YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Wonderland of Love E05 1080p WEB-DL CM.mp4

607.25 MB N/A video/mp4 352 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
On the Sand House
5

အသက် 30 အရွယ်အတိုင်ခင် အလုပ်ရ‌အောင်အမြန်ရှာနေတဲ့ ဒုတိယမြောက် သ‌မီးဖြစ်တဲ့ ဂျင်ယောင်းက မိဘတွေအိမ်မှာ အဖေ အမေတို့နဲ့ အတူတူနေတယ်... ဒါပေမဲ့ အိမ်မှာထက် စက်ရုံက ခေါက်ကုလားထိုင်မှာ ထိုင်ရတာကို ပိုသဘောကျတဲ့ အေးတိအေးစက် အဖေနဲ့ ဂျင်ယောင်းကတော့ စကား‌သိပ်ပြောလေ့ မရှိကြဘူး... အမေကသာ သူတို့နှစ်ယောက်ရဲ့ ကြားခံနယ် ဖြစ်ခဲ့ရတယ် ဂျင်ယောင်းက ကနေဒါကို အလုပ်သွားလုပ်ဖို့ ပြင်ဆင်နေစဉ်မှ အမေ ဖြစ်သူက ကားအက်ဆီးဒင့်‌ကြောင့် ရုတ်တရက် ကွယ်လွန်သွားခဲ့ရာ သားအဖနှစ်ယောက်တည်း အဲဒီအိမ်ကြီးထဲ ကျန်ရစ်ခဲ့ရှာတော့တယ် သားအဖ နှစ်ယောက်သား ပြန်အဆင်ပြေသွားကြမလား... ဂျင်ယောင်းလည်း သူ့အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်မလားဆိုတာကို ဇာတ်ကားလေးထဲမှာပဲ ဆက်လက် ရှုစား လိုက်ကြပါနော်.... File Size :(1.4GB) and (534MB) Quality : WEB-DL1080P, 720p Format…mp4 Duration…02:02:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Hnin Wai Oo & Miri Encoded by Phyo Pyae

Drama
5 2023 122 mins
On the Sand House
The Secret Garden
6.4

~ IMDb - 5.6/10, Rotten Tomatoes - 67% ~ လောင်ရတဲ့ဇာတ်ကားတွေခဏနားပြီး Healing ဖြစ်တာလေးတွေရှာနေတဲ့သူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ Frances Hodgson Burnett ရဲ့ဂန္ထဝင်ဝတ္ထု The Secret Garden ကို အမျိုးမျိုးပြန်ရိုက်ထားတဲ့ရုပ်ရှင်တွေထဲကမှ နောက်ဆုံးထွက်ထားတဲ့ ၂၀၂၀ ဗားရှင်းကိုလည်းတင်ဆက်ပေးလိုက်ရပါတယ်။ ခင်မင်မှုသံယောဇဥ်နဲ့ ချစ်ခြင်းမေတ္တာကိုလှပစွာပုံဖော်ထားပြီး သာယာတဲ့ရှုခင်းလေးတွေနဲ့ ကြည့်ရတာနွေးထွေးပြီးစိတ်အေးချမ်းစေမှာအမှန်ပါပဲ။ ဇာတ်လမ်းကတော့ ကျိန်စာသင့်နေတယ်လို့ယုံကြည်ထားကြတဲ့ ယော့ခ်ရှိုင်းယားမြက်ခင်းလွင်ပြင်ထဲက မစ်ဇယ်ဝိတ်စံအိမ်တော်ကြီးရယ် စံအိမ်တော်ကြီးကိုအသစ်ရောက်လာတဲ့မေရီဆိုတဲ့ကောင်မလေးရယ်ကို အခြေတည်ထားတာပါပဲ။ မေရီ့အတွက်နေရာသစ်ဆိုပေမယ့် စံအိမ်ကြီးနဲ့ကျ ဆယ်နွယ်မှုတစ်ခုခုရှိနေတယ်လို့ခံစားခဲ့ရတယ်။ ဒီလိုနဲ့ တစ်နေ့မှာ စံအိမ်ရဲ့အပြင်ဘက်တောအုပ်ထဲမှာကစားရင်း လျှို့ဝှက်မှော်ဥယျာဥ်တစ်ခုကိုတွေ့လိုက်ရပါတော့တယ်။ အဲဒီနောက်မှာ စံအိမ်တော်ကြီးနဲ့ မှော်ဥယျာဥ်ရဲ့လျှို့ဝှက်ချက်တွေဟာလည်းတဖြည်းဖြည်းပေါ်ပေါက်လာပါတော့တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို Hnin Ei Pai မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 785MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 39Min Genre - Drama, Family, Fantasy Subtitle - Myanmar Subtitle (Hardsub) Translated by Hnin Ei Pai Encoded by Y

Comedy • Drama • Romance
6.4 2020 99 mins
The Secret Garden
The Murderer
5

သိပ္ပံပညာနဲ့ ရှင်းပြလို့မရတဲ့အရာတွေထဲမှာ လူတွေရဲ့ အိပ်မက်လည်း ပါပါတယ်။ အိပ်မက်ထဲက မက်တဲ့အရာတွေက တစ်ခါတလေ နားမလည်နိုင်စရာတွေ အများအပြားရှိပါတယ်။ ယခု CM က ဘာသာပြန်တင်ဆက်ပေးမယ့် ဖြစ်ရပ်မှန်ရုပ်ရှင်လေးဟာဆိုရင်လည်း အိပ်မက်တစ်ခုက စတင်ခဲ့ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ပေကျင်းဆေးတက္ကသိုလ်မှာ ပါမောက္ခဘွဲ့ရဖို့ ကြိုးစားနေတဲ့ တုံချိုးဝမ်ဟာ မောင်လေးဖြစ်သူ တုံချိုးဟွာအသတ်ခံရပြီး ရွာပျက်အနားက တံတိုင်းတွေပြိုနေတဲ့ ခြံတစ်ခုထဲမှာ အမြှုပ်ခံထားရတယ်လို့ အိပ်မက်မက်ခဲ့ပါတယ်။ သူမအမေက သူမမောင်လေးကို အဆက်အသွယ်မရတာ ၅ ရက်လောက်ရှိပြီလို့ ဖုန်းဆက်လာတော့ သူမ စိုးရိမ်မိပြီး ရွာပြန်ဖို့ လုပ်ပါတော့တယ်။ သူမ ရထားနဲ့ ခရိုင်မြို့ကို ရောက်တာနဲ့ ဘကြီး မောက်ရှန်းကလာကြိုပြီး ခရိုင်ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ ရွာပြန်ရောက်တော့ အစ်မချွင်းမေ့ရဲ့ ပြောကြားချက်အရ သူမမောင်လေးကို မပျောက်ခင်ရှေ့တစ်ရက်က ဘကြီးမောက်ရှန်းရဲ့ ချွေးမနဲ့ ဆေးရုံမှာ တွေ့ခဲ့တာ သိခဲ့ရပါတယ်။ ချိုးဝမ်တစ်ယောက် ဒီကိစ္စကို ရဲတွေကို ပြောပြလိုက်တဲ့အတွက် ရဲတွေက ဘကြီးမောက်ရှန်းအိမ်ကို သွားရောက်စစ်ဆေးခဲ့ပါတယ်။ ဘကြီးမောက်ရှန်းဟာ တစ်ရွာလုံးအပေါ်ကျေးဇူးရှိခဲ့သူဖြစ်တဲ့အတွက် ရွာသူရွာသားတွေက ချိုးဝမ်ကို မကျေနပ်ကြတော့ပါဘူး။ သို့သော် ချိုးဟွာကိုပဲ စိတ်ပူနေတဲ့ ချိုးဝမ်ဟာ ရွာသားတွေရဲ့ မျက်နှာတွေကို ကြည့်မနေနိုင်တော့ပါဘူး။ သူမအမေက သူမကို စိတ်လိုက်မာန်ပါမလုပ်ဖို့ ပြောနေသော်လည်း သူမ အမှန်တရားကို တွေ့မှဖြစ်မယ်လေ။ ချိုးဝမ်တစ်ယောက် ချိုးဟွာကို ပြန်ရှာတွေ့ပါ့မလား...... ချိုးဟွာရဲ့ ပျောက်ဆုံးမှု နောက်ကွယ်မှာ ဘယ်လိုပြဿနာတွေ ရှိနေမလဲ ...... ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ လိုက်ပါအဖြေရှာလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Action Runtime : 1h 30 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Moon  Encoded by LK

Action
5 2023 90 mins
The Murderer
The Sisters Brothers
6.8

ဒီတစ်ခါတော့ The Sisters Brothers ဆိုတဲ့ အက်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ချာလီနဲ့ အီလိုင်လို့ခေါ်တဲ့ ညီအကိုနှစ်ယောက်ဟာ အော်ရီဂွန်မြို့က တပ်မှူးအားကိုးရတဲ့ တိုက်ခိုက်ရေးသမားတွေပဲ ဖြစ်ပါတယ်။ ခိုင်းစေသမျှတာဝန်မှန်သမျှကို ဘယ်တော့မှ လွဲလျော်လေ့မရှိပဲ အောင်မြင်ခဲ့တာကြောင့် Sisters Brothers ဆိုပြီး နာမည်ကျော်ကြားသူတွေလည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူတို့ရဲ့တပ်မှူးက ရွှေတူးတာကို ဖော်မြူလာတစ်ခုတီထွင်နိုင်ခဲ့တဲ့ လူတစ်ယောက်ကို လိုက်ရှာခိုင်းတဲ့အခါမှာတော့ တိုက်တိုင်းအောင် ညီအကိုတွေရဲ့ ဒီတစ်ခေါက် စစ်ဆင်ရေးက ဘယ်လိုတွေဖြစ်မလဲဆိုတာကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ကောင်းဘွိုင်ခေတ် အငွေ့အသက်တွေနဲ့ အက်ရှင်ကားကောင်းတစ်ကောင်းကို တင်ဆက်ပေးလိုက်တာမို့လို့ အားပေးကြပါဦးဗျာ File Size : (965 MB) and (260MB) Quality : Web DL 720p Running Time :2hr 01 min Format : Mp4 Genre : Adventure  , Comedy , Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Tar Tee Poe Encoded by Moe Myint Lwin

Comedy • Drama • Sci-Fi & Fantasy
6.8 2018 121 mins
The Sisters Brothers
[18+] Lady Chatterley’s Lover
6.9

Lady Chatterley’s Lover (2022) (18 ယောက်ဖြစ်ဖြစ် 21 ယောက်ဖြစ်ဖြစ် စုကြည့်ရမဲ့ ကားမျိုးဖြစ်တာကြောင့် မိသားစုနဲ့ ကြည့်ဖို့တော့ မသင့်တော်ပါဘူးခင်ဗျာ) 1928 ခုနှစ်တုန်းက ဒီနာမည်နဲ့ပဲ ထွက်ရှိခဲ့တဲ့ ဝတ္ထုဟာ ညစ်ညမ်းစာပေအဖြစ်နဲ့ အဲဒီခေတ်ကာလအခြေအနေအရ နိုင်ငံအတော်များများမှာ ပိတ်ပင်ခြင်းခံခဲ့ရပါတယ်။ ဒီဝတ္ထုကိုပဲ ရုပ်ရှင်၊ ဇာတ်လမ်းတွဲအဖြစ် မြောက်မြားစွာရိုက်ကူးခဲ့ကြပေမဲ့ သိပ်မအောင်မြင်ကြပါဘူး။ ဒီတစ်ခေါက် Netflix က ထွက်တဲ့ ဗားရှင်းကိုတော့ အတော်လေးချီးကျူးထားကြတာ တွေ့ရပါတယ်။ ပြီးတော့ မင်းသမီးဟာလည်း The Crown Season 4 မှာ မင်းသမီးဒိုင်ယာနာအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Emma Corrin ဖြစ်ပါတယ်။ အင်္ဂလိပ်ရုပ်ရှင်လောကရဲ့ နောက်ထပ်တောက်ပလာမယ့် ကြယ်ပွင့်အဖြစ် အလားအလာရှိနေသူလေးလည်းဖြစ်ပါတယ်။ ဒီကားထဲက sex scene တွေဟာ ရမ္မက်စိတ်ကို နှိုးဆွပေးတယ်ဆိုတာထက် ပန်းချီကားတစ်ချပ်ကို ကြည့်နေရသလိုပါပဲ။ သစ်ပင်တွေကြားထဲမှာ၊ လယ်ကွင်းထဲမှာ၊ စမ်းချောင်းဘေးမှာစတဲ့ မြင်ကွင်းပေါင်းစုံမှာ အိပ်မက်ဆန်ဆန် မှုန်ဝါးဝါးပန်းချီကားအစုံကို ကြည့်နေရသလိုပါပဲ။ ကျွန်တော်သဘောကျတဲ့ မြင်ကွင်းတစ်ခုဆိုရင် အပြာရောင်ကောင်း‌ကင်တစ်ဝက်၊ အစိမ်းရောင်မြက်ခင်းပြင်တစ်ဝက်နဲ့ အလယ်ဗဟိုမှာ သရုပ်ဆောင်နှစ်ယောက်ရဲ့ အရိုင်းဆန်စွာနဲ့ လှုပ်ရှားနေတဲ့ ကင်မရာရိုက်ချက်ပါပဲ။ ဇာတ်လမ်းအကျဉ်းလေး ပြောရရင်တော့ … လက်ထပ်ပြီးမကြာခင်မှာပဲ ပထမကမ္ဘာစစ်ကြောင့် Connie ရဲ့ ခင်ပွန်းသည်ဖြစ်သူဟာ ခါးအောက်ပိုင်း သေသွားပါတယ်။ စစ်ကြီးပြီးလို့ ခင်ပွန်းသည်ရဲ့ Wragby အမွေခံအိမ်ကြီးဆီ ပြန်လာနေကာ ကျောက်မီးသွေးမိုင်းတွင်းတွေကို ဦးစီးလုပ်ကိုင်ရပါတယ်။ ခင်ပွန်းဟာ အောက်ပိုင်းသေနေတဲ့အတွက် လိင်မှုကိစ္စလည်း လုပ်နိုင်စွမ်းမရှိတဲ့အပြင် သူ့အပေါ်ကို ချစ်သူဇနီးမယားတစ်ယောက်အနေနဲ့ မဟုတ်ဘဲ နာ့စ်တစ်ယောက် အိမ်အကူတစ်ယောက်အဖြစ် မှီခိုလာပါတော့တယ်။ ရုတ်တရက် မြို့ကြီးပြကြီးကနေ ကျေးလက်ဒေသကို ပြောင်လာမှုကြောင့် အသားမကျမှု၊ ခင်ပွန်းရဲ့ တဖြည်းဖြည်းအေးစက်လာမှု၊ ကာမ လိုအင် မပြည့်ဝမှု စတာတွေကြောင့် Wragby ခန်းမဆောင်ဟာ သူ့အတွက် မည်းမှောင်တိတ်ဆိတ်တဲ့ နေရာအဖြစ်မြင်လာပါတော့တယ်။ ဒီအရာတွေဟာ သူတို့အိမ်တော်က မွေးမြူရေးအလုပ်သမား Oliverနဲ့ တွေ့တဲ့အခါ အသစ်တဖန်ပြန်အသက်ဝင်လာပါတယ်။ ဝိဉာဉ်မဲ့နေတဲ့ Connieအတွက် Oliverဟာ ပြန်လည်အသက်ဆက်စရာ ကြိုးတစ်‌ချောင်း ဖြစ်လာတဲ့အခါ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်က Jane ပါ။) File Size : 3.1GB, 1.1GB, 507MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 2hr 6mins Genre : Drama, Romance Translated by Jane Encoded by Kinnov

Crime • Drama • Mystery • Thriller
6.9 2022
[18+] Lady Chatterley’s Lover
Gooische Vrouwen 2
5.9

Gooische Vrouwen 2 (2014) ==================== IMDb Rating – 5.9/10 (ဒီရုပ်ရှင်ကိုမကြည့်ခင် Gooische Vrouwen (2011) ကိုအရင် ကြည့်ထားရင်ကြည့်ရတာပိုကောင်းပါလိမ့်မယ်။ ရုပ်ရှင်နှစ်ခုကြား ဆက်စပ်မှုလေးတွေရှိပါတယ်။ အဆိုပါဆက်စပ်မှုလေးတွေကို သိထားရင် ပိုပြီးရယ်စရာကောင်းပါလိမ့်မယ်။ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါးလေးမှတမင်ကြည့်ချင်တယ်ဆိုရင် ဒီရုပ်ရှင်ဟာ သင့်အတွက်ဖြစ်ပါလိမ့်မယ်) ဇာတ်လမ်းက နယ်သာလန်နိုင်ငံ ဟတ်ဂွိုင်မြို့မှ သက်လတ်ပိုင်း အရွယ်အမျိုးသမီးသူငယ်ချင်း ၄ယောက် အကြောင်းပဲဖြစ်ပါတယ်။ အာဖရိကသို့နှစ်ရှည်ခရီးအလည်ပတ်သွားရာမှပြန်ရောက်လာပြီး ဟတ်ဂွိုင်နဲ့ အသားပြန်မကျသေးတဲ့ ကလယ်ရာ၊ ရည်းစားတွေရှုပ်မြဲ ရှုပ်နေဆဲဖြစ်တဲ့ အာနု၊ အိမ်ထောင်ရေးပြဿနာတွေနဲ့ လုံးပန်းနေရ ပြန်တဲ့ ရှရယ်၊ သဘာဝတရားကြီးနဲ့တိရစ္ဆာ‌န်လေးတွေအပေါ်သံယော ဇဉ်ကြီးလွန်းတဲ့ ရိုလီယန်။ အဆိုပါ သူငယ်ချင်း ၄ယောက် တစ်ယောက်ဒုက္ခတစ်ယောက်ဖေးမရင်း အသက်တွေကြီးသည်အထိ ဘဝကို အတူတကွနေထိုင်ဖြတ်သန်းကြပုံ များကို ရယ်မောရင်းပေါ့ပေါ့ပါးပါးကြည့်ရှုခံစားရမယ့် ရုပ်ရှင်ပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kaung Paing ဖြစ်ပါတယ်) File Size……….(1.74 GB) / (765 MB) / (452 MB) Quality…………Blu-Ray 1080p / 720p / 480p Duration………1Hr 46Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Comedy, Drama, Romance Translator…….Kaung Paing Encoder……….SWM

Thriller • TV Movie
5.9 2014
Gooische Vrouwen 2
[18+] 99 Moons
5.9

အဖြူနှင့်အမည်းကဲ့သို့ အရောင်ဖြစ်တာခြင်းတူပေမယ့် ဝိသေသလက္ခဏာချင်းမတူတဲ့ ဘီညာနဲ့ ဖရန်ကီတို့နှစ် ယောက်။ ဘီညာက ချီလီနိုင်ငံမှာ သိပ္ပံသုတေသနပြုဖို့ ကြိုးစားနေတဲ့ သိပ္ပံပညာရှင်မလေးဖြစ်တယ်။ တစ်ခါ တစ်ရံ လစ်ရင်လစ်သလို ယောင်္ကျား‌တွေနဲ့တစ်ယောက် ပြီးတစ်ယောက် တိတ်တခိုးချစ်ရည်‌လူးတတ်တဲ့အကျင့် လေးရှိတာကတစ်ပိုင်းပေါ့လေ။ အဲလိုနဲ့ ဘီညာတစ်ယောက် ကာမစိတ်တွေဖြေနေရင်း အဖော်မဲ့‌နေတဲ့ ဖရန်ကီနဲ့ ဆုံဆည်းခွင့်ရသွားတယ်။ ဖရန်ကီ ကတော့ မူးယစ်ဆေး‌တွေသုံးရင်း အချစ်ရဲ့အဓိပ္ပာယ်ကိုရှာ ဖွေနေတဲ့ တစ်ကိုယ်တော်သမားတစ်ယောက်ဖြစ်တယ်။ အဲလိုမျိုး ဆန့်ကျင်ဘက်လူနှစ်ယောက်တွေ့ဆုံသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ် မလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ KSN ဖြစ်ပါတယ်) File Size……….(1.85 GB) / (634 MB) / (350 MB) Quality…………WEB-DL 1080p / 720p / 480p Duration………1Hr 50Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….KSN Encoder……….AdminX

Horror • Thriller • Comedy
5.9 2022 110 mins
[18+] 99 Moons
Família

Familia (2023) ဇနီးဆုံးပြီးနောက်ပိုင်း ရိုးရာ မြေအိုးဖုတ်ပညာကိုပဲ တစိုက်မတ်မတ်လုပ်ခဲ့တဲ့ ဆယ်ဂျီ ကာမီရဟာ အသက်အရွယ်တော်တော်ရနေပြီး အေးချမ်းစွာနဲ့ တောင်ပေါ်ရွာလေးမှာ နေထိုင်သူတစ်ယောက်ပါ။ တစ်နေ့မှာတော့ အာဖရိကမြောက်ပိုင်းက သားဖြစ်သူက နိုင်ငံခြားသူလေးတစ်ယောက်ကို လက်ထပ်ခေါ်လာပြီး စက်ရုံအလုပ်ကိုထွက်တော့မယ့်အကြောင်း၊ အဖေဖြစ်သူလိုပဲ မြေအိုးတွေလုပ်ပြီး အသက်မွေးပြီး ဂျပန်မှာပဲ အခြေပြန်ချတော့မှာတဲ့ အကြောင်း ပြောလာပါတော့တယ်။ ဆယ်ဂျီ နေတဲ့ ရွာ မနီးမ​ေ၀းမှာလည်း ဘရာဇီးကနေ ရွေ့ပြောင်းနေထိုင်လာသူတွေ စုနေတဲ့ အိမ်ရာ၀င်းထဲက မာကို ဆိုတဲ့လူငယ်လေးဟာလည်း ဂျပန်လူဆိုးလူမိုက်အဖဲွ့နဲ့ ရန်ပဲွဖြစ်ရာကနေ ထွက်ပြေးလွတ်မြောက်လာပါတယ်။ ခေတ္တ အိမ်ပြန်လာတဲ့ ဆယ်ဂျီရဲ့သားဖြစ်သူ ဆာတိုရု က လူမိုက်တွေရန်ကနေ ကယ်တင်ရာကနေ မာကိုတို့ မိသားစုနဲ့ ဆယ်ဂျီတို့ မိသားစု ခင်မင်သွားကြပါတယ်။ ဒီလိုနဲ့ အလုပ်ထွက်ဖို့ အယ်ဂျီးရီးယားနိုင်ငံကို ဆာတိုရုတို့ ဇနီးမောင်နံှ ခေတ္တပြန်သွားခဲ့ပါတယ်။ မာကိုတို့သူငယ်ချင်းတစ်သိုက်နဲ့ မာကိုရဲ့ ချစ်သူ ဟာလည်း နယ်ခံလူမိုက်ခေါင်းဆောင်ရဲ့ အဆက်မပြတ်ခြိမ်းခြောက်ခံလာရပြီး၊ ခေတ္တပြန်သွားတဲ့ ဆာတိုရုတို့ဟာလည်း ထင်မှတ်မထားတဲ့ကြမ္မာဆိုးကြီး ကြုံတွေ့ရပါတော့တယ်။ ဆယ်ဂျီ ဆာတိုရု နဲ့ မာကို တို့ သုံးယောက်အကြား အကြောင်းအရာတွေ ဘယ်လိုချိတ်ဆက်ပြီး ကံကြမ္မာဆိုးကို ကျော်သွားနိုင်မလားဆိုတာကိုတော့ ဒီ Familia ဇာတ်ကားကိုကြည့်ပြီး အဖြေရှာကြည့်လိုက်ကြပါစို့နော် အညွှန်း နဲ့ ဘာသာပြန်ကတော့ Sai Naung Naung ပဲ ဖြစ်ပါတယ်။ Genre….. Drama Quality…. 1080p | 720p File size… 1.7GB | 834MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Sai Naung Naung Encoder ….. Aaron

Thriller
0 2023 121 mins
Família
No One Will Save You
6.5

ဂြိုလ်သားကားပေမဲ့ ကြောက်စရာကောင်းပါတယ်။ သိပ္ပံစိတ်ကူးယဉ် ဟော်ရာအမျိုးအစားရိုက်ကူးထားတာပါ။ အိမ်မှာ တကိုယ်တည်း ကိုယ့်ဟာကိုယ်တောင် အာရုံနောက်နေတဲ့ ကောင်မလေးတစ်ယောက်အိမ်ကို ဂြိုလ်သားတွေရောက်လာပြီး လိုက်သတ်ပါတယ်။ အဲဒီဂြိုလ်သားတွေက ကမ္ဘာကြီးကိုသိမ်းဖို့ ကြိုးစားနေတာကို ပြန်တိုက်ရပါတယ်။ ပြဿနာက မြင်နေရတဲ့ ကမ္ဘာနဲ့ ဖြစ်တည်မှုတွေက အစစ်လိုလို အတုလိုလို စဉ်းစားရခက်နေတာပါ။ ဖန်တီးခံထားရတာတွေကဘာလဲ၊ တကယ်ဖြစ်နေတာတွေကဘာလဲ၊ ဒီကောင်မလေးကိုရော ဘာလို့ ဂြိုလ်သားတွေက သတ်ချင်တာလဲ သို့လောသို့လောနဲ့ ကြည့်ရမှာပါ။ ဒါရိုက်တာကတော့ အရင်ကတည်းက နာမည်ကြီး ရုပ်ရှင်တွေဖြစ်တဲ့ The Divergent Series: Insurgent တို့ Love and Monsters တို့ကို ဇာတ်ညွှန်းရေးခဲ့တဲ့ Brian Duffield ပါ။ မင်းသမီးကတော့ မှတ်မှတ်ရရ Unbelievable ဆိုတဲ့ စီးရီးမှာ ကောင်းကောင်းကြီး သရုပ်ဆောင်သွားတဲ့ Kaitlyn Dever ပါပဲ။ သူနာမည်ကြီးခဲ့တဲ့ Unbelievable စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်လို့ရပါတယ်။ မုဒိန်းမှုနဲ့တိုင်တာကို ဘယ်သူမှမယုံကြတဲ့ ဖြစ်ရပ်မှန်စီးရီးပါ။ အခုရုပ်ရှင်ထဲမှာလည်း စကားတောင် မပြောဘဲ သူတစ်ယောက်တည်းနဲ့ တစ်ကားလုံးကို စိတ်ဝင်စားစရာ ဆွဲခေါ်သွားပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ File size… 3 GB / 1 GB / 758 MB Quality… WEB Rip 4k / 1080p / 720p Format… mp4 Duration…. 1h 33m Genre ….. Horror , Sci-Fi Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Mr Anderson

6.5 2023 93 mins
No One Will Save You
Face Off 6: The Ticket Of Destiny
6.5

Face off 6 : The Ticket of Destiny (2023) Vietnam Anthology seriesထဲမှာ တော်တော်လေးလူကြိုက်များတဲ့ Face off seriesရဲ့ ၆ ကားမြောက်ဖြစ်တဲ့ Ticket of destiny လေး ထွက်ရှိလာပါပြီ။ Face off 1ကစလို့ မမျှော်လင့်ပဲနဲ့ ရုတ်တရက်ပြဿနာတွေရင်ဆိုင်ရတဲ့အစဉ်အလာမပျက် Face off 6 မှာရော ဘာတွေကြုံရမလဲဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ။ ငွေဆိုတာ ကံကောင်းခြင်းဆိုလည်းဟုတ် ကံဆိုးခြင်းဆိုလည်းဟုတ်တဲ့ အသွားနှစ်ဖက်နဲ့ဓားတစ်လက်ပါ။ ဘယ်လောက်ပဲ ငွေဟာအရေးမကြီးပါဘူးပြောနေပါစေ အချိန်တန်ရင် Second Godလို့တင်စားရတဲ့ငွေရဲ့ခြေရင်းမှာ ကျွန်တော်တို့တော်တော်များများ ကျရှုံးရတာချည်းပါပဲ။ ဒီကားလေးထဲမှာလည်း မမျှော်လင့်ဘဲရောက်လာတဲ့ ငွေထုပ်တစ်ထုပ်ကြောင့် ပြောင်းလဲသွားတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ကံကြမ္မာကို ရှုစားရမှာဖြစ်ပါတယ်။ သမီးလေးကလည်းချူချာ ကိုယ်ပိုင်လုပ်ငန်းကလည်း အခြေအနေမဟန်လှတဲ့ဖွန်တစ်ယောက် သူငယ်ချင်း ၆ ယောက်ရဲ့မွေးနေ့တွေကိုစုပြီးတော့ ထီထိုးလိုက်ပါတယ်။ ဒီထီလက်မှတ်သာ ဆုကြီးတစ်ဆုပေါက်ခဲ့ရင် အားလုံးအညီအမျှခွဲယူပြီး အားလုံးတူတူ ဘဝကိုပြောင်းလဲပစ်လို့ ဆင်းရဲတွင်းကနေအလွတ်ရုန်းမယ်ဆိုတဲ့ မဟာရည်မှန်းချက်ကြီးနဲ့ပေါ့။ ဒီထီလက်မှတ်ကိုတော့ အဖွဲ့ထဲက ရိုးသားကြိုးစားတဲ့ လူရိုးကြီးအန်ကို သိမ်းထားခိုင်းပါတယ်။ ဖြစ်ချင်တော့ အန်တစ်ယောက် မတော်တဆမှုနဲ့ ဆုံးပါးသွားပြီး အန်သိမ်းထားတဲ့ ထီလက်မှတ်ကလည်း Jackpotဆုကြီးပေါက်သွားချိန်မှာတော့…. ဖြူစင်ပါတယ် ရင်းနှီးပါတယ်ဆိုတဲ့ သူငယ်ချင်း ၆ ယောက်ရဲ့ဆက်ဆံရေးကြားမှာ ငွေဆိုတဲ့မုန်တိုင်းဝင်လာချိန်မှာတော့ ဘယ်လိုသရုပ်မှန်တွေပေါ်လာကြမလဲ။ ပျောက်ဆုံးနေတဲ့ထီလက်မှတ်ကိုရှာရင်းနဲ့ ဘာပြဿနာတွေဆက်ဖြစ်လာမလဲဆိုတာကိုတော့ ရုပ်ရှင်လေးကိုကြည့်ရှုခံစားရင်း ပဟေဠိ အဖြေညှိလိုက်ရအောင်ပါ။ Genre….. Comedy, Drama Quality…. 1080p | 720p File size… 1.2GB | 545MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

6.5 2023 132 mins
Face Off 6: The Ticket Of Destiny
Wonderful Youth
6

နယ်ကလာတဲ့ကောင်လေးတစ်ယောက်ရဲ့ဘတ်စကက်ဘောအိပ်မက်ဟာ အရမ်းကိုရူးသွပ်ပြီးခိုင်မာတဲ့အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို မှီငြိမ်းပြီးရိုက်ထားတဲ့ လူငယ်ကားလေးဖြစ်ပါတယ်။ ဘတ်စကက်ဘောကိုချစ်တဲ့ရှောင်းယွီဖန်ဟာ နယ်မြို့လေးမှာ အလယ်တန်းအောင်ပြီးတော့ မြို့ကြီးကိုတက်ပြီးအထက်တန်းတက်ရတဲ့အခါ သူ့ရဲ့အိပ်မက်ဖြစ်တဲ့ဘတ်စကက်ဘောအားကစားချန်ပီယံဖြစ်ဖို့ရာအတွက် ကျောင်းဘတ်စကက်ဘောအသင်းကိုဝင်နိုင်ဖို့ နည်းလမ်းစုံကြိုးစားရပါတယ်။ အစပိုင်းမှာခက်ခဲပေမယ့် အခွင့်အရေးကြုံတော့ အသင်းဝင်ဖြစ်လာခဲ့ပါတယ်။ လူငယ်သဘာဝ စိတ်ဆတ်ကြတဲ့အတွက် အဖုအထစ်လေးတွေနဲ့ အဆင်မပြေမှုတွေရှိခဲ့ကြတယ်။ တစ်ဖြည်းဖြည်းနဲ့ အထင်လွဲတာတွေ ရှင်းသွားပြီးတော့ သူငယ်ချင်းသံယောဇဉ်တွေဖြစ်လာကြပြီး အားလုံးအတူနိုင်ငံအဆင့်ချန်ပီယံဖြစ်ဖို့ အစွမ်းကုန်ကြိုးစားကြတဲ့ဘဝခရီးအကြောင်းလေးဖြစ်ပါတယ်။ အခက်အခဲတွေကိုအတူတူကျော်ဖြတ်ရင်း တူညီတဲ့အိပ်မက်အတွက် နုပျိုဆန်းကြယ်တဲ့အထက်တန်းကျောင်းသားလေးတွေရဲ့အင်အားနဲ့ ပန်းတိုင်ရောက်ဖို့ မဆုတ်မနစ်ကြိုးစားသွားတဲ့ လူငယ်တွေအတွက်ခွန်အားဖြစ်စေမယ့် ဇာတ်ကားပဲဖြစ်ပါတယ်။

Comedy • Romance • Drama
6 2024
Wonderful Youth
Khel Khel Mein
7.1

Khel Khel Mein (2024) “အရင်းနှီးဆုံးသူစိမ်းများ” IMDb – 7.1/10 Remakeမင်းသားကြီးရဲ့ ဘောလိ၀ုဒ်ဟာသဒရာမာရုပ်ရှင်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်က Perfect Strangers (2016)ဇာတ်လမ်းကို အခြေခံပြီးပြန်လည်ရိုက်ကူးထားတာ။ နိုင်ငံတော်တော်များများ ပြန်ရိုက်ထားကြတဲ့အပြင် မလေယာလမ်းစကားပြော အိန္ဒိယရုပ်ရှင်ကိုက နှစ်ကားထိရှိတယ်။ 12th Man (2012)နဲ့ 1001 Nunakal (2022)တဲ့။ ဒီရုပ်ရှင်မှာတော့ အရှေးကူးမား၊ တာ့ပ်ဆီး၊ ပရေ့ဂ်ယာဂျေစ်ဝယ်လ်နဲ့ ဗာနီကပူးရ်တို့လို နာမည်ကျော်သရုပ်ဆောင်တွေပါဝင်ထားကြပါတယ်။ အိမ်ထောင်သည်တွေ၊ အိမ်ထောင်တခုထူထောင်ဖို့ စဉ်းစားနေသူတွေကို အလင်းဖွင့်ပေးချင်တဲ့ စေတနာကိုလည်းမြင်တွေ့ရမှာပါ။ ဇာတ်အလမ်းအကျဉ်းပြောရရင် သူငယ်ချင်းသုံးယောက်ရှိတယ်၊ သုံးယောက်လုံးက အိမ်ထောင်သည်တွေ။ တစ်ကောင်ရဲ့ခယ်မ မင်္ဂလာဆောင်ရှိရာမြို့ကို သွားကြဖို့ စီစဉ်ထားကြတယ်၊ သွားကြတယ်ပေါ့။ မင်္ဂလာဆောင်မှာတွေ့ကြပြီး သူငယ်ချင်းစုံတွဲသုံးတွဲ အတူတူရှိနေရာကစ ဂိမ်းတစ်ခုကစားဖို့ လုပ်ကြတဲ့အချိန်မှာတော့ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေ၊ သိုဝှက်ထားတဲ့ စိတ်ခံစားမှုတွေ ဘွင်းဘွင်းကြီးပေါ်လာပြီး ဘယ်လိုရှေ့ဆက်ကြမယ်ဆိုတာ ကြည့်ရှုကြရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamဖြစ်ပါတယ်)

7.1 2024 135 mins
Khel Khel Mein
Gone in Sixty Seconds
6.5

ဆရာကြီး Nic Cageရဲ့ နုစဉ်အခါက ဇာတ်ကားဟောင်း တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်။ Need for Speed F&Fတို့လို vibeမျိုးဖြစ်ပြီး Nic ရဲ့ ကားမောင်းစွမ်းရည် တွေကို မြင်တွေ့ရမှာပါ။ အဲဒီအပြင် မမဂျိုလီရဲ့ နုပျိုတဲ့ အလှတရားတွေကိုလည်း တွေ့ရဦးမှာပါ။ ဇာတ်လမ်းကတော့ ကားသူခိုးအလုပ်ကနေ အနားယူပြီး ကောင်းရောင်းကောင်းဝယ် လုပ်စားနေတဲ့ မမ်ဖစ်ရိန်းစ် တဖြစ်လဲ နစ်ကေ့ဂ်ျကြီးဆီကို မကောင်းတဲ့အလုပ်တွေက ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာခဲ့ပါတယ်။ ညီဖြစ်သူ ကစ်ပ်က ကား‌မှောင်ခိုဂိုဏ်းတစ်ခုအတွက် ကားခိုးပေးဖို့ အလုပ်လက်ခံပြီး အောင်မြင်အောင် မလုပ်နိုင်လို့ ဖမ်းခံ ထားရပြီး အသတ်ခံရမယ့်အရေးနဲ့ ကြုံနေရတာပါ။ အဲဒီအတွက် ညီဖြစ်သူကိုကယ်တင်ဖို့ အပေးအယူအနေနဲ့ မမ်ဖစ်တစ်ယောက် အဲဒီဂိုဏ်းအတွက် ကားခိုးပေးရမယ့် အခြေအနေ ဖြစ်လာပါတယ်။ ခိုးပေးရမယ့် ကားအစီးရေ ကလည်း အစီး၅၀တိတိ ဖြစ်ပြီး လေးရက်အတွင်း အပြီး ခိုးပေးရမှာပါ။ ဒါ့အပြင် သူနဲ့ နောက်ကြောင်းတွေ ရှိခဲ့တဲ့ နယ်ခံစုံထောက်တွေကလည်း သူ့ကို မျက်စိဒေါက်ထောက် ကြည့်နေတာမလို့ မမ်ဖစ်တစ်‌ယောက် သူ့ကားသူခိုးအဖွဲ့နဲ့ ရဲတွေလက်ကလွတ်အောင် ကားအစီး၅၀ကို ဘယ်လိုမျိုး ခိုးကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ File Size : 1.9 GB, 922 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 58min Format : Mp4 Genre : Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by : JimX Encode by : Thit San Khant

6.5 2000 118 mins
Gone in Sixty Seconds
Baapu – A Father’s Story
6.4

Baapu – A father story (2025) “မိသားစုရဲ့ပဲ့ကိုင်ရှင်” မြို့ပြဘ၀ရဲ့မွန်းကျပ်မှုတွေကနေ ခဏတာပြေပျောက်ချင်သူတွေအတွက် တေလဂူစကားပြော ကျေးလက်ဒရာမာဇာတ်လမ်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ လယ်သမားကြီးတစ်ယောက်ရဲ့ဘ၀နဲ့ ကျေးလက်လူနေမှုဘ၀ကို ရိုက်ကူးထားပြီး ဖြစ်ရပ်မှန်ကိုအခြေခံထားတယ်လို့လည်း ဆိုပါတယ်။ ‌မာလေယာဟာ ဇနီးဖြစ်သူနဲ့အတူ မောင်တစ်ထမ်းမယ်တစ်ရွက် ရွာမှာလယ်လုပ်ရင်း ဘ၀ကိုရုန်းကန်နေတဲ့ လယ်သမားတစ်ယောက်ပါ။ သူ့မှာ သုံးဘီးမောင်းတဲ့ သားဖြစ်သူနဲ့ ကျောင်းတက်နေတဲ့ သမီးဖြစ်သူတို့အပြင် အမြဲရှက်ကီထုနေတဲ့ဖခင်အိုကြီးလည်း ရှိပါတယ်။ လယ်ပိုင်ဖြစ်ပြီး အလုပ်ကြိုးစားပေမဲ့ မာလေယာရဲ့ဘ၀ဟာ အကြွေးပတ်လည်ဝိုင်းနေတာကြောင့် မလူးသာမလွန့်သာအခြေအနေပါပဲ။ အကြွေးရှင်တွေရဲ့ဖိအားတင်မက သားကတစ်မျိုး သမီးကတစ်မျိုး ဒုက္ခလှလှလေးတွေကိုယ်စီပေးတတ်ကြပါသေးတယ်။ ပိုဆိုးတာက သူ့လယ်ကထွက်တဲ့သီးနှံတွေအကြောင်းကြောင်းကြောင့် ဆုံးရှုံးသွားရတဲ့အခါ မာလေယာတစ်ယောက် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ဖို့ ကြံစည်မိတဲ့အထိပါပဲ။ အကောင်းနဲ့အဆိုးဒွန်တွဲနေတတ်တဲ့ ဘ၀ဆိုတာကလည်း ကောင်းတစ်ခါ ဆိုးတစ်လှည့်လာတတ်တာမို့ မာလေယာတစ်ယောက် ဘယ်လိုကံအလှည့်အပြောင်းတွေ တွေ့ရဦးမလဲ၊ ဘယ်တော့များမှ ကံတရားကမျက်နှာသာပေးတာကို ခံရမလဲ၊ သူတို့မိသားစု ဘာတွေဆက်ဖြစ်ကြမလဲဆိုတာ ဒရာမာများများ ဟာသပါးပါးနဲ့ ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ (ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood team ပါ။)

6.4 2025 112 mins
Baapu – A Father’s Story