YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Woochi - The Demon Slayer (Jeon Woo-Chi - The Taoist Wizard ) [2009] (MM Sub).mp4

944.86 MB N/A video/mp4 523 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
World War Z
6.8

World War Z  ဟာ 2013 June လ မှာ ရုံ တင်ခဲ့တဲ့ Horror ရုပ်ရှင်ကားတစ်ကား ဖြစ်ပြီးတော့ Resident Evil တို့လို ကူးစက်တတ်တဲ့ရောဂါပိုးမွှားတွေကြောင့် ဖုတ်ကောင်တွေဖြစ်ပြီး ကမ္ဘာကြီးပျက်မယ့်အရေးကို ရိုက်ကူးထားတာဖြစ်ပါတယ်... ၂၀၁၉ မှာတော့ ကမ္ဘာပေါ်မှာ ကူးစက်မြန်တဲ့ COVID-19 ရောဂါ တကယ်ပဲ ဖြစ်ပွားခဲ့ပြီး ကံကောင်းလို့ တစ်ကမ္ဘာလုံး ဖုတ်ကောင်မဖြစ်သွားတာပါ။ ဒါတောင် သေတဲ့နှုန်းတော်တော်မြင့်တက်ခဲ့ပြီး ကူးစက်မြန်ရောဂါပိုးတွေရဲ့ ကမ္ဘာဖျက်စီးနိုင်စွမ်းကို မျက်ဝါးထင်ထင်မြင်ခဲ့ကြရပါတယ်။ မင်းသားကြီး ဘရတ်ပစ် Brad Pitt အဓိကသရုပ်ဆောင်ထားပြီး ဒီရုပ်ရှင်က စာရေးဆရာ Max Brooks ရဲ့ World War Z ဝတ္ထုကိုပုံဖော်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းကတော့.... မြောက်ကိုရီးယားကနေ ပိုးတစ်မျိုး ပြန့်ပွားလာတာ ဖြစ်ပြီး စက္ကန့်ပိုင်း မိနစ်ပိုင်း အတွင်းမှာ အယောက်ပေါင်း ထောင်ချီ သိန်းချီ ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပွား လာပါတယ်.. ရောဂါဟာ စက္ကန့်ပိုင်း အတွင်း ဖြစ်သလို ရောဂါ ပြန့်ပွားမှု နှုန်းကလည်း မြန်လွန်းတဲ့ အတွက် ကမ္ဘာပေါ်က နိုင်ငံ တစ်နိုင်ငံပြီး တစ်နိုင်ငံ မျိုးတုံး သွားနိုင်မဲ့ အခြေ အနေ ရှိနေပါတယ်.. ခနတွင်းမှာ အခြေအနေတွေက အရမ်းဆိုးရွားသွားခဲ့ပြီး ရောဂါဇစ်မြစ်အမျိုးအစားကို ဖော်ထုတ်ဖို့နဲ့ ကာကွယ်ဆေးထုတ်နိုင်ဖို့ ဘရတ်ပစ်တို့တသိုက် ဘယ်လိုကြိုးစားကြမလဲဆိုတာ...။ အားရစရာကတော့ ဇာတ်လမ်းရဲ့အဆုံးမှာ "စစ်ပွဲကအစပဲရှိပါသေးတယ်တဲ့" ....World War Z အဆက်တွေ ဆက်ထွက်လာဖို့ရှိပါတယ်။ File size…(5.4 GB)/(1.7 GB)/ (1 GB) Quality….BluRay 4K HEVC/1080p HEVC/720p Format…mkv/mp4 Duration….01:56:00 Subtitle….Myanmar Subtitle(Hardsub) Encoder….Ka Naung

6.8 2013 116 mins
World War Z
Witch Hunt
4.5

စုန်းမတွေ တကယ်ရှိပြီး စုန်းအတတ်တွေကို တရားဥပဒေအရ တားမြစ်ထားတဲ့ မော်ဒန်အမေရိကခေတ်မှာ စုန်းမလေး ၂ ယောက်ကို ဝှက်ထားပေးတဲ့မိသားစု တစ်စုအကြောင်း ရိုက်ပြထားတာပါ။ ကလယ်ရာ့မှာ အမေဖြစ်သူ မာသာရယ်၊ အမြွှာမောင်လေး ၂ ယောက် ရယ် ရှိပါတယ်။ ကလယ်ရာတို့အိမ်က အမေရိကန် နယ်စပ်ကိုဖြတ်ပြီး မက္ကဆီကိုဘက်ကို သွားမယ့် စုန်းတွေကို တစ်ညတာ တည်းခိုခွင့်ပေးတဲ့ အိမ်ပါ။ တစ်ရက်တော့ သူတို့အိမ်ကို စုန်း ညီအစ်မနှစ်ယောက် ရောက် လာပါတယ်။ ဖြစ်ချင်တော့ စုန်းတွေကို မက္ကဆီကိုဘက် ပို့ပေးတဲ့သူကို စုံထောက်က ဖမ်းမိသွားပြီး စုန်းညီအစ်မနှစ်ယောက် ကလယ်ရာတို့အိမ်မှာ သောင်တင်ဖို့ ဖြစ်လာပါတော့တယ်။ စုန်းအတတ်ကို ရာဇဝတ်မှုလို ရှုမြင်ကြတဲ့အသိုင်းအဝိုင်းကြားထဲမှာ အဲဒီညီအစ်မကို ကလယ်ရာတို့ သေချာဝှက်ထားနိုင်ပါ့မလား။ ကလယ်ရာတို့ မိသားစုကရော စုန်းတွေနဲ့ ဘယ်လို ဆက်စပ်နေတာလဲ ဆိုတာကို ဒီကား လေးထဲမှာဆက်လက်ကြည့်ရှုပေးကြပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Roman Nox ဖြစ်ပါတယ်) File Size..........(1.03 GB) / (438 MB) / (246 MB) Quality............WEB-RIP 1080p / 720p / 480p Duration.........1Hr 38mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Fantasy, Horror, Thriller Translator.......Roman Nox Encoder...........SWM

Crime • Drama • Mystery
4.5 2022 9 mins
Witch Hunt
The Omen
7.4

~ IMDb - 7.5/10, RT - 86%, Meta - 62% ~ တစ်ချို့ရုပ်ရှင်တွေက ကျိန်စာသင့်နေတတ်ကြတာ အားလုံးပဲ ကြားဖူးကြပါလိမ့်မယ်။ The Omen ဟာ အဲဒီကျိန်စာသင့်ရုပ်ရှင်တွေထဲမှာမှ အဆိုးဆုံးကျိန်စာသင့်နေတဲ့ ရုပ်ရှင်အဖြစ် သတ်မှတ်ခံထားရတဲ့ ရုပ်ရှင်ပါ။ အိုမန်ရိုက်ကွင်းမှာ သေတာတွေရော ဒဏ်ရာရတာတွေရော မိုးကြိုးပစ်တာတွေပါ အစုံဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ကိုလုပ်တဲ့သူက အဖွဲ့သားတွေကို ဒီရုပ်ရှင်ရိုက်တာကို စေတန်ကြိုက်မှာမဟုတ်ဘူးလို့တောင် ပြောခဲ့ဖူးပါတယ်။ ဒီရုပ်ရှင်ဟာ ရုပ်ရှင်သမိုင်းမှာ စေတန်ကို စိတ်ဆိုးအောင်လုပ်ခဲ့တဲ့ ရုပ်ရှင်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ သူရိုက်ထားတဲ့အကြောင်းအရာကလည်း ခရစ်တော်ရဲ့ ဆန့်ကျင်ဘက် Antichrist ဖြစ်တဲ့ ယေဝါဖန်ဆင်းတဲ့ နိုင်ငံတော်ကို အရင်းကဖြိုဖို့ စေတန်က လူ့အသွင်နဲ့ လူ့လောကထဲ အကြံကြီးကြံဖို့ လွှတ်ထားတဲ့ ဒေမီယံဆိုတဲ့ စေတန်ရဲ့သားတော် လူ့လောကထဲရောက်လာတဲ့အကြောင်းပါ။ ဒေမီယံဟာ လူ့လောကထဲကကို သွန်းဆိုတဲ့ လူကုံထံတစ်ယောက်ရဲ့သားကို သတ်ပြီး သူ့နေရာအစားဝင်ပြီး သွန်းရဲ့ စည်းစိမ်တွေကို အသုံးချပြီး ဒီလောကကြီးကို စေတန်လိုချင်တဲ့ ပုံစံအတိုင်းဖန်ဆင်းပစ်ဖို့ ရောက်လာခဲ့တာပါ။ ဒီရုပ်ရှင်ဟာ ဒေမီယံရဲ့ နိဒါန်းကိုရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ အိုမန်ဟာ Horror ကားပေမဲ့ ထူးထူးခြားခြား စီနီမာတိုဂရပ်ဖီရော အသံပိုင်းရော အတော်လေးလက်ရာမြောက်ပြီး Best Music Oscar ဆုကိုပါ ရခဲ့ပါတယ်။ ဒီလိုရတယ်ဆိုပေမဲ့ ကြုံနေကျ သရဲကားတွေလို အသံကို ဇွတ်ဆက်တွေ သုံးထားတာမဟုတ်ဘဲ လိုအပ်တဲ့နေရာမှာပဲသုံးပြီး အဲဒီလိုသုံးတဲ့အခါမှာလည်း ကြက်သီးထစရာကောင်းအောင် သုံးခဲ့တာပါ။ ရုပ်ရှင်ရဲ့ Theme Song ဖြစ်တဲ့ Jerry Goldsmith ရေးစပ်ထားတဲ့ "Ave Satani" ဟာလည်း အတော်အောင်မြင်ခဲ့ပါတယ်။ အိုမန်ကို လန်ဒန်မှာအဓိကရိုက်ခဲ့ပြီး ရောမ အီတလီ ဂျေရုဆလင်နဲ့ အစ္စရေးတို့မှာပါ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ To Kill A Mockingbird, Roman Holiday, Cape Fear တို့နဲ့ နာမည်ကျော်ခဲ့တဲ့ ဂန္ထဝင်မင်းသားကြီး Gregory Peck ဟာ ဒီကားကို ပိုပြီးထူးခြားစေတဲ့ အကြောင်းအရင်းတစ်ခုဖြစ်ခဲ့သလို သူ့ရဲ့ မိန်းမနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Lee Remick ဟာလည်း ကောင်းကောင်းကြီး ပံ့ပိုးပေးနိုင်ခဲ့တယ်။ ဒါပေမဲ့ သူတို့ကာရိုက်တာတွေဟာ ဒေမီယံရဲ့နေရာလောက် မခက်ခဲခဲ့ဘူး။ ဒီကားရဲ့ ဇာတ်သိမ်းပိုင်းမှာ Harvey Spencer Stephens ရဲ့ Damien သရုပ်ဆောင်ပုံဟာ ဒီလိုကျောချမ်းစရာကောင်းလွန်းတဲ့ကားရဲ့ အံ့မခန်း နိဂုံးဖြစ်သလို ရုပ်ရှင်သမိုင်းရဲ့ အကောင်းဆုံး Ending တစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ အိုမန်ဟာ Jumpscare တွေကို အလွန်အကျွံမသုံးဘဲ အတိုင်းအတာတစ်ခုလောက်အထိသာ သုံးထားပေမဲ့ သူ့ဇာတ်ဝင်ခန်းတွေက တစ်ခန်းဆိုတစ်ခန်းဆိုသလို ရင်ထိတ်စရာကောင်းတဲ့အပြင်ကို ပဟေဠိတွေချန်ခဲ့နိုင်တဲ့ အတော်ကောင်းတဲ့ Storytelling နဲ့ ချပြထားတာပါ။ အိုမန်ရုပ်ရှင်ရဲ့ ဇာတ်ဝင်ခန်းတွေထဲ တစ်ခန်းဟာလည်း ကြောက်စရာအကောင်းဆုံး ရုပ်ရှင်အခန်းတစ်ရာမှာ နံပါတ် ၁၆ ချိတ်ခဲ့ပါတယ်။ Horror ကားလည်းဖြစ် Horror အငွေ့အသက်စစ်စစ်ကိုလည်းရနေရင်းမှ ဒီလောက်ကောင်းတဲ့ကားဆိုတာ အတော်ရှားပါလိမ့်မယ်။ (ဒီဇာတ်ကားအညွှန်းကို ရေးပေးထားသူကတော့ WiRa Aung ဖြစ်ပြီး ပြန်ဆိုပေးထားသူကတော့ 666 ဖြစ်ပါတယ်) Size - 2.33GB, 1.2GB, 650MB Quality - 1080p, 720p, 480p IMDb Rating - 7.5/10 Format - mp4 Duration - 1H 51Min Genre - Horror, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by 666 Encoded by Y

Drama • Science Fiction
7.4 1976 111 mins
The Omen
Shogun's Ninja
5.9

ဟိဒဲရောရှိ အရှင်က မိုမိုချိမျိုးနွယ်ရဲ့ အီဂါကိုသိမ်းချင်ပေမဲ့ မိုမိုချိအရှင်က ထက်မြက်တာကြောင့် သိမ်းလို့မရနိုင်ဘဲ မချိတင်ကဲဖြစ်နေရပါတယ်။ ဒါကြောင့် ဟိဒဲရောရှိရဲ့လက်ဝေခံ ရှိုးဂန်း ရှိရနုအိက အီဂါရဲ့ မဟာမိတ်ဟန်ဆောင်ပြီး ကူညီသယောင်နဲ့ သူလျှိုလုပ် သစ္စာဖောက်ခဲ့ပါတယ်။ ဒါကြောင့် မိုမိုချိမျိုးနွယ်တွေလည်း အလစ်ဝင်တိုက်ခံရပြီး စစ်ရှုံးခဲ့ရပါတယ်။ ဒီလိုနဲ့ မိုမိုချိတို့ရဲ့ နန်းပြိုပြီး အီဂါပြည်သူတွေကိုလည်း တစ်ယောက်မကျန် လူမျိုးတုန်းသတ်ဖြတ်တာမို့ လွတ်အောင်ထွက်ပြေးကြရပါတယ်။ မိုမိုချိအရှင်ရဲ့ သားတော်ဖြစ်သူ တကမာရုလေးကို သူတို့ကိုစောင့်ရှောက်တဲ့ အဘကြီးက ခေါ်ပြီး ဘေးလွတ်ရာကိုထွက်ပြေးကြရပါတယ်။ ဒီလိုနဲ့ ဆယ်စုနှစ်တစ်ခုအကြာမှာတော့ ဟိဒဲရောရှိတွေကို ကလဲ့စား‌ချေဖို့အတွက် တကမာရုက ဂျပန်ပြည်ကိုပြန်လည်ရောက်ရှိလာပါတယ်။ ရှင်ကျန်ရစ်ခဲ့တဲ့ မိုမိုချိမျိုးနွယ်တွေနဲ့ ရှိုးဂန်း ရှိရနုအိတို့ အုပ်ချုပ်သူတွေကြားက ကလဲ့စားနဲ့ ယှဉ်ပြိုင်မှုတွေကို ကြည့်ရှုရမယ့်ရှိုးဂန်း နင်ဂျာတို့အကြောင်းရိုက်ကူးထားတဲ့ ဇာတ်ကားပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Ingyin San မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.2GB, 1.1GB, 568MB Quality - 1080p, 720p, 480p IMDb Rating - 6.1/10 Format - mp4 Duration - 1H 57Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by Ingyin San Encoded by Y

Thriller
5.9 1980 117 mins
Shogun's Ninja
One for the Road
10

" ငါ့ဘ၀မှာ မိန်းကလေးဘယ်နှယောက်ကို ငါထပ်ချစ်မိဦးမလဲ မသိဘူး။ ငါ့ဘ၀ရဲ့နောက်ဆုံး စက္ကန့်မရောက်ခင်အထိ ငါ့အချစ်ဆုံးမိန်းကလေးက ဘယ်သူလဲ ငါသိဦးမှာမဟုတ်ဘူး"တဲ့။ ဒီလိုနဲ့ အချစ်တွေကို ငါအရက်နာမည် ပေးပစ်မိတယ်။ ပန်းနီရောင်ကောင်မလေးရဲ့ဆံစတွေလို အနီရောင်ကော့တေးထဲ ငါ့သက္ကရာဇ်တွေ ၅ ၄ ၃ ၂ ၁။ သက္ကရာဇ်တွေဟာ အသေပါ လို့ ဘယ်သူညာလဲ။ ဒုတိယမိန်းကလေးရဲ့ မျက်ရည်အဖြူတွေလို ကော့တေးဟာ အမှားတွေရဲ့အရသာပေါ့။ မြူတွေပဲ။ ငါဖြတ်သန်းသွားတုန်းက မမြင်ခဲ့မိဘူး။ ခုနေခပ်လှမ်းလှမ်းကျမှ ငါ့အမှားမြူထုကြီး အုံ့လို့ဆိုင်းလို့ ထီးတည်း။ မိုးရွာပြီးတဲ့နောက် တတိယကော့တေး။ အချစ်ဦးကော့တေးဟာ မထွက်ခွာခင် နောက်ဆုံးတစ်ခွက် (One For The Road)လို ခရီးတွေအဝေးကြီးရောက်ပြီးလည်း တသသကျန်ခဲ့တဲ့အရာပေါ့။ "လောကဓံဦးတုန်းက အလွန်အကျူးသောက်ခဲ့တဲ့ အရက်တစ်ခွက် အခုကျတော့မှ စံပယ်ရွက်ပေါ်မှာ မူးလဲ အသည်းကွဲတယ်ဆိုတာ သီချင်းလေးတွေ တိုးတိုးညည်းရင်းက ထိရှခဲ့တဲ့ သွေးမဲ့ဒဏ်ရာတစ်ချက်" ငါတို့အတူတည်ဆောက်ဖူးကြတဲ့ စိတ္တဇအဆောက်အဦးလေးရဲ့ပညတ်က "One For The Road"။ မင်းတိုက်ခဲ့တဲ့ နောက်ဆုံးကော့တေးတစ်ခွက်က " One For The Road" ။ နေပြက္ခဒိန်အဆက်ဆက်မှာ ပလေတိုပြန်မရောက်ခဲ့တဲ့ တောထဲက ပန်းကလေးကို ငါပေးထားတဲ့နာမည်က " One For The Road"။ နိဗ္ဗာန်ဘုံ မျက်ရည်စက်၊ New York Sourတစ်ခွက်၊ အဲဒီလမ်းကျဉ်းကလေးက ငါ့ကိုကျောခိုင်းသွားချိန်က ကော့တေးတစ်ခွက်ဟာ အဲဒီလမ်းကျဉ်းကလေးကို ငါ‌ပြန်ရောက်မယ့်အချိန်မှာ သောက်မယ့် ကော့တေးတစ်ခွက်ပေါ့။ သစ်ရွက်လိုကြွေဖူးတဲ့ တို့ရဲ့နေ့အဆက်ဆက်ရဲ့ " One For The Road". ဝေါင်ကာဝေးပရိုဂျူဆာလုပ်ထားပြီး ဝေါင်ကာဝေးကားတွေဖြန့်ခဲ့တဲ့ Jet Tone Filmsကပဲ‌ ထုတ်ဝေပေးထားပါတယ်။ ဒါရိုက်တာကတော့ သူ့နှစ်က highest-grossingရုပ်ရှင်ဖြစ်ခဲ့တဲ့ Bad Genius ဒါရိုက်တာ Nattawut Poonpiriya ရိုက်ထားတာပါ။ သရုပ်ဆောင်တွေကတော့ ထိုင်းကားပရိသတ်တွေမစိမ်းတဲ့ Thanapob Leeratanakajorn နဲ့ Bad Genius မင်းသမီးတို့လို နာမည်ကြီးတွေပါပဲ။ 2021 Sundanceပွဲမှာ ပွဲဦးထွက်ပြသခဲ့ပြီး World Cinematic Dramatic Special Jury Award ကို ရရှိထားပါတယ်။ ဝေါင်ကာဝေး ပရိုဂျူဆာလုပ်ထားတယ်ဆိုပေမဲ့ The Mediumမှာ Na Hong Jinအငွေ့ အပြည့်လွှမ်းနေသလိုတော့ဖြစ်မနေပါဘူး။ ဝေါင်ကာဝေး အငွေ့သိပ်မပါဘဲ ဇာတ်ကောင်တွေကတော့ ပမာဏတစ်ခုအထိ ဝေါင်ကာဝေးဆန်ပါတယ်။ Chungking Expressနဲ့ ဘာမှမတူပေမဲ့ Chungking Expressကို သဘောကျရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ဘာလို့လဲတော့ ကြည့်ပြီးရင်သိမှာပါ။ ထိုင်းရုပ်ရှင်တွေကို တခြားအာရှရှင်ရှင်ဂုရုကြီးတွေက Support တော်တော်လုပ်လာတယ် ပဲ ပြောရမှာပါပဲ။ မနှစ်ကတော့ ကိုရီးယားက Horror ဆရာကြီး Na Hong Jin က The Mediumကို ထုတ်ပေးခဲ့ပြီး ဒီနှစ်တော့ ဟောင်ကောင် ရိုမန့်ဆရာကြီး ဝေါင်ကာဝေးက ဒီရုပ်ရှင်ကို ထုတ်ပေးခဲ့ပါတယ်။ ထိုင်းရုပ်ရှင်တွေအတွက် အရွေ့ကောင်းလို့ပဲ ဆိုရမယ်ထင်ပါတယ်။ ဒီကားတွေ အောင်မြင်ခဲ့ကြတော့ ပိုကောင်းတဲ့ရုပ်ရှင်တွေကိုလည်း ထုတ်လာဖို့ရှိလောက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့ WiRa Aung ပဲ ဖြစ်ပါတယ်။ Genre.....Drama Quality….WEB-DL 1080p and 720p and 480p File size…1.8GB and 900MB and 300MB Format…mp4 Duration…. 2h 8min Subtitle….Myanmar Subtitle (Hardsub) Translator ..... WiRa Aung Encoder ..... August

Drama • Thriller
10 2021 15 mins
One for the Road
Mrs. Harris Goes to Paris
7.2

ပြင်သစ်လို့ပြောလိုက်တာနဲ့ ဖက်ရှင်ဒီဇိုင်းတွေရဲ့ ဘုရင်ကြီးလို့ တင်စားရလောက်အောင်ကို ဖက်ရှင်တွေ အစုံအလင်ရှိတဲ့ မြို့ကြီးတစ်မြို့ဆိုတာ လူတိုင်းသိမှာပါ ဒီရုပ်ရှင်ကားလေးထဲ မှာတော့ လန်ဒန်မှာရှိတဲ့ သန့်ရှင်းရေးသမား မုဆိုးမကြီး ဟားရစ် ဟာ ပြင်သစ်ရဲ့ နာမည်ကြီး ဒီရော တံဆိပ် ဝတ်စုံကိုမှ လိုချင်တပ်မက်လွန်းလို့ ပြင်သစ်အထိ သွားဝယ်တဲ့ အကြောင်းလေးကို ဇာတ်အိမ်တည်ပြီး ရိုက်ထားတာပါ ဒီရောတံဆိပ် ရဲ့ ဝတ်စုံတွေဟာ ဘယ်လောက်တောင် လွှမ်းမိုးမှုရှိလဲဆိုတာရယ် ကံဆိုးမှုတွေပြီးရင် ကံကောင်းတာတွေ လည်းရောက်လာနိုင်တယ်ဆိုတာရယ် လူတစ်ယောက်ဆိုတာ အပြင်ပန်းကြည့်ရုံနဲ့ မှတ်ချက်ပေးနိုင်လောက်အောင် လူ့ဘဝကြီးက မရိုးရှင်းဘူးဆိုတာရယ် အလုပ်သမားတွေရဲ့ အခွင့်အရေးကို တန်ဖိုးထားရမယ်ဆိုတာရယ်ကို ဇာတ်အိမ် ကောင်းကောင်လေးနဲ့ လှလှပပ လေးရိုက်ပြသွားတာပါ ဘဝအမောတွေပြေစေဖို့နဲ့ ပြုံးစိစိ လေးကြည့်နိုင်ဖို့အတွက် အမြန်းဆုံးသာ ဒေါင်းပြီးကြည့်လိုက်ပါတော့လို့ပဲ တိုက်တွန်း ချင်ပါတော့တယ် File size…(2.18GB)/(1014MB)/(481MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:55:00 Genre…Drama / Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield

Drama • Horror • Mystery • Thriller
7.2 2022
Mrs. Harris Goes to Paris
War Witch
7

Rt – 94% ~ IMDb – 7.0 အသက် ၁၂ နှစ်အရွယ်ကတည်းကနေပြီး သူပုန်အဖွဲ့ကနေပြန်ပေးဆွဲခံလိုက်ရတဲ့ ကိုမိုနာ ဟာ “ကျားကြီး” သူပုန်အဖွဲ့မှာတပ်သားသစ်အနေနဲ့ အစိုးရစစ်တပ်ကိုတိုက်ခိုက်ဖို့အတွက် လေ့ကျင့်ပေးခံခဲ့ရပါတယ်။ တစ်နေ့မှာ တောထဲကိုစစ်ဆင်ရေးသွားရင်းနဲ့ အစိုးရဘက်က သေသွားတဲ့သူတွေရဲ့ ဝိဉာဉ်တွေကိုမြင်ရတာမလို့ ကိုမိုနာကို သူပုန်ခေါင်းဆောင် “ကျားကြီး” က သူ့ရဲ့ စစ်ပွဲစုန်းမ (War Witch) အဖြစ်သတ်မှတ်ပြီး အလေးထားခဲ့ပါတယ်။ ဒီလိုနဲ့နေရင်းကနေ သူပုန်အဖွဲ့ထဲက မှော်ဆရာဆိုတဲ့ ကောင်လေးနဲ့အတူ သူငယ်ချင်းတွေဖြစ်သွားကြပြီး တစ်နေ့မှာ ကိုမိုနာ လုပ်တဲ့အရာတွေက တစ်ခုခုလွဲချော်သွားခဲ့ရင် ကျားကြီးက သတ်လိမ့်မယ်ဆိုပြီး မှော်ဆရာနဲ့ ကိုမိုနာတို့ နှစ်ယောက် ကျားကြီးသူပုန်အဖွဲ့ထဲကနေထွက်ပြေးခဲ့ကြပြီး လက်ထပ်လိုက်ကြကာ ဇာတ်မြုပ်နေခဲ့တယ်။ ဒီလိုနဲ့ ကိုမိုနာနဲ့ မှော်ဆရာတို့ နှစ်ယောက်သား သူပုန်တွေဆီကနေ လွတ်မြောက်ခဲ့ကြပေမဲ့ အမှန်တကယ်လွတ်မြောက်ပါ့မလား၊ စစ်ပွဲစုန်းမဆိုတဲ့ နာမည်အောက်ကရောရုန်းထွက်နိုင်ပြီး သာမာန်မိန်းကလေးတစ်ယောက်ဖြစ်လာနိုင်မလားဆိုတာကို ကြည့်ရှုလိုက်ကြပါဦးဗျ။ Oscar Nominee ဝင်ခဲ့တဲ့ရုပ်ရှင်တစ်ကားဖြစ်တဲ့အဖြစ် ရုပ်ရှင်ပွဲတော်တွေမှာလည်း ဆုပေါင်း ၃၅ ဆုအထိရရှိထားပါတယ်။ 14 နှစ်အရွယ် ကိုမိုနာက သူ့ရဲ့မွေးမလာသေးတဲ့ ကလေးကိုပြောပြနေတဲ့ပုံစံ ရိုက်ကူးထားပြီး အာဖရိကနိုင်ငံတွေရဲ့ ပြည်တွင်းစစ်အရှုပ်အထွေးနဲ့ ကလေးစစ်သားပြဿနာတွေကို ထည့်သွင်းရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကောင်းတစ်ကားပါဗျ။ File size…(2.0 GB)/(1.10 GB)/(649 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:31:00 Genre…Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ko Myo(kop)

Thriller • Crime
7 2012
War Witch
More than Blue
6.1

ဒီဇာတ်ကားလေးကြည့်မယ်ဆိုရင်အရင်ဆုံးမျက်ရည်ခိုင်စေချင်မိပါတယ် ရှယ်ငိုရမယ့်ကားပါ အရင်ဆုံးအကြမ်းမျဉ်းအနေနဲ့ပြောရမယ်ဆိုရင် ဒီဇာတ်ကားဟာ 2009 ခုနှစ်မှာ ထွက်ရှိပြီးအရမ်းအောင်မြင်ခဲ့တဲ့ ကိုရီးယား ရုပ်ရှင် More Than Blue ရဲ့ Remake ကားလေးဖြစ်ပြီး same title အနေနဲ့ပဲပြန်လည်ထွက်ရှိလာပါတယ် Chinese Box Office မှာ တလဝန်းကျင်ကို ထိပ်ဆုံးကရပ်တည်ခဲ့ပြီး 153 million ဝင်ငွေရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းလေးကိုနည်းနည်းပေးလိုက်ရအောင် အလွမ်းအဆွေးသီချင်းတွေ နားထောင်ဖူးကြလား… ဒီဇာတ်လမ်းထဲမှာလည်း အဆိုတော်တစ်ယောက်က နာမည်မရှိတဲ့ အလွမ်းသီချင်းဟောင်းတစ်ပုဒ်ကို နားထောင်ရင်း ကြိုက်သွားပြီး ဒီသီချင်းကိုဆိုဖို့ တေးရေးဆရာနောက်ကိုလိုက်ရင် သီချင်းလေးထက် ပိုစိတ်ဝင်စားဖို့ကောင်းတဲ့ လူနှစ်ယောက်ရဲ့ ဇာတ်လမ်းလေးကို သိလိုက်ရတယ်… အဲ့လူနှစ်ယောက်က K နဲ့ Cream တဲ့ ၁၆ နှစ်အရွယ်မှာ မိသားစုနဲ့ သေကွဲကွဲရပြီး အထီးကျန်ခဲ့ရတဲ့ လူနှစ်ယောက်ပေါ့…. သူတို့နှစ်ယောက်အတွက် ၁၆ နှစ်အရွယ်ကစပြီး တစ်ယောက်အတွက် တစ်ယောက်က ရပ်တည်ပေးခဲ့ကြတယ်… မိသားစုလို့ခေါင်းစဉ်တပ်ရင်း ရင်ဘတ်ထဲက အချစ်တွေကို ထုတ်မပြောခဲ့ကြတဲ့သူတို့နှစိယောက်ကြားမှာ ဘယ်လို လွမ်းမောဖွယ်ရာ ဇာတ်လမ်းလေးတွေရှိတယ်ဆိုတာ ဇာတ်ကားလေးကြည့်ရင်းသိလာမှာပါ…

Horror • Mystery
6.1 2018 106 mins
More than Blue
The Medallion

CM ပရိသတ်ကြီးအတွက် အချစ်တော်အက်ရှင်မင်းသားကြီး ဂျက်ကီချန်းရဲ့ 2003 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟာသအက်ရှင်ကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှေးခေတ် အရှေ့တိုင်းဒဏ္ဍာရီတွေအရ သေဆုံးသူတွေကို အသက်ပြန်သွင်းပေးနိုင်ပြီး သဘာဝလွန်အစွမ်းတွေပါ ပေးနိုင်တဲ့ လည်ဆွဲပြားတစ်ပြားရှိပါတယ်။ ဒါပေမဲ့ ဒီလည်ဆွဲပြားက နှစ်ခြမ်းရှိနေပြီး နှစ်ပေါင်းတစ်ထောင်ပြည့်တိုင်း ဒီလည်ဆွဲပြားကိုပေါင်းစည်းပေးနိုင်မဲ့ ကလေးငယ်တစ်ယောက်ကိုရွေးချယ်ပါတယ်။ အက်ဒီက‌တော့ ဟောင်ကောင်ရဲဌာနရဲ့ ရဲအုပ်စုံထောက်တစ်ယောက်ဖြစ်ပြီး အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့ အင်တာပိုနဲ့ ပူးပေါင်းစစ်ဆင်ရေးမှာ မြွေခေါင်းဆိုတဲ့ မှောင်ခိုသမားကို ဖမ်းဆီးဖို့ လုပ်နေကြတာပါ။ မြွေခေါင်းကလည်း သူတို့ထင်ထားသလို မှောင်ခိုပစ္စည်းနောက်လိုက်နေတာမဟုတ်ဘဲ လည်ဆွဲပြားနဲ့ ရွေးချယ်ခံကောင်လေးနောက်ကို လိုက်နေမှန်းသိလိုက်ရတဲ့အခါမှာတော့ အက်ဒီတစ်ယောက် လည်ဆွဲပြားကိုရော ကောင်လေးကိုပါ ဘယ်လိုကာကွယ်မလဲ၊ လည်ဆွဲပြားကရော ဒဏ္ဍာရီထဲကအတိုင်း တကယ်အစွမ်းရှိမလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ မင်းသားကြီးဂျက်ကီချန်းရဲ့ အက်ရှင်စွန့်စားခန်းအလန်းတွေနဲ့ ဟာသတွေကိုတဝကြီးကြည့်ရှုရမှာဖြစ်လို့ ပရိသတ်တွေအကြိုက်တွေ့မဲ့ ကားကောင်းတစ်ကားဖြစ်မှာအသေအချာပါပဲဗျ။ File size…(2.4 GB)/(1 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:28:00 Genre…Action, Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by TMMT

0 2003 88 mins
The Medallion
Cellphone

၀င်နီလို့ခေါ်တဲ့ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းကို လောလောလတ်လတ် ဆုံးရှုံးထားရတဲ့သူတစ်ယောက်ပါ။ ခင်ပွန်းဖြစ်သူ သေဆုံးမှုကြောင့် ၀င်နီဟာ PTSD လို့ခေါ်တဲ့ စိတ်ရောဂါတစ်ခုကို ခံစားနေရပါတယ်။ ၀င်နီဟာ အပြောင်းအလဲဖြစ်ဖို့အတွက် လူသူအရောက်အပေါက်နည်းတဲ့ ကျေးလက်က လည်ကွင်းအိမ်လေးတစ်ခုကို ခေတ္တပြောင်းရွှေ့လာပါတယ်။ ဒါပေမဲ့ ၀င်နီတစ်ယောက် အိမ်ကြီးထဲမှာ တစ်ယောက်တည်းနေတဲ့အခါ မျှော်လင့်ထားသလို ခံစားနေရတဲ့စိတ်ဝေဒနာတွေဟာ မလျော့နည်းလာပြီး ပိုလို့တောင်တိုးလာခဲ့တဲ့အပြင် တကယ်မရှိတဲ့ မြင်ကွင်းတွေကိုပါ မြင်လာခဲ့ရပါတယ်။ ဒီထက်ပိုဆိုးတာကတော့ သူမရဲ့ဖုန်းကို တကယ်မရှိတဲ့ ဖုန်းခေါ်ဆိုသူတွေက ခဏခဏခေါ်လာပြီး ၀မ်းနည်းစရာ ကြောက်စရာ စကားတွေ မြင်ကွင်းတွေကို ကြားရ မြင်ရအောင် လုပ်လာခဲ့ပါတယ်။ ၀င်နီအတွက် ကံကောင်းတာတစ်ခုကတော့ ၀င်နီနေထိုင်နေတဲ့ ခြံဘေးမှာ ဂိုထောင်လေးတစ်ခုရှိပြီး အဲဒီဂိုထောင်မှာ အလုပ်လုပ်တဲ့ ခရစ်လို့အမည်ရတဲ့အမျိုးသားဟာ ၀င်နီခံစားနေရတာတွေကို ရိပ်မိသွားတာပါ။ ဒီလိုနဲ့ ခရစ်တစ်ယောက် ၀င်နီကိုချဉ်းကပ်ပြီး အဖော်ပြုပေးဖို့ ၀င်နီတစ်ယောက် သူမခံစားနေတဲ့ စိတ်ဒဏ်ရာတွေကနေ ရုန်းထွက်နိုင်ပါ့မလား၊ သူတို့နှစ်ယောက် ဘယ်လိုမမျှော်လင့်ထားတဲ့အရာတွေကို ထပ်မံကြုံတွေ့ကြရဦးမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File size…(1.5 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre…Horror, Thriller, Mystrey, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven

0 2023
Cellphone
Mischievous Kiss the Movie Part 1: High School
5.7

Mischievous Kiss: Highschool (2016) IMDb – 5.7 My Drama List – 7.4 1990 ခုနှစ် June လကနေ 1999ခုနှစ် March လအထိ ကိုးနှစ်တာ Margaret မဂ္ဂဇင်းမှာ ထည့်သွင်းရေးသားတင်ဆက်ခဲ့တဲ့ Mangaစာရေးဆရာ Kaoru Tada ရဲ့ Mangaအပေါ်အခြေခံ ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ စာညံ့တဲ့အထက်တန်းကျောင်းသူတစ်ယောက်ဖြစ်တဲ့ အာအိဟာရာခိုတိုခိုက ကျောင်းရဲ့ထိပ်တန်းကျောင်းသား အီရိအဲနာအိုခိကို ပထမဆုံးတွေ့ခဲ့တဲ့အချိန်၊ ပထမနှစ်ကျောင်းဝင်ခွင့်အခမ်းအနားမှာပဲ စတင်ချစ်မိခဲ့ပါတယ်။ ဒီလိုနဲ့ သူ့အချစ်ကိုဖွင့်မပြောဘဲနေလာခဲ့တာ အခုဆို တတိယနှစ်တောင်ရောက်ခဲ့ပါပြီ။ တတိယနှစ်ပထမဆုံးနေ့မှာပဲ ခိုတိုခိုတစ်ယောက် သူ့အချစ်တွေကို ဝန်ခံဖို့အတွက်ဆုံးဖြတ်ပြီး အီရိအဲကိုစာပေးခဲ့ပါတယ်။ ဒါပေမဲ့ အီရိအဲကတော့ စာကိုယူတောင်မယူဘဲ စာညံ့တဲ့မိန်းကလေးတွေကို စိတ်မဝင်စားဘူးလို့ပြောပြီး တစ်ကျောင်းလုံး‌အရှေ့မှာ ငြင်းလိုက်ပါတော့တယ်။ တစ်ရက်မှာတော့ ခိုတိုခိုတို့က အိမ်အသစ်ကိုပြောင်းပြီး ပစ္စည်းတွေနေရာချတုန်းမှာပဲ ဆောက်လုပ်ရေးအဖွဲ့ရဲ့အမှားကြောင့် အိမ်ပြိုကျပြီး သတင်းမှာပါ ပါလာခဲ့တဲ့အတွက် ခိုတိုခိုတစ်ယောက် အရှက်ပေါ်အရှက်ဆင့်နေပါတယ်။ ခိုတိုခိုကိုကြိုက်နေတဲ့ ကင်းနိုဆကဲဆိုတဲ့ကောင်လေးက အီရိအဲကိုရန်သွားရှာတဲ့အခါမှာတော့ အီရိအဲက အလှူငွေထည့်ရင်ရပြီမလားလို့ပြောပြီး ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်ပါတော့တယ်။ ဒါကို ခိုတိုခိုက အီရိအဲကို သေတောင် နင့်အပေါ်မှာတော့ ကျေးဇူးကြွေးအတင်မခံနိုင်ဘူးလို့ပြောခဲ့ပါတယ်။ ဒီလိုနဲ့ ခိုတိုခိုရဲ့အဖေက သူ့ရဲ့ငယ်သူငယ်ချင်းတစ်ယောက်ရဲ့အိမ်မှာ သွားနေရမယ်လို့ပြောပြီး အဲဒီအိမ်ကိုရောက်သွားတဲ့အခါမှာတော့ အီရိအဲရဲ့အိမ်ဖြစ်နေပါတယ်။ ခိုတိုခိုတစ်ယောက် အီရိအဲနဲ့ တစ်အိမ်တည်း တစ်ကျောင်းတည်းနေရင်း အီရိအဲကိုမေ့ပစ်နိုင်ပါ့မလား၊ အီရိအဲဘက်က ဘယ်လိုတွေဆက်ဆံဦးမလဲ၊ အီရိအဲတို့အိမ်မှာရော ခိုတိုခိုတို့ အဆင်ပြေပါ့မလား စတာတွေကို ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ကြရအောင် File size… 1.7 GB / 820 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 43m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

5.7 2016
Mischievous Kiss the Movie Part 1: High School
We’re Going to Team Building
5

ဒီဇာတ်ကားလေးကတော့ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ရပြီး စိတ်အပန်းပြေစေမယ့်ကားလေးပါပဲ။ ဇာတ်လမ်းကိုပြောရရင်တော့ ဘယ်အလုပ်မှာမဆို ပုံမှန်အတိုင်းဆိုရင်တော့ အလုပ်ကိုလက်ကြောတင်းအောင်မလုပ်လို့ဆိုပြီး ရာထူးချခံရတာတွေ အလုပ်ထုတ်ခံရတာတွေဖြစ်တတ်ပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားထဲကမင်းသားကတော့ အလုပ်ကြိုးစားလွန်းလို့ဆိုပြီး သူနဲ့တွဲလုပ်ရတဲ့ အလုပ်ဖော်တွေကစိတ်ညစ်ပြီး သူဌေးကိုတိုင်တဲ့အတွက် သူဌေးက သူ့ကိုရာထူးချပြီး တစ်ယောက်တစ်မျိုးဂေါက်နေတဲ့ဝန်ထမ်းတွေရှိတဲ့ မြေအောက်ခန်းထဲက call centerထဲမှာ ခေါင်းဆောင်အဖြစ်တာဝန်ယူခိုင်းလိုက်ပါတယ်။ အဲဒီနောက် ထိုမြေအောက်ခန်းထဲမှာပဲ သူက တဖြည်းဖြည်းပျော်လာတဲ့အချိန်မှာ မနာလိုတဲ့ဝန်ထမ်းတစ်ယောက်က သူဌေးကိုထပ်သွားတိုင်တဲ့အခါ ထိုcall centerလေးပါ ပိတ်သိမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီမှာ သူလည်း ထိုcall centerလေးကိုမပိတ်သိမ်းအောင် သူ့ရဲ့ဂေါက်တောက်တောက်အလုပ်ဖော်တွေနဲ့ ဘယ်လိုတစ်လွဲတွေလုပ်ပြီး တားဆီးဖို့ကြိုးစားကြလဲဆိုတာ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးကြည့်ရှုကြရမှာပါ။ File size…(1.8 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre… Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mastero

5 2023
We’re Going to Team Building
Novoland

ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့ နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်က ထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီး သူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်က ခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာ နောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့ မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရော ဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။ နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာ သေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။ မဟုတ်မခံနဲ့ ဘာမဆိုဝင်‌ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက် သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ? နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ? တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ ။

0 2024
Novoland
Pedro Páramo
6.1

Pedro Páramo (2024) IMDb Rating (6.1) / Rotten Tomatoes (71%) ၁၉၅၅မှာ ထုတ်ခဲ့တဲ့ မက္ကဆီကန် Juan Rulfoရဲ့ ဝတ္တုPedro Páramoကိုပဲ ပြန်ရိုက်ထားတာပါ။ မက္ကဆီကန်ဒါရိုက်တာကပဲရိုက်ထားပြီး ဇာတ်လမ်းကိုက မက္ကဆီကန်အငွေ့အသက် တော်တော်လွှမ်းတဲ့ ဇာတ်လမ်းမျိုးပါပဲ။ အမျိုးအစားက magical realism dramaဖြစ်ပြီး တစ်ကားလုံးမှာ ကျွန်တော်တို့တွေ တစ္ဆေမြို့တွေ တစ္ဆေတွေ နားမလည်နိုင်စရာ အဖြစ်အပျက်တွေကို မြင်ရမှာပါပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကတော့ Rodrigo Prietoပါ။ နာမည်ကျော် စီနီမာတိုဂရပ်ဖာပါပဲ။ ဒီရုပ်ရှင်ကတော့ သူ့ရဲ့ပွဲဦးထွက်ရုပ်ရှင်ပါ။ မက္ကဆီကန်ဒါရိုက်တာတွေထဲ နာမည်အကျော်ဆုံးဖြစ်တဲ့ Alejandro ရဲ့ 21 Gramsတို့ Babelတို့ Amores perrosတို့မှာ စီနီမာတိုဂရပ်ဖာအနေနဲ့ ရိုက်ကူးခဲ့သလို အန်းလီရဲ့ Lust, Cautionနဲ့ Brokeback Mountainမှာလည်း ရိုက်ကူးခဲ့ဖူးတယ်။ The Wolf of Wall Street , The Irishman , Killers of the Flower Moon , Barbie တို့မှာလည်း စီနီမာတိုဂရပ်ဖာက သူပါပဲ။ ဒီနှစ်မှာတော့ တခြားကားတွေ စီနီမာတိုဂရပ်ဖာလုပ်တာ မရှိခဲ့ဘဲ သူ့ရဲ့ ဒီရုပ်ရှင်ကိုပဲ အားစိုက်ရိုက်ကူးခဲ့တယ်။ ဇာတ်ကတော့Alejandroရဲ့ Bardoအငွေ့အသက်မျိုးနည်းနည်းတော့သင်းပါတယ်။ ဘာမှတော့မဆိုင်ပါဘူး။ ဒါပေမဲ့ Bardoက ဒီဝတ္တုကနေပဲ စိတ်ကူးရတာ ဖြစ်ကောင်းဖြစ်နိုင်တယ်။ လူတစ်ယောက်ဟာ သူ့အမေမသေခင်မှာသွားတဲ့အတိုင်း ဝေးလံခေါင်သီတဲ့တစ်နေရာကို ရောက်လာပြီး ပက်ဒရိုပါရာမိုဆိုတဲ့ သူ့အဖေကိုလာရှာတာကနေ ဒီဇာတ်လမ်းကို စထားတယ်။ သူ့အမေပြောဖူးတဲ့ တစ်ချိန်က သာယာလှပတဲ့မြို့ကလေးဟာ သူရောက်တဲ့အချိန်မှာ မြို့ပျက်ပြီးဖြစ်နေခဲ့ပြီ။ တစ္ဆေမြို့လို မြို့တစ်မြို့ဖြစ်နေခဲ့ပြီ။ ဒီတစ္ဆေမြို့မှာ တစ္ဆေတွေရဲ့ စကားနားထောင်ရင်း သူ့အဖေအကြောင်း သူဘာတွေသိလာရမလဲ။ ဒီတစ်မြို့လုံးက တစ္ဆေတွေဟာ သူ့အဖေလက်ချက်နဲ့မကင်းဘဲ သေကြသူတွေဖြစ်နေတဲ့အခါ သူ့အဖေက ဘယ်လိုလူမျိုးဖြစ်ခဲ့လဲဆိုတာကို တစ္ဆေတွေနဲ့တွေ့ရင်းတစချင်းသိလာတာကို ကြည့်ရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(2.7 GB) / (1.1 GB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Fantasy, Horror, Mystery, Thriller Duration….02:13:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by W

6.1 2024
Pedro Páramo