YoteShin Drive is below this article. Scroll down to view.

YouTube testing a feature to view 4K video to premium

Author: Anonymous Published on: 12 Aug 2022

Google is now experimenting with new features in YouTube, one of the most commonly used video streaming platform, the most commonly used video streaming platform. But most of the test features are testing youTube premium using the monthly amount of money. In the past few weeks, Google was trying to add a lot of advertisements before the start of the video from YouTube. Now, there is only one feature to prioritize people who buy more premium. This is a need for premium if you want to view YouTube videos with 4K resolution. Therefore, if you are free using YouTube, you will be able to view 4K, but only 2K or 1440p. Currently, some users are experimenting with this kind of users, and it is not known whether Google will actually act later. Ref & # 8211; Neowin

YoteShin Drive

Sign in using google and save to your drive

Who Rules the World E37 CM.mp4

390.27 MB 720p video/mp4 2068 downloads

Save this file to your google drive account to download

Channel Myanmar တွင် ယခင်ကတင်ပေးထားသော ဖရီးဇာတ်ကားများအား ဒေါင်းလုတ် Link များ မပျက်သွားစေရန်နှင့် ပြန်လည်ရှာဖွေကြည့်ရှုနိုင်ရန် အောက်တွင်ပြန်လည်စုစည်းပေးထားပါသည်။
နောက်ပိုင်းဆက်လက်၍အသစ်ထပ်တင်ထားသော ဇာတ်ကားများအား HomieTV.com တွင် သွားရောက်၍ ဆက်လက်ကြည့်ရှုနိုင်ပါသည်။
ယခင်ဇာတ်ကားဟောင်းများ
[18+]Female War: A Nasty Deal
3.2

အိမ်ထောင်ရေးမှာအချစ်မပါရင် ဆားမပါတဲ့ဟင်းလိုပဲ ပေါ့ပျက်ပျက်ရယ်ပါ ဒီဇာတ်ကားရဲ့အဓိကသရုပ်ဆောင်က အွန်ယောင်း ပဲ အွန်ယောင်းက ငယ်ရွယ်နုပျိုပြီး လှသွေးကြွယ်နေတဲ့သူတယောက် နူးညံ့သိပ်မွေ့ပြီး နှလုံးသားလှသူတယောက် အထူးသဖြင့်သူမရဲ့ အမူယာဟန်ပန်နဲ့ လုံးကြီးပေါက်လှခန္ဓာကိုယ်ပဲ သူမကို ကံထူးသွားသူကတော့ ပန်းချီဆရာတယောက်ရယ်ပါ ဒါပေမဲ့ အိမ်ထောင်ကျပြီး မကြာခင်မှာပဲ ကြမ္မာဆိုးကြီးဝင်မွှေပါတယ် ပန်းချီဆရာက မတော်တဆမှုနဲ့ မျက်လုံးနှစ်ဖက်ကွယ်သွားပါတယ် ကြံရာမရဖြစ်နေချိန် ခိုးကိုးရာမဲ့နေချိန်မှာပဲ သူတို့ကို သတိထားမိသွားသူက ကင်ဆာရောဂါနဲ့ဘဝနေဝင်ချိန်ရောက်နေတဲ့ တစ်ကောင်ကြွက် ကုံလုံတဲ့အဖိုးကြီးတစ်ဦး...... သူတို့နှစ်ယောက်ကို ဂရုဏာသက်ပြီး သူ့မျက်လုံးကိုလှူဖို့ဆုံးဖြတ်လိုက်ပါတော့တယ် အွန်ယောင်းကလည်း ကျေးဇူးသိတက်သူပီပီ အဖိုးကြီးကိုသေတဲ့အချိန်စောင့်ရှောက်ဖို့အားထုတ်ပါတယ် ဒါပေမဲ့လေ... အွန်ယောင်းလေးကိုမြင်တာများပြီး အဖိုးကြီးစိတ်ပြောင်းသွားတယ် မတော်တရော်တစ်ခုကိုတောင်းဆိုလိုက်တယ် မျက်လုံးနှစ်လုံးလဲရမယ် အမွေတွေအားလုံးလဲရမယ် သူနဲ့တညပဲအိပ်တဲ့လေ အွန်ယောင်း ဘယ်လိုမှမငြင်းသာတော့ပဲ ခင်ပွန်းသည်စက္ခုနှစ်ကွင်းအလင်းရဖို့ မျက်စိမှိတ်လိုက်ပါတော့တယ် ဒါပေမဲ့အဖိုးကြီးက စိတ်သာရှိပေမဲ့ကိုယ်ကလိုက်မလာပါဘူး အဲဒီအချိန်မှာ အွန်ယောင်းတယောက် ရှိသမျှပညာအကုန်ထုတ်သုံးပေမဲ့လည်း အွန်ယောင်း ရဲ့ကြိုးစားမှုတခုကလေ Naked Weapon ထဲက Maggie Q ညုတဲ့အခန်းကို သွားပြီးတော့သတိရစေမှာအမှန်ပါပဲ ဇာတ်လမ်းဇာတ်ကွက်တွေက ခမ်းနားပြီး အချစ်ရေး အိမ်ထောင်ရေး မိန်းမတယောက်ရဲ့ အနွံတာခံမှုတွေကို DS Fans တွေအကြိုက် အခန်းများများနဲ့ရောနှောထားတာမို့ ကြည့်ရှု့ကြည့်ပါဦး File size…1.9GB / 856MB Quality…1080p FHD  /720p Format…mp4 Duration….1h 50m Subtitle….Myanmar Subtitle (Hard Sub) Encoder….X Cross Translated by Ki Mu Chi

Horror • Mystery • Thriller
3.2 2015 110 mins
[18+]Female War: A Nasty Deal
Future Cops
6

ဒီကားက တကယ်ဆို ငစားကား။ ဘယ်လိုစားသတုန်းဆို အာနိုးရဲ့ Terminator ကားလို စတိုင်ကိုမှ Dragon Balls တွေ၊ Street Fighters တွေ၊ Fantastic Four ထဲက Reed Richards, Hulk ဘာညာ သာရကာ အကောင်စုံ ပလောင်စုံ ထည့်ထားတယ်။ အချောင်အနေနဲ့ စတီဖင်‌ချောင်ပါ ပါပါသေးတယ်။ စခွက်ပြောင်ပြီး ရိုက်ထားတယ်ဆိုပေမဲ့ သရုပ်ဆောင်တွေကတော့ ပေါ့ပေါ့သေးသေးတွေ မဟုတ်ပါဘူး။ ဟောင်ကောင် ပေါ့ဂီတရဲ့ နတ်မင်းကြီးလေးပါးလို့တင်စားကြတဲ့ အိုင်ဒေါဘဲတွေဖြစ်တဲ့ အန်ဒီလောင်၊ အာရွန်ကော့၊ ဂျက်ကီချောင် နောက် သူတို့ထဲ ကားရိုက်အနည်းဆုံးဖြစ်တဲ့ လီယွန်လိုင် ဒီလေးယောက်စလုံးပါတယ်ပြောရမယ်။ ပထမသုံးယောက်ကတော့ အကောင်လိုက်ကြီး ဝင်ပေါကြပေမဲ့ လီယွန်လိုင်ကတော့ နာမည်နဲ့ပဲ ဝင်ပေါသွားတာပါ။ အရန်သရုပ်ဆောင်တွေကလည်း ကြမ်းတယ်။ John Woo တို့၊ Johnnie To တို့ရဲ့ လက်စွဲ Simon Yam, ငါးကလေးကားနဲ့ လူသိများတဲ့ ငါးကလေးမင်းသား Dicky Cheung, သိုင်းမူဗီပရိသတ်တွေနဲ့ မစိမ်းတဲ့ Ekin Cheng, နောက်ပြီး ရုပ်လေးလှသလောက် အမြဲ Sexy ကျပြီး အဖော်ကားတွေအရိုက်များတဲ့ Chingmy Yau, ဝေါင်ကာဝေးရဲ့ Fallen Angels ထဲ တစ်ခန်းရပ်နဲ့တင် ပရိသတ်ကိုဖမ်းစားနိုင်ခဲ့တဲ့အပြင် Ashes of Time ထဲလည်းပါခဲ့တဲ့ တစ်ကားဆိုတစ်ကားလှတဲ့ Charlie Yeung စသဖြင့် ဟောင်ကောင်ရဲ့စတားစစ်စစ်တွေချည်းပါထားတယ်။ မင်းသမီးတွေက တော်တော်နုသေးတာမို့ အသေလည်းလှတယ်။ ရိုက်တဲ့ဘဲက ဝမ်ကျင်း။ God of Gamblers တို့၊ Naked Killer တို့လိုကားတွေကိုရိုက်တဲ့ဘဲ။ ချောင်ရဲ့အလယ်‌ခေတ်လောက်ကကား တော်တော်များများကိုလည်း ရိုက်ဖူးတယ်။ ဒီတော့ သူ့ကားက ဘယ်လိုပုံစံဖြစ်နေမလဲ တွေးသာကြည့်ပေါ့။ တကယ့်ပေါက်ကရတွေ ဗရုတ်တွေနဲ့ ငစားကားပါပဲ။ ဒါပေမဲ့လည်း တော်တော်လည်းရယ်ရသလို သရုပ်ဆောင်တွေနဲ့တင် တန်တာမို့ ကြည့်သင့်တဲ့ကားပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကို W မှ ပြန်ဆို ရေးသားထားပါတယ်) Size - 1.85GB, 795MB Quality - 1080p, 720p IMDb Rating - 5.9/10 Format - mp4 Duration - 1H 35Min Genre - Action, Comedy, Sci-Fi Subtitle - Myanmar Subtitle (Hardsub) Translated by W Encoded by Y

Adventure • Animation • Comedy • Family • Fantasy
6 1993 95 mins
Future Cops
Table for Six
6.9

ဒီနေ့မှာတော့ CM က ပရိတ်သတ်ကြီးကို ပေါ့ပေါ့ပါးပါး ရယ်ရယ်မောမောနဲ့ကြည့်ရှုရမဲ့ Comedy အမျိုးအစား ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါမယ်ရှင် ။ ဒီဇာတ်ကားလေးကတော့ မအေတူ ဖအေကွဲ ညီအစ်ကိုသုံးယောက်အကြောင်း ရိုက်ကူးထားတာပါ ။ အိမ်ရဲ့ အစ်ကိုကြီးဆုံးဖြစ်သူဟာ အစွဲအလန်းကြီးသူဖြစ်ပြီးတော့ သူ့ရဲ့အရင်ရည်းစားဖြစ်တဲ့ မိုနီကာကို မမေ့နိုင်ဖြစ်နေခဲ့ပါတယ် ။ ဒါပေမဲ့လို့ သူ့ရဲ့ အရင်ရည်းစားဟာ သူ့ရဲ့ မအေတူ ဖအေကွဲ ညီလေး (၂) ရဲ့ လက်ရှိရည်းစားဖြစ်နေခဲ့သောအခါ...။ သူ့ရဲ့ မာနတရားတွေအတွက် သူဟာ လက်ရှိသူ့မိတ်ဆွေ မြောင်မြောင်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် ။နောက်ထပ် ညီအငယ်ဆုံးလေးဖြစ်သူဟာလဲ သူ၏ ချစ်သူနဲ့ နှစ်ပေါင်းရည်ကြာလာအောင်တွဲလာခဲ့ပေမဲ့ လက်ရှိမှာတော့ အချစ်ရေးဟာ ပြတ်ဆဲလုနီးပါးဖြစ်ပြီး နေ့တိုင်းပြဿနာတွေနဲ့ပဲ ကြုံတွေ့ရနေရတာပါ ။ တစ်မိုးအောက်ထဲမှာ စုံတွဲ ၃ တွဲ ဆက်ဆံရေး ၄ ခုနဲ့ အတူ အစ်ကိုကြီး အဖအရာ ဆိုတဲ့ စကားအတိုင်း အစ်ကိုကြီးဖြစ်သူတစ်ယောက် ဘယ်လိုရင်ဆိုင်ကြမလဲ - ❏ အချစ်ဟောင်းနဲ့ အချစ်စစ်တို့ ထိပ်တိုက်တွေ့လာတဲ့အခါမှာရော ဘယ်လိုဖြေရှင်းကြမလဲ? ❏ အိမ်ရဲ့ ပြဿနာတွေကိုရော သူတို့တွေ ဘယ်လိုကိုင်တွယ်ကြမလဲ? ❏မိသားစုအငွေ့အသက်လေးတွေ ရောထွေးပြီး ပျော်ရွှင်စရာကောင်းတဲ့ အသိုက်အမြုံလေး ဖြစ်သွားနိုင်ပါ့မလား ?ဆိုတာ ဟာသလေးတွေ ရောနှောပြီး ဘဝအမောတွေဖြေကာ ကြည့်ရှုလိုက်ကြရအောင်ပါနော်။ [Reviewed By Chit Mya Mya Hmwe] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Comedy , Romance Runtime : 1h 56 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK

Documentary
6.9 2022 116 mins
Table for Six
The Girl on the Mountain
6

မတော်တဆမှု တစ်ခုကြောင့် ဇနီးနဲ့ သမီးလေးကို ဆုံးရှုံးလိုက်ရတဲ့ ဂျက်ဟာ ဂီတအနုပညာရှင်ဘ၀ကို စွန့်လွှတ်ပြီး တောင်တွေပေါ်မှာ တစ်ကိုယ်ထဲ နေထိုင်လာခဲ့တာ အချိန်တွေကြာခဲ့ပါပြီ။ တစ်နေ့မှာ မထင်မှတ်ဘဲ သူ့သမီးအရွယ်စကားမပြောတတ်တဲ့ ကောင်မလေးတစ်ယောက်  ဂျက်ဆီကိုရောက်လာခဲ့ပါတယ်။ ဂျက်လည်း ပြန်မလွှတ်ရက်တာနဲ့ ကလေးမကို စောင့်ရှောက်ထားပြီး သမီးတစ်ယောက်အစားရလိုက်သလို သံယောဇဉ်တွယ်လာခဲ့ပါတယ် ။ ဒါပေမယ့် အမြဲစိတ်တိုင်းကျ မဖြစ်နိုင်တဲ့ လောကဓံအရ ဒီကောင်မလေးဟာ ပထွေးရန်ကိုကြောက်လို့ ထွက်ပြေးလာတဲ့ အိမ်ပြေးလေးဖြစ်ပါတယ် ။ သူမရဲ့ အတိတ်က ကိစ္စတွေ ဂျက်ဆီကိုပါရောက်လာတဲ့အခါမှာ... ဖြစ်လာမယ့် အန္တရာယ်တွေက‌နေ ဒီကောင်မလေးကို ဂျက်ဘယ်လိုကာကွယ်သွားမလဲဆိုတာ ကြည့်ရမယ့် သည်းထိတ်ရင်ဖို့ Drama, Thriller ဇာတ်ကားကောင်းဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Thiha Yan Naing ဖြစ်ပါတယ်) File Size - (1.66 GB) / (812 MB) / (504 MB) Quality – WEB-DL 1080p / 720p/480p Duration - 1h 34mins Subtitle – Myanmar Hardsub Format – MP4 Genre : Drama, Thriller Translator – Thiha Yan Naing Encoder – SWM

6 2022 94 mins
The Girl on the Mountain
Paayum Oli Nee Yenakku
7

Paayum Oli Nee Yenakku(2023) IMDb-6.5/10 လောလောလတ်လတ်ထွက်ရှိထားတဲ့ အိန္ဒိယတမီးလ်အက်ရှင်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ အက်ရှင်တွေကြားထဲမှာ အိုင်တီပညာရှင်လေးနဲ့ အခမ်းအနားအပြင်အဆင်တွေတာဝန်ယူလုပ်ကိုင်နေတဲ့ အမျိုးသမီးလေးတို့ကြားက ရိုမန့်စ်လေးကိုလည်း ခံစားကြရမှာပါ။ အိုင်တီပညာရှင် အရာဗင်က ရှားပါးတဲ့အမြင်အာရုံချို့ယွင်းမှုကို ခံစားနေရပြီး အလင်းရောင်ထဲမှာပဲ သူ့မျက်လုံးတွေက မြင်နိုင်စွမ်းရှိတာပါ။အဲဒီအခြေအနေကြောင့်ပဲ ဖြစ်ခဲ့တဲ့ မတော်တဆမှုတခုကနေ သူ့မိဘတွေကို ဆုံးရှုံးခဲ့ရပါတယ်။ ဒါပေမယ့် ဦးလေးဖြစ်သူမိသားစုနဲ့အတူနေရင်း ပျော်ရွှင်တဲ့မိသားစုဘ၀လေးပိုင်ဆိုင်ပြီး ချစ်ရသူလေးနဲ့ကလည်း အပေးအယူတွေမျှနေပါပြီ။ ဒီလိုနဲ့တစ်ရက် အိမ်အပြန်လမ်းမှာ မသမာသူလူတစုရဲ့ ပြန်ပေးဆွဲခြင်းခံလိုက်ရတာကနေစ သူ့အဖေဆုံးပါးသွားခဲ့ရတာရော သူ့အလုပ်နဲ့ပတ်သက်တာတွေကရော သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရပါတော့တယ်။မမျှော်လင့်ထားတဲ့ အကူအညီကြောင့် သူပြန်လွတ်မြောက်လာပြီးနောက်မှတော့ ဖြစ်စဉ်တွေအကုန်လုံးကို ပြန်ပြီးဖော်ထုတ်နိင်မလားဆိုတာ ကြည့်ရှုလိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Moon~Cherryတို့ပဲဖြစ်ပါတယ်) File size…1.8GB  / 815MB Quality…1080p True WEB DL /  720p Format…mp4 Duration….1h 59m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Moon~Cherry

Action • Fantasy • Thriller
7 2023
Paayum Oli Nee Yenakku
Jenni

Jenni (2023) အရုပ်သရဲမလေးဂျန်နီ ဒီတစ်ခါမှာလည်း သရဲကားကြိုက်ပရိသတ်တွေအတွက် ရုံတင်သရဲကားကောင်းလေးတစ်ကား တင်ဆက်ပေးလိုက်ရပါတယ် ဆောက်လုပ်ရေးအင်ဂျင်နီယာတစ်ယောက်ဖြစ်တဲ့ မာဂေ့ရှ်က တစ်ရက်မှာ လုပ်ငန်းခွင်ထဲကို သားဖြစ်သူချန်ဒရူကို ခေါ်သွားရာကနေ ချန်ဒရူလေးဟာ လုပ်ငန်းခွင်ထဲကနေ သစ်သားပန်းပုရုပ်လေးတစ်ယောက်ကို ကောက်ရလာပါတော့တယ်။ တိုက်တိုက်ဆိုင်ဆိုင်အဲဒီနေ့မှာပဲ မြေတူးနေရင်း စက်အကောင်းကြီးကနေ ထိုးရပ်သွား၊ တရားရုံးကနေလည်း လုပ်ငန်းခွင်ကို ခေတ္တနားထားဖို့ စာရောက်လာတာတွေနဲ့ မာဂေ့ရှ်တစ်ယောက် အလုပ်က အဆင်မပြေဖြစ်နေခဲ့ပါတယ်။ ချန်ဒရူလေးဟာ ကောက်ရတဲ့အရုပ်လေးကို အရမ်းကို ကြိုက်နှစ်သက်ပြီးတော့ အဖေတွေ အမေတွေက ဘယ်လိုပဲ လွှင့်ပစ်ဖို့ပြောပြော လွှင့်မပစ်ဘဲ တစ်ချိန်လုံး အရုပ်လေးကို ကိုယ်နဲ့မကွာအနားမှာပဲ ထားလို့နေပါတော့တယ်။ ဒီအရုပ်လေး ရောက်လာတဲ့နောက်ပိုင်းမှာ ချန်ဒရူလေးဟာ အရင်နဲ့မတူတော့ဘဲ ကလန်ကဆန်တွေ လုပ်လာပြီး သူ့ရဲ့ အမူအယာတွေ ထူးဆန်းလို့လာပါတော့တယ်။ နောက်ပိုင်းမှာ ချန်ဒရူလေးဟာ ဘယ်လိုထူးဆန်းတာတွေ လုပ်ဦးမလဲ ………. ချန်ဒရူကောက်ရလာတဲ့ အရုပ်လေးမှာရော ဘယ်လိုနောက်ကြောင်းတွေ ရှိနေလဲ …….. အရုပ်လေးထဲမှာရော ဘယ်လိုအရာမျိုးက ပူးကပ်နေတာလဲ …….. ဆိုတာတွေကို ထိတ်ထိတ်လန့်လန့်နဲ့ ကြည့်ရှူရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Yunni~Cherry~Alex~ToMo တို့ပဲဖြစ်ပါတယ်) ( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood)

TV Movie • Comedy • Romance
0 2023 97 mins
Jenni
The Village
5.8

The Village (2023) ~ MyDramaList – 7.1/10 ~ ပြီးခဲ့တဲ့နှစ် ဇွန်လက Netflix ကနေ ထုတ်လွှင့်ပြသခဲ့တဲ့ Drama, Suspense, Thriller အမျိုးအစား “The Village” ဆိုတဲ့ ဂျပန်ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ ကာမွန်ရွာ (Kamon Village) မှာ ကလေးဘဝကတည်းက နေထိုင်တဲ့ ကာတယာမ ယူ (Katayama Yu) ဆိုတဲ့ ကောင်လေးတစ်ယောက်က သူ့အတိတ်ကဖြစ်ရပ်တစ်ခုကြောင့် အထက်တန်းကျောင်းပြီးလို့ ရွာကနေထွက်သွားချင်တာတောင် ထွက်သွားလို့မရတဲ့အပြင် သူ့အမေချေးထားတဲ့ငွေအများကြီးကို ပြန်ဆပ်ဖို့အတွက် ရွာအနားမှာ ဆောက်လုပ်ထားတဲ့ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံမှာ ဝင်ရောက်လုပ်ကိုင်နေရပါတယ်။ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ တစ်ခုမှရှိမနေဘဲ သူများအနိုင်ကျင့်တာကိုပါခံရရင်း ရှင်သန်နေသူလည်းဖြစ်တယ်။ တစ်နေ့ သူ့ငယ်သူငယ်ချင်းဖြစ်တဲ့ နာကာအီ မီဆာကီ (Nakai Misaki) က တိုကျိုကနေ ကာမွန်ရွာဆီ ပြန်လာခဲ့ပါတယ်။ မီဆာကီပြန်လာခြင်းက ကာတယာမ ယူ ကို အကြီးအကျယ် ပြောင်းလဲစေခဲ့ရင်း သူတိုနှစ်ယောက်ဆက်ဆံရေးက သူတို့ကိုယ်တိုင်နဲ့ ကာမွန်ရွာတစ်ရွာလုံးကို ဘယ်လိုဖြစ်စေမလဲဆိုတာ ပိတ်ကားထက်မှာ ကြည့်ရှုလိုက်ကြပါခင်ဗျာ။ The Village (2023) ကို ဒါရိုက်တာ Michihito Fujii က ကိုယ်တိုင်ရေး၊ ကိုယ်တိုင်ရိုက်ကူးခဲ့ပါတယ်။ Michihito Fujii ဆိုတာ Hard Days (2023), The Last 10 Years (2022), The Journalist (2019), The Journalist (2022 – Netflix Series) စတဲ့ ဇာတ်ကား၊ စီးရီးတွေကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာပါ။ ကာတယာမယူ နေရာမှာ သရုပ်ဆောင်တဲ့သူက Usogui (2022), Akira and Akira (2022), Your Eyes Tell (2020) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Ryusei Yokohama ဖြစ်ပြီး နာကာအီမီဆာကီနေရာမှာတော့ Kyrie no Uta (2023), It Comes (2018), The Bride of Rip Van Winkle (2016) စတဲ့ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ Haru Kuroki ဖြစ်ပါတယ်။ Wataru Ichinose, Shido Nakamura (Monster ထဲက Yori လေးရဲ့အဖေ), Furuta Arata တို့လို ဝါရင့်သရုပ်ဆောင်တွေလည်းပါကြပါတယ်။ The Village ထဲမှာပါတဲ့ နိုပြဇာတ် (Noh Theatre) ဆိုတာ နာမည်ကျော်ဂျပန်ရိုးရာပြဇာတ်တွေထဲက ပြဇာတ်အမျိုးအစားတစ်ခုဖြစ်တယ်။ နိုပြဇာတ်ကဘယ်လိုပြဇာတ်မျိုးလဲ၊ စွန့်ပစ်အမှိုက်ရှင်းလင်းရေးစက်ရုံရဲ့ လုပ်ငန်းဆောင်တာတွေက ဘာတွေလဲ၊ ကာမွန်ရွာကို ဘယ်လိုအကျိုးပြုသလဲဆိုတာ ပြသထားပါတယ်။ ဒီဇာတ်ကားက ကြည့်ရှုသူအပေါ်လိုက်ပြီး Suspense, Thriller အပြင် တစ်ခြားခံစားချက်တွေပါရပြီး ဇာတ်ကားပြီးသွားရင်တော့ ဘယ်လိုကြီးမှန်းမသိဆိုပြီး ရင်ထဲဖြစ်ကျန်ခဲ့မှာပါ။ (ဒီဇာတ်ကားနဲ့အညွှန်းကို AK မှ ပြန်ဆို ရေးသားထားပါတယ်) Size – 1.8GB, 890MB Quality – 1080p, 720p IMDb Rating – 5.8/10 Format – mp4 Duration – 2H Genre – Drama Subtitle – Myanmar Subtitle (Hardsub) Translated by AK Encoded by Y

5.8 2023 120 mins
The Village
[18+] Lady Guard
6.7

================= ပစ္စည်းသယ်ယူပို့ဆောင်ရေးကုမ္ပဏီတစ်ခုရဲ့ဂိုထောင်မှာလုံခြုံရေးအစောင့်အဖြစ်လုပ်ကိုင်နေတဲ့ အက်စ်တဲလ်ဟာ အထက်လူကြီးဂျာနပ်စ်ကို ကောင်းကောင်းကြိုးကိုင်ခြယ်လှယ်နိုင်သလို အောက်ခြေဝန်ထမ်းတွေကိုလည်း ချော့တခါခြောက်တလှည့်နဲ့ပါးနပ်စွာကိုင်တွယ်ထားနိုင်ပါတယ်။ တကယ်တမ်း သူတို့အလုပ်ရဲ့အဓိကဝင်ငွေလမ်းကြောင်းက ဂိုထောင်မှာညဘက်လောင်းကစားဝိုင်းထောင်ပြီးအကောက်ကောက်တာဖြစ်ပါတယ်။ ငွေရေးကြေးရေးရော၊ သွေးသား အာသီသဘက်မှာပါဖြောင့်ဖြူးနေတဲ့အက်စ်တဲလ်ရဲ့ဘ၀ဟာ သူ့ထက်ပိုတောင့် ပိုကိတ်တဲ့ မာရယ်လ်ဆိုတဲ့ ကောင်မလေးတစ်ယောက် သူတို့အလုပ်ကို ဝင်ရောက်လာတဲ့အချိန်မှာ အပြောင်းအလဲတွေကြုံရဖို့ဖြစ်လာပါတော့တယ်။ ဒီဇာတ်ကားမှာလည်း Irish Tan နဲ့ Izza Watanabe ဆိုတဲ့မင်းသမီးအသစ်စက်စက်လေးနှစ်ယောက်ကိုမိတ်ဆက်ပေးထားပါတယ်။ မမကြီး အက်စ်တဲလ်ကတော့ ဝါရင့်မင်းသမီး Angela Morena ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ alias ပါ ) File size_(550MB) Quality_Blu-Ray 1080p Format_mp4 Duration_00:50:00 Genre_Adult, Drama Subtitle_Myanmar Subtitle (Hardsub) Encoder_a hao Translated by alias

Crime • Action
6.7 2024
[18+] Lady Guard
Duchess

ဒီကားလေးကတော့ ဂိုဏ်းစတားကားလေးဖြစ်ပါတယ် မင်းသမီးက ညဘက်တွေမှာ Clubထဲမှာခါးပိုက်နှိုက်တဲ့သူပေါ့ တနေ့မှာတော့ ရော့ဆိုတဲ့ ဂန်းစတားတစ်ယောက်နဲ့တွေ့ခဲ့ပြီး ချစ်ကြိုက်ခဲ့တယ် အဲ့အချိန်မှာပဲ ရော့နောက်ကိုလိုက်နေတဲ့လူတွေရဲ့ ရန်ရှာမှုကိုခံခဲ့ရတယ် မင်းသမီးကလည်း အရာအားလုံးစွန့်ပစ်ပြီး ရော့ဆီလိုက်ခဲ့တာပေါ့ အဲ့အချိန်မှာ ရော့တို့အဖွဲ့နဲ့မိတ်ဆက်ပေးခဲ့တယ် ပြီးတော့ ခုနကရော့ကိုလိုက်တဲ့လူတွေဆိုတာက ရော့ရဲ့စိန်လုပ်ငန်းကိုလိုချင်လို့ပါ အဲ့တော့ရော့လုပ်နေတဲ့ စိန်လုပ်ငန်းကဘာလဲ ဒီဇာတ်ကားက ဇာတ်အိမ်အရမ်းခိုင်ပါတယ် ပြီးတော့ထင်မထားတဲ့အရာတွေလည်း အများကြီးပါတာကြောင့်ကြည့်ရှုပေးကြပါဦး File size…(2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:18:00 Genre… Action, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Phoo Myat Thwe

0 2024
Duchess
Pretty Boys
5.5

ဒီဇာတ်ကားလေးကတော့ ဖိလစ်ပိုင်နိုင်ငံက လူချောလေးတွေနဲ့ ရိုက်ကူးပုံဖော်ထားပြီး LGBTQ+(Romance & Comedy)အမျိုးအစား ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ ရက်ကမှ ထွက်ရှိလာခဲ့တဲ့ အသစ်စက်စက် ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ဂရေးဆိုတဲ့ မိန်းမချောပုံစံကျောင်းသားလေးနဲ့ ယောက်ျားဆန်ဆန်ခန့်ချောနေတဲ့ ဂျိုနပ်စ်ဆိုသူ ဂေးနှစ်ယောက်ဟာငယ်စဉ်ကတည်းကနေ လက်ရှိတက္ကသိုလ် တက်တဲ့အချိန်ထိ အရင်းနှီးဆုံး အကောင်းဆုံး သူငယ်ချင်းဖြစ်ကြပါတယ်။ တက္ကသိုလ်မှာ ဂျိုနပ်စ်က လူကြိုက်များနာမည်ကြီးသူဖြစ်တဲ့အလျောက် ရည်းစားထည်လဲ တွဲပြီးပျော်ပါးနေသူလည်း ဖြစ်ပါတယ်။ ဂရေးကတော့ သူပုံစံက မိန်းမလျာပုံစံဖြစ်နေတဲ့အတွက် ချိန်းတွေ့မယ် လုပ်လိုက်တိုင်းသူ့ပင်ကိုယ်ပုံစံမြင်လိုက်ကြတာနဲ့ အငြင်းခံရပြီး အချစ်ရေးမှာ ကံခေနေတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့ ဂရေး ငယ်စဉ်က တစ်ဖတ်သက်ကျိတ်ပြီး ချစ်ခဲ့ရသူ အချစ်ဦး ရိတ်စ်ဆိုတဲ့ ကျောင်းသားက အမေရိကနေ သူတို့တက္ကသိုလ်ကို ကျောင်းပြောင်းလာတဲ့အခါမှာတော့ အခြေအနေတွေက အလှည့်အပြောင်းဖြစ်သွားဖို့ ဖြစ်လာပါတော့တယ်။ ရိတ်စ်က အမေရိကားကနေ ဖိလစ်ပိုင်ကို ဘာလို့ပြန်လာခဲ့တာလဲ… ဂရေးတစ်ယောက် သူ့အချစ်ဦးနဲ့ လက်တွဲသွားခွင့်ရပါ့မလား… ဂျိုနပ်စ်ကရော သူရဲ့အချစ်စစ်ကို ရှာတွေ့နိုင်ပါ့မလား… အညွှန်းနဲ့ဘာသာပြန်ကတော့ Dao Phyo ပဲ ဖြစ်ပါတယ် Genre….. Drama, Romance Quality…. 1080p WEB-DL | 720p WEB-DL File size… 923MB | 476MB Format… mp4 Duration…. 1h 7min Subtitle…. Myanmar Subtitle (Hardsub) Translator ….. Dao Phyo Encoder ….. Aaron

5.5 2024
Pretty Boys
Sab Kushal Mangal
4.2

Sab Kushal Mangal (2020)”ရွာလည်ဖူးစာ” ================================== ၂၀၂၀ ခုနှစ်က ထွက်ရှိခဲ့တဲ့ ဟင်ဒီစကားပြော အချစ်ဟာသရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့.. ပါပူဟာ ရုပ်သံချန်နယ်တစ်ခုက ကိုယ့်ဒုက္ခကိုယ်ရှာဆိုတဲ့ ပရိုဂရမ်ရဲ့ တင်ဆက်သူတစ်ယောက်ပါ။ သူဟာ နာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ အတွင်းရေးတွေကို ဟောဟောဒိုင်းဒိုင်း ဖွင့်ချတတ်သူဖြစ်ပြီး ပရိသတ်အတော်အသင့်ရထားတဲ့သူလည်းဖြစ်ပါတယ်။ တစ်နေ့မှာတော့ သူဟာ နိုင်ငံရေးပါတီတစ်ခုရဲ့ ခေါင်းဆောင်တစ်ယောက်ကို သူ့ရဲ့ပရိုဂရမ်ကနေ အရှက်ခွဲမိသလိုဖြစ်ပြီး နောက်ဆက်တွဲပြဿနာတွေ ကြုံတွေ့လာရပုံကို ရိုးမန့်စ်ပြကွက်တချို့နဲ့အတူ ဒီရုပ်ရှင်ထဲမှာ ရယ်ရယ်မောမော မြင်တွေ့ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)

4.2 2020 132 mins
Sab Kushal Mangal
Layla
6.1

Rotten tomatoes- 87% IMDB- 6.1/10 လန်ဒန်မှာနေထိုင်တဲ့ အာရပ်လူမျိုး မွတ်စလင်ဘာသာဝင် drag queen တစ်ယောက်အနေနဲ့ လူမှုရေးနှိမ်ချဆက်ဆံ မှုတွေ၊ ဝေဖန်မှုတွေကို အံကြိတ်ခံနေရတဲ့ လေလာ။ သူမရဲ့ ကွန်းခိုရာကတော့ ဖဲသားစ်လို့ခေါ်တဲ့ ဂေးကလပ်‌လေး တစ်ခုပေါ့။ ဖဲသားစ်က မိတ်ဆွေတွေနဲ့အတူ သူမဟာ ဘဝကို ရုန်းကန်ဖြတ်သန်းရင်း တစ်နေ့မှာပဲ သူမဟာ ကုမ္ပဏီကြီး တစ်ခုကကျင်းပတဲ့ Pride ပွဲမှာ ဖျော်ဖြေဖို့ အကြောင်းဖန် လာခဲ့တယ်။ ဒီလုပ်ငန်းကြီးကလူတွေဟာ လိင်တူချစ်သူတွေရဲ့ အခွင့်အရေးကို တကယ်ဂရုမစိုက်ဘဲ စီးပွားရေးအရ လူမြင်ကောင်းအောင်သာ သူ့ကိုခေါ်လိုက်မှန်း၊ ဖျော်ဖြေရေး သမားအစစ်လို သူ့ကိုမသတ်မှတ်မှန်း လေလာမျက်မြင် ကိုယ်ကျ မြင်လိုက်ရတဲ့အခါ ပုန်ကန်မှုအသေးစားလေးနဲ့ အတူ ပွဲထဲက ဒုန်းစိုင်းထွက်ခဲ့တော့တယ်။ သူမ မသိလိုက်တာကတော့ သူမရဲ့ပုန်ကန်မှုမှာ ကြွေဆင်း သွားခဲ့တဲ့ မားကတ်တင်း အမှုဆောင်ဒါရိုက်တာတစ်ယောက် ရှိနေခဲ့တယ်ဆိုတာပဲ။ ဒီလိုနဲ့ သူမဟာ ဂေးအချင်းချင်းဖြစ်ရင်တောင် drag queen တွေဆို အထင်သေးကြတဲ့ လူ့အသိုင်းအဝိုင်းထဲ အချစ်နဲ့ စထိတွေ့မိတဲ့အချိန်မှာတော့………..။ File size… (1.22GB) / (628MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 40m Genre …..Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Esth

Adventure • Animation • Comedy • Family
6.1 2024 100 mins
Layla
Let Me Be with You
6.5

ဒီနှစ် အစောပိုင်းကမှ ထွက်ရှိထားတဲ့ rating 6.6 ရရှိထားတဲ့ ဒီဇာတ်လမ်းမှာဆိုရင် လူစီယာ(Andrea Sutton) ဟာ ကုသလို့မရနိုင်တဲ့ရောဂါတစ်မျိုးကို ခံစားနေရသူဖြစ်ပြီး ပစ္စည်းခိုးမှုကြောင့် မက္ကစီကိုကိုပြန်လွှတ်ခံရပြီး call center မှာ အလုပ်ဝင်လုပ်ရတဲ့ကောင်လေး ဘရူနို (Aksel Gomez) နဲ့ ဖုန်းပြောမိကြပြီး ရင်းနီးခဲ့ကြပါတယ်။ နေစရာမရှိ ပတ်ဝတ်ဝန်းကျင်အသစ်မှာလမ်းပျောက်နေခဲ့တဲ့ ဘရူနိုကို လူစီယာက မျှော်လင့်ချက်ပေးသလိုမျိုး လူ့ဘဝကို အရှုံးပေးချင်နေတဲ့ လူစီယာကိုလည်း ဘရူနိုက အားပေးနိုင်ခဲ့ ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ မက္ကစီကိုရဲ့ မြို့ပြပုံရိပ်တွေနဲ့တူ လူငယ်လေးနှစ်ယောက်အကြောင်းကို စိတ်ဝင်တစား ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပါပဲ။ File size… (992 MB) / (499 MB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 20m Genre …..Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Alice

Drama
6.5 2025 80 mins
Let Me Be with You
New York, I Love You
6.2

New York, I Love You (2008) IMDb Rating (6.2) / Rotten Tomatoes (37%) New York, I Love You ဟာ နယူးယောက်ကို ပေးတဲ့ ရည်းစားစာလိုပြောလိုရတယ်။ ပြောရရင် ရည်းစားစာဆိုတာ ရည်းစားစာဆိုတဲ့ စကားလုံးသက်သက်တော့မဟုတ်ဘူး။ တစ်ချိုရုပ်ရှင်တွေကို ညွှန်းဆိုရာမှာ သုံးတတ်တဲ့ စကားလုံးတစ်ခုရှိတယ်။ A Love Letter to ဆိုတဲ့ စကားလုံး ပေါ့။ “This movie is a love letter to New York”တို ” This movie is a love letter to 90s romace comedy.”တိုလိုပေါ့။ ဒီစကားလုံးကို အဘိဓာန်မှာတော့ “A love letter to something” idiomally means a heartfelt and enthusiastic expression of appreciation, admiration, or love for a particular subject, place, or idea, often presented in a creative or expressive wayလို အဓိပ္ပာယ်ဖွင့်ထားတယ်။ စကားလုံးကျစ်ကျစ်လျစ်လျစ်နဲ့ ဗမာလို ပြန်ရင်လည်း ရည်းစားစာလိုပဲ ပြန်သင့်တယ်လိုတော့ မြင်တာပဲ။ ဒီရုပ်ရှင်က ရှော့ဖလင်၁၁ခုကို ရုပ်ရှင်တစ်ကားတည်းလိုဖြစ်အောင် ရိုက်ထားတဲ့ ရုပ်ရှင်။ ဒီရှော့ဖလင်၁၁ခုက သီခြားစီအနေနဲ့လည်း ရှော့ဖလင် ကောင်းတွေဖြစ်နေသလို အကုန်လုံးပေါင်းလိုက်တဲ့အနေနဲ့လည်း ရုပ်ရှင်ကောင်းတစ်ကားဖြစ်နေတယ်။ နယူးယောက်ကိုပေးတဲ့ ရည်းစားစာဆိုပေမဲ့လို ဒီရုပ်ရှင်မှာ ဝင်ရိုက်ထားတဲ့ ဒါရိုက်တာတွေက နိုင်ငံပေါင်းစုံက ဒါရိုက်တာပေါင်းစုံပါပဲ။ ဂျပန် အိန္ဒိယ တရုတ် ပြင်သစ် ဂျာမန်တူရကီ အမေရိကန်တွေပေါ့။ အိန္ဒိယကဆို Shekhar Kapur – သူက Bandit Queenနဲ့‌ လူသိများခဲ့သလို အယ်လီဇဘတ် , အယ်လီဇဘတ်ရွှေခေတ်စတာတွေလည်း ရိုက်ထားတယ်။ တရုတ်က Jiang Wen- Red Sorghumမင်းသား , In the Heat of the Sunဒါရိုက်တာ။ ဂျပန်က Shunji Iwai- သူတော့ သိတဲ့လူတွေအတွက် ပြောနေစရာမလိုပါဘူး။ သရုပ်ဆောင်တွေကတော့ Shu Qi , Natalie Portman, Irrfan Khan, Orlando Bloom, John Hurt ,Bradley Cooper , Ethan Hawke, Hayden Christensen, Olivia Thirlby, Shia LaBeouf , Maggie Q စတဲ့ လူသိများ နာမည်ကြီးပြီးသားတွေ မနည်းမနောပါတယ်။ တစ်ခုရှိတာက Irrfan Khanအခန်းကို အိန္ဒိယဒါရိုက်တာက မရိုက်သလို , နာတာလီပေါ့မန်းက ဝင်ရိုက်ထားပေမဲ့ သူသရုပ်ဆောင်တာက သူဝင်ရိုက်ထားတဲ့ဟာမဟုတ်ဘူး, နောက် ရှုကြည်နဲ့ နောက်တရုတ်နွယ်ဖွား မင်းသမီးပါတဲ့အခန်းကလည်း တရုတ်ဒါရိုက်တာ ရိုက်ထားတဲ့အခန်းမဟုတ်ဘူး။ ဘယ်သူ ဘာရိုက်လဲ အတိအကျသိချင်ရင်တော့ https://shortfilmspring2013.weebly.com/new-york-i-love-you.html ဒီလင့်မှာ ဝင်ကြည့်လိုရတယ်။ ကျွန်တော့်ပုဂ္ဂလိကအမြင်နဲ့တော့ ဒီထဲ ကျွန်တော်မကြိုက်မိတဲ့ ရှော့ဖလင်က ၂ခုလောက်ပဲရှိတယ်။ ကျန်တာတွေအကုန် တော်တော်လှတယ်။ တော်တော်လည်း စကေးကြမ်းတဲ့ ဘဲတွေပါပဲ ၁မိနစ် ၂မိနစ်နဲ့စတဲ့ အချိန်လေးအတွင်း ပုံပေါ်အောင်ရိုက်နိုင်ကြတယ်။ ရှော့ဖလင်ရိုက်ချင်တဲ့သူတွေ လေ့လာကြည့်သင့်တဲ့ ရုပ်ရှင်ဆိုလည်း မမှားဘူး။ ဒီထဲမှာ ကျွန်တော်အကြိုက်ဆုံး ဇာတ်လမ်းက Shunji Iwaiရဲ့ ဇာတ်လမ်း။ သူ့ဇာတ်လမ်းက နယူးယောက်က musician တစ်ယောက်အကြောင်း။ အဲဒီနေရာမှာ သရုပ်ဆောင်တာက အော်လန်ဒိုဘလွန်း။ သူက သူ့အခန်းလေးထဲမှာပဲ တေးသီနေတဲ့လူ။ သူနဲ့တိုက်ရိုက်ချိတ်ဆက်နေတဲ့ ဇာတ်ကောင်က ၂ယောက်ရှိတယ်။ တစ်ယောက်က သူ့ဒါရိုက်တာ။ တစ်ယောက်က သူ့ဒါရိုက်တာရဲ့လက်ထောက်။ တစ်ကားလုံးမှာ ဒီလူ၂ယောက်စလုံးနဲ့ သူက ဖုန်းနဲ့ပဲ ဆက်သွယ်တာပြပြီး လူတွေကိုမပြသွားဘူး။ ဇာတ်က ဘယ်လိုလဲဆိုတော့ သူဖွဲထားတဲ့တေးကို သူ့ဒါရိုက်တာက မကြိုက်ဘူး။ ဆိုတော့ သူတို ပြန်တိုင်ပင်ကြတယ်။ သူ့ဒါရိုက်တာက သူ့ကို ဒါစတိုယက်စကီးရဲ့ Crime and Punsihment နဲ့ The Brothers Karamazovကို ဖတ်ခိုင်းလိုက်တယ်။ သူက ဒီစာအုပ်ကြီးတွေကိုကြည့်ပြီး စိတ်ဓာတ်ကျနေပြီ။ အလုပ်ထွက်တော့မယ်ပေါ့။ အဲဒီမှာ သူ့ဒါရိုက်တာရဲ့လက်ထောက်ကောင်မလေး သူနဲ့ တစ်ချိန်လုံးဆက်သွယ်နေတဲ့ကောင်မလေးက သူ့ဆီ ဖုန်းဆက်ပြီးပြောတယ်။ ဒေါ့စတိုယက်စကီး The Gambler ဝတ္တုကိုရေးတုန်းက ထုတ်ဝေသူက အချိန်၂၈ရက်ပဲရမယ်လို စာချုပ်ချုပ်ထားခဲ့တယ်တဲ့။ ဒေါ့စတိုယက်စကီးက ပြီးအောင်ရေးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ စာရိုက်သမလေးတစ်ယောက်ရဲ့ အကူအညီတော့ယူခဲ့ရတယ်တဲ့။ နောက် အဲဒီကောင်မလေးနဲ့ သူလက်ထပ်သွားတယ်တဲ့။ သူကူညီပေးရမလားလို အော်လန်ဒိုဘလွန်းကိုမေးလာတယ်။ အော်လန်ဒိုဘလွန်းကလည်း လက်ခံလိုက်တယ်။ သူ့အိမ်တံခါးဝကိုဖွင့်ကြည့်လိုက်တော့ ကောင်မလေးက Crime and Punsihmentစာအုပ်ကြီးနဲ့ မျက်နှာကို ကွယ်ထားပြီး ရပ်နေတယ်။ ဘလွန်းက ငါမင်းကို လက်ထပ်ရတော့မယ့် သဘောလားလိုပြောတော့ ကောင်မလေးကပြောတယ် ကျွန်မရှင့်ကိုစာတွေအများကြီးဖတ်ပြပေးဖိုလိုပါသေးတယ်တဲ့။ ထုံးစံအတိုင်း Shunji Iwaiကတော့ Shunji Iwaiပါပဲ။ ဒီရုပ်ရှင်မှာ ဒီလိုတခြားဇာတ်လမ်းကောင်းတွေ အများကြီးထပ်ပါပါသေးတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ WiRa Aung ဖြစ်ပါတယ်။) File size…(2.8 GB) / (1.2 GB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Comedy,Drama,Romance Duration….01:43:33 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by WiRa Aung

Adventure • Crime • Mystery
6.2 2008 103 mins
New York, I Love You
Angela’s Ashes

“Angela’s Ashes” (1999) ဇာတ်ကားကို Frank McCourt ရဲ့ Pulitzer Prize ဆုရထားတဲ့ ကိုယ်တွေ့မှတ်တမ်းစာအုပ်ကို အခြေခံပြီး Alan Parker က ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားက 1930 ခုနှစ်ဝန်းကျင် အိုင်ယာလန်နိုင်ငံ Limerick မြို့မှာ ဆင်းရဲဒုက္ခရောက်နေတဲ့ မက်ကော့မိသားစုရဲ့ ဘဝကို လှလှပပပြသထားတယ်။ ဇာတ်လမ်းက ဖရန်ကီ မက်ကော့ဆိုတဲ့ ကောင်လေးရဲ့ ငယ်ဘဝကနေ ဆယ်ကျော်သက်အရွယ်ထိ သူ့မိသားစုနဲ့အတူ ဆင်းရဲမွဲတေမှု ရောဂါ သေဆုံးမှုတွေနဲ့ ရင်ဆိုင်ရင်း ဘယ်လိုရုန်းကန်ရသလဲဆိုတာကို ပြသထားတယ်။ ဇာတ်လမ်းအစမှာ ဖရန်ကီတို့မိသားစု နယူးယော့ခ်ကနေ အိုင်ယာလန်ကို ပြန်လာကြတယ် ဒါပေမယ့် အဲဒီမှာ ဘဝက ပိုဆိုးသွားတယ်။ ဖရန်ကီရဲ့ဖခင် မလက်ချီ (Robert Carlyle) က အရက်စွဲနေတဲ့သူဖြစ်ပြီး အလုပ်မရှိ ရှိရင်လည်း ရတဲ့ပိုက်ဆံကို အရက်သောက်ပစ်တယ်။ မိခင် အန်ဂျလာ (Emily Watson) ကတော့ သားသမီးတွေအတွက် အရာရာကို သည်းခံရင်း မိသားစုကို ထိန်းသိမ်းထားရတယ်။ ဖရန်ကီကို အသက်အမျိုးမျိုးမှာ သရုပ်ဆောင်သုံးယောက် (Joe Breen, Ciaran Owens, Michael Legge) က သရုပ်ဆောင်ထားပြီး သူ့ရဲ့ ကြီးပြင်းလာပုံကို သဘာဝကျကျပြသထားတယ်။ ဒီဇာတ်ကားက ဆင်းရဲမွဲတေတယ်ဆိုတာရဲ့ ရက်စက်တဲ့အမှန်တရားကို ဖော်ပြထားပြီး Limerick ရဲ့ မိုးစိုစိမ့်နေတဲ့ ဆင်းရဲရပ်ကွက်တွေကို ပြန်လည်ဖန်တီးထားတာ တကယ်ကို ထိမိတယ်။ ဒ ါပေမယ့် စာအုပ်ထဲက ဟာသဆန်ဆန် ပေါ့ပါးတဲ့ အသံသြဇာကို ရုပ်ရှင်မှာ သိပ်မမိဘူးလို့ ဝေဖန်သူတွေက ပြောကြတယ်။ Emily Watson ရဲ့ အန်ဂျလာသရုပ်ဆောင်ချက်တွေက ဒုက္ခတွေကြားထဲက မိခင်တစ်ယောက်ရဲ့ ခံနိုင်ရည်ကို ပြည့်ပြည့်စုံစုံ ဖော်ပြထားတယ်။ ဖရန်ကီကတော့ ဆင်းရဲတဲ့ဒဏ်တွေက ရုန်းထွက်ဖို့ စာဖတ် စာရေးပြီး နောက်ဆုံးမှာ အမေရိကကို ပြန်ရောက်နိုင်ဖို့ အိပ်မက်မက်ခဲ့တယ်။ ဒီဇာတ်ကားက ၂ နာရီ ၂၅ မိနစ်ကြာပြီး R-rated ဖြစ်ပါတယ်။ ရုပ်ရှင်က စာအုပ်ရဲ့ အနှစ်သာရကို ဖမ်းယူထားပေမယ့် အချို့ဝေဖန်သူတွေက စာအုပ်ရဲ့ ဟာသရောစွက်ထားတဲ့ ခံစားချက်ကို မရနိုင်ခဲ့ဘူးလို့ ထောက်ပြခဲ့ကြတယ်။ Rotten Tomatoes မှာ 52% သာ ရရှိထားပေမယ့် ဆင်းရဲမွဲတေတာတွေနဲ့ မိသားစုရဲ့ ရုန်းကန်ရှင်သန်ရတာကို ခံစားကြည့်ရှုချင်သူတွေအတွက် ဒီဇာတ်ကားက တကယ်ထိမိတဲ့ ရုပ်ရှင်တစ်ကားပါ။ File size…(3.4 GB)/(1.7 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre…Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Min Khant

0 1999
Angela’s Ashes