YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Woman in a Veil.2023.EP69.HDTV.1080P(CM).mp4

701.54 MB N/A video/mp4 44 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Life of Crime
5.7

Tim Robbins နဲ့ Jennifer Aniston တို့ အဓိက ပါဝင်ထားတဲ့ Comedy ဇာတ်ကားလေး တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်.... ဇာတ်လမ်းအစမှာတော့ အိမ်ခြံမြေလုပ်ငန်းရှင် ဖရန့်ခ်ဒေါ်ဆင်ရဲ့ မိန်းမ မစ်ကီဒေါ်ဆင်ကို ပြန်ပေးဆွဲဖို့ တိုင်ပင်နေကြတဲ့ ရာဇဝတ်သား ၂ ယောက်ရဲ့ ဇာတ်ဝင်ခန်းနဲ့ စထားပါတယ်. သူ့မိန်းမကိုယ်တိုင်တောင်မသိတဲ့ ဖရန့်ခ်ဒေါ်ဆင်ရဲ့ လျှို့ဝှက် ချက်တွေကို သိထားတဲ့ သူတို့ ၂ယောက်ကတော့ ဖရန့်ခ်ရဲ့မိန်းမကို ပြန်ပေးဆွဲငွေညှစ်တာက လွယ်လွယ်လေးပိုက်ဆံရမယ့် အလုပ်လို့ ထင်ထားခဲ့တာပါ.ဒါပေမယ့် သူတို့မသိတာက ဖရန့်ခ်မှာ သူတို့ မထင်ထားတဲ့ မယ်လနီဆိုတဲ့ အငယ်အနှောင်း ရှိနေပြီး. သူ့မိန်းမ မစ်ကီ့ကိုလည်း ကွာရှင်းဖို့ထိ စီစဉ်ထားပြီး ဖြစ်နေခဲ့တယ်ဆိုတာပါပဲ. တကယ့်တကယ် မစ်ကီကို ပြန်ပေးဆွဲချိန်မှာတော့ ဖရန့်ခ် အနေနဲ့က သူ့မိန်းမကို ဒေါ်လာ ၁ သန်း ပေးပြီး ပြန်အရယူဖို့ စိတ်ကူးမရှိသလို သူ့အငယ်အနှောင်း မယ်လနီကလည်း တခြားအကြံအစည် တစ်ခုရှိနေပါတယ်. ငွေအရလွယ်ဖို့ ပြန်ပေးဆွဲမိကာမှ မြွေပွေးခါးပိုက်ပိုက်မိတဲ့ အဖြစ်ကြုံရတဲ့သူတို့၊ မစ်ကီကို ဖမ်းထားရင်း ကြုံတွေ့ရတဲ့ အလွဲများ၊ တစ်ဖက်က ဖရန့်ခ်ရဲ့ မီးခဲဖင်ခုထိုင်မိသလို ကြံရာမရဖြစ်ပုံများနဲ့ ဘာတွေ ဆက်ဖြစ်ကြမလဲ စတာတွေကို ဟာသနှော တင်ဆက်ထားတဲ့ ဇာတ်လမ်းလေးကို CM ကနေ ပရိသတ်များ ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်. File size…1.26GB / 529MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 38m Genre ..... Comedy , Crime Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Sai Sumali

Drama
5.7 2013 94 mins
Life of Crime
Hounded
5.5

တစ်ခါတလေ ကိုယ့်ရဲ့အိပ်မက်တွေထဲမှာ နောက်ကလိုက်ဖမ်းတဲ့သူတွေ လက်ထဲကနေ လွတ်အောင်တရစပ်ပြေးနေရတာမျိုး မက်ဖူးကြမယ် ထင် ပါတယ်။ တချို့ဆို မောဟိုက်ပြီးတော့တောင် လန့်နိုးလာတတ်ကြပါသေးတယ်။ ဒီဇာတ်ကားကတော့ အိပ်မက်ကမ္ဘာထဲမှာတင်မဟုတ်ဘဲ အပြင်လောကမှာပါ ကိုယ်ပြေးနိုင်မှ ကိုယ်ရှင်သန်ကျန်ရစ်မယ့် ဇာတ်ကားလေးပါ။ လီယွန်၊ ချားဇ်၊ ဗစ် နဲ့ တော့ဒ် တို့လေးယောက်က ရှေးဟောင်းပစ္စည်းတွေကို လိုက်ခိုးပြီး ရောင်းစားကြတဲ့ သူခိုးလက်သစ်လေးယောက်ပါ။ တစ်နေ့မှာ အခမ်း အနားသုံးဓား လို့ နာမည်ကျော်ပြီး အရမ်းတန်ဖိုးရှိတဲ့ဓားတိုလေးတစ်လက်ကို ခိုးယူဖို့ ရွာတစ်ရွာမှာရှိတဲ့ အိမ်ကြီးတစ်ခုဆီ ရောက်လာခဲ့ကြပါတယ်။ အဲဒီဓားကို မခိုးယူနိုင်ခင်မှာပဲ အိမ်ရှင်အမျိုးသမီးရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး အဲဒီဒေသရဲ့ ထူးဆန်းတဲ့ အမဲလိုက်ခြင်းကို ခံရပါတော့တယ်။ ကွင်းပြင်ကျယ်တွေ တောအုပ်တွေထဲ ကြိုက်သလောက်ပြေး သတ်မှတ်တဲ့အချိန်ရောက်ရင် နောက်ကနေ အမဲလိုက်ခွေးတွေနဲ့ လိုက်ပြီး လူတွေကို လိုက်သတ်တဲ့ ကျောချမ်းဖွယ်ရာ အမဲ လိုက်ခြင်းမျိုးပါ။ ဒီအမဲလိုက်ခြင်းကနေ ဘယ်သူအသက်ရှင်ကျန်ရစ်မလဲဆိုတာကိုတော့ ထိတ်လန့်ခြောက်ခြားဖွယ်ရာများနဲ့ အတူ ကြည့်ရှု့ရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.6 GB) / (627 MB) / (390 MB) Quality............BluRay 1080p / 720p / 480p Duration.........1Hr 34mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Action, Horror Translator.......May Thet Khine Soe Encoder..........SWM

Action • Drama
5.5 2022 94 mins
Hounded
13: The Musical
6.2

Musical ဆိုတဲ့အ‌တိုင်း သီချင်းသံ မြူးမြူးကြွကြွတွေနဲ့ ကြည့်ရမယ့်ကားပါဗျ။ ဆယ်ကျော်သက်ဖြစ်ကာစ လူငယ်ပေါက်စလေးတွေရဲ့ အလွဲတွေလည်း ပါသပေါ့ဗျာ ဇာတ်လမ်းအညွှန်းကတော့ ... အယ်ဗန်ဂိုးမန်းဆိုတဲ့ကောင်လေးက နယူးယောက်မြို့သားလေး ဂျူးလူမျိုးမလို့ တစ်ဆယ့်သုံးနှစ်မှာ ကျင်းပရမယ့် Bar Mitzvah ပွဲအတွက် အမျှော်လင့်ကြီး မျှော်လင့်နေသူပေါ့။ ဒါပေမယ့်လည်း အဖေဖြစ်သူရဲ့ ပြဿနာတွေကြောင့် မိသားစုကွာရှင်းလိုက်ရပြီး အင်ဒီယာနာက ပုံတုံးလှတဲ့ နယ်မြို့လေးကို ပြောင်းရွှေ့လိုက်ရတဲ့အခါ ... တောမြို့လေးဆိုပေမယ့် ကျောင်းအသစ်မှာလည်း ဆယ်ကျော်သက်ပေါက်စတွေရဲ့ အတတ်ဆန်းချင်တဲ့ ကိစ္စဝိစ္စလေးတွေ ရှိနေပါသေးတယ်။ Bar Mitzvah ပွဲကို အကြီးကျယ်ဆုံးဖြစ်ချင်တဲ့ မြို့သားလေး တောမြို့လေးမှာ ဘယ်လိုဂြိုဟ်မွှေခြင်းတွေနဲ့ ကြုံတွေ့ရမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ 13 နှစ်ကလေးတွေရဲ့ teenage ကားမလို့ ပိတ်ရက်မှာ မိသားစုနဲ့အတူ ကလေးတွေနဲ့အတူ ပေါ့ပေါ့ပါးပါးကြည့်မယ်ဆိုရင် ရွေးသင့်တဲ့ကားလေးပါ။ Musical မို့ သီချင်းသံတွေတော့ တော်တော်မြိုင်ဆိုင်ပါလိမ့်မယ်ဗျ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Chevy ပါ။) File Size : 2.2GB, 1GB, 517MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 31mins Genre : Drama, Comedy, Family, Musical Translated by Chevy Encoded by Kinnov

Thriller
6.2 2022 94 mins
13: The Musical
Straight Outta Compton
7.8

၁၉၈၆ ဝန်းကျင်ကာလကပေါ့ လူဖြူ လူမဲခွဲခြားမှုအသောမတတ်နိုင်သေးတဲ့ကာလ လူမဲတွေဟာ typical black people ထုံးစံအတိုင်း ဆေးရောင်းတာ ဂိုဏ်းဂဏ ဖွဲ့တာတွေ အလုပ်မပြတ်သလို လူဖြူတွေဖက်ကလဲ အထူးသဖြင့် အာဏာပိုင်တွေဖက်က လမ်းမှာလူမဲတွေအုပ်လိုက် လမ်းလျှောက်သွားတာတွေ့ရင်တောင် ဆွဲစိပီးပညာပေးတဲ့ ကာလပေါ့ ဆူပွက်နေတဲ့ရေနွေးအိုးခရားကြီးလိုပဲ လူဖြူတွေနဲ့ လူမဲတွေကြား တကြပ်ကြပ် ထိုစဥ်ကာလက Rap ဂီတဆိုတာ တွင်တွင်ကြယ်ကြယ်တောင် မဖြစ်သေးပါဘူး စကားကုန်ပြောရရင် လူမဲတွေနဲ့ပတ်သတ်တဲ့ယဥ်ကျေးမှု ထုံးတမ်းစဥ်လာ culture တွေဟာ လူဖြူတွေကြားမှာ လက်ခံနိုင်စရာတရပ်အဖြစ် မဖြစ်နိုင်သေးတဲ့အချိန်တွေ ပေါ့ အဲ့ထဲမှာ လူမဲတွေရဲ့ Rap ဂီတကလဲ တခုအပါဝင်ဖြစ်ခဲ့တယ် အဲ့လို အကြပ်တည်းကပ်ဆိုက်နေတဲ့ ကာလမှာ Gangsta Rap တွေကို လူသိများအောင် လုပ်ပေးနိုင်ခဲ့တဲ့ role model ၃ယောက်ထွက်ခဲ့ပါတယ် Rap သီချင်းတေကြိုက်တတ်တဲ့သူတိုင်း မသိသူမရှိ Rap God ကြီး Eminem ရဲ့ဆရာ Dr.Dre Gangsta Rap နဲ့အရမ်းအောင်မြင်လာခဲ့တဲ့ Eazy-E Friday တို့ 21 Jump Street တို့လို ဟာသကားတွေနဲ့ အောင်မြင်ပီးလူသိများတဲ့ Ice Cube သူတို့၃ယောက်ပေါင်းပီး Ruthless ဆိုတဲ့အဖွဲ့ကိုစဖွဲ့စည်းခဲ့ပါတယ် အခြားသူတွေလဲပါတာပေါ့ အဲ့ Ruthless ကနေစပီး N.W.A တို့ Death Row တို့ ဘယ်လိုဆက်ဖြစ်လာလဲ သူတို့ ၃ယောက်ရဲ့ ခေတ်ကာလနဲ့ နိုင်ငံရေးအခြေနေကိုလိုက်ပီး Hip Hop mainstream ကြီး ဘယ်လိုရှေ့ဆက်သွားမလဲဆိုတာ တဝကြီးကြည့်ရမှာပါ ဒီကားဟာ Hip Hop ရဲ့သမိုင်းကြောင်းကိုရိုက်ထားတဲ့ကားလို့တောင် ပြောရပါမယ် နောက်ပီး N.W.A ရဲ့သီချင်းတွေကလဲ ဟိုးအရင်ခေတ်က သီချင်းတွေတုန်းက sound quality မကောင်းခဲ့ပေမယ့်လို့ အခု Straight Outta Compton ထဲမှာ sound quality တွေတော်တော်ကောင်းထားတာ တွေ့ရတယ် ကဲဗျာ Compton ဆိုတဲ့ မြို့ငယ်လေးတခုက ဖိနှိပ်ခံ လူငယ်လေးသုံးယောက် Compton မြို့အပြင်ကို ဘယ်လိုအရှိန်ဟုန်နဲ့ပြေးထွက်ပီး ကမ္ဘာပတ်မလဲဆိုတာ တဝကြီးခံစားကြည့်လိုက်ပါ rating ပိုင်းကလဲပြောစရာမလိုအောင် တော်တော်ကောင်းတဲ့ rating နဲ့မို့ ကြည့်မိလို့ နောင်တရမယ့်ကားထဲမှာမပါမှာတော့ ကျတော်အာမခံပါတယ် File size…2.1GB / 1GB Quality…1080p BluRay AAC5.1CH / 720p Format…mp4 Duration….2h 27m Subtitle….Myanmar Subtitle (Hard Sub) Encoder….Thit San Khant Translated by Hein Thet Naing

Horror • Thriller
7.8 2015 147 mins
Straight Outta Compton
Devil Beneath

Devil Beneath (2023) ဒီကားလေးက​တော့ 2023 မှာ လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ သည်းထိတ်ရင်ဖိုကား​လေးဖြစ်ပါတယ်။ ~ ဇာတ်လမ်းအညွှန်း ~ အ​မေတူအ​ဖေကွဲ ညီအစ်ကိုနှစ်​ယောက် သူတို့အဖိုးရဲ့​သေတမ်းစာကြောင့် ပြန်လည်ဆုံစည်းခဲ့ကြပြီး အိမ်မှာ သူငယ်ချင်း​တွေ စကီ​တွေ​ခေါ်ကဲ​နေတုန်း သူငယ်ချင်း​တွေ ​သွေးရိုးသားရိုးမဟုတ်ပဲ ​ပျောက်သွားလို့ လိုက်ရှာခဲ့တဲ့အခါ ဘာ​တွေပြန်​တွေ့ရမလဲ… သူတို့အဖိုးက​​​ရော ဘယ်လို​သေသွားတာလဲ… သူ့သူငယ်ချင်း​တွေ ​ပျောက်သွားတာက​ရော ပြန်​ပေးဆွဲတာပဲလား… တစ်ခုခုပြုစားမှု​ကြောင့်လား… စတဲ့​ နောက်ကွယ်က ဖြစ်ရပ်​တွေကို ရင်တလှပ်လှပ်နဲ့ရိုက်ပြထားတဲ့ကား​လေးတစ်ကားပါ။ အဲဒါအပြင် နစ်ခ်နဲ့ ထရစ်ဆန်ကြားက ညီအစ်ကို ​မေတ္တာကိုလည်း ထည့်သွင်းရိုက်ပြထားတာ​ကြောင့် ​နွေး​နွေး​ထွေး​ထွေး​လေးနဲ့ လန့်လန့်​လေးကြည့်ရမယ့် ကား​လေးတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 860MB Quality – 1080p, 720p Format – mp4 Duration – 1H 26Min Genre – Thriller Subtitle – Myanmar Subtitle (Hardsub) Translated by DB Encoded by Y

0 2023 90 mins
Devil Beneath
Of an Age
7

Of an Age (2022) ============= IMDb Rating – 7.2/10 Rotten Tomatoes – 87% နွေ လို့ ဆိုလိုက်ရင် အပူရှိန်ပြင်းတယ်၊ ငြီးငွေ့ဖို့ကောင်းတယ် လို့တွေးမိကြမလား။ ဒါမှမဟုတ် ကျောင်းတွေပိတ်လို့ ခွဲခွာရ တဲ့ရာသီလို့ပဲ ဆိုကြမလား။ တချို့တွေအတွက်ကျတော့ ပျား ရည်စက်လေးကို သောက်သုံးလိုက်ရသလို ချိုမြတဲ့နွေရာသီ လေးပါတဲ့။ ဒါဆိုရင် အချစ်ဆိုတာကိုရော ဘယ်လိုအဓိပ္ပာယ်ဖွင့်ဆိုကြမလဲ။ နှစ်ရှည်ကြာခိုင်မြဲမှ အချစ်လား၊ မြင်လိုက်တာနဲ့ ဒီလူက ငါ့လူပဲ ဆိုပြီး သိလိုက်တာကမှ အချစ်လား။ သေချာတာကတော့ အချစ်နဲ့ နွေဆိုတာ ဥဩငှက်က ယူဆောင်လာပေးတဲ့ တေးသံသာလေးပါပဲ။ ဒါဆိုရင် ချိုမြတဲ့ နွေရာသီရက်တစ်ရက်မှာ အချစ်ဆိုတဲ့ အရာနဲ့ ဆုံစည်းမိတဲ့ ၁၇ နှစ်အရွယ်ကောင်လေးတစ်ယောက်ရဲ့အကြောင်း ကို ကျွန်တော်တို့ ခံစားကြည့်လိုက်ကြမလား။ ဇာတ်လမ်းလေးက ရိုးရှင်းပါတယ် … ကားလေးတစ်စီးပေါ်မှာ အတူတူထိုင်စီးရင်း ကိုယ့်ရဲ့ပူလောင်နေတဲ့ ခံစားချက်တွေကို အေးမြသွားအောင် လုပ်ပေးနိုင်တဲ့သူတစ်ယောက်နဲ့ တွေ့ဆုံလိုက်ရတဲ့အကြောင်းလေးပေါ့။ ကဲ ဒီတော့ မျက်ဝန်းလေးတွေ ကနေတဆင့် ဖွင့်ဟပေးနေမဲ့ စိတ်ခံစားချက်တွေကို ငြိမ့်ငြိမ့်ညောင်း ညောင်းလေး စီးမြောကြည့်လိုက်ကြတာပေါ့လေ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size……….(2.5 GB) / (955 MB) / (511 MB) Quality…………WEB-RIP 1080p / 720p / 480p Duration………1Hr 40Mins Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Drama, Romance Translator…….May Thet Khine Soe Encoder……….Zin Phyo Aung

7 2022
Of an Age
Girlfriend Na Pwede Na
6.5

Girlfriend na pwede na (2023) imdb6.5/10 ဒီဇာတ်လမ်းလေးကတော့ အချစ် ကြည်နူးမူ နဲ့ ဟာသလေးတွေကို ပေါင်းစုပြီး ကြည့်ရမည့်ကားလေးတစ်ကားပါ အချစ်ကြောင့် ငိုရ ရီရ အခြေအနေအမျိူးမျိူးအကြောင်းကို ပုံဖော်ရိုက်ကူးထားပြီး ဟာသလေးခပ်စိပ်စိပ်နဲ့ ရယ်ရယ်မောမော ပေါ့ပေါ့ပါးပါး ကြည့်ရမယ့် ရုပ်ရှင်လေးတပုဒ်ဆိုလဲမမှားပါဘူး ဇာတ်လမ်းအကျဉ်းကတော့ အချိန်အကြာကြီးအတူရှိလာခဲ့တဲ့ တက်သစ်စဒါရိုက်တာလေးနဲ့ သူ့ရဲ့ချစ်သူ အူကြောင်ကြောင်ကောင်မလေးတိုရဲ့ အဆင်မပြေမှုတွေကနေ စထားပါတယ် ပန်ဆိုတဲ့ ကောင်မလေးဟာ သူ့ရဲ့စီးပွားရေးနယ်ပယ်မှာတော့ အောင်မြင်နေတဲ့အမျိုးသမီးလေး တဦးဖြစ်ပေမယ့် ချစ်သူဒါရိုက်တာလေး သိပ်ကိုရူးသွပ်တဲ့ ရုပ်ရှင်တွေနဲ့ပက်သက်လာရင်တော့ ဘာမှမသိသူလေးပါ…. ကိုယ့်နယ်ပယ်နဲ့ကိုယ် အောင်မြင်နေကြပေမယ့် သူ့ချစ်သူဒါရိုက်တာလေးက မတူညီတဲ့ သူတိုရဲ့နယ်ပယ်တွေကို နှိင်းယှဉ်ပြီး ပန်ကို ဝေဖန်အပြစ်တင်လာတဲ့အခါ… သူတိုရဲ့အချစ်ရေးဟာ အဆင်ပြေပါတော့မလား ဘယ်လိုပြန်ညှိနှိင်းကြမလဲဆိုတာကိုတော့ ဆက်လက်ကြည့်ရှုကြရမှာပါ ဒီဇာတ်ကားလေးက ကိုယ့်ချစ်သူကိုတန်ဖိုးထားသင့်ပြီ ဆုံးရူံးပြီးမှနောင်တရနေရမဲ့အဖြစ်မျိူးတွေကို ရှောင်လိုရအောင် ပေါ့ပေါ့ပါးပါးဟာသလေးတွေနဲ့ ရောနှောဖန်တီးထားတာကြောင့် ရယ်ရယ်မောမောနဲ့ ကြည့်ရှုသွားရမယ့်ဇာတ်လမ်းလေးတပုဒ်ပဲဖြစ်ပါတယ်

Drama • Romance
6.5 2023 99 mins
Girlfriend Na Pwede Na
This Hits Home
7.4

This Hits Home (2023) ================= ပထမဆုံးအနေနဲ့ ဒီကားက ရုပ်ရှင်မဟုတ်ပါဘူး အသိပညာပေးမှတ်တမ်း ရုပ်ရှင်ပါ။ တိတိကျကျပြောရရင် အိမ်တွင်းအကြမ်းဖက်မှုအကြောင်းကို ဆေးပညာရှုထောင့်အရရော ခံရသူတွေရဲ့ရှု‌ထောင့်ကနေပါ သေ‌သေချာ လေးရိုက်ပြထားတဲ့ရုပ်ရှင်တစ်ကားဖြစ်တယ်။ အိမ်တွင်းအကြမ်းဖက်မှုကို ကိုယ့်မိသားစုထဲမှာမကြုံတွေ့ဖူးရင်တောင်မှ ပတ်ဝန်းကျင်မှာ မြင်ရတွေ့ရ ကြားနေရတတ်ပါတယ်။ ဥပမာပေးရရင် တောထပျံ့နှံ့နေတဲ့ ကူးစက်ရောဂါတစ်ခုလိုပါပဲ။ ဒါပေမဲ့ လူတိုင်းမသိကြတာက အဲလိုနှိပ်စက်ခံရတဲ့သူတွေမှာ စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရပါ နောက်ဆက်တွဲပြဿနာတွေ ရောဂါတွေဖြစ်လာ တတ်တယ်ဆိုတာပါပဲ။ ဒါကို ကျွမ်းကျင်သူတွေက ဘယ်လိုသုံးသပ်ပြမလဲ ဖြေရှင်းကြမလဲဆိုတာတွေကို ဗဟုသု‌တအနေနဲ့ကြည့်ရှုရမဲ့ မှတ်တမ်းရုပ် ရှင်တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Khant Sett Naing ဖြစ်ပါတယ်) File Size……….(1 GB) / (371 MB) Quality…………WEB-DL 1080p / 720p Duration………1Hr 30Min Subtitle………..Myanmar Hardsub Format…………MP4 Genre…………..Documentary Translator……Khant Sett Naing Encoder……….SWM

7.4 2023
This Hits Home
Society of the Snow
8

Society of the Snow (2023) ~ IMDb – 8/10, Rotten Tomatoes – 90% ~ Society of the Snow ဟာ လာမယ့်အော်စကာမှာ Best International Feature Film ဆုအတွက် စပိန်ကိုယ်စားပြုရုပ်ရှင်ဖြစ်သလို Shortlist ၁၅ကားထဲလည်း ဝင်ထားတယ်။ ဒါရိုက်တာကတော့ A Monster Calls, Jurassic World: Fallen Kingdom နဲ့ The Impossible တို့ရဲ့ ဒါရိုက်တာ J. A. Bayona ဖြစ်တယ်။ The Lord of the Rings: The Rings of Power ရဲ့ ပထမဆုံး၂ပိုင်းကိုလည်း သူပဲရိုက်ထားတာ။ ကားတော့ သိပ်မရှိပေမဲ့ ရိုက်ထားသလောက်တော့‌ ကောင်းတယ်လို့ပြောရမယ့် ဒါရိုက်တာပဲ။ Society of the Snow ကိုတော့ သူ့ရဲ့အကောင်းဆုံးလက်ရာလို့ ဆိုကြတယ်။ Society of the Snow ရဲ့ ဇာတ်က အမှန်ဆိုမဆန်းတော့ဘူး။ ဥရုဂွေးကနေ ချီလီကိုသွားတဲ့ လေယာဉ် အန်းဒိဇ်တောင်ကြားမှာပျက်ကျပြီး နှင်းတွေကြား အစာရေစာမရှိဘဲ ရှင်ကျန်ဖို့ကြိုးစားခဲ့တဲ့သူတွေအကြောင်းပေါ့။ မဆန်းဆို ဒီဖြစ်ရပ်က တော်တော်ဟိုးလေးတကြော်ဖြစ်ခဲ့သလို စာအုပ်တွေထွက်တာလည်း ၁၆အုပ်လောက်ရှိသလို ရုပ်ရှင်တွေလည်း တော်တော်ထွက်ခဲ့ဖူးတယ်။ စတီဖင်ကင်းရဲ့ The Shining အပြင် Rick and Morty မှာတောင် ထည့်ပြောသွားဖူးတယ်။ နောက် Yellowjackets ဆိုတဲ့ နာမည်ကြီးစီးရီးတစ်ခုရဲ့ မူလဘူတကလည်း ဒီဖြစ်ရပ်ပဲ။ ဒီရုပ်ရှင်ရဲ့ ဒါရိုက်တာကိုယ်တိုင်လည်း ၂၀၁၂တုန်းက The Impossible ရိုက်ဖို့ လေ့လာကတည်းက ဒီရုပ်ရှင်ဖြစ်လာမယ့်စာအုပ်ကို ဖတ်ပြီး မူပိုင်ခွင့်ဝယ်ထားခဲ့တာ။ သေချာအချိန်ယူခဲ့သလို သေချာလည်းလေ့လာခဲ့တယ်။ ဒီဖြစ်ရပ်ကို ရိုက်ခဲ့သမျှကားတွေထဲ ဒီကားက ဝေဖန်ရေးသမားတွေရဲ့ မျက်နှာသာအရဆုံးလို့ ဆိုရမယ်။ ဒီလေယာဉ်ပျက်ကျတဲ့ဖြစ်ရပ်ရဲ့ အထူးခြားဆုံးအချက်က လူသားစားခဲ့ကြတဲ့ အချက်ပဲ။ နှင်းတောထဲ အချိန်တစ်ခုထိ ရိက္ခာမရှိ နေလာရင်း ဘာမှမရှိတော့တဲ့အချိန် သူတို့ရွေးချယ်မှုက သေသွားတဲ့လူတွေကို စားဖို့ဖြစ်လာခဲ့တဲ့နောက် ဒီဖြစ်ရပ်ကို အဲဒီအချက်ကပဲ ပိုထူးခြားသွားစေခဲ့တယ်။ ဒီဖြစ်ရပ်ကနေ ရှင်ကျန်တဲ့သူ၁၆ယောက်ရှိတယ်။ ဒီထဲက ၁၅ယောက်နဲ့ ဒါရိုက်တာက စကားပြောခွင့်ရခဲ့သလို သူတို့ကိုရုံမတင်ခင် ကြိုလည်းပြခဲ့တယ်။ ဒီဖြစ်ရပ်အပေါ် ဒါရိုက်တာရဲ့အမြင်တွေက အဲဒီလူတွေဆီကလာတော့ ဒီဖြစ်ရပ်ရဲ့ အကျည်းတန်ခြင်းတွေကို ဒါရိုက်တာက သူတို့ရဲ့လုပ်ရပ်ကောင်းတွေနဲ့ပဲ ပြန်ဖုံးသွားခဲ့တယ်။ လူသားစားတဲ့ အခန်းတွေပါနေပေမဲ့ ဒီကိုဦးတည်မသွားခင် ပြသွားတဲ့အရာတွေရော နောက်မှာပြတဲ့အရာတွေရော၊ Narrative တွေရောက ဒီအကျည်းတန်ခြင်းကို စွ့န်လွှတ်အနစ်နာခံခြင်းအသွင်နဲ့ပဲ လူသားစားတာကို လူသားဆန်ဆန်ပြသွားတယ်။ ဒီလိုပြတာကိုကပဲ ဒီကားကို ထူးခြားစေတယ်။ ဒီလေယာဉ်တစ်စီးလုံးကလူတွေထဲက ခရီးသည်၄၀မှာ ရက်ဂီဘောလုံးအသင်းက လူ၁၉ယောက်ပါသလို ကျန်တဲ့လူတွေကလည်း သူတို့နဲ့ပတ်သက်ရာပတ်သက်ကြောင်းတွေဆိုတော့ ဒီလိုပြန်စားလိုက်တာက တော်တော်တော့ ခေါင်းကျိန်းစရာကောင်းပေမဲ့ အကျိုးနဲ့အကြောင်းနဲ့ပဲ လူသားဆန်အောင်ပြထားတယ်။ ရှင်သန်ချင်စိတ်တွေ၊ ရဲဝံ့မှုတွေ၊ ယုံကြည်ချက်တွေ၊ စွန့်လွှတ်ခြင်းတွေ၊ လူသားဆန်မှုတွေနဲ့ ဖြစ်ရပ်က ရက်စက်သလို ကားကလည်း Survival ကားပေမဲ့ တော်တော်လေး လူသားဆန်နေတယ်။ ဒီလိုထူးသွားလို့ပဲ အော်စကာ Shortlist ထဲ ဝင်သွားသလားတော့မသိဘူး။ Society of the Snow ဟာ အကျည်းတန်တဲ့ဇာတ်လမ်းတစ်ပုဒ်ကို လှပတဲ့အဖြေပေးသွားတဲ့ ဇာတ်လမ်းလို့ပြောရမယ်။ ဒီလိုအချင်းအရာမျိုးကို ကျွန်တော်တို့ ဒါဦးဆုံးတွေ့ဖူးတာလည်း မဟုတ်တော့ပါဘူး။ My Neighbor Totoro တို့လို အရှိတရားရဲ့ရက်စက်ခြင်းတွေကို အနုပညာက ထွက်ပေါက်တစ်ခုပေးသွားတဲ့ ရုပ်ရှင်မျိုးတွေ မြင်ရပေါင်းမနည်းတော့ပါဘူး။ ကမ္ဘာကြီးမှာ အကျည်းတန်တဲ့နေရာတွေရှိသလို လူသားမှာလည်း ရက်စက်တဲ့အခါတွေ မကင်းနိုင်ဘူး။ တစ်ခါတလေ အနုပညာက အဲဒီအတွက် ထွက်ပေါက်တစ်ခုတော့ ပေးနိုင်တတ်တယ်။ မလှပတဲ့အရာတွေကို လှပစေလိုက်တာမျိုးပေါ့။ Society of the Snow ဟာ ဒီဖြစ်ရပ်အတွက်ပေးသွားတဲ့ ထွက်ပေါက်တစ်ခုလို့ ယူဆလို့ရနိုင်ခဲ့ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2.95GB, 990MB Quality – 1080p, 720p IMDb Rating – 8/10 Format – mp4 Duration – 2H 24Min Genre – Adventure, Drama, History Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y

8 2023
Society of the Snow
Gulou Town Mausoleum
5.8

ရှေးတုန်းကတရုတ်ပြည်အနောက်ဘက်မှာ မော့ယွီဆိုတဲ့တိုင်းပြည်တစ်ခုရှိခဲ့တယ်။ တက္ကသိုလ်ကရှေးဟောင်းသုတေသနလေ့လာရေးအဖွဲ့တစ်ဖွဲ့ဟာ ကန္တာရထဲကရှေးဟောင်းအမွေအနှစ်ဖြစ်တဲ့ မော့ယွီဘုရင်ဂူဗိမာန်ကိုရှာဖွေဖို့ခရီးစတင်ခဲ့ကြတယ်။ သုတေသနအဖွဲ့မှာ တက္ကသိုလ်ပါမောက္ခနဲ့ ကျောင်းသားတွေအပြင် သူတို့အဖွဲ့ကိုစောင့်ရှောက်ဖို့လုံခြုံရေးအဖွဲ့ပါလိုက်ပါခဲ့တယ်။ ပျောက်သွားတာနှစ်(၂၀)ကြာပြီဖြစ်တဲ့ အဖေကိုရှာဖို့ကြိုးစားဖို့အတွက် ဝမ်ချင့်ညန်တို့ကလဲ အဖွဲ့ထဲကိုရောဝင်ခဲ့တယ်။ အဆုံးမရှိတဲ့ကန္တာရကြီးထဲမှ ာ သဲမုန်တိုင်းကိုကျော်ဖြတ်ပြီးတော့ သူတို့ဟာမော့ယွီသင်္ချိုင်းထဲကိုရောက်သွားခဲ့ကြပါတယ်။ သင်္ချိုင်းထဲကရွှေငွေရတနာတွေကိုမြင်တော့ လူ့သဘာဝလောဘတွေပေါ်လာတော့တာပေါ့။ အားလုံးဟာဒီသင်္ချိုင်းဗိမာန်ထဲမှာပိတ်မိနေတဲ့အချိန် နှစ်ချို့မြွေကြီးပေါ်လာလို့ ရတနာတွေကိုဂရုမစိုက်နိုင်ပဲ အသက်ဘေးကထွက်ပြေးကြရတော့ပါတယ်။ နှစ်၂၀၀၀ကျော်သမိုင်းရှိတဲ့ ထောင်ချောက်တွေအထပ်ထပ်ပြည့်နေတဲ့ သင်္ချိုင်းဗိမာန်ထဲကနေဘယ်လို ပြန်ထွက်ဖို့ကြိုးစားမလဲ….. ရှေးဟောင်းသုတေသနစွန့်စားခန်းလေးပဲဖြစ်ပါတယ်။

5.8 2024
Gulou Town Mausoleum
The Zone of Interest
7.6

၂၀၂၄ အကောင်းဆုံး နိုင်ငံခြား ရုပ်ရှင် အော်စကာဆု၊ အကောင်းဆုံးရုပ်ရှင်ဆု၊ ဒါရိုက်တာဆု၊ အသံဆု နဲ့ ဇာတ်ညွှန်းဆုတို့ ဆန်ကာတင်ထားတဲ့ ဒုတိယကမ္ဘာစစ်နောက်ခံ သမိုင်း ဒရာမာ ရုပ်ရှင်ကောင်းတစ်ကားလာပါပြီ။ ဒီဇာတ်လမ်းကတော့ ရိုးရှင်းပါတယ်။ နာဇီအရာရှိမိသားစုဖြစ်တဲ့ ဟို့စ် နဲ့ သူ့မိန်းမ ဟက်ဝစ်တို့ ရဲ့ အေးချမ်းတဲ့ မိသားစုဘဝလေးအကြောင်းပါ။ သားသမီးတွေနဲ့ ဥယျာဉ်တွေနဲ့ ပျော်စရာအိမ်လေးတစ်အိမ်မှာ သူတို့နေကြတယ်။ သူတို့အိမ်နဲ့ကပ်ရပ်မှာတော့ ချွေးတပ်စခန်းကြီးတစ်ခုရှိတယ်။ သေနတ်သံတွေအော်သံတွေ အမြဲလိုလိုကြားရတယ်။ သူတို့အတွက် စိတ်အနှောင့်အယှက်ဖြစ်စရာဆိုလို့ အိမ်ဘေးက ရေကန်ထဲကို မီးရှို့သတ်ထားတဲ့ ဂျူးအလောင်းအပိုင်းအစတွေ မျောလာတတ်တာလေးပါပဲ။ ဟို့စ်ရဲ့အဓိက တာဝန်က ချွေးတပ်စခန်းက အလုပ်သမားတွေ ရွေးထုတ်ဖို့နဲ့ ပိုနေတဲ့ ဟန်ဂေရီထဲက ဂျူး ၆ သိန်းလောက်ကို အဆိပ်ငွေ့ပေးပြီး သတ်ပေးဖို့ပါပဲ။ ဒီအလုပ်က သူ့အတွက်ခက်ခဲပါတယ်။ ခံစားရလို့တော့မဟုတ်ပါဘူး။ အရိုးပြာတွေရှင်းဖို့၊ နေ့စဉ် မီးရှို့တဲ့အလောင်းအရေအတွက် ပြည့်ဖို့၊ အဆိပ်ငွေ့ပေးရတာ အဆင်ပြေဖို့တွေ စီမံရတာပါပဲ။ သူရာထူးတိုးနဲ့ နယ်ပြောင်းရတဲ့အခါ သူ့မိန်းမ ဝမ်းနည်းရပေမဲ့၊ ဂျူးတွေကို သတ်ဖို့အတွက် သူတို့အိမ်နေရာလေးကို ပြန်ပြောင်းရွှေ့ခံရတော့ မိသားစုတွေ အရမ်းကို ပျော်နေကြပုံကို ကြည်နူးစရာလေး ရိုက်ကူးပြထားတာပါ။ နာဇီမိသားစုလေးရဲ့ ရိုးရှင်းတဲ့ အိပ်မက်လေးကို ဂျူးတွေရဲ့အလောင်းပုံကို တစ်ချက်တောင် စိတ်ကူးထဲမထားဘဲ တည်ဆောက်သွားပုံလေးကို ရိုက်ပြထားတာမို့ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ စကားပုံမျိုးကို အပီပြင်ဆုံးတွေ့ရမှာပါ။ ဒီရုပ်ရှင်ရဲ့ ရက်ရက်စက်စက်လှပတဲ့ ပြကွက်ကတော့ ဒီရက်စက်တဲ့လုပ်ရက်တွေကို အားတင်းပြီးလုပ်နေရတဲ့ပုံမပြဘဲ သာမန်ရုံးအလုပ်လေးလို လုပ်နေရင်း သာမန်ဘဝအဖြစ် ပေါ့ပေါ့ပါးပါးနေနေတဲ့ မိသားစုရဲ့ပုံကို တင်ပြတဲ့ဟန်ပါပဲ။ ကြည့်ရင်းနဲ့ ဘာကိုပြချင်တာလဲ ခံစားမိပါလိမ့်မယ်။ ကြည့်လိုက်ကြပါဦး။ File size…(1.8 GB)/(799 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:45:00 Genre…Drama, History, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mr. Anderson

Comedy • Drama
7.6 2023
The Zone of Interest
Humanité L’humanité
6.8

Humanité (1999) IMDb Rating (6.8) / Rotten Tomatoes (69%) ရဲအရာရှိ ဖာရွန်ဒီ၀င်းတားဆိုသူတစ်ဦးဟာ ဆယ့်တစ်နှစ်အရွယ်ကလေးငယ်တစ်ဦး မတရားပြုကျင့်၊ ရက်ရက်စက်စက် အသတ်ခံလိုက်ရမှုကို လိုက်ရင်းကနေ လူနေမှုအသိုင်းအဝိုင်းကြားက ပုံမှန်လိုဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ ဖြစ်ရိုးဖြစ်စဉ်တွေကို မတူညီတဲ့ ရှု့ထောင့်ကနေ စမြင်တတ်လာတယ်။ ရည်းစားကောင်မလေးရော ဗိုက်ထဲက သူတို့ကလေးကိုပါ ဆုံးရှုံးလိုက်ပြီးနောက်မှာ ပုံမှန်မဟုတ်တော့တဲ့ ဒီ၀င်းတားတစ်‌ယောက် လူသားဆန်မှုဆိုတာက ဒီကမ္ဘာမှာ တကယ်ရောရှိနေလားဆိုတဲ့မေးခွန်းတွေကို အဖြေရှာရင်း ဇာတ်ကိုဖြည်းဖြည်းချင်းဆွဲခေါ်ပေးသွားမှာပါ ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Serenity ဖြစ်ပါတယ်။) File size…(2.1 GB) / (800 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Drama,Mystery Duration….02:29:10 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Serenity

6.8 1999 149 mins
Humanité L’humanité
Z-O-M-B-I-E-S 4: Dawn of the Vampires
5.5

Z-O-M-B-I-E-S 4: Dawn of the Vampires (2025) IMDb Rating (5.5) / Rotten Tomatoes (74%) ဇာတ်လိုက်ကျော်တွေဖြစ်တဲ့ ဇွန်ဘီ Zed (Milo Manheim) နဲ့ တစ်စိတ်တစ်ပိုင်းဂြိုလ်သား Addison (Meg Donnelly) တို့ဟာ Mountain College မှာ ပထမနှစ်တက်ရောက်ပြီးစီးပြီး နွေရာသီအားလပ်ရက်ကို ရိုမန်တစ်ဆန်ဆန် လမ်းလျှောက်ခရီးထွက်ဖို့ စီစဉ်ထားကြတယ်။ Zed က ဘောလုံးစခန်းကို သွားပြီး “first string” နေရာရဖို့ ရည်မှန်းထားပြီး Addison ကတော့ ချီယာလီဒါစခန်းမှာ ချီယာအဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ ကြိုးစားမယ်လို့ အိပ်မက်မက်ထားတယ်။ သူတို့ရဲ့ သူငယ်ချင်း ဇွန်ဘီ Eliza (Kylee Russell) နဲ့ ဝဲလ်ဝုဖ်ဖြစ်သူ Willa (Chandler Kinney) တို့လည်း ဒီခရီးမှာ လိုက်ပါလာကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ချစ်စရာခရီးလေးက မထင်မှတ်ထားတဲ့ အလှည့်အပြောင်းနဲ့ ကြုံရတယ်။ ထူးဆန်းတဲ့ စွမ်းအင်တစ်ခုကြောင့် Zed ရဲ့ Z-band (ဇွန်ဘီစိတ်ထိန်းတဲ့ လက်ကောက်) ချို့ယွင်းသွားပြီး သူတို့ဟာ Sunnyside နဲ့ Shadyside ဆိုတဲ့ ရန်ဖြစ်နေတဲ့ နယ်မြေနှစ်ခုရဲ့ အလယ်မှာ ရောက်သွားကြတယ်။ ဒီနယ်မြေတွေမှာ Daywalkers (နေ့ခင်းဗန်ပိုင်းယားမျိုး) နဲ့ Vampires (ညအချိန်ဗန်ပိုင်းယားမျိုး) တွေ နေထိုင်ပြီး သူတို့က တစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ငြိုးထားကြတာ။ Zed, Addison, Eliza, နဲ့ Willa တို့ဟာ စခန်းရေဗန်ဆိုတဲ့ စွန့်ပစ်ထားတဲ့ နွေရာသီစခန်းမှာ ဒီရန်ဘက်ဖြစ်နေတဲ့ အုပ်စုနှစ်ခုကို ညှိနှိုင်းပေးရတဲ့ စခန်းအုပ်ချုပ်သူတွေလို ဖြစ်လာကြတယ်။ ဒီမှာ Daywalker ဖြစ်တဲ့ Nova (Freya Skye) နဲ့ Vampire ဖြစ်တဲ့ Victor (Malachi Barton) ဆိုတဲ့ ဇာတ်ကောင်သစ်နှစ်ယောက်နဲ့ တွေ့ဆုံရတယ်။ Zed နဲ့ Addison တို့ဟာ Eliza နဲ့ Willa ရဲ့အကူအညီနဲ့ ဒီအုပ်စုနှစ်ခုကို အတူတကွ လက်တွဲလုပ်ဆောင်ဖို့ ကြိုးစားရတယ်။ ဒီဇာတ်ကားက သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အခက်အခဲတွေကို ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို အာရုံစိုက်ထားပြီး အဓိကအကြောင်းအရာကတော့ ကွဲပြားမှုတွေကို လက်ခံပြီး အတူတကွ လုပ်ဆောင်ခြင်းရဲ့ အရေးပါတာကို ပြသထားလို့ ကြည့်လို့ကောင်းတဲ့ကားလေးတကားပါဗျ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Min Khant ဖြစ်ပါတယ်။) File size…(1.9 GB) / (1 GB) Quality….WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre….Adventure,Comedy,Family,Music,Romance Duration….01:28:19 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Min Khant

Action • Crime • Thriller
5.5 2025 88 mins
Z-O-M-B-I-E-S 4: Dawn of the Vampires