YoteShin Drive is below this article. Scroll down to view.

Oppo Reno9 Series will include 4,500mAh battery and Universal Fast Charging

Author: Anonymous Published on: 12 Aug 2022

The Oppo Reno9 series will be announced in November and the information of these smartphones is leaked. China writes the Qualcomm Snapdragon 7 Series in the OppDo Reno9 Series in the Oppo Reno9 Series in the Oppo Reno9 Series. This is the same as Oppo Reno8 Series. Oppo will be one of the Chinese smartphone makers who use the new UFCS (Universal Fast Charging Specification). This charge can support up to 40W. The Reno9 Series will feature a 4,500mAh battery with UFCS support. Other smartphone makers supporting the UFCs are Huawei, Vivo, Xiaomi, and the West includes Angbao Electronics, Lihui Technology, Rockchip and Silicon Power. The Reno9 Series will be everything's every color. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Yonder.S01E04.720p(CM).mp4

172.56 MB N/A video/mp4 117 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
3 Ninjas
5.7

90s born CM ပရိသတ်များ ငယ်ငယ်က ​အောက်စက်နဲ့ အကြိမ်ကြိမ်ကြည့်ခဲ့ရတဲ့ 3 Ninjas (1992) ကား​လေး ​ရောက်ရှိလာပါပြီ... ဇာတ်လမ်း အကျဥ်းက​တော့ ညီအစ်ကို ၃​ယောက်ဟာ ဂျပန်လူမျိုးဖြစ်တဲ့ သူတို့အဘိုးဆီမှာ ငယ်စဥ်ကထဲက ​နွေရာသီတိုင်း နင်ဂျာပညာကို ​လေ့လာဆည်းပူးကြပါတယ်... အဘိုး မိုရီဟာ နင်ဂျာအတတ်မှာ ထူးချွန်သူဖြစ်ပြီး တပည့်တပန်း အများကြီးကို ​မွေးထုတ်ခဲ့ဖူးသူပါ။ သူ့​မြေး၃​ယောက်ကိုလည်း သူတတ်တဲ့ပညာ အစွမ်းကုန်သင်​ပေးခဲ့တယ်။ တစ်ခု​သော​နွေရာသီမှာ​တော့ က​လေး​တွေရဲ့ အ​​​ဖေဖြစ်သူ ဖယ်ဒရယ်​အေးဂျင့် ဆမ် လိုက်ဖမ်း​နေတဲ့ လက်နက်ကုန်သည် လူဆိုး စနိုင်ဒါဟာ ကပ်သီး​လေး လွတ်​မြောက်သွားခဲ့ပါတယ်။ ဖြစ်ချင်​တော့ စနိုင်ဒါဟာ အဘိုးနဲ့အတူ ပါတနာအဖြစ် လုပ်ကိုင်ခဲ့ဖူးတဲ့ နင်ဂျာ တစ်​ယောက်ပါပဲ။ သူ့ရဲ့ ​ရှေ့ဆက်မယ့် ကုန်သွယ်​ရေးမှာ ဆမ်တစ်​ယောက် ဝင်မ​နှောင့်ယှက်နိုင်​စေဖို့ က​လေး၃​ယောက်ကို ပြန်​ပေးဆွဲဖို့ ကြိုးစားပါ​တော့တယ်။ က​လေး၃​ယောက်ဟာ ပြန်​ပေးဆွဲအစီအစဥ်ကို ဘယ်လိုတုန့်ပြန်ကြမလဲ...? ဇာတ်အိမ်​လေးကရိုးရှင်း​ပြီး မိသားစုနဲ့အတူကြည့်လို့​ကောင်းမယ့် ကား​ကောင်း တစ်ကားပါ။ က​လေး၃​ယောက်ရဲ့ ချစ်စဖွယ် အမူအရာ​ဟန်ပန်​ တိုက်ကွက်တွေကိုကြည့်ပြီး နင်ဂျာ ဖြစ်ချင်ခဲ့ကြတဲ့အချိန်​တွေကို ဇာတ်လမ်း​လေး ကြည့်ရှုရင်း တမ်းတလိုက်ကြပါဦးလို့... (ဒီဇာတ်ကားနဲ့အညွှန်းကို Mugiwara Ya မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.6GB, 780MB Quality - 1080p, 720p IMDb Rating - 5.3/10 Format - mp4 Duration - 1H 24Min Genre - Action, Comedy, Family Subtitle - Myanmar Subtitle (Hardsub) Translated by Mugiwara Ya Encoded by Y

Drama • Thriller
5.7 1992 84 mins
3 Ninjas
Event Horizon
6.5

Resident Evil ဇာတ်ကားအများစုရဲ့ ဒါရိုက်တာ Paul W.S. Anderson ရိုက်ထားတဲ့ ရုပ်ရှင်ပါ။ ဒီကားကို ပါရာမောင့်က ထုတ်ခဲ့တာဖြစ်ပြီး ဒီကားကို ထုတ်ပေးဖို့ ပါရာမောင့်မှာ ဆွယ်တရားသွားဟောတုန်းက ကားတောင်ထွက်မလာသေးဘဲ ပါရာမောင့် အမှုဆောင်တွေ လန့်ပါလန့်ခဲ့ရတဲ့အထိဖြစ်ခဲ့ပါတယ်။ The Matrix ထဲက မောဘီးယပ်စ်ကြီး Laurence Fishburne က အဓိက ပါဝင်သရုပ်ဆောင်ထားသလို ဘွန်းခဲ့ပေမဲ့လည်း Cult Classic Horror Film တစ်ကားဖြစ်ခဲ့တဲ့အတွက် ကြည့်သင့်တဲ့ ဂန္ထဝင်တစ်ကားပါပဲ။ သိပ္ပံစိတ်ကူးယဉ်ဇာတ်တွေကို သဘောကျတဲ့လူတွေလည်း အကြိုက်တွေ့ကြမှာပါ။ သိပ္ပံစိတ်ကူးယဉ် သဲထိတ်ရင်ဖိုကားပီသသလို တော်တော်လည်းကြမ်းတာကြောင့် အသည်းငယ်တတ်သူတွေတော့ မကြည့်စေချင်ပါဘူး။ ဒီကားကြည့်ပြီးရင်တော့ အချင်းချင်း ခေါင်းစားကြစရာ အချက်အလက်တွေ အများကြီးထွက်လာမှာတော့ မြေကြီးလက်ခတ်မလွဲပါပဲ။ လူသားတွေဟာ လပေါ်မှာ အပြီးတိုင်အခြေချပြီးတဲ့နောက် ၂၅ နှစ်အကြာမှာ လူသားသမိုင်းတလျှောက် ပထမဆုံးသော အလင်းထက်မြန်တဲ့ အာကာသယာဉ် Event Horizon ကို လွှတ်တင်နိုင်ခဲ့ကြတယ်။ ဒါပေမဲ့ စကြဝဋ္ဌာမှာ ဖျက်အားအကြီးဆုံးလို့ သမုတ်ကြတဲ့ အာကာသတွင်းနက်တစ်ခုကို ယာဉ်တွင်းမှာဖန်တီးပြီးတော့ စကြဝဠာအတွင်း အလင်းနှစ်များစွာဝေးကွာတဲ့နေရာ တစ်ခုကနေတစ်ခုဆီကို မျက်စိတစ်မှိတ်အတွင်း အရောက်သွားနိုင်ဖို့ ဒီဇိုင်းထုတ်ထားတဲ့ ဒီယာဉ်ဟာ နေစကြဝဠာရဲ့အစွန်အဖျားဆီ သွားရောက်မယ့် သူ့ရဲ့ပထမဆုံးခရီးစဉ်မှာပဲ ပျောက်ချင်းမလှပျောက်ဆုံးသွားခဲ့တယ်။ ဒီအဖြစ်ဆိုးကြီးပြီးတဲ့နောက် ၇ နှစ်အကြာမှာတော့ အာကာသယာဉ်အသွားအလာ မရှိသလောက်နည်းတဲ့ နက်ပ်ကျွန်းဂြိုဟ်အနားကနေ အရေးပေါ်ကယ်ဆယ်ရေး အချက်ပြမှုတစ်ခု ထုတ်လွှင့်လာတဲ့အတွက် ကယ်ဆယ်ရေးယာဉ် Louise & Clarke က ကျွမ်းကျင်သူ ဒေါက်တာဝီယာနဲ့အတူ အရောက်သွားခဲ့ပေမဲ့ အရေးပေါ်အကူအညီ တောင်းခံထားတဲ့ယာဉ်ဟာ လူသားသမိုင်းမှာအဆိုးဆုံး အာကာသခရီးစဉ်လို့ သတ်မှတ်ခံထားရတဲ့ Event Horizon ဖြစ်နေပြီး ဒီယာဉ်ပေါ်ကို ရောက်လာပြီးတဲ့နောက်မှာ အရင်အဖွဲ့ ကြမ္မာငင်ခဲ့ကြပုံကို တဖြည်းဖြည်း ပိုသိလာရသလို သူတို့ကိုယ်တိုင် သင်္ကာမကင်းစရာကိစ္စတွေနဲ့ ဆက်တိုက်တွေ့လာရချိန်မှာ သူတို့အသက်ရှင်သန်နိုင်ဖို့ Event Horizon ကိုပဲ အားကိုးရမယ့်အဖြစ်နဲ့ ကြုံလာရတဲ့အခါမှာတော့... (ဒီဇာတ်ကားနဲ့အညွှန်းကို Costanza မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.04GB, 890MB Quality - REMASTERED 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 36Min Genre - Horror, Sci-Fi, Thriller Subtitle - Myanmar Subtitle (Hardsub) Translated by Costanza Encoded by Y

6.5 1997 96 mins
Event Horizon
Puppy Love
7.6

အရိုတစ်လိုင်းကြိုက်သူတွေရော၊ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ချင် သူတွေနဲ့ အာ‌ဝုချစ်သူတွေအတွက်ပါ အချစ်ဟာသဇာတ်မြူးလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ Puppy Love ဆိုတဲ့နာမည်အတိုင်း အာဝုရေးတဲ့ဖူးစာလို့ ပြောရမယ်ထင်ပါတယ်။ အာဝုလေးတွေက အောင်သွယ်တော်လေးတွေပေါ့နော်။ နစ်ကိုးလ် ဆိုတာ အလုပ်ကြိုးစားပြီး ထက်မြက်သွက်လက်တဲ့ ကောင်မလေးပေါ့။ သူနေတတ်တဲ့ ပုံစံကြောင့် တော်ရုံရည်းစားက သည်းမခံနိုင်သူပါ။ တစ်နေ့မှာ အသည်းကွဲနေတဲ့ နစ်ကိုးလ် ဟာ လမ်းဘေးက အာ‌ဝုအထီးလေးတစ်ကောင်ကို သနားလို့ ခေါ်မွေးစားပြီး ချန်းနင်းတေတမ် လို့ နာမည်ပေးထားပါတယ်။ မက်စ် ကတော့ လူတွေကို ဆက်ဆံရမှာကြောက်ရွံ့ပြီး အိမ်တွင်းပုန်းနေတတ်သူပါ။ တစ်နေ့မှာ ဆရာ၀န်က သူ့စိတ်အခြေအနေတိုးတက်ဖို့ ခွေးတစ်ကောင်မွေးခိုင်း ခဲ့ပါတယ်။ ဒီလိုနဲ့ မက်စ် တစ်ယောက် ကလိုဝီ ဆိုတဲ့ အာဝုမလေးကို မွေးဖြစ်ခဲ့ ပါတယ်။ တစ်နေ့တော့ ကလိုဝီ နဲ့ ချန်းနင်း ကို အကြောင်းပြုပြီး ပိုင်ရှင်တွေ ဖြစ်တဲ့ မက်စ် နဲ့ နစ်ကိုးလ် တို့ တွေ့ဆုံဖြစ်ခဲ့ကြပါတယ်။ စစချင်းဆောက်နဲ့ထွင်းဆို သလို ပြဿနာတွေတက်ပြီး မပြေလည်ခဲ့ကြပါဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ မထင်မှတ်တဲ့အကြောင်းအရင်းတွေနဲ့ အာဝုလေးတွေကို အကြောင်းပြုပြီး သူတို့နှစ်ဦးပြန်ဆုံတွေ့ရဖို့ ဖြစ်လာတဲ့အခါ။ အာဝုလေးနှစ်ကောင်၊ အဆင်လေးနှစ်ယောက်နဲ့ အလွဲပေါင်းသောင်းခြောက်ထောင်ကို ရယ်ရယ်မော မော ကြည့်ရမှာမို့ ခဏတာစိတ်အမောတွေပြေဖို့ ကြည့်ကြည့်လိုက်ရအောင်နော်။ (မက်စ်အဖြစ် flash series က မင်းသား Grant Gustin က ပါဝင်ထားပါတယ်။) (ဒီဇာတ်လမ်းရဲ့အညွှန်းကို C'monမှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ C'mon, Khant Sett Naing တို့ဖြစ်ပါတယ်) File Size..........(2.5 GB) / (1.5 GB) / (624 MB) Quality............WEB-DL 4K HEVC / 1080p / 720p Duration.........1Hr 45Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator......C'mon, Khant Sett Naing Encoder..........Zin Phyo Aung

Action • Crime • Thriller
7.6 2023 106 mins
Puppy Love
The D Train
5.1

The D-Train (2015) =================== ဒန်နီရယ်ဟာ အထက်တန်းကျောင်းအောင်ပြီးကတည်းက ဘဝကိုရိုးရိုးရှင်းရှင်းပဲဖြတ်သန်းလာတဲ့ ကလေးတစ်ယောက်အဖေပါ။ အကြံပေးအေဂျင်စီတစ်ခုမှာ အလုပ်လုပ်နေပြီးတော့ ဘာမှအပူအပင်လည်းမရှိပါဘူး။ ကျောင်းသားဟောင်းကော်မတီရဲ့ဥက္ကဌတစ်ယောက်အနေနဲ့ သူအောင်ခဲ့တဲ့ ဂရန့်ဘာကလော့ချ်အထက်တန်းကျောင်းရဲ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲကို ကျင်းပဖို့ ကြိုးစားနေပေမယ့် ကျောင်းသားဟောင်းတွေက ပွဲတက်ဖို့ကို စိတ်မဝင်စားကြပါဘူး။ အဲဒီအချိန်မှာ မျှော်လင့်ချက်ရောင်ခြည်တစ်ခုပေါ်လာခဲ့ပါတယ်။ အဲဒါကတော့ အထက်တန်းကျောင်းတုန်းက နာမည်ကြီးခဲ့တဲ့ အိုလီဗာလောလက်စ်ဆိုတဲ့သူကို ပွဲတက်ဖို့ဖိတ်ကြားမယ့်အကြံပါပဲ။ ဒန်နီရယ်တစ်ယာက်မသိခဲ့တာကတော့ အဲဒီကိစ္စကနေစပြီး သူ့ဘဝရဲ့အချိုးအကွေ့ကို ကြုံရတော့မယ်ဆိုတာပါပဲ။ အဲဒီအချိုးအကွေ့ကတော့….. School of Rock နဲ့နာမည်ကြီးလာခဲ့တဲ့ မင်းသား Jack Black ရဲ့ ၂၀၁၅ခုနှစ်ထွက် ဒရမ်မာကားကောင်းလေးဖြစ်ပြီးတော့ မင်းသား James Marsdenကလည်း ပါဝင်အားဖြည့်ပေးထားပါသေးတယ်။ အားလုံးပဲ ကြည့်ရှုလိုက်ကြပါဦးနော်

Comedy • Drama
5.1 2015 101 mins
The D Train
Struck by Lightning
6.2

ဒီရုပ်ရှင်ကို ၂၀၁၂မှာ ဒါရိုက်တာ Brian Dannelly ကရိုက်ကူးထုတ်ဝေခဲ့ပါတယ်။ အထက်တန်းကျောင်းသား အပယ်ခံ ကာဆန်ဖီးလစ်အကြောင်း ရိုက်ကူးထားတဲ့ ကွန်မန်ဒီရုပ်ရှင်အမျိုးအစားပါ။ မြီးကောင်ပေါက်အရွယ်လေးတွေရဲ့ စိတ်အားထက်သန်မှုတွေ၊ ကိုယ့်အိပ်မက်နောက်လိုက်တာတွေကို ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း- ကာဆန်ဖီးလစ်ဟာ ဉာဏ်ကောင်းပြီး ထေ့ငေါ့ပြောတတ်တဲ့ ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ပါ။ သူ့ရည်မှန်းချက်ကတော့ သတင်းစာဆရာတစ်ယောက်ဖြစ်လာချင်တာပါ။ ဘာအခွင့်အရေးမှမရှိတဲ့ သူ့မြို့ငယ်လေးကြောင့် ကာဆန်ဖီးလစ်ဟာ သူ့သူငယ်ချင်းတွေကို အကြပ်ကိုင်ပြီး သူ့မဂ္ဂဇင်းကို ကူညီရေးခိုင်းဖို့ ကြံစည်ပါတော့တယ်။ ဆက်ကျော်သက်ဘဝရဲ့စိန်ခေါ်မှုတွေ၊ အိမ်ထောင်ကွဲနေတဲ့ သူ့အမေနဲ့ဆက်ဆံရေးသိပ်အဆင်မပြေတာတွေကြောင့် ကာဆန်ရဲ့ဘဝခရီးဟာ မမျှော်လင့်ထားတဲ့အရာတွေဖြစ်လာပါတော့တယ်။ File size…(1.5 GB)/(700 GB)/(360 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre…Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Zaw Min Htwe

6.2 2012
Struck by Lightning
The Color Purple
6.9

The Color Purple (2023) ~ IMDb – 6.9/10, RT – 82%, Meta – 72% ~ ကျွန်တော်တို့ရဲ့ ဂန္ထဝင်ကြီး စတီဗင်စပီးဘာ့ဂ်ဟာ ၁၉၈၅မှာ The Color Purple ကို ရိုက်ခဲ့ဖူးတယ်။ ဒီကားက အဲဒီကားနဲ့ ဇာတ်လမ်းအတူတူပဲ။ ဒါပေမဲ့ Remake ရိုက်တယ်ဆိုတာထက် Musical ဗားရှင်းအဖြစ်နဲ့ ပြန်အသက်သွင်းတယ်လို့ပဲ သုံးချင်တယ်။ မူရင်းကတော့ Alice Walker ရဲ့ ပူလစ်ဇာဆုရထားတဲ့ ဝတ္ထု။ မြူဇစ်ကယ်အနေနဲ့အသက်သွင်းထားတယ်ဆိုတော့လည်း စပီးဘာ့ဂ်ဗားရှင်းနဲ့ မတူဘဲ ပြုတ်ကျန်ခဲ့တဲ့နားတွေလည်းရှိတယ်။ ဒါပေမဲ့ ပိုခမ်းနားသွားတာလည်းရှိတယ်။ ဒါတော့ ခေတ်အရရော မြူဇစ်ကယ်အနေနဲ့ရောဖြစ်နေလို့ နည်းနည်းပိုလှပစေချင်လို့လည်း ဖြစ်ကောင်းဖြစ်မယ်။ ဒါပေမဲ့ လူမဲအမျိုးသမီးတွေရဲ့ အဖိနှိပ်ခံဘဝအကြောင်းကို အဓိကထားပြတဲ့ရုပ်ရှင်ဆိုတော့ စပီးဘာ့ဂ်ဗားရှင်းက ပိုပြီးပနံသင့်မယ်လို့တော့ မြင်တယ်။ ဘယ်ဒါရိုက်တာတွေ ဘယ်လိုပဲကောင်းကောင်း ကျွန်တော်တို့အချစ်ကို မပေးပစ်နိုင်စေတဲ့ ဟိုးဟောလိဝုဒ်ရွှေခေတ်မကုန်ခင်ကတည်းက ဒါရိုက်တာကြီးတွေထဲကတစ်ယောက်ဖြစ်တဲ့ စပီးဘာ့ဂ်ရဲ့ဗားရှင်းနဲ့တော့ ယှဉ်ထိုးဖို့လည်း မအပ်စပ်ပါဘူး။ ဒါပေမဲ့ ဒီရုပ်ရှင်ကိုအရင်ကြည့်ဖြစ်ဖို့ ကြိုက်ခဲ့ရင်တော့ စပီးဘာ့ဂ်ရဲ့ The Color Purple ကိုလည်း ကြည့်စေချင်တယ်။ ဇာတ်ကအတူတူချင်းဆိုပေမဲ့ မတူညီတဲ့အရသာတချို့ကျန်နေသေးလို့ပါပဲ။ ဒါပေမဲ့ တစ်ခုရှိတာက မူရင်းကတော့ အော်စကာတွေ ၁၀ခုတိတိ ဆန်ခါတင်ဝင်ခဲ့ပေမဲ့ ဒီဗားရှင်းကတော့ Best Supporting Actress နဲ့ပဲ ဆန်ခါတင်ဝင်ခဲ့ပါတယ်။ မူရင်းမှာ‌တော့ အိုပရာဝင်းဖရေးလို လူမဲ Iconic Person ပါ ပါတယ်။ ဒီမှာတော့ Halle Bailey တို့ ဒီနှစ်မှာပဲ Rustin နဲ့ မင်းသားဆုဆန်ခါဝင်ဝင်ခဲ့တဲ့ Colman Domingo တို့ပါထားတယ်။ ဒီကားကိုလည်း မူရင်းကားထဲက ဒါရိုက်တာနဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ စပီးဘာ့ဂ်နဲ့ အိုပရာဝင်းဖရေးတို့အပြင် မူရင်းပရိုဂျူဆာ Quincy Jones ကပါ ပရိုဂျူဆာလုပ်ပေးထားတယ်။ The Color Purple ဟာ ဖိနှိပ်ခံရမှုနဲ့ မျှော်လင့်ချက် ယုံကြည်ချက်တို့အကြောင်းဆိုပြီး ကျွန်တော်တို့ ရိုးရိုးလေး ပြောလို့လည်းရတယ်။ လူမဲသီးသန့်ကားပေမဲ့ လူမဲဖိနှိပ်ခံရမှုအကြောင်းကို သိပ်တော့မပြထားဘူး။ လူမဲအမျိုသမီးတွေကို လူမဲအမျိုးသားတွေက ပြန်ဖိနှိပ်တဲ့အကြောင်းဘက်ကိုပဲ ပိုသွားတယ်။ လူမဲဖိနှိပ်ခံရမှုနဲ့ပတ်သက်ရင်တော့ စပီးဘာ့ဂ်ဗားရှင်းက နည်းနည်းပိုတာသွားလိမ့်မယ်။ ဒီမှာတော့ ထပ်မလိုတော့ဘူးထင်လို့လားမသိ အဲဒီအကြောင်းအရာက တဖြတ်လောက်ပဲပါလိမ့်မယ်။ ဒါပေမဲ့ တကယ်လည်း ထပ်မလိုလှတော့ဘူးလို့ ထင်ရတာပါပဲ။ လူမဲတွေကိုယ်တိုင်တောင် ထပ်မလိုတော့ကြောင်းကို ဒီနှစ် American Fiction ဆိုတဲ့ ရုပ်ရှင်မှာတင်ပြသွားပြီး ဇာတ်ညွှန်းဆုအော်စကာရသွားခဲ့ပြီးပါပြီ။ ဒီတော့ The Color Purple မှာ လူမဲအမျိုးသမီးတွေ ဖိနှိပ်ခံရမှုသက်သက်ကိုပဲ ပြန်တင်ပြထားတယ်လို့ ဆိုလို့ရပါတယ်။ ဘယ်လောက်ထိဆိုးလဲဆို ညီအစ်မနှစ်ယောက်ရှိတယ်။ သူတို့အဖေက အစ်မဖြစ်သူနဲ့ ကလေးနှစ်ယောက်မွေးပြီး ကလေးတွေကို ရောင်းစားပစ်တာလား သတ်ပစ်တာလားတစ်ခုခုလုပ်ပစ်တယ်။ သူတို့ကိုလည်း ကျွန်ဘဝနဲ့ မသေရုံတမယ်ထားထားတယ်။ တစ်နေ့ လူတစ်ယောက်က သူ့ညီမကို လက်ထပ်ခွင့်လာတောင်းတော့ သူတို့အဖေက သူ့အစ်မကို ပေးလိုက်တယ်။ ပေးလိုက်တယ်ဆိုတာ စကားလှအောင် သုံးနှုန်းလိုက်တာပါ။ တကယ်က ရောင်းစားပစ်တာပါပဲ။ သူ့ညီမကိုတော့ အဲဒီညမှာ သူကြံတယ်။ အထမမြောက်ဘဲ ထွက်ပြေးလာတဲ့ သူ့ညီမက သူ့အစ်မနေတဲ့ဆီရောက်လာတယ်။ နေခွင့်တောင်းတော့ ပေးနေပေမဲ့ အဲဒီညမှာ သူ့အစ်မယောက်ျားက သူ့ကို ကြံပြန်တော့ သူလည်းထပ်ထွက်ပြေးခဲ့ရတယ်။ ဒီတော့ သူတို့အတွက် သူတို့ပဲရှိတဲ့ သိပ်ချစ်ကြတဲ့ ညီအစ်မနှစ်ယောက် ဝေးသွားကြတယ်။ စာပို့လာရင်လည်း သူ့ယောက်ျားက ဖျက်ဆီးပစ်တော့ သူတို့ကြား လုံးဝအဆက်အသွယ်ပျက်သွားတယ်။ ဒီလိုနဲ့ နှစ်ပေါင်းများစွာကြာအောင် နှိပ်စက်ခံရင်း မျှော်လင့်ချက်နဲ့ စောင့်လာခဲ့တယ်။ ဒီရုပ်ရှင်ဟာ အဲဒီအမျိုးသမီးတစ်ယောက်အကြောင်းပေါ့။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 8.05GB, 3.1GB, 1.65GB Quality – 4K HEVC, 1080p, 720p IMDb Rating – 6.9/10 Format – mp4 Duration – 2H 21Min Genre – Drama, Musical Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

6.9 2023 141 mins
The Color Purple
Adios Amigo
6.1

Adios Amigo(2024) နှုတ်ဆက်ပါတယ် သူငယ်ချင်း သြဂုတ်လအတွင်း လောလောလတ်လတ်ထွက်ထားတဲ့ ဘောလီးဝုဒ်ဟာသ ဒရမ်မာကားလေးကို တင်ဆက်သွားမှာပဲဖြစ်ပါတယ်။ မိခင်ဖြစ်သူ ဆေးရုံတင်ထားရလို့ သောကဗျာများနေရပြီး ဆေးရုံစရိတ်အတွက်ပူပန်နေရတဲ့သူနဲ့ ဥစ္စာကြွယ်ဝလှပြီး ဘဝကိုပေါ့ပေါ့ဖြတ်သန်းနေတဲ့သူ..ဘဝအခြေအနေမတူလှတဲ့လူနှစ်ယောက် ဥဒဟိုသွားလာနေကြတဲ့ ဘတ်စ်ကားမှတ်တိုင်လေးတစ်ခုမှာ ဆုံစည်းခဲ့ကြပြီး ခရီးတစ်ခုတည်းသွားဖြစ်ခဲ့ရာမှာတော့ ဘာတွေဖြစ်လာမှာလဲ… IMDB 6.1/10 ရရှိထားပြီး အခြေအနေမတူတဲ့ လူနှစ်ယောက်ရဲ့ဘဝကို ခံစားကြည့်ရှူရမယ့် ကားလေးဖြစ်လို့ ကြည့်ရှုလိုက်ပါဦးနော်။ (ဘာသာပြန်နဲ့ အညွှန်းကိုတော့ CM Bollywood Team က ခံစားရေးသားထားပါတယ်)

6.1 2024 156 mins
Adios Amigo
Mononoke the Movie: The Phantom in the Rain
8

IMDB – 8.2/10, MyAnimeList – 7.9/10 Mononokoe အကြောင်း စပြောရမယ်ဆိုရင် သူ့ရဲ့ အံ့သြဖွယ်ရာ Art Style တွေပဲ ဖြစ်ပါတယ်။ ပုံမှန် Anime နဲ့ မတူပဲ အရောင်တွေစုံလင်ပြီး ကြည့်နေရတာ လှုပ်ရှားနေတဲ့ ရေဆေးပန်းချီကားချပ်တွေလိုပါပဲ။ မကြည့်တတ်တဲ့လူတွေအတွက်တော့ နည်းနည်းခေါင်းမူးစရာ ဖြစ်နေမလားတော့ မသိပါဘူး။ ကဲ Mononoke ရဲ့ အကြောင်းပြောရမယ်ဆို သူက Supernatural စီးရီးက ညီအစ်ကိုနှစ်ကောင်လို ဆရာမ ဒဂုန်ခင်ခင်လေးရဲ့ မှော်ဆရာမှတ်တမ်းထဲက အထက်လမ်းအပနှင်ဆရာတွေလိုပဲ ဒီထဲက ဘဲကြီးကလည်း ဆေးကုန်သည်အဖြစ် ရွာရိုးကိုးပေါက် လျှောက်သွားပြီး ပရလောက ဖြစ်ရပ်ဆန်းကြယ်တွေကို လိုက်လံဖြေရှင်းပေးတဲ့လူပါ။ သူ့ဆီမှာ ထူးဆန်းတဲ့ ဓားတစ်ချောင်း ရှိနေပြီး အဲဒီ ပရလောကသားတွေကို နှိမ်နှင်းဖို့ “သွင်ပြင်သဏ္ဍာန်” “အမှန်တရား” “အကြောင်းရင်း” ဒီ အချက် ၃ ချက်နဲ့ ပြည့်စုံမှ ဓားကို ကိုင်စွဲပြီး သုတ်သင်ဖြေရှင်းပေးတာပါ။ ဒီရုပ်ရှင်မှာကျ ဇာတ်လမ်းက ဂျပန်ရှေးခေတ် နန်းတွင်း အပျိုတော်အတွင်းဆောင်တစ်ခုမှာ အခြေခံထားတာပါ။ တစ်ယောက်က ထူးချွန်ထက်မြက်ပြီး နောက်တစ်ယောက်က ပျာယာစိန်ဆိုပြီး ကောင်မလေးနှစ်ယောက် အပျိုတော်အဆောင်ကို အလုပ်လုပ်ဖို့ ရောက်လာကြတယ်။ မကြာခင် အရှင်မင်းမြတ်ရဲ့ ကလေးမွေးဖွားခြင်း မင်္ဂလာပွဲအခမ်းအနားက စတော့မယ်။ အရင်တုန်းက အခမ်းအနားပွဲက ဘာကြောင့်ပျက်သွားရတာလဲ၊ အပျိုတော်တစ်ယောက် ပျောက်ဆုံးခဲ့တာကရော ဘာကြောင့်များလဲ၊ သူတို့နန်းတွင်းထဲက ထူးဆန်းတဲ့ ရေတွင်းကြီးက ဘာကြီးလဲ စသဖြင့် ပဟေဠိများစွာနဲ့ အစပိုင်းမှာ ဇာတ်ကို ရုပ်လုံးဖော်ပြီး နောက်ကျမှ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ Anime ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ သူက ၂၀၀၇ ခုနှစ်တုန်းက ၁၂ ပိုင်းပါ စီးရီးထွက်ခဲ့ပါသေးတယ်။ အခုဟာကတော့ ၂၀၂၄ မှာ စတင်ခဲ့တဲ့ ရုပ်ရှင် ၃ ကား စီမံကိန်း ဖြစ်ပြီး ပထမဆုံးထွက်လာတဲ့ ရုပ်ရှင်အသစ်စက်စက် ဖြစ်ပါတယ် ဒုတိယကားကိုတော့ နောက်နှစ်ထဲမှာပဲ ရုံတင်သွားမယ်လို့ ကြေငြာထားပါတယ်။ သူ့ဇာတ်လမ်းက ထူးခြားတဲ့ သရဲဇာတ်လမ်းအကြောင်းလေးတွေနဲ့ အပနှင်တာတွေပဲမို့ စီးရီးမကြည့်ပဲ ဒီ ရုပ်ရှင်သက်သက်ကြည့်လည်း ရပါတယ် စီးရီးကိုလည်း မကြာခင် အမြန်ဆုံး တင်ပေးမှာပါ။ File Size : 3.3 GB, 1.6 GB Quality : WEB-DL 1080p / 720p Running Time : 1hr 29min Format : Mp4 Genre : Fantasy, Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by : Thura Aung Encode by : Thit San Khant

8 2024 91 mins
Mononoke the Movie: The Phantom in the Rain
Laws of Man
4.3

Laws of Man (2025) ဒုတိယကမ္ဘာစစ်အပြီး စစ်အေးတိုက်ပွဲရဲ့အစောပိုင်းကာလအချိန်..။ ဖရန့်ခ်နဲ့ တွမ်မီဆိုတဲ့ ယူအက်စ်မာရှယ်နှစ်ယောက် နီဗားဒါးပြည်နယ်က မြို့လေးတစ်မြို့မှာ ၀ရမ်းပြေးတရားခံတစ်ယောက်နောက်ကို လိုက်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သက်သေတစ်မှုန်တစ်စိမှ မတွေ့ရတဲ့အပြင် ရှိခဲ့ဖူးတဲ့တစ်ခုတည်းသောသက်သေကလည်း ရုံးမီးလောင်တဲ့ထဲ ပါသွားတယ်ဆိုတော့ တရားခံကိုဖမ်းဖို့ အကျပ်ရိုက်နေခဲ့ကြတယ်။ မြေယာအတွက်နဲ့ပဲ လူသတ်မှုတွေဆက်တိုက်လုပ်နေတယ်လို့ သူတို့ထင်ထားတဲ့တရားခံက သူတို့ထင်မှတ်မထားတဲ့ ကိစ္စကြီးတစ်ခုမှာပါနေတာကို သိရတဲ့အခါမှာတော့..။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyo ဖြစ်ပါတယ်။) File size…(1.1 GB) / (670 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Crime,Drama, Thriller, War Duration….01:39:49 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Pyae Phyo

Thriller • Crime • Mystery • Action
4.3 2025 91 mins
Laws of Man
Riff Raff
6

တကယ့်ဒိတ်ဒိတ်ကြဲ နာမည်ကြီးသရုပ်ဆောင်ကြီးတွေပဲ ပါဝင်သရုပ်ဆောင်ထားတဲ့ မိသားစုဟာသဇာတ်ကား ကောင်းလေးတစ်ကားကို ထပ်မံတင်ဆက်ပေးလိုက်ပါတယ်။ မိသားစုဟာသကားဆိုလို့ နူးနူးညံ့ညံ့တော့မထင်လိုက်ပါနဲ့။ မိသားစုတွေကြားထဲကအချစ်အကြောင်းကို ကြမ်းကြမ်း တမ်းတမ်း အပစ်အခတ်တွေနဲ့ပုံဖော်ထားတာဖြစ်ပြီး ဇာတ်လမ်းကကောင်းလွန်းလို့ တစ်ကားလုံးမပျင်းရဘဲ ပရိသတ်ကိုစီးမျောခေါ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Riff Raff ဖြစ်ပြီး လက်ရှိ IMDb Rating 6.0 အထိရရှိထားပါတယ်။ သရုပ်ဆောင်တွေကလည်း လူငယ်ဘ၀မှာတင်မကဘဲ အခုအသက်ကြီးတဲ့အထိ ကြမ်းနေဆဲဖြစ်တဲ့ အက်ရှင် လူကြမ်းမင်းသားကြီး Ed Harris တို့ American Pie Series မှာနာမည်ကြီးခဲ့တဲ့ Jennifer Coolidge တို့ နာမည်ကြီး ကလေးဟာသသရုပ်ဆောင် Miles J. Harvey တို့အပြင် တခြားသော နာမည်ကြီးတွေများစွာပါဝင်ထားတဲ့အတွက် တစ်ခါလောက်တော့ မကြည့်မဖြစ်ကြည့်သင့်တဲ့ ဇာတ်ကား တစ်ကားလို့ပြောလို့ရပါတယ်။ ဇာတ်လမ်းက မိသားစုအကြောင်းဖြစ်တဲ့အတွက် ဒီဇာတ်ကားရဲ့ အဓိကမိသားစုအကြောင်းစပြောရမှာပါပဲ။ ဒီဂျေဆိုတဲ့ကောင်လေးက သူ့အမေဆန်ဒီနဲ့အတူတူ သူ့ပထွေး ဆိုပေမဲ့ အဖေအရင်းလိုချစ်ရပြီး အဖေလို့ပဲခေါ်တဲ့ဗင်းဆင့်တို့နဲ့ အတူတူ ပျော်ရွှင်တဲ့မိသားစုလေးကိုထူထောင်ပြီးနေထိုင် ကြပါတယ်။အခုလည်း နှစ်သစ်ကူးနေ့မှာအပန်းဖြေဖို့အတွက် ကျေးလက်က သူတို့ရဲ့အပန်းဖြေအိမ်မှာသွားရောက်နေထိုင် နေကြပါတော့တယ်။ဒါပေမယ့် အဲ့ဒီညမှာပဲ သူတို့ဆီကို မထင်မှတ် ထားတဲ့ ဧည့်သည်တွေရောက်ချလာပါတော့တယ်။ အဲ့ဒီဧည့်သည်တွေကဘယ်သူတွေလဲဆိုရင်တော့ ဗင်းဆင့်ရဲ့ သားအရင်း ရော့ကို သူ့ကောင်မလေးနဲ့ သူ့အရင်မိန်းမ ရုသ်တို့ပဲ ဖြစ်ပါတယ်။ရောက်လာတဲ့ပုံစံကတော့ ရေးကြီးသုတ်ပျာဖြစ်နေပြီး ဘာအကြောင်းအရင်းကြောင့်လဲဆိုတာလည်း သေချာမသိရ သေးပါဘူး။ဒါပေမယ့် အဖေဖြစ်တဲ့ဗင်းဆင့်ကတော့ သူ့သား တစ်ကောင် ပြဿနာရှာလာပြီမှန်း တန်းသိလိုက်ပါတော့တယ်။ ဒီလိုနဲ့ဒီအိမ်မှာ မိသားစု ၂ ခုအတူပေါင်းနေခဲ့ရပြီး ရော့ကိုသယ် လာတဲ့ပြဿနာတွေက ဒီအိမ်အထိလိုက်လာမလား…… အဲ့ဒီပြဿနာကရော ဘာဖြစ်မလဲ….. မိသားစုတစ်ခုအနေနဲ့ရော အဲ့ဒီပြဿနာကို သူတို့တွေအတူတူ ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာတွေကိုပါ စိတ်ဝင်စားစရာကောင်းစွာ ရှုစားရမဲ့ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size… (1.51 GB) / (743 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 43m Genre …. Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

Action • Drama
6 2024 103 mins
Riff Raff
Star Trek: Insurrection

ဂန္တဝင်အာကာသရုပ်ရှင်တွေထဲက အပါအဝင်တစ်ခုဖြစ်တဲ့ Startrek Saga ထဲက ရုပ်ရှင်ကားကောင်းတစ်ကားပါ စတားထရက်ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကပ္ပတိန်ကာ့ခ် ဂျွန်လုပစ်ကာ့ မစ္စတာဝုဖ် ..ဘို့ဂ်မျိုးနွယ်နဲ့ အာကသယာဉ်ပျံကြီးတွေ ဒါတွေက ၉၀ ကာလက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေကြားထဲမှာခေတ်ရှေ့ပြေးဆုံး ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်… အခုရုပ်ရှင်မှာလည်း ကပ္ပတိန်ဂျွန်လုပစ်ကာ့တို့ဦးဆောင်တဲ့ အင်တာပရိုက်စ်အဖွဲ့ဟာ မသေမျိုးတွေအဖြစ်နေထိုင်နေတဲ့ ဂြိုလ်ကလူတွေပေါ်ကျရောက်လာတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဂြိုလ်သားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အာကာသစွန့်စားခန်းရုပ်ရှင်ကောင်းတစ်ခုပါ File size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing

Comedy • Drama
0 1998
Star Trek: Insurrection
Kabuliwala
5.5

Kabuliwala (2024)”ကာဘူလီဝါလာ” ============================= အိန္ဒိယ ဂန္ထဝင်ကဗျာဆရာ၊ စာရေးဆရာကြီး ရာဘင်ဒြာနတ်တဂိုးရေးသားခဲ့တဲ့ ဝတ္ထုတိုကို ပြန်လည်အသက်သွင်းထားတဲ့ ဟင်ဒီစကားပြော ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းကိုပဲ ၁၉၆၁ ခုနှစ်တုန်းကလည်း ရုပ်ရှင်တစ်ခုထွက်ရှိခဲ့ပြီး အခုရုပ်ရှင်ကတော့ ၁၉၆၁ ခုနှစ်ရုပ်ရှင်ရဲ့ Remake ဖြစ်ကာ မင်းသားကြီး မီသွန်းချာကရာဘော်တီက ကာဘူလီဝါလာနေရာကနေ သရုပ်ဆောင်ပါဝင်ထားပါတယ်။ ရုပ်ရှင်နာမည်ဖြစ်တဲ့ ကာဘူလီဝါလာဆိုတာကတော့ အဝေးကြီးကနေ အိန္ဒိယကို အလုပ်လာလုပ်ကြတဲ့ အာဖဂန်နွယ်ဖွားတွေကို အိန္ဒိယကလူတွေခေါ်ကြတဲ့နာမည်ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဟာ ၁၉၆၀ ခုနှစ်တွေမှာ ဇာတ်အိမ်တည်ထားတာပါ။ အာဖဂန်နစ္စတန် နယ်စပ်မှာတည်ရှိပြီး ရွှံ့နဲ့လုပ်ထားတဲ့အိမ်လေးတွေရှိတဲ့ ရွာလေးတစ်ရွာမှာ ရာမတ်နဲ့ ရာဇီယာဆိုတဲ့သားအဖနှစ်ယောက်ရှိပါတယ်။ ရာဇီယာလေးဟာ ရာမတ်တို့ဇနီးမောင်နှံ အသက်ကြီးမှရတဲ့ သမီးဦးလေးဖြစ်ပြီး ရာမတ်ရဲ့ဇနီးကတော့ ဆုံးပါးသွားခဲ့ပါပြီ။ သူတို့ရွာလေးဟာ ကန္တာရထဲမှာရှိတဲ့ နယ်စပ်ရွာလေးဖြစ်တဲ့အတွက် အစာရေစာရှားပါးပြီး အသက်ရှင်ရပ်တည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ အဲဒီလိုနဲ့ ရပ်တည်ဖို့ကြိုးစားရင်း အကြွေးတွေတင်လာတဲ့အတွက် ရာမတ်ဟာ သူ့သမီးလေးကို အဘွားဖြစ်သူနဲ့ထားခဲ့ကာ ကာလကတ္တားကို အလုပ်သွားလုပ်ဖို့ဖြစ်လာပါတယ်။ အသက်ရှင်ရပ်တည်ရေးအတွက် သမီးလေးနဲ့ မိုင်ထောင်ချီအဝေးမှာ အလုပ်လုပ်နေရတဲ့ရာမတ်ဟာ သူ့သမီးလေးနဲ့တူတဲ့ မီနီဆိုတဲ့ကလေးမလေးနဲ့ သားအဖသံယောဇဉ်ဖြစ်လာပုံကို လွမ်းစရာကောင်းအောင်၊ ရင်နင့်စရာကောင်းအောင် ပုံဖော်ပြထားတဲ့ ရုပ်ရှင်ကောင်းလေးတစ်ပုဒ်ဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

Western • Action • Drama • Romance • Thriller
5.5 2024 101 mins
Kabuliwala
Love Strange Love
5.7

“Love Strange Love” ဟာ ဘရာဇီးလ်စာရေးဆရာနဲ့ ဇာတ်ညွှန်းဆရာ Alfredo Sirkis ရေးသားခဲ့တဲ့ “Os Carbonários” ဆိုတဲ့ ဝတ္ထုကို အခြေခံပြီး ရိုက်ကူးထားတဲ့ ၁၉၈၂ ခုနှစ်ထုတ် ဘရာဇီးလ်ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ Walter Hugo Khouri က ရိုက်ကူးခဲ့တာဖြစ်ပြီး လိင်ပိုင်းဆိုင်ရာ အကြောင်းအရာတွေကို ပွင့်ပွင့်လင်းလင်း တင်ဆက်ထားတဲ့အတွက် ထွက်ရှိစဉ်က အတော်လေး အငြင်းပွားဖွယ် ဖြစ်ခဲ့တဲ့ ၁၈ယောက်စုကြည့်ရမယ့် ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းက Paul (Paulo Figueiredo) ဆိုတဲ့ ချမ်းသာတဲ့ စီးပွားရေးသမားတစ်ယောက်ရဲ့ အကြောင်းကို အဓိကထားပြီး တင်ဆက်ထားပါတယ်။ Paul ဟာ သူ့အဖေရဲ့အိမ်ကြီးဆီကို အလည်ပြန်ရောက်လာပြီး အဲဒီမှာ သူ့ရဲ့ငယ်ဘဝအမှတ်တရတွေ၊ အထူးသဖြင့် သူ့အဖေရဲ့ လက်အောက်ငယ်သားဖြစ်ခဲ့တဲ့ လှပတဲ့ Anna နဲ့ သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ ဆက်နွှယ်မှုတွေကို ပြန်လည်အမှတ်ရလာပါတယ်။ ဇာတ်လမ်းက ပစ္စုပ္ပန်နဲ့ အတိတ်ကို ဒွန်တွဲပြီး ပြသထားပြီး Paul ရဲ့ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုတွေ၊ လိင်ပိုင်းဆိုင်ရာ စွဲလမ်းမှုတွေနဲ့ လူ့အဖွဲ့အစည်းရဲ့ ကန့်သတ်ချက်တွေကို ဖောက်ထွက်ချင်တဲ့ ဆန္ဒတွေကို ပေါ်လွင်အောင် ရိုက်ပြထားတာ ဖြစ်ပါတယ်။ File size… 1.4 GB / 1.1 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 2m Genre ….. Drama/History Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by JimX

Drama • Comedy
5.7 1982 123 mins
Love Strange Love