YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Yellow.Sky.1948.1080p.BluRay (CM).mp4

2.02 GB N/A video/mp4 52 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Reality
6.3

Reality (2023) ~ IMDb - 6.6/10, Rotten Tomatoes - 97% ~ ခရမ်းချဉ်သီးပုပ် 97% ရရှိထားတဲ့ ဖြစ်ရပ်မှန်မှုခင်းရုပ်ရှင်ဖြစ်ပါတယ်။ ထူးခြားတာကတော့ FBI အေးဂျင့်တွေ လက်တွေ့မှာ အဲဒီအမှုကိုစစ်မေးထားတဲ့ အသံဖမ်းစက်ထဲက စကားတွေအတိုင်း ဒိုင်ယာလော့တွေကို တစ်သဝေမတိမ်း သုံးထားတာပါပဲ။ အစိုးရရဲ့ လျှို့ဝှက်ချက်တွေကို ပြည်သူတွေဆီဖွင့်ချတဲ့လူတွေကို Whistleblower လို့ခေါ်ပါတယ်။ Snowden ကိစ္စဖြစ်ပြီးကတည်းက အမေရိကန်တွေဟာ Whistleblower တွေကို အတော်လေးကြပ်ကြပ်မတ်မတ် ကိုင်တွယ်လာကြတာပါ။ အခု ဒီရုပ်ရှင်ထဲက လေတပ်ဘာသာပြန်သမားဟောင်း Reality Winner (နာမည်ရင်း) ကလည်း အဲဒီအမှုအတွက် သမိုင်းတစ်လျှောက်အရှည်ကြာဆုံးပြစ်ဒဏ် ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရပါတယ်။ 2016 တုန်းကဖြစ်သွားတဲ့ အချက်အလက်ပေါက်ကြားမှုအပေါ်အခြေခံရိုက်ကူးထားတာဖြစ်ပြီး အဲဒီအချိန်က ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာ‌တဲ့အချိန်မှာ ရွေးကောက်ပွဲကို ရုရှဟက်ကာတွေ ဝင်စွက်ဖက်တယ်ဆိုတဲ့သတင်းတွေကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့တာ မှတ်မိကြမှာပါ။ တကယ်တမ်းလည်း ရုရှဟက်ကာတွေက စွက်ဖက်ခဲ့တာဖြစ်ပြီး Reality က အဲဒီသက်သေတွေကိုလူထုဆီဖွင့်ချဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့် FBI အေးဂျင့်တွေရဲ့ စစ်မေးပုံကိုတွေ့ရမှာဖြစ်ပြီး ဒီမိုကရေစီဘိုးအေဆိုတဲ့နိုင်ငံကြီးမှာတောင် သတင်းအမှောင်ချတဲ့ကိစ္စတွေရှိသေးတာကိုတွေ့ရမှာဖြစ်ပါတယ်။ Reality Winner နေရာကနေ သရုပ်ဆောင်ထားတာကတော့ Euphoria နဲ့ The White Lotus စီးရီးတွေမှာ အရေးပါတဲ့နေရာတွေကနေပါဝင်ထားတဲ့ Sydney Sweeney ဖြစ်ပါတယ်။ ဒီဖြစ်ရပ်မှန်ရုပ်ရှင်ဟာ ဘာလင်နိုင်ငံတကာရုပ်ရှင်ပွဲတော်မှာ ဆု ၂ နေရာအတွက် ဆန်ကာတင်စာရင်းဝင်ထားပြီး ဝေဖန်ရေးဆရာတွေရဲ့ မှတ်ချက်ကောင်းတွေရထားတာကြောင့် ဖြစ်ရပ်မှန်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်ရင် လက်မလွှတ်သင့်တဲ့ရုပ်ရှင်တစ်ခုပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.15GB, 620MB Quality - 1080p, 720p IMDb Rating - 6.6/10 Format - mp4 Duration - 1H 23Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
6.3 2023 83 mins
Reality
D Block
5.3

တက္ကသိုလ်ကျောင်း စတက်ခါက ပထမနှစ်ကျောင်းသားဘဝဟာ ကျွန်တော်တို့ဘဝရဲ့ အကောင်းဆုံးအချိန်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဆယ်ကျောက်သက်အရွယ်ဖြစ်တာမို့ အရာရာကို စူးစမ်းချင်စိတ်ကလည်း တဖွားဖွား...။ တက္ကသိုလ်ရဲ့ အနှစ်သာရကို စတင်ခံစားရတဲ့အချိန်ဖြစ်ပြီး ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း ရသပေါင်းစုံ ခံစားရတဲ့အပြင် ဘဝဇာတ်ခုံအဖုံဖုံကိုလည်း ကိုယ်တိုင်ရင်ဆိုင်တွေ့ကြုံကြရတာပေါ့။ ဇာတ်လမ်းအကျဉ်း နည်းပညာတက္ကသိုလ်ကျောင်းကို ပထမဆုံးခြေဆန့်ရတဲ့ ကျောင်းသားတွေက တက္ကသိုလ်ရဲ့ အရသာကို ပျော်ရွှင်ခံစားနေကြပါတယ်။ နှစ်ချို့ စီနီယာ ကျောင်းပျော်ကြီးနဲ့အတူ တစ်ခန်းတည်းကျတဲ့ ဘော်ဒါသုံးယောက်ကို မြင်လိုက်ရတော့ Amir Kham ရဲ့ 3 Idiots ကို သတိရစေခဲ့ပါတယ်။ ဒါပေမဲ့ ဒီကားမှာ 3 Idiots နဲ့ လုံးဝကို ခြားနားပြီး ဇာတ်အိမ်ခိုင်ခိုင်နဲ့အတူ ဇာတ်ကွက် မြှုပ်ကွက်တွေကြား ပရိသတ်တွေကို ရိုလာကိုစတာ စီးသလို ခံစားရစေမှာပါ။ တက္ကသိုလ်ကျောင်းဆိုတဲ့အတိုင်း လျှို့ဝှက်ချက်တွေ ရှိတတ်တာပေါ့။ ဒါပေမဲ့ တစ်နေ့မှာတော့ ကောလိပ်ဂိတ်စောင့်ရဲ့ သမီး ကျားသစ်ကိုက်ခံရာကနေ မသေဘဲ အသက်ဘေးက လွတ်ခဲ့ပါတယ်။ ဒါပေမဲ့ မင်းသားဟာ စူးစမ်းတတ်သူပီပီ ကျားသစ်ကိုက်တာ မဟုတ်ကြောင်း ရိပ်မိသွားခဲ့ပါတယ်။ အဲ့ဒီလိုနဲ့ မင်းသားဟာ ဘယ်သူမှ အဖြေရှာမရနေတဲ့ ကျောင်းရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေရင်း လူသေမှုတွေရဲ့ နောက်ကွယ်ကို သိရှိသွားတဲ့အခါမှာတော့... File size…2.67GB  /  1.2GB Quality… 1080p True WEB DL AAC5.1CH / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….Yk Translated by  Lwin Htoo Aung & Kevin Ag & Kham Mon

Comedy • Horror
5.3 2022 136 mins
D Block
Fear the Invisible Man

British Movie လေးဖြစ်တဲ့ ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် အဓိက သရုပ်ဆောင်မင်းသမီးကတော့ Mhairi Calvey မင်းသားကတော့ Mike Beckingham ဖြစ်ပြီးတော့ ဇာတ်ကားရဲ့ Title အတိုင်းပဲ ကိုယ်ပျောက်လူသားကားလေးတစ်ကားပေါ့နော် ဇာတ်လမ်းကတော့ 1897 ခုနှစ်အချိန်တေတုန်းက သိပ္ပံပညာကို အရူးအမူး စူးစမ်းရှာဖွေနေကြတဲ့ အချန်ကာလလေးကို ဇာတ်အိမ်တည်ထားတာပါ ဘဝတစ်ခုလုံးကို သိပ္ပံပညာရပ်အတွက်ပဲ ပုံအောထားတဲ့ ဂရစ်ဖင်ဆိုတဲ့ လူငယ်လေးတစ်ယောက် မထင်မှတ်ထားတဲ့ စမ်းသပ်ချက်တွေ့ရှိမှုတွေကနေ ကိုယ်ဖျောက်နိုင်ခဲ့ပြီး ဘယ်လိုကြီးကျယ်တဲ့အရာတွေလုပ်မလဲဆိုတာကိုတော့……. စိတ်လှုပ်ရှာရင်ခုန်စွာနဲ့ ကြည့်ရှုရမယ့် Crime/Horror ဇာတ်ကားကောင်းလေးတစ်ကားမို့ ကြည့်ရှုခံစားပေးကြပါဦး ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ် File size…(970 MB)/(420 MB)/(240 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:40:00 Genre…Thriller, Horror, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo

0 2023
Fear the Invisible Man
Showdown at the Grand
5.4

Showdown at the Grand (2023) ~ Rotten Tomatoes – 100% ~ ငယ်ငယ်တည်းက မိသားစုအမွေအနှစ်ဖြစ်တဲ့ ရုပ်ရှင်ရုံလုပ်ငန်းကို ဆက်ခံခဲ့ပြီး အမှတ်တရတွေပြည့်နေတဲ့ ဂန္ထ၀င်ရုပ်ရှင်ရုံကြီးကို တန်ဖိုးထား ဂုဏ်ယူတဲ့ ဂျော့ရှ်… အချိန်တွေကြာလာတော့ စီးပွားရေးသိပ်အဆင်မပြေတော့ပေမဲ့ မစွန့်ပစ်ဘဲ ဆက်လက်ထိန်းသိမ်းခဲ့သူ။ ဂျော့ရှ်အကြိုက်ဆုံး အက်ရှင်ကားတွေရဲ့ ဇာတ်လိုက်ကျော်သူရဲကောင်းက ကလော့လုဟယ်လီဒေးဖြစ်ပြီး သူပါသမျှရုပ်ရှင်တိုင်း မလွတ်တမ်းကြည့်ခဲ့ပြီး ပစ္စည်းတွေပါ စုဆောင်းထားပါတယ်။ ပြသာနာက အဖွဲ့အစည်းတစ်ခုက ဂျော့ရှ်တို့ရပ်ကွက်မှာ ခေတ်မီ Facilities တွေ အရာအားလုံးပါ၀င်တဲ့ အိမ်ရာစီမံကိန်းလိုမျိုးဆောက်ဖို့ စီစဉ်တာကနေ စပါတယ်။ ဂျော့ရှ်ရဲ့ရုပ်ရှင်ရုံရော အနားတစ်ဝိုက်က နေရာတွေကိုပါ ၀ယ်ပြီး ဖယ်ခိုင်းတာကြောင့်ပါ။ ဂျော့ရှ်က သူ့အတွက်အရာရာဖြစ်တဲ့ နေရာကိုမရောင်းဘူးငြင်းဆန်တဲ့အခါ… Developers တွေက နည်းမျိုးစုံသုံးပြီး ဖယ်ပေးအောင် ကြိုးပမ်းပါတော့တယ်။ ဂျော့ရှ်ကလည်း တစ်ဖက်မှာ သူ့ရုံလူ၀င်အောင် သူ့ရဲ့သူရဲကောင်းကြီး ဟယ်လီဒေးကို မရရအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ ဟယ်လီ‌ဒေးရောက်လာတဲ့နေ့မှာပဲ ရန်သူတွေက ၀င်ရောက်အကြမ်းဖက်တဲ့အခါ ဂျော့ရှ်တစ်ယောက် သူ့ရဲ့ရုပ်ရှင်စတားနဲ့အတူ တိုက်ခိုက်ကာကွယ်တာကို ရှုစားရမှာပါ။ ဂျော့ရှ်က ရုပ်ရှင်ခရေဇီဖြစ်တဲ့အလျောက် တစ်ကားလုံး ဂန္ထ၀င်ရုပ်ရှင်ကားနာမည်တွေနဲ့ ဒိုင်ယာလော့တွေပါ ထည့်သုံးပြောသွားတာကိုပါ မြင်ရမှာဖြစ်ပါတယ်။ ပထမဆုံး War Machine ဖြစ်ခဲ့တဲ့ Terrence Howard အပြင် The Mentalist စီးရီးနဲ့ နာမည်ကျော်ခဲ့တဲ့ Amanda Righetti ကိုပါ ပြန်တွေ့ရမှာဖြစ်ပြီး ကိုယ်တွေကလေးဘဝတုန်းက ရုရှားအာနိုးလို့ ခေါ်ခဲ့ကြတဲ့ Dolph Lundgren ကြီးကိုလည်း ပြန်‌အားပေးနိုင်မယ့်ကားကောင်းတစ်ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.85GB, 800MB Quality – 1080p, 720p IMDb Rating – 5.4/10 Format – mp4 Duration – 1H 32Min Genre – Action, Comedy Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.4 2023
Showdown at the Grand
Dragonfly
6.1

Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ “အမ်မလီရဲ့ ဂျိုး” လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ နှလုံးရပ်သွားပြီးတဲ့နောက် ဟိုဘက်ခြမ်းမှာ အလင်းရောင်တစ်ခု၊ ဂျိုးရဲ့ ဓာတ်ပုံကိုပြနေတဲ့ အမျိုးသမီးတစ်ယောက်၊ သက်တံ့ရဲ့အဆုံးမှာ ကြက်ခြေခတ်ပုံကို တွေ့ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။ ခဏအကြာမှာတော့ နောက်ကလေးတစ်ယောက်ရဲ့ အခန်းမှာလည်း ကြက်ခြေခတ်ပုံတွေ တွေ့ခဲ့ပြီး ဂျိုးကို ချက်ချင်းမှတ်မိကာ “သက်တံ့ဆီကို သွားရမယ်” လို့လည်း ပြောခဲ့ပါတယ်။ အိမ်မှာလည်းပဲ ဇနီးသည်ရဲ့ အမှတ်အသားလို ဖြစ်နေတဲ့ “ပုစဉ်း”နဲ့ ပတ်သက်ပြီး အရိပ်အယောင်တွေ၊ နိမိတ်တွေ ကြုံတွေ့ခဲ့ရပြန်ပါတယ်။ ထူးခြားဆန်းကြယ်မှုတွေ အလုပ်မှာရော၊ အိမ်မှာပါ ဆက်တိုက်ကြုံတွေ့ပြီးတဲ့ နောက်မှာတော့ ဂျိုးအနေနဲ့ သိပ္ပံနည်းကျ ဖြေရှင်းလို့မရတဲ့ ဒီပြဿနာကို ဆေးရုံမှာ ကလေးငယ်တွေကို သေရွာပြန်အတွေ့အကြုံတွေအကြောင်း အင်တာဗျူးခဲ့ဖူးသူ စစ္စတာမက်ဒဲလိုင်းဆီကို အဖြေတစ်ခု ရှာဖွေဖို့ မရမက တွေ့ဆုံခဲ့ပါတယ်။ စစ္စတာမက်ဒဲလိုင်းကတော့ အမ်မလီအနေနဲ့ ဂျိုးကို တခြားဘက်က ဆက်သွယ်ဖို့ ကြိုးစားနေတာဖြစ်ကြောင်း အခိုင်အမာပြောဆိုခဲ့ပါတယ်။ နောက်ဆုံး ဦးနှောက်သေနေတဲ့ လူနာတစ်ယောက်ဆီက သူ့ဇနီးရဲ့ ခေါ်သံကို ကြားရပြီး ဆေးရုံမှာ အုတ်အော်သောင်းတင်း အခြေအနေတစ်ခု ဖြစ်ပွားခဲ့ပြီးချိန်မှာတော့ ဂျိုးအနေနဲ့ လုပ်ငန်းခွင်ဝင်ဖို့ မဖြစ်နိုင်တော့ဘဲ အလောင်းလုံးဝရှာမတွေ့နိုင်တဲ့ သူ့ဇနီးရဲ့မတော်တဆဖြစ်ရပ်ကို အသေးစိတ်စုံစမ်းဖို့ သူ့မိန်းမ သေဆုံးခဲ့ရာ တောင်အမေရိကနယ်မြေကို ခရီးဆက်ခဲ့ပါတယ်။ မသိခြင်းများစွာကနေတစ်ဆင့် ပဟေဠိတစ်ခုကို အဖြေညှိရှာဖွေနိုင်မလားဆိုတာကို လျှို့ဝှက်ဆန်းကြယ်ကြိုက် ပရိသတ်တွေ ကြည့်ရှုနိုင်ဖို့ CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။ File size… 2.2 GB / 809 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 44m Genre ….. Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

6.1 2002
Dragonfly
Yaariyan 2
5.3

Yaariyan 2 (2023) “အချစ်များ လွှမ်းခြုံ၍” မြူးမြူးကြွကြွ ဟင်ဒီ ရိုမန့်ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ် သီချင်းလေးတွေကအစ တောတောင်ရှုခင်းလေးတွေအဆုံး energetic ဖြစ်တဲ့ လူငယ်အချစ်ဟာသကားလေးပါ လာဒ်လီက မွေးရာပါသွေးအားနည်းရောဂါကနေ နလံထူလာသူဖြစ်ပြီး သူကြိုးစားခွင့်မရခဲ့တဲ့ အခွင့်အရေးကို လှမ်းတက်မယ် ပြင်ကာမှ “အမေ့နို့ဖိုး” ခေါင်းစဥ်တပ်ပြီး တစ်ခုလပ်အမေက ယောကျာ်းပေးစားဖို့ အတင်းအကျပ်တိုက်တွန်းပါတယ် အစမှာတော့ အမေ့ဆန္ဒလိုက်လျောလိုက်ရရုံဆိုပေမဲ့ တကယ်တမ်း အဲဒီအမျိုးသားကို သဘောကျသွားပြီး လက်ထပ်ဖို့ဖြစ်လာတယ် သူနဲ့ သူငယ်ချင်းလိုခင်တဲ့ ဝမ်းကွဲအစ်ကိုနှစ်ယောက် ဘာဂျူနဲ့ ရှီခါတို့ပါ လက်ထပ်ပွဲကို ရောက်လာကြပြီး သူတို့မောင်နှမသုံးယောက်လုံး ဘယ်လိုစွန့်စားခန်းတွေကို ဆက်လက်ခရီးဆက်ကြပြီး ဘယ်နည်းဘယ်ဖုံ အချစ်ကို ရှာကြမလဲဆိုတာကို… တောင်ပေါ်မြို့လေးမှာ ဆိုင်ကယ်မောင်းပြိုင်ပွဲတွေရယ် မြူးမြူးကြွကြွသီချင်းလေးတွေနဲ့ အရောင်အသွေးစုံလင်စွာ တင်ဆက်ထားတဲ့ ဒီကားလေးမှာ ဆက်ကြည့်လိုက်ကြပါဦး အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ်

5.3 2024
Yaariyan 2
Kill Your Lover
5.8

သမီးရည်းစားဆက်ဆံရေးတွေမှာ တစ်ဖက်က ဖောက်ပြန်မှ တစ်ဖက်က စိတ်ကုန်ပြီး ပြတ်စဲ ကြတာမျိုးတွေပဲရှိတာမဟုတ်ပါဘူး။ အစက ကိုယ်အရမ်းသဘောကျခဲ့ရတဲ့ ချစ်ရသူဟာ အချိန်ကြာလာတော့မှ ကိုယ်နဲ့ အကျင့်စရိုက်တွေ အတွေးအခေါ်တွေ နေပုံထိုင်ပုံတွေ မတူညီလာတဲ့အခါ ပြဿနာ အသေးအမွှားလေးတွေက ရင်ထဲမှာ အစိုင်အခဲကြီးတစ်ခုအနေနဲ့သွားစုနေတတ်ပါတယ်။ ဒီလို အစိုင်အခဲကြီးက ကြီးထွားလာတာနဲ့အမျှ တစ်ဦးအပေါ်တစ်ဦး နားမလည်နိုင်တော့ဘဲ စိတ်ကုန်လာပြီး လမ်းခွဲပြတ်စဲကြတာမျိုးအထိဖြစ်သွားတတ်ပါတယ်။ ဒီဇာတ်ကားထဲက ဒက်ကိုဒါဟာလည်း အဲဒီလိုတွေ ခံစားနေရတာကြောင့် ရည်းစားဖြစ်သူနဲ့ လမ်းခွဲ ပြတ်စဲဖို့ အချိန်ကောင်းကိုစောင့်နေသူပါ။ ဒက်ကိုဒါဟာ အက်ဆဲနဲ့မတွေ့ခင်က ရော့ခ်ဂီတတီးဝိုင်း တစ်ခုရဲ့ အဖွဲ့ဝင်၊ မိုက်ကန်းကန်းကောင်မလေးတစ်ယောက် ဆိုပေမဲ့ အဲဒါကိုသဘောမကျတဲ့ အက်ဆဲက ဒက်ကိုဒါရဲ့ ပုံစံကိုပြောင်းလဲအောင်တဖြည်းဖြည်းလုပ်ယူခဲ့ပါတယ်။ အချိန်ကြာလာတဲ့အမျှ သူ့ကိုယ်သူပျောက်ဆုံးလာတယ်လို့ ခံစားရတဲ့ ဒက်ကိုဒါဟာ အက်ဆဲနဲ့လမ်းခွဲဖို့ ပြင်ဆင် ပါတော့တယ်။ ဒါပေမဲ့ သူလမ်းခွဲစကားပြောမဲ့နေ့မှာပဲ အက်ဆဲဟာ သူ့ရဲ့ဓာတုဗေဒအလုပ်ကနေ ထိခိုက်လာပြီး ခန္ဓာကိုယ်အနှံ့ အမည်းရောင်သွေးကြောတွေပေါ်လာကာ လောင်ကျွမ်းစေတဲ့ ဓာတုရည်တွေစိမ့်ထွက်လာပါတော့တယ်။ ဒီလိုနဲ့ သာမန် သမီးရည်းစား ပြဿနာဖြေရှင်းခန်း ဇာတ်လမ်း တစ်ပုဒ်ကနေ သွေးသံတရဲရဲ ဟော်ရာဇာတ်လမ်းအဖြစ်ကို ပြောင်းလဲသွားပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတော်တော်များများမှာ အဖော်အချွတ် လိင်ဆက်ဆံခန်းတွေ၊ သွေးထွက်သံယိုပြကွက်တွေပါဝင်တဲ့ အတွက်ကြောင့် မိသားစုဝင်တွေ ကလေးသူငယ်တွေနဲ့ အတူကြည့်ရှုဖို့မသင့်တော်ပါဘူး။ ဒက်ကိုဒါနဲ့ အက်ဆဲတို့နှစ်ယောက် ဘယ်လိုဇာတ်သိမ်း သွားမလဲဆိုတာကိုတော့ ဇာတ်ကားထဲမှာပဲ ဆက်လက် ကြည့်ရှုလိုက်ကြပါဦး။ File size…1.1GB / 470MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 7m Genre ….. Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Muse

5.8 2023 77 mins
Kill Your Lover
Dealing with Dad

IMDb – 7 / RT – 78% နဲ့ ဆု ၁၁ ဆုအထိရထားတဲ့ ကော်မဒီ ဒရာမာရုပ်ရှင်တစ်ကားပါ။ ဒီရုပ်ရှင်ထဲမှာ အဖေနဲ့ သားသမီးတွေအကြားကဆက်ဆံရေးကို ရိုက်ပြထားပါတယ်။ တရုတ်မိသားစုတစ်ခုမှာ မာဂရတ်ဆိုတဲ့အငယ်‌ဆုံးသမီးရယ် လယ်ရီ နဲ့ ရွိုင်ဆိုတဲ့ အစ်ကိုနှစ်ယောက်ရယ်ရှိပါတယ်။ မာဂရတ်က မိဘအိမ်ကနေပြောင်းနေပြီး အိမ်ထောင်ကျလို့ ကလေးတစ်ယောက်ရနေပါပြီ။ တစ်ရက်မှာတော့ အဖေဖြစ်သူ အိပ်ရာထဲလဲနေတယ်ဆိုတဲ့သတင်းကိုကြားပြီး မာဂရတ်တစ်ယောက် အစ်ကိုဖြစ်သူနှစ်‌ယောက်ကို ပြာပြာသလဲအကြောင်းကြားပြီး မပြန်ချင်တဲ့အိမ်ဆီပြန်လာခဲ့ပါတယ်။ တကယ်တော့ မာဂရတ်တို့မောင်နှမသုံးယောက်နဲ့ အဖေဖြစ်သူကြီးနဲ့က လုံး၀မတည့်ကြပါဘူး။ ‌အေးရှန်းမိသားစုတွေ အထူးသဖြင့် တရုတ်မိသားစုတွေမှာ မိဘတွေကသားသမီးတွေအပေါ် အရမ်းတင်းကျပ်ကြပါတယ်။ ဒီအဖေကြီးကလည်း သားသမီးသုံးယောက်လုံးကို တချိန်လုံးမျက်စိဒေါက်ထောက်ကြည့်နေပြီး အပြစ်မရှိအပြစ်ရှာ အော်ဟစ်ကြိမ်းမောင်းခဲ့တာကြောင့် သားသမီးသုံးယောက်နဲ့အကြားမှာဆက်ဆံရေးက မကောင်းခဲ့ပါဘူး။ ဒါပေမဲ့ ဒီလိုအမြဲတစ်ခုမဟုတ်တစ်ခု ဆူပူနေတတ်တဲ့အဖေကြီးက ရုတ်တရက် အခန်းထဲကအခန်းပြင်မထွက်တော့ဘဲ တနေကုန် အိပ်ရာပေါ်မှာတီဗီကြီးဖွင့်လျက်နဲ့ပဲ လှဲနေ‌တဲ့အဖြစ်ကိုရောက်သွားပါတယ်။ ဒီလိုနဲ့ အငယ်ဆုံးသမီးမာဂရတ်တစ်ယောက် အိမ်ပြန်ရောက်သွားပြီး အစ်ကိုဖြစ်သူတွေဖြစ်ကြတဲ့ အာမခံကုမ္ပဏီမှာလုပ်နေတဲ့ရွိုင်ရယ်၊ action figure အရုပ်တွေရောင်း၀ယ်ပြီး မိဘအိမ်မှာကပ်နေနေတဲ့ ဂိမ်းဂျပိုးလယ်ရီနဲ့အတူ အဖေဖြစ်သူကို အရင်ကလိုပုံစံပြန်ဖြစ်လာအောင် ဘယ်လိုလုပ်ပေးကြရမလဲဆိုတာကို အဖြေရှာကြရပါတော့တယ်။ ဒါပေမဲ့လည်း အဖေဖြစ်သူရဲ့ ပြုစုပျိုးထောင်တဲ့ပုံစံက မှားယွင်းခဲ့တာကြောင့် သားသမီးတွေ အထူးသဖြင့် အငယ်ဆုံးသမီးဖြစ်တဲ့မာဂရတ်ဟာ ငယ်ဘ၀ကတည်းက စိတ်ဒဏ်ရာတွေနဲ့ကြီးပြင်းလာခဲ့ရတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အဖေနဲ့ပြန်ပြီးပြောဆိုဆက်ဆံရတာဟာ မာဂရတ်အတွက်တော့ မလွယ်ကူနေခဲ့ပါဘူး။ ဒါကြောင့်လည်း အရွယ်ရောက်လို့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်တဲ့အချိန်ကျ အိမ်ကနေလွတ်ရာကျွတ်ရာကိုထွက်သွားပြီး အိမ်ထောင်ပြုရင်းဘ၀သစ်ကိုစဖို့ဆုံးဖြတ်ခဲ့တာပေါ့။ ဒီလိုတစ်သက်လုံးအဆင်မပြေခဲ့ရတဲ့အဖေကြီးက နေ့ချင်းညချင်းပြောင်းလဲသွားတော့လည်း မာဂရတ်ခမျာ အောင့်အီးသည်းခံပြီးတော့ အသုံးမကျတဲ့အစ်ကိုနှစ်ယောက်နဲ့အတူ ဒီအဖေကြီးကိုနေပြန်ကောင်းအောင်လုပ်ပေးဖို့ရာကြိုးစားရင်းကနေ တစ်သက်နဲ့တစ်ကိုယ်မသိခဲ့ရတဲ့အကြောင်းအရာတွေကိုလည်း သိလာရပါတော့တယ်။ ဒီရုပ်ရှင်ရဲ့ဇာတ်အိမ်ကရိုးရှင်းပေမဲ့ ခိုင်တဲ့အထဲမှာပါပါတယ်။ သရုပ်ဆောင်ပိုင်းတွေ ဒိုင်ယာလော့တွေကလည်း အပိုအလိုမရှိအောင်ကောင်းပြီးတော့ ဟာသလေးတွေကလည်း အတင်းကလိထိုးရယ်ခိုင်းတဲ့ဟာသတွေမဟုတ်ဘဲ နေ့စဉ်ဘ၀မှာကြုံတွေ့နေရတဲ့အရာတွေကိုပဲ ရယ်စရာအဖြစ်ဖန်တီးထားတာကြောင့်လည်း တော်တော်လေးသဘာ၀ကျပါတယ်။ တစ်ကားလုံးမှာ ရုပ်ရှင်‌တွေ လက်တွေ့ဘ၀ကကိုးကားချက်တွေကိုလည်း ဖောဖောသီသီသုံးထားပြီးတော့ မောင်နှမသုံးယောက်အကြားက ခွီလို့ကောင်းမယ့်ဇာတ်၀င်ခန်းတွေနဲ့အတူ ဇာတ်ကားတစ်ခုလုံးကို အဆုံးထိကြည့်ချင်သွားအောင်ဆွဲဆောင်သွားမယ့်ရုပ်ရှင်ကားကောင်းလေးဖြစ်တာကြောင့် သေချာပေါက်မြည်းစမ်းကြည့်ရှုသင့်ပါကြောင်း။ File size…(1.7 GB)/(755 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre… Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant

0 2022
Dealing with Dad
Aloft
5.5

လွန်ခဲ့တဲ့ နှစ် ၂၀ ခန့်က မိမိကို စွန့်ပစ်သွားတဲ့ မိခင်ကို နာကျည်းရင်း ရှင်သန်နေထိုင်နေတဲ့ သိမ်းငှက်ဆရာ အိုင်ဗန်။ အိုင်ဗန်ကို စွန့်ပစ်သွားပြီး နာမည်ကြီး ယုံတမ်းသမားတော် တစ်ဦးဖြစ်လာခဲ့တဲ့ မိခင်ဖြစ်သူ နာနာ။ သတင်းမှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့အတွက် နာနာကို ရှာဖွေနေတဲ့ သတင်းထောက်ပေါက်စလေး ဂျာနီယာရက်စ်မော။ Peaky Blinders မင်းသားဖြစ်တဲ့ Cillian Murphy နဲ့ ဟော်လီးဝုဒ် ဝါရင့်မင်းသမီးကြီး Jennifer Connelly အပြင် ပြင်သစ်မင်းသမီး Mélanie Laurent တို့ပါဝင်သရုပ်ဆောင်ထားတဲ့ “Aloft” ရုပ်ရှင်ဟာ လူ့ဘဝရဲ့ မရေရာမှုတွေ၊ အဖြေရှာမရတဲ့ မေးခွန်းတွေ၊ ငယ်ဘဝ စိတ်ဒဏ်ရာတွေကို ကျွမ်းကျင် သရုပ်ဆောင်ချက်တွေနဲ့ လေးနက်စွာ ဆွဲထုတ်ပြသထားတဲ့ ဇာတ်ကားကောင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။ File size…1.39GB/ 666MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 52m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

5.5 2014 112 mins
Aloft
I Can
5.9

အခုလိုအရာရာ ခက်ခဲပင်ပန်းနေတဲ့အချိန်အခါမှာ လူတိုင်းမှာတော့ ဒီခက်ခဲတဲ့ လမ်းခရီးကိုဆက်မလျှောက်ချင်တော့ပဲ လက်လျှော့ လိုက်ချင်ကြတဲ့ အတွေးတွေအနည်းနဲ့အများတော့ တွေးဖူးကြမှာပါ။ ဒါပေမယ့် ရတောင့်ရခဲတဲ့လူ့ဘ၀မှာကြိုးစားရင်မလုပ်နိုင်ဘူးဆိုတဲ့ အရာမရှိဘူးဆိုတာကို I Can ဆိုတဲ့ဖြစ်ရပ်မှန်ရုပ်ရှင်ဇာတ်ကားလေးနဲ့ စိတ်ခွန်အားရဖို့ တင်ဆက်ပေးချင်ပါတယ်။ IMDb Rating 5.9 အထိရရှိထားပြီးခဏတာအချိန်ပေးပြီးကြည့်ရှု လိုက်ရုံနဲ့ ဘ၀မှာအဆိုးဆုံးဆိုတဲ့အရာတွေဖြစ်နေရင်တောင်အနည်းနဲ့ အများစိတ်ခွန်အားပြန်လည်တက်ကြွလာစေမှာတော့အမှန်ပါပဲ။ အိမ်ထောင်ရှိ အမျိုးသားတစ်ယောက်နဲ့ စစ်သားဇနီးတစ်ယောက်တို့က ချစ်ကျွမ်းဝင်ခဲ့ကြပြီး သိပ်မကြာခင်မှာပဲသမီးလေးတစ်ယောက်မွေးဖွား လာခဲ့ပါတယ်။ဒါပေမယ့်ကံအကြောင်းမလှစွာနဲ့ပဲ မွေးဖွားလာတဲ့ သမီးလေးကိတ်တလင်းမှာ လက်တစ်ဖက်ပဲပါလာပြီး တခြားတစ်ဖက် ကတော့ မသန်စွမ်းဖြစ်နေခဲ့ပါတယ်။ ကိတ်တလင်းကြီးပြင်းလာတဲ့အခါမှာတော့ ကံကြမ္မာကတစ်ဖန်ပြန် ပြောင်းလဲခဲ့ပြီး ကိတ်တလင်းကဆော့ဖ်ဘောဆိုတဲ့ဘေ့စ်ဘောနဲ့ ဆင်တူတဲ့ ကစားနည်းမှာအရမ်းတော်နေတဲ့ ပါရမီပါနေခဲ့ပါတော့တယ်။ အဲ့ဒါကြောင့် ကျောင်းပွဲတွေမှာအမြဲတမ်းအနိုင်ရခဲ့ပြီး ကိတ်တလင်းက ထိပ်တန်းကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်ကံကြမ္မာဆိုတာ ချိုတစ်လှည့်ခါးတစ်လှည့်ဖြစ်နေစမြဲမလို့ ကိတ်တလင်းအတွက် အရမ်းအရေးကြီးတဲ့အချိန်တစ်ခုမှာကစားရင်းနဲ့ မတော်တဆဖြစ်ပြီးဒူးခေါင်းစုတ်သွားပါတော့တယ်။အဲ့ဒီနောက်ပိုင်းမှာတော့ ကိတ်တလင်းနဲ့ သူ့မိသားစုအတွက်အမြဲတမ်းအလှည့်အပြောင်းဖြစ်နေတဲ့ ကံကြမ္မာကြားမှာ ကိတ်တလင်းတစ်ယောက်ဘယ်လိုမလျှော့သောဇွဲနဲ့ ဆက်လက်ကြိုးစားသွားပြီး အောင်မြင်တဲ့အမျိုးသမီးမသန်စွမ်းအားကစား သမားတစ်ယောက်ဘယ်လိုဖြစ်လာလဲဆိုတာကို ကြည့်ရှုရမဲ့ဖြစ်ရပ်မှန် ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1GB / 494MB Quality…WEB-Rip 1080p / 720p Format…mp4 Duration….1h 25m Genre ….. Drama , Family , Sport Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.9 2023 85 mins
I Can
Pokkiri Raja
5.2

Pokkiri Raja (2010) “ရာဂျာ” IMDb – 5.2 Bramayugam (2024)ဖြူမည်းရုပ်ရှင်က မလေယာလမ်မင်းသားကြီး Mammootty၊ The Goat Life (2024)ထဲက မင်းသား Prithviraj Sukumaranတို့ရဲ့ ၂၀၁၀ကထွက်ရှိခဲ့တဲ့ မလေယာလမ်းအက်ရှင်ဇာတ်ကြမ်းကို တင်ဆက်ပေးလိုက်ပါတယ်။ ရွာတစ်ရွာထဲမှာ ရွာ့မျက်နှာဖုံးမိသားစုနှစ်ခုက နည်းနည်းမှမတည့်ကြ။ ဘုရားပွဲကျင်းပဖို့အတွက် ဦးစီးဦးဆောင်လုပ်ဖို့အရေး မိသားစုနှစ်ခုပေါင်းစည်းဖို့ ရွာလူကြီးကပြောပေမဲ့ နှစ်ဘက်လုံးလက်မခံလို့ မယ်တော်အရှင်မဆီက ဆုံးဖြတ်ချက်ကို လက်ခံဖို့သဘောတူခဲ့ကြတယ်။ ဒီမှာပဲ ကျောင်းဆရာမိသားစုက ဦးဆောင်ကျင်းပခွင့်ရပါရော။ ဒါပေမဲ့ တစ်ဘက်မိသားစုကဆယ်ကျော်သက်ကောင်လေး ပွဲကိုဖျက်ဆီးဖို့လုပ်တဲ့အချိန် သေသွားခဲ့ရာကစ ကျောင်းဆရာရဲ့ သားအကြီးဖြစ်သူ ထောင်ကျသွားပါတယ်။ ဒီမှာပဲ သေသွားတဲ့မိသားစုဘက်က အငြိုးကြီးကြီးထားတော့တာပေါ့။ ထောင်ကျသွားတဲ့သားကြီး နှစ်ချီပြစ်ဒဏ်ခံပြီး ပြန်လွတ်လာတဲ့အချိန် သွားကြိုကြတဲ့အခါမှာတော့ အငြိုးတရားကြောင့်ဖြစ်ပေါ်လာတဲ့ သတ်ခန်းဖြတ်ခန်းအက်ရှင်ဇာတ်ကြမ်းတွေနဲ့ မိသားစုကြားက သံယောဇဉ်တွေ ချစ်ခြင်းတရားတွေကို ရှုစားကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)

5.2 2010 136 mins
Pokkiri Raja
Wynonna Earp: Vengeance
5.6

Wynonna Earp: Vengeance (2024) IMDb Rating (5.6) ဝိုင်နုန်နားအာ့ပ် – နာမည်ကျော် ဥပဒေဘက်တော်သားကြီးဝိုင်းယက်အာ့ပ်၊ ကနေဒါ ရော့ကီးတောင်တွေနားက ပါဂတိုရီဆိုတဲ့ မြို့လေးက သူ့ဇာတိ။ မှော်အစွမ်းရှိတဲ့ ငြိမ်းချမ်းချင်သူကြီးဆိုတဲ့ သေနတ်ကိုကိုင်ပြီး နတ်ဆိုးတွေကို ငရဲပြည်ပြန်ပို့ပေးသူ။ ဝေဗာလီဆိုတဲ့ ဘာလာလာအကုန်ဒေါင်းတဲ့ အထန်ညီမတစ်ယောက်နဲ့ အသက်ရာချီရှည်တဲ့ ဒေါက် ဟော်လီဒေးဆိုတဲ့ ချစ်သူရှိတယ်။ ဒါတွေ အားလုံးဟာ Beau Smith ရဲ့ comic book series ကို အခြေခံရိုက်ကူးထားတဲ့ Wynonna Earp ဆိုတဲ့ Supernatural Western ရုပ်ရှင်စီးရီးထဲကပါ။ ၂၀၁၆ ကနေ ၂၀၂၁ ခုနှစ်အထိ season ၄ခုထွက်ထားပါတယ်။ ဆုတွေလဲ အတော်ရဖူးပါတယ်။ ခုရုပ်ရှင်ကတော့ အဆိုပါစီးရီးကို ပြန်အသက်သွင်းတဲ့အနေနဲ့ မူရင်းဇာတ်ကောင်တွေကို အသုံးပြုပြီး ရုပ်ရှင်အဖြစ်ရိုက်ကူးထားတာပါ။ ကြိုပြီးသတိပေးထားချင်တာ တစ်ကားလုံးမှာ ပက်ပက်စက်စက်ကို ဆဲပါတယ်။ စကား ၁၀ခွန်းမှာ ၇ခွန်းခွဲလောက်က Slang တွေ Idiom တွေပါ (ဘာသာပြန်သူ စိတ်အတော်လေရပါတယ် – အမေရိကန်အစစ်တွေတောင် အလုံးစုံနားလည်ရဲ့လား မသိပါ) Straight ‌ရော LGBTရော အခန်းလေးတွေပါပါတယ်။ Horror အဆင့်လောက်တော့ ကြောက်စရာမပါပါဘူး။ စီးရီးကြည့်ဖူးသူတွေကတော့ ပြဿနာမရှိနိုင်ပေမယ့် ခုမှကြည့်ဖူးသူတွေကတော့ အတော်တိုင်ပတ်ပါလိမ့်မယ်။ ဇာတ်လမ်းအကျဉ်း ပါဂတိုရီဆိုတဲ့ မြို့လေးမှာ ဝိုင်နုန်နားအာ့ပ် ရဲ့ အချစ်ဆုံးသူငယ်ချင်းတစစီဖြတ်ပြီး အသတ်ခံလိုက်ရပါတယ်။ ဝိုင်နုန်နားလဲ ဒီကိစ္စကို စုံစမ်းဖို့ ပြန်လာရင်း တရားခံဟာ လွန်ခဲ့တဲ့ အနှစ် ၂၀လောက်တုန်းက သူနဲ့ ပတ်သတ်ခဲ့ဖူးတဲ့ လူတစ်ယောက်ဖြစ်နေတာကို သိလိုက်ရပါတယ်။ အဲဒီလူက ဘာအကြောင်းကြောင့် သူ့ကို ဦးတည်ပြီး တိုက်ခိုက်နေတာလဲ ဆိုတာကတော့ ဆက်လက်ရှုစားကြပါ။ ဇာတ်ဆောင်တွေအနေနဲ့ Melanie Scrofano, Tim Rozon, Dominique Provost-Chalkley နဲ့ Katherine Barrell တို့က ဦးဆောင်ပါဝင်ထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ TLone ဖြစ်ပါတယ်။) File size…(1.6 GB) / (950 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Thriller, Drama, Fantasy, Horror Duration….01:36:22 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by TLone

5.6 2024 96 mins
Wynonna Earp: Vengeance
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
Uppercut

တိုက်ပွဲလို့ခေါ်တဲ့ စင်မြင့်ပေါ်က တိုးနှပ်ချက်တွေကို သင်ခန်းစာယူပြီး လက်ဝှေ့သမားဖြစ်ဖို့ အားကစား လေ့ကျင့်ခန်းလုပ်ရုံနဲ့တင် မဖြစ်နိုင်ကြောင်း သိရှိထားတဲ့ အဲလီးယက်ဟာ ပွဲစဥ်တစ်ခုမှာ ရှုံးနိမ့်သွားတာကြောင့် လက်ဝှေ့သမားဘဝကနေ အနားယူခဲ့တယ်။ တိုနီလို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်က ပတ်ဝန်းကျင်ရဲ့ ကန့်သတ်ချက်တွေကို လျစ်လျှူရှုပြီး လက်ဝှေ့သမားတစ်ယောက် ဖြစ်ချင်နေခဲ့ပါတယ်။ ဒီလိုနဲ့ တိုနီတစ်ယောက် အဲလီးယက်ရှိတဲ့ အားကစားရုံကိုလာပြီး သူ့ကိုလေ့ကျင့်ပေးစေချင်ကြောင်း ပြောလာတဲ့အခါမှာ လက်ဝှေ့သမားတစ်ယောက်ဆိုတာ ခန္ဓာကိုယ်တောင့်တင်းရုံနဲ့ မရကြောင်း လက်ဝှေ့သမားဖြစ်ဖို့ …… Habitude ဆိုတဲ့ အလေ့အကျင့် Agility ဆိုတဲ့အလျှင်နဲ့ Graditude ဆိုတဲ့ကျေးဇူးသိတတ်၊ကျေးဇူးတင်တတ်ခြင်းတို့ကို စွဲစွဲမြဲမြဲမှတ်ထားသင့်ကြောင်း ပြောပြလာခဲ့ပြီး တိုနီကို လေ့ကျင့်ပေးဖို့ လက်ခံလိုက်ပါတယ်။ ဒီလိုနဲ့ အဲလီးယက် ပထမဦးဆုံး လေ့ကျင့်ပေးမည့် မိန်းကလေးလက်ဝှေ့သမားဖြစ်တဲ့ တိုနီ့မှာ ဘယ်လိုနောက်ကြောင်းတွေ ရှိခဲ့လဲဆိုတာတော့….. File size…(1.6 GB)/(912 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Comedy • Drama
0 2025
Uppercut