YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Ye Zongxing (2025) 720p WEB-DL AAC2.0-CM.mkv

443.83 MB N/A video/x-matroska 54 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Red Heat
6.2

အမေရိကန်တွေနဲ့ ရုရှားတွေကတော့ ဟိုးပဝေသဏီတည်းက အချင်းချင်း မုန်းကြ၊ အပြစ်ဖို့ကြ၊ ဟားတိုက်ကြနဲ့ ကျောင်းတော်ကရန်စဆို‌တော့ ကမ္ဘာမကြေဖြစ်ကြတဲ့သူတွေပါပဲ။ အခွင့်အရေးရတာနဲ့ ဆော်ကြနှက်ကြတော့တာပဲဗျ။ ခွင်ထဲဝင်လာမိတဲ့ကောင်က ခံရတာမျိုးပေါ့ဗျာ။ စစ်အေးတိုက်ပွဲ ပီသပါပေရဲ့။ ဒီတော့ လက်နက်အင်အားနဲ့ စစ်သည်အင်အား ကြိတ်ပြီး ပြိုင်ဆိုင်ကြသလို ဓနအင်အားလည်း ပြိုင်ဘက်ကောင်းတွေပေါ့။ ဒါပေမဲ့ အန်ကယ်ဆမ်တို့ဘက်က သာတာတစ်ခုတော့ရှိတယ်။ ရုပ်ရှင်တွေပေါ့ဗျာ။ လူသိများတယ်။ တကမ္ဘာလုံးက အားပေးတယ်။ ကိုယ့်ရုပ်ရှင်ထဲမှာ ကိုယ်ကြိုက်တာ ထည့်ရိုက်လို့ရတော့ ဝါဒဖြန့်ချိရေးမှာ အမေရိကန်တွေ နှာတဖျားသာတာ မဆန်းပါဘူး။ အခုတင်ဆက်မယ့်ကားက‌တော့ အမေရိကန်တို့ ရုရှားတွေကို ချစ်ကြည်ရေးလိုလိုနဲ့ အထုပ်ဖြည်ချင်တဲ့ ဇာတ်ကားပေါ့ဗျာ။ အမေရိကန်ရဲလောကရဲ့ အနာအဆာတွေ ပြသလိုလိုနဲ့ ရုရှားကြီးတွေရဲ့ သောက်ကျင့်တွေ ထင်သလိုလုပ်တတ်ပုံတွေကို လှောင်ထားတဲ့ပုံစံပေါ့။ အဆုံးမှာ နှစ်ယောက်သား ရင်းနှီးသွားတယ်ဆိုတာကလည်း မကောင်းတတ်လို့ ထည့်ပေးရတဲ့ပုံ။ ဇာတ်လမ်းအကျဉ်း‌ကတော့ ဆိုဗီယက်ရဲတစ်ယောက်နဲ့ ချီကာဂိုရဲတစ်ယောက် ဘုနဲ့ဘောက်ကျပြီး အမှုအတူလိုက်ရတဲ့ ခွတီးခွကျ ဇာတ်ကားတစ်ကားပေါ့ဗျာ။ ဂျက်ကီချန်းရဲ့ Rush Hour တွေကို သတိရကြပါလိမ့်မယ်။ နိုင်ငံမတူတဲ့ရဲနှစ်ယောက် အမှုအတူလိုက်ရတဲ့ မှုခင်းဟာသလေးတွေပေါ့။ ရုရှားက ရာဇဝတ်ကောင် အမေရိကန်ကိုပြေးလာလို့ လိုက်ဖမ်းတဲ့ ရုရှားရဲကြီးနဲ့ နယ်ခံချီကာဂိုရဲတစ်ကောင်တို့ တိုင်ပတ်ကြ၊ ခွကျကြနဲ့ အမှုစုံထောက်ရပုံပါ။ Cast တွေကတော့ အဲဒီခေတ်ကာလ Legend တွေပါ။ Arnold Schwarzenegger ရယ်၊ James Belushi ရယ်တို့က ခေါင်းဆောင်မင်းသားနှစ်လက်‌ပေါ့။ ဗီလိန်နေရာမှာလည်း ဗီလိန် Legend ကြီး Ed O'Ross ပါဝင်သရုပ်ဆောင်ထားပါတယ်။ CM မှာ old but goodies တွေ တောင်းဆိုရတာခက်လို့ စောင်သည်းပေါက်နေကြတဲ့ လူကြီးမင်းများအတွက် ကြိုးစားပြီး တင်ဆက်ပေးလိုက်ပါတယ်ဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 1GB Quality - Blu-ray 1080p, 720p IMDb Rating - 6.1/10 Format - mp4 Duration - 1H 44Min Genre - Action, Comedy, Crime Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Action • Crime • Drama
6.2 1988 104 mins
Red Heat
6.1

ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းနဲ့ခပ်မိုက်မိုက်သရုပ်ဆောင်မှုတွေနဲ့ ကြည့်ချင်တဲ့ပရိတ်သတ်တွေအတွက် ဇာတ်လမ်းကောင်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးချင်ပါတယ် The Oath of loveထဲကမင်းသား Xu Fangzhouနဲ့ Ashes of loveမင်းသားZhang JunRanတို့သရုပ်ဆောင်တာကြောင့် အလွန်ကိုကောင်းတဲ့ဇာတ်လမ်းတစ်ပုဒ်ပါပဲ ကျိုးဖန်ကအိမ်ကစီးပွါးရေးကိုသိပ်စိတ်မဝင်စားဘဲ အပြင်မှာ အေးအေးဆေးဆေးလျှောက်လည်ရတာကြိုက်တဲ့သူတစ်ယောက် ကျိုးဖန့်အစ်မ ကျိုးယွဲ့ကတော့ မိသားစုနဲ့မောင်လေးကို စောင့်ရှောက်ဖို့အတွက် ဘာကိုမမူဘဲ အသက်ကိုစွန့်ရဲပြီးကာကွယ်ပေးမဲ့သူ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုတားဆီးဖို့လုပ်နေရင်းနဲ့ကျိုးဖန့်ရဲ့အဖေကသေဆုံးခဲ့တယ် ကျိုးဖန့်ကအဖေသေဆုံးပြီးတော့ အေးအေးဆေးဆေးနေတတ်တဲ့ဘဝကနေ အဖေ့ကိုသတ်တဲ့ရန်သူကိုရှာတဲ့လမ်းကိုလျှောက်လမ်းခဲ့တယ် ကျိန့်ယွီရန်ဆိုတဲ့သူက ဖခင်ရဲ့အတည်အမှတ်ပြုတာကိုမရရှိတဲ့အခါမှာ ရူးသွပ်ပြီးတော့ ဖခင်ကိုသတ်ဖို့လုပ်ခဲ့တယ် အဲ့အချိန်မှာဇာတ်ကောင်ကိုရိုက်ထားတဲ့ရိုက်ကွက်နဲ့ မင်းသားရဲ့သရုပ်ဆောင်မှုကတော့ အတော်လေးကိုကြည့်လို့ကောင်းလှပါတယ် ဒီကားမှာတော့ ရှန်ဟဲရဲ့စျေးကွက်မှာ ဘယ်လိုမျိုးစည်းမျည်းတွေရှိလဲ အဲ့ဒီစဉ်းမျဉ်းတွေကိုလိုက်နာဖို့ ဘယ်လိုအာဏာမျိုးနဲ့ လုပ်ဆောင်နေရလဲဆိုတာရယ် တခြားဘာတွေဆက်ဖြစ်မယ်ဆိုတာကို ဆက်လက်ခံစားကြည့်ရှုပေးကြပါဦး [ Reviewed By Hnin Wutt Hmone ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Action Runtime : 1h 43 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Action
6.1 2022 103 mins
Dragon and Tiger
Bad Blood

ဆရာသခင်ကိုယ်တော်ဘတ်ကြီးရဲ့ 2016 မှာ ထွက်ရှိခဲ့တဲ့ Animation နဲ့ နာမည်ချင်းတူပေမဲ့ ဇာတ်လမ်းကတော့ မတူပါဘူး။ ဇာတ်လမ်းအစမှာကတည်းက Horror Vibe အပြည့်နဲ့ စိတ္တဇဆန်ဆန် Emotional Damage တွေ အပြည့်ထည့်ပေးတာပါ။ ဇာတ်လမ်းကိုတော့ သွေးစုပ်ဖုတ်ကောင် လူငယ်လေး နေသန်ကို လူမှုဝန်ထမ်း အမျိုးသမီးဖြစ်တဲ့ မာဂျိုရီရဲ့ ဂရုစိုက်ပေးမှုအပေါ် အခြေခံထားပြီး ဇာတ်လမ်းတလျှောက်လည်း ဘာဖြစ်လာမလဲဆိုတဲ့ အတွေးတွေကို တောက်လျှောက်ရိုက်သွင်းပါတယ်။ Ending ကို သာမန်ဇာတ်လမ်းတွေလို ချပြမယ်လို့ထင်ရပေမဲ့ MCU ဇာတ်လမ်းတွေလိုမျိုး ဇာတ်သိမ်းကျမှ မျက်လုံးပြူးမျက်ဆံပြူးဖြစ်သွားရအောင် စပရိုက်တိုက်ခဲ့တာကတော့ အောချလောက်ပါတယ်။ Runtime အနေနဲ့ တိုပေမဲ့လည်း ကြည့်ရတာ Worthy ဖြစ်စေမဲ့ ဇာတ်လမ်းဖြစ်တာကြောင့် CM ပရိသတ်တို့ရဲ့ Playlist မှာ ထည့်သင့်ပါကြောင်း အကြံပြုလိုက်ပါတယ်။ File size…(840MB)/(422MB)/(191MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:15:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Northerner

Comedy • Romance
0 2022 75 mins
Bad Blood
The Blue Lagoon
6.2

The Blue Lagoon ဆိုတာ အချောအလှတွေနဲ့ နာမည်ကြီးတဲ့ မင်းသမီး Brooke Shields ရဲ့နာမည်ကျော် ဇာတ်ကားပါ။ သူမအသက် ၁၄ နှစ် မြီးကောင်ကောက်အရွယ်မှာ ရိုက်ထားတာဖြစ်သလို အဖော်အချွတ်ခန်းတွေနဲ့မို့ ပုရိသတို့ရဲ့အိမ်မက်တွေထဲထိ ရိုက်ခတ်မှုတွေရှိခဲ့ပါတယ်။ ဇာတ်လမ်းကတော့... ပင်လယ်ပြင်မှာ မုန်တိုင်းတိုက်ခတ်မှုကြောင့် သင်္ဘောတစ်စီးပေါ်ကလူတွေအကုန် အသက်လုပြေးကြရသလို ရစ်ချတ်နဲ့ အမ်မလိုင်းဆိုတဲ့မောင်နှမဝမ်းကွဲကလေးနှစ်ယောက်ကို သင်္ဘောရဲ့ချက်ကြီးဖြစ်တဲ့ ပတ်တီက ကယ်တင်ခဲ့ရပြီး လူသူဝေးတဲ့ကျွန်းလေးတစ်ကျွန်းပေါ်မှာ သောင်တင်နေပါတော့တယ်။ ကလေးနှစ်ယောက်ကိုထိန်းကျောင်းပေးရင်းနဲ့ ပတ်တီတစ်ယောက် အရက်မူးလွန်ပြီးတော့ ရေနစ်သေဆုံးသွားတဲ့အခါတော့ မောင်နှမနှစ်ယောက်တည်း ကျွန်းလေးပေါ်မှာပဲ အသက်ဆက်ရှင်ဖို့ကြိုးစားနေထိုင်ရပါတော့တယ် တဖြေးဖြေးနဲ့ ရစ်ချတ်နဲ့အမ်မလိုင်းတို့နှစ်ယောက်အရွယ်တစ်ခုကိုရောက်လာချိန်မှာတော့ လူသားဗီဇအရသွေးသားဆန္ဒကိစ္စတွေပါ စိတ်ဝင်စားလာပါတော့တယ်.. ဒီတော့ ရစ်ချတ်နဲ့အမ်မလိုင်းတို့ကို လူသူကင်းမဲ့တဲ့ကျွန်းလေးပေါ်ကနေ ကယ်ဆယ်မယ့်သူပေါ်လာနိုင်မလားဆိုတာနဲ့ သူတို့နှစ်ယောက်ရဲ့ လူသားသဘာဝဇာတ်လမ်းကရော ဘယ်ထိခရီးဆက်သွားမလဲဆိုတာ.....။ ငယ်ဘဝက ချောင်းကြည့်ခဲ့ရတဲ့ ဒီဇာတ်ကားလေးကို အကောင်းဆုံး Quality နဲ့ ပြန်လည်တင်ဆက်လိုက်ပါတယ်။ File Size : (3 GB) & (1.5 GB) Quality : BluRay DS4K 1080p HEVC & 720p Running Time : 01:45:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Encoded by RGB

Drama
6.2 1980 104 mins
The Blue Lagoon
Gooische vrouwen
6

Gooische vrouwen (2011) =================== IMDb Rating - 6.2/10 "Gooische Vrouwen"ဟာ ရုပ်ရှင်မထွက်ခင် အရင် ဟာသဒရမ်မာ ဇာတ်လမ်းတွဲအဖြစ်နဲ့ အောင်မြင်မှုရရှိထားပြီးပါပြီ 2011 မှာရုပ်ရှင် အဖြစ်ရိုက်ကူးထားတာတာပါ။ နယ်သာလန်နိုင်ငံ လူကုန်ထံတွေရဲ့ရပ်ကွက်တစ်ခုဖြစ်တဲ့ 'ဟတ်ဂွိုင်'တွင် နေထိုင်သော သတ်လတ်ပိုင်းသူငယ်ချင်း ၄ယောက် အပေါ်မှာဇာတ်အိမ် တည်ထားပါတယ်။ အကောင်းစားအသုံးဆောင်ပစ္စည်းတွေကိုမှ နှစ်သက် ပြီး ဘဝမှာလိုချင်တာတွေအကုန်ရနေပေမယ့်၊ နာမည်ကျော်အဆိုတော် ယောက်ျားဖြစ်သူရဲ့ အာရုံစိုက်မှုကိုမရတော့တဲ့ ရှရယ် ၊ အာဖရိက တော ခေါင်ရေရှားဒေသတွေမှာ ကူညီလုပ်အားပေးဖို့သွားတော့မယ့် သမီးနဲ့ မြေးလေးကိုမခွဲနိုင်မခွာရက်ဖြစ်နေတဲ့ကလယ်ရာ၊ ရည်းစားတွေရှုပ်လွန်း လို့သမီးလေးနဲ့ ကတောက်ကဆဖြစ်နေတဲ့ အနုပညာရှင် တစ်ခုလပ်အာနုနဲ့ ယနေ့ခေတ်လောကကြီးနဲ့လုံးဝအစေးမကပ်တဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမား ရိုလီယန်တို့ သူငယ်ချင်း(၄)ယောက်သား အလွဲလွဲ အချော်ချော်ဖြစ်နေတဲ့ဘဝကိုယ်စီကို ကိုင်တွယ်ဖြေရှင်းကြပုံအား ရယ် လိုက်ဆွေးလိုက်နဲ့ ကြည့်ရှုရမယ့် ဟာသဒရမ်မာရုပ်ရှင်ကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size..........(2.0 GB) / (865 MB) / (530 MB) Quality............WEB-Rip 1080p / 720p / 480p Duration.........1Hr 45Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Kaung Paing Encoder..........SWM

Action • Adventure • Fantasy
6 2011 105 mins
Gooische vrouwen
Mr Yin-Yang
5.9

ချင်းယွမ်မြို့ မှာ ထူးခြားတဲ့ကိစ္စတွေအခြေတည်နေတဲ့ လင်းအိမ်တော်ရဲ့ကနေအစတည်ခဲ့တဲ့ဇာတ်လမ်းလေးပါပဲ… ဖေးယွမ်လို့ခေါ်တဲ့ကောင်မလေးတစ်ယောက် မှာ သုန်းကျစ်လို့ ခေါ်တဲ့ အဖော် ကောင်လးတစ်ယောက်ရှိခဲ့တယ်… တစ်နေ့မှာ နှစ်ယောက်သားသီးသန့်နေရာလေးတစ်ခု ဘယ်သူ့ကိုမှမပြောပါဘူးဆိုပြီး ကတိပြုခဲ့ကြပြီး သုန်းကျစ်က အဲ့ဒီနေရာလေးမှာ ရုပ်သေးအတတ်ပညာကို အိမ်ရှင်တွေမသိအောင်ခိုးသင်ခဲ့တယ်…တစ်နေ့မှာ ငွေရှာပြီး ထွက်သွားဖို့အတွက်ပေါ့… ဒါပေမယ့် ကံကြမ္မာဖန်လာတော့ အရာရာကို ငွေနဲ့ပဲ ဖြေရှင်းတဲ့ လင်းအိမ်တော်က သေဆုံးပြီးဖြစ်တဲ့ သားဖြစ်သူကို ယင်ဓာတ် နဲ့မင်္ဂလာဆောင်ပေးဖို့ ဖေးယွမ်နဲ့ စီစဥ်ခဲ့ကြတယ်… ဖေးယွမ်သိတော့ ကြောက်လန့်တကြား သုန်းကျစ်ကို အကူအညီတောင်းခဲ့တော့ သူတို့လျို့ဝှက်နေရာလေးမှာ ပုန်းနေဖို့ပြောခဲ့တယ်… အိမ်ရှင်တွေက ဖေးယွမ်ပျောက်ဆုံးသွားတဲ့ အတွက် သုန်းကျစ်ကိုစစ်မေးရင်း ဖေးယွမ်ပြန်ပေါ်လာတာကြောင့်အရင်အစီအစဥ်အတိုင်း မင်္ဂလာပွဲစီစဥ်ကာ အရှင်လတ်လတ်​မြုပ်ပစ်ခဲ့ကြတယ်… မတရားသဖြင့်သေခဲ့ရတဲ့ ဝိဉာဥ်ဖြစ်တာကြောင့် ခြောက်လန့်မှုတွေရှိလာပြီး ယင်းယန်ဆရာ ယင်းရှစ်စန်းကို ခေါ်ခဲ့လိုက်ကြတယ်…. ယင်းရှစ်စန်းကဖြေရှင်းပေးနိုင်ပါ့မလား…. လင်းအိမ်တော်ရဲ့ အရှုပ်တော်ပုံကရောဒီလောက်ပဲလား ဘာတွေ ထပ်ရှိဦးမလဲ…. သရဲခြောက်တယ်ဆိုတာရော အမှန်တကယ်ပဲလား လုပ်ကြံနေတဲ့သူရှိနေတာလားဆိုတာကို စောင့်မျှော်ကြည့်ပေးကြပါဦးနော်

5.9 2023
Mr Yin-Yang
Maverick
7

မိတ်ဆွေတို့အနေနဲ့ ကိုယ့်ဟာ နယ်ပယ်တစ်ခု၊ အလုပ်တစ်ခုမှာ မဖြစ်မနေအောင်မြင်ရမယ်ဆိုပြီး အလိုလိုသိနေတဲ့ ဗီဇစိတ်( instinct mind) (တစ်နည်း )တစ်ခုခုမှာ ကိုယ့်ကိုယ်ကိုပါရမီပါနေတယ်လို့ ကံသေကံမအခိုင်အမာ ယုံကြည်ဖူးပါသလား။ ဥပမာ- ငါဟာ သီချင်းဆိုတဲ့ အဆိုတော်အဖြစ် တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ ဘောလုံးအားကစားမှာ ပရိုကစားသမားတစ်ယောက်အဖြစ် တစ်နေ့အောင်မြင်လိမ့်မယ်ဆိုတာမျိုး၊ ငါဟာ စာရေးဆရာတစ်ယောက်အဖြစ် bestseller တန်းဝင်ပြီး တစ်နေ့မုချအောင်မြင်လိမ့်မယ်ဆိုတာမျိုး အခိုင်အမာ ကိုယ့်ကိုကိုယ်သိနေ၊ ယုံကြည်နေတာမျိုး ရှိဖူးခဲ့ပါသလား။ စာရေးသူအနေနဲ့တော့ ကိုယ်တိုင်ရှိခဲ့ဖူးသလို မိတ်ဆွေတို့မှာလည်း တစ်မျိုးမဟုတ်တစ်မျိုး၊ တစ်ခုမဟုတ်တစ်ခုမှာ ရှိမယ်ဆိုတာ သေချာပေါက်ပြောနိုင်ပါတယ်။ မိတ်ဆွေကိုယ်တိုင် မသိဘူးထင်ရပေမယ့် အတွင်းမသိစိတ်မှာတော့ မိတ်ဆွေဟာ နယ်ပယ်တစ်ခုခုမှာ ပါရမီအရမ်းရှိနေတာမျိုး၊ အဲ့လိုရှိမှန်းမသိသည့်တိုင် မိတ်ဆွေဟာ ထူးချွန်နေတာမျိုး ရှိတတ်ပါတယ်။ အခုတင်ဆက်ပေးမယ့် ဇာတ်လမ်းကလည်း အဆိုပါသဘောတရားကို အနည်းငယ်ကျောရိုးယူပြီး ဇာတ်အိမ်တည်ထားတဲ့ ဟောလိဝုဒ် Western ရုပ်ရှင်တစ်ခု ဖြစ်ပါတယ်။ Western ရုပ်ရှင်ပီပီ အပစ်အခတ်၊ အကြမ်းအရမ်းတွေပါသော်လည်း သူတို့ချည်းသက်သက်မဟုတ်ဘဲ money heist ဆန်ဆန် twists and turns လေးတွေထည့်ပြီး အထက်မှာဖော်ပြခဲ့တဲ့သဘောတရားနဲ့ ပိုကာလောကအကြောင်းရောသမမွှေထားတဲ့ တစ်မူဆန်းသစ်ကွဲပြားတဲ့ western ရုပ်ရှင်ဖြစ်လို့ သမရိုးကျ cowboy ရုပ်ရှင်တွေနဲ့မတူတဲ့ ရသတစ်မျိုးကို ခံစားရမှာပါ။ အဓိကဇာတ်ဆောင်ကတော့ သရုပ်ဆောင်ရော၊ ဒါရိုက်တာအဖြစ်ပါ အနုပညာစန်းပါတဲ့ မင်းသားကြီး Mel Gibson ဖြစ်တဲ့အတွက် သရုပ်ဆောင်ကောင်းမွန်မှု၊ ဇာတ်လမ်းဇာတ်အိမ်ခိုင်မာမှုကို အထူးတလည်ညွှန်းဆိုနေစရာ လိုမယ်မထင်တော့ပါဘူး။ Mel Gibson၊ James Garner၊ Jodie Foster၊ James Coburn၊ Alfred Molina၊ Geoffrey Lewis၊ Dub Taylor အစရှိတဲ့ ၉၀ ပြည့်လွန်နှစ်တွေရဲ့ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ အားဖြည့်တင်ဆက်ထားပါတယ်။ Roy Huggins ရဲ့ Maverick ဆိုတဲ့နာမည်တူဝတ္တုအပေါ်မှာပဲအခြေခံထားပြီး ဇာတ်ညွှန်း William Goldman၊ ဒါရိုက်တာ Richard Donner ကတာဝန်ယူရိုက်ကူးကာ Warner Bros. ကုမ္ပဏီကနေ 1994 ခုနှစ် မေလမှာဖြန့်ချိခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဥ်းကတော့ ကျွန်တော်တို့ရဲ့ဇာတ်လိုက်ကျော်ကြီး မဲဗရစ်ခ်( Mel Gibson) ဟာ သူ့ကိုယ်သူ ဖဲဝိဇ္ဇာကြီးတစ်ယောက်လို့ စိတ်ကြီးဝင်နေသူပါ။ ဖြစ်ချင်တော့ အမေရိကန်အနောက်ပိုင်းဒေသဟောင်း Lauren Belle အပျော်စီးသင်္ဘောပေါ်မှာ အထူးစပါယ်ရှယ် ပိုကာချန်ပီယံလုပွဲကြီး ကျင်းပဖို့ရှိနေပါတယ်။ မဲဗရစ်ခ်ခမျာ သူ့ပါရမီနဲ့ ဖဲဇာတာကို တစ်ချီတည်းစမ်းသပ်ခွင့်ရမယ့် အဆိုပါပြိုင်ပွဲကို တားမနိုင်ဆီးမရ ဝင်ပါချင်နေပါတယ်။ ဒါပေမယ့် ပြိုင်ပွဲဝင်ကြေးက ဒေါ်လာ ၂၅၀၀၀ ဖြစ်တဲ့အတွက် သူ့မှာရှိတဲ့ပိုက်ဆံနဲ့မလောက်လို့ အကြွေးသမားတွေဆီက ပြန်ဆပ်ငွေရဖို့လည်း အဆင်မပြေတဲ့အခါမှာ မဲဗရစ်ခ်တစ်ယောက် ဝင်ကြေးပြည့်မီဖို့ ကြိုးစားရပါတော့တယ်။ အဲ့လိုကြိုးစားရင်း ပြိုင်ပွဲကိုအသွား လမ်းခရီးမှာ လူလိမ်မလေး အန်နာဘယ်လ်၊ နယ်ထိန်းအရာရှိ ဇိန်းကူးပါးတို့နဲ့ ဆုံပြီး ဘယ်လိုတလွဲတွေကြုံကြမလဲ၊ သူ့ရည်ရွယ်ချက်အတိုင်း ပြိုင်ပွဲဝင်နိုင်ပါ့မလား၊ သူတို့ကိုယ်စီရဲ့ လျှို့ဝှက်ရည်မှန်းချက်တွေက ဘာတွေလဲ၊ နောက်ဆုံး ဘယ်သူချန်ပီယံဖြစ်ပြီး ဆုငွေ ဒေါ်လာသန်းဝက်ကို ဘယ်သူနိုင်သွားမလဲဆိုတာတော့ ဆက်လက်ရှူစားကြရမှာဖြစ်ပါတယ်။ Western ရုပ်ရှင်တို့ထုံးစံအတိုင်း သေနတ်ပစ်ခန်းတွေ၊ အင်ဒီးယန်းတွေ၊ မြင်းစီးကောင်းဘွိုင်တွေ ရိုးရာမပျက်ထည့်ပေးထားတဲ့အပြင် ဒီဇာတ်လမ်းမှာတော့ ပိုကာနဲ့ comedy ပိုင်းကို နည်းနည်းအသားပေးပြထားလို့ ဇာတ်ကားအစမှအဆုံးထိ မလွတ်တမ်းကြည့်ဖြစ်သွားမှာပါ။ အက်ရှင်သီးသီး ကောင်းဘွိုင်ဇာတ်လမ်းတွေပဲ ကြိုက်သူတွေအတွက် အဆင်မပြေလောက်ပေမယ့် မင်းသားကြီး Mel Gibson သရုပ်ဆောင်ချက်ကိုကြည့်ရတာနဲ့တင် ကြည့်ပျော်နေပါပြီ။ IMDb rating 7 ရထားပြီး Rotten tomatoes 68% ဖြစ်တဲ့အတွက် ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပါရစေ။ File size…(2.2 GB)/(1.2 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:07:00 Genre…Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ninja

7 1994 127 mins
Maverick
The Hand that Rocks the Cradle
6.7

ပုခက်လွှဲတဲ့လက်က ကမ္ဘာကိုအုပ်စိုးနိုင်တယ်ဆိုတဲ့ ဆိုရိုးစကားကို ကျွန်တော်တို့အားလုံး ကြားဖူးတာချည်းပါပဲ။ ဒါပေမဲ့ အုပ်စိုးတယ်ဆိုတဲ့ စကားလုံးက ကောင်းတာရောဆိုးတာရော ဖြစ်နိုင်တာကိုတော့ ဘယ်သူမှ သတိမထားမိကြပါဘူး။ ကလဲရ်နဲ့မိုက်ကယ်တို့ဟာ သိပ်ချစ်ကြတဲ့ဇနီးမောင်နှံတွေဖြစ်ပြီး အမ်မာဆိုတဲ့ ချစ်ဖို့ကောင်းပြီး သိပ်စကားတတ်တဲ့ သမီးလိမ္မာလေးတစ်ယောက်ရဲ့ ဂုဏ်ယူနေတဲ့မိဘတွေဆိုလည်းမမှားပါဘူး။ ဒီ့အပြင် ကလဲရ်မှာလည်း ဒုတိယရင်သွေးလေးဖြစ်တဲ့ သားလေးကို ကိုယ်ဝန်လွယ်ထားရတာပါ။ အလုပ်ကလည်းအဆင်ပြေ ရင်သွေးရတနာလည်းစုံလင်နေတဲ့ ဒီဇနီးမောင်နှံ လေးမှာ စိတ်အနှောင့်အယှက်ဖြစ်စရာပေါ်လာပါတယ်။ ဒါကတော့ ကလဲရ်ရဲ့အရင် OG ပင်စင်ယူသွားလို့ ဆရာဝန်ပြောင်းပြချိန်မှာ OG အသစ်ဖြစ်တဲ့ ဗစ်တာမော့တ်က စမ်းသပ်တာလိုလို လက်သိုင်းကျင့်တာလိုလိုနဲ့ ကလဲရ်ကို လိင်ပိုင်းဆိုင်ရာစော်ကားမှုလုပ်လိုက်တာပါပဲ။ သိပ်ကိုအားနာတတ် သူများကိုတွေးပေးတတ်လွန်းတဲ့ကလဲရ်က မှားယွင်းစွပ်စွဲမိမှာကို စိုးရိမ်ပြီး ဘာမှမလုပ်ချင်ပေမဲ့ မိုက်ကယ်ရဲ့အားပေးမှုနဲ့ပဲ ကျန်းမာရေးဘုတ်အဖွဲ့ကို တက်တိုင်လိုက်ပြီးနောက်မှာတော့ မကောင်းသတင်းက ဟိုးလေးတကျော်ဖြစ်ပြီး ဗစ်တာမော့တ်တစ်‌‌ယောက် သူ့ကိုယ်သူ အ‌ဆုံးစီရင်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ခင်ပွန်းဖြစ်သူရော ဗိုက်ထဲကရင်သွေးလေး‌ရော မိခင် ဖြစ်ခွင့်ကိုပါ တစ်ပါးတည်းအတူဆုံးရှုံးလိုက်ရတဲ့အပြင် အမှုအခင်းဖြစ်နေတာ ကြောင့် ပိုင်ဆိုင်မှုပါ အကုန်သိမ်းခံလိုက်ရတဲ့ ဗစ်တာမော့တ်ရဲ့ဇနီးဖြစ်တဲ့ပေတွန် တစ်ယောက် ပြဿနာအရင်းခံဖြစ်တဲ့ ဘာတယ်မိသားစုကို လက်စားချေဖို့ ကလေးထိန်းအနေနဲ့ ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်မလဲဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ File size…3.3 GB / 862 MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 50m Genre ….. Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by TD

Comedy • Adventure
6.7 1992 110 mins
The Hand that Rocks the Cradle
The Midnight Game
5

he Midnight Game (2013) IMDb – 4.6/10 ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် horror/supernatural ဇာတ်လမ်းလေးတစ်ခုကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… The Midnight Game ဆိုတဲ့ဂိမ်းတစ်ခုက အထက်တန်းကျောင်းသားတွေကြားမှာ ရေပန်းစားတဲ့ဂိမ်းတစ်ခုပါ။ လူငယ်တွေကတော့ supernatural ဖြစ်ရပ်တွေကို အယူသီးကြတဲ့ကလေးတစ်စုပေါ့။ ဒီလိုနဲ့ Kaitlan ရဲ့အမေက အလုပ်ခရီးထွက်ဖို့ဖြစ်လာပြီး အိမ်မှာလူကြီးတွေမရှိတဲ့အချိန်မှာ သူ့သူငယ်ချင်း Jenna နဲ့ Rose တို့ရောက်လာပြီး သူတို့ကောင်လေးတွေဖြစ်တဲ့ Shane နဲ့ Jeff တို့ကိုပါဖိတ်ထားပါတယ်။ အဲဒီလိုနဲ့ ဒီ The Midnight Game ကြီးကိုဆော့ကြရာကနေ သူတို့တွေရုန်းမထွက်နိုင်တဲ့သံသရာထဲမှာ သူတို့အကြောက်အရွံ့ဆုံးအရာနဲ့ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာကြည့်ရှူရမှာပဲဖြစ်ပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ June ပါ ) File size_(1.3GB)/(650MB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:31:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by June

Thriller • Action
5 2013 74 mins
The Midnight Game
Target List
7.1

ခင်ပွန်းသည်က ဖောက်ပြန်တာခံရတဲ့ ဒွန်နာအတွက်တော့ သမီးလေးဂရေစီဟာ အရာရာဖြစ်ခဲ့ရပါတယ်။ ဒါပေမဲ့ ကင်ဆာဆိုတဲ့နတ်ဆိုးက သမီးလေးကို သူ့ရဲ့ဘဝထဲကနေ ထပ်ပြီးတော့ ခေါ်ဆောင်သွားပြန်ပါတယ်။ အဲဒီအချိန်မှာ ဒွန်နာတစ်ယောက် WANDဆိုတဲ့ ကင်ဆာကုထုံးသစ်ကို စမ်းသပ်တီထွင်ဆဲကာလဖြစ်ပြီး သမီးလေးကိုမကယ်တင်နိုင်လိုက်ဘူးပေါ့။ ဒီလိုနဲ့ နှစ်ပေါင်းများစွာစမ်းသပ်ရင်း ဂရေစီဆုံးသွားပြီး ၃ နှစ်အကြာမှာ ‌နမူနာWANDကိုထုတ်လုပ်တဲ့အဆင့် လူသားတွေနဲ့စမ်းသပ်မှုစတင်မယ့်ကာလမှာ ထုတ်ကုန်ကို ကြေညာဖို့လုပ်ပါတယ်။ ဒါပေမဲ့ ဒီလိုကြေညာလိုက်တာက သူတို့ရဲ့သေမင်းကို ဖိတ်ခေါ်လိုက်တာမှန်း ဒီသု‌တေသနပညာရှင် ၅ ယောက်မသိနေတဲ့အခါ… ထုတ်ကုန်ကြေညာဖို့ သတင်းစာရှင်းလင်းပွဲလုပ်တဲ့ညကနေစလို့ ဓာတ်ခွဲခန်းကို မီးလာရှို့ပြီး သုတေသနအဖွဲ့တွေကို လိုက်လံသတ်ဖြတ်နေတဲ့ ကြေးစားတွေရောက်လာချိန်မှာတော့ ဓာတ်ခွဲခန်းမှာစမ်းသပ်နေတဲ့ ကလိုက်ဒ်နဲ့ ဒွန်နာကိုလုပ်ကြံတာပေမဲ့ ခင်ပွန်းဟောင်းကိုထိပြီး သီသီလေးလွတ်မြောက်လာတဲ့ဒီနှစ်ယောက် အသက်ဘေးလွတ်အောင်ရုန်းကန်ရင်း တရားခံကိုရှာဖွေဖို့ဖြစ်လာပါတော့တယ်။ Nerdပီပီ တစ်ခါတရံမှာ ဇီဇာကြောင် အူကြောင်ကြောင်အတွေးတွေနဲ့ကလိုက်ဒ်နဲ့ လက်ရဲဇာတ်ရဲ တဇွတ်ထိုးဆန်တဲ့ဒွန်နာတို့နှစ်ယောက်ရဲ့ တရားခံရှာပုံတော်ကို ဟာသလေးနှောလို့ အတူရှုစားလိုက်ရအောင်ပါ။ File size…(1.35 GB)/(620 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre… Action, Adventure, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Darcy

7.1 2023
Target List
Ali Topan

အချစ်ဒရာမာ ဇာတ်ကားကောင်းကောင်းလေးတွေ ကြိုက်နှစ်သက်တဲ့သူတွေအတွက် အင်ဒိုဇာတ်ကားကောင်းလေး တစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ကားလေးရဲ့နာမည်ကတော့ Ali Topan ဖြစ်ပြီး IMDb Rating 5.5 ရရှိထားပါတယ်။လူငယ်အချစ်ဇာတ်လမ်း ပေါ့ပေါ့ပါးပါးလေးတစ်ကားဖြစ်ပြီးတော့ ယနေ့ခေတ်မှာ အဖြစ်များတဲ့ မိဘကသားသမီးအပေါ်တင်းကြပ်မှုတွေ ပျော်ရွှင်မှုနဲ့ အချစ်ကိုလိုအပ်တဲ့လူငယ်တွေရဲ့ကြားက အကြောင်းအရာတွေတွေကို စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်လမ်းဇာတ်ကွက်လေးတွေနဲ့ ပုံဖော်ထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ အာလီဆိုတဲ့ ကောင်လေးရဲ့ မိသားစုကစီးပွားရေး အဆင်ပြေတယ်ဆိုပေမဲ့ မိဘတွေအချင်းချင်းအဆင်မပြေ မိဘတွေနဲ့ သူနဲ့လည်းအဆင်မပြေကြတဲ့အတွက် အာလီက သူ့သူငယ်ချင်းတွေရဲ့ တီးဝိုင်းနဲ့ပဲအချိန်ပြည့်ရှိနေသူ တစ်ယောက် ရှိပါတယ်။တစ်နေ့မှာတော့ သူတို့တီးဝိုင်းရှိရာကို ကောင်မလေး တစ်ယောက်ရောက်လာပြီး အာလီကလည်းမြင်မြင်ချင်း ကြွေသွားပါတော့တယ်။လူငယ်ချင်းဆိုတော့ စကားတွေ ပြောရင်း ရင်းနှီးသွားကြပြီး ကောင်မလေးက ဝန်ကြီးသမီး အန်နာဖြစ်ကြောင်းကို သိခဲ့ရပါတော့တယ်။အန်နာရဲ့ မိသားစုက သူ့အပေါ်အရမ်းတင်းကြပ်ပြီး လူကုံထံအသိုင်းအဝိုင်းမှာပဲ မွန်းကြပ်စွာနဲ့ ရှင်သန်နေရတဲ့အတွက် အာလီနဲ့တွေ့ခဲ့ရတဲ့ အချိန်တွေက သူအတွက် အရမ်းပျော်စရာကောင်းနေပါ တော့တယ်။ဒီလိုနဲ့ သူတို့နှစ်ယောက်အာလီတို့လုပ်မဲ့ရှိုးပွဲမှာ ထပ်တွေ့ဖို့ အကြောင်းဖန်လာခဲ့ကြပြီး အဲ့ဒီညမှာပဲကြိုက်သွား ကြပါတော့တယ်။အဲ့ဒီတစ်ညတာက သူတို့အတွက်ပျော်စရာ ကောင်းခဲ့ပေမဲ့ ပွဲလုပ်တဲ့ အာလီတို့နေရာမှာ ပြဿနာတွေ အကြီးအကျယ်ထဖြစ်ပြီး လူတွေလည်းအများကြီးထိခိုက်ခဲ့ ပါတယ်။အာလီလည်း အဲ့ဒီကိစ္စနဲ့စိတ်တွေညစ် အန်နာလည်း အိမ်ကြောင့်နဲ့ စိတ်တွေညစ်နေကြပြီး စိတ်ပြေလက်ပျောက် ဖြစ်သွားအောင် ငယ်ငယ်ကတည်းက အိမ်ကထွက်သွားခဲ့တဲ့ အန်နာ့အစ်မဆီကို နှစ်ယောက်သားဆိုင်ကယ်တစ်စီးနဲ့ အတူ ခရီးထွက်ခဲ့ကြပြီးနောက်မှာတော့ ကျန်နေခဲ့တဲ့အန်နာ့မိဘတွေက ပြဿနာအကြီးအကျယ်ထရှာပြီး ဘယ်လိုအခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရမဲ့ ဒရာမာဇာတ်ကား ကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.60GB / 749MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Adventure , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

0 2023
Ali Topan
Fortunes of War

ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ် အတွင်းမှာ နေရာယူထားတာပါ။ ဗြိတိသျှတပ်ဖွဲ့ တစ်ဖွဲ့ဟာ ဂျာမန်တပ်ကို အလစ်ဝင်တိုက်ဖို့လုပ်ရင်း ဂျာမန်တွေက အရင်အလစ်ဝင်တိုက်သွားတဲ့အတွက် တပ်တွေကွဲသွားပါတယ်။ ဆာဂျင် မေဆန် ဦးဆောင်တဲ့ တပ်စုဟာ ဂျာမန်တွေလက်ကနေထွက်ပြေးရင်း လမ်းပြတွေရဲ့ အကြံပေးချက်အရ လယ်ကွင်းတစ်ခုဆီရောက်လာပါတယ်။ ဒီနေရာမှာ ပြန်ဆုတ်ခွာဖို့လမ်းကြောင်းဆွဲနေတုန်း ဂျာမန်တွေက လိုက်မှီလာတဲ့အတွက် ပြန်လည်ခုခံကြရပါတော့တယ်။ ဂျာမန်တပ်တွေဟာ သူတို့ကိုဝိုင်းထားနိုင်ပေမယ့် ရှေ့ကိုဆက်တိုးမလာကြပါဘူး။ ဆာဂျင် မေဆန်တို့တွေ ဒီအခြေအနေက ဘယ်လိုထွက်ကြမလဲ ဂျာမန်တွေက ဘာလို့ သူတို့ကိုဝင်မတိုက်ကြတာလဲ ဆိုတာတွေကိုတော့ ဇာတ်ကားထဲမှာ ကြည့်ရှူပေးပါဦး။ File size…(1.8 GB)/(970 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:25:00 Genre… War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alvaro

Adventure • Drama • Action • History
0 2024
Fortunes of War
Unruly (or) Ustyrlig
7.2

Unruly (or) Ustyrlig (2023) IMDb Rating (7.2) ဒီကားလေးကတော့ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလက စပရော့ဒ်ကျွန်းပေါ်က ဖိနှိပ်ခံခဲ့ရတဲ့အမျိုးသမီးငယ်လေးများအကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားပြီး IMDB 7.2ရရှိထားပါတယ်။ ဒိန်းမတ်နိုင်ငံရဲ့ ၁၉၃၃ခုနှစ်လွန်ကာလတွေမှာ အမျိုးသမီးအပေါ် မကောင်းတဲ့အမြင်တစ်မျိုးရှိခဲ့ကြပါတယ်။ အသက်၁၇နှစ်အရွယ်ရှိတဲ့ မာရန်ကတော့ အရိုင်းဆန်ပြီး လွတ်လပ်တဲ့သဘောရှိတဲ့သူဖြစ်တာကြောင့် ပတ်ဝန်းကျင်နဲ့သဟဇာတမဖြစ်တဲ့သူတစ်ယောက်ပါ။ အဲဒီလိုနဲ့ကြာလာတဲ့အခါမှာ မာရန်ဟာ စိတ်မမှန်တဲ့သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပြီး ထိန်းကျောင်းသွန်သင်နိုင်ဖို့အတွက် စပရော့ဒ်ကျွန်းမှာရှိတဲ့ အမျိုးသမီးများခိုလှုံရာဂေဟာကို အပို့ခံလိုက်ရပါတယ်။ အဲဒီစပရော့ဒ်ကျွန်းပေါ်မှာလည်း မာရန့်လို အမျိုးသမီးငယ်လေးပေါင်းများစွာ ရှိနေပါတယ်။ နဂိုကတည်းကမှ ချုပ်ချယ်ခံရတာကို မကြိုက်တဲ့မာရန်က ဂေဟာကနေ ထွက်ပြေးလွတ်မြောက်နိုင်မလား ဒါမှမဟုတ် လူမှုပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင် သင်ယူနိုင်မလားဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Kar Lotte ပဲဖြစ်ပါတယ်) File size…(3.1 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….02:09:52 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Kar Lotte

7.2 2023
Unruly (or) Ustyrlig
Scooby-Doo! Curse of the Lake Monster

Scooby-Doo live action လေး လာပါပြီ။ နွေကျောင်းပိတ်ရက်မှာ ပျော်ပါးဖို့တွေးနေတဲ့ ရှက်ဂီနဲ့စကူဘီတို့ ပျော်ဖို့ဆိုတာ ဝေး၊ ဒက်ဖနီရဲ့အန်ကယ်ဆီမှာ အလုပ်သွားလုပ်ရပါတယ်။ နွေပိတ်ရက်လေးဆိုတော့ အလုပ်တစ်ဖက် အပန်းဖြေတစ်ဖက်ပေါ့လေ။ ဒါနဲ့ ရေကန်မကောင်းဆိုးဝါး ရှိတယ်လို့ ဒဏ္ဍာရီရှိတဲ့ မြို့ငယ်လေးကို ‌သွားကြတာပေါ့။ ဒီလိုနဲ့ ရေကန်မကောင်းဆိုးဝါး ပဟေဠိပြဿနာ ဖြေရှင်းဖို့ သူတို့တာဝန်ဖြစ်လို့လာပါတယ်။ live action မှာလည်း စကူဘီဒူးအတွက် ပင်တိုင်အသံသရုပ်ဆောင်ကြီး Frank Welker ကပဲ အသံသရုပ်ဆောင်ပေးထားတဲ့အပြင် စကူဘီဒူး CGI လည်း အတော်လေးကောင်းပါတယ်။ ရှက်ဂီနေရာမှာ မင်းသား Nick Palatas ၊ ဗယ်မာအဖြစ် Hayley Kiyoko တို့က တကယ့်ကာတွန်းဇာတ်ကောင်တွေ အသက်ဝင်လာတဲ့အတိုင်း သရုပ်ဆောင်ထားကြပါတယ်။ ဟာသတွေအပြင် ရိုမန့်တွေပါ ထည့်ထားလို့ ကြည့်ရတာ ပျင်းရမှာမဟုတ်ပါဘူး။ ဒီတစ်ခါက်တော့ live action လေး ပြောင်းကြည့်လို့ရအောင် စကူဘီဒူးဖန်တွေအတွက် CM ပရိတ်သတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါပြီ။ File Size : 1.8 GB, 1 GB Quality : Blu-Ray 1080p / 720p Running Time : 1hr 15min Format : Mp4 Genre : Adventure, Comedy, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : Orika Encode by : Thit San Khant

0 2010 80 mins
Scooby-Doo! Curse of the Lake Monster
The Yin-Yang Master Zero Onmyoji Zero
5.7

The Yin-Yang Master Zero (2024) IMDb Rating (5.7) ဒီဇာတ်လမ်းက ဂမ္ဘီရတွေနာမည်ကျော်ကြားတဲ့ ရှေးဂျပန် Heian ခေတ်တုန်းက အင်ပါယာကိုအခြေခံထားတဲ့ Fantasy ဇာတ်လမ်းကောင်းတစ်ပုဒ် ဖြစ်ပါတယ်။ ​Heian ခေတ်မှာ Onmyoji ဆိုတဲ့ ဂမ္ဘီရပညာရှင်တွေ ကျော်ကြားကြပြီး Onmyoji ဖြစ်ဖို့ ကြိုးစားကြတဲ့ ကျောင်းသားတွေလည်း အများကြီးရှိကြတယ်။ မြေခွေးသားတော်လို့ လူတွေပြောကြတဲ့ Abe no Seimei က အရည်အချင်းအရမ်းရှိပေမဲ့ Onmyoji ဖြစ်ဖို့ ဆန္ဒမရှိဘဲ သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ကျောင်းသားတစ်ယောက်ဖြစ်တယ်။ သူ့ရဲ့တစ်ခုတည်းသောရည်မှန်းချက်က သူများတွေလို Onmyoji တစ်ယောက်ဖြစ်ဖိုမဟုတ်ဘဲ သူ့မိဘတွေကို သတ်ခဲ့တဲ့တရားခံကို ရှာပြီး အပြစ်ပေးဖို့ပဲ စိတ်ဆုံးဖြတ်ထားတဲ့သူဖြစ်တယ်။ တစ်နေ့မှာ Onmyoji ဌာနက ထူးချွန်ကျောင်းသားတစ်ယောက် အသတ်ခံလိုက်ရပြီး တရားခံကိုရှာဖွေဖို့က ကျောင်းသားတွေအကုန်လုံးရဲ့ စာမေးပွဲဖြစ်လာခဲ့တယ်။ Seimei လည်း သူ့သူငယ်ချင်းဖြစ်တဲ့ တက်တက်ကြွကြွ အထက်တန်းလွှာဂီတပညာရှင် အရှင် Hiromasa နဲ့ လူသတ်မှုကို စုံစမ်းစစ်ဆေးရေး စခဲ့တယ်။ အဲဒီမှာပဲ Seimei ရဲ့ အရည်အချင်းနဲ့ ယုံကြည်မှုတွေကို စိန်ခေါ်မဲ့ အန္တရာယ်များတဲ့ လှည့်ကွက်တွေ ပေါ်ပေါက်လာပြီး အာဏာနဲ့ရာထူးကို ဆာလောင်မက်မောတဲ့ လောဘကြီးသူတွေကြောင့် လူတွေဘယ်လို ထိခိုက်ရလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ဆက်လက်ကြည့်ရှုရမဲ့ သဘာဝလွန်ဇာတ်လမ်းကောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size…(1.9 GB) / (950 MB) Quality….Blu-Ray 1080p HEVC /720p Format…. mkv/mp4 Genre….Fantasy,History,Mystery Duration….01:53:24 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin

Action
5.7 2024 112 mins
The Yin-Yang Master Zero Onmyoji Zero