YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

X Zone (2020) 720p(DS).mp4

757.35 MB 720p video/mp4 4166 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Girl, Interrupted
7.6

Girl, Interrupted (1999) ~ IMDb - 7.3/10, Rotten Tomatoes - 53% ~ Angelina Jolie နဲ့ Winona Ryder တို့ရဲ့ ငယ်ရုပ်တွေကိုပြန်မြင်ရမယ့်ရုပ်ရှင်‌လေးဖြစ်ပါတယ်။ ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာ ဆယ်ကျော်သက်ကောင်မလေးတစ်ယောက် ကြုံခဲ့ရတဲ့ စိတ်‌ပိုင်းဆိုင်ရာအခက်အခဲအတွေ့အကြုံတွေကို ဇာတ်လမ်းလေးအတိုင်း အဖိအဖော့မှန်မှန်ရိုက်ပြသွားနိုင်တဲ့ ကားကောင်းလေးတစ်ကားပါပဲ။ ဒီရုပ်ရှင်ကို နာမည်တူ Girl, Interrupted ဆိုတဲ့ 1993 ခုနှစ်က အရောင်းရဆုံး ကိုယ်တွေ့မှတ်တမ်းစာအုပ်အပေါ် အခြေခံရိုက်ကူးထားတာပါ။ စာရေးသူက ဆူဇန်နာကေဆန် ဖြစ်ပြီး ရုပ်ရှင်ထဲမှာလည်း နာမည်အရင်းတွေပဲသုံးသွားပါတယ်။ စာအုပ်ပေါ်အခြေခံရိုက်တဲ့ရုပ်ရှင်တွေဆိုရင် စာအုပ်ကပိုကောင်းနေတတ်တာတွေ ခပ်များများဗျ။ ဒါကျမတူဘူး။ စာအုပ်ကော ရုပ်ရှင်ပါ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ကောင်းနေတာမျိုး။ ကျွန်တော့်အမြင်အရဆိုရင်တော့ စာအုပ်ထက် ရုပ်ရှင်က ပိုကောင်းတယ်လို့ခံစားရတယ်။ စာအုပ်ထဲမှာက ကိုယ်တွေ့မှတ်တမ်းဆိုတဲ့အတိုင်း အခန်းတွေကပြန့်ကျဲနေတာ... ဘာဇာတ်ကွက် လှည့်ကွက် ဘာမှကိုမပါနေဘူး။ ဇာတ်ရှိန်တက်မယ့်နေရာတွေဆို ဝေလာဝေး။ ဒီနေရာမှာ သူက ဒီလိုလုပ်ခဲ့တာ သူကဘယ်လိုဖြစ်တာ၊ ဘယ်နေရာမှာကဘာရှိတယ် ဘယ်သူကဘယ်လို အဲဒီလိုတွေချည်းစုရေးပြထားတယ်။ စိတ်ဝင်စားဖို့ကောင်းပေမဲ့ ဇာတ်လမ်းလို ဇာတ်သွားမျိုးမရှိနေဘူး။ စာရေးသူ စိတ်ဆေးရုံကိုရောက်နေတုန်း ကြုံရသမျှအဖြစ်အပျက်တွေကို Timeline မရှိဘဲနဲ့ ကြုံသလို မှတ်တမ်းပီပီရေးပြထားတာမျိုးပေါ့။ ရုပ်ရှင်ကကျ မတူတော့ဘူး။ အဲဒီလိုပြန့်ကျဲနေတဲ့အခန်းတွေကို Timeline တစ်ခုအနေနဲ့စီပြီး ဇာတ်ရှိန်တက်တာ ကျတာတွေကို တခုချင်းဆွဲခေါ်သွားတယ်။ သရုပ်ဆောင်တွေကလည်းစိတ်ရောကိုယ်ပါနစ်ထားတာသိသာပါတယ်။ Angelina Jolie ကိုယ်တိုင်က Sociopath mood သွင်းတာလေးမပျောက်အောင် ရိုက်ကွင်းမှာဘယ်သူနဲ့မှတောင်အဆက်အဆံမလုပ်ဘဲ နေခဲ့တယ်ဆိုသဗျ။ ဒီရုပ်ရှင်ဟာ စာအုပ်နဲ့ ၏သည်မရွေး တစ်ထပ်တည်းမတူနေပေမယ့် ဇာတ်ကျောကိုတော့ ထပ်တူကျလောက်အောင် ဇာတ်လမ်းရုပ်ရှင်ပီပီ ရိုက်ပြထားနိုင်ပါတယ်။ ဒီရုပ်ရှင်ရဲ့ ဆူဇန်နာကေဆန်နေရာက သရုပ်ဆောင်တဲ့ Winona Ryder က စာအုပ်ကိုအရူးအမူးကြိုက်လွန်းလို့ မူပိုင်ခွင့်ကိုပါဝယ်ပြီး ရုပ်ရှင်ရိုက်ဖို့ နှစ်နဲ့ချီစောင့်ခဲ့တယ်လို့ဆိုတယ်။ ရိုက်ခွင့်ရတဲ့အချိန်မှာလည်း Logan, 3:10 Yuma, Ford vs Ferrari, ပြီးတော့ အခု Indiana Jones ‌And The Dial of Destiny ရုပ်ရှင်တွေကို ရိုက်တဲ့ ဒါရိုက်တာ James Mangold နဲ့ရိုက်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရှေ့ကပြောခဲ့တဲ့ကားတွေမရိုက်ရသေးဘူးပေါ့နော်။ လီဆာ နေရာမှာ သရုပ်ဆောင်တဲ့ Angelina Jolie ကလည်း ဇာတ်ပို့သရုပ်ဆောင်နေရာအတွက် အော်စကာဆုကို ထိုက်ထိုက်တန်တန်ရရှိခဲ့ပြီး အခြားဆန်ကာတင်ဆုပေါင်းများစွာလည်း ဝင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို Min Thant Bo မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.1GB, 820MB Quality - 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 7Min Genre - Biography, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Min Thant Bo Encoded by Y

Comedy • Drama
7.6 1999 127 mins
Girl, Interrupted
(18+) Don Jon
6

IMDb (6.5) / Rotten Tomatoes (80%) မင်းသမီးစကားလက်ဂျိုဟန်ဆန် ၊ Julianne Moore နဲ့ မင်းသား Joseph Gordon-Levitt တို့ပါဝင်ထားပြီး မိသားစုနဲ့ကြည့်လို့မရနိုင်တဲ့ 18+ ပညာပေးဇာတ်ကားပါ။ ဇာတ်လမ်းရဲ့တင်ဆက်ပုံကတော့ ကောင်းမွန်မှုရှိပြီးတော့ နိုင်ငံတကာ Rating တွေလဲကောင်းမွန်ပါတယ်....လူငယ်တွေမှာဖြစ်တတ်တဲ့ အပြာကားစွဲလမ်းတဲ့အခြေအနေတစ်ခုကို ရိုက်ကူးတင်ပြထားတဲ့ဇာတ်လမ်းပါ။ အပြာကားကို ဘိန်းစွဲသလို စွဲနေတဲ့သူတွေ...အပြာကားထဲက မင်းသမီးတွေ ဇာတ်ဆောင်တွေရဲ့ အပြင်မှာမဖြစ်နိုင်တဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေကို လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး စိတ်ဓာတ်ကျနေတဲ့ သူတွေ...အပြာကားကြောင့် ဘေးထွက်ဆိုးကျိုးများနေသူတွေအတွက် သင်ခန်းစာယူစရာပါပဲ။ အခု Don Jon ဆိုတဲ့ဇာတ်ကားက လူငယ်တွေမှာ အဖြစ်များနေတဲ့ " အပြာကားစွဲတဲ့ စိတ်ရောဂါ "တစ်မျိုးကို ဟာသလေးတွေနှောပြီး ရိုက်ပြထားတာပါ ဒီကားက စစကြည့်ချင်းမှာ 18+အခန်းတွေကို ခပ်ကြမ်းကြမ်းပြထားပါတယ် dialogueတွေကလဲ အရမ်းရိုင်းပါတယ် ဒါပေမယ့် တစ်ဖြည်းဖြည်းနဲ့ ဇာတ်ကားကပေးချင်တဲ့ message ကို ပရိသတ်တွေဆီရောက်အောင် ဆွဲခေါ်သွားတာတွေ့ရမှာပါ ဒီဇာတ်ကားရဲ့ အဓိက ပေးချင်တဲ့ သဘောတရားက "လိင်ကိစ္စဟာ တစ်ယောက်ထဲဆန္ဒပြည့်ဝလို့ ကောင်းတဲ့အရာမဟုတ်ပါဘူး လိင်ဆက်ဆံဖော်နဲ့ အပေးအယူမျှတ ရပါတယ်" ကဲ ဇာတ်ကားအညွှန်းလေးကို ပြောပြရမယ်ဆိုရင် ဇာတ်ကားထဲက ဇာတ်လိုက်ဖြစ်တဲ့ ဂျွန်နီဆိုတဲ့ကောင်လေးဟာ ဆော်ကြည်ဘဲတစ်ပွေပေါ့ဗျာ အပတ်တိုင်း နိုက်ကလပ် သွားတယ် အပတ်တိုင်းလည်း နိုက်ကလပ်ကနေ ဆော်အလန်း တစ်ပွေ ရတယ် အမြဲတမ်းလည်း ကောင်မလေးအလန်းတွေနဲ့ လိင်ဆက်ဆံတယ် ဒါပေမယ့် သူ စိတ်ကျေနပ်မှု အပြည့်အဝမရဘူး သူနဲ့ကြိုက်တဲ့ကောင်မလေးတွေက တင်ပါး၊ရင်သား၊ ရုပ်ရည် ဘာမှ အပြစ်ပြောစရာမရှိဘူး ဒါပေမယ့် သူ့စိတ်ထဲ တစ်ခုခုလိုနေတယ် သူကြည့်နေကြ အပြာကားတွေ လောက်တောင် အဲ့ကောင်မလေးတွေက သူ့ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူး နောက်ဆုံးမှာတော့ sexy တအားကျတဲ့ sex စကေးလည်းကြမ်းတဲ့ (barbara sugarman)Scarlett Johnson နဲ့ ကလပ်မှာတွေ့ပါတော့တယ် ကဲ ဂျွန်နီလေးတစ်ယောက် Scarlett Johnson နဲ့တွေ့မှပဲ သူစွဲလမ်းနေတဲ့ အပြာကားကို စွန့်လွှတ်နိုင်မှာလား....Scarlet Johnson နဲ့ Julianne Moore ကရော ဘယ်လိုတွေ စကေးပြသွားမလဲဆိုတာ....။ File size…(2.1 GB)/ (650 MB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:30:16 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Mg King

Action • Drama • History • War
6 2013 90 mins
(18+) Don Jon
East of Eden
7.6

~ IMDb - 7.8/10, Rotten Tomatoes - 86% ~ ဒီဇာတ်ကားအကြောင်းမပြောခင်မှာ ပြောစရာနှစ်ခုရှိပါတယ်။ ပထမတစ်ခုကတော့ ဒီဇာတ်ကားရဲ့ ဇာတ်ဆောင်မင်းသားကြီး ဂျိမ်းစ် ဒင်း ပါ။ အောင်မြင်နေဆဲကာလမှာ စောစောစီးစီး လောကထဲက ထွက်ခွာသွားရတာကို နှမြောတသကြတဲ့သူတွေရှိသလို ဖဲနိုင်နေတုန်း ဝိုင်းသိမ်းလိုက်နိုင်တဲ့ဖဲသမားလို အနိုင်နဲ့ပိုင်းနိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ကြသူတွေလည်း ရှိမှာပေါ့လေ။ သဘာဝမင်းသားကြီးဖြစ်ပြီး ဆေးစက်ကျရာ အရုပ်ထင်ခဲ့သူပါ။ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးပေါင်း သုံးကားသာရှိပေမယ့် သေဆုံးပြီးနောက် ပေးအပ်တဲ့ အကယ်ဒမီဆန်ကာတင်စာရင်းကို နှစ်ကြိမ်တိုင်တိုင်ပါဝင်ခဲ့ပါတယ်။ ဆယ်ကျော်သက်လူငယ်တို့ ခံစားရလေ့ရှိတတ်တဲ့ ကိုးကွယ်သူစံပြုပုဂ္ဂိုလ်အပေါ် အားမရစိတ်ပျက်သွားတဲ့ခံစားချက်တွေ၊ လူမှုဝန်းကျင်မှာ ဝင်မဆံ့ဖြစ်တတ်တဲ့သဘောတွေကို အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်သူ၊ စံထားရမယ့် မင်းသားတစ်လက်အဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ ကားမတော်တဆမှုနဲ့ ဆုံးပါးခဲ့တာဖြစ်ပြီး အမေရိကန်ရုပ်ရှင်လောကတစ်ခုလုံး ယူကြုံးမရ နှမြောတသဖြစ်ခဲ့ရသူပါ။ သူ့ရဲ့ ဒုတိယမြောက်ဇာတ်ကားဖြစ်တဲ့ East of Eden ကို တင်ဆက်ပေးချင်ပါတယ်။ ဒုတိယအနေနဲ့ ပြောချင်တာက ဇာတ်ကားရဲ့နာမည်ပါ။ အေဒင်အရှေ့ပိုင်းတဲ့။ ကိန်း ဆိုတဲ့ ပထမဆုံးလူသားမကောင်းဆိုးဝါး ထွက်ပြေးလွတ်မြောက်ရာ နေရာတစ်ခုပေါ့။ လောကမှာ သေခြင်းတရားဝင်ရောက်ကာစ၊ အာဒမ် (အဒမ်) နဲ့ ဧဝ (အိဗ်) တို့ရဲ့ သားဦးတွေဖြစ်ကြတဲ့ ညီအစ်ကိုနှစ်ယောက်၊ အေဘယ် နဲ့ ကိန်း။ လူစီဖာရဲ့ ဖျားယောင်းသိမ်းသွင်းမှုကိုလက်ခံပြီး အစ်ကိုအပေါ်သစ္စာဖောက်လို့ ပထမဆုံးသတ်ဖြတ်ခြင်းကို သွေးအေးအေးဆောင်ရွက်ခဲ့သူ ညီတော်မောင် ကိန်း။ ပထမဆုံးသတ်ဖြတ်မှုကလည်း အစ်ကိုဖြစ်သူကို။ မကောင်းဆိုးဝါးလောကကို ပထမဆုံး ခြေလှမ်းခဲ့တဲ့ လူသားတစ်ယောက်‌ ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာလည်း အစ်ကိုဖြစ်သူ အာရွန် ကို မကျေနပ်စိတ်တစ်ခုတည်းနဲ့ သေလုမျောပါးစိတ်ဒဏ်ရာတစ်ခုကိုပေးခဲ့တဲ့ မကောင်းဆိုးဝါး ညီဖြစ်သူ ကယ်လက်ဘ် ရဲ့ ညစ်ကန်ကန် ဂျစ်တစ်တစ်စရိုက်ကို ကြည့်ရှုရဖို့ရှိပါတယ်။ တချို့သောလူကြီးမင်းတွေအတွက် ငယ်ဘဝကို ပြန်ကြည့်နေရသလို ခံစားရချင်လည်း ခံစားရမှာပေါ့လေ။ အရာရာကို မကောင်းမြင်စိတ်နဲ့ဖြတ်သန်း၊ ကိုယ်လိုချင်တာပဲသိတဲ့ ဆယ်ကျော်သက် လူဆိုးသွမ်းလေးပါ။ ဖခင်နဲ့ ကြီးပြင်းလာ၊ မိခင်သေပြီဆိုတဲ့ အလိမ်အညာတစ်ခုကို အရွယ်ရောက်မှ အမှတ်မထင်သိလိုက်ရပြီး မိခင်ကို သွားတွေ့ဖို့ကြိုးစားတဲ့ပုံကလည်း ထောင်ထဲထည့်ချင်စရာပေါ့။ အဖေ ဆုံးရှုံးသွားတဲ့ပိုက်ဆံတွေကို ဉာဏ်ကိုလွှာသုံးပြီး ပြန်ရှာပေးခဲ့ပေမဲ့ ဖခင်ရဲ့ သူတော်စင်စရိုက်နဲ့ သားသမီးနှလုံးသားကို ဝင်မကြည့်တတ်ပုံတွေကြောင့် အကြီးအကျယ်ကြေကွဲရတဲ့ နှလုံးလှလူမိုက်လေး။ Deep Drama တစ်ခုနဲ့ အပြစ်မကင်းသော ၁၅၀၀ ချစ်ခြင်းတစ်ခုကို ဂျိမ်းစ် ဒင်း ရဲ့ ရှားရှားပါးပါးဇာတ်ကားတစ်ကားနဲ့ ခံစားချင်ရင်တော့ CM လက်ရာနဲ့ တင်ဆက်ပေးလိုက်တဲ့ East of Eden ကို မဖြစ်မနေရွေးရမှာပါပဲလို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 940MB Quality - 1080p, 720p IMDb Rating - 7.8/10 Format - mp4 Duration - 1H 58Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Crime • Drama
7.6 1955 115 mins
East of Eden
Fight the Fight
4.9

တရုတ်ပြည်မှာ ကိုယ်ခံသိုင်းပညာရပ်တွေ အများကြီးရှိတဲ့အထဲကမှ ချွိုင်လီဖတ်ဆိုတဲ့ ကိုယ်ခံပညာအကြောင်းကို ရိုက်ပြထားတာပဲဖြစ်ပါတယ်။ ဒီသိုင်းပညာဟာ တရုတ်ပြည်မှာ အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာမှာပါ လူသိများတဲ့ကွန်ဖူးပညာ တစ်ရပ်လည်းဖြစ်ပါတယ်။ ချွိုင်လီဖတ်အကျော်အမော်ညီနောင်နှစ်ပါးထဲက အစ်ကိုဖြစ်သူချန်တိန်းလိုင်ဟာ ကမ္ဘာတစ်လွှားမှာကျောင်းပေါင်းများစွာ ဖွင့်လှစ်ပြီး သိုင်းပညာကို ဖြန့်ဝေလျက်ရှိပါတယ်။ ဒီလိုနဲ့ တရုတ်ပြည်က ပင်မကျောင်းတော်ကြီးကို နိုင်ငံခြားကုမ္ပဏီတစ်ခုက အုပ်စိုးဖို့ကြိုးစားလာပါတော့တယ်။ ဒီမှာတင် အစ်ကိုဖြစ်သူက သဘောတူထားပြီးပေမယ့် သူရဲ့သား ဂီက လက်သင့်မခံဘဲ ပြန်လှန်တွန်းလှန်ဖို့ ကြိုးစားရင်းက ကျောင်းတော်ကြီးရဲ့ကံကြမ္မာကို ပြိုင်ပွဲအဆုံးအဖြတ်နဲ့ စီရင်ဖို့ ဖြစ်လာရပါတော့တယ်.... ကျောင်းကို စီးပွားရေး ကုမ္ပဏီကြီးကပဲ အုပ်စိုးသွားမလား... ဂီနဲ့အတူ အပေါင်းအပါတွေကပဲ ကယ်တင်သွားနိုင်မလား ရှုစားရမှာပဲဖြစ်ပါတယ် ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ ) File Size__(2GB) / (1GB) Quality__BluRay_1080p, 720p IMDb Rating__5.0/10 Format__mp4 Duration__01:33:00 Type__Action, Comedy, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt

Comedy • Drama • Romance
4.9 2011 133 mins
Fight the Fight
Species II
5.2

Species ရုပ်ရှင်ကားတွေဟာ သိပ်ညွှန်းရမယ့်ဇာတ်ကားတွေမဟုတ်ပါဘူး။ ဂြိုလ်သား DNA ဇာတ်ကားမျိုးဆိုရင် Species ဇာတ်ကားတွေက ဟိုးအရင်ခေတ်ကတည်းက လူတိုင်းရင်ထဲရောက်ရှိပြီးသားရုပ်ရှင်တွေဖြစ်ပါတယ်။ Species နာမည်နဲ့ ရုပ်ရှင် (၄)ကားထွက်ရှိခဲ့ဖူးပြီး (၄) ကားလုံးကို https://channelmyanmar.org/?s=species မှာကြည့်လို့ရပါတယ်။ ကြာခဲ့ပြီဖြစ်ပေမယ့် ယနေ့ခေတ်ထိတိုင်အောင် computer effect တွေ ကြည့်လို့ကောင်းနေဆဲရုပ်ရှင်ကားတွေဖြစ်ပြီး ဂြိုဟ်သားရုပ်ရှင်ကားတွေဖြစ်တဲ့ Splice တို့ Alien တို့လိုပဲ ထိတ်လန့်သည်းဖို သိပ္ပံအက်ရှင် Action,Horror,Sci-Fi အမျိုးအစား ဇာတ်ကားများလည်းဖြစ်ပါတယ်။ Species 2 (1998) ဇာတ်လမ်းအကျဉ်း.... ကမ္ဘာမြေကနေ အင်္ဂါဂြိုလ်ပေါ်ကို ပထမဆုံးရောက်ရှိသွားတဲ့ အာကသယာဉ်မှူးတစ်ယောက်ဆီမှာ အင်္ဂါဂြိုလ်က ဂြိုလ်သား DNA ကူးစက်သွားတာကနေ စပါတယ်....ဒီအာကသယာဉ်မှူး ကမ္ဘာမြေကိုပြန်လည်ရောက်ရှိပြီး သူနဲ့အိပ်လိုက်မိတဲ့မိန်းခလေးဆီမှာ ဂြိုလ်သားကလေးမွေးရာကနေ ဘာတွေဆက်ဖြစ်မလဲဆိုတာ.... အသည်းတယားယားကြည့်ရှုရမယ့်ဇာတ်ကားဖြစ်ပါတယ်။ အဖော်အချွတ်ခန်းတွေများတာကြောင့် ငယ်ငယ်တုန်းက အောက်စက်ခေတ်မှာ လူကြီးတွေမသိအောင် ခိုးကြည့်ရ မီးပျက်သွားရင် အောက်စက်ဖွင့်ပြီး အခွေပြန်ထုတ်နေကျဇာတ်ကားမလို့ အသက်မပြည့်သူ ကလေးသူငယ်များနှင့်၊ မိသားစုနှင့်အတူ မကြည့်သင့်သော ရုပ်ရှင်ကားလဲဖြစ်ပါတယ်။ File size…(2.2 GB)/(1.2 GB) Quality….BluRay 1080p HEVC/720p Format…mkv/mp4 Duration….01:33:02 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung

Action • Comedy • Crime
5.2 1998 93 mins
Species II
Museum
6.1

Museum လူသတ်သမားကို လိုက်ရှာဖမ်းတဲ့ စုံထောက်ရုပ်ရှင်တွေထဲမှာမှ စိတ္တဇ ကွင်းဆက်လူသတ်သမားရုပ်ရှင်တွေက ပိုထူးခြားပြီး စိတ်ဝင်စားဖို့ကောင်းတာကို သိကြမှာပါ။ ဒီကားကလည်း အခုလို genre ကြိုက်တဲ့သူတွေအတွက် အချိန်ကုန်ရတန်စေမဲ့ ဂျပန် စုံထောက်ရုပ်ရှင်တစ်ကားပါ။ စုံထောက် ဆဝမူရက အလုပ်ကြိုးစားတဲ့သူတစ်ယောက်ဖြစ်ပြီး ၂၄/၇ အလုပ်ပဲလုပ်နေတာကြောင့် အိမ်သူဇနီးနဲ့ သားလေးကို ပစ်ထားမိသလိုဖြစ်နေပါတယ်။ သူ့မိန်းမကလည်း တရားစီရင်ရေးဂျူရီတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့ ၄နှစ်တုန်းက လူသတ်မှုတစ်ခုကို သေဒဏ်စီရင်ချက် ချပေးဖူးပါတယ်။ သေဒဏ်ကျခံရတဲ့အပြစ်သားက စီရင်မခံဘဲ ကိုယ့်ကိုယ်ကို သတ်သေသွားပါတယ်။ အခုချိန်မှာတော့ အဲဒီအမှုကိုစီရင်ခဲ့တဲ့ ဂျူရီ၉ယောက်ဟာ တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရပါပြီ။ ဂျူရီတစ်ယောက်ချင်းစီကို မတူညီတဲ့သတ်နည်းတွေနဲ့ ပြစ်ဒဏ်ပေးတယ်ဆိုပြီးလိုက်သတ်တာကို ခံလာရတာကြောင့် ဒီအမှုနဲ့ပတ်သက်ပြီး ပြန်စုံစမ်းဖို့ဖြစ်လာပါတယ်။ မိသားစုကိုပစ်ထားတဲ့ ဆဝမူရတစ်ယောက် မိန်းမကိုဘယ်လိုကယ်ဖို့ကြိုးစားမလဲဆိုတာနဲ့ လူသတ်သမားရဲ့ရောဂါနဲ့ဆိုင်တဲ့စိတ်ချို့ယွင်းမှုတွေကို ဖော်ထုတ်သွားမဲ့ ဇာတ်ကားပါ။ ( ဘာသာပြန်ပြီး အညွှန်းရေးသာထားသူကတော့ Ingyin San ပါ ) File Size__(1.9GB) / (1GB) Quality__WEB-DL_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__02:12:00 Type__Crime, Horror Subtitle__Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Naing Aung Latt

Comedy • Thriller
6.1 2016 132 mins
Museum
Bad Boy
7.7

Bad Boy (2023) “ဇိုးလေး” IMDb 7.7/10 Romance/Comedy ဒီတစ်ခေါက်တင်ဆက်ပေးသွားမယ့် ဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးလေးနဲ့ ကြည့်လို့ကောင်းမယ့် အချစ်ဟာသကားလေးပဲဖြစ်ပါတယ်။ Jagga Jasoos(2017)မှာ ရန်ဘီးရ်ရဲ့ မွေးစားအဖေနေရာက မင်းသားကြီး Saswata Chatterjeeနဲ့ ဂန္ဓဝင်ဟာသလူရွှင်တော်ကြီး Johnny Leverတို့ပါဝင်တင်ဆက်ထားပါတယ်။ စည်းမျဉ်းစည်းကမ်းတွေအတိုင်း ရှင်သန်နေရတာကို တော်တော်များများမွန်းကြပ်တတ်ကြပေမယ့် ရှူဘန်ကာဘန်နာဂျီအတွက်တော့ မဟုတ်ခဲ့ပါဘူး။ နေ့စဉ်နေထိုင်မှုဘဝမှာရော အလုပ်မှာရော စည်းမျဉ်းတွေအတိုင်း တသွေမတိမ်းလိုက်နာနေထိုင်တဲ့သူပါ။ အရမ်းဇီဇာကြောင်တဲ့ အဖိုးကြီးဖြစ်ပြီး သူနေသလိုမျိုး မိသားစုကိုလည်း ဒီလိုပဲကျင့်သုံးစေပါတယ်။ သမီးဖြစ်သူ ရီတူးဟာလည်း ဒိတ်ဒိတ်ကြဲထိပ်တန်းကျောင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့လက်ကိုင်ဆောင်ပုဒ်ကတော့ ” အဆင့်အတန်းမြင့်ရမယ် အရည်အချင်းရှိရမယ်” ဆိုတာပါပဲ။ တစ်ဖက်မှာလည်း ရာဂူးဆိုတဲ့ ငမွဲကောင်ဆိုးလေးကတော့ ဘဝကိုပျော်ပျော်နေပြီး ပေါ့ပေါ့လေးဖြတ်သန်းနေတဲ့သူပေါ့။မိသားစုကလည်း ပစ္စည်းအဟောင်းတွေ ပလုံကောက်တာတွေ ဝယ်ယူပြီး အသက်မွေးကြပါတယ်။ စာမေးပွဲကိုလည်း နှစ်စဉ်နှစ်တိုင်း တဖုန်းဖုန်းကျနေတဲ့ ရာဂူးတစ်ယောက် တစ်နေ့မှာတော့ ရီတူးကိုမြင်ပြီး ချစ်မိသွားပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဟာ အရာရာဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ရာဂူးတစ်ယောက် အခက်တွေ့ပါတော့တယ်။ သူတို့နှစ်ယောက်ရဲ့အချစ်ဇာတ်လမ်းလေး ဘယ်လိုဆက်ဖြစ်ကြမလဲဆိုတာကို ရိုမန့်‌တစ်ဆန်ဆန် ဟာသလေးတွေနဲ့ ကြည့်ရှုကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ CM BOLLYWOOD TEAMပဲဖြစ်ပါတယ်။) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood )

7.7 2023
Bad Boy
Envy
4.8

Envy (2004) ========== “လောဘကြောင့် မင်းအသိစိတ်ပျောက်သွားပြီ” ကိုယ့်ထက်နိမ့်ကျတဲ့သူတစ်ယောက် ကိုယ့်ထက်သာသွားတဲ့အချိန်မှာ မနာလိုဖြစ်ဖူးလား? 2004 ခုနှစ်က ထွက်ရှိခဲ့ပြီး ဒီဇာတ်ကားမှာတော့ Night at the Museum နဲ့ The secret life of Walter Mitty တို့လိုကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးတဲ့ ရုပ်ရှင်ထုတ်လုပ်သူ/မင်းသား Ben Stiller နဲ့ Kung Fu Panda Po ဇာတ် ကောင်ရဲ့ အသံသရုပ်ဆောင်တစ်ဖြစ် Gulliver’s Travel လို နာမည်ကျော် ကားတွေမှာ သရုပ်ဆောင်ဖူးတဲ့ Jack Black တို့ ပါဝင်သရုပ်ဆောင်ထားပါ တယ်။ ဂျက်နဲ့တင်မ်တို့က အိမ်နီးချင်းတွေဖြစ်ပြီး နေ့စဉ်အလုပ်အတူတူ သွားကြတဲ့ လုပ်ဖော်ကိုင်ဖက်တွေလည်းဖြစ်ပါတယ်။ အလုပ်ခွင်မှာတော့ တင်မ်က အလုပ် ပိုတော်တဲ့အတွက် ရာထူးပိုမြင့်ပြီး ကိုယ်ပိုင်ရုံးခန်းပိုင်ပါတယ်၊ ဂျက်ကတော့ အလုပ်ပေါ်အာရုံစိုက်နိုင်စွမ်း အားနည်းတဲ့အတွက် သာမန်ဝန်ထမ်းလေးတစ် ယောက်ပါပဲ။ တစ်ရက် အလုပ်ကအ‌ပြန်လမ်းမှာ လူတစ်ယောက် ခွေးချေးကျုံး နေတာကိုမြင်ပြီး ဂျက်တစ်ယောက် Vapoorize ဆိုတဲ့အရာကို တီထွင်ဖို့ အကြံ ရသွားပါတယ်၊ တင်မ်ကတော့ အဓိပ္ပါယ်မရှိဘူးလို့ပြောပြီး ဂျက်ရဲ့ပြောစကားကို အဖက်မလုပ်ခဲ့ပါဘူး။ ဒီလိုနဲ့ ဂျက်တစ်ယောက် သူ့ရဲ့တီထွင်မှု အောင်မြင်သွားတဲ့ အခါမှာ တင်မ်တစ်ယောက် ဘယ်လိုမျိုးတွေဖြစ်လာမလဲ။ သူတို့နှစ်ယောက်ရဲ့ ခင်မင်မှုကရော အရင်အတိုင်း ရှိပါဦးမလား… ဒါတွေကိုသိရဖို့အတွက် Envy ဆိုတဲ့ ဇာတ်ကားလေးကို ဆက်ပြီးကြည့်ရှုကြရအောင်ပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thura Aung ဖြစ်ပါတယ်) File Size……….(1.55 GB) / (720 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 39Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy Translator…….Thura Aung Encoder……….SWM

Horror • Drama
4.8 2004 99 mins
Envy
The Touch Guy
5.6

မူးယစ်ဆေးဂိုဏ်းခေါင်းဆောင်တစ်ယောက်ကိုကယ်ဖို့ ဒယ်လီကောင်လေးတစ်ယောက်ကိုအကြပ်ကိုင်ရာကစတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ ဒယ်လီကောင်လေးရဲ့ ရည်းစားကောင်မလေးကိုဖမ်းပြီး ဂိုဏ်းခေါင်းဆောင်ကြီးကိုကယ်ခိုင်းတော့ ဒယ်လီကောင်လေးက ဘတ္ထရီဆိုင်ကယ်တစ်စီးနဲ့ သွားကယ်ရပါတော့တယ် ဂိုဏ်းခေါင်းဆောင်ကိုကယ်လိုက်ပေမယ့် ခေါင်းဆောင်ကြီးကမ်းလှမ်းတာကို လက်မခံတဲ့အတွက် သူ့ကောင်မလေးကိုမလွှတ်ပဲ ကားနဲ့တင်ခေါ်သွားပါတယ်။ ကောင်မလေးကိုကယ်နိုင်ဖို့ မူးယစ်တိုက်ဖျက်ရေးအဖွဲ့ကလို့ဆိုတဲ့ မိန်းမတစ်ယောက်နဲ့ပူးပေါင်းလိုက်ပါတယ်။ မူးယစ်ဂိုဏ်းအဖွဲ့ကြီးနဲ့ သူတို့နှစ်ယောက်ဘယ်လိုများရင်ဆိုင်တိုက်ခိုက်ပြီး ကောင်မလေးကိုကယ်ကြမလဲ……

5.6 2019
The Touch Guy
Halloween Massacre (2023)

1962 မှာဖြစ်ခဲ့တဲ့ ဟောလိုးဝင်းည လူသတ်မှုအကြောင်းကို ရုပ်ရှင်အဖြစ် ပြန်လည်ပုံဖော်ထားတာပါ 1969 မှာ FBI က 1962 ဟောလိုးဝင်းပါတီတစ်ခုက လူ ၇ ယောက်ကိုသတ်ခဲ့တဲ့ လူသတ်သမားရဲ့ မျက်နှာဖုံးကို ရှာတွေ့ခဲ့ပါတယ် မျက်နှာဖုံးနဲ့အတူ အဲဒီလူသတ်မှုဖြစ်စဉ်က ကင်မရာမှတ်တမ်းကိုပါ တွေ့ခဲ့ပေမဲ့ လူသတ်သမားကိုတော့ ဖမ်းမိခဲ့ခြင်းမရှိပါဘူး ဇာတ်လမ်းအကျဉ်းကတော့ သူငယ်ချင်းအုပ်စုတစ်စုက ဟောလိုးဝင်းညတစ်ညမှာ လူသူကင်းမဲ့တဲ့ တောထဲက အိမ်တစ်လုံးကို ခရီးထွက်လာကြပါတယ် မျက်နှာဖုံးဝတ်လူသတ်သမားကို ပါတီကို နောက်ကျမှ ရောက်လာတဲ့ အန်းနက်ရဲ့ကောင်လေးအထင်နဲ့ အိမ်ထဲ ဆွဲသွင်းမိတဲ့နောက် အိပ်မက်ဆိုးသဖွယ်ဖြစ်လာပါတော့တယ် Halloween ရုပ်ရှင်နဲ့ တက္ကဆက် လွှဖြတ်ရုပ်ရှင်တို့လိုမျိုး ရှေးခေတ် အမေရိကန် slasher အငွေ့အသက်ကို ဒီဇာတ်ကားထဲမှာ ခံစားရမှာ ဖြစ်ပါတယ် File size…(1.4 GB)/(706 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:20:00 Genre… Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan

Action • Adventure • Comedy • Drama • Western
0 1962
Halloween Massacre (2023)
Non-Stop
6.9

ဒီဇာတ်ကားက မင်းသားကြီး Liam Neesonရဲ့ အက်ရှင် ကားကောင်းတွေထဲက တစ်ကားဖြစ်ပြီး IMDb 6.9နဲ့ RT 62%အထိ ရထားပါတယ်။ ဒီဇာတ်ကားမှာ မင်းသားကြီး အနေနဲ့ လေကြောင်းအရာရှိ ဘေလ်မက်ဇ်အဖြစ် ပါဝင် ထားတာပါ။ နယူးယောက်ရဲဌာနကနေ စိတ်ကျရောဂါနဲ့ အရက်စွဲပြဿနာကြောင့် တာဝန်က ရပ်နားခံထားရတဲ့ ဘေလ်ဟာ လေကြောင်းလိုင်းတစ်ခုမှာ အရာရှိအနေနဲ့ လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတာပါ။ တစ်နေ့မှာ သူ့ရဲ့လေယာဉ်ပေါ်မှာ ဘဏ်အကောင့်ထဲ သန်း၁၅၀အတိ လွှဲမပေးမချင်း မိနစ်၂၀ပြည့်တိုင်း ခရီးသည်တစ်ဦးကို သတ်ပစ်မယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုဝင်လာပါတယ်၊ ခြိမ်းခြောက်ထားတဲ့အတိုင်းပဲ မိနစ်၂၀တိုင်းမှာ ခရီးသည် တစ်ယောက်ပြီးတစ်ယောက် သေလာတဲ့အခါ သန်း၁၅၀ လွှဲပေးဖို့ အာဏာပိုင်တွေနဲ့ ဘဏ်အကောင့်ကို စစ်ကြည့်မှ ဘေလ်ရဲ့နာမည်နဲ့ဖွင့်ထားတဲ့ အကောင့် ဖြစ်နေခဲ့ပါတယ်၊ ဒါကြောင့် အစိုးရဘက်ကလည်း စိတ်ကျရောဂါရာဇဝင် ရှိထားတဲ့ ဘေလ်ကို မယုံတော့ဘဲ လူသတ်မှုနဲ့ လေယာဉ် ပြန်ပေးဆွဲမှုတွေကို ကျူးလွန်နေတဲ့ သံသယတရားခံလို့ တထစ်ချ သတ်မှတ်လိုက်တဲ့အခါ တရားခံအစစ်တွေနဲ့ အစိုးရအာဏာပိုင်တွေရဲ့ ဖိအားတွေကြားကနေ ဘေလ် တစ်ယောက် ခရီးသည်တွေကို ကယ်တင်နိုင်ပါ့မလား။ တရားခံအစစ်ကို ဖော်ထုတ်နိုင်ပြီး သူ့အပေါ်ကို ကျနေတဲ့ သံသယအမြင်တွေကို ဖယ်ရှားနိုင်မလားဆိုတာ ဇာတ်ရှိန် မကျတမ်းကြည့်ရမယ့် အက်ရှင်ဇာတ်ကားပဲဖြစ်ပါတယ်။ File Size : 1.5 GB, 745 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 46min Format : Mp4 Genre : Action, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encoded by : Thit San Khant

6.9 2014
Non-Stop
Martyrs

ီုဇာတ်လမ်းဟာ ဒါရိုက်တာ Pascal Laugier ရဲ့ ၂၀၀၈ ခုနှစ်ထွက်ရုပ်ရှင်ကို အမည်မပြောင်းလဲဘဲ Remake ပြန်လည် ရိုက်ကူးထားတာဖြစ်ပါတယ်.။ လူစီဟာ ကလေးဘဝအရွယ်မှာ သူ့ကို ညှင်းပန်းနှိပ်စက်နေတဲ့ လူတစ်စုရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့သူဖြစ်ပါတယ်.။ သူ့ကို နှိပ်စက်ရာ အကျဉ်းခန်းကို ရဲတွေကို ညွှန်ပြနိုင်ခဲ့ပေ့မယ် ထူးဆန်းစွာပဲ ခြေရာလက်ရာတစ်ခုမှမကျန်တဲ့ အဆောက်အဦးတစ်ခုသာ ဖြစ်နေခဲ့ပါတယ်။ နောက်တော့ လူစီဟာ စိန့်မေရီမိဘမဲ့ကလေးကျောင်းမှာ ကြီးပြင်းခဲ့ရပြီး သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းအန်နာကိုလည်း အဲဒီမှာပဲ တွေ့ဆုံခဲ့ပါတယ်.။ ငယ်ရွယ်တဲ့အရွယ်မှာ ကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် မကောင်းဆိုးဝါးတွေကို အမြဲတမ်းမြင်ယောင်နေပြီး စိတ်ကူးနဲ့လက်တွေ့ကို မခွဲခြားနိုင်တဲ့ စိတ်ရောဂါကို နှစ်ရှည်လများ ခံစားခဲ့ရပါတယ်။ အန်နာတစ်ယောက်သာ သူ့အတွက် ဘဝသဲကန္တာရထဲက အိုအေစစ်လေးတစ်ခုဖြစ်ခဲ့ပါတယ်။ ၁၀ နှစ်အကြာ လူစီအရွယ်ရောက်လာတော့ သူ့ကိုဖမ်းဆီးသွားသူ မိသားစုကို ရှာတွေ့ခဲ့ပါတယ်။ နှစ်များစွာကြာမြင့်ခဲ့ပေမယ့် သူ့ကို ညှင်းပန်းနှိပ်စက်ခဲ့သူရဲ့ မျက်လုံးတွေကို မှတ်မိနေခဲ့ပါတယ်။ တစ်မိသားစုလုံးကို ကျူပင်ခုတ်ကျူငုတ်မကျန် သတ်ဖြတ်ခဲ့ပြီးနောက် သူ့သူငယ်ချင်း အန်နာကို ဖုန်းဆက်ပြီး အကြောင်းကြားခဲ့ပါတယ်။ အန်နာရောက်လာတဲ့အချိန်မှာ မသေချာမရေရာတဲ့ထင်ကြေးတစ်ခုတည်းနဲ့ မိသားတစ်စုလုံးကို သတ်ဖြတ်ခဲ့တဲ့ လူစီကို ခွင့်မလွှတ်နိုင်ခဲ့ဘဲ သူ့အပေါ် ဆက်မကူညီနိုင်တော့ကြောင်းပြောကာ ထွက်သွားဖို့ ပြင်ခဲ့ပါတယ်.။ သူ့ကို နှိပ်စက်ခဲ့တဲ့သူတွေအပေါ် လက်စားပြန်ချေလိုက်ရင် သူမြင်နေရတဲ့ မကောင်းဆိုးဝါးနဲ့ စိတ်ဒဏ်ရာတွေပျောက်ကွယ်သွားမယ်လို့ လူစီကတော့ တစ်ထစ်ချယုံကြည်နေပါတယ်။ တကယ်တမ်းမှာတော့ သူ့စိတ်သူမထိန်းနိုင်ဘဲ ကိုယ့်ကိုယ်ကို ပြန်ရန်မူလာချိန်မှာတော့ အန်နာကပဲဖေးမကူညီခဲ့ရပြန်ပါတယ်။ နောက်တော့ အလောင်းတွေကို ဖျောက်ဖျက်ပြီး အခင်းဖြစ်တဲ့အိမ်ကို နဂိုမူလအတိုင်း ခြေရာလက်ရာမပျက် ပြန်လည်ထားရှိတဲ့အချိန်မှာပဲ လျှို့ဝှက်မြေအောက်ခန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်… လူစီထင်ထားသမျှ အားလုံးမှန်နေခဲ့ကြောင်း သိရှိခဲ့ပြီးနောက် ဆမ် ဆိုတဲ့ ကလေးမလေးကိုပါ ရှာတွေ့ခဲ့ပါတယ်..။ အန်နာက လူစီအိပ်ပျော်နေတုန်း ၉-၁-၁ ကို ဖုန်းခေါ်ဆိုထားခဲ့တဲ့အတွက် လူတစ်စုက အိမ်ကို ချဉ်းကပ်လာခဲ့ပါတယ်။ ကိစ္စက သူတို့ထင်မှတ်ထားသလို သာမန်ပြန်ပေးဆွဲ ညှင်းပန်းနှိပ်စက်မှုမျိုးမဟုတ်ဘဲ နောက်ကွယ်မှာ အဖွဲ့အစည်းတစ်ခုရှိနေမှန်းသိလိုက်ရပါတယ်.။ လူတွေကို ညှင်းပန်းသတ်ဖြတ်ရင်းနဲ့ လူသားမျိုးနွယ်ရဲ့ အကြီးမားဆုံးသောလျှို့ဝှက်ချက်ကို ရှာဖွေမယ့် လူတစ်စုရဲ့ ရည်ရွယ်ချက်က အကြောင်းမဲ့သတ်ဖြတ်တာထက် ပိုပြီးကျောချမ်းစရာကောင်းလွန်းနေတဲ့အချက်ကလည်း ဒီဇာတ်ကားကို လက်မလွှတ်ဘဲကြည့်ရှုသင့်တဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတော့တယ်။ File size… 1.1 GB / 543 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 26m Genre ….. Drama / Horror / Thriller Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Sai Sumali

Drama • Romance • Comedy
0 2015
Martyrs
Na Tum Jaano Na Hum
4.9

Na Tum Jaano Na Hum (2002) ဒီဇာတ်ကားလေးကတော့ ပရိတ်သည်းစွဲ မင်းသားကြီးလက်ပွားမင်းသားအဖြစ်လည်း သိကြတဲ့ ရီသစ်က်ရောဝ်ရှန်းနဲ့ ဆေ့ဖ်အလီခန်းတို့က ပါဝင်သရုပ်ဆောင်ထားကြပြီးတော့ မင်းသမီးကြီး အီရှာဒီယိုလ်ကလည်း ပါဝင်အားဖြည့်ထားတဲ့ ဟင်ဒီဇာကားပြော Romance/Drama အမျိုးအစား ဘောလိဝုဒ် ဇာတ်ကားလေးတစ်ကား ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရာဟုလ်ဟာ ရှင်မလာ့ ကိုယ်ပိုင်ကျောင်းမှာ တက်ရောက်ခဲ့စဉ်စာတစ်စောင်ကို အမှုမဲ့အမှတ်မဲ့ ရေးထားခဲ့ပါတယ်။ ၄နှစ် အကြာမှာ တော့ အီရှာက အဲဒီစာစောင်ကို အမှတ်မထင်ရှာတွေ့ခဲ့ပြီး ရေဒီယိုရုပ်သံလိုင်းကနေတဆင့် ဆက်သွယ်ဖို့ အခွင့်ရခဲ့ကြပါလေရော။ ဒါပေမဲ့လည်း အီရှာက သူ့အဖိုး လက်ခံနိုင်တဲ့သူကိုပဲ သူက အဆုံခံမယ်ဆိုကာ လောလောဆယ်ဆယ် စာနဲ့ပဲ ဆက်သွယ်ကြမယ်လို့ ပြောလာတော့ ရာဟုလ်ကလည်း ဒါကို လက်ခံလိုက်တာပေါ့။အီရှာနဲ့ လက်တွေ့ဘဝမှာ မဆုံရသေးတဲ့ရာဟုလ်ဟာ ဆိုရင် သူ့နဲ့အတူ ညီအစ်ကိုလို နေလာတဲ့ အက်ရှေးအတွက် မိန်းမရှာပေးဖို့ဆိုကာအီရှာ့ဆီ ရောက်လာတဲ့အခါမှတော့… ရာဟုလ်နဲ့ အီရှာတို့ရဲ့ အချစ်ဇတ်လမ်းက ဘယ်လိုအလှည့်အပြောင်းတွေဆီ ဆွဲခေါ်သွားမလဲ… အီရှာဟာ အပြင်မှာမမြင်ဖူးတဲ့ သူ့ချစ်သူနဲ့ ဆုံဆည်းခွင့်ရနိုင်မှာလား… ဟောင်းပေမဲ့ ကောင်းနေဆဲ ဇာတ်ကားလေးတစ်ကား ဖြစ်တာမလို့ ဘောလိဝုဒ် ပရိသတ်များ လုံးဝ လက်လွတ်မခံသင့်ပါကြောင်း… ဘာသာပြန်ကတော့ သိုက်ဆန်းပဲ ဖြစ်ပါတယ်။

Drama
4.9 2002 159 mins
Na Tum Jaano Na Hum