YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Would You Like a Cup of Coffee.S01E02.1080p.CM.mp4

304.84 MB N/A video/mp4 387 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Fathers and Daughters
7.2

“အရာအားလုံးက. ရှင်သန်ပြီး သေဆုံးတယ်. နိုးထပြီး. ကျဆင်းတယ်. ပြီးတော့ ချစ်တယ်. ထွက်သွားတယ်...” ဒီစကားစုလေးလိုပါပဲ ကျွန်တော်တို့ဘဝတွေမှာ အကောင်းအဆိုး တစ်လှည့်စီ ဖြစ်ပေါ်တတ်ကြသလိုပဲ ကြည့်ဖူးတဲ့ရုပ်ရှင်ကားတစ်ကားထဲကလို “ပျော်ရွှင်စရာအဆုံးသတ်မဟုတ်ခဲ့ဘူးဆိုရင် ဇာတ်မသိမ်းသေးပါဘူး” လို့ အားတင်းရင်းနဲ့ပဲ ဘဝကို ရှေ့ဆက်ကြရပါတယ်. မတော်တဆမှုတစ်ခုမှာ ဇနီးသည်ကို ဆုံးရှုံးလိုက်ရပြီးနောက်ပိုင်း ဦးနှောက်ထိခိုက်ဒဏ်ရာ၊ ဇနီးသည်အတွက် ပူဆွေးရမှုတွေကြောင့် ရလာတဲ့ စိတ်ဝေဒနာဒဏ်ရာများကို ကုစားဖို့ အသည်းပေါက်မတတ် ချစ်ရတဲ့ သမီးလေးနဲ့ ခွဲပြီး စိတ်ရောဂါကုဆေးရုံမှာ ၇ လကျော်ကြာ အချိန်ကုန်ခဲ့ရတဲ့ ဂျိတ်ဒေးဗစ်စ်. သူခံစားခဲ့ရတဲ့ စိတ်ဝေဒနာကို အခွင့်ကောင်းယူကာ သမီးလေးကို သူ့ဘဝထဲက ဆွဲထုတ်မယ့် သူများ၊ စာရေးဆရာဘဝရဲ့ တစ်ဆစ်ချိုး ကျရှုံးချိန် ရုန်းကန်ရပုံများ ကြားထဲမှ အဖေနဲ့သမီးဘဝ ငယ်ဘဝအမှတ်တရ များစွာကို လွမ်းဆွတ်ဖွယ် တင်ဆက်ထားသလို တစ်ဖက်မှာလည်း ၂၅ နှစ်အကြာမှာပဲ ကံကြမ္မာတစ်ကျော့ပြန်လာပြီး ရင်ထဲမှာ တွင်းနက်ကြီးတစ်ခုရှိနေသလို ဘာခံစားချက်မှ မရှိဖြစ်နေတဲ့ သမီးဖြစ်သူ ကိတ်ဒေးဗစ်စ်. ဘယ်သူမှ အတင်းအကျပ် လုယူ၊ မခိုးယူဘဲ ပျောက်ဆုံးသွားခဲ့တဲ့ နှလုံးသားထဲက ခံစားချက်တစ်စုံတစ်ရာကို ရှာဖွေရင်း ချစ်ရသူကို တွေ့သွားချိန် ဘဝရဲ့အတိတ်မည်းတွေကို လွတ်မြောက်နိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ပုဒ်ကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…  1.6GB / 713MB Quality… Blu-Ray 1080p / 720p Format… mp4 Duration…. 1h 56m Genre .....  Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Sai Sumali

Adventure • Family • Fantasy
7.2 2015 116 mins
Fathers and Daughters
Pinocchio
6.5

ငယ်ငယ်က ကျွန်တော်တို့အားလုံးကြိုက်ခဲ့တဲ့ ပီနိုခီရို သစ်သားရုပ် သေးရုပ်လေးအကြောင်းဆိုရင်တော့မသိသူမရှိလောက်ပါဘူး ။ ဒီ Animation ကိုတော့ Disney က ၂၀၂၂ မှာ ဂန္တဝင် မင်းသားကြီး Tom Hank နဲ့အတူ live-action အဖြစ် ပြန်လည်အသက်သွင်း လိုက်ပါတယ်။ ဇာတ်လမ်းအညွှန်းကတော့ အားလုံးသိခဲ့တဲ့အတိုင်း ပီနီခီရိုလေးရဲ့ စွန့်စားခန်းတွေကို မြင်ရမှာပါ။ Animation ကို live action လုပ် ထားတယ်ဆိုပေမယ့် မူရင်းအရသာမပျက်သွားဘဲ အတော်လေး ကြည့်ရတာ အဆင်ပြေပါတယ်။  Disney ရဲ့ ရုပ်ရှင်တွေအတိုင်း ဇာတ်ဝင်တေးကောင်းကောင်းလေးတွေနဲ့ ကလေးလူကြီးကြိုက်ပြီး ငယ်ဘဝကိုပြန်အမှတ်ရစေမယ့်ကားကောင်းလေးဖြစ်စေမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size..........(2.28 GB) / (1.12 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 45mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Comedy, Drama Translator.......Thiha Yan Naing Encoder..........SWM

Horror • Thriller
6.5 2022 105 mins
Pinocchio
Matilda
6.9

Matilda (1996) Child Novel​တွေ ​ရေးသားထုတ်​ဝေတဲ့ Roald Dahlဆိုတာ ဘယ်သူမှန်း မရင်းနှီးရင်​တောင် Charlie and the Chocolate Factory, The BFG တို့ကို​တော့ လူတိုင်းသိမှာပါ။ ၂၀ရာစုရဲ့ အကြီးကျယ်ဆုံး က​လေးစာ​ပေ ဖန်တီးသူအဖြစ် လူသိများတဲ့ Roald Dahlရဲ့ ဝတ္ထု​တွေကို ရုပ်ရှင်အဖြစ် ပြန်ပြီးအသက်သွင်းရာမှာလည်း ​​အောင်မြင်မှုအတိုင်းအတာတစ်ခုထိ ရရှိ ခဲ့ပါတယ်။ Matildaဆိုတာလည်း အနုပညာပိုင်းမှာ ​အောင်မြင်ခဲ့တဲ့ Live action ဇာတ်ကားတစ်ခုပဲ ဖြစ်ပါတယ်။ IMDbအ​နေနဲ့ 6.9၊ RTမှာ 91% ရရှိထားပါတယ် မတေးဒါက ​မွေးကင်းစကတည်းက မိဘကံမ​​ကောင်းခဲ့သူလို့ ဆိုရမှာပါ။ ဖခင်က တစ်ပတ်ရစ်ကား​တွေ ဂျင်းထည့်ပြီး​​ရောင်းတဲ့ လူလိမ်၊ အ​​မေက အရပ်တကာပတ် ဘင်ဂိုပတ်​ဆော့​နေသူဖြစ်ပြီး ကိုယ့်​ရဲ့သွေးသားရင်းကို ချစ်တဲ့ပုံများ​ကတော့ က​လေး​မွေးပြီး ​ဆေးရုံ​ဆင်းလာတာ အိမ်​ရောက်တဲ့ အချိန် သမီးဖြစ်သူမွေးကင်းစက ကား​နောက်ခန်းထဲမှာကျန်ခဲ့မှန်း​တောင် သတိမရတဲ့ ဂန္တဝင်​ဖေ​ဖေ၊​ ကောင်းကင်​မေ​​​မေ​တွေ​​​ပေါ့။ မိဘ​တို့ပြုအပ်တဲ့ ဝတ္တရား​ကို ကျေပွန်ပုံကလည်း သမီးအသက်ကို ၄နှစ်နဲ့ ၆နှစ်ခွဲ မသဲကွဲလို့ ​ကျောင်းတက်ချင်တာ​တောင် ​ကျောင်းမအပ်​ပေးကြသူ​တွေ​ပေါ့။ မိဘ​တွေရဲ့​​​ကောင်းသတင်းက ​ပြောမဆုံး​​အောင်ရှိ​ပေမယ့် မတေးဒါ​လေးက ​​ခေသူမဟုတ်ပါ၊ အသက်၂နှစ်ကတည်းက ဘယ်သူမှမသင်ဘဲ စာ​ရေးတတ် ဖတ်တတ်​နေသလို အသက်၄နှစ်မှာ မိဘ​တွေမသိ​​အောင် စာကြည့်တိုက်ကို ခိုးသွားပြီး က​လေးစာအုပ်​တွေသာမက သုတရသစာအုပ်​တွေပါ ထုံးလို​မွှေ ​ရေလို​နှောက် ဖတ်နိုင်တဲ့ ​တောက်မည့်မီးခဲ တရဲရဲ​လေး​ပေါ့ ။ ဉာဏ်ကြီးရှင် ဖြစ်သလို ဟာသဉာဏ်ကလည်း ရွှင်​လေ​တော့ သူ့ကိုစိတ်ဒုက္ခမျိုးစုံ​ပေးတဲ့ မိဘ​တွေကိုပါ မထင်ရင် မထင်သလို trollတတ်ပါ​သေးတယ်။ ဒီလိုပါရမီရှင်​လေးကို ထိန်းမနိုင်​တဲ့အဆုံး ​ကျေးဇူးရှင်​ဖေ​ဖေနဲ့ ​မေ​မေခမျာ မတေးဒါကို ​ငါ့လက်ကလွတ် ကျွတ်ဆိုပြီး ​ကျောင်းထား​ပေးလိုက်ပါတယ်။ ​မွေးလာကတည်းက ​ဆရာကြီး​တွေနဲ့​တွေ့လာတဲ့ မတေးဒါ​ဟာ ​​ကျောင်းမှပဲ ဆရာ့ဆရာကြီးနဲ့ သွား​တွေ့ပါ​တော့တယ်။ အ​ပေါက်ကဆိုး အ​ပြောကကြမ်း လက်သံက​ပြောင်၊ အိုလံပစ် သံလုံးပစ် လှံတံပစ် ပြိုင်ပွဲဝင်​ဟောင်းဖြစ်တဲ့ ​ကျောင်းအုပ်ကြီး မစ်ထရန့်ချ်ဘူးက မတေးဒါ​လေးကို ​ဆီးကြို​နေတာပါ။ ကျောင်းအုပ်ကြီးလက်​အောက်မှာပဲ မစ်ဟန်နီဆိုတဲ့ သ​ဘောမ​နော​ကောင်း စိတ်သ​ဘောထားဖြူစင်တဲ့ ဆရာမ​​လေးတစ်​ယောက်လည်း ရှိ​နေပါတယ်။ မတေးဒါ​က ဆရာမ​လေးကို ခင်တွယ်သလို ဆရာမကလည်း မတေးဒါကို အရမ်းချစ်ပါတယ်။ ဒါ​ပေမဲ့ဆရာမ​လေးမှာ ​ကျောင်းအုပ်မစ်ထရန့်ချ်ဘူးနဲ့ ဆိုးရွားတဲ့ အတိတ်ဇာတ်​ကြောင်း​တွေ ရှိ​​နေတာ​​ကြောင့် မတေးဒါ​လေးဟာ သူချစ်တဲ့ဆရာမ​လေးကို ကူညီဖို့ ​ကျောင်းအုပ်ကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ကြိုးစားပါ​တော့တယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ JimX ပဲ ဖြစ်ပါတယ်။ Genre….. Comedy, Family, Fantasy Quality…. 1080p | 720p | 480p File size… 1.7GB | 893MB | 280MB Format… mp4 Duration…. 1h 42min Subtitle…. Myanmar Subtitle (Hardsub) Translator ….. JimX Encoder ….. August

Crime • Thriller
6.9 1996
Matilda
The Good Witch of Christmas
4.6

The Good Witch Of Christmas (2022) ========================== ကဲ အားလုံးပဲ ခရစ်စမတ်အချိန်အခါကို ရောက်ရှိလာပြီဆိုတော့ အိမ်မှာ ကလေးတွေနဲ့အတူတူ အနားယူရင်း ကြည့်လို့ရမယ့် ခရစ် စမတ်ကားကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ခရစ်စမတ်ကာလရဲ့ နာမည်ကျော်သူခိုးကြီးတွေဖြစ်တဲ့ ဖရန့်ခ်နဲ့ တိုနီတို့ နှစ်ယောက်တို့ဟာ ဖရန့်ခ်ရဲ့ ညီဖြစ်သူက မွေးတဲ့ လီယမ်နဲ့ အိုလစ် ဗီယာဆိုတဲ့ ကလေးနှစ်ယောက်ကို ထိန်းပေးဖို့ရာ အကြောင်းဖန်လာ ပါတယ်။ ဆန်တာကလော့စ်နဲ့ ခရစ်စမတ်လက်ဆောင်တွေကို အရမ်းယုံကြည်တဲ့ အိုလစ်ဗီယာနဲ့ ခရစ်စမတ်ကို အယုံအကြည်မရှိတဲ့ လီယမ်တို့ဆီ ဆန်တာရဲ့ နတ်သူငယ်တစ်ပါးဖြစ်တဲ့ အမျိုးသမီးတစ်ယောက် ရောက်ရှိလာပြီး၊သူတို့ရဲ့ မိဘတွေဆီကိုတော့ ဆန်တာကလော့စ်က ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိသွားတဲ့အခါမှာ… ခရစ်စမတ်ကာလတိုင်း မရိုးနိုင်တဲ့ မိသားစုဇာတ်လမ်းလေးကို ရယ်ရွှင်ဖွယ်ရာ များနဲ့အတူ ကြည့်ရှုရဦးမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(1.3 GB) / (600 MB) / (311 MB) Quality…………WEB-RIP 1080p / 720p / 360p Duration………1Hr 27mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Family, Comedy Translator…….May Thet Khine Soe Encoder……….SWM

Action & Adventure • Drama • Sci-Fi & Fantasy
4.6 2022
The Good Witch of Christmas
[18+] Actress Sex Auditions

******************************** Cheonbong ဆိုတဲ့ဘဲက နာမည်သိပ်မရသေးတဲ့ ဒါရိုက်တာတစ်ဦး… အရည်အချင်းရှိတဲ့သူတွေဒုနဲ့ဒေးလောကမှာ သူ့လိုငချွတ်လေးအတွက် နာမည်ရဖို့ ထိုးဖောက်ဖို့ဆိုတာမလွယ်လှ..သို့ပေမဲ့ သူ့ရဲ့ရုပ်ရည် အပြောတွေကြောင့်တက်သစ်စမော်ဒယ်လေးတွေက အလွန်အထင်ကြီးကြတယ်… သူက classic မူဗီတွေဖန်တီးဖို့ ဝါသနာပါပေမဲ့လည်း အမြဲတစ်ခေတ်နောက်ကျသလို ဖြစ်နေတဲ့သူ့အတွက်ရွှေပြည်တော်မျှော်တိုင်းဝေးပါပဲ… ဒါ့ကြောင့် တခြားဒါရိုက်တာတွေသိပ်မလုပ်ဖြစ်တဲ့ လူငယ်တွေအတွက် sex ပညာပေး လောကီချမ်းသာ ဗဟုသုတ မျိုးစုံရစေမဲ့ ကားတွေဖန်တီးဖို့ကြိုးစားပါတော့တယ်… File size… 715MB& 261MB Quality… WEB-DL720p Format…mp4 Duration….1h 05min Genre ….. Adult , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….DS Translated by SD

0 2020
[18+] Actress Sex Auditions
LaRoy, Texas

LaRoy, Texas [2024] (IMDb 6.4/10, RT 100%) ရေးဟာ တချိန်က အလှမယ်သရဖူ ဆွတ်ခူးဖူးတဲ့ ဇနီးလေး စတေစီလင်းနဲ့အတူ နေထိုင်ရင်း သူတို့ညီအစ်ကိုနှစ်ယောက်ဦးစီးနေတဲ့ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်မှာ အလုပ်လုပ်ပြီး ဘဝကို ဖြတ်သန်းနေပါတယ်… တနေ့မှာ အစ်ကိုရဲ့ အသိမိတ်ဆွေဖြစ်ဖူးသူ အလွတ်တမ်းစုံထောက် စကစ်က ရေးကို ကော်ဖီဆိုင်တစ်ဆိုင်မှာ ဆုံဖို့ ချိန်းလိုက်ပါတယ်… ပြီးနောက်မှာ ရေးရဲ့ ဇနီးဖြစ်သူ မိုတယ်တစ်ခုထဲ ဝင်သွားတဲ့ ဓာတ်ပုံတွေကို ပြလိုက်ပါတယ်… ဒီနောက်မှာတော့ စတေစီတစ်ယောက် ဖောက်ပြန်နေပေမယ့် ရေးကတော့ တဲ့တိုးဖြေရှင်းမယ့်အစား သူ့ကိုသူ သတ်သေဖို့ ရွေးချယ်လိုက်ပါတယ်… ဒီအတွက် သေနတ်ဆိုင်တစ်ဆိုင်ကို သွား၊ သေနတ်ဝယ် ပြီးတော့ သူ့ကိုသူ သတ်သေဖို့ ကြံတော့မယ့်အချိန်မှာပဲ လူတစ်ယောက်ကားထဲ ဝင်လာပြီး ရေးကို ကြေးစားလူသတ်သမားလို့ ထင်မှတ်ပြီး သတ်ရမယ့် လူကိုပြပါတော့တယ်… စိတ်ဓာတ်ကျနေတဲ့ ရေးလည်း ကိစ္စအသစ်အဆန်းကို လုပ်ကိုင်လိုတာကြောင့် လက်ခံလိုက်ပါတော့တယ်… သူသတ်ရမယ့် ဂျိမ်းစ်ဘာလိုကို သူသတ်ခဲ့ပေမယ့် ကိစ္စတွေဟာ ထင်သလောက် မရိုးရှင်းတော့ဘဲ တကယ့်ကြေးစားသမားအစစ်ကပါ ပါဝင်ပက်သက်လာတဲ့အပြင် အတွေ့အကြုံနုတဲ့ ရေးတစ်ယောက် သူ့ဇနီးဓာတ်ပုံကို အခင်းဖြစ်နေရာမှာ ကျကျန်ခဲ့တာကြောင့် သူ့ဇနီးလည်း သံသယရှိသူစာရင်းထဲ ဝင်လာပါတော့တယ်.. .ဒီလိုအရှုပ်အထွေးတွေကြားမှာ အကွက်မြင်တဲ့ စကစ်က ရေးကိုလည်း ကူညီရင်း သူလည်း ရဲတံဆိပ်ရနိုင်ရေးအတွက် ဝင်ရောကူညီပါတော့တယ်… ဇာတ်လမ်းလေးက အင်မတန်ကြည့်ကောင်းတာမို့ ပရိတ်သက်တို့ကိုယ်တိုင် ဘာဆက်ဖြစ်မလဲ ကြည့်ရှုလိုက်ကြပါဦးနော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။ Genre….. Crime, Comedy, Thriller Quality…. 1080p | 720p File size… 1.3GB | 551MB Format… mp4 Duration…. 1h 50min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Tun Aung Kyaw Encoder ….. Aaron

0 2024
LaRoy, Texas
My Child Has My Doctor’s Face
5.7

My Child Has My Doctor’s Face (2024) ============================ ဂျက်ဆီကာနဲ့ ဒင်လန်တို့ဟာ တစ်ယောက်နဲ့တစ်ယောက်အရမ်းကိုပဲ ချစ်ကြတဲ့လင်မယားတွေပါ။ ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ပဲ သုံးနှစ်ကျော်လောက် ကြိုးစားတာတောင် သားသမီးရတနာမထွန်း ကားဘဲ ဖြစ်နေရတာကြောင့် ဂျက်ဆီကာတစ်ယောက် ဒင်လန့်ကို ဖန်ပြွန်သန္ဓေသားနည်းကို စမ်းသပ်ကြည့်ဖို့ပြောလာခဲ့ပါတော့တယ်။ ဒင်လန်အနေနဲ့လည်း ဇနီးဖြစ်သူစိတ်ကျေနပ်စေဖို့အတွက် လက်ခံ သဘောတူခဲ့ပါတယ်။ နှစ်တွေအတန်ကြာလာပြီးတဲ့အခါမှာတော့ ဂျက်ဆီကာတို့မိသားစုလည်း ဖန်ပြွန်သန္ဓေသားနည်းလမ်းနဲ့ရလာတဲ့ သားဖြစ်သူဟင်နရီလေးကြောင့် ပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ်နေရတာပေါ့။ တစ်နေ့မှာတော့ ဟင်နရီရဲ့သွေးအုပ်စုအမျိုးအစားနဲ့ ဒင်လန်ရဲ့သွေး အမျိုးအစားက မိဘနှင့်သားသမီးတော်စပ်ဖို့ မဖြစ်နိုင်ကြောင်းကို ဂျက်ဆီကာတစ်ယောက် အမှတ်မထင်ထိလိုက်ရပါတော့တယ်။ ဒီလို နဲ့ပဲ ဂျက်ဆီကာလည်း ဘယ်လိုအကြောင်းတွေကြောင့် ဒီလိုဖြစ်ရပ် မျိုးဖြစ်လာရလဲဆိုတာ စတင်ရှာဖွေပါတော့တယ်။ သူနဲ့အတူ CM ပရိသတ်တွေလည်း လိုက်လံအဖြေရှာကြည့်လိုက်ပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Fiona Gillen ဖြစ်ပါတယ်) File Size……….(560 MB) Quality…………WEB-DL 720p Duration………1Hr 26Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Fiona Gillen Encoder……….SWM

5.7 2024 86 mins
My Child Has My Doctor’s Face
Proof of Innocence
6.5

Proof of Innocence (2016) ************************* Detective K ရုပ်ရှင်ကားတွေနဲ့ ကြည့်ရှုသူတွေကို အူလှိုက်သည်းလှိုက်ရယ်မောစေခဲ့တဲ့ မင်းသားကြီး ဂင်မြောင်မင်း၊ ရုပ်ရှင်ဇာတ်ကားပေါင်း မြောက်မြားစွာမှာ အပြစ်ကင်းတဲ့မျက်နှာနဲ့ ချစ်ခင်သနားဖွယ်ဇာတ်ရုပ်တွေကို အများအပြား သရုပ်ဆောင်ခဲ့တဲ့ ဂင်ဆန်းဟို၊ Along with the Gods ရုပ်ရှင်ကားတွေထဲ နတ်မင်း ၃ ပါးကြားက တစ်ဦးတည်းသောမိန်းကလေးဇာတ်ရုပ်နဲ့ မြန်မာပရိသတ်တွေ စတင်လူသိများလာခဲ့တဲ့ မင်းသမီးလေး ဂင်ဟျန်းဂီ၊ Reply 1988 က ဒေါ့ဆွန်းအဖေတစ်ဖြစ်လဲ သဘောကောင်းတဲ့ Character တော်တော်များများမှာ တွေ့ရတဲ့ မင်းသားကြီး ဆောင်ဒုံအီတို့လို ဇာတ်ပို့ဇာတ်ရံတွေနဲ့ ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ************** ဂွမ်ဆွန်းထယ်ဆိုတဲ့ တက္ကစီဒရိုင်ဘာက ကိုရီးယားရဲ့တရားဥပဒေကိုလိုက်နာတဲ့ နိုင်ငံသားကောင်းတစ်ဦးဖြစ်ပြီး အရမ်းချစ်ရတဲ့သမီးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့မှာတော့ သူ့တက္ကစီကိုငှားစီးခဲ့တဲ့ လုပ်ငန်းစုကြီးတစ်ခုရဲ့ချွေးမက အသတ်ခံလိုက်ရတဲ့အတွက် အရင်ပြစ်မှုဟောင်းတွေရှိခဲ့ဖူးတဲ့သူ့ကို လူသတ်မှုအဓိကတရားခံအဖြစ် သတ်မှတ်လိုက်ကြပြီး သေဒဏ်ချမှတ်ကာ အကျဉ်းချလိုက်ပါတယ်။ သူမသတ်ပါဘူးဆိုပြီး ဘယ်လိုပဲအသည်းအသန် ငြင်းဆန်ပေမဲ့ နားထောင်ပေးသူမရှိတဲ့အခါ သတင်းစာဖြတ်ပိုင်းမှာတွေ့တဲ့ စံပြရဲအရာရှိဖြစ်သူ ရဲကြပ်ကြီး “ချွဲဖီဂျယ်” ဆီကို အသနားခံစာတစ်စောင် ရေးပို့လိုက်ပါတယ်။ တစ်ဖက်မှာလည်း အဖေဖြစ်သူက ထောင်မင်းသားဖြစ်ခဲ့တာကြောင့် ကိုယ့်အတွက်ရော၊ ကိုယ့်အဘိုးအတွက်ပါ အကျိုးမပေးတဲ့အဖေကို ပိုင်ဆိုင်ထားရတဲ့ ရဲကြပ်ကြီး ချွဲဖီဂျယ်။ ထောင်သား၊ အပြစ်သား၊ ရာဇဝတ်မှုကျူးလွန်သူဆိုတာနဲ့ ရွံမုန်းလွန်းလို့ စစ်ဆေးမေးမြန်းတိုင်း လက်ပါတဲ့သူ့ကို ချနင်းပြီး ရာထူးတိုးဖို့အသုံးချသွားတဲ့ တွဲဖက်ဖြစ်သူကြောင့် ရဲအလုပ်ကနေ နှုတ်ထွက်လိုက်ရပြီး တရားမဝင် ဥပဒေအကျိုးဆောင်လုပ်နေတဲ့သူ… တစ်နေ့မှာ သူရရှိခဲ့တဲ့ အသနားခံစာထဲက အမှုက သူ့တွဲဖက်ဟောင်းနဲ့ပတ်သက်နေတယ်ဆိုတာကို သိရပြီး အဲဒီအမှုနဲ့ ပြန်အကြပ်ကိုင်၊ လက်စားချေဖို့ကြိုးပမ်းရာက… ဒီအမှုဟာ တွဲဖက်ဖြစ်သူနဲ့ ပတ်သက်တဲ့ သာမန်လာဘ်ပေးလာဘ်ယူ အမှုမျိုးမဟုတ်ဘဲ နောက်ကွယ်က ပိုကြီးမားတဲ့ လက်မည်းကြီးတွေကို သိလာရတဲ့အခါ… ထောင်သားတွေကို သေမလောက်မုန်းတီးတဲ့ ချွဲဖီဂျယ်တစ်ယောက် မတရားစွပ်စွဲခံရတာပါဆိုတဲ့ ပြစ်မှုဟောင်းရှိ၊ ထောင်သား ဂွမ်ဆွန်းထယ်ကို အပြစ်မရှိကြောင်းပြဖို့ ဘယ်လိုကူညီမလဲ… အမှန်တရားကို ဘယ်လိုပေါ်ပေါက်အောင် ကြိုးပမ်းသွားမလဲဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာ ဖြစ်ပါတယ်… ဒီလိုမိသားစု Drama လေးနဲ့ မှုခင်းကားတွေကို ကြိုက်နှစ်သက်တယ်ဆိုရင်တော့ ဒီဇာတ်ကားက ဂွမ်ဆွန်းထယ်ရဲ့သမီးဖြစ်သူနေရာမှာ သရုပ်ဆောင်ထားတဲ့ မင်းသမီးလေး ဂင်ဟျန်းဂီရဲ့ Innocent Witness ဆိုတဲ့ ဇာတ်ကားလေးကိုလည်း ကြည့်ရှုကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်… အညွှန်းကို Chothet_mlmt မှ ရေးသားထားပေးပါတယ် .. File size… 1.59 GB / 650 MB Quality… WEB-SL 1080p / 720p Format… mp4 Duration…. 2h 02m Genre ….. Mystery, Law, Crime, Life Subtitle…. Myanmar Subtitle (Hard Sub) Encoder…. AHtet Translated by Chothet_mlmt

6.5 2016
Proof of Innocence
The Instigators
6.5

ဖျော်ဖြေမှုကောင်းကောင်းပေးမဲ့ သည်းထိပ်ရင်ဖို ဟာသ အက်ရှင်ကားပါ။ ဒါရိုက်တာက Edge of Tomorrow လက်ရာရှင် Doug Liman ဖြစ်ပြီး အော်စကာဆုရှင်နှစ်ယောက် ဖြစ်တဲ့ မက်ဒေမွန် နဲ့ ကေစီ အက်ဖလက်တို့ ပါဝင်ထားပါတယ်။ Good Will Hunting ကတည်းက အတွဲညီခဲ့တဲ့ သူငယ်ချင်း နှစ်ယောက် မက်ဒေမွန် နဲ့ ဘန်အက်ဖလက်တို့ အတူ ထုတ်လုပ် ထားတာပါ။ ဇာတ်ညွှန်းကလည်း ကေစီအက်ဖလက်လက်ရာပါပဲ။ ဇာတ်လမ်းအကျဉ်း **************** မြို့တော်ဝန် ရွေးကောက်ပွဲ အပြီးမှာ မြို့တော်ဝန်ရဲ့ ပါတီကို ရောက်လာတတ်တဲ့ သန်းနဲ့ချီတဲ့ ငွေသားတွေကို ဓားပြတိုက်ဖို့ လူနှစ်ယောက်ကို အလုပ်အပ်လိုက်မိတယ်။ အဲဒီနှစ်ယောက်မှာ တစ်ယောက်က မရိန်းတပ်ထွက်၊ ကိုယ့်ကိုယ်ကိုယ် လက်စတုံးချင် စိတ်ပေါက်နေလို့ စိတ်ကုထုံး ပြနေရတဲ့လူ၊ နောက်တစ်ယောက်က ထောင်ထွက် တစ်ခန်းလွတ်ပါ။ အခြားလုပ်ရဲမဲ့သူလည်း ရှာမရလို့ ဂေါက်သီးနှစ်ယောက်ကို အလုပ်အပ်လိုက်မိတာ တလွဲတွေ တန်းစီဖြစ်ကုန်ပုံကို ပြထားတာပါ။ ရဲတွေ တစ်အုပ်ကြီးနောက်က လိုက်နေရင်း၊ မြို့တော်ဝန်ဘက်က လူတွေလည်း လိုက်တာခံရရင် တလွဲတွေ ဆက်တိုက်လုပ်သွားပုံကို ကြည့်ပြီး ခွီရမှာပါ။ ကြည့်လိုက်ကြပါဦး။ File size…5.03GB / 2.12GB / 1.07GB Quality…WEB-DL 4K HEVC 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Mr.Anderson

6.5 2024
The Instigators
Evidence
5.1

ဒီဇာတ်ကားလေးကတော့ 2012 တုန်းကထွက်ထားတဲ့ sci-fi horror ဇာတ်ကားလေးတစ်ကားပါ။ ဇာတ်အိမ်ကိုဖွဲစည်းထားတာက သူ့ခေတ်သူ့ခါနဲ့ယှဉ်ရင်တောင် budget လိုပြောလိုရပါတယ်။ ဒါပေမဲ့ plot ပိုင်းတဲ့ သရုပ်ဆောင်တွေရဲ့ ပိုချသွားမှုတွေကကောင်းတာကြောင့် ကြည့်သင့်ကြည့်ထိုက်တဲ့အထဲပါတယ်လိုပြောလိုပါတယ်။ ဇာတ်လမ်းအကျဉ်း သူငယ်ချင်းလေးယောက်ဟာ တောအုပ်တစ်ခုထဲမှာ အပန်းချေစခန်းချထွက်ဖို ဖြစ်လာခဲ့ပါတယ်။ ရောက်ရောက်ချင်းနေ့မှာတင်ပဲနေ့ခငကြောင်တောင်အချိန်မှာ ထူးဆန်းတာ တွေကို မြင်လိုက်ရတဲ့ကြောင့် ရောက်တဲ့နေ့ထဲက ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ပါဘူး။ အဲဒါအပြင်ကို လေးယောက်က တစ်ယောက် တစ်စိတ်နဲ့ဆိုတော့ ဆုံးဖြတ်ချက်ချလိုက်တဲ့အခါတိုင်း စိတ်ဝမ်းကွဲတတ်ကြပါတယ်။ ဒါပေမဲ့ တတိယမြောက်နေ့မှာ သူတို စခန်းချတဲ့နေရာအထိ အမည်မသိသတ္တဝါတစ်ကောင်က လာရောက်ထိပါးတဲ့အခါမှာတော့… ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Mark ပါ ) File size_(2.2GB)/(1.3GB) Quality_Blu-Ray 1080p / 720p Format_mp4 Duration_01:20:00 Genre_Horror Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by Mark

5.1 2012 78 mins
Evidence
Umjolo: There Is No Cure
5

Umjolo:There’s no cure ဆိုတဲ့ရုပ်ရှင်ကားလေးကတော့ 2025 မှာထွက်ရှိထားတဲ့ LGBT+ ရုပ်ရှင်ကားတစ်ကားပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ကောလဟာလသတင်းတစ်ခုကြောင့် ရရှိထားတဲ့ မစ္စတောင်အဖရိကဆိုတဲ့ဂုဏ်ကိုပြုတ်သွားတဲ့ မော်ဒယ်တစ်ယောက်က သူရဲ့ဘဝဇာတ်ကြောင်းကို စာအုပ် အဖြစ်ပြန်ရေသားဖို ဆုံးဖြတ်လိုက်ပြီး ရေးသားပေးမယ့် စာရေးဆရာမလေးကိုချဉ်းကပ်ခဲ့ပါတယ်၊ ဆရာမလေးရဲ့ လက်ထောက်လို့ပြောတဲ့ကောင်မလေးနဲ့ပဲ အဆက်အသွယ် လုပ်နေခဲ့ရပြီး သူတို့တစ်ယောက်အပေါ် တစ်ယောက် ခံစားချက်တွေရှိလာတဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်မလဲ ဆိုတာကိုရိုက်ကူးထားတဲ့ Romance,Dramaရုပ်ရှင်ကားလေးပဲ ဖြစ်ပါတယ်။ File size… (1.61 GB) / (817 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 18m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Romance • Drama • Science Fiction
5 2025 78 mins
Umjolo: There Is No Cure
In Youth We Trust
6.2

In Youth We Trust (2024) ************************ 4Kings ဇာတ်ကားထဲက မင်းသား Nat Kitcharitနဲ့ Arak Amornsupasiriတို့ ပါဝင်ထားတဲ့ ထောင်တွင်းဇာတ်ကားကောင်းလေး ထွက်ရှိလို့လာပါပြီ…ထောင်တွင်းက လူငယ်အကျဉ်းသားတချို့အကြောင်းကို ဒါရိုက်တာက ပုံဖော်ရိုက်ကူးပြထားတာဖြစ်ပါတယ်… ပူအက်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်အရွယ်ကတည်းက ဖခင်မရှိဘဲ မိခင်နဲ့ နှစ်ဦးတည်းသာနေထိုင်ခဲ့ရသူပါ… မိခင်ဖြစ်သူဟာ တခြားလုပ်ငန်းမလုပ်တတ်တဲ့အတွက် မူးယစ်ဆေးရောင်းပြီးတော့ ပူအက်ကို ရှာဖွေကျွေးမွေးပျိုးထောင်ပေးခဲ့ပါတယ်… ပူအက်လည်း မိခင်ဖြစ်သူက မူးယစ်ဆေးရောင်းပြီး ရှာကျွေးတဲ့ကိစ္စကို အရှက်ကြီးရှက်ပြီး မူးယစ်ဆေးကိုလည်း အမုန်းကြီးမုန်းနေသူတစ်ယောက်ပေါ့…သူအရွယ်ရောက်ပြီး သိပ်မကြာခင်ပဲ အဖေဖြစ်သူကဆေးမှုနဲ့ ထောင်ကျသွားပါတော့တယ်…အဲဒီအချိန်မှာပဲ ပူအက်တစ်ယောက် ဒေါသအလျောက်လူသတ်မှုဖြစ်ခဲ့ပြီး ကျောင်းပြီးသွားလို့ အလုပ်ရရင် ဒီလိုရပ်ကွက်မျိုးကနေ ပြောင်းပြီး သားအမိနှစ်ယောက် ပျော်ပျော်ကြီးနေသွားမယ်ဆိုတဲ့ အိပ်မက်ဟာလည်း ပျောက်ဆုံးသွားရပါတော့တယ်…ဒီလိုနဲ့ပဲ အိပ်မက်တွေပျောက်ဆုံးသွားတဲ့ လူငယ်တစ်ယောက် အကျဉ်းထောင်ကိုရောက်လာတဲ့အခါမှာ ဘာတွေဆက်ဖြစ်မလဲဆိုတာကို ဒီဇာတ်လမ်းလေးမှာ ဆက်လက်ကြည့်ရှုပေးကြပါဦး… ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Char Ou ဖြစ်ပါတယ် File Size : 1.89GB / 782MB Quality : WEB-DL 1080p / 720p Genres : Crime, Drama Duration : 2 hr. 12 min. Subtitle : Myanmar Subtitle (Hard Sub) Translated by Char Ou Encoded by Heather Oo

Drama • History
6.2 2024 132 mins
In Youth We Trust
Zero Effect
6.9

Zero Effect (1998) IMDb Rating (6.9) / Rotten Tomatoes (66%) ဒီဇာတ်ကားကတော့ အခုဆိုရင် ဝါရင့်ဒါရိုက်တာတစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ Bill Pullman နဲ့ ဝါရင့်ဟာသမင်းသားဖကြီးဖြစ်တဲ့ Ben Stiller တို့က ဇာတ်ဆောင်မင်းသားတွေအနေနဲ့ ပါဝင်သရုပ်ဆောင်ထားတဲ့ Comedy, Crime, Drama genre ဝင် ဇာတ်ကားတစ်ကားတဲ့အတွက် boomers တို့ ဒါမှမဟုတ် ၂၁ ရာစုအစက ဒရာမာတွေကို သဘောကျတဲ့သူတွေအတွက်တော့ ဂွတ်ရှယ်လို့ပြောရမှာပါ။ ဇာတ်လမ်းအကျဉ်း ဒါးရ်လ်ဇီးရိုးလို့အမည်ရတဲ့ ပုဂ္ဂိုလ်က သူ့လောကမှာဆိုရင် ထိပ်တန်းအလွတ်တမ်းစုံထောက်တစ်ယောက်အနေနဲ့ နာမည်ကြီးတဲ့သူပါ။ သူက ဘယ်တော့မှ သူ့ရဲ့သရုပ်မှန်အမည်မှန်ကိုမပြဘဲ သူ့ရဲ့လက်ထောက်ဖြစ်တဲ့ အာလိုကနေပဲတစ်ဆင့် အမှုသည်တွေနဲ့ ဆက်သွယ်စကားပြောပြီး သူတို့ပြဿနာတွေကို အမြန်ဆုံးနဲ့ အသေသပ်ဆုံးဖြေရှင်းပေးနိုင်တဲ့အတွက် နာမည်ကြီးနေတဲ့သူပါ။ ဒါပေမဲ့ ဖြစ်ချင်တော့ ဒါးရ်လ်က သူ့အလုပ်မှာအရမ်းတော်ပေမယ့် social စကေးကလည်းမကောင်း၊ အားတဲ့အချိန်မှာ ရေးတဲ့သီချင်းကလည်း အရမ်းငြီးငွေ့ပြီးဆိုးရွားလွန်းတဲ့အတွက် သူ့လက်ထောက် အာလိုတစ်ယောက် တစ်ခါတစ်လေကျ စိတ်ပျက်နေရသူပါ။ ဒါပေမဲ့ ဒီဇာတ်လမ်းထဲမှာတော့ လူချမ်းသာတစ်ယောက်ကို အမည်မသိပုဂ္ဂိုလ်တစ်ယောက်က ခြိမ်းခြောက်လာပါတယ်။ ဇီးရိုးဟာ ဂရေဂိုရီစတာ့ခ်လို့ခေါ်တဲ့ လူချမ်းသာတစ်ယောက် သူ့ရဲ့လုံခြုံရေးသေတ္တာသော့ပျောက်သွားတဲ့အပြင်မှာ တစ်ချိန်က စတာ့ခ်ရဲ့ ရန်ဘက်တော်ဖြစ်ခဲ့တဲ့ ရာဇဝတ်သားတစ်ယောက်က သူ့ကိုခြိမ်းခြောက်အကြပ်ကိုင်လာတာကို ဖြေရှင်းပေးဖို့ဖြစ်လာပါတယ်။ ဇီးရိုးတစ်ယောက် စတာ့ခ်ရဲ့အမှုကိုဖြေရှင်းပေးတဲ့တစ်လျှောက် ဘယ်လိုအတွေ့အကြုံ အလှည့်အပြောင်းမျိုးစုံနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာကို ဒီဇာတ်ကားထဲမှာ ရသမျိုးစုံနဲ့ ခံစားရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။) File size… (2.6 GB) / (1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Comedy, Crime, Drama, Mystery, Romance, Thriller Duration…. 01:57:03 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Mark

6.9 1998 116 mins
Zero Effect
Misericordia

Misericordia (2024) ဟာ ပြင်သစ်-စပိန်-ပေါ်တူဂီ ပူးပေါင်းထုတ်လုပ်ထားတဲ့ ရာဇဝတ်မှုဒရာမာ ရုပ်ရှင်တစ်ခုပါ။ Alain Guiraudie ရဲ့ လက်ရာဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်မှု၊ တပ်မက်မှုနဲ့ ဒဿနိကအတွေးအခေါ်တွေနဲ့ ပြည့်နှက်နေပါတယ်။ ဇာတ်လမ်းကတော့ Jérémie ဆိုတဲ့ လူငယ်တစ်ယောက် (Félix Kysyl) က သူ့ဆရာဟောင်းရဲ့ ဈာပနအတွက် Saint-Martial ဆိုတဲ့ မွေးရပ်ရွာကို ပြန်လာရာက စတင်ပါတယ်။ ဈာပနပြီးနောက် ဆရာရဲ့မုဆိုးမ Martine (Catherine Frot) နဲ့ ရက်အနည်းငယ်နေရင်း လူပျောက်မှု၊ ထူးဆန်းတဲ့ အိမ်နီးချင်းနဲ့ ရည်ရွယ်ချက်မသဲကွဲတဲ့ ဘုန်းကြီးတစ်ပါး (Jacques Develay) တို့နဲ့ ရင်ဆိုင်ရပါတယ်။ ဇာတ်လမ်းဟာ တဖြည်းဖြည်း တင်းမာမှုတွေ တိုးလာပြီး လူ့သဘာဝ၊ အပြစ်ရှိစိတ်နဲ့ ခွင့်လွှတ်မှုအကြောင်း တင်ဆက်ထားပါတယ်။ ဒီရုပ်ရှင်ဟာ 2024 Cannes Film Festival မှာ ပြသခဲ့ပြီး Queer Palm အတွက် အမည်စာရင်းတင်သွင်းခံရသလို 2024 Louis Delluc Prize နဲ့ César Awards မှာ ဆုအမည်စာရင်း ၈ ခုရခဲ့ပါတယ်။ Cahiers du cinéma က 2024 ရဲ့ အကောင်းဆုံးရုပ်ရှင်အဖြစ် ရွေးချယ်ခဲ့ပြီး Valladolid Film Festival မှာ Golden Spike နဲ့ Miguel Delibes ဆုတွေ ရရှိခဲ့ပါတယ်။ Guiraudie ရဲ့ ထူးခြားတဲ့ ရိုက်ကူးမှုပုံစံ၊ ပြင်သစ်ကျေးလက်ရှုခင်းတွေနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေက Misericordia ကို ထူးခြားတဲ့ ရုပ်ရှင်အတွေ့အကြုံဖြစ်စေပါတယ်။ သမားရိုးကျမဟုတ်တဲ့၊ တွေးစရာပေးတဲ့ ရုပ်ရှင်ကို ရှာနေတယ်ဆိုရင် ရွေးချယ်ကြည့်ရှုသင့်တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ File size…(1.2 GB)/(761 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Thriller, Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Peter Tulot

Drama • Romance • Comedy
0 2024
Misericordia
Surabhila Sundara Swapnam

Surabhila Sundara Swapnam 2025 (အိပ်မက်လှလှလေးတစ်ခု) လူတွေက အမြဲတမ်း တစ်ယောက်ကိုတစ်ယောက် တူညီတဲ့ပုံစံတစ်ခုတည်းနဲ့ပဲ သတ်မှတ်ဖို့ ကြိုးစားနေကြတဲ့ ကမ္ဘာကြီးထဲမှာ ကိုယ်ပိုင်ရပ်တည်မှုနဲ့ အဓိပ္ပာယ်ရှိတဲ့ ဘဝတစ်ခုကို တည်ဆောက်ဖို့ ဘယ်လောက်အထိ ခက်ခဲလဲဆိုတာကို လက်တွေ့မြင်သာလာအောင် ဖန်တီးပေးထားတဲ့ ဇာတ်ကားလို့တင်စားရင်လည်း မှားမယ်မထင်ပါဘူး ငွေရေးကြေးရေးနဲ့ပတ်သက်လာရင် စုံလုံးကန်းတတ်ကြတာလည်း လူသဘောသဘာဝတွေပဲမလား ဖခင်ဖြစ်သူ ကျောက်ကပ်ဆေးရတော့ အမွေရထားတဲ့မြေကိုရောင်းချ၊ ကုသပေးခဲ့ပြီး ညီရဲ့အိမ်ပေါ်တက်နေခဲ့ရပါတယ် ဒါကို ညီရဲ့မိသားစုက အမြင်မကြည်ခဲ့ဘူး အစ်ကိုကြီးဖြစ်လင့်ကစား အိမ်ပေါ်ကဆင်းဖို့ကိုပဲ အမြဲတစေ ဖိအားတွေပေးပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆက်ဆံနေခဲ့ပါတယ် ဒီလိုနဲ့နောက်ဆုံး ၃လအတွင်း အိမ်ပေါ်ကဆင်းပေးဖို့ ရာဇသံထွက်လာခဲ့ရာမှာတော့ အိမ်ပြောင်းဖို့ မြေကွက်ရှာဖို့ အသည်းအသန်ကြိုးစားရပါတော့တယ် လက်ထဲမှာရှိတဲ့ငွေနဲ့ မြေဈေးတွေက ခေါင်ခိုက်နေတော့ ဒီလိုအခက်အခဲတွေကြားကနေ သူ့ဘဝ ဘယ်လိုတွေပြောင်းလဲသွားမလဲ ဘယ်လိုလူတွေနဲ့ ထပ်မံတွေ့ဆုံဦးမယ်ဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )

0 2025 120 mins
Surabhila Sundara Swapnam