YoteShin Drive is below this article. Scroll down to view.

The iPhone 14 Pro is the most popular iPhone 14 Proxide

Author: Anonymous Published on: 12 Aug 2022

Dxomark tests the iPhone 14 Pro camera and won a good point. The total score is 146, and the list of Dxomark's best camera list is 2. Dxomark scored 145 points as the cell camera was the best. Dxomark says the iPhone 14 Pro uses Zero-shutter Lag technology, which is quick and fast in the capture of Skin Tone. Motion to reduce motion blur and the natural Bokeh effect is like DSLR. The iPhone 14 Pro has scored 1 in video capabilities, and the smoothness increases. Stabilization is also good and HDR Recordinging has high contrast. Autofocus is stable and accurate. Apple's Quad-Bayer Image Sir Authorize image quality, and the preview image is accurate. It is a good score for autofocus cams and a speedy ferture. Cells videos are also good and Exposure, Color and Stabilization. When shooting the cell cameras and animations, it has a good dynamic range, exposure and bokeh. Skin Tone accurately and more detailed, and Bokeh is good. The disadvantage is that there are significant noise on photos and videos, and Skin Tone is weak in lowlight. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wynonna.Earp.Vengeance.2024.1080p.NOW.WEBRip.HEVC (CM).mkv

1.64 GB 1080p video/x-matroska 226 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Tokyo Story
8.2

~ IMDb - 8.2/10, RT - 100%, Meta - 100% ~ မျက်ရည်ဝိုင်းခဲ့တဲ့ ကမ္ဘာမှာ တစ်စင်းတည်းစီးနေရတော့ အဲဒီမြစ်ရဲ့ တစ်နေ့တစ်နေ့မှာ နေ့တာညတာတွေ သိပ်ရှည်ခဲ့ရသတဲ့။ သူ့ရဲ့မြစ်လက်တက်တွေကလည်း အဲဒီမြစ်ဆီ တစ်ကွေ့တစ်ကြုံထက်ပိုလို့ လည်ပြန်မစီးခဲ့ကြပါဘူး။ စိတ်ပျက်လက်ပျက် အကျိုးအပျက်နေ့တို့ကို ခဝါချလိုက်တဲ့အခါ အကြွင်းနတ္ထိဖြစ်လာခဲ့တဲ့ဘဝမှာ ငါတို့အတ္တတွေဟာ ကြီးပြီးရင်း ကြီးလာ နှလုံးသားတွေဟာ သေးပြီးရင်းသေးလာ... ။ ငါမမြင်နိုင်ခဲ့တဲ့နေ့တို့ထဲ ငါ့ရဲ့အကြီးဆုံးနောင်တကို မိုက်မဲစွာနဲ့ ငါပြန်တွေ့ရှိလိုက်ရချိန်... တစ်စစီခွဲခဲ့သူဟာ တစ်စစီကွဲခဲ့ရတာပါပဲ။ ကျန်ရစ်သူတို့နဲ့ ချန်ရစ်သူတို့ ဘယ်သူပိုကြေကွဲခဲ့ရစမြဲလဲ။ သံတုတ်နဲ့ရိုက်ရိုက် သစ်သားတုတ်နဲ့ရိုက်ရိုက် နာကျင်သူဟာ ခေါင်းပဲမို့ ထိုစဉ်မှာ လုံလောက်အောင် မချစ်နိုင်ခဲ့တဲ့လူကတော့ တစ်ချိန်မှာ ပိုကြေကွဲပေးရလိမ့်မယ်။ အချိန်တွေပိုကြာလာလေ ငါပိုသေချာလာနေတဲ့အရာက လူဟာ လောက်အောင် မချစ်ပေးနိုင်ခဲ့လို့တော့ နောင်တမရသင့်ပါဘူး။ သိပ်ရက်စက်လွန်းတယ်။ ချစ်တတ်ဖို့ သိပ်လွယ်ရင်း ချစ်တတ်ဖို့ သိပ်ခက်ရင်း ချစ်ခြင်းကိုသာ ပယ်ခဲ့ရင် လူဟာ ဘာမှမဟုတ်တော့တဲ့အခါ ငါဟာ လူမမည်နိုင်လေတော့ဘူး။ အနေကြာလာရင် မင်းသိမှာပါ ဘ၀ဟာ အခိုင်မာဆုံးစိတ်ဓာတ်တွေကိုတောင် ပြိုလဲစေနိုင်တယ်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဂရုမစိုက်ခဲ့ကြပါဘူး။ ဒီလိုနဲ့ အနေကြာလာတယ်... ငါလွမ်းမိလာတယ်... လူဖြစ်ခဲ့ဖူးတဲ့ ငါ့ကိုယ်ငါ။ ~ ~ ~ ~ အိုဇုရဲ့ တိုကျိုစတိုရီဟာ ဂျပန်ရွှေခေတ်ရဲ့ အထင်ကရရုပ်ရှင်တွေထဲ တစ်ကားဖြစ်သလို အိုဇုရဲ့မာစတာပိစ်လို့ သတ်မှတ်ထားကြတဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး ရုပ်ရှင်တွေထဲက တစ်ကားဆိုလည်းဟုတ်တယ်။ အိုဇုဟာ အသံတိတ်ရုပ်ရှင်ခေတ်နှောင်းလောက်ကတည်းက ရုပ်ရှင်ရိုက်လာတဲ့ ဒါရိုက်တာပေမဲ့ ကူရိုဆာဝါနဲ့ အိုဇုရဲ့ အတောက်ပဆုံးအချိန်တွေက အတူတူပဲဆိုတော့ ခေတ်ပြိုင်မဟုတ်ပေမဲ့ ခေတ်ပြိုင်လို့ပြောလို့ရပေမဲ့ သူတို့ဟန်တွေကတော့ ဆန့်ကျင်ဘက်စီပဲ။ တကယ့်ကို ဆန့်ကျင်ဘက်ဖြစ်လွန်းပါတယ်။ ကူရိုဆာဝါရုပ်ရှင်တွေဟာ အနောက်တိုင်းဆန်တယ်လို့ပြောကြပြီး အိုဇုကျ ဂျပန်အဆန်လွန်နေတယ်လို့ အပြောခံရတယ်။ အခုရုပ်ရှင် တိုကျိုစတိုရီဟာ အင်္ဂလိပ်ကားကို သူ့နည်းသူ့ဟန်နဲ့ မှီးပြီး ပြန်ရိုက်ထားတာပါပဲ။ ဒါပေမဲ့ မမှားပါဘူး။ အနောက်တိုင်းကားကို မှီးပြီးရိုက်ထားတဲ့ ရုပ်ရှင်မှာတောင် အိုဇုဟာ ဂျပန်အဆန်လွန်နေခဲ့တယ်။ အကောင်းဘက်ကပါပဲ။ နောက် ကူရိုဆာဝါရဲ့စတိုင်ဟာ Extrovert အလွန်ဆန်ပြီး အိုဇုကတော့ Introvert အလွန်ဆန်တယ်လို့လည်း နှိုင်းယှဉ်ခံခဲ့ရတယ်။ နောက် ကူရိုဆာဝါဟာ မြင်ကွင်းကျယ်ရိုက်ချက်လှိုင်လှိုင်သုံးပြီး အိုဇုကတော့ အနီးကပ်ရိုက်လှိုင်လှိုင်သုံးတတ်တယ်။ တကယ့် ဆန့်ကျင်ဘက်ပါပဲ။ ဒါပေမဲ့ ဒီနှစ်ယောက်စလုံးက ဂျပန်ရွှေခေတ်ရဲ့ အခရာဖြစ်ခဲ့သလို ဒီနေ့ထိ World Cinema ကို လွှမ်းမိုးထားနိုင်တုန်းလူတွေဆိုတာကတော့ မမှားပါဘူး။ ဂျပန်စီနီမာကို ကြည့်ရင်တော့ အိုဇုက ပိုလွှမ်းမိုးတယ်ပြောရမလားပါပဲ။ နောက်ပိုင်းဒါရိုက်တာတွေထဲ အိုဇုအငွေ့နဲ့ မကင်းတဲ့လူတွေ မနည်းဘူး။ လက်ရှိရဲ့ ထိပ်တန်းဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ Kore-eda ဆို အိုဇုဟန်ကြီး လုံးလုံးသုံးတတ်ပြီး သူနဲ့ခေတ်သိပ်မကွာလှတဲ့ ဒါရိုက်တာဆိုလည်း တိုကျိုဖမ်မလီဆိုပြီး ဒီကားကိုပြန်ရိုက်ခဲ့ပါတယ်။ သူကတော့ အိုဇုလို ထိန်ကွက်တွေ မချန်သွားဘူး။ ဇာတ်တူပုံစံကွဲပေါ့။ သူ့ဟာနဲ့သူတော့ ကြည့်ကောင်းခဲ့တယ်။ ဘာပဲဖြစ်ဖြစ်ပါ... သိပ်တန်ဖိုးကြီးတဲ့ ရုပ်ရှင်တွေကို စာရင်းလုပ်ကြရင် အိုဇုရဲ့ တိုကျိုစတိုရီဟာ မဖြစ်မနေ ထည့်ရမယ့်ရုပ်ရှင်ပါပဲ။ နှစ်ပေါင်းလေးထောင်အတွင်းမှာတောင် လူသားတွေဟာ ဘာကိုမှ သင်ယူမရရှိခဲ့တဲ့နောက် အနုပညာကလည်း သူ့အတ္တနဲ့သူရှင်သန်နေတဲ့ လူတွေကို ဘာမှသင်ပေးနိုင်မှာတော့ မဟုတ်ဘူး။ ရုပ်ရှင်ကနေ ခံစားရုံသက်သက်ထက်ပိုပြီး တစ်စုံတရာ သေသေချာချာရခဲ့မယ်ဆိုရင်လည်း အဲဒီအရာဟာ ချစ်ခြင်းပဲလို့ ကျွန်တော်တော့ သေချာတယ်။ ရုပ်ရှင်ဟာ အသည်းကိုတစ်စစီခွဲပြီးမှ ပိုချစ်တတ်လာအောင် တစ်စချင်းပြန်ဆက်ပေးတတ်တဲ့ အရာပဲမို့လား။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2GB, 950MB Quality - 1080p, 720p IMDb Rating - 8.2/10 Format - mp4 Duration - 2H 16Min Genre - Drama Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Drama • Romance
8.2 1953 137 mins
Tokyo Story
Medusa
6.2

IMDb Rating - 6.0/10 ခေါင်းကဆံပင်နေရာမှာ မြွေတွေအများကြီးရှိပြီး သူ့ကိုကြည့် လိုက်ရင် ကျောက်ရုပ်ဖြစ်သွားတဲ့ မက်ဒူဆာအကြောင်း ကြား ဖူးမယ်ထင်ပါတယ်နော်။ ဂရိဒဏ္ဍာရီအရတော့ မက်ဒူဆာဟာ ကတိပျက်ကွက်လို့ အေသီနာနတ်ဘုရားမက သူ့ကို ခေါင်းမှာ မြွေတွေနဲ့ ကြောက်စရာသွင်ပြင်ကို ပြောင်းလဲပစ်လိုက်တာလို့ ဆိုပါတယ်။ ဒီဇာတ်လမ်းကတော့ မက်ဒူဆာအကြောင်းထက် ခေတ်သစ် မက်ဒူဆာလို့ သွယ်ဝိုက်ခေါ်ဝေါ်ရမယ့် မိန်းကလေးတွေအကြောင်း ပါ။ အစွန်းရောက် ဘာသာရေးနဲ့ မိန်းကလေးတွေရဲ့လိင်မှုရေးရာ လွတ်လပ်ခွင့်မရှိတဲ့အဖြစ်ကို မီးမောင်းထိုးပြထားတယ်လို့ ‌ဆိုရ မယ်ထင်ပါတယ်။ ဇာတ်လမ်းထဲမှာ‌ မာရီနဲ့မီရှဲလ်ဟာ ဘာသာရေးအလွန်ကိုင်းရှိုင်းပြီး အယူသည်းတဲ့ဘာသာရေးကြားမှာ လှောင်ပိတ်ခံထားရတဲ့ မိန်းက လေးတွေပေါ့။ မာရီ၊ မီရှဲလ်နဲ့မိန်းကလေးတချို့ဟာ နေ့ဘက်မှာ ပုံမှန်အတိုင်းသွားလာလှုပ်ရှားကြပေမဲ့ ညဘက်မှာတော့ အဖြူ ရောင်မျက်နှာဖုံးတွေ တပ်ပြီး လျှို့ဝှက်လှုပ်ရှားကြပါတယ်။သူတို့ အလုပ်က သူတို့စံနှုန်းနဲ့အကျင့်ပျက်တယ်လို့ ယူဆထားတဲ့ မိန်း ကလေးတွေကို လိုက်ဖမ်းပြီး ရိုက်နှက်ဆုံးမကြတာပါ။ အုပ်စုဖွဲ့ပြီး အကြမ်းနည်းနဲ့ သူတို့အယူဝါဒထဲ အတင်းသွတ်သွင်းတဲ့သဘော မျိုးပါပဲ။ တစ်နေ့တော့ မိန်းကလေးတစ်ယောက်ကိုလိုက်ဖမ်းရင်း မာရီရဲ့မျက်နှာဟာ အမာရွတ်ကျန်တဲ့အထိ ရုပ်ပျက်သွားခဲ့ပါတယ်။ အဲဒီကစလို့ မာရီ့ဘ၀ဟာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါတော့ တယ်။ အဲဒီနောက်ပိုင်း သူတို့ရဲ့လှောင်ချိုင့်ထဲက ဘ၀နဲ့ အယူလွဲမှုတွေကို မြင်လာတဲ့ မာရီနဲ့မီရှဲလ်တို့ သူငယ်ချင်းနှစ်ယောက်ဟာ အယူသည်း လွန်းတဲ့ သူတို့ရဲ့အသိုင်းအဝိုင်းနဲ့ ဘယ်လိုတွေရင်ဆိုင်ကြရမလဲ၊ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဆက်ကြည့်ကြရမှာ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ C'mon ဖြစ်ပါတယ်) File Size..........(1.76 GB) / (690 MB) / (400 MB) Quality............BLU-RAY 1080p / 720p / 480p Duration.........2Hr 07Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror Translator.......C'mon Encoder..........SWM

Drama • Romance
6.2 2021 128 mins
Medusa
I Want to Know Your Parents
7.1

အကြောင်းပြချက်အမျိုးမျိုးနဲ့ အားကြီးသူကအားနည်းသူကိုထိုးနှက်ဖိနှိပ်ပြီး တစ်ယောက်နဲ့ တစ်ယောက်နိုင်ထက်စီးနင်းလုပ်နေကြတဲ့ လူ့အဖွဲ့အစည်းမှာ ကျောထောက်နောက်ခံမရှိဘဲ တရားမျှတမှုကိုရှာဖွေရတဲ့ ခရီးလမ်းဟာ ဘယ်လောက်ခက်ခဲမလဲအားလုံးခန့်မှန်းမိကြမှာပါ။ ဟန်နင်းမ် အင်တာနေရှင်နယ်အလယ်တန်းကျောင်းလို့ခေါ်တဲ့ တောင်ကိုရီးယားရဲ့ဂုဏ်သတင်းအမွှေးဆုံးအလယ်တန်း‌ကျောင်းမှာ ကျောင်းတွင်းအကြမ်းဖက်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး အဲဒီအကျိုးဆက်အနေနဲ့ ကျောင်းသားလေးတစ်ဦးဟာ ကိုယ့်ကိုကိုယ်အဆုံးစီရင်သွားခဲ့ပါတယ်။ အသက်ဆုံးရှုံးလိုက်ရတဲ့ နစ်နာသူကျောင်းသားလေးရဲ့ဘက်မှာ မျက်နှာမွဲမိခင်နဲ့ ယာယီစာချုပ်ဝန်ထမ်းဖြစ်တဲ့ ဆရာမလေးတစ်ယောက်သာရှိပြီး တစ်ဖက်မှာ အကောင်းဆုံးအလုပ်အကိုင်တွေနဲ့ အထက်တန်းလွှာတွေကို ရင်ဆိုင်တိုက်ခိုက်ရမယ့်ပွဲမှာ ဘယ်လို အလှည့်အပြောင်းတွေဆက်ဖြစ်လာမလဲ ဒီအမှုကိစ္စကရောအားလုံးတွက်ဆထားသလို ရိုးရှင်းပါ့မလား? ရင်တဖိုဖိုနဲ့ လောင်ရတဲ့ဇာတ်လမ်းတွေကိုနှစ်သက်တဲ့ ပရိတ်သတ်တွေအတွက် ကျောင်းတွင်းအကြမ်းဖက်မှုကို ဇာတ်အိမ်တည်ထားတဲ့ ၂၀၂၂ ခုနှစ်ထွက် I Want To Know Your Parents ရုပ်ရှင်နဲ့ မိတ်ဆက်ပေးပါရစေ။ မင်းသားကြီး Sol Kyung Gu နဲ့မင်းသမီး Woo Hee Chun တို့ကအဓိကပါဝင်ထားပြီး Dal Su Oh, Chang Seok Ko, Kim Hong Pa, Kang Shin Il, Moon Sori တို့လို အားလုံးနဲ့ရင်းနှီးပြီးသားဇာတ်ပို့သရုပ်ဆောင်တွေလဲပါဝင်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Lao Qui ပဲ ဖြစ်ပါတယ်။ Genre..... Drama Quality…. 1080p | 720p | 480p File size…1.5GB | 804MB | 430MB Format… mp4 Duration…. 1h 51min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lao Qui Encoder ..... August

Drama • History
7.1 2022 111 mins
I Want to Know Your Parents
Beyond the Universe
8

နာမည်လေးက နီနာဆွာစ် တဲ့ ... ပါရမီပါတဲ့အပြင် စန္ဒယားတီးတာကို ငယ်စဥ်ကတည်းက ဝါသနာပါသလို သူ့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ နာမည်ကြီးတေးဂီတဝိုင်းမှာ ပါဝင်တီးပြနိုင်ဖို့ ကြိုးစားနေသူပါ။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ အသက်ငယ်ငယ်မှာတင် Lupus ဝေဒနာကိုခံစားရတယ်။ တဖြည်းဖြည်းနဲ့ရောဂါကပြင်းထန်လာပြီး ကျောက်ကပ်ကိုပါ ထိခိုက်လာပြီး ဆေးရုံဆိုတာကလည်း အိမ်ဦးနဲ့ ကြမ်းပြင်လို သွားနေရတော့တာပေ့ါ။ ဒီလိုနဲ့တစ်နေ့မှာ သဘောမနော ကောင်းတဲ့ ဂါဘရီရယ်ဆိုတဲ့ အလုပ်သင်ဆရာဝန်လေးနဲ့ မထင်မှတ်ပဲတွေ့ဆုံကြတဲ့ အခါ ... ဘာတွေ ဆက်ဖြစ်မလဲ? ဘယ်လိုတွေ ro ကြမလဲ? ဆိုတာတော့ ဒီ Romance, Drama အမျိုးအစား ဒရမ်မာလေးမှာ ဆက်ပြီး ကြည့်ရှု ခံစားလိုက်ကြရအောင်နော်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Tin Myo Lwin ပါ။) File Size          : 1.9GB, 756MB, 391MB Quality            : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format            : mp4 Duration         : 2hr 6mins Genre              : Romance, Comedy, Drama Translated by Tin Myo Lwin Encoded by Kinnov

Drama
8 2022 126 mins
Beyond the Universe
The Willoughbys
7.1

The Willoughbys(2020) နက်ဖလစ်ရဲ့ ကာတွန်းရုပ်ရှင်အသစ်လာပါပြီ။ ဒီကာတွန်းလေးကတော့ အရင်ကြည့်ဖူးတဲ့ ပုံတွေနဲ့ မတူဘဲ တမူထူးဆန်းပြီး ရယ်ရပါတယ်။ ဇာတ်လမ်းကိုတော့ ကြောင်ဆရာကြီးတစ်ကောင်က ပြောပြနေတဲ့ပုံနဲ့ တည်ဆောက်ထားပါတယ်။ ဆရာကြောင်က ပြောတယ် မိသားစုတွေ ချစ်ခင်တာတွေ စည်းလုံးတာတွေ အဆုံးသတ်မှာ ပြန်ပေါင်းတဲ့ ဇာတ်လမ်းမျိုးတွေကို သဘောကျတတ်ရင် ဒီရုပ်ရှင်က မင်းအတွက် မဟုတ်ပါဘူးတဲ့။ ဟုတ်ပါတယ် ဒီရုပ်ရှင်ထဲက အဓိက မိသားစုကတော့ ဝယ်လိုဘီ မိသားစုပါ။ သူတို့တွေဟာ အစဉ်အဆက် သိပ္ပံပညာရှင်တွေ၊အနုပညာရှင်တွေ ကြီးမြတ်တဲ့သူတွေ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် မျိုးဆက်တစ်ခုအရောက်မှာတော့ တော်နေ တတ်နေကြတာတွေ အဆုံးသတ်သွားသလိုပါပဲ။ ဝယ်လိုဘီ ဇနီးမောင်နှံဟာ ဘာမှ မထူးချွန်ပေမယ့် တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပါတယ်။ ချစ်တာမှ အခြား ဘယ်သူ့ကိုမှ မချစ်တတ်လောက်အောင်ကို ချစ်တာပါ။ လင်မယားချင်းပဲချစ်ကြပြီး မွေးထားတဲ့ ကလေး ၄ ယောက်ကို တော့ မေတ္တာတစ်စက်မှမရှိကြသလို သာမန်ဂရုစိုက်မှုမျိုးလေးတောင် မလုပ်ပါဘူး။နေ့တိုင်း လင်မယားနှစ်ယောက်ထဲ သာယာနေကြတာပါ။ ဒီတော့ ကလေး ၄ ယောက်လည်း မိဘကျေးဇူးဆပ်တဲ့အနေနဲ့ သေဖို့ ရာနှုန်း ၉၀ လောက်ရှိတဲ့ နေရာတွေအကုန်တန်းစီပြီး မိဘ၂ယောက်ကို အပျော်ခရီးစဉ်တပ်ပေးပြီး မရဏလမ်းကို စီစဉ်ပေးလိုက်ပါတော့တယ်။ မိဘမဲ့ဖြစ်ဖို့ကြိုးစားကြတာပါတဲ့။ ဒါပေမယ့် မိဘ ၂ ယောက်ကလည်း ကလေးတွေကိုမချစ်ပေမယ့် အိမ်ကိုတော့ စိတ်မချသေးတော့ ဈေးအပေါဆုံး ဘယ်သူမှ မလိုချင်တဲ့ ကလေးထိန်းကို ရှာပြီး အပ်ထားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အဲဒီကလေးထိန်းရယ်၊ မိဘတွေရယ်၊ မိဘမဲ့စောင့်ရှောက်ရေးအဖွဲ့တွေရင် စွန့်စားခန်းဖွင့်စရာတွေ အကြောင်းဖန်လာပါတော့တယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်.... File Size : (800 MB) and (380 MB) Quality : WEB-DL 720p Format…mp4 Duration…01:30:00 Genre : Adventure, Animation, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Littleneo Encoded by Phyo Pyae

Drama • War & Politics
7.1 2020 92 mins
The Willoughbys
Braven
6.2

2018, February 2ရက်နေ့ကထွက်ရှိခဲ့တဲ့ နာမည်ကြီးမင်းသား Jason Momoa ရိုက်ကူးထားတဲ့ Braven ဇာတ်ကားဟာ ထွက်ရှိပြီးရက်ပိုင်းအတွင်းမှာပဲ လူကြိုက်အရမ်းများပြားခဲ့တဲ့ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးထဲမှာတော့ မင်းသား Jason Momoaက သစ်လုပ်ငန်းလုပ်ကိုင်တဲ့ Joeအဖြစ်သရုပ်ဆောင်ထားပါတယ်။ Joe ဟာမှတ်ဉာဏ်မကောင်းတော့တဲ့ သူ့ရဲ့ဖခင်ကြီးရယ်၊ သူဇနီးနဲ့ သမီးလေးတစ်ယောက်တို့နဲ့ အတူတူအေးချမ်းတဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။ တနေ့မှာတော့ သူ့တပည့်တစ်ယောက်ဟာ သစ်တွေကိုတင်ပို့ရင်း မူးယစ်ဆေးဝါးတွေ မှောင်ခိုတင်ပို့ပါတော့တယ်။ အဲ့လိုမှောင်ခိုပို့ရင်းနဲ့ မမျှော်လင့်ပဲလမ်းခုလတ်မှာ ကားမတော်တဆဖြစ်ပြီး၊ ရဲတွေကားိတော်တဆဖြစ်တဲ့နေရာကိုရောက်လာရင် မူးယစ်ဆေးတွေမိသွားမှာစိုးတဲ့အတွက် Joeရဲ့ ပစ္စည်းတွေထားတဲ့ သစ်သားအိမ်လေးထဲမှာ သွားဖွက်ထားလိုက်ပါတယ်။ အဲ့ဒီလိုနဲ့ Joeတစ်ယောက် ဘာမှမသိလိုက်ရဘဲ မူးယစ်ဆေးဝါးဂိုဏ်းတွေနဲ့ ပတ်သက်မိသွားပါတော့တယ်။ နောက့်နေ့ အဲ့ဒီမူးယစ်ဆေးတွေကို လာပြန်ယူတဲ့အခါမှာတော့ အဲ့ဒီ မူးယစ်ဆေးဂိုဏ်းအဖွဲ့နဲ့ Joeရဲ့မိသားစုတို့ထိပ်တိုက်တိုးပါတော့တယ်။ Joeတစ်ယောက်ဟာ သူရဲ့မှတ်ဉာဏ်မကောင်းတော့တဲ့ ဖခင်ကြီး၊ ချစ်လှစွာသောဇနီးသည်နဲ့ သမီးငယ်လေးတို့ကို အဲ့ဒီ ဂိုဏ်းသားတွေနဲ့သူ့တို့လက်ကလွတ်အောင်ဘယ်လို ကယ်တင်မလဲ၊ ဘယ်လိုစွန့်စားခန်းတွေနဲ့ကြုံတွေ့မလဲ၊ ဘယ်လိုကြေကွဲစရာအဖြစ်အပျက်တွေဖြစ်မလဲဆိုတာကိုတော့ ဒီဇာတ်လမ်းလေးထဲမှာရှု့စားရမှာပဲဖစ်ပါတယ်။ Family/Drama/Action ဇာတ်ကားကောင်းလေးဖြစ်တာကြောင့် ပရိတ်သတ်တွေအကြိုက်တွေ့စေမယ့်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် File Size : (750 MB) and (300 MB) Quality : WEB-DL 720p Running Time : 1hr 34min Format : Mp4 Genre :Action, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p.WEB-DL.DD5.1.H264-FGT Translated by Ye Yint Kyaw Encoded by Thanhtike Zaw

Action & Adventure • Drama • Sci-Fi & Fantasy
6.2 2018 94 mins
Braven
[18+] A Good Lawyer’s Wife
6.2

A Good Lawyer’s Wife (2003) ~ IMDb rating – 6.2/10 ~ (ဒီလိုကားတွေထုံးစံအတိုင်း လုံးဝအကြည်မလွယ်လို့ 720p ကိုပဲ အတတ်နိုင်ဆုံး ဖန်တီးပေးလိုက်ပါတယ်) ဒီကားကို 2010 မှာ The Housemaid နဲ့တစ်‌ခေါက်၊ 2012 မှာ The Taste of Money နဲ့တစ်ခေါက် ကိန်းမှာ ပြိုင်ဖို့ အဖိတ်ခံခဲ့ရတဲ့ Im Sang-soo က ရိုက်ထားတာပါ။ ကိုရီးယားရဲ့ ပါချီပါချက်မဟုတ်တဲ့ A+ မင်းသားစာရင်း၀င် Hwang Jung Min က အဓိက ပါ၀င် သရုပ်ဆောင်ထားပါတယ်။ Hwang ဟာ Ode to My Father, Veteran, New World, Deliver us from Evil စတဲ့ ကားတွေမှာ သရုပ်ဆောင်ခဲ့ဖူးပါတယ်။ မင်းသမီးကတော့ တောင်ကိုရီးယားရဲ့ အတော်ဆုံးဒါရိုက်တာတစ်ယောက်ဖြစ်တဲ့ လီချန်းဒုံရဲ့ လက်စွဲတော် မင်းသမီး Moon So Ri ပါ။ ကိုရီးယားမင်းသမီးပေမဲ့ Minari နဲ့ အော်စကာပါရဖူးတဲ့ မင်းသမီးကြီး Youn Yuh-jung ကလည်း အားဖြည့်ထားပါသေးတယ်။ ဇာတ်လမ်းကတော့ ရှေ့နေနဲ့ သူ့မိန်းမကြားက အိမ်ထောင်ရေး အရှုပ်အရှင်းတွေ၊ ရှေ့နေမိသားစုရဲ့အကြောင်းတွေ၊ သူတို့မွေးစားထားတဲ့ ကလေးရဲ့ အကြောင်းတွေကို ပြသထားတာဖြစ်ပြီး ရှေ့နေကားနဲ့ တိုက်မိတဲ့ စာပို့သမားရဲ့အကြောင်းကိုပါ အရန်အနေနဲ့ ပုံဖော်ထည့်ထားပြီး သူ့အခန်းကတော့ တော်တော်လေး အသက်၀င်လွန်းပါတယ်။ သူ့ဇာတ်ကောင်ဟာ ဘာမှဆုံးရှုံးစရာမကျန်တော့တဲ့ သူတစ်ယောက်က ဘယ်လောက်ထိ လုပ်နိုင်လဲနဲ့ လူတစ်ယောက်ရဲ့ အငုံ့စိတ်က ဘယ်လိုမျိုးလဲ သေချာပုံဖော်သွားတဲ့ ဇာတ်ကောင်ပါပဲ။ Hwang Jung Min ဟာ A+ စာရင်း၀င် မင်းသားပီပီသသ အကောင်းဆုံး သရုပ်ဆောင်နိုင်ခဲ့သလို မင်းသမီးကြီး၂ယောက်ကလည်း ပြောင်မြောက်အောင် ပုံဖော်နိုင်ခဲ့ကြပါတယ်။ ဒီလိုသရုပ်ဆောင်တွေနဲ့တင် ကြည့်သင့်တဲ့ ကားကောင်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို 6 9 မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.1GB Quality – 720p IMDb Rating – 6.2/10 Format – mp4 Duration – 1H 28Min Genre – Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by 6 9 Encoded by RGB

Drama • Family • History
6.2 2003 106 mins
[18+] A Good Lawyer’s Wife
Extreme Festival

မန်ဂျင်းမှာလုပ်မဲ့ ဒေသပွဲတော်တစ်ခုက မကျင်းပခင် တစ်ပတ်အလိုမှာပဲ ဂျောင်ဂျုံးယဉ်ကျေးမှုပွဲတော်ကနေ ယွန်းဆန်းဂွန်းယဉ်ကျေးမှုပွဲတော်အဖြစ် နာမည်ပြောင်းသွားပါတယ်။ အဆိုပါပွဲတော်ကို စီစဉ်သူကတော့ “သ၀န်တိုမှုက ငါ့ရဲ့အင်အား” လို့ခေါ်တဲ့ start up ကုမ္ပဏီလေးရဲ့ ကိုယ်စားလှယ်အီဟယ်ဆူပဲဖြစ်ပါတယ်။ ဆိုးတာတစ်ခုက ပွဲတော်နေ့မှာ ပွဲကြည့်ထိုင်ခုံတွေက အလွတ်တွေချည်းဖြစ်နေပြီး ဖိတ်ကြားထားတဲ့ ဧည့်သည်အဆိုတော်ကလည်း ရောက်မလာ ဇာတ်ညွှန်းပြောင်းသွားတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပြဇာတ်အဖွဲ့ကလည်း ဆန္ဒပြ… မျှော်မှန်းထားသလို တစ်ခုမှဖြစ်မလာတဲ့ ပွဲတော်လေးကို ဟယ်ဆူတစ်ယောက် အဆင်ပြေပြေ ချောချောမွေ့မွေ့နဲ့ ပြီးဆုံးအောင် ကျင်းပနိုင်မလား…. ဘယ်လို ရယ်စရာအလွဲလေးတွေနဲ့ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားလိုက်ကြပါဦးနော်… File Size : 1.2GB, 527MB Quality : WEB-DL1080P,720p Format : mp4 Duration : 01:34:00 Genre : Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo Encoded by Tiff

0 2023
Extreme Festival
The Squad
4

The Squad (2023) ============= ဂျီနာ ဘယ်လာ နဲ့ ဒါနီတို့ဟာ မိဘမဲ့တွေဖြစ်ပြီး ငယ်ရွယ်စဉ်ကတည်းက မွေးစားမိဘတွေရဲ့အိမ်ကနေ ပြန်ပေးဆွဲခံရပြီးပျောက်ကွယ်သွားခဲ့ပါတယ်။ သူတို့ကိုပြန်ပေးဆွဲသွားသူက အယ်လ်ဖာလို့ခေါ်တဲ့အမျိုးသမီးတစ်ဦး ဖြစ်ပြီး မူးယစ်ဆေးအရောင်းအဝယ်လုပ်ငန်းတွေမှာ ကျွမ်းကျင်အဆင့် ဖြစ်အောင်လေ့ကျင့်သင်ကြားပေးခဲ့ရာကနေ the squad ဆိုတဲ့နာမည်နဲ့ သူတို့သုံးယောက်အဖွဲ့က မြေအောက်လောကမှာနာမည်ကြီးလာခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့မွေးစားမိခင်လိုဖြစ်နေတဲ့ အယ်လ်ဖာအသတ်ခံခဲ့ ရတဲ့နောက် ကလဲ့စားချေဖို့စုံစမ်းကြရင်း သူတို့ထက် အဆပေါင်းများစွာ အင်အားသာလွန်တဲ့ ရန်သူတွေနဲ့အပြိုင်ကြဲဖို့ဖြစ်လာပါတော့တယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်) File Size……….(1.3 GB) / (444 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 18Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Action Translator…….Alias Encoder……….SWM

4 2023
The Squad
Dosti: Friends Forever
5.3

Dosti: Friends Forever (2005) “အခင်ဆုံးသူငယ်ချင်းနှစ်ယောက်” 2005 ကထွက်ရှိခဲ့တဲ့ ရိုမန့်/ဒရာမာ ကားဟောင်းတစ်ကား တင်ဆက်ပေးလိုက်ပါတယ် မင်းသားချော အာရှေးကူးမားနဲ့ အတူ Bobby Deol နဲ့ Kareena Kapoor တို့ပါဝင်ထားတဲ့ အတိတ်ကို ပြန်လွမ်းချင်သွားမယ့် ဇာတ်ကားကောင်းတစ်ကားဖြစ်ပြီး ရုံတင်ဝင်ငွေအရလည်း အောင်မြင်ခဲ့တဲ့ကားတစ်ကားပါ “မိတ်ဆွေသူငယ်ချင်းဆိုတာ ဘုရားသခင်ပေးတဲ့ အကောင်းဆုံးဆုလာဘ်တစ်ခုပဲ” ဆိုတဲ့ စကားအတိုင်း ကျွန်တော်တို့ဘဝမှာ ချစ်သူနဲ့တောင် ဝေခွဲဆုံးဖြတ်လို့မရနိုင်တဲ့ အခင်ဆုံးသူငယ်ချင်းတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းထဲမှာ “ကာရန်” နဲ့ “ရာ့ဂျ်” တို့ရဲ့သူငယ်ချင်းနှစ်ယောက်ဆက်ဆံရေးကို လှပစွာ ပုံဖော်ထားနိုင်ခဲ့ပြီး အာရှေးကူးမားရဲ့ မျက်နှာပြောင်ပုံတွေကလည်း ဖျော်ဖြေပေးနိုင်သလို သူ့ရဲ့ ဒရာမာချိုးပုံကလည်း ထိမိဂွိကြောင်းပါ ကာရန်က ကျိကျိတက်ချမ်းသာတဲ့ မိသားစုက သူဌေးသားဆိုပေမယ့် သူ့အတွက် မိသားစုဝင်ဖြစ်ခဲ့တာကတော့ သူငယ်ချင်း ရာ့ဂျ် ပဲဖြစ်ပါတယ် အဖေက စီးပွားရေးနဲ့ အမြဲအလုပ်ရှုပ်နေခဲ့ပြီး အမေကလည်း သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ အတင်းအဖျင်းပြောဖို့လောက်သာ အာရုံစိုက်ခဲ့တဲ့သူမို့ ကာရန်ဟာ ငယ်ငယ်လေးတည်းက ရွှေဘုံပေါ်မှာ အထီးကျန်ဆန်တဲ့ ငယ်ဘဝကို ဖြတ်သန်းခဲ့ရသူပါ တစ်နေ့ တစ်ယောက်တည်း လျှောက်ပြေးရင်း ချောက်ကမ်းပါးကို ကျတော့မယ့်အချိန် လက်ကမ်းပေးခဲ့တဲ့ “ရာ့ဂျ်” ဆိုတဲ့ ဆင်းရဲသားလေးကြောင့်သာ အသက်ဆက်ရှင်ခွင့်ရခဲ့ပြီး အဲဒီနေ့က စလို့ ရာ့ဂျ်ကို သူ့အိမ် ခေါ်လာခဲ့ပြီး သွားအတူ ကစားအတူ ဖြစ်ခဲ့ပါတယ် တစ်နေ့ ရာ့ဂျ် ချစ်တဲ့ အန်ဂျာဆီဆိုတဲ့ မိန်းကလေးဆီက အဖြေရခဲ့ပြီး အမြဲတပူးပူးတတွဲတွဲလုပ်ခဲ့တဲ့ သူတို့နှစ်ယောက် အတူတူမင်္ဂလာဆောင်မယ်လုပ်ကာမှ ရည်းစားမမြဲတဲ့ သူဌေးသား ကာရန်တစ်ယောက် ရာ့ဂျ်နဲ့ အန်ဂျာလီတို့ မင်္ဂလာဆောင်မယ့်ရက်မတိုင်ခင် တစ်လအတွင်း အလျှင်အမြန်လက်တွဲဖော်ရဖို့ သူငယ်ချင်း နှစ်ယောက် ဘယ်လိုကြိုးပမ်းကြမလဲ သူတို့သူငယ်ချင်းနှစ်တွဲ တကယ်ရော တစ်ရက်ထဲမှာ အတူတူ လက်ထပ်နိုင်ပါ့မလား သူတို့နှစ်ယောက် ဂရုမစိုက်တဲ့ လူ့အသိုင်းအဝိုင်းကရော သူတို့ ညှိသလို အရာရာအဆင်ပြေချောမွေ့နိုင်ပါ့မလား ဆိုတဲ့ အချစ် အလွမ်း အဆွေး ရသစုံလင်စွာ 2000 ခုနစ်များဆီသို့ ပြန်လည်ခေါ်ဆောင်ပေးသွားမယ့် ဒီဇာတ်ကားလေးကို ကြည့်ဖို့ တိုက်တွန်းပေးလိုက်ပါတယ်။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Thaik San နဲ့ KKKZ တို့မှ တင်ဆက်ထားပါတယ်။)

5.3 2005
Dosti: Friends Forever
Wild Bill
7.2

ဘီလ်က လူဆိုးတစ်ယောက်ပါ။ လူဆိုးတစ်ယောက်မှ ငယ်ဘ၀တုန်းက ကမ်းကုန်အောင်ဆိုးခဲ့မိုက်ခဲ့ပေတေခဲ့လို့ ပတ်ဝန်းကျင်မှာသောက်ကြမ်းကြီး ဘီလ် ဆိုတဲ့နာမည်ကိုပါရခဲ့ပါသေးတယ်။အခုတော့ ဘီလ်ထောင်ကထွက်လာပါတယ်။ ထောင်ကသင်ပေးလိုက်တဲ့ ပညာတွေအရ ဘီလ်တစ်ယောက်မထင်မှတ်နိုင်လောက်အောင်ကိုသိမ်မွေ့လာခဲ့ပါတယ်။ မသိမ်မွေ့လို့လည်းမရပါဘူး။ သူထောင်က ထွက်လာတာ ခံဝန်နဲ့ဖြစ်တဲ့အတွက် အပြင်လောကမှာ အမှားတစ်ခုခုလုပ်မိတာနဲ့ သူ့ကိုအချိန်မရွေးထောင်ထဲပြန်ပို့လို့ရတဲ့အနေအထားဖြစ်နေလို့ပါပဲ။ ဘီလ်အပြင်ကိုပြန်ရောက်လာချိန်မှာ ပထမဆုံးလုပ်တာက သူ့ဇနီးနဲ့သူ့မိသားစုကိုလိုက်ရှာခဲ့တာပါ။ စိတ်မကောင်းစရာဖြစ်နေခဲ့တာက သူ့သားနှစ်ယောက်ဟာ တစ်ယောက်က ၁၅နှစ်၊တစ်ယောက်က ၁၁ နှစ်အရွယ်ဖြစ်နေပြီး သူ့ဇနီးကပစ်သွားခဲ့တဲ့အတွက် သားကြီးဖြစ်သူက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီး သူ့ညီကိုကျောင်းထားပေးနေရတာပါပဲ။ သားကြီးက သူ့ကိုအမြင်မကြည်တဲ့အတွက် ထောင်ထွက်လူမိုက်စိတ်မကုန်သေးတဲ့ သူကလည်း ခပ်စိမ်းစိမ်းပဲ ကလေးနှစ်ယောက်ကိုထားခဲ့ဖို့စိတ်ကူးမိပါသေးတယ်။ဒါပေမယ့် ကလေးစောင့်ရှောက်ရေးအဖွဲ့ကဝင်လာပြီး အုပ်ထိန်းသူမရှိရင် ကလေးနှစ်ယောက်ကို ဂေဟာပို့မယ်လုပ်တာကြောင့် ကလေးနှစ်ယောက်ကို သူဟန်ပြအုပ်ထိန်းပေးရပါတယ်။ တဖြည်းဖြည်း ကလေးအဖေဘ၀ကိုပျော်မွေ့လာရင်း သားတွေကိုသံယောဇဉ်တွယ်လာချိန်မှာ သားငယ်ဖြစ်သူကို တစ်ချိန်က သူ့ဘော်ဒါဟောင်းရဲ့ အဆက်အနွယ်လူဆိုးဂိုဏ်းက ဘိန်းဖြန့်တဲ့အလုပ်မှာခေါ်ခိုင်းတဲ့အတွက် အဲ့ဒီပြဿနာတွေကိုဖြေရှင်းပေးဖို့ အရင်လူတွေနဲ့ပြန်ပတ်သက်မိတဲ့အချိန်မှာတော့..။ Crime/Drama ဆိုပေမယ့် သဘာ၀ကျကျနဲ့ ရယ်ရပါတယ်။ မထူးဆန်းတဲ့တင်ပြပုံနဲ့လည်း အစကနေ အဆုံးထိ လှည့်ကွက်မပါသလောက်နဲ့ဆွဲခေါ်နိုင်လောက်အောင်ကောင်းပါတယ်။ ရထားတဲ့ Rating တွေနဲ့အညီ တကယ် မိုက်တဲ့ကားပါပဲ။ ဒါနဲ့ဒီထဲက သရုပ်ဆောင်နှစ်ယောက်က နာမည်ကျော် meme characters တွေပါ။ File size…(690 Mb) Quality….Blu-Ray 720p Format…mp4 Duration….01:38:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Alias

Romance • Comedy
7.2 2011 98 mins
Wild Bill
Tekken

ဒီဇာတ်ကားက ဂျပန်နိုင်ငံ Bandaiကုမ္ပဏီကထုတ်တဲ့ နာမည်​ကျော် Tekkenဂိမ်းကို Live actionအ​ဖြစ် ရိုက်ကူးထားတာပါ။ ဂျပန်ဂိမ်းကို အ​နောက်တိုင်းသရုပ်​ဆောင်​တွေနဲ့ ပြန်ရိုက်ထားတဲ့ Live actionဆို​တော့ ​ထွေ​ထွေထူးထူး​ပြောစရာရယ်​တော့ မရှိပါဘူး။ ကြည့်​ပျော်ရှု​ပျော်​တော့ ရှိပါတယ်။ IMDb rating 4.8ရထားပါတယ်။ တစ်ကမ္ဘာလုံး စစ်ပွဲ​တွေဖြစ်အပြီးမှာ အစိုးရအဖွဲ့​တွေပြိုလဲသွားပြီး ​ကော်ပို​ရေးရှင်းဆိုတဲ့အဖွဲ့​တွေ ကမ္ဘာ့အနှံ့မှာ သူ့​နေရာနဲ့သူ သီးခြား ရပ်တည်ခဲ့ကြပါတယ်။ အဲဒီထဲက အကြီးဆုံးအဖွဲ့အစည်းက​တော့ တက်ခန်မြို့​တော်ဆိုတဲ့ အဖွဲ့အစည်း​ပေါ့။ ဒီ​ကော်ပို​ရေးရှင်း​တွေက တစ်နှစ်တစ်ခါ စုစည်းပြီး “သံမဏိလက်သီး”​ဆိုတဲ့ ပြိုင်ပွဲတစ်ခုကို ကျင်းပ​လေ့ရှိပါတယ်။ အဖွဲ့အသီးသီးကို ကိုယ်စားပြုတဲ့ ဖိုက်တာ တစ်​ယောက်စီ ပါဝင်ယှဉ်ပြိုင်ကြတဲ့ ပြိုင်ပွဲ​ပေါ့။ အဲဒီပြိုင်ပွဲကို တက်ခန်မြို့​တော်ရဲ့ အပြင်ဘက် အန်​​ဗေးလ်ဆိုတဲ့ မြို့ပြင်ဆင်းရဲသားအရပ်က ဂျင်ကာဇာမာဆိုတဲ့ ​ကောင်​လေးက ဝင်ပြိုင်ဖို့လုပ်ခဲ့ပါတယ်။ သူ့ရဲ့ရည်ရွယ်ချက်က​တော့ သူ့အ​မေကို ​သေ​စေခဲ့တဲ့ တက်ခန်​ကော်ပို​ရေးရှင်းရဲ့ အကြီးပိုင်း​ခေါင်း​ဆောင် ​တွေကို လက်စား​ချေချင်လို့ပါ။ သူ့ရဲ့ရည်မှန်းချက် ​အောင်မြင်နိုင် မလား၊ သံမဏိလက်သီးပြိုင်ပွဲမှာ ဘယ်​အဆင့်ထိရောက်နိုင်မလဲ၊ ဘယ်လိုရန်သူ​တွေကို ​ကျော်ဖြတ်ရမလဲဆိုတာကို အတိုက်အခိုက် အထိုးအကြိတ်​တွေနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ File size… 2 GB / 1 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 27m Genre ….. Action Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JimX

TV Movie • Comedy • Romance
0 2010
Tekken
Kakuda

Kakuda 2024 ကျိန်စာသင့်ရွာ TGIFလေးမှာ ဘဝအမောတွေပြေပျောက်အောင် ဟာဒယရွှင်ဆေးလေးဖြစ်တဲ့ horror comedy ကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ပါပြီဗျ။ သရဲကားဆိုပေမဲ့ ဟာသဦးစားပေးထားတာဖြစ်တဲ့အပြင် castမှာဆိုရင်လဲ ဟင်ဒီနာမည်ကြီးမင်းသားမင်းသမီးတွေဖြစ်တဲ့ ဆိုနာ့ရှီးဆင်ယာနဲ့ ရီတေးရှ်တို့ ပါဝင်သရုပ်ဆောင်ထားတာကြောင့် အကြိုက်တွေ့စေမဲ့ ဟာသသရဲကားလေးပဲဖြစ်ပါတယ် မြို့တွေရဲ့အဝေးတစ်နေရာ လူသူနည်းတဲ့နေရာလေးမှာ သီးသန့်လေးဖြစ်နေတဲ့ရာတိုဒီဆိုတဲ့ရွာငယ်လေး လူသူအရောက်အပေါက်နည်းတဲ့အပြင် ဒီရွာလေးမှာ ထူးခြားချက်တစ်ခုရှိပါတယ်။ အဲဒါကတော့ အင်္ဂါနေ့တိုင်း ည ၇:၁၅ ရောက်တာနဲ့ အိမ်တိုင်းမှာရှိတဲ့ တံခါးပေါက်ငယ်လေးကို ဖွင့်ထားရပါသတဲ့။ ဒီတံခါးကိုမဖွင့်ထားရင်တော့ ကာကူဒါဆိုတဲ့သရဲက အိမ်ကယောက်ျားသားကို ကျိန်စာတိုက်ပြီး အဲဒီလူက နေ့ချင်းညချင်း ခါးကုန်းကြီးဖြစ်သွားပြီးတော့ ၁၅ ရက်နေရင် သေရတယ်ဆိုတဲ့အယူပါ။ ဒါကို ချစ်သူဖြစ်တဲ့ ရာတိုဒီရွာသားဆန်နီက ယုံလည်းယုံ ကြောက်လည်းကြောက်ပေမဲ့ ခေတ်ပညာတတ်ဖြစ်တဲ့ အင်ဒီရာက‌တော့ မယုံပါဘူး။ ဒီလိုနဲ့ အိမ်ကအသည်းအသန် အိမ်ထောင်ချပေး‌တာကိုရှောင်ဖို့ ဆန်နီနဲ့ခိုးပြေးပြီး ရာတိုဒီရွာကိုသွားဖို့ အင်ဒီရာတစ်ယောက် အကြောင်းဖန်လာချိန်မှာတော့…… (အညွှန်းနဲ့ဘာသာပြန်ကတော့ Alex ~ BpL ~ Thura ~ Cyrah ~ KKKZတို့ပဲဖြစ်ပါတယ်)

0 2024
Kakuda
The Man Who Wasn’t There
7.5

မရှိခဲ့တဲ့သူတစ်ယောက်အကြောင်း မနေ့က လှေကားခွင်မှာ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူရှိမနေပြန်ဘူး ဒီလူမရှိတော့ရင် သိပ်ကောင်းမှာပဲ။ မနေ့က လှေကားပေါ်တက်လာတော့ မရှိခဲ့တဲ့သူ တစ်ယောက်နဲ့ဆုံခဲ့တယ် ဒီနေ့လည်း သူ့ကိုထပ်မတွေ့ရပြန်ဘူး ဒီလူပျောက်ကွယ်သွားရင် သိပ်ကောင်းမှာပဲ။ “Antigonish” William Hughes Mearns အက်ဒ်ကရိန်းဆိုသူက ရှိနေပေမယ့်လည်း မရှိနေသူတစ်ယောက်လိုဖြစ်နေတဲ့သူပါ။ သူက ဆေးလိပ်ကိုသာ မပြတ်တမ်းဖွာနေပြီး စကားအပြောအဆိုနည်းလှပါတယ်။ ဆံသဆရာတစ်ယောက်ဖြစ်ပြီး အရာအားလုံးပိုင်ဆိုင်ထားတဲ့ ပြည့်စုံသူတစ်ယောက်ဖြစ်ပေမယ့်လည်း သူပိုင်ဆိုင်တာဘာမှလည်း ရှိမနေပြန်ပါဘူး။ အပြောင်းအလဲကြီးကြီးမားမားလည်းမရှိသလို ပြောင်းလဲဖို့လည်း မကြိုးစားနေသူပါ။ တနေ့မှာတော့ စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ထံမှာ ရင်းနှီးမြှပ်နှံချင်စိတ်တွေ ပေါ်လာပြီးနောက် သူ့ဘဝနဲ့ သူ့ပတ်ဝန်းကျင်ဟာ တစ်ဆစ်ချိုးပြောင်းလဲဖို့ဖြစ်လာပါတယ်။ ၂၀၀၁ခုနှစ်မှာရိုက်ကူးခဲ့ပေမယ့် ၁၉၄၉ခုနှစ်မှာ ဇာတ်အိမ်တည်ထားတဲ့ ဒီရုပ်ရှင်ကားကို ဆေးရောင်စုံနဲ့ရိုက်ကူးပြီး တည်းဖြတ်ချိန်မှာ အဖြူအမဲအဖြစ်ပြောင်းလဲထားတဲ့ neo-noir crime film အမျိုးအစားဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း၊ ရိုက်ကူး၊ တည်းဖြတ်၊ ထုတ်လုပ်သူ ဒါရိုက်တာတွေဖြစ်ကြတဲ့ Coen brothers ကိုတော့ No Country for Old Men နဲ့ The Ladykillers ရုပ်ရှင်တွေနဲ့ လူအများသိကြမှာပါ။ အခြားရုပ်ရှင်ရိုက်ကွင်းတစ်ခုက ခေတ်ဟောင်းဆံပင်ညှပ်ဆိုင် ပိုစတာကို မြင်ခဲ့ရာက ဒီဇာတ်လမ်းကို အတွေးရခဲ့ကြပြီး ခေတ်ဟောင်း film noir ပုံစံအတိုင်း နောက်ခံစကားပြောပုံစံကို အသုံးပြုထားပါတယ်။ ပုံမှန် film noirတွေနဲ့ ကွဲပြားတာကတော့ ဒီရုပ်ရှင်မှာ ဘီသိုဗင်ရဲ့ ဂန္တဝင်တေးသွားတွေကို အသုံးပြုထားခြင်းပဲဖြစ်ပါတယ်။ File size…(1.7 GB)/(840 Mb) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:56:00 Genre… Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Khatar Aung

7.5 2001 116 mins
The Man Who Wasn’t There