YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Witch at Court (2017) (Ep12)_720p.mp4

525.26 MB N/A video/mp4 783 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
Call of Heroes
6.4

Call of heroes (2016) ဒီကားလေးကတော့ နိုင်ငံရေးအရှုပ်အထွေးတွေ ကွန်ဖူးသဘောကျသူတွေ ကြည့်သင်တဲ့ကားလေးပါနော် မြင်းတစ်ကောင်ကိုပဲ မှီခိုပြီး မြင်းသွားရာနောက်သာလိုက်တတ်တဲ့ မာဖုန်း... သူ့မှာဘယ်လိုအတိတ်တွေရှိခဲ့လို့ လောကကြီးကိုစိတ်ကုန်ပြီး လေလွင့်နေတာလဲ? တောမီးလောင် တောကြောင်လက်ခမောင်းခတ်သလို တိုင်းပြည်မငြိမ်သက်ချိန် ချောင်ယင်းက စစ်အင်အားစုပြီး မြို့လေးတွေကို လိုက်သိမ်းပိုက်ပါတော့တယ် စိတ္တဇဆန်ဆန် လူပဲသတ်ချင်နေတဲ့ ချောင်ယင်းရဲ့သား ချောင်ရှောလန်ကြောင့် မာဖုန်းနဲ့ ဆရာမလေး​ပိုင်တို့ တွေ့ဖို့ဖြစ်လာတဲ့အခါ... ဘယ်လိုကံကြမ္မာတွေကြုံတွေ့ရမလဲ? ချောင်ယင်းတို့ကို ဘယ်လိုနှိမ်နှင်းမလဲဆိုတာ ဇာတ်လမ်းလေးထဲ ကြည့်ရအောင်နော် ။ ( ဘာသာပြန်ပြီး အညွှန်း‌ရေးသားထားသူကတော့ Hlaing Theint Theint Latt ပါ ) File Size__(2.7GB) / (1.3GB) Quality__Bluray_1080p, 720p IMDb Rating__6.3/10 Format__mp4 Duration__02:00:00 Type__Action, Adventure, Crime Subtitle__Myanmar Subtitle (Hardsub) Translated by Hlaing Theint Theint Latt Encoded by Naing Aung Latt

Thriller
6.4 2016 120 mins
Call of Heroes
The Unbearable Weight of Massive Talent
6.8

အရင်တုန်းက ရွှေထီးဆောင်းခဲ့တဲ့ ဂန္ဓဝင်မင်းသားကြီး ပြန်လာပါပြီ။ အကြွေးတွေထူပြီး တွေ့သမျှ ပေါကားပါမကျန် အကုန်ရိုက်နေရတဲ့ မင်းသားကြီးနီကိုလက် ကေ့ဂျ် တစ်ယောက် ရုပ်ရှင်ပိတ်ကားပေါ်ကို ပြန်တက်လာတာပါပဲ။ rating တွေလည်းကောင်း၊ ဝေဖန်ရေးဆရာတွေလည်းအကြိုက်တွေ့သလို ပရိသတ်တွေလည်းအကြိုက်တွေ့နေကြပါတယ်။ ဘယ်ဇာတ်ကောင်အဖြစ် သရုပ်ဆောင်လဲဆိုတော့ နီကိုလက်ကေ့ဂျ် အဖြစ်ပဲ သရုပ်ဆောင်တာပါပဲ။ ဒီရုပ်ရှင်ထဲမှာလည်း အကြွေးတွေထူပြီး ဇာတ်ကားရိုက်ရဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရတဲ့သူ၊ မိန်းမနဲ့ကွာရှင်းထားပြီး ကလေးနဲ့ အဆင်မပြေတဲ့သူ အဖြစ်ပဲ သရုပ်ဆောင်ထားပါတယ်။ တစ်နေ့မှာတော့ သူဌေးတစ်ယောက်က မွေးနေ့ပါတီပွဲကို တက်ရောက်ပေးရုံနဲ့ ဒေါ်လာ ၁ သန်းပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့ပါတယ်။ ရွေးစရာမရှိတော့တဲ့ နစ်ခ် ကေ့ဂျ် တစ်ယောက် ဟာဗီဆိုတဲ့ သူဌေး (ပေဒရို ပက်စ်ကယ်) ဆီကို သွားရင်းနဲ့ မထင်မှတ်ထားဘဲ စီအိုင်အေ နဲ့ လူဆိုးဂိုဏ်း အရှုပ်တော်ပုံတွေကြားထဲမှာ ညပ်ပြီး စွန့်စားခန်းတွေ ဖွင့်လာရတဲ့အခါ.... File size…(3 Gb)/(1.5 GB)/(900 Mb)/(600 Mb) Quality….Webrip 4K / 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Action, Comedy, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mr. Anderson

Drama • Thriller
6.8 2022 107 mins
The Unbearable Weight of Massive Talent
The Jackal
7

The Jackal(1996) အညွှန်း ********************* Bruce Willis နဲ့ Richard Gere တို့အပြိုင်ကျဲထားပါတယ်.. အမေရိကန် FBI အဖွဲ့ဟာ ရရှားဗိုလ်ကြီးခိုစလိုဗာနဲ့အတူ ရရှားမူးယစ်ရာဇာဂိုဏ်းတစ်ခုကို ဝင်စီးရင်း ထိတ်ထိတ်ကြဲ မာဖီးယားခေါင်းဆောင် တဲရက်ရဲ့ ညီကို မတော်တဆ ပစ်သတ်ခဲ့မိပါတယ်။ အဲဒီမှာ ဒေါသထွက်သွားတဲ့ တဲရက်ဟာ အမေရိကန်တွေကို ကလဲ့စားပြန်ချေဖို့ FBI အဖွဲ့ဒါရိုက်တာဘရောင်းကို လုပ်ကြံမယ်ဆိုပြီး လုပ်ကြံသတ်ဖြတ်ရာမှာ တဖက်ကမ်းခတ်နေတဲ့ ဝံပုလွေငယ်ဆိုတဲ့ကြေးစားကို ငှါးရမ်းခဲ့ပါတော့တယ်။ အဲဒီဝံပုလွေငယ်ဆိုသူဟာ လုပ်ကြံသတ်ဖြတ်မှုပေါင်း မနည်းမနောလုပ်ခဲ့ဖူးတဲ့လူဖြစ်ပေမယ့် ဖမ်းမိဖို့ဝေးစွ သူ့ပုံပန်းသဏ္ဍာန်ကို မြင်ဖူးတဲ့သူတောင် လက်ချိုးရေလို့ရပါသတဲ့။ ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုတော့….. File Size :(2.1GB)(878 MB) and (224 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…02:04:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by May Myat Thu Encoded by Phyo Pyae

Drama • History • Music
7 1996 124 mins
The Jackal
Song Lang
7.7

Song Lang (2018) 80 ခုနှစ်လောက်က အပြင်အဆင်တွေကို သဘောကျသူတွေအတွက် 2018ကထွက်ရှိထားတဲ့ Song Langဆိုတဲ့ ရုပ်ရှင်လေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီရုပ်ရှင်လေးဟာ 80ခုနှစ် operaပြဇာတ်ကိုအခြေခဲရိုက်ကူးထားတဲ့ လူငယ်နှစ်ယောက်ကြားက Bromanceလည်းမဟုတ် brotherhoodကိုလည်း နည်းနည်းအရောင်ဆိုးချင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ မိုးကြိုးသွားဒုန်းဟေ့ဆိုတာနဲ့ တစ်မြို့လုံးက ရွံကြောက်ရတဲ့ အကြွေးသိမ်းတဲ့လူတစ်ယောက်၊ အကြွေးလာသိမ်းပြီဆိုရင် ရက်ရက်စက်စက်နည်းလမ်းမျိုးစုံနဲ့ မသိမ်းနိုင်တဲ့အကြွေးမရှိလို့ နာမည်ကြီးတဲ့အထိ ရက်စက်တတ်သူတစ်ယောက်ပေါ့။ ဒါပေမဲ့ ရက်စက်ခက်ထန်တဲ့မျက်နှာဖုံးအောက်မှာ ဒဏ်ရာအပြည့်နဲ့ နူးညံ့တဲ့နှလုံးသားရှိတာကိုတော့ လူတွေကမသိကြပါဘူး။ ဒီလိုနဲ့တစ်နေ့ ပြဇာတ်အဖွဲ့မှာ အကြွေးသိမ်းဖို့သွားရင်းနဲ့ လင်ဖုန်ဆိုတဲ့လူငယ်လေးနဲ့ဆုံဖို့ ဖြစ်လာပါတော့တယ်။ လင်ဖုန်က ငယ်ငယ်ထဲက operaပြဇာတ်ကိုရူးသွပ်ခဲ့သူတစ်ယောက်၊ စင်မြင့်ထက်မှာ ပရိသတ်ရဲ့အာရုံကိုဖမ်းစားနိုင်သူဖြစ်ပေမဲ့လည်း လက်တွေ့မှာ စကားနည်းပြီး တစ်ကိုယ်တည်းနေတတ်တဲ့ အထီးကျန်နေသူတစ်ယောက်ပါ။ အချစ်ဆိုတဲ့အရာနဲ့ မထိတွေ့ရသေးတဲ့ ရေခဲနှလုံးသားပိုင်ရှင်လေးဆိုရင်လည်း မမှားပါဘူး။ ဒီလို မတူညီတဲ့ကမ္ဘာကလူနှစ်ယောက် အကြွေးကိုအရင်းတည်လို့ ဆုံစည်းဖို့ ဖြစ်လာတဲ့အခါ… အပေါ်ယံမှာ မျက်နှာဖုံးတပ်ထားပေမဲ့ အတွင်းကစိတ်ဒဏ်ရာကိုယ်စီနဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုနှောင်ကြိုးတွေဖြစ်ပေါ်လာမလဲဆိုတာ အားလုံးအတူတူ ကြည့်ရှုခံစားလိုက်ရအောင်ပါ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Mary Christ ပဲ ဖြစ်ပါတယ်။ Genre….. BL, Drama, Romance Quality…. 1080p | 720p File size… 1.9GB | 683MB Format… mp4 Duration…. 1h 53min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Mary Christ Encoder ….. Aaron

Drama
7.7 2018 101 mins
Song Lang
Aarya 2
7.5

Arya 2 (2009) “သုံးပွင့်ဆိုင်” အာလူးအာဂျွန်ရဲ့ လူကြိုက်များပြီး IMDb 7.4 rotten tomatoes 83%လို ratingကောင်းတွေပိုင်ဆိုင်ထားတဲ့ old but gold ရုပ်ရှင်လေးတစ်ကားကို Bollywood ချစ်ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပြန်ပါပြီ။ ဒီမှာတော့ ဇာတ်လိုက်ကျော်ကြီးအာလူးအာဂျွန်ကို လုံးဝကွဲထွက်နေတဲ့ ကာရိုက်တာ 2 ခုအနေနဲ့ မြင်တွေ့ရမှာပါ။ မိဘမဲ့ကျောင်းလေးတစ်ခုမှာ ငယ်စဉ်ကတည်းက ဉာဏ်များလွန်းပြီး toxicတဲ့ အာရ်ယာဆိုတဲ့ကောင်လေးဟာ မထုံတတ်တေး အဂျေးဆိုတဲ့ကောင်လေးကို ပီကေတစ်ခုနဲ့ မရမကအကွက်ဆင်ပြီး သူငယ်ချင်းလုပ်ပြီး ကပ်နေလိုက်ပါတယ်။ မအူမလည်နဲ့ခံလိုက်ရတာပေမဲ့ အဂျေးကတော့ အာရ်ယာကို ကွေ့ပတ်ရှောင်လေ ပြေးမလွတ်လေမလို့ အခွင့်ကောင်းစောင့်ပြီးပြေးဖို့ချောင်းနေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာသူတို့နှစ်ယောက်ထဲက တစ်ယောက်က ချမ်းသာတဲ့အိမ်မှာ မွေးစားခံရဖို့ဖြစ်လာချိန်မှာ အာရ်ယာတစ်ယောက် အဂျေးကိုသွားခွင့်ပေးလိုက်ပြီး သူကတော့ကျန်နေရစ်ပါတယ်။ ‌အဂျေးကတော့ အာရ်ယာလက်ကလွတ်ပြီဆိုတဲ့အတွေးနဲ့ မွေးစားခံလိုက်တာပေါ့။ ဒါပေမဲ့ ကိုယ်စီအရွယ်ရောက်လာချိန်မှာတော့ အဂျေးဆီကို ပြဿနာတစ်ခုနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အာရ်ယာ၊ နဂိုထဲကမှ ပြဿနာရှာတတ် မကောင်းတာအစုံတတ်တဲ့လူမိုက်ဆန်ဆန်အာရ်ယာတစ်ယောက် ဘွားခနဲပြန်ပေါ်လာချိန်မှာ အဂျေးတစ်ယောက် ခေါင်းကိုက်ရပြန်ပေမဲ့ ထုံးစံအတိုင်းပဲ | ရှောင်မရတာမလို့ သူ့ကုမ္ပဏီမှာ အလုပ်ခန့်လိုက်ရပြန်ပါတယ်။ ဒါပေမဲ့ အာရ်ယာမကောင်းတာကို သက်သေပြနိုင်ရင် အလုပ်ထုတ်မယ်ဆိုတဲ့ကတိနဲ့ပါ။ အဂျေးနားကပ်ရရေးတို့အရေးဆိုတဲ့ အာရ်ယာတစ်‌ယောက် Mr. perfectမျက်နှာဖုံးနဲ့ ရုံးမှာလူတိုင်းလေးစားအားကျရတဲ့စံပြလုပ်သား ကိုပြည့်စုံလွန်းဂိုက်ဖမ်းပါတော့တယ်။ ဒီလိုနဲ့ ဒီကြောင်နဲ့ကြွက်သူငယ်ချင်းနှစ်ယောက်ကြားထဲ ဂီသာဆိုတဲ့မိန်းမလှလေးရောက်လာချိန်မှာတော့ ကိုပြည့်စုံလွန်းမျက်နှာဖုံးအောက်က အာရ်ယာတစ်ယောက် ဗီဇလေးတွေပေါ်လာပါတော့တယ်။ ဒီ 3 ယောက်ရဲ့ သုံးပွင့်ဆိုင်ဇာတ်လမ်းလေး ဘာဆက်ဖြစ်မလဲဆိုတာကတော့ အားလုံးအတူကြည့်ရှုလိုက်ရအောင်ပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

7.5 2009 155 mins
Aarya 2
Earth and Blood
5.2

2020 တုန်းကထွက်ရှိခဲ့တဲ့ Netflix တန်းဝင်ပြင်သစ်အက်ရှင် ကားတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဇာတ်ကားနာမည်ကတော့ Earth And Blood ဖြစ်ပြီး IMDb Rating 5.2 လည်း ရရှိထားပါတယ်.. စစချင်းမှာရဲစခန်းကိုဓားပြတွေ ဝင်စီးနင်းနေတာကိုတွေ့ရမှာဖြစ်ပြီး အဲ့ဒီဓားပြတွေ လိုချင်တာကတခြားမဟုတ်ဘဲ ရဲစခန်းမှာ သိမ်းဆည်းထားတဲ့ ကိုကိန်းတွေပဲဖြစ်ပါတယ်။ဒီလိုနဲ့ အဲ့ဒီကိုကိန်း တွေကို ယူလာခဲ့ပြီးနောက်မှာ အဲ့ဒါတွေကိုရောင်းပြီး ဝေးရာလစ်ဖို့ စီစဉ်ကြပါတော့တယ်။ဒါပေမယ့် အဲ့ဒါတွေက သူတို့ပိုင်တဲ့ပစ္စည်းတွေ မဟုတ်ဘဲ ပိုင်ရှင်ကသက်သက်ရှိနေခဲ့ပါတယ်။အဲ့ဒါကြောင့်မလို့ ဓားပြတွေထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့တစ်ယောက်က သစ်စက်မှာ အလုပ်လုပ်နေတဲ့ ညီဖြစ်သူကိုခေါပြီး အဲ့ဒီဆေးတွေကိုသိမ်းထားခိုင်း ခဲ့ပါတယ်။ဖြစ်ချင်တော့ ပိုင်ရှင်အစစ်အမှန်က အဲ့ဒီအကြောင်းကို သိသွားပြီး သစ်စက်ကိုလိုက်လာတဲ့အခါမှာတော့ မဆီမဆိုင်သစ်စက် ပိုင်ရှင်တို့ မိသားစုမှာကြားညှပ်ကုန်ပြီး ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမဲ့အက်ရှင် ဒရာမာဇာတ်ကားပဲဖြစ်ပါတယ်။ File size…770MB / 391MB Quality…WEB-Dl 1080p / 720p Format…mp4 Duration….1h 20m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

5.2 2020 80 mins
Earth and Blood
Mischievous Kiss the Movie Part 3: Propose
7.5

Mischievous Kiss: Proposal arc (2017) My Drama List – 7.5 IMDb rating – 7.5 ဒီ Proposal Arc မှာတော့ ခိုတိုခိုတို့ရဲ့ တက္ကသိုလ်ဒုတိယနှစ်နဲ့ တတိယနှစ်ကာလကို ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ တက္ကသိုလ်ပြီးခါနီးလာတာနဲ့အမျှ အလုပ်ခွင်ဝင်ဖို့လည်း စဉ်းစားလာကြရတာ ထုံးစံပါပဲ။ ဒီလိုနဲ့ ကိုယ်စီ အနာဂတ်အစီအစဉ်တွေ ရေးဆွဲနေကြတဲ့အချိန်မှာ အီရိအဲကို သူ့အဖေက အိမ်ရဲ့စီးပွါးရေးကို ဆက်ခံဖို့အတွက် တိုက်တွန်းပါတော့တယ်။ အီရိအဲကတော့ အိမ်ရဲ့စီးပွါးရေးကို ဆက်မလုပ်ဘဲ သူ့ရဲ့ ဆရာဝန်ဖြစ်ချင်တဲ့အိပ်မက်ကို အကောင်အထည် ဖော်ချင်နေပါတယ်။ အဲဒီလို အတိုက်အခံလုပ်နေတုန်းမှာ အီရိအဲရဲ့အဖေ နှလုံးဖောက်ပြီး ဆေးရုံတင်လိုက်ရတဲ့အခါမှာတော့ အီရိအဲခမျာ ရွေးချယ်စရာမရှိဘဲ အိမ်အလုပ်ကို ဦးစီးရပါတော့တယ်။ ဒီလိုနဲ့ တစ်နေ့မှာတော့ အီရိအဲတို့ကုမ္ပဏီရဲ့ရှယ်ယာရှင်တစ်ဦးဖြစ်တဲ့ ဥက္ကဌအိုအိဇုမိက မြေးဖြစ်သူနဲ့ စေ့စပ်ကြောင်းလမ်းဖို့ စကားစလာပါတော့တယ်။ အီရိအဲတစ်ယောက် သဘောတူလိုက်မလား… ခိုတိုခိုနဲ့အီရိအဲတို့ကြား ဘယ်လိုတွေပြောင်းလဲသွားမလဲဆိုတာကိုတော့ အခု Proposal Arc လေးမှာ ဆက်လက်ကြည့်ရှုကြရအောင်။ File size… 2.3 GB / 985 MB Quality… Web-DL 1080p / 720p Format… mp4 Duration…. 1h 57m Genre ….. Comedy/Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Benni

7.5 2017
Mischievous Kiss the Movie Part 3: Propose
The Long Game
6.7

IMDb 6.7 Rotten Tomatoes 97% ရရှိထားတဲ့ ဒရာမာရုပ်ရှင်လေးပါ။ ဒီရုပ်ရှင်လေးက စာရေးဆရာ Humberto G. Garcia ရဲ့ ဝေဖန်မမှုတွေခံခဲ့ရပြီး ကိုယ်ပိုင်ထုတ်ဝေခဲ့တဲ့ စာအုပ်လေးကိုအခြေခံပြီး ပြန်လည်ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်ထဲမှာတော့ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်က မြို့ငယ်လေးက မက္ကဆီကန်‌အထက်တန်းကျောင်းသား ငါးယောက်နဲ့ဖွဲ့ထားတဲ့ “Mustangs” လို့အမည်ရတဲ့ အထက်တန်းကျောင်းဂေါက်သီးရိုက်အသင်းလေးအကြောင်းကို ဇာတ်အိမ်တည်ထားပါတယ်။ အချိန်ကာလအားဖြင့် အမေရိကန် ဗီယက်နမ် စစ်တွင်းကာလ ၁၉၅၇ ဖြစ်ပါတယ်။ ဆန်ဖီလစ်ပီလို့ခေါ်တဲ့ မြို့ကလေးကတော့ အမေရိကန် နဲ့ မက္ကဆီကို နယ်စပ်မှာတည်ရှိတဲ့ မြို့ကလေးပါ။ ဒီမြို့ငယ်လေးက အထက်တန်းကျောင်းမှာ “ဂျိုး”လို့အမည်ရတဲ့ မက္ကဆီကန်ကျောင်းသားလေးနဲ့ သူငယ်ချင်းလေးယောက်ဟာ ဂေါက်သီးရိုက်အားကစားကို ဝါသနာထုံကြတဲ့သူတွေဖြစ်ပြီးတော့ အားလပ်ရက်တွေမှာလည်း ဆန်ဖီလစ်ပီ ဂေါက်ကလပ်မှာ ကယ်ဒီ (ဂေါက်ပစ္စည်းသယ်သူ) အလုပ်ကိုလုပ်ကိုင်ရင်း တဖက်တလှမ်းကနေ မုန့်ဖိုးရှာနေကြတဲ့ကျောင်းသားတွေပါ။ ၁၉၅၇ ဆိုတဲ့အချိန်ကာလဟာ အမေရိကန်မှာ လူမျိုးရေးခွဲခြားမှုတွေ အထွတ်အထိပ်ကိုရောက်ရှိနေတဲ့ကာလပါ။ ဆန်ဖီလစ်ပီမြို့ထဲမှာ ကြီးစိုးနေတဲ့အမေရိကန်တွေဟာ မက္ကဆီကန်တွေကို ခွဲခြားဆက်ဆံခဲ့ပါတယ်။ ဒီလိုလူမျိုးရေးခွဲခြားမှုဟာ အထက်တန်းလွှာအတွက် ပျော်စံရာဖြစ်တဲ့ ဂေါက်ကလပ်မှာလည်း အပါအ၀င်ဖြစ်ခဲ့ပါတယ်။ ဂေါက်ကလပ်တွေမှာ မက္ကဆီကန်လူမျိုးဆို အသင်း၀င်ဖြစ်ခွင့်မပေးတာတွေ၊ ဂျိုးတို့လို မက္ကဆီကန်ကျောင်းသားတွေဟာ ဂေါက်ကလပ်တွေမှာ ဂေါက်သီးရိုက်ခွင့်မရှိဘဲ ဂေါက်သီးရိုက်တဲ့သူတွေအတွက် လက်တိုလက်တောင်းလုပ်ပေးရတဲ့ကယ်ဒီ လို အလုပ်တွေကိုပဲ လုပ်ခွင့်ရတာမျိုးတွေပေါ့။ တစ်ရက်မှာတော့ ဂျိုးတို့ရဲ့ ဆန်ဖီလစ်ပီကျောင်းလေးကို ဂျေဘီပင်ယာဆိုတဲ့ ဆရာတစ်ဦးပြောင်းလာခဲ့တယ်။ ဂျေဘီက စစ်ပြန်တစ်ဦးပါ။ ဂေါက်ရိုက်ဝါသနာပါတဲ့ ဂျေဘီဟာ ဂျိုးတို့သူငယ်ချင်းအုပ်စုနဲ့ သိကျွမ်းသွားပြီးတော့ ဖီလစ်ပီအထက်တန်းကျောင်းရဲ့ ပထမဆုံး ဂေါက်သီးရိုက်အသင်းကို စထောင်လိုက်ပါတော့တယ်။ ဒီလိုနဲ့ နည်းပြဖြစ်သူ ဂျေဘီရဲ့ကြိုးစားမှုကြောင့် ဂျိုးတို့ရဲ့ ကျောင်းဂေါက်သီးရိုက်အသင်းလေးဟာ မက္ကဆီကန်ကျောင်းသားတွေ တစ်ခါမှ၀င်မပြိုင်ခဲ့ဖူးတဲ့ ကျောင်းပေါင်းစုံဂေါက်သီးရိုက်ပြိုင်ပွဲကို ၀င်ပြိုင်ရမယ့် ပထမဆုံး မက္ကဆီကန်အသင်းဖြစ်လာခဲ့ပါတယ်။ ဂျိုးက ဗလလည်းရှိ ဇလည်းရှိတဲ့ မက္ကဆီကန်လူငယ်လေးပါ။ အချိန်ပိုင်းအလုပ်လုပ်တော့သာ အမေရိကန်တွေရဲ့ ကယ်ဒီအလုပ်ကိုလုပ်တာ အမေရိကန်တစ်ယောက်ယောက်က “ကျူးကျော်မက္ကဆီကန်ကောင်”လို့ သမုတ်ပြီး စော်ကားလာပြီဆိုရင် နည်းနည်းလေးမှငြိမ်ခံမနေဘဲ တွေ့ရာပစ္စည်းနဲ့ကောက်ပြီး ‌ခေါင်းရိုက်ခွဲခဲ့တဲ့ ဇ ပြင်းတဲ့လူငယ်လေးပါ။ ဒီခပ်ပေပေလူငယ်လေးဟာ အမေရိကန်တို့အပိုင်စားရထားတဲ့ ဂေါက်ကွင်းထဲကိုရောက်လာတဲ့အချိန်မှာတော့ စည်းမျဉ်းစည်းကမ်းနဲ့အညီဆော့ရတဲ့ ဂေါက်သီးရိုက်အားကစားမှာ ထစ်ခနဲရှိ ထတုံ့ပြန်တတ်တဲ့အကျင့်ကိုချိုးနှိမ်ပြီး သူငယ်ချင်းလေးယောက်နဲ့အတူ နည်းပြဖြစ်သူ ဂျေဘီရဲ့စကားကိုနားထောင်ရင်း ပြည်နယ်ချန်ပီယံရှစ်အထိတက်လှမ်းပြီး မက္ကဆီကန်တွေ ဘယ်တုန်းကမှမပြသနိုင်ခဲ့တဲ့ ဂုဏ်သိက္ခာနဲ့ အရည်အချင်းတွေကိုပြသဖို့ရာ ကြိုးစားရ‌ပါတော့တယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းဖြစ်ပြီး သရုပ်တဆောင်ပိုင်း ဇာတ်အိမ်ပိုင်းတွေကလည်း သေသပ်ကောင်းမွန်တဲ့အပြင် မြင်တွေ့ရခဲတဲ့ ဂေါက်သီးရိုက်အားကစားအကြောင်းကို ရိုက်ကူးပြထားတာကြောင့် သေချာပေါက် မြည်းစမ်းကြည့်ရှုဖို့သင့်တဲ့ ဇာတ်ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ပါတယ်။ File size…(2.7 GB)/(1.4 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:52:00 Genre…Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Steven Khant

6.7 2023 110 mins
The Long Game
S.I.T: Special Investigation Team

S.I.T (2024) အထူးစုံစမ်းရေးအဖွဲ့ ဒါရိုက်တာ Vijaya Bhaskar Reddyရိုက်ကူးထားတဲ့ အသစ်စက်စက် မှုခင်းဇာတ်လမ်းတစ်ပုဒ်ကို CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ Cast တွေကတော့Grey: The Spy Who Loved Me၊ Shukra တို့လို thriller/ crime /mystery တွေနဲ့ နာမည်ကြီးတဲ့ မင်းသား Arvind Krishnaနဲ့ မင်းသမီး Natasha Doshi တို့အပြင် Detective Karthikရဲ့ မင်းသား Rajath Raghav ပါ ပါဝင်ထားပါတယ်။ အမှုနဲ့ပတ်သက်လာရင် ဥပဒေဘောင်ထဲက ကျော်ပြီး ဖြေရှင်းသင့်ရင် ဖြေရှင်းတတ်တဲ့အရာရှိ ပရာသာတစ်ယောက် တစ်နေ့မှာ ဆော့ဝဲလ်ပညာရှင်နာဗီရာ သေဆုံးမှုကို စုံစမ်းဖို့ အမိန့်ကျလာခဲ့တယ်။ သေဆုံးသူက နာမည်ကြီး ဖြစ်တဲ့အပြင် သေဆုံးမှုကလည်း ဘာသဲလွန်စမှ မကျန်ခဲ့တဲ့အပြင် လူထုစောင့်ကြည့်နေကြတဲ့ အမှုဖြစ်နေခဲ့လို့ ရဲဌာနတစ်ခုလုံး ဖိအားဖြစ်နေရပါတယ်။ အမှုအတွက် ထိပ်တန်းပညာရှင်တွေဖွဲ့ပြီး စုံစမ်းစစ်ဆေးကြတဲ့အခါ အမှုက ထင်သလောက်မရိုးရှင်းဘဲ နာဗီရာရဲ့အတိတ်တွေရော မိသားစုအရေးတွေပါ ပါဝင်ပတ်သက်လာပြီး အရာရှိပရာသာနဲ့ အဖွဲ့က ဖော်ထုတ်နိုင်မလား ဆိုတာကတော့… (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bolloywood Team ဖြစ်ပါတယ်)

0 2024
S.I.T: Special Investigation Team
Irena’s Vow
6.2

စစ်ကားကြီးတွေက ပျင်းစရာကောင်းလွန်းလို့ မကြည့်ချင်ပါဘူးဆိုတဲ့ သူတွေအတွက် စိတ်ဝင်စား သွားစေရမယ်လို့ အာမခံတဲ့ ဒုတိယကမ္ဘာစစ် ဖြစ်စဉ် တုန်းက ဂျာမန်ဒရာမာဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ပုံမှန်စစ်ကားတွေလိုမျိုး စစ်တိုက်နေတာပဲ မဟုတ်ဘဲနဲ့ တကယ့် ဖြစ်ရပ်မှန် ဒရာမာဇာတ်လမ်းတစ်ပုဒ်ကို ပြန်လည် ရိုက်ကူးထားတဲ့အတွက် ကွဲထွက်နေပြီး ကြည့်လို့ကောင်းမှာတော့ အသေအချာပါပဲ။ ဒီဇာတ်ကားထဲမှာ ပါဝင်တဲ့ ဇာတ်လမ်းဇာတ်အိမ်တွေက အပြင်မှာ တကယ်ရှိခဲ့တဲ့ ဂျူးတွေရဲ့ အမျိုးသမီးသူရဲကောင်း အီရယ်နာဂွတ်ရဲ့အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဇာတ်ကားနာမည်ကတော့ အီရန်နာရဲ့ဇာတ်ကြောင်းဆိုတဲ့ အတိုင်း Irena’s Vow ဖြစ်ပြီး IMDb Rating 6.2 အထိရရှိထားပါတယ်။ အီရန်နာရဲ့ ဇာတ်ကြောင်းကိုစပြောရရင်တော့ ၁၉၃၉ ခုနှစ် စက်တင်ဘာလမှာ အီရန်နာနေထိုင်တဲ့ ပိုလန်ကိုဂျာမနီနဲ့ ဆိုဗီယက်တွေက ကျူးကျော်ခဲ့ပြီးနောက်မှာတော့ အီရန်နာအပါအဝင် ပိုလန်သူပိုလန်သားတွေအကုန် နေစရာအိမ် လုပ်ကိုင်စရာအလုပ်တွေနဲ့ အရေးအကြီးဆုံး လွတ်လပ်ခွင့်တွေ ပျောက်ဆုံးသွားခဲ့ရပါတော့တယ်။ အဲ့ဒီနောက်ပိုင်း အီရန်နာကို ဂျာမန်စစ်စခန်းတစ်ခုမှာ အတင်းအဓမ္မအလုပ်လုပ်ဖို့ စေခိုင်းခဲ့ပေမဲ့ အီရန်နာက စိတ်ဓာတ်ခွန်အားပြည့်၀ပြီး အလုပ်ကြိုးစားတတ်တဲ့ အမျိုးသမီးတစ်ယောက် ဖြစ်တဲ့အတွက် သိပ်မကြာခင်မှာပဲ ဂျာမန်အရာရှိကြီးတစ်ယောက်ရဲ့ အိမ်မှာအိမ်တော်ထိန်း အဖြစ် အလုပ်ရသွားပါတော့တယ်။အဲ့ဒီမတိုင်ခင်က သူက စက်ချုပ်ခန်းမှာရှိတဲ့ ဂျာမန်တွေအရမ်းမုန်းတီးပြီး နိမ့်ချဆက်ဆံကြတဲ့ ဂျူးတွေရဲ့ အလုပ်ခေါင်းဆောင် ဖြစ်ခဲ့ပါသေးတယ်။ ဂျာမန်တွေက သူတို့နေထိုင်ရာမြို့မှာ ဂျူးကင်းစင်သွားအောင် အကုန်သုတ်သင်ပစ်မဲ့အကြောင်းကို အီရန်နာကြားသွားပြီး နောက်မှာတော့ အဲ့ဒီဂျူးတွေအားလုံးကို သူအလုပ် သွားလုပ်ရမဲ့ ဂျာမန်အရာရှိကြီးရဲ့ အိမ်မှာ ဖွက်ထား ပေးဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ်။ဒီလိုနဲ့ အီရန်နာတစ်ယောက် မီးခဲကြီးကို လက်ထဲမှာကိုင်ထားရသလို ရင်တထိတ်ထိတ်နဲ့ အိမ်ထဲမှာ ဂျူးတွေကို ဖွက်ထားပေးရင်း အီရန်နာနဲ့ဂျူးတွေ အန္တရာယ်တွေကြားက ဘယ်လိုတွေအတူတူရင်ဆိုင် ကျော်ဖြတ် သွားရမယ်ဆိုတာတွေအပြင် မထင်မှတ်ထားတဲ့ဒရာမာအချစ် ဇာတ်လမ်းလေးတစ်ခုကို ပါကြည့်ရှုရမဲ့ စိတ်ဝင်စားစရာ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.30GB / 610MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….2h 1m Genre …..War Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay

6.2 2023
Irena’s Vow
Ratu Dansa

Ratu Dansa (2022) ငယ်ရွယ်နုပျိုတဲ့တက္ကသိုလ်ကျောင်းသူလေးနှစ်ယောက်ဖြစ်တဲ့ ၂၀၂၂ ခုနှစ် ဟန်နာနဲ့ အတိတ်ကနေ အနာဂတ်ကိုရောက်လာတဲ့ ဟန်နာရဲ့မေမေ ဟီရာတို့ရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ အင်ဒိုနီးရှား အချိန်ခရီးသွားဇာတ်လမ်းကောင်းလေးတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်။ ဟန်နာဟာ အနုပညာအလုပ်မှာ အောင်မြင်ကျော်ကြားတဲ့ သူတစ်ယောက်ဖြစ်လာဖို့ အိပ်မက်တွေရှိထားသူဖြစ်ပြီး အဖေတစ်ယောက်တည်းရဲ့အုပ်ထိန်းမှုအောက်မှာ အလိုမကျမှုများစွာနဲ့ ကြီးပြင်းလာရသူဖြစ်ပါတယ်။ အတိတ်က ဟီရာကလည်း အဆင်မပြေတဲ့မိသားစုဘဝမှာ နေထိုင်ရတဲ့အတွက် သူ့ဘဝအပေါ် စိတ်မကျေနပ်ချက်များရှိနေသူဖြစ်ပါတယ်။ တစ်နေ့မှာ ဟီရာဟာ သူ့အမေဖြစ်သူကို အဖေကရိုက်နှက်ခဲ့ပြီး အိမ်ကနေ ထွက်သွားလိုက်တဲ့အတွက် မိခင်နဲ့အတူကျန်နေခဲ့ရတဲ့ သူ့ရဲ့မိသားစုဘဝအခြေအနေကို စိတ်ကုန်နေခဲ့ပါတယ်။ အဲဒီချိန်မှာပဲ ဟီရာဟာ အနာဂတ်မှာ သူ့သမီးဖြစ်တဲ့ဟန်နာဆီကို ရောက်ရှိသွားပါတယ်။ အသက်အရွယ်တူညီကြတဲ့သူတို့နှစ်ယောက်ဟာ ခေတ်ကာလကွာခြားချက်အရ နားမလည်မှုတွေကို အချင်းချင်းလေ့လာကြရင်း သူတို့ရဲ့အနာဂတ်အတွက် အဖြေရှာဖို့ ကြိုးစားကြပါတော့တယ်။ ဟီရာဟာ သူ့ကို မိခင်မှန်းသိနေတဲ့ ဟန်နာကို သူ့အပေါ် နားလည်အောင် ဟန်နာရဲ့ခံစားချက် အလိုမကျဖြစ်မှုတွေကို ဖြည့်ဆည်းနိုင်ပါ့မလား… မိခင်ရဲ့မေတ္တာကို ဟီရာကရော နားလည်ကာ သားအမိတွေ ပြေလည်သွားကြမလားဆိုတာ… (အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ဖြစ်ပါတယ်) Genre….. Drama Quality…. 1080p WEB-DL | 720p WEB-DL File size… 893MB | 428MB Format… mp4 Duration…. 1h 28min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

Horror • Thriller
0 2022
Ratu Dansa
All Suspects
6

စုံထောက်ရုပ်ရှင်ကို တစ်နေရာတည်း တစ်ထိုင်တည်း အစအဆုံးအမှုစစ်သွားတဲ့ ရုပ်ရှင်မျိုးကြိုက်တဲ့သူဆိုရင် ဒီရုပ်ရှင်လေးကို ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- စုန့်ကျစ်ဝိန်ဟာ စုံထောက်အရည်အချင်းမရှိပေမဲ့ သူရှိနေရင် သူ့အနားက လူတွေက တွေးတောနိုင်စွမ်းမြင့်လာတဲ့အတွက် သူ့ကိုယ်သူ “ဟွာရှန်းအစွမ်း” ရှိသူလို့ သတ်မှတ်ထားသူ ဖြစ်ပါတယ်။ သူရှိပြီးနောက်ပိုင်းမှာ သူတို့ ဌာနက အမှုဖြေရှင်းနိုင်စွမ်း ရာနှုန်းပြည့်ဖြစ်တဲ့အတွက် ဆုချီးမြှင့်ခံရပါတယ်။ အားလပ်ရက်ကို အေးချမ်းစွာဖြတ်သန်းဖို့ စုန့်ကျစ်ဝိန်တစ်ယောက် ဝူကျီးရှန်း တည်းခိုခန်ူကို အပန်းဖြေခရီးထွက်လာပါတယ်။ တည်းခိုခန်းမှာ တည်းခိုသူတွေထဲမှာ စုံထောက်ဝတ္ထုစာရေးဆရာမမုံ့ကျူ၊ စန္ဒရားဆရာနဲ့ ခြေတစ်လုံးအိမ်တိုင်တစ်ယောက်လည်း ပါပါတယ်။ ဝင်ဝင်ခြင်းညမှာပဲ လူသတ်မှုဖြစ်ပြီး ဟိုတယ်ပိုင်ရှင်နဲ့ ဝန်ထမ်းမလေး ၂ ယောက်လုံး သေသွားတဲ့အခါမှာတော့ တည်းခိုခန်းမှာ ရှိနေတဲ့ သူတို့ ၄ ယောက်လုံးက သံသယရှိစရာ ဖြစ်လာပါတယ်။ သူတို့ ၄ ယောက်လုံးက အပေါ်ယံ မြင်ထားသလိုပဲလား…… သူတို့နောက်ကွယ်မှာ ဘယ်လို လျှို့ဝှက်ချက်မျိုးတွေ ရှိနေမလဲ…… လူသတ်တရားခံကရော ဘယ်သူဖြစ်လိမ့်မလဲ…… ဆိုတာကို ကြည့်ရှုအဖြေရှာလိုက်ရအောင်နော်။

6 2024
All Suspects
Brokedown Palace

“Brokedown Palace (1999)”ဇာတ်ကားက…..တကယ်တမ်းခံစားလို့ကောင်းတဲ့ကားတစ်ကားပါ။ ကြည့်ရင်းနဲ့ စိတ်ထဲမှာ တစ်ခုသိသွားတာက… လူချင်း၊သူငယ်ချင်း အချင်းချင်း “ယုံကြည်မှု” ဆိုတာ နောက်ဆုံး အကျဉ်းထောင် ထဲအထိပါသယ်သွားလို့ရတယ်ဆိုတာပဲ။ ဒီဇာတ်ကားကို ကြည့်ရင်းနဲ့ ကိုယ့်ကိုယ်ကိုမေးမိတယ်— “မင်းဆိုမင်းရဲ့အချစ်ဆုံးသူငယ်ချင်းအတွက် တကယ်စတေးခံနိုင်လား”ပေါ့….. အားလုံးသိကြတဲ့အတိုင်း ဘဝမှာသူငယ်ချင်းတွေကြား နားလည်မှုတွေ ချစ်ခင်မှုတွေနဲ့ တည်ဆောက်ထားတာ တစ်ခါတစ်ရံ အဲ့ဒီယုံကြည်​မှုတွေကို လောကဓံက စမ်းသပ်လေ့ရှိပါတယ်။ ကုန်ကုန်ပြောရရင် ကြည့်နေရင်း ဇာတ်ကားထဲမှာ စီးမျောခံစားရင်း ထပ်ပေါင်းစဥ်းစားစရာတွေလဲ အများကြီးပါပါတယ်။ — ဇာတ်လမ်းအကျဉ်း — အဲလစ်နဲ့ ဒါလိန်းတို့ သူငယ်ချင်းနှစ်ယောက်က ငယ်ငယ်ကတည်းက အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ဒါလိန်းက အဝေးမှာတက္ကသိုလ်သွား တက်ရတော့မှာမို့ သူငယ်ချင်းနှစ်ယောက် မခွဲခွာခင် ခရီးအတူတူထွက်ဖို့ စီစဥ်ခဲ့ကြတယ်။ Hawaii ကိုသွားမယ်လို့ အိမ်ကိုလိမ်ပြောပြီး ထိုင်းနိုင်ငံရောက်သွားတဲ့ သူငယ်ချင်းနှစ်ယောက် အဲ့မှာ Nick Parks ဆိုတဲ့သူတစ်ယောက်နဲ့ ရင်းနှီးသွားကြတော့…. ဒီလိုနဲ့ ရင်းနှီးလာကြရင်း Nick Parks က ဟောင်ကောင်ကိုအပျော် ခေါ်သွားပေးချင်တယ်ဆိုပြီး အဲလစ်နဲ့ ဒါလိန်းကို ကမ်းလှမ်းလာပါတယ်။ နောက်တော့ လေဆိပ်မှာ မူးယစ်ဆေးတွေ ခိုးသယ်တဲ့အမှုနဲ့ သူငယ်ချင်းနှစ်ယောက် အဖမ်းခံလိုက်ရတဲ့အခါမှာ……. File size… (1.4 GB) / (778 MB) Quality….HEVC / 1080p HEVC / 720p Format…. mkv/mp4 Duration….01:48:00 Genre…Drama, Thriller, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt

Drama • Horror
0 1999
Brokedown Palace