YoteShin Drive is below this article. Scroll down to view.
In many countries, you have to work on Windows 11
Author: Anonymous Published on: 12 Aug 2022
Microsoft has confirmed that it has expanded its Android apps to run Android apps in 21 countries. Since the end of Tuesday, Windows 11 users can download Windows 11 users and enable Android app support. This update is available for download Android apps. Microsoft recommends at least 8GB RAM (16GB RAM); SSD (Solid-State Drive); Intel Core i3 8th Gen and above. It is said that there must be Virtual Machine Platforms. To enable Android app Support on your Windows computer, go to the Microsoft Store and download Amazon AppStore. Installing Windows Subsystem For Android and open the Amazon App Store and log in to Amazon account. Then you will find Android apps. The Amazon App Store has no current app, but it can block your favorite apps. WSA for Windows 11, WSA for Windows 11, andorra, Gibraltar, Gibraltar, Gibraltar, Guino, Iransey, Iraches, Liechten, United Kingdom, United Kingdom, United States, United States, United States, United States, United States, It has been released for Vatican City / Holy See. Ref: GSMARNA
YoteShin Drive
Sign in using google and save to your drive
Woman in a Veil.2023.EP38.HDTV.720P(CM).mp4
255.39 MB N/A video/mp4 190 downloads
Save this file to your google drive account to download
Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Dead Shot
Imdb - 5.5 Rotten tomatoes - 78% Action, Mystery ကိုမှ သဘောကျပါတယ်ဆိုတဲ့ သူတွေအတွက် အသစ်သစ်စက်စက် ထွက်ရှိထားတဲ့ ၁၉၇၀ ခုနှစ်နောက်ခံ Dark thriller ဇာတ်ကား‌ကောင်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးပါရစေ။ အိုင်းရစ်ရှ်လူမျိုး ရာဇဝတ်ပြေး တစ်ယောက်ဖြစ်တဲ့ မိုက်ကယ် အိုဟာရာ၊ Irish Republican Army ကို စိတ်ကုန်ငြီးငွေ့လာလို့ နေ့စေ့လစေ့ ကိုယ်ဝန်သည် ဇနီးဖြစ်သူနဲ့ ထွက်ပြေးမယ်အလုပ် အိုင်ယာလန် နယ်စပ်တစ်နေရာမှာပဲ SAS အဖွဲ့ရဲ့ အငိုက်ဝင်ဖမ်းခြင်းကို ခံရပါတယ်။ အကင်းပါးတဲ့ မိုက်ကယ်တစ်ယောက် လက်မတင်လေး လွတ်မြောက်သွားပေမဲ့လည်း ဇနီးဖြစ်သူကတော့ တင်းမာနေတဲ့အခြေအနေတွေကြား မတော်တဆ ကျည်သင့်သေဆုံးသွားခဲ့ရပါတယ်။ အဆိုပါ စစ်ရာဇဝတ်မှုအတွက် ကံထူးရှင် လက်ဖြောင့်တပ်သားကတော့ SAS အရာရှိ ဟင်နရီပါတဲ့။ ဥပဒေဘောင်ထဲကဖြစ်နေတော့ အထက်အရာရှိတွေကိုလည်း အားကိုးမရဘဲ မရှူနိုင်မကယ်နိုင် ဖြစ်နေခိုက် ဘယ်ကမှန်းမသိတဲ့ ကယ်တင်ရှင်ကြီးတစ်ဦး ရောက်ချလာပါတယ်။ ထောင်ဒဏ်ကလွတ်မဲ့အပြင် စစ်မှုဆက်ထမ်းခွင့်လည်း ရဦးမယ်ဆိုပြီး ကမ်းလှမ်းလာတော့ ဟင်နရီခမျာ ဘာမှန်းမသိတဲ့အလုပ်တစ်ခုအတွက် မျက်စိစုံမှိတ်ပြီး တာဝန်ကျရာ လန်ဒန်မြို့ဆီ တက်လာခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒေါသအိုးကွဲနေတဲ့ မိုက်ကယ်တစ်ယောက် ဟင်နရီ့ကို ရေဆုံး‌မြေဆုံးလိုက်ဖို့ စိတ်ပိုင်းဖြတ်ပြီး IRA အမည်ခံ အိုင်းရစ်ရှ်တော်လှန်ရေးတပ်နဲ့ ပြန်ဆက်သွယ်ကာ လန်ဒန်မြို့ထိ လိုက်လာပါတော့တယ်။ SAS တပ်ဖွဲ့ဝင်ဟောင်း ဟင်နရီရဲ့ အသစ်စက်စက်အလုပ်... လန်ဒန်မြို့လမ်းမတွေပေါ် တစ်စထက်တစ်စ ကြီးစိုးလာတဲ့ IRA တွေ... အဲဒီအတွက် နောက်ဆက်တွဲ ရိုက်ခတ်လာတဲ့ဒဏ်ကို ခံလာရတဲ့ အိုင်းရစ်ရှ်လူမျိုးတွေ... လက်စားချေဖို့ စိုင်းပြင်းနေတဲ့ မိုက်ကယ်... သူတို့ကြားက ဆက်နွယ်မှုတွေကိုတော့ ကိုယ်တိုင်သာ ကြည့်ရှုခံစားလိုက်ကြပါခင်ဗျား။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Hugo ပဲ ဖြစ်ပါတယ်။ Genre..... Mystery, Thriller Quality…. 1080p | 720p | 480p File size… 1.3GB | 587MB | 234MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Hugo Encoder ..... Aaron
Crime • Drama • TV Movie
0 2023 87 mins
Dead Shot
Death on the Nile
7.1
~ IMDB - 7.3/10, RT - 78%, Meta - 59% ~ (ဒီ Death on The Nile - 1978 နဲ့ အသစ်ထွက် 2022 ဗားရှင်းဟာ ဇာတ်ကျောရိုးချင်းအတူတူပေမဲ့ 2022 ဗားရှင်းက‌တော့ မူလကာရိုက်တာတချို့ကို ပြောင်းသင့်တန်ပြောင်း လဲသင့်တန်လဲပြီး ဇာတ်ကြောင်းတချို့ကိုပါ ခေတ်နဲ့ ဆီလျော်အောင် ပြန်ရိုက်ထားတာမို့ အဟောင်းကရော၊ အသစ်ကရော အရသာတစ်မျိုးစီ ရမှာအသေအချာပါပဲ) Death On The Nile ဟာ အဂ္ဂသာခရစ္စတီရဲ့အကောင်းဆုံး ၀တ္တု‌တွေထဲကတစ်ခုကို ပြန်ရိုက်ထားတဲ့ ရုပ်ရှင်ပါပဲ။ အနောက်တိုင်းစုံထောက်၀တ္တုရေးဆရာတွေထဲ ဆာအာသာကိုနင်ဒွိုင်းပြီးရင် ကျွန်တော်အရင်းနှီးဆုံးက အဂ္ဂသာခရစ္စတီပါပဲ။ အမြန်ရထားပေါ်ကလူသတ်မှု၊ ဟီလာရီ၊ ဂြိုလ်မွှေတဲ့ ကျောက်မျက်ရတနာ၊ လေယာဉ်ပေါ်ကလူသတ်မှု စသဖြင့် အဂ္ဂသာခရစ္စတီ၀တ္တုတွေကို တက္ကသိုလ်နေ၀င်းက တော်တော်ဘာသာပြန်ခဲ့တာကြောင့်လည်း ရင်းနှီးနေတာပါပဲ။ သိပြီးတဲ့အတိုင်း ခရစ္စတီရဲ့၀တ္တုတွေမှာ ဇာတ်လိုက်ကျော်စုံထောက်က ဟာကြူလီပွိုင်ရို့ (ဝါ) ပွာရိုပါ။ စာအုပ်ထဲကစကားအတိုင်းပြောရရင် သမားရိုးကျစုံထောက်တွေကို စာရေးဆရာတွေက ပုံဖော်တဲ့နေရာမှာ ဗလကောင်းကောင်း ထောင်ထောင်မောင်းမောင်း ဖျတ်လတ်ပြီး စွန့်စားရ ဝါသနာထုံတဲ့လူတွေအဖြစ် အသက်သွင်းကြတာများပါတယ်။ အဂ္ဂသာရဲ့ ဟာကြူလီကတော့ ဘယ်ဂျီယမ်သား ပုပု နှုတ်ခမ်းမွှေးကားကားလူ၀ကြီးပါပဲ။ သို့ပေမဲ့လည်း စုံထောက်အမှုမှာ သူမတူအောင် တော်တဲ့လူပါ။ သူ့အမှုကို ဖော်ထုတ်ပုံတွေကလည်း အမြဲစိတ်၀င်စားစရာကောင်းနေတာပါပဲ။ အဂ္ဂသာခရစ္စတီဟာ ဟာကြူလီပွိုင်ရို့ပါတဲ့ စုံထောက်၀တ္တု ၃၃အုပ်၊ ပြဇာတ်၂ခုနဲ့ ၀တ္တုတို ၅၀ရေးသားခဲ့ပါတယ်။ ရုပ်ရှင်ကားအဖြစ်လည်းအတော်များများ အသက်သွင်းခဲ့သလို season 13 ခုရှိတဲ့ Series ရှည်ကြီးလည်း ထွက်ခဲ့ပါတယ်။ ပွိုင်ရို့ရဲ့ Death On The Nile အမှုဟာလည်း အမြန်ရထားပေါ်ကလူသတ်မှုလိုပဲ စိတ်၀င်စားစရာအတော်ကောင်းတဲ့ အကွေ့အကောက်အတော်များတဲ့ အမှုပါပဲ။ ခဏခဏပြန်ရိုက်ကြတဲ့ဇာတ်‌ဆိုပေမဲ့ 1978 ဗားရှင်းရဲ့ castingကို စာအုပ်ပရိတ်သတ်တွေက သိပ်အားရခဲ့ကြသလိုပဲ 1978 ရဲ့ casting ဟာ ဇာတ်ကောင်တွေနဲ့ အတော်လိုက်ဖက်ပါတယ်။ ဟာကြူလီကလည်း စာအုပ်အတိုင်းလိုက်ဖက်ပြီး အကုန်လုံးသူ့နေရာနဲ့သူ အံ၀င်ခွင်ကျရှိပါတယ်။ သုံးထားတာက Peter Ustinov တို့ Mia Farrow တို့ David Niven တို့ Betty Davis တို့ Jane Brikin တို့ Lois Chiles တို့ Maggie Smith တို့လို တစ်ခေတ်တစ်ခါရဲ့ စတားတွေချည်းပါပဲ။ All-star castတွေကို သုံးခဲ့တယ်လို့ ဆိုပါတယ်။ ဒီရုပ်ရှင်ကို ရိုက်ကူးရာမှာ တကယ် အီဂျစ်ကို သွား ရိုက်ကူးခဲ့သလို လှေကလည်း သမိုင်း၀င်လှေပေါ်မှာပဲ ရိုက်ကူးခဲ့တာပါ။ ဆိုတော့ကာ ဇာတ်ကောင်အပါအ၀င် အရာအားလုံး သဘာ၀ကျတယ်လို့ ပရိသတ်ကို ကောင်းကောင်းကြီး ခံစားရစေပါတယ်။ အီဂျစ်က နာမည်ကျော် နေရာအများစုကိုလည်း လှလှပပကို ထည့်သွင်းရိုက်ကူးထားတာပါပဲ။ ဒါရိုက်တာကတော့ အီဂျစ်မှာ အဂ္ဂသာခရစ္စတီပရိတ်သတ်တွေအရမ်းများတာကြောင့် အီဂျစ်အစိုးရက ဒီရုပ်ရှင်အတွက်အများကြီးအထောက်အကူပေးခဲ့တယ်ဆိုပါတယ်။ Costume ပိုင်းမှာလည်း ဒီဇာတ်ထဲက အချမ်းသာဆုံးဖြစ်တဲ့ Linnet တဖြစ်လဲ Chiles ရဲ့ ဒေါက်ဖိနပ်မှာ စိန်အစစ်တွေစီခြယ်ထားပြီး Davis ရဲ့ဖိနပ်တွေကိုတော့ စပါးအုံး၂၆ကောင်ရဲ့ အရေခွံနဲ့လုပ်ထားတယ်ဆိုပါတယ်။ 51 ကြိမ်မြောက် အော်စကာပွဲမှာ Academy Award for Best Costume Design ကိုလည်း ရရှိထားတဲ့ ရုပ်ရှင်ပါပဲ။ အမှုအကြောင်းကတော့ မဟတော့ပါဘူး။ အရန်ကာရိုက်တာတွေအားလုံးကို သေချာပုံဖော်ထားပြီး အားလုံးက တစ်နည်းတစ်ဖုံ ထူးခြားနေကြတော့ အမှုဖြစ်ရာပတ်၀န်းကျင်မှာ ရှိသမျှလူတစ်ယောက်ချင်းစီကို သေသေချာချာစစ်ဆေးတတ်တဲ့ ဟာကြူလီရဲ့ထုံးစံအတိုင်း ရှိသမျှလူတွေကို စစ်ဆေးတာကို ကြည့်ရတာက တော်တော်အရသာရှိပါတယ်။ နောက် ဒီထဲက ပွိုင်ရို့ရဲ့ အတည်ပေါက်ကြီးနဲ့ ထပြောင်တာတွေကလည်း တော်တော်သဘောကျစရာကောင်းပါတယ်။ အဂ္ဂသာခရစ္စတီရဲ့ပုံစံအတိုင်းပဲ သံသယတရားခံတွေကို ပရိသတ်ကို တစ်ယောက်ချင်းစီ သေချာပြသွားမှာဖြစ်လို့ စိတ်ပါရင် ရုပ်ရှင်အဆုံးနားမရောက်ခင်အထိ ၀င်မှန်းကြည့်နေလို့ရပါတယ်။ နီးစပ်ကောင်းနီးစပ်တဲ့အဖြေကိုရနိုင်ပေမဲ့ သေချာတာကတော့ ကျိန်းသေပေါက်တပ်အပ်တော့ မှန်မှာမဟုတ်ပါဘူး။ ဘာလို့ဆို အဂ္ဂသာခရစ္စတီမို့ပါပဲ။ (ဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆိုရေးသားထားပါတယ်) Size - 2.1GB, 1.1GB Quality - Blu-ray 1080p, 720p IMDb Rating - 7.3/10 Format - mp4 Duration - 2H 20Min Genre - Crime, Drama, Mystery Subtitle - Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
Action
7.1 1978 140 mins
Death on the Nile
Student Body
4.4
ဒီဇာတ်ကားလေးကတော့ 2022 မှာ အသစ်ထွက်ရှိလာတဲ့ သည်းထိတ်ရင်ဖို ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ ကိုရီးယားအမျိုးသမီးဒါရိုက်တာ Lee Ann Kurr ရဲ့ ပွဲဦးထွက် ဟောလိဝုဒ် ရုပ်ရှင်ဇာတ်လမ်းတစ်ပုဒ်ဆိုလည်း မမှားပါဘူး။ ဂျိန်း နဲ့ မဲရစ် တို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက ပေါင်းလာ ကြတယ်ဆိုပေမယ့် ပြေလည်တဲ့ ဆက်ဆံရေးမျိုးတော့ မရှိခဲ့ဘူးပေါ့။ အထက်တန်း ကျောင်းရောက်တဲ့အခါ မဲရစ်ရဲ့ သူငယ်ချင်းအဖွဲ့ထဲ ဝင်ဆံ့ဖို့ ခိုင်းသမျှအကုန်လိုက် လုပ်ပေးပြီး စာတော်တာတောင် မတော်ချင်ယောင်ဆောင်တဲ့ထိ လုပ်ပေးတဲ့ ဂျိန်း အတွက် ကျောင်းက ဆရာဖြစ်သူ မစ္စတာ အန်စပက်ခ်ရဲ့ ကြိမ်းမောင်းမှုတွေကို ခံရတယ်။ တစ်ညမှာ ကျောင်းကို အဖွဲ့လိုက်ကြီး အချိန်မတော် ခိုးဝင်ကြပြီး ထင်မှတ်မထားတဲ့ ကြောက်လန့်ဖွယ်ဖြစ်ရပ်တွေ စတင်ဖြစ်ပျက်လာခဲ့ပါတော့တယ်။ လုံခြုံရေးစနစ်တွေကြောင့် ကျောင်းထဲမှာ ပိတ်မိနေပြီး အပြင်ထွက်လို့မရဖြစ်သွားတဲ့ ဂျိန်း တို့ သူငယ်ချင်းတစ်စုအတွက် ဂြိုဟ်ဆိုးတွေ တစ်ခုပြီးတစ်ခု ဝင်ရောက်လာပုံတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှူ့ခံစားရမှာပါ။ ဇာတ်လမ်းလေးက ထိတ်လန့်ကြောက်ရွံ့ဖွယ် ဇာတ်ကားတွေကို ကြိုက်နှစ်သက်တဲ့သူတွေ အဖို့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ် ဖြစ်စေပါလိမ့်မယ်။ ဒီဇာတ်ကားထဲမှာတော့ Montse Hernandez, Cheyenne Haynes, Anthony Keyvan, Harley Quinn Smith, Austin Zajur အစရှိတဲ့ လူငယ်သရုပ်ဆောင်တွေ အဓိကပါဝင် သရုပ်ဆောင်ထားကြပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ May Thet Khine Soe ဖြစ်ပါတယ်) File Size..........(1.4 GB) / (700 MB) / (470 MB) Quality............WebRip 1080p / 720p / 480p Duration.........2Hr 17mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Horror, Thriller Translator....... May Thet Khine Soe Encoder..........SWM
Action • Fantasy
4.4 2022 88 mins
Student Body
Texas Chainsaw 3D
5.5
Action • Drama • Mystery • Thriller
5.5 2013 92 mins
Texas Chainsaw 3D
Split
4.8
ကိုရီးယား sport/drama ကားတွေကိုမှနှစ်သက်ပါတယ်ဆိုရင်တော့ ဒီ IMDB 5.4 ရရှိထားတဲ့ ဒီဇာတ်လမ်းလေးကိုညွှန်းချင်ပါတယ် ဒိတ်ဒိတ်ကြဲအောင်မြင်ခဲ့တဲ့ နိုင်ငံ့ချန်ပီယံဘိုးလင်းအားကစားသမားတစ်ယောက် ကံကြမ္မာအလှည့်အပြောင်းမှာ ကြုံတွေ့ခဲ့ရတဲ့ ကားအက်ဆီးဒန့်တစ်ခု... သုံးမရတော့တဲ့ ခြေထောက်တစ်ဖက်ကြောင့် မြတ်နိုးရတဲ့နိုင်ငံ့အားကစားသမားဘဝကို စွန့်လွှတ်ခဲ့ရပြီး အရက်သမားဘဝကို လုံးလုံးရောက်ခဲ့ရကာ ဘဝကိုခက်ခက်ခဲခဲရုန်းကန်နေရပါတယ် နောက်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့အမွေ အပေါင်ခံထားရတဲ့ ဘိုးလင်းအားကစားရုံကို ကာကွယ်ချင်တဲ့ မိန်းကလေးတစ်ဦးပေါ့ သူတို့နှစ်ယောက်ပေါင်းပြီး အော်တစ်ဇင်ဖြစ်နေပေမယ့် ဘိုးလင်းအားကစားကို တစ်ဖက်ကမ်းတော်တဲ့ ကောင်လေးတစ်ယောက်ကိုရှာတွေ့သွားတဲ့အခါမှာတော့... ထုံးစံအတိုင်း လူမိုက်တွေ ဒုစရိုက်သမားတွေရဲ့ ရက်စက်မှုတွေ လူ့ပတ်ဝန်းကျင်ရဲ့ အမြီးကျက်အမြီးစားခေါင်းကျက်ခေါင်းစားစရိုက်တွေနဲ့အတူ မေတ္တာတရားကိုပါ ပိုင်ပိုင်နိုင်နိုင်ရိုက်ပြထားတာဖို့ အားပေးကြပါဥိး (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့  မေမြတ်သူ ပါ) File Size : (900 MB) and (400 MB) Quality : NF WEB-DL 720p Running Time : 2hr 3min Format : Mp4 Genre : Action, Drama, Sport Subtitle : Myanmar Subtitle (Hard Sub) Source : 1080p AMZN WEB-DL DDP2.0 H.264-ARiN Translated by May Myat Thu Encoded by Thanhtike Zaw
Sci-Fi & Fantasy
4.8 2016 90 mins
Split
The Story of Qiu Ju
7.6
The Story of Qiu Ju (1992) ~ IMDb – 7.6/10, Rotten Tomatoes – 87% ~ ဒီဇာတ်လမ်းက တော်တော်ရိုးရိုးရှင်းရှင်းပဲ။ ရိုးရှင်းလွန်းလို့ အနိမ့်အမြင့်တောင် ပါလှတယ်မဟုတ်ဘူး။ ဇာတ်အိမ်တည်ရာ ခုနှစ်ကလည်း ၁၉၉၂မှာပဲ တည်ထားတယ်။ ဇာတ်ကရှင်းရှင်းလေး။ ရွာသူကြီး ခေါ် ရွာခေါင်းဆောင်က ရွာကလူတစ်ယောက်ကို ထိုးကြိတ်ပြီး ဂွကြားကို ကန်ထည့်လိုက်တယ်။ အဲဒီလူရဲ့မိန်းမက မကျေမနပ်ဖြစ်ပြီး ရွာသူကြီးကို ပြန်တောင်းပန်ခိုင်းတယ်။ ရွာသူကြီးကလည်း မာနကြီးတဲ့လူဆိုတော့ မတောင်းပန်ဘူး။ အဲဒီမှာ အရာရှိတစ်ယောက်က ဝင်ရှင်းပေးတယ်။ ငွေတော့ရလိုက်တယ်။ တောင်းပန်စကားမရဘူး။ ဒီတော့ ဟိုမိန်းမက မကျေနပ်ဘူး။ ခရိုင်အဆင့် မြို့နယ်အဆင့် ရုံးတွေထိ တက်တိုင်တယ်။ ဒါပေမဲ့ အဖြေက အမြဲအတူတူပဲ။ နောက်ဆုံးကျ တရားခွင်အထိ တက်ပစ်တယ်။ ပြောရရင် အစိုးရအရာရှိတစ်ယောက်နဲ့ အရပ်သားမိန်းမတစ်ယောက် ပြည်မရဲ့ တရားဥပဒေအောက် တရားမျှတမှုအားပြိုင်ကြတဲ့ရုပ်ရှင်ပေါ့။ ဒါပါပဲ။ ဒီထက်ဘာမှမပိုဘူး။ ဒါပေမဲ့လည်း ဆိုခဲ့သလို ဒီရုပ်ရှင်ကို သူထွက်ခဲ့တဲ့ မျက်မှောက်ခေတ်မှာပဲ ဇာတ်အိမ်တည်ထားသလို ဒီရုပ်ရှင်ထဲက လမ်းဘေးခန်းတွေကလည်း လျှို့ဝှက်ကင်မရာနဲ့ ရိုက်ထားတာဆိုတော့ သူ့ဖြစ်ပျက်နေတဲ့ သဘောသဘာဝအတိုင်း ရလိုက်တဲ့ ဇာတ်ဝင်ခန်းတွေဖြစ်ခဲ့တယ်။ ရော်ဂျာအတ်ဘတ်ကြီးကတော့ ဒီရုပ်ရှင်ကို “သူကြည့်ဖူးသမျှ တခြားရုပ်ရှင်တွေထက် တရုတ်ပြည်ရဲ့သာမန်လူတန်းစားတွေရဲ့ နေ့စဉ်ဘဝအကြောင်း အများဆုံး သိရတဲ့ရုပ်ရှင်” လို့တော့ဆိုတယ်။ ကျန်းရိမူကား ပီသစွာပဲ အဲဒီခေတ်နိုင်ငံရေး ဥပဒေ ဘာညာလည်းမြင်ရပေမဲ့ ကျန်းရိမူကားဆိုတော့ ဒါတွေကို မသိမသာပြတတ်တာက ဆန်းတော့မဆန်းတော့ပါဘူး။ ဆန်းတာကတော့ ကျန်းရိမူရဲ့အရိုးရှင်းဆုံး ရုပ်ရှင်ဖြစ်နေတာပါပဲ။ ဒီကားဟာ ကျန်းရိမူ ဂေါင်လီ တွဲရိုက်ထားတဲ့ထဲက စီအမ်မှာမရှိတဲ့ နောက်ဆုံးရုပ်ရှင်‌ပါ။ ဆိုတော့ ကျန်းရိမူဂေါင်လီ Collection ပြည့်ပါပြီ။ သူတို့ရုပ်ရှင်တွေကို အစအဆုံးပြန်ကြည့်ချင်ရင်တော့ Red Sorghum (1987), Ju Dou (1990), Raise the Red Lantern (1991), The Story of Qiu Ju (1992), To Live (1994), Shanghai Triad (1995), Curse of the Golden Flower (2006) တို့ကို ကြည့်ရှုနိုင်ပါတယ်။ ဒီကားတွေအကုန်လုံးက ရိုးရှင်းစွာ လှပနေတဲ့ ရုပ်ရှင်တွေချည်းပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို WiRa Aung မှ ပြန်ဆို ရေးသားထားပါတယ်) Size – 2GB, 795MB Quality – 1080p, 720p IMDb Rating – 7.6/10 Format – mp4 Duration – 1H 40Min Genre – Comedy, Drama Subtitle – Myanmar Subtitle (Hardsub) Translated by WiRa Aung Encoded by Y
7.6 1992
The Story of Qiu Ju
The X-Treme Riders
The X-Treme Riders (2023) အသစ်ထွက်ရှိထားတဲ့ ထိုင်းအက်ရှင်ကားလေးတစ်ကားကို တင်ဆက်ပေးပါ့မယ်။ ဇာတ်လမ်းအကျဉ်းကတော့ Fun နဲ့ Kla ရဲ့ အဖေက လက်ဝှေ့အားကစားရုံပိုင်ရှင်ဖြစ်ပြီးတော့ သားဖြစ်သူ Kla ကို လက်ဝှေ့အမွေ ပေးချင်နေတဲ့သူပါ။ အဖေဖြစ်သူ ရုတ်တရက်ဆုံးပါးသွားပြီးတဲ့နောက်မှာ သမီးဖြစ်တဲ့ Fun ကပဲ လက်ဝှေ့ရုံကို အမွေဆက်ခံပြီးတော့ သားဖြစ်တဲ့ Kla ကတော့ အိမ်ကနေထွက်သွားပြီး မူးယစ်ဆေးရောင်းဝယ်ရေးလုပ်တဲ့ ပြိုင်ကားမောင်းတဲ့အဖွဲ့ထဲ ဝင်သွားပါတယ်။ တစ်နေ့မှာ အမေဖြစ်သူ ကျန်းမာရေးမကောင်းဖြစ်ပြီး နှလုံးအစားထိုးကုသဖို့ ငွေအများကြီးလိုလာတဲ့အခါ Fun က MMA ချန်ပီယံတစ်ယောက်နဲ့ ယှဉ်ပြိုင်ရမယ့် လက်ဝှေ့ပြိုင်ပွဲမှာ ဝင်ပြိုင်ပြီး ဆုကြေးဘတ်တစ်သန်းရအောင် ကြိုးစားပါတော့တယ်။ တစ်ဖက်မှာလည်း မူယစ်ဆေးရောင်းဝယ်တဲ့ အဖွဲ့တွေက လက်ဝှေ့ပွဲအကြောင်းပြပြီး မူးယစ်ဆေးသယ်ပို့ဖို့ လုပ်ကြတဲ့အခါ မောင်နှမနှစ်ယောက် ဘယ်လိုတွေဆက်ဖြစ်ကြမလဲဆိုတာကို ဇာတ်ကားထဲမှာပဲ ကြည့်လိုက်ကြပါစို့။ အညွှန်းနဲ့ ဘာသာပြန်ကတော့ Moh Moh ပဲ ဖြစ်ပါတယ်။ Genre….. Crime, Drama Quality…. 1080p | 720p File size… 1.4GB | 587MB Format… mp4 Duration…. 1h 32min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Moh Moh Encoder ….. Aaron
0 2023
The X-Treme Riders
Innocent Voices
IMDb Rating (7.8/10) El Salvador နိုင်ငံရဲ့ပြည်တွင်းစစ်ကြားထဲက ၁၁နှစ်အရွယ် Chava ဆိုတဲ့ကောင်လေးရဲ့ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံထားတဲ့ကားလေးပါ၊၁၉၈၀မှာ စစ်တပ်နဲ့လယ်သမားတွေ မြေကိစ္စနဲ့ပဋိပက္ခတွေဖြစ်ရာကနေ လယ်သာမားတွေကလက်နက်ဆွဲကောင်ကြရင်း ပြောက်ကျားတပ်ဖြစ်လာခဲ့ပြီး ပြည်တွင်းစစ်ကိုဦးတည်လာခဲ့ပါတော့တယ်၊ Chava ဟာ သူ့အမေရယ် သူ့အစ်မနဲ့ညီလေးနဲ့‌ေနထိုင်ပြီး Chava အဖေဖြစ်သူဟာ စစ်ပွဲတွေစတင်ဖြစ်ကထဲက Chava တို့မိသားစုကိုထားခဲ့ပြီး အမေရိကကိုထွက်သွားခဲ့တာပါ၊ Chava တယောက်က မိသားစုကိုကူညီပေးရင်း ပျော်ပျော်ပဲနေတတ်တဲ့ ကလေးငယ်လေးပါ၊ အပူအပင်မရှိတဲ့ Chava ရဲ့ဘဝအတွက် မဖြစ်ချင်ဆုံးက သူအသက် ၁၂နှစ်ပြည့်မှာကိုပါပဲ၊ စစ်တပ်ဟာ အသက်၁၂နှစ်ပြည့်တဲ့ကောင်လေးမှန်သမျှကို ကလေးစစ်သားအဖြစ်ခေါ်ဆောင်နေခဲ့တာပါ၊ ပြည်တွင်းစစ်အခြေအနေတွေကလည်း တဖြည်းဖြည်းပိုဆိုးလာပြီး Chava တယောက်ကလည်း အသက်၁၂နှစ်ပြည့်ဖို့နီးကပ်လာပြီး Chava တို့မိသားစုအဖို့စိုးရိမ်တွေပဲဖြစ်လာနေခဲ့ပါတော့တယ်၊ သာမာန်ကလေးတယောက်ကို နေထိုင်နေရမယ့်အရွယ်မှာ အရွယ်နဲ့မလိုက်ကြုံတွေ့ခဲ့ရတဲ့ ကလေးတယောက်ရဲ့ဖြစ်ရပ်မှန်ဘဝကိုပုံဖော်ထားခဲ့ပြီး တကယ်ဝမ်းနည်းစရာတွေနဲ့ပြည့်နှက်နေတဲ့ကားလေးပါ File size…(3.3 GB)/(1.6 GB) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre… Drama, War Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Myat Kyaw
0 2004
Innocent Voices
Aitraaz
6.6
Aitraaz (2004) “ကန့်ကွက်ချက်” Genre – Drama, Romance, Thriller IMDB – 6.6/10 ဟောင်းပေမဲ့ ကောင်းနေဆဲ ဖြစ်တဲ့အပြင် သရုပ်ဆောင်တွေကလည်း ဆရာကြီးတွေဖြစ်ကြတဲ့ Akshay Kumar တို့ Kareena Kapoor တို့ Priyanka Chopra တို့ အုပ်လိုက်အစွမ်းပြထားကြတဲ့ ၂၀၀၄ ခုနှစ်ထွက် အချစ်လျှို့ဝှက်သည်းဖို ဘောလိဝုဒ်ကားကောင်းလေးကို တင်ဆက်ပေးလိုက်ရပါစေဗျာ။ ဒါရိုက်တာဆိုရင်လည်း ဘောလိဝုဒ်ရဲ့ နာမည်ကျော် မင်းသားတွေနဲ့ လက်တွဲလုပ်ကိုင်ဖူးခဲ့တဲ့ Burmawalla ညီအစ်ကိုနှစ်ယောက်ပါ။ သူ့ခေတ်သူ့အခါက ရုံတင်ဝင်ငွေ ၂၆ ကုဋေ ရရှိခဲ့တဲ့ကားလည်း ဖြစ်ပါတယ်။ ၁၉၉၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင် မိုက်ကယ်ဒေါက်ဂလပ်နဲ့ ဒယ်မီမိုးလ်တို့ရဲ့ Disclosure ကို အနည်းငယ် အခြေခံထားတယ်လို့ဆိုပြီး ဒီရုပ်ရှင်နဲ့ Chopra ရဲ့ သရုပ်ဆောင်ချက်တွေကို ပရိသတ် အသိအမှတ်ပြုခဲ့ကြကာ ဆုပေးပွဲတွေမှာလည်း စကာတင်တွေ ဝင်ခဲ့တာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေး ပြောပြရမယ်ဆိုရင်တော့ အစပိုင်းကို ပျော်ရွှင်ဖွယ်ရာ အချစ်ကားဆန်ဆန် အစပျိုးထားပါတယ်။ ဖုန်းကုမ္ပဏီမှာ လုပ်နေတဲ့ ရာ့ဂျ်တစ်ယောက်နဲ့ ရှေ့နေပေါက်စလေး ပရီယာတို့ဟာ ဘုရားသခင် ဖန်ဆင်းပေးတဲ့ ဖူးစာအလွဲလေးကနေ ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့ ရည်းစားဘဝကနေ လက်ထပ်ကြပြီးတော့ ရင်သွေးလေးလွယ်ထားတဲ့အချိန် ရာ့ဂျ်တစ်ယောက်လည်း ရာထူးတိုးတော့မယ်အချိန်မှာ ကံဆိုးမှုတွေက အဆင်းမှာဘီးတပ်ဝင်လာပါတော့တယ်။ အဲဒါကတော့ တခြားမဟုတ်ပါဘူး သူတို့ ကုမ္ပဏီပိုင်ရှင်ရဲ့ အသစ်စက်စက်ယူထားတဲ့ ဇနီးချောလေးကြောင့် ဖြစ်ပါတယ်။ ဒီတစ်ယောက်နဲ့ ရာ့ဂျ်ဟာ ဘယ်လိုတွေ သမိုင်းကြောင်းရှိခဲ့တာလဲ၊ လက်ရှိ သူတို့ဆက်ဆံရေးကို ဘယ်လိုမျိုးတွေ ဆူးခင်းလမ်း ဖြစ်လာစေမှာလဲဆိုတာကို အချစ်ဇာတ်လမ်းလေးကနေ လျှို့ဝှက်သည်းဖိုအဖြစ် ကူးပြောင်းပြီး ပရိသတ်တွေကို အာရုံဖမ်းစားသွားမယ့်ကားလေးပဲ ဖြစ်ပါတယ်ဗျာ။ (အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)
6.6 2004
Aitraaz
V for Vendetta
8.2
V For Vendetta (2005) IMDB – 8.2/10_____Rotten – 73% နိုဝင်ဘာ၅ရက်နေ့ဟာ ဗြိတိန်နိုင်ငံမှာတော့နိုင်ငံရေးအခြေခံအားလပ်ရက်တရက်ပဲဖြစ်ပါတယ်။ ခုနောက်ပိုင်းမှာကျေးဇူးတော်နေ့ဆိုပြီးကျင်းပကြတယ်လို့လည်းဆိုကြပါတယ်။ အဲဒီနေ့ကို GuyFawkes နေ့လို့လည်းခေါ်ခဲ့ကြပါတယ်။ အဲဒီနေ့လေးရဲ့ဖြစ်လာပုံကတော့၁၆၀၅ခုနှစ်နိုဝင်ဘာလ၅ရက်နေ့မှာ GuyFawkes ဆိုတဲ့ ကတ်တလစ်ဂိုဏ်းဝင်တယောက်ဟာ သူ့အဖွဲ့ဝင်တွေနဲ့အတူ ကတ်တလစ်ဧကရာဇ်ကိုပြန်လည်နန်းတင်ဖို့အတွက်အင်္ဂလန်ဘုရင်ဂျိမ်း(JameI)ကိုလုပ်ကြံဖို့ကြံစည်ခဲ့ပါတယ်။ ယမ်းအိုးတွေများစွာကိုပါလီမန်အဆောက်အအုံရဲ့မြေအောက်ခန်းထဲကိုသယ်ဆောင်ပြီးဖောက်ခွဲလုပ်ကြံဖို့ကြိုးစားခဲ့ကြတာပါ။ သို့ပေမယ့်ကံမကောင်းချင်တော့ အမည်မသိသတင်းပေးစာတစောင်ကြောင့် သူ့တို့အားလုံးအဲဒီနေ့မှာပဲအဖမ်းခံခဲ့ရပြီးဇန်နဝါရီလ၃၁ရက်မှာကွပ်မျက်ခံခဲ့ရပါတယ်။ ဟောဒီဇာတ်ကားလေးမှာလည်းအဲဒီဖြစ်စဉ်ကိုအခြေခံထားပြီးတရားမျှတမှုဆိုတာဘာလဲ။ ဖိနှိပ်ခံရတဲ့အချိန်မှာဘယ်လိုတုံ့ပြန်ကြမလဲ။ အိုင်ဒီယိုလော်ဂျီတစ်ခုကို ဘာနဲ့မှသတ်လို့မရဘူးဆိုတာတွေ စတဲ့စတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်တွေအပြင် ကမ္ဘာကျော်ဟက်ကာအဖွဲ့Anonymousအဖွဲ့သုံးတဲ့မျက်နှာဖုံးရဲ့မူလဇစ်မြစ်ကဘယ်ကလဲ။ ဘယ်လိုရည်ရွယ်ချက်နဲ့အဲဒီမျက်နှာဖုံးကိုအသုံးပြုကြတာလဲ… အဲဒီမျက်နှာဖုံးလေးရဲ့တကယ်ဆိုလိုရင်းအစစ်အမှန်ကဘာလဲဆိုတာကိုတွေ့ရဦးမှာပါ။ ဇာတ်ကားကိုတော့ဇာတ်ကြောင်းလေးတွေပြောပြီးမမိတ်ဆက်တော့ပါဘူး။ ကိုယ်တိုင်ကြည့်ပြီးအားရပါးရခံစားစေချင်လို့ပါ။ သုံးတဲ့စကားလုံးတွေဒိုင်ယာလော့တွေဟာလည်းတကယ်ကိုအနှစ်ပါတာကိုတွေ့ရမှာပါ။ စိတ်ကိုဖျော်ဖြေပေးရုံရုပ်ရှင်သက်သက်မဟုတ်ဘဲ ကြည့်ရတာတကယ်ကိုအကျိုးရှိစေမှာဖြစ်ပြီး တကယ်လည်းကြည့်သင့်တဲ့ဇာတ်ကားလေးတကားဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ကြည့်ဖြစ်အောင်ကြည့်ဖို့တိုက်တွန်းချင်ပါတယ်ဗျာ။ Rating မြင့်ကားလေးတကားဖြစ်ပြီး imdb rating 8.2ထိရထားပါတယ်။
Horror
8.2 2005 132 mins
V for Vendetta
Sister Street Fighter: Hanging by a Thread
6.6
(၁၉၇၄) ခုနစ်တုန်းက ထွက်ရှိခဲ့တဲ့ “Sister Street Fighter: Hanging by a Thread” ဆိုတဲ့ ဇာတ်ကားကတော့ ဂျပန် အက်ရှင်ဒရာမာ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ကွန်ယုတစ်ယောက် သူ့သူငယ်ချင်း ဘီရဲပြန်ပေးဆွဲခံရတာကို ကယ်တင်ဖို့ တိုကျိုကိုသွားရင်း ကိစ္စကြီးကြီးမားမားထဲ ထပ်ပါရပြန်ပါတော့တယ်။ ဟောင်ကောင်ကနေ တိုကျိုကို ရောက်လျှင်ရောက်ချင်းပဲ လုပ်ကြံတိုက်ခိုက်သူတွေရဲ့ တိုက်ခိုက်တာကို ကွန်ယု ဘုမသိဘမသိ ရင်ဆိုင်ရပါတော့တယ်။ သူ အားကိုးတကြီးနဲ့ ကူညီမယ့်သူဆိုလို့ သူ့အစ်မတစ်ယောက်တော့ ရှိခဲ့ပါရဲ့။ သို့ပေမယ့်လည်း ကွန်ယု မသိခဲ့တာကတော့ သူ့အစ်မဟာ အခု သူလိုက်လံထောက်လှမ်းနေတဲ့ အဖွဲ့အစည်းရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ အိုဆနဲဆိုတဲ့ ဒီအဖွဲ့အစည်းဟာ မိန်းကလေးငယ်တွေကို ပြန်ပေးဆွဲ ခန္ဓာကိုယ်ထဲ သွေးလောင်းစိန်တွေကို ထည့်ပြီး မှောင်ခို ရတနာတွေအကြောင်းပြုကာ မကောင်းမှုဒုစရိုက်တွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းပဲဖြစ်တယ်။ မကောင်းမှုဒုစရိုက်ကို ကျုးလွန်တဲ့အလျောက် ကိုယ်ခံပညာရှင်ေတွကိုလည်း သူတို့လိုရာ အသုံးချဖို့ မွေးထားပါသေးတယ်။ ဆိုတော့ ကွန်ယုတစ်ယောက် သူထောက်လှမ်းနေတဲ့အဖွဲ့ဂိုဏ်းဝင် သူ့အစ်မရဲ့ အကူအညီကို ရမလား မရဘူးလား။ သူ့ကို လုပ်ကြံတိုက်ခိုက်ကြမယ့် ကိုယ်ခံပညာရှင်တွေရဲ့ လက်ကနေကော လွတ်မြောက်နိုင်ပါ့မလား။ ဘီရဲကိုကော ရည်မှန်းထားသလို ကယ်တင်နိူင်ပါ့မလား စတာတွေကို အက်ရှင်ဇာတ်လမ်း ဇာတ်ကွက်တွေနဲ့ ကြည့်ရှုနိုင်မယ့် ဂျပန်အက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ***ပွင့်လင်းရှင်းလင်းတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာကြောင့်မလို့ မိသားစုနဲ့ကြည့်ရှုဖို့တော့ မသင့်တော်ပါဘူး**** File size… 2.4 GB / 845 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 25m Genre ….. Action, Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Doros
Crime • Drama • Thriller
6.6 1974
Sister Street Fighter: Hanging by a Thread
Art of the Devil 2
6
Art Of The Devil 2 (2005) ************************* IMDb 6.0 ရထားတဲ့ ထိုင်း Horror ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်… ဇာတ်လမ်းအကျဉ်းကတော့ အထက်တန်းကျောင်းသား တစ်စု ကျောင်းဆင်းပြီး ၂ နှစ်အကြာမှာ သူငယ်ချင်းတစ်ယောက် ရဲ့ အိမ်မှာ သူ့အဖေရဲ့ အသုဘ အတွက်ပြန်လည် ဆုံတွေ့ဖြစ်ကြပါတယ်… အမှောင်ချိန်ရောက်ရှိလာတဲ့အခါမှာတော့ ထူးဆန်းတဲ့အရာတွေ တစ်ယောက်ယောက်ပြီးတစ်ယောက်အပေါ် ဖြစ်ပေါ်လာပါတော့တယ်…တစ်ယောက်ယောက်က အောက်လမ်းနည်းနဲ့ သူတို့ တွေကို ကလဲ့စားချေဖို့ ကြိုးစားနေသလိုမျိုးဖြစ်လာပါတယ်…ဒါတွေက ဘာကြောင့်လဲ ဘယ်သူကြောင့်လဲ ဆိုတာ ဒီဇာတ်လမ်းမှာ ဆက်လက်ရှုစားလိုက်ပါဦးနော်… File Size : 2.83GB / 1.02GB Quality : WEB-DL 1080p / 720p Duration : 01:40:00 Genres : Horror, Mystery Subtitle : Myanmar Subtitle (Hard Sub) Translated by TheintYT Encoded by Heather Oo
6 2005 102 mins
Art of the Devil 2
Anxiety
6.1
polish- german ပူးပေါင်းရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးက မယ်ဂိုဇာတာနဲ့ လုပ်ခ့်ခါဆိုတဲ့ ညီအစ်မနှစ်ယောက်ကြားက ရင်းနှီးတဲ့ဆက်ဆံရေးကို ခရီးစဉ်တိုလေးတစ်ခုမှာ မြင်တွေ့ ရမှာဖြစ်ပါတယ်။ မယ်ဂိုဇာတာက ကင်ဆာရောဂါခံစားနေရသူဖြစ်ပြီး လူ့လောကကို စွန့်ခွာချင်သူပါ၊ သူ့ညီမဖြစ်သူ လုခ့်ခါကတော့ သူ့ဘဝကို အရှုံးမပေးဘဲ ဆက်တိုက်ခိုက်နိုင်အောင် အားပေး နိုင်တယ်လို့ ယုံကြည်ပါတယ်။ အတိတ်က အကြောင်းတွေနဲ့ ငိုကြ ရယ်ကြ ၊ ရန်ဖြစ်ကြရင်း ညီအစ်မနှစ်ယောက်ကြားက real ဖြစ်တဲ့ ဆက်ဆံရေးမျိုးကို ဝမ်းနည်းဝမ်းသာ တစိမ့်စိမ့် ခံစားကြည့်ရှုရမှာပါ။ Magdalena Cielecka က မယ်ဂိုဇာတာ အဖြစ်ပါဝင်ထားပြီး Marta Nieradkiewicz က လုခ့်ခါအဖြစ် သရုပ်ဆောင်ထားပါတယ်။ File size… (1.39 GB) / (751 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice
Drama • Romance
6.1 2024 96 mins
Anxiety
Baby’s Day Out
6.1
Baby’s Day Out (1994) IMDb Rating (6.2) ၁၉၉၄ ခုနှစ်ဆိုတာ ရုပ်ရှင်လောကအတွက် တကယ့်ဂန္တဝင်ကားတွေ ထွက်တဲ့နှစ်ပါပဲ..Baby’s Day Out ရုပ်ရှင်ကလဲ ၁၉၉၄ နှစ်ထုတ်ကုန်တခုဖြစ်ပြီး အမြဲတမ်းအမှတ်တရ ပြန်ပြန်ကြည့်နေရတဲ့ရုပ်ရှင်တကားပါပဲ။ ကလေးလေးတယောက်နဲ့ လူဆိုး၃ယောက်သာ အဓိကထားရိုက်ပြထားတဲ့ ဒီဟာသကားလေးက ကြည့်ဖူးသူတိုင်းကို အပန်းဖြေရယ်မောစေခဲ့ရသလို ပြန်ပြန်ကြည့်တိုင်းလဲ ကြည်နူးပျော်ရွှင်ရစမြဲပါပဲ အဓိကဇာတ်ကောင် ကလေးလေး Baby Bink အတွက် အမြွှာညီအစ်ကို နှစ်ယောက်ဖြစ်တဲ့ Adam Robert နှင့် Jacob Joseph Worton တို့နှစ်ယောက်စလုံးနဲ့ ရိုက်ကူးခဲ့တာပါ။ Adam နဲ့ Jacob Worton တို့ညီအစ်ကိုရဲ့ တစ်သက်လုံးမှာ တစ်ကားတည်း သရုပ်ဆောင်ဖူးတဲ့ ရုပ်ရှင်ဖြစ်ပြီး သူတို့ဟာ နောက်ထပ် ဘာကားမှ ထပ်မရိုက်ခဲ့ပါဘူး။ Baby’s Day Out ကို အခုချိန်မှာ ဂန္တဝင်ဟာသကားတစ်ကားလို သတ်မှတ်ထားကြပေမယ့် ထွက်ရှိချိန်တုန်းကတော့ ကလေးကို အန္တရာယ်ကြီးမားတဲ့ နေရာတွေ လျှောက်သွားပုံ ရိုက်ထားတဲ့အတွက် ဝေဖန်ခံရပြီး Box Office မှာ အရှုံးပေါ်ခဲ့တယ်။ Box Office ရုံဝင်ငွေ ထင်သလောက် မရခဲ့တာကြောင့် အစက “Baby’s Trip to China” အမည်နဲ့ နောက်ဆက်တွဲ Sequel ဆက်ရိုက်မယ့် အစီအစဉ် ဖျက်လိုက်ရပါတယ်။ မဟုတ်ရင် အနည်းဆုံး Baby’s Day Out နှစ်ကားကြည့်ရမှာ ဖြစ်တယ်။ ဘယ်လိုပဲဖြစ်နေပါစေ ကျွန်တော်တို့ဘဝမှာ ကိုယ်ဖြစ်စေချင်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲကြည့်ခဲ့ရပါတယ်…. အဲ့ဒါကတော့ အလိမ်အညာတွေ၊လူဆိုးတွေပြည့်နေတဲ့ လောကကြီးထဲမှာ ဘာမှနားမလည်တဲ့ ရိုးသားဖြူစင်တဲ့ လူငယ်လေးတယောက်က သူလုပ်ချင်ရာကို စွန့်စွန့်စားစားလုပ်ချသွားပြီး နောက်ဆုံးမှာ ရန်သူတွေကိုယ်တိုင်တောင်မှ မမုန်းရက်တဲ့ဇာတ်လမ်းလေးတခု တကယ်ပဲရှိခဲ့ပါတယ်ပေါ့။
6.1 1994 99 mins
Baby’s Day Out