YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

You Are the Apple of My Eye (2025) 720p WEB-DL [RMC].mp4

891.29 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
A Little Thing Called Love
7.8

ယခင်က DVD 720p အရည်အသွေးသာရှိခဲ့ပေမယ့် ယခုအခါ Netflix WEB-DL 1080p Quality ထွက်ရှိလာလို့ Update လိုက်ပါပြီ။ “Crazy Little Thing Called Love” (သို့မဟုတ်) A Little Thing Called Love (သို့မဟုတ်) First Love မင်းသားချော မာရီယိုနဲ့ မင်းသမီးချော Baifern တို့ရဲ့ နာမည်ကြီးဇာတ်ကားပါ။ ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ ကျော်ဖတ်သွားလို့ မဖြစ်နိုင်တဲ့ ညှို့အားအပြည့်နဲ့ ဒိုင်ယာရီလေး တစ်အုပ်ပါပဲ... အချစ်တစ်ခုကို အလှဆုံးချရေးပြီး ဘဝတလျှောက်မှာ ဘယ်အချိန်ပြန်ဖတ်ဖတ် လှတယ် အချစ်ရဲ့စွမ်းအားကိုကောင်းတဲ့နေရာတွေမှာ အကျိုးရှိရှိအသုံးချရင်း ဘဝကိုအလှပဆုံးဖန်တီးသွားနိုင်သလို တစ်ခါပြန်မရနိုင်တဲ့အကောင်းဆုံးအမှတ်တရလေးတွေလဲရောက်လာအောင်ဖန်တီးပေးနိုင်ပါတယ် လူတစ်ယောက်ကို ထုတ်မပြောပဲအဝေးကနေငေးပြီး တိတ်တိတ်လေးရော ချစ်ဖူးလား??? အချစ်ဆိုတာ စည်းချက်တစ်ခုလိုပဲ ကိုယ်ပေးချင်တဲ့အချိန်သူကလိုချင်တဲ့အချိန်ဖြစ်မှ သူလိုချင်တဲ့အချိန်ကိုယ်က ပေးနိုင်ခဲ့မှ လွဲချော်သွားခဲ့ရင် အရာရာဟာ ရင်နာစရာပါပဲ... ဒါကြောင့် ဖွင့်ပြောလိုက်ပါ။အစွမ်းကုန်ချစ်ကြည့်လိုက်ပါ။ နူးညံ့တဲ့ ခံစားမှုလေးတစ်ခုဟာလူတစ်ယောက်ကို အရာရာဖန်တီးပေးနိုင်တယ် ဆယ်ကျော်သက်အရွယ်မှာ ပထမဆုံးအချစ်ဆိုတာ မိုးတိတ်တဲ့အခါ ကောင်းကင်မှာ ပေါ်လာတဲ့ သက်တန့်လေးလိုပါပဲ... ရင်ထဲမှာမှိုင်းညှို့ပြီး ဝုန်းဒိုင်းကြဲခံစားချက်တွေ သူ့အပေါ်မရဲတရဲရွာသွန်းခဲ့ရပေမယ့် သူလဲကိုယ့်လို ကိုယ်နဲ့ထပ်တူ ခံစားချက်ရမှန်းသိလိုက်ရတဲ့အခါ အချစ်ဆိုတာ...တစ်ခါရေးရုံနဲ့ တစ်သက်စာလုံလောက်တဲ့ ဒဏ္ဍာရီတစ်ပုဒ်လို... “Crazy Little Thing Called Love” (ရုပ်ရှင်အညွှန်းကို Baifern Myanmar Fans Facebook Page မှကူးယူဖော်ပြပါသည်။) File size…(2.3 GB)/(1 GB) Quality…WEB-DL(NF) 1080p / 720p Format…mp4 Duration….01:58:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Moe-Z & Kyi Nue Zin

Action • Horror • Thriller
7.8 2010 118 mins
A Little Thing Called Love
Us X Her
5.8

ဒေ့ဗ်ဟာ တစ်ချိန်က ဘတ်စ်ကတ်ဘောလက်ရွေးစင်တစ်ယောက်ဖြစ်ခဲ့ပြီး ချစ်သူ မာရီကို လက်ထပ်ကာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဒါပေမယ့်လဲ ဒူးဒဏ်ရာကြောင့် အနားယူပြီးတဲ့နောက်ပိုင်း လုပ်သမျှစီးပွားရေးတွေကလဲ ကိုဗစ်မွှေလို့ တစ်ခုပြီးတစ်ခုအရှုံးပေါ်၊ ဇနီးသည်ဖြစ်သူ မာရီကလဲ ကိုယ်ဝန်ပျက်ကျခဲ့တဲ့နောက်မှာတော့ သူတို့အိမ်ထောင်ရေးမှာ မုန်တိုင်းထန်စပြုလာပါတယ်။ ဒေ့ဗ်ကိုယ်တိုင်လဲ ဒူးဒဏ်ရာကြောင့် မှီဝဲရတဲ့ဆေးတွေကြောင့် မူးယစ်ဆေးစွဲသလိုဖြစ်နေပြီး ဇနီးဖြစ်သူနဲ့ မပြည့်ဝတဲ့ဆန္ဒတွေကို တစ်ချိန်က သူ့ပရိသတ်၊ သူ့အပေါ် အရူးအမူးစွဲလန်းနေရှာတဲ့ ကောင်မလေးတစ်ယောက်နဲ့ ထွက်ပေါက်ရှာလိုက်မိတဲ့နောက်မှာတော့ ပြဿနာတွေရဲ့ အထွတ်အထိပ်ကိုရောက်ဖို့ ဖြစ်လာပါတော့တယ်။ ကောင်မလေးဖြစ်တဲ့ လီလာဟာ သူလိုသလိုသုံးပြီး ပစ်ထားလိုက်တဲ့အချိန်မှာ ငြိမ်ခံမနေပဲ ဇနီးဖြစ်သူ မာရီဆီကတစ်ဆင့် သူတို့အိမ်ထောင်ရေးထဲ တတိယမြောက်လူအဖြစ် ဝင်ရောက်လာခဲ့ပါတယ်။ လင်လုဖက်အနေနဲ့မဟုတ်ပဲ သူ့ဇနီးရဲ့ချစ်သူအဖြစ်ပါ။ ပုံမှန်ယောက်ျားတွေ အတော်များများအတွက် စိတ်ကူးယဉ်အိပ်မက်ဖြစ်နိုင်မယ့် သီရိစံဇာတ်ကို ဒေ့ဗ်ဟာ သူ့ဇနီးသည်နဲ့အတူ ကြည်ကြည်ဖြူဖြူ သုံးပါးသွားခွင့်ရတော့မှာဖြစ်ပေမယ့် မပြေလည်နိုင်တဲ့ပြဿနာတွေက ဘာတွေဖြစ်လာမလဲ...? ဇနီးသည်မာရီက သူ့ကိုရွေးမလား... လီလာကိုရွေးမလား...? လီလာကရော ဘယ်သူ့ကိုရွေးမလဲ...? သူကိုယ်တိုင်ကရော နှစ်ယောက်လုံးကိုနိုင်ပါ့မလား...? အစရှိတဲ့မေးခွန်းတွေကို ဇာတ်ကားထဲမှာဆက်ပြီးအဖြေရှာကြပါ။ Angeli Khang လေးရဲ့ကားသစ်ဖြစ်ပြီး Hugas မင်းသမီးချောလေး Aj Raval က အားဖြည့်ကူညီထားပါသေးတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Alias မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 700MB Quality - 1080p, 720p Format - mp4 Duration - 1H 43Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Alias Encoded by RGB

Action • Crime • Thriller
5.8 2022 103 mins
Us X Her
Kiseki: Sobito of That Day
7.9

အ​တောင်မစုံခင် အရွယ်မှာ မိဘ​တွေရဲ့​ဆန္ဒအတိုင်း ​နေခဲ့သလို အ​တောင်စုံလို့ အရွယ်​ရောက်ချိန်အထိ မိဘ​တွေရဲ့ အုပ်ထိန်းမှုကို ဆက်ပြီးနာခံ​နေမလား၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကို မျက်ကွယ် ပြုပြီး မိဘ​တွေခင်း​ပေးတဲ့လမ်းအတိုင်း ဘဝခရီးကို ဆက်ပြီး ​လျှောက်လှမ်းသွားမလား၊ ကိုယ့် အနာဂတ်လမ်းကို ကိုယ်​တိုင်ဖောက်ပြီး ကိုယ့်ရည်မှန်းချက်၊ ကိုယ့်ဝါသနာကိုပဲ ​​ ရှေ့​ရေးကို ကြိုမ​တွေးဘဲ တစိုက်မတ်မတ် အ​ကောင်အထည်​ဖော်သွားပြီး ဘဝကို ​နေ​ပျော်​အောင် ​နေသွားမလား။ ဒီ​မေးခွန်း၂ခုကို ဂျင် နဲ့ ဟိဒဲ လို့​ခေါ်တဲ့ ညီအစ်ကို၂​ယောက်က အခုဇာတ်လမ်းထဲမှာ အ​ဖြေ​ပေးသွားပါတယ်၊ အ​ဖေဖြစ်သူက သား၂​ယောက်ကို ဘဝ​နောင်​ရေးစိတ်​အေးရ​အောင် သူ့အတိုင်း ဆရာဝန်ဖြစ်​စေချင်သူ၊ အစ်ကိုကြီး ဂျင် က သူချစ်တဲ့ဂီတကို သူချစ်ရတဲ့ သူငယ်ချင်းတစ်သိုက်နဲ့ အ​ပျော်တမ်းတီးဝိုင်းငယ်​ထောင်ပြီး ဘဝကို​ရှေ့ဆက်​နေသူ၊ တစ်နည်း​ပြောရရင် ဖခင်ရဲ့စကားကို တိုက်ရိုက် ဖီဆန်တဲ့ သားမိုက်ကြီး​ပေါ့။ ညီငယ် ဟိဒဲ က​တော့ အစ်ကိုကြီးလို မဟုတ်ဘဲ ဖခင်ရဲ့အလိုအတိုင်း ဆရာဝန်ဖြစ်​အောင်ကြိုးစား​ပေမယ့် ​လိုအပ်ချက်​​တွေ​ကြောင့် သွား​ဆေး​ကျောင်းတက်ခဲ့သူ၊ တစ်ဖက်မှာလည်း ဖခင်မသိ​အောင် ​ကျောင်းက ဝါသနာတူသူငယ်ချင်း​တွေနဲ့ ​ ကျောင်းတွင်းတီးဝိုင်း​လေးဖြစ်တဲ့ Green Boysကိုဖွဲ့စည်းရင်း ဝါသနာကို ​​ချွေးသိပ်ထားတဲ့သူ​ပါ။ ညီဖြစ်သူရဲ့ပါရမီနဲ့ဝါသနာကို သိသွား​တဲ့အခါ အစ်ကိုကြီးဂျင်က Professional Bandတစ်ခုဖြစ်လာ​​အောင် ကိုယ်တိုင်ကြီးကြပ်​ပေးရင်း အ​ဖေဖြစ်သူရဲ့အတ္တနဲ့ ​ကောင်း​စေလိုစိတ်ကို ညီအစ်ကို ၂​ဦးက သူတို့ချစ်တဲ့ဂီတနဲ့ စီးချင်းထိုးရပါ​တော့တယ်။ သီချင်း​ဆိုလို့ ဗိုက်မဝဘူးဆိုတဲ့ အ​ဖေနဲ့ ကိုယ့်ဘဝကိုယ်မ​​ကျောင်းရရင် လူဖြစ်ရတာ အလကားပဲဆိုတဲ့ ညီအစ်ကို ၂ဦး အားပြိုင်ရာမှာ ဂျပန်ပြည်ရဲ့သက်တမ်းရင့် Hip Hop,Pop Rock bandတစ်ခု၊ ဂျပန်ပြည်တွင်းရဲ့ Music industry က စံချိန်​တွေကို အလီလီရိုက်ချိုးထားတဲ့ GReeeeNဆိုတဲ့Bandကြီး စတင်အ​ခြေတည်ခဲ့ပါတယ်။ ဒီဇာတ်ကားဟာဂျပန်နိုင်ငံရဲ့ လူကြိုက်အများဆုံးနဲ့အောင်မြင်မှုအကြီးဆုံး Bandဖြစ်တဲ့ GReeeeN အ​ကြောင်းကို ဖြစ်ရပ်မှန် ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ GReeeeNကို ဂျပန် cultureနဲ့ နီးစပ်သူတိုင်း သိကြသလို J-Music industryနဲ့ သိပ်မရင်းနှီးရင်​​တောင် GReeeeN - Kiseki ဆိုပြီး ရိုက်ရှာကြည့်မယ်ဆိုရင် ၂၀၁၀ပြည့်နှစ်​တွေက ကြားဖူးခဲ့၊ Ringtone ထားဖူးခဲ့တဲ့ သံစဉ်​အေး​အေး​လေးနဲ့ သီချင်းတစ်ပုဒ်ရဲ့ပိုင်ရှင်​​တွေအဖြစ် မှတ်မိသွားမှာပါ။ ပွဲဦးထွက်2007ခုနှစ်က​နေ လက်ရှိအချိန်ထိ Member​​တွေဟာ ဘယ်သူဘယ်ဝါပါဆိုတဲ့ Identityကိုလုံးဝဖုံးကွယ်ထားတဲ့အဖွဲ့၊ တကယ့်အသက်​မွေးဝမ်း​ကြောင်းဖြစ်တဲ့ သွားဆရာဝန်အလုပ်နဲ့ မန်ဘာ​ ၄​ယောက်ရှိတာကို ​E ​၄လုံးပါတဲ့ ပါးစပ်ပုံစံ လိုဂို​​​လေးနဲ့ GReeeeN အဖွဲ့ရဲ့သီချင်း​ကောင်းများနဲ့အတူ စိတ်အားတက်ဖွယ် တင်ဆက်​ထားတဲ့ Musical Drama​ ကောင်း​လေးဖြစ်လို့ တင်ဆက်​ပေးလိုက်ပါတယ်။ ဒီဇာတ်ကား​လေးက​နေ စိတ်ဓါတ်ခွန်အား​တွေ ရ​စေဖို့လည်း ​ဆု​တောင်း​ပေးလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre.....Drama, Music Quality….WEB-DL 1080p and 720p File size…1.7GB and 986MB and 315MB Format…mp4 Duration….1h 51min Subtitle….Myanmar Subtitle (Hardsub) Translator ..... JimX Encoder .....LK

Action • Adventure • Science Fiction
7.9 2017 111 mins
Kiseki: Sobito of That Day
Nightmare Alley
7

နာမည်ကြီးcrime thriller စာအုပ်ဖြစ်တဲ့ Nightmare Alley နဲ့ 1947 ခုနှစ်ထွက် ရုပ်ရှင်ကားကြီးကို Remake ပြန်လည်ရိုက်ကူးထားတဲ့Nightmare Alley (2022)ထွက်ရှိလာပါပြီ Cast ​တွေအ​နေနဲ့ Bradley Cooper, Cate Blanchett, Toni Collette , Willem Dafoeတို့လို နာမည်ကြီးcast​တွေ ပါဝင်ထားတာဖြစ်ပြီး IMDb 7.4 ,Rotten Tomatoes 80% ရရှိထားတဲ့ ရုံတင်ကားကြီးပဲ ဖြစ်ပါတယ် အတိတ်ရဲ့အရိပ် အမြဲစိုးမိုးခံထားရတဲ့ စတန်တန်ကာလာဟာ ထိုအရိပ်မှရုန်းထွက်ကာ နယ်လှည့် Carnivalအဖွဲ့ထဲ ဝင်ရင်း ဘဝသစ်တစ်ခုကို စဖို့ကြိုးစားခဲ့ပါတယ်၊ထိုအဖွဲ့မှာလိုက်ပါရင်း သူ့မှာပါရမီတစ်ခုရှိမှန်း သ​ဘော​ပေါက်သွားပါတယ်၊ အဲဒီပါရမီ က​တော့ လူ့ကြင်အင်လက္ခဏာကို အမြန်ဖတ်တတ်တဲ့ ပါရမီပါ၊ ဒီပါရမီကိုအသုံးချရင်း သူ့ကိုယ်သူ စိတ်စွမ်းအားရှင်ဆိုတဲ့ပုံစံ ကတုံး​ပေါ်ထိပ်ကွက်၊ သူများမျက်ခုံး​​​​မွေး​ပေါ် စင်္ကြံ​လျှောက်ရင်း ကိုယ့်ကိုယ်ကိုယ် တကယ်ပဲအစွမ်းရှိသူလို့ ထင်လာတဲ့အခါမှာ မလုပ်သင့် မလုပ်ထိုက်တဲ့ မ​ကောင်းမှုတစ်ခုကို စိတ်ပညာမှာ သူ့လိုပဲထူးချွန်တဲ့ လီလစ်ဆိုတဲ့သူနဲ့ ပူး​ပေါင်းလုပ်ဖို့ ကြံစည်တဲ့ အခါမှာ... သူ့ရဲ့အတိတ်ကဖြစ်ရပ်ဆိုးက ဘာလဲ ၊ သူ့ရဲ့ပါရမီကို ဘယ်လို ပုံစံမျိုး အသုံးချပြီး တစ်ပါးသူကို လိမ်လည်လှည့်စားမလဲ လီလစ်ဆိုတဲ့အမျိုးသမီးက​ရော သူ့အတွက် တကယ်မိတ်​ဆွေစစ် ဖြစ်​နေမလား၊ ဒါမှမဟုတ် လူပါးပုလင်းထိ ဖြစ်သွားမလားဆိုတာ HBOmaxက လွှင့်တဲ့ဇာတ်ကားဆိုသလို setting​အကောင်းစား Castအ​ကောင်းစား​တွေနဲ့ 1940 vibeအပြည့်ရ​​အောင် ဖန်တီး ထားတဲ့ဇာတ်ကား​ကောင်းကြီး ဖြစ်သလို ခန့်ညား​ချော​မောဆဲ ဖြစ်တဲ့ Bradley Cooperနဲ့ အခုချိန်ထိ လှမြဲလှဆဲ မင်းသမီးကြီး Cate Blanchettတို့ရဲ့ သရုပ်​ဆောင်စွမ်းရည်နဲ့ အားပြိုင်မှု​တွေကို ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…(2.7 GB)/(1 GB)/( Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:30:00 Genre...Drama, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by JimX and Mr. Anderson

Animation • Comedy • Family • Fantasy • Mystery
7 2021 150 mins
Nightmare Alley
3: Alif Lam Mim
7.1

3.Alif Lam Min [2015] IMDB (7.1/10) အင်ဒိုနီးရှားဟာ ဘာသာရေးဂိုဏ်းဂဏ ကွဲပြားမှုတွေကြောင့် အကြမ်းဖက်မှုတွေ ပဋိပက္ခတွေနဲ့ အပြင်းအထန်ရင်ဆိုင်ရပြီး နောက်မှာ လူထုဟာ တော်လှန်ရေးတစ်ရပ် ကျင်းပကာ ဘာသာရေးကို အဓိကထောက်တိုင်အဖြစ်ကနေ ဖယ်ရှားပစ်လိုက်ကြပါတယ်… ဒီလို ဖယ်ရှားလိုက်တဲ့အခါ ကျန်ရှိတဲ့ ယုံကြည်ကိုးကွယ်သူတွေကိုလည်း အစိုးရက နှိမ်နှင်းဖို့ ကြိုးစားပါတော့တယ်… ဘာသာရေးနဲ့ သက်ဆိုင်သူတွေကို ရာဇဝတ်မှုမျိုးစုံတပ်ပြီး ရှင်းလင်းလာပါတယ်… ဒီလိုအရှုပ်အထွေးကြီးထဲမှာ တိုင်းပြည်အတွက် နိုင်ငံအတွက် ဘာမဆိုလုပ်ပေးမယ့် ရဲတပ်ဖွဲ့ဝင် အာလစ်ဖ်က အသုံးချခံ ဖြစ်လာပါတော့တယ်… ဒီလိုနဲ့ တစ်ရက် သူ့ရည်းစားဟောင်း လာရာစ်နဲ့ ပြန်ဆုံပြီး မရှေးမနှောင်းမှာပဲ လာရာစ် အလုပ်လုပ်ကိုင်ရာ ကန်ဒီကဖေးမှာ ဗုံးပေါက်ကွဲပါတော့တယ်… အာလစ်ဖ်ကိုယ်တိုင်လည်း ရှိနေခဲ့တာမို့ ဒီဗုံးကွဲမှုရဲ့ လက်သည်တရားခံဟာ အစ္စလာမ်ကျောင်းသားလေးတွေကြောင့်လို့ အာလစ်ဖ် ထင်မှတ်သွားပါတယ်…. တကယ်တော့ အဖြစ်မှန်ဟာ ထင်သလောက် ရိုးစင်းမနေဘဲ ရှုပ်ထွေးပွေလီမှုတွေ အများကြီး ရှိလို့နေပါတယ်… ဒီလိုအဖြစ်ကြီးကို အာလစ်ဖ်တစ်ယောက် ဘယ်လိုရင်ဆိုင်သွားမလဲ ရှုစားရမှာပဲ ဖြစ်ပါတယ် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Action, Drama, Sci-fi Quality…. 1080p | 720p File size… 3.1GB | 1.3GB Format… mp4 Duration…. 2h 3min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

7.1 2015
3: Alif Lam Mim
Nede Vidudala

Nede Vidudala (2023) အွန်လိုင်းမီဒီယာလောက စာရွက်တွေခေတ်ကုန်စပြုလာတဲ့ နည်းပညာခေတ်မှာ သတင်းစာ ဂျာနယ်မဂ္ဂဇင်းတွေထက် အွန်လိုင်းမီဒီယာက လူတွေအပေါ် ပိုပြီးတော့ လွှမ်းမိုးလာတော့တာပါ။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းလေးကတော့ ဒီအွန်လိုင်းမီဒီယာလုပ်ငန်းအကြောင်း တစေ့တစောင်းလေး‌ ဖော်ညွှန်းထားတဲ့ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဆစ်ဒူဟာ သူ့ရဲ့သူငယ်ချင်းအဖွဲ့ထဲမှာ အမြဲထူးနေတဲ့သူ‌၊ ကျောင်းပြီးတော့မယ်ဆိုတော့ သူငယ်ချင်းတွေထဲမှာ အလုပ်တွက်စိတ်ပူတဲ့သူ၊ သူငယ်ချင်းတွေနဲ့ကွဲမှာစိတ်ပူတဲ့သူ၊ အရင်လိုမကဲ‌ရတော့မှာ ပူတဲ့သူနဲ့ ကိုယ်စီဗျာများနေပေမဲ့ စာကြမ်းပိုးကောင်ဆစ်ဒူကတော့ စာကြည့်တိုက်ကစာအုပ်တွေ ဖတ်လို့မပြီးမှာကိုစိုးရိမ်နေတဲ့ ဘုရားစူးလူသားလေးပေါ့။ ဒီလိုနဲ့ကျောင်းပြီးတော့လည်း သူများနဲ့မတူတဲ့အလုပ်ကိုမှ လုပ်ချင်တဲ့ဆစ်ဒူကို အဖေဖြစ်သူက သူ့အသိမီဒီယာလုပ်ငန်းတစ်ခုမှာလုပ်ဖို့ ဖျောင်းဖျပြီး အလုပ်သွင်း‌ပေးလိုက်ပါတယ်။ အဖေနဲ့ ဒီအလုပ်မှာ ရက်ပိုင်းလုပ်ကြည့်မယ်ဆိုတဲ့ကတိနဲ့ မီဒီယာလောကထဲ‌‌ ရောက်လာတဲ့ဆစ်ဒူ၊ အမြဲဆန်းသစ်နေတာကိုမှကြိုက်တဲ့ဆစ်ဒူတစ်ယောက် တစ်နေ့တစ်မျိုးမရိုးရတဲ့ မီဒီယာလောကရဲ့နောက်ကွယ်ကဖြစ်ရပ်စုံကိုကြုံတွေ့ရဖို့ ဖြစ်လာတဲ့အခါမှာတော့…. ဆစ်ဒူတစ်ယောက် သူလိုချင်တဲ့ အသစ်အဆန်းခံစားချက်ကို မီဒီယာလောကမှာ ရှာဖွေရင်း ဘယ်လိုတွေစွန့်စားခန်းဖွင့်မလဲဆိုတာ ရှုစားကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်)

0 2023
Nede Vidudala
Rendition
6.8

ဒီတစ်ခါ cm ပရိသတ်ကြီးကို ၂၀၀၇ တုန်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းလေး တစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားမှာ ပါဝင်ခဲ့တဲ့ မင်းသားချော Jake Gyllenhaal နဲ့ သရုပ်ဆောင်မင်းသမီး Reese Witherspoon တို့ ဆန်ခါတင်စာရင်း nomination တွေရရှိခဲ့ပြီး ၂၀၀၇ Mill Valley ရုပ်ရှင်ပွဲတော်ရဲ့ အကောင်းဆုံး ဇာတ်ကားဆု ရရှိခဲ့ပါတယ်။ ဇာတ်ကြောင်းက တောင်အာဖရိက နိုင်ငံတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်ရေးသမား တစ်ဦးက လူစည်ကားရာ မြို့တော်ရင်ပြင်မှာ ဗုံးခွဲတိုက်ခိုက်ခဲ့တာ အမေရိကန် စီအိုင်အေ အေးဂျင့်တစ်ဦးပါ ဒဏ်ရာရသေဆုံးသွားခဲ့ရပါတယ်။ စုံစမ်းစစ်ဆေးမှုတွေမှာ အီဂျစ်နိုင်ငံမှာ မွေးခဲ့ပြီး အမေရိကမှာ အခြေချ နေထိုင်နေခဲ့တဲ့ အန်ဝါဆိုတဲ့ ဓာတုဗေဒ ပညာရှင် အင်ဂျင်နီယာတစ်ယောက်ကို ဗုံးတည်ဆောက်ရာမှာ ကူညီမှုနဲ့ သံသယရှိ ဖမ်းဆီးထားပါတယ်။ သူ့ကို ဘယ်လိုမျိုး နှိပ်စက်စစ်မေးကြမလဲ၊ သူကရော အမှန်တကယ် အပြစ်ရှိတဲ့သူတစ်ယောက်လား။ စီအိုင်အေ အရာရှိ ဒေါက်ဂလက်စ်အနေနဲ့ရော မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်မလား….။ File size…1.62GB , 727MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 2m Genre …..Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Adventure • Action • Science Fiction
6.8 2007 120 mins
Rendition
A Letter from Kyoto
5.8

ဒီဇာတ်ကားလေးက Family Dramaဇာတ်လမ်း အမျိုးအစားလေး ဖြစ်ပြီး ဝါရင့်မင်းသမီးကြီး Cha Mi- kyun၊ K pop girl group Secret ရဲ့ အဖွဲဟောင်း Han Sunhwa၊ Han Chae-ah နဲ့ Song Ji-hyunတိုက အဓိက ပါဝင်ထားပါတယ်.. ဇာတ်လမ်းအကျဉ်း ************** A letter form Kyotoဇာတ်ကားလေးက အကျင့်စရိုက်မတူညီကြတဲ ညီအစ်မသုံးယောက်နဲ့သူတိုအမေရဲ့ဘဝဇာတ်ကြောင်းကို ရိုက်ကူး ထားတာ ဖြစ်ပါတယ်. ဟွာဂျာဆိုတဲ့ အမျိုးသမီးက ခင်ပွန်းဆုံးပါးသွားပြီးတဲ့နောက် ဘူဆန်မြို၊ယောင်းဒိုမြိုနယ်မှာ သမီး၃ယောက်ကို ပျိုးထောင်ခဲ့ပါတယ် သမီးအကြီးဆုံးဖြစ်တဲ့ ဟယ်ဂျင်းကတော့ ယောင်းဒိုမှာပဲ အမေနဲ့ အတူနေထိုင်ပြီးတော့ အိမ်ရဲ့စားဝတ်နေရေးကို ထောက်ပံ့နေသူပါ သမီးအငယ်ဆုံး ဟယ်ဂျူကတော့ အထက်တန်းအောင်ပြီးတဲ့နောက် အကသမားဖြစ်ချင်တဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို ယောင်းဒိုကို စွန့်ခွာပြီး ဆိုးလ်ကို သွားချင်နေသူဖြစ်ပါတယ်. သမီးလတ် ဟယ်ယောင်းက ဆိုးလ်မှာ အလုပ်လုပ်နေပြီး တစ်ရက်တော့ အလုပ်မှာအဆင်မပြေတာကြောင့် ယောင်းဒိုက အမေ့ရဲ့အိမ်ကို ပြန်လာခဲ့ပါတယ် အမေ့အိမ်မှာ နေရင်းကနေ အမှတ်မထင် ကျိုတိုကနေ ပိုထားပြီး ဂျပန်လို ရေးထားတဲ့စာတစ်စောင်ကို တွေ့လိုက်ပြီးနောက် အမေ့ရဲ့ငယ်ဘဝအကြောင်းကိုစပ်စုပါတော့တယ် အဲဒီအချိန်မှာ နှစ်ပေါင်းများစွာ နစ်မြုပ်နေတဲ့ ဟွာဂျာရဲ့နှလုံးသားဟာ အတိတ်က အမှတ်တရ၊နာကျင်မှုတွေနဲ့အတူ သမီး၃ယောက်စလုံး မသိထားသေးတဲ့ သူ့ရဲ့လျိုဝှက်ချက်တွေပါ ပွင့်ဟလာခဲ့ပါတယ် နှစ်ပေါင်း ၅၀ကျော်ကြာ ဖုံးကွယ်ထားတဲ့ ဟွာဂျာရဲ့လျိုဝှက်ချက်က ဘာများဖြစ်မလဲ သူငယ်ပြန်ရောဂါ အစပြုနေတဲ့ အမေဖြစ်သူရဲ့ဆန္ဒကို သမီး၃ယောက်က ဘယ်လိုဖြည့်ဆည်းပေးသွားမလဲဆိုတာ မိသားစုချစ်ခြင်းမေတ္တာ၊ညီအစ်မသံယောဇဉ်များနဲ့အတူ လွမ်းဆွတ်ဖွယ် ကြည့်ရှူခံစားရမှာဖြစ်ပါတယ် File size…1.39GB / 757MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Treasurehtet & Kay Zin

Crime • Comedy
5.8 2023
A Letter from Kyoto
Martínez
6.1

Martinez (2023) Genre – Drama, Comedy IMDb – 6.1/10 ——————————————— ချီလီလူမျိုး Marinezက အနှစ်၄၀လုံးကိုMexicoမှာပဲ နေထိုင်ခဲ့ပြီးသူ့ရဲ့ဘဝကိုအလုပ်အပေါ်မှာပဲမြှုပ်နှံထားခဲ့ပါတယ်။ ဒီလိုနဲ့အသက်၆၀ဖြစ်လာတဲ့အခါမှာတော့ အလုပ်ကနေအနားယူဖို့အတွက် တွန်းအားပေးခံလာရပါတယ်။ တနေ့မှာတော့ သူ့ရဲ့အိမ်နီးချင်းကရုတ်တရပ်သေဆုံးသွားခဲ့ပါတယ်။ သူအလုပ်လုပ်တဲ့ရုံးမှာလည်း သူ့နေရာမှာအစားထိုးလုပ်မယ့် ဝန်ထမ်းတယောက်ရောက်လာပါတော့တယ်။ ဒီဖြစ်ရပ်၂ခုကနေ သူ့ဘဝဘယ်လိုစတင်ပြောင်းလဲလာမှာလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသက်(၆၀)အရွယ်တယောက်ထဲနေတဲ့ဂွကျကျလူတယောက်ရဲ့ဘဝကို ပီပြင်စွာသရုပ်ဆောင်ထားတဲ့အတွက် Dramaအမျိုးအစားဆိုတဲ့အတိုင်း ကြည့်ရှုသူကစိတ်ခံစားချက်တမျိုးတဖုံခံစားရစေနိုင်တဲ့ဇာတ်လမ်းမျိုးဖြစ်ပါတယ်

Science Fiction • Horror • Thriller
6.1 2023 83 mins
Martínez
The Crossroads
5.7

The Crossroads (2024) IMDb Rating (5.7) 2024 ထွက် Drama ရုပ်ရှင်အသစ်တစ်ကားတင်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်း PTSD ရှိတဲ့ စစ်ပြန် နွားကျောင်းသားဟောင်းတစ်ယောက်က ကားလမ်းကြုံတားစီးလာတဲ့ အဆိုတော်ကောင်မလေးတစ်ယောက်နဲ့ လမ်းမှာတွေ့ခဲ့တယ်။ ပြီးတော့ သူလည်း လမ်းကြုံခေါ်လာခဲ့ပြီး သူရဲ့ရိုးရှင်းတဲ့ဘဝထဲကို ခေါ်လာခဲ့မိပါတယ်။ ကောင်မလေးဟာ သူဦးတည်သွားနေတဲ့ ခရီးကိုဆက်သွားဖို့ လုပ်ခဲ့ပေမဲ့ Covid 19 ရောဂါကြောင့် ဆက်သွားလို့မရဘဲ ကောင်လေးအိမ်ဆီမှာ နေနေခဲ့ရပါတယ်။ ဒီလိုနဲ့ ဘဝအခက်အခဲတွေကို ပြောကြရင်းနဲ့ တူညီတာတွေများနေတဲ့ သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကရော ဘယ်လိုမျိုးအဆင့်တက်သွားမလဲဆိုတာကို ကြည်နူးစွာနဲ့ ကြည့်ရူရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Maverick ဖြစ်ပါတယ်။) File size…(1.1 GB) / (680 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:37:55 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Maverick

Drama • Romance
5.7 2024 95 mins
The Crossroads
Fall Into The Mortal World
7

၂၀၂၄ ရဲ့ Rating ကောင်းတဲ့တရုတ်ဒဏ္ဍာရီဇာတ်လမ်း Fantasy Animation ကားကောင်းလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ တရုတ်ချစ်သူများနေ့ဒဏ္ဍာရီဖြစ်တဲ့ နတ်သမီးလေးကျစ်နွီနဲ့ လူသားလေးညိုလန်ရဲ့ဇာတ်လမ်းကိုအခြေခံပြီးတော့ ဇာတ်အိမ်တည်ထားတာပါ။ ကြယ်တာရာ(၂၈)ခုကိုတာဝန်ယူရတဲ့ နတ်သမီးကျစ်နွီဟာတာဝန်ပေါ့ဆတဲ့အတွက်ကြောင့် လူပြည့်ကိုဆင်းသက်ခဲ့ရတယ်လို့ဆိုတယ်။ကြယ်တာရာတွေကပြစ်ဒဏ်ပြန်ခတ်လို့ ကျစ်နွီဟာချစ်သူနဲ့ကလေးတွေကိုပါဆုံးရှုံးခဲ့ရတယ်။နှစ်ပေါင်းများစွာကြာပြီးတဲ့နောက်မှာ ကျစ်နွီရဲ့သားကျင်းဖုန်းဟာသူ့အမေရဲ့အပြစ်တွေကိုပြန်ပေးဆပ်ဖို့အတွက် လူ့ပြည်ကိုပြန်သွားပြီး ပျောက်ဆုံးနေတဲ့ကြယ်တာရာတွေကိုပြန်စုစည်းဖို့အကြောင်းဖန်လာခဲ့ပါတယ်။ လူ့ပြည်ကိုသွားတဲ့အချိန်မှာ မထင်မှတ်ပဲ နတ်ပြည်ကိုသွားပြီးအမေရှာချင်တဲ့ ကလေးမလေးတစ်ယောက်နဲ့တွေ့ခဲ့ပါတယ်။ သူတို့နှစ်ယောက်လက်တွဲပြီး ကြယ်တာရာတွေကိုရှာဖွေရင်း အတိတ်ကဖြစ်ရပ်မှန်တွေကို သိလိုက်ရတဲ့အခါ အရာအားလုံးကပြောင်းလဲသွားခဲ့ပါတယ်။ ဒီဇာတ်ကားလေးမှာ ကျစ်နွီကို နူးညံ့သိမ်မွေ့ပြီးအချစ်ကိုပဲအလေးထားတာမျိုးမဟုတ်ပဲ ကြယ်တာရာတွေကိုတာဝန်ယူရတဲ့ ရဲရင့်ပြီးအရည်အချင်းရှိတဲ့နတ်သမီးတစ်ပါးအဖြစ် ဒဏ္ဍာရီထဲဇာတ်ရုပ်နဲ့ကွဲထွက်အောင်ပုံဖော်ထားပါတယ်။ဒါကအချစ်ဇာတ်လမ်းတစ်ပုဒ်မဟုတ်ပဲ အိမ်ပြန်လမ်းကိုရှာဖွေတဲ့ ဘဝရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။

Drama
7 2024
Fall Into The Mortal World
Fake Dad
5.7

CM ချစ်ပရိသတ်တို့ကို ဟာသကားလေး မိတ်ဆက်ပေးလိုက်ပါတယ်နော်… ဒီနေ့ဘာသာပြန်တင်ဆက်ပေးလိုက်တဲ့ကားက အဖေအရင်းကို ဆေးကုဖို့အတွက် အဖေအတုနဲ့ မြို့ပတ် သီချင်းဆို ဖျော်ဖြေတဲ့အကြောင်းလေး ရိုက်ကူးထားတာပါ.. လူတူမရှား နာမည်တူမရှားဆိုသလိုပဲ… တစ်ခေတ်က အောင်မြင်ခဲ့တဲ့ ဟောက်လျန်အဆိုတော်ကြီးက အခုတော့ တိုက်ခန်းသေးလေးနဲ့ ဆန်ကုန်မြေလေး သားတစ်ယောက်အပြင် ဘာမှမကျန်တော့ပါဘူး… အပိုဆုလေးက ဦးနှောက်အကျိတ်ပါပဲ… ဒီတော့ သူ့သားက သူ့အဖေကို ခွဲစိတ်ပေးဖို့အတွက် ငွေရှာဖို့ကြိုးစားရင်း… နောက်ဆုံးမှာတော့ သူ့အဖေနဲ့ ရုပ်ခွဲမရအောင်တူပြီး သီချင်းဆိုကောင်းတဲ့သူကို ရှာတွေ့ခဲ့ပါတော့တယ်… ဒီလိုနဲ့ပဲ သူ့အဖေရဲ့နာမည်ကိုသုံးပြီးတော့ နယ်ပွဲတွေကို လက်ခံခဲ့ပြီး ခွဲစိတ်ခကို စုဆောင်းပါတော့တယ်… ဖျော်ဖြေရင်းကြုံတွေ့တဲ့ အလွဲပေါင်းသောင်းခြောက်ထောင်တယ်… အဖေအရင်းရယ် အဖေတုရယ် သားငတုံးရယ် ကြားက အလွဲတွေနဲ့ ဘဝအမောကို ဖြေဖျောက်ဖို့ ဒီကားလေးအတူ ကြည့်လိုက်ရအောင်နော်…

5.7 2025
Fake Dad
45 Years
7.1

45 Years (2015) IMDb Rating (7.1) / Rotten Tomatoes (97%) Andrew Haighရဲ့ပုံစံအတိုင်း လူ၂ယောက်ရဲ့ Relationshipကို အဖြစ်အပျက်နည်းနည်း အချိန်ကာလတိုတိုကိုပြပြီး အဲဒီကာလတိုတိုမှာ ဟိုးအဆက်ဆက်ကတည်းက သူတို့ရဲ့ ခံစားချက်တွေရဲ့ သက်ရောက်မှုကို ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အဓိကဇာတ်ကောင်က အိမ်ထောင်သက်၄၅နှစ်ပြည့် နှစ်ပတ်လည်ကို ကျင်းပတော့မယ့် ၇၀ နား ၇၀ကျော်က စုံတွဲတစ်တွဲပဲ။ ပြောရရင် အငြိမ်းစားယူပြီးသား အဘိုးကြီးအဘွားကြီး၂ယောက်ပေါ့။ ၄၅နှစ်ပြည့် နှစ်ပတ်လည်နေ့နားနီးတဲ့အချိန်မှာ သူတို့ဘဝထဲကို ဘဝဟောင်းက တစ်ပတ်ပြန်လည်လာခဲ့တယ်။ အဘိုးကြီးရဲ့ မေ့ထားသလား မေ့ချင်ယောင်ဆောင်ထားသလား မေ့မေ့ပျောက်ပျောက်ပဲဖြစ်နေခဲ့သလားမသိတဲ့ အတိတ်က လူတစ်ယောက်ရဲ့ သတင်းရောက်လာတယ်။ လွန်ခဲ့တဲ့အနှစ်၅၀လောက်က ရေခဲမြစ်ထဲပြုတ်ကျပြီး ဆုံးသွားတဲ့ သူ့ရည်းစားဟောင်းရဲ့ အလောင်းကို ရှာတွေ့ပါပြီဆိုတဲ့ သတင်းပေါ့။ ဟိုဘက်က အတည်ပြုဖို့ အဘိုးကြီးကို လာပေးဖို့ အကြောင်းကြားတယ်။ ဒါက ဇာတ်ရဲ့ပင်မကျောရိုးပါပဲ။ အဲဒီပင်မကျောရိုးကို ပြန်ယှက်ထားတာက အသက်၇၀နားနီးနေတဲ့အဘွားကြီးရဲ့ သူ့ယောက်ျားကို ဝန်တိုစိတ်တွေနဲ့ အသက်၇၀ကျော်အဘိုးကြီးရဲ့ ဘဝဟောင်းမှာ ကျန်နေတဲ့ အလွမ်းတွေပါပဲ။ ဒီ၂ခုက အားပြိုင်တယ်လို့တောင် ပြောမရလောက်ဘူး။ ပျော့ပျော့လေး တွန်းနေဆွဲနေတာလို့ပြောရမယ်။ သူတို့အသက်ရဲ့လက်ကျန်အင်အားနဲ့ပေါ့။ ဒီဘာမှမပါတဲ့ဇာတ်ရဲ့အသက်ကလည်း အပျော့စားအားပြိုင်မှုလေးတွေနဲ့ နောက်ဆုံးရလဒ်တွေပဲ။ ရွေးချယ်မှုတွေ အချစ်တွေ ခင်ဗျားဖွင့်ချင်သလို ဖွင့်လို့ရတယ်။ ဘယ်လိုပဲဖွင့်ဖွင့် သူ့အခြေအနေကြီးက မတရားဘဝမြောက်လွန်းနေတယ်။ အဘိုးကြီးက အဲဒီအတိတ်ကို သွားကြည့်ချင်ခဲ့တယ်။ ဒါကိုလည်း အဘွားကြီးကသိတယ်။ ဘယ်လိုသိဆို မိန်းမတွေရဲ့အလိုလိုသိစိတ်နဲ့သိတယ်။ ယောက်ျားတွေမှာလည်း ဒီလို အလိုလိုသိစိတ်ရှိတတ်ပေမဲ့ သူတို့ကိုတော့ မမီဘူးကိုး။ ခေတ်အဆက်ဆက် လူနေမှုမှာကိုက မိန်းမတွေဟာ စတင်သူမဟုတ်ခဲ့ဘူး။ ယောက်ျားတွေကတော့ သူတို့လိုချင်တာကို ထုတ်ပြထုတ်ပြောပြီး ယူဖို့ကြိုးစားခွင့်ရှိခဲ့ပေမဲ့ မိန်းမတွေကတော့ များသောအားဖြင့် သူတို့လိုချင်တာကိုရဖို့ လမ်းကြောင်းပေးရတာ အခြေအနေအချိန်အခါ စိတ်ကိုအကဲခတ်တာတွေက ဒီဘက်ခေတ်အထိတောင် သုံးနေရသေးတာပဲ။ ဒီတော့ သူချစ်လို့ယူထားတဲ့ နှစ်ပေါင်းများစွာပေါင်းလာတဲ့ ယောက်ျားကို သူပိုအကဲခတ်လို့ရ ပိုရိပ်မိတယ်။ လေ့ကျင့်လာသလိုဖြစ်သွားလို့ ကျွမ်းကျင်အဆင့်ဖြစ်နေပြီကိုး။ ဒီတော့ အဘိုးကြီးဘယ်ခြေလှမ်း လှမ်းလှမ်းအဘွားကြီးက သိတယ်။ သိတော့ စကားနဲ့ဖြစ်စေ သက်သေနဲ့ဖြစ်စေ မကြီးပေမဲ့ ထိခတ်တဲ့ပြဿနာလေးတွေကလာတယ်။ အဘွားကြီးက အကုန်သိနေတော့ အဘိုးကြီးမှာ ဘယ်လိုမှမလှိမ့်တပတ်လည်းလုပ်မရ အကြောင်းပြချက်လည်းပေးမရဘူး။ ဒီတော့ နောက်ဆုံးရွေးချယ်မှုပေါ့။ ခင်ဗျားတို့ ကျွန်တော်တို့ယုံကြည်တဲ့ အချစ်ဆိုတဲ့အရာတော့ တကယ်ရှိမရှိတော့ မသိဘူး။ သေချာတာကတော့ ခံစားချက်တွေကတော့ တကယ်ရှိတယ်။ ကျွန်တော့်မိတ်ဆွေတစ်ယောက်ကတော့ အချစ်ဆိုတဲ့ ဘော်ဒီကြီးတစ်ခုလုံးကို မသေချာပေမဲ့ အဲဒီဘော်ဒီကြီးကို ဖွဲ့စည်းထားတဲ့ ခံစားချက်ဆိုတဲ့ အစိတ်အပိုင်းလေးတွေကိုတော့ သေချာတယ်လို့ ပြောဖူးတယ်။ ဒါလည်းဟုတ်တာပါပဲ။ ကျွန်တော်သိပ်မသေချာတာက ခံစားချက်ဆိုတာက ဘော်ဒီကြီးဖြစ်ပြီး အချစ်က အဲဒီထဲက အစိတ်အပိုင်းဖြစ်နေမလားဆိုတာကိုပဲ။ အချစ်ထဲမှာပဲ ခံစားချက်ရှိရှိ ခံစားချက်ထဲမှာပဲ အချစ်ရှိရှိ ဘာနေနေ လိုရင်းကတော့ အတူတူပါပဲ။ ဒါတွေဟာ တစ်ဦးဆိုင်တစ်ဦးပိုင်ဆိုတာရဲ့ သဘောကိုကျော်ပြီး ရွေ့လျောတတ်တယ်။ အဲဒီရွေ့လျောမှုကို ရွေ့လျောမှုအတိုင်း အမြဲလိုက်ရွေ့လျောနေကြတာမျိုးတော့ မဟုတ်ဘူးပေါ့။ အတွေ့အကြုံနဲ့ ကံတရားကို မူတည်ပြီး တစ်ယောက်နဲ့တစ်ယောက်ကွဲပေမဲ့ လူအများစုမှာတော့ ပြန်ထိန်းကျောင်းသွားတဲ့ အရာတွေတော့ ရှိလာတတ်တယ်။ အရင်းအနှီးသိပ်ကြီးတဲ့အရာတွေရောပေါ့။ ဒီတော့ အဘိုးကြီးရဲ့ ခံစားချက်က အတိတ်ကိုရွေ့လျောနေတာကို ကျွန်တော်တို့မြင်နေရပေမဲ့ အဆုံးသတ်မှာ အဘိုးကြီးဟာ ထိန်းကျောင်းမှုအတိုင်းပဲ ရွေးချယ်ခဲ့တယ်။ ဒါရွေးချယ်တာလည်း ဟုတ်ချင်မှဟုတ်ပါမယ်။ သူပြောသလို ဘဝမှာ ရွေးချယ်စရာတွေအများကြီးနဲ့လာခဲ့ကြပေမဲ့ ကြာလာလေ ရွေးချယ်မှုတွေက သုံးလို့ကုန်လာလေဖြစ်ပြီး ဒါဟာရွေးချယ်ရမယ့်အပိုင်းမဟုတ်တော့လို့လည်း ဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူ့ခံစားချက်ရဲ့လမ်းကြောင်းကိုလိုက်ရင် ပေးရမယ့် အရင်းအနှီးသိပ်ကြီးလို့လည်းဖြစ်နိုင်တယ်။ အဘိုးကြီးဟာ သူတကယ်ရွေးသင့်တယ်လို့ ထင်ရတဲ့အရာကိုပဲ ရွေးမှန်းမသိ ရွေးသွားခဲ့တယ်။ ဒါကို အဘွားကြီးကလည်း သိခဲ့ပါတယ်။ ဇာတ်လမ်းအဆုံးသတ်က အဘွားကြီးရဲ့မျက်နှာဟာ သူ့အလိုလိုသိစိတ်ရဲ့အဖြေလို့ပြောလို့ရတယ်။ ဒီဘာမှမပါတဲ့ ရုပ်ရှင်ဟာ ကျွန်တော်တို့ဘာသာတောင် ဝန်ခံဖို့ခက်တဲ့ အချစ်နဲ့ ရွေးချယ်မှုရဲ့ တကယ့်သဘာဝအမှန်ကို ကောင်းကောင်းကြီး ပုံဖော်သွားနိုင်ခဲ့တယ်လို့ ကျွန်တော်တော့မြင်တယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.6 GB) / (890 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Romance Duration….01:35:27 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

7.1 2015 95 mins
45 Years
Clown in a Cornfield
6.1

Clown in a Corn Field (2025) လျို့ဝှက်ဆန်းကြယ်ဆန်ဆန် အသတ်အဖြတ် အကြမ်းအရမ်းဇာတ်ကားတွေကို ကြည့်ချင်ရင်တော့ ၂၀၂၅ ထဲမှာပဲ ပူပူနွေးနွေးထွက်ထားတဲ့ ဒီဇာတ်ကားလေးကို ကြည့်လိုက်ဖို့ အကြံပေးချင်ပါတယ်။ Ginny & Georgia ဇာတ်လမ်းတွဲထဲက အက်ဘီနေရာမှာ သရုပ်ဆောင်တဲ့မင်းသမီး ကေတီလည်း အဓိကပါဝင်ထားပြီး IMDb မှာ 6.1/10 နှင့် Rotten Tomatoes မှာ 74% ရရှိထားလို့ တကယ့် ကြည့်ပျော်ရှုပျော် ရင်ထိတ်စရာ ဇာတ်ကားလေးပါပဲ။ ဇာတ်လမ်းအကျဉ်း ဒေါက်တာ မေဘရွတ်ခ်ဟာ သူ့မိန်းမ ရောဂါနဲ့ ဆုံးသွားပြီးတဲ့နောက်မှာ မဖြည်ဆည်နိုင်လို့ စိတ်ဖြတ်နိုင်အောင် သမီးဖြစ်သူ ကွင်းန်နဲ့အတူ ရှေးရိုးစွဲပြီး ဖုန်းလိုင်းတောင် သိပ်မကောင်းချင်တဲ့ နယ်မြို့ကလေးကို ပြောင်းလာခဲ့ပါတယ်။ ကွင်းန်ကလည်း သူ့အိမ်နှင့် သူ့သူငယ်ချင်းတွေကို ထားခဲ့ရလို့ စိတ်မချမ်းသာပေမဲ့ ဒီမြိုသစ်ကလေးရဲ့ ကျောင်းမှာ ကိုးလ်၊ တပ်ကာ၊ မတ်နဲ့ ရွန်နီ အစရှိတဲ့ လူရမ်းကား ဆယ်ကျော်သက်ကလေးတွေနဲ့ အဖွဲ့ကျသွားပါတော့တယ်။ အဲမြို့မှာ ကိုးလ်က လူချမ်းသာမြို့မျက်နှာဖုံးရဲ့သားဖြစ်ပြီး သူ့ရဲ့အဘေးက ပြောင်းသကြားရည်ကို ဖန်တီးရောင်းချရာက ချမ်းသာလာတာဖြစ်ပါတယ်။ အဲပြောင်းသကြားရည်ရဲ့တံဆိပ်မှာ ထူးဆန်းစွာပဲ ကျောချမ်းစရာ လူပြက်ပုံလည်း ပါပြီးတော့ အဲလူပြက်ကို မြို့ခံတွေက ဖရန်ဒိုလို့ နာမည်ပေးထားပါတယ်။ အဲမှာ သူတို့သူငယ်ချင်းအုပ်စုက ယူကျုမှာ နာမည်ကြီးချင်တဲ့အတွက် ဖရန်ဒိုက တကယ်ရှိကြောင်း၊ လူသတ်တတ်ကြောင်း ဇာတ်လမ်းတွေဆင်ရိုက်ရာကနေ တကယ်ပဲ သူတို့အဖွဲ့ထဲက လူသေလာပါတော့တယ်။ အဲတော့ ဒီဖရန်ဒိုဆိုတဲ့လူပြက်က တကယ်ပဲ သဘာဝလွန်သတ္တဝါလား၊ သာမာန်မျက်နှာဖုံးစွပ် ကွင်းဆက်လူသတ်သမားလား သူတို့သူငယ်ချင်းအုပ်စု အဲလူပြက်ဆီကနေ ဘယ်လိုလွတ်အောင်ရုန်းကန်ကြမလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။

6.1 2025 96 mins
Clown in a Cornfield