YoteShin Drive is below this article. Scroll down to view.

Tesla can sell 370,000 electric vehicles in 3

Author: Anonymous Published on: 12 Aug 2022

Tesla is the world's largest electric car company. Recently, Tesla has increased the production of automobiles. Shanghai It has improved because of the upgrade to the factories in Berlin and the Texas. The company's car manufacturer has been recorded in the record in July 3 in September. In addition, car sales have come up. Observers say Tesla sells between 350,000 to 370,000 cars in 350,000. If this is true, it is record sales for the company. Tesla also has a record sales in January 1 of January this year. In 2022, Tesla sold more than 3,100,000 vehicles sold over 31,000 vehicles. Tesla usually goes up at the end of the year. The same year is also reported that Tesla said that Tesla said that it would go up to 3. Tesla will be income in the record of record 3 in District 3. Now, the 3-time disclosure of Tesla must be monitored. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

You Are My Universe (2023) (Ep11).mp4

377.66 MB N/A video/mp4 151 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Dancing Detective: A Deadly Tango
6.8

The Dancing Detective: A Deadly Tango(2023) ******************************************* မော်လ်တာမြို့မှာ ဆီနိတ်တစ်ယောက်ရဲ့အစ်ကို လူကုံထံသူဌေးတစ်ဦးဟာ ရုတ်တရက်ကြီး သေဆုံးသွားပါ တယ်။ ရိုးရိုးသေတာလား၊ အသတ်ခံရတာလား မသေချာတော့ ဆီနိတ်တာက အမေရိကန်ရဲတွေထဲကအတော်ဆုံ း စုံထောက်လွှတ်ပြီး အမှုစုံစမ်းပေးဖို့ အကူအညီတောင်းပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အတော်ဆုံး စုံထောက်ဟာ အမှုလိုက် ရာမှာ တွဲဖက်ရဲတွေနဲ့ ဘုဘောက်ကျပြီး ကိုယ့်သဘောနဲ့ကိုယ်ပဲလုပ်တတ်တဲ့ စုံထောက်မဘေလီပါ။ အမှုက အရေး ကြီး နေတာကြောင့် ဘေလီ့ကို အင်တာပိုလ်က စီစဉ်ပေးတဲ့ တွဲဖက်တွေနဲ့ အဆင်ပြေပြေအလုပ်လုပ်ဖို့ နားချပြီး စေ လွှတ်လိုက်ပါတယ်။ မော်လ်တာရောက်တော့ အင်တာပိုလ်က စီစဉ်ပေးတဲ့တွဲဖက်ဟာ ရဲတွေ၊ စုံထောက်တွေ မဟုတ်ဘဲ အကသင်တဲ့နည်းပြဖြစ်နေတော့ ဘေလီတော်တော်စိတ်ညစ်သွားပါတယ်။ ပြီးတော့ အမှုကို စုံစမ်းတဲ့ အခါ ဘေလီတစ်ခါမှ မကဘူးတဲ့ အကပြိုင်ပွဲဝင်အနေနဲ့ စုံစမ်းရမှာဖြစ်လို့ ဘေလီအတွက် တော်တော်သေချင်စော်နံ့ သွားပါလေရော။ ဒီလိုခွတီးခွကျ အဖြစ်အပျက်များစွာနဲ့အတူ ဘေလီ အောင်အောင်မြင်မြင် အမှုဖော်ထုတ်နိုင်ပါ့ မလားဆိုတာကို ရှုစားကြရမှာပါ။ ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ စုံထောက်၊ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ ဥရောပနိုင်ငံလေး မော်လ်တာနိုင်ငံရဲ့ သဘာဝအလှတွေ တစ်လှေကြီး ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File Size :(1.4GB)& (681MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:24:00 Genre : Crime, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae

Drama • Thriller
6.8 2023 84 mins
The Dancing Detective: A Deadly Tango
Friday Killer
5.5

Friday Killer (2011) 2010တုန်းက ထွက်ခဲ့တဲ့ Saturday Killerရဲ့ ပြီးခါနီးနားမှာ Pae Uziအကြောင်း အရိပ်အမြွက်ပါခဲ့ပြီး ဒီ Friday Killer မှာတော့ Pae Uzi အကြောင်းကို အဓိကရိုက်ထားပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျွမ်းကျင်သေနတ်သမားဖြစ်တဲ့ Pae Uzi ဟာ ထောင်ကထွက်ထွက်ချင်းမှာပဲ ဓားနဲ့ထိုးခံခဲ့ရပါတယ်။ ဓားဒဏ်ရာနဲ့ ဆေးရုံရောက်သွားချိန်မှာ Pae Uzi သိလိုက်ရတာက သူ့မှာ သမီးတစ်ယောက်ရှိတယ်ဆိုတာပါပဲ။ သမီးဖြစ်သူ ရဲမေ Dao အရွယ်ရောက်တဲ့အထိ ကိုယ့်သမီးမှန်း မသိခဲ့ရတဲ့ Pae Uzi က သူ့သမီးအိမ်ကို သွားရောက်လေ့လာတဲ့အချိန် ကံဆိုးစွာပဲ Dao ရဲ့ ဖခင်ကို သတ်လိုက်မိပါတယ်။ Dao ကတော့ Pae Uzi ကို အဖေရင်းမှန်းမသိဘဲ ဖခင်လို့ထင်ထားတဲ့သူ သေသွားရလို့ Pae Uzi ကို အငြှိုးကြီးကြီးနဲ့ လိုက်လံဖမ်းဆီးရင်း … သေနတ်သမားဖခင်နဲ့ ရဲဖြစ်သူသမီးကြားမှာ ဘာတွေဆက်ဖြစ်မလဲ ဆိုတာကိုတော့… ဆက်လက်ခံစားကြည့်ရှုကြပါဦး။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Khine Khine Wai ပါ။) File Size          : 1.2GB, 513B, 293MB Quality            :1080p WEB-DL, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 19mins Genre              : Action, Comedy, Drama Translated by Khine Khine Wai Encoded by Kinnov

Drama • Mystery
5.5 2011 98 mins
Friday Killer
Tinnitus
8

နားအူဖူးကြပါသလား။ နားထဲစူးနေတဲ့အသံတွေကြောင့် အိပ်မရဖြစ်ဖူးပါသလား။ ကျွန်တော်တို့အားလုံး တစ်သက်မှာတစ်ခါလောက်တော့ကြုံဖူးမယ်ထင်ပါတယ်။ Tinnitus ဆိုတာဟာ နားထဲအဆက်မပြတ်အသံစူးစူးကြားရတဲ့ရောဂါလို့အဓိပ္ပာယ်ရပါတယ်။ သူ့ကိုတော့ စိတ်ပိုင်းဆိုင်ရာကြောင့်ဖြစ်သလား၊ ရုပ်ပိုင်းဆိုင်ရာကြောင့်လား လေ့လာနေဆဲပါ။ ခံစားရသူတွေတချို့က သူတို့အနေနဲ့ စိတ်ဖိစီးမှုများတယ် လို့ပြောကြသလို တချို့ကလည်း နားရောဂါတစ်ခုခုရဲ့ လက္ခဏာလို့ဆိုကြပါတယ်။ ဒီဇာတ်ကားကတော့ နားအဆက်မပြတ်အူတဲ့ရောဂါခံစားနေရတဲ့ ‌ဒိုင်ဗင်မယ် မာရီနာနဲ့စထားပါတယ်။ သူ့လိုတခြားသူတွေလည်းရှိနေပြီး သူတို့တွေခံစားနေရတာကိုပါရိုက်ကူးထားပါတယ်။ ကျွန်တော်တို့တွေ တစ်ရက်လောက်နားတွေအူပြီးအိပ်မရရင်တောင် တော်တော်ခံရခက်ပါတယ်။ တစ်ရက်မက နှစ်ရက်မက ခံစားရတဲ့အခါ ခေါင်းတွေပေါက်ထွက်တော့မယ့်အထိ ခံစားရမှာ‌အသေအချာပါပဲ။ ဒီလိုနဲ့ မာရီနာဟာ သည်းမခံနိုင်တဲ့အ‌ဆုံး ဒိုင်ဗင်အားကစားကိုစွန့်လွှတ်ပြီး နားအူ‌ခြင်းကိုပဲဆက်ကုပါတော့တယ်။ ဒါပေမဲ့ ဝါသနာဆိုတာ စွန့်လွှတ်ရခက်တဲ့အတိုင်း သူဒိုင်ဗင်အားကစားကိုပြန်လုပ်နိုင်ဖို့ ကြိုးစားပါတော့တယ်။ သူချစ်တဲ့အားကစားကိုဆက်လုပ်နိုင်မလား။ နားအူတာကကော ဘယ်လောက်တောင်ဆိုးသလဲဆိုတာကို ရိုက်ကူးထားတာ‌ဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ ဘရာဇီးလ်ကားဖြစ်ပြီး ဘရာဇီးလ်ဟာ လက်တင်အမေရိကမှာ အကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အတိုင်း သူတို့ရဲ့ရုပ်ရှင်အဆင့်အတန်းကလည်း နိုင်ငံတကာကို တန်းညှိနိုင်တဲ့အထိရှိပါတယ်။ ရုပ်ရှင်ရိုက်ကွက်တွေက လှတယ်လို့ပြောနိုင်တဲ့အပြင် အသံပိုင်းကိုလည်း သေချာဂရုစိုက်ထားတာတွေ့ရပါတယ်။ Body Horror/Thriller အမျိုးအစားလို့ပြောပေမယ့် ကျွန်တော့်အနေနဲ့ကတော့ ကြောက်စရာအခန်းတွေသိပ်မပါဘဲ ငြိမ့်ငြိမ့်လေးပဲ ဆွဲသွားတဲ့ကားလို့မြင်ပါတယ်။ နားအူ‌သံတွေကိုပါ သရုပ်ဆောင်တွေနဲ့အတူလိုက်ခံစားချင်ရင်တော့ နားကြပ်လေးတပ်ရင်း အနှောက်အယှက်ကင်းကင်း ကြည့်ဖို့အကြံပေးချင်ပါတယ်ခင်ဗျာ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 790MB Quality - 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 45Min Genre - Drama, Horror, Sport Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Action • Crime • Thriller
8 2023 105 mins
Tinnitus
[18+] An Affair
6.7

~ IMDb - 6.8/10, MyDramaList - 7.5/10 ~ (ကိုရီးယားခေတ်ဟောင်းကားတွေထုံးစံအတိုင်း အကြည်ရဖို့မလွယ်လို့ 720p ကိုပဲ ကြည့်ရအဆင်ပြေအောင် ဖန်တီးပေးလိုက်ပါတယ်ခင်ဗျာ) သိပ်မကြာသေးခင်ကပဲ Squad Game နဲ့ Emmy ဆု ရခဲ့တဲ့ လီဂျောင်ဂျေး နုငယ်စဉ်တုန်းက ရုပ်ရှင်ပါ။ City of the Rising Sun ကိုမရိုက်ခင် တစ်နှစ်တည်းမှာ ဒီကားကိုရိုက်ခဲ့ပြီး ဒီရှေ့မှာ သူအောင်မြင်ခဲ့တဲ့ရုပ်ရှင်ဆိုလို့ ကျွန်တော် သိသလောက် Sandglass ဇာတ်လမ်းတွဲပဲ ရှိတော့ ဒီကားဟာ သူတော်တော်ဝါနုသေးတဲ့အချိန်က ကားပါ။ ဝါနုသေးပေမဲ့ ပါရမီတော့ မနုကြောင်း ဒီရုပ်ရှင်ထဲက ဇာတ်ကောင်နဲ့ ပနံသင့်နေတဲ့ သူ့ဟန်ပန်တွေကြည့်ရင် သိသာပါတယ်။ နောက်ပိုင်းမှာ အကြမ်းပတမ်းကားတွေပဲ အရိုက်များလာတဲ့ လီဂျောင်ဂျေးဟာရိုမန့်မှာလည်း မခေကြောင်း သိနိုင်မယ့်ကားလည်းဟုတ်ပါတယ်။ ဇာတ်လမ်းကတော့ ညီအစ်မနှစ်ယောက်ရှိတယ်။ ညီမက အမေရိကန်မှာ။ သူ့ကောင်လေးက လက်ထပ်ပြီးရင် ဆိုးလ်မှာနေဖို့လာစီစဉ်တယ်။ သူ့ကောင်လေးကလည်း အမေရိကန်မှာပဲ အကြာကြီးနေလာတဲ့သူဆိုတော့ ဆိုးလ်အကြောင်း ဘာမှမသိတော့ သူ့အစ်မနဲ့ အတူ စီစဉ်ခိုင်းလိုက်တယ်။ အစ်မနဲ့ ညီမရဲ့ကောင်လေးတို့ရဲ့ ဇာတ်လမ်းစလာတယ်။ ကားနာမည်ကိုက ဖောက်ပြန်တဲ့ကား ဖြစ်ကြောင်းပြနေပေမဲ့လည်း ဖောက်ပြန်ခြင်းမှာလည်း ရိုမန့်တွေရှိနေကြောင်း ပညာပေးမယ့်၊ ဘဝမှာ ဘယ်သူတွေ ဘယ်လိုပဲထင်ထင် အချစ်ကိုသာကိုးကွယ်သင့်ကြောင်း ပညာပေးတဲ့ ကားပါပဲ။ ဒီရုပ်ရှင်ရဲ့ မြန်မာနာမည်ကို‌‌ ပြောရရင်တော့ မောင်လေးက အချစ်ကို ကိုးကွယ်သတဲ့လား ဖြစ်ပါလိမ့်မယ်။ လတ်တလော ခြံခုန်နေတဲ့ (သို့) ခြံခုန်ဖို့အစီအစဉ်ရှိနေတဲ့ လူတွေ ဘယ်လိုမျက်ရည်ချူရမလဲသိအောင် ပညာယူကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.72GB, 799MB Quality - 720p, 480p IMDb Rating - 6.8/10 Format - mp4 Duration - 1H 48Min Genre - Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Drama
6.7 1998 108 mins
[18+] An Affair
The Addams Family
7

~ IMDb - 6.9/10, Rotten Tomatoes - 67% ~ Addams Family ဟာ အမေရိကန်ကာတွန်းဆရာ Charles Addams ဖန်တီးခဲ့တဲ့ Fictional Family တစ်ခုဖြစ်ပြီး The New Yorker မဂ္ဂဇင်းမှာ 1938 ကတည်းက စတင်ပုံနှိပ်ဖော်ပြခံခဲ့ရတဲ့ နှစ်၁၀၀နီးပါး သက်တမ်းရှိပြီဖြစ်တဲ့ ကာတွန်းဇာတ်ကောင်တွေပါပဲ။ Tom & Jerry ထက်‌တောင် နှစ်နှစ်စောပေါ်ခဲ့တဲ့ ဇာတ်ကောင်တွေ‌ပေါ့။ 1964 မှာ The Addams Family ဆိုပြီး TV series အနေနဲ့ စအသက်သွင်းခဲ့ပြီး Addams Family franchise ကြီးစတင်ခဲ့ပါတယ်။ ခုထိဆို တီဗီစီးရီး ၇ခု ထွက်ပြီးပါပြီ။ 1991-1999အတွင်းမှာတော့ ရုပ်ရှင်သုံးကားထွက်ရှိခဲ့ပြီး 2019 နဲ့ 2021 မှာတော့ အန်နီမေးရှင်း၂ကားထပ်ထွက်ခဲ့ပါတယ်။ 2022 မှာတော့ တင်ဘာတန်ရဲ့လက်ရာနဲ့ Wednesday ထွက်လာခဲ့ပါတယ်။ Addams တွေဟာ ၂၀ရာစု အမေရိကန်မိသားစုတွေရဲ့ စံအတွေးအမြင်တွေကို သရော်ထားတဲ့ ဇာတ်ကောင်တွေဖြစ်ခဲ့ပြီး ၁၉၆၄ဇာတ်လမ်းတွဲမှာမှ ဇာတ်ကောင်နာမည်တွေ စပေးခဲ့တာပါ။ ဒီဇာတ်လမ်းတွေဟာ Pop Culture တစ်ခုဖြစ်လာခဲ့ပြီး Video game တွေ Academic Book တွေအထိထွက်ခဲ့သလို အမေရိကန် Comics, Cinema နဲ့ Television တွေအပေါ် လွှမ်းမိုးမှုကြီးခဲ့ပြီး Goth Subculture နဲ့ Fashion တွေကိုလည်း မြစ်ဖျားခံစေခဲ့ပါတယ်။ တင်ဘာတန်ရဲ့ Gothic ဟန်ဟာလည်း Addams တွေနဲ့ မကင်းလောက်ပါဘူး။ အခုမှာတော့ ပထမဆုံးထွက်ခဲ့တဲ့ Addams Family ရုပ်ရှင်နှစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ Classic လို့ ပြောလည်းမမှားတဲ့ကားတွေပေါ့။ ဟန်ဆောင်မှုကင်းစွာ ယုတ်မာတတ်ကြသလို သဘောရိုးနဲ့လည်း ခြေထိုးခံတတ်ကြပြီး လူ့ဘောင်ကျင့်ဝတ်တွေနဲ့ လုံးလုံးလျားလျားလွဲနေတဲ့ သူတို့ရဲ့စံတွေကြောင့် ပတ်ဝန်းကျင်ရဲ့ အမြင်မကြည်မှု၊ မြင်မှန်းတန်းမိသူတွေဆီက နားလည်ရခက်တဲ့ အကြည့်တွေနဲ့ကြည့်ခံရပေမဲ့ သဘောချင်းတူတဲ့ အမျိုးအဆွေတွေဆီကနေတော့ လေးစားချစ်ခင်မှုကို ရရှိထားကြတဲ့ မိသားစုတစ်သိုက်ဖြစ်တဲ့ Addams Family အကြောင်းကို အားလုံးသိပြီးသားဆိုတော့ အထွေအထူးတော့ ပြောစရာမလိုပါဘူး။ တင်ဘာတန်ကြီးဖန်တွေရော Addams Family ဖန်တွေရော ကြည့်သင့်တဲ့ကားလို့ပဲ ပြောစရာရှိပါတယ်။ Dark Comedy Film တွေရဲ့ ထုံးစံအတိုင်း ဒီသောက်တလွဲလောကကြီးကို ဟားတိုက်ပစ်ချင်ရင်လည်း ကြည့်သင့်တဲ့ကားတွေပါပဲ။ ----------------------------------ဇာတ်လမ်းအကျဉ်း---------------------------------- သာမန်အချိန်တွေမှာ သူတို့နည်းသူတို့ဟန်နဲ့ စိတ်ချမ်းသာမှုအပြည့် ရှိနေတတ်ကြတဲ့ အက်ဒမ်စ်တို့အတွက် တစ်နှစ်တာမှာ တစ်ခုသောအချိန်ကတော့ စိတ်မချမ်းမြေ့စရာ ဖြစ်လေ့ရှိတယ်။ အဲဒါကတော့ အိမ်ကထွက်သွားပြီးတဲ့နောက် အသက်ဆုံးသွားပြီလို့ အားလုံးယူဆထားကြတဲ့ မိသားစုဦးစီးဂိုမက်ဇ်ရဲ့အစ်ကို ဖက်စတာအက်ဒမ်စ်ကို ဝိညာဉ်ပြန်ခေါ်ဖို့ ကြိုးစားကြတဲ့ညပဲ။ ဒါပေမဲ့ ဖက်စတာပျောက်သွားပြီးတဲ့နောက် ၂၄ နှစ်တိုင်အောင် ကြိုးစားလာခဲ့ပေမဲ့ ဘာမှမထူးခြားခဲ့တဲ့ ဒီဝိညာဉ်ခေါ်ပွဲတွေဟာ ၂၅ နှစ်မြောက်တဲ့ညမှာတော့ တစ္ဆေအနေနဲ့မဟုတ်ဘဲ အကောင်အထည်လိုက် ပြန်ပေါက်ချလာတဲ့ ဖက်စတာကြောင့်မို့ အံ့သြဝမ်းသာစရာ ဖြစ်သွားရတယ်။ ဒါပေမဲ့လည်း မသင်္ကာစရာတွေ ဆက်တိုက်ဖြစ်လာတဲ့နောက်မှာ အမျှော်လင့်ကြီး မျှော်လင့်ခဲ့ပြီးနောက် ပြန်ပေါ်လာတဲ့ သူ့အစ်ကိုဆိုသူဟာ တကယ်ပဲ ဖက်စတာဟုတ်ရဲ့လားလို့ ဂိုမက်ဇ်တစ်ယောက် သံသယဝင်လာချိန်မှာ ဖက်စတာအဖြစ်နဲ့ ဟန်ဆောင်ပြီးတော့ အက်ဒမ်စ်မိသားစုကို လှည့်ဖျားဖို့ကြံနေတဲ့ ဂေါ်ဒွန်ဟာလည်း သူ့ရဲ့တကယ့်မိသားစုက ဘယ်သူဆိုတာ တဖြည်းဖြည်းနဲ့ ဝေခွဲမရဖြစ်လာတော့တယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.4GB, 1.2GB, 560MB Quality - Extended 1080p, 720p, 480p IMDb Rating - 6.9/10 Format - mp4 Duration - 1H 39Min Genre - Comedy, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Constanza Encoded by Y

Thriller
7 1991 102 mins
The Addams Family
Longmen Town
5.9

ချင်းခေတ်နှောင်း မင်ခေတ်အစပိုင်း ရှုပ်ထွေးနေတဲ့ ခေတ်ကြီးမှ ဓားပြလေဟူက လုံမိန်မြို့ကို ဓားပြတိုက်ပြီး အုပ်ချုပ်ချင်ခဲ့ပါတယ်။ လုံဝေးပစ္စည်းပို့စခန်းမှ ခေါင်းဆောင် လုံရီးထျောင်ဟာ မြို့သူမြို့သားတွေကို ဦးဆောင်ပြီး တော်လှန်ဖို့ ကြိုးစားခဲ့ပါတယ်။ လုံရီးထျောင်ဟာ သိုင်းပညာရှင်တွေကို လေဟူကို ရှင်းလင်းဖို့ ခေါ်ခဲ့ပေမဲ့လဲ မအောင်မြင်ခဲ့ပါဘူး။ နောက်ဆုံးမှာ လုံရီးထျောင်ဟာ သူ့ကိုယ်သူ စတေးပြီး လေဟူနဲ့ တူတူသေဖို့ ဆုံးဖြတ်ချက် ချခဲ့ပါတယါ။ လုံရီးထျောင်တစ်ယောက် လေဟူကို ဘယ်လို တိုက်ခိုက်ဖို့ ကြိုးစားခဲ့လဲ…… သူ့ရဲ့ ဖီးလိနတ်လက်သီးသိုင်းကိုရော ကျင့်ကြံနိုင်ပါ့မလားဆိုတာကို ရုပ်ရှင်လေးကို ဟာသလေးနှောပြီး ပေါ့ပေါ့ပါးပါး ခံစားကြည့်ရှုလိုက်ရအောင်နော်။

Comedy
5.9 2023
Longmen Town
Oliver Twist
6.8

ဂန္ထဝင်စာရေးဆရာကြီး Charles Dickensရဲ့အထင်ရှားဆုံး ပုံပြင်ဇာတ်လမ်းတွေထဲကတစ်ခုဖြစ်တဲ့ အိုလီဗာတွစ်လေးရဲ့ အကြောင်းကိုရိုက်ကူးထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ မိဘမဲ့လေးအိုလီဗာတွစ်ရဲ့ဘဝမှာ အမျိုးမျိုးသောလူပေါင်းစုံနဲ့ ကြုံတွေ့ပြီးတဲ့နောက်မှာ လန်ဒန်မြို့ကြီးအထိကို ၇ ရက်လောက် လမ်းလျှောက်ပြီးအရောက်သွားခဲ့ပါတယ်. ကလေးလေး တစ်ယောက်ရဲ့တစ်ကိုယ်တည်းသွားတဲ့ခရီးရှည်အဆုံးမှာတော့ မထင်ထားပဲ သူနဲ့ရွယ်တူသူခိုးလေးတွေအုပ်စုနဲ့ကြုံပြီးတော့ ဘဝကိုတစ်ဆစ်ချိုးအကြီးအကျယ်ပြောင်းလဲသွားရှာပါတော့တယ်။ လူဆိုးလေးမဖြစ်ချင်တဲ့အိုလီဗာလေးဟာ ပိုကောင်းတဲ့ဘဝကို ရောက်ခဲ့ပေမယ့်လဲ ကံတရားကမျက်နှာသာမပေးခဲ့တာမလို့ သူ့ရဲ့ဘဝမှာဘာတွေဆက်ဖြစ်လာမယ်ဆိုတာကို ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ ပုံပြင်ထဲကအိုလီဗာလေးအတိုင်းပဲချစ်ဖို့ကောင်းပြီး ခပ်ဆိုးဆိုး လူဆိုးကြီးတွေရဲ့ကြားကဇာတ်ကားလေးမလို့ လူကြီးတွေအပြင် ကလေးတွေပါကြိုက်နှစ်သက်မဲ့ဇာတ်လမ်းလေးလဲဖြစ်ပါတယ်။ File size…2.07GB / 898MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….2h 10m Genre ….. Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Charm

6.8 2005 130 mins
Oliver Twist
The Mercator Trail
6.1

Indiana Jones လိုမျိုးစွန့်စားခန်းဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် The Mercator Trail ဆိုတဲ့ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ IMDb Rating 6.1 ရရှိထားပြီး 2022 ခုနှစ်ကထွက်ရှိခဲ့တာပဲဖြစ်ပါတယ်။ ဘန်ဂျမင်ဆိုတဲ့ ကောင်လေးကနည်းပညာကျွမ်းကျင်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်ပြီး တစ်နေ့မှာတော့သူ့အဖေရဲ့ အမွေတွေကို ဆက်ခံရရှိခဲ့ပါတယ်။အမွေဆက်ခံရတယ်ဆိုလို့ သူ့အဖေကသေသွားတာလားဆိုတော့လည်း မဟုတ်ပါဘူး။ဒါပေမယ့် ပျောက်ဆုံးနေတာ နှစ်ပေါင်းများစွာကြာနေပြီဖြစ်တဲ့အတွက် သေစာရင်းသွင်းခံလိုက်ရတာပဲဖြစ်ပါတယ်။ ဘန်ဂျမင် သူ့အဖေဆီက ရခဲ့တဲ့ အမွေပစ္စည်းကတော့ တခြားမဟုတ်ဘဲ အရင်ခေတ်က ရှေးဟောင်းမြေပုံ စာအုပ်တစ်အုပ်ပဲဖြစ်ပါတယ်။သူ့အတွက်ဘာမှ အသုံးမဝင်ပေမဲ့ ကျောင်းကသူ့ Crush လေးဖြစ်တဲ့ဆလီရန်က ရှေးဟောင်းပစ္စည်းတွေကို စိတ်ဝင်စားတဲ့အတွက် အဲ့ဒါကိုသုံးပြီး နီးစပ်အောင် ဂွင်ဖန်ပါတော့တယ်။ဒါပေမယ့် အဲ့ဒီနောက်မှာတော့ သူ့အိမ်ဖောက်ထွင်းခံလိုက်ရတာကြောင့် စိတ်ပူပြီးစာအုပ်ငှားသွားတဲ့ ဆလီရန်ကို သွားသတိပေးနေတဲ့အချိန်မှာ လူဆိုးတွေရဲ့ လိုက်လံ ဖမ်းဆီးခြင်းကိုခံရပြီး ကံကောင်းထောက်မစွာနဲ့ ဇက်ပိုဆိုတဲ့ လူတစ်ယောက်ကသူတို့ကို ကယ်ထုတ်ပေးခဲ့ပါတော့တယ်။နောက်မှ သိလိုက်ရတာက ဒီစာအုပ်ကတကယ့် အဖိုးတန်ပစ္စည်းဖြစ်ပြီး ရွှေကို ထုတ်လုပ်နိုင်တဲ့ဖော်မြူလာကိုရှာတွေ့နိုင်ဖို့ လမ်းစဆိုတာကို သိလိုက်ရတဲ့အချိန်မှာတော့ သူတို့သုံးယောက်ရဲ့စွန့်စားခန်းခရီးစတင်ခဲ့ပြီး ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှူရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်…. File size…2.04GB / 1.01GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 30m Genre ….. Adventure , Family Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.1 2022 93 mins
The Mercator Trail
Abbabba
7

Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့ မလေးယာလမ်ကား Adi Kappiyare Kootamani ကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကို မေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ် ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင် ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့ အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာ ချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစား စကားဝိုင်းကို ကြားသွားတဲ့ အာကီလာက ကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကို ငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ……. ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။ အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အ​ဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကို တက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)

7 2024
Abbabba
Bleak Night
7.2

Bleak Night (2011) ******************* “မင်းကပါ ငါ့ကို ဒီလိုလုပ်လို မဖြစ်ဘူးနော် မင်းပဲဖြစ်ဖြစ်ရှိနေလို ငါအဆင်ပြေနေတာ ” ဂီထယ်ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက် ဂီထယ်ရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် ဖခင်ဝတ္တရားပျက်ကွက်ခဲ့တာကြောင့် အပြစ်ရှိစိတ်ခံစားခဲ့ရပါတယ် .. ဂီထယ်မှာ ဟီဂျွန်းနဲ့ ဒုံယွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီး ဟီဂျွန်းကတော့ ဂီထယ်မသေဆုံးခင် တစ်ပတ်အလိုမှာ ကျောင်းပြောင်းသွားခဲ့ပြီးတော့ ဒုံယွန်းကတော့ သူငယ်ချင်းဖြစ်သူဂီထယ်ရဲ့စျာပနကို မလာခဲ့ပါဘူး။ ဒီလိုနဲ့ပဲ ဂီထယ့်အဖေဟာ သူငယ်ချင်းတွေရဲ့စကားတွေကနေတစ်ဆင့် သားဖြစ်သူသေဆုံးမှုကို သိသွားနိုင်မလား…. အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတွေကရော ဘာတွေ ဖုံးကွယ်ထားကြသလဲ…. ဂီထယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသားလေးကရော ဘာတွေကြောင့် ဒီလိုသေဆုံးသွားရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဒီရုပ်ရှင်ကားလေးမှာကတော့ ဂီထယ်အဖြစ် Taxi Driver 1/2 , Move To Heaven ထဲမှ မင်းသား Lee Je-Hoon ၊ ဟီဂျွန်းအဖြစ် Hellbound, The 8Show ထဲမှ Park Jeong-Min ၊ ဒုံယွန်းအဖြစ် Apple Of My Eye ,The Brave Yong Su-Jeong ထဲမှ Seo Jun-Young နဲ့ ဂီထယ့်အဖေအဖြစ် မင်းသားကြီး Cho Seong-Ha တို့မှ အဓိကထားပါဝင်ထားပြီး လူငယ်ဘဝမှာဖြစ်တတ်တဲ့ သူငယ်ချင်းအပေါ်ချစ်ခင်စိတ်, မနာလိုဝန်တိုစိတ်အပြင် မိဘတွေရဲ့မေတ္တာကိုအပြည့်အဝမရရှိတဲ့ ကလေးတစ်ယောက်ရဲ့စိတ်ကိုပါ မီးမောင်းထိုးပြထားတဲ့ ကားကောင်းလေးဖြစ်တာကြောင့် ကြည့်ရှုခံစားလိုက်ပါဦးနော် .. File size…1.99GB / 755MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1 hr. 56 min. Genre ….. Mystery, Psychological, Youth, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Su Sandi Encoded by AHtet

7.2 2011
Bleak Night
Umjolo: The Gone Girl
4.4

Umjolo: The Gone Girl (2024) တစ်ယောက်နဲ့ တစ်ယောက်အရမ်းချစ်ကြတဲ့ သမီးရည်းစားနှစ်ယောက် သူတိုထဲက တစ်ယောက်ရဲ့ စိတ်အစစ်အမှန်ကို သိလိုက်ရတဲ့အချိန် သူတို ဆက်ဆံရေးမှာ အဖုအထစ်တွေဖြစ်လာပြီး ဘာတွေ ဆက်ဖြစ်ကြမလဲ ဆိုတာ ရိုမတ်တစ်ဆန်ဆန်ကြည့်ရမယ့် ဇာတ်ကားတစ်ကားပါ။ ရည်းစားတွေရဲ့ တယောက်နဲ့ တစ်ယောက်ခိုင်မြဲမှုတွေ နားလည်မှုတွေ ရှိနေဖိုက လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ **18+ အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါကြောင်း အသိပေးအပ်ပါသည်။** (အညွှန်းနဲ့ဘာသာပြန်ကတော့ Dar Dar ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy, Drama, Romance Duration….01:33:36 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Dar Dar

4.4 2024 94 mins
Umjolo: The Gone Girl
The Pass: Last Days of the Samurai
5.9

The Pass: Last Days of the Samurai (2020) Toge: Saigo no Samurai (2020) ~ MyAnimeList – 7/10, IMDb – 5.9/10 ~ ဂျပန်နိုင်ငံရဲ့ အဲဒိုးခေတ် (၁၆၀၃-၁၈၆၈) ကို အုပ်ချုပ်ခဲ့တဲ့ တိုကုဂါဝါရှိုးဂန်းရဲ့ ၁၅ ယောက်မြောက်နဲ့ နောက်ဆုံးသောရှိုးဂန်းဖြစ်သူ တိုကုဂါဝါရောရှိနိုဘုက သူ့အာဏာကို ဂျပန်ဧကရာဇ်မင်းမြတ်ဆီ ၁၈၆၇ ခုနှစ်မှာ ပြန်လွှဲပြောင်းပေးလိုက်ပါတယ်။ အဲဒီအကျိုးဆက်က ဧကရာဇ်တပ်ဖွဲ့ (ဂျပန်အနောက်ပိုင်း) နဲ့ ရှိုးဂန်းတပ်ဖွဲ့ (ဂျပန်အရှေ့ပိုင်း) ဆိုပြီး နှစ်ဖွဲ့ခွဲသွားလို့ ၁၈၆၈ ခုနှစ်မှာ ဖြစ်လာခဲ့တဲ့ Battle of Toba-Fushimi (တိုဘဘူရှိမီတိုက်ပွဲ) က ပြည်တွင်းစစ်လို့ပြောနိုင်တဲ့ Boshin War (ဘိုရှင်းစစ်ပွဲ (၁၈၆၈-၁၈၆၉)) ကို စတင်စေခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ အဲချိဂို့စီရင်စု (Echigo Province) မှာရှိတဲ့ နာဂါအိုကာနယ်မြေ (Nagaoka Domain) ကို မာကီနိုမျိုးနွယ်စု (Makino Clan) ရဲ့ မာကီနိုတာဒါယူကီ (၁၈၂၄-၁၈၇၈) က အပိုင်စားအုပ်ချုပ်နေခဲ့တယ်။ ထိုမာကီနိုနယ်စားလက်အောက်က ကာရို (Karo) ရာထူးနဲ့ အမှုထမ်းနေတဲ့ ကာဝါအီ ဆုဂိနိုဆုကဲ (Kawai Tsuginosuke – 1827~1868) လို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ရှိတယ်။ ကာရို ဆိုတာက အင်္ဂလိပ်ဆို “Chief Retainer” ဒါမှမဟုတ် “Daimyo’s Minister” ဖြစ်ပြီး ဝီကီပီဒီးယားထဲမှာတော့ အဆင့်မြင့်ဆာမူရိုင်းအရာရှိများ ဒါမှမဟုတ် နယ်စားရဲ့အကြံပေးပုဂ္ဂိုလ်လို့ ပြောထားပါတယ်။ ဟာတာမိုတို (Hatamoto) ထက်တော့ အဆင့်နည်းနည်းနိမ့်ပါတယ်။ ကာရိုမှာလည်း အဆင့်အမျိုးမျိုးနဲ့ခေါ်နည်းမျိုးစုံရှိပါသေးတယ်။ ကာဝါအီ ဆုဂိနိုဆုကဲက သူ့နယ်မြေထဲက ပြည်သူတွေကို မထိခိုက်စေချင်လို့ ဘယ်တပ်ဖွဲ့ထဲကိုမှ မပါဘဲ ကြားနေအဖြစ် ရပ်တည်မယ်လို့တွေးထားတဲ့ ဆာမူရိုင်းတစ်ယောက်ပါ။ နောက်ပြီး ဆာမူရိုင်းခေတ်မှာ စစ်ပွဲတွေ တိုက်ပွဲတွေဆိုတာ ပုံမှန်ဖြစ်ကြပေမဲ့ အဲဒါကအဖြေမဟုတ်တဲ့အပြင် ပြည်သူတွေပဲ ထိခိုက်စေနိုင်တယ်၊ ဂျပန်ပြည်ကြီးကို နောက်ထပ် ဘာစစ်ပွဲမှမဖြစ်စေချင်ဘဲ အဘက်ဘက်မှာ အကောင်းဆုံး တိုးတက်စေချင်တယ်ဆိုတဲ့ အတွေးအခေါ်ကို လက်ကိုင်ထားပြီး ဆုဂိနိုဆုကဲက ဆာဆုမချောရှုးမဟာမိတ် (Satsuma-Choshu Alliance) ပါဝင်တဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့နဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ နောက်ဆုံးမှာတော့ စစ်မှန်တဲ့ဆာမူရိုင်းတစ်ယောက်အနေနဲ့ သူယူထားတဲ့တာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ပြီး တပ်ဖွဲ့အင်အားများပြားလှတဲ့ ဧကရာဇ်ဘက်တော်သားတပ်ဖွဲ့ကို သူ့နာဂါအိုကာနယ်မြေကနေ ရင်ဆိုင်ပါတော့တယ်။ ဒီဇာတ်ကားက ဘာကူမာဆုကာလ (Bakumatsu Period) အတွင်းမှာ အခြေခံထားတယ်ဆိုပေမဲ့ နာမည်ကြီး ရှင်းဆန်းဂူမိ (Shinsengumi) တော့ ပါဝင်လာမှာမဟုတ်ပါဘူး။ နာဂါအိုကာနယ်မြေလေးကို အုပ်ချုပ်နေတဲ့ မာကီနိုမျိုးနွယ်စု နယ်စားလက်အောက်က ကာရို “ကာဝါအီ ဆုဂိနိုဆုကဲ” ရဲ့ နောက်ဆုံးနေ့ရက်တွေ အထူးသဖြင့် ၁၈၆၈ ခုနှစ်နောက်ပိုင်းကာလက သူရှင်သန်လှုပ်ရှားခဲ့တဲ့နေ့ရက်တွေကို ပြထားပြီး သူခံယူထားတဲ့ နိုင်ငံရေးသဘောထားတွေ၊ ပြည်သူတွေကို စစ်ပွဲကြောင့် မထိခိုက်စေချင်တဲ့ သူ့စိတ်ဓာတ်၊ ဂျပန်ပြည်ကြီးကို လူငယ်တွေလက်ထဲ စိတ်ချလက်ချအပ်ထားခဲ့ချင်တဲ့ သူ့ဆန္ဒ၊ သူ့ဇနီးအပေါ် ချစ်တတ်မှု၊ တိုက်ပွဲအတွင်း သူ့စွမ်းဆောင်ရည်တွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ လက်တွေ့ပြင်ပမှာ တကယ်ရှိခဲ့တဲ့ ကာဝါအီ ဆုဂိနိုဆုကဲ နေရာမှာ သရုပ်ဆောင်တဲ့သူကတော့ Perfect Days (2023) မှာ အိမ်သာသန့်ရှင်းရေးသမားအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဂျပန်ရဲ့ ဂန္ထဝင်မင်းသားကြီး Koji Yakusho ပဲဖြစ်ပါတယ်။ နောက်ပြီး Takako Matsu, Kyoko Kagawa, Min Tanaka, Hidetaka Yoshioka အစရှိတဲ့ ဝါရင့်သရုပ်ဆောင်တွေလည်း ပါဝင်ထားပါတယ်။ The Pass: Last Days of the Samurai ဇာတ်ကားကို ဒါရိုက်တာ Takashi Koizumi က Ryotaro Shiba (1923~1996) ရဲ့ ဝတ္ထုရှည် “Touge (1968)” ကို အခြေခံရိုက်ကူးထားတာဖြစ်ပါတယ်။ တစ်လက်စတည်းပြောရရင် သူ့ဝတ္ထုရှည်နောက်တစ်ပုဒ်ဖြစ်တဲ့ “Moeyo Ken (1964)” လည်း “Baragaki: Unbroken Samurai (2021)” ဆိုတဲ့နာမည်နဲ့ ရိုက်ကူးထားပါတယ်။ အဲဒီကားကတော့ CM မှာ ဘာသာပြန်တင်ဆက်ပြီးသားဖြစ်ပါတယ်။ Shinsengumi ရဲ့ဒုခေါင်းဆောင် Hijikata Toshizo (1835~1869) အကြောင်းကို ရိုက်ကူးထားတဲ့ Baragaki: Unbroken Samurai ကတော့ ဒီဇာတ်ကားထက် ပိုမြိုင်၊ ပိုသွက်လက်တယ်ဆိုတာ ကြည့်ပြီးသူတိုင်းသိကြမှာပါ။ အဲဒီလိုပြောလိုက်လို့ ဒီဇာတ်ကားက ပျင်းစရာကြီးပေါ့ဆိုပြီး မတွေးလိုက်ပါနဲ့။ တူညီတဲ့ခေတ်ကာလအတွင်းမှာ အတူတူရှိနေခဲ့တဲ့ Shinsengumi အကြောင်းအပြင် ကိုယ်မသိသေးတဲ့ တစ်ခြားသော ဆာမူရိုင်းတွေရဲ့ စိတ်နေသဘောထားတွေ၊ ရာထူးအဆင့်အတန်းတွေ၊ စွမ်းဆောင်ရည်တွေ၊ တာဝန်ယူမှုတွေ၊ ဆုံးဖြတ်ချက်တွေကို ကာဝါအီဆုဂိနိုဆုကဲလို့ခေါ်တဲ့ ဆာမူရိုင်းတစ်ယောက်ဆီကနေ တစ်စိတ်တစ်ပိုင်း စိတ်ဝင်တစား မြင်တွေ့ရမှာဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.3GB, 855MB Quality – BluRay 1080p, 720p IMDb Rating – 5.9/10 Format – mp4 Duration – 1H 54Min Genre – Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

Drama
5.9 2022 114 mins
The Pass: Last Days of the Samurai
Locked
6.3

Locked (2025) IMDb Rating (6.3) / Rotten Tomatoes (65%) အက်ဒီဘာရစ်ဟာ ကားတစ်စီးနဲ့ ဒလီပို့တဲ့ အလုပ်ကို လုပ်ပြီး ဘဝကို ခက်ခက်ခဲခဲ ဖြတ်သန်းနေသူတစ်ဦးဖြစ်တယ်။ သူ့ဒုက္ခတွေနဲ့သူ အကျပ်ရိုက်နေလို့ ဇနီးဟောင်းနဲ့ အလှည့်ကျ ခွဲယူထားတဲ့ သူ့သမီးအတွက် ဖခင်တာဝန်တွေကိုလည်း မကျေပွန်နိုင်သူပေါ့။ တစ်နေ့တော့ သူ့ရဲ့ကားက ပျက်လို့ ဝပ်ရှော့ကို ပို့လိုက်ရတယ်။ ပြင်စရိတ်ကိုလည်း အကုန်မပေးနိုင်တော့ ကားလည်းမရ ငွေလည်းကုန် အခြေအနေဖြစ်သွားတယ်။ လူတကာကို ပိုက်ဆံလိုက်ချေးပေမဲ့လည်း အရာမထင်ခဲ့တဲ့အဆုံး အက်ဒီဟာ လမ်းပေါ်မှာ ဒီတိုင်းရပ်ထားတဲ့ SUV တစ်စီးထဲက ပစ္စည်းတစ်ခုခုကို ခိုးပြီး ငွေရပေါက်ကြံတယ်။ ဒါပေမဲ့ ကံဆိုးမ,သွားရာ မိုးလိုက်လို့ရွာဆိုသလိုပဲ သူဝင်ခိုးတဲ့ ကားက သာမန်ကားတစ်စီး ဟုတ်မနေခဲ့တာပါပဲ။ ကားထဲကို အက်ဒီဝင်သွားအပြီးမှာ ကားတံခါးတွေဟာ အကုန် လော့ခ်ကျသွားခဲ့ပါတယ်။ အက်ဒီဘယ်လိုပဲ ကြိုးစားကြိုးစား တံခါးတွေဟာ လုံးဝဖွင့်မရတော့ပါဘူး။ ပါလာတဲ့ သေနတ်နဲ့ မှန်ကိုခွဲပြန်တော့ ကျည်မတိုးတဲ့ မှန်ဖြစ်နေပြီး ကျည်ဆံက တန်ပြန်လာလို့ အက်ဒီ့ခြေထောက်ကို ပြန်မှန်ပြီး သွေးတွေလွန်ပါတော့တယ်။ ရုတ်တရက်ဆိုသလို ကားရဲ့ တီဗီဖန်သားပြင်ကနေ ဖုန်းတ‌စ်ကောဝင်လာခဲ့ပြီး ဝီလီယံဆိုသူဟာ သူက ဒီကားရဲ့ပိုင်ရှင်ဖြစ်ကြောင်း သူဟာ အက်ဒီ့လိုလူတွေကြောင့် ဒီကားကို ပရောဂျက်ဆွဲထားတာဖြစ်ကြောင်း သူလုပ်စရာရှိတာတွေ လုပ်လို့မပြီးမချင်း အက်ဒီ့ကို ပြန်မလွှတ်ဘူးဆိုတဲ့အကြောင်းတွေ ပြောလာပါတော့တယ်။ ဒီလိုနဲ့ ဒဏ်ရာကြောင့် သွေးလွန်နေတဲ့ အက်ဒီဟာ SUV ကားကြီးထဲမှာ ပိတ်မိသွားပြီး အသံရှင်ရဲ့ လက်ခုပ်ထဲက ရေဘဝကို ရောက်ချင်းမလှရောက်သွားပါတော့တယ်။ ဒီဇာတ်လမ်းမှာ မင်းသားချော Bill Skarsgård က အက်ဒီအဖြစ် သရုပ်ဆောင်ထားပြီး ဇာတ်ကားတစ်ကားလုံးကို ကားတစ်စီးထဲမှာ ဇာတ်အိမ်တည်ပြီး စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးတင်ဆက်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Act Molemy ဖြစ်ပါတယ်။) File size… (6.2 GB) / (1.8 GB) / (720 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre…. Thriller Duration…. 01:35:34 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Act Molemy

Action • Drama
6.3 2025 95 mins
Locked
Ex Ex Lovers
7.6

Ex Ex Lovers (2025) ********************* ဖိလစ်ပိုင်မင်းသမီးချောလေး Loisa Andalio ပါဝင်တဲ့ ရယ်ရယ်မောမော ဘဝ အမောပြေမယ့် ဖိလစ်ပိုင် rom com ဇာတ်လမ်းလေးကို ပိတ်ရက်မှာ ရှုစားနိုင်ဖို့ ခုပဲတင်ဆက်ပေးလိုက်ပါပြီ။ ဒီကားလေးမှာတော့ ပြဿနာတွေကြောင့် ဆယ်စုနှစ်ကြာဝေးကွာခဲ့ရပေမဲ့ ပြန်လည် ဆုံဆည်းတဲ့အခါမှာ အရင်လို အချစ်တွေ ပြန်လည်ရှင်သန်လာနိုင်မလား ဆိုတဲ့ အကြောင်းလေးကို သရုပ်ဖော်ထားတာပါ။ ဂျွိုင်းက သမီးလေးအက်စ်စီကို တစ်ယောက်တည်း ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန် ပျိုး‌ထောင်ခဲ့ရတဲ့ single mother တစ်ယောက်ပါ။ ဒါပေမဲ့ တစ်နေ့ ဗယ်လင်တိုင်း‌ဒေးမှာ သမီးနဲ့ဒိတ်လုပ်ဖို့ချိန်းထားရင်း ချစ်လှစွာသော သမီးတော်လေးဆီက စပရိုက်အကြီးစားနဲ့ ဂျွိုင်းတစ်ယောက် ရှော့ခ်ရသွားပါတော့တယ်။ အဲဒါကတော့ သမီးရဲ့ချစ်သူ ဂျိုဝီက အက်စ်စီကို ဂျွိုင်းရှေ့မှာ လက်ထပ်ခွင့်တောင်းလိုက်ပြီး သမီးက မကြာခင်လက်ထပ်တော့မယ်ဆိုတာပါပဲ။ သမီးအရွယ်ကငယ်သေးတာကတစ်ကြောင်း ကိုယ်တိုင်လည်း ငယ်ငယ်နဲ့အိမ်ထောင်ကျပြီး အိမ်ထောင်ရေးအဆင်မပြေ ရုန်းကန်ခဲ့ရတာကြောင့် သမီးကို လက်မထပ်စေချင်ပေမဲ့ စိတ်အားထက်သန်နေတဲ့သမီးဖြစ်သူက ဘယ်လိုတားတား တားမရပါဘူး။ ဒီလိုနဲ့သမီးက မင်္ဂလာလျှောက်လမ်းမှာ အဖေ့လက်ကိုတွဲပြီး သွားချင်တယ်ဆိုပြီး တောင်းဆိုလာလို့ သမီးရဲ့တောင်းဆိုချက်ကို ဖြည့်ဆည်းရာလည်းရောက် မင်္ဂလာပွဲကို ဆန့်ကျင်ဖို့ စစ်ကူလည်းရအောင် တစ်ချိန်က အနေဝေးခဲ့ရတဲ့ ခင်ပွန်းဖြစ်သူ ဆက်ဒရစ်ကို သွားရှာဖို့ဖြစ်လာချိန်မှာတော့…. သမီးရဲ့မင်္ဂလာပွဲကို အရင်းခံပြီးဖြစ်လာတဲ့ ဖေဖေနဲ့မေမေတို့ရဲ့ ပြန်လည်ဆုံဆည်းမှုကနေ အချစ်ပန်းတွေ ပြန်လည်ပွင့်လန်းလာနိုင်မလား ရှုစားလိုက်ရအောင်ပါ။ (အညွှန်းကို Mary Christ မှ ရေးသားထားပါတယ်) File size…1.17GB / 602MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….1h 44m Genre ….. Romance, Comedy, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Char Ou & Mary Christ Encoded by AHtet

Thriller • Horror
7.6 2025 108 mins
Ex Ex Lovers