YoteShin Drive is below this article. Scroll down to view.

Snapdragon 8+ GEN 1 capacity to better Dimensity 9000+

Author: Anonymous Published on: 12 Aug 2022

Antutu has announced the list of the best tales of the most capabilities in September. Most of these are the phones with Qualcomm Snapdragon 8+ Gen 1 chipset. Surprisingly, the Asus Rog Phone 6D, with the MediaTk Dimensity 9000+, has a number 1 in the SD8 + G1 phones. ASUS ROG Phone 6d seized a 1,123,036 points with 1,123,036 points and all the other phones install Snapdragon 8+ Gen 1. The OnPLUS ACE is located in two numbers and 1,111,200 points. The IQoo 10 Pro is 1,111,200 pts and 3 points. Black Shark 7S Pro, Lenovo Legion Y70 and Iqoo 10 are # 4. There are 5 and 6 places, and 1,088,074; It has 1,086,381 and 1,081,766 points. Under the phones, Moto X30 Pro, Xiaomi 12s Pro, and Xiaomi Mix Fold 2 and Xiaomi Mix FOLD 2. 1,067,913 It is 1,068,766 and 1,054,035 points. Antiutu also announced the list of your phones with Dimensia 8100 max and Oppo Reno 8 Pro + 5G's top 3 sets on the list. Ref: Gizmochina

YoteShin Drive

Sign in using google and save to your drive

Wonderful World 2024 - Episode 10 - 1080p [RMC].mp4

700.65 MB 1080p video/mp4 0 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ

တစ်ယောက်တည်းမွေးလာရပြီး တစ်ယောက်တည်းသေသွားရမယ့် လောကကြီးထဲမှာ အမြွှာဆိုတာ ဆုလာဘ်တစ်ခုပါပဲ။ အမေ့ဗိုက်ထဲမှာ အတူတူနေခဲ့ရတယ်၊ အဝတ်အစားတွေ အတူတူဝတ်ခွင့်ရှိတယ်၊ အသုံးအဆောင်တွေ အတူတူသုံးခွင့်ရှိတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲချစ်ကြတဲ့ အမြွှာတွေဖြစ်နေရင်တောင် ဝေမျှလို့မရနိုင်တာကတော့ “အချစ်ပေါ့”။ ၁၉၉၉ ခုနှစ်ကို အခြေတည်ပြီး ရိုက်ကူးထားတဲ့ ဒီဇာတ်ကားမှာဆိုရင် You နဲ့ Me ဆိုတဲ့ ဆယ်ကျော်သက် အမြွှာညီအစ်မနှစ်ယောက်ဟာ မွေးကတည်းက အတူသွား အတူလာ အတူစားပြီး တစ်ယောက်မရှိရင် တစ်‌ယောက်မနေနိုင်တဲ့အထိ ချစ်ကြတဲ့အမြွှာတွေပါ။ ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့ရဲ့ဘဝထဲကို Mark လို့ခေါ်တဲ့ ကောင်လေးတစ်ယောက် ဝင်ရောက်လာခဲ့ပါတယ်။ ကံဇာတ်ဆရာအလိုကျ Mark ဟာ ပျိုဖော်ဝင်ခါစ ညီအစ်မနှစ်ယောက်ရဲ့အချစ်ဦး ဖြစ်လာတဲ့အခါမှာတော့ ... ကျန်တာတွေ ဝေမျှနိုင်ရင်တောင် အချစ်ကိုတော့ ဘယ်လိုမှဝေမျှလို့မရတဲ့အခါ ဒီအမြွှာညီအစ်မနှစ်ယောက်ရဲ့ ဘဝကြီးဟာ အချစ်ကြောင့် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားမှာလားဆိုတာ ကြည့်ရှုခံစားရမယ့် အချစ်ဇာတ်ကားလေးတစ်ကားပါပဲ။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Laii ပဲ ဖြစ်ပါတယ်။ Genre..... Drama, Romance Quality…. 1080p | 720p | 480p File size…1.8GB | 799MB | 403MB Format… mp4 Duration…. 2h 1min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hmwe and Laii Encoder ..... Aaron

Adventure • Animation • Comedy • Family
null 2023
You & Me & Me
Lover of the Last Empress
6.4

Chingmy Yau ကို တော်တော်များများ နာမည်နဲ့တွဲမသိကြရင်တောင် လူကိုရင်းနှီးပြီးသားဖြစ်နေမှာပါ။ သူဟာ ၁၉၈၀နှောင်းပိုင်းနဲ့ ၁၉၉၀ကာလ ဟောင်ကောင်ရုပ်ရှင်ရဲ့ နာမည်ကျော် သရုပ်ဆောင်မင်းသမီးတွေထဲက တစ်ယောက်ဖြစ်ပြီး မက်ဂီချောင်တို့ ဘရစ်ဂစ်တီလင်းတို့ကိုတော့မမီပေမဲ့ သူတို့လောက်နီးနီးနာမည်ကြီးခဲ့တဲ့သူပါပဲ။ ဟောင်ကောင်ရဲ့ ထိပ်တန်းမင်းသားတွေဖြစ်တဲ့ ချောင်ယွန်ဖတ်ရဲ့ God of Gamblers Returns, စတီဖင်ချောင်ရဲ့ Lawyer Lawyer နဲ့ Royal Tramp I & II, ဂျက်ကီချမ်းရဲ့ City Hunter, ဂျက်လီရဲ့ Kung Fu Cult Master, အန်ဒီလောင်ရဲ့ Casino Tycoon, အာရွန်ကော့ရဲ့ Legend of the Liquid Sword တို့လိုကားတွေလည်းရိုက်ခဲ့သလို Naked Killer တို့လို Category III ဖလင်ပေါင်းများစွာမှာလည်း သရုပ်ဆောင်ခဲ့ဖူးပါတယ်။ အခု Lover of the Last Empress ကားကလည်း Category III films အမျိုးအစားထဲပါပြီး မိသားစုနဲ့ကြည့်ရှုဖို့မသင့်တော်တဲ့ အခန်းတွေလည်း မနည်းပါဝင်ပါတယ်။ သူရိုက်ဖူးသမျှကားတွေထဲ အကြမ်းဆုံးလို့တောင်ပြောလို့ရပါတယ်။ ဇာတ်လမ်းကတော့ တရုတ်ပြည်ရဲ့နောက်ဆုံးဧကရီဘုရင်မအကြောင်းပါပဲ။ ဘာလဲဟဆိုပြီးဖြစ်ချင်စရာပဲမလား။ တရုတ်ပြည်ရဲ့ နောက်ဆုံးဧကရာဇ်ဟာ ပုရီဖြစ်ကြာင်း တော်တော်များများ သိပြီးသားပဲကိုး။ တကယ်တမ်း ပုရီအပါအဝင် သူ့ရှေ့ကမင်းနှစ်ဆက်လောက်ဟာ ရုပ်သေးဘုရင်တွေသာဖြစ်ပြီး တကယ်တမ်းအုပ်စိုးခဲ့တဲ့သူက ရှီစီလို့ခေါ်တဲ့ ဧကရီမကြီးလို့ ဆိုကြပါတယ်။ သူ ဧကရီမကြီးဖြစ်မလာခင် သာမန်မိန်းကလေးဘဝကနေ ရက်စက်ပြီး ဘယ်သူမှမငဲ့တဲ့ ဧကရီမကြီး ဘယ်လိုဖြစ်လာခဲ့သလဲ ဆိုတာကို ရိုက်ပြထားပြီး တစ်ဖက်မှာလည်း မနူးမနပ်ကလေးမလေးဘဝကနေ မင်းကြီးစွဲနေအောင် လုပ်တတ်တဲ့ လိင်ပိုင်းဆိုင်ရာကိစ္စတွေကို သင်ယူခဲ့တာတွေကိုလည်းပြထားတယ်။ Category III ကားအနေနဲ့လည်း ကြည့်ကောင်းသလို ဒီတိုင်းလည်း ကြည့်ကောင်းတဲ့ ရုပ်ရှင်ပါပဲ။ CateIII ကားပေမဲ့ ရိုက်တဲ့ဒါရိုက်တာက Infernal Affairs ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ Andrew Lau ဖြစ်ပြီး ဇာတ်လမ်းကိုရေးသားတဲ့သူကတော့ ချောင်ကား တော်တော်များများရိုက်ဖူးသလို တွဲဖက်ပါသရုပ်ဆောင်ဖူးတဲ့ ဝမ်ကျင်းပါပဲ။ ဟောင်ကောင်စီနီမာအကြောင်းပြောရင် တစ်ထောင့်တစ်နေရာက ပါနေမယ့်လူပဲပေါ့။ ရိုက်တာတို့ ရေးတာတို့ကတော့ ဆရာကြီးတွေချည်းပါပဲ။ မင်းသားတွေကတော့ ဘစ်တိုနီလို့သိကြတဲ့ တိုနီလျောင်ခဖိုင်နဲ့ ဂျက်ကီချမ်းရဲ့ Shanghai Noon ထဲပါဖူးတဲ့ Rongguang Yu တို့တွေပါ။ CateIII ကားပေမဲ့ အဘက်ဘက်က တော်တော်လေး လန်ထွက်နေသလို Chingmy Yau ရဲ့ ကိုယ်ကာယအလှတွေကိုလည်း တဝကြီးရှုစားရမယ့် ရုပ်ရှင်ဆိုလည်းမမှားပါဘူး။ နာမည်ကြီးမင်းသမီးဖြစ်ပြီး ဘာလို့ ဒီလိုရိုက်လဲတော့ မမေးကြပါနဲ့။ ဂျက်ကီချမ်းတောင် CateIII ကားတွေ ရိုက်တဲ့ဘဝကနေ ဒီအထိတက်လာခဲ့တာပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.9GB, 880MB Quality - 1080p, 720p IMDb Rating - 5.6/10 Format - mp4 Duration - 1H 40Min Genre - Drama, History Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Action • Adventure • Mystery • Thriller
6.4 1995 100 mins
Lover of the Last Empress
You're Next
6.6

ဒေးဗစ်ဆန် မိသားစုက ချမ်းသာကြပေမဲ့လည်း သူတို့ရဲ့မိသားစုဝင်အချင်းချင်းဆက်ဆံရေးကတော့ မကောင်းကြပါဘူး။ မိသားစုဝင်တွေလည်း စုံစုံလင်လင်အတူမရှိရတာကြာပြီဖြစ်တဲ့အတွက် ပေါလ်နဲ့ အာဘရီတို့က သူတို့ရဲ့ 35 နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေ့လေးကို ကလေး ၄ ယောက်နဲ့အတူ လူသူမနီးတဲ့ တောထဲကအိမ်ကြီးမှာလုပ်ရင်း မိသားစုဝင်အချင်းချင်းပြန်ပြီးနွေးထွေးမှုရအောင်လုပ်ဖို့ အစီအစဥ်ဆွဲခဲ့ကြပါတယ်။ ဒီလိုနဲ့ သူတို့အကုန်အကုန်လုံးပျော်ပျော်ပါပါး နှစ်ပတ်လည်နေ့ကို အောင်ပွဲခံတဲ့ညမှာပဲ မျက်နှာဖုံးနဲ့လူသ-တ်သမားတွေရောက်လာပြီး လူတိုင်းကိုလိုက်သ-တ်ပါတော့တယ်။ ဒီအခြေအနေမှာ သူတို့မိသားစု အသက်ရှင်ကြမလား သူတို့ရဲ့ မိသားစုကံကြမ္မာက ဘယ်လိုဖြစ်လာမလဲ ဒီလူသ-တ်သမားတွေကရော ဘယ်က‌နေပြီး ဘာကြောင့် ရောက်လာကြလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ 2011 ထွက်ရုပ်ရှင်ကားကောင်းတကားဖြစ်တဲ့အပြင် အသ-တ်အဖြတ်ခန်းတွေ၊ သွေးသံရဲရဲတွေ မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်တာမလို့ ၁၈ နှစ်အောက်ကလေးတွေတော့မကြည့်ရှုသင့်ပါဘူး။

Comedy • Crime • Mystery • Thriller
6.6 2013 94 mins
You're Next
Jacked
4.8

Jacked (2022) =========== ဒီတစ်ခါမှာတော့ LGBT ကောင်လေးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို အခြေခံပြီးရိုက်ကူးထားတဲ့ Jacked ဆိုတဲ့ ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ အီသန်ဆိုတဲ့ LGBT ကောင်လေးဟာ ဘာသာရေးကိုင်းရှိုင်းတဲ့ အမေ့လက်ထဲမှာကြီးပြင်းလာခဲ့ရပါတယ်။ သူ့အမေကတော့ သူ့သားဒီလိုဖြစ်နေတာကို လက်မခံနိုင်ဘဲ နင်ဂေးတာရပ်ရင်ရပ် မရပ်ရင် အိမ်ပေါ်ကဆင်းဆိုပြီး နှင်ချလိုက်တာ အီသန်ကလည်း စုထားတဲ့ငွေထုပ်လေးပိုက်ပြီး တကယ်ကြီးအိမ်ပေါ်ကဆင်းချ လာခဲ့ပါတော့တယ်။ သူ့အိမ်မက်က ဟောလိဝုဒ်မှာ ကြယ်ပွင့် တစ်ယောက်ဖြစ်ချင်တာပါ။ တစ်ခါတလေ ကံတရားကြီးဟာ ပိတ်ကန်ပစ်ချင်စရာကောင်းပုံ များကတော့ အီသန်ကြိုးစားပမ်းစားစုထားတဲ့ ဒေါ်လာ၄၀၀၀ဟာ ဘက်စ်ကားပေါ်မှာကျပျောက်ပြီး ဆီပုံး(ဆုံးပြီ)ဖြစ်သွားပါတော့တယ်။ သူ့ခမျာ အခန်းဖော်အယ်လ်ဆီမှာကပ်နေရင်း ကြားထဲကနေ မရှိမဲ့ ရှိမဲ့အလုပ်ကလေးပါ ပြုတ်သွားပါသေးတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ အယုံလွယ်လို့ဒီ့ထက်ကံဆိုးတာတွေကြုံရဦးမှာပါ။ တစ်ဖက်မှာတော့ အီသန်တို့လို ဒုက္ခရောက်နေတဲ့ အိမ်ပြေးလေးတွေကို ပြန်လိုက်ကယ်ပေးတဲ့ ဘဲကြီးရေမွန်တို့အဖွဲ့ရှိပါတယ်။ အီသန်တစ်ယောက် ဘယ်လိုဒုက္ခတွေနဲ့ကြုံရမှာလဲ။ သူ့ကိုယ်သူပြန်အဖက်ဆယ်နိုင်ပါ့မလား။ ကျွန်တော်တို့အားလုံး ရည်မှန်းချက်တွေ၊အိပ်မက်တွေကို အကောင် အထည်ဖော်ဖို့ကြိုးစားနေကြတာချည်းပါပဲ။ အိပ်မက်သေရင်ဘဝသသ လိုပါပဲ။ အိပ်မက်တွေပြည့်ဝတဲ့သူလည်းရှိသလို မပြည့်ဝတဲ့သူလည်ရှိပါ လိမ့်မယ်။ အီသန်ဟာသူ့အိပ်မက်သေခဲ့ပေမယ့် သူ့ဘဝတော့မသေအောင် ရုန်းထနိုင်ခဲ့ပါတယ်။ ဖြစ်ရပ်မှန်အကြောင်းကိုအခြေခံပြီး ရိုက်ကူးထားတဲ့ ၁နာရီကြာ ဒီဇာတ်ကားလေးဟာ သင်ခန်းစာယူစရာ၊ တွေးစရာတွေလည်း ပါတာမို့ တစ်နာရီဆိုတဲ့ ပေးရတဲ့အချိန်နဲ့တော့ တန်မယ်ထင်ကြောင်း ညွှန်း လိုက်ပါရစေဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ Ngwe Zin ဖြစ်ပါတယ်) File Size……….(1.25 GB) / (450 MB) / (288 MB) Quality…………WebRip 1080p / 720p / 480p Duration………1Hr 02mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama Translator…….Ngwe Zin Encoder……….SWM

Drama
4.8 2022
Jacked
Aurora: A Love Story
5.5

ပေါ့ပေါ့ပါးပါးအချစ်ဇာတ်လမ်းလေးကိုမှ လှည့်ကွက်ပါတာတွေ တရားခံစဥ်းစားရတဲ့ ပြန်ပေးဆွဲဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ၂၀၂၃ မှာထွက်ရှိထားတဲ့ Aurora: A Love Story ကိုကြည့်ဖို့ပြောချင်ပါတယ်။ “အချစ်အတွက်ဘယ်လောက်ထိစွန့်လွှတ်နိုင်လဲ၊ ဘယ်လောက်ထိခွင့်လွှတ်ပေးနိုင်လဲ” အချစ်ဆိုတဲ့စကားလုံးဟာ ပုံစံအမျိုးမျိုးနဲ့ သူစိမ်းတွေအချင်းချင်းကြား မိသားစုအချင်းချင်းကြားမှာတည်ရှိပါတယ်။ ဒါပေမဲ့ အချစ်ကအမြဲချိုသာပြီး လှပနေတဲ့အရာတော့မဟုတ်ပါဘူး။ ဒီဇာတ်ကားလေးက လှပတဲ့အချစ်နောက်ကွယ်ကမုသားတွေ၊ အလိမ်အညာတွေကို လှည့်ကွက်တွေနဲ့ရိုက်ပြထားတာပါ။ ကန်နီဂိမ်းစ်နဲ့ ဂီဆယ်ဇေဘီယာတို့ဟာ ခရစ္စမတ်နေ့မှာ Puerto Rico ဆိုတဲ့ အရမ်းလှတဲ့ကျွန်းလေးမှာလက်ထပ်ကြမှာပါ။ သူတို့နှစ်ယောက်ဟာ သိတာ မကြာသေးပေမဲ့ အရမ်းချစ်ကြတဲ့အတွက် လက်ထပ်ဖို့ဆုံးဖြတ်လိုက်ကြတာပဲ ဖြစ်ပါတယ်။ လက်မထပ်ခင်သုံးရက်လောက်အလိုကနေ Puerto Rico ဆိုတဲ့ ကျွန်းမှာ မိသားစုတွေ၊ အရင်းနှီးဆုံးသူငယ်ချင်းတွေကိုခေါ်ပြီး ပျော်ပျော်ပါးပါး ပါတီပွဲကျင်းပကြပါတယ်။ ဒါပေမဲ့ ကန်နီဂိမ်းစ်ရဲ့အစ်မဖြစ်သူလီယာက ဂီဆယ်ကို သိပ်သဘောမကျပါဘူး။ ဂီဆယ်ကတစ်ခုခုကိုဖုံးကွယ်ထားတယ်ထင်နေပါတယ်။ သူတို့ ကျွန်းပေါ်ကိုရောက်လာပြီး ပျော်ပျော်ရွင်ရွင်အချိန်ကုန်ဆုံးကြပြီးတော့ လက်ထပ်မယ့်နေ့မှာ သတို့သမီးပျောက်သွားပါတော့တယ်။ အစက ကန်နီဂိမ်းစ်ရဲ့ အစ်မကြောင့် မင်္ဂလာပွဲကနေထွက်ပြေးသွားတယ်လို့ထင်ကြပေမဲ့ ဂီဆယ်ကို ပြန်လိုချင်ရင် ဒေါ်လာ၂မီလီယံပေးရမယ်ဆိုတဲ့ ခြိမ်းခြောက်စာတစ်ခုသူတို့ဆီ ရောက်ရှိလာတဲ့အခါ အရာအားလုံးဟာပြောင်းလဲသွားပါတော့တယ်။ File size…1.19GB/ 519MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 35m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Yee Wai

5.5 2023 95 mins
Aurora: A Love Story
Little Women
7.3

အမေရိကန်စာရေးဆရာမကြီး Louisa May Alcott ရဲ့ ဂန္ထဝင်လက်ရာ Little Women Novel ကို ရုပ်ရှင်အဖြစ် အကြိမ်ကြိမ်အသက်သွင်းခဲ့ဖူးပါတယ်။ ပြန်လည်ရိုက်ကူးထားတဲ့ ရုပ်ရှင်တွေထဲကမှ ပရိတ်သတ်ကြီးတို့နဲ့ ရင်းနှီးနေလောက်မှာကတော့ ၂၀၁၉တုန်းကထွက်ခဲ့တဲ့ Timothée Chalamet တို့၊ Emma Watsonတို့ပါတဲ့ကားပေါ့။ အဲ့တုန်းကလည်း CM မှာ တင်ပေးပြီးပါပြီ။ အခုဒါကတော့ အဲ့ရှေ့က ၁၉၉၄ခုနှစ်မှာထွက်ခဲ့တဲ့ Little Women ပါ။ Little Women Movie တွေထဲမှာ ဒီတစ်ခုကလည်းတကယ်ထိတ်ထိတ်ကြဲပါ။ IMDb 7.3နဲ့ Rotten Tomatoes 93%ရထားတဲ့အပြင် Cast တွေကိုပြေးကြည့်လိုက်ရင်လည်း ဘတ်မန်းမင်းသား Christian Baleက လော်ရီနေရာက၊ Stranger Things ထဲမှာJoyce Byersအဖြစ်ပါခဲ့တဲ့ မင်းသမီးWinona Ryderက ဂျို၊ စပိုက်ဒါမန်းထဲက MJ အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Kirsten Dunstက အေမီနေရာက သရုပ်ဆောင်ထားတာပါ။ ဒီကားထဲမှာ သူတို့အကုန်ငယ်ကြပါသေးတယ်။ တခြားသရုပ်ဆောင်ကောင်းတွေအများကြီးလည်း ပါပါတယ်။ ဇာတ်လမ်းကတော့ မက်ဂ်၊ဂျို၊ဘက်သ်၊ အေမီတို့ ညီအစ်မလေးယောက်ရဲ့ဘဝကို ရိုက်ပြသွားတာပါ။ 1860ကာလကို အခြေတည်ထားတာဖြစ်တဲ့အတွက် အဲ့ဘက်ခေတ်လူနေမှုပုံစံကို ကြိုက်တဲ့သူတွေအတွက် တကယ်စီးမျောလို့ကောင်းမဲ့ကားလေးဖြစ်ပါတယ်။ လူမှုရေး၊ ခံယူချက်၊ အချစ်၊ မိသားစုဘဝ စုံစုံလင်လင်ပါပဲ။ ၂၀၁၉ကားကို အရင်ကြည့်ဖူးထားတဲ့ ကျွန်တော့်အမြင်မှာတော့ နှစ်ကားလုံးက တစ်မျိုးစီကြည့်ကောင်းကြတာဗျ။ ရိုက်တဲ့ခေတ် ကွာလို့ပဲလားမသိ၊ အပြင်အဆင်နဲ့ မတူတဲ့ဇာတ်ကွက်တွေကြောင့် ဝတ္ထုတစ်ခုတည်းဖြစ်နေတာတောင် မရိုးတာထင်ပါတယ်။ အဲတော့ Little Women မကြည့်ဖူးသေးတဲ့သူတွေ အခု၁၉၉၄ကားကိုကြည့်ပြီးသွားရင်လည်း ၂၀၁၉ကကားကို ထပ်ကြည့်လို့ရပါတယ်။ ကြည့်ရှုခံစားလိုက်ပါဦး။ File size…(2.4 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:55:00 Genre…Drama, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ngwe Zin

7.3 1994
Little Women
Which Colour?
7.6

Which Colour (2023)”ဘာအရောင်လဲ” ============================== မြင်ရခဲတဲ့ အင်ဒီးဆန်ဆန်ရိုက်ကူးထားတဲ့ ဂူဂျာရတ်စကားပြော မိသားစုဒရာမာရုပ်ရှင်လေးကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်တစ်ခုလုံးကို ရုပ်ရှင်နာမည်နဲ့ မလိုက်ဖက်စွာဘဲ ဖြူ၊ မည်း ကာလာနှစ်ခုတည်းအသုံးပြု ရိုက်ကူးထားပြီး အာမက်ဒါဘတ်မြို့ရဲ့ ဆင်ခြေဖုံး မူဆလင်ရပ်ကွက်ထဲက အခြေခံမိသားစုတစ်ခုရဲ့အကြောင်းကို လွမ်းမောဖွယ်ရာ ပုံဖော်ပြထားတာပါ။ သူတို့ရဲ့မိသားစုမှာ အိမ်ထောင်ဦးစီးဖြစ်သူက အလုပ်ကထွက်ထားပြီး ဝင်ငွေမရှိတဲ့သူ၊ အိမ်ထောင်ဦးစီးရဲ့ ဇနီးဖြစ်သူက ကလေးတွေကို ဘာသာရေး ကျမ်းစာသင်ပေးတဲ့ ဆရာမ။ သူတို့မှာ သမီးတစ်ယောက် သားတစ်ယောက်ရှိကြပြီး စားဝတ်နေရေး ရုန်းကန်နေကြရတဲ့ သာမန် အခြေခံလူတန်းစားမိသားစုလေးပေါ့။ အိမ်ထောင်ဦးစီးဖြစ်သူ ရာဇာ့ခ်က သုံးဘီးတစ်စီးဝယ်ဖို့ကြိုးစားနေပြီး၊ သမီးဖြစ်သူ ရူဘာကတော့ ဈေးကြီးတန် အချိုရည်တစ်ဘူးသောက်ရရင်တောင် ကျေနပ်ပါပြီလို့ တွေးနေရတဲ့အထိ ခက်ခဲနေကြတဲ့ သူတို့ဟာ ရင်မောစရာ ဘဝတွေမှာ ရုန်းရင်းကန်ရင်း သူတို့မိသားစုအတွက် အလှည့်အပြောင်းတစ်ခု ကြုံတွေ့သွားပုံကို ဒီရုပ်ရှင်လေးထဲမှာ မြင်ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

7.6 2023
Which Colour?
Thaaram Theertha Koodaram
7

Thaaram Theertha Koodaram (2023) သောကမျက်ရည်စက်များ IMDb- 7.8/10 အမေဖြစ်သူက နောက်ယောကျ်ားယူသွားပြီး ပထွေးဖြစ်သူ နှင်ချခံထားရတဲ့ အကြွေးနွံနစ်နေတဲ့ အိမ်ခြေရာမဲ့ညီမနှစ်ယောက်။ အခန်းခကလည်း မပေးနိုင်တဲ့အပြင် အကြွေးရှင်တွေကလည်း သတ်မှတ်ရက်အတွင်း အကြွေးကို ဆပ်ဖို အတင်းတိုက်တွန်းနေတဲ့အခြေအနေမှာ သူငှားနေတဲ့အခန်းရဲ့ ဘေးအခန်းက ကောင်လေး ဆန်ဂျေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဆန်ဂျေးဆိုသူကတော့ နှစ်ကိုယ်ခွဲစိတ်ရောဂါခံစားနေရပြီးတော့ မိသားစုကနေ ပစ်ပယ်ခြင်းကို ခံထားရသူတစ်ဦးပေါ့။ ဒီလိုနဲ့ ဆန်ဂျေးဟာ အိမ်ခြေရာမဲ့ညီမနှစ်ယောက်ကို သူဟာ လူမှုစိတ်ဓာတ်အပြည့်အဝရှိသူပါဆိုတာကို သက်သေပြနိုင်ဖို ကူညီပေးဖို ကြိုးစားရင်းနဲ့ ဘယ်လိုတွေ ကြုံတွေ့ရမလဲဆိုတာကို ကြည့်ရှုခံစားရမယ့် ဒရာမာရိုမန့်စ် ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~V~Alex~ToMo တိုပဲဖြစ်ပါတယ်)

7 2023 125 mins
Thaaram Theertha Koodaram
Boot Camp
5.4

ဒီတစ်ပတ် recommend ပေးချင်တာကတော့ ပေါ့ပေါ့ပါးပါး လူငယ် အချစ်ဇာတ်လမ်းလေး ဖြစ်ပါတယ်။ နာမည်ကြီး ဝတ္တု platform ဖြစ်တဲ့ Wattpad က ရိုက်တဲ့ ကားမို့ ဝတ္တု မဖတ်ထားဖူးတဲ့သူတောင် ကြည့်ရတာပျော်စေမဲ့ ကားလေးပါ။ ဇာတ်လမ်း အကျဉ်းလေးကတော့ ဝစ်နီ ကာမိုက်ကယ်ဆိုတဲ့ကောင်မလေးက ကျောင်းကပွဲမှာ သူ့ငယ်ချစ်ဦးက သူနဲ့တွဲကဖို့ ဖိတ်ခေါ်ခဲ့ပေမဲ့ ငယ်ချစ်ဦးက အရှက်ခွဲတာကို ခံလိုက်ရပါတယ်။ အဲ့ဒီအတွက် သူ့ခန္ဓာကိုယ်ကို ပြောင်းလဲဖို့ ဆိုပြီး လေ့ကျင့်ရေး စခန်း မှာ နွေရာသီ လေ့ကျင့်ရေး အတွက် နာမည် စာရင်းသွင်းလိုက်ပါတော့တယ်။ ကျောင်းကပွဲ မှာ ငယ်ချစ်ဦးရဲ့ မပြတ်သေးတဲ့ ရည်းစား ကြောင့် အရှက်ကွဲခဲ့ရလို့ မတွေ့ချင်ပါဘူး ဆိုကာမှ အဲ့ကောင်မကို စခန်းမှ တည့်တိုးတာ ရယ် နဲ့ ဝစ်နီ တစ်ယောက် ဒီနွေရာသီ လေ့ကျင့်ရေးစခန်းမှာအဆင်ပြေပါ့မလား ဆိုတာတော့ ပိတ်ကားမှာ ကြည့်ရှုခံစားပေးကြပါနော် File size…(1.5 GB)/(770 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:34:00 Genre… Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Kuro

5.4 2024
Boot Camp
The Count of Monte-Cristo Le Comte de Monte-Cristo
7.7

The Count of Monte-Cristo (2024) IMDb Rating (7.7) / Rotten Tomatoes (100%) ကမ္ဘာကျော်ပြင်သစ်စာရေးဆရာကြီး အဲလက်ဇ်ဇန်ဒရာဒူးမတ်စ်ရဲ့ နာမည်ကျော်၀တ္ထုကို ပြင်သစ်တွေ ပြန်လည်ရိုက်ကူးထားတဲ့ ဇာတ်လမ်းကောင်းတစ်ပုဒ်ပါပဲ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၈၀ လောက်က၀တ္ထုဆိုပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းမှာ ဘာသာစကားပေါင်းများစွာနဲ့ ဘာသာပြန်ဆိုခံခဲ့ရပြီး adaptation များစွာရှိတဲ့ အလွန်အောင်မြင််ခဲ့တဲ့၀တ္ထုပါ။ TV series တွေ Movie တွေ Musical တွေ များစွာရှိတဲ့အပြင် ဂျပန်မှာအရမ်းလူကြိုက်များတာကြောင့် Manga နဲ့ Anime တွေပါထွက်ရှိထားပါတယ်။ ဒီ၀တ္ထုကတော့ ပြင်သစ်စစ်ဘုရင်ကြီးနပိုလီယမ် အယ်လာဗ်ကျွန်းကို ပထမအကြိမ်ပြည်နှင်ဒဏ်ပေးခံရချိန် ၁၈၁၅ ၀န်းကျင်မှာဇာတ်အိမ်တည်ထားပါတယ်။ နပိုလိုယမ် ကျွန်းကထွက်ပြေးလာချိန်မှာ အပ်ဒ်မွန်ဒန်းတစ်စ်ဆိုတဲ့ လူငယ်လေးက ဆုံးခါနီးသူ့ကပ္ပတိန်ရဲ့စေခိုင်းမှုအရ နပိုလီယမ်နဲ့အတူပြည်နှင်ခံရတဲ့ ဗိုလ်ချုပ်ကြီးဘာထရန်ဆီ အထုပ်တစ်ခုပို့ဆောင်ပေးလိုက်ပါတယ်။ ဒီဗားရှင်းမှာတော့ ဒန်တစ်စ်က ရေနစ်‌နေတဲ့ အမျိုးသမီးတစ်ယောက်ကို ကပ္ပတိန်အမိန့်ကိုဆန့်ကျင်ပြီး ကယ်တင်လိုက်ရာက စပါတယ်။ ဖြစ်ချင်တော့ အဲ့အမျိုးသမီးဆီမှာ နပိုလီယမ်ရဲ့စာတစ်စောင်ရှိနေပြီး သင်္ဘောကပ္ပတိန်ဒန်ဂလာစ်က အဲ့တာကိုသိသွားပါတယ်။ သူတို့မာဆေးကိုပြန်ရောက်တော့ ဒန်ဂလာစ်က သင်္ဘောပိုင်ရှင်ကို ဒန်တစ်စ်ရဲ့ အမိန့်မနာခံမှုအကြောင်း ပြောတော့ ပိုင်ရှင်က အမျိုးသမီးငယ်ကိုကယ်ခဲ့တဲ့ ဒန်တစ်စ်ကို ချီးကျူးပြီး ကပ္ပတိန် ခန့်အပ်လိုက်ပါတယ်။ သူ့ရဲ့ချစ်သူမာဆီဒတ်နဲ့ လက်ထပ်ချင်တဲ့အိမ်မက်လည်း ပြည့်သွားပြီမို့ ချစ်သူနှစ်ယောက် အပျော်ကြီးပျော်နေတာပေါ့။ ဒါပေမယ့် သူတို့လက်ထပ်ပွဲနေ့မှာ မနာလိုဖြစ်နေတဲ့ ဒန်ဂလာစ်ရဲ့ တိုင်တန်းမှုကြောင့် ဥပဒေအရာရှိဒယ်ဗီဖော့တ်ရဲ့ လက်မှတ်နဲ့ နပိုလီယန်ထောက်ခံသူလို့ယူဆရတဲ့ အပ်ဒ်မွန်ဒန်တစ်စ်ကို ဖမ်း၀ရမ်းနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ ဖြစ်ချင်တော့ အရာရှိက ဒန်တစ်စ်ကယ်ခဲ့တဲ့အမျိုးသမီးရဲ့ အစ်ကိုဖြစ်နေပြီး သူ့ဂုဏ်သတင်းထိခိုက်မှာစိုးတာကြောင့်သူ့အသိဖြစ်တဲ့အပြင် ဒန်တစ်စ်ရဲ့ သူငယ်ချင်းဖာနန်ဒယ်မောဆဲကို ဒန်တစ်စ်အပြစ်ရှိကြောင်းထွက်ဆိုပေးဖို့တစ်ဖက်လှည့်နဲ့တိုက်တွန်းပါတယ်။ ဖာနန်ကလည်း ဒန်တစ်စ်ရဲ့ဇနီးလောင်းမာဆီဒတ်ကို တစ်ဖက်သတ်ချစ်နေသူဖြစ်တာကြောင့် အချစ်အတွက်သူငယ်ချင်းကိုသစ္စာဖောက်ကာ ဗီဖော့တ်နဲ့ပေါင်းကြံပါတော့တယ်။ ကိုယ့်ကိုယ်ကျိုးအတွက် ဂုဏ်သတင်းအတွက် အချစ်အတွက် အခြားတစ်ယောက်ကို ထိုးချလိုက်ကြတဲ့ လူသုံးယောက်ကြောင့် အပ်ဒ်မွန်က ဘ၀ပျက်ပြီး ၂၂ နှစ်အရွယ်မှာတင် ချတိုဒိစ်ကျွန်းမှာ အကျဉ်းချခံလိုက်ရပါတော့တယ်။ လေးနှစ်အကြာမှာ ထောင်ဖောက်ဖို့ကြိုးစားရင်း သူ့အခန်းကို မှားရောက်လာတဲ့ ဖာသာဖာရီယာနဲ့တွေ့ခဲ့ပါတယ်။ ဖာရီယာက ပထမခရူးဆိတ်စစ်ပွဲတုန်းက သူရဲကောင်းတွေရဲ့ နောက်ဆုံးကျန်ရစ်သူကာဒီနယ်စပါတာရဲ့ တပည့်ဖြစ်ပြီး ဒန်တစ်စ်ကို သူတို့လွတ်ဖို့ကြိုးစားနေတဲ့နှစ်တွေအတွင်း သိသမျှသင်ပေးခဲ့ပါတယ်။ ဒန်တစ်စ်လွတ်လာတော့ သူ့ချစ်သူမာဆီဒတ်က ဖာနန်နဲ့လက်ထပ်ပြီး အခြားကိုပြောင်းသွားပြီဆိုတာသိလိုက်ရတဲ့အပြင် ဖခင်ဆုံးသွားတာပါသိတော့ စိတ်အနာနာကြီးနာသွားပြီး ဖာရီယာပြောခဲ့တဲ့ ကမ္ဘာပေါ်မှာမရှိဖူးသေးတဲ့ အကြီးမြတ်ဆုံးရတနာတစ်ပါးကိုသွားရှာပါတော့တယ်။ အဲ့ဒီမှာ ‌ကမ္ဘာကြီးကို လက်ဖဝါးပေါ်တင်ပြီး ကစားနိုင်သွားတဲ့ ယောကျာ်းတစ်ယောက်ရဲ့ ပုံပြင်စပါတယ်။ မွန်တီခရစ်စတိုမြို့စားကြီးအနေနဲ့ ပြန်လာခဲ့ပြီး သူ့အပေါ်မှားယွင်းစွာချောက်ချခဲ့တဲ့ လူသုံးယောက်ကို လက်စားချေမယ့် အစီအစဉ်ကိုစတင်အကောင်အထည်ဖော်ပါတော့တယ်။ Rating ကလည်း IMdb 7.7/10 နဲ့ Rotten tomotoes 100% ရရှိထားပြီး Budget EUR 42.9 million နဲ့ 2024 အတွက်ပြင်သစ်ရဲ့ အကုန်အကျအများဆုံးရုပ်ရှင်ဖြစ်တာမို့ ကြည့်မိလို့နောင်တမရပါဘူးနော်။ သစ္စာဖောက်မှု၊ ကလဲ့စားနဲ့ ချစ်ခြင်း‌တွေကို အလှပဆုံးပုံဖော်ထားတဲ့ Adaptation ကောင်းတစ်ပုဒ်ဖြစ်တဲ့အပြင် ဘာသာပြန်ကိုလည်း အတတ်နိုင်ဆုံးတော့ အကောင်းဆုံးဖြစ်အောင် လုပ်ပေးထားတာမို့ ရှုစားကြည့်လိုက်ကြပါဦးရှင့်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size…(9 GB) / (2.8 GB) / (1.6 GB) Quality….WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action, Adventure, Drama, History, Romance, Thriller Duration….02:58:03 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant, Benjamin Translated by Phu Thet Khin

7.7 2024 178 mins
The Count of Monte-Cristo Le Comte de Monte-Cristo
King of Dallas
6.2

AD 2022ခုနှစ်မှာ ဗိုင်းရက်စ်တစ်မျိုးကြောင့် ကမ္ဘာ့လူဦးရေရဲ့ ၉၉.၉၉ရာခိုင်နှုန်းဟာသေဆုံးသွားခဲ့ကြပြီးတော့ ထူးဆန်းတဲ့သွေးအမျိုးအစားကိုပိုင်ဆိုင်ထားကြတဲ့ လူမည်းအနည်းစုသာ ကမ္ဘာပေါ်မှာအသက်ရှင်ကျန်ရစ်ခဲ့ပါတယ် ဒီလိုနဲ့ ၂၀၉၇ခုနှစ် အရောက်မှာတော့ အဲဒီကျန်ရှိတဲ့လူမည်းအနည်းစုဟာလည်း Pure, Bronze နဲ့ Vantaဆိုပြီး အသားအရောင်ကြောင့် သုံးဂိုဏ်း ကွဲသွားပြီးတော့ အချင်းချင်းစစ်ဖြစ်တော့မယ့်အခြေအနေပါ အဲဒီထဲကမှ Vanta ဂိုဏ်းရဲ့ဘုရင့်သားဖြစ်တဲ့ အော့တေးဗီးယက်စ်ဟာ Pureဂိုဏ်းသူတစ်ယောက်နဲ့ချစ်ကျွမ်းဝင်ပြီး ကလေးမွေးလာတဲ့ အခါမှာတော့ ကလေးကBronze ဂိုဏ်းသားတွေရဲ့အသား အရောင်လိုမျိုးဖြစ်နေပါတယ် ဒါကြောင့် အချင်းချင်းပြဿနာ မဖြစ်ရလေအောင်ဆိုပြီး အော့တေးဗီးယက်စ်ရဲ့ဇနီးနဲ့သမီးဖြစ်သူကို သုတ်သင်လိုက်ကြပါတယ်.. ဒါကြောင့်အော့တေးဗီးယက်စ်ဟာ Vanta ဂိုဏ်းကထွက်ပြီး တားမြစ်နယ်မြေထဲမှာသွားနေနေခဲ့တာပါ ဒါပေမယ့် အသားအရောင်ခွဲခြားမှုကြောင့် တစ်နေ့တစ်ခြားတင်းမာလာတဲ့ ဂိုဏ်း၃ဂိုဏ်းရဲ့ပြဿနာဟာပိုမိုးကြီးထွားလာပြီး ဦးဆောင်သူမဲ့နေတဲ့ Vantaရဲ့တာဝန်တွေဟာ အော့တေးဗီးယက်စ်ပခုံးပေါ်ရောက်လာချိန်မှာတော့ အော့တေးဗီးယက်စ်တစ်ယောက် ဒီပြဿနာတွေကိုဘယ်လိုကိုင်တွယ်မလဲ ဘာတွေကြုံတွေ့ရမလဲဆိုတာကို ရှုစားလိုက်ကြပါဦး… File size… (1.70GB) / (893MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 59m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Thura Mg Mg

6.2 2024 150 mins
King of Dallas
Where the Wind Blows Il vento soffia dove vuole
6

Where the Wind Blows (2024) IMDb Rating (6.0) တားရန့်မယ်လစ်ဆန်ဆန် ရုပ်ရှင်လို့ပြောလို့ရတယ်။ ဘာသာရေးနဲ့ လူသားဟာ ခွဲခြားလို့မရသလို တစ်ခါတလေ ဘာသာရေးနဲ့ လူသားဟာ တစ်သားတည်းမကျနေဘူး။ ဒီတစ်သားတည်းမကျနေတဲ့ ဘာသာရေးနဲ့လူသားကြားက ကွင်းဆက်ကို အဖြေမပါတဲ့ အမေးတွေနဲ့ အဖြေရှာကြတဲ့ ရုပ်ရှင်တွေ အရမ်းအများကြီးမဟုတ်ပေမဲ့ ပမာဏတစ်ခုအထိတော့ ထွက်ပြီးပြီလို့ပြောရမယ်။ ဒီကားက အဲဒီလိုကားမျိုးပါပဲ။ ခရစ်ယာန်ဘာသာရေးနဲ့ လူတွေကြားက ယုံကြည်မှု မယုံကြည်မှု အခြေအနေတွေကို မီးမောင်းထိုးပြထားတဲ့ ရုပ်ရှင်ပါပဲ။ တစ်ကားလုံးနီးပါး ဘာသာရေးတွေ ကျမ်းစာထဲက စကားတွေချည်းပြောနေတာဆိုတော့ ဇာတ်ကားက နည်းနည်းတော့လေးပါတယ်။ ဒီရုပ်ရှင်ဟာ ရှင်ခြင်း သေခြင်း ဖြတ်သန်းခြင်းအစုံစုံကို ခရစ်ယာန်ဘာသာရေးနဲ့ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်တစ်ကားပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။) File size…(1.9 GB) / (780 MB) Quality….WEB-DL 1080p HEVC / 720p Format…. mkv / mp4 Genre….Drama Duration….01:49:38 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W

6 2024 108 mins
Where the Wind Blows Il vento soffia dove vuole
Seeds
5.5

CM ပရိသတ်ကြီးကို ကနေဒီယန် ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ် မြောက်အမေရိကတိုက်ရဲ့ နဂိုမူလ နေထိုင်သူ တိုင်းရင်းသား လူမျိုးစု တစ်စုဖြစ်တဲ့ မိုဟော့ လူမျိုးစု မျိုးနွယ်ဝင် Influencer ဆယ်လီ ကောင်မလေး တစ်ယောက်နဲ့ သီးနှံမျိုးစေ့တွေကို လက်ဝါးကြီးအုပ် ထိန်းချုပ်ချင်တဲ့ ကုမ္ပဏီတစ်ခုနဲ့ ထိပ်တိုက်တွေ့ကြတဲ့ ဇာတ်လမ်းလေးတစ်ခုကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာ နာမည်ကြီးအွန်လိုင်းဆယ်လီဖြစ်အောင် ကြိုးစားနေတဲ့ ဇစ်ဂီဆိုတဲ့ ကောင်မလေးတစ်ယောက်ဟာ တစ်နေ့မှာ ကိုယ်စားပြုကြော်ငြာပေးဖို့အတွက် Nature Oath ဆိုတဲ့ ကောက်ပဲသီးနှံမျိုးစေ့ ကုမ္ပဏီကြီးတစ်ခုက ကမ်းလှမ်းလာခဲ့ပါတယ်။ ဇစ်ဂီဟာ ရလာတဲ့ အခွင့်အရေးကို အားရဝမ်းသာ လက်ခံ ခဲ့ပါတယ်။ နောက်တစ်နေ့မှာ ဇာတိမြို့မှာနေတဲ့ သူမရဲ့ အဒေါ်က အားလပ်ရက် ခရီးသွားဖို့အတွက် အိမ်စောင့်ဖို့ သူမကို လှမ်းပြောလို့ မြို့ကနေ ပြန်လာခဲ့ပါတယ်။ ဘယ်သူမှမရှိတဲ့ အချိန် သူမတို့အိမ်ကို ခိုးဝင်ပြီး မိသားစု အမွေဖြစ်တဲ့ မျိုးရင်းမျိုးစေ့တွေကို ခိုးယူဖို့ ကြိုးစားတဲ့ သူခိုးနဲ့ ကြုံဆုံရတဲ့ အခါမှာတော့ သူမ ဘယ်လိုကာကွယ်မလဲ….။ ( ဒီဇာတ်ကားမှာ ဇစ်ဂီအဖြစ် သရုပ်ဆောင်ထားတဲ့ တီယိုဟွန်း ဟာ အပြင်မှာလည်း မိုဟော့လူမျိုး တစ်ယောက်ဖြစ်ပြီး ဒီဇာတ်ကားကို သူမကိုယ်တိုင် ဒါရိုက်တာအဖြစ် ညွှန်ကြား ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး လက်ရာဖြစ်ပေမယ့် ဇာတ်လမ်း ဇာတ်အိမ်ကို လေးဖင့်တာမျိုး မရှိဘဲ လိုရင်းတိုရှင်း ခပ်ပြတ်ပြတ် ရိုက်ကူးထားနိုင်တာမို့ အရည်အသွေးမီ ဇာတ်ကားလို့ ပြောလို့ရပါတယ်။ IMDB မှာ 5.5 ရထားတာမို့ သိပ်မဆိုးဘူး ပြောရမှာပါ။ နောက်ဆုံး စပွိုင်လာအနေနဲ့ ပြောရရင် ရန်သူကို လက်တုံ့ပြန် နှိပ်စက်တဲ့အခန်းက အတော်အားရဖို့ ကောင်းပါတယ်။ ? ) (အညွှန်းနဲ့ ဘာသာပြန်ကတော့ Aoi ဖြစ်ပါတယ် ) File size… (827 MB) Quality… WEB-DL 1080p HEVC Format…mkv Duration….1h 22m Genre …..Horror , Mystery , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aoi

Drama • Romance • Comedy
5.5 2025 82 mins
Seeds
Mountainhead
5.5

Mountainhead (2025) IMDb Rating (5.5) / Rotten Tomatoes (80%) ဒီကားလေးကတော့ လက်ရှိ billionaire အချို့ရဲ့ အစွန်းရောက်နိုင်မှုကို ထင်ဟပ်ထားပါတယ်။ AI ထုတ် သတင်းအမှားတွေကြောင့် ကမ္ဘာတစ်ဝှမ်း အုတ်အော်သောင်းနင်းဖြစ်နေစဉ်မှာ ကျိကျိတက်ချမ်းသာတဲ့သူဌေးသူငယ်ချင်းလေးယောက်က မောင်တိန်ဟာ့ဒ်ဆိုတဲ့နေရာမှာ အားလပ်ရက်ကို လာအပန်းဖြေကြတယ်။ ဒါပေမဲ့ သူတို့တစ်ဦးချင်းစီမှာက လျှို့ဝှက်ချက်ကိုယ်စီရှိနေကြပါတယ်။ ရလေလိုလေအိုတစ္ဆေဆိုသလိုပဲ လူတစ်ယောက်က ဘယ်လောက်ပဲစည်းစိမ်တွေရှိနေပါစေ ကိုယ့်ထက်သာတဲ့လူကိုအမြဲမျှော်ငေးနေရင်ကတော့ ကျေနပ်မှုက ဘယ်လိုမှမရလာတတ်ဘူး။ အဲ့ဒါကပဲ သူတို့လေးယောက်ကြားမှာ စိတ်၀မ်းကွဲစရာဖြစ်လာတယ်။ သူတို့လေးယောက်ပဲရှိတဲ့ ဒီမောင်တိန်ဟာ့ဒ်နေရာကြီးမှာ ကိုယ်ကျိုးအတွက် ကိုယ်စီလှုပ်ရှားရုန်းကန်ကြတဲ့အခါ ဘာတွေဖြစ်ကုန်မလဲ‌ဆိုတာတော့ ဆက်လက်ကြည့်ရှု့လိုက်ကြနော်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Phu Thet Khin ဖြစ်ပါတယ်။) File size… (3.3 GB) / (1.1 GB) Quality…. WEB-DL 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:50:37 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Benjamin Translated by Phu Thet Khin

Action • Comedy • Crime
5.5 2025 109 mins
Mountainhead