YoteShin Drive is below this article. Scroll down to view.

210W Charging Redmi Note 12 Pro +

Author: Anonymous Published on: 12 Aug 2022

Redmi is now creating the Note 12 Series and can be sold in China before the end of this year. These smartphones have registered in the 3C, with at least three models will come out. These are Redmi Note 12, 12 Pro and 12 Pro +. According to data, 22101316UCP and 22101316C models will be released 22101316C, 22101316C and 22101316C, 12 Pro and NO and Note 12. The Note 12 Pro + will be 210w charging. Xiaomi has successfully created 200W Charging and announced a year ago. The company added 120W Charging last year on the Redmi Note Series. Now the Redmi Note 12 Pro + will provide a very fast charging rate. The Redmi Note 12 Pro will include 67W charges in 120W charging and Note 12. 210W Xiaomi Charger will be registered in 3C and will be included in Redmi Note 12 Pro +. Xiaomi's 210w Charging will be charged 100% in 10 minutes. According to leaked reports, the Note 12 seriess will feature 50MP main, 8MP Ultrawide and 2MP cameras. The Note 12 Pro and Note 12 Pro + will be the same Dimensity 1300 chipset. These phones will be available in China first, and later sold internationally. Ref: Gizchina

YoteShin Drive

Sign in using google and save to your drive

Wicked.City.2022.S02E05.720p.WEB.h264-EDITH(CM).mp4

319.96 MB N/A video/mp4 14 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
The Lord of the Rings: The Return of the King
8.5

The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။ စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the rings (LotR) ရုပ်ရှင်တွေဟာ ၂၀၀၁ ကနေ စတင်ပြီးထွက်ရှိခဲ့တာဖြစ်ပါတယ်။ ပထမဆုံး LotR ရုပ်ရှင် သုံးကားဟာ စုစုပေါင်း Oscar 17 ဆု ရရှိခဲ့ပါတယ်။ ပထမကားက ၄ ဆု၊ ဒုတိယကားက ၂ ဆု နဲ့ သုံးကားမြောက်က ၁၁ ဆု ရရှိခဲ့တာပါ။ သူ့နောက်မှ ထွက်ရှိလာတဲ့ Hobbit သုံးကားကတော့ Oscar တစ်ဆုသာ ရခဲ့ပါတယ်။ LotR ရုပ်ရှင်တွေရဲ့ အောင်မြင်မှုဟာ ကာလအကန့်အသတ်မရှိ timeless လို့ပဲ ပြောရမှာဖြစ်ပါတယ်။ ၂၀၀၁ တုန်းက လူတွေကြိုက်ခဲ့သလို ၃၀၀၁ ခုနှစ်မှာလည်း ကြိုက်ကြဦးမှာပါပဲ။ အဓိကကတော့ ဇာတ်လမ်းအတွက် ဝတ်စုံ၊ရိုက်ကွင်းပြင်ဆင်မှုတွေ၊ ရိုက်ချက်တွေ၊ သရုပ်ဆောင်တွေ အသေးစိတ်ကျခဲ့တယ်၊ ခမ်းနားခဲ့တယ်လို့ပြောရမှာပါပဲ။ နောက်ထပ် ချီးကျူးရမှာကတော့ ဇာတ်ညွှန်းပါ။ စာအုပ်ပါ ဖတ်ဖူးတဲ့သူတွေ ပိုသိပါလိမ့်မယ်။ အရမ်းကိုကောင်းတဲ့ ဝတ္ထုရှည်ကြီးတစ်ခုကို ကြည့်လို့လည်းကောင်းအောင် အခန်းတွေဖြတ်တောက်ရ၊ ဇာတ်ကောင်တွေ ဖယ်ထုတ်ရတာ မလွယ်လှပါဘူး။ ဒါပေမယ့် အကောင်းဆုံး လုပ်နိုင်ခဲ့ပါတယ်။ ဒိုင်ယာလော့တွေ ဇာတ်လမ်းအနိမ့်အမြင့်တွေကိုလည်း အရှိန်တင်ပေးသွားတာ အံ့သြလောက်ပါတယ်။ ဥပမာ - လက်စွပ်ကို ဖျက်ဆီးဖို့ ဆွေးနွေးကြတဲ့အခန်းမှာ ဝတ္ထုအတိုင်းဆို အယ်ရွန်က အားလုံးကို ကြိုတင်မိတ်ဆက်၊ သမိုင်းကို ပြောပြပြီးမှ စတင်ဆွေးနွေးကြတာဖြစ်ပါတယ်။ ဇာတ်လမ်းထဲမှာတော့ ဒီအတိုင်း ဆွေးနွေးကြရင်း ဘိုမီရာက အာရာဂွန်ကို အထင်သေးစကားပြောချိန်မှာ လီဂိုးလက်စ်က ထပြောလိုက်တဲ့အခန်းမျိုး ပြင်လိုက်ခြင်းအားဖြင့် ဇာတ်ရှိန် တက်သွားတာ ရှိပါတယ်။ ပြီးတော့ အာရာဂွန်ဟာ ထီးနန်းကို ဆက်တိုက်ငြင်းပယ်ခဲ့တာ၊ Andúril ဓားကို နောက်ဆုံးအချိန်မှ ပြန်ပြင်တာတွေဟာ ဇာတ်ရှိန်ပိုတက်စေတဲ့ ပညာပါပဲ။ ပြီးတော့ ဆာရူးမန်းကို သေခိုင်းတဲ့ ဇာတ်ညွှန်းမျိုးဟာ အတော်လေးကို ရဲတင်းရာကျပါတယ်၊ ဘာကြောင့်လဲ ဆိုတော့ စာအုပ်ထဲမှာ ဆာရူးမန်းဟာ ထွက်ပြေးသွားခဲ့ပါတယ်။ လက်စွပ်ကိုဖျက်ဆီးပြီးလို့ ဟော့ဘစ်တွေ ရှိုင်းယားကို ပြန်လာချိန်မှာ ဆာရူးမန်းနဲ့ ထပ်ပြီးရင်ဆိုင်ကြရပါသေးတယ်။ ဒါတွေကို ဖျက်ပစ်လိုက်ပေမယ့် ရုပ်ရှင်က ညံ့မသွားခဲ့တာကို တွေ့မှာပါ။ ဒါကတော့ ဇာတ်ညွှန်းဆရာတွေရဲ့ အရည်အချင်းတွေပါပဲ။ ၁ မျက်နှာ ဖန်တရာတေ ဇာတ်ညွှန်းဆရာတွေ လေ့လာသင့်ပါတယ်။ ဇာတ်လမ်းအကျဉ်း =========== Three Rings for the Elven-kings under the sky, Seven for the Dwarf-lords in their halls of stone, Nine for Mortal Men doomed to die, One for the Dark Lord on his dark throne In the Land of Mordor where the Shadows lie. One Ring to rule them all, One Ring to find them, One Ring to bring them all, and in the darkness bind them, In the Land of Mordor where the Shadows lie. ဒါကတော့ LotR ဇာတ်လမ်းကြီးကို စတင်ခဲ့တဲ့ ဂန္ဓဝင်ကဗျာကြီးပါပဲ။ Dark Lord ဆော်ရွန်ဟာ နတ်သူငယ်တွေအတွက် လက်စွပ် ၃ ကွင်း၊ လူပု ဘုရင် ၇ ပါးအတွက် လက်စွပ် ၇ ကွင်း၊ လူတွေအတွက် ၉ ကွင်းကို ထုလုပ်စေခဲ့ပြီး ပေးအပ်ခဲ့ပါတယ်။ လက်စွပ်ကိုယ်စီဟာ စွမ်းအားရှိတာမို့ သူတို့တွေ လက်ခံခဲ့ကြတယ်။ ဒါပေမယ့် ဆော်ရွန်ဟာ လက်စွပ်ရှင်အားလုံးကို လွှမ်းမိုးနိုင်တဲ့ လက်စွပ်အားလုံးရဲ့ ဘုရင် တစ်ခုတည်းသော လက်စွပ်ကို ထုလုပ်ခဲ့ပြီး အားလုံးကိုချုပ်ကိုင်ဖို့ ကြိုးစားပါတော့တယ်။ ဒါပေမယ့် မဟာမိတ်တွေနဲ့ နောက်ဆုံးစစ်ပွဲမှာ ရှုံးနိမ်ခဲ့ပြီး လက်စွပ်ကိုလည်းလက်လွှတ်လိုက်ရပါတယ်။ နှစ်ပေါင်းများစွာကြာပြီးနောက် လက်စွပ်ပြန်ပေါ်လာချိန် ဆော်ရွန်လည်းအင်အားကြီးလာချိန်မှာ နတ်သူငယ်တွေ၊ လူတွေ၊ လူပုတွေ၊ ဟော့ဘစ်လေးတွေဟာ ဆော်ရွန်ကို တားဆီးဖို့နဲ့ လက်စွပ်ဖို့ ဖျက်ဆီးဖို့ ကြိုးစားကြရပါတော့တယ်………. ဒီလောက်ဆို ဒီရုပ်ရှင်တွေကို ဆက်ပြီးခံစားဖို့ လုံလောက်မှာပါ။ LotR ဇာတ်လမ်းမှာ အရေးပါခဲ့တဲ့ ကဗျာတစ်ခုကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ All that is gold does not glitter Not all those who wander are lost; The old that is strong does not wither, Deep roots are not reached by the frost. From the ashes, a fire shall be woken, A light from the shadows shall spring; Renewed shall be blade that was broken, The crownless again shall be king ရွှေအဆင်းအတိနဲ့အရာဟာ တစ်လက်လက် တောက်ပမနေတတ်ပါဘူး လှည့်လည်နေသူတိုင်းဟာလည်း လမ်းပျောက်နေကြတာမဟုတ်ပါ အိုမင်းပေမယ့် ကြံ့ခိုင်သူဟာ ဆွေးမြေ့မလာတတ်ပါ နက်ရှိုင်းလွန်းတဲ့ အမြစ်တွေဟာ သစ်တောနဲ့ အလှမ်းကွာစမြဲ ပြာပုံကြားကနေ မီးတောက်နိုးထလာချိန် အမှောင်တွေထဲက အလင်းတန်းတစ်ခု ဖြန်းပက်လာရင်း ကျိုးပဲ့သွားခဲ့တဲ့ဓားကို ပြန်လည်ပြုပြင်ပြီးချိန်မှာ သရဖူမဲ့နေခဲ့သူဟာ ဘုရင်ပြန်လည်ဖြစ်လာမှာပါ။ (1) The Fellowship of The Ring(အော်စကာ ဆန်ကာတင် ၁၃ နေရာရရှိပြီး အော်စကာ ၄ဆု ရရှိခဲ့) (မူရင်းရုပ်ရှင်ဗားရှင်းမှာ ၃နာရီ ကြာမြင့်ပြီး လက်ရှိ Extended Versionမှာ ၃ နာရီခွဲ ကြာမြင့်) (2) The Two Towers (အော်စကာ ဆန်ကာတင် ၆ နေရာရရှိပြီး ၂ ဆု ရရှိခဲ့) (မူလဗားရှင်းမှာ ၃ နာရီကြာမြင့်ပြီး Ext.version မှာ ၃ နာရီ ၄၀ မိနစ် ကြာမြင့်) (3) The Return of The King (အော်စကာ ဆန်ကာတင် ၁၁ နေရာရရှိခဲ့ရာတွင် ၁၁ ဆုလုံးအား စံချိန်တင်ရရှိသွားခဲ့) (မူလဗားရှင်းမှာ ၃ နာရီ မိနစ် ၂၀ ဖြစ်ပြီး ext.version မှာ ၄ နာရီ ၁၁ မိနစ်ကြာမြင့်) The Lord of the Rings ဟာ ရုပ်ရှင်သမိုင်းရဲ့ အကြီးကျယ်ဆုံး အအောင်မြင်ဆုံးရုပ်ရှင်တွေထဲက တစ်ခုဖြစ်ပါတယ်။ အောင်မြင်မှုတွေကိုကတော့ တွေ့တဲ့အတိုင်းဖြစ်ပြီး RT မှာ rating 90% အထက် IMDb မှာ 8 အထက်တွေချည်းပဲဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းက ခဏဏကြည့်ခဲ့ရပေမယ့် Thea.version နဲ့ Extended Version ၂ ခုလုံးကိုတော့ လူတိုင်းကြည့်ဖြစ်မယ်မထင်သေးပါဘူး။ တကယ်လို့ မိတ်ဆွေဟာ LOTR ကို ၉နာရီအစအဆုံးပဲ runကြည့်ဖူးတယ်ဆိုမပြည့်စုံသေးဘူးလို့ ပြောလိုက်ပါရစေ။ တစ်ခေါက်လောက် ၁၂ နာရီ ဗားရှင်းလေး runကြည့်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ File size…(9.8 GB) and (4.2 GB) Quality….Extended BluRay 4K HDR & 1080p HEVC Format…mkv Duration….04:23:17 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Dr.Nyan

Documentary • Music
8.5 2003 201 mins
The Lord of the Rings: The Return of the King
Bear Man
6.2

Bear Man / Ungnami (2023) ထီလက်မှတ်တစ်စောင်နဲ့ တိုင်ပတ်ခဲ့တဲ့ ဂင်ချားနားအပြီးမှာတော့ အားလုံးစောင့်မျှော်နေကြတဲ့ နောက်ထပ်ဟာသကားသစ်လေးနဲ့ ဂင်ချားနားတစ်ယောက် ရောက်လာပြန်ပါပြီ။ ဒီတစ်‌ခါတော့ ထီလက်မှတ်နဲ့မဟုတ်ဘဲ ဝက်ဝံလူသားနဲ့တိုင်ပတ်ကြတော့မှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ငယ်ငယ်လေးတုန်းကကြားဖူးနေကျ ကျေးညီနောင်နှစ်ကောင်လိုပါပဲ။ ဇီဝပညာရှင်တွေရဲ့ စမ်းသပ်စီမံမှုကြောင့် ဝက်ဝံကနေ လူအဖြစ်အသွင်ပြောင်းလာခဲ့ကြတဲ့ ဝက်ဝံညီနောင် အွန်းနမ်နဲ့အွန်းဘို့တို့ရဲ့ အကြောင်းပါ။ အွန်းနမ်ကိုတော့ သူ့ကိုစီမံခဲ့တဲ့ ဇီဝပညာရှင်လင်မယားကပဲ သားအရင်းတစ်ယောက်လို ကျွေးမွေးစောင့်ရှောက်ထားခဲ့ပေမဲ့ အွန်းဘို့ကတော့ လူဆိုးတစ်ယောက်ရဲ့လက်ထဲမှာ အခိုင်းအစေသာသာနဲ့ ဒုစရိုက်မှုတွေလုပ်ရင်း ကြီးပြင်းလာခဲ့ရပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ အွန်းနမ်ဟာ အွန်းဘို့အဖြစ်ဟန်ဆောင်ပြီး အမှုကိစ္စတစ်ခုမှာ ပါဝင်ပတ်သက်ဖို့ဖြစ်လာတဲ့အခါ ဒီညီအစ်ကိုနှစ်ယောက်ရဲ့ကံကြမ္မာက ဘယ်လိုတွေဆက်ဖြစ်သွားမလဲဆိုတာ ကြည့်ရှုကြရမှာပါ။ Casts တွေအနေနဲ့ ဝါရင့်သရုပ်‌ဆောင် Park Sung Woong အပါအဝင် မျက်နှာမြင်ရုံနဲ့တင် ရယ်ချင်တဲ့ ဂင်ချားနားလည်း ပါဝင်ထားတာမို့ ဟာသကားကြိုက်တဲ့ပရိသတ်ကြီး လက်လွှတ်မခံကြပါနဲ့ဦးနော်။ အညွှန်းကိုတော့ Hmwe Thet Winn က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Hmwe and Joyz ပဲ ဖြစ်ပါတယ်။ Genre….. Action, Comedy Quality…. 1080p | 720p | 480p File size… 1.4GB | 681MB | 340MB Format… mp4 Duration…. 1h 38min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Hmwe and Joyz Encoder ….. Aaron

Horror
6.2 2023
Bear Man
Michael Clayton
7.2

အော်စကာဆုကို ထိုင်ထိုက်တန်တန်ဆွတ်ခူးထားခဲ့တဲ့ ဒီဇာတ်ကားကတော့ Crime, Mystery, Thriller အမျိုးအစားပဲ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အဓိကဇာတ်‌ဆောင်ဖြစ်သူ မိုက်ကယ်ကလေတွန်ဟာဆိုရင် အကြွေးနွံနစ်နေတဲ့ fixer တစ်ယောက်ပဲဖြစ်တယ်။ သု့အလုပ်က သူများအရှုပ်တွေကို ရှင်းပေးဖို့ပဲဖြစ်ပြီး တရားခွင်ရှေ့နောက်တစ်ယောက်မဟုတ်။ ဒါပေမဲ့ မိုက်ကယ်က သူ့ရဲ့လက်ရှိအသက်မွေးဝမ်းကျောင်းကို စိတ်ကုန်လာပြီး သူ့အစ်ကို တင်မီနဲ့ ဘားဖွင့်ခဲ့ပေမဲ့လဲ ဆေးစွဲနေတဲ့ တင်မီကြောင့် အကြွေးပဲတင်သွားခဲ့တယ်။ နောက်ဆုံး ကိုင်ရတဲ့အမှုက အလုပ်က စီနီယာဖြစ်သူ အာသာအီဒင်ရဲ့ ကေ့စ်။ အာသာက လယ်ယာဓာတုကုမ္ပဏီ U/North ရဲ့ ဒေါ်လာ ၃ ဘီလီယံတန် Action Lawsuit တစ်ခုတည်းကို ကိုင်တွယ်နေတာ ၆ နှစ်ရှိပြီဆိုပေမဲ့ အီဒင်က စိတ်ကစဉ့်ကလျားရောဂါကြောင့် ဆေးပုံမှန်သောက်နေရတဲ့သူတစ်ယောက်။ တစ်ရက် ဆေးပုံမှန်မသောက်မိဘဲ ကိစ္စကို အ‌န္တရယ်တောထဲ ပို့မိသွားခဲ့တယ်။ မိုက်ကယ်ဟာ အရှုပ်တွေကို ရှင်းပေးနေတဲ့အချိန်မှာပဲ တစ်စုံတစ်ယောက်က သူ့ကို သတ်ဖို့ကြိုးစားခဲ့ပြန်ပါရော….. ဘယ်သူများဖြစ်နိုင်မလဲ? File size…(1.7 GB)/(860 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:00:00 Genre…Drama, Crime, Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Moshi

Thriller
7.2 2007 119 mins
Michael Clayton
Mary Cherry Chua
6.9

Mary Cherry Chua (သို့) သွေးရောင်လွှမ်းတဲ့ည (2023) IMDb – 6.3/10 ကျွန်မတို့ဘဝမှာ သရဲခေါ်နည်းပေါင်းစုံကစားခဲ့ကြဖူးမှာပါ ဖျာလိပ်နတ် ဆေးလိပ်နတ် ဘောပင်နတ် စသဖြင့်ပေါ့ ခေါ်ရင်းနဲ့သိချင်တာတွေမေးပြီး အရယ်အမောနဲ့ဇာတ်သိမ်းသွားသူတွေရှိသလို နှင်ပုံနှင်နည်းမဟုတ်လို့ ဒုက္ခရောက်ကြသူတွေကိုလည်း ကြားဖူးကြမှာပါ ဒီဇာတ်လမ်းဟာဆိုရင် ဖိလစ်ပိုင်မှာလူသိများတဲ့ မ တရားသဖြင့်အသတ်ခံလိုက်ရတဲ့ ကျောင်းသူလေး မယ်ရီချယ်ရီချူရာဆိုတဲ့ လူပြောများတဲ့ဇာတ်လမ်းကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာပါ ကျောင်းမှာဆို စာကြိုးစားတဲ့ကလေးမလေး ရုပ်ကလည်းချော စာလေးကလည်းတော်နဲ့ လူချစ်လူခင်များတဲ့လူတစ်ယောက်.. တစ်နေ့မှာတော့ တစ်ကျောင်းလုံးကိုရှော့ခ်ရစေတဲ့သတင်းတစ်ပုဒ်တက်လာခဲ့တယ် ဒါကတော့ သူမရဲ့အလောင်းကိုကျောင်းရေကူးကန်မှာတွေ့လိုက်ရလို့ပါပဲ သွေးအလိမ်းလိမ်းနဲ့မြင်မကောင်းအောင် အသက်မရှိတော့တဲ့သူ့ကို ဘယ်သူကများအငြှိုးတကြီးသတ်လိုက်တာများလဲ ခံပြင်းလွန်းလှတဲ့သူမအတွက်တော့ သွေးတွေနဲ့ပဲ တစ်ကျောင်းလုံးကိုလှည့်ပတ်ပြီးတရားမျှတမှုတောင်းဆိုနေပါတော့တယ် ကာရန်ဆိုတဲ့ ကျောင်းသူလေးကတော့ သရဲဇာတ်လမ်းတွေ အရမ်းစိတ်ဝင်စားပြီး အပေါင်းအသင်းသိပ်မရှိတဲ့ ကောင်မလေးတစ်ယောက်ပါ ..လူငယ်သဘာဝ တားထားတာကိုမှပိုလုပ်ချင်တဲ့သူမ သူငယ်ချင်းဖြစ်သူနဲ့ မယ်ရီ့ကိုခေါ်ဖို့ မယ်ရီသေခဲ့တဲ့ရေကန်ဆီသွားပြီးခေါ်ပါတော့တယ် ဒါပေမဲ့ ဂိမ်းကစားရင်းအကြောက်လွန်ပြီး ဂိမ်းစည်းကမ်းဖောက်ဖျက်လိုက်တဲ့ သူငယ်ချင်းကြောင့် ဘာတွေဆက်ဖြစ်သွားမလဲ.. အဆိုရှိနေကြတဲ့ မယ်ရီဆိုတာရောတကယ်ရှိရဲ့လား သူမရဲ့တရားမျှတမှုကိုရှာနိုင်ပါ့မလား နောက်ဆုံး ဒီသရဲဇာတ်လမ်းက ကာရန်ကိုယ်တိုင်နဲ့ပါ ဆက်နွယ်မှုရှိနေတာကို သိလိုက်ရတဲ့အခါမှာတော့… ဘယ်လိုဆက်ဖြစ်မလဲ အာရှ horror ကြိုက်တဲ့ CM ပရိသတ်ကြီးအတွက် ဖိလစ်ပိုင်စကားပြော horror ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် (အညွှန်းကိုတော့ Yunni မှရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ V ~ ToMo ~KKKZ တို့ပဲဖြစ်ပါတယ်

TV Movie • Thriller
6.9 2023
Mary Cherry Chua
Blue Crush
5.7

Blue Crush (2002) ~ IMDb – 5.7/10, Rotten Tomatoes – 62% ~ ခုမိတ်ဆက်ပေးမှာကတော့ မမ Mitchelle Rodriguez ပါတဲ့ 2002 ခုနှစ်က ကားဟောင်း‌လေးဖြစ်ပါတယ်။ ငယ်စဉ်တည်းက အတော်ဆုံးရေလွှာလျှောစီးသူဖြစ်ဖို့ ရည်မှန်းခဲ့တဲ့ ဟာဝိုင်အီကျွန်းသူလေး အန်းမယ်ရီ… မိခင်ဖြစ်သူက ဒုက္ခရောက်တဲ့အချိန် ထွက်ပြေးသွားလို့ ညီမလေး ပန်နီနဲ့ မိသားစု၀င်လိုသူငယ်ချင်းတွေနဲ့ ရုန်းကန်နေရသူ။ အန်းမယ်ရီက ရေလွှာလျှောစီးချန်ပီယံဖြစ်ခဲ့ပေမဲ့ လွန်ခဲ့တဲ့ ၃နှစ်က ပြိုင်ပွဲမှာ ရေနစ်‌သွားတဲ့ထိ မတော်တဆမှုဖြစ်ခဲ့လို့ ပွဲစဉ်ကနေ ထွက်လာရပါတယ်။ အဲ့အဖြစ်အပျက်ကြောင့် စိတ်ဒဏ်ရာရပြီး လှိုင်းစီးဖို့ တွန့်ဆုတ်နေတာပေါ့။ နေ့စဉ်ဘ၀ကို သူငယ်ချင်းတွေနဲ့ ဟိုတယ်မှာ သန့်ရှင်းရေးလုပ်ပြီး ရုန်းကန်ရင်း ပန်နီကိုတော့ ကောလိပ်တက်စေချင်တာပါ။ မထင်မှတ်ထားဘဲ ဟာဝိုင်အီမှာ အားလပ်ရက်လာအပန်းဖြေတဲ့ ဘောလုံးသမား မက်ကို ငွေလိုတဲ့အတွက် ရေလွှာလျှောစီး သင်ခန်းစာသင်ပေးရာက တစ်စနဲ့တစ်စတွယ်ငြိလာတဲ့အခါ… ဒီတစ်ခေါက် ကျင်းပမယ့် ပြိုင်ပွဲမှာ အန်းမယ်ရီတစ်ယောက် သူ့စိတ်ဒဏ်ရာကို မေ့ပစ်ပြီး အနိုင်ရမလားကျွန်းသူ‌လေးအန်းနဲ့ မြိုကြီးသား မက်တို့ ဘာတွေဆက်ဖြစ်မလဲဆိုတာ ရှုစားလို့ရပါပြီ။ (ဒီဇာတ်ကားနဲ့အညွှန်းကို Shune Lai KK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.95GB, 831MB Quality – 1080p, 720p IMDb Rating – 5.7/10 Format – mp4 Duration – 1H 44Min Genre – Drama, Romance, Sport Subtitle – Myanmar Subtitle (Hardsub) Translated by Shune Lai KK Encoded by Y

5.7 2002 104 mins
Blue Crush
[18+] Lan Kwai Fong 3

Lan Kwai Fong 3 (2014) Lan Kwai Fong ဆိုတာ ဟောင်ကောင်ရဲ့ ကလပ်တွေ၊ ဘားတွေ၊ စားသောက်ဆိုင်တွေစသဖြင့် နာမည်အကြီးဆုံး nightlife hot spots တစ်ခုဖြစ်ပါတယ်။ အဲ့ဒီဝန်းကျင်တစ်လျှောက်မှာ ကျင်လည်ကျက်စားနေကြတဲ့သူတွေကလည်း လူပေါင်းစုံ အလွှာပေါင်းစုံ ဘဝပေါင်းစုံပါပဲ။ ဘီလျံနာသူဌေးကြီးတွေကနေ ညငှက်မလေးတွေအထိ နိစ္စဒူ၀ ဖြတ်သန်းနေတဲ့နေရာတစ်ခုမှာ ဇာတ်လမ်းတွေပေါင်းစုံရှိကြမှာလည်းအမှန်ပါပဲ။ Lan Kwai Fone Triology ဟာ အဲ့ဒီဘဝတွေအပေါ်မှာပဲအခြေခံပါတယ်။ ဇာတ်လမ်းနဲ့ထပ်တူကျအောင် တကယ့်ကိုငယ်ရွယ်တဲ့ သရုပ်ဆောင်တွေကိုပဲ ရွေးချယ်ထားတာဖြစ်တဲ့အတွက် ဟောင်ကောင်ရဲ့နာမည်ကြီး nightlife ဒေသတစ်ခုအကြောင်းကိုဘေးက ထိုင်ကြည့်နေသလို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့်၊ ဘဝစုံ အလွှာစုံရဲ့ဇာတ်လမ်းအဖုံဖုံကိုလည်း မြည်းစမ်းထိတွေ့ရမယ့် ဇာတ်ကားဖြစ်ပါတယ်။ Lan Kwai Fong ဇာတ်ကား ၃ ကားရှိပြီး အားလုံးကို ဒီမှာ https://channelmyanmar.to/?s=lan+kwai+fong ကြည့်ပါ။

0 2014
[18+] Lan Kwai Fong 3
The Four Feathers
6.5

The Four Feathers (2002) ဒီရုပ်ရှင်ကို ၁၉၈၇ မှာ Mr. India နဲ့ ၁၉၉၄ မှာ Bandit Queen အစရှိတဲ့ အိန္ဒိယရုပ်ရှင်တွေကိုရိုက်ပြီး နိုင်ငံတကာရဲ့ အာရုံစိုက်မှုရခဲ့တဲ့ အိန္ဒိယဒါရိုက်တာ Shekhar Kapoor က ရိုက်ထားတယ်။ Bandit Queen အရှိန်ကြောင့်ပဲထင်ပါရဲ့… ယူကေမှာ သူဦးဆုံးရိုက်ခဲ့တဲ့ကားက Cate Blanchett နဲ့ရိုက်တဲ့ Elizabeth… နောက် အခုရုပ်ရှင် The Four Feathers ကို ဆက်ရိုက်တယ်။ နောက် Elizabeth: The Golden Age… သူရိုက်တဲ့သုံးကားလုံးက အင်္ဂလန်သမိုင်းကြောင်းနဲ့သက်ဆိုင်တဲ့ ကားတွေချည်းပဲ။ Elizabeth မှာတော့ ကောင်းခဲ့ပေမဲ့ ဒုတိယကား The Four Feathers မှာတော့ ဇာတ်ရှိန်နည်းနည်းသွက်နေတာကြောင့် ကျတော့ကျသွားတယ်။ ဒါပေမဲ့လည်း ရှေးခေတ်စစ်ပွဲတွေအကြောင်း ကြည့်ရမယ့်ရုပ်ရှင်ဆိုတော့ ကြည့်လို့ပျော်သလို ကြည့်လို့လည်းတန်နေသေးတယ်။ အက်ရှင်ခန်းတွေ စွန့်စားခန်းအခန်းတွေလည်း ပါသင့်သလောက်ပါတာဆိုတော့ အက်ရှင်ပရိသတ်တွေအတွက်လည်း အဆင်ပြေလိမ့်မယ်။ Heath Ledger ရိုက်ဖူးခဲ့တဲ့ A Knight’s Tale လိုပဲ အရမ်းကြီးလန်ပျံမနေရင်တောင် အင်တာတိန်းမန့်တော့ တော်တော်ဖြစ်တဲ့ ကားမျိုးပဲ။ ဝတ္တုကတော့ ၁၉၀၂ကတည်းကထွက်ခဲ့တဲ့ A. E. W. Mason ရဲ့ The Four Feathers စာအုပ်ဆိုတော့ ဂန္ထဝင်စာရင်းဝင်တဲ့စာအုပ်ကို ပြန်ရိုက်ထားတယ်ပြောရမယ်။ ဒါကလည်း ပထမဆုံးရိုက်တာမဟုတ်ပါဘူး။ ရှေ့မှာလည်းတော်တော်ရိုက်ခဲ့ကြပြီးသားပဲ။ သရုပ်ဆောင်တွေက Kate Hudson, Heath Ledger, Djimon Hounsou, Wes Bentley, Michael Sheen စတဲ့လူတွေကို သုံးထားတယ်။ အကုန်လုံးတော့ ခင်ဗျားတို့နာမည်နဲ့တွဲသိချင်မှသိမယ်။ ဒါပေမဲ့ ခင်ဗျားတို့ တော်တော်ရင်းနီးပြီးသား လူတွေချည်းပဲ။ ဇာတ်ကတော့ ၁၈၈၄ အင်္ဂလန်မှာ ဇာတ်အိမ်စထားတယ်။ ဗြိတိန်တော်ဝင်တပ်ထဲက သူငယ်ချင်းတစ်အုပ်ရဲ့ ဆက်ဆံရေးကို စပြတယ်။ အဓိကကတော့ မင်းသားရယ် သူ့အခင်ဆုံးသူငယ်ချင်းရယ်ပေါ့။ အဲဒီနောက် သူတို့တပ်ကို အီဂျစ်က ပုန်ကန်သွားတဲ့ကာနယ်အာမက်ကို တိုက်ခိုက်ဖို့ လွှတ်လိုက်တဲ့အချိန်မှာ မင်းသားက တပ်ထဲကနေ နှုတ်ထွက်သွားတယ်။ ဒီနောက် မင်းသားကို သူ့သူငယ်ချင်းသုံးယောက်ရယ် သူလက်ထပ်မယ့်ကောင်မလေးရယ်က ငှက်တောင်မွှေးလေးချောင်းလာပေးသွားကြတယ်။ ငှက်တောင်မွှေးက သူတို့ဆီမှာ သူရဲဘောကြောင်တာကို ကိုယ်စားပြုတယ်။ မင်းသားကို သူရဲဘောကြောင်တဲ့ အလကားကောင်လို့ လာဝိုင်းပြောလိုက်သလိုဖြစ်သွားတယ်။ ဒီလိုနဲ့ နေလာရင်း မင်းသားက ဒီကိစ္စကြီးကို စိတ်ထဲက ဘယ်လိုမှထုတ်မရနိုင်ခဲ့ဘူး။ ဒီတော့ သူ့သူငယ်ချင်းတွေတိုက်ပွဲဝင်နေတဲ့ ဆူဒန်ကို လိုက်သွားပြီး သူ့သတ္တိကို သက်‌သေပြဖို့လုပ်တယ်။ သူကြောက်နေတာက စစ်ပွဲကိုမဟုတ်ဘဲ တခြားအရာတစ်ခုဖြစ်ကြောင်း သက်သေပြဖို့လုပ်ရင်း သူ့သူငယ်ချင်းတစ်ယောက်ချင်းကို သူကယ်တင်ဖို့ကြိုးစားရင်း ဆူဒန်မှာ သူကြုံလာရတဲ့ အခက်အခဲတွေ တိုက်ပွဲတွေကို ပြသွားတယ်။ ဇာတ်တော့ နည်းနည်းသွက်နေပေမဲ့ စစ်ကားတစ်ကားအနေနဲ့ဆို ကြည့်ကောင်းသလို နာမည်ကြီးမင်းသားမင်းသမီးတွေကို မြင်ရမှာဆိုတော့ ကြည့်ဖို့တော့ တန်ပါတယ်။ လွန်လေပြီးသော Heath Ledger ရဲ့ကားဆိုတော့ကာ ဒီရုပ်ရှင်ဟာ ငြင်းစရာတော့မရှိနေပါဘူး။ (ရုပ်ရှင်အညွှန်းနဲ့ဘာသာပြန်ကို W မှ တင်ဆက်ထားပါတယ်။)

6.5 2002 132 mins
The Four Feathers
Prey
5.5

ဇာတ်လမ်းလေးကတော့ အာဖရိက ကာလာဟာရီသဲကန္တာရထဲမှာ လူအုပ်စုတစ်စု အသက်ရှင်ကျန်ဖို့ ကြိုးစားကြတဲ့ဇာတ်လမ်းလေးပါ…။ ဒီလူအုပ်စုထဲမှာ ခရစ်ယာန်သာသာပြု ဆရာဝန်တစ်ယောက်နဲ့ဇနီးဖြစ်သူ၊ လေယာဥ်မှူးတစ်ယောက်၊ လမ်းပြတစ်ယောက်နဲ့၊ တိုးရစ် သုံးယောက်ပါပါတယ်…။ အာဖရိကကို ပုံပြင်ကိုယ်စီရှိနဲ့ရောက်ရှိလာသူတွေပေါ့။ သို့ပေမယ့် စစ်သွေးကြွတွေသောင်းကျန်းလာတဲ့အခါ အားလုံးဟာ အသက်မသေချင်တော့ လေယာဥ်နဲ့ပြေးဖို့ ကြံပါတော့တယ်…။ ကံဆိုးချင်တော့ သူတို့စီးလာတဲ့ လေယာဥ်ဟာ တောရိုင်းတိရိစ္ဆာန်တွေ ကျက်စားတဲ့‌ အရိုင်းတောလွင်တီးခေါင်တစ်ခုမှာ ပျက်ကျသွားပါလေရော…။ ဒီအဖြစ်ဆိုးကနေ ဘယ်သူတွေရုန်းထွက်သွားနိုင်မလဲ၊ ဘယ်သူ့မှာက လူသိမခံတဲ့ဇာတ်လမ်းတွေရှိဦးမလဲ၊ ဘယ်သူကရော သားကောင်ဖြစ်သွားမလဲဆိုတာ ဇာတ်လမ်းလေးထဲမှာ ကြည့်ရှုနိုင်ပါပြီဗျာ…။ File size…1.11GB / 508MB Quality…WEB-Rip 1080p 5.1CH / 720p Format…mp4 Duration….1h 26m Genre ….. Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes

5.5 2024
Prey
Bruce Almighty
6.8

စူပါဟာသမင်းသားကြီး Jim Carrey ရဲ့ နာမည်ကြီး ကားတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ဒီဇာတ်ကားဟာ ၂၀၀၃ ခုနှစ်မှာ ရုံတင်ပြသခဲ့ပြီး Box Office မှာ 486$ Millions နဲ့ အောင်မြင်မှု သရဖူဆောင်းသွားခဲ့ပါတယ်။ လက်ရှိ IMDb 6.8 ရထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ဘရုစ် ဆိုတဲ့ အားလုံးကို ပျော်ရွှင်စေတတ်တဲ့ အငယ်တန်း သတင်းကြေညာသူလေးဟာ အဓိက သတင်းကြေညာသူနေရာကို အမြဲရည်မှန်းနေပေးမယ့် ဘယ်တော့မှ မရခဲ့ပါဘူး။ ဒါ့အပြင် တခြားအဆင်မပြေမှုတွေ အတွက် ဖန်ဆင်းရှင်ကို အမြဲအပြစ်တင် ပြောဆိုနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုကနေ ဖန်ဆင်းရှင်ဘုရားနဲ့ တွေ့ဆုံခဲ့ရပြီး သူ့ကို တစ်ပတ်တိတိ ဖန်ဆင်းရှင်အဖြစ် တာဝန်လွှဲအပ်လိုက်တဲ့အခါ……. တစ်ကားလုံး ရယ်နေရသလို တွေးတောစရာ သင်ခန်းစာယူစရာတွေ အပြည့်နဲ့ ကြည့်နိုင်ဖို့ တင်ပေးလိုက်ပါတယ်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre… Comedy, Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr.Anderson Translated by YeWai LynnHtut

Science Fiction • Thriller
6.8 2003 101 mins
Bruce Almighty
Wheelman
6.4

လူတစ်ယောက်၊ ညတစ်ည၊ ကားတစ်စီး၊ အိတ် ၂ အိတ်၊ ဖုန်း ၁ လုံး။ ဒါတွေနဲ့ပဲ ဇာတ်လမ်းဆင်ထားတဲ့ Netflix က Thriller ကားကောင်းလေးပါ။ ဇာတ်ကားနာမည်အတိုင်း မင်းသားက ဘဏ်ဓားပြတိုက်တဲ့ လူတွေကို ကားမောင်းပို့ပေးရတဲ့ အမောင်းသမား ဝှီးမန်းပါ။ တစ်ညကျ ခါတိုင်းလိုပဲ သူ့အလုပ်သူ လုပ်မယ့်အချိန်မှာ သူနဲ့ တွဲလုပ်နေကြ သူ့ဘော်ဒါမဟုတ်ပဲ ဒီအလုပ်အပ်တဲ့ လူဆိုသူက ဖုန်းဆက်လာပြီး ခု ဓားပြတိုက်နေတဲ့ကောင်တွေ ကားထဲကို ပိုက်ဆံထည့်ပြီးတာနဲ့ ပစ်ထားခဲ့လိုက် အဲဒီ ကောင်တွေက မင်းကို သတ်မှာ ဘာညာဆိုပြီးပြောနေတော့ ယုံရခက် မယုံရခက်နဲ့ နောက်ဆုံး အသက်သေမှာကို ကြောက်တော့ ပိုက်ဆံတွေ ကားထဲရောက်တာနဲ့ ဟိုလူတွေကို ထားခဲ့ပြီး မောင်းပြေးလာခဲ့တယ်။ ပြီးတာနဲ့ ဒီ ထူးဆန်းတဲ့ဖုန်းပေါ်ကလူက မင်းသားကို အကျပ် ကိုင်တာတွေ ခြိမ်းခြောက်တာတွေ ပေါင်းစုံနဲ့ သူခိုင်းတဲ့အတိုင်းတွေ လုပ်ရင်း ပြဿနာကြီးတစ်ခုထဲကို မဆီမဆိုင် ဝင်ရောက်သွားတဲ့ အခါမှာတော့ ဘယ်လိုလွတ်မြောက်အောင်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာနဲ့ ကြည့်ရမှာပါ။ ဒီကားထဲက အဓိက သရုပ်ဆောင်ကတော့ ဟောလိဝုဒ် အက်ရှင်ကားတော်တော်များများမှာ အရန်နေရာတို့ လူဆိုးနေရာတို့ ပါနေကြ ဖြစ်ပြီး အထင်ရှားဆုံးပြောရရင် ကပ္ပတိန်အမေရိက ကားထဲက ဓာတ်လှေကားမှာ ယှဉ်ထိုးတဲ့ဘဲဖြစ်ပြီး နောက်ကျ Crossbone ဆိုပြီး ဖြစ်သွားတဲ့ Frank Grillo ပဲ ဖြစ်ပါတယ်။ Rating ကလည်း 6.4 ရရှိထားတာမို့ ပေါကားမဟုတ်တာတော့ အသေအချာပါပဲ။ File size…957MB / 451MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 22m Genre ….. Action , Crime , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Eainmat

6.4 2017
Wheelman
[18+] The Center of the World
5.8

ရစ်ချက်ဆိုတာ စတော့ခ်ရှယ်ယာမှာ အချီကြီးပွသွားတဲ့ မီလျံနာပေါက်စလေး။ ကော်ဖီဆိုင်မှာ တွေ့နေကျဆော်လေးတစ်ဗွေကို မျက်စိကျသွားရာကစ လတ်စ်ဗီးဂတ်စ်ကို အတူသွားဖို့ ဒေါ်လာတစ်သောင်းကမ်းလှမ်းပြီး ခေါ်ပါရော။ ဆော်လေးက ဖော်ချွတ်မယ်လေးဖြစ်ပေမဲ့ ဘာမှမဘာရဘူးဆိုတဲ့သဘောတူညီမှုရမှ လိုက်မယ်ဆိုတော့ အလုပ်နဲ့ဝေးရာစီပြေးချင်နေတဲ့ အထီးကျန်သမားလေးလည်း သဘောတူလိုက်ပါတယ်။ ဒီမှာပဲ နှစ်ယောက်သား ဟိုတယ်တစ်ခုမှာ ဘွတ်ကင်ယူပြီး အတူတူလျှောက်လည် လျှောက်သွားရာကနေ တစ်ယောက်အကြောင်းတစ်ယောက်ရင်ဖွင့်ရင်း သဘောတူထားတာတွေအပေါ်မှာ နှစ်ယောက်လုံး ချိုးဖောက်ရာကစလို့ နားလည်မှုတွေလွဲလာခဲ့ပါတော့တယ်။ အဖော်အချွတ်နဲ့ အပြောအဆိုတွေအနည်းငယ်ကြမ်းတာမို့ မိသားစုနဲ့ကြည့်ဖို့မသင့်တော်ပါကြောင်း။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.8 GB)/(960 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 01:28:00 Genre… Drama, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Galone Translated by Pyae Phyo

5.8 2001 88 mins
[18+] The Center of the World
Motel Aquarium
5.1

Motel Aquarium (2013) *********************** လာတည်းသူ မရှိတဲ့ ဟိုတယ်တစ်ခုရယ် .. လျှို့ဝှက်ချက်တွေ အပြည့်နဲ့ မိန်းကလေးတစ်ယောက်အကြောင်းရယ်ကို ရိုက်ကူးထားတဲ့ 2013 ခုနှစ်မှာ ထွက်ရှိထားတဲ့ Motel Aquarium ဇာတ်ကားလေး တင်ဆက်ပေးပါရစေ .. ။ ငယ်ငယ်က ကျောင်းတွင်းအကြမ်းဖက်ခံခဲ့ရလို့ စိတ်ဒဏ်ရာရနေတဲ့ မိန်းကလေးတစ်ယောက် အားကိုးရာရှာပြီး ရည်းစားဖြစ်သူရဲ့ ဟိုတယ်မှာ အလုပ်လုပ်ရင်း သူမ နှစ်သက်တဲ့ ငါးလေးတွေကို မွေးမြူရင်း အချိန်ကုန်ဆုံးနေခဲ့ပါတယ် .. ။ တစ်ရက်မှာတော့ သူမရဲ့ဟိုတယ်မှာ ကျောင်းသူလေးတစ်စုက သူငယ်ချင်းဖြစ်သူကို နှိပ်စက်နေတာကို တွေ့သွားတဲ့အခါ .. ငယ်ငယ်က သူမ ခံခဲ့ရတဲ့အကြောင်းတွေကို မှတ်မိသွားပြီး နာကျင်လာပြီး အနိုင်ကျင့်ခံရတဲ့ကျောင်းသူလေးကို ဘယ်လိုကယ်မလဲ။ သူမရဲ့ စိတ်ဒဏ်ရာတွေကို ဘယ်လိုကျော်ဖြတ်သွားမလဲဆိုတာ .. (၁၈+ အခန်းတချို့ပါဝင်တာကြောင့် မိသားစုနဲ့အတူ ကြည့်ရှုရန် မသင့်တော်ပါ။) (အညွှန်းကို Estel မှ ရေးသားထားပါတယ်) File size…732 MB / 271MB Quality… WEB-DL 1080p/ 720p Format…mp4 Duration….40mins Genre ….. Thriller, Drama Subtitle….Myanmar Subtitle (Hard Sub) Translated by Estel Encoded by AHtet

Music • Horror
5.1 2013
Motel Aquarium
Gas Food Lodging
6.6

“Gas Food Lodging” ဟာ Allison Anders ရိုက်ကူးထားတဲ့ ပေါ့ပါးတဲ့ ဒရာမာရုပ်ရှင်တစ်ကား ဖြစ်ပြီး စာရေးဆရာ Richard Peck ရေးသားတဲ့ Don’t Look and It Won’t Hurt ဝတ္ထုကို ပြန်လည်ပုံဖော်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ အဓိကသရုပ်ဆောင်တွေကတော့ Brooke Adams, Ione Skye နဲ့ Fairuza Balk တို့ ပဲ ဖြစ်ပါတယ်။ (Shade) အဖြစ် သရုပ်ဆောင်ခဲ့တဲ့ Fairuza Balk ဟာ သူမရဲ့ ထူးချွန်တဲ့ သရုပ်ဆောင်မှုအတွက် အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆု (Best Female Lead) မှာ Independent Spirit Award ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အနုပညာသက်တမ်းမှာ အရေးပါတဲ့ အောင်မြင်မှုတစ်ခုဖြစ်ခဲ့ပြီး ဒီရုပ်ရှင်ဟာ သူမရဲ့ အကောင်းဆုံး သရုပ်ဆောင်ချက်တွေထဲက တစ်ခုအဖြစ် အသိအမှတ်ပြုခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ဟာ နယူးမက္ကဆီကိုက သဲကန္တာရမြို့ငယ်လေးတစ်ခုမှာ ကြီးပြင်းလာတဲ့ ဆယ်ကျော်သက် ညီအစ်မနှစ်ယောက်ရဲ့ ဘဝကို ဖော်ကျူးထားတာဖြစ်ပါတယ်။ မိခင်နဲ့ သမီးတွေရဲ့ ဆက်ဆံရေး၊ အထီးကျန်မှုနဲ့ အချစ်ကို ရှာဖွေခြင်းအစရှိတဲ့ အကြောင်းအရာတွေကို ထိထိမိမိ တင်ဆက်ထားတာကြောင့်လည်း လူသိများပါတယ်။ ဇာတ်လမ်းအကျဉ်း နယူးမက္ကဆီကိုပြည်နယ်၊ လယ်ရာမီမြို့ငယ်လေးက စားပွဲထိုးအမျိုးသမီး နိုရာ နဲ့ သူမရဲ့ ဆယ်ကျော်သက်အရွယ် သမီးနှစ်ယောက်ဖြစ်တဲ့ ထရူဒီတို့၊ ရှိတ်ဒ်တို့နဲ့ ရုပ်ရှင်ကို အစပြုပေးထားပါတယ်။ အမေဖြစ်သူနိုရာဟာ ခင်ပွန်းရဲ့ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီးနောက် သမီးနှစ်ယောက်ကို တစ်ကိုယ်တည်းမိခင်ဘဝနဲ့ စားပွဲထိုးလုပ်ကာ ခက်ခက်ခဲခဲ ပြုစုပျိုးထောင်နေရပါတယ်။ အကြီးဆုံးသမီးဖြစ်တဲ့ ထရူဒီကတော့ လှပသော်ငြား ပုန်ကန်လိုစိတ်ရှိကာ ယောက်ျားတွေနဲ့ ပေါ့ပေါ့ပါးပါး တွဲတတ်ပြီး စည်းကမ်းတင်းကျပ်တဲ့ မိခင်လက်က အမြန်ဆုံး လွတ်မြောက်ရာလမ်းကို ရှာဖွေနေပါတယ်။ အငယ်ဆုံးသမီးဖြစ်တဲ့ ရှိတ်ဒ်ကတော့ ပိုပြီးအတွေးနက်ကာ အနုပညာဆန်ပြီး စပိန်ရုပ်ရှင်တွေကို နှစ်သက်တဲ့သူပါ။ သူမဟာ မက္ကဆီကန်အချစ်ရုပ်ရှင်တွေကြည့်ပြီး အချစ်စစ်ကို ရှာဖွေနေကာ မိခင်ဖြစ်သူအတွက်လည်း အဖော်တစ်ယောက်ကို ရှာပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ သူတို့အားလုံးမှာ မရှိနေတာကတော့ မိသားစုကို ပြည့်စုံစေမယ့် အိမ်ထောင်ဦးစီးတစ်ဦးနဲ့ သူတို့ကို မေတ္တာစစ်နဲ့ ချစ်ပေးမယ့် ချစ်သူတစ်ဦးပဲဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ သူတို့တစ်ဦးချင်းစီဟာ အချစ်စစ်ကို ရှာတွေ့သွားကြမလားဆိုတာကိုတော့ ဇာတ်လမ်းလေးကြည့်ရင်းပဲ ရှာဖွေလိုက်ကြရအောင်။ File size… 1.83 GB / 918 MB Quality… BluRay 1080p / 720p Format… mp4 Audio… AAC Duration…. 1h 41m Genre ….. Drama / Romance Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated… by Wunna

Crime • Drama
6.6 1992 101 mins
Gas Food Lodging
The Sparrow in the Chimney Der Spatz im Kamin
6.3

The Sparrow in the Chimney (2024) IMDb Rating (6.3) ဒီဇာတ်လမ်းက ကွာခြားတဲ့ အကျင့်စရိုက်တွေရှိတဲ့ ညီအစ်မနှစ်ယောက် Karen နဲ့ Jule တို့ရဲ့ မိသားစုဆက်ဆံရေး ပြဿနာတွေ၊ သားသမီးတွေအပေါ် မိဘတွေရဲ့ စိတ်ဒဏ်ရာလွှမ်းမိုးပေးနိုင်မှုတွေကို ပေါ်လွင်အောင် ရိုက်ကူးထားတဲ့ ဒရမ်မာတစ်ကားဖြစ်ပါတယ်။ စိတ်ဒဏ်ရာရစေတဲ့ မိသားစုရဲ့အတိတ်တွေကိုမျှဝေပြီး ကြီးပြင်းလာတဲ့ Karen နဲ့ Jule က စရိုက်ကွာခြားပြီး Karen က သူ့ရဲ့ဆုံးသွားတဲ့ အမေလို ထိန်းချုပ်တတ်တဲ့သူ သူကိုယ်တိုင်ဖြစ်လာခဲ့တယ်။ Karen ရဲ့ ထိန်းချုပ်မှုလက်အောက်မှာနေထိုင်ရတဲ့ သူ့ရဲ့သားသမီးတွေက သူတို့အမေကို နာနာကျည်းကျည်း မုန်းနေပြီးတော့ သူတို့ရဲ့မိသားစုအိမ်လေးက ပျော်ရွှင်မှုတစ်စက်မှမရှိခဲ့ပါဘူး။ ဒါပေမဲ့ Karen ရဲ့ အမျိုးသား Markus ရဲ့ မွေးနေ့ပွဲပါတီအတွက် Jule ရဲ့မိသားစု ထိုအိမ်လေးကို ခဏတာပြောင်းရွှေ့လာချိန်မှာတော့ ခြောက်ကပ်နေတဲ့အိမ်လေးကို ဘယ်လိုပျော်ရွှင်မှုတွေ ပြန်ယူဆောင်လာပေးမလဲ၊ သူတို့ရဲ့အတိတ်က ဖြစ်ရပ်တွေက ဘာတွေလဲဆိုတာကို ဆက်လက်ကြည့်ရှုလို့ရပါပြီ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။) File size… (2.2 GB) / (1.1 GB) Quality…. WEB-Rip 1080p HEVC / 720p Format…. mkv/mp4 Genre…. Drama Duration…. 01:57:30 Subtitle…. Myanmar Subtitle (Hardsub) Encoder…. Double K Translated by Thwal Htoo Zin

6.3 2024 117 mins
The Sparrow in the Chimney Der Spatz im Kamin