YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Wonderland of Love E34 720p WEB-DL CM.mp4

368.24 MB N/A video/mp4 346 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Munafik 2
5.5

ဒီသရဲကားကို တစ်ယောက်ထဲကြည့်ရဲရင် တော့အကောင်ပဲ (သရဲမကြောက်တဲ့ကောင်) အခု Munafik 2 ဆိုတဲ့ကားလေးက မလေး သရဲကားပါ Munafik 1 ကတော့ 2016 ကရိုက်ခဲ့တာဖြစ်ပြီး ကျွန်တော်လဲမကြည့်ဖူး တော့မသိပါဘူး ဒီကားလေးကြည့်မှ မလေးလဲ တော်တော်လေးရုပ်ရှင်အဆင့်တန်း တိုးတက်လာပြီဆိုတာ သိလိုက်ရတယ် ဇာတ်လမ်း အကျဉ်းလေးကတော့ မလေးဆိုတဲ့အတိုင်း အစ္စလာမ်ဘာသာ ကိုးကွယ်သူတွေပေါ့ သိကြတဲ့အတိုင်းပဲ မွတ်ဆလင်မှာ စွန်နီနဲ့ ရှီရတ် ဆိုပြီးဘာသာ ရေး ဂိုဏ်းနှစ်ဂိုဏ်းကွဲနေပါတယ် တချို့ကြပြန်တော့ လဲ ဘာသာရေးခု တုံးလုပ်ပြီး လိမ်စားညာစားလုပ်တာတွေ ရှိပါတယ် ထိုအထဲမှာမှ အာဘူဂျာဆိုတဲ့ ဘိုးတော်ကအဆိုးဆုံးပါ သူ့ဂိုဏ်းထဲမ ဝင်တဲ့သူ သူ့အဆုံးမလမ်းစဉ်တွေမလိုက်နာ တဲ့သူဆို သူ့တပည့်တွေနဲ့ နှိပ်စက်ကလူ ပြုတဲ့အပြင် အောက်လမ်းအတိုက်နဲ့လဲ တိုက်တတ်ပါသေးတယ် ဒါကို သမာသမတ် ရှိတဲ့ တရားပြဆရာလေး အဒမ်နဲ့ ထိပ်တိုက် တွေ့ဖို့ အကြောင်းဖန်လာတဲ့တစ်နေ့ အကောင်းနဲ့အဆိုး အလင်းနဲ့အမှောင် ဘုရားနဲ့ မိစ္ဆာ ဘယ်လိုအားပြိုင်ထားလဲ ဆိုတာကြည့်ရမှာပါ ဘာသာရေးကားလဲဟုတ်သလို သရဲကားလဲ ဖြစ်နေပြန်ပါတယ် ဒါကတော့ စပွိုင်းသလိုဖြစ် သွားမှာစိုးလို့ကိုယ်တိုင်ပဲကြည့်ကြပါ ကျွန်တော်ဒီလအတွင်းမယ်ပြန်ခဲ့တဲ့ Asian သရဲကားတွေတော်တော်များများသူ့ဟာနဲ့သူ အတော်လေး ဒီဇိုင်းကာလာလန်းနေတယ် ဒါပေမယ့်ဒီကားလေးကကြောက်ဖို့အ ကောင်းဆုံးလို့ဆိုရမှာပါ ဒီကားထဲကသရဲတွေက လူတွေမကြောက် လောက်တဲ့အကွက်တွေကိုသိနေပြီ ပုံမှန်ခြောက်နေကြအကွက်နဲ့ခြောက်မှာ မဟုတ်တော့ပါဘူး အာ့ကြောင့်ကြည့်နေရင်း အာ ဒီအခန်းက အပေါ်ကကျလာမှာလေ အောက်ကရောက်လာမှာ ဘာညာမှန်းပြီး ကြည့်ရင်တော့ သေးပါထွက်ကျသွားပါလိမ့် မယ် အာ့ကြောင့်ကြည့်ရဲရင်အကောင်လို့ပြော ခဲ့တာပါ ကဲ လေကြောရှည်မနေတော့ဘူး ညရောက်တာနဲ့ ဒေါင်းပြီး တံခါးပိတ်မီးပိတ် နားကြပ်တပ်ပြီး ထိတ်လန့်ခြင်းအနုပညာကို ကောင်းကောင်းကြီးခံစားကြည့်ကြပါကုန် rating အနေနဲ့ IMDb မယ် 7.8 အထိရထား ပါတယ် ဂျင်းကား မဟုတ်တာကို အာမခံပါတယ်.... ရုပ်ရှင်ကားကို Hein Thet Naing က ဘာသာပြန်ပေးထားပြီး အညွှန်းကိုလဲ ကိုယ်တိုင်ရေးပေးထားပါတယ်။

Drama
5.5 2018 104 mins
Munafik 2
The Outpost
6.9

The Outpost Rotten Tomato 91% IMDB 6.6 Metacritic 72% စစ်ကား ကောင်းကောင်းလေးတွေ မထွက်တာကြာနေတဲ့အချိန်မှာ Rating ကောင်းကောင်းနဲ့ စစ်ကားလေး ထွက်လာပါတယ်  ကြည့်ကိုကြည့်သင့်တဲ့ဇာတ်ကား အစပိုင်းနည်းနည်းအေးပေမယ့် တိုက်ပွဲခန်းတွေကတော့ တကယ်ကြမ်း။ ကြည့်နေရင်းလည်း စိတ်တိုစရာရှိတဲ့သူတွေကို စိတ်တိုမိလိမ့်မယ်။ ဖြစ်ရပ်မှန်ရိုက်ထားတာဖြစ်လို့ နောက်ပိုင်းမှာ အင်တာဗျူးလေးတွေပါတာကိုပါ ကြည့်လို့ရပါတယ်။ စစ်တပ်မှာ သုံးတဲ့စကားလုံးတွေတော့ အတတ်နိုင်ဆုံးရှာပြီး ကိုက်ညီအောင် ဘာသာပြန်ပေးထားပါတယ်။ မှားတာလေးများတွေ့ရင် သည်းခံပေးပါအုံး။ မင်းသားတွေကလည်း နာမည်ကြီးတွေပဲ။ Scott Eastwood ဆို တချို့ကတော့ The longest rideထဲက မင်းသားလို့သိကြမယ်။ သူ့အဖေ Clint Eastwood နဲ့ နှိုင်းယှဉ်လို့မရသေးပေမယ့် သရုပ်ဆောင်ကောင်းတယ်ဆိုတာတော့ ငြင်းမရနိုင်ဘူး။ နောက် သူကအရင်ကလည်း စစ်ကားတကားရိုက်ဖူးပါတယ်။ အဲထဲမှာတော့ သူ့မှာ ကလေးမလို့ မပစ်လိုက်ရတာနဲ့ လက်နက်ချတဲ့ရန်သူကိုမသတ်ချင်လို့ သူ့ပဲသတ်ပါလို့ ပြောရတာနဲ့ လုပ်နေတဲ့ကောင်လေးအဖြစ်မြင်ရမှာဖြစ်ပြီးတော့ အခု ဒီထဲမှာတော့ တကယ့်ပစ်ခတ်တိုက်ခိုက်နေတဲ့ စစ်သားတယောက်အဖြစ်မြင်ရမှာပါ။ သူ့အရင်စစ်ကားကတော့ Fury ပါပဲ။ နောက်မင်းသားတယောက်ကတော့ Orlando Bloomပါ။ သူကတော့ The lord of the rings တို့ Pirate of the Caribbean ထဲမှာကတည်းက သိပြီးသားဆိုတော့ သိပ်ပြောစရာမလိုပါဘူး။ ဇာတ်လမ်းအကြောင်းလေး ပြောလိုက်ရအောင်။ ဇာတ်လမ်းကတော့ Jake Tapperရေးထားတဲ့ The Outpost :An untold story of American Valor ဆိုတဲ့ ဖြစ်ရပ်မှန်စာအုပ်ကို ပြန်ရိုက်ထားတာပါ။ များသောအားဖြင့် အမေရိကန်စစ်တပ်ဆိုတာနဲ့ စစ်အင်အားကြီးပြီးတော့ နည်းဗျူဟာ မဟာဗျူဟာတွေမှာ အရမ်းတော်တဲ့စစ်တပ်တခုအဖြစ်မြင်ကြတာများပါတယ်။ အဲဒါအမြဲတမ်းရော မှန်ပါရဲ့လား။ ဒီကားမှာတော့ အဲဒီအကြောင်းကို ပြသသွားပါတယ်။ အထက်လူကြီးက မြေပုံကိုကြည့် လေဆာပွိုင့်လေးပြပြီး အလုပ်လုပ်နေတဲ့အခါမှာ ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေအကြောင်း။ Red Platoonဆိုတဲ့ တပ်စုလေးရယ် အာဖဂန်နစ္စတန်ရဲ့ နယ်စွန်က တပ်စခန်းလေးတခုရယ် တာလီဘန်တွေရယ် ပေါင်းစုံလိုက်တဲ့အခါမှာတော့ အခုဒီ The outpost ဆိုတဲ့ ဇာတ်လမ်းလေးဖြစ်လာခဲ့တာပါပဲ။ ဇာတ်လမ်းအဖွင့်မှာတော့ နယ်စွန်တပ်စခန်းလေးမှာ တာဝန်ကျတဲ့ စစ်သားတဖွဲ့ကို ဟယ်လီကော်ပတာတွေနဲ့ လာပို့တယ်။ သူတို့ကိုလာပို့တာကလည်း ညဘက်ပဲပို့လို့ရလို့။ သူတို့တပ်ဖွဲ့ ရောက်တဲ့အခါမှာတော့ ရှိနေတဲ့သူတွေနဲ့နှုတ်ဆက်ကြ နေမယ့်နေရာရှာကြပေါ့။ မနက်ရောက်လို့ အပြင်ထွက်ကြည့်တဲ့အခါမှာတော့ သူတို့တပ်စခန်းက တောင်ကြားမှာ တည်ဆောက်ထားတယ်။ စစ်ရဲ့သဘောတရားနဲ့ရိုးရိုးလေးကြည့်မယ်ဆိုရင်တောင် ဖြစ်နိုင်ရင် ရန်သူကို အပေါ်စီးမှာ မထားသင့်ဘူးမလား။ အခုတော့ ကိုယ်ကြိုက်တဲ့နေရာ စခန်းဆောက်လို့ရတဲ့ကိစ္စကို ဘယ်နှယ့်လုပ် တောင်ကြားအောက်ခြေမှာ လာတည်ထားရသလဲတော့ အထက်က ရွှေဉာဏ်တော်စူးရောက်သူတွေပဲ သိနိုင်မယ်။ စစ်သားဆိုတာကလည်း ပေးအပ်တဲ့အမိန့်တာဝန်ကို ထမ်းဆောင်ရမှာဆိုတော့လည်း ဘယ်တတ်နိုင်မလဲလေ။ သူတို့စခန်းကိုတော့ နေ့တိုင်းနီးပါး ရန်သူတွေက လာလာပစ်ကြတယ်။ အားနေ သေနတ်ပစ်လာစမ်းတယ်ထင်ပါတယ်။ မော်တာနဲ့ပစ်မှပဲ ပြန်ပြေးသွားကြတာများတယ်။ အဲလိုနဲ့ သူတို့တပ်ဖွဲ့က အရာရှိတွေလည်း တယောက်ပြီး တယောက်ပြောင်းသွားကြပြီး အာဖဂန်ရွေးကောက်ပွဲပြီးနောက် သူတို့တပ်တွေ ရုပ်သိမ်းကာနီး ဆဲဆဲစခန်းမှာ တပ်ကြပ်သာ ရာထူးအကြီးဆုံးရှိတဲ့ အချိန်2009ခုနှစ် October 3ရက်နေ့ မှာပဲ တိုက်ပွဲတခုဖြစ်ပေါ်လာခဲ့တော့တယ်။ သူတို့မှာ ရှိတာက စုစုပေါင်းအမေရိကန် စစ်သည် 40ကျော်နဲ့ အာဖဂန်စစ်သည် ANA တွေ 50 ကျော်လောက်ပဲရှိတဲ့နေရာ။ ဝင်တိုက်တဲ့ တာလီဘန်တွေကတော့ 300 လောက်ရှိမယ်။ နေရာအရလည်း အသာစီးမရ လူအင်အားနဲ့ လက်နက်အင်အားလည်းကွာ လေကြောင်းပစ်ကူကလည်း ချက်ချင်းမလာနိုင်တဲ့နေရာ။ ဒီကြားထဲ ANA လို့ခေါ်တဲ့ အာဖဂန်စစ်သားတွေက အကုန်ထွက်ပြေးသွားကြတော့ လေကြောင်းပစ်ကူနဲ့ တပ်ကူတွေ လာတဲ့အထိ သူတို့ ခံတိုက်ထားနိုင်မလားဆိုတာကိုတော့ ဆက်လက် ရှုစားလိုက်ကြပါအုံး။ File Size : ( 1 GB , 358 MB) Quality : WEB DL 720p Running Time : 2 hr 03 min Format : Mp4 Genre : Drama , History , War Subtitle : Myanmar Subtitle (Hard Sub) Translated by NightFury Encoded by Moe Myint Lwin

Comedy • Horror • Science Fiction
6.9 2020 123 mins
The Outpost
Morning Glory
6.5

Morning Glory (2010) ~ IMDb – 6.5/10, Rotten Tomatoes – 55% ~ မနက်ခင်း ‌အစောကြီး ရုပ်သံအစီအစဉ်တွေ ရုပ်မြင်သံကြားကနေ တင်ဆက်ပေးတာကို ကျွန်တော်တို့တတွေ ရင်းနှီးကြမယ်တော့ မထင်ပါဘူး။ မနက်ခင်း ၄ နာရီ ၅ နာရီလောက်မှာ တိုက်ရိုက်တင်ဆက်ကြတဲ့ အစီအစဉ်တွေပါ။ ကျွန်တော်ငယ်ငယ်ကတော့ ၇ နာရီလောက်မှာ အဖေဖွင့်ထားတဲ့ ရေဒီယိုကနေ ပြည်တွင်းပြည်ပ အသံလွှင့်အစီအစဉ်တွေ မရိုးတမ်း နားထောင်ခဲ့ရပါတယ်။ အခုလည်း ဒီလိုပါပဲ။ အန်ကယ်ဆမ်တို့ တိုင်းပြည်က ရုပ်မြင်သံကြား မနက်ခင်း အစီအစဉ်တွေပေါ့။ ကဏ္ဍစုံပါ‌ဝင်တာမလို့ သာမန်ပြည်သူ၊ စီးပွားရေးသမားကစလို့ ဝန်ထမ်း၊ သာသနာ့ဘောင်က ပုဂ္ဂိုလ်တွေပါ စောင့်ကြည့်ရတဲ့ အစီအစဉ်တွေပါပဲ။ မနက်ခင်းအစီအစဉ် ထုတ်လုပ်တင်ဆက်တဲ့ ဘက်ကီ ဖူလာ ဆိုတဲ့ တက်ကြွတဲ့ ထုတ်လုပ်ရေးမှူးတစ်ယောက်ဟာ ကံမကောင်းစွာနဲ့ “မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ” အစီအစဉ်ကနေ အလုပ်ထုတ်ခံလိုက်ရပါတယ်။ ထိပ်တန်းအစီအစဉ်တစ်ခုဖြစ်တဲ့ “ဒီနေ့ပြကွက်” မှာ အလုပ်လုပ်ရလိမ့်မယ်လို့ ရည်မှန်းထားတဲ့ ကောင်မလေးဟာ ဒုတိယတန်း အစီအစဉ်ဖြစ်တဲ့ “မင်္ဂလာမနက်ခင်းပါ နယူးဂျာဆီ” ကတောင် အလုပ်ထုတ်ခံလိုက်ရတော့ စိတ်ဓာတ်တွေ အဝီစိထိ ကျလုမတတ်ပေါ့လေ။ ဒီလိုနဲ့ သူကျွမ်းကျင်တဲ့အလုပ်ကိုပဲ ထပ်ရှာရတော့တာပဲ။ အဲဒီမှာ စတုတ္တတန်း အစီအစဉ်တစ်ခုဖြစ်တဲ့ “နံနက်ခင်း” ဆိုတဲ့ အစီအစဉ်မှာ အလုပ်ရခဲ့ပါတယ်။ ခြေနင်းဖက်ရောက်နေတဲ့ အဆင့်သတ်မှတ်ချက် ကြည့်ရှူနှုန်းတွေနဲ့၊ ရန်ပုံငွေမလုံလောက်၊ ဝန်ထမ်းတွေက ပုံမလာ၊ လုပ်ချင်ရာလုပ် စည်းကမ်းပျက်နေတဲ့ အစီအစဉ်တင်ဆက်သူတွေနဲ့ “နံနက်ခင်း” ဟာ ဖြစ်ချင်တိုင်း ဖြစ်နေတာပေါ့လေ။ အလုပ်ကို လက်ခံစဉ်ကတည်းက လစာတဝက်လျှော့ယူ၊ “နံနက်ခင်း” ရဲ့ အဆင့်သတ်မှတ်ချက် ကြည့်ရှူနှုန်းတွေ ဆွဲတင်ပေးပါ့မယ်ဆိုတဲ့ကတိတွေကြောင့် အောင်မြင်အောင် မလုပ်နိုင်ခဲ့ရင် ဘက်ကီ တစ်ယောက် ကိန်းဂဏန်းနဲ့ ဖော်ပြလို့ရတဲ့ အလုပ်အကိုင်ပဲ ကျန်တော့မှာပါ။ ဒါ့ကြောင့် ဘက်ကီတစ်ယောက် ဉာဏ်ကုန်ထုတ် ကြိုးစားရပုံတွေကို ရယ်ရွှင်ဖွယ်ရာ ကြည့်ရှုရမှာဖြစ်တဲ့အတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားကောင်းပါ။ ဘက်ကီ ဖူလာ အဖြစ် Rachel McAdams က သရုပ်ဆောင်ထားပါတယ်။ ဒဏ္ဍာရီစာရင်းဝင် လူဂွစာ အစီအစဉ်တင်ဆက်သူ မိုက် ပါမိုရိုင်း အဖြစ် Harrison Ford က ပါဝင်ထားပါတယ်။ မနက်ခင်း ရုပ်မြင်သံကြားအစီအစဉ်တွေအကြောင်း ဗဟုသုတ များစွာရသလို မိသားစုနဲ့ အပန်းဖြေရင်း ရယ်ရယ်မောမော ကြည့်ရှုရမှာဖြစ်လို့ CM ရဲ့ တရားဝင် ဝက်ဘ်ဆိုက်ကနေ ဒေါင်းယူ ကြည့်ရှုပေးကြပါဗျို့။ (ဒီဇာတ်ကားနဲ့အညွှန်းကို Arr Khun Winchester မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.2GB, 1.1GB, 540MB Quality – 1080p, 720p, 480p IMDb Rating – 6.5/10 Format – mp4 Duration – 1H 47Min Genre – Comedy, Drama, Romance Subtitle – Myanmar Subtitle (Hardsub) Translated by Arr Khun Winchester Encoded by Y

Horror • Thriller
6.5 2010
Morning Glory
Royal Rendezvous
6.5

Royal Rendezvous(2023) ********************** fancy ဒရာမာ အချစ်ဇာတ်လမ်းလေး တွေကို ကြိုက်နှစ်သက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမယ့်ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ ကတ်တလီနားကတော့ Food Truck နဲ့ စားသောက်ဖွယ်ရာတွေကိုရောင်းတဲ့ East L.A က စာဖိုမှူးမလေးတစ်ယောက်ပါ။ လွတ်လွတ်လပ်လပ် နေတတ်ပြီး ဘဝကိုပျော်ပျော်ပါ့းပါး ဖြတ်သန်းနေတဲ့ အမေရိကန် ကိုလမ်ဘီယား ကပြားမ‌ လေးတစ်ယောက် တော်ဝင်မျိုးနွယ်တွေရဲ့အိမ်မှာ ကျင်းပမယ့်ပွဲအတွက် ငှားရမ်းခြင်းကိုခံခဲ့ရပါတယ်။ အဲ့ဒီ့အိမ်ကြီးကတော့ မြို့စားမယ်တော်ကြီးပိုင်ပြီးနောက်တစ်ပတ်နေရင် ရောင်းချတော့မယ့်အိမ်ကြီးဖြစ်ပါတယ်။ ရောင်းချပြီးရင် သခင်ကြီး ပယ်ရီနဲ့ သူ့ရဲ့ သား ဂျိမ်းစ် တို့ဟာဆိုရင် သူ့ရဲ့အဖွားနဲ့ပြန်လိုက်သွားရတော့မှာပါ။ အဲ့ဒီနောက်မှာတော့…… File Size :(1.8GB) and (674MB) Quality :WEB-DL1080P,720p Format…mp4 Duration…01:29:00 Genre : Romance Subtitle : Myanmar Subtitle (Hard Sub) Translated by PROXY Encoded by Phyo Pyae

Drama
6.5 2023 90 mins
Royal Rendezvous
Mechamato Movie
7.8

Mechamato movie 2022 Big Hero 6 ဇာတ်ကားလိုvibe မျိုးပြန်ရစေမဲ့ စက်ရုပ်လူစွမ်းကောင်းအန်နီမေးရှင်းဇာတ်ကားကို တင်ဆက်ပေးချင်ပါတယ်။ Mechamato စီးရီး ရဲ့ prequel ဇာတ်လမ်းဖြစ်လို့ စီးရီးမကြည့်ဖူးဘူးဆိုရင်တောင် ဒီကားကနေစကြည့်နိုင်ပါတယ်။ ဒီကားမှာ အာမန်တိုက အသွင်ပြောင်းစက်ရုပ် မတ်ချာဘော့တ်နဲ့ဘယ်လိုစတင်တွေ့ခဲ့တယ်ဆိုတာ ကြည့်ရှုရမှာပါ။ စက်ရုပ်တွေကိုခုံမင်တဲ့ အာမန်တိုဟာ ကျောင်းကပရောဂျက်အတွက် စက်ရုပ်ကိုသူ့သူငယ်ချင်း ပီရန်နဲ့ ကြိုးစားပမ်းစားတီထွင်နေကြပါတယ်။ တစ်နေ့မှာတော့ ဂလက်ဆီပေါ်မှာတိုက်ပွဲဖြစ်ရင်း ကိုယ်ပျောက်ယာဉ်တစ်စီးဟာ ကမ္ဘာပေါ်ကိုပျက်ကျလာခဲ့ပါတယ်။ အဲ့နေ့မှာပဲ ပရောဂျက်အတွက် စိတ်လှုပ်ရှားနေတဲ့အာမန်တိုတစ်ယောက်အိမ်ပြန်လမ်းမှာ ယာဉ်ပျက်တစ်စီးကို မထင်မှတ်ဘဲတွေ့လိုက်ရတဲ့အချိန်မှာတော့ စူးစမ်းလေ့လာစိတ်ပြင်းပြတဲ့ အာမန်တိုဟာ ဘာဆက်ဖြစ်မယ်ဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Moon~ToMo~BpL~YH တို့ပဲဖြစ်ပါတယ်။)

Romance • Drama
7.8 2022 116 mins
Mechamato Movie
A Radiant Girl
6.1

A Radiant Girl (2021) ================ IMDb rating – 6.1/10 ဒီဇာတ်ကားလေးကတော့ 1942 မှာဂျူးလူမျိုးတွေကိုဖိနှိပ်ချုပ်ချယ် ခဲ့တဲ့ အမှောင်ခတ်ကာလအကြောင်းကို drama လေးရောနှောပြီး ရိုက်ကူးတင်ဆက်ပြသထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့… 1942 ခုနှစ်ပဲရစ်မြို့ နွေရာသီလေးမှာ Jewish French လူမျိုးဖြစ်တဲ့ အသက် ၁၉ နှစ်အရွယ် အီရင်းဆိုတဲ့မိန်းကလေးတစ်ယောက်က ဘဝ မှာရည်မှန်းချက်တွေအပြည့်နဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ် ချင်တဲ့ အိပ်မက်လေးနဲ့ ဘဝကိုကြိုးစားရှင်သန်နေပါတယ်။ သူ့ဘဝ အတွက် အချစ်ဆိုတဲ့အရာကိုစူးစမ်းလေ့လာနေပြီး ဘဝမှာပထမဆုံး သောအရာတွေကို လက်တည့်စမ်းကြည့်ရင်းနဲ့ပေါ့။ တစ်နေ့မှာတော့ သူ့ရဲ့မိသားစုမှာအမှောင်ရိပ်တစ်ခုလွှမ်းမိုးလာပါတယ်။ သူ့ရဲ့တက်ကြွနေတဲ့စိတ်ဓာတ်လေးကို ဘယ်အရာတွေက ဘယ်လိုရိုက် ချိုးပစ်လိုက်မလဲဆိုတာကို ဒီဇာတ်လမ်းထဲမှာစိတ်ဝင်စားဖွယ်ကြည့်ရှူ ခံစားပေးကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ June ဖြစ်ပါတယ်) File Size……….(1.24 GB) / (475 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 38Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, History Translator…….June Encoder……….SWM

6.1 2021
A Radiant Girl
Akele Hum Akele Tum
6.9

Akele Hum Akele Tum(1995) (I Am Alone, You Are Alone) Genre: Romance/Drama/Family ကျွန်တော်ဒီရုပ်ရှင်ရဲ့ Rating ကိုထည့်မရေးတော့ပါဘူး။ ဘာလို့လဲဆိုတော့ ဒီရုပ်ရှင်က Rating နဲ့ဘယ်လိုမှကို မလိုက်ဖက်လောက်အောင် ကောင်းလွန်းလို့ပါ။ ကျွန်တော်ကိုယ်တိုင်လည်း ဘာသာပြန်ရင်းနဲ့မျက်ရည်ပါကျတဲ့အထိဖြစ်ခဲ့ရပါတယ်။ အိမ်နဲ့ဝေးနေရတဲ့ခံစားချက်၊ ငယ်ဘဝကိုသတိရတဲ့ခံစားချက်၊ မပြည့်စုံတဲ့ဘဝမှာနေရတဲ့ခံစားချက်၊ အဖေတစ်ယောက်ရဲ့ မေတ္တာတွေကို နှလုံးခိုက်လောက်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့အချစ်တော် မင်းသား Aamir Khan ရဲ့သရုပ်ဆောင်ချက်တွေကလည်း အပြစ်ပြောစရာမရှိလောက်အောင်ကိုကောင်းလှပါတယ်။ ကြည့်ဖြစ်အောင်ကြည့်လိုက်ပါလို့ တိုက်တွန်းချင်ပါတယ်။ ——— ဇာတ်ညွှန်း ======= ရိုဟစ်ကူမာဆိုတာကတော့ စားသောက်ဆိုင်တစ်ဆိုင်မှာ သီချင်းဆိုနေတဲ့ လူလတ်ပိုင်းတက်သစ်စ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုယ်သူတော့ တစ်နေ့မှာအောင်မြင်မှုအကြီးကြီးရနိုင်မယ့် လူတစ်ယောက်လို့လည်းခံယူထားပါတယ်။ ဒါပေမယ့် စီးပွားရေးအခြေအနေက အဆင်ပြေတော့ အကြွေးတွေပတ်လည်ဝိုင်းရင်း ဘဝကိုဖြတ်သန်းနေရပါတယ်။ ဒါပေမယ့်လည်း ရိုဟစ်က တစ်ယောက်တည်းသမားဆိုတော့ သိပ်ပြီးလည်းအပူအပင်မရှိခဲ့ပါဘူး။ ကီရန်ဆိုတာကတော့ ပိုက်ဆံရှိမိသားစုတစ်ခုကပေါက်ဖွားလာခဲ့တဲ့ ခေတ်လူငယ်ကောင်မလေးတစ်ယောက်ဖြစ်ပါတယ်။ သူ(မ) အိမ်က ဂန္တဝင်သီချင်းတွေဆိုခိုင်းပေမယ့် ကီရန်က ခေတ်သီချင်းတွေပဲဆိုချင်ခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုနူနဲ့နှစ်ယောက်ပေါင်းဖက်ခဲ့ပါတယ်။ အိမ်ကတားနေလျက်ကြားထဲကနေ ကီရန်တစ်ယောက် ရိုဟစ်နောက်ကိုကောက်ကောက်ပါအောင်လိုက်သွားခဲ့ပါတယ်။ အိမ်ထောင်ရေးရဲ့အသီးအပွင့်ဖြစ်တဲ့ ဆိုနူဆိုတဲ့သားလေးတစ်ယောက်ကိုလည်းမွေးခဲ့ပါတယ်။ ပိုက်ဆံမရှိတဲ့ယောကျ်ားတစ်ယောက်ရဲ့ပြဿနာက မိသားစုကိုအချိန်အရမ်းပေးရင် အလုပ်မှာလစ်ဟင်းမယ်။ အလုပ်ကိုအရမ်းဦးစားပေးပြန်ရင်လည်း မိသားစုက မျက်နှာကွက်မယ်။ ဒီလိုနဲ့နှစ်ယောက်အိမ်ထောင်ရေးကခွာပြဲခဲ့ပြီး ဆိုနူလေးကို ရိုဟစ်တစ်ယောာက်တည်း ထိန်းဖို့ဖြစ်လာခဲ့ပါတယ်။ ကျန်တာတွေကတော့ဆက်ပြီးခံစားကြည့်လိုက်ကြပါ။ ဒီကားကမျက်ရည်ပိုးပိုးပေါက်ပေါက်ကျရမယ့် အချစ်ကားမျိုးမဟုတ်ပဲ ရင်ထဲကလှိုက်ပြီးခံစားရမယ့် ဖခင်မေတ္တာကိုဖော်ကြူးထားတဲ့ကားဖြစ်ပါတယ်။ ရိုဟစ်ကူမာ အဖြစ်မင်းသား Aamir Khan ကီရန်အဖြစ် မင်းသမီး Manisha Koiralaတို့က ပါဝင်သရုပ်ဆောင်ထားပါတယ်။ File size… 3.8 GB / 1.6 GB Quality… Web-DL 1080p / 720p Format… mp4 Duration…. 2h 40m Genre ….. Drama/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Lucifer Maximoff

6.9 1995 160 mins
Akele Hum Akele Tum
E-San Love Story

E San Love Story (2017) ဒီတစ်ခါမှာလည်း CM က ဇာတ်ကားတစ်ကားနဲ့ ပြန်လာခဲ့ပြန်ပါပြီ။ ဒါပေမဲ့ သူကတော့ ပြန်မလာတော့ပါဘူး…။ မစောင့်နဲ့နော်ပြောလို့ မစောင့်တုန်းကလည်း ပြန်မလာသလို စောင့်နေနော်ပြောလို့ စောင့်နေတော့လည်း ပြန်မလာပြန်ပါဘူး။ ဇာတ်လမ်းထဲတင် ပြန်မလာတာမဟုတ်ဘဲ အပြင်လောကမှာလည်း ပြန်မလာမှာမို့ ညီကိုတို့ ကြည့်ဖို့ E-San Love Story ကို ဘာသာပြန် တင်ဆက်လိုက်ပေးပါတယ်။ စောင့်နေနော်ပြောပြီး ထွက်သွားသူဟာ မြို့ကို ပြန်လာပေမဲ့ ဆီအန့်ဆီကိုတော့ ပြန်မလာခဲ့ပါဘူး။ ငယ်ရည်းစားကို ဆုံးရှုံလိုက်ရတဲ့ ဆီအန်ရဲ့ အချစ်ဇာတ်လမ်းကို တိုက်ဆိုင်သူတို့အတွက် အနာပေါ်ဆားဖြူးခံရင်း ကြည့်ရှူခံစားရမှာပါ။ ဒါ့အပြင် ဟာသအရွှန်းဖောက် အရန်ဇာတ်ကောင်တွေလည်း ပါဦးမှာမို့ အငိုမျက်လုံး အပြုံးမျက်နှာနဲ့ ကြည့်ရှုနိုင်ပြီပဲ ဖြစ်ပါတယ် ?? (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Myat ဖြစ်ပါတယ်) Genre….. Comedy, Romance Quality…. 1080p | 720p File size… 1.6GB | 837MB Format… mp4 Duration…. 1h 34min Subtitle…. Myanm ar Subtitle (Hardsub) Translator …..Su Myat Encoder ….. Aaron

0 2017
E-San Love Story
Joyeux Noel
7.6

(ခရစ္စမတ်ကို ရန်သူတွေနဲ့အတူဆင်နွှဲခဲ့ကြတဲ့ ပထမကမ္ဘာစစ် စစ်သားများအကြောင်း) ဒီရုပ်ရှင်ကိုမကြည့်ဖူးကြရင်တောင် ဆိုရှယ်မီဒီယာမှာ အတိုလေးတွေ အတော်များများ မြင်ဖူးကြမှာပါ။ ဂျာမန်၊ ဗြိတိသျှ၊ စကော့တလန်စစ်သားတွေ ပထမကမ္ဘာစစ်အတွင်း ကတုတ်ကျင်းကိုယ်စီနဲ့ တစ်ဘက်နဲ့တစ်ဘက် အသေအကြေတိုက်ခိုက်နေကြပေမဲ့ ခရစ္စမတ်အကြိုညမှာတော့ အပစ်အခတ်တွေရပ်စဲပြီး အတူ ဆင်နွှဲကြဖို့ ဆုံးဖြတ်လိုက်တဲ့ အကြောင်းပါ။ စစ်ပွဲရဲ့ အကျဉ်းတန်ခြင်းတွေထဲကနေ လူသားဆန်မှုတွေကို ပြတဲ့ရုပ်ရှင်ပါပဲ။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆု အော်စကာ စကာတင် ဝင်ခဲ့ပါတယ်။ Tsotsi 2005 ကို မကျော်နိုင်ခဲ့လို့သာ ဆုမရခဲ့တာပါ။ အော်စကာရသွားတဲ့ Tsotsi ကိုလည်း Channel Myanmar မှာ တင်ပေးပြီးသားပါ။ ဒီရုပ်ရှင်ထဲမှာတော့ နှစ်ဘက်စစ်သားတွေရဲ့ တာဝန် နဲ့မိသားစုကြားက လွန်ဆွဲတာတွေ၊ ရန်သူကနေ မိတ်ဆွေဖြစ်လာပြီး ရန်သူပြန်ဖြစ်လာတဲ့အခါ ဆုံးဖြတ်ရခက်တာတွေနဲ့ အထက်ဖိအားတွေကြားထဲက စစ်ရဲ့ အကျဉ်းတန်မှုတွေကို မြင်ရမှာပါ။ ကြည့်ဖြစ်အောင်ကြည့်ရမဲ့ရုပ်ရှင်ဖြစ်လို့ ခရစ္စမတ်အမီလေး တင်ပေးထားလိုက်ပါတယ်။ File Size : 1.74 GB, 787 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 56min Format : Mp4 Genre : Drama, History, War Subtitle : Myanmar Subtitle (Hard Sub) Translated by : Mr.Anderson Encode by : Thit San Khant

Drama
7.6 2005 116 mins
Joyeux Noel
Bilik Tepi
6.3

Bilik Tepi (2024) IMDb Rating (6.3) ဘရန်ဒန်၊ မာလာသီနဲ့ဟာနာတို့ဟာ သူငယ်ချင်းသုံးယောက်ဖြစ်ပြီး အပန်းဖြေခရီးတစ်ခုထွက်လာကြတာပါ။ တစ်လမ်းလုံး ချောချောမွေ့မွေ့နဲ့ ဘာပြဿနာမှမရှိခဲ့ပေမယ့် သူတို့တည်းခိုရမယ့်နေရာမှာ ဇာတ်လမ်းစပါတယ်။ အဲ့ဒီနေရာဟာ တစ်ခြားတည်းခိုသူမရှိသလို စကားမပြောတတ်တဲ့ အစောင့်ဖြစ်သူနဲ့ အဖော်အမျိုးသမီးဆီကလည်း ဘာအကူအညီမှမရပါဘူး။ ဖုန်းလိုင်းလည်းမမိ၊တစ်ချို့ မီးတွေကလည်းမလာသလို အလုပ်သမားနှစ်ယောက်ကလည်း သူတို့ကိုစကားမပြောချင်သလိုရှောင်ဖယ်ဖယ်အနေအထားမှာဖြစ်တဲ့အတွက် ထပ်ပြီး အကူအညီမတောင်းပဲ နေလိုက်ကြပါတယ်။ ဒါပေမယ့် ဟာနာ မျက်လုံးထဲမှာ မျက်မမြင်ကလေးမလေးပုံရိပ်တစ်ခုကို အကြိမ်ကြိမ်မြင်နေရပြီး တစ်ကြိမ်မှာတော့ အဲ့ဒီကလေးမလေးကသူ့နားကပ်ပြီး ‘ပြေး’ လို့တစ်လုံးပြောပြီး ပျောက်ကွယ်သွားပါတော့တယ်။ အဲ့ဒီအချိန်ကျမှ ဒီကိုရောက်ကတည်းက သူတို့ကြုံနေရတဲ့ဖြစ်ရပ်တွေကိုပြန်စဉ်းစားမိရင်း ထူးခြားမှုတွေကိုသတိထားမိလာရင်း ထွက်ပြေးလွတ်မြောက်ဖို့ကြိုးစားကြရတော့မှာဖြစ်ပါတယ်။ ပဟေဠိဆန်တဲ့ ဒီနေရာနဲ့ထူးခြားတဲ့ ဝန်ထမ်းနှစ်ယောက်က ဘယ်သူတွေလဲ? ဟန်နာအာရုံထဲက မျက်မမြင်ကလေးမလေးကဘယ်သူလဲ? သူတို့အတွက် အချိန်မှီလွတ်မြောက်နိုင်ဖို့အခွင့်အရေးရော ရှိပါဦးမလား? ဆက်လက်ရှုစားကြပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(960 MB) / (460 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Horror Duration….01:11:25 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Alias

Comedy • Romance
6.3 2024
Bilik Tepi
Chosen Family

IMDB Rating – 4.7/10 Genre – Romance , Comedy , Drama ဒီတစ်ခါမှာတော့ Rating ကြည့်ပြီးမဆုံးဖြတ်သင့်တဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Chosen Family ရုပ်ရှင်က ခံစားမှုတွေနဲ့ စိတ်နှလုံးသားကို နူးညံ့စွာ ပွတ်တိုက်သွားစေမယ့် ရုပ်ရှင်ကားကောင်း တစ်ကားပါ။ မိသားစုဆိုတဲ့ အနှစ်သာရကို ဖော်ကျူးနိုင်ရုံ သာမက ကိုယ့်စိတ်နဲ့ အနီးစပ်ဆုံး သူငယ်ချင်းတွေကြားက သံံယောဇဥ် နဲ့ ယုံကြည်မှုကို ဖော်ပြထားတာကိုလည်း တွေ့ရပါတယ်။ ဒီရုပ်ရှင်က လူတိုင်းရဲ့ ဘဝထဲမှာရှိနေတဲ့ ချစ်ခြင်းမေတ္တာ၊ အပြန်အလှန်ကူညီမှုနဲ့ ယုံကြည်မှုတို့ကို ရိုးရိုးရှင်းရှင်းနဲ့ နက်နက်ရှိုင်းရှိုင်း တင်ပြပေးထားတာကြောင့် ကြည့်ရှုသူတွေအနေနဲ့ မိသားစုတန်ဖိုးနဲ့ ခေတ်ကာလအရ မိတ်ဆွေအချင်းချင်းအကြား ယုံကြည်မှုက ဘယ်လောက်အရေးကြီးကြောင်း သတိချပ်စေမှာဖြစ်ပါတယ်။ ရုပ်ရှင်ရဲ့ ဇာတ်လမ်းအရ သက်ဆိုင်တဲ့ လူမှုရေးအတွေ့အကြုံတွေကို ပြန်လည်မွမ်းမံပေးနိုင်ပြီး၊ လူတိုင်းရဲ့ မိသားစုနဲ့ ပတ်သက်တဲ့ အတွေးအခေါ်တွေကို နူးညံ့စွာ ပြသထားတာကပဲ ဒီကားရဲ့ အဓိက အားသာချက်တစ်ခုလို့ ပြောနိုင်ပါတယ်ရှင်။ File size…(1.8 GB)/(974 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama, Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Ivy Noe

Drama • Thriller
0 2024
Chosen Family
I Am What I Am 2
7.5

CMကနေ ဒီတစ်ခါ တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ 2021 ခုနစ်လောက်က ဝက်ဝက်ကွဲနာမည်ကြီးခဲ့တဲ့ ခြင်္သေ့အကနဲ့ သိုင်းပညာကို ပေါင်းစပ်ထားတဲ့ I’m what I’m ဆိုတဲ့ ကားလေးရဲ့ ဒုတိယအတွဲပဲဖြစ်ပါတယ် ဇာတ်လမ်းလေးကို ညွှန်းရမယ်ဆိုရင် နယ်မြို့လေးကနေ အဖေဆေးကုဖို့အတွက် ရှန်ဟိုင်းမြို့ကိုတက်လာခဲ့တဲ့ အားကျွမ်းဆိုတဲ့လူငယ်လေးဟာ ခြင်္သေ့အကမှာ တဖက်ကမ်းခတ်ကျွမ်းကျင်ပါတယ် သို့ပေမယ့်လည်း ကျွမ်းကျင်ရာ အလုပ်နဲ့ အသက်မွေးဝမ်းကျောင်းပြုလို့မရတာတစ်ကြောင်း ဖခင်ဖြစ်သူအတွက် ဆေးကုသစရိတ်က ယွမ်သိန်းချီ ကုန်ကျမှာဖြစ်တာတစ်ကြောင်း ကြုံရာကျပန်းအလုပ်ကိုဝင်လုပ်နေတာပါ တစ်နေ့ သူ့ဆီကို သူငယ်ချင်းတွေဖြစ်တဲ့ အားမောင်းနဲ့ အားကို နှစ်ယောက် ရောက်လာတဲ့အချိန် တိုက်ခန်းပိုင်ရှင်က လူများလို့ လက်မခံတာရယ်ကြောင့် လမ်းဘေးမှာ အိပ်ရတော့မယ့်အခြေအနေကိုရောက်နေတဲ့အချိန်မှာပဲ အချိန်ပိုင်းအလုပ်အဖိုးအခကို သွားတောင်းရင်း လက်ဝှေ့ရုံပိုင်ရှင်ရဲ့ သမီးဝမ်‌ကျောင်းယွီနဲ့ဆုံပါတော့တယ် အားကျွမ်းလာတဲ့အချိန်က ဝမ်ကျောင်းယွီဆီကို လူလည်ကျတဲ့သူတွေက ငွေညှစ်နေတဲ့အချိန်နဲ့တိုးတော့ ဝင်ကူပေးရာကနေ အားကျွမ်းရဲ့ တိုက်ရည်ခိုက်ရည်ကို မြင်ပြီး လက်ဝှေ့ပြိုင်ပွဲဝင်ဖို့ ကမ်းလှမ်းပါလေရော ချန်ပီယံဖြစ်ရင် ယွမ်သုံးသိန်းရမှာဆိုတော့ အားကျွမ်းတစ်ယောက် လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ခြင်္သေ့အကသာ ကျွမ်းပေမယ့် လက်ဝှေ့ပညာကို မသင်ယူဖူးတဲ့ အားကျွမ်းတစ်ယောက် လက်ဝှေ့ကြိုးဝိုင်းထဲဝင်ဖို့ အခက်အခဲတွေကို ဘယ်လိုကျော်ဖြတ်မှာလဲ………

7.5 2025
I Am What I Am 2
Lost in Space

ဒီဇာတ်ကားကတော့ ၁၉၆၅ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ နာမည်ကြီးတီဗွီစီးရီးတစ်ခုကို အခြေခံပြီး ပြန်လည်ရိုက်ကူးထားတဲ့သိပ္ပံစွန့်စားခန်းအမျိုးအစား ရုပ်ရှင်ဖြစ်ပါတယ်။ အနာဂတ်ကာလ၂၀၅၈ခုနှစ်မှာဇာတ်တည်ထားပြီး ကမ္ဘာမြေကြီးက သဘာဝပြဿနာတွေနဲ့ လူတွေက ပေးတဲ့ပြဿနာတွေကြောင့် ပျက်စီးခါနီးအခြေအ နေကိုရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီတော့လဲလူသားတွေရဲ့ထုံးစံအတိုင်း လူတွေနေနိုင်မယ့် ဂြိုလ်အသစ်တစ်ခုကိုထပ်ရှာကြတာပေါ့။ လိုက်ရှာကြရင်းနဲ့ ကံကောင်းထာက်မစွာနဲ့ပဲ(အယ်ဖာပရိုင်း)ဆိုတဲ့ကမ္ဘာ မြေနဲ့အရမ်းတူတဲ့ဂြိုလ်တစ်ခုကိုသွားတွေ့တယ်။ အဲဒီလို တွေ့ပြီးနောက်မှာ အဲဒီဂြိုလ်ကို ဉာဏ်ကြီးရှင်မိသားစုဖြစ်တဲ့ရော်ဘင်ဆန်မိသားစုကို လေ့လာဖို့တာဝန်ပေးခံရပါတယ်။ ဒါပေမဲ့ သူတို့သွားပြီမကြာဘူး အာကာသယာဉ်ပေါ်မှာဒုက္ခပေးဖို့လိုက်လာတဲ့ ဒေါက်တာစမစ်ဆိုသူကြောင့် အရာရာဟာအလွဲလွဲအချော်ချော်တွေဖြစ်ပြီး အာကာသထဲမှာတစ်မိသားစုလုံး လမ်းပျောက်ကုန်ကြပါတယ်။ အဲဒီကနေမှ မထင်မှတ်ထားတဲ့အန္တရာယ်အသွယ်သွယ်ကိုဖြတ်ကျော်ပြီး သူတို့ဦးတည်ရာကို ရောက်နိုင်မလားဆိုတာကတော့ ကိုယ်တိုင်ကြည့်ရှုရင်းနဲ့ပဲ ခံစားပေးကြပါဦး။ File size…(2.2 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Science Fiction, Adventure Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Mastero

Drama • Romance
0 1998
Lost in Space
Restless
6.3

Restless (2025) IMDb Rating (6.3) / Rotten Tomatoes (94%) အဓိကသရုပ်ဆောင် Lyndsey Marshal ဟာ ဇာတ်ကောင်ကို အကောင်းဆုံးပေါ်လွင်အောင် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် Manchester Film Festival မှာအကောင်းဆုံးအမျိုးသမီးသရုပ်ဆောင်ဆုကို ဆွတ်ခူးရရှိခဲ့တဲ့အပြင် အကောင်းဆုံးဇာတ်ကားဆုကိုပါရရှိထားတဲ့ Restless (2024) ရုပ်ရှင်ဇာတ်ကားကြီး ။ လူမှုရေး ပြဿနာများနှင့် စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုများကို ပုံဖော်ရိုက်ကူးထားပြီး မမျှော်လင့်ထားတဲ့ ဇာတ်ကွက်အလှည့်အပြောင်းတွေ အများကြီးပါဝင်တာကြောင့် စိတ်ဝင်စားမှု လျော့ကျမသွားစေဘဲ ကြည့်ရှုသူကို ဆွဲဆောင်နိုင်မယ့် ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ နစ်ကီ (Lyndsey Marshal) က တစ်ကိုယ်တည်း အထီးကျန်စွာ ဖြတ်သန်းနေရတဲ့ သတ်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ဦးပေါ့။ မိသားစုပြဿနာတွေ၊ အလုပ်ဖိအားတွေနဲ့ စိတ်ဖိစီးမှုတွေကို ရင်ဆိုင်နေရတဲ့ သူမရဲ့ ဘဝကြီးဟာ ဘေးအိမ်ကို ပြောင်းလာခဲ့တဲ့ အိမ်နီးချင်းအသစ်တွေကြောင့် ဇောက်ထိုးမိုးမျှော်ဖြစ်ခဲ့ရတယ်။ ဘယ်လိုတွေ ဇောက်ထိုးမိုးမျှော်ဖြစ်ပြီး ဘယ်လိုတွေ ကမ္ဘာပျက်ခဲ့ရလဲဆိုတာကို မထင်မှတ်ထားတဲ့အလှည့်အပြောင်းဇာတ်ကွက်တွေနဲ့ Restless (2024) ရုပ်ရှင်ကားကြီးကို ကြည့်ရင်း အဖြေရှာကြည့်လိုက်ရအောင်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Su Mon ဖြစ်ပါတယ်။) File size…(1.4 GB) / (610 MB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Thriller Duration….01:29:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Su Mon

Crime • Comedy
6.3 2025 89 mins
Restless