာကောင်းလောက်အောင်ကိုကြမ်းပါတယ်။ရှုစားကြပါ။ ( အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_( 1.3GB)/( 680MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_02:00:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

6.7 2024 124 mins
[18+] Kabit
Gringa
5.9

Gringa ဆိုတဲ့အဓိပ္ပာယ်က စပိန် ဒါမှမဟုတ် လက်တင်အမေရိကမှာနေထိုင်တဲ့ နိုင်ငံခြားသူအမျိုးသမီး အထူးသဖြင့် အင်္ဂလိပ်အမျိုးသမီးလို့အဓိပ္ပာယ်ရပါတယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်လိုက်ဖြစ်တဲ့ မာ့ခ်ျဘစ်ခ်ဖို့်ဒ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်ကောင်မလေးဟာ အထက်တန်းကျောင်းတက်နေပါတယ်။ မာ့ခ်ျက အနည်းငယ်၀တယ်၊ နှေးတယ်၊ ဉာဏ်သိပ်မပြေးဘူး၊ ငြိမ်တယ် အဲဒါကြောင့် မာ့ခ်ျဟာ ကျောင်းမှာလည်းမ၀င်ဆံ့သလိုဖြစ်နေပြီး ‌ဆယ်ကျော်သက်ကျောင်းသားဘ၀ကို ဖြတ်သန်းဖို့ရာအခက်တွေ့နေပါတယ်။ တစ်ချိန်တည်းမှာပဲ မာ့ခ်ျရဲ့အမေဖြစ်သူဟာ ရုတ်တရက်ဆုံးပါးသွားခဲ့တဲ့နောက်မှာတော့ မာ့ခ်ျဟာ ၁၆ နှစ်လောက်ပျောက်ဆုံးနေခဲ့တဲ့ သူမရဲ့အဖေကိုရှာဖို့အတွက် အမေရိကန်-မက္ကဆီကိုနယ်စပ်ဖြတ်ပြီး ထွက်လာခဲ့ပါတယ်။ ဒီလိုနဲ့ နောက်ဆုံးမှာတော့ မက္ကဆီကိုကျေးလက်က ပင်လယ်ကမ်းခြေရွာလေးတစ်ရွာမှာ သူမရဲ့အဖေကိုတွေ့ရှိသွားခဲ့ပါတယ်။ မာ့ခ်ျရဲ့အဖေဟာ ရွာရဲ့အမျိုးသမီးဘောလုံးအသင်းကိုနည်းပြလုပ်ပေးရင်း ရပ်ရွာအကျိုးသယ်ပိုးပြီး ဘ၀ကိုရိုးရှင်းစွာဖြတ်သန်းလာခဲ့ပါတယ်။ ဒီလိုနဲ့ ၁၆ နှစ်တာကွဲကွာနေတဲ့ အဖေနဲ့သမီးနှစ်ယောက် ပြန်ဆုံသွားတဲ့အချိန်မှာ သူတို့နှစ်ယောက်လုံးရဲ့ဘ၀တွေ တစ်ဆစ်ချိုးပြောင်းလဲဖို့ရာအကြောင်းဖန်လာပါတော့တယ်။ အမျိုးအစားကို Comedy/Sport လို့ခေါင်းစဉ်တပ်ထားပေမဲ့ ကျွန်တော်ကတော့ ဟာသနဲ့ အားကစားကို အချိုးညီညီရောစပ်ထားတဲ့ ဒရာမာရုပ်ရှင်ကောင်းလေးလို့မြင်ပါတယ်။ ဒီရုပ်ရှင်ကို စိတ်အပန်းဖြေနေတဲ့သူတွေ၊ ပင်လယ် နဲ့ ကျေးလက်အလှတွေကိုခံစားချင်တဲ့သူတွေအတွက် အထူးသင့်တော်ပြီး အဖေနဲ့သမီးအကြားက နွေးထွေးတဲ့ချစ်ခြင်းအပြင် ပင်လယ်ကမ်း‌ခြေရွာလေးထဲက ချစ်စရာဇာတ်ကောင်တွေနဲ့ မက္က‌ဆီကန်ရိုးရာယဉ်ကျေးမှုတွေကိုလည်း တစေ့တစောင်းမြင်တွေ့ရမှာဖြစ်တာကြောင့် မြည်းစမ်းကြည့်ရှုဖို့ရာ မမှားတဲ့ရုပ်ရှင်လေးဖြစ်ကြောင်း ညွှန်းဆိုပေးလိုက်ပါတယ်။ File size…(1.9 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:42:00 Genre… Comedy, Drama, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

5.9 2023 103 mins
Gringa
Raghu Thatha
7.1

Raghu Thatha (2024) “အရိုင်းပန်းပုံပြင်” =============================== နာမည်ကြီးဗီဂျေးတွေထဲကတစ်ယောက်ဖြစ်တဲ့ မင်းသားကြီး ရာဗင်ဒရာဗီဂျေးနဲ့ မင်းသမီးချောလေး ကီရ်သီဆူရက်ရှ်တို့ရဲ့ အသစ်ထွက် ကျေးလက် ဟာသဒရာမာရုပ်ရှင်လေးကို စီအမ်ကနေ တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့ ကာယာဟာ မဟုတ်မခံစိတ်ရှိတဲ့ ဆတ်ဆတ်ကြဲ မိန်းမလှလေးတစ်ယောက်ပါ။ သူဟာ မိန်းကလေးစာရေးဆရာတွေကို အားမပေးတဲ့ ရှေးရိုးစွဲ လူ့အဖွဲ့အစည်းထဲမှာ ယောက်ျားလေးနာမည်နဲ့ စာရေးပြီး အတော်အသင့်အောင်မြင်နေသူလည်းဖြစ်ပါတယ်။ အသက် ၂၅ နှစ်ရောက်ပေမဲ့ အိမ်ထောင်မကျသေးတာကြောင့် တစ်ရွာလုံးက တွေ့တဲ့အချိန်တိုင်း ဘယ်တော့စားရမှာလဲလို့မေးတာခံနေရတဲ့သူဖြစ်ပြီး သူကလည်း မေးတဲ့သူတိုင်းကိုဂရုမစိုက်ဘဲ ကိုယ့်ခံယူချက်နဲ့ကိုယ် နေထိုင်သူဖြစ်ပြီး သူ့ရဲ့ ခံယူချက်တွေနဲ့ အများကသတ်မှတ်ထားတဲ့စည်းမျဉ်းတွေကြားမှာ မဖြစ်မနေရွေးချယ်ရမယ့်အခြေအနေ ဖြစ်လာတဲ့အခါမှာတော့…။ ကျေးလက်မြင်ကွင်းစိမ်းစိမ်းစိုစိုလေးတွေနဲ့ ရယ်ရမောရတဲ့ ရုပ်ရှင်လေးဖြစ်လို့ ပရိသတ်တွေ ခေတ္တစိတ်အပန်းပြေစေဖို့အတွက် ချန်နယ်မြန်မာရဲ့ ဘောလိဝုဒ်အဖွဲ့သားတွေကနေ ညွှန်းဆိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…။

Horror • Thriller • Drama
7.1 2024 134 mins
Raghu Thatha
Je Jatt Vigad Gya
5.4

Je Jatt Vigarh Gya (2024)”တုံးတိုက်ကျားကိုက်” ===================================== ပေါလိဝုဒ် ရုပ်ရှင်လောကထဲမှာ တော်တော်လေးနာမည်ကြီးတဲ့ မင်းသား ဂျေးရန်ဒဝါရဲ့ အသစ်ထွက်ရှိထားတဲ့ ပန်ချာပီစကားပြော ရုပ်ရှင်ကို ပရိသတ်တွေအတွက် CM Bollywood Team ကနေ ထပ်မံတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းကတော့.. ဂျေးရန်ဒဝါသရုပ်ဆောင်ထားတဲ့ဇာတ်ကောင် ဇာတ်လိုက်ဖြစ်သူ ဒလေဟာ ဟုတ်လည်းမခံ၊ မဟုတ်လည်းမခံတဲ့ တစ်ရွာလုံးနဲ့မတည့်တဲ့ ဆတ်ဆတ်ကြဲ ဖိုက်တာတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့မျက်စိထဲ အချိုးမပြေသမျှ ဝင်ဝင်ဆုံးမတတ်လို့ သူတို့ရွာမှာဆိုရင် သူထိုးတာမခံဖူးတဲ့ယောက်ျားလေးတွေကို တစ်ရွာလုံးက နှိမ်ကြတဲ့အထိပါပဲ။ အဲဒီလို အိန္ဒိယရုပ်ရှင်ဇာတ်လိုက်တွေရဲ့ ဝိသေသတွေနဲ့ပြည့်စုံနေတဲ့ ဒလေဟာ သူတပါးကို ကူညီရင်း အင်မတန်မှအကျင့်ပျက်ခြစားနေတဲ့ ဆေးရုံကြီးတစ်ခုဖွင့်ထားတဲ့ နိုင်ငံရေးသမားကြီးတွေနဲ့ ငြိသွားတဲ့အခါ ကြမ်းပုံရမ်းပုံတွေကို ပရိသတ်တွေ မြင်တွေ့ကြရမှာဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

5.4 2024 132 mins
Je Jatt Vigad Gya
True Crime

True Crime ဟာ နာမည်ကျော် ဟောလိဝုဒ်ရုပ်ရှင်မင်းသားကြီးClint Eastwood ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားပြီး ဇာတ်ဆောင်မင်းသားအဖြစ်လည်း ပါဝင်ထားတဲ့ Old but Gold မှုခင်းကားကောင်းလေး တစ်ကားဖြစ်ပါတယ်။ အလုပ်ခွင်အခက်အခဲ၊အိမ်ထောင်ရေးအခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီး ‌‌စိတ်လေနေတဲ့သတင်းထောက် စတိဗ်အဲဗားရက်(Clint Eastwood) ဟာ လုပ်ဖော်ကိုင်ဖက်ဖြစ်သူမတော်တဆမှုကြောင့် ရုတ်တရက်သေဆုံးခြင်းနဲ့အတူ သေဆုံးသွားသူတာဝန်ယူထားတဲ့ ၁၂နာရီအတွင်းသေဒဏ်ကျခဲ့ရတော့မယ့် လူသတ်တရားခံတစ်ဦးကို အကျဉ်းထောင်မှာအင်တာဗျူးဖို့တာဝန်ကို လွှဲယူခဲ့ရပါတယ်။ အထက်ဖိအားကြောင့်သာ မယူချင်ယူချင် ယူခဲ့ရတဲ့ အဲဗားရက်ဟာ တရားခံကိုအင်တာဗျူးရင်း အမှုရဲ့ပုံမှန်မဟုတ်တဲ့အချက်တွေကို သိလာရတဲ့အခါမှာတော့ ……. မိသားစုကိုဂရုမစိုက်၊အလုပ်ကိုဂရုမစိုက် ယုတ်စွအဆုံး ကိုယ့်အသက်ကိုယ်‌ေတာင် ဂရုမစိုက်တဲ့ အဲဗားရက်ဟာ အဆင်မပြေမှုအားလုံးရဲ့ထွက်ပေါက်အဖြစ် တရားခံကို အပြစ်မဲ့ကြောင်းသက်သေပြဖို့ဖြစ်လာပါတယ်။ ဒါပေမယ့် မုသားဖော်စက်စစ်ဆေးမှုမှာကျရှုံးခဲ့တဲ့အပြင် ခိုင်မာတဲ့မျက်မြင်သက်သေနှစ်ဦးလည်းရှိနေတဲ့တရားခံကို သူ့ရဲ့ထင်ကြေးတစ်ခုတည်းနဲ့အပြစ်ကင်းတယ်လို့ယူဆခဲ့တဲ့ အဲဗားရက်ရဲ့ အထင်ဟာမှန်ပါ့မလား…….. တကယ်လို့မှန်ခဲ့ရင်တောင်၁၂နာရီအတွင်းသေဒဏ်ပေးခံရတော့မယ့် အကျဥ်းသားကိုဘယ်လိုနည်းလမ်းတွေနဲ့ကယ်တင်မလဲ….. မှုခင်းဖြစ်ပွားရာနေရာမှာ လူလေးဦးသာရှိနေပြီး တစ်ဦးကနစ်နာသူ၊တစ်ဦးကတရားခံ၊နှစ်ဦးကမျက်မြင်သက်‌သေဖြစ်နေတဲ့အချိန်မှာ အားလုံးကတရားခံလို့ယူဆထားကြသူက သတ်တာမဟုတ်ဘူးဆိုတာ အဲဗားရက်က သက်သေပြနိုင်ခဲ့မယ်ဆိုရင်ကော တကယ့်တရားခံကဘယ်သူဖြစ်နေမလဲ….. ၉၀ခုနှစ် မှုခင်းကားတွေရဲ့ ထုံးစံအတိုင်း အေးအေးလေးနဲ့ငြိမ့်ငြိမ့်လေးဆွဲခေါ်သွားမယ့် ကားကောင်းလေးဖြစ်ပါတယ်။ အညွှန်းနဲ့ဘာသာပြန်ကို တော့ Swan Yee Myo Thant ကတင်ဆက်ထားပါတယ်။ File size… (2.3 GB) / (1.3 GB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre… Drama, Mystery, Thriller, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Swan Yee Myo Thant

0 1999
True Crime