YoteShin Drive is below this article. Scroll down to view.

In many countries, you have to work on Windows 11

Author: Anonymous Published on: 12 Aug 2022

Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA

YoteShin Drive

Sign in using google and save to your drive

Wonderland(2024)WEB-DL.720P(CM).mp4

749.26 MB N/A video/mp4 534 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Samsara
7.4

ကားနာမည်ကိုက သံသရာဆိုတော့ သိတော့သိသာပါတယ်။ ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အတိအကျဆို တိဘက်ဗုဒ္ဓဘာသာကို အခြေတည်ထားတဲ့ ရုပ်ရှင်။ အဓိကဇာတ်လိုက်က တိဘက်က ကိုယ်တော်တစ်ပါး။ ထူးတာက ဇာတ်ကတော့ ဒီကိုယ်တော်ကိုပဲ တည်ထားပေမဲ့ အဲဒီကိုယ်တော်ကို သိဒ္ဓတ္ထမင်းသားရဲ့ ပုံစံငယ်လိုလိုသဘောမျိုးနဲ့ပြသွားတယ်။ ပုံစံငယ်လို့ပြောရတာလည်း သိပ်တော့မဟုတ်သေးဘူး။ ပြောရရင် သိဒ္ဓတ္ထမင်းသားနဲ့ ခပ်ဆင်ဆင်အဖြစ်မျိုးတွေ ဒီကိုယ်တော်ဘဝထဲ သွတ်သွင်းပြီး ပြသွားတယ်ပေါ့။ ဒီတစ်ကားလုံးရဲ့ Main Plot ဟာလည်း ဒီကိုယ်တော်ရဲ့ သံသရာကလွတ်မြောက်ရာရှာခြင်းခေါ်မလား၊ ဉာဏ်အလင်းရှာခြင်းခေါ်မလား၊ အာသဝက္ခယဉာဏ်ကို ရှာတယ်ခေါ်မလား၊ အဲဒီအရာကို ရှာတဲ့ အကြောင်းအရာပဲ။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ဟာ သူ့ခြေသည်းတွေကြား ကျောက်ခဲတစ်ခဲကို သုတ်ထားတယ်။ တစ်နေရာအရောက်မှာ ငှက်ဟာ လေပေါ် ခဏတန့်ရင်း ကျောက်ခဲကို ပစ်ချလိုက်တယ်။ အဲဒီကျောက်ခဲဟာ ဆိတ်ရဲ့ ခေါင်းပေါ်တည့်တည့်ကျပြီး ဆိတ်သေသွားတယ်။ ဒါ ဇာတ်လမ်းရဲ့အစပဲ။ ဒီနောက် ဘုန်းကြီးတစ်ဖွဲ့ဟာ ဂူပိတ် ကမ္မဋ္ဌာန်းထိုင်နေတဲ့ ကိုယ်တော်တစ်ပါးကို သွားပင့်ကြတယ်။ ကိုယ်တော်ဟာ အဲဒီဂူထဲ သုံးနှစ်တာလုံး ကမ္မဋ္ဌာန်းထိုင်ပြီးခဲ့ပြီ။ ကိုယ်တော်ကိုပင့်ပြီး လားမားကျောင်းတော်ကို ပြန်ခေါ်လာကြတယ်။ သိပ်မကြာလိုက်ပါဘူး။ ကိုယ်တော်ဟာ ရွာတစ်ရွာက ကောက်ရိတ်သိမ်းပွဲကိုသွားဖို့ အကြောင်းဖန်လာပြီ။ ရေစက်လို့ပဲဆိုဆို ဝဋ်ကျွေးလို့ပဲဆိုဆို ကိုယ်တော်ဟာ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံဖို့ အကြောင်းဖန်လာခဲ့ပြီ။ အဲဒီညမှာ ကိုယ်တော်ဟာ မိန်းမလှလေးရဲ့ အထိအတွေ့ကို အိပ်မက်မက်တယ်။ ဒီလိုနဲ့ ကျောင်းကို ပြန်လာခဲ့ပေမဲ့ ကိုယ်တော့်စိတ်ထဲ ဒီအိပ်မက်က တွယ်ငြိနေတုန်းပဲ။ ဒီလိုနဲ့ ကိုယ်တော်ဟာ သူ့ဆရာကို ဗုဒ္ဓဟာ သက်တော် ၂၉မှ တောထွက်ခဲ့တဲ့အကြောင်း၊ လောကီကို စွန့်လွှတ်ဖို့ လောကီမှာ အရင်ကျင်လည်ဖူးရမယ်ထင်ကြောင်း ပြောလာတယ်။ ဒီမှာ သူ့ဆရာက သူ့ကို လောကီဘောင်ထဲ သွားဖို့ ခွင့်ပြုလိုက်တယ်။ သူ့အိပ်မက်ဟာ အိပ်မက်မဟုတ်ကြောင်းလည်း ပြောပြလိုက်တယ်။ ဒီလိုနဲ့ ကိုယ်တော်ဟာ လူဝတ်လဲပြီး မိန်းမလှလေးရှိတဲ့ ရွာဆီ ထွက်ခွာလာခဲ့တယ်။ ဒီကနေမှ ဘုန်းကြီးလူထွက် လောကီဘောင်မှာ ကြုံရတဲ့ တဏှာတွေ၊ လောဘတွေ၊ ဒေါသတွေအကြောင်းကို ဆက်ပြတယ်။ ဒီလိုပြတဲ့နေရာမှာ လိင်ဆက်ဆံခန်း ၃ ၄ခန်း သုံးထားသလို သုံးထားသမျှ အခန်းတွေကလည်း တော်တော်လေး ကွက်ကွက်ကွင်းကွင်းဖြစ်တယ်။ ထူးတာက သုဇာတာပဲ။ ဃနာနို့ဆွမ်းကပ်ခဲ့တဲ့ သုဇာတာကို ဗုဒ္ဓဝင်ကို တီးမိခေါက်မိရှိရုံနဲ့တင် မသိသူမရှိပါဘူး။ ဒီမှာကျ သုဇာတာဆိုတဲ့ အမည်ကို သူရင်းငှားကုလားမလေးကို ပေးထားတယ်။ အဲဒီကုလားမလေးနဲ့ သူနဲ့ဖောက်ပြန်ခဲ့ခြင်းကလည်း သူ့ဉာဏ်အလင်းပွင့်မှုအတွက် အခရာကျတဲ့ တစ်ချက်လို့ပြောလို့ရတယ်။ သူ့ဆီကနေမှ မောဟ စဖြစ်လာတယ်ပြောလို့ ရလောက်တယ်။ တစ်ညမှာ သိဒ္ဓတ္ထမင်းသားက ယသောဓရာနဲ့ ရာဟုလာကို စကားတစ်ခွန်းမှမဆိုဘဲ ချန်ရစ်ခဲ့သလို သူလည်း ထိုနည်းလည်းကောင်းပဲ ထွက်ခွာလာခဲ့တယ်။ သံသရာကြီးတစ်ပတ်လည်ရင်း စမှတ်ကို ပြန်ရောက်သွားခဲ့တယ်။ သူဘုန်းကြီးပြန်ဖြစ်သွားပြီး တစ်နေ့ကျ သူ့မိန်းမရောက်လာတယ်။ သူစပြောတဲ့စကားက " ယသောဓရာ " တဲ့။ " ရှင် အဲဒီနာမည်ကို ကြားဖူးလား " တဲ့။ " သိဒ္ဓတ္ထမင်းသား ဂေါတမ သကျမုနိ ဗုဒ္ဓ လူတိုင်း အဲဒီအမည်နာမတွေကို သိကြတယ်။ ဒါပေမဲ့ ယသောဓရာကရော " ဆိုပြီး သူနဲ့အဖြစ်တူနေတဲ့ ယသောဓရာရဲ့ ခံစားချက် ဘယ်လိုနေမယ်ဆိုတာကို ဘုန်းကြီးကိုပြောပြတယ်။ ဒီအခန်းက ဒီရုပ်ရှင်ကို သာမန်ဗုဒ္ဓဘာသာအကြောင်း ရိုက်ပြထားတဲ့ ကားတွေနဲ့ အဓိကကွဲပြားစေတဲ့ အချက်ဖြစ်လိမ့်မယ်။ ဘယ်သူမှ တလေးတနက်မတွေးဖြစ်လောက်တဲ့ ယသောဓရာရဲ့ခံစားချက်ကို ကိုယ်တော့်ကို ပြောပြခဲ့တယ်။ ဒါပေမဲ့လည်း သူ့မိန်းမလည်း ယသောဓရာလိုပဲ သူ့တာဝန်သူကျေခဲ့တယ်။ ကိုယ်တော်ယူကြုံးမရဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ငိုကြွေးချင်းအဆုံးမှာ သူအဖြေကိုတွေ့သွားတယ်။ " ရေတစ်ပေါက်ကို ဘယ်တော့မှ မခန်းခြောက်အောင် ဘယ်လိုလုပ်ရမလဲ " " ပင်လယ်ထဲ ပစ်ချလိုက်ရမယ် " ဟိမဝန္တာတောင်တန်းတစ်နေရာက ကောင်းကင်ကျယ်ကြီးထဲ ငှက်တစ်ကောင်ပျံနေတယ်။ ငှက်ကို ကိုယ်တော်မော့ကြည့်လိုက်တယ်... (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size - 2.23GB, 1.01GB Quality - 1080p, 720p IMDb Rating - 7.7/10 Format - mp4 Duration - 2H 18Min Genre - Adventure, Drama, Romance Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

Comedy • Drama
7.4 2002 138 mins
Samsara
8MM
6.4

အဖော်အချွတ်နဲ့ ကြမ်းတမ်းတဲ့သတ်ဖြတ်ခန်းအချို့ပါတဲ့အတွက်ကြောင့် မိသားစုနဲ့အတူကြည့်မယ်ဆိုရင်သတိထားစေလိုပါတယ်... မင်းသားကြီး နစ်ကိုလပ်ကေ့ခ်ျခေါင်းဆောင်ပါဝင်ထားတဲ့ neo-noir psychological thriller အမျိုးအစား ရုပ်ရှင်ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂျိုကင်းဖီးနစ်၊ ဂျိမ်းစ်ဂန်ဒိုလ်ဖနီတို့ ဇာတ်ပို့အနေနဲ့ သရုပ်ဆောင်အားဖြည့်ထားပြီး ဒါရိုက်တာဂျိုးရှမက်ချာ ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ တွမ်ဝဲ့လ်စ်တစ်ဖြစ်လဲ နစ်ကိုလပ်ကေ့ခ်ျဟာ ချမ်းသာကြွယ်ဝတဲ့ မုဆိုးမတစ်ဦးဖြစ်တဲ့ မစ္စစ်ခရစ်ရှင်ရဲ့ရှေ့နေဖြစ်သူ မစ္စတာလောင်းဒေးလ်ရဲ့ဆက်သွယ်ပေးမှုကြောင့် ခရစ်ရှင်မိသားစုစံအိမ်ကြီးကို ရောက်လာခဲ့ရပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ အမျိုးသားဖြစ်သူ မစ္စတာခရစ်ရှင်ဟာ မကြာသေးမီကမှ ကွယ်လွန်သွားခဲ့တာဖြစ်ပြီး သူရဲ့ကိုယ်ပိုင်စာကြည့်ခန်းထဲမှာ မီးခံသေတ္တာတစ်လုံးကို ပဟေဠိဆန်ဆန်ချန်ထားခဲ့ပါတယ်။ သော့နံပါတ်ကို မစ္စတာခရစ်ရှင်တစ်ဦးသာသိတာကြောင့် သူဆုံးပါးသွားတဲ့အခါ ကျန်ရစ်သူမိသားစုဟာ မီးခံသေတ္တာကိုလူငှားဖွင့်ပြီး စစ်ဆေးကြည့်ခဲ့ပါတယ်။ အဲ့ဒီအခါမှာ မစ္စစ်ခရစ်ရှင်အနေနဲ့ ထူးဆန်းဖွယ်ဖလင်လိပ်တစ်ခုကိုတွေ့ရပြီး ဖွင့်ကြည့်တဲ့အခါမှာတော့ အဆိုပါဖလင်ဟာ မိန်းမငယ်လေးတစ်ယောက်ကို ဖဖွယ်မရာပြုပြီး သတ်ပြတာကို ရိုက်ထားတဲ့ လူသတ်ညစ်ညမ်းကားမျိုးဖြစ်တယ်ဆိုတာကို အော်ဂလီဆန်ဖွယ် စိတ်မချမ်းသာစွာ တွေ့လိုက်ရပါတယ်။ အဆိုပါကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ရေးကိုယ်တာအမှုတွေကို ထောက်လှမ်းရာမှာ သိုသိပ်ပြီး ထူးချွန်တဲ့ အလွတ်တန်းစုံထောက် တွမ်ဝဲ့လ်စ်အကြောင်းကို မစ္စတာလောင်းဒေးလ်ကတစ်ဆင့် သိရပြီး ဆက်သွယ်ခေါ်ယူလိုက်ရခြင်းဖြစ်ပါတယ်။ မစ္စစ်ခရစ်ရှင်ရဲ့ မေတ္တာရပ်ခံမှုအရ တွမ်ဝဲ့လ်စ်အနေနဲ့ အဆိုပါရုပ်ရှင်မှာရိုက်ပြထားတဲ့ စိတ်မသက်သာဖွယ်လူသတ်ပြကွက်ဟာ အစစ်အမှန်ဟုတ်မဟုတ် စုံစမ်းပေးဖို့ မတတ်သာပဲ လက်ခံလိုက်ရတဲ့နောက်……။ တွမ်ဝဲ့လ်အနေနဲ့ ရုပ်ရှင်ထဲမှာပါတဲ့ မိန်းကလေးဟာ တကယ်အသတ်ခံရတာ ဟုတ်၊မဟုတ် ဖော်ထုတ်နိုင်ပါ့မလား… သူ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံရမလဲ… သူ့စုံစမ်းမှုကြောင့် ရုပ်ရှင်ရဲ့ဇာစ်မြစ်ကိုပဲ ဖော်ထုတ်နိုင်မလား၊ သူကိုယ်တိုင်ပဲ ဒုက္ခရောက်မလား… ဒီအရှုပ်ထုပ်ရဲ့နောက်ကွယ်မှာ ဘာတွေရှိနေလဲ ဆိုတာတွေကတော့ ပရိသတ်များစောင့်ကြည့်ဖို့ပဲဖြစ်ပါတယ်။ ဟောလိဝုဒ်မြေအောက်လောကရဲ့ ညစ်ညမ်းရုပ်ရှင်လောကအကြောင်း ပေါ်လွင်အောင်ရိုက်ပြထားတာဖြစ်တဲ့အတွက်ကြောင့် ကလေးသူငယ်များမကြည့်သင့်ပါဘူး။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့  Ninja ပဲဖြစ်ပါတယ်.. File Size :(2.3GB) (823 MB) and (281MB) Quality : Blu-Ray 1080p5.1Ch,720p Format…mp4 Duration…02:03:00 Genre : Crime,Drama , Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by Ninja Encoded by Phyo Pyae

Action • Comedy
6.4 1999 123 mins
8MM
Hustlers
6.5

ဒီကားလေးကတော့ IMDb 6.5/10 Rotten Tomatoes 88% Google User 77% တောင်ရတထားတဲ့ DRAMA/COMEDY/THRILLER/CRIME ဇာတ်ကားလေးပဲ ဖြစ်ပါတယ်. ဒီကားလေးမှာတော့ ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ကိုပညာပေးအနေနဲ့ ရိုက်ကူးတင်ပြထားပါတယ်. ဒီကားမှာ နာမည်ကြီး အဆိုတော် Jennifer Lopez ပါ၀င် သရုပ်ဆောင်ထားပြီး တခြား အနုပညာရှင် များစွာလဲ ပါ၀င်ပါတယ်. ဒီကားလေးက ကလပ်က ဖော်ချွတ်မယ်လေးတွေရဲ့ ဘ၀ ခက်ခဲကြမ်းတမ်းမှုတွေ , မိသားစု အဆင်မပြေမှုတွေကို ရိုက်ကူးတင်ပြထားပါတယ်. ဝေါစတရိက လူတွေကို အားကိုးပြီး စီးပွားရှာနေရတဲ့ သူတို့လေးတွေဟာ အမေရိကန် စီးပွားရေးအလှည့်အပြောင်းကြောင့် စီးပွားရေးပျက်စီးသွားရတဲ့အခါ ဘယ်လို ဘ၀ကို ရင်ဆိုင်ပြီး ဘယ်လို ချမ်းသာလာအောင် လုပ်တယ်ဆိုတာကို စိတ်၀င်တခြားကြည့်ရှုရမှာပါ ..... က ဖော်ချွတ်အကမယ်ကားဆိုပေမယ့် ၁၈+ ဇာတ်၀င်ခန်းတွေ မပါတဲ့အတွက် အသက်အရွယ်မရွေးကြည့်နိုင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ YK ပဲဖြစ်ပါတယ်…

Drama • War & Politics
6.5 2019 110 mins
Hustlers
Knight of Cups
5.6

Knight of Cups (2015) ================= Terrence Malickကို ကောင်းကောင်းသိတဲ့ လူတွေအတွက်တော့ ဘယ်လိုရုပ်ရှင်ဆိုတာရှင်းပြစရာ မလိုပေမဲ့၊ ဒီရုပ်ရှင်ဟာ Fragmentation ဆန်ဆန် ဒိုင်ယာလော့တွေကို နာရေးတစ်ပြောပြီး ဘာမှမပြနေတာတွေကို ရိုက်ပြထားတဲ့ ရုပ်ရှင်ပါပဲ။ Christian Bale , Cate Blanchett, Natalie Portman, Ben Kingsley, Antonio Banderasတို့လို တန်းမြင့် သရုပ် ဆောင်တွေကို သုံးထားပါတယ်။ Terrence Malickဟာ Tree of Lifeနဲ့ နာမည်အကျော်ဆုံး ရုပ်ရှင်ပွဲတော် ဖြစ်တဲ့ ကိန်းမှာ Palme d’Orရခဲ့သလို The Thin Redline, A hidden Life, Days oF Heaven လို မာစတာပိစ်ကားတွေလည်း ရိုက်ခဲ့ပါတယ်။ Knight of Cupsမှာတော့ အခန်း၈ခန်းကို နောက်ဆုံးခန်းကလွဲ တားရော့ကတ် (၇)ခုနာမည်သုံး ပုံဖော်သွားခဲ့ပြီး baleကိုတော့ Knight of cupsအနေနဲ့ ပုံဖော် ထားပါတယ်။ ဘေးလ်တစ်ယောက် စိတ်ဓာတ်ကျပြီး ဟိုလျှောက် ဒီလျှောက် လျှောက်နေတာကို အဓိကထားပုံဖော်ထားပြီး၊ ခရစ်ယာန်ဖလော်တွေ ဘာဖလော်တွေ ညာဖလော်တွေပြည့်နေတဲ့ နာရေးတစ်တွေနဲ့ Poetic Cinema ဆန်အောင် ပုံဖော်ထားပါတယ်။ ဒီရုပ်ရှင်ဟာ ဘာမှနားလည်စရာမရှိဘဲ ဒီတိုင်းပဲ ကြည့်ချင်လို့ ကြည့်ရမယ့် ရုပ်ရှင်မျိုးပါပဲ။ တော်တော်လည်း ကြည့်လို့ကောင်းမှာပါ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)

Action • Adventure • Fantasy • Horror
5.6 2015
Knight of Cups
12 Rounds

နယူးအော်ရီလန်က ရဲအရာရှိ ဒန်နီဖစ်ရှာ (John Cena) ဟာ နာမည်ကြီးခိုးမှုတစ်ခုရဲ့ တရားခံနောက်ကိုလိုက်နေတုန်းမှာ အဲဒီတရားခံရဲ့ ကောင်မလေးဟာ မတော်တဆ သေသွားခဲ့ရပါတယ်. လက်စားချေဖို့ကို ဆာလောင်နေတဲ့ ဉာဏ်ကြီးရှင်တရားခံဟာ တစ်နှစ်အကြာမှာ ထောင်ကနေ ဖောက်ပြေးလာပြီး ဒန်နီရဲ့ ဇနီးလောင်းကို ပြန်ပေးဆွဲသွားပါတော့တယ်.. သူ့ဇနီးလောင်းကိုကယ်ဖို့အတွက် ဒန်နီဟာ အဲဒီတရားခံနဲ့ ဉာဏ်ချင်းယှဉ်ပြိုင်ပြီး ၁၂ ချီရှိတဲ့ ကစားနည်းတစ်ခုကို သူ့ဇနီးလောင်းရဲ့အသက်နဲ့ရင်းပြီး ကစားရတဲ့အခါ…. ဒန်နီက သူ့ဇနီးလောင်းကိုကယ်ဖို့ အောင်မြင်သွားမလား…. ဒါမှဟုတ် တရားခံဖြစ်တဲ့ မိုင်းစ်ကပဲ ဒန်နီကိုဘယ်လိုတွေလှည့်စားပြီးတော့ ဇာတ်လမ်းပြီးတဲ့အထိ အနိုင်ယူသွားမလားဆိုတာကို စိတ်ဝင်တစားနဲ့ စောင့်ကြည့်သင့်တဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. အဓိကဇာတ်ဆောင်အနေနဲ့ WWE Superstar John Cena ပါဝင်ထားတဲ့ အက်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်. File size…(2.6 GB)/(1.5 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:48:00 Genre…Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Jo Joe

0 2009
12 Rounds
The Mystery of Jade
5.8

မီးထွန်းပွဲတော်ညတစ်ညမှာ ပြည်သူတွေပျော်ပျော်ရွှင်ရွှင်နဲ့ လည်ပတ်ပြီး မီးပုံးတွေရှုစားနေတဲ့အချိန်မှာ တော်ဝင်နတ္ခတ်ပညာရှင်ကြီးက ” စုန့်တိုင်းပြည်ကြီးပျက်တော့မည်” ဆိုတဲ့တဘောင်ကို တွင်တွင်အော်ဟစ်ပြီး အဆောက်အဦးပေါ်ကနေခုန်ချသေဆုံးသွားခဲ့တယ်။ တဘောင်ကြောင့် ပြည်သူတွေထိတ်လန့်တကြားဖြစ်ရပြီး တိုင်းပြည်တည်ငြိမ်ရေးကိုပါ ထိခိုက်လာနိုင်တဲ့အတွက် ဘုရင်မင်းမြတ်ဟာ ပေါင်ချိန်ကို (၃)ရက်အတွင်းအမှုဖော်ဖို့ တာဝန်ပေးလိုက်ပါတယ်။ (၃)ရက်အတွင်းမှာ ဆန်းကြယ်လှတဲ့ဒီအမှုကိုဘယ်လိုစုံစမ်းစစ်ဆေးမလဲ…… ပြည်သူတွေကိုကိုင်လှုပ်ခဲ့တဲ့တဘောင်ကိုပြန့်အောင်လုပ်တဲ့သူကဘယ်သူဖြစ်နေမလဲ…… အရာအားလုံးကိုနောက်ကွယ်ကချုပ်ကိုင်နေတဲ့တရားခံဟာ ဘယ်လိုရည်ရွယ်ချက်နဲ့များကျူးလွန်ခဲ့တာဖြစ်မလဲ…… လူငယ်ပေါင်ချိန်ဇာတ်ကားဖြစ်ပြီးတော့ ပေါင်ချိန်ဇာတ်လမ်းတွဲနဲ့မတူတဲ့ ဟန်တစ်မျိုးနဲ့ တင်ဆက်ပုံဖော်ထားတာဖြစ်ပါတယ်။ မှုခင်းဇာတ်လမ်းတွေကိုကြိုက်တဲ့ ပရိသတ်အတွက် စိတ်ဝင်စားစရာဇာတ်ကားလေးပဲဖြစ်ပါတယ်။

5.8 2024
The Mystery of Jade
Contact
7.5

Contact (1997) IMDb Rating (7.5) / Rotten Tomatoes (68%) Forrest Gump တို့ Cast Away တို့ Back to the Future တို့လို နာမည်ကျော်ရုပ်ရှင်ကားတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Robert Zemeckis ရဲ့ Sci-Fi /Drama ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသမီး Jodie Foster, မင်းသားကြီး Matthew McConaughey တို့လို ဝါရင့်သရုပ်ဆောင်တွေပါဝင်ထားပြီး ရုံတင်ဝင်ငွေ $171.1 million ထိ ရရှိခဲ့တဲ့ တခေတ်တခါက အောင်မြင်ကျော်ကြားခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ လူသားတွေက ကိုယ့်ရဲ့ဖြစ်တည်မှုတစ်ခုတည်းနဲ့တောင် ပြဿနာတွေ ဒီလောက်ရှုပ်ထွေးနေတာ အဆုံးအစမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးထဲကိုတောင် ခြေဆန့်လို့ ငါလိုလူမျိုးရှိသေးလား ရှာဖွေတတ်ကြသူတွေပါ။ လူကြီးမင်းအနေနဲ့ အပေါစား ဂြိုဟ်သားဇာတ်ကားထဲကလို ကွိကွိကွကွတွေပြော၊ အစိမ်းရောင်ကိုယ်ခန္ဓာနဲ့ အခြားကမ္ဘာသားတွေကို စိတ်ဝင်စားတတ်သူတစ်ယောက်လား။ ဒါဆိုရင်တော့ ဒီဇာတ်ကားက လူကြီးမင်းအတွက် မဟုတ်ပါဘူး။ အတ္တအဇ္ဇတ္တတစ်ခုနဲ့ပဲ လူကြီးမင်းဟာ ကမ္ဘာပေါ်က နေ့ရက်တစ်ခုကို ကျင်လည်ခဲ့တယ်ဆိုပါစို့။ လူကြီးမင်းဖြတ်သန်းနေတဲ့ မိနစ်တိုင်းမှာ စကြဝဠာထဲက ခုန်လျှိုးပေါက်တွေကတဆင့် သတ္တဝါတွေဟာ အလင်းနှစ်သန်းချီအဝေးကို စက္ကန့်မခြား ခရီးထွက်နေကြသတဲ့။ မိခင်မြေက စွန့်ခွာလာသူတွေကို ကြိုဆိုလိုက် မောင်းထုတ်လိုက် လုပ်နေသူတွေရှိပါတယ်။ ဒါဟာ ဘယ်သူတွေပါလဲ။ ဒါမှမဟုတ် ဘယ်သူပါလဲ။ သိပ္ပံပညာဟာ အချက်အလက် (database) နဲ့ သက်သေသက္ကာရ (prove) ကို အလေးအနက်ထား နံပါတ် ၁ နေရာက စဉ်းစားကြသူတွေပါ။ ဒါပေမဲ့ သိပ္ပံပညာနဲ့ ဖြေရှင်းလို့မရတဲ့ အရာတွေမှာရော ဘုရားရှင်ကို အရာရာရဲ့ အဖြေပါလို့ လက်ညိုးထိုးမလား။ သတိထားပါ လူကြီးမင်း။ ဘုရားသခင်ကို ဘယ်သူဖန်ဆင်းခဲ့သလဲလို့မေးရင် ကြက်ဥနဲ့ ကြက်မပြဿနာလို ဂျာအေးကို မုန့်လုံးစက္ကူကပ်နေမှာပါပဲ။ ဆင်မှာလည်း ဆင်အထွာနဲ့၊ ဆိတ်မှာလည်း ဆိတ်အထွာနဲ့ဆိုပေမဲ့ ဆင်အထွာကိုရော ဆိတ်အထွာကိုရော ပုရွက်ဆိတ်လေးက မမီခဲ့ပါဘူး။ ဒါပေမဲ့ ဆင်တွေ ဆိတ်တွေကို အောင်သေအောင်သားစားသူက ပုရွက်ဆိတ်လေးလည်း ဖြစ်နိုင်ပါရဲ့။ နွားခြေရာခွက်ထဲမှာ ရေတင်ကျန်ရစ်တာကို သမုဒ္ဒရာကြီးထင်နေတဲ့ ဖားလောင်းကို ဧရာဝတီမြစ်ထဲက ငါးကြင်းတစ်ကောင်က ရယ်သွမ်းသွေးတယ်ပဲ ထားကြပါစို့။ ‌အတ္တလန်းတစ် သမုဒ္ဒရာထဲက ဝေလငါးကတော့ သူ့နေရာမှာတောင် နယ်မနှံ့ခဲ့သေးပါဘူး။ ဒီလိုနဲ့ပဲ ဘုရားသားတော်တစ်ပါးနဲ့ သိပ္ပံကျေးကျွန်တစ်ယောက်က ကိုယ်ယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ခဲ့ပေမဲ့ ရေများရင် ရေနိုင်လို့ မီးများရင် မီးနိုင်တဲ့လောကကြီးမှာ အမှန်တရားနဲ့ ယုတ္တိကျ ပြေပြစ်ခြင်းဆိုတာ တစ်ခါတလေမှာလည်း ဘယ်ဘက်မှာ၊ တစ်ခါတလေမှာလည်း ညာဘက်မှာ။ လူကြီးမင်းက အဖြူကို အဖြူပါလို့လက်ခံထားချိန်မှာ မဟူရာလို နက်မှောင်ပါတယ်လို့ ပြောလာသူတစ်ယောက်ကို လေးစားတတ်ဖို့ တကယ်အရေးကြီးပါတယ်။ သူကလည်း အမည်းကို ‌အဖြူလို့ ပြောလာသူတစ်ယောက်ကို ရင်ဆိုင်နေရသူပါ။ ဒါပေမဲ့ တစ်ထွာစာ မြေနေရာလောက်နဲ့ လူတစ်သိန်းအသက်ကို စတေးရဲသူ လူသားတွေဟာ အမည်းကို အဖြူပြောတယ်ဆိုပြီး အယူလွှဲမှားသူစာရင်းထဲကိုထည့် ရက်ရက်စက်စက် အပြစ်ပေးတတ်သူတွေ။ ဒီလိုနဲ့ပဲ အပြစ်အနာအဆာတွေ အများကြီးနဲ့ လူသားတွေရယ်၊ လူသားတွေလိုသတ္တဝါတွေရယ်ကို သူတို့က ဘယ်လောက်တောင် သိမ်နုတ်သလဲ၊ ဉာဏ်တိမ်သလဲဆိုတာ ခေါ်ပြောလိုက်ရုံတမယ် တစ်ဆင့်မြင့် အခြားကြယ်စုကြယ်ဝေးက ဂြိုဟ်သားတွေဟာ ရေဒီယိုလှိုင်းတွေနဲ့ ဆက်သွယ်ခေါ်ယူ ပညာပေးနေကြသတဲ့။ ဒီဇာတ်လမ်းဟာ လူကြီးမင်းတို့ကို အတွေးတစ်စုံတစ်ရာ ‌ပေးစွမ်းမှာဖြစ်ပြီးတော့ တနုံ့နုံ့ခံစားနေရမယ့် ရုပ်ရှင်တစ်ကားပါပဲ။ သိပ္ပံပညာရှင် အမျိုးသမီးတစ်ဦး ဗေဂါကြယ်အဖွဲ့အစည်းဆီကနေ ဆက်သွယ်မှုတစ်ခုရ၊ သူတို့ပေးတဲ့နည်းပညာနဲ့ သူတို့ဆီကို ခရီးထွက်ခဲ့တဲ့အကြောင်းဆိုပေမဲ့ အရင်းစစ်ရင် အမြစ်ကဆိုသလို မြေကမ္ဘာပေါ်မှာပဲ အသိအသစ်တွေနဲ့ အစကနေ ပြန်လည်နေထိုင်ရခြင်းကို ရည်ညွှန်းတယ်ထင်ပါရဲ့လေ။ စိတ်ပညာအသားပေးရုပ်ရှင်မလို့ ဇာတ်လမ်းနဲ့ ဇာတ်ကွက်ကို အဓိကမထားဘဲ ဒါရိုက်တာပေးချင်တဲ့ သတင်းစကားကိုသာ လိုအပ်သလို အဓိပ္ပာယ်ဖွင့်ယူနိုင်တဲ့ ကြည့်သင့်ကြည့်ထိုက်တဲ့ ဇာတ်ကားဖြစ်‌ကြောင်းပါဗျာ။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို Arr Khun Winchester မှ တင်ဆက်ထားပါတယ်။)

7.5 1997
Contact
[18+] Videoverse: Mixtape
6.2

IMDb Rating (6.2) *ဗီဒီယို ကမ္ဘာ* ပုံမှန် အလွမ်းအဆွေး အချစ်ဇာတ်လမ်း အက်ရှင်ကားတွေရိုးလာရင် ဒါမျိုး Fantasy ကားလေးတွေ အပျင်းပြေကြည့်ကြည့်ပါ။ ဇာတ်ကားတစ်ကားထဲမှာ ဇာတ်ကြောင်း ၃ ခုကိုထည့်သွင်းယှဉ်တွဲပြထားတာတဲ့ ပုံစံမျိုးလေးပါ။ ဒါပေမဲ့ ပေးချင်တဲ့အသိမက်ဆေ့က တစ်ခုထဲပါ။ No man is an island ဆိုတဲ့စကားအတိုင်း မိတ်ဆွေအပေါင်းအသင်းတွေဟာ ကျွန်တော်တို့အတွက် အရေးကြီးကြောင်း ပေါ့ပေါ့ပါးပါး မီးမောင်းထိုးပြသွားတဲ့ဇာတ်လမ်းလေးပါ။ ဇာတ်ကြောင်းလေးတွေကိုတော့ အမျိုးသမီးအချော အလှလေးတွေကို ကြည့်ရင်း ဆက်လက်ခံစားစေလိုပါတယ်။ sex scene မပါပေမဲ့ အဖော်အချွတ်အခန်းလေးတွေ အနည်းငယ်ပါဝင်တာကြောင့် မိသားစုနဲ့အတူကြည့်ရန်တော့ မသင့်လျော်ပါခင်ဗျာ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Ko Wunna ဖြစ်ပါတယ်။) File size…(2.2 GB) / (725 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:11:34 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Ko Wunna

Horror • Thriller
6.2 2023
[18+] Videoverse: Mixtape
[18+] Tatsulok: Tatlo Magkasalo
4.3

ရိုလန်နဲ့အလီဇာတို့ဟာလက်ထပ်တာကြာနေပြီဖြစ်တဲ့ ဇနီးမောင်နှံဖြစ်ပြီး ကလေးရဖို့ကြိုးစားနေခဲ့တာလည်းကြာပါပြီ။ နောက်ဆုံးမှာတော့ ကိုယ်ဝန်ရလာခဲ့ပြီဖြစ်လို့ ခဏပျော်လိုက်ရပေမယ့် အဲ့ဒီကိုယ်ဝန်ဟာလည်းသန္ဓေတည်ပုံမူမမှန်တာကြောင့်ဖြတ်ချလိုက်ရတဲ့အချိန်မှာ အလီဇာတစ်ယောက်စိတ်ထောင်းကိုယ်ကြေနဲ့စိတ္တဇဖြစ်လာပါတယ်။ အဲ့ဒီအချိန်မှာပဲ သူ့ရဲ့ငယ်သူငယ်ချင်းဖြစ်တဲ့ရာကယ်ဆိုတဲ့ ကောင်မလေး သူတို့အိမ်မှာတည်းဖို့ရောက်လာရာကနေ အလီဇာတစ်ယောက်သောကတွေကိုမေ့ပျောက်ပြီး ထူထူထောင်ထောင်ဖြစ်လာကျန်းမာရေးပြန်ကောင်းလာလို့ ရိုလန်ဝမ်းသာနေရာကနေ သူတို့ဘ၀တွေကိုကျွမ်းထိုးမှောက်ခုံမွှေနှောက်နိုင်တဲ့ အလီဇာနဲ့ ရာကယ်တို့ရဲ့လျှို့ဝှက်ချက်တစ်ခုကို သူရိပ်မိသွားချိန်မှာတော့.. Vivamax ကိုအသစ်ရောက်လာတာ မကြာသေးတဲ့ Mariane Saint နဲ့ Skye Gonzaga ဆိုတဲ့အသစ်လေးနှစ်ယောက်ကို ပွဲဦးထွက်မိတ်ဆက်ပေးထားတာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.2 GB) / (520 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Duration….01:01:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Alias

4.3 2024
[18+] Tatsulok: Tatlo Magkasalo
Killing All My Sisters
4.9

Killing All My Sisters (2024) ဒီဇာတ်ကားလေးကတော့ 2024 ခုနှစ်ထဲမှာ ထွက်ခဲ့တဲ့ လျှို့ဝှက်သည်းဖို ဇာတ်လမ်းလေးဖြစ်ပါတယ်။ မင်းသမီး Isabella Carlsen , Muguet Del Toro နဲ့ Grave Patterson တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာကတော့ Haylie Duff ရိုက်ကူးထားပါတယ်။ ဇာတ်လမ်းအကျဉ်း ကောလိပ်ကျောင်းသူလေး Emily ရဲ့အချစ်ဆုံးသူငယ်ချင်းဖြစ်သူ Jenna ဟာအဖွဲ့ဝင်စုဆောင်းရေးအပတ်မှာ ဆန်းကြယ်စွာပျောက်ဆုံးသွားပါတယ်။ အဲ့ဒီ ပျောက်ဆုံးမှုဟာ သူတို့ နှစ်ယောက် အသင်းဝင်ဖို့လုပ်ထားတဲ့ ကျောင်းရဲ့ အထူးအသင်းဖြစ်တဲ့ Beta Kappa Epsilon ရဲ့ လက်ချက်ဆိုတာ သိသွားတဲ့အခါမှာ Emily ဟာ BKE အသင်းရဲ့ ဆိုးရွားတဲ့လျှို့ဝှက်ချက်တွေကို ဘယ်လိုဖော်ထုတ်ပြီးတော့ သူ့သူငယ်ချင်းကို ပြန်ရှာသွားမလဲဆိုတာ စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Nay ဖြစ်ပါတယ်။) File size…(2 GB) / ( GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Thriller Duration….01:30:50 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Nay

4.9 2024 88 mins
Killing All My Sisters
[18+] Secret Sessions

Secret Sessions (2024) လက်ဖက်ဆီပြန်ကားတွေဆက်တိုက်ထွက်ခဲ့ပြီးနောက် ပထမဆုံးပြန်ထွက်လာတဲ့ အဖြောင့်ကားလေးဖြစ်ပါတယ်။ အဲရစ်နဲ့ကိတ်တို့က မကြာခင်လက်ထပ်တော့မယ့် ဇနီးမောင်နှံဖြစ်ပြီး လက်ထပ်ပွဲအတွက်ပြင်ဆင်နေတဲ့အချိန်ပါ။ ကိတ်နဲ့လုပ်ဖော်ကိုင်ဖက် ကာရာဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ ရည်းစားနဲ့ပြတ်စဲပြီး သောကရောက်နေတဲ့အတွက် ကိတ်က သူ့ခင်ပွန်းလောင်း Therapist တစ်ဦးဖြစ်တဲ့ အဲရစ်ကိုတိုင်ပင်ဆွေးနွေးဖို့လွှတ်လိုက်ချိန်မှာတော့ ငါးပါးမှောက်ဖို့ ဖြစ်လာပါတော့တယ်။ တဏှာစိတ်မှာ အစွန်းရောက်နေတဲ့ကာရာက အိမ်ထောင်သည်ယောက်ျားတွေကိုသာ စိတ်ဝင်စားလေ့ရှိသူဖြစ်ပြီး အဲရစ်ကိုရုန်းမရအောင်ချည်တုပ်ပြီး သူတို့အချစ်ရေးကို ဘယ်လိုတွေ ခလောက်ဆန်မလဲဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။) File size…(1.1 GB) / (500 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre….Drama Duration….01:07:32 Subtitle….Myanmar Subtitle (Hardsub) Encoder….Alvar Translated by Alias

0 2024 65 mins
[18+] Secret Sessions
Y2K
5.2

Y2K (2024) IMDb Rating – 5.2 /10 ၁၉၉၉ ဒီဇင်ဘာအကုန် ၂၀၀၀ အကူးမှာ ကွန်ပြူတာတွေအကုန် ပျက်ပြီး ကမ္ဘာကြီးတစ်ခုလုံးထိခိုက်မယ်ဆိုတဲ့သတင်း ပြန်ခဲ့တာကို ၉၀ ဖွားတွေအကုန်မှတ်မိကြမယ်ထင်ပါတယ်။ အဲ့သတင်းကို ကျောရိုးယူပြီး ရိုက်ကူးတင်ဆက်ထားတဲ့ ဒီရုပ်ရှင်ကားမှာတော့ မင်းသား Jaeden Martell နဲ့ အခုတလော လူတော်တော်များများ မေတ္တာပို့နေကြတဲ့ စနိုးဝှိုက်မင်းသမီးလေး Rachel Zegler တို့ရဲ့ Horror/ Comedy ရုပ်ရှင်ကားလေးပဲဖြစ်ပါတယ်။ အထက်တန်းကျောင်းသားတွေဖြစ်ကြတဲ့ ‘အီလိုင်’နဲ့ ‘ဒန်နီ’တို့ သူငယ်ချင်းနှစ်ယောက်က ၁၉၉၉ ခုနှစ်ရဲ့ နှစ်သစ်ကူးညကို ရုပ်ရှင်တွေပဲ ကြည့်ရင်း အတူတူကုန်ဆုံးကြဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ အဲ့နေ့မနက်မှာပဲ အီလိုင်ရဲ့ ခရပ်ရှ်/ တစ်ကျောင်းလုံးရဲ့ အချောအလှကွင်းလေး/ ‘လော်ရာ’က အီလိုင်ကို နှစ်သစ်ကူးပါတီတစ်ခုကို လာရောက်ဖို့အတွက် ဖိတ်သွားတဲ့အခါ သကောင့်သားနှစ်ယောက်က အိမ်မှာမနေကြတော့ဘဲ ပါတီကိုသွားကြပါတော့တယ်။ သူတို့တွေ ပါတီရောက်လို့ ၂၀၀၀ ပြည့်နှစ်ကိုကူးပြောင်းသွားပါမှ ကမ္ဘာပျက်ကိန်းနဲ့ကြုံရတဲ့အခါ… (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Nway Oo K Zaw က တင်ဆက်ထားပါတယ်။)

Crime • Drama • Thriller
5.2 2024
Y2K
Melanie’s Grave
5

သည်းထိပ်ရင်ဖိုဇာတ်ကားတွေကြိုက်နှစ်သက်သူတွေအတွက် Melanie’s Grave ဆိုတဲ့စိတ္တဇဇာတ်ကားသစ်လေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားထဲမှာအဓိကတွေ့ရမှာကတော့ ကိုယ်ကဘယ်လောက်ပဲ ဖြူစင်အောင်နေခဲ့သည်ဖြစ်စေ ပတ်ဝန်း ကျင်ကအရောင်တွေဝိုင်းဆိုးတဲ့အခါမှာတော့ ယုန်သူငယ်လေးလို ဖြူစင်ခဲ့တဲ့လူတစ်ယောက်က မြေခွေးကြီးလိုပြောင်းလဲသွား တတ်တယ်ဆိုတာကိုပညာပေးနည်းနည်းထည့်ပြီး စိတ္တဇလူသတ် ကားဖြစ်အောင်အသက်သွင်းထားတာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားလေးရဲ့အဓိကဇာတ်ကောင်ကတော့ မယ်လ်လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်ဖြစ်ပြီး လက်ရှိဖြစ်နေတဲ့အရာတွေနဲ့ သူ့ရဲ့ဆိုးဝါးခဲ့တဲ့အတိတ်ကိုတစ်လှည့်စီပြသသွားတာကိုတွေ့ ရမှာဖြစ်ပါတယ်။မယ်လ်က ငယ်ငယ်လေးကတည်းက အဖေ ဖြစ်သူရဲ့ဒဏ်တွေကိုခံစားခဲ့ရပြီး အမေဖြစ်သူကလည်းနည်းနည်းလေး တောင်မှ သူ့ကိုမကာကွယ်ပေးခဲ့ပါဘူး။အဲ့ဒါကြောင့်ပဲစိတ်ဒဏ်ရာ ရခဲ့ပြီး အသက်ကြီးလာတဲ့အခါမှာတော့ စိတ်ရောဂါသည်တစ်ယောက် ဖြစ်လာပါတော့တယ်။အခုအချိန်မှာတော့ သူ့ဘာသာသူ အိမ်ထဲမှာ တစ်ယောက်တည်းနေထိုင်နေပြီး တစ်ပတ်တစ်ခါ လာတွေ့တဲ့ လူမှုဖူလုံရေးဝန်ထမ်းကလွဲရင်တခြားဘယ်သူနဲ့မှမဆက်ဆံခဲ့တော့ ပါဘူး။ဖြစ်ချင်တော့တစ်နေ့မှာ သူတို့နားမှာဓားပြမှုဖြစ်ပြီး သေနတ်မှန် ထားတဲ့ဓားပြတစ်ယောက်က သူ့အိမ်ထဲဝင်လာပါတော့တယ်။ ဒီလိုနဲ့လူကြောက်တတ်တဲ့မယ်လ်တစ်ယောက် ဒီဓားပြနဲ့တစ်အိမ် တည်းမှာ အချိန်အတိုင်းအတာတစ်ခုအထိအတူနေရမဲ့ကံပါလာတဲ့ အခါမှာတော့ ဘာတွေဘယ်လိုဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စား စရာရှုစားရမှာဖြစ်ပါတယ်။ File size… (1.24 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5 2024 101 mins
Melanie’s Grave
Yevadu
5.9

IMDb Rating ကတော့ 4.8 လောက်ပဲရရှိထားပေမယ့် အခုလထဲမှာအရမ်းကိုခေတ်စားနေတဲ့ အိန္ဒိယရုပ်ရှင်ဇာတ်ကားလေးမို့Channel Myanmar ပရိတ်သတ်ကြီးအတွက်တင်ပေးလိုက်ပါတယ်။ ဒီဇာတ်လမ်းမှာ Action နဲ့ Drama ကို တွဲဖက်ရိုက်ကူးထားပြီး မင်းသား Ram Charan က အဓိက သရုပ်ဆောင်ထားပါတယ်။ တွဲဖက်သရုပ်ဆောင်ထားတဲ့ မင်းသမီး Shruti Haasan နဲ့ မင်းသမီး Amy Jackson တို့ရဲ့ ဆွဲဆောင်မှုကလည်း ဒီဇာတ်ကားကို မလွတ်တမ်းကြည့်ရှုစေမှာပါ။ ဇာတ်လမ်းမှာ လူမိုက် ဘီရူးဘိုင် ရဲ့ နှောက်ယှက်မှုနဲ့ မင်းသမီးကို လိုချင်တာကြောင့် အန္တရာယ်တွေကျရောက်ခါနီး အနေအထားမှာ သူမရဲ့မိဘတွေက ချစ်သူ နဲ့ အတူ ထွက်ပြေးခိုင်းတာကနေ စပါတယ်။ ဘတ်စ်ကားနဲ့ထွက်ပြေးနေရင်း ဘီရူးဘိုင်ရဲ့ လက်ကမလွတ်မြောက်ခဲ့တာကြောင့် မင်းသားဟာ အသေသတ်ခံရပြီး ကားကိုပါ မီးရှို့ဖျက်ဆီးခံရပါတယ်။ ဒါပေမဲ့ အသက်သေခါနီးဆဲဆဲ မှာပဲ ဆေးရုံပေါ်ရောက်ခဲ့ပြီး ကျွမ်းကျင်တဲ့ ခွဲစိတ်ဆရာဝန်မကြီးကြောင့် ဘဝအသစ်တစ်ခုကို ရရှိခဲ့ပြီး မိမိရဲ့ရန်သူများကို ပြန်လည်လက်စားချေပုံများကို အိန္ဒိယဇာတ်လမ်းအထာများနဲ့ ရိုက်ပြသွားတာကို တမေ့တမော ခံစားကြည့်ရှုနိုင်ကြမှာပါ။ Genre….. Action, Thriller Quality…. 1080p HEVC | 720p WEB-DL File size… 7.2GB | 2.8GB Format… mkv, mp4 Duration…. 2h 48min Subtitle…. Myanmar Subtitle (Hardsub) Encoder ….. Aaron

Comedy • Crime • Action
5.9 2014 166 mins
Yevadu